Health-Based Supply

Health-Based Supply

Health-Based Supply

25/04/2023

⚡️အသည်းကျန်းမာဖို့စားသုံးသင့်တဲ့ အာဟာရများ ⚡️

လူ့ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းတွေထဲမှာ အသည်းပါဝင်ပါတယ်။
ခန္ဓာကိုယ်မှာ အသည်းဟာ ရေစစ်တစ်ခုလိုပဲ အဆိပ်အတောက်ဖြစ်စေနိုင်မယ့်အရာတွေကို ဖယ်ရှားစစ်ထုတ်ပေးပါတယ်။

အသည်းလေးကျန်းမာစေဖို့ စားသင့်တဲ့အစားအစာတွေကတော့...
💥 မုန်လာဥနီ
💥 ကြက်သွန်ဖြူ/ ကြက်သွန်နီ
💥 ထောပတ်သီး
💥 ဟင်းနုနွယ်ရွက်
💥 ဘလူးဘယ်ရီသီး စတာတွေပဲဖြစ်ပါတယ်နော်။

n

22/04/2023

ဆေးရုံ ဆေးခန်းတွေအတွက်လား❓
အိမ်သုံးဖို့အတွက်လား❓

သင်နဲ့ သင့်မိသားစု၊ သင့်စီပွားရေးလုပ်ငန်းတွေအတွက် အကောင်းမွန်ဆုံးသော အထောက်အပံ့များကို Zoncare အမှတ်တံဆိပ် Medical Devices တွေနဲ့အတူ စေတနာထက်သန်စွာဖြင့် ဖြည့်ဆည်းပေးပါရစေ..😇

𝐇𝐞𝐚𝐥𝐭𝐡 𝐁𝐚𝐬𝐞𝐝 𝐒𝐮𝐩𝐩𝐥𝐲 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐨,𝐋𝐭𝐝 ဆိုတာ ကျန်းမာရေးဆေးစစ်ချက် အထောက်အကူပြု ကိရိယာတွေကို တစ်နေရာထဲမှာ စုံလင်စွာနဲ့ ဝယ်ယူနိုင်မယ့် နေရာတစ်ခုပါ။

𝐇𝐞𝐚𝐥𝐭𝐡 𝐁𝐚𝐬𝐞𝐝 𝐒𝐮𝐩𝐩𝐥𝐲 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐨,𝐋𝐭𝐝 မှာ ရရှိနိုင်တဲ့ Medical Devices တွေကိုတော့ အောက်တွင် Links များနှင့်တစ်ကွ အသေးစိတ်ဝင်ရောက်လေ့လာဖတ်ရှု့နိုင်အောင် ဖော်ပြပေးထားပါတယ်။

🔺 3 Channel Electrocardiogram (ECG - U30)
Product Warranty - (1) Year
Price - 1050000 MMk
[ https://bit.ly/3uHp4Ab ]

🔺 Channel Electrocardiogram U60 (Tablet ECG Machine)
Product Warranty - (1) Year
Price - 1950000 MMK
[ https://bit.ly/3tV345y ]

🔺 Patient Monitor (PM - 7000D)
Product Warranty - (1) Year
Price - 1850000 MMK
[ https://bit.ly/35qjKIZ ]

🔺 i50 - Full Digital B/W Ultrasound Machine
Product Warranty - (1) Year
Price - 4990 $ (USD)
[ https://bit.ly/3Du0I0L ]
[ https://bit.ly/3DrGyof ]

💯 Zoncare မှ ထုတ်လုပ်ပြီး Health Based Supply Medical Co,Ltd မှ တင်သွင်းရောင်းချသော Product များကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းများအတွက် စိတ်ကျေနပ်မှု အဆင်ပြေမှုများ ရရှိနိုင်မယ်လို့ HBS Co,Ltd မိသားစုများမှ အပြည့်အဝ ယုံကြည်ပါတယ်။

🛒 သဘောကျနှစ်သက်၍ မှာယူဝယ်ယူချင်၍ ဖြစ်စေ၊ Devices များနှင့်ပက်သက်၍ အသေးစိတ်သိရှိလို၍ ဖြစ်စေ ဖုန်းနံပါတ် [ 09-405056182 ] ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူနိုင်သလို [ Page Chat Box ] ကနေတစ်ဆင့်လည်း စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။

🙏 မိဘပြည်သူ လုပ်ငန်းရှင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 🙏

18/04/2023

🥵 အခုချိန် အရမ်းပူတဲ့ နွေရာသီကြီးကို လူတိုင်းနီးပါး အလူးအလဲ ခံစားနေကြရပါတယ်နော်...

🌡️ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို Health Based Supply မှ ဖော်ပြပေးလိုက်ပါတယ်နော်...

11/04/2023

နှလုံးကျန်းမာရေးစစ်ဆေးချက်တွေအတွက် Language (17)မျိုးဖြင့် အသုံးပြုနိုင်တဲ့ အရည်အသွေးကောင်းကောင်း⚡️Electrocardiogram (ECG)⚡️

ဆေးရုံဆေးခန်းတိုင်းရဲ့ မရှိမဖြစ် အရည်သွေးမြင့်တဲ့ 3 Channel ECG (U30) နှလုံးစစ်ဆေးစက်ဟာဆိုရင်...

⚡️ Product Warranty (1) Year ပါရှိခြင်း
⚡️ 5 inches အမြင့်နဲ့စောင်းထားတဲ့ HD LCD Screen မျက်နှာပြင်ကြောင့် ဆန်းသစ်ထူးခြားနေခြင်း
⚡️ 2200 mAh ကြောင့် 100% အားသွင်းထားလျှင် 3 နာရီခွဲအကြာ အသုံးပြုနိုင်ခြင်း
⚡️ Sampling အနေဖြင့် Real / Pre / Triggered & Periodic Sampling များ ရနိုင်ခြင်း
⚡️ Language (17)မျိုးဖြင့် အသုံးပြုနိုင်ခြင်း
⚡️ Internal Momery အနေဖြင့် ECG File ပေါင်း 1500 / 2000 ဝန်းကျင်အထိကို SD Card / Memory Stick & USB Disk များဖြင့်သိမ်းဆည်းပေးနိုင်ပြီး Print ထုတ်ယူနိုင်ခြင်း
⚡️ Storage Format ပေါင်းများစွာဖြင့် သိမ်းဆည်းနိုင်ခြင်း
⚡️ အခြားစက်များနှင့်မတူ တိကျသေချာသော Result ကိုအပြည့်အဝပေးနိုင်ခြင်း
⚡️ Cable Network / Wireless Network များဖြင့် အသုံးပြုနိုင်ခြင်း
⚡️ HIS / EMR System များဖြင့် အသုံးပြုနိုင်ခြင်း
⚡️ 1.3 kg သာရှိသောကြောင့် ကျစ်လစ်ပြီး သယ်ဆောင်ရလွယ်ကူစေခြင်းအပြင် ဆန်းသစ်ထူးခြားကောင်းမွန်သော Functions တွေကြောင့် ဆေးရုံ ဆေးခန်းများအတွက် အလွန်အသုံးတည့်စေမယ့် Device တစ်ခုဖြစ်ပါတယ်။

💥 Zoncare အမှတ်တံဆိပ် ECG (U30) ကို မှာယူ/ဝယ်ယူလို၍ ဖြစ်စေ အသုံးပြုပုံတို့အပြင် အခြားသော သိလိုသမျှတွေကို [Page Messenger] သို့မဟုတ် Hotline No - 09405056182 မှတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းဝယ်ယူနိုင်ပါတယ်။

