Thiha Clinic

Thiha Clinic

Care with Compassion

30/01/2024

Monthly information

30/01/2024

FYI

27/12/2023

🍀 Monthly Announcement for Dec-Jan 🍀

Dr. Thiha ၏ အောက်ပါပုဂ္ဂလိကဆေးရုံဂျူတီနေ့များတွင် သီဟဆေးခန်းပိတ်၍ ဆရာ၏လူနာများဆေးဝယ်ယူလိုပါက လာရောက်ဝယ်ယူနိုင်ရန်ဆေးကောင်တာအားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

26.12.2023 ( Tuesday )
28.12.2023 ( Thursday )
01.01.2024 ( Monday )
03.01.2024 ( Wednesday )
06.01.2024 ( Saturday )
07.01.2024 ( Sunday )
10.01.2024 ( Wednesday )
13.01.2024 ( Saturday )
16.01.2024 ( Tuesday )
19.01.2024 ( Friday )
22.01.2024 ( Monday )
24.01.2024 (Thursday )

ထိုရက်များမှအပ နေ့စဉ်ဆေးခန်းဖွင့်ချိန်

(Monday to Saturday)
မနက် ၈:၃၀ -၁၂:၀၀
ညနေ ၄:၃၀-၈:၀၀

တနင်္ဂနွေနေ့ - ညနေ ၅:၀၀-၈:၀၀

ဖုန်း - ၀၉၉၆၈၂၄၃၂၁၉, ၀၉၇၅၈၃၅၆၂၂၄

ကျေးဇူးတင်ပါသည်
ကျန်းမာရွှင်လန်းကြပါစေ

14/07/2023

Memory with one of his Covid 3rd wave Patients
Congratulations Dr.Thiha Htet Aung

မနေ့က

ဆရာသီဟမိသားစုလူနာတွေထဲကတစ်ခုက
ဦးနဲ့အန်တီ ရောက်လာတယ် အန်တီဖျားလို့ ရောက်
လာကြတာ ဦးကရောက်လာပြီးပြန်ထွက်သွားတော့ကားရပ်ရအဆင်မပြေလို့ကားပေါ်သွားစောင့်တယ်ထင်တာ
ရှေ့တစ်ပတ်ကဦးဖျားလို့လာချိန် မီးပျက်လူနာတွေများကိုယ်လည်းစာသင်နေတော့ မီးစက်အတွက်ဆီကုန်သွားတာသွားမဝယ်အား မိုးကအုံ့မှိုင်းတော့ အချိန်စောသေးတာတောင်မှောင်နေချိန်
ဦးရောက်လာခဲ့ချိန်သူမှောင်နေတာတွေ့သွားခဲ့တာမှာ
မနေ့ကပြန်လာတော့ အင်ဗာတာလေးရယ် Battery ရယ် ယူလာပြီး မီးလုံးနဲ့မီးကြိုးတွေပတ်ဝယ်ဖို့ပြန်ထွက်သွားတာတဲ့
ဆရာ့မှာလက်မခံဘူးပြောလည်းဦးကစိတ်မကောင်းမှာမို့ မပြောရက်သလို အဲ့လို မမျှော်မှန်းမိဘဲ မထင်ထားဘဲသေချာစီစဉ်လာပေးတာကိုဝမ်းသာပြီး ပြုံးနေရော
ဝယ်ဖြည့်ဖို့စီစဉ်နေတုန်းခုလိုကြီးအိမ်အရောက်သေချာရောက်လာလိမ့်မယ်လို့ တွေးတောင်မတွေးဘူးတဲ့ကိုယ်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်
အင်ဗာတာလေးက သေးပေမယ့် အချိန်တော့တော်တော်ထွန်းခံတယ်ဆရာ ခုထက်ပိုအသုံးခံချင်ရင် ကျွန်တော်အကြီးနဲ့လဲပေးမယ်ဆိုလို့ဆရာကကျေးဇူးတင်ကြောင်း မလဲပါနဲ့ဆိုတာပြောရတယ်(၁၀ နာရီဆိုလားမသိဘူးသေချာမမှတ်မိပြောတော့သွားတယ်) ဘတ္ထရီရောကြိုးရောမီးလုံးပါသေချာလေးပေးသွား လုပ်ပေးသွားတာ
တစ်ဦးမှာမေတ္တာတစ်ဦးမှာစေတနာဆိုတဲ့စကားအတိုင်းပါပဲ
Covid 3rd wave မှာ လူနာတစ်ယောက်တိုင်းအပေါ် သေချာစေတနာထားကုပေးခဲ့တဲ့စေတနာကလူနာတိုင်း မိသားစုတိုင်းစီကနေခုထက်ထိလေးစားခြင်း ဆရာ့အတွက်ဆိုစေတနာထားခံရခြင်းရောင်ပြန်ဟပ်ခံနေရတာတွေ့ရလို့ဝမ်းသာပါတယ်

