lifeX

lifeX

A lifestyle portal for Myanmar young professionals where we search for new ways of bettering ourselv

11/12/2023

📌 We are Hiring 📌

🔷Position - Junior Graphic Designer (Job Opening)
Job title - Junior Graphic Designer
Working hours - Full Time (9:30 AM - 5:30 PM/ Mon to Fri)
Salary - Negotiate
Job Requirements
- Photoshop, Illustrator ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံအနည်းဆုံး 1 နှစ်အထက်ရှိရမည်။
- Brand Guidelines နှင့်အညီလုပ်ကိုင်နိုင်သူဖြစ်ရမည်။
- Social Media Post Design များကို သေသပ်လှပစွာ ဖန်တီးနိုင်ရမည်။
- ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်ပြီး ပူးပေါင်း ဆောင်ရွက်တတ်ရမည်။
- Deadline နဲ့ အညီ ပြီးမြောက်အောင် လုပ်ကိုင်နိုင်သူ၊ အသင်းအဖွဲ့ကို deadline နဲ့ အညီ လုပ်ကိုင်နိုင်အောင် support နိုင်သူ ဖြစ်ရပါမည်။

🔷Position - Junior Video Editor (Job Opening)
Job title - Junior Video Editor
Working hours - Full Time (9:30 AM - 5:30 PM/ Mon to Fri)
Salary - Negotiate
Job Requirements
- Premiere Pro ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
- After Effect အသင့်တင့် အသုံးပြုနိုင်ရမည်။
- Photoshop အသင့်တင့် အသုံးပြုနိုင်ရမည်။
- Audio Edit လုပ်နိုင်ရမည်။
- Unicode, Zawgyi, Win လက်ကွက်များရိုက်နိုင်ရမည်။
- လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး 1 နှစ်အထက်ရှိရမည်။
- Photography နှင့် Videography အကြောင်း နားလည်ရမည်။
- ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ပူးပေါင်း ဆောင်ရွက်တတ်ရမည်။
- Deadline နဲ့ အညီ ပြီးမြောက်အောင် လုပ်ကိုင်နိုင်သူ၊ အသင်းအဖွဲ့ကို deadline နဲ့ အညီ လုပ်ကိုင်နိုင်အောင် support နိုင်သူ ဖြစ်ရပါမည်။

🔷Position- Junior Project Coordinator (Female/Male - 1post)
Working hours - Full Time (9:30-5:30/ Mon to Fri)
Salary - Negotiate
Job Requirements
- Operation Director, Operation Manager တို့နဲ့ တွဲဖက်လုပ်ကိုင်ရမည် ဖြစ်သည်။
- အသေးစိတ်လုပ်ငန်း အစီအစဥ်များအပြင် Resources, Timeframe နှင့် Budget များကို စနစ်တကျ ပြင်ဆင်ရမည်။
- Admin တာဝန်များဖြစ်သော လုပ်ငန်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများ ထိန်းသိမ်းခြင်း အပါအဝင် အလုပ်နှင့် ပတ်သက်သော Task များကို စနစ်တကျ လုပ်ဆောင်ရပါမည်။
- Freelancer များအပါအဝင် လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းပြီး အချိန်မီ လုပ်ငန်းပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သဖြင့် အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ကာ လူအများနှင့်ကောင်းမွန်စွာ ပေါင်းသင်းနိုင်ရပါမည်။

🔷Position - PAID Internship (Female/Male - 1
posts)
Working hours - Full Time (9:30-5:30/ Mon to Fri)
Salary - Basic Salary+transportation allowance
Job Requirements
- Content Writer တစ်ယောက်အနေနဲ့ Freelance အတွေ့အကြုံရှိသူဖြစ်ရပါမည်။
- Youtube, Google အစရှိတဲ့ appsတွေအသုံးပြုပြီး researchပြုလုပ်ရတာကို နှစ်သက်လျှင် လျှောက်ထားနိုင်ပါသည်။
- Content များကို social media platforms တွေနဲ့ websites တွေပေါ်မှာ စနစ်တကျ format ကျကျရေးသားနိုင်သူဦးစားပေးပါမည်။
-Data Entry ပိုင်းနှင့်ပတ်သတ်ပြီးအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- Written content, Audio content နှင့် Video contentတွေဖန်တီးခြင်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှုရှိရပါမည်။
- လုပ်ငန်းနှင့်ပတ်သတ်သည့် ကိစ္စများကို တက်တက်ကြွကြွ သင်ယူလေ့လာနိုင်စွမ်းရှိရပါမည်။
- teamworkဖြင့်အလုပ် လုပ်ကိုင်နိုင်ရပါမည်။

Other information

- Internship ကာလ ၃ လဖြစ်ပြီး စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။
-Internship ကာလ ၃လအတွင်း Requirements အတိုင်းဆောင်ရွက်နိုင်ပြီး ဖျတ်လတ်စွာလေ့လာသင်ယူနိုင်ပါက ရေရှည်လက်တွဲခွင့်ရမဲ့ အခွင့်အရေးအပြည့်အဝရှိပါသည်။

စိတ်ပါဝင်စားပါက [email protected] သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

Photos from lifeX's post 11/12/2023

ဘဝရဲ့ ကဏ္ဍ အသီးသီးမှာ အပေါင်းအသင်း၊ မိတ်ဆွေတွေ ပေါပေါများများ ပိုင်ဆိုင်ထားရတာဟာ လက်ဆောင်မွန်တစ်ခုပါ။ ဒါပေမဲ့လည်း ကိုယ့်မှာ သူငယ်ချင်း နည်းနည်းပဲ ရှိလို့ အားမငယ်လိုက်ပါနဲ့။ အရေအတွက်ထက် အရည်အသွေးဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား။ ကိုယ် အကူအညီ လိုတဲ့အခါမှာ ကမ်းပေးမယ့် လက်တစ်ဖက် ရှိနေတာဟာ ဘေးနားမှာ လူတွေ အများကြီး ဝိုင်းနေတာ ထက်ပိုပြီး အထောက်အကူ ပြုနိုင်ပါတယ်။ ကိုယ့် အသိုက်အဝန်းလေးနဲ့ ကိုယ်ရှိနေတဲ့အခါ နွေးထွေးလုံခြုံမှုက အလိုလို ရရှိစေမှာ ဖြစ်ပြီး လူများပြီး ပွဲမစည်တာမျိုးကို ရှောင်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ သူငယ်ချင်း နည်းနည်းပဲရှိခြင်းရဲ့ အားသာချက်တွေကတော့ ဒီအချက်တွေပါပဲ။

အခုဖော်ပြပေးခဲ့တဲ့ သူငယ်ချင်းနည်းနည်းပဲရှိခြင်းရဲ့ အားသာချက်များကို Metro Co UK ရဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ Why it's okay if you only have a small group of friends မှ ကိုးကားတင်ဆက်ထားပါတယ်။

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

10/12/2023

လှပတဲ့ချစ်ခြင်းတရားတွေ အန္တရာယ်မများစေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားဖို့လိုမယ်နော်။
လုံခြုံစိတ်အေးရတဲ့ လိင်မှုကိစ္စဖြစ်စေဖို့ ချစ်သူရော ကိုယ်ရော နှစ်ဦးစလုံးအတွက် နည်းလမ်းလေးတချို့ကို lifeX ကနေ တင်ဆက်ပေးထားပါတယ်။

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

07/12/2023

“You cannot escape the responsibility of tomorrow by evading it today.”