🙏နှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူများ ကျန်းမာကြပါစေ 🙏

06/04/2023

💦 နှစ်သစ်ဆုတောင်းလွှာ 💦

မြန်မာ့ရိုးရာ အတာသင်္ကြန်နှင့်အတူ မြန်မာ့နှစ်သစ်ကူး အချိန်အခါ သမယလေးမှစလို့ နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရသော ရောဂါဘယများ၊ လူမှုရေး၊ စီးပွားရေး အခက်အခဲများမှ ကင်းလွတ်နိုင်ကြပါစေ


#သင်္ကြန်ဆုတောင်း

04/04/2023

🔺 Health Based Supply Medical Co,Ltd မှ တင်သွင်းတဲ့ Zoncare အမှတ်တံဆိပ် i 50 - Full Digital B/W Ultrasound Machine ဟာဆိုရင် ($ 4990) ဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ Medical Devices မျိုးစုံကို ရွေးချယ်စီစစ်ကာ တင်သွင်းရောင်းချပေးလျှက်ရှိနေပါတယ်..

🔺တိကျမှန်ကန်တဲ့အဖြေထွက်ပြီး Feature တွေ၊ Function တွေ စုံလင်ကာ Product Warranty (1) Year ပေးထားတဲ့ i 50 Ultrasound Machine ရဲ့ အခြားသော Function များကတော့...

1. System Overview
2. Physical Specifications
3. User Interface
4. Control Panel & Functions
5. Imaging Parameters
6. Measurement and Reports
7. System Setup
8. Probe Parameters
9. System Inputs and Outputs
10. Standard Package
11. Optional Accessories
12. Certificates
13. CE Declaration စတာတွေဖြစ်ပါတယ်။

ဒါ့အပြင်...
🔺Two Probes (Linear & Convex)
🔺Printing Modules
🔺Built-in Lithium Battery
🔺Original Suitcase တို့ပါ၀င်တာကြောင့် အရည်အသွေးမှာပါ စိတ်ချယုံကြည်နိုင်ပါတယ်..

📱 Contact Number - 09405056182 (သို့မဟုတ်) Page Messenger မှတဆင့် ဆက်သွယ် မှာယူနိုင်ပါတယ်..

01/04/2023

ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?

အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။
အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။

ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

CRD

n

30/03/2023

🙏🏼 အားလုံးပဲ မင်္ဂလာပါခဗျာ 🙏🏼

ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ရဲ့ Health Based Supply Medical Co,Ltd ကနေပြီးတော့
Medical Devices တွေရဲ့အကြောင်းအနည်းငယ်ကို General Knowledge အနေနဲ့ မျှဝေပေးသွားမှာဖြစ်ပါတယ်။

Medical Device ဆိုတာကတော့ ဆေးပညာပိုင်းဆိုင်ရာတွေအတွက် ရည်ရွယ်ပြီး အသုံးပြုတဲ့ ပစ္စည်းကိရိယာတိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

Medical Device တွေဟာ ၇၀၀၀ ဘီစီကတည်းက တည်ရှိခဲ့တယ်လို့ ယူဆခဲ့ရပါတယ်။ ရှေးဗိသုကာ လက်ရာတွေနဲ့ ရိုမန်ဆေးဝါးဆိုင်ရာ စာပေတွေအရ Medical Device အမျိုးအစား များစွာဟာ ရှေးရောမလူမျိုးတွေ လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

Medical Device တွေဟာ အသုံးပြုပုံနဲ့ အသုံးပြုရတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားကြပါတယ်။ သိပ်ပြီး အန္တရာယ်မများပဲ ရိုးရှင်းစွာ အသုံးပြုနိုင်တဲ့ သာမိုမီတာတွေ၊ လက်အိတ်တွေက စလို့ အန္တရာယ်များပြီး လုပ်ဆောင်ချက်ရှုပ်ထွေးတဲ့ နှလုံးအစားထိုးစက်အထိ ကျယ်ပြန့်စွာ တည်ရှိပါတယ်။ Medical Device တွေရဲ့ ဒီဇိုင်းကိုတော့ အဓိက အားဖြင့် ဇီဝဆေးပညာ အင်ဂျင်နီယာအဖွဲ့က တာဝန်ယူလေ့ရှိပါတယ်။

Medical Device တွေဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက် များစွာ အကျိုးပြုပါတယ်။ ပတ်တီးစလေးတစ်ခု၊ သွေးပေါင်ချိန်စက်လေးတစ်ခုက စလို့ ဓာတ်မှန်ရိုက်စက်တွေ၊ ခွဲစိတ်ကိရိယာတွေအထိ တိကျမှန်ကန် စိတ်ချရတဲ့ ရလဒ်တွေကို ပေးစွမ်းတာ ဖြစ်လို့ ဆေးရုံဆေးခန်းတွေမှာသာမက အိမ်မှာအထိ မဖြစ်မနေ ရှိထားသင့်တဲ့ အရာတွေ ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူးခဗျာ။

ခုလိုမျိုး အဖက်ဖက်ကနေ အကျိုးပြုပေးနေတဲ့ Medical Device တွေကို ဝယ်ယူလိုတယ်ဆိုရင် ကျွန်တော်တို့ရဲ့ Health Based Supply Medical Co,Ltd မှာ (One stop) ရရှိနိုင်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

n

28/03/2023

နွေရာသီရောက်လာပြီဆိုတော့ အပူရှိန်လွန်ကဲလာခြင်းနှင့်ပတ်သတ်သောအကြောင်းအရာများကို 𝐇𝐞𝐚𝐥𝐭𝐡 𝐁𝐚𝐬𝐞𝐝 𝐒𝐮𝐩𝐩𝐥𝐲 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐨,𝐋𝐭𝐝 မှ ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်ခဗျာ။

Heat stroke(အပူဒဏ်ကြောင့်သတိလစ်ခြင်း)
bodyရဲ့အပူချိန်ဟာအလွန်အကျွံမြင့်မားသည်၊103Fအထက်ရှိနေမည်၊အရေပြားပူပြီးခြောက်သွေ့နေမည်၊ပျို့မယ်အန်မည်၊ခေါင်းမူးခေါင်းကိုက်ခြင်းများလည်းရှိသည်၊သတိလစ်ခြင်းစိတ်ရှုပ်ထွေးခြင်းဖြစ်တတ်ပြီး အသက်သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါတယ်။

Heat Ehausion(အပူဒဏ်​ကြောင့်ပင်ပန်းနွမ်ူနယ်ခြင်း)
ဒီဟာကတော့ချွေးထွက်များပြီးbodyအပူရှန်မြင့်မားမယ်၊ဂနာမညိမ်ဖြစ်မယ်၊ကြွက်တက်ခြင်းနှင့်နုံးခြင်းဖြစ်မယ်၊ရေအလွန်အမင်းဆာမယ်။

Heat Crambs(အပူဒဏ်ကြောင့်ကြွက်တက်ခြင်း)
ဒါကတော့အထူးသဖြင်နေပူထဲတွင်ပြင်းပြင်းထန်ထန်ကိုယ်လက်လှုပ်ရှားမူအလုပ်ကြမ်းလုပ်သူများတွင်​ဖြစ်တတ်ပါတယ်။

Sun Burn(နေပူလောင်ခြင်း)
ဒါကတော့အရေပြားများနီလာပြီး အရေပြားပေါတွင်အရည်ကြည်ဖုများပေါက်လာခြင်း။

