Ehein online shopping

Ehein online shopping

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ehein online shopping, Shopping & retail, .

13/11/2020

"ရေတွင်းထဲက ရေကို ဘယ်သူပိုင်သလဲ"
-------------------------

လယ်သမားကြီး ဦးမဲဟာ သူ့ခြံအပြင်နားမှာ သူတူးထားခဲ့တဲ့ ရေတွင်းကို အိမ်နီးချင်းဖြစ်သူ လယ်သမားကြီး ဦးဖြူကို ရောင်းလိုက်တယ်။

နောက်နေ့မနက်ရောက်တော့ ရေတွင်း၀ယ်လိုက်တဲ့ ဦးဖြူဟာ ရေတွင်းထဲက ရေကို ပုံမှာ ကြိုးတတ်ပြီး ခပ်ယူဖို့ လုပ်နေတယ်။ ဦးမဲဟာ အနားကို
ရောက်လာပြီး ဦးဖြူကို ရေခပ်ခွင့်မရှိဘူးလို့ ပြောလိုက်တယ်။ ဦးဖြူက ရေတွင်းကို သူဝယ်ပြီးလို့ သူ့ရေတွင်းဖြစ်နေပြီ။ သူ့ရေတွင်းထဲက ရေကို ဘာကြောင့် ခပ်ခွင့်မရှိတာလဲလို့ ပြန်မေးတော့ ဦးမဲက ခုလို ပြန်ပြောတယ်။

"ငါ ရေတွင်းကိုပဲ ရောင်းလိုက်တာပါ။ တွင်းထဲက ရေကို ရောင်းတာ မဟုတ်ဘူး။ ဒါကြောင့် တွင်းထဲက ရေဟာ ငါပိုင်နေသေးတာဖြစ်လို့ မင်းမှာ ငါ့ရေကို ခပ်ခွင့်မရှိဘူး။

အေး မင်း ရေခပ်ချင်ရင် ငါ့ကို ရေဖိုးပိုက်ဆံပေးရမယ်”
ဦးဖြူလည်း စိတ်ပျက်သွားတယ်။ ဒါပေမဲ့ ဒါဟာ ဦးဖြူက သူ့ကို မတရားအနိုင်ကျင့်လိုက်တာပဲလို့ ထင်တာကြောင့် တရားရုံးမှာ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တိုင်ကြားလိုက်တယ်။

တရားသူကြီးက ဦးမဲကို ရုံးတော်ကို လာဖို့ ဆင့်ခေါ်လိုက်တယ်။ ရုံးတော်ကို ရောက်လာတဲ့ ဦးမဲကို တရားသူကြီးက ခုလို မေးလိုက်တယ်။

"မောင်မင်း ဘာကြောင့် ဦးဖြူကို ရေတွင်းထဲက ရေကို ခပ်ယူခွင့်မပေးရတာလဲ။ မောင်မင်းက သူ့ကို ရေတွင်းကို ရောင်းထားပြီမို့ သူ့ရေတွင်းဖြစ်သွားပြီလေ"

"တရားသူကြီးမင်း ခင်ဗျာ၊ ကျွန်တော်က ရေတွင်းကိုသာ ရောင်းလိုက်တာပါ။ ရေကို ရောင်းတာ မဟုတ်လို့ ကျွန်တော်ပိုင်တဲ့ ရေဖြစ်နေပါတယ်။

ဒါကြောင့် သူ့မှာ ကျွန်တော့်ရေကို ခပ်ယူခွင့်မရှိပါဘူး။ သူ ခပ်ယူချင်ရင် ကျွန်တော့်ကို ရေဖိုးပေးရပါမယ်”

"ရေတွင်းထဲက ရေဟာ မောင်မင်းရဲ့ ရေတွေ မှန်တယ်နော်”
"အသေအချာ မှန်ပါတယ်။ ကျွန်တော်မျိုး ဦးပဲရဲ့ ရေတွေ ဖြစ်ပါတယ် ခင်ဗျာ” လို့ ဦးမဲက ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ဖြေလိုက်ပါတယ်။ တရားသူကြီးက ခုလိုအမိန့်ချလိုက်ပါတယ်။

"ဦးပဲဟာ တရားလို ဦးဖြူကို ရေတွင်းကို ရောင်းပြီးပါပြီ။ ဒါပေမဲ့ သူက ရေတွင်းထဲက ရေတွေကို ရောင်းတာမဟုတ်တဲ့အတွက် တွင်းထဲက ရေဟာ သူ့ရေလို့ပြောပါတယ်။ ဒါကြောင့် ဦးပဲဟာ ဦးဖြူးပိုင်တဲ့ ရေတွင်းထဲမှာ သူ့ရေတွေ ထားတဲ့အတွက် ဦးဖြူကို ရေထိန်းသိမ်းခအဖြစ် တစ်ရက်ကို ကျပ်တစ်သောင်း
တိတိ ပေးလျော်စေ။ ဦးဖြူကို ရေတွင်းရောင်းလိုက်တဲ့
နေ့ကစပြီး ယနေ့အထိ စုစုပေါင်းရက်ကို တွက်ပြီး ချက်ချင်း ပြန်ပေးရမယ်။ အကယ်၍ ဦးမဲဟာ အဲဒီရေထိန်းသိမ်းခကို မပေးချင်ရင် ရေတွင်းထဲက သူ့ရေတွေကို ယနေ့ နေမ၀င်ခင်မှာအပြီးစုပ်ယူထုတ်ပြီး
သူ့အိမ်ဝင်းထဲမှာ သိမ်းထားခွင့်ရှိပါတယ်”

ဦးမဲဟာ သူ့ကိုယ်သူ လည်လှပြီလို့ ထင်နေတာ မှန်ကန်စွာ ဆုံးဖြတ်တတ်တဲ့ တရားသူကြီးကိုတော့ သူ လှည့်စားလို့ မရဘူးဆိုတာကို အခု ကောင်းကောင်း သိလိုက်ပါပြီ။

(လူလိမ်ဆိုတာ အသိဉာဏ်ပြည့်စုံပြီး မှန်ကန်သူနဲ့ တွေ့ရင် ခံရတာပါပဲ။ )

(ဗန်မော်သိန်းဖေ၏မျှဝေလိုသောအတွေးများမှ)

05/11/2020

ရွေးကောက်ပွဲအတွက် အတော်လေးသတိထားရမယ်ကိစ္စပါ

၁ နဲ့ ၄ က
အတော်လေးဆင်တူတယ်

တော်တန်ယုံလူအဖို့
NLD တံဆိပ်နဲ့ မှားနိုင်ပါတယ်...

NLD ရဲ့ အမှတ်တံဆိပ်က
နံပတ် ၁ ဖြစ်ပါတယ်

အလွယ်တကူ ခွဲခြားသိနိုင်အောင်
မှတ်သားထားဖို့က...
NLD ရဲ့အမှတ်တံဆိပ်မှာ
ခွပ်ဒေါင်းရဲ့နှုတ်သီးဟာ ကြယ်ထောင့်ချွန် ၂ ခု ကြားမှာရှိပါတယ်...