"ဒီနေ့မှာ မင်းရဲ့တာဝန်တွေကို ရှောင်လွှဲလိုက်မယ်ဆိုရင်တောင်မှ နက်ဖြန်မှာတော့ ဒီတာဝန်တွေကနေ မင်း လွတ်မြောက်မှာမဟုတ်ဘူး"

📝ဘဝဆိုတာက အမြဲတစ်သတ်မတ်တည်းရှင်သန်နေရတာမဟုတ်ဘဲ အသက်အရွယ်တစ်ခုရောက်လာတာနဲ့အမျှ တာဝန်ဝတ္တရားတွေလဲ တိုးလာပါလိမ့်မယ်။ အလုပ်တာဝန်တွေ မိသားစုတာဝန်တွေကို သင့်တင့်မျှတစွာ စီမံထားမှသာ စိတ်ရော ကိုယ်ရော ကျန်းမာပြီး နေ့ရက်တိုင်း ပျော်ရွှင်မှုတွေနဲ့ ယှဉ်တွဲနေထိုင်နိုင်မှာပါ။

📝မနက်ဖြန်တိုင်းအတွက် ခွန်အားတွေရှိနေဖို့ ဒီနေ့မှာကတည်းက မိမိရဲ့တာဝန်ဝတ္တရားတွေကို အကောင်းဆုံးလုပ်ဆောင်ထားလိုက်ပါ။

ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

06/12/2023

အသံကို အဓိကအခြေခံတဲ့ Audio-based content တွေဟာ ယခုနောက်ပိုင်းမှာ လူကြိုက်များခေတ်စားလာပါတယ်။ ဒီလိုလူကြိုက်များလာစေတဲ့ အကြောင်းကတော့ Audio-based Social Media တွေမှာ အသံကတစ်ဆင့် ကိုယ်နဲ့ ဝါသနာတူ၊ စိတ်ဝင်စားမှုခြင်းတူတဲ့ သူတွေနဲ့ အလွယ်တကူဆက်သွယ်နိုင်တယ်၊ ကိုယ့်ရဲ့အတွေးအမြင်တွေကို လွတ်လွတ်လပ်လပ် မျှဝေဆွေးနွေးနိုင်တယ်၊ ပါဝင်တဲ့အခါမှာလည်း ရုပ်မပါဘဲ အသံချည်းပဲဖြစ်တဲ့အတွက် အများကြီးပြင်ဆင်နေစရာမလိုပါဘူး၊ အကယ်၍ ကိုယ်က နားထောင်သူအနေနဲ့ပဲဆိုရင်လည်း အသံလေးဖွင့်ထားပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်တေွကို လုပ်နေလို့ရတယ်.... စတဲ့အချက်တွေကြောင့်ပါပဲ။

ဒီလို အသုံးပြုသူတွေကော၊ Creator တွေအတွက်ပါ လွယ်ကူအဆင်ပြေတဲ့အတွက်ကြောင့်ပဲ အနာဂတ်မှာ Audio-based Social Media ဟာ ဆက်လက်ပြီး တွင်ကျယ်နေအုံးမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ ဒီနေ့မှာတော့ ၂၀၂၄ ခုနှစ်မှာ Trend ဖြစ်နေအုံးမဲ့ Social Media platform တွေကို မျှဝေပေးချင်ပါတယ်။

(၁) Clubhouse

Clubhouse ဟာ Audio ကို အဓိကအခြေခံတဲ့ ပထမဆုံး Social Media platform တစ်ခုလို့ပြောလို့ရပါတယ်။ Clubhouse မှာဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာများစွာကို သက်ဆိုင်ရာ Rooms တွေအလိုက် ဝင် Join ပြီး Live conversations တွေ၊ Discussions တွေမှာ ဝင်ပြောလို့ရပါတယ်။ အကယ်၍ ကိုယ်က ဝင်မပြောချင်ဘူးဆိုရင်တောင် နားထောင်သူအနေနဲ့ ပါဝင်ရင်း မေးခွန်းတွေ၊ မှတ်ချက်တွေကို အချိန်နဲ့တပြေးညီ ပို့လို့ရပါတယ်။ အဲဒီလို နားထောင်သူတွေနဲ့ Speaker ကြားမှာ အချိန်မခြားဘဲ တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်နိုင်တာကပဲ Clubhouse ကို ထူးခြားစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။။

(၂) Twitter Spaces

Twitter (လက်ရှိနာမည် “X”) ရဲ့ Spaces ဆိုတဲ့ Feature ဟာလည်း လာမဲ့ ၂၀၂၄ မှာ ဆက်လက်တွင်ကျယ်နေဖို့ ရှိပါတယ်။ Spaces ကို Clubhouse ရဲ့နောက်မှ ဖန်တီးခဲ့တာဖြစ်ပေမဲ့လည်း သူ့မှာ Clubhouse နဲ့ မတူတဲ့ အားသာချက်တွေလည်း ရှိနေပါတယ်။ ဥပမာအနေနဲ့ Clubhouse မှာ Live conversation တေွကို နားထောင်ဖို့ Room တွေကို လိုက်ရှာပြီး Join ရပေမဲ့ Twitter မှာတော့ Click တစ်ချက်နှိပ်လိုက်ရုံနဲ့ ပါဝင်လို့ရပါတယ်။ ဒါ့အပြင် Twitter မှာ Follow မလုပ်ထားတဲ့သူတွေလည်း ဝင်နားထောင်လို့ရတဲ့အတွက် Live discussion တွေကတစ်ဆင့် Audience အသစ်တွေရလာနိုင်ပြီး Clubhouse ထက် Reach က ပိုများနိုင်ပါတယ်။

(၃) Discord Stage Channels

Gamers တွေအတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ Discord ဟာ ယခုဆိုရင် Game Stream ဖို့ သပ်သပ်တင်မဟုတ်တော့ဘဲ ကမ္ဘာပေါ်မှာရှိတဲ့ ဝါသနာတူတွေအချင်းချင်း စိတ်ဝင်စားမှုတွေ ဖလှယ်လို့ရတဲ့ နေရာတစ်ခုဖြစ်လို့လာပါပြီ။ Discord မှာဆိုရင် ကိုယ်ဝါသနာပါတဲ့ သက်ဆိုင်ရာ Server တွေကို Join ပြီး Discord Stage Channel တွေမှာ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးတာ၊ ကိုယ့်ရဲ့စိတ်ကူးအကြံဉာဏ်တွေကို မျှဝေတာ၊ သူငယ်ချင်းတွေစုပြီးစကားပြောတာတွေ လုပ်လို့ရပါတယ်။

ဒါကတော့.... 2024 မှာတွင်ကျယ်လာအုံးမဲ့ ‌Audio-Based Social Media အကြောင်းကို ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။ သင်ကော..... ‌Audio-Based Social Media မှာ ဘယ် Platform တွေကို အများဆုံးအသုံးပြုဖြစ်ပါလဲ? ဘယ် Platform တွေကို အကြိုက်ဆုံးလဲ? ဆိုတာ မျှဝေပေးသွားပါအုံးနော်....။