Heat Rash(အပူနာ)
ဒါကတော့အနီရောင်အရည်ကြည်ဖုလေးများ(အထူးသဖြင့် လည်ပင်း ရင်ဘတ်ပေါင်ခြံနှင့်တံတောင်ဆစ်)ပေါက်လာတတ်ပါတယ်။

အပူဒဏ်သင့်ပါက ဘယ်လိုပြုစုကြမလဲ?
----------------------------------------------------------
၁.လူနာကိုအေးမြသောနေရာသို့ အရင်ရွှေ့ထားပါ
၂.လူနာရဲ့ခြေရင်းဘက်ကိုမြင့်ထားပြီး ပက်လက်အနေအထားဖြင့်ထားပါ
၃.လူနာရဲ့အဝတ်အစားများကိုချွတ်ပါ
၄.လူနာရဲ့လည်ပင်း ချိုင်းနှစ်ဖက် ပေါင်ခြံနှစ်ဖက်တို့ကို ရေဖတ်ဖြင့်တိုက်ပါ
၅.လူနာသတိကောင်းစွာရပါက ရေအေးအေး ဒါမှမဟုတ်ဓာတ်ဆားရေတိုက်ပါ

နေပူချိန်ပြင်းလာလျှင်သတိပြုရန်ဆောင်ရန်!!
---------------------------------------------------------------
၁.အရိပ်ရ၍ အေးမြသောနေရာတွင်နေပါ
၂.အရောင်ဖျော့ဖျေ ာ့ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ
၃.ထီးဦးထုပ်နေကာမျက်မှန်တို့ကို နေပူထဲသွားတိုင်းဆောင်ပါ
၄.ရေများများသောက်ပါ

နေပြင်းလာလျှင်သတိပြုရန်ရှောင်ရန်!!
-------------------------------------------------------
၁.နံနက်၁နာနီရီမှ ညနေငါးနာရီအတွင်းနေရောင်ချည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းရှောင်ပါ
၂.ပူပြင်းသောနေရောင်အောက်တွင် အလုပ်လုပ်ခြင်းကိုယ်လက်ပြင်းထန်စွာလှုပ်ရှားခြင်းကိုတတ်နိုင်သလောက်ရှောင်ပါ
၃.နေပူထဲမှပြန်လာလျှ င်ချက်ချင်းရေချိုးခြင်းကိုရှောင်ပါ
၄.နေပူထဲမှပြန်လာလျှင် အလွန်းအေးသောအအေးများ ရေများသောက်ခြင်းရှောင်ပါ
၅.ပူပြင်း​သောနေရာမှ အေးသောနေရာသို့ ချက်ချင်းဝင်ထွက်ခြင်းမှရှောင်ပါ.

CRD

03/11/2022

𝐇𝐞𝐚𝐥𝐭𝐡 𝐁𝐚𝐬𝐞𝐝 𝐒𝐮𝐩𝐩𝐥𝐲 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐨,𝐋𝐭𝐝 ဆိုတာဘာလဲ?

ကျန်းမာရေးဆေးစစ်ချက် အထောက်အကူပြု ကိရိယာတွေကို တစ်နေရာထဲမှာ စုံလင်စွာနဲ့ ဝယ်ယူနိုင်မယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။

1️⃣ ဆေးရုံဆေးခန်းသုံးပစ္စည်းတွေ ဖြစ်တဲ့အတွက် ဒီလိုမျိုး ကျန်းမာရေးစစ်ဆေးချက်တွေအတွက် လွန်စွာ အရေးကြီးတဲ့ ပစ္စည်းတွေကို ဝယ်ယူရာမှာ မှန်ကန်တိကျပြီး စိတ်ချယုံကြည်မှုရှိရဖို့က နံပါတ် ၁ ဦးစားပေးအနေနဲ့ ထည့်သွင်း စဉ်းစားသင့်ပါတယ်။

2️⃣ ဒါတွေအပြင် အရည်အသွေးကောင်းဖို့၊ အာမခံချက်ရှိဖို့ကလည်း မဖြစ်မနေ လိုအပ်တဲ့ အချက်ပါပဲ

ဒီလိုမျိုး လိုအပ်ချက်တွေအကုန်လုံး ပြီးပြည့်စုံတဲ့ Medical Devices တွေကို Health Based Supply Medical Co,Ltd မှာ စျေးနှုန်းမှန်ကန်ချိုသာစွာနဲ့ ရယူနိုင်ပါပြီနော်.. အခုလို အရာရာစျေးတက်နေတဲ့ ခေတ်ကာလထဲမှာတောင် လုံးဝ စျေးမတက်ထားပဲ သင့်တင့်ကောင်းမွန်စွာဖြင့် ရောင်းချပေးနေပါတယ်။

ဒါတွေတင် မကသေးပါဘူးနော်.. အကောင်းဆုံးထဲက အကောင်းဆုံး ဝန်ဆောင်မှုတစ်ခုလည်း ရှိနေပါသေးတယ်.. အဲဒါကတော့ "After Sale Service" ပါပဲ.. ဝယ်ယူပြီးသွားတဲ့ စက်ပစ္စည်းတွေအတွက် Warranty ကာလအတွင်း အကောင်းဆုံးသော ဝန်ဆောင်မှုတွေနဲ့အတူ Maintainance လုပ်ပေးသွားမှာပါနော်..✔️

ဆေးရုံ ဆေးခန်းတွေအတွက်လား❓
အိမ်သုံးဖို့အတွက်လား❓

သင်နဲ့ သင့်မိသားစု၊ သင့်စီပွားရေးလုပ်ငန်းတွေအတွက် အကောင်းမွန်ဆုံးသော အထောက်အပံ့များကို Zoncare အမှတ်တံဆိပ် Medical Devices တွေနဲ့အတူ စေတနာထက်သန်စွာဖြင့် ဖြည့်ဆည်းပေးပါရစေ..😇

Health Based Supply Medical Co,Ltd မှာ ရရှိနိုင်တဲ့ Medical Devices တွေကိုတော့ အောက်တွင် Links များနှင့်တစ်ကွ အသေးစိတ်ဝင်ရောက်လေ့လာဖတ်ရှု့နိုင်အောင် ဖော်ပြပေးထားပါတယ်။

🔺 3 Channel Electrocardiogram (ECG - U30)
Product Warranty - (1) Year
Price - 1050000 MMk
[ https://bit.ly/3uHp4Ab ]

🔺 Channel Electrocardiogram U60 (Tablet ECG Machine)
Product Warranty - (1) Year
Price - 1950000 MMK
[ https://bit.ly/3tV345y ]

🔺 Patient Monitor (PM - 7000D)
Product Warranty - (1) Year
Price - 1850000 MMK
[ https://bit.ly/35qjKIZ ]

🔺 i50 - Full Digital B/W Ultrasound Machine
Product Warranty - (1) Year
Price - 4990 $ (USD)
[ https://bit.ly/3Du0I0L ]
[ https://bit.ly/3DrGyof ]

💯 Zoncare မှ ထုတ်လုပ်ပြီး Health Based Supply Medical Co,Ltd မှ တင်သွင်းရောင်းချသော Product များကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းများအတွက် စိတ်ကျေနပ်မှု အဆင်ပြေမှုများ ရရှိနိုင်မယ်လို့ HBS Co,Ltd မိသားစုများမှ အပြည့်အဝ ယုံကြည်ပါတယ်။

