Car Crazy Burma
ကားပစ္စည်းမျိုးစုံအား ပစ္စည်းမှန် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအားပေးနိုင်ပါပြီ
သင် သတိမပြုမိပါက အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ
================================================================================================
ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီးငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့့်၊ သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါ။
ဥပမာပြောရရင် အေ၀းပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်း တော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။
ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေ ကိုအကျဉ်းချုပ်တင်ပြပေးပါ့မယ်။
ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့် အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။
( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါ၀င်ပါသေးတယ် ။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိက တွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။
(၁) တိုင်းရော့ (Tie rod )နဲ့ မိန်းလုံး(Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ
တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာ ကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။ လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ ပျက်စီးမှု အများဆုံး ပစ္စည်းပါ။ တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့ အေ၀းပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင် ၀ပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။
(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ
Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင် မညီမညာစား သွားတာမျိုးပါပဲ ။
(၃) (Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ
ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။ သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင် အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ၀ပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။
(၄) Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ
ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာ ထင်ရှား ပါတယ်။ အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာ မျိုးတွေကို သိသာ ထင်ရှားစွာ ခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Struts တို့ မကောင်းတဲ့ လက္ခဏာရပ်ပါ ။ ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။ နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင် ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အာက်ကို ကျပြီး အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း မြင်တွေ.နိုင်ပါတယ်ခမျာ။
(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင် တစ်ဖက်နဲ့တစ်ဖက ်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့ တာယာ လေပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊ တာယာ တစ်ဖက်ဖက ်မညီမညာ စားနေလား၊ ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။
(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့ ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။
(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့် အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့် သဲတွေ ဖုန်တွေ ရွှံ.တွေက အထဲ၀င်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။ အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ သံစုံတီး၀ိုင်းသံတွေ ကြားနေရ ရင်တော့ သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင် အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။ ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင် ၀ပ်ရှော့တွေမှာ စစ်ဆေးပြသပြီး ရောဂါကုသမှု ခံယူသင့်ကောင်း
