True Love Photo & Video Production

True Love Photo & Video Production

ဓါတ်ပုံ၊ ဗီဒီယို-ရိုက်ကူး၊ တည်းဖြတ်နှင့် သင်တန်း

01/12/2023

🙏အားလုံးပဲ မင်္ဂလာပါ...🙏
✅ခရစ္စမတ်နှင့် နှစ်သစ်ကူးအထူးပရိုမိုးရှင်းလာပါပြီ...😘😘😘

လူကြီးမင်းများခင်ဗျာ....
💟စေ့စပ်မင်္ဂလာဧည့်ခံပွဲ၊
💟မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ၊
💟မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲ၊
💟ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ၊
💟မင်္ဂလာညစာစားပွဲ
💟ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူမင်္ဂလာပွဲ...
ကျင်းပကြမယ့် ချစ်​သောကာကာလေးတွေရဲ့ တန်ဖိုးရှိလှတဲ့အမှတ်တရတွေကို 🎥📸ဝါရင့်ကင်မရာဆရာများက ပုံဖော်ရိုက်ကူး၊တည်းဖြတ်ပေးမယ့် 👉👉👉အရမ်းတန်တဲ့ အထူးစျေးနှုန်းလေးတွေ လာပါပြီနော်...👍👍👍
(ရန်ကုန်မြို့တွင်း စျေးနှုန်းလေးတွေပါ...)

🗣Wow⁉️ Sugar Price👍👍👍

✅(1.12.2023 မှ 31.12.2023) ရက်အထိ တစ်လတိတိ အထူးပရိုမိုးရှင်းပါ.....

(️နှစ်ကူးပြီးရင် ​စျေး​တွေတက်မှာ​နော်)😁

👇👇👇အောက်မှာတင်ထားတဲ့ Package A,B,C အားလုံးထဲက မည်သည့် Package ကိုမဆို...

💟2023 ဒီဇင်ဘာ ၃၁ အတွင်းကျင်းပမယ့် ပွဲတွေအတွက် (((20%))) Discount ပါ...

💟2024 မှာကျင်းပမယ့် ပွဲတွေအတွက် ကြိုတင်စရံပေးအပ်နှံမယ်ဆိုရင်တော့ Auto 10% Discount ပါနော်...သိဖို့😁

💟အားစ်😆 အရမ်းတွေတန်နေပါပြီလို့...

✅Package တွေအားလုံးက ပွဲချိန် ၂နာရီ အတွက်ပါနော်... 🕒ပွဲချိန်မတိုင်ခင် ၁နာရီကြိုရောက်ပါမယ်👌

✅Package Photo လေးကိုလည်း လိုအပ်ရင် share လို့ရအောင် save ထားဖို့ မမေ့ပါနဲ့နော်...😘

💟Package နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေရယ်၊ မင်္ဂလာအခမ်းအနားအတွက် သိသင့်သိထိုက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဖုန်းနှင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်...

💟မင်္ဂလာပွဲအတွက် ခေါင်းစားစရာတွေ အရမ်းများတော့ 🏨 နေရာရယ်၊ 📆ရက်ရယ်၊ 🕒အချိန်ရယ် အိုကေပြီဆိုရင် 📸ဓါတ်ပုံ 🎥ဗီဒီယို ရိုက်ကူးရေးအတွက် Promotion ကာလအတွင်း ကြိုတင် Booking ယူထားလို့ရနေပါပြီ......
📲အခုပဲ ဟယ်လိုလုပ်လိုက်တော့နော်...😘😘😘
☎️0979 2277758,
📱0950 96232

အမှတ်(၁၆၈)၊ ပထမထပ်(ယာ)၊ ၃၅လမ်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

25/11/2023

တန်ဆောင်တိုင် အခါသမယတွင် မြန်မာပြည်သူပြည်သားအ​ပေါင်း ကပ်​ရောဂါများကင်း​ဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး စီးပွားဥစ္စာများလည်း ဒီ​ရေအလားတိုးပွားပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်းအပ်ပါသည်🙏🙏🙏

29/10/2023

သီတင်းကျွတ် အခါသမယတွင် မြန်မာပြည်သူပြည်သားအ​ပေါင်း ကပ်​ရောဂါများကင်း​ဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး စီးပွားဥစ္စာများလည်း ဒီ​ရေအလားတိုးပွားပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်းအပ်ပါသည်🙏🙏🙏

Photos from True Love Photo & Video Production's post 07/10/2023

(((မင်္ဂလာအချိန်ရက်မြတ်သို့ ရောက်ခဲ့ပြီ...
လက်ထပ်ပွဲလေးကျင်းပကြတော့မည်... ပျော်ရွှင်ကြည်နူးမဆုံးသောနေ့မို့ ဘယ်အခါမမေ့ပြီ... မောင်မယ်နှစ်ဦးသား ပြုံးပန်းကိုယ်စီ ပွင့်လန်းကြသည်.....)))
သီချင်းလေးအတိုင်းပဲ ပန်းခင်းသောလမ်းကို မလျောက်လှမ်းခင် မင်္ဂလာမောင်နှံနှစ်ဦးရဲ့ အပျော်ဆုံးနေ့နိဒါန်းအစ အမှတ်တရ အလှပုံရိပ်တစ်ဖြတ်.....

Hello Booking!!!
☎️0979 2277758,
📱0950 96232

သီတင်းကျွတ်ပရိုမိုးရှင်းကြည့်ရန်လင့်
https://m.facebook.com/story.php?story_fbid=849089523669326&id=100057048595906&mibextid=Nif5oz

29/09/2023

🙏အားလုံးပဲ မင်္ဂလာပါ...🙏
✅သီတင်းကျွတ်တန်ဆောင်တိုင်အထူးပရိုမိုးရှင်းလာပါပြီ...😘😘😘

လူကြီးမင်းများခင်ဗျာ....
💟စေ့စပ်မင်္ဂလာဧည့်ခံပွဲ၊
💟မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ၊
💟မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲ၊
💟ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ၊
💟မင်္ဂလာညစာစားပွဲ
💟ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူမင်္ဂလာပွဲ...
ကျင်းပကြမယ့် ချစ်​သောကာကာလေးတွေရဲ့ တန်ဖိုးရှိလှတဲ့အမှတ်တရတွေကို 🎥📸ဝါရင့်ကင်မရာဆရာများက ပုံဖော်ရိုက်ကူး၊တည်းဖြတ်ပေးမယ့် 👉👉👉အရမ်းတန်တဲ့ အထူးစျေးနှုန်းလေးတွေ လာပါပြီနော်...👍👍👍
(ရန်ကုန်မြို့တွင်း စျေးနှုန်းလေးတွေပါ...)

🗣Wow⁉️ Sugar Price👍👍👍

✅(1.11.2023 မှ 30.11.2023) ရက်အထိ တစ်လတိတိ သီတင်းကျွတ်တန်ဆောင်တိုင်အထူးပရိုမိုးရှင်း.....

(️နှစ်ကူးပြီးရင် ​စျေး​တွေတက်မှာ​နော်)😁

👇👇👇အောက်မှာတင်ထားတဲ့ Package A,B,C အားလုံးထဲက မည်သည့် Package ကိုမဆို...

💟2023 ဒီဇင်ဘာ ၃၁ အတွင်းကျင်းပမယ့် ပွဲတွေအတွက် 10% Discount ပါ...

💟2024 မှာကျင်းပမယ့် ပွဲတွေအတွက် ကြိုတင်စရံပေးအပ်နှံမယ်ဆိုရင်တော့ Auto 10% Discount ပါနော်...သိဖို့😁

💟အားစ်😆 အရမ်းတွေတန်နေပါပြီလို့...

✅Package တွေအားလုံးက ပွဲချိန် ၂နာရီ အတွက်ပါနော်... 🕒ပွဲချိန်မတိုင်ခင် ၁နာရီကြိုရောက်ပါမယ်👌

✅Package Photo လေးကိုလည်း လိုအပ်ရင် share လို့ရအောင် save ထားဖို့ မမေ့ပါနဲ့နော်...😘

💟Package နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေရယ်၊ မင်္ဂလာအခမ်းအနားအတွက် သိသင့်သိထိုက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဖုန်းနှင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်...