🛒 သဘောကျနှစ်သက်၍ မှာယူဝယ်ယူချင်၍ ဖြစ်စေ၊ Devices များနှင့်ပက်သက်၍ အသေးစိတ်သိရှိလို၍ ဖြစ်စေ ဖုန်းနံပါတ် [ 09-405056182 ] ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူနိုင်သလို [ Page Chat Box ] ကနေတစ်ဆင့်လည်း စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။

🙏 မိဘပြည်သူ လုပ်ငန်းရှင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 🙏

01/11/2022

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ..🩸

သွေးတိုးရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါများ ဖြစ်ခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ်လေ့ ရှိကြပါတယ်။☠️

👉အပေါ်သွေးပေါင်ချိန် ၁၄၀နှင့်အထက် (သို့မဟုတ်) အောက်သွေးပေါင်ချိန် ၉၀နှင့်အထက် ရှိရင် သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။

🔺သွေးတိုးရောဂါရဲ့ ဖြစ်ရခြင်းရဲ့ ယေဘုယျအကြောင်းရင်းများ

🔹ကျောက်ကပ်ရောဂါရှိခြင်း
🔹ကျောက်ကပ်သွေးကြောကျဉ်းရောဂါရှိခြင်း
🔹သွေးကြောမကြီးရောဂါရှိခြင်း
🔹သိုင်းရွိုက်ဟော်မုန်း အထွက်လွန်ရောဂါရှိခြင်း
🔹ကိုယ်ဝန်ဆောင်ခြင်း
🔹သွေးတိုးစေသောဆေးများ သုံးစွဲနေခြင်း
🔹အရက်သောက်သုံးခြင်း

🔺သွေးတိုးရောဂါရှိသူများရဲ့ လက္ခဏာများ

🔹ခေါင်းကိုက်ခြင်း
🔹ဇက်ကြောတက်ခြင်း
🔹မူးဝေခြင်း
🔹အသက်ရှူ မြန်လာခြင်း
🔹အမြင် ဝေဝါးလာခြင်း
🔹ရင်ဘတ်အောင့်ခြင်း
🔹မျက်နှာ ယောင်အမ်း လာခြင်း

ဒါပေမယ့်လည်း သွေးတိုးရောဂါရှိသူများရဲ့ သုံးပုံတစ်ပုံခန့်ဟာ မိမိမှာ သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်။ များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်။

🔺သွေးတိုးရောဂါကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းများ

🔹အဝမလွန်အောင် ထိန်းခြင်း
🔹လမ်းမြန်မြန် လျှောက်ခြင်း
🔹စက်ဘီးစီးခြင်း
🔹ရေကူးခြင်း
🔹သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ စားသုံးခြင်း
🔹အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို စားသုံးခြင်း
🔹ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးခြင်း
🔹ငါးများ၊ အဆီမပါသော အသားများကို စားသုံးခြင်း
🔹ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ခြင်း
🔹အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
🔹ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲခြင်း

🔺သွေးပေါင်တိုင်းခြင်း

သွေးပေါင်ချိန်တိုင်းတဲ့အခါ တပတ်ကို ၃ ရက် မှ ၇ ရက်အထိ တိုင်းတာနိုင်ပါတယ်။ မနက် နဲ့ ညနေ တနေ့ကို ၂ကြိမ် ဆေးမသောက်မီ တိုင်းရပါတယ်။ တိုင်းတာသည့်အခါတိုင်းမှာ ၅ မိနစ်နားပြီးရင် တစ်မိနစ်ခြား ၂ ကြိမ်တိုင်းပြီး မှတ်သားထားရပါမယ်။

🏠 စကားမစပ် ဆေးရုံ ဆေးခန်းသုံး Medical Devices တွေကို စျေးသက်သက်သာသာနှင့် စုံစုံလင်လင် ဝယ်ယူလိုတယ်ဆိုရင် Health Based Supply Medical Co,Ltd မှာ One stop ရရှိနိုင်တယ်ဆိုတဲ့အကြောင်လေးကိုလည်း ကြားဖြတ် သတင်းကောင်းပါးလိုက်ပါတယ်။


#သွေးတိုး #သွေးတိုးရောဂါ

28/10/2022

🚨 နှလုံးစွမ်းရည် ကျလာပြီဆိုရင် 🚨

လက်မောင်းကြွက်သားနာကျင်ခြင်း
-----------------------------------------------
အမျိုးသား,အမျိုးသမီးနှလုံးစနစ်တကျ အလုပ်မလုပ်တဲ့အခါ တံတောင်ဆစ်နေရာတစ်ဝိုက်နာကြင်မှု့ခံစားရတတ်ပြီးများသောအားဖြင့် ဘယ်ဘက်လက်မောင်းနာကျင်တတ်ပါတယ်
ဘာကြောင့်ဆိုတော့ နှလုံးဟာခန္ဓာကိုယ်အတွင်းမှအစိတ်အပိုင်းတော်တော်များများနဲ့ချိတ်ဆက်ထားလို့ပါ

ချောင်းဆိုးတဲ့အခါသွေးပါခြင်း
-----------------------------------------
သလိပ်ခတ်လို့သွေးပါလာတာမျိုးမဟုတ်ဘဲချောင်းဆိုးတဲ့အခါသွေးပါလာခြင်းဟာ နှလုံးသွေးကြောဆိုင်ရာလက္ခဏာဖြစ်ဖို့ဦးတည်နေတာပဲဖြစ်ပါတယ်

ခြေထောက်,ခြေဆစ်,ခြေချောင်းရောင်ရမ်းခြင်း
---------------------------------------------------------------
နှလုံးဝန်းကျင်ရှိ တစ်သျူးများကောင်းကောင်းအလုပ်မလုပ်တဲ့အခါ သွေးယိုဆင်းမှု့ဖြစ်စေပြီး ခြေထောက်,ခြေချောင်းတွေရောင်းရမ်းခြင်းကိုဖြစ်ပေါ်စေပါတယ်

အစာစားချင်စိတ်မရှိဘဲပျို့အန်ခြင်း
----------------------------------------------------
နှလုံးရောဂါခံစားနေရတဲ့ ဝေဒနာရှင်များဟာအစာသိပ်မစားနိူင်သည့်ပြင်ပျို့အန်ခြင်းစတဲ့ လကခဏာများလည်းဖြင့်တတ်ပါတယ်

ပုံမှန်မဟုတ်ဘဲစိုးရိမ်စိတ်လွန်ကဲခြင်း
-------------------------------------------------
အစွန်းရောက်စိုးရိမ်ပူပန်မှု့တွေနဲ့အမြဲစိတ်ဆင်ရဲ ဒဏ်ခံရတဲ့လူတော်တော်များများဟာ နှလုံးရောဂါခံစားရတတ်ပါတယ်

သတိလစ်ခြင်း
--------------------
နှလုံးသွေးစီးဆင်းမှု့ပိတ်ဆို့တဲ့အခါ သွေးလွှတ် ​​​ကြော(သို့)အဆို့ရှင်ကျဉ်းမြောင်းလာတဲ့အခါ ပိတ်ဆို့မှု့တွေ ဖြစ်ပေါ်ပြီးသတိလစ်ခြင်းကိုဖြစ်စေပါတယ်

အသားအရေဖြူဖတ်ဖြူရော်ဖြစ်ခြင်း
-------------------------------------------------------
နှလုံးရောဂါရဲ့လက္ခဏာတစ်ခုတော့မဟုတ်ပေမယ့် သွေးနီဥဆဲလ်တွေလျော့နည်းသွားတဲ့အခါဖြစ်တတ်ပါတယ်

ဒါကြောင့် နှလုံးကြောင့်လား?သွေးအားနည်းရောဂါလား?ဆိုတာသိရှိဖို့လိုအပ်ပါတယ်

🔖🔖ဒါကြောင့် နှလုံးစနစ်တကျ ပုံမှန်အလုပ်လုပ်နိူင်ဖို့အရေးကြီးပါတယ်🔖🔖

CRD

26/10/2022

Medical Devices တွေဆိုတာ...