—------------------------------------------------------------------------------------------------------------

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

05/12/2023

၂၀၂၃ မှာရယူခဲ့တဲ့ အောင်မြင်မှုတွေ အသိပညာတွေကို စုစည်းပြီး ၂၀၂၄ အတွက်လည်း အဆင့်သင့်ပဲဆိုရင် နောက်ထပ် ခြေလှမ်းအသစ်တွေအတွက် စာများများဖတ်ဖို့ လိုနေပြီဆိုရင် ဒါမှမဟုတ် စာဖတ်တဲ့အလေ့အကျင့်ကို ပြန်မွေးမြူဖို့ ရည်ရွယ်ထားတယ်ဆိုရင် lifeX ကို လာခဲ့ဖို့လိုပြီနော်။

စာများများ ဖတ်ရင် အသိပညာ ကြွယ်ပြီး အရာရာ ရှေ့ရောက်တယ်။ စွမ်းဆောင်ရည် တိုးတက်လာတယ်။ အရာရာမှာ စမတ်ကြလာတယ်။

ဒါကြောင့် စာများများ ဖတ်ပါ။

စာအုပ်ဖတ်ဖို့ အချိန်မရှိ ဖြစ်နေရင်လည်း lifeXကိုသာ အားကိုးလိုက်ပါ။

lifeXမှာ ဆိုရင် "Live, Learn, Earn" ဆိုတဲ့ ကဏ္ဍ ၃ ခုနဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ကစပြီး စီးပွားရေး၊ လူမှုရေးပါမကျန် အချစ်ရေး၊ နေ့စဉ် အခက်အခဲ အတွေ့အကြုံတွေအထိ ဗဟုသုတ ဖြစ်ဖွယ် အကြောင်းအရာတွေကို အချိန် ၃ မိနစ် ပေးလိုက်ရုံနဲ့ လေ့လာလို့ ရပါပြီ။

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ နေ့စဥ်ဘဝမှာ စမတ်ကျကျ အောင်မြင် ပျော်ရွင်တဲ့ တစ်နှစ်တာကို lifeX နဲ့အတူ ဖန်တီးလိုက်ဖို့ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

Photos from lifeX's post 04/12/2023

မိသားစုတွေနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ လူအင်အားတောင့်တောင့်နဲ့ အုပ်စုလိုက် ပျော်ပျော်ပါးပါး ခရီးထွက်ချင်လာတဲ့အခါ Camping Trip သွားတာက အသင့်တော်ဆုံးပါ။ သဘာ၀တရားကို နီးနီးကပ်ကပ် ခံစားရင်း ချစ်ခင်ရသူတွေနဲ့အတူ ပျော်ပွဲစား ထွက်ရတဲ့အရသာက တကယ့်ကို ဘ၀ရဲ့ နိဗ္ဗာန် ဖြစ်နေမှာပါ။ ဒါပေမဲ့ camping trip ထွက်မယ်ဆိုရင် သာမန် ခရီးသွားတာထက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ဖို့လိုပါတယ်။ အထူးသဖြင့် ပထမဦးဆုံးအကြိမ် camping trip ထွက်တဲ့အခါ ကြိုတင်ပြင်ဆင်သင့်တဲ့ အရာလေးတွေကို ပြောပြပေးသွားပါမယ်။

တစ်ပုံချင်းစီနှိပ်ပြီး အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

30/11/2023

ရက်သတ္တတစ်ပတ်ရဲ့ အနည်းဆုံးငါးရက်လောက်ကို လုပ်ငန်းခွင်ထဲမှာအချိန်ကုန်ကြသူတွေအတွက်တော့
အလုပ်ထဲမှာ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေအလုပ်တွေလုပ်နိုင်ဖို့ဆိုရင် လုပ်ငန်းခွင်အတွင်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့က ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ လူတိုင်းကတော့ ပြီးပြည့်စုံတယ်ဆိုတယ်ဆိုတာ မရှိတာမို့ အဆင်မပြေတာတွေကြုံလာတဲ့အခါ ဘယ်လိုမျိုးဆက်ဆံရေးတွေကို ထိန်းသိမ်းကြမလဲဆိုတာ သိထားသင့်လာပါပြီ။ ဒီနေ့မှာတော့ lifeX ရဲ့ Video ကဏ္ဍမှာတင်ဆက်ပေးခဲ့တဲ့ “ကိုယ် သဘောမကျတဲ့ လူမျိုးနဲ့ ဘယ်လို အလုပ်တွဲလုပ်မလဲ” ဆိုတာကို လေ့လာကြည့်ရအောင်…..

—----------------------------------------------------------------

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

27/11/2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်၊သာမညာဖလ အခါတော်နေ့၊တင်္နလာနေ့မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ကျွန်တော်တို့ lifeX အဖွဲ့သားများမှ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
—---------------------------------------------------------------------------
ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

25/11/2023

စိတ်ဒဏ်ရာတွေကို ထုတ်ပြောခွင့်မရှိတဲ့အခါမျိုးတွေ၊ နားထောင်ပေးမယ့် တစ်စုံတစ်ယောက်မရှိတော့တဲ့ အခါမှာ အထီးကျန်ခြင်းတွေနဲ့တူတူ စိတ်ဓာတ်ကျတဲ့နေ့တွေကို ဖြတ်သန်းရနေပြီဆိုရင် အသံနဲ့ ကုသပေးနိုင်တဲ့ lifeX ရဲ့ Healing with Andrea ကို သတိရစေဖို့ မိတ်ဆက်ပေးလိုက်ရပါတယ်။

lifeX ရဲ့ Podcast Programs တွေနဲ့ဆိုရင် စိတ်ကျန်းမာရေးအတွက်သာမက Career Development၊ Sale and Marketing စတဲ့ နယ်ပယ်စုံအတွက်ပါ တင်ဆက်ပေးနေတာမို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ ၀န်ဆောင်မှုကို အခုပဲရယူလိုက်ပါ။

23/11/2023

အိုင်ဒီယာတွေ အမြဲ သစ်လွင်နေစေဖို့ဆိုရင် အသစ်သစ်သော အကြောင်းအရာတွေ စုဝေးနေတဲ့ Lifestyle portal ဖြစ်တဲ့ lifeXမှာ ၃၉၉ကျပ်တည်းနဲ့ အပတ်စဉ်လေ့လာလိုက်ပါ။

စွမ်းဆောင်ရည်တွေကို ဒိတ်မကုန်စေမဲ့ ခေတ်ရှေ့ပြေးတဲ့ လေ့လာမှုတွေ၊ ရှိပြီးသား Skillတွေ အတွက် အဆင့်မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေကို တင်ဆက်ပေးနေတာမို့ အချိန်နည်းနည်းနဲ့ အပန်းမကြီးတဲ့ လေ့လာမှုတိုင်းအတွက် lifeX ကနေ စတင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

lifeX မှာရှိနေတဲ့ ထူးကဲကွဲပြားတဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်မလဲ?