💟မင်္ဂလာပွဲအတွက် ခေါင်းစားစရာတွေ အရမ်းများတော့ 🏨 နေရာရယ်၊ 📆ရက်ရယ်၊ 🕒အချိန်ရယ် အိုကေပြီဆိုရင် 📸ဓါတ်ပုံ 🎥ဗီဒီယို ရိုက်ကူးရေးအတွက် Promotion ကာလအတွင်း ကြိုတင် Booking ယူထားလို့ရနေပါပြီ......
📲အခုပဲ ဟယ်လိုလုပ်လိုက်တော့နော်...😘😘😘
☎️0979 2277758,
📱0950 96232

အမှတ်(၁၆၈)၊ ပထမထပ်(ယာ)၊ ၃၅လမ်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

29/09/2023

တော်သလင်းလပြည့် - ဂရုဓမ္မအခါတော်နေ့သည် ဂေါတမမြတ်စွာဘုရားမှ ဂရုဓမ္မဇာတ်တော်အား ဟောကြားခြင်းကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များမှ သတ်မှတ်ကျင်းပကြသည့် ပွဲတော်တစ်ခုဖြစ်သည်။

"ဂရုဓမ္မ" ဆိုသည်မှာ ငါးပါးသီလစောင့်ထိန်းခြင်းဟု အဓိပ်ပါယ်ရသည့်အလျောက် သူတော်ကောင်းတို့ အလေးထား၍ ကျင့်သုံးအပ်သော ဂရုဓမ္မသီလဟုလည်း ခေါ်ဆိုသည့်အကြောင်း ဖတ်ရှုမှတ်သားရပါသည်။

' True Love ' မိသားစုဝင်များမှ မြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်း၊ ရန်ကွာလို့ လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။ 🙏🙏🙏




#09 50 96232
#09 79 2277758
#တော်သလင်းလပြည့်

16/01/2023

🎥Digital Videography Class & 💻Digital Video Editing Class
( ဗွီဒီယိုရိုက်ကူးရေးသင်တန်း နှင့် ဗွီဒီယိုတည်းဖြတ်ရေး သင်တန်း)
×××××××××××××××××××

🗓သင်တန်းစမည့်ရက် ---
6.02.2023 (တနင်္လာနေ့)

🗒သင်တန်းကာလ---
တစ်လ(တနင်္လာနေ့မှ သောကြာနေ့ထိ-တပတ်၅ရက်)

🕘သင်တန်းအချိန် ---
(9:00-11:00)Am (Videography)
(11:00-01:00 )Pm(Video Editing)

💸သင်တန်းကြေး ---
300,000 Ks (Videography)
300,000 Ks (Video Editing)

သင်ကြားမည့်Software ---
Adobe Premiere CC
Adobe After Effects CC

👉Amazing Price⁉️
🕊Early Bird အစောဆုံးအပ်မယ့် သင်တန်းသား (၅ )ဦးအတွက် 10%Discount ရှိလို့ မြန်မြန်လေးသာ 📲ဖုန်းဆက်ပြီး စာရင်းပေးလိုက်ပါနော်...
×××××××××××××××××××

✅ကိုယ်ပိုင် ဗွီဒီယို ရိုက်ကူး၊တည်းဖြတ်ရေး ဆိုင်ဖွင့်ပြီး စီးပွားဖြစ်လုပ်ကိုင်လိုသူများ၊
📶Online Media, Online Channel များတွင် Videographer, Video Editor အဖြစ်လစာကောင်းကောင်းဖြင့်ရပ်တည်လိုသူများ၊
✅မိမိတို့၏ FB Page များတွင် ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ထားသော ဇာတ်လမ်းတိုများ၊ တေးသီချင်းများကို ဖျော်ဖြေတင်ဆက်ချင်သူများ၊ 📶Online Shopping များတွင် မိမိတို့၏ ကုန်ပစ္စည်းများကို ကြော်ငြာလိုသူများအတွက် လက်မလွတ်တမ်း💯 တက်ရောက်သင့်ကြောင်း သတင်းကောင်းပါးပါရစေ...
×××××××××××××××××××

🎥Digital Videography Course မှာဆိုရင် Camera Angles, Camera Cropping, Camera Movement, Lighting Theory တွေအပြင်...

1.Rules of Camera
2.Documentary Shooting
3.Play Back Shooting
4.Music Video Shooting
5.Live Show/Karaoke Shooting
6. Movie Shooting
7.Fighting Shooting
8.Duel Shooting
9.Chroma Shooting
10.Special Effects Shooting တွေကို Day/Night, Indoor/Outdoor စာတွေ့ လက်တွေ့ရိုက်ကူးသင်ကြားပေးသွားပါမည်...

🎥ဗွီဒီယိုရိုက်ကူးရေးသင်တန်းတက်ရောက်မည့်သင်တန်းသားများ ကိုယ်ပိုင်ကင်မရာယူလာရပါမည်။ မရှိပါက သင်တန်းမှ ကင်မရာများဖြင့် သင်ကြားပေးပါမည်။

💻Digital Video Editing Course မှာတော့ Editing Theory, Multi- Camera Editing, Colour Correction စတာတွေအပြင်...

1.Photo Slide Show Editing
2.Documentary Editing
3.Play Back Editing
4.Music Video Editing
5.Live Show/Karaoke Editing
6. Movie Editing
7.Fighting Editing
8.Duel Editing
9.Chroma Editing
10. Special Effects & Animation တွေကို လုပ်ငန်းခွင်သုံး Project များဖြင့် သင်ကြားပေးသွားပါမည်...

✂️ဗွီဒီယိုတည်းဖြတ်တက်ရောက်မည့် သင်တန်းသားများ Computer Basic တတ်မြောက်ပြီးသား ဖြစ်ရပါမည်။
××××××××××××××××××

🎬ဗွီဒီယို ရိုက်ကူးရေး၊ တည်းဖြတ်ရေးနှင့်ပတ်သက်သည့် နည်းပညာ၊ ဗဟုသုတများကို မျှဝေသွားမည်ဖြစ်သည့်အတွက် Page ကို Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်...
(ကျေးဇူးအများကြီးတင်ပါတယ်)

🏢သင်တန်းလိပ်စာ...
အမှတ် ၂၅၉(ဒုထပ်)၊ ၃၅လမ်း(အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Ph; ☎️0979 2277758,
📲 0950 96232



💟

24/12/2022

🎅ပျော်ရွှင်စရာ ခရစ်စမတ် အခါသမယတွင် ဘာသာတရား​ပေါင်းစုံမှ ၇ရက်သား၊ သမီးများအားလုံး သူ​တော်​ကောင်းတရားများနှင့်ပြည့်စုံပြီး မိမိချစ်ခင်ရသူများနှင့်အတူ ​အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ​ကြောင်း True Love မိသားစုမှ ဆုမွန်ကောင်းများ တောင်း​ပေးလိုက်ပါတယ်ခင်ဗျာ...🙏🙏🙏
We wish you Merry Christmas !!!🎄🎄🎄

16/12/2022

🙏အားလုံးပဲ မင်္ဂလာပါရှင့်...🙏
✅Christmas & New Year Promotion🎉 လာပါပြီနော်...😘😘😘

💟စေ့စပ်မင်္ဂလာဧည့်ခံပွဲ၊
💟မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ၊
💟မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲ၊
💟ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ၊
💟မင်္ဂလာညစာစားပွဲ
💟ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူပွဲ.....
ကျင်းပကြမယ့် ချစ်​သောကာကာလေးတွေရဲ့ တန်ဖိုးရှိလှတဲ့အမှတ်တရတွေကို 🎥📸ဝါရင့်ကင်မရာဆရာများက ပုံဖော်ရိုက်ကူး၊တည်းဖြတ်ပေးမယ့် 👉👉👉အရမ်းတန်တဲ့ အထူးစျေးနှုန်းလေးတွေ လာပါပြီနော်...👍👍👍
(ရန်ကုန်မြို့တွင်း စျေးနှုန်းလေးတွေပါ...)

🗣Wow⁉️ Sugar Price👍👍👍
✅(31.12.2022) ရက်အထိပဲ ရရှိမယ့် အထူးအခွင့်အရေး.....
(️နှစ်ကူးပြီးရင် ​စျေး​တွေတက်မှာ​နော်)😁

👇👇👇အောက်မှာတင်ထားတဲ့ Package A,B,C,D အားလုံးထဲက မည်သည့် Package ကိုမဆို...