Thiha Family Clinic

09/07/2023

Credit - ဆရာဦးစောဝင်း

အအေးမိ နှာစေး ချောင်းဆိုး ရင်ကြပ် ဖျား

အခု တလေါ အထက်ပါ ပြသနာတွေနဲ့ ဆေးခန်းလါပြတဲ့ ကလေးတွေ အများကြီးတွေ့ရပါတယ်
နှစ်တိုင်းလည်း ဒီ အချိန်ဒီကါလ မှာ ဒီရောဂါတွေအဖြစ်များလေ့ရှိပါတယ် ဒီနှစ်မှာတော့ သတင်းပျံ့နှံ့ လွယ်တဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြထားတဲ့ နာရီ ပိုင်း အတွင်း အဆုတ်ခဲပြီးတော့ကလေးက အသက်ဆုံးရှူံးသွားရတယ် ဆိုတဲ့ သတင်းတွေကြောင့်ပိုပြီး ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်
ထူးခြားတဲ့အသစ်ရောဂါတမျိုးပဲပေါ်ပေါက်လါပြီးတော့ ကလေးတွေကို ကျောင်းပို့ရမှာ ကအစကြောက်လန့် စိုးရိမ် နေ ကြတာတွေ့ရပါတယ်
မိဘဖိုးဖွားတွေအနေနဲ့ ကလေးတွေနေမကေါင်းရင်စိုးရိမ် ကြောင့်ကြဖြစ်ရတာ နားလည်ပေးနိုင်ပါတယ်

ရောဂါအသစ်အဆန်းလါး
ရောဂါအသစ်အဆန်းဖြစ်ပြီး ရုတ်တရက်ပိုဆိုးလါတဲ့အထေါက်အထါး မရှိပါဘူး ပါရမီဆေး ရုံ မှာ နှာစေးချောင်းဆိုးဖျားတဲ့ကလေးတွေကို နှာခေါင်းတို့ဖတ်ယူပြီးစစ်ဆေးကြည့်တော့ ရာသီတုပ်ကွေး A နဲ့ အသက်ရှူလမ်းကြောင်းဗိုင်းရပ် စ် ( RSV - Resipratory syncytial virus ) တွေ့ရပါတယ်
နှစ်တိုင်းလည်းဒီရာသီမှာ ဗိုင်းရပ်စ်ပိုးတွေကြောင်ဖြစ်တဲ့ အအေးမိနှာစေးဖျားနာတာတွေကဖြစ်နေကြပါ ဒါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကလည်း တေါ်တေါ်များပါတယ် ရာသီ တုပ်ကွေး ( Influeza A, B ကတော့လူသိလည်းများ ကါကွယ်ဆေးထိုးထားရင်လည်း အတေါ်အသင့်ကါကွယ်နိုင်ပါတယ် ၁၀၀% တော့ မဟုတ်ပါဘူး ဒါပေမဲ့ တခြားဗိုင်းရပ်စ်တွေလည်းရှိပါသေးတယ် Parainfluenza ( အသံအိုးရောင် -ချောင်းဆိုးကြာတတ်) , RSV လို့ခေါ်တဲ့လသားလေးတွေမှာ လေပြွန်ရောင် အသက်ရှူကြပ် ( Bronchiolitis) ဖြစ် စေတဲ့ ဗိုင်းရပ်စ်) , Adeno virus စတာတွေလည်းရှိပါသေးတယ် ဒါတွေကကါကွယ်ဆေးနဲ့ ကါကွယ်လို့ မရသေးသလို တခါဖြစ်ပြီးလည်းနောက်နှစ်နောက်နှစ်တွေမှာ ပြန်ဖြစ်နိုင်ပါသေးတယ် ကူးစက်တာကလည်း နှာချေချောင်းဆိုးတာကကူးတာမို့ တယောက်နဲ့တယောက်နီးကပ်နေတဲ့ ကျောင်းတွေမှာ ပို ကူးစက်လွယ်တာပါ ဒါကြောင့် ဒီရာသီမှာ နှာစေးချောင်းဆိုးဖျား တဲ့ ကလေးတွေ အများကြီးတွေ့နေတာပါ