စာဖတ်သူ မိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ တိုးတက်ပြီး ဘေးအန္တရာယ်ကင်းအကြုံပြုတင်ပြပေးလိုက်ရပါတယ်ခမျာ။ရှင်းကြပါစေ။
အပတ်စဥ်သောကြာနေ့တိုင်း ကားနဲ့ပတ်သတ်တဲ့ အသိပညာဗဟုသုတမျိုးစုံကို တင်ပေးသွားမှာဖြစ်တာကြောင့် ကျွန်တော်တို့ Page လေးကို Like @ Follow လုပ်ပေးသွားပါဦးခင်ဗျာ
Credit to original post
ကားမောင်းရာတွင် သက်သောင့်သက်သာဖြစ်စေဖို့အတွက် ဝယ်ထားသင့်သည့် (ခါးခု+ခေါင်းအုံး) One Set
Price - 32,000 Ks
👉ကားမောင်းရာတွင် သက်သောင့်သက်သာဖြစ်စေဖို့အတွက် အထူးထုတ်လုပ်ထားပြီး
👉လှပတဲ့ design ကောင်းမွန်တဲ့ Quality ကြောင့် မိမိကားကို ပို၍ classic ဆန်စေပါတယ်
👉သန့်စင်သော ကျောက်ဂွမ်းများထည့်သွင်းထားသောကြောင့် လေဝင်လေထွက်ကောင်းမွန်၍ သက်သောင့်သက်သာဖြစ်စေပါတယ်
👉ကျီးပေါင်းရောဂါရှိသူတွေအတွက်လည်းသင့်တော်ပါတယ်
☎️ ဆက်သွယ်ရန်
09 77 66 99 892
09 788 493 666
မှာယူလိုပါက Messenger သို့
လူကြီးမင်း၏
(၁)အမည်
(၂)ဖုန်းနံပါတ်
(၃)နေရပ်လိပ်စာ အတိအကျ တို့ကို ပေးပို့၍ မှာယူနိုင်ပါတယ်
Car Battery ထထဖောက်တတ်တဲ့ ပြဿနာတွေကြောင့် အမြဲစိတ်ညစ်နေရပြီလား
ဒီလိုပြဿနာတွေကို အန္တရာယ်ကင်းကင်း နဲ့ အလွယ်တကူ ဖြေရှင်းနိုင်ဖို့အတွက် Quality ကောင်းတဲ့ Car Battery Power Bank ကောင်းတစ်လုံးတော့ဆောင်ထားသင့်ပါတယ်
အရည်အသွေးအထူးကောင်းမွန်ပြီးကုမ္မဏီကလည်း Warranty (3) Year ပေးထားတယ်ဆိုတော့ ရေရှည်သုံးဖို့အတွက် အဆင်ပြေဆုံး Power Bank ပဲ ဖြစ်ပါတယ်
Price ~ 89,000 ကျပ်
သာကျသင့်ပြီး(၃)နှစ်အသုံးပြုမယ်ဆိုရင်တောင် တစ်နှစ်လုံးကိုမှ (၃) သောင်းလောက်ပဲ ကုန်ကျမှာဆိုတော့ ကားတစ်စီးအတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ ပစ္စည်းကောင်းတစ်ခုပါ
Capacity : 9600mAh
Start Voltage : 12V
Input : Micro & Type-C ( 2 input )
Output : 2×USB output
☎️09 77 66 99 892
☎️09 788 493 666
✅Quality အရမ်းကောင်းပြီး
ကိုယ်တိုင်လည်း လက်ရှိအသုံးပြု နေတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်
✅ခရီးဝေးထွက်တဲ့အခါမှာလည်းအလွန်အသုံးဝင်သလို
သူတစ်ပါးအခက်အခဲကိုလည်းကူညီပေးနိုင်မည့် Power Bank
တစ်ခုဖြစ်ပါတယ်
✅ အဓိကအချက်
ဓာတ်ဆီ အင်ဂျင်ပါဝါ (3.0) အထိ
ဒီဇယ်အင်ဂျင်ပါဝါ (2.0) အထိ ထောက်နှိုးလို့ရပါတယ်ခဗျာ
✅ (၁) ခါအားအပြည့်သွင်းရုံနဲ့ကား (၁၀) စီးထောက်နှိုးနိုင်ပါတယ်
✅ကားထောက်နှိုးဖို့အတွက် Click (၂) ခုပါ၀င်လို့အခြား အပိုပစ္စည်းသီးသန့်ထပ်၀ယ်ဖို့လဲမလိုတော့ပါဘူး
✅သေးငယ်တဲ့ Size ကြောင့် Car Dashboard ထဲမှာထည့်ထားမလား/အိတ်ထဲမှာပဲဆောင်မလား/သွားလေရာယူသွားနိုင်တာပေါ့
✅အသုံးပြုရလွယ်ကူပြီး
မည်သည့် လျှပ်စစ် အန္တရာယ်လည်းမဖြစ်ပေါ်စေပါ
အမျိုးသမီးများ အတွက်လဲအခက်အခဲမရှိ အသုံးပြုနိုင်ပါတယ်
✅ဒါ့အပြင် ဖုန်းအားကုန်ချိန်မှာ PowerBank လိုသုံးနိုင်တဲ့အပြင် ဓာတ်မီးပါအသုံးပြုနိုင်သေးတော့ ကားသမားတွေအတွက် ဘက်စုံသုံးလို့ရတဲ့ Car Jumper တစ်ခုဖြစ်နေတာပေါ့ဗျာ။
ကား ဘော်ဒီသံချေးမတက်အောင် ဘယ်လိုကာကွယ်မလဲ
============
ကားပိုင်ရှင်တိုင်းလိုလို ကြုံတွေ့ရတဲ့စိတ်ပျက်စရာပြသနာကတော့ ကားဘော်ဒီသံချေးတက်တဲ့ပြဿနာပါ။ ဒီသံချေးတက်တာက ကားကို ကြည့်မကောင်း ၊ ရှုမကောင်းဖြစ်သလို အခြေအနေဆိုးရွားလာရင် ကားဘော်ဒီ အသား ပဲ့ထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။
ကားကို သေချာထိမ်းသိမ်းပြီ မဖြစ်ခင် ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ရင် ကားဘော်ဒီသံချေးတက်တဲ့ ပြသနာကိုရှောင်ရှားနိုင်ပါတယ်။
၁။ သံချေး မပျံ့ခင် ကြိုတင် ရှင်းလင်းပါ။
သံချေးတစ်နေရာလေးမှာစတက်လာပြီဆိုရင် ထိုနေရာတစ်ဝိုက်မှာ သံချေးတွေ ပျံ့နှံ့လာတတ်ပါတယ်။ ဒီလိုမပျံ့နှံ့သွားခင် ကြိုတင်တွေ့ရှိထားရင် ငွေအကုန်အကျနည်းနည်းနဲ့ သံချေးပြသနာကို ဖြေရှင်းနိုင်ပါတယ်။
သံချေးကွက် သေးသေးလေးပါဆိုပြီးအထင်တော့မသေးလိုက်နဲ့ ။ အချိန်တိုအတွင်း မှာ ဘေးပါတ်ပါတ်လည်ကပါ သံအကောင်းတွေကို သံချေးတွေ ပျံ့နှံ့လာနိုင်တဲ့အတွက်သင့် ကားဘော်ဒီမှာသံချေး ရှိ မရှိ မကြာခဏစစ်ဆေးသင့်ပါတယ်။
