BG Myanmar Distribution

BG Myanmar Distribution

BG Myanmar - Distribution သည် Cooking Oil (စားသုံးဆီ) များကို Cooking Oil များကို တဆင့်ပြန်လည်ဖြန့်ဖြူးရောင်းချလိုသူများ ဆက်သွယ်နိုင်ပါသည်။

14/01/2021

ဆီစျေးတတ်နေလဲ ဆီQuality👍 ကကောင်းတော့ မှာကြတာဘဲ ဘာကြောင့်လဲဆိုတော့ သူတို့ဆိုင်တွေမှာရောင်းကောင်းတဲ့ကုန်ပစ္စည်းတွေထဲကတစ်ခုဖြစ်နေလို့တဲ့ဗျ။🤗🤗
အားပေးတဲ့မိဘပြည်သူများကို အထူးပင်ကျေးဇူးတင်အပ်ပါသည်ခင်ဗျ🙏🙏🙏အသေးစိတ်ရှင်းပြပေးဖို့အတွက် ဖုန်းနံပါတ်ပေးခဲ့နိုင်ပါတယ်ခင်ဗျ။
အသေးစိတ်သိရှိလိုပါက 09889988378ကိုဆက်သွယ်နိုင်ပါသည်။

08/01/2021
Photos from BG Myanmar Distribution's post 07/01/2021

မဂ်လာပါ BG Myanmar Distribution
ကနေကြိုဆိုပါတယ်ခင်ဗျ🤗
Golden Star ပဲရောဆီကို Packagingလှလှလေးနဲ့☺
Qualityကောင်းကောင်းဖြင့်မှာယူသုံးစွဲလိုသည့်မိဘပြည်သူများ 09889988378ကို ဆက်သွယ်မှာယူနိုင်သည်ဗျ။

Golden Star ပဲရောဆီ ၏productအနေဖြင့်↘0.5viss
ခေါ် 0.9litre ခေါ် 50သားကတော့ 1ဖာကို 24ဗူးပါရှိပြီး
တစ်ဆင့်ပြန်လည်ရောင်းချလိုသူများအထူးသင့်လျော်ပါသည် ဆီရဲ့Qualityကောင်းပြီးစျေးသင့်တော့
Golden Star ကို လက်ဆွဲဖြစ်တာပေါ့🤗🤗🤗

05/01/2021

ပဲဆီစစ်ရင် လုံး၀မခဲဘူး ဆိုတဲ့ အယူအဆမှား
=================================

ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုရောက်ရင် ခဲနိုင်တယ်ဆိုတာ သုတေသနပြုလုပ်သူတွေက ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီတွေကလည်း Cloud Point ရောက်ရင် ခဲတတ်ကြပါတယ်။ ဒါပေမယ့် ..
ဆီအမျိုးအစား တခုနဲ့တခုရဲ့ Cloud Point ကတော့ မတူပါဘူး။ အဲ့ဒါအပြင်…..
ဆီရဲ့ အလေးချိန်ပမာဏနဲ့ ထုထည်ကိုလိုက်ပြီးတော့ ခဲစေတဲ့အချိန်တော့ ကွာပါတယ်။ ဆီတွေဘာကြောင့်ခဲလဲဆို…

မူလဆီထွက်သီးနှံအစေ့အပေါ်ယံမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းပါးတွေက ဆီကြိတ်ခွဲတဲ့အခါ ပျော်၀င်ပြီး ဆီနဲ့အတူ ပါလာတာကြောင့် သာမာန်အခန်းအပူချိန်ထက် လျော့ကျပြီး အအေးဓာတ်လွန်ကဲတဲ့အခါမှာ ခဲတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးအများစု စားသုံးလာကြတဲ့ မြေပဲဆီအစစ်က လုံး၀ မခဲတာမျိုး မဟုတ်ဘဲ ...

မြေပဲဆီရဲ့ Cloud Point (3˚C ~ 13˚C) ရောက်ရင် မြေပဲဆီလည်း ခဲပါတယ်။ သို့သော်လည်း မြေပဲဆီက ဆီအခဲပိုင်း (Stearin) မပါ၀င်တာ ဖြစ်တဲ့အတွက် အလွယ်တကူ မခဲတဲ့အပြင် သာမာန်အပူချိန်ရောက်ရင် အရည်ပျော်တာလည်း မြန်ပါတယ်။ စားအုန်းဆီလိုမျိုး ခဲလွယ်တဲ့ အခြားဆီတွေ ရောထားရင်တော့ ခဲလွယ်ပြီး အရည်ပျော်တာလည်း ကြာပါတယ်။ စားသုံးသူတွေအနေနဲ့ …

သာမာန် အခန်းအပူချိန်မျိုးမှာတောင် အလွယ်တကူခဲစေတဲ့ Stearin ပါ၀င်တဲ့ ဆီတွေကိုတော့ မစားသုံးသင့်ပါဘူး။ လုံး၀ မခဲအောင် ဓာတုပစ္စည်းထည့်ပြီး ပြုပြင်ထားတဲ့ဆီတွေကိုလည်း မစားသုံးသင့်ပါဘူးလို့ အသိပေးလိုပါတယ်။ မခဲတိုင်း ဆီကောင်းဆီသန့်လို့ သတ်မှတ်လို့မရဘဲ ဆီရဲ့တကယ့်အရည်အသွေးကို တိုင်းတာဖို့ဆို …

♦️Oil Properties
♦️Acid Value/ FFA (Free Fatty Acid)
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Titer/Cloud Point
♦️Saponification Value
♦️Rancidity
♦️Melting Point စတဲ့အချက်တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

အခု ဖော်ပြထားတာတွေက …
ဆီတွေခဲနိုင်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာ ဖြစ်ပြီး လုံး၀ မခဲတိုင်း ဆီကောင်းဆီသန့် မဟုတ်ကြောင်း စားသုံးသူတွေကို သိစေလိုခြင်းပါ။

ကျန်းမာစေသောဆီကို ရွေးချယ်စားသုံးရင်း ပျော်ရွှင်ကျန်းမာသောနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
#ကျန်းမာစေသောဆီ

04/01/2021

ကဲဗျာ😁
မန္တလေးမြို့ရဲ့ဆိုင်တွေတိုင်းမှာ😉
Golden Starပဲရောဆီတွေကို 09889988378ခေါ်ဆိုပြီး
မှာယူနေကြတာကတော့လက်တွေ့ပါဘဲဗျာ
စူးရှသောပဲဆီအနံကို မကြိုက်နှစ်သက်သောမိဘပြည်သူများအတွက်အထူးသင့်လျော်ပါတယ်ဗျ
တစ်ခြားမြို့တွေကဆိုင်တွေလဲအားကျမခံမိမိဆိုင်ပေါ်တွင်Golden Star ပဲရောဆီကို တင်ထားချင်ရင်ဖြင့်
09889988378ကိုအခုဘဲဆက်သွယ်မှာယူလိုက်ပါခင်ဗျ
အားပေးတဲ့မိဘပြည်သူများကို BG Myanmar Distribution မှအထူးပင်ကျေးဇူးတင်ပါသည်ခင်ဗျ။🙏🙏🙏

03/01/2021

Golden Star ပဲရောဆီ ကတော့
နေ့တိုင်းအချိန်တိုင်းဖုန်းဆက်မှာယူနေ
ရောဘဲဗျာ😉
ဒီနေ့တော့ (5viss)ခေါ် (၅ပိဿာ)ပုံးလေးတွေသွား
ပို့ပေးရမယ်ဗျို့😁😁😁
ဖုန်းဆက်မှာယူချင်ရင်ဖြင့် 09889988378 ကိုမှာယူနိုင်ပါ
တယ်ဗျ👌👌👌https://m.facebook.com/story.php?story_fbid=180622270459053&id=100055338425539