ကြယ်ရဲ့ ညာဘက်အောက်ထောင့် အပြင်စွန်းနားမှာ နှုတ်သီးရှိနေရင် NLD မဟုတ်ပါဘူး...
အဲ့ဒါလေးကို ဂရုပြုမှတ်သားထားကြပါ
ရတဲ့နည်းနဲ့. ပုံမှားရိုက်ကြပါလိမ့်မယ်၊။
သေချာအလေးထားကြည့်စေချင်ပါတယ်။

Crd

နီးကပ်လာပီနော် ကိုယ်လို ဇဝေဇဝါမဖြစ်အောင် သေချာကြည့် ထား😍😍

03/11/2020

#ရှေးလူကြီးသူမ_ဆိုရိုးစကားများ 🌟

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။
စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊
မကောင်းပြောလျင်လည်း ချက်ချင်း ၀မ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။
လူသည်လည်း အကျင့်ပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။
ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။
မရှိသောသူကို သူခိုးမခိုး။

(၆) လက်ခြေတို့သည် ၀မ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။
မည်သူကမျှ အလကားခေါ်မကျွေးနိုင်။

(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊
လူတိုင်းသည် အချစ်နှင့် မကင်း။

(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊
မာနကြီးသူသည် စကားကျဲ၏။

(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊
အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊
စကားကြောင့် မုန်းတတ်၏။

(၁၁) မြန်မြန်စားသော် နင်တတ်၏၊
မြန်မြန်ပြေးသော် ချော်လဲတတ်၏။

(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊
အရောင်းအ၀ယ်ပြုလျင် အများတကာကဲ့သို့ စျေးယူရာ၏။

(၁၃) နှုတ်ချိုသော် ပုခုံး သက်သာ၏၊
နှုတ်ချိုသော် ဗိုက်ပြည့်၏။

(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊
ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊
မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊
သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

(၁၇) အတူတကွ ဝိုင်း၀န်းစားမှ အရသာမြိန်၏၊
အတူတကွ ဝိုင်း၀န်းမမှ အလေးချိန်ပေါ့၏။

(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊
ပညာရှိသည် တိတ်တိတ်နေတတ်၏။

(၁၉) တောချုံကိုလည်း မပျက်စေရာ၊
ယုံကိုလည်း မလွှတ်ထွက်စေရာ။

(၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊
ရေကိုလည်း မနောက်စေရာ။

(၂၂) စားလို၍ မေးမြန်းတတ်သည်။
ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

(၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊
ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

(၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။
အမျိုးကွဲသောသားသမီးသည် တခြားသူဖြစ်သွား၏။

(၂၅) လူဖြစ်လာလျင် မအပါနှင့်၊
မိမိကျော ကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

(၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။

(၂၇) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊
ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။

(၂၈) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။

(၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊
ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။

(၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။
တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

(၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊
မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

(၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။
ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

(၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျနိုင်၊
နာခေါင်းဖြင့် စားလျင် ဗိုက်မ၀။ (အနံ့ခံရရုံဖြင့် ဗိုက်မ၀ဟု ဆိုလို၏)

(၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊
ကိုယ်ဘက် သုံးချောင်းတိုး။
(လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊
လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)

(၃၅) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

(၃၆) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။
အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။

(၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။
ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

(၃၈) ဆင်ပြောင်ကြီးသည် သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့
စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

(၃၉) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊
ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။

(၄၀) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။
ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

(၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊
သန်းက ခွေးကို ကိုက်သော် လည်း ခွေးမသေ။

(၄၃) ကံမကောင်းလျင် သစ်ပင်ကို အမီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊
တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

(၄၄) ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ် ကျားနှင့် ၀င်တိုးတတ်၏။

(၄၅) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊
အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။

(၄၆) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

ှင်သုခမိန္ဒ

03/11/2020

“ကိုယ့်ဘ၀ကိုယ်ချစ်ခင်လာဖို့ နည်းလမ်း(၁၀)ခု” 💕🌟

သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။

အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ ချမ်းသာမှ၊အောင်မြင်မှ၊မိတ်ဆွေအပေါင်းအသင်းတွေအများကြီးရမှ၊နာမည်ကျော်ကြားမှ၊ပြီးပြည့်စုံတဲ့ မိသားစုရှိမှ၊ပျော်ရွှင်မယ်ဆိုတဲ့လူတွေထဲကတစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ငါ့ဘ၀ကိုငါ မုန်းတယ်” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။

ဒါဆို ငါသေရင် ပိုကောင်းမလားလို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။
ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

ဟောဒီမှာ နည်းလမ်း(၁၀)ခု

(၁) ဘ၀ရဲ့ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ။

ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာအဆိုးမြင်အတွေးတွေရှိနေဆဲပါပဲ။အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ❓

(၂) မကျေမနပ်မဖြစ်ပါနဲ့။

ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ အဲဒီအနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

(၃) သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။
ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ဒါကို ကျင့်သားရအောင်လုပ်ပါ။နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကိုသင့်ကိုယ်ပိုင်အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

(၄) သင်တကယ်ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ။

သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

(၅) ဘ၀ဟာအမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ။

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

(၆) အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ။

သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

(၇) အခြားသူတွေကို ကူညီပါ။

အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

(၈) TV သိပ်မကြည့်ပါနဲ့။

ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။

(၉) သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ။

ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

(၁၀) ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ အခွင့်အရေးတွေကို ရယူပါ။

အခု သင့်မှာအခွင့်အရေးရှိပါသေးတယ်။
ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ။ပျော်ရွှင်ပါ။ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။

ိုင်း

30/10/2020

အရမ်းကို အံ့ဩမိ ပါသည် 😳😳😲😲 ဖတ်ကြည့်ကြပါအုံးးး
🍃ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက်( Mango Leave ) ကို အမေရိကန်နိုင်ငံမှာ ၂အောင်စ ကို 13$ နဲ့ရောင်းနေတာတွေ့ရတော့ ဘာတွေကောင်းလဲဆို google ခေါက်ကြည့်လိုက်ပါတယ် သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော် သူများရောင်းတာထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး
🍃သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ်
ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်ဝပါတယ်
🍃 သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာချက်ပြုတ်စားသောက်ကြပါတယ်
👉‌ ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကိုထိန်းညိဖို့သောက်သုံးကြပါတယ်
👉‌ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ် စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကုသနိုင်ပါတယ် အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို လျော့ချပေးပါတယ်
👉‌သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်နိုင်ပါတယ်
👉‌အစာအိမ်ရောဂါတွေသွေးဝမ်းသွားရောဂါတွေ ကုသနိုင်ပါတယ်
👉‌ကြို့ထိုးတဲ့ ရောဂါအတွက်ဆို သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်ပျောက်ကင်းပါတယ်
👉‌မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်
👉‌နားကိုက်ရောဂါကုသနိုင်ပါတယ်
👉‌ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်
🍃သုံးစွဲနည်းအသေးစိတ်ကို google မှာ mango leave benefit ဆိုပီး ရှာနိုင်ပါတယ် အလျင်းသင့်ရင် ဘာသာပြန်ပြီးဖော်ပြပေးပါအုန်းမယ်
Credit
မူရင်းတင်သူ