💭LIVE

ပင်ပန်းလှတဲ့ တစ်နေ့တာအတွက် စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ ဘဝနေထိုင်ရေးနည်းလမ်းကောင်းတွေ၊ မိသားစုတွေ ချစ်ရသူတွေကြား အဆင်ပြေပြေဆက်ဆံနေထိုင်နိုင်မဲ့ Relationships Tips တွေသာမက အသက်ရှင်နေထိုင်မှုအတွက် တစ်ဉီးချင်းစီအပေါ် အကောင်းဆုံး အကြံဉာဏ်တွေပေးဖို့ ရည်ရွယ်ထားတဲ့ ကဏ္ဍတစ်ခုဖြစ်တာကြောင့် နေ့စဉ်အတွက် စိတ်အပန်းပြေစေမှာပါ။

💭LEARN

လုပ်ငန်းခွင်ထဲမှာ ဆရာကျနေစေမဲ့ Workplace Etiquette၊ လူငယ်တွေအတွက် ပေါင်းသင်းဆက်ဆံရေးမှာသာမက နေ့ရက်တိုင်းအတွက် စိတ်အေးချမ်းစေမဲ့ Mindfulness အကြောင်း၊ အလှအပရေးရာအတွက် Personal Grooming၊ Productivity ကောင်းစေဖို့ နေ့စဉ်လုပ်ရမဲ့ အလေ့အကျင့်ကောင်းတွေ၊ ဗဟုသုတတွေ ထပ်ဆောင်းလေ့လာလို့ရမဲ့ Science and Technology၊ သဘာဝပတ်ဝန်းကျင်အကြောင်းတွေပါ တစ်နေရာထဲ ဖတ်ရှုလို့ရမဲ့ ကဏ္ဍပဲဖြစ်ပါတယ်။

💭Earn

ဖတ်ရှုလေ့လာပြီးတာနဲ့ လက်တွေ့အသုံးချနိုင်မဲ့ စီးပွားရေးနယ်ပယ်စုံအတွက် အကြံဉာဏ်ကောင်းတွေများစွာကို တင်ဆက်ပေးနေတဲ့ Earn ကဏ္ဍဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေအတွက် Leadership နဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ Marketing၊ Sale၊Management စတဲ့ ပညာရပ်တွေအတွက် လေ့လာစရာတွေကို ယူဆောင်လာပေးမှာပဲဖြစ်ပါတယ်။

ဉီးနှောက်နဲ့စွမ်းရည်တွေ ဒိတ်ကုန်တယ် ဆိုတာမျိုး မရှိရလေအောင် အခုပဲ lifeX ကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ စတင်ဖတ်ရှုနိုင်ပါပြီ။

21/11/2023

ပိုက်ဆံစုတာရော ရင်းနှီးမြှုပ်နှံတာရောက စီးပွားရေး အကျိုးအမြတ်အတွက် လုပ်ဆောင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ပိုက်ဆံစုဖြစ်ဖို့ ဆိုရင်လည်း ချွေတာဖို့ သိသင့်သလို ရင်းနှီးမြှုပ်နှံဖို့ တွေးထားရင်လည်း ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးအချိန်ကို လေ့လာပြီး သုံးသပ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ပိုက်ဆံစုတဲ့ ကိစ္စနဲ့ ရင်းနှီးမြှုပ်နှံမှု ကြားက အကြောင်းအရာလေးတွေကို သူ့ကဏ္ဍနဲ့သူ ရှင်းလင်း ပြောပြပေးသွားပါမယ်။

ကွာခြားချက်

ပိုက်ဆံစုတာနဲ့ ရင်းနှီးမြှုပ်နှံတာမှာ အကြီးမားဆုံး ကွာခြားချက်ကတော့ စွန့်စားရတဲ့ အဆင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ပိုက်ဆံစုတဲ့အခါမှာ ပမာဏ အနည်းငယ်ပဲ စုဆောင်းမိမယ် ဆိုရင်တောင်မှ ငွေကြေး ဆုံးရှုံးနိုင်လောက်မယ့် အန္တရာယ် များများစားစား မရှိပါဘူး။ ရင်းနှီးမြှုပ်နှံတဲ့ အခါမှာတော့ အကျိုးအမြတ် ကြီးကြီးမားမား ရလိုက်နိုင်ပေမယ့် ဆုံးရှုံးနိုင်တဲ့ အခြေအနေ ကိုလည်း နားလည် သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။

တူညီချက်

ပိုက်ဆံစုတာနဲ့ ရင်းနှီးမြှုပ်နှံတာမှာ တူညီတဲ့ အချက်ကတော့ ရေရှည်မှာ စီးပွားရေး တိုးတက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒီလိုပဲ … ငွေစုတဲ့သူတွေရော ရင်းနှီးမြှုပ်နှံတဲ့ သူတွေ အကုန်လုံးဟာ ငွေစုခြင်းရဲ့ အရေးပါပုံကို နားလည်ကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ကြုံကြိုက်လာနိုင်တဲ့ အရေးပေါ် အခြေအနေတွေ အတွက် အသုံးစရိတ်တွေနဲ့ မထင်မှတ်ထားတဲ့ ကုန်ကျစရိတ်တွေကို ကာမိဖို့ ဘဏ်အကောင့်ထဲမှာ လုံလောက်တဲ့ ငွေပမာဏကို ထားရှိသင့်ပါတယ်။

ပိုက်ဆံစုတာ ပိုကောင်းလား… ရင်းနှီးမြှုပ်နှံတာ ပိုကောင်းလား
ပိုက်ဆံစုခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်း ကိစ္စရပ် နှစ်ခုစလုံးမှာ ငွေကြေးပိုင်းဆိုင်ရာ အစီအစဥ်တွေချထားဖို့ အရေးကြီးပါတယ်။ တိကျသေချာတဲ့ ပန်းတိုင်တစ်ခုရှိထားမှ လုပ်ဆောင်ရာမှာအောင်မြင်မှာ ဖြစ်ပါတယ်။ ဥပမာ - ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်က အငြိမ်းစားယူတဲ့အခါမှာ ငွေကြေးအတွက် စိတ်မပူရဖို့ဆိုရင် အသုံးစရိတ်တွေကို လျှော့ချပြီး ကြိုတင် စုဆောင်းထားခြင်းက ရည်မှန်းချက်ပြည့်အောင် ကူညီပေးနိုင်ချေ ပိုများပါတယ်။ ပိုက်ဆံ ဆုံးရှုံးတာကို မမှုဘဲ ပိုက်ဆံတွေ ဆတိုးပွားချင်တယ်ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိရင်တော့ ရင်းနှီးမြှုပ်နှံခြင်းက ပိုပြီး ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပိုက်ဆံစုတာနဲ့ ရင်းနှီးမြှုပ်နှံခြင်းမှာ ဘယ်အရာက ပိုကောင်းတယ်ဆိုပြီး တစ်ထစ်ချ ပြောလို့တော့မရပါဘူး။