💉Medical Device ဆိုတာကတော့ ဆေးပညာပိုင်းဆိုင်ရာတွေအတွက် ရည်ရွယ်ပြီး အသုံးပြုတဲ့ ပစ္စည်းကိရိယာတိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

Medical Device တွေဟာ ၇၀၀၀ ဘီစီကတည်းက တည်ရှိခဲ့တယ်လို့ ယူဆခဲ့ရပါတယ်။ ရှေးဗိသုကာ လက်ရာတွေနဲ့ ရိုမန်ဆေးဝါးဆိုင်ရာ စာပေတွေအရ Medical Device အမျိုးအစား များစွာဟာ ရှေးရောမလူမျိုးတွေ လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။⏳

Medical Device တွေဟာ အသုံးပြုပုံနဲ့ အသုံးပြုရတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားကြပါတယ်။ သိပ်ပြီး အန္တရာယ်မများပဲ ရိုးရှင်းစွာ အသုံးပြုနိုင်တဲ့ သာမိုမီတာတွေ၊ လက်အိတ်တွေက စလို့ အန္တရာယ်များပြီး လုပ်ဆောင်ချက်ရှုပ်ထွေးတဲ့ နှလုံးအစားထိုးစက်အထိ ကျယ်ပြန့်စွာ တည်ရှိပါတယ်။ Medical Device တွေရဲ့ ဒီဇိုင်းကိုတော့ အဓိက အားဖြင့် ဇီဝဆေးပညာ အင်ဂျင်နီယာအဖွဲ့က တာဝန်ယူလေ့ရှိပါတယ်။🧬

🌡Medical Device တွေဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက် များစွာ အကျိုးပြုပါတယ်။ ပတ်တီးစလေးတစ်ခု၊ သွေးပေါင်ချိန်စက်လေးတစ်ခုက စလို့ ဓာတ်မှန်ရိုက်စက်တွေ၊ ခွဲစိတ်ကိရိယာတွေအထိ တိကျမှန်ကန် စိတ်ချရတဲ့ ရလဒ်တွေကို ပေးစွမ်းတာ ဖြစ်လို့ ဆေးရုံဆေးခန်းတွေမှာသာမက အိမ်မှာအထိ မဖြစ်မနေ ရှိထားသင့်တဲ့ အရာတွေ ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့် ဒီလိုမျိုး အဖက်ဖက်ကနေ အကျိုးပြုပေးနေတဲ့ Medical Device တွေကို ဝယ်ယူလိုတယ်ဆိုရင် Health Based Supply Medical Co,Ltd မှာ One stop ရရှိနိုင်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။🌡

n

24/10/2022

❣️ Be Happy Diwali ❣️

October 24 မှာကျရောက်တဲ့ ဒီပါဝလီ (ခေါ်) ဒေဝါလီ ရက်မြတ်အခါသမယလေးမှာ စိတ်ချမ်းသာ ကိုယါကျန်းမာစွာဖြင့် တစ်နေ့တာလုံးကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ကျွန်တော်တို့ရဲ့ Health Based Supply အဖွဲ့သားများက ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခဗျာ။

22/10/2022

နှလုံးကျန်းမာရေးစစ်ဆေးချက်တွေအတွက်⚡️Electrocardiogram (ECG)⚡️က
ဆေးရုံဆေးခန်းတိုင်းရဲ့ မရှိမဖြစ်ပါ

ဒီအတွက် Language (17)မျိုးဖြင့် အသုံးပြုနိုင်တဲ့ အရည်အသွေးကောင်းကောင်း ECG (U30) ကို 1,050,000 Ks တည်းနဲ့ ရရှိနိုင်မယ့် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ဖို့လိုပါတယ်ဗျ။

လွယ်ကူရိုးရှင်းမြန်ဆန်ရမယ်..
တိကျသေချာတဲ့ Result တွေရရှိရမယ်..
Warranty လဲပါရမယ်..
Function စုံလင်ပြီး အရည်သွေးမြင့်တဲ့ 3 Channel ECG (U30) နှလုံးစစ်ဆေးစက်ဟာဆိုရင် ..

♦ Product Warranty (1) Year ပါရှိခြင်း
♦ 5 inches အမြင့်နဲ့စောင်းထားတဲ့ HD LCD Screen မျက်နှာပြင်ကြောင့် ဆန်းသစ်ထူးခြားနေခြင်း
♦ 2200 mAh ကြောင့် 100% အားသွင်းထားလျှင် 3 နာရီခွဲအကြာ အသုံးပြုနိုင်ခြင်း
♦ Sampling အနေဖြင့် Real / Pre / Triggered & Periodic Sampling များ ရနိုင်ခြင်း
♦ Language (17)မျိုးဖြင့် အသုံးပြုနိုင်ခြင်း
♦ Internal Momery အနေဖြင့် ECG File ပေါင်း 1500 / 2000 ဝန်းကျင်အထိကို SD Card / Memory Stick & USB Disk များဖြင့်သိမ်းဆည်းပေးနိုင်ပြီး Print ထုတ်ယူနိုင်ခြင်း
♦ Storage Format ပေါင်းများစွာဖြင့် သိမ်းဆည်းနိုင်ခြင်း
♦ အခြားစက်များနှင့်မတူ တိကျသေချာသော Result ကိုအပြည့်အဝပေးနိုင်ခြင်း
♦ Cable Network / Wireless Network များဖြင့် အသုံးပြုနိုင်ခြင်း
♦ HIS / EMR System များဖြင့် အသုံးပြုနိုင်ခြင်း
♦ 1.3 kg သာရှိသောကြောင့် ကျစ်လစ်ပြီး သယ်ဆောင်ရလွယ်ကူစေခြင်းအပြင် ဆန်းသစ်ထူးခြားကောင်းမွန်သော Functions တွေကြောင့် ဆေးရုံ ဆေးခန်းများအတွက် အလွန်အသုံးတည့်စေမယ့် Device တစ်ခုဖြစ်ကြောင်း Highly Recommendation ပေးပါတယ်။

💥 Zoncare အမှတ်တံဆိပ် ECG (U30) ကို မှာယူ/ဝယ်ယူလို၍ ဖြစ်စေ အသုံးပြုပုံတို့အပြင် အခြားသော သိလိုသမျှတွေကို [Page Messenger] သို့မဟုတ် Hotline No - 09405056182 မှတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းဝယ်ယူနိုင်ပါတယ်။

💥 ဒါ့အပြင် မိတ်ဆွေတို့ကျန်းမာရေးစစ်ဆေးချက်များအတွက် Health Based Supply Medical Co,Ltd မှာဆိုရင် အရည်အသွေးကောင်းမွန်ပြီး တိကျ​သေချာ တဲ့ Medical Devices မျိုးစုံကို ရွေးချယ်စီစစ်ကာ တင်သွင်းရောင်းချတာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ (One Stop) ဝယ်ယူနိုင်ပါတယ်ဆိုတာလေးကို သတင်းကောင်းလေး ထပ်ဆင့်ပါးလိုက်ပါရစေနော်။