ကားဘော်ဒီအပြင်ဘက်က သံချေးတွေကပဲ အရေးကြီးတာမဟုတ်ပါဘူး။ ကားဘော်ဒီ အောက်ပိုင်းမှာ သံချေးတွေတက်လာရင်လည်း ပြသနာကြီးတစ်ခုဖြစ်လို့ ကားတစ်ကားလုံးကိုစစ်ဆေးပါ။
၂။ ပုံမှန် ကားရေဆေးပါ။
ကား ညစ်ပတ်ပြီးရုပ်ဆိုးလာမှ ရေဆေးတာမျိုးမလုပ်ပဲ ပုံမှန်တစ်ပါတ် တစ်ကြိမ်လောက် ကားရေဆေးပေးသင့်ပါတယ်။ ဒီလိုကားကို ပုံမှန်ရေဆေးပေးမှ ကားပေါ်မှာကပ်နေတဲ့ သံချေးတက်စေမယ့် အရာတွေကို သံချေးမတက်စေခင်မှာ ဖယ်ရှားပြီးသား ဖြစ်သွားမှာပါ။
ဆီတွေ ပေစွန်းနေတာမျိုးတွေကနေလည်း သံချေးတွေတက်လာစေလို့ ပေစွန်းနေတာတွေကို ပုံမှန်ဖယ်ရှားပေးခြင်းအားဖြင့် သံချေးတက်ခြင်းမှကာကွယ်နိုင်မှာပါတယ်။ ကားဘော်ဒီအောက်ပိုင်းကိုလည်း သေချာဆေးပေးရပါမယ်။ဆေးကြောတဲ့အခါ Baking soda မုန့်ဖုတ်ဆော်ဒါ အနည်းငယ်ထည့်ပြီးဆေးကြောပေးရင်ပို ထိရောက်ပါတယ်။
၃။ Wax တစ်နှစ်မှာ၂ကြိမ်ခန့် လုပ်ပါ။
ကားကို wax လုပ်တာ ဖရောင်းသွင်းတာဟာ ကားကိုတောက်ပြောင်ပြီး လှပနေစေရုံတင် အကျိုးပြုတာ မဟုတ်ပါဘူး။ ကားဆေးရောင်မှိန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သလို သံချေးတက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့ကြောင့် တစ်နှစ်ကို အနည်းဆုံး၂ကြိမ်ခန့်တော့ waxing လုပ်ပေး သင့်ပါတယ်။
၄။ Rust arrestor အသုံးပြုခြင်း ။
ကားမှာ သံချေးနဲနဲစတက်လာတာတွေ့ပေမယ့် ဆိုင်သွားပြီးသံချေးချွတ်ဖို့က အဆင်မပြေသေးဘူးဆိုရင် rust arrestor အသုံးပြုပြီးသံချေး မပျံ့နှံ့အောင် လုပ်ထားလို့ရပါတယ်။ ကားပစ္စည်း အရောင်းဆိုင်တွေမှာ အလွယ်တကူ ရရှိနိုင်သလို အသုံးပြုရလည်း အင်မတန်လွယ်ကူပါတယ်။ rust arrestor ကို စုတ်တံလေးအသုံးပြုပြီး သံချေးတက်နေတဲ့နေရာ တစ်ဝိုက်ကို သုတ်ပေးပါ။ သေချာခြောက် သွားပြီဆိုတော့မှ ထုတ်စီးပါ။ နေရောင်ထဲမှာ ထုတ်ထားရင် မြန်မြန်ခြောက်ပါတယ်။
၅။ ရေဝပ်သော နေရာတွင် ကားမရပ်ပါနဲ့။
ရေထိပါများရင်သံချေးတက်လွယ်လာပါတယ်။ ဒါ့ကြောင့်ကားကိုရပ်မယ်ဆိုရင် ရေမဝပ်တဲ့နေရာမျိုးတွေမှာသာရွေးပြီးရပ်ပါ။ ကုန်းမြင့်ပိုင်းတွေမှာ ကားကိုရပ်တာ စိတ်အချရဆုံးပါ။
Myanmar Car Lover
#ကား #ကားဗဟုသတ #ကားအကြောင်း
သေချာတဲ့နောက်ပဲလိုက်တော့မယ် 🤧
ဖုန်းဆက်မေးပီးမှ သွားကြပါနော် ပါတဲ့ဆီကုန်ပီးလမ်းမှာရပ်ထားရမှာစိုးလို့ပါ။
ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230
ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိုင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိုင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိုင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြို့မ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင်
09 940549232
crd
95Ronဆီတွေပြတ်လပ်တော့ 92Ronသုံးလို့ရမလားဆိုသူများအတွက်ပါ။
ဓာတ်ဆီစျေးတွေ တက်နေလို့ပဲဖြစ်ဖြစ်၊ 95 မရလို့ 92 သုံးလိုက်ရလို့ပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့် 95 နဲ့ 92 ရောသုံးလိုက်ရင် ရေရှည်မှာ အင်ဂျင်ကို ထိခိုက်စေနိုင်လား? ရေတိုမှာကော ဘယ်လောက်အတိုင်းအတာလောက်ထိ ကားကို သက်ရောက်စေနိုင်လဲ? ဒါလေးဆွေးနွေး မျှဝေပေးသွားပါ့မယ်။
ဓာတ်ဆီဟာ မော်တော်ယာဉ်များရဲ့ အဓိကလောင်စာဆီဖြစ်ကာ ဓာတ်ဆီ၏ အရည်အသွေးကို အောက်တိန်းနံပါတ်ဖြင့် ခွဲခြားနိုင်ပါတယ်။ အောက်တိန်းနံပါတ် မြင့်သော ဓာတ်ဆီများဟာ လောင်ကျွမ်းမှု အားကောင်းပြီး မီးခေါက်သံ (Knocking) မဖြစ်ပေါ်စေနိုင်ပါ။ ဒါကြောင့် Octane Number ရဲ့ အဓိပ္ပာယ်မှာ လောင်စာတစ်ခု၏ မီးခေါက်သံဖြစ်ပေါ်မှုကို ခုခံတားဆီးပေးနိုင်သော အညွှန်းကိန်းကို ဖော်ပြရာတွင် သုံးစွဲသော တန်ဖိုးတစ်ခုပဲ ဖြစ်ပါတယ်။
Octane Rating ကို တစ်ကမ္ဘာလုံး ဘုံသတ်မှတ်ထားသော ယူနစ်မှာ RON (Research Octane Number) ဖြစ်ပါတယ်။ ပုံမှန်ဓာတ်ဆီတွင် ပါဝင်သော RON ပမာဏမှာ (၈၇) မှ (၉၀) အတွင်းရှိပြီး၊အလယ်အလတ် Mid-Grade အောက်တိန်းဆီမှာ (92 RON) ဖြစ်ကာ Premium Grade မှာ (95 RON) ရှိပါတယ်။ Super Plug Grade ကတော့ (98 RON) မှ (100 RON) အထိ ရှိပါတယ်။ မြန်မာနိုင်ငံတွင် အသုံးများသော အောက်တိန်းဆီမှာ (92 RON)နှင့် (95 RON) ပါ။