ပိုက်ဆံစုခြင်းရဲ့ အားသာချက်များနှင့် အားနည်းချက်များ
ရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားဘဲ ပိုက်ဆံစုဖို့ အားသန်ခဲ့မယ် ဆိုရင် အားနည်းချက်တွေထက် အားသာချက်က ပိုများပါတယ်။ ပိုက်ဆံစုတဲ့နည်း အများကြီးရှိပါတယ်။ အားသာချက်တွေကတော့
(၁) ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ရှာဖွေထားရတဲ့ ပိုက်ဆံကို စုဆောင်းထားခြင်းဟာ ကိုယ့်ဘဝအတွက် အဖတ်တင်စေမယ့် နည်းလမ်းဖြစ်ပြီး အလဟဿ အလေအလွင့် ဖြစ်အောင် မသုံးမိစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
(၂) ပိုက်ဆံစုတဲ့ နည်းလမ်း အားလုံးလိုလိုဟာ ဆုံးရှုံးနိုင်ချေနည်းတာနဲ့ လုံးဝ ဆုံးရှုံးမှု မရှိတာမျိုးပဲ ရှိပါတယ်။
(၃) ဘဏ်အကောင့်ထဲမှာ ပိုက်ဆံစုထားမယ်ဆိုရင် အတိုးနှုန်းကို တိတိကျကျ သိနိုင်ပါတယ်။
(၄) အရေးတကြီး လိုအပ်တဲ့ ကိစ္စတွေ ကြုံလာတဲ့အခါ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ပါလိမ့်မယ်။

အားနည်းချက်တွေကတော့
(၁) ပိုက်ဆံတိုးတဲ့နှုန်းက ကိုယ်စုနိုင်တဲ့ အပေါ်မှာပဲ မူတည်ပြီး ရင်းနှီးမြှုပ်နှံသလိုမျိုး အများကြီးအကျိုးအမြတ် ရနိုင်တာမျိုး မရှိပါဘူး။
(၂) ငွေကြေးဖောင်းပွမှုဒဏ်ကို ခံရနိုင်ပါတယ်။
(၃) မလိုအပ်တဲ့ နေရာတွေမှာ သုံးလိုက်မိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ပိုက်ဆံစုသင့်လဲ
ပုံမှန်ဝင်ငွေလည်း ရှိမယ်၊ လက်ထဲမှာလည်း ငွေအနည်းငယ် ရှိနေဦးမယ် ဆိုရင်တော့ စတင်ပြီးစုဆောင်းဖို့ တွေးသင့်ပါတယ်။ ခြောက်လစာ ကုန်ကျမယ့် ကိုယ့်ရဲ့ နေထိုင်မှု စရိတ်တွေကို ကာမိအောင် ပိုက်ဆံစုဆောင်းဖို့ ပန်းတိုင် ချမှတ်သင့်ပါတယ်။ ပိုက်ဆံ စုဆောင်းထားခြင်းဟာ မမျှော်လင့်ထားတဲ့ ငွေကြေးဆိုင်ရာ အရေးပေါ် အခြေအနေတွေ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ၊ သေးသေးမွှားမွှား ကုန်ကျစရိတ်တွေ အတွက်ပါ အဆင်ပြေစေပြီး အလုပ်ဆုံးရှုံးတာမျိုး ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီ့အပြင် ရည်မှန်းချက်တွေဖြစ်တဲ့ အိမ်ဝယ်တာ၊ ကားဝယ်တာ၊ တက္ကသိုလ်စရိတ် ပေးသွင်းတာ၊ မင်္ဂလာပွဲအတွက် ကုန်ကျတာတွေကိုပါ အဆင်ပြေစေပါတယ်။

ရင်းနှီးမြှုပ်နှံမှုကို ရွေးချယ်မယ့်သူတွေ အတွက်

စွန့်စားရတာ ကြိုက်တဲ့သူတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံတာကို ရွေးချယ်မယ်ဆိုရင် အဓိကအားသာချက်အနေနဲ့ ငွေကြေး အရင်းအနှီးကို ဆတိုး တိုးပွားနိုင်တဲ့ ရာခိုင်နှုန်း များပြီး အဓိက အားနည်းချက်ကတော့ ဆုံးရှုံးနိုင်ချေ အန္တရာယ်များပါတယ်။ ဆုံးရှုံးမှုကို ကြိုတင်တွက်ဆ ထားသင့်တယ် ဆိုပေမယ့် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးသေချာ လုပ်ဆောင်မယ် ဆိုရင်တော့ အကျိုးအမြတ် များများစားစား ရနိုင်ပါတယ်။

ငွေ ဘယ်လောက် ရင်းနှီးမြှုပ်နှံသင့်လဲ
ရင်းနှီးမြှုပ်နှံတဲ့ အခါမှာ အရေးပေါ် ရန်ပုံငွေတစ်ခု ထားပြီး လုံလောက်တဲ့ငွေကို မြှုပ်နှံထားသင့်ပါတယ်။ ဒီနေရာမှာ ငွေကြေးဖောင်းပွမှုကိုပါ ထည့်သွင်း စဥ်းစားသင့်ပါတယ်။ ငွေကြေး ဖောင်းပွလာခြင်းဟာ ငွေစုအကောင့်ထဲမှာ ရှိတဲ့ငွေကို အချိန်ကြာလာတာနဲ့အမျှ တန်ဖိုး လျော့ကျစေပါတယ်။ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင်မှာလည်း ဆုံးရှုံးမှုဒဏ်ကိုခံနိုင်ရည်ရှိ/ မရှိ ဆိုတာကိုလည်း ထည့်သွင်း စဥ်းစားသင့်ပါတယ်။

ဘယ်အချိန်မှာ ရင်းနှီးမြှုပ်နှံသင့်လဲ
ပုံမှန် ဝင်ငွေရှိပြီး အရေးပေါ် အသုံးပြုနိုင်မယ့် ငွေလည်း အသင့် ကိုင်ဆောင်ထားတဲ့အပြင် အတိုးနှုန်း မြင့်မားတဲ့ကြွေးမြီတွေ မရှိတော့တဲ့အခါမျိုးမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ဆုံးရှုံးနိုင်ချေရှိသလို ကိုယ် မျှော်မှန်းထားသလောက် ဝင်ငွေ မရတာမျိုးလည်းဖြစ်နိုင်လို့ ကာမိအောင် ငွေကြေး ပုံမှန်ရနိုင်တဲ့ အလုပ်တစ်ခုကို တည်ထောင်ထားမယ် ဆိုရင် အတက်အကျတွေကို သည်းခံနိုင်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

အထက်ပါဆောင်းပါးကို https://www.annuity.org/ ရှိ “Saving vs. Investing” နှင့် https://www.fool.com/ ရှိ “Saving vs. Investing: Which Route Should You Take” မှတစ်ဆင့် ကောက်နုတ်ရေးသားထားပါသည်။

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

18/11/2023

"lifeX Portal မှာ နေ့စဉ်လေ့လာသင်ယူရင်း မိုးပျံပူဖောင်းစီးခွင့်ပါပါဝင်တဲ့ ပုဂံခရီးကို ကံထူးသွားတဲ့ကံထူးရှင်တစ်ဦးနှင့်အတူ ATOM ဖုန်းဘေလ် (10,000ကျပ်) ကံထူးသူတွေကို lifeX ကနေ အထူးဝမ်းသာမိကြောင်း ဂုဏ်ပြုစကားဆိုလိုက်ပါတယ်။