ရုတ်တရက် အသက်ရှူကြပ် အသက်ဆုံးရှူံးနိုငင်သလါး
ပန်းနာရင်ကြပ် အခြေခံရှိတဲ့ကလေး တွေမှာပေါ့ နှာစေးရာကနေ ရုတ်တရက် ရင်ကြပ်ထ လါနိုင်ပါတယ် နာရီပိုင်းအတွင်းကြပ်လါနိုင်ပါတယ် ရင်ကြပ်ထတယ်လို့ခေါ်ပါတယ် အဲ့ဒီအခါ မိဘကရောကျန်းမာရေးဝန်ထမ်းတွေကပါလိုအပ်တဲ့လေပြွန်ကျယ်ဆေး ( ရှူဆေး ကပိုထိရောက် မြန်ဆန်) အရောင်ကျဆေးတွေပေးရပါတယ် လိုအပ်ရင် အောက်ဆီဂျင် နဲ့ အကြောဆေးရည် ( ပါးစပ်ကမသေါက်နိုင်ရင် ) သွင်းပေးရပါတယ် ပန်းနာရင်ကြပ် ထိန်းဆေး ( ရှူဆေး သေါက်ဆေး) တွေပုံမှန်လုပ်ထါးရင်တော့ ရင်ကြပ်မထအေါင် သို့မဟုတ် ထရင်လည်းသက်သာအေါင်လုပ်ပေးထါးလို့ရပါတယ်
နောက်ထပ်အန္တရာယ်ရှိတဲ့ကလေးတွေကတော့ လသား လေးတွေမှာ သူတို့ရဲ့ အဆုတ်ထဲမှာရှိတဲ့ လေပြွန်လေးတွေက နဂိုထဲသေးငယ်တော့ ဗိုင်းရပ်စ်ပိုးဝင် ( အထူးသဖြင့် RSV virus) ဝင်ပြီးလေပြွန်ရောင်ရင် ရင်ကြပ်တတ်ပါတယ် ပထမ နှာစေးနောက်ချောင်းဆိုးပြီးတော့ရင်ကြပ်လိုက်လါ
တာပါ ယေဘူယျအားဖြင့်တော့နာရီ ပိုင်းအတွင်း မှာဖြစ်တာမဟုတ်ပါဘူးရက်ပိုင်းအတွင်းမှာဖြစ်တာပါ ကလေး ငြိမ် နေတုံးမှာ အသက်ရှူနှုံးကို တမိနစ်အပြည့်တိုင်းကြည့်ပါ ၂ လ အေါက်ဆို ၆၀ အထက် ၂လနဲ့ ၁ နှစ်ကြားဆို ၅၀ အထက်ဆိုရင် အသက်ရှူမြန်ပါတယ် ဆရာဝန်ဆရာမပြရပါတယ် ကလေးမှိန်းရင် နို့မစို့ နိုင်ရင် ဆေးရုံတက်သင့်ပါတယ်