Photos from BG Myanmar Distribution's post 02/01/2021

အားလုံး မဂ်လာပါ ခင်ဗျာ
လူကြီးမင်းတို့၏ စားသောက်ဆိုင်တွေမှာမရှိမဖြစ်လိုအပ်တာကတော့ အကြော်ဆီ ဘဲဖြစ်ပါတယ်ဗျ😉
လူကြီးမင်းတို့ရဲ့ဟင်းလျာပွဲတွေကို အရသာရှိစေဖို့အတွက်ကအရေးကြီးဆုံးပါ 👍
အရသာရှိစေဖို့အတွက်ကတော့
အကြော်ဆီဖြစ်တဲ့စားသုံးဆီက အဓိကပါ
အကောင်းဆုံးကိုမှရွေးသုံးချင်တဲ့မိဘပြည်သူများအတွက်တော့👍BG Myanmar Distribution Group👍မှ
ဖြန့်ဝေသည့်
Golden Star ပဲရောဆီနှင့်
Moon Vegetable Oil ကို မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ
ဆောာင်းရာသီရဲ့အအေးဒဏ်ကိုခံနိုင်တဲ့ စားသုံးဆီခေါ်အကြော်ဆီဖြစ်တာကြောင့် ဝယ်ယူလိုတဲ့မိဘပြည်သူများ၊တစ်ဆင့်ပြန်ရောင်းလိုသည့်မိဘပြည်သူများ

09889988378 ကိုဆက်သွယ်မေးမြန်းပြီးမှာယူနိုင်ပါတယ်ခင်ဗျ။

25/11/2020

FDA ရပြီးသား စားသောက်ကုန်ကို ဘာကြောင့် ရွေးချယ် ဝယ်ယူသင့်တာလဲ ...?
========================================
ိုတာ - အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတခု ဖြစ်ပါတယ်။ FDA အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်နှင့် ဆေးဝါးများကို ပြည်သူများ အသုံးပြုနိုင်ဖို့ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲ့ဒါကြောင့်

FDA ထောက်ခံချက်လက်မှတ် ရထားတဲ့ အမှတ်တံဆိပ်တွေဟာ #ဘေးအန္တရာယ်ကင်းရှင်းပါတယ်။ FDA လျောက်ထားသူတွေအနေနဲ့ ...

FDA မှ ချမှတ်ထားသော သတ်မှတ်ချက်များအတိုင်း

✅ ကုန်ထုတ်လုပ်သည့်နေရာ ...
✅ ကုန်ပစ္စည်း အရည်အသွေး ... တို့ကို
ကိုက်ညီအောင် အရင်လိုက်နာပြင်ဆင်ရပါတယ်။

⚛️ ကိုယ့် ထုတ်ကုန်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို တင်ပြရပါတယ်။

⚛️ ကိုယ့် ထုတ်ကုန် နမူနာများကို သက်ဆိုင်ရာ Lab တွေမှာ စစ်ဆေးမှု ခံယူရပါတယ်။ ကိုယ့်ထုတ်ကုန်တွေက FDA ရဲ့ သတ်မှတ်ချက်တွေနဲ့ ညီမှသာ ကိုယ့် ကုန်အမှတ်တံဆိပ်ဟာ FDA ထောက်ခံချက် ရရှိတာဖြစ်တာ​ပါတယ်။ အဲ့ဒါကြောင့်

⚛️ FDA ထောက်ခံချက် ရရှိပြီးသား ကုန်ပစ္စည်းများဟာ ...
🌾 ဓာတုဆေးဝါး မပါဝင်သော
🌾 ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပစ္စည်းများ မပါ၀င်သော ... ကုန်ပစ္စည်းများအဖြစ် မှတ်ယူပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တာ ဖြစ်ပါတယ်။

Credit : Bawga Peanut Oil - ဘောဂမြေပဲဆီသန့်

#ကျန်းမာစေသောဆီ

Photos from BG Myanmar Distribution's post 10/11/2020

"ဟင်းချက်ဆီများအကြောင်း သိကောင်းစရာ"
--------------------------------------------------------------------------

crd : monywa fda

03/11/2020

မြေပဲနှင့် နေကြာရော ဆီအကြောင်း 🥜🌻
==========================
မြေပဲနှင့်နေကြာရောဆီအကြောင်း မပြောခင်

မြေပဲဆီနှင့်နေကြာဆီထဲမှာပါဝင်တဲ့
ကျန်းမာရေးအကျိုးကျေးဇူးတွေကို အရင်ဆုံးပြောပြပါမယ်။ 🌞🌞

မြေပဲဆီ

🥜 မြေပဲဆီမှာဆိုရင် ကယ်လိုရီပါဝင်မှု မြင့်မားပြီး မပြည့်ဝဆီပါ၀င်တာကြောင့် မကောင်းတဲ့ကိုလက်စထရောကို ကျစေပါတယ်။

🥜 မြေပဲဆီတွက် ကောင်းတဲ့ ကိုလက်စထရော(HDL) ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ထောက်အကူပြုပါတယ်။

🥜 မြေပဲဆီဟာဆိုရင် ခန္ဓာက်ိုယ်ရဲ့သွေးဖိအားကို ထိန်းပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

🥜 ဗီတာမင်ပါဝင်တာကြောင့် ဆံသာပျက်စီးခြင်းနှင့် နှုတ်ခမ်းခြောက်ခြင်းများကိုသက်သာစေပါတယ်။

🥜 ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့စေပါတယ်။

နေကြာဆီအကြောင်း ဆက်ပြောပါမယ် 😊

🌻 နေကြာဆီကို စားသုံးခြင်းဖြင့် နှလုံးသွေး ကြောကျဉ်းရောဂါနှင့် နှလုံး ရောဂါဖောက်တာတွေ (Heart Attack) ဖြစ်ပွားမှုများကိုလည်း လျော့ကျစေပါတယ်။

🌻 အဆစ်ရောင်နာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

🌻 နေကြာဆီမှာ Anti-Oxidants ဂုဏ်သတ္တိရှိပြီး ကင်ဆာဖြစ်စေနိုင်တဲ့ free radical တွေက်ို ချေဖျက်ပေးနိုင်ပါတယ်။

🌻 နေကြာဆီတွင် Vitamin E ကြွယ်ဝစွာပါဝင်သောကြောင့် နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး အသားအရည် ပျက်စီးခြောက်သွေ့ခြင်းကို ထိန်းသိမ်းပေးသည့်အပြင် ရေဓာတ်က်ို ပြန်လည်ဖြည့်တင်းပေးပါတယ်။

မြေပဲဆီနှင့်နေကြာဆီတို့ရဲ့တစ်မျိုးခြင်းဆီမှာ ပါဝင်တဲ့ ကျန်းမာရေးနှင့် အာဟာရအတွက် အကျိုးပြုပုံတွေကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

မြေပဲနှင့်နေကြာရောဆီမှာဆိုရင် 🛒🛒

မြေပဲဆီနှင့် နေကြာဆီတစ်မျိုးခြင်းစီမှာပါဝင်တဲ့ ဂုဏ်သတ္တိတွေက်ို အားလုံးပါဝင်ပြီးဖြစ်တာကြောင့် များပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။ မြေပဲနှင့်နေကြာရောဆီဟာ ဟင်းသီးဟင်းရွက် အရင်းအမြစ်ဖြစ်တာကြောင့် စားသုံးရန် အကောင်းဆုံးဆီတစ်မျိုးဖြစ်ပါတယ်။

များပြားလှတဲ့ ကျန်းမာရေးအထောက်အကူပြု အာဟာရဓာတ်တွေနှင့်အတူ ဆီတစ်မျိုးထဲဖြင့်ပြီးပြည့်စုံစေတဲ့ မြေပဲနှင့်နေကြာရောဆီ မှာယူမယ်ဆို

☎️ 09889988378 ကို
အခုပဲဆက်သွယ်မှာယူလိုက်ပါ။

13/10/2020

#ဆီစားသုံးခြင်း

ဒီကနေ့ စားသောက်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ၊ စားသောက်မှုပုံစံတွေမှာ