အပတ်စဉ်တိုင်း လေ့လာသင်ယူစရာကို ရွေးချယ်ဖတ်ရှုနိုင်ပြီး Professions တိုင်းအတွက် နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်မဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတာမို့ တစ်နေ့တာရဲ့ အချိန်သုံးမိနစ်လောက်ကို အကျိုးရှိရှိ အနားယူရင်း လေ့လာနိုင်စေဖို့ lifeX ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကံထူးဖို့လေ့လာ လေ့လာရင်းများများကံထူးနိုင်တဲ့ lifeX မှာ လေ့လာနိုင်ဖို့ဆိုရင် ၃၉၉ကျပ်တည်းနဲ့ အပတ်စဉ် ဖတ်ရှုနိုင်ဖို့ အခုပဲ Subscribe လုပ်ပြီး https://bit.ly/lifeX ဝန်ဆောင်မှုကို ရယူလိုက်ပါ။
လေ့လာသင်ယူရင်း ကံစမ်းလို့ရမဲ့ နောက်ထပ်အစီအစဉ်လေးတွေလည်း lifeXမှာရှိနေသေးတာမို့ lifeX pageကိုဖြစ်စေ Like & Subscribeလုပ်ထားပြီးလည်း စောင့်ကြည့်နိုင်ပါတယ်။

16/11/2023

ဒစ်ဂျစ်တယ်ခေတ်မှာ စီးပွားရေးလုပ်ဖို့ပဲဖြစ်ဖြစ် Careerအသစ်စဖို့ပဲဖြစ်ဖြစ် မေ့ထားလို့မရတဲ့ နယ်ပယ်ကတော့ ဒစ်ဂျစ်တယ် မားကတ်တင်းပဲ ဖြစ်ပါတယ်။ လူတွေက တစ်နေ့တာရဲ့ ငါးပုံ သုံးပုံလောက်ကို ဖုန်းနဲ့မခွာလောက်အောင် ကုန်ဆုံးနေကြတော့ ဖုန်းရှိနေရုံ ဒါမှမဟုတ် ကွန်ပျူတာကနေပြီး ကိုယ့်ရဲ့ ထုတ်ကုန်တွေအကြောင်းကို အချိန်နဲ့ တပြေးညီ အသိပေးရောင်းချနေဖို့က စီးပွားရေးသမားတိုင်းရဲ့ နေ့စဉ်ခြေလှမ်းတွေ ဖြစ်နေပါတော့တယ်။

ဆိုရှယ်မီဒီယာကနေ တစ်ဆင့် ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ရောင်းချတယ်ဆိုတာက မျက်နှာချင်းဆိုင်ပြောဆိုရောင်းချတဲ့ မိရိုးဖလာအရောင်းထက်တော့ မလွယ်ကူနိုင်ပေမဲ့ ပြည့်စုံတဲ့ ကျွမ်းကျင်မှုနဲ့ နည်းပညာအကူအညီတွေကို စနစ်တကျ သုံးတတ်မယ်ဆိုရင်တော့ မျက်တောင်တစ်ခတ် စက္ကန့်ပိုင်းတွင်း ကိုယ့်ထုတ်ကုန်အကြောင်းကတော့ လူတွေ စိတ်ထဲကို စွဲထင်နေစေမှာပါ။

အသေးစားစီးပွားရေးလုပ်ငန်းကနေ အကြီးစားလုပ်ငန်းတွေထိ မဖြစ်မနေ အားထားနေရတဲ့ ဒီဂျစ်တယ်မားကတ်တင်း မှာ Career စဖို့ဆိုရင် ဘာတွေသိထားဖို့လိုမလဲ ဆိုတာကို lifeX ကနေ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

Content Creation
----------------

“Heart of modern marketing’’ လို့ပြောရလောက်အောင် လူတွေရဲ့ စိတ်ထဲစွဲမြဲနေဖို့ အဓိကအကျဆုံးကတော့ ‘’Content’’ပါပဲ။ Blog post တွေလား၊ Videoလား စတဲ့ မတူညီတဲ့ နည်းလမ်းတွေကနေ တစ်ဆင့် ထုတ်ကုန်ကို ဖော်ပြဖို့ စတာတွေကို Content လို့ပြောလို့ရပါတယ်။ ကိုယ်တွေရည်ရွယ်ထားတဲ့ ပေးချင်တဲ့ထုတ်ကုန်အကြောင်းအရာတွေကို ဝယ်ယူသူတွေဆီ တိုက်ရိုက်ပို့ပေးဖို့ကတော့ လူတွေ ဘာတွေလိုအပ်နေတာလဲ၊ ဘယ်လိုစဉ်းစားတာလဲစတဲ့ လိုအပ်ချက်တွေကို နားလည်ဖို့လိုပါမယ်။ ကိုယ့်ထုတ်ကုန်ရဲ့အားသာချက်က ဝယ်သူတွေရဲ့လိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပေးမှာလဲ ဆိုတာ ပေါ်လွင်အောင် Content တစ်ခုထဲမှာ ဖော်ပြရမှာမို့ ဒစ်ဂျစ်တယ်မားကတ်တင်း ကိုစဖို့ဆိုရင်တော့ ကောင်းမွန်တဲ့ Content ဖန်တီးဖို့ ကတော့ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်နေပါတယ်။

SEO and SEM
-------------

Search engine optimization (SEO) နဲ့ Search engine marketing (SEM) ကလည်း မေ့ထားလို့မရပြန်ပါဘူး။ အနီးစပ်ဆုံး ဥပမာအနေနဲ့ဆိုရင် Google မှာ Keywords တွေသုံးပြီး မိမိတို့လိုတာတွေကို ရှာနေတဲ့အခါမှာ ကိုယ့်ထုတ်ကုန်ရဲ့ အကြောင်းအရာတွေကို ရှာဖွေသူတွေ မြင်အောင်လုပ်လို့ရတဲ့ Tools တွေလို့ဆိုရမှာပါ။ SEO အကြောင်းကို အလွယ်ကူဆုံးရှင်းပြရရင်တော့ ငွေမကုန်ပဲ keywords တွေကနေတစ်ဆင့် ကိုယ့်ထုတ်ကုန်တွေကို ရှာဖွေသူတွေမြင်အောင် ပေးပို့ပေးတာပါပဲ။ SEO ကို နားလည်စေဖို့ အကောင်းဆုံးဥပမာအနေနဲ့ Pepsi ကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ Home Page မှာ “the official soft drink of the National Football League” လို့ဖော်ပြထားခဲ့တယ်ပေါ့။ Keyword အနေနဲ့ ‘’soft drink’’ လို့ပဲရှာသည်ဖြစ်စေ၊ ‘’National Football League” လို့ပဲရှာသည်ဖြစ်စေ Pepsi ကိုတွေ့ရအောင် ဆွဲဆောင်ထားတာတွေ့ရမှာပါ။ SEM ကတော့ Paid Ads တွေဖြစ်ပြီး သက်ဆိုင်ရာ Search engine results page (SERP) တွေမှာ ads ကို ပြထားပေးအောင် ငွေပေးချေရတာမျိုးပေါ့။ ဉပမာ - Graphics online course လို့ Google မှာ ရိုက်ရှာကြည့်မယ်ဆိုရင် Sponsored ဆိုပြီး Coursera တို့ Udemy က Course တွေကို ထိပ်ဆုံးကနေ တွေ့ရမှာပါ။