26/10/2020

စိတ်သက်သာရာရအောင် ဒါတွေလုပ်ပါ
=================
တစ်နေ့ တစ်နေ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံထဲမှာ စိတ်မွန်းကြပ်လာတယ် စိတ်ပင်ပန်းမိတယ်ဆိုတာ လူတိုင်းတခါတစ်လေမှာဖြစ်မိမှာပါ

အဲ့လိုအချိန် ဘယ်လို ကိုယ့်စိတ်ကို သက်သာအောင်လုပ်ရမလဲ

ပုံပါအချက်လေးတွေကိုကြည့်ပြီးလိုက်လုပ်ကြည့်ပါ အကျိုးရှိ မရှိဖြေခဲ့လို့ရပါတယ်နော်ဗျ

နောက်ထပ် စိတ်သက်သာရာရစေမယ့် အချက်လေးတွေစဉ်းစားမိရင်လည်း Comment မှာရေးပေးသွားလို့ရပါတယ်

Credit - Fabulous

Photos from Ehein online shopping's post 22/10/2020

နိုင်ငံတကာမှာ အရမ်းခေတ်စားနေတဲ့ ဆီမလို အကြော်အိုးလေးနဲ့ home smart ဖြစ်ကြပါစို့နော် 😋😋😋

ငါးကြော်မလား✅
ကြက်ကြော်မလား ✅
ငါးခြောက်ဖုတ်မလား✅
အသားလုံးကြော်မလား✅
အာလူးကြော်လား✅
ပီဇာလား✅
ပေါင်မုန့်ဖုတ်မလား✅

ဆီလုံး၀ လုံး၀ ✖️✖️မလိုတဲ့ အကြော်အိုး ရပါပြီ
သူက timer လေးပေးထားရုံမို့ အချိန်ကုန် သက်သာ ပြီနော် ✅✅
Healthy food healthy lifestyle ကို ရနိုင်ပါပြီ

ဟင်းမချက်တတ်တဲ့ သူကိုတောင် ဆရာကျစေမဲ့ အိုးလေးပါနော် 😍😍

ဆီမလို အကြော်အိုး
2.8 liter

Price - 35000 ks

Order to cb😍
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ🤗

Photos from Ehein online shopping's post 22/10/2020

Hello 😍😍

ဖြောင့်ဘီးလေးရောက်ပါပီ 🤗🤗

အိပ်ရာထ နောက်ကျလို့
ကျောင်းတက်၊ရုံးတက်ဘို့ပြင်ဆင်ချိန် သိပ်မရ ဆံပင်ကလဲ ရူပ်ပွနေမယ်ဆိုရင်.....🤔🤔

#၃မိနစ်လောက်အပူပေးပြီး
ခေါင်းဖြီးလိုက်တာနဲ့ မျက်လှည့်ပြသလိုဖြောင့်စင်းသွားမဲ့ဖြောင့်ဘီးလေးရှိတယ်နော်😱

#ဆံပင်ဖြောင့်ဖို့ ဆိုင်သွားပုံသွင်းနေစရာမလိုဘူး အရင်ဖြောင့်စက်တွေတုန်းက ခေါင်းအနောက်ကို ကိုယ်တိုင်ဖြောင့်မရသူတွေ အခုဒီဖြောင့်ဘီးလေးနဲ့ ခေါင်းဖြီးလိုက်ရုံနဲ့ ဖြောင်းစင်းသွားပါတယ် 😇😇

#ယောက်ကျား၊မိန်းမ မရွေးအသုံးပြုလို့လဲရတယ်နော် 🤗🤗

displayပါလို့ အပူချိန်ဘယ်လောက်ရောက်နေပြီလဲဆိုတာ မြင်ရတယ်👀

#အပူချိန်အတိုး၊အလျော့ ခလုတ်လဲပါတယ်။ဖြောင့်စက်တွေလိုဆံပင်ပျက်စီးသွားတာမျိုးမဖြစ်ဘဲသုံးရလွယ်ပါတယ်💁💁

Price -၇၅၀၀ 😍
Order to cb🤗
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ🤗

Photos from Ehein online shopping's post 21/10/2020

24K Goldzan Ampoule ( 99.9% Pure Gold ) 🤗🤗

မျက်နှာကိုရွှေသွင်းထားသလို ဝင်းဝင်းလေး ဖြစ်ချင်သူများ 🤔

ဆိုင်မှာသွားပြီးရွှေသွင်းစရာမလိုတော့ဘူးနော်🙅

24K ရွှေမှုန့်အစစ်လေးတွေ ပါပြီး essence ထပ်ပိုပြီး
တစ်ဆင့်မြင့်တဲ့ ampoule လေးပါရှင်💁

လိမ်းလိုက်တဲ့ခါစုပ်ယူမှုအားကောင်းပြီး
1. မျက်နှာအစိုဓာတ်အပြည့်အဝဖြည့်ဆည်းပေးခြင်း,✅
2. အသားရေတင်းရင်းခြင်း, ✅
3. မျက်နှာအရေးကြောင်းများပျောက်ကင်းစေခြင်း,✅
4. အမဲစက်ပျောက်ကင်းပြီးဖြူစင်ဝင်းပစေခြင်း ,✅
5.ချွေးပေါက်များကျဉ်းကာ ချိုင့်ခွက်အမာရွတ်များပါပျောက်ကင်းခြင်း ✅

မျက်နှာအရေပြားအတွက် လိုအပ်သမျှအစုံဖြည့်စွမ်းပေးနိုင်လို့ အရေပြား ဒေါက်တာလို့တောင်ပြောနေကြတဲ့ ampoule essence လေးပါနော်😱😍

Price -5500 😍😍

Order to cb 😘
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ🤗

Photos from Ehein online shopping's post 21/10/2020

👀မျက်ပြူးခေါင်းပတ်👀

အသားကောင်းအသားထူ ချစ်စရာ
ပြူးပြူးလေး ခေါင်းပတ်လေးပါနော်😍

ကာလာလေးတွေ အရမ်းလှတယ်🤤
ရေချိုးခါနီး ဆံပင်သပ်တင်ထားမလား။
မိတ်ကပ်လိမ်းခါနီး ဆံပင်လေး သပ်တင်ထားမလား💁

အပြင်သွားရင် အလှတပ်သွားမလား
အရမ်းမိမိုက်နေမှာနော်💁

Price -2000😇

(3 ခုယူရင် 5000ပါ😍)

Order to cb 😇
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ🤗

Photos from Ehein online shopping's post 21/10/2020

🌸 အကင်ဗန်း 🌸

👨‍👩‍👦‍👦သီတင်းလဲကျွတ်တော့မယ်နော် ခုလိုအချိန်ကာလလေးမှာ အပြင်မထွက်ပဲ မိသားစုလေးပျော်ပျော်ရွှင်ရွှင်နဲ့ ကို့အိမ်လေးထဲမှာပဲ ကင်စားကျမယ်နော်👍👍👍