“ဆီ” ဟာ မရှိမဖြစ် အရေးပါပါတယ်။ “ဆီ” ရှောင်တယ်လို့ ဘယ်လောက်ပဲပြောပြော အစာ စားနေသမျှတော့ “ဆီ” ကို ရှောင်နိုင်မှာ မဟုတ်ပါဘူး။ အစားအစာတွေထဲမှာ “ဆီ” ဟာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေသလို ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်တွေမှာပါ “ဆီ” က ကိန်းအောင်းမှုရှိပါတယ်။ “ဆီ” ဟာ တချို့သောအခြေအနေများမှာ ကျန်းမာရေးကို ကောင်းကျိုးပေးနိုင်သလို တချို့သော အခြေအနေမျိုးမှာတော့ ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ “ဆီ” ကို အကြောင်းပြပြီး တချို့သောလူတွေက လှကြသလို တချို့သောသူတွေကတော့ ဆေးရုံရောက်ရတာမျိုးတွေလည်း မနည်းပါဘူး။



“ဆီ” နဲ့ ဆက်စပ်နေတဲ့ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတို့၊ အသည်းအဆီဖုံးတာတို့နဲ့ လေဖြတ်တာတွေဟာ ဒီဘက်ခေတ်မှာ ပိုပြီးထင်ပေါ်လာတာက လူတွေ “ဆီ” ကို ပိုပြီး သတိပြုမိစေတဲ့အချက်တွေပါ။ မွေးကတည်းက “ဆီ” စားလာကြတာမှန်ပေမဲ့ “ဆီ” အကြောင်းကို ဂဃနဏသိချင်တဲ့သူ နည်းကြပါတယ်။ ကိုယ်စားနေတဲ့ “ဆီ” အပေါ်မှာလည်း စိတ်ဝင်စားမှုနည်းပါးကြပါတယ်။ ဒါဟာ “ဆီ” နဲ့ ဆက်စပ်တဲ့ရောဂါတွေ ပိုများရခြင်းရဲ့ အရင်းခံ အကြောင်းအရင်း တစ်ရပ်လည်းပဲ ဖြစ်ပါတယ်။ ဘယ်လို “ဆီ” မျိုးဟာ စားသုံးဖို့သင့်တော်တယ်၊ ဘယ်လို “ဆီ” မျိုးတွေကတော့ စားသုံးဖို့ မသင့်တော်ဘူးဆိုတာကို သိနေရင် ကိုယ့်အကြိုက် ကိုယ်သုံးနိုင်တဲ့စရိတ်နဲ့ ကိုက်ညီဖို့ကလည်း စဉ်းစားရမယ့် အချက်ပါပဲ။ ကျန်းမာရေးနဲ့ ကိုက်ညီနေရင်တောင် ကိုယ်မကြိုက်တဲ့ အနံ့၊ အရသာကြောင့် ခေါင်းခါပြီး ငြင်းဆန်နေကြတာမျိုးလည်း တွေ့မိဖူးပါတယ်။

တကယ်တော့ “ဆီ” က မရှိမကောင်း၊ ရှိမကောင်း၊ စားလည်းမကောင်း၊ မစားလည်းမကောင်းဆိုတဲ့ အမျိုးပါပဲ။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ဆန်တို့၊ ဂျုံတို့ထက် “ဆီ” က ပိုထုတ်ပေးနိုင်ပါတယ်။ ကားတစ်စီးလိုပဲပေါ့။ ဓာတ်ဆီမရှိရင် မောင်းနှင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ဆိုပြီး “ဆီ” ကို အလွန်အကျွံစားကြတဲ့ လူတွေလည်း ရှိပါတယ်။



Monounsaturated ပါဝင်မှု မတူညီတာတွေက “ဆီ” တစ်ခုချင်းစီရဲ့ ဂုဏ်သတ္တိကို ခွဲခြားထားပါတယ်။ တိရစ္ဆာန်ထွက် “ဆီ” တွေ ထဲမှာလည်း အမျိုးအစား အများကြီးရှိပေမဲ့ လူသုံးများတာက ထောပတ်ပါ။ ထောပတ်နောက်မှာကပ်ပြီး လူသုံးများတဲ့ “ဆီ” ကတော့ ဝက်ဆီ (Lard) ပါပဲ။ “ဆီ” အမျိုးအစားတွေ များပြားသလို “ဆီ” တစ်ခုချင်းစီရဲ့ အသုံးဝင်မှုပုံစံချင်းကလည်း ကွဲပြားပါတယ်။ တချို့ “ဆီ” ကျတော့ စက်မှုလုပ်ငန်းတွေမှာ အသုံးများကြပါတယ်။ Paint လုပ်ငန်းမှာပဲ အဓိကသုံးတဲ့ “ဆီ” ရှိသလို ရေမွှေးတို့၊ အလှကုန်တို့အတွက်ပဲ အဓိကထားသုံးကြတဲ့ “ဆီ” မျိုးတွေလည်း ရှိပါတယ်။



ဒီနေရာမှာ သတိပြုမိဖို့လိုတာက “ဆီ” ဟာ တခြားအာဟာရတွေလောက် ခန္ဓာကိုယ်မှာ မရှိမဖြစ်စားသောက်ဖို့ ဒီလောက်ကြီး လိုအပ်တာ မဟုတ်ပါဘူး။ အစားအသောက်ထဲမှာ အနည်းအကျဉ်းပါရင်ကို လုံလောက်နေတာမျိုးပါ။ “ဆီ” ကြောင့် အန္တရာယ်မဖြစ်စေဖို့က ဘယ်ဆီကိုပဲဖြစ်ဖြစ် လျော့စားဖို့ လိုအပ်ပါတယ်။ ကိုယ်ကြိုက်လို့ “ဆီ” ကို မလျော့နိုင်ဘူးဆိုရင်တော့ ကျန်းမာရေးအတွက် ပိုသင့်တော်မယ့် “ဆီ” အမျိုးအစားကို ရွေးချယ်စားသုံးရပါမယ်။



“ဆီ” ဆိုပြီး အားလုံးကို သိမ်းကျုံးပြောလို့ မရတာကြောင့်လည်း ပါပါတယ်။ ဘယ် “ဆီ” ပဲဖြစ်ဖြစ် ဓာတ်ခွဲစမ်းသပ်ကြည့်ရင်တော့ မပြည့်ဝဆီနဲ့ ပြည့်ဝဆီတွေပဲ ပေါင်းစပ်ဖွဲ့စည်းထားကြတာပါ။ တချို့ “ဆီ” မှာ ပြည့်ဝဆီများပြီး မပြည့်ဝဆီနည်းမယ်။ ဒါပဲ ကွာပါတယ်။ ပြည့်ဝဆီပါဝင်မှုများတဲ့ “ဆီ” ကတော့ ကျန်းမာရေးအတွက် မကောင်းဘူး။ ပြည့်ဝဆီပါဝင်မှုနည်းပြီး မပြည့်ဝဆီပါဝင်မှုများရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီးတော့ ယေဘုယျ မှတ်သားထားနိုင်ပါတယ်။