ဒါ့ကြောင့် ရေတိုမှာ ပလပ်တွေ ထိမယ်၊ အင်ဂျက်တာတွေ ဆီပို ဆီလျံမယ် spary pattern မှားကုန်တယ်၊ ကျောက်ဇကာသက်တမ်းတိုပါမယ်။ ရေရှည်မှာတော့ ကာဗွန်ဂျိုးတက်မယ်၊ ဗားတွေထိမယ်၊ ကွန်ပရက်ရှင်းချိန်ဘာတွေ ပျက်စီးကုန်မယ်။ ဒါက 92 နဲ့ 95 ရဲ့ အရည်အသွေးကို အတိအကျဖော်ပြထားတဲ့ ကိန်းဂဏန်းအရ ဖြစ်လာနိုင်တဲ့ ပြစ်ချက်တွေဖြစ်ပါတယ်။
ဒီမှာတော့ 95 ဆိုတာကလည်း 92 နဲ့ သိပ်မကွာလှဘူး။ ဆီအရည်အသွေးက တူတူလောက်ပဲဖြစ်နေတယ်ဆိုရင် အထက်က ပြစ်ချက်တွေ အဖြစ်နည်းမယ်ပေါ့ဗျာ။ ဒါလည်း ငြင်းခုန်နေတာတော့ မဟုတ်ဘူး။ 95/92 rating စမ်းတဲ့ စက်ကို ဘယ်ကားအုံနာမှာ ဆီမထည့်ခင် ပြည့်မပြည့် အရင်စမ်းပြီးမှ ထည့်တာမျိုးမကြားဖူးသေးဘူး။ 95 ဘယ်လောက်ထည့်ကွာ ဆိုတာမျိုးနဲ့သွားကြတာပါ။
နောက်တချက်က ကားပေါ်လည်းမူတည်ပါသေးတယ်။ ကိုယ့်ကားက ကာဗရိုက်တာရိုးရိုး အိုးမော်ဒယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ အင်ဂျင်ပါဝါကြီးတဲ့ ကားတွေဖြစ်နေရင်လည်း ဒီဖြစ်ရပ်က သိပ်မသိသာလှဘူး။ ကားက အသစ်၊ ပလပ်တွေ ရှယ်သုံးထားတယ်ဆိုရင်လည်း ချက်ချင်းတော့ သိသာသေးမှာမဟုတ်ပါဘူး။
Post crd
#တိုက်ပြန်ပြီဟေ့
ခရီးသွားမယ့် ကားလေးတွေ ဒါတွေစစ်ဆေးသွားသင့်ပါတယ်
ဒီနေ့ဖော်ပြပေးချင်တဲ့ အကြောင်းအရာတွေကတော့ ကားမောင်းသူတိုင်း သိထားရမယ့် ကားမောင်းနှင်မှု ကီလိုမီတာ အလိုက် ပုံမှန်ပြုပြင်ထိန်းသိမ်းရမယ့် ကားမှာပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေ အကြောင်းပဲဖြစ်ပါတယ်။
ကားမောင်းနှင်တဲ့ ကီလိုမီတာအလိုက် ကားမှာပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို သေချာစစ်ဆေးပြုပြင် ထိန်းသိမ်းထားမှ ကားရော ယာဉ်မောင်းနှင်သူတွေရော အန္တရာယ်ကင်း ဘေးရှင်းပြီး လိုရာခရီးလမ်းတွေကို ချောချောမွေ့မွေ့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ကီလိုမီတာ အလိုက် ပုံမှန်ပြုပြင်ထိန်းသိမ်းရမယ့် ပစ္စည်းအစိတ်အပိုင်းတွေကို လေ့လာကြည့်ပါမယ်။
1> Engine Oil
ကားအငျဂငြျ၀ိုငျဆိုတာကတော့ ကားမှာပါဝင်တဲ့ အင်ဂျင်ရဲ့ အဓိက အသက်သွေးကြောဖြစ်ပြီး ကားအင်ဂျင် အတွင်းပိုင်းမှာရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ မပျက်စီးအောင် အကာကွယ်ပေးထားတဲ့ အရာပဲဖြစ်ပါတယ်။ ကားအငျဂငြျ၀ိုငျကို သတ်မှတ်ကာလကျော်လွန်အောင် အသုံးပြုလိုက်လို့ အငျဂငြျ၀ိုငျရဲ့ စေးပြစ်ခြင်း ၊ အအေးပေးခြင်း ၊ ချောဆီအဖြစ်ဆောင်ရွက်ခြင်း အစရှိတဲ့ အငျဂငြျ၀ိုငျရဲ့ အစွမ်းသတ္တိတွေ ကုန်သွားတယ် ဆိုရင်တော့ ကားအင်ဂျင်အတွင်းပိုင်း ပစ္စည်းအစိတ်အပိုင်းတွေ အကုန်ပျက်စီးကုန်မှာဖြစ်ပါတယ်။
Car Engine Oil တွေကို ကီလိုမီတာ 5000 Km ကနေ ကီလိုမီတာ 7000 Km အတွင်းသာ အသုံးပြုသင့်တာ ဖြစ်ပြီး 5000 Km ပြည့်တိုင်း Engine Oil အသစ်လဲလှယ်အသုံးပြုတာတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။
Engine Oil အသစ်လဲလှယ်တဲ့အခါအတိုင်း Engine Oil Filter တွေကိုလည်း မပျက်မကွက် အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
2> Transmission Fluid
Transmission Fluid ကိုတော့ ကားလောကမှာ ဂီယာ၀ိုငျ (ဝါ) အောျတို၀ိုငျ လို့ အခေါ်များကြပြီး ကားရဲ့ ဂီယာဘောက် အမျိုးအစားပေါ်မူတည်ကာ ATF နဲ့ CVT ဆိုပြီး အဓိက ပုံစံ (၂) မျိုးရှိမှာဖြစ်ပါတယ်။ Transmission Fluid တွေကို ၊ ဂီယာတခု နဲ့ တခုချိတ်ဆက်ပြောင်းလဲတဲ့ နေရာမှာ အသုံးပြုတာဖြစ်သလို ဂီယာဘောက် အတွင်းပိုင်းမှာရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ မပျက်စီးအောင် အဓိက ကာကွယ်ပေးတဲ့နေရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။ Transmission Fluid တွေကို သတ်မှတ် ကီလိုမီတာ ကျော်လွန်အောင် အသုံးပြုမယ် ဆိုရင်တော့ ဂီယာမချိတ်တာ ၊ ဂီယာဆောင့်တာ ကနေ ၊ ဂီယာဘောက်အတွင်းပိုင်း ပစ္စည်းအစိတ်အပိုင်းတွေ ပျက်စီးတာတွေ အထိ ဖြစ်လာမှာဖြစ်ပါတယ်။
Transmission Fluid တွေကို ကီလိုမီတာ 60000 Km ကနေ 100000 Km အထိ အသုံးပြုနိုင်တယ်လို့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သတ်မှတ်ထားလေ့ရှိပေမယ့် ကီလိုမီတာ 60000 Km လောက် အသုံးပြုပြီးတာနဲ့ လဲလှယ်ပေးတာတော့ အကောင်းဆုံးဖြစ်ပါတယ်။ Transmission Fluid တွေကို အငျဂငြျ၀ိုငျ လဲလှယ်တဲ့အခါတိုင်း စစ်ဆေးပေးသင့်ပြီး Transmission Fluid တွေရဲ့ အရောင်အခြေနေ ညစ်နွမ်းနေတာမျိုး ဆိုရင်လည်း လဲလှယ်ပေးသင့်ပါတယ်။
