Zayar

Zayar

Electrical spare parts and accessories

30/01/2024

အရာရာဟာအသစ်လိုပါပဲ

22/06/2022

Charging system မ၀င်တော့လျှင်

(လိုတိုရှင်း😊အကျဉ်းချုပ်)

Battery အိုးကောင်းမကောင်းစစ်ပါ။ အကယ်၍ battery မကောင်းလျှင်လည်းအားကိုမသိုလှောင်နိုင်တော့ပါ။
Wire တွေကောင်းမကောင်း၊ ပျက်မပျက်စစ်ပါ။
ကာဗွန်တွေတို‌လျှင်လည်းcharging အ၀င်နည်းပါတယ်
ဘတ်ကြိုး(V-belt) ကောင်းမကောင်း၊ လျော့မလျော့စစ်ပါ အကယ်၍လျော့နေတာတို့၊ အနာဖြစ်ပြီးပျက်ခါနီးနေတာတို့ဆို အားအ၀င်နည်းပါတယ်

အားလုံး၀မ၀င်တော့တဲ့အခါ

Diode card တွေလည်းလောင်တာတို့ ဒိုင်အုတ်တွေပွင့်နေတာတို့ဖြစ်လျှင်လည်း အားမ၀င်ပါဘူး အဲ့တာတွေပါစစ်ရပါမယ်
Slip ring(armature)တွေစားနေတာတို့လည်းဖြစ်တတ်ပါတယ်။
ဘတ်ကြိုး(belt)တွေပျက်နေလျှင်လည်း အားလုံး၀မ၀င်ပါဘူး
IC လောင်နေလျှင်လည်းအားမ၀င်ပါဘူး

IC Regulator သည် Alternator ၏ထုတ်လွှတ်သမျှလျှပ်စစ်ဗို့အားအနည်းအများကိုအဓိက အလိုအလျောက်ထိန်းချုပ်ပေးတယ်၊ ဥပမာ batteryအိုးဆူပွက်ခြင်း၊ battery over charging ဖြစ်တာကိုကာကွယ်ပေးတယ်။ အကယ်၍ battery over charging ဖြစ်မယ်ဆို battery ပျက်စီးမယ်။

Diode card သည် Alternator ကနေထွက်လာတဲ့ AC ဗို့ကို DC ဗို့အဖြစ်ပြောင်းပေးသည်။ Stator winding ကနေdiode တွေကိုဖြတ်ပြီးbattary ကိုသွားမယ်။
Rotor ball bearing တွေမကောင်းလျှင်လည်း ရှော့ကျပြီးတော့ လောင်တတ်ပါတယ်။

ဆက်လက်ကြိုးစားလျက်😊

Telephone

Website