ဈေးကွက်ထဲမှာ ရနိုင်သမျှ “ဆီ” တွေကို အကြမ်းဖျင်း အုပ်စုခွဲကြည့်ရင် အုပ်စုနှစ်စု ကွဲထွက်လာပါတယ်။ အဲဒါက ဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်ကနေ ထုတ်ယူထားတဲ့ “ဆီ” နဲ့ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်တို့ကနေ ရရှိတဲ့ “ဆီ” ဆိုပြီးတော့ပါ။ ပုံမှန်အားဖြင့်တော့ ဟင်းရွက်အသီးအနှံက ထုတ်ယူရရှိတဲ့ “ဆီ” ဟာ တိရစ္ဆာန်ထွက် “ဆီ” တွေထက် ကျန်းမာရေးကို ပိုအထောက်အကူပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ဟင်းရွက်ဆီတွေထဲမှာကိုပဲ ပြည့်ဝဆီ၊ မပြည့်ဝဆီ တွေထက် ကျန်းမာရေးကို ပိုအထောက်အကူပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ဟင်းရွက်ဆီတွေထဲမှာကိုပဲ ပြည့်ဝဆီ၊ မပြည့်ဝဆီပါဝင်မှု အနည်းအများ၊ မပြည့်ဝဆီထဲမှာကိုပဲ Polyunsaturated နဲ့ “ဆီ” တွေအားလုံးကတော့ ရေမှာ မပျော်ဝင်နိုင်တဲ့ ဂုဏ်သတ္တိရှိပေမဲ့လည်း အရက်နဲ့ အီသာမှာတော့ ပျော်ဝင်နိုင်တာကိုလည်း ဗဟုသုတဖြစ်ဖွယ် သိရှိရပါတယ်။ ဒီလိုမျိုး “ဆီ” ဟာ အသုံးဝင်မှုများတာကြောင့် ကမ္ဘာပေါ်မှာ ပျောက်ပျက်သွားမှာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကသာ သတိထားဆင်ခြင်ပြီး စားသုံးရမှာပါ။ အစားတစ်လုတ်ကြောင့် ဒုက္ခမရောက်ဖို့ကို ဆင်ခြင်ရမှာပါ။ ဘာပဲဖြစ်ဖြစ် အစားဆင်ခြင်ခြင်းက အနာရောဂါကင်းစင်ခြင်းပါပဲ။ ဘယ် “ဆီ” က ကိုယ့်အတွက် အဆင်ပြေဆုံး ဖြစ်နိုင်မလဲဆိုတာကို လေ့လာရင်း အကောင်းဆုံးကို ရွေးချယ်နိုင်ခြင်းက ကိုယ့်ကျန်းမာရေးအတွက် အထောက်အပံ့ကောင်းတစ်ခုကို ရခြင်းပါပဲ။

Crd : Internet

12/10/2020

MOON Vegetables Cooking Oil ကနေအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ product နှစ်မျိုးနဲ့ မိတ်ဆက်ပေးပါစေ 🥰🥰🥰
စားသုံးသူတွေတွေရော တစ်ဆင့်ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်ကြီးများပါ အကြိုက်တွေ့စေမယ့် ၅၀ကျပ်သားနဲ့ ၁ပိဿာ ဘူးသေးများပဲဖြစ်ပါတယ်၊ ယခုလိုဆောင်းတွင်း ရာသီဥတုအေးလာတဲ့အချိန်မှာလည်း quality အရည်အသွေးကကောင်းပီးသားဆိုတော့ ဆီခဲမှာကိုလုံးဝစိတ်ပူစရာမလိုဘူးနော် ၊☺️☺️

၅၀ ကျပ်သား ၁ဘူး - ၁၃၅၀ ကျပ်
၁ ပိဿာ ၁ ဘူး - ၂၇၅၀ ကျပ်

ဖြင့်လက်လီလက်ကားဝယ်ယူရရှိနိုင်ပါတယ်။

Ph -09889988378 ကိုအခုပဲဆက်သွယ်မှာယူလိုက်တော့နော် ☎️☎️☎️

05/10/2020

ာလလက်တည့်စမ်းကြမယ်
=========

ဒီအစီအစဥ်လေးမှာ ဟင်းချက်နည်း... မုန့်လုပ်နည်းတွေကို တင်ပေးမှာပါ။
အဲ့ဒါအပြင် facebook သုံးသူတွေ ကိုယ်တိုင်ပါ၀င်လို့ရမယ့် ပျော်ရွှင်စရာ အစီအစဥ်လေးတွေလည်း ရှိမှာမို့ BG Myanmar Page လေးကို Like လုပ်ပေးထားကြပါနော်။ .....

အခုတော့
အိမ်မှာ ဒံပေါက် ချက်စားချင်သူများအတွက် ဒံပေါက် ချက်နည်း များစုစည်းထား‌ပေးပါတယ် ။

Credit - မူရင်းတင်သူများ နှင့် yanli food
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ဒန်ပေါက်ချက်နည်းပုံစံများစွာရှိပါတယ်
မိမိနှစ်စိတ်ကြိုက်ပုံစံဖြင့်ချက်နိုင်ပါတယ်
ခုချက်ထားတဲ့ချက်နည်းကတော့ကျွန်မတို့မိသားစုအကြိုက်ပုံစံပါ။
ဟင်းခပ်မွေးကြိုင်အနံ့သင်းသင်းနဲ့အဆီအစိမ့်လျော့ထားခြင်းဖြစ်ပါတယ်။
ဒန်ပေါက်ချက်နည်းတယောက်နဲ့တယောက်အနည်းငယ်ကွဲကြပါတယ်။ ဆိုဖီယာကတော့ဒန်ပေါက်ကိုဆီများများအနှစ်များများနဲ့စားရတာမကြိုက်ပါဘူး။ခုချက်ထားတာကကြက်သားနဲ့ထမင်းကိုခွဲချက်ထားပါတယ်။

ပါဝင်ပစ္စည်း
*********
ဒံပေါက်ဆန် ( Basmati rice )- တပြည်
ကြက်သွန်နီ - ၃၀သား (ကြက်သွန်ကြော်ခြေထားသောထမင်းစားပန်းကန်လုံးတစ်လုံး)
ဆား - ၁ဇွန်း (စားပွဲတင်ဇွန်း)
ဒန်ပေါက်မဆလာ - တဇွန်း
သကြား -၂ဇွန်း
အချိုမှုန့် - ဇွန်းတဝက်
ဆီ - ၅ကျပ်သား
ထောပတ်- ၅ကျပ်သား
သီဟိုဠ်စေ့- တဆယ်သား
စပျစ်ခြောက်- ၅ကျပ်သား
ပဲစိမ်းလုံး - တဆယ်သား
ကာလာ အစိမ်းရောင်
ကာလာ လိမ္မော်ရောင်

ဆန်ပြုတ်ရန်လိုအပ်သောပစ္စည်း
*****************
ကရဝေးရွက် - ၅ရွက်
သစ်ဂျပိုးခေါက် -၂ချောင်း
ဆား - တစ်ဇွန်း

ကြက်သားချက်ရန်
************
ကြက်သားကိုအရင်ဆုံးလိုသလိုခုတ်ထစ်ပြီး ဆား၊ဆနွင်း ၊အရောင်တင်၊ကြက်သွန်ေ ကြာ် ၊ဒိန်ချဉ်၊ဂျင်း၊ကြက်သွန်ဖြူ၊ဆီ၊မဆလာတို့ဖြင့်နှပ်ထားပါ။ ပ်ထားပါ။ကြက်ကိုအနှစ်အနည်းငယ်နဲ့ကြက်သား နှပ်ပုံစံချက်ထားပါ။

ဒန်ပေါက်မဆလာ
*************
ဇီယာ-၅ကျပ်သား
ဖာလာစေ့-ရှစ်စေ့
လေးညင်း - ရှစ်စေ့လှော်ပြီးကြိတ်ထားပါ။

ကြက်သွန်ကြော်အရော
****************
ကြက်သွန်နီကြော်ကိုအရင်ကြေအောင်ခြေပါ။ခြေပြီးပါကပန်းကန်လုံးတလုံးဖြင့် ချိန်ပြီးဇလုံတခုတွင်ထည့်ကာဆား၁ဇွန်း၊ သကြား၂ဇွန်း ၊အချိုမှုန့် ဇွန်းတဝက်၊ ကြိတ်ထားသောမဆလာ၁ဇွန်းမောက်မောက်ထည့်ကာ ရောမွေထားပါ။

ဒန်ပေါက်ချက်နည်း
*************
(၁)ဆန်ကိုနာရီဝက်ခန့် ရေစိမ်ထားပါ။

(၂)ရေနွေးတအိုးတည်ကာပွက်ပါကကရဝေးရွက်နှင့်သစ်ဂျပိုးခေါက်ထည့်ပါ။ ဆား၁ဇွန်းထည့်ကာစိမ်ထားသောဆန်ကိုရေစစ်ပြီးထည့်ပြုတ်ပါ။
တဝက်ကျက်အနေအထားရပါကဇကာတွင်ရေစစ်ထားပါ။

