Anty Khaing: Lashio Lotus

Anty Khaing: Lashio Lotus

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Anty Khaing: Lashio Lotus, Garden Center, .

Photos from Anty Khaing: Lashio Lotus's post 03/04/2024

ဗန်ဒါ ရဲ့အလှတရားလေးတွေ💜💜💜

TikTok · antykhaing6 22/03/2024

TikTok · antykhaing6 Check out antykhaing6’s video.

How to grow mini lotus at home, 2 things will determine a beautiful mini lotus pot 20/03/2024

How to grow mini lotus at home, 2 things will determine a beautiful mini lotus pot How to grow mini lotus at home, 2 things will determine a beautiful mini lotus pot. How to grow mini lotus in pot. how to grow mini lotus from tuber. how to ...

18/03/2024

Last year🪷🪷🪷

Photos from Anty Khaing: Lashio Lotus's post 15/03/2024

ရှု့ဒေါင့်အစုံမှ ကြွားချင်း🌺🌺🌺
🥰🥰😂

Photos from Anty Khaing: Lashio Lotus's post 04/03/2024

ဆောင်း 💜 ရိပ်ကို ခို
နွေ💜 ဒဏ်ကိုအန်တု
မိုး💜 နဲ့အပြိုင် လှ ကြတော့မယ်

ပုဒုမ္မာကြာ ဒီအမျိုးလေးတေ
အများကြီးအိုးတေခွဲ စိုက်ထားပါတယ်
အလှလေးများ ကြိုတင်ခံစားနိုင်ကြပါစေ
ဆောင်းကုန်တော့မယ်ဆို ကြာလေးတေပျော်ပီလေ🪷🪷🪷🪷🪷🪷🪷
ပထမ ဆုံးပုံ သူများပုံပါနော်🥰🥰

Photos from Anty Khaing: Lashio Lotus's post 04/03/2024

စုံပလုံစိ🥰🥰🥰🥰🥰

Photos from Anty Khaing: Lashio Lotus's post 02/03/2024

အန်တီခိုင်💚 LASHIO
ဒီဆေးလေးတေရောင်းပါတယ်
250cc .3500
500cc .6500
ကြာပန်းအားအားဆေး တစ်ကဒ် 3500

အိမ်အရောက်ပို့ခ 2000
09258145201
09688597529
09675725214
ဆေးအသုံးပြုပုံ ရေတစ်ဂါလန်
ဆေးပုလင်းအဖုန်းတစ်ဖုန်း⭐⭐⭐

14/02/2024

အလှစိုက်အပင်များတွင် အသုံးများတဲ့ ၁၃-၁၃-၁၃
(၁၃ပတ်လည် ဓာတုမြေဩဇာအကြောင်း)

ရောင်းစျေးလေးကတော့
100gsm-3000ကျပ် /1Kg- 20000ကျပ်

ဒီနေ့စိမ်းလန်းစေမှ ဗဟုသုတရဖွယ် တင်ဆက်ပေးမှာကတော့ ၁၃ ပတ်လည်ဓာတုမြေဩဇာ အားဆေးအကြောင်းပါပဲ🍀

🍀ဘာလို့အသုံးများလဲ ?

၁၃ပတ်လည်ကို indoors outdoors သစ်ခွ၊ပိန်းပန်း၊ရွက်လှ၊ဂမုန်းတွေ အလှပန်းပင်စိုက်ပျိုးရေးတွေမှာအသုံးအလွန်များပါတယ်။၁၃ ပတ်လည်ဟာ အိမ်တွင်းအလှစိုက်နဲ့ ပန်းပင်တွေအတွက် လျှင်မြန်စွာ အာနိသင်ပြတာကြောင့် အသင့်တော်ဆုံးဓာတုမြေဩဇာလို့ပြောလို့ရပါတယ်။

ပထမဦးစွာ စိမ်းလန်းစေမှ တင်ဆက်တဲ့ ဒီလိုအကြောင်းရာလေးတွေကို ပြန်လည်ကူးယူမျှဝေမယ်ဆိုရင် credit လေးပေးစေချင်ပါတယ် မင်မင်တို့အချိန်ပေးပီး မိမိအာဘော်အတိုင်းရေးထားတာကြောင့်ကြိုးစားမှု့လေးကို လေးစားပေးပါဗျ🙏🏻🙏🏻

🍀ဂဏန်းတွေက ဘာကိုဖော်ပြတာလဲ?