Transmission Fluid တွေနဲ့ ပတ်သတ်ပြီး နောက်ထပ် သတိထားရမယ့် အချက်တချက်က ဂီယာဘောက် အမျိုးအစားပေါ်မူတည်ပြီး ATF နဲ့ CVTF အမျိုးအစားတွေကို မှန်ကန်စွာ ရွေးချယ်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ ATF နဲ့ CVTF အမျိုးအစားတွေလွဲမှားတာမျိုးဆိုရင်တော့ ဂီယာဘောက်တွေ ပျက်စီးတာမျိုးအထိ ဖြစ်ပေါ်နိုင်ပါတယ်။
3> Timing Belt and Drive Belt
ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ ကားအင်ဂျင်တွေမှာ Timing Belt Type နဲ့ Timing Chain Type ဆိုပြီး ပုံစံ (၂) မျိုးနဲ့ လာလေ့ရှိပြီး Timing Belt Type တွေက ပုံမှန်အားဖြင့် ကီလိုမီတာ 100000 Km ပြည့်တိုင်း အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။ တချို့ကားမော်ဒယ်တွေမှာဆိုရင် ကီလိုမီတာ 100000 Km အသုံးပြုပြီး ပြီဆိုတာနဲ့ ဒိုင်ခွက်ထဲမှာ T-Belt ဆိုတာမျိုး ၊ Service Engine Soon ဆိုတာမျိုးတွေ ပေါ်လာမှာဖြစ်ပါတယ်။
Timing Belt တွေကို သတ်မှတ်ကီလိုမီတာပြည့်တိုင်း အသစ်လဲလှယ်မပေးဘဲ သက်တမ်းကျော်လွန်သည် အထိသုံးစွဲမယ်ဆိုရင်တော့ ကားမောင်းနေရင်း Timing Belt တွေ ပြတ်တောက်တာတွေ ဖြစ်ပေါ်လာနိုင်ပြီး အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေ ပျက်စီးတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
Timing Belt တွေလိုပဲ နောက်ထပ် သတိထားပြီး ပုံမှန်စစ်ဆေးလဲလှယ်ရမှာကတော့ Drive Belt တွေပဲဖြစ်ပါတယ်။ Drive Belt တွေကိုတော့ ကျနော်တို့ကားလောကမှာ ဒိုင်နမိုကြိုး (Alternator) ၊ ရေလည်အုံကြိုး (Water Pump) ဆိုပြီး အမျိုးမျိုးခေါ်ဆိုကြပါတယ်။
Drive Belt တွေရဲ့ ပုံမှန်သက်တမ်းက ကီလိုမီတာ 60000 Km ကနေ 90000 Km အတွင်း အသုံးပြုကြပါတယ်။ အငျဂငြျ၀ိုငျလဲလှယျတဲ့ အခါတိုင်း Drive Belt တွေရဲ့ အခြေနေတွေကို စစ်ဆေးပြီး Drive Belt တွေ အက်ကွဲနေတာမျိုး ၊ ကြိုးသားတွေ ဖွာထွက်နေတာမျိုးဆိုရင် အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
4> Air Filter
Air Filter ဆိုတာကတော့ အင်ဂျင်ခန်းထဲက လေစစ်ဖြစ်ပြီး ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ICE (Internal Combustion Engine) ကားတွေအတွက် မရှိမဖြစ်အရေးပါတဲ့ အရာပဲဖြစ်ပါတယ်။ အင်ဂျင်ခန်းထဲမှာ မီးလောင် ပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ပေါ်ပြီး အင်ဂျင်လည်ပတ်တဲ့ စွမ်းအင်ရရှိတဲ့နေရာမှာ အင်ဂျင်ခန်းထဲကို မီးလောက်ပေါက်ကွဲဖို့ လိုအပ်တဲ့ လေတွေဟာ ဒီ Air Filter ဆိုတဲ့ လေစစ်တွေကနေ တဆင့်ဖြတ်သန်း လာရမှာပဲ ဖြစ်ပါတယ်။
Air Filter တွေရဲ့ သက်တမ်းက ပုံမှန်အား ကီလိုမီတာ 15000 Km ကနေ 20000 Km ကြားထဲမှာ ရှိမှာဖြစ်ပြီး ၊ မြန်မာနိုင်ငံမှာတော့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ကီလိုမီတာ 10000 Km လောက်ဆို အသစ်လဲလှယ်ပေးရနိုင်ပါတယ်။ အကောင်းဆုံးကတော့ အငျဂငြျ၀ိုငျလဲလှယျတဲ့ အခါတိုင်း Air Filter တွေကို ဖြုတ်ပြီး လေမှုတ်ပေးတာမျိုး ၊ Air Filter တွေမှာ ဖုန်နဲ့ အမှိုက်သရိုက် အညစ်ကြေးတွေ ရှိမရှိ စစ်ဆေးပေးတာ မျိုးတွေပြုလုပ်ပေးသင့်ပါတယ်။
Air Filter တွေကို ပုံမှန် စစ်ဆေးလဲလှယ်တာတွေမလုပ်ဘဲ သတ်မှတ်ကီလိုမီတာ ကျော်အောင် အသုံးပြုတယ်ဆိုရင်တော့ အင်ဂျင်မီးလောင်ပေါက်ကွဲမှု လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ဖြစ်စေမှာ ဖြစ်ပြီး အင်ဂျင်ချက်မီးလင်းတာ ၊ အင်ဂျင်တုန်ခါတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
5> Engine Coolant
Engine Coolant ဆိုတာကတော့ ကားရေတိုင်ကီထဲမှာ ထည့်တဲ့ အင်ဂျင်အပူချိန်မြင့်တက်မှုကို အကာကွယ်ပေးမယ့် အရည်တမျိုးဖြစ်ပါတယ်။ ဟိုးအရင်ခေတ်မှာတော့ ကားရေတိုင်ကီထဲကို ပုံမှန် ရေသန့်တွေ ၊ ဘုံဘိုင်ရေတွေကိုသာ ထည့်သွင်းအသုံးပြုလေ့ရှိကြပြီး ၊ အခုခေတ်မှာတော့ ရေဆူမှတ်မြင့်မားတဲ့ ၊ သံကြေး မတက်စေနိုင်တဲ့ Engine Coolant တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။
Engine Coolant တွေရဲ့ သက်တမ်းက အမျိုးအစားပေါ်မူတည်ပြီး ကီလိုမီတာ 50000 Km ကနေ 250000 Km သက်တမ်းထိအသုံးပြုနိုင်ပါတယ်။ အကောင်းဆုံးကတော့ Engine Coolant Tester တွေ စမ်းသပ်စစ်ဆေးပြီး Coolant တွေရဲ့ အရည်အသွေး မကောင်းတော့ဘူးဆိုရင် အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