(၃)ပြီးလျှင်အဖုံးလုံသည့်အိုးတခုတွင်ဆန်ကိုသုံးပုံတပုံခန့်ထည့်ပါ။ အရသာရောစပ်ပြီးသားကြက်သွန်တဝက်ကိုဆန်ပေါ်တွင်ဖြန့်ခင်းပါ။

(၄)အပေါ်မှာဆန်တပုံထပ်ခင်းပါကျန်ကြက်သွန်ကြော်တဝက်ကိုခင်းထည့်ပါ။

(၅)ပြီးလျှင်လက်ကျန်ဆန်များကိုခင်းထည့်ပြီးလျှင်သီဟိုဠ်စေ့၊စပျစ်ခြောက်၊ပဲစိမ်းတို့့ကိုထည့်ပါ။

(၆)ထမင်းအိုးထောင့်တနေရာတွင်ကာလာနှစ်ရောင်ကိုနေရာခြားပြီးရေဖျော်ပြီးထည့့်ပါ။ပြီးလျှင်အဖုံးလုံလုံဖြင့်ဖုံးပြီးအောက်မီး များများဖြင့်ခဏတည်ကာအပူပေးပါ။

(၇)အငွေ့ထွက်ပါကအောက်မီးလျော့ချကာအပေါ်မီးအောက်မီးနည်းနည်းဖြင့်နှပ်ပေးပါ။

(၈)အငွေ့ကောင်းကောင်းထွက်လာပါက ထမင်းနှပ်ပါပြီ။

(၉)နှပ်ပြီးသားထမင်းကိုမီးဖိုပေါ်မှချကာ(နှပ်ထားသောအိုးကျယ်ကျယ်ပြန့်ပြန့်ရှိပါက အိုးချိန်းရန်မလို ) အိုးကြီးကြီးသို့မဟုတ်ဘမ်းကြီးကြီးတခုတွင်သွန်ချပြီးဆီနှင့်ထောပတ်ထည့်ကာဖြေးဖြေးချင်းဆန်လုံးမပျက် အောင်သာသာရောမွေပေးပါ။

(၁၀)ထမင်းကြက်သွန်အရသာကာလာအားလုံးကိုယောက်မဖြင့်သာသာရောမွေပြီးအိုးတွင်ပြန်ထည့်ပြီးဖုံးအုပ်ထားပါ။

(၁၁)နှပ်ထားသောကြက်သားဖြင့့်ပွဲပြင်ပြီးသခွားသီးချဉ်ပူစီနံဘာလချောင်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀နောက်တနည်းအနေဖြင့်အသားနှင့်ထမင်းရောချက်လိုပါအသားကိုတဝက်ကျက်အနေအထားထိချက်ထားပြီးထမင်းနှပ်သည့်အချိန်တွင်အိုးအောက်ခြေတွင်အသားနှင့်အနှစ်တို့ကိုခင်းပြီးအပေါ်မှာပြုတ်ထားသောဆန်တထပ်ကြက်သွန်တထပ်ခင်းပြီးအထက်ပါနည်းအတိုင်းပြုလုပ်နိုင်ပါသည်။....................
Credit - Sofia

# # # # # # # # # # # # # # # # # # # # # # # # # #

ဆိတ်သား ကီးမား ဒန်ပေါက်
---------------------------------
မိသားစုနဲ့ တူတူလုပ်စားနိုင်ဖို့ ဆိတ်သား ကီးမား ဒန်ပေါက် ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်...
--------------------------------
ကီးမား ပါ၀င်ပစ္စည်းများ

ဆိတ်သား – ၄၅၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
ကြက်သွန်နီ – ၈လုံး (နှုတ်နှုတ်စင်းပါ)
ကြက်သွန်ဖြူ - ၅မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း - လက်တဆစ် (ညက်အောင် ထောင်းထားပါ)
ငရုတ်သီးစိမ်း – ၄-၅ တောင့် (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဖာလာ - ၆စေ့
နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းစေ့ - ၈လုံး (မညက်တညက်ထောင်းထားပါ)
မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
သစ်ဂျပိုး - ၁ခု
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စင်းပါ)
--------------------------------
ကီးမားချက်နည်း

၁။ ကီးမားချက်ရန် ဒယ်ထဲ ဂီ(သို့) ထောပတ် (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ဆီသပ်ပေးပါ။

၂။ ပြီလျှင် ခရမ်းချဉ်သီး၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ သစ်ဂျပိုး ဆား ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ဆိတ်သား၊ ငရုတ်သီးစိမ်း၊ ဇီယာ၊ နံနံစေ့မှုန့်၊ ဖာလာ၊ ငရုတ်ကေင်း ရေ(၂ခွက်) တို့ကို ထည့်ပြီ ဆီပြန်သည်အထိ မီးနည်းနည်းဖြင့် အဖုံးအုပ်ပြီ တည်ပေးပါ။

၄။ နောက်ဆုံးမှ မဆလာ၊ ပျဉ်တော်သိမ်းရွက်၊ နံနံပင် အုပ်ပေးပါ။
--------------------------------
ဒန်ပေါက်တွင် ပါ၀င်ပစ္စည်းများ

ဒန်ပေါက်ဆန် (basmati rice) - နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
ဇီယာစေ့ - စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
သီဟိုစေ့ - စားပွဲတင်ဇွန်း ၂ဇွန်းစာ
Saffron - စားပွဲတင်ဇွန်း ၃ဇွန်း
--------------------------------
ဒန်ပေါက်ဆန်ချက်နည်း

၁။ basmatic ဆန်ကို နာရီ၀က်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)

၂။ နာရီ၀က် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။

၃။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။

၄။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။

မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။

၅။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။
--------------------------------
ဆိတ်သား ကီးမား ဒန်ပေါက် ချက်နည်း

၁။ ခုဆိတ်သား ကီးမား ဒန်ပေါက် စချက်ပါတော့မည်။

၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ဆိတ်သား ကီးမား (တ၀က်)ကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။

၃။ဆိတ်သား ကီးမားအပေါ်မှ ဆန်များကို ခင်းလိုက်ပါ။

၄။ ထို့နောက် ကျန်ဆိတ်သားကီးမား ကို ထက်ခင်းပါ၊ သူအပေါ်မှ ဒန်ပေါက်ဆန်များ ခင်းပေးပါ။

၅။ အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း)၊ သီဟိုဌ်စေ့၊ စပျစ်သီးခြောက် ဖြူးပေးပါ။

၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး စုစုပေါင်း နာရီ၀က်ခန့် တည်ထားပါ။

၆။ ကျက်ပြီဆိုလျှင် ဆိတ်သားကီးမား ဒန်ပေါက်များကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

ရ။ အခုဆိုလျှင် ဆိတ်သားကီးမား ဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..
***************************
ပိုး ချက်တဲ့ ဒန်ပေါက်..

အရသာကို မအီဘဲ ခပ်ဆိမ့်ဆိမ့်နဲ့ ခပ်စပ်စပ်လေးဖြစ်အောင် ချက်ထားတာ.. 😋

-----

ချက်နည်းတွေ အများကြီးရှိပေမယ့် ပိုးကတော့ အချိန်လည်း သိပ်မကုန်၊ လူလည်း သက်သာအောင် ချက်နည်းရိုးရိုးလေးပဲ သုံးထားပါတယ်.. အိန္ဒိယမကျ ဗမာမကျ ကပြားဒန်ပေါက်ပဲဆိုပါတော့.. အိမ်ချက်ဒန်ပေါက်အနေနဲ့ လွယ်ပြီး စားကောင်းပါတယ်..

ကြက်သားအတုံးကို ဒန်ပေါက်ဆိုင်လောက်မကြီး၊ အိမ်မှာစားနေကျဆိုက်ထက် နည်းနည်းပိုပြီး အတုံးကြီးအောင် တုံးပါမယ်.. အရသာအတွက် ဒိန်ချဉ်၊ ဆား၊ ဒန်ပေါက်မဆလာ၊ ကြက်သွန်ဖြူမှုန့်၊ သစ်ကြပိုးခေါက်မှုန့်၊ ပူစီနံရွက်၊ ငရုတ်သီးအစေ့လွတ် အခြောက်တောင့်နဲ့ ရောနယ်ပြီး နာရီဝက်လောက် နှပ်ထားပါတယ်.. သိုးသား၊ ကြက်အသည်းအမြစ်၊ သတ်သတ်လွတ် ကြိုက်တာနဲ့ ချက်စားလို့ ရပါတယ်..