😋 အထိမ်းအမှတ်ပွဲတွေမှာ မိသားစု စုံစုံလင်လင် အကင်စက်လေးနဲ့ သန့်သန့်ရှင်းရှင်း အိမ်မှာ စိတ်တိုင်းကျ ကင်စားလို့ရပီနော် 👍

😍 အကုန်အကျလဲပိုသက်သာပြီး မိသားစုလဲ စုံစုံညီညီ တပျော်တပါး စားလို့ရတာမို့ အရမ်းကိုအဆင်ပြေပါတယ်နော် 🌱

😇 သူငယ်ချင်းတွေစုပီး party လုပ်ရင်ပဲဖြစ်ဖြစ် အသား ငါး ငါးခြောက်အသီးအနှံများကို လတ်လတ်ဆက်ဆက် ကင်စားလို့ရပါတယ် 🐠

🙂 လျှပ်စစ်နဲ့ အသုံးပြုရပီး မီးအပူချိန်ကိုလည်း လိုသလို အတိုးအလျှော့ ချိန်ဆ လို့ရပါတယ် 👍

😍 အကင်ဗန်းသီးသန့်ဟာဆိုရင် ဆီခံပြားပါတဲ့အတွက် ဆီတွေ ကွိုင်ပေါ်ကျမှာလဲ ပူစရာမလိုပဲ အကြမ်းခံပီး လွယ်လွယ်ကူကူ အကင်လုပ်စားလို့ရတဲ့စက်လေး ဖြစ်ပါတယ်နော် ချစ်ချစ်တို့ 🌺

😍အိမ်မှာအချိန်မရွေး လုပ်စားနိုင်ပီးမီးမွှေးစရာမလိုတဲ့အတွက် အလုပ်ရှုပ်လဲ သက်သာပါတယ်😁😁

🍀 အကင်ဗန်းအား တစ်ခုချင်းစီ ဖြုတ်တပ်ကာ ပြန်လည်သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ် 👍

Price -13000 🤗🤗

Order to cb 😇
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ🤗

21/10/2020

For myanmar Shampoo လေးလာပါပြီ
သုံးဖူးသူတိုင်း အရမ်းကြိုက်တဲ့shampooလေးပါ 🤗🤗

တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ချင်သူများအတွက် For Myanmar မြန်မာ့ရိုးရာ သဘာဝခေါင်းလျှော်ရည်💦

✨ဆံပင်ကျွတ်ခြင်းကို အထိရောက်ဆုံးကာကွယ်ပေးကာ ဆံသားကိုတောက်ပြောင်စေရုံမက ဦးရေအေးပြီး ဗောက်ရှင်းစေပါတယ်။

သဘာဝခေါင်းလျှော်ရည်ကို အသုံးပြုခြင်းဖြင့် ရရှိမယ့် အခြေခံအကျိုးကျေးဇူးတွေကတော့ 🍃....
✅တလျော်- ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံပင်သန်စေပါတယ်။
✅ကင်ပွန်းသီး- ဦးရေ ယားယံခြင်းကို ပျောက်ကင်းစေပီး ဆံပင်ခိုင်ခံ့စေပါတယ်။
✅ရှားစောင်း- ဦးရေအေးမြစေပါတယ်။
✅ရှောက်ခါးသီး- ဗောက်ပျောက်စေပီး ဆံပင် ရှည်မြန်စေဖို့ အားဖြည့်ပေးပါတယ်။
✅အောင်မဲညိုပန်း- ဆံပင်ဖြူခြင်းကို အထိရောက်ဆုံးတားဆီးပေးတယ်။
✅အုန်းဆီ- ဆံသားမှာ လိုအပ်တဲ့ အဆီဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

ကိုရီးယားနိုင်ငံမှ နည်းပညာဖြင့် ရွှေမြန်မာတို့နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ For Myanmar သဘာဝ ခေါင်းလျှော်ရည်ကို သုံးဖို့ တိုက်တွန်း ပါရစေ။

လူကြီး/လူငယ်၊ ကျား/မ မရွေး သုံးလို့ရပါတယ်။

Price- 5000 💛

Order to cb 😘
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ😇

20/10/2020

#အတွေးလွန် ကျွန်ဖြစ်
💕💕💕💕💕💕💕💕
(လယ်တွင်းသားစောချစ်)

ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင်
လမ်းလျှောက် လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိတယ်။

"ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ် တခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ။ ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေမတွက်နိုင်အောင်ရှိနေတာ။ ဘယ်လိုများ လမ်းလျှောက် သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလှမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ
ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး"

အဲ့ဒါနဲ့ … ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ် …

"ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်းဘယ်လို လမ်းလျှောက်သလဲ ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ
ဘယ်လိုမှ တွေးမရဘူး ခြေထောက်တစ်ချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ"

"ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါမှ မတွေးဖူးပါဘူး။

ဘာပဲဖြစ်ဖြစ်မေးလာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့။ နေအုန်း … ငါစဉ်းစားကြည့်လိုက်အုန်းမယ်" ဆိုပြီး တစ်အောင့်လောက် ရပ်ပြီး တွေးကြည့်နေရောတဲ့ …!

အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများ အတွက် ပထမဆုံးသော အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ဘယ်ခြေထောက်ကိုကျတော့ နောက်မှရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့
စမ်းစစ်ကြည့်လိုက်တဲ့အခါ ခြေလှမ်းတွေမှားကုန်ပြီး တည့်တည့်တောင်လျှောက်လို့မရတော့ပဲ
ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော။

ဒါနဲ့ ဖားကိုပြောတာပေါ့
"မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကို ဒီလိုမေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့ နားလည်လား …! ငါ့ဖာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ ဘာပြဿနာမှမရှိခဲ့ဖူးဘူး။

အခုမင်းမေးခွန်းကြောင့် ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ။ ဘယ်ခြေထောက်အရင် စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ"?

ကျွန်တော်တို့ လူတွေလည်း
ဒီအတိုင်းနေနေကြတာ အေးချမ်းနေကြပြီ။
ဒါပေမဲ့ တခြားလူတွေက သူတို့ပြဿနာ အသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော။

ဘဝက နေလို့ရ စားလို့လောက်ငှနေရင် ဘာမှပူလောင်စရာမရှိဘူး။ တစ်ခြားလူတွေ ဘဝကောင်းစားနေတာမြင်ရော…
ဟိုလူကဒီလိုကောင်းစားနေတာ။
ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ အိမ်ရှိတာ … ကားရှိတာ ရည်းစားချောချောလေးရှိတာ ဆိုတာတွေလည်း မြင်ရော …
ကိုယ့်ဖာသာကိုယ် လျှောက်ပြီးတွေးတော့တာ …! နောက်ဆုံးတော့ သောကတွေက ကိုယ့်စိတ်ကို ကူးစက်ပူလောင်စေ တော့တာပါပဲ။
ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုယ် မှန်မှန်လေး လျှောက်လှမ်း သွားပါ သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့ မတွေဝေပါနဲ့။