🙏 မိဘပြည်သူများ ကျန်းမာကြပါစေ 🙏

19/10/2022

📈 ECG (Electrocardiogram) ဆိုတာကတော့ နှလုံးနဲ့ ပတ်သက်ပြီး တိုင်းတာပေးတဲ့ စက်ကိရိယာတစ်ခု ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ နှလုံးရဲ့ လှုပ်ရှားမှု အခြေအနေကို သိရဖို့အတွက်ခြေလက်များနဲ့ ရင်ဘတ်ကို ကြိုးများနဲ့ ချိတ်ဆက်ကာ စက္ကူပေါ်မှာ အပူဓာတ်ကြောင့်ဖြစ်ပေါ်လာတဲ့ လျှပ်စစ်လှိုင်းတွန့်ပုံတွေကို အဓိပ္ပါယ်ပြန်ဆိုတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ခန္ဓာကိုယ်ကို ခွဲစိတ်ဖို့ မလိုပဲ နှလုံးလှိုင်းများ ဖမ်းယူခြင်းကို ECG လို့ ခေါ်တာ ဖြစ်ပါတယ်။ ✔️

ECG ဆွဲတဲ့အခါ ဘာတွေကို သိနိုင်လဲ❓

🔺နှလုံးခုန်နှုန်းနှင့် နှလုံးစည်းချက်အခြေအနေ
🔺ခန္ဓာကိုယ်အတွင်း နှလုံး၏ တည်ရှိပုံအနေအထား (Horizontal/Vertical heart)
🔺နှလုံးကြွက်သားများ၏ အထူနှင့် နှလုံးအခန်းများ၏ အခြေအနေ
🔺နှလုံးလျှပ်စီးစတင်သောနေရာများနှင့် ပျံ့နှံ့ပုံ
🔺မွေးရာပါနှလုံးရောဂါများ
🔺နှလုံးသွေးကြောထောက်ပံ့မှု မလုံလောက်ခြင်းကြောင့် နှလုံးဒဏ်ဖြစ်ခြင်း (ischemia, infarction)
🔺ဆေးများကြောင့်သော်လည်းကောင်း၊ ဓာတ်ဆားဓာတ်မညီမျှမှုကြောင့်သော်လည်းကောင်း နှလုံးလုပ်ငန်းများ ချို့ယွင်းခြင်း

ဒါတွေတင်သာမက..

🔺အားကစားသမားများကဲ့သို့ ပင်ပန်းသောအလုပ်များလုပ်ရမည့်သူများအတွက် ကြိုတင်စစ်ဆေးနိုင်ခြင်း
🔺စိတ်ကြောင့်ဖြစ်သော ခံစားမှုများအတွက် ပုံမှန်မှုဖြစ်မဖြစ်ကို သက်သေပြနိုင်ခြင်း စတာတွေကို စစ်ဆေးသိရှိနိုင်ပါတယ်

ဘာတွေပြင်ဆင်ထားဖို့လိုလဲ❓

🔰ပုံမှန်အတိုင်း စားသောက်လို့ ရပါတယ်။
🔰ရင်ဘတ်က အဝတ်အစားတွေ ချွတ်ဖို့တော့ လိုပါတယ်။
🔰လက်ဝတ်ရတနာများနဲ့ အခြားဆက်စပ်ပစ္စည်းများကို ချွတ်ထားရပါမယ်။

17/10/2022

i 50 - Full Digital B/W Ultrasound Machine က ဘာလို့ ဆေးရုံဆေးခန်းတွေအတွက် အသင့်‌တော်ဆုံး ဖြစ်နေတာလဲ❓

🔺ပုံရိပ်အရည်အသွေး ကောင်းမွန်တယ်

🔺တိကျမှန်ကန်တဲ့အဖြေထွက်တယ်

🔺Feature တွေ၊ Function တွေ စုံလင်တယ်

🔺စက်ကိုင်တွယ်မယ့် ပညာရှင်များအတွက် အချိန်ကုန် လူပင်ပန်း သက်သာပြီး လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်တယ်

🔺Product Warranty (1) Year ပေးထားတာဖြစ်လို့ အရည်အသွေးနှင့် မှန်ကန်မှုအပိုင်းမှာပါ ယုံကြည်စိတ်ချနိုင်တယ်

‼️ဒါတွေတင်မကသေးပါဘူး.. i 50 Ultrasound Machine ရဲ့ အားသာချက်တွေအနေနဲ့..

1. System Overview
2. Physical Specifications
3. User Interface
4. Control Panel & Functions
5. Imaging Parameters
6. Measurement and Reports
7. System Setup
8. Probe Parameters
9. System Inputs and Outputs
10. Standard Package
11. Optional Accessories
12. Certificates
13. CE Declaration စတာတွေကိုပါ တစ်ပါတည်း ရရှိနိုင်မှာဖြစ်ပါတယ်..

System ပိုင်းအနေနဲ့ဆိုရင်လည်း..

🔺Two Probes (Linear & Convex)
🔺Printing Modules
🔺Built-in Lithium Battery
🔺Original Suitcase တို့ပါ၀င်တာကြောင့် အရည်အသွေးမှာ စိတ်ချယုံကြည်နိုင်ပါတယ်..

🌿 Health Based Supply Medical Co,Ltd မှ တင်သွင်းတဲ့ Zoncare အမှတ်တံဆိပ် i 50 - Full Digital B/W Ultrasound Machine ဟာဆိုရင် ($ 4990) ဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ Medical Devices မျိုးစုံကို ရွေးချယ်စီစစ်ကာ တင်သွင်းရောင်းချပေးနေပါတယ်..

Health Based Supply Co,Ltd မိသားစုများမှ တင်သွင်းဖြန့်ချီလျက်ရှိတဲ့ အကောင်းဆုံး Medical Device တွေကို ၀ယ်ယူလိုတယ်ဆိုရင်တော့..

📱 Contact Number - 09405056182 (သို့မဟုတ်) Page Messenger မှတဆင့် ဆက်သွယ် မှာယူနိုင်ပါတယ်..

14/10/2022

လူနာစောင့်ရှောက်ရေးအတွက် အမှန်အကန် အသုံးဝင်တဲ့
✨ Patient Monitor (PM - 7000D) ✨

လူနာတစ်ဦးရဲ့ တိကျမှန်ကန်တဲ့ ကျန်းမာရေး သင်္ကေတတွေဖြစ်တဲ့ နှလုံးခုန်နှုန်း ၊ သွေးပေါင် ၊ ကိုယ်အပူချိန် ၊ အောက်ဆီဂျင် ၊ အသက်ရှူနှုန်းတွေအပြင် အခြားသော ကျန်းမာရေး လက္ခဏာတွေကို အလွယ်တကူ သိရှိနိုင်ဖို့အတွက် Patient Monitor တွေက မရှိမဖြစ် အရေးပါပါတယ်ရှင်။

အဲ့တာကြောင့် အရည်အသွေး Quality ကောင်းမွန်တဲ့ Patient Monitor ကောင်းကောင်းကိုရှာနေတာဆိုရင် Zoncare အမှတ်တံဆိပ် Multi Parameter Patient Monitor ကို ရွေးချယ်ဖို့ တိုက်တွန်းပါရစေ။

Zoncare အမှတ်တံဆိပ် Multi Parameter Patient Monitor မှာဘာတွေပါလဲဆိုရင်...