Social Media Marketing
----------------------

သဘာဝအတိုင်းလေး ကိုယ်တွေရဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို တစ်နေရာထဲ လွယ်လွယ်ရောင်းချနိုင်တဲ့အထိ ဝယ်ယူသူတွေအတွက်ရော ရောင်းချသူတွေအတွက်ပါ အဆင်ပြေစေမှာကတော့ Social Media ပဲဖြစ်ပါတယ်။ Facebook,Instagram,TikTok စတဲ့ လူသုံးများတဲ့ နေရာတွေကနေတစ်ဆင့် ဝယ်သူတွေနဲ့ တိုက်ရိုက်စကားတွေပြောပြီး ရောင်းချတာက ဝယ်သူရော မိမိတို့ကပါ အချိန်နည်းနည်းလေးအတွင်း ပြောဆိုဆက်ဆံရောင်းချနိုင်နေမှာပါ။ Social Media နဲ့အတူ ပိုအရောင်းသွက်စေမှာကတော့ Trend တွေကနေတစ်ဆင့် Campaigns အမျိုးမျိုးနဲ့ ပြောင်းလဲ ရောင်းချနိုင်တာကတော့ Social Media Marketing ရဲ့ အားသာချက်ပါပဲ။

Email Marketing
---------------

နယ်ပယ်တစ်ခုကိုသာ ဉီးတည်တဲ့ မားကတ်တင်းကမ်ပိန်းတွေ၊ ကိုယ့်Websiteကို subscribe လုပ်ထားတဲ့ လူတွေကိုပဲရည်ရွယ်တဲ့ အကြောင်းအရာတွေကိုဆိုရင်တော့ Email Marketing က အကောင်းဆုံးအဖြေတစ်ခုဖြစ်နေမှာပါ။ ကိုယ့်ရဲ့ထုတ်ကုန်တွေအပေါ် စိတ်ဝင်စားမှုရှိနှင့်ပြီးသားသူတွေ၊ ဝယ်ယူသူအဟောင်းတွေကိုပဲ ကိုယ့်ထုတ်ကုန်တွေနဲ့ ကင်းကွာမသွားအောင် ထုတ်ကုန်အသစ်တွေအကြောင်း၊ loyal customers တွေအတွက် သီးသန့်ပရိုမိုးရှင်းတွေကို အသိပေးဖို့အတွက် အသုံးများပါတယ်။

Data Analytics
--------------

ကိုယ်တွေလုပ်ခဲ့တဲ့ မားကတ်တင်းကမ်ပိန်းရဲ့ Performanceကိုသိချင်ရင်တော့ Data Analyticsကိုပဲ သတိရရမှာပါ။ Data Analytics လုပ်တာက ဝယ်ယူသူတွေရဲ့ Behavioursတွေနဲ့ Feedbacks တွေကို သိစေရုံသာမက ဝယ်သူတွေ အမှန်တကယ်ရှာဖွေနေတဲ့အရာတွေ ကိုယ့်ရဲ့ထုတ်ကုန်က သူတို့လိုချင်တာနဲ့ တကယ်ပဲ ကိုက်ညီရဲ့လား စတာတွေကို နားလည်စေမှာပါ။ ယနေ့ခေတ်မှာတော့ Google Analytics, Google Tag Manager, Google Data Studio တွေကနေပြီးလည်း Data တွေကို လွယ်လွယ်ကူကူ စစ်ဆေးနိုင်နေပါပြီ။

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

14/11/2023

Knock Knock 👀

📌Quiz Time

ဒီနေ့မှာဆိုရင်တော့ lifeX နဲ့တူတူ Quiz လေးဖြေကြည့်လိုက်ရအောင်…

လူငယ်တွေကြားမှာ ခေတ်အစားဆုံးလို့တောင်ပြောလို့ရတဲ့ 16 Personalities ဖြစ်တဲ့ MBTI တွေထဲမှာ တွေရအနည်းဆုံး MBTI ကို ခန့်မှန်းကြည့်ရအောင်…

(Comment မှာအဖြေမှန်ကို ကြည့်ရှုနိုင်ပါတယ်)
—----------------------------------------------------------------------------

အခုလို Quiz လေးတွေဖြေဖို့ရော Professions တိုင်းအတွက် လေ့လာစရာအကြောင်းအရာကောင်းတွေ ဖတ်ရှုဖို့ဆိုရင်တော့ အခုပဲ lifeX portal ကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ စတင်ဖတ်ရှုနိုင်ပါပြီ။

12/11/2023

နေ့လည်စာအလွတ်ခံပြီး အလုပ်လုပ်တာက အလွယ်တကူဒေါသထွက်စေတယ်ဆိုတာ သိပြီးကြပြီလား?

တစ်နေ့တာအတွက် အင်အားတွေစုစည်းဖို့ မနက်စာကိုအလွတ်မခံသင့်သလိုမျိုး အလုပ်မှာ စွမ်းရည်တွေမြင့်မားနေဖို့ အရေးကြီးတာကတော့ နေ့လည်စာပါပဲ။

နေ့လည်စာမစားဘဲ အလုပ်တွေဖိလုပ်မိတဲ့အခါ ဘာအကျိုးဆက်တွေရှိနေမလဲဆိုတာ lifeXရဲ့ Video ကဏ္ဍအတူ လေ့လာလို့ရပါတယ်။

—------------------------------------------------------------------------------
ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ နယ်ပယ်တွေထိ ထိရောက်တဲ့လေ့လာမှုတွေကို တစ်နေရာထဲရနိုင်တဲ့ lifeX portal ကို အခုပဲ Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ စတင်ဖတ်ရှုနိုင်ပါပြီ။

10/11/2023

လေ့လာရင်းကံထူး ကံထူးဖို့ပိုလေ့လာနိုင်တဲ့ lifeXရဲ့ ကံစမ်းမဲအစီအစဉ်တွေမှာ ကံထူးရှင်များစွာထွက်ပေါ်ခဲ့ပြီးပါပြီ။ Learn N’ Win ကံစမ်းမဲအစီအစဉ်မှာဆိုရင် I phone 14 pro winner , I pad mini winner တွေသာမက၊ “lifeX Gold Bar Campaign” မှာလည်း အထူးဆု ရွှေတစ်ကျပ်သားဆုရှင်တစ်ဦး နှင့်အတူ အခြားသောဆုမဲတွေလဲ ကံစမ်းရရှိခဲ့ကြပါသေးတယ်။

တတိယကံစမ်းမဲအစီအစဉ်ဖြစ်တဲ့ "Balloon over Bagan with lifeX" ရဲ့ ကံထူးရှင်ဟာလည်း မကြာခင်မှာ ထွက်ပေါ်လာပါတော့မယ်။ ဒီကံစမ်းမဲအစီအစဉ်မှာတော့ ကံထူးသူတစ်ဦးအပြင် ချစ်ရတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ ချစ်သူ စတဲ့ ခရီးသွားဖော်သူတစ်ဦးနှင့်အတူ နေစားငြိမ်း နှစ်ညအိပ် သုံးရက် ပုဂံခရီး၊ မီးပုံပျံစီးခွင့်ပါ ပါဝင်ပါသေးတယ်။