ဒီစာလေးတွေက သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share ဖြင်းဖြင့် အားပေးပါနော် 💕😊

သာယာသောနေ့လေးဖြစ်ပါစေ 😊💕
....Love&Brain

Photos from Ehein online shopping's post 20/10/2020

အဝတ်ဗီရို အသစ်ရောက်တယ်နော်📣

ပါကင်ပိတ်မို့ အရောင်တော့ရွေးလို့မရပါဘူးရှင့် 🙅💛

Price- 14000 ks 📣

Order to cb 🤗
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါရှင့် 💛💛

20/10/2020

“အနံ့ပျောက်လူနာများသို့”📣

✅ ယခုရန်ကုန်တိုင်းမှာ အနံ့ရုတ်တရက်ပျောက်လူနာတွေများလာပါတယ်။ ကျနော့်ကိုယ်ပိုင်အမြင်အရ Covid19 ဘယ်လောက်ဆက်ပြီး ပျံ့မလဲဆိုတာက အနံ့ပျောက်လူနာတွေအနေနဲ့ အခြားသူဆီမကူးအောင် ဘယ်လောက်နေနိုင်လဲအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သင်ဟာ အနံ့ပျောက်ပြီးဆိုရင် အောက်က အချက်တွေကို နားလည်ဖို့လိုပါတယ်။

👍🏼(၁) ဖျားတာ ချောင်းဆိုးတာ မရှိရင် အနံ့ပျောက်လူနာအများစုဟာ Covid-19 ရောဂါနောက်ဆက်တွဲ ဆိုးရွားတဲ့ ပြသနာတွေဖြစ်ပေါ်လေ့မရှိပါ။ အနံ့ တစ်ခုထဲ ပျောက်တာဟာ ဆေးပညာအရ good prognosis လို့တောင် ပြောကြပါတယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် စိုးရိမ်စရာသိပ်မရှိပါ။

👍🏼(၂)အနံ့ပြန်ရဖို့ ထွေထွေထူးထူး ဆေးမလိုပါ။ သူ့ဘာသာ တစ်ပတ်လောက်အတွင်း အနံ့ပြန်ရပါတယ်။

💣👍🏼(၃)အနံ့ပျောက်လူနာများဟာ အနံ့မပျောက်ခင် ၂ ရက်ကစပြီး ၂ ပတ်အတွင်း အခြားလူများကို ကူးနိုင်ပါတယ်။ အနံ့ပြန်ရရင်လဲ ၂ ပတ်အထိ အခြားသူကို ကူးနိုင်လို့ သီးသန့်ခွဲနေဖို့ အရေးကြီးပါတယ်။

👍🏼(၄)အနံ့ပျောက်လူနာများဟာ အနံ့ပြန်ရရင်မကူးနိုင်တော့ဖူးလို့ ယူဆနေကြပါတယ်။ ဒါဟာ အယူအဆ အမှားပါ။ (၂) ပတ်အထိကူးနိုင်ပါတယ်။

👍🏼(၅) အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်ကလူတွေနဲ့ ခွဲနေပါ။ နီးစပ်ရာ fever clinic (သို့) ဆေးရုံကို အကြောင်းကြားပြီး ကုသအကြံပေးမှုကိုခံယူပါ။ လိုအပ်ရင် fever clinic များမှ အနံ့ပျောက်စင်တာများသို့ ပို့ပေးပါလိမ့်မယ်။

👍🏼(၆)ကျနော်တို့ သတိပေးချင်တာကတော့ အနံ့မရတာ တခုပဲရှိတဲ့ လူနာတွေဟာ သူတို့ကိုကုဖို့ဆိုတာထက် အခြားလူကိုမကူးအောင် နေကြဖို့ပိုအရေးကြီးတယ်ဆိုတာကိုသတိပေးချင်တာပါ။ ဒါကြောင့် အနံ့ပျောက်လူနာများ သတိကြီးကြီးထားပြီး သီးသန့်နေကြမယ်ဆိုရင် Covid-19 ဆက်လက်ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

Dr Myat Min Oo

ပြန်လည်ကူးယူဖော်ပြပါသည် ခင်ဗျာ ။

မောင်ကမ္ဘာ ၀၉၄၄၈၀၀၇၉၆၇

Photos from Ehein online shopping's post 19/10/2020

🎈 Vaseline Whitening Gel Lotion
Made in Thiland ✅

lotion လိမ်းရမှာပျင်းတဲ့ ချစ်တို့အတွက် ဒီ Gel လေးကအရမ်းအဆင်ပြေပါတယ်။ Non-sticky ဖြစ်တဲ့အပြင် အသားထဲအေးအေးလေးနဲ့ စိမ့်ဝင်လွယ်တာမို့lotion အစား ဒါလေးတွေလိမ်းလို့ရပါတယ်နော်။

အသားအရေကိုကြည်စေတဲ့အပြင် whitening effect ပါ ပါပါတယ် 🤗

💁Rice water က ဆန်ဆေးရည်နဲ့ပြုလုပ်ထားလို့ အသားအရေကိုကြည်ပီးဖြူစေတယ်။ နေလောင်ထားတဲ့အသားအရေဆိုပြန်ကြည်လာစေတယ်။

💁Bamboo က အသားအရေကိုအေးစေပီး ရေဓာတ်အပြည့်အဝဖြည့်ပေးတယ်။ Dry skin သမားတွေအတွက်သင့်တော်ပါတယ်။

💁Ginseng က အရေးအကြောင်းတွေသက်သာစေပီး အသားအရေကိုနုပျိုစေပါတယ်။

Price -7500 💛

Order to cb 📣
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ🤗

Photos from Ehein online shopping's post 19/10/2020

အရေးအကြောင်းကင်းအဆီမပြန်လှပနေဖို့ 💁

✅ L'oréal Revitalift Essence Water အဖုံးနီ
Price - 7000 ks (22 ml)

#အရမ်းတွေကို glow စေမယ့် 💁

✅ Loreal Revitalift Crystal Micro-Essence
အဖုံးဖြူ
Price - 7500 ks (22ml)

Bkk direct😇😇
Revitalift Crystal Micro-Essence Water က
- ဖြူဝင်းကြည်လင်တောက်ပတဲ့ အသားအရေကိုရရှိစေတယ်
- အရေပြားအလွှာ (၁၀) လွှာထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်
- ပေါင်းစပ်အသားအရေနဲ့ အဆီပြန်တဲ့အသားအရေအတွက် သင့်လျော်ပါတယ်နော်။

Essence water လေးကတော့ အရေးကြောင်းဖြစ်ခြင်း , အသားရည်လျော့ရဲခြင်းတို့ကို ပြုပြင်ပေးပီး
Crystal ပါ၀င်တာကြောင့် skinလေးက Glass Skin လိုလေး ကြည်လင်လာပီး Glow စေတဲ့ Loreal Essence ပါရှင်။

Order to cb 📣
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါရှင် 😇😇

Photos from Ehein online shopping's post 19/10/2020

(တင်းတိတ် မှဲ့ခြောက် အမဲစက်တွေ အမြန်ပျောက်ကင်းချင်သူတွေအတွက်.... )