၁၃-၁၃-၁၃ ဆိုတဲ့ဂဏန်းတွေကိုရှင်းပြပေးပါမယ်
အပင်တွေကြီးထွားဖို့ဆိုရင် NPK ဆိုတဲ့ဓါတ်၃မျိုး အခြေခံလိုအပ်ပါတယ် ၁၃-၁၃-၁၃ ဆိုတာက

Nitrogen-13 (အတိုကောက်N)
Phosphorus-13 (အတိုကောက်P)
Potassium-13((အတိုကောက်K)

NPK တစ်ခုဆီမှာပါဝင်မှု့နှုန်း 13 ဆိုတာကို 13-13-13 ခေါ်လိုက်တဲ့သဘောပါပဲ
အပင်ရဲ့မြေထဲမှာချို့တဲ့နေတဲ့ NPK ကို ဖြည့်ပေးတဲ့သဘောလို့အလွယ်ကူဆုံးမှတ်ယူပေးပါ၊
ဒီဟာကိုသဘောပေါက်ပီဆိုရင် NPKအကြောင်းဆက်ပါမယ်

NPKဆိုတာကဘာလဲ ဘာအတွက်လဲ?

NPKအကြောင်းကိုလူတိုင်းနာလည်အောင်အကြမ်းဖျင်းရှင်းပြပါမယ်နော်

နိုက်ထရိုက်ဂျင်Nitrogen(N)

အရွက်အညွှန့်၊အကိုင်းအခက်၊အသီးအပွင့် ၊ ဥနဲ့အစေ့၊ အမြစ်နဲ့ပင်စည်တွေကို အားပေးတာဖြစ်ပါတယ် ဥပမာ အရွက်တွေ အကိုင်းခက်တွေစိမ်းစိမ်းစိုစို နဲ့ကြီးကြီးထွားထွား ဖြစ်ရင် Nitrogen ပါတဲ့မြေဩဇာတွေကျွေးရပါတယ်

ဖော့စ်ဖေါရပ်စ် phosphorus (P)

အပွင့်နဲ့အသီးကိုအားပေးစေတယ်။
ဥပမာ အသီးတင်ချင်တာ အပွင့်တွေပွင့်ချင်တာဆို
Phosphorus ပါတဲ့မြေဩဇာတွေကျွေးရပါတယ်

ပိုတက်စီယမ် Potassium (K)

အမြစ်ကိုအားပေးတယ်။ ပင်စည်ဆဲလ်တွေသန်မာစေပါ တယ်။ပင်စည်ကနေ အညွှန့်အရွက်အထိကို မြေသဩဇာပို့ပေးစေပါတယ်။

ဒါတွေနားလည်ပြီးပြီဆိုရင် ၁၃ ပတ်လည်ဓာတုမြေဩဇာက အရွက်အပွင့်အသီးအမြစ် တို့အတွက် အဟာဓါတ်မျှချေပေးနိုင်တဲ့ ဓာတုမြေဩဇာ ဆိုတာသိနားလည်မယ်ထင်ပါတယ် စိမ်းလန်းစေ ကcustomer မရှင်းသေးရင်မေးလို့ရပါတယ်နော်

အသုံးပြုမယ့်နှုန်းထားအကြောင်းဆက်ပါမယ်

Customer များလိုအပ်လျှင်လဲစိမ်းလန်းစေမှ ဝယ်ယူအားပေးနိုင်ပါတယ်😉

🔴13-13-13မျှချေအပင်အားဆေး
NPK Ratioမျှချေပါတာကြောင့်

🔴အပင်ကိုကြီးထွားမှု့မြန်စေခြင်း
🔴အပင်ကိုကျန်းမာစေခြင်း
🔴လျှင်မြန်စွာကြီးထွားစေခြင်း
🔴ပင်စည်အရွက်များကိုစိမ်းစိုကာ ကျန်းမာစေခြင်း
🔴အဖူးအပွင့်အတွက် အထောက်ကူအားပေးခြင်း