6> Brake Fluid
ကားမှာပါဝင်တဲ့ အမျိုးမျိုးသော ပစ္စည်းအစိတ်အပိုင်းတွေကို စစ်ဆေးပြုပြင်ထိန်းသိမ်းကြပေမယ့် ၊ အမြဲစစ်ဆေး ပြုပြင်ထိန်းသိမ်းဖို့ သတိမေ့လျော့လေ့ရှိတာကတော့ Brake Fluid ဆိုတဲ့ ဘရိတ်ဆီတွေပါပဲ ။ ဘရိတ်ဆီတွေကို စေးပြစ်နှုန်းတည်ငြိမ်သော ၊ ရေဆူမှတ်မြင့်မားသော ၊ ဖိသိပ်မှုကိုခံနိုင်သော glycol-ether Chemical ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလို Chemical ပစ္စည်းတွေကို အသုံးပြုတဲ့ ဘရိတ်ဆီတွေက လေထဲမှာရှိတဲ့ ရေငွေ့တွေနဲ့ ပေါင်းစပ်ပြီး ဘရိတ်ဆီနဲ့ စွမ်းဆောင်ရည်တွေ ၊ ဂုဏ်သတ္တိတွေ ကျဆင်းလာတတ်ပါတယ်။
ဘရိတ်ဆီတွေရဲ့ ပုံမှန်သက်တမ်းက ကီလိုမီတာ 30000 Km ကနေ 60000 Km လောက်ထိ အသုံးပြုနိုင်မှာဖြစ်ပြီး အကောင်းဆုံးကတော့ Brake Fluid Tester တွေနဲ့ စစ်ဆေးပြီး သတ်မှတ် စံနှုန်းအောက် ကျနေတယ်ဆိုရင်တော့ အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
7> Car Battery and Charging
ပုံမှန်အားဖြင့် နောက်ထပ်စစ်ဆေးသင့်တဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေကတော့ ကားဘတ္ထရီတွေပဲ ဖြစ်ပါတယ်။ ကားဘတ္ထရီတွေမကောင်းဆိုရင် ကားရပ်ထားပြီး စက်နှိုးမရတာမျိုး ၊ ကားမောင်းနေရင်း ဘတ္ထရီမီးလင်းလာပြီး စက်ထိုးရပ်သွားတာတွေ ဖြစ်လာနိုင်တာမို့ ကားဘတ္ထရီတွေရဲ့ အခြေနေနဲ့ Charging တွေကို အမြဲစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
ကားဘတ္ထရီတွေက ပုံမှန်အားဖြင့် ၁ နှစ်ကနေ ၂ နှစ်သက်တမ်းလောက်ထိ ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ ကားဘတ္ထရီတွေကို Load Tester တွေနဲ့ စစ်ဆေးနိုင်ပြီး စက်နှိုးလိုက်တဲ့အချိန် 12V ကနေ 10V လောက်ထိ Load ဆွဲအားခံနိုင်သေးတယ်ဆိုရင်တော့ ဆက်လက်အသုံးပြုနိုင်ပါသေးတယ် ။ Load ဆွဲလိုက်တဲ့အချိန် 10V အောက်ကျသွားပြီဆိုရင်တော့ ရေရှည်မှာ ဆက်လက်အသုံးပြုဖို့ မသင့်တော်တော့ပါဘူး ။
ကားဘတ္ထရီအားသွင်းစနစ် Battery Charging တွေကိုတော့ Multimeter တွေနဲ့ စစ်ဆေးကြည့်နိုင်ပြီး စက်နှိုးထားတဲ့အချိန် 13.5V ကနေ 14.5V ကြားရှိနေတယ်ဆိုရင်တော့ Battery Charging စနစ်တွေ ကောင်းမွန်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။
အခုဖော်ပြပေးထားတဲ့ အချက်အလက်တွေက ကားမောင်းသူတိုင်း မဖြစ်မနေ စစ်ဆေးပြုပြင်ထိန်းသိမ်းရမယ့် ကားအတွက်အရေးကြီးတဲ့ ပစ္စည်းအစိတ်အပိုင်းတွေနဲ့ သတ်မှတ်ကီလိုမီတာတွေဖြစ်ပါတယ်။ ကားပစ္စည်းအစိတ်အပိုင်းတွေကို သတ်မှတ်ကီလိုမီတာ အလိုက် ခေတ်မီကားဝပ်ရှော့ကြီးတွေမှာ သွားရောက် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် ကားရော ၊ ယာဉ်မောင်းသူတွေတချို့ကားမော်ဒယ်တွေမှာတော့ အတွက်ရော လုံခြုံစိတ်ချပြီး ဘေးအန္တရာယ် ကင်းရှင်းမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ရပါတယ်ခမျာ ။
မှတ်ချက် ။ ။ အခုဆောင်းပါးပါ အချက်လက်တွေက ကားအမျိုးအစားမျိုးစုံမှာ အသုံးပြုနေတဲ့ တူညီတဲ့ စံသတ်မှတ်ချက်တွေကို အဓိကထားဖော်ပြပေးထားတာဖြစ်ပြီး ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ဖန်တီးမှုအပေါ်မူတည်ပြီး သတ်မှတ်ချက်လေးတွေ နိုင်ပါတယ်ခမျာ ။
အနည်းငယ်ပြောင်းလဲနည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
Credit to original post
🚗🚗ကာမောင်းရာတွင် သက်သောင့်သက်သာဖြစ်စေဖို့အတွက် ဝယ်ထားသင့်သည့် ကားခေါင်းအုံး Car seat neck pillow
👉ကားမောင်းရာတွင် သက်သောင့်သက်သာဖြစ်စေဖို့အတွက် အထူးထုတ်လုပ်ထားပြီး
👉လှပတဲ့ design ကောင်းမွန်တဲ့ Quality ကြောင့် မိမိကားကို ပို၍ classic ဆန်စေပါတယ်
👉သန့်စင်သော ကျောက်ဂွမ်းများထည့်သွင်းထားသောကြောင့် လေဝင်လေထွက်ကောင်းမွန်၍ သက်သောင့်သက်သာဖြစ်စေပါတယ်
👉ကျီးပေါင်းရောဂါရှိသူတွေအတွက်လည်းသင့်တော်ပါတယ်
Car seat neck pillow
Price ~ 18,500 Ks
(၂ လုံးပါ ၁ စုံ)
☎️ ဆက်သွယ်ရန်
09 77 66 99 892
09 77 66 99 849
မှာယူလိုပါက Messenger သို့
လူကြီးမင်း၏
(၁)အမည်
(၂)ဖုန်းနံပါတ်
(၃)နေရပ်လိပ်စာ အတိအကျ တို့ကို ပေးပို့၍ မှာယူနိုင်ပါတယ်
စမတ်ကျပြီး သက်တောင့်သက်သာ ဖြစ် စေ တဲ့ ခုံစွပ် လေး တွေ ပါ...