💟2022 ဒီဇင်ဘာ ၃၁ အတွင်းကျင်းပမယ့် ပွဲတွေအတွက် 10% Discount ပါ...

💟အခု Post ကို Like & Share လုပ်၊ Screen Shot ရိုက်ပြီး ကိုယ်တိုင် လာရောက်အပ်နှံပါက နောက်ထပ် 5% Discount
ဆိုတော့ 15% Discount ရမှာပါ...

💟2023 မှာကျင်းပမယ့် ပွဲတွေအတွက် ကြိုတင်စရံပေးအပ်နှံမယ်ဆိုရင်တော့ Auto 15% Discount ပါနော်...သိဖို့😁

💟အားစ်😆 အရမ်းတွေတန်နေပါပြီလို့...

✅Package တွေအားလုံးက ပွဲချိန် ၂နာရီ အတွက်ပါနော်... 🕒ပွဲချိန်မတိုင်ခင် ၁နာရီကြိုရောက်ပါမယ်ရှင့်...👌

✅Package Photo လေးကိုလည်း လိုအပ်ရင် share လို့ရအောင် save ထားဖို့ မမေ့ပါနဲ့နော်...😘

💟Package နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေရယ်၊ မင်္ဂလာအခမ်းအနားအတွက် သိသင့်သိထိုက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဖုန်းနှင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်လို့...

💟မင်္ဂလာပွဲအတွက် ခေါင်းစားစရာတွေ အရမ်းများတော့ 🏨 နေရာရယ်၊ 📆ရက်ရယ်၊ 🕒အချိန်ရယ် အိုကေပြီဆိုရင် 📸ဓါတ်ပုံ 🎥ဗီဒီယို ရိုက်ကူးရေးအတွက် Promotion ကာလအတွင်း ကြိုတင် Booking ယူထားလို့ရနေပါပြီရှင့်...

💟Romantic ဆန်တဲ့ 😲Surprise Video လေးတွေကိုလဲ 🎬True Love က Idea အလန်းစားတွေနဲ့တခမ်းတနား စီစဉ်ရိုက်ကူးပေးနေပြီဖြစ်လို့
အရမ်းရိုဆန်ချင်တဲ့🙋‍♂️ခိုခိုတို့ရေ...
📲အခုပဲ ဟယ်လိုလုပ်လိုက်တော့နော်...😘😘😘

🏢လိပ်စာ...
အမှတ်-၂၅၉(ဒု)ထပ်၊ ၃၅လမ်း(အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

☎️0979 2277758,
📱0950 96232

13/12/2022

❤ချစ်ခင်​လေးစားရပါ​သော မိတ်​ဟောင်းမိတ်သစ်များအားလုံး မင်္ဂလာပါခင်ဗျာ.....
ကျွန်​တော်တို့ (True Love Photo & Video Production Studio)အား အမှတ်( ၂၅၉)-ဒုတိယထပ် (ညာ)၊ ၃၅လမ်း(အထက်)၊ ​ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့သို့ ​ပြောင်း​ရွေ့ဖွင့်လှစ်ထားပါ​ကြောင်း ​လေးစားစွာဖြင့် သတင်း​ကောင်းပါးအပ်ပါသည် ခင်ဗျာ......

❤မိတ်​ဆွေအ​ပေါင်းလည်း ကပ်​ရောဂါများကင်း​ဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး စီးပွားဥစ္စာများလည်း ဒီ​ရေအလားတိုးပွားပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်းအပ်ပါသည်။🙏🙏 🙏

09/12/2022

✅သတို့သားအရံ သတို့သမီးအရံတွေကို ဘယ်လို​ရွေးချယ်သင့်သလဲ⁉️

💟မြန်မာပြည်မှာ အများအားဖြင့် သတို့သားအရံ သတို့သမီးအရံ​တွေကို​ရွေးချယ်မယ်ဆိုရင် မိစုံဖစုံရှိရမယ်၊ ပညာတတ်ဖြစ်ရမယ်၊ ရုပ်​ချောရမယ်၊ အသားဖြူရမယ်၊ အရပ်လည်းညီရမယ် စတဲ့စံနှုန်း​တွေနဲ့ ​ရွေးချယ်တတ်ကြပါတယ်။

💟 မင်္ဂလာဆောင်မယ့်သူက အရံတွေကို ဝတ်စုံဖိုး ဖိနပ်ဖိုး မိတ်ကပ်ဖိုး ခေါင်းက ခြေအဆုံး ဆင်ပေးရပြီး ပွဲနေ့မှာ သတို့သား သတို့သမီး နောက်က လာလျှောက်ပေးပြီး ပြန်သွားကြတာ အများစုလို့ ထင်တာပဲ... မင်္ဂလာပွဲအတွက် ထိထိရောက်ရောက် မကူညီပေးကြသလိုပဲလို့ မြင်မိတယ်။ တချို့ဆို ပွဲမစခင်ဓါတ်ပုံရိုက်ဖို့ အရံ​တွေကိုပြန်​စောင့်​နေရတာတို့၊ ပွဲပြီးလို့ စင်​ပေါ်မှာ အုပ်စုပုံရိုက်မယ်ဆိုရင် ပြန်သွားပြီဆိုတာမျိုး ကြုံရတာ​တွေများပါတယ်။

💟အနောက်တိုင်းမှာတော့ သတို့သားအရံ best man ဟာ မင်္ဂလာပွဲအတွက် ပွဲစစီစဉ်ထဲက ပွဲပြီးတဲ့အထိ best man လို့ အခေါ်ခံရတာနဲ့ ပီသစွာ သတို့သားနဲ့အတူ မဂ်လာပွဲကို အားကျိုးမာန်တက် အဖက်ဖက်က ကူညီပေးကြတယ်။ Best man ကို ရွေးချယ်ရင်လည်း ညီအကို သို့မဟုတ် အရင်းနီးဆုံး မိတ်ဆွေ သူငယ်ချင်းကိုပဲ လုပ်ခိုင်းကြပါတယ်။

💟အဲလိုပဲ သတို့သမီးအရံ bridesmaid ဟာလည်း သတို့သမီးအတွက် အစစအရာရာ မငြိုငြင်ပဲ လိုအပ်တာမှန်သမျှ ကူညီဆောင်ရွက်ပေးကြတယ်။ Bridesmaid ဟာလည်း ညီအမ သို့မဟုတ် အရင်းနီးဆုံး မိတ်ဆွေ ကိုယ့်အကြောင်း သူအကြောင်း အတွင်းသိ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကိုပဲ ရွေးချယ်တတ်ကြပါတယ်။

💟Best man နဲ့ bridesmaid အဝတ်အစားကို မင်္ဂလာပွဲရှင်က အကုန်ကျခံပေးရပါတယ်။

💟မင်္ဂလာပွဲအတွက် best man နဲ့ bridesmaid အဖြစ် ရွေးချယ်ခံရရင် သူတို့ ဘဝမှာ အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်တတ်ကြပါတယ်။

✅တစ်သက်မှာတစ်ခါ ကျင်းပခွင့်ရတဲ့ မိမိတို့ရဲ့ မင်္ဂလာပွဲအတွက် သတို့သားအရံ သတို့သမီးအရံများကို မှန်ကန်စွာရွေးချယ်နိုင်ကြပါ​စေ...