အသုံးပြုပုံ🍀

ဆေးတစ်ခါထည့်ထားလျှင် ၃လထိ အာနိသင့်ရှိပါသည်🍀
၆ လက်မအိုးတစ်အိုးလျှင်- လက်ဖက်သားဇွန်း-၁ဇွန်း🍀
၁၂ လက်မအိုးတစ်အိုးလျှင်- လက်ဖက်သားဇွန်း-၂ဇွန်း🍀

၃လလျှင်တစ်ခါထည့်နိုင်ပါသည်။🍀

၄၅ရက်သားအောက်အပင်များတွင်ဆေးပမာဏလျော့ထည့်ရပါမည်

ဓာတုမြေဩဇာ ခနခနအထည့်များတဲ့မြေများဟာ မြေပျက်လွယ်တာကြောင့် အလှစိုက်ပန်းပင်များမှာမြေလဲပေးခြင်းများ နှင့် ဩဂဲနစ်မြေဩဇာများနှင့်ရောသုံးခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။

ထပ်ပီးမေတ္တာရပ်ခံပရစေ စိမ်းလန်းစေမှ တင်ဆက်တဲ့ ဒီလိုအကြောင်းရာလေးတွေကို ပြန်လည်ကူးယူမျှဝေမယ်ဆိုရင် credit လေးပေးစေချင်ပါတယ် မင်မင်တို့အချိန်ပေးပီး မိမိအာဘော်အတိုင်းရေးထားတာကြောင့်ကြိုးစားမှု့လေးကို လေးစားပေးပါဗျ🙏🏻🙏🏻 ပုံတွေကောစာတွေကော မပြောမဆိုပဲယူသုံးတာတွေရှိလို့ပါခင်ဗျ

#13-13-13
#၁၃ပတ်လည်
#13ပတ်လည်
#ဓာတုမြေဩဇာ
#စိမ်းလန်းစေ

16/01/2024

စက်ဖွဲပြာအကြောင်း တစေ့တစောင်း
=========================
၁။ စပါးခွံမှရသော စက်ဖွဲပြာကို ပျိုးပင်
လုပ်ငန်းတွေမှာအများဆုံး အသုံးပြုနေ
သည်ကိုတွေ့ရပါသည်

ဖွဲပြာမှာသုံးတတ်
ပါကအကျိုးရှိသော်လည်း မသုံးတတ်ပါ
ကဘေးဖြစ်တတ်ပါသည်။

၂။ အကြောင်းမှမိမိတို့ဝယ်ယူလာသော
စက်ဖွဲပြာကို ချက်ခြင်းအသုံးပြုပါက အ
ပင်များအတွက် ဆိုးကြိုးကိုဖြစ်ပေါ်စေပါ
သည်

ဖွဲပြာတွင် ကာဘွန်ဒိုင်အောက်ဆိုက်
ဓာတ်များပါဝင်နေလို့ ၄င်းဓာတ်သည် လူ
ကိုအကျိုးမပြုသကဲ့သို့အပင်များအတွက်
လည်း အကျိုးမပြုစေပါ။

၃။ ဝယ်ယူရရှိလာသော ဖွဲပြာတအိတ်
ကိုရှေးဦးစွာရေဇလားကြီးတခုထဲသို့ထည့်
၍ ရေမြုပ်အောင်စိမ်ပြီး မွှေလိုက်ပါက
အမြုတ်များထွက်ရှိလာမည်ကို တွေ့ရပါ
မည်

၄င်းတို့ကိုငှဲ့ထုတ်လိုက်ပြီး ဒုတိယအ
ကြိမ်ပြန်စိမ်ပြီးမွှေပေးပါ အမြုတ်များကို
ငှဲ့ထုတ်လိုက်ပြီး