💥 Product Warranty (1) Year
💥 Touch Screen System (TFT LCD)
💥 Hight Resolution (800 × 600 Pixels)
💥 12.1 inches Screen
💥 အထောက်အကူပြု Shortcut Keys များ
💥 Nurse Call
💥 ကြီးမားသော Data Storage
💥 Night Mode System
💥 LAN / WiFi / Remote / ANT အသုံး ပြုနိုင်ခြင်း
💥 ECG / NIBP & IBP / SpO2 & EtCO2 / HR & PR / Temp / Resp ပါရှိခြင်း
💥 Seven Display Interface
💥 Wire / Wireless အသုံးပြုနိုင်ခြင်း
💥 စုံလင်သော Alarm မျိုးစုံ ပါရှိခြင်း
💥 အားအပြည့် သွင်းထားလျှင် ၃နာရီ Run နိုင်ခြင်း အပြင်
💥 Function အမျိုးအစားပေါင်းလည်း စုံလင်စွာပါဝင်ပါတယ်ရှင့်။

🤗 စျေးနှုန်းတွေ သူသူငါငါ တက်နေချိန်မှာ စျေးလုံး၀ မပြောင်းလဲပဲ အရင်စျေးဖြစ်တဲ့ (1850000 MMK) တည်းနဲ့သာ ဆက်လက်ရောင်းချပေးလျှက်ရှိပါတယ်။

📱 Hotline No - 09405056182 (or) Chat Box

12/10/2022

🖥 Patient monitor စနစ်ဆိုတာဟာ လူနာရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင်္ကေတတွေကို ပြသပေးတဲ့ ပစ္စည်းစနစ်ဖြစ်ပါတယ်။ Patient monitor စနစ်ကို လူနာရဲ့ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အပူချိန်၊ သွေးတွင်းအောက်ဆီဂျင်စတဲ့ ကျန်းမာရေးအချက်အလက်တွေကို တိုင်းတာပြီး ဖော်ထုတ်ပြသတဲ့ နေရာမှာ သုံးပါတယ်။ တီကျပြီး မှန်ကန်ကာ ချက်ချင်းတုံ့ပြန်နိုင်တဲ့ စနစ်ဖြစ်ကြောင့် လူနာစောင့်ရှောက်ရေးမှာ တကယ်ကို အသုံးဝင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

Patient monitor ကို ဘယ်လိုဖတ်မလဲ❓

တိုင်းတာတဲ့ ကိရိယာတွေကို လူနာရဲ့ ခန္ဓာကိုယ်မှာချိတ်ဆက်ထားပြီး အချက်အလက်တွေကို Patient monitor မှာ ပြသတဲ့အတွက် စက်မှာပြထားတဲ့ သင်္ကေတတွေကို အလွယ်တကူ ကြည့်ပြီး ဖတ်နိုင်ပါတယ်။ ​ဖတ်ပုံဖတ်နည်းတွေကိုလည်း ဗဟုသုတအနေနဲ့ ဆက်ပြီး ဝေမျှပေးချင်ပါတယ်။✅

🔺နှလုံးခုန်နှုန်း - ပုံမှန်အားဖြင့် ကျန်းမာတဲ့အရွယ်ရောက်ပြီး သူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ်ရေ ၆၀ ကနေ ၁၀၀ အတွင်းပဲ ရှိသင့်ပါတယ်။

🔺သွေးပေါင် - သွေးပေါင်ဟာ အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိရင် ပုံမှန်အနေအထားလို့ ပြောနိုင်ပါတယ်။

🔺ကိုယ်အပူချိန် - ကိုယ်အပူချိန်တွေကိုတော့ ဖာရင်ဟိုက်နဲ့သော်လည်းကောင်း၊ ဒီဂရီ ဆဲဆီးယပ်စ်နှင့်သော်လည်းကောင်း ပြသလေ့ရှိကြပါတယ်။ ဒါကြောင့် ၉၈ ဒီဂရီဖာရင်ဟိုက်အောက်လောက်ဆိုရင် ပုံမှန်အနေအထားလို့ ပြောနိုင်ပါတယ်။

🔺အောက်ဆီဂျင် - လူနာရဲ့ သွေးတွင်း အောက်ဆီဂျင်ဟာ ၉၅ နှင့် အထက်လောက်ဆိုရင် ပုံမှန် ဖြစ်ပါတယ်။

🔺အသက်ရှူနှုန်း - အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်မိနစ်ကို ၁၂ ကြိမ်ကနေ ၁၆ ကြိမ် ရှိသင့်ပါတယ်။

- 09-405056182

11/10/2022

သန်လျင်မြို့နယ်မှ ECG (3channel) 2လုံးအား ယုံကြည်စိတ်ချစွာဖြင့် အား​ပေးသွား​သော Polyclinic မှ ဆရာတစ်ဦးချင်းစီတိုင်းကို ​ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

ဆေးရုံ ဆေးခန်းသုံး ကျန်းမာရေးစစ်ဆေးခြင်း အထောက်အကူပြု ပစ္စည်းများလိုအပ်တယ်ဆိုရင် HBS မှာ One Stop Service အနေနဲ့ စုံစုံလင်လင် အဆင်ပြေပြေ ဝယ်ယူနိုင်ပါတယ်နော်။

စျေးတွေကိုလည်း အခုအတိုင်းပဲ ဆက်လက်ရောင်းချသွားနိုင်အောင် ကြိုးစားပေးနေပါတယ်ရှင်။

n

08/10/2022

🌕 ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယလေးမှာ မိဘပြည်သူအပေါင်း ပျောါရွှင်ကျန်းမာကြပါစေကြောင်း ကျွန်တော်တို့ Health Based Supply မှ ဆုတောင်း မေတ္တာ ပို့သလိုက်ရပါတယ်ခဗျာ။

05/10/2022

🔰Ultrasound အကြောင်း တစေ့တစောင်း🔰

=======================

Ultrasound ဆိုကတော့ လူကြားနိုင်တဲ့ အသံလှိုင်းထက် အနည်းငယ်မြင့်တဲ့ အသံလှိုင်းတစ်မျိုး ဖြစ်ပါတယ်။ 🔊

Ultrasound ကို နယ်ပယ်အသီးသီးမှာ အသုံးပြုကြပြီး အရာဝတ္ထုရှိမရှိ စစ်ဆေးခြင်း၊ အကွာအဝေးတိုင်းထွာခြင်းတို့မှာ သုံးပါတယ်။ Ultrasound ကို ပုံရိပ်တွေဖော်တဲ့ အခါမှာလည်း သုံးပြီး ဆေးပညာဘက်မှာ အများဆုံး သုံးပါတယ်။ စက်မှုနယ်ပယ်မှာ ဆိုရင်လည်း မဖြိုမဖျက်ပဲ စစ်ဆေးခြင်းအတွက်၊ ဓါတုပစ္စည်းများ ရောခြင်း၊ သန့်ခြင်း၊ ဓါတုဖြစ်စဉ်ကိုအရှိန်မြှင့်ခြင်းတို့အတွက် စသည်ဖြင့် အမျိုးမျိုး သုံးပါတယ်။ Ultrasound ကို တိရိစ္ဆာန်တွေမှာလည်း သုံးကြပါတယ်။ လင်းပိုင်နဲ့ လင်းနို့လိုမျိုး တိရစ္ဆာန်တွေဟာ သားကောင်နဲ့ ရှေ့အဆီးအတားတို့ ရှာဖို့ Ultrasound ကို သုံးပါတယ်။ ✔️