💟နောက်ထပ်လည်း မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေ၊ ဗဟုသုတတွေကို မျှဝေပေးသွားမှာ ဖြစ်တာကြောင့် like & share လုပ်ပေးသွားပါဦးနော်။ နှစ်သစ်အစမှာ မင်္ဂလာဆောင်မယ့် သူငယ်ချင်းတွေ ရှိရင်လည်း မန်းရှင်းခေါ်ပေးသွားကြပါဦး။

05/12/2022

❤မိန်းကလေးများ အမြတ်တနိုး
ယူသင့်သော ယောကျာ်း (၁၀)မျိုး

(၁)စကားနည်းပြီး အကျင့်စာရိတ္တကောင်းမွန်သော တည်တည်ကြည်ကြည်နေ ထိုင်တတ်သော ယောကျာ်း………

(၂)အဖေရင်းပမာ ကိုကြီးပမာ ဆုံးမပဲ့ပြင် လမ်းပြပေးတတ်သော ယောကျာ်း………

(၃)အတတ်ပညာ အရည်အချင်း အမျှော်အမြင်ကြီးမား
လှသော ယောကျာ်း……………

(၄)ပုံမှန်အားဖြင့် မိန်းမဆို စိတ်မဝင်စား မိမိတစ်ဦးထဲ
ချစ်ခင် မြတ်နိူးတတ်သော ယောကျာ်း………

(၅)မိန်းမတစ်ယောက်နဲ့ယှဉ်ပြိုင်ကာ
ရန်တုမဖြစ်တတ်သော ယောကျာ်း………

(၆)မိမိဘဝအား…… အမေရင်းပမာ နှမရင်းပမာ
လေးစား စောင့်ရှောက်တတ်သော ယောကျာ်း………

(၇)အားလပ်ချိန်တွေမှာ အိမ်မှုကိစ္စ ဝိုင်းကူညီတတ်သော ယောကျာ်း…………

(၈)ကိုယ်ကိုယ်ထက် မိသားစု အပေါ် တာဝန်သိတတ်သော ယောကျာ်း…………

(၉)တစ်ကိုယ်ရေသန့်ရှင်းမှု စည်းကမ်း စနစ်ပြည်စုံသော ယောကျာ်း…………

(၁၀)အပေါင်းအသင်း အပျော်အပါး လိုအပ်တာထက်
ပို၍ မမက်မောတတ်သော ယောကျာ်း………

၎င်း ယောကျာ်းမျိုးအား………မိန်းကလေးများ
လေးစားယုံသာမက မြတ်မြတ်နိူးနိူး ချစ်ခင်ကြပါတယ်။

Credit🙏

ရိုက်ကူး​ရေး​ကြော်ငြာကြည့်ရန်⬇️
https://www.facebook.com/111608363514736/posts/802603691081863/?mibextid=Nif5oz

06/11/2022

တန်​ဆောင်တိုင် အခါသမယတွင် မြန်မာပြည်သူပြည်သားအ​ပေါင်း ကပ်​ရောဂါများကင်း​ဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး စီးပွားဥစ္စာများလည်း ဒီ​ရေအလားတိုးပွားပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်းအပ်ပါသည်🙏🙏🙏

14/10/2022

မြန့်မာရိုးရာ အိမ်ထောင်ဖက်ရွေးနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁။ အမျိုးသားနံနှင့်အမျိုးသမီး‌မွေးနံဂဏန်းနှစ်ခုကိုပေါင်းပါ။

၂။ ပေါင်းလို့ရလာ‌သောအဖြေကို ၅ ဖြင့်မြှောက်ပါ။

၃။ မြှောက်လို့ရလာသော အဖြေကို ၇ ဖြင့်စားပါ။

၄။ စားလို့ရလာသော အကြွင်းပေါ်မူတည်၍ အောက်ကဟောကိန်းများ‌ကိုဖတ်ပါ။

၁ ကြွင်း
~~~~~~

လင်္ကာ

"ကြွင်းဧက၊ စွဲမက်ဖွယ်၊ မွဲတတ်တယ်၊ မယိမ်း"

မလိုက်ဖက်သော အတွဲဖြစ်သည်။ နှစ်ဦးပေါင်းဖက်ပါက စီးပွားမဖြစ်ထွန်း၊ ငွေကြေးမစုဆောင်းမိတတ်ပဲဖြစ်တတ်သည်။ ကောင်းကျိုးဟူ၍မတွေ့ရပဲ ဆင်းရဲစွာနေထိုင်သွားရတတ်သည်။ အလုပ်အကိုင်အဆင်မပြေ ကြိုးစားရှာဖွေလေခက်ခဲကျပ်တည်း‌လေ ဖြစ်တတ်သည်။

၂ ကြွင်း
~~~~~~~

လင်္ကာ

"ရှိအထင်၊ ဒွိမြင်ကိန်း၊ နှစ်သိန်းလောက် ကြွယ်ရာ"

လိုက်ဖက်သောအတွဲဖြစ်သည်။ အိမ်ထောင်ရေးသာယာချမ်းမြေ့ပြီးစီးပွားတတ်လိမ့်မည်။ အလုပ်အကိုင်၊ အခွင့်အလမ်းများစွာရရှိ၍ ကြွယ်၀ချမ်းသာ ပြည့်စုံလုံလောက်တတ်သည်။ဝန်ထမ်းများဖြစ်ပါက ရာထူးတိုးတတ်ပြီးအရာရှိတွေဖြစ်တတ်ကြသည်။ သားသမီးကံနှင့်ပြည့်စုံ၍ သားသမီးများလည်းချမ်းသာတတ်သည်။

၃ ကြွင်း
~~~~~~

လင်္ကာ

"ရွှေသီတာစုံပျံမွှေး၊ ဂုဏ်ဟန့်သေး၊ ဆင်းရဲလိမ့်သာ"

နှစ်ဦးပေါင်းဖက်ပါက ကောင်းသောနံမည်ကျော်ကြားခြင်းများဖြစ်တတ်သောလည်း စီးပွား‌ရေးတွင်မှု အောင်မြင်ခြင်းမရှိ။ ငွေ၀င်ငွေထွက်မမျှတ။ စီးပွားဖြစ်လိုက်ပြန်ကုန်လိုက်နှင့် ဘဝတူအချင်းချင်းပင်မိမိက ပိုမိုချို့တဲ့သလိုဖြစ်နေမည်။ အလုပ်စီးပွားတွင်အောက်ကျသလိုဖြစ်ပြီးမှတော်သင့်ရုံပြေလည်မည်။ နှစ်ဦးပူးတွဲနေက ငွေကုန်များမည်၊ လုပ်ငန်းသဘောအရ ခွဲခွာ လုပ်ကိုင်က ငွေစုဆောင်းမိမည်။ သားသမီးများအားပင်ပန်းဆင်းရဲစွာပျိုးထောင်ရမည်။ သားသမီးကောင်းကျိုးကို‌တော့ခံစားရ‌ပေလိမ့်မည်။

၄ ကြွင်း
~~~~~~

လင်္ကာ

"လေးစတု ထင်ရှားစွာ"

အထူးကောင်းသောမိတ်ဖက်ဖြစ်သည်။ကျော်ကြားအောင်မြင်ခြင်း၊ စီးပွားဖြစ်ထွန်းခြင်း အထင်ရှားရှိမည်။ ဘဝတူတန်းတူများကြား အသာစီးရမည်။ လူတမ်းစေ့အထက်ပြည့်စုံစွာနေထိုင်ရမည်။ တဦးသော်ကောင်း၊ ၂ဦးလုံးသော်ကောင်းနာမည်ကြီး၊ ထင်ရှားကျော်ဇောခြင်းများ ရရှိမည်။ မွေးဖွားသော သားသမီးမှလည်းကျော်ဇောစေ၍အကျိူးပေးမည်ဖြစ်သည်။

၅ ကြွင်း
~~~~~~

လင်္ကာ

"ကြွက်ဇီဝါ၊ ဆင်းရဲကင်း"

အလွန်ကောင်းသောမိတ်ဖက်ဖြစ်ပါသည်။ ဆင်းရဲခြင်းကင်းစင်၍ ကြွယ်ဝပြည့်စုံပြီးသာယာသော မိသားစုဘဝလေးအားပိုင်ဆိုင်မည်ဖြစ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးဂုဏ်ရှိန်မြင့်မားမည်။ အသက်ကြီးလေစီးပွားတိုးလေဖြစ်ပါသည်။ ခြွေရံသင်းပင်းပေါများမည်။ သားသမီးအကျိုးခံစားရမည်။ ရေရှည်တည်တံ့ ခိုင်မြဲမှု့မျိုးကြုံရပေမည်။

၆ကြွင်း
~~~~~~

လင်္ကာ

"ပြင်ပပူးမင်းက၊ သူဌေးမှန်၊ ငြိမ်းလိမ့်နှစ်တန်"

နှစ်ဦးပေါင်းဖက်ကသူဌေးသူကြွယ်ဘဝ ရရှိမည်။ ထီပေါက်ခြင်း၊ အမွေရခြင်း၊ ငွေအစုလိုက် ဝင်ခြင်း၊ ငွေကြေးစုဆောင်းမှု့များရှိကာပေး၍မကုန် လှူ၍မခန်းဖြစ်မည်။ အတွင်းမီး၊ အပြင်မီး ငြိမ်းအေး၍လောကီလောကုတ္တရာနှစ်ဖြာသော ကုသိုလ်အကျိုးများခံစားရမည်။ သားသမီးများ ကောင်းကျိုးခံစားရမည်။