တတိယအကြိမ်တွက်
EM 200 ml ကိုရေနှင့်အတူထပ်ရော
ထည့်ပြီးမွှေပေးပါ

အဖုံးပိတ်ပြီး အရိပ်ထဲ
တွင် ၂၄ နာရီထားပေးရမည်

ပြည့်ပါက
အပေါ်မှအရည်များကိုသွန်ပစ်ပြီး အပေါ်
မှအမြုပ်များကို လက်ဖြင့်ပွတ်ချေကြည့်
ပါ စေးနေသေးပါက ရေတကြိမ်ထပ်
ဆေးပေးသင့်သည်။

၄။ ရေဆေးပြီးပါကဖွဲပြာကိုလိုအပ်သလို
စို/ခြောက်စိတ်ကြိုက်ထားပြီး မြေဆွေး
စပါးခွံ အုန်းဆံမှုန့်တို့နှင့်ရော၍

စိတ်ချစွာ ပျိုးထုတ်များပြုလုပ် အသုံးပြုနိုင်ပြီ
ဖြစ်ပါသည်ခင်ဗျား......

Credit - Original Uploader

30/12/2023

Lovely💜💜💜

Photos from Anty Khaing: Lashio Lotus's post 27/12/2023

danzing တို့ပျော်မွေ့ရာ ရာသီ
💜💜💜

Photos from Anty Khaing: Lashio Lotus's post 26/12/2023

danzing

Photos from Anty Khaing: Lashio Lotus's post 25/12/2023

အချစ်ဆုံးလေးတေ💜💜💜💜💜

Photos from Anty Khaing: Lashio Lotus's post 23/12/2023

အသည်းကျော်💜 ပဲလှော်

Photos from Anty Khaing: Lashio Lotus's post 23/12/2023

ရှမ်းပြည်ရဲ့ အအေးဒဏ်တေကြောင့်
ပုန်းနေရ ရှာသော ကြာပ်းပင်‌လေး
တေနဲ့ ပွင့်ခဲ့ဖူးသောကိုယ်ပိုင်မှတ်တမ်းလေးတေ💜💜💜
ဆောင်းကုန်ရင်တော့ ဒီအမျိုးလေးတေ
လိုသလောက်ရပါ့မယ်
တခြား တခြားသော အမျိုးတေလည်း
ထတ်စိုက်ထားပါသေးတယ်
ဒီနှစ် အရောင်လေးတေပိုပီးစုံပလုံစိ
ပါမယ်

14/06/2023

နွားချေးနွားလှည်းတစ်စီးစာကိုတိုက်ရိုက်မြေချတဲ့ အာနိသင်ထက် EM နဲ့ နှပ်ပြီးမှ မြေချခြင်းသည် နွားချေး (၃) စီးစာ ရဲ့ အကျိုးအာနိသင်နှင့်ညီမျှသည်

🗨️အသုံးပြုရန်လိုအပ်‌ေသာပစ္စည်း

နွားချေး နွားလှည်း (၁) စီး
ဖွဲနု (၃)ပြည်
အသင့်သုံး EM ၅ဂါလံပုံး (၅)ပုံး
ထုံး အနည်းငယ်
မိုးကာစ

(အကျယ် ၃ ပေ ၆ ပေ
အမြင့် ၃ ပေ ခန့် ရှိသော နွားချေးပုံအား
လုံအောင် အုပ်မိုး နိုင်သည့်
အတိုင်းအတာရှိသော မိုးကာစ)

ပြုလုပ်ပုံအဆင့်ဆင့်

အရိပ်ရသောနေရာတွင်
၃ပေ ၆ပေ နွားချေးပုံအားပုံရန်
💢အောက်ချေတွင် ထုံးအရင်ဖြူးပါ

နွားချေးကို ၆လက်မ ထုအားဖြန့်ခင်းပါ
ဖွဲနု ၄ ဗူးခန့်ဖြူးပါ
ပြီးလျှင် အသင့်သုံး EM ဖျန်းပါ