ကြက်သားကို နှပ်ထားတုန်းမှာ ဆန်ကို ရေစင်စင်ဆေးပြီး ရေစစ်ထားပါတယ်.. ပြီးတော့ အိုးအလွတ်တစ်လုံးထဲ ရေနဲ့ ဆားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါတယ်.. ဒါက ထမင်းအိုး တည်ဖို့ပါ.. တချို့က ဒန်ပေါက်ထမင်းနဲ့ ရောတဲ့ ကြက်သွန်ကြော်အတွက် သတ်သတ်ဆီသတ်ပေမယ့် ပိုးကတော့ ကြက်သွန်ကြော်ကိုကျ ရယ်ဒီမိတ်ပဲ ထည့်သုံးပါတယ်.. Saffron တွေ ကရဝေးရွက်တွေက မရှိလို့ မထည့်ပါဘူးနော်.. 😅

ကြကသားချက်ဖို့ ဆီကို ရိုးရိုးဆီအရင်ထည့်ပြီး ဆီပူလာကာမှ Ghee ထောပတ်တစ်ဝက်ထည့်ပါတယ်.. ဒါမှ မွှေးတာပါ.. ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးပြီး ဆီသတ်၊ သစ်ကြပိုးခေါက်နဲ့ ဖာလာစေ့ထည့်.. ကြက်သားကို ထည့်ပြီး အပေါ်ယံအရေခွံတင်း ကျက်ရုံလေး တည်ပါတယ်.. သကြားမဆိုစလောက် ထည့်ပါတယ်.. ကြက်သားကို တခါတည်း ကျက်နေအောင် ချက်လိုက်ရင်ကျ ထမင်းနဲ့ ရောတည်ချိန်မှာ တအားနူးအိပြီး အသားတွေပြဲကုန်မှာ စိုးလို့ပါ..

ကြက်သားကျက်ခါနီးမှာ မီးပိတ်လိုက်ပြီး ခုနက ရေနွေးတည်ထားတဲ့ထဲ ghee ထောပတ်နည်းနည်း၊ ဒန်ပေါက်မဆလာနည်းနည်း၊ သစ်ကြပိုးမှုန့်၊ လေးညှင်းခြောက်ပွင့် ထည့်ပါတယ်.. အဲ့ရေထဲ ဆန်ကို ဆယ်မိနစ်လောက် ထည့်တည်ပြီး ဆန်စေ့တွေ နည်းနည်းလောက် ကြည်လာပြီဆိုရင် ဆန်ကို ရေပြန်စစ်ပါတယ်.. ပိုးက ဆိုးဆေးထည့်ရတာ မကြိုက်လို့ ကြက်သားချက်ကတည်းက အနှစ်များများ ဆီလေးပိုထည့်ထားပြီး အဲ့ကရတဲ့အရောင်ကိုပဲ သုံးပါတယ်..

အခုတခါကျ ဒန်ပေါက်တည်မယ့်အိုးခပ်ကြီးကြီးထဲ ထမင်းထည့်၊ ကြက်သားထည့်၊ ကြက်သွန်ကြော်(ရယ်ဒီမိတ်) ထည့်.. ပြီးရင် ထမင်း၊ ကြက်သား၊ ကြက်သွန်ကြော်၊ ပူစီနံ အထပ်လိုက် နောက်တစ်ခါထည့်.. အပေါ်ဆုံးမှာ ထမင်းပြန်အုပ်လိုက်ရုံပါပဲ.. ပြီးရင် Oven ထဲထည့် နာရီဝက်ထားလိုက်ပါတယ်.. အဲ့လိုဆို Ghee ထောပတ်အနံ့ ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့ မအီတဲ့ ဒန်ပေါက်ခပ်စပ်စပ်လေး ရပါပြီ.. ပိုးတော့ ဒန်ပေါက်ထမင်းချည်း နှစ်ပန်းကန်တွယ်လိုက်မိတာပါပဲ..

Credit - Poe Phyu Thant

ကြက်သား ဒန်ပေါက် (၈ယောက်စာ)

မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံး၀ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

ဒန်ပေါက်တွင် ပါ၀င်ပစ္စည်းများ

ဒန်ပေါက်ဆန် (basmati rice) ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
ဇီယာစေ့ ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
သီဟိုစေ့ ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
Saffron ♦ စားပွဲတင်ဇွန်း ၃ဇွန်း

မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။ ရန်ကုန်မှာ ရှာမတွေ့တာမို့ ၀တ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။

ကြက်သားနုပ်ထားရန် ပါ၀င်ပစ္စည်းများ

ကြက်ပေါင် ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
ဂျင်း ♦ လက်တဆစ် (ထောင်းထားပါ)
ကြက်သွန်ဖြူ ♦ ၂ခု (ထောင်းထားပါ)
ကြက်သွန်နီ ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
ဒိန်ချဉ် (yoghurt) ♦ ၁ခွက်စာ
ဆီ (oil) ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
လေညှင်း (cloves) ♦ ၂ခု
ဖာလာစေ့ (cardamon) ♦ ၄ခု
ဇာပွင့် (Javetri) ♦ ၃ခု
ကလာဝေရွက် (bayleaf) ♦ ၂ခု
သစ်ဂျပိုး ♦ ၁ခု
ဇီယာ (cumin) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဇီယာမှုန့် (cumin pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် (coriander pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် (chilli pdr) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် (tumeric pdr) ♦ စားပွဲတင်ဇွန်း တ၀က်
ငရုတ်ကောင်းလုံး (အမဲ) ♦ စားပွဲတင်ဇွန်းတ၀က် (မညက်တညက် ထောင်းထားပါ) (black pepper corn)
ငရုတ်သီးစိမ်း (green chilli) ♦ ၆ခု (စိတ်ပေးပါ)
ဆား (salt) ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
မာဆလာ (masala) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ပူစီနံ (mint) ♦ ၁စည်း (ပါးပါးလှီးပါ)
နံနံပင် (coriander) ♦ ၁စည်း (ပါးပါးလှီးပါ)
မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ၀ယ်ယူနိုင်ပါသည်။

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။

၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။

၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၄။ ကြက်သားကို နုပ်ထားစဉ်အတွင်း basmatic ဆန်ကို နာရီ၀က်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)

၅။ နာရီ၀က် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။

၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။

ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။

မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။

၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

ဒန်ပေါက် ချက်နည်း

၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။

၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။

၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။

၄။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။

၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး စုစုပေါင်း နာရီ၀က်ခန့် တည်ထားပါ။

၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..
# # # # # # # # # # # #
ဒန်ပေါက်

ကြက်သား ဒန်ပေါက် အလွယ်ချက်နည်း..
မမီးက ဘာစမာတီ ချက်နည်းကို သူများဆီက လေ့လာပီး လုပ်ကြည့်တာ..ရေလုံး၀ မဆေးဘူး..။ နောက်ပိုင်း စာတွေ ဖတ်ကြည့်တော့..U.S က ဆန်တွေကို ရေမဆေးလည်း ချက်နိုင်ပါတယ်တဲ့.. တခြားတိုင်းပြည်ကတင်သွင်းတဲ့ ဆန်တွေကိုတော့ ရေ ဆေး ရမယ်တဲ့..။

အိုးအပြည့် ဘယ်တော့မှ မချက်ပါနဲ့..။ မမီး ၅ ခွက် အိုးမှာ ၂ခွက်ဘဲ ချက်တယ်..အဲဒီ ထက်ပိုလိုက်တာနဲ အိုးကျပ်ပီး ထမင်းမလှ..။