မိမိ ကား အတွင်း ခန်း အရောင် နှင့် လိုက် ဖက် တာ မည့် အရောင်မျိုး လည်း အော် ဒါတင် လို့ ရပါတယ်...
သေချာ အသေးစိတ် သိရှိလိုပါက
09 77 66 99 892
09 77 66 99 849 ကိုဆက်သွယ် မေး မြန်းနိုင်ပါတယ် ခင်ဗျာ
65,000 မှစ၍ 300,000/အာမခံပါသည့် original fitting စွပ်များအထိဈေးနှုန်းအစားစားရှိပါသည်။
✅မြန်မာတစ်နိုင်ငံလုံးသို့
အိမ်အရောက်ငွေချေစနစ်။
✅Original Fitting ထိုင်ခုံစွပ်တပ်ထားသောကြောင့်သေသေသပ်သပ်ရှိပြီး ကားရဲ့ Original Leather များကိုလည်းမပျက်စီးစေပါ
✅ချုပ်ရိုးချုပ်သားကောင်းမွန်၍ဆန်းသစ်တဲ့ DESIGN နဲ့ နူးညံ့တဲ့ leather ကသင့်ရဲ့ကားကို ပို၍ လှပစေပါတယ်
Mark 2 Premium leather Seat Cover တပ်ဆင်ပေးဖြစ်ပါတယ်
ကားမျိုးစုံအတွက် ထိုင်ခုံစွပ်အမျိုးမျိုးကို အထူးသက်သာသည့် စျေးနှုန်းများဖြင့် ရောင်းချပေးနေပါပြီ 🤩🤩
💰(၆၉,၀၀၀)တန်မှ(၃ သိန်း)အထိ စုံလင်စွာ
ရှိသောကြောင့် CB(သို့) ဖုန်းမှတစ်ဆင့်အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်
☎️09 77 66 99 892
☎️09 77 66 99 849
✅Original Fitting ထိုင်ခုံစွပ်တပ်ထားသောကြောင့်သေသေသပ်သပ်ရှိပြီး ကားရဲ့ Original Leather များကိုလည်းမပျက်စီးစေပါ
✅ကျွမ်းကျင် ဝန်ထမ်းများမှ စနစ်တကျ သေသေသပ်သပ် တပ်ဆင်ပေးခြင်းဖြစ်ပါတယ်
ကားထဲက အနံ့ဆိုးတွေကြောင့် စိတ်ညစ်နေပြီလား??? 🚗💨💨🤧🤧
ကားအတွင်းခန်းထဲမှာ မှိုနံ့တွေ ၊ ဖုန်နံ့တွေနဲ့ တခြားအနံ့ဆိုးတွေက ကားအတွင်းခန်းထဲမှာ ဆိုးဆိုးဝါးဝါး ရှိနေတတ်ပါတယ်။
မိုးရာသီရောက်လာပြီဆိုတော့ ဒီအနံ့အသက်ဆိုးတွေက သိသိသာသာ ဆိုးဝါးလာတော့တာပေါ့။🤧🤧🤧
တထုပ် ~ ၃၀၀၀ ကျပ်
ဒီလို အနံ့ဆိုးတွေကို ဖယ်ရှားပစ်ဖို့ နည်းလမ်းက လွယ်လွယ်လေးပါ....။
NEO Air Freshener ကို ဝယ်ပြီး ကားထဲမှာ ချိတ်ထားလိုက်ရုံပဲပေါ့...။ NEO Air Freshener က ကားထဲကအနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး ကားအတွင်းခန်း လေထုကို မွှေးရနံ့လေး သင်းပျံ့စေတယ်လေ...။
🍋 Lemon
🚘 New Car
🍃Black Crystal
💜 Lavender
💮 Jasmine
ဆိုပြီး ရနံ့(၅)မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
ပစ္စည်းအားမှာယူလိုပါက ပိုမိုမြန်ဆန်စေရန်အတွက်
၁.ဖုန်းနံပါတ်
၂.နေရပ်လိပ်စာ
၃.မှာယူလိုသည့်ပစ္စည်းကို ချန်ခဲ့နိုင်ပါတယ်ခဗျာ
☎️09 77 66 99 849
☎️09 77 66 99 892
သို့တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်
ရန်ကုန် မြို့တွင်း ပို့ဆောင်ခ (၂၀၀၀) ကျပ်ဖြင့် (2-3)ရက်အတွင်း ပို့ဆောင်ပေးပါသည်
မြို့ပေါင်း ၁၅၀ ကျော်သို့ အိမ်အရောက်ငွေချေ စနစ်ဖြင့် (၄-၅)ရက်အတွင်းပို့ဆောင်ပေးပါတယ်။
#ကားထိုင်ခုံစွပ်
#ကားကူရှင်
#ကားမှန်စတေကာ
#ကားအလှဆင်ပစ္စည်း
#ကားမီးအလှဆင်
ြမ်းခင်း
#နောက်ခန်းခင်းခွက်
#ရေကာ
#သဲကာ
#စတီယာရင်ဂွေစွပ်
#ခြေနင်းခွက်
#ကားခြင်ထောင်(ကားမိုးကာ)
(cctv)
💸 စီးပွါးရေးလုပ်ငန်းတွေမှာ Customer က သူဌေးပါ Customer က ပြိုင်ဘက် Company ကို အားပေးလိုက်ရင် မိမိ Company ရဲ့ ဥက္ကဌကနေစပြီး Company မှာရှိတဲ့ သူအားလုံး အလုပ်ပြုတ်သွားနိုင်ပါတယ်။
ထမင်းရှင် Customer များအားလုံး ကျန်းမာချမ်းသာကြပါစေလို့
ကျွန်တော်များ car crazy မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခဗျာ 🙏🙏🙏
အတော်ဆိုးနေပီနော် 👮♂️
ချစ်မိတ်ဆွေများ တောင်ပေါ်လမ်းတွေကို
အိမ်သုံးကားဖြင့် မောင်းတော့မယ်ဆိုလျှင်
🚙အော်တို ဂီယာအသုံးပြုသူများအနေနဲ့
မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း❌ မဖွင့်ပါနှင့်၊
အဲယားကွန်းဖွင့်တက်ပါကEngine Loading များတဲ့အတွက် ကားအင်ဂျင် ပိုရုန်းရပါသည်။
⭐တောင်တက်ရန်အတွက် Second ဂီယာဖြစ်သောS, 2 တို့ဖြင့်သာ တောင်တက်ပါ။
D သာပါသော အော်တိုကားများတွင် Manual ပြောင်း၍ တက်သင့်ပါသည်။
⭐(Edit... D နဲ့ မောင်းလည်း S, 2 ဂီယာ
ချိန်းတာ ဒေါင်းတာ အတူတူပါလို့ ပြောလာတဲ့အတွက်အမှတ်မမှားစေရန် ပိုရှင်းလင်းစေရန်
အလို့ဌာရှင်းပြပေးလိုက်ပါတယ်ဗျာ။
✅အဲ့တာဟာ သာမန်မသိတဲ့သူတွေ ထင်တဲ့အယူအဆပါ။
S, 2 မှာထားတာနဲ့D. မှာထားတာက
ဘာကွာသလဲဆိုတော့ D မှာက အတက်အတွက်
S, 2 ထည့်ပေးသည့်တိုင် ဆီပေးတဲ့နှုန်း ThrottleShutter Engine Loading စတာတွေမတူပါ။
⭐D ရိုးရိုးထားတာနဲ့ O/D Off ထားပြီးသုံးတာ