ဒီအတွက် အပတ်စဉ်တင်ဆက်ပေးနေတဲ့ လေ့လာစရာတွေကို ဖတ်ရှုရင်း Ticket တွေ စုဆောင်းနေရုံပါပဲ။ Quiz လေးတွေပါ ဖြေလေလေ ကံထူးဖို့ အခွင့်အရေးများလေလေမို့ Quiz လေးတွေဖြေနေကြတဲ့ lifeX-ers တွေကတော့ ခြေတစ်လှမ်းအမြဲသာနေတာကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ကနေ စတင်ခဲ့တဲ့ lifeXရဲ့ "Balloon over Bagan with lifeX" Campaign ဟာဆိုရင် နိုဝင်ဘာလ (၁၈)ရက်နေ့မှာ ကံထူးသူတွေဆီ ရောက်လာတော့မှာမို့ ပုဂံခရီးကံထူးသူနှင့်အတူ ဖုန်းဘေလ် ၁၀၀၀၀ကျပ် ကံထူးသူတွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့အတူ စောင့်ကြည့်လိုက်ရအောင်…

ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeX ကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ ၀န်ဆောင်မှုကို အခုပဲရယူလိုက်ပါ။

07/11/2023

စိတ်ရော ကိုယ်ရောကျန်းမာဖို့ lifeX က ဗဟုသုတရဖွယ်အကြောင်းအရာများစွာနှင့်အတူ မိမိကိုယ်ကို ဂရုစိုက်လိုက်ပါ။

မွန်းကျပ်စရာနေ့တွေကနေ ဉီးနှောက်ကို အနားပေးပြီး အာဟာရတွေဖြည့်စွက်ပေးမဲ့ VitaminX 💊

အချိန်အများကြီးပေးစရာမလိုပဲ အချိန်သုံးမိနစ်လောက်နဲ့ ကိုယ်ကြိုက်တဲ့အကြောင်းအရာတွေကို စိတ်ကြိုက်ရွေးချယ် လေ့လာလို့ ရနေပါပြီ။ အချိန်အများကြီးမပေးနိုင်တဲ့အခါ တစ်နေ့ကိုနည်းနည်းစီလေ့လာချင်တဲ့အခါ lifeXကနေ အပတ်စဉ်တင်ဆက်ပေးနေတဲ့ live,learn,earn ဆိုတဲ့ ကဏ္ဍတွေကနေ စုံလင်တဲ့ဆောင်းပါးတွေကို ဖတ်ရှုဖို့ အကြံပြုလိုက်ပါတယ်။

မိမိကိုယ်ကိုအတွက် Careerမှာ အသုံးဝင်မဲ့လေ့လာစရာတွေသာမက ချစ်ရတဲ့သူတွေနဲ့အဆင်ပြေပြေ ဆက်ဆံနေထိုင်ဖို့ အကြောင်းအရာတွေကို တစ်နေရာထဲ လေ့လာဖတ်ရှုဖို့
lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

Photos from lifeX's post 05/11/2023

ကမ္ဘာပေါ်ကနေရာတိုင်းမှာ နေ့ ည အမြဲရှိမနေဘူးဆိုတာ သိပြီးကြပြီလား? ကမ္ဘာပေါ်မှာ ရက်ပေါင်း (၇၀) ကျော်လောက်အထိ ညမရှိတဲ့နေရာတွေရှိပါတယ်။ ဒီနေ့မှာတော့ (၂၄)နာရီ နေမဝင်တဲ့ နိုင်ငံတွေအကြောင်း ပြောပြပေးသွားပါမယ်။တစ်ပုံချင်းစီအောက်မှာ အသေးစိတ်ဆက်လက်ဖတ်ရှုလိုက်ပါ။

---------------------------------------------------------
ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသာမက ကျန်းမာရေး၊လူမှုရေး၊ပညာရေးစတဲ့ လေ့လာသင်ယူစရာတွေ ကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖတ်ရှုနိုင်ဖို့ အခုပဲ lifeXကို Subscribe လုပ်ပြီး https://bit.ly/lifeX ကနေ၀န်ဆောင်မှုကိုအခုပဲရယူလိုက်ပါ။

Videos (show all)

လှပတဲ့ချစ်ခြင်းတရားတွေ အန္တရာယ်မများစေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားဖို့လိုမယ်နော်။လုံခြုံစိတ်အေးရတဲ့ လိင်မှုကိစ္စဖြ...
ရက်သတ္တတစ်ပတ်ရဲ့ အနည်းဆုံးငါးရက်လောက်ကို လုပ်ငန်းခွင်ထဲမှာအချိန်ကုန်ကြသူတွေအတွက်တော့ အလုပ်ထဲမှာ သက်တောင့်သက်သာနဲ့ အဆင်ပြ...
စိတ်ဒဏ်ရာတွေကို ထုတ်ပြောခွင့်မရှိတဲ့အခါမျိုးတွေ၊ နားထောင်ပေးမယ့် တစ်စုံတစ်ယောက်မရှိတော့တဲ့ အခါမှာ အထီးကျန်ခြင်းတွေနဲ့တူတ...
နေ့လည်စာအလွတ်ခံပြီး အလုပ်လုပ်တာက အလွယ်တကူဒေါသထွက်စေတယ်ဆိုတာ သိပြီးကြပြီလား?တစ်နေ့တာအတွက် အင်အားတွေစုစည်းဖို့ မနက်စာကိုအလ...
“အလုပ်များနေတယ်” ဆိုတိုင်း “Productive ဖြစ်တယ်၊အလုပ်တွေအများကြီးပြီးနေတယ်”လို့ ပြောလို့မရတာကို အားလုံးလဲ သိထားပြီးသားဖြစ...
တစ်နေ့တာရဲ့ Energy တွေကို ချွေတာပြီး lifeX မှာလေ့လာလိုက်ပါ။ထိရောက်တဲ့ လေ့လာမှုတိုင်းအတွက် lifeXရဲ့ Videoကဏ္ဍကို မိတ်ဆက်ပ...
လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရင်းနဲ့  ချီးကျူးခံရတာတွေရှိသလို အမှားတွေလုပ်မိတဲ့အခါမှာလည်း ကိုယ့်ရဲ့ အထက်လူကြီးဆီကနေ အဆူခ...
လူငယ်များနှင့် Freelance အလုပ်အကိုင်များ
ဘာအကြောင်းအရာပဲဖြစ်ဖြစ် ဗီဒီယိုပုံစံလေးနဲ့ဆို ပိုပြီး လေ့လာလို့ ကောင်းတယ်၊ နားလည်ရလွယ်ပါတယ် ဆိုတဲ့ young learner တွေ အတွ...
Morning Person Or Evening Person မနက်စောစောထပြီး လန်းလန်းဆန်းဆန်းနဲ့ အလုပ်တွေလုပ်ရတာ သဘောကျလား ?ညဘက် လူခြေတိတ်ချိန် တွေမ...
iphone 14 Pro, ipad Mini တို့ အပါအဝင် အခြားဆုမဲများစွာရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာဖို့ အချိန် တစ်လသာ လိုပါတော့တယ်။ lifeX ...

Telephone