မမီးတို့ စိတ်ကြိုက် မဆလာနံ့ သိတ်မများဘဲ..ထောပတ် အနည်းငယ်နဲ့ ချက်ထားတဲ့ အလွယ် ချက်လေးပါ..။ စားလို့ အရမ်းကောင်းပါတယ်..။
မမီး အရောင် အတွက် ကုကမံကို မသုံးဘဲ အလွယ်တကူ ရနိုင်တဲ့ အစာ ဆိုးဆေးတွေကို သုံးထားပါတယ်.. US မှာ နေသူတွေကတော့ ကိတ်မုန့် ပစ္စည်းတွေ ရောင်းတဲ့ အတန်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်..မြန်မာ မှာ နေသူများကတော့ သိမ်ကြီးစျေးနဲ့ ကိတ်မုန့် ပစ္စည်းရောင်းတဲ့ ဆိုင်တွေ..ပရဆေး ဆိုင်တွေမှာ ၇နိုင်မယ် လို့ ထင်ပါတယ်..။ သူငယ်ချင်းလေး တယောက် အကြံပေးဘူးတယ်.. ပဲငံပြာရည် အပျစ်အနည်းငယ်ထမင်းပေါ်မှာ ထည့်ပေးရင် အရောင်ပိုလှပါတယ်တဲ့...။
ကြက်သားဟင်း
1. ကြက်ပေါင် ................. ၂ ချောင်း
2. ကြက်သွန်ဖြူ ...............၂ မွှာ
3. ချင်း ပါးပါး ..................၁ ပြား
4. ကြက်သွန်နီ................ အရွယ် လတ် ၁ လုံး
5. ဆီ ..............................၂ စားပွဲဇွန်း
6. ငြုတ်သီးမှုန့်.................. ၁/၄ လက်ဘက်ရည်ဇွန်း ( အရောင်တင်မှုန့်)
7. ဒိန်ချဉ်........................... ၂ စားပွဲဇွန်း
8. ကြက်သွန်နီကြော် ........... ၃ စားပွဲဇွန်း
9. ဒန်ပေါက် မဆလာ........... ၁ စားပွဲဇွန်း

ချက်နည်း
1. ကြက်သားကို သန့်စင်အောင်ဆေး၊ ဆား ၊ဒန်ပေါက်မဆလာ၊ ဒိန်ချဉ် တို့ဖြင့် နယ်ပေးပီး ၁ နာရီခန့် နှပ်ထားပေးပါ။

2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ၊

3. အိုးတခုထဲမှာ ဆီ အနည်းငယ် ထည့်ပီး ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ချင်း တို့ကို ဆီသတ်ပါ။

4. ကြက်သွန်နီသွေ့စပြုပီး မွှေးလာတဲ့အခါ အသင့် နှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး လှိမ့်ပါ၊ အသားတင်းလာတဲ့ အခါ ကြက်သွန်နီကြော် ထည့်မွှေပါ၊ ဒိန်ချဉ်က ထွက်လာတဲ့ ရေနဲ့ ကြက်သား နူးလာတဲ့ အထိ မီးအေးအေး နဲ့ ချက်ထားပါ၊ လိုအပ်ရင် ရေပူ အနည်းငယ်ထည့်ပေးပါ၊

ဒန်ပေါက်ထမင်း
1. ဘက်စမာတီဆန်.............. ၂ ခွက် ( rice cooker cup)
2. ထောပတ်(Ghee) .............၁ လက်ဘက်ရည်ဇွန်း
3. သစ်ကြပိုးခေါက် ................ ၁ လက္မ အရွယ်
4. ကရဝေးရွက်....................... ၁ ရွက်
5. ကြက်သွန်နီကြော် ..................၁/၂ ခွက် (rice cooker cup)
6. အဝါရောင်............................. ၂-၃ စက်
7. လိမ္မော်ရောင် .......................... ၁-၂ စက်
8. ဆား ..................................၁/၂ လက်ဘက်ရည်ဇွန်း
9. သကြား ..............................၁ လက်ဘက်ရည်ဇွန်း

ချက်နည်း

1. ထမင်းပေါင်းအိုးတစ်လုံးထဲမှာ ထောပတ်(Ghee) ထည့်ပါ၊ သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်ထည့်ပါ၊ ပူလာတဲ့ အခါ တချက် နှစ်ချက် မွှေပေးပါ၊ ဆန်ကို အခြောက် အတိုင်းထည့်ပါ၊ အဝါရောင် ၂-၃စက်ထည့်မွှေပေးပီရင် ဘက်စမာတီ ဆန် ၂ ခွက် အတွက် ရေ ၃ခွက် ထည့်ပီးချက်ပါ၊

2. ထမင်းကျက်တဲ့ အခါ တ၀က် ကို ဖွဖွလေး ထမင်းမကြေအောင် ခပ်ထုတ်ပီး ကြက်သွန်နီကြော် ဖြန့်ထည့်ပါ၊ ချက်ထားတဲ့ ကြက်သားနဲ့ အနှစ်များထည့်ပါ၊ အပေါ်မှ ဖယ်ထားတဲ့ ထမင်းပြန်အုပ်ပီး ၊ ရေ ၁ စားပွဲတင်ဇွန်း နဲ့ အသင့်စပ်ထားတဲ့ လိမ္မော်ရောင် ကို နေရာကျဲကျဲ ဖြန့်ထည့်ပါတယ်၊ အဖုံးပိတ်ပီး စားခါနီး အထိနှပ်ထားပါတယ်၊
3. ထမင်းခပ်တဲ့အခါ အရောင် သမသွားအောင် အနည်းငယ် ဖွပေးလိုက်ပီး၊ အိမ်ချက် ဒန်ပေါက်လေး သုံးဆောင်နိုင်ပါပီ

**********************
ဆိုင်များအတိုင်း အစိမ်းဖောက် ခေါ် အိုးကြီးချက်

(ဆိုင်ချက်နည်းလေးဖြစ်ပါတယ်. Share ထားလိုက်နော် ..)
အလှူတွေမှာလည်း ကြွေးလို့ရပါတယ် .

1. ဆန် ပေါ်ဆန်မွှေး ၄ လုံး
2. ကြက်သား ၆၀ ကျပ်သား တကောင်
3. ကြက်သွန်နီကြော် ၁၀ ကျပ်သား
4. ဆီ ၅ ကျပ်သား ဆီကျက်ချက်ထားပါ
5. ထောပတ် ၅ ကျပ်သား
6. ဒိန်ချဉ် ၁ ခွက် အကြမ်းပန်ကန်လုံး
7. ဒန်ပေါက်အရောင်အဝါ အနည်းငယ်
8. နို့စိမ်း ဘူးတဝက်ခန့်
9. မဆလာ ၁ ဇွန်း ဟင်းစားဇွန်း
10. သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း အနည်းငယ်စီ
11. ပူစီနံ ၂ စီး အသေး ပါးပါးလှီးထား
12. (ဖာလာ လေညင်း သစ်ဂျပိုးခေါက် အနည်းငယ်စီ) ၅ပွင့်ခန့်
13. ဂျင်းလက်တဆစ်ခန့် ကြက်သွန်ဖြူ တလုံး ရောထောင်းရန်
14. ငရုပ်စိမ်းမှုန့် ၁ဇွန်း teaဇွန်း
15. ဆား ၃ဇွန်းခန့်teaဇွန်း ဟင်းချက်စားသည်ထက်ပိုထည့်
16. အချိုမှုန့် ၂ ဇွန်းခန့် tea ဇွန်း
17. ကြက်သားတကောင်ကို ၈ ပိုင်းတုံးရေဆေးထား

ကြက်သားနှပ်ကြမယ် ..