ECT Power သုံးတာချင်းမတူပါ O/D Off ကတော့နောက်ဆုံးဂီယာ အသေးဆုံး တစ်ချက် 4,5 စသည်ဖြင့် မဝင်တော့ပါ။
⭐S, 2, ဂီယာသုံးထားရင် အင်ဂျင်ကွန်ထရိုးဘောက်ကနေ Engine Loading ပိုရုန်းနိုင်ရန်အတွက် Throttle Shutter ကို ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းအထိ ပိုဖွင့်ကာ ဂီယာအချိန်းပြောင်းလုပ်ပေးပြီး...ပုံမှန်ထက်ဆီပိုပေး...
မီးပိုမြင့်ပေးပြီးEngine Power ပိုကောင်းလာအောင် ကူညီပေးပါတယ်။
⭐O/D နဲ့ ECT Power လည်း ထိုသဘောမျိုး
Engine Power ပိုကောင်းအောင်ကူညီပေးတာပါ။
✅ဒါကြောင့် နည်းပညာနဲ့ ပတ်သက်တာကို
တကယ် ထဲထဲဝင်ဝင်မသိလို့တကယ်အမှန်မသိလို့ D နဲ့ မောင်းရင်ချိန်းပေးတာ အတူတူပဲလို့
ပြောတာပါ။
⭐ဒီဇယ် Pickup ကားများနှင့် Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင် ဂီယာကို ကြိုဒေါင်းပါ။
မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင် ကလပ်ပလိတ်ပြား မျက်နှာပြင်များ ချော်တတ်ပါသည်။
⭐မြင့်မားသော တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ။
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော 3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်။ ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ။
⭐ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်
ပြန်တက်ကာ ကောင်းသွားပါလိမ့်မည်။
⭐တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင် ဟွန်းတီးရန် မမေ့ပါနှင့်။ ဟွန်းသံသည် ကျဉ်းမြောင်းသော တောင်ကွေ့များတွင်
နှစ်ဖက်လုံးအတွက် အန္တရာယ်ဖြစ်စေခြင်းမှ
ကာကွယ်နိုင်ပါသည်။
⭐တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌ ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်ဖို့ မြေသားပေါ် မနင်းပါနှင့်...မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်။
တောင်တက် တောင်ဆင်းများတွင်ကားကြီးများကို ဦးစားပေးပါ။ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်အချို့နေရာများ ဖို့မြေသားများတွင် ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ။ ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ။
⭐တောင်တက် တောင်ဆင်းများတွင် တအိအိ တက်ဆင်းနေသော ကားကြီးများ
အနှောင့်အယှက် ဖြစ်စေရန် ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်။လမ်းလွတ်သောနေရာများတွင် လမ်းမတောင်းသည့်တိုင် နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်။ကျော်မရသော လမ်းကျဉ်းများ လမ်းပေး မရသောနေရာများတွင် ဝန်အလေးဖြင့် တက်ဆင်းနေသော ကားကြီးများအား ဟွန်းသံဖြင့် အနှောင့်အယှက်မပေးပါနှင့်။
⭐ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်။
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက ကားငယ်များ ဘယ်ကြောမှ ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ။
⭐ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တွင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်။
⭐တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင် ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက အရှိန်ကြိုလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက် ချောက်နုတ်ခမ်းအထိ ပါသွားတတ်ကာ အန္တရာယ် ရှိပါသည်။
⭐တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့် လမ်းကျဉ်းသော နေရာများကို ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာ နားပါ။
⭐မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်။ဒါကြောင့် မသေချာသောနေရာများတွင် ရပ်ပြီး ရှောင်ပေးပါ။
⭐မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရာယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်။
🔥ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်။
✅လေစစ်များ မကောင်းပါက
အသစ်လဲလှယ် ပြီးမှ ခရီးထွက်ပါ။
ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ။
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ။
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။
💜ချစ်မိတ်ဆွေများအားလုံး
လိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ...
Credit To Original Post