=======================

​ဆေးပညာအရ ဘယ်လို အသုံးပြုကြသလဲ❓

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ..
🔺ဗိုက်ထဲက ရင်သွေးလေး ဘယ်နှစ်ပတ်ရှိပြီလဲဆိုတာသိဖို့
🔺ကလေးဖွံ့ဖြိုးမှုကို သိဖို့
🔺ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိဖို့

ရောဂါရှိသူတွေအနေနဲ့..
🔺အသည်းရောဂါ
🔺အူလမ်းကြောင်းဆိုင်ရာရောဂါ
🔺ကျောက်ကပ်ရောဂါ
🔺ဆီးလမ်းကြောင်း နဲ့ မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါတွေကို သိဖို့ အာထရာဆောင်း နဲ့ စမ်းသပ်စစ်ဆေးကြည့်လို့ရပါတယ်။

=======================

ဘယ်လိုအလုပ်လုပ်သလဲ❓

Ultrasound ဟာ ကြိမ်နှုန်းမြင့်တဲ့ အသံလှိုင်းတွေကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းပိုင်းက အစိတ်အပိုင်းတွေကို ပုံရိပ်အဖြစ် မြင်ရအောင် ပုံဖော်ပေးတာ ဖြစ်ပါတယ်။

=======================

ဘာတွေလုပ်မှာလဲ❓

🔺လှဲလျက်အနေအထားရှိနေရပါမယ်။
🔺ရေလိုမျိုး ဂျယ်လ်အဆီတစ်မျိုးကို စစ်ဆေးမယ့် နေရာတစ်ဝိုက်မှာ လိမ်းမှာ ဖြစ်ပါတယ်။
🔺အဲဒီဂျယ်လ်ဟာ အသံလှိုင်းတွေ ကူးပြောင်းဖို့အတွက် ကူညီပေးမှာ ဖြစ်ပါတယ်။
🔺လက်ကိုင်ပါဝင်တဲ့ ကိရိယာလေးဟာ စစ်ဆေးမယ့် နေရာတစ်ဝိုက်မှာ သွားလာလှုပ်ရှားနေမှာ ဖြစ်ပါတယ်။
🔺ကြိုတင်ပြင်ဆင်မှုကိုတော့ စစ်ဆေးမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မူတည်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။
🔺စိုစွတ်ပြီး အေးမြတဲ့ ခံစားမှုကိုတော့ ရရှိနိုင်ပါတယ်။
🔺ဘေးထွက်ဆိုးကျိုးတော့ ရှိမှာ မဟုတ်ပါဘူး။

04/10/2022

လုံး၀တက်မသွားတဲ့ စျေးနှုန်းလေးတွေနဲ့ ရောင်းချပေးရင်း 🙏🏻 ကျေးဇူးဆပ်ခွင့်ပြုပါရှင် 🙏🏻

✨ ဝယ်လိုအားတွေ အရမ်းကောင်းလွန်းပြီး Stock တွေပြတ်သွားတဲ့အထိ ရောင်းရခဲ့တဲ့ HBS က တင်သွင်းသော ကျန်းမာရေးစစ်ဆေးချက် အထောက်အကူပြု ပစ္စည်းတွေပြန်ဝင်လာပြီး စျေးလုံး၀ (လုံး၀) မတက်ပဲ အရင်စျေးတွေအတိုင်း အဆင်ပြေပြေ ပြန်လည်ဝယ်ယူနိုင်ပါပြီရှင့်...

✨ ညီမတို့ Company မှ အစဉ်အမြဲ ယုံကြည်စွာ ဝယ်ယူခဲ့ကြတဲ့ လုပ်ငန်းရှင်များ ၊ ဆရာ ဆရာမများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူး တင်ရှိပါတယ်နော်...

✨ အစဉ်အားပေးနေကြတဲ့ ညီမတို့ရဲ့ Customers များရဲ့ တောင်းဆိုချက်တွေကြောင့် တစ်နေ့တစ်ခြား တစိရိပ်ရိပ်တက်နေတဲ့ စျေးနှုန်းတွေကြားမှာ ပစ္စည်းတွေကို ယနေ့တိုင် စျေးလုံး၀ မတက်ပဲ အရင်စျေးတွေအတိုင်းသာ ပြန်လည်တင်သွင်း ရောင်းချနိုင်ဖို့ကို ညီမတို့တွေ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာပါ...

💛 မိဘပြည်သူတို့ အဆင်ပြေစေဖို့က ညီမတို့ရဲ့ First Priority ပဲဖြစ်ပါတယ်ရှင်...

Health Based Supply မှ ရရှိနိုင်တဲ့ Products နှင့် စျေးနှုန်းလေးတွေကို ဖော်ပြပါ Link
( shorturl.at/dklOV ) ကနေ တစ်ဆင့် အသေးစိတ် ဝင်ရောက်ကြည့်ရှု့နိုင်ပြီး မှာယူမေးမြန်းလိုပါက ဖုန်းနံပါတ် 09-405056182 ကို တိုက်ရိုက်ဆက်သွယ်နိုင်သလို Page Chat Box ကနေလည်း မေးမြန်းစုံစမ်း ဝယ်ယူနိုင်ပါတယ်ရှင်...

✅ 3 Channel Electrocardiogram (ECG - U30) ✅
Price - 1050000 MMk
✅6 Channel Electrocardiogram U60 (Tablet ECG Machine) ✅
Price - 1950000 MMK
✅ Patient Monitor (PM - 7000D) ✅
Price - 1850000 MMK
✅ i50 - Full Digital B/W Ultrasound Machine ✅
Price - 4990 $ (USD)

Videos (show all)

ဆေးရုံ ဆေးခန်းတိုင်းအတွက် အသုံးတည့်စေမည့်✅ Patient Monitor (PM - 7000D) ✅အမျိုးမျိုးသော လူနာများရဲ့ Data များကို သေချာစွ...
ပေါ့ပါးကျစ်လစ်​/တိကျပြီး Quality ပိုင်းမှာပါ စိတ်ချရတဲ့ ♦ U60 (Tablet ECG Machine) ♦တိုးတက်နေတဲ့ ခေတ်နဲ့အညီ  ECG Machine...
🤔 Warranty လဲပါရမယ် တိကျပြီး Function စုံလင်တဲ့ အရည်သွေးမြင့် Electrocardiogram (ECG) ကောင်းကောင်းကို ရှာနေတာလား?💥 ကျန်း...
ကျွန်တော်တို့ HBS Company မှ Covid 19 Vaccine Storage အတွက် လိုအပ်တဲ့ Meling Brand Pharmeceutical Refrigerators နှင့် Lo...
အားလုံးပဲမင်္ဂလာပါရှင်!!ကျွန်မတို့ရဲ့ Health-Based Supply (HBS)မှ ယခုတစ်ခါ ထပ်မံမိတ်ဆက်ပေးသွားမှာကတော့ လူကြီးမင်းတို့၏  ...
အားလုံးပဲမင်္ဂလာပါရှင်!!ကျွန်မတို့ရဲ့ Health-Based Supply (HBS)မှ ယခုတစ်ခါ ထပ်မံမိတ်ဆက်ပေးသွားမှာကတော့ လူကြီးမင်းတို့၏  ...
အောက်စီဂျင်ထွက်နေသံလေး

Telephone

Website