၀ ကြွင်း
~~~~~~~

လင်္ကာ

"သုညကျန်လျှင်၊ လုံမမောင်နှံ၊ အို ဆုံးနိုင်မျှလေး"

အလွန်ဆိုးသောအတွဲဖြစ်သည်၊ ပင်ပန်းကြီးစွာနှင့်စီးပွားဥစ္စာရှာဖွေရမည်။ နှစ်ဦးပေါင်းဖက်သည့် နဂိုကာလမှစ၍တဖြေးဖြေးကျဆင်း‌စေတက်သည်။ ဝင်သမျှငွေမှာအဖက်မတင်စေတတ်ပါ၊ အကျိုးမြတ်ရရှိ၍စီးပွားဖြစ်ထွန်းလာသော်ငြားလည်းတခုမဟုတ်တခု စိတ်သောကရောက်စရာများကြုံစေတတ်သည်။

မှတ်ချက် ။ ။ ဆိုးသောအတွဲတွင်ပါ၀င်နေပြီဆိုပါကအယူအဆအစွဲအလမ်းမကြီးသင့်ပေ။ ကံ၊ဥာဏ်၊ ဝီရိယ၊ သီလ၊ သမာဓိ၊ ပညာ ဤ ၆ ပါးကိုအကျိုးရှိရှိအသုံးချကာဘ၀ကိုဖြတ်သန်းသော် သေနေ့ကိုပင်ရွှေ့နိုင်သောအစွမ်းရှိသောကြောင့် ဘ၀တွင်စိတ်အေးချမ်းသာစွာနေထိုင်သွားရမည်ဖြစ်သည်။ (နှစ်ယောက်ပေါင်း၍ ယောဂီ၀တ်ခြင်း၊ သီလရှင်၊ ရဟန်း၀တ်ခြင်း၊ ကုသိုလ်ကောင်းမှုများလုပ်ခြင်းတို့ဖြင့်ဖြေနိုင်မည်ဖြစ်သည်။) ဤတွက်နည်းတွင်မူ မိမိရာဟုဖြစ်ပါက ၈ ဂဏန်းကိုယူရမည်။

Credit ဆရာဥသာမင်းခန့်

08/10/2022

သီတင်းကျွတ် အခါသမယတွင် မြန်မာပြည်သူပြည်သားအ​ပေါင်း ကပ်​ရောဂါများကင်း​ဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး စီးပွားဥစ္စာများလည်း ဒီ​ရေအလားတိုးပွားပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်းအပ်ပါသည်🙏🙏🙏

25/09/2022

💟ကဲ ချစ်တို့ ​မျှော်​နေတဲ့ 🎆သီတင်းကျွတ် Promotion လာပြီ​နော်😆ဘာတန်သလဲ​လို့တော့ မ​မေးနဲ့😜

💟သီတင်းကျွတ်တာနဲ့
🔸️စေ့စပ်မင်္ဂလာပွဲ၊
🔸️မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ၊ 🔸️မင်္ဂလာဦးဆွမ်းကျွေး၊
🔸️ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ၊
🔸️မင်္ဂလာညစာစားပွဲတွေ ကျင်းပကြမယ့် 👫စုံတွဲလေးတွေရဲ့ တန်ဖိုးရှိလှတဲ့အမှတ်တရတွေကို 🎥📸ဝါရင့်ကင်မရာဆရာများက ပုံဖော်ရိုက်ကူး၊တည်းဖြတ်ပေးမယ့် 👉👉👉အရမ်းတန်တဲ့ ရန်ကုန်မြို့အတွင်း အထူးစျေးနှုန်းလေးတွေပါ👍👍👍

✅Package တွေအားလုံးက ပွဲချိန် ၂နာရီ အတွက်ပါနော်... 🕒ပွဲချိန်မတိုင်ခင် ၁နာရီကြိုရောက်ပါမယ်...👌

✅Page ကို Like & Follow လုပ်ဖို့နဲ့ Package Photo လေးကိုလည်း လိုအပ်ရင် share လို့ရအောင် save ထားဖို့ မမေ့ပါနဲ့နော်...😘

💟Package နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေရယ်၊ မင်္ဂလာအခမ်းအနားအတွက် သိသင့်သိထိုက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဖုန်းနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်လို့...

💟မင်္ဂလာပွဲအတွက် ခေါင်းစားစရာတွေ အရမ်းများတော့ 🏨 နေရာရယ်၊ 📆ရက်ရယ်၊ 🕒အချိန်ရယ် အိုကေပြီဆိုရင် 📸ဓါတ်ပုံ 🎥ဗီဒီယို ရိုက်ကူးရေးအတွက် ကြိုတင် Online Booking ယူလို့ရပါပြီ​...

🎆သီတင်းကျွတ် Promotion အ​နေနဲ့ (1.10.2022 မှ 31.10.2022 )အထိ⬇️
❤Package(A) 20%Discount ​
❤Package(B) 15%Discount ​
❤Package(C) 10%Discount ​
တွေ ရက်ရက်​ရော​ရောပေး​နေလို့😁
📲အခုပဲ ဟယ်လိုလုပ်လိုက်တော့နော်...😘😘😘

☎️0979 2277758,
📱0950 96232

&

08/09/2022

မနက်ဖြန်သည် တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့ဖြစ်ပါ၏။ ကုသိုလ်အကျိုးကို မျှော်ကိုး၍ နှိုးဆော်လိုက်ရပါ၏။
#သစ္စာရှင်

"ဂရုဓမ္မအခါတော်နေ့(သို့) တော်သလင်းလပြည့်နေ့"
*********************************************************
ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထားကြပါတယ်။ ထိုနေ့ကိုရောက်လာရင် ငါးပါးသီလ ချို့ယွင်းနေသူများအား သတိပေးတဲ့အနေ့နဲ့ ငါးပါးသီလကို အသက်ထက်ဆုံး လုံခြုံအောင် စောင့်ထိန်းကြဖို့အသိပေးတယ်တဲ့နေ့ ဆိုလည်း မှားမည်မထင်ပါ။ ဂရုဓမ္မဆိုတာ လူသားတို့ အနေဖြင့် တလေးတစား စောင့်ထိန်းအပ်တဲ့ (ကုရုဓမ္မ) ငါးပါးသီလကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုရုဓမ္မကနေ ဂရုဓမ္မဖြစ်လာတာပါ။

ထိုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ရဟန်းနှစ်ပါး ဟင်္သာတစ်ကောင်ကို အလောင်းအစားလုပ်ကာ ကျောက်ခဲနှင့် ပစ်သတ်ခဲ့တဲ့အတွက် သာသနာတွင်းရဟန်းများအနေဖြင့် ပါဏာတိပါတကံကို မကျူးလွန်သင့်ကြောင်းနှင့် ရှေးပညာရှိများအနေဖြင့် သာသနာပ ကာလလူဘောင်ဘဝဖြင့်ပင် ပါဏာတိပါတကံ စတဲ့ သီလများကို စောင့်ရှောက်ထိန်းသိမ်းခဲ့ကြောင်းကို အကြောင်းပြုပြီး ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် အလောင်းတော်ဘဝတစ်ခုမှာ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့ ဓနဉ္စယကောရဗျမင်းရဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ဦးဖြစ်ခဲ့ပြီး အရွယ်ရောက်တာနဲ့ တက္ကသိုလ်မှာ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီး အိမ်ရှေ့မင်းအရာမှာ ခန့်အပ်ခြင်းကို ခံရပါတယ်။ ဖခင်မင်းကြီးကွယ်လွန်တဲ့အခါမှာ မင်းအဖြစ်ဆက်လက် အုပ်ချုပ်ခွင့်ရပြီး ဆယ်ပါးသော မင်းကျင့်တရားနှင့် ညီစွာအုပ်ချုပ်လျက် ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မကိုလည်း စောင့်ထိန်းပါတယ်။ ဘုရားအလောင်းတော် မင်းဟာ ငါးပါးသီလကိုစောင့်ထိန်းသကဲ့သို့၊ ဘုရားအလောင်း၏ မယ်တော်၊ မိဖုရားကြီး၊ ညီတော် အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့လည်းပဲ ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မ(ဂရုဓမ္မ)ကို စင်ကြယ်စွာစောင့်ထိန်းကြတာပါ။ ဘုရားအလောင်းတော်ဟာ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော် ဤခြောက်ဌာနတို့မှာ အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး နေ့စဉ် ခြောက်သိန်းသော ဥစ္စာများကို စွန့်လှူခြင်းမှာလည်း မွေ့လျော်တာကြောင့် ဇမ္ဗူဒိပ်၌ ကျော်ကြားနေပါတယ်။ တစ်တိုင်းပြည်လုံးမှ လူများလည်း ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလမြဲကြပါတယ်။
ဘုရားအလောင်း၏ နိုင်ငံနှင့်မနီးမဝေး ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ ကာလိင်္ဂမင်းဟာ မင်းပြုနေပါတယ်။ ထိုမင်းရဲ့ တိုင်းမှာတော့ မိုးမရွာ။ မိုးမရွာတော့ တစ်တိုင်းပြည်လုံးမှာ ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး ရာသီဥတုဖောက်ပြန်တဲ့ဘေးဆိုပြီး ဘေးသုံးမျိုးနှင့်ကြုံတွေ့ရပါတော့တယ်။

တိုင်းသူပြည်သားတွေက ကာလိင်္ဂမင်းကြီးဆီ ထိုကဲ့သို့ကပ်ဆိုက်နေချိန်မှာ ရှေးမင်းများ ပြုကျင့်သည့်အတိုင်း ဒါန သီလများပြုပါက မိုးရွာမည်ဖြစ်ကြောင်းလျောက်ထားပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ ဒါန သီလများပြုသော်လည်း မိုးမရွာပါဘူး။ နောက်တစ်ဖန် ကုရုတိုင်းမှာ အဥ္ဏနဝဏ္ဏမင်္ဂလာဆင်ကြီးကို အလှူခံပြီး သယ်ဆောင်ပါက မိုးရွာနိုင်ပါသည်ဟု ဒုတိယအကြိမ်လျောက်ထားပြန်ပါတယ်။ ဆင်တော်မင်္ဂလာကြီး သယ်ဆောင်လာနိုင် သော်လည်း မိုးမရွာပြန်ပါဘူး။ နောက်ဆုံးမှာ အကြောင်းစုံကို စုံစမ်းပြီး ကုရုတိုင်းမှ ဘုရားအလောင်းအတော် အပါဝင်၊ မယ်တော်၊ မိဖုရား၊ ညီတော်၊စတဲ့ ပုဂ္ဂိုလ်ဆယ်ယောက်အပြင် တစ်တိုင်းပြည်လုံးမှ လူများ စောင့်ထိန်းကြတဲ့ ကုရုဓမ္မ(ဂရုဓမ္မ)လို့ခေါ်တဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးစေပြီး ကာလိင်္ဂတိုင်းသူ ပြည်သားအားလုံးအပြင် ဘုရင်မှစ၍ ထိုကုရုဓမ္မကိုစောင့်ထိန်းကျင့်သုံးတော့မှ ရာသီဥတုတွေ မှန်ကန်လာပြီး တစ်တိုင်းပြည်လုံး သာယာဝပြောကာ ဘေးသုံးပါးမှ ကင်းလွှတ်ခဲ့ပါတယ်။

အချုပ်အားဖြင့် ဘုရားအလောင်းတော် အုပ်ချုပ်သော တိုင်းပြည်မှာ ဘုရင်မှစ၍ မယ်တော်၊ မိဖုရားအပါဝင် တစ်တိုင်းပြည်လုံး ငါးပါးသီလမြဲကြသဖြင့်၊ ရာသီဥတုမှန်ကန်ကာ တိုင်းပြည်တစ်ခုလုံး သာယာဝပြောခြင်း၊ ကာလိင်္ဂတိုင်းမှာ ဘုရင်မှအစပြု၍ တိုင်းပြည်တစ်ခုလုံး ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလ မမြဲကြသဖြင့် ရာသီဥတုဖောက်ပြန်ကာ ဘေးဆိုးများနှင့်ရင်ဆိုင်ရခြင်း၊ ငါးပါးသီလမြဲပါမှ တစ်ဖန် ရာသီဥတု မှန်ကန်ပြီး တိုင်းပြည်သာယာဝပြောလာခြင်း စတဲ့အချက်များကို ထောက်ဆကြည့်မည်ဆိုပါလျှင် ယနေ့ခေတ် ရာသီဥတုဖောက်ပြန်ခြင်း၊ အစာငတ်မွတ်ခြင်း၊ ရောဂါထူပြောခြင်းစတဲ့ဘေးဆိုများနှင့် ရင်ဆိုင် နေရခြင်းသည် လူတို့စောင့်ထိန်းအပ်သည့် ဂရုဓမ္မခေါ် ငါးပါးသီလ ဖောက်ဖျတ်ခြင်း၊ လောဘ၊ ဒေါသ မောဟ စတဲ့ကိလေသာများထူပြောခြင်းကြောင့် သုံးသပ်ရမည်ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး ရာသီဥတုမှန်ကန်၊ ကပ် ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် မိမိမှအစပြု၍ တစ်ဦးချင်းလိုက်၊ တစ်မိသားစုချင်းလိုက်၊ အစပြုကာ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းသင့်လှကြောင်း နေ့စဉ်စောင့်ထိန်းကြဖို့ အသိပေးလိုခြင်း ဖြစ်ပါတယ်။ ငါးပါးသီလဖောက်ပြားနေသူများ၊ ပျက်ယွင်းနေသူများအား ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းကြဟု ဘုရားအလောင်းတော် ကုရုမင်းကြီး သတိပေးနေဟန် တူပါတော့တယ်။

ဆက်လက်စဉ်းစားမိသည်က ထိုဇာတ်တော်ကို မြတ်စွာဘုရားရှင် တော်သလင်းလပြည့်နေ့တွင် ဟောတော်မူခဲ့ခြင်းလား၊ (သို့မဟုတ်) ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေလွှာပေါ်တွင် ကူးစေခဲ့သည့်နေ့ကား တော်သလင်းလပြည့်နေလား၊ အနီးစပ်ဆုံးအားဖြင့် ကုရုမင်းကြီးကား ပန္တွရသီဥပုသ်နေ့တွင် ပရိတ်သတ်အလယ်၌ အလှူဒါနပြုစဉ် ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေပေါ်တွင် ကူးစေခြင်းဆိုတဲ့အချက်ကို ထောက်ဆကြည့်မည်ဆိုပါက တော်သလင်းလပြည့်နေ့သာ ဖြစ်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါးပါးသီလဟူသော အခြေခံလူ့ကျင့်ဝတ်ကို အချိန်မရွေး စောင့်ထိန်းသင့်လှသည်ဆိုသောအချက်ကတော့ ငြင်းမရပါ။ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ကုရုဓမ္မဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ဟု သတ်မှတ်ခြင်းသာဖြစ်ပါတော့တယ်။

...ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

30/08/2022

#ရှေ့ကလူကြီးသူမတွေပြောတာကြားဖူးတယ်
#မိန်းကလေးတွေ_အိမ်ထောင်ပြုတော့မည် ဆိုရင်....