💁 အရမ်းကောင်းတဲ့ Natcha White Serumလေးပါ💙

Bkk direct 😍

တင်းတိတ် မှဲ့ခြောက် အမဲစက်တွေက အမာရွတ်လိုပဲ
ကြာလေပိုပျောက်ရခက်လေပါ 😍
ကြာလေ အရေပြားပေါ်ပိုစွဲလေဖြစ်ပြီး အရောင်လည်းပိုပိုရင့်လာပါတယ်👌

ဘာလိမ်းလိမ်းမပျောက်ဘူးဆိုတဲ့
တင်းတိတ်
မှဲ့ခြောက်
ဝက်ခြံ အမဲစက်
အဲပြသနာတွေဖြေရှင်းပေးမယ့်
Natcha White Serum လေးရှိပြီနော်

စိတ်မပူပါနဲ့တော့
မယုံနိုင်အောင် ကုစားပေးတယ် 👇👇

Natcha Serum ပါဝင်ပစည်းများကတော့
Licorice
Jujube
Scutellaria
Arbutin နှင့်
ဆေးဖက်ဝင်အပင်များတို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်
No Alcohol
No Colorant
No Paraben

ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ
အသားရေပါးစေသောဓာတ်မပါဝင်ပါ
ယောကျာ်း မိန်းမ အကုန်သုံးလို့ရပါတယ်👌

အပိုမပြောဘူး အာမခံချက်ပေးနိုင်ပါတယ်
တဗူးထဲတင်သိသာလာပါလိမ့်မယ်နော်
ဆေးဝါးထောက်ခံချက် လက်မှတ်ရရှိပြီး
ဖြစ်လို့ ယုံကြည်စိတ်ချစွာသုံးနိုင်ပါတယ်👏

(30ml) ပါဝင်လို့
အကြာကြီးအသုံးခံပါတယ်နော်💙

SERUM -14000❣
SOAP - 4500

📣serum buy 1 💸
📣 soap get 1 free 📣
သီတင်းကျွတ် sale အရမ်းတန်နေပီနော်😍

Order to cb 📣
ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေပါ
😇

Photos from Ehein online shopping's post 26/09/2020

360' ခြင်ဖမ်းစက်

မည်သည့် ဆေး၊ မည်သည့် အနံ့မှ မပါသောကြောင့်
ကလေးငယ်ရှိသော အိမ်များလည်း စိတ်အေးချမ်းသာ သုံးနိုင်ပါတယ်ရှင်။

အပြာရောင် LED မီးလုံးအလင်းရောင်နဲ့ ခြင်ကို ဆွဲဆောင်ပြီး အနားရောက်လာတဲ့ ခြင်ကို လေစုပ်ပန်ကာက
စုပ်ယူဖမ်းထားလိုက်တာ ဖြစ်ပါတယ်။

USBကြိုးလေးနဲ့မို့ မီးမလာလည်း power bank နဲ့ အသုံးပြု နိုင်ပါတယ်။

မှောင်တဲ့ နေရာ/ ချောင်ကျတဲ့ နေရာလိုတွေမှာ စက်ကို ထားရင် ခြင်ပိုမိပါမယ်။ အဓိက မိမိတို့အိမ်ရဲ့ အနေအထားအလိုက် စက်ကို ဘယ်မှာ ထားရင် ခြင်ပိုမိနိုင်မလဲ ဆိုတာကို ကိုယ်တိုင် ချင့်ချိန်ပြီး ဖမ်းကြဖို့ပါပဲ။ ခြင်ဖမ်းစက် သုံးမယ်ဆိုရင် သိထားသင့်တာက စက်ဟာ လူနားကပ်လာတဲ့ ခြင်ကို ခြင်ရိုက်ဘတ်တံလို တိုက်ရိုက် ဖမ်းစနစ် မဟုတ်ဘဲ အိမ်တွင်းရှိခြင်ကို တဖြည်းဖြည်းချင်း ဖမ်းရင်း လျှော့ချရှင်းလိုက်တဲ့ စနစ်ပါ။ဖမ်းမိထားတဲ့ ခြင်တွေများလာမှ အောက်ခံခွက်ကို လှည့်ဖွင့်ပြီး သွန်ချရုံပါနော်🐝

ခြင်ပြေးစက် မဟုတ်ပါ ခြင်ဖမ်းစက်ပါရှင့်...
စက်ကို ဖွင့်ထားလို့ ခြင်တွေ ထွက်ပြေးကုန်မှာ မဟုတ်ဘဲ စက်ရှိရာကို ခြင်တွေ ရောက်လာပြီး ဖမ်းပစ်လိုက်တဲ့ စနစ်ပါ။ မီးလုံး မီးချောင်းရှိရာ နေရာတွေကို အကောင်တွေပျံပြီး အုံနေတာမျိုး မြင်ဖူးကြပါလိမ့်မယ်။ အဲဒီစနစ်ပါပဲ။ ပိုသာသွားတာက အနားကပ်လာသမျှ အကောင်တွေ လေစုပ်အားလေးနဲ့ ဖမ်းသွားတာမျိုးပါနော်။ မီးမှောင်ထဲ ထားမှရပါမယ်နော်။

Price - 5500😘😘

Photos from Ehein online shopping's post 26/09/2020

🍉🍓 Juicer ( လက်လှည့်အသီးဖျော်စက် )🍎🍍

🍉🍓 🍌အရည်သတ်သတ် အဖတ်သတ်သတ်
ထွက်တဲ့ လျှပ်စစ်မီးမလိုတဲ့ လက်လှည့် အသီးဖျော်စက်လေးပါ🍎🍍🍌

👍👍 ဖြုတ်ရတပ်ရ လွယ်ကူပြီး သုံးလို့လည်း အရမ်း
အဆင်ပြေတဲ့ ပစ္စည်းကောင်းလေးမို့ အိမ်မှာ
သန့်သန့်ရှင်းရှင်းလေး နဲ့ ကျန်းမာရေးအတွက်လည်း
ကောင်းမွန်တဲ့ သစ်သီးဖျော်ရည်လေးတွေ အမျိုးစုံ
စိတ်ကြိုက်ဖျော်သောက်နိုင်ဖို့ဒီဖျော်စက်လေး တလုံးလောက်တော့ ဆောင်ထားသင့်တယ်နော် 👍👍

Price -7000

Photos from Ehein online shopping's post 26/09/2020

🌼 ပန်းအိုးခြင်း ( ကြိုးဆွဲပါ )