ထိုကဲ့သို့ နွားချေးဖြန့်လိုက် /ဖွဲနု ဖြူးလိုက်/
EM ဖျန်းလိုက် နှင့်
နွားချေးကုန်သည်ထိ တစ်လွှာပြီးတစ်လွှာပြုလုပ်ပါ
ပြီးလျှင် မိုးကာစ အား လုံခြုံအောင်ဖုန်းအုပ်ပါ

အခြေအနားပတ်ပတ်လည်တွင် တစ်ထွာ/တစ်မိုက် ခန့် ကန်သင်း ဆည်၍ မိုးကာအနားပေါ်တွင် မြေကြီးသားများတင်ပေးပါ ( လေ မလံ စေရန် နှင့်
မိုးရွာခဲ့ပါက အပြင်မှ ရေများအထဲသို့မဝင်စေရန်)

၁၀ရက်ခန့်ကြာလျှင် အဖုံးဖုံးထားသည့်
မိုးကာစအား လှပ်ပါ
နွားချေးပုံအားအခြားတဖက်နေရာသို့ရွှေ့၍အထက်ပါနည်းအတိုင်းပြုလုပ်ပါ
(အောက်‌ေခြတွင်ထုံးဖြူးရန်မ‌ေမ့နှင့်)

အထက်ပါလုပ်နည်းအတိုင်း နွားချေး/ ဖွဲနုနှင့် EMကိုတစ်လွှာပြီး တစ်လွှာပြုလုပ်ပါ

(၃)ကြိမ်ပြုလုပ်ပြီးနှပ်ထားသော နွားချေးကို ၁၀ရက် ခန့်ထားပြီးလျှင် အသုံးပြုလို့ရပါပြီ (စုစုပေါင်းကြာချိန် ၁လခန့် )

‼️EM ၅ဂါလံ (၅) ပုံး သည် ၃ကြိမ်စာလုံးအတွက်အသုံးပြုရမည့်ပမာဏဖြစ်ပါသည်

အကျိုးကျေးဇူးများ
နွားချေး စ ချ တဲ့အသီးပင်မှာ
အပူလောင်ခြင်းမရှိ
ပေါင်းပေါက်မယ့်သန္ဓေကိုဖျက်ပေးတယ်
မြေဆီလွှာကိုမွလာစေတယ်
ပျက်စီးမြေကိုပြုပြင်ပေးတယ်
အပင်အတွက်အကျိုးပြုအဏုဇီဝပိုးတွေ ပွားများစေရန် အထောက်ကူပြုတယ်
‼️ဓာတုမြေဆီများအား ၇၀%
ခြေဖျက်ပေးနိုင်သည်‼️

နွားလှည်းတစ်စီးစာရှိတဲ့နွားချေးကို
EM နှင့်နှပ်ပြီးမှ အသုံးပြုပါက
နွားချေး နွားလှည်း ၃စီးစာ ပမာဏနှင့်ညီမျှသည်

အသင့်သုံး EM ၁လီတာ
တင့်လဲရည် ၁လီတာ
ရေ ၉၈လီတာ
ရော၍ ၃ ရက် ထားပါက အသုံးပြုနိုင်သည့်
EM ဖျော်ရည်ပွားရရှိမည်
တစ်ရက် ၂ကြိမ် မွှေပေးပါ
‼️💢အရိပ်ရသောနေရာတွင်ထားရန်💢‼️

ဦးလှမြင့် (လ/ထ မန်နေဂျာ-ငြိမ်း)
သင်ဆရာ/မြင်ဆရာများနှင့်
စိမ်းစိုရဲ့ပဲ့ကိုင်ရှင် ကျမဖခင် တို့အား
🙏ဂါရဝပြုလျက်🙏

Photos from Anty Khaing: Lashio Lotus's post 14/05/2023
Photos from Snow - သစ်ခွခြံ's post 07/05/2022

ကိုယ်လဲအရမ်းချစ်နေပါတယ်

Videos (show all)

Last  year🪷🪷🪷
Lovely💜💜💜
Lovely💜💜💜

Telephone

Website