၁။ #ကြီးတာကို ရှာပါ။
၂။ #အရှည်ကို ကြည့်ပါ။
၃။ #ဝင်ဆန့်မဆန့် သိပါ။
၄။ #တော်မတော် စမ်းသပ်ပါ။
၅။ #အနေတော်ကို ရွေးပါ။

#ဝေဖန်ရေးမစောနဲ့အုန်း_ရှင်းပြမယ် ....

၁။ ကြီးတာကို ရှာပါ ဆိုတာ ဥာဏ်ပညာကြီးတာကို
ပြောတာပါ။ ဥာဏ်ပညာကြီးသူမှသာ အိမ်ထောင်ကို
ဦးစီးဦးဆောင် ပြုနိုင်မှာ မဟုတ်လား ။

၂။ အရှည်ကို ကြည့်ပါ ဆိုတာ ကိုယ့်ရဲ့
ဘဝလက်တွဲဖေါ်ဖြစ်မယ့်သူက ကိုယ်နဲ့
စိတ်ထားခြင်း ကိုက်ညီရဲ့လား၊ စိတ်ထားကောင်း
ရဲ့လား၊ ကိုယ့်အပေါ်ကောင်းရဲ့လား အကဲခတ်
ကြည့်ပါလို့ ပြောတာပါ။ ဒါမှ ရေရှည်တည်တံ့
နိုင်မှာ မဟုတ်လား ။

၃။ ဝင်ဆန့်မဆန့် သိပါ ဆိုတာ လူတောသူတောထဲ
ဝင်ဆန့်မဆန့် ကို သိအောင်လုပ်ဖို့ ပြောတာပါ။
သူခိုး၊ ဂျပိုး၊ မုဒိန်းကောင်၊ ကလေကချေ ၊ အောက်တန်းစားတွေ ဖြစ်နေရင် လူတောမတိုးလို့
ကိုယ်ပဲ ဒုက္ခရောက်ရမှာ မဟုတ်လား ။

၄။ တော်မတော် စမ်းသပ်ပါ ဆိုတာ ကိုယ့်နဲ့
သင့်တော်၏ မသင့်တော်၏ စမ်းသပ်ခိုင်းတာပါ။
သူ့ရဲ့ ဆွေမျိုးအသိုင်းအဝန်းတွေ ၊ သူ့ရဲ့
နေထိုင်မှု့စရိုက်တွေ၊ ပြောပုံဆိုပုံ နေပုံထိုင်ပုံ
ဘယ်လိုရှိတယ် သိမှ ကိုယ်နဲ့ သင့်တော်
မသင့်တော် သိမှာ မဟုတ်လား ။

၅။ အနေတော်ကို ရွေးပါဆိုတာ သိပ်ချမ်းသာ
လွန်းတဲ့သူ၊ သိပ်ဆင်းရဲတဲ့သူ၊ သိပ်ချောလွန်းတဲ့သူ ၊ သိပ်ရုပ်ဆိုးလွန်းတဲ့သူ၊ သိပ်ဝလွန်းတဲ့သူ၊ သိပ်ပိန်လွန်းတဲ့သူ စသည်ဖြင့် အစွန်းတဖက် ထွက်နေတဲ့သူကို
မရွေးပဲ ကိုယ်နဲ့ လိုက်ဖက်ညီမယ့် အနေတော်ကို
ရွေးပါလို့ ပြောတာပါ။ ဒါမှ စိတ်ချလက်ချ
စိတ်လက်ချမ်းသာ နေနိုင်မယ် မဟုတ်လား။

😏😏😏😏😏😏😏😏😏😏😏😏😏😏
ဲ့ခရီးသည်

12/07/2022

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။

🙏🙏🙏🙏🙏

ဝါဆို လပြည့်နေ့ကို
ဓမ္မစကြာ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ

ထိုနေ့၌
ဓမ္မစကြာတရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်
ဝါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌
ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်

#ဓမ္မစကြာ_တရားတော်သည်

ဝိနည်းမဟာဝါပါဠိတော်၌
ပဉ္စ၀ဂ္ဂိယကထာ-အမည်ဖြင့် လာရှိပါသည်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက္ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်

#ဓမ္မစက္က = တရားတော်။
#ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း

ဓမ္မစကြာတရားတော်သည်
သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး
သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သေဘာတရားကို တွေ့မြင်နိုင်ပါသည်

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က
ဓမ္မစကြာ တရားတော်ကို အထူးပင်အာရုံစိုက်၍
ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်

အမြို့မြို့ အရွာရွာ၌
ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်

>>

#ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း

၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၅။ ဘုရားအဖြစ် ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့်
ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က
ဤဝါဆိုလပြည့်နေ့၌
ကျောင်းကန်ဘုရားသို့ သွားရောက်၍
ဝါဆိုပန်းများ ကပ်လှူခြင်း၊
ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊
ဓမ္မစကြာ တရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
#ဝါဆိုလပြည့်_ဓမ္မစကြာ_အခါတော်နေ့ - ကို
ဆင်နွှဲ ပြုလုပ်ကြပါသည်

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်

14/06/2022

💏အိမ်ထောင်ဖက်ကို ​နေ့နံကြည့်ပြီး ဘယ်လို​ရွေးရမလဲ⁉️

အိမ်ထောင်ဖက်ရွေးရန်နေ့နံများ
〰〰〰〰〰〰〰〰〰

(ဦးသာ စိန်ပန်း ဒန်းလှ ကိုရှာ )
ဦးသာ = တနင်္ဂနွေ 💌 သောကြာ
စိန်ပန်း = အင်္ဂါ 💌 ကြာသပတေး
ဒန်းလှ = စနေ 💌 ဗုဒ္ဓဟူး
ကိုရှာ = တနင်္လာ 💌 ရာဟု

အိမ်ထောင်မိတ်ဘက်
〰〰〰〰〰〰

( အောင်ပ ကုလား ဆွေသား တော်ရင်း )
အောင်ပ = တနင်္ဂနွေ 💌 ကြာသပတေး
ကုလား = တနင်္လာ 💌 ဗုဒ္ဓဟူး
ဆွေသား = အဂါင်္ 💌 သောကြာ
​တော်ရင်း = စနေ 💌 ရာဟု

အိမ်ထောင် ဓာတ်ဘက်
〰〰〰〰〰〰〰

( အန္တော ဂဗ္ဗေ စရေ ဝံသေ )
အန္တော = တနင်္ဂနွေ 💌 စနေ
ဂဗ္ဗေ = တနင်္လာ 💌 ကြာသပတေး
စရေ = အဂါင်္ 💌 ရာဟု
ဝံသေ = ဗုဒ္ဓဟူး 💌 သောကြာ

ဤလင်္ကာများအရ မိတ်ဘက်၊ ဓာတ်ဘက်များနှင့် အိမ်ထောင်ပြုအပ်ပါသည်။

--------------------------------

အိမ်ထောင်ရန်ဖက်
〰〰〰〰〰〰
( ဓမ္မာ သောက အင်း၀ ရာဇာ )
ဓ မ္မာ = စနေ♦️ ကြာသပတေး
သောက = သောကြာ ♦️တနင်္လာ
အင်း၀ = တနင်္ဂနွေ ♦️ဗုဒ္ဓဟူး
ရာဇာ = ရာဟု ♦️အင်္ဂါ

အပြင်ရန်
〰〰〰

( ဦးညို ခေမာ သုတ ဝေရီ )
ဦးညို = တနင်္ဂနွေ ♦️အဂါင်္
ခေမာ = တနင်္လာ ♦️ကြာသပတေး
သုတ = သောကြာ ♦️စနေ
ဝေရီ = ဗုဒ္ဓဟူး ♦️ရာဟု

အတွင်းရန်
〰〰〰

( ဦးဝေ စံကူး ရေဗူး တောသူ )
ဦးဝေ တနင်္ဂနွေ ဗုဒ္ဓဟူး
စံကူး = အဂါင်္ ♦️တနင်္လာ
ရေဗူး = ရာဟု ♦️ကြာသပတေး
