Dr.Revolt

Dr.Revolt

For Emergency medical conditions

07/07/2021

COVID ကာကွယ် ဖို့ ဆေးတွေ သောက်သင့်လား??

ခု ခေါင်းစဉ်လေးကို ရေးရတာကတော့
ကျွန်တော်တို့တွေ ကိုဗစ် ကာကွယ် နိုင်တယ် ဆိုပြီး Facebook ပေါ် မှာ ရေးကြ ရောင်းကြတဲ့ ဆေးတွေ အမြောက်အများ ပေါ်လာနေတာကြောင့်ပါ

ရိုးရာဆေးနည်းတွေရော
တိုင်းရင်းဆေးနည်းတွေရော
အနောက်တိုင်း ဆေးနည်းတွေရော
Facebook ပေါ်မှာ စေတနာ အပြည့်နဲ့ မျှဝေ သမျှ လူတိုင်းက တခုကောင်းနိုး တခုကောင်းနိုးနဲ့ စမ်းသောက်နေကြသူတွေ များကြပါတယ်

တကယ်ကော အဲ့ဆေးနည်းတွေက အကျိုး ရှိကြရဲ့လား???

တကယ်တော့ တမ္ဘာလုံးအတိုင်းအတာ အနေနဲ့
ကိုဗစ်ကို အပြည့်အဝ ကာကွယ်နိုင်တဲ့ ဆေးဆို တာ
ခုချိန်ထိ မရှိသေးပါဘူး

ကိုဗစ်ကို ကာကွယ်ကောင်းကာကွယ်ပေးနိုင်
တယ်လို့ အများစု လက်ခံ ထားကြတဲ့ ဆေးတွေက
-Vitamin-C
-Zinc
-Vitamin-D
စတဲ့ဆေးတွေပါ

ဒါပေမယ့် သိထားရမှာက
အဲ့ဆေးတွေက ကိုဗစ်ကို ကာကွယ်တဲ့ ဆေးတွေမဟုတ်ပါဘူး

ကာကွယ်နိုင်လောက်တယ်ဆိုပြီး အများစု လက်ခံ ထားတဲ့ ဆေးတွေပါ

သောက်လို့ ရပါတယ်
သို့ပေမယ့် တန်ဆေး လွန်ဘေးပါ

အထက်က ဆေးတွေက

တတ်ကျွမ်းနားလည် တဲ့ သူတွေ နဲ့ တိုင်ပင်ပြီး

သောက်သင့်ပါတယ်

အခု ကျွန်တော်တို့ နိုင်ငံက လူ အများစုက
အထက်က ဆေးတွေ ကို ကိုဗစ် ကာကွယ် တယ် လို့ တထစ်ချ မှတ်ယူပြီး သောက်သုံး လွန်ကဲတာတွေ တွေ့နေရပါတယ်

ပုံမှန် သောက်သင့်တဲ့ ပမာဏထက် များရင်
ကိုဗစ် ကာကွယ်တာက မသေချာပေမယ့်
လူကို ဆိုးကျိုးပေး နိုင်တာက သေချာပါတယ်

တန်ဆေး လွန်ဘေး မဖြစ်စေဖို့
အသိ၊သတိနဲ့ ယှဉ်ဖို့
တိုက်တွန်းပါတယ်

ကိုဗစ် ကာကွယ်ဖို့ အကောင်းဆုံးကတော့
- Mask တပ်ပါ
- လက်ဆေးပါ
- မလိုအပ်ပဲ အပြင် မထွက်ကြပါနဲ့

နောက်ရက်တွေမှာလည်း ကျန်းမာရေး အတွက် အဆင်ပြေမယ့် စာလေးတွေ
ဆက်ရေးပေးပါအုံးမယ်

အရေးပေါ် ကျန်းမာရေး
အခြေအနေများ အတွက်
Ph No- 09764430748 ကို ဆက်သွယ်
ဆွေးနွေးနိုင်ပါတယ်

Dr. Revolt

06/07/2021

COVID-19 ကာကွယ် ဖို့ နည်းလမ်းများ

- Mask တပ်ပါ
- လက်ဆေးပါ
- နေ့စဉ် ကိုယ် လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
- မလိုအပ်ပဲ အပြင်သို့ သွားခြင်း ရှောင်ပါ
- စျေးဝယ် ကြာချိန် လျှော့ချပါ
- လူစုလူဝေးရှောင်ပါ
- မိမိ နှင့် မိသားစု အတွင်း COVID-19 သံသယ ရှိလျှင် ကျွမ်းကျင်သူ ကျန်းမာရေး ဝန်ထမ်း ၏ အကူအညီ ရယူပါ
- Ministery of Health ; NUG ၏ လမ်းညွှန်မှုများကို လိုက်နာပါ

လိုအပ် သော အကူအညီ များအတွက်
09764430748 တွင်
မနက် ၁၀နာရီ မှ နေ့လည် ၁ နာရီ အတွင်း
ည ၁၀ နာရီမှ မနက် ၃ နာရီ အတွင်း
ဆက်သွယ်နိုင်ပါသည်

05/07/2021

ကျန်းမာရေး အတွက် တိုင်ပင်ဆွေးနွေးလိုသူများ

Viber No +959764430748 တွင်

မနက် ၁၀ နာရီမှ နေ့လည် ၁ နာရီ အတွင်း

ည ၁၀ နာရီ မှ မနက် ၃ နာရီ အတွင်း

အားနာမှု ရှိစရာ မလိုပဲ တိုင်ပင် ဆွေးနွေး

အကြံဉာဏ် ရယူနိုင်ပါသည်

မှတ်ချက်။ ။ အသုံးလိုသော နေရာများအတွက် အသုံးပြုနိုင်ရန် ဆွေးနွေးမှုတိုင်းအတွက်
စေတနာ အလျောက် အလှုငွေ လက်ခံပါသည်

Telephone

Website