အသား ကြက်သွန်ကြော် ဒ်ိန်ချဉ် ဂျင်းကြက်သွန်ဖြူ မဆလာ ပူစီနံ ဖာလာလေညှင်းသစ်ဂျပိုး
ဆား အချိုမှုန့် ငရုပ်စိမ်း တို့အားရောမွှေလိုက်ပါ ပီးလျှင်ကြက်သားတုံးများကိုဖယ်ထုတ်လိုက်ပါ အရသာနှံ့စေရန်အနှစ်များကိုသပ်သပ်တကြိမ်နယ်ပေးပါ

ထမင်းပေါင်းအိုးနှင့်ချက်ပါမယ် အသေးဆုံးဆန်လေးလုံးဆန့်အိုးဖြစ်ရပါမယ်

ပေါင်းအိုးအတွင်း အသားတုံးများကိုဖြန့် စီလိုက်ပါအနှစ်မပါစေပါနှင့် အနှစ်များကို အသားတုံး အပေါ်မှဖြန့်တင်လိုက်ပါ ကြက်သားနှပ်ပီးပါပီး။ သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း တို့ကို ကြက်သားနှပ်အပေါ်မှ ဖြန့်တင်လိုက်ပါ ဆီကျက်ကိုဘေးမှ ဖြန့်လောင်းပါ တနာရီခန့်ထာပေးပါ။ အရောင်ကိုရေဖြင့် ပန်ကန်လုံးတလုံးစာခန့်ဖျော်ထားပါ။

ထမင်းချက်ကြမယ်

ဆန်ကိုပြုတ်ရန် အိုးလွတ်တလုံးနှင့် ရေနွေးမပြည့်တပြည့်တယ်ပါ။
ဆန်ကိုရေဆေးပီး စစ်လိုက်ပါ
ရေနွေးဆူလျှင် ဆန်ထည့်ပြုတ်ပါ ။
ဆားအနည်းငယ်ရေနွေးအိုးတွင်ထည့်ပီး ဖြေးညှင်စွာမွှေပါ။မိနစ်အနည်းငယ်ကြာရင်ပွက်လာပါမည်
ဆန်မကျက်ခင် (ထမင်းရေငှဲ့ချက်သောအခါ ကျက်ကာနီး မာဆတ်သော) ထမင်းမဖြစ်မှီ စပ်ကြားအချိန်တွင်
ဇကာတခုအတွင်းသို့သွန်ထည့်လိုက်ပီးရေနွေးများကုန်အောင်စစ်လိုက်ပါ။
ထို့နောက် ပေါင်းအိုးအတွင်းရှိ
အသားနှပ်အပေါ်မှ လောင်းထည့်လိုက်ပါ ။
ထမင်း အပေါ်မှ နို့စိမ်းထောပတ်တို့ကို ဖြန့်ထည့်ပီး အရောင်ရေကို အပေါ်ဆုံးမှဖြန့်ပီးထည်းလိုက်ပါ။
အဖုံး ပိတ်လိုက်ပီး ပေါင်းအိုးခလုပ်ကိုနှိပ်ပီး ထမင်းချက်သည့်အတိုင်းချက်ပါ။ ထမင်းကျက်လျှင် အပေါ်မှထမင်းများကို ခပ်ယူပီး ထမင်းသပ်သပ် အနှစ်များသီးသန့် ဖြစ်စေရန် ပြုလုပ်ပါ။ မိမိတို့စိတ်တိုင်းကြ အနှစ်များကို ထမင်းဖြင့် ရောသမပီး စားသုံးနိုင်ပါသည်။

#(အိုးကြီးကဲ့သို့ ဂျုံ့ဖြင့် လေလုံ ပိတ်ပီး မီးသွေး ခဲဖြင့် အပေါ်မီးအောက်မီး ပြန်နှပ်ခြင်းသည် အနည်းငယ်ခက်ခဲသဖြင့် ပေါင်းအိုးဖြင့် ချက်စားနိုင်ရန်တင်ပြလိုက်ပါသည်။)

Credit - U Nan ဒန်ပေါက်ထောပတ်ထမင်း

😍 လွယ်လွယ်ကူကူ ပေါင်းအိုးလေးနဲ့ #ဒန်ပေါက် ချက်စားကြရအောင် 😋

`` ပေါင်းအိုးနဲ့ချက်တဲ့ ဒန်ပေါက် ´´

လိုအပ်တဲ့ပစ္စည်းတွေကတော့

ဒန်ပေါက်ဆန်
နို့စိမ်း
ထောပတ်(အပူပေးထားပါ)
ပဲစိမ်း
စပျစ်စေ့ခြောက်
သီဟိုစေ့
သကြား
ဆား
ကြက်သားမှုန့်
ဆီ
ကြက်သွန်ကြော်
ဒန်ပေါက်အရောင်ဆေးရည်
ဒန်ပေါက်မဆလာ
(ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.)...
ဒန်ပေါက်ဆန်ကို ရေဆေးပီး နာရီဝက်ခန့်ရေစိမ်ထားပါ

ရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့်အချိုးအစားပေါ်မူတည်ပီး ရေများများနဲ့ဆူအောင်တည်ပါ..

(ရေထဲကို သစ်ဂျပိုးခေါက် ဖာလာ နာနတ် ကရဝေး အနည်းငယ်နဲ့ဆါးနည်းနည်းထည့်ပြုတ်ပေးပါ)

ရေဆူလာရင် စိမ်ထားတဲ့ဆန်ကိုထည့်ပီး မွှေပေးပါ

ဆန်ကရှည်ထွက်လာပီး မာတင်းတင်းလေးဆိုရင် ရေစစ်ပီး ပေါင်းမယ့်အိုးထဲကိုထည့်ပါ..

ပီးရင်
ထောပတ်အပူပေးထားတာကိုလောင်းထည့်ပါ နုိ့်စိမ်း
သီဟိုစေ့ စပျစ်သီး ပဲစိမ်းတွေကိုထည့်ပါ
ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ဆန်ပေါ်မူတည်ပီးထည့်ပေးပါ..
ပီးရင် အပေါ်ကနေ ဒန်ပေါက်အရောင်ကို ကွက်ကြားလောင်းထည့်ပေးပါ.
အရောင်ထည့်ပီးရင် ကြက်သွန်ကြော်နဲ့ဒန်ပေါက်မဆလာကို အပေါ်ဆုံးကနေတင်ပီး ဆီအနည်းငယ်လောင်းထည့်လိုက်ပါ...
ပီးရင် မီးခလုတ်နှိပ်ပီ ၄၅မိနစ်ဆိုကျက်ပါပီ...

#ကြက်သား ကိုတော့ ညတည်းက ဒိန်ချဉ်ရယ်မဆလာရယ်အချိုအငံနဲ့နယ်ပီးရေခဲသေတ္တာထဲနှပ်ပါ
မနက်ကျရင် ကြက်သွန်ဖြူနီဆီသတ်ပီး အရောင်မှုန့်ထည့်ပီး ကြက်သားချက်ပါ...ကြက်းသားကျက်ပီဆိုရင် ကြက်သွန်ကြော်တွေကိုများများထည့်ပီး မဆလာထည့်လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ဒန်ပေါက်ရပါပီ

ခဏခဏချက်စားသလို မိတ်ဆွေတွေလည်း ခေါ်ချက်ခိုင်းတဲ့ သဇင့်ရဲ့ဒန်ပေါက်ချက်နည်းပါ 😁

(ဆန်ကိုဆယ်ပီးပြုတ်ထားတဲ့အပူငွေ့မသေခင် အိုးထဲကိုထည့်တါတွေ အမြန်ဆုံးလုပ်ပါ)..

Credit - Original Uploader
#ဒန်ပေါက်
_________________________________________

ဘာပဲချက်ချက် ဆီလိုတာမို့ ဆီ၀ယ်မယ်ဆိုရင်တော့ BG Myanmar ကို သတိရလိုက်ပါနော်။

BG Myanmar - Cooking Oil Distribution

BG Myanmar Distribution Group သည် Moon အမှတ်တံဆိပ် Vegetable Cooking Oil များကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

တဆင့် ပြန်လည်ရောင်းချလိုသူတွေအနေနဲ့လည်း ဆက်သွယ်နိုင်ပြီး၊ အိမ်သုံးအတွက်သာ ဝယ်ယူလိုသူတွေအနေနဲ့လည်း မှာယူနိုင်ပါသည်။

ဆက်သွယ်ရန်။

09 889988378, 09 962035030

Telephone

Website