တောသူ = စနေ♦️ သောကြာ

ဤလင်္ကာများအရ အပြင်ရန်၊ အတွင်းရန်များဖြစ်သည့်အတွက် အိမ်ထောင်မပြုကောင်းဟုဆိုသော်လည်း စီးပွားဖြစ်ချင်သူများမှာ ဥစ္စာလို ရန်ဂြိုလ်ရှာ ဆိုသည့် ဆောင်ပုဒ်အရ အိမ်ထောင်ပြုလေ့ရှိကြသည်။

--------------------------------

အိမ်ထောင်ဘက် နက္ခတ်ရွေးနည်း
〰〰〰〰〰〰〰〰〰〰

ကိုယ့်ရဲ့ အင်္ဂလိပ် မွေးခုနှစ်ထဲက ( ၆၃၈ ) ကိုနုတ်ပါ။ မြန်မာသက္ကရာဇ် ရပါသည်။

( ၁ ) လပိုင်းကနေ ( ၄ )လပိုင်း ၁၆ရက်အတွင်း မွေးတဲ့သူဆိုရင်တော့ ကိုယ့်ရဲ့အင်္ဂလိပ် မွေးခုနှစ်ထဲက ( ၆၃၉ ) ကိုနုတ်ပါ။ မြန်မာသက္ကရာဇ်ရပါသည်။

မိမိမြန်မာ မွေးသက္ကရာဇ်ကိုတည် (၃)နှင့်စားပါ။
⁃ ၁ ကြွင်းလျှင် နတ်နက္ခတ်
⁃ ၂ ကြွင်းလျှင် လူနက္ခတ်
⁃ ၀ ကြွင်းလျှင် ဘီလူးနက္ခတ် တို့ဖြစ်သည်။

🔹နတ်နက္ခတ် အချင်းချင်း ထက်လက်မူ အသက်ရှည်အံ့။

🔹လူနက္ခတ် အချင်းချင်း လက်ထက်မူ ချစ်ခြင်းမေတ္တာမျှအံ့။

🔹ဘီလူးနက္ခတ် အချင်းချင်း လက်ထက်မူ တန်ခိုးကြီးအံ့။

🔹လူနက္ခတ် နှင့် နတ်နက္ခတ် လက်ထက်မူ ချမ်းအေးအံ့။

🔹လူနက္ခတ် နှင့် ဘီလူးနက္ခတ် လက်ထက်မူ ပျက်စီးလွယ်အံ့။

🔹ဘီလူးနက္ခတ် နှင့် နတ်နက္ခတ် လက်ထက်မူ ရန်ကင်းအံ့။

--------------------------------

အိမ်ထောင်ဘက်နေ့နံထပ် အယူအဆများ
〰〰〰〰〰〰〰〰〰〰〰〰

🔹တနင်္ဂနွေ သားသမီး အချင်းချင်း လက်ထက်မူ ချမ်းသာကြွယ်ဝအံ့။

🔹တနင်္လာ သားသမီး အချင်းချင်း လက်ထက်မူ ဒုက္ခပွားများရအံ့။

🔹အင်္ဂါ သားသမီး အချင်းချင်း လက်ထက်မူ ဘေးရန်များတတ်အံ့။

🔹ဗုဒ္ဓဟူး သားသမီး အချင်းချင်း လက်ထက်မူ စီးပွားတိုးတတ်အံ့။

🔹ကြာသပတေး သားသမီး အချင်းချင်း လက်ထက်မူ ချစ်ကြည် ချမ်းသာသုခကို ခံစားရအံ့။

🔹သောကြာ သားသမီး အချင်းချင်း လက်ထက်မူ ဒုက္ခဆင်းရဲရောက်ရအံ့။

🔹စနေ သားသမီး အချင်းချင်း လက်ထက်မူ ရန်များပြီး အိမ်ထောင်ရေးပြိုကွဲအံ့။

🔹ရာဟု သားသမီး အချင်းချင်း လက်ထက်မူ အိမ်ထောင်သက် မရှည်မြဲတတ်အံ့။

--------------------------------

အိမ်ထောင်ဘက်ရွေးချယ်နည်း
〰〰〰〰〰〰〰〰〰

၁ = တနင်္ဂနွေ
၂ = တနင်္လာ
၃ = အင်္ဂါ
၄ = ဗုဒ္ဓဟူး
၅ = ကြာသပတေး
၆ = သောကြာ
၇ = စေန

အိမ်ထောင်ပြုမည့် အမျိုးသား၊ အမျိုးသမီးတို့၏ မွေးနံနှစ်ခုကိုပေါင်းပါ။ ပေါင်းရကိန်းကို (၅)ဖြင့်မြှောက်ပါ။ ထိုမြှောက်ရသောကိန်းကို (၇)ဖြင့်စားပါ။
ဥပမာ။ ။ ဗုဒ္ဓဟူးသားနှင့် တနင်္လာသမီးဆိုလျှင်
ဗုဒ္ဓဟူး = ၄
တနင်္လာ = ၂
၄+၂=၆×၅=၃၀÷၇=၂ကြွင်း
အကြွင်းတွေကိုအောက်တွင်ကြည့်ပါ။

🔹၁ ကြွင်းအဟော🔹
အိမ်ထောင်ရေး ကောင်းကျိုးမပေး ဆင်းရဲနွမ်းပါးမူရှိတတ် စီးပွားရှာဖွေမရတတ်။

🔹၂ ကြွင်းအဟော🔹
ချမ်းသာကြွယ်ဝပြီး အိမ်ထောင်ရေး သာယာချမ်းမြေ့မူရှိတတ် စီးပွားရှာဖွေရာတွင် လွယ်ကူပြီး ကြီးပွားတိုးတတ်နိုင်၏။

🔹၃ ကြွင်းအဟော🔹
စီးပွားရှာဖွေရသလောက်ကုန်တတ်၏။ ပိုလျှံသည်အထိ စုဆောင်းမရနိုင်။ လူအချင်းချင်းအောက်ကျ နောက်ကျ ခံရတတ်မည်။

🔹၄ ကြွင်းအဟော🔹
မိမိတို့ပြုလုပ်သော ကိစ္စအဝဝတို့မှာ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကျော်ဇောခြင်း ရှိတတ်သည်။

🔹၅ ကြွင်းအဟော🔹
ဇနီးမောင်နှံနှစ်ဦး တသက်လုံး ဆင်းရဲမူမရှိနိုင်။ ချမ်းသာကြွယ်ဝမူနှင့်သာ ဘဝခရီးကို အခြံအရံ မိတ်ကောင်း ဆွေကောင်းများနှင့် နေသွားရပါမည်။

🔹၆ ကြွင်းအဟော🔹
ကူညီထောက်ပံ့မည့်သူပေါများခြင်း၊ အလုပ်အကိုင်ကောင်း၍ ငွေကြေးဥစ္စာစုဆောင်းမိခြင်း၊ မိဘဘိုးဘွားတို့၏ အမွေကိုရရှိခြင်း စသော ကောင်းကျိုးချမ်းသာများရရှိစေသည်။

🔹၀ ကြွင်းအဟော🔹
ပင်ပန်းဆင်းရဲစွာ ရှာဖွေနေရတတ်သည်။ လုပ်သမျှလဲ အရာမထင် အကျိုးမပေးဖြစ်တတ်သည်။ အနှောက်အယှက်၊ အဖျက်အစီး၊ စိတ်သောက အခက်အခဲများနှင့် ရင်ဆိုင်ရတတ်သည်။
# # # # # # # # # # #

Crd; Original Writer

🙏 မင်္ဂလာပါရှင့်...🙏

လူကြီးမင်းတို့ရဲ့
🏢ကုမ္ပဏီဖွင့်ပွဲ၊ ဆိုင်သစ်ဖွင့်ပွဲ၊ 🚘ကုန်ပစ္စည်းမိတ်ဆက်ပွဲ၊ 🎆ညစာစားပွဲ၊ 🎉🎂 မွေးနေ့ပွဲ၊ 💏စေ့စပ်မင်္ဂလာပွဲ၊ 📄🖋မော်ကွန်းတင်လက်မှတ်ထိုးပွဲ
💑မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲ၊
🤴👰ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ၊
🙏ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲ၊ 👨‍🎓သင်တန်းဆင်းဂုဏ်ပြုလက်မှတ်
ချီးမြှင့်ပွဲ စသည့် မှတ်တမ်းတင်
အခမ်းအနားအမျိုးမျိုးနဲ့...
🎬 📸🎥📸🎥📸🎥🎬

👩‍🎓Graduration Photo,
👩‍👧Kids Photo,
👨‍👩‍👧‍👦Family Photo,
🤰Maternity Photo,
👫Couple Photo များအပြင်...

📺TV ကြော်ငြာ၊ 📱FB ကြော်ငြာ၊
🎸Live Show, 🎤MTV Karaoke
တေးသီချင်းများကို ကျွမ်းကျင်
ဝါရင့်ပညာရှင်များမှ လူကြီးမင်းတို့
စိတ်တိုင်းကျ အကောင်းဆုံး
#ရိုက်ကူးတည်းဖြတ် ပေးနေပါပြီ။
💻 📀📀📀💻
💟ကျေးဇူးအများကြီးတင်ပါတယ်ရှင့်...😘😘😘

💟 Discount တွေရှိလို့ အခုပဲ 📲ဟယ်လို လုပ်လိုက်တော့နော်...

☎️ 0979 2277758
📱 0950 96232

#စစ်မှန်သောချစ်ခြင်းအားဖြင့်
#ပြန်လည်မျှဝေပါသည်
💟

Videos (show all)

Telephone

Website