🌼 အိမ်ရဲ့ Decorationကို အရမ်းရမ်းကို လှသွားစေမဲ့
ပန်းအိုးလေးတွေပါနော်။

🌻 ပန်းစိုက်ဖို့မြေနေရာ တကူးတက ပေးစရာလဲ မလိုတာမို့ တိုက်ခန်းတွေမှာလဲ ချိတ်ပြီးစိုက်လို့ရတယ်။ ဧည့်ခန်း
အိပ်ခန်းမှာလဲအလှစိုက်လို့ရတယ်။ ခြံထဲမှာ ဝရံတာမှာ နောက်ဖေးဘက်မှာ စသဖြင့်ဘယ်နေရာမှာမဆို နေရာအထူးတလည်မယူဘဲ အလွယ်တကူ ချိတ်ထားလိုက်ရုံပဲ။
အရမ်းလဲလှ အရမ်းလဲချစ်ဖို့ကောင်းတယ်နော် ဂွင်းချိတ်နဲ့မို့ အလွယ်တကူလဲဖြုတ်တပ်လို့ရပါတယ်နော်။

Price - 2500
အနည်းဆုံး ၃ ခုလောက်ယူပေးရမယ်နော် 😘

Photos from Ehein online shopping's post 26/09/2020

အပူဓါတ်အကြာကြီးခံတဲ့ ဖန်ထမင်းချိုင့်

ကျောင်းသွားတက်တဲ့သားသားမီးမီးတို့အတွက်ကော
ရုံးတက်နေတဲ့ ကိုကိုမမတို့အတွက်ကော
ဘုန်းကြီးကျောင်းမှာ ဆွမ်းချိုင့်ပို့ဖို့ အတွက်လဲအဆင်ပြေ
အပူဓါတ်ကိုလဲ အကြာကြီးထိန်းပေးထားတယ်နော်🍱

Price- 6800

Photos from Ehein online shopping's post 26/09/2020

မှော်တံမြက်စည်း
( မီးနဲ့ မဟုတ်ပါဘူးနော်)

ကိုယ့်အိမ်လေး သန့်ရှင်းတောက်ပြောင်နေမှ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိတယ်ဆိုတဲ့အသန့်ကြိုက်တဲ့ အိမ်ရှင်မ
တို့တွက်အိမ်တွင်းရှိ အမှိုက်သရိုက်တွေကိုအချိန်ကုန်
လူပင်ပန်းသက်သာစွာနဲ့လှဲကျင်း စုပ်ယူ သန့်စင်ပေးမဲ့
မှော်တံမြက်စည်းလေးရှိနေပါပြီရှင်။

အိမ် ရုံးခန်း ဆိုင်ခန်း သန့်ရှင်းရေးတွက်
အချိန်ကုန်သက်သာပြီး သုံးရလွယ်ကူတဲ့
ပစ္စည်းကောင်းတစ်ခုဖြစ်ပါတယ်။

အမှိုက်လှဲကျင်းတဲ့အခါ လက်ညောင်းအောင် လှဲကျင်းနေဖို့မလိုတော့ပါဘူး။တစ်ချက်တွန်းပေးလိုက်ရုံနဲ့ အမှိုက်တွေကို
အလိုလို စုပ်ယူသိမ်းဆည်းပေးသွားမှာပါ။
အခန်းထောင့်တွေကိုလှဲကျင်းတဲ့အခါမှာလည်း
လှည့်လည်လှဲကျင်းနိုင်တာကြောင့်လည်း
အခန်းထောင့်တွေမှာရှိနေတဲ့ အမှိုက်တွေတွက်ပူစရာမလိုတော့ဘူးနော်။

ပေါ့ပါးပြီး အသုံးပြုရလွယ်ကူတာကြောင့်
လူကြီးမိဘတို့အကြိုက်တွေ့စေမှာပါရှင်။

Price -6500

Photos from Ehein online shopping's post 26/09/2020

ကားလေထိုးစက်

DC 12 volt စီးကရက်ပေါက်ပလပ်ထိုးသုံးရပါမယ်ရှင်။
2.8 m ကြိုးရှည်ပြီး ၄ဘီးစလုံး မှီနိုင်ပါတယ်။
ခေါင်းပြောင်းလို့ရတဲ့ ခေါင်း ၃ခေါင်းပါဝင်ပြီး ကားတာယာ ၊ ဆိုင်ကယ်တာယာ ၊ ရာဘာနဲ့ပက်သက်တဲ့ အရာများ PSI 260 ထိ လေဖြည့်နိုင်ပါတယ်ရှင်။ ကားတာယာ PSI 30 ထိ လေဖြည့်ချိန် ၅မိနစ်သာ ကြာပါတယ်နော်

Price- 6500😘

Photos from Ehein online shopping's post 26/09/2020

👧အဆီကျ ၆ချိတ် ဗိုက်စည်း 👧

👧ဗိုက်ခေါက်ထွက်လို့ စိတ်ညစ်နေတဲ့ ချစ်တို့အတွက် ခါးဘေးတလျှောက် မှာရှိတဲ့ အဆီပိုတွေကို ဖုထစ်မနေဘဲ ချပ်ချပ်ရပ်ရပ်နဲ့ သွယ်လျသွားစေမယ့် ချိတ် 6 တန်းပါ အဆီကျဗိုက်ချပ် ခါးပတ်လေးတွေပါရှင်။

👧ဒီခါးပတ်လေးတွေက ပတ်ပြီးပြီးချင်းမှာလည်း ချပ်ရပ်သွယ်လျသွားစေကာ ခန္ဓာကိုယ်ကောက်ကြောင်း အလှကို ပေါ်လွင်စေပါတယ်ရှင်။ ဒါမှမဟုတ် တနေ့ 8 နာရီခန့် ပုံမှန် ၀တ်ပေးခြင်းဖြင့်လည်း တလအကြာမှာ ဗိုက် နဲ့ ခါးတဝိုက်မှာ ရှိတဲ့ အဆီပိုတွေ လက်မအလိုက် သိသိသာသာ ကျဆင်းစေပါတယ်ရှင်။

👧လေ၀င်လေထွက်ကောင်းစေသော အပေါက်လေး တွေပါတဲ့ ဆွဲသားလေးမို့ ချွေးထွက်များခြင်း၊ ပူခြင်း၊ ယားခြင်းတို့ မဖြစ်စေတဲ့အပြင် ၀တ်ထားရင် လိပ်တက်သွားခြင်း လည်ထွက်နေခြင်းတို့မဖြစ်အောင် ထောက်ကလေးတွေလည်း ပါရှိပါတယ်ရှင်။

😘ရေလျှော်လို့လည်းရပြီး quality လည်း တကယ်ကောင်းမွန်တဲ့ ပစ္စည်းလေးပါရှင်။

ခါးဆိုဒ် - 68 cm မှ 74 cm ထိ (M )
-74 cm မှ 80 cm ထိ ( L)
-80 cm မှ 86 cm ထိ (XL)
- 86 cm မှ 92 cm ထိ (2XL)

Price -4500 😍

Photos from Ehein online shopping's post 22/09/2020

👣ဖိနပ်ဗူး 👣

သေသေသပ်သပ်သိမ်းလို့ရတဲ့
ချစ်စရာကော်ဖိနပ်ဗူးလေးတွေ

ဖုန်မတက် လှလှပပ ဖိနပ်စင်မှာ သိမ်းထားလို့ရပြီနော်

✅ကော်ပြားလေးမို့ ကိုယ့်ဖာသာ
ဗူးလေးဖြစ်အောင်လုပ်ရမှာပါ ✅
အရာလေးတွေပါပီးသားမို့ အရမ်းလွယ်ကူပါတယ်🤗

Price -800 😘

Photos from Ehein online shopping's post 20/09/2020

👜ခရီးဆောင်အိတ် 👜

👜 လွယ်လွယ်ကူကူ ခေါက်သိမ်းလို့ရတဲ့ ခရီးဆောင်အိတ်

👜ဘာလေးတွေထည့်သယ်သယ်အသုံး မလို တော့ ရင် ခေါက်ပြီး သိမ်းထား လိုက်ရုံပဲနော်
Luggage မှာ လဲ ချိတ်ပြီး တင် သွား လို့ရတယ်။ ရေစို ခံတယ်။ နေရာ မစား ဘူး။ ပေါ့ပါးပြီး သူ့အတွက် အလေး ချိန် ပို မပေး ရဘူး။😍😍

Price -3800 😍

Photos from Ehein online shopping's post 20/09/2020

Mini ဖြောင့်စက်အသေး 💛

သယ်ရလွယ်ကူပြီး ချစ်စရာ ကောင်းလွန်းလှတဲ့ mini ဖြောင့်စက် လေးတွေပါနော်

6 လက်မ လောက်သာ ရှည်လျားလို့ သွားလေရာ အလွယ်တကူ သယ်လို့ ရပါတယ်နော်

စျေးကလဲအရမ်းတန်ပါတယ်
ခရီးသွားလဲ သယ်လို့ အစင်ပြေပါတယ်

ပျိုမေတို့ မရှိမဖြစ်ဆောင်ထားသင့်ပါတယ်နော်

Price - 3000 😘

Photos from Ehein online shopping's post 20/09/2020

အသဲBrush ဗူး 💛

😊😊 Brush အစုံ ၁၂ချောင်းပါလို့

စွယ်စုံသုံးလို့ရတယ်နော် ဘူးလေးလည်းပါတော့ မှန်တင်ခုံလေးပေါ် ဘူးလေးနဲ့ တင်ထားလို့ရပြီး ဖုန်မတက်ဘဲ သန့်သန့်ရှင်းရှင်းလေး သုံးလို့ရတာပေါ့နော်

👍 ထည့်စရာလည်း ရှာဝယ်နေဖို့
မလိုတော့ဘူးနော် 👍
အမွှေးလေးတွေကလည်း နူးညံ့လွန်းပြီး
ပေးရတဲ့စျေးနဲ့ ရတဲ့Quality တန်လွန်း
တယ် 😉😉

Price -4000

Photos from Ehein online shopping's post 20/09/2020

အဝတ်ခြင်းအသေး 💛

အလွယ်တကူခေါက်သိမ်းလို့ရလို့ နေရာမယူတော့ဘူးနော်

အဝတ်ခြင်းလေးရှိတော့ အဝတ်တွေ သပ်သပ်ရပ်ရပ် ထည့်လို့ရတယ်
ခရီးသွားရင်လည်း အလွယ်ဆောင်ထားရင် နေရာမယူဘူးနော်

သယ်ရလွယ်ကူ ထည့်သလောက်ဆန့်တဲ့
အဝတ်ခြင်းတောင်းလေးပါ ခေါက်သိမ်းရလွယ်တော့ အဆောင်နေသူများလဲအဆင်ပြေပါတယ်....
သားသားမီးမီးတို့အတွက် ကစားစရာတွေထည့်သိမ်းလဲအဆင်ပြေပီနော်

Price -2000 💛

Photos from Ehein online shopping's post 20/09/2020

ကျန်းမာရေး အတွက်အသုံးဝင်လိုအပ်တဲ့ နှစ်ယောက်အိပ်ရေခဲဖျာ😍😍အရောင်မရွေးရ 🙅

ကျန်းမာရေး ရေခဲဖျာ.....ရဲ့....အားသာချက်က
နူးညံ့ပြီး..အေးမြတဲ့အထိအတွေ့ကအညောင်း အညာပြေစေပြီးနှစ်ခြိုက်စွာအိပ်ပျော်စေတဲ့အတွက်...ကျန်းမာရေးနဲ့အလွန်ညီညွတ်ပါတယ်....
အလွယ်တကူခေါက်နိုင်/လိပ်နိုင် ပြီးအရမ်းကိုအကြမ်းခံတဲ့ပစ္စည်းပါ...
မွေ့ယာပေါ်ထပ်စွပ်ပြီးခင်းမလား/ မွေ့ယာ မပါပဲခင်းမလား...အရမ်းကိုအဆင်ပြေပါတယ်...
ပျော်ပွဲစားထွက်မလား...အရမ်းကိုအသုံးဝင်တဲ့ပစ္စည်းလေးပါ...အလွယ်တကူခေါက်ပြီးလိုရာသို့သယ်သွားနိုင်ပါတယ်..
ကလေးကစားရာနေရာမှာ...ခင်းမလား...
ကလေးအိပ်စရာနေရာမှာခင်းမလား...အရမ်းကိုနူးညံ့တဲ့အတွက်...တခြားသောဖြာလို..ကလေး/လူကြီးတွေရဲ့နုနယ်လှတဲ့အသားအရေကိုစူးမှာရှမှာမပူရတော့ပါ..
ဖျာ ၁ ချပ်
ခေါင်းအုံးစွပ် ၂ လုံး ပါပြီး
1.8 * 2 m ထူပါတယ် 😍

Price -11000 😘

Photos from Ehein online shopping's post 20/09/2020

NY ဦးထုပျ

အပြင်ပုံလေးပြပေးထားတယ်နော် 😍

Price -3500

Photos from Ehein online shopping's post 20/09/2020

Mini speaker🎼
Bluetooth နဲ့လည်း join သုံးလို့ရသလို USB နဲ့လည်းသုံးလို့ရတဲ့ speaker လေးပါ

အသံထွက်လည်းလုံးဝအလန်းနော်
Speakerအကြီးကြီးတွေကို သွားလေရာသယ်ဖို့အဆင်မပြေသူတေအတွက် အိတ်ထဲထည့်ပြီးယူသွားဖို့အဆင်ပြေပါတယ်နော်

Price - 4000

Photos from Ehein online shopping's post 20/09/2020

အိတ်ထည့်စင် 👜💼

✔️အိတ်တွေဝယ်ထားပြီးထားစရာနေရာမရှိဘူး ဖြစ်နေလား ချစ်လးတိူ့
✔️အိတ် ၆လုံးကို တစ်ခါတည်းထည့်ထားလို့ရပြီး နေရာမယူလို့ ချိတ်ထားရုံနဲ့ရပါတယ်။

နေရာ ကျယ်ကျယ်မလိုပဲ ဂျိတ်လေးနဲ့ ဘီဒိုထဲဖြစ်ဖြစ် အဝတ်စင်မှာ ဖြစ်ဖြစ် ချိတ်ထားရုံပဲ အလွယ်တကူ ထုတ်လို့ရပီး မပျက်စီးတော့ဘူးပေါ့နော်။

Price -3500 😍

Telephone

Website