အဆုတ်ခဲတတ်သလါး ?
ဗိုင်းရပ်ပ်ပိုးတွေဝင်ပြီး နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေဝင်လို့ အဆုတ်ရောင်ရင် ( Pneumonia ) ဖြစ်ရင်တော့ ကလေးကအဖျားကြာလါ အဖျားကြီးလါတတ်ပါတယ် ပိုပြီးတော့လည်းချောင်းဆိုးမော ပင်ပန်းပါတယ် ဒါကတော် နာရီပိုင်းအတွင်းမဟုတ်ပါဘူး စဖျား ပြီး ၃-၅ ရက်စသည်ဖြင့်ကြာပါတယ် ဓါတ်မှန်ရိုက်ကြည့်ရင် အဆုတ်မှာ လေမဝင်ပဲ ခဲတဲ့နေရာတွေတွေ့ရမှာပါ ကလေးတိုင်းလည်း ဓါတ်မှန်ရိုက်ဖို့သွေးစစ် ဖို့မလိုပါဘူး အဓိကကသေသေချာချာရောဂါရာဇဝင်မေးဖို့ စမ်းသပ်ဖို့လိုတာပါဆရာဝန်ကစမ်းသပ်ပြီးလိုအပ်တဲ့ ဆေးဝါးတွေနဲ့ကုသရပါမယ်
ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး သေါက်ဆေးပေးမှာလါး ဆေးရုံတင်ပြီးထိုးဆေးနဲ့ကုမှာလါး ဆုံးဖြတ်ရမှာပါ သင့်တေါ်တဲ့ပဋ္ဋိဇီဝဆေး မပေးဖြစ်ရင်တော့ အဆုတ်ပိုခဲတာ ပြည်တည်တာ ဖြစ်နိုင်ပါတယ် အသက်အန္တရာယ်ရှိနိုင်ပါတယ်

အကြံပြုချက်

မိုးရာသီမှာ ကျောင်းဖွင့်ခါစမှာ နှာစေးချောင်းဆိုးဖျား ဖြစ်တာကဖြစ်နေကြပါ ကိုဗစ်ကြောင့် မူကြိုတေါင်မနေဖြစ် တဲ့ကလေးတွေက ကျောင်းစထားကါစမှာ ပိုဖြစ်တတ်ပါတယ်
ကလေးကလန်းလန်းဆန်းဆန်း အဖျားလည်းသိပ်မကြီးရင်တော့ သါမန်ပါရာစီတမော အဖျားကျဆေး လေါက်နဲ့သက်သာသွားမှာပါ နွေးနွေးထွေးထွေးထါးရပါမယ် ဖျားလို့ဆိုပြီး ရေချိုးတာ တကိုယ်လုံးချွတ်ပြီးရေပတ်တိုက်တာမလုပ်ရပါဘူး
အသက်ရှူနှုံး မြန်ရင်(အပေါ်မှာ ပြောပြီး သား + ၁-၅ နှစ်ကြားဆို ၄၀ အထက်ဆိုရင်) ဆေးခန်းပြဖို့လိုပါတယ်
တေါ်တေါ်ကြပ်လို့ နို့မစို့နိုင်ရင် ကလေးကြီးတွေမှာ စကါးကို စာကြောင်းနဲ့မပြောနိုင်ရင် မှိန်းရင် တက်ရင်ဆေးရုံ တင်ရပါမယ် ဘာမှမဝင်ပဲ ဆက်တိုက်အံနေရင်လည်းဆေးရုံတက်အကြောဆေးရည်သွင်းသင့်ပါတယ်

စိုးရိမ်ကြောင့်ကြမှုဆိုတာရှိလွန်းရင်လည်း မလိုအပ်ပဲ ပူပင်သေါကဖြစ်ရပါတယ် မရှိလွန်းရင်လည်းအန္တရာယ်ရှိပါတယ် မှန်ကန်တဲ့ပမာဏ ရှိဖို့ ဒီစာကအထေါက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်

08/07/2023

Flu နဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ အဆုတ်ရောင်ရောဂါဟာ ခလေးတွေမှာ ပြင်းထန်လာတာ တွေ့ရပါတယ်
ထိတွေ့မှုနည်းအောင် ငါးရက်လောက် ကျောင်းနားသင့်ပါတယ်

Photos from Thiha Clinic's post 07/07/2023

မိဘတွေ ပညာလောဘကြီးပုံကတော့ သြချစရာပဲ
( မေမေတို့ ဖေဖေတို့ ငယ်ငယ်တုန်းကတော့ ဆရာမလာတဲ့နေ့တို့ မိုးသည်းသည်းမဲမဲရွာလို့
ကျောင်းမတက်ရတဲ့နေ့​တွေဆို ပျော်တယ် မဟုတ်လား )
ခုလို တုပ်ကွေးရာသီကတော့ ကျောင်းမှာ ဖျားနာခလေးတွေ များနေပြီဆို ငါးရက်လောက်တော့ ခွင့်ယူသင့်ပါတယ်
မဟုတ်ရင် ငါးလပိုင်းလောက်ကတည်းက ကာကွယ်ဆေးထိုးထားသင့်ပါတယ်

06/07/2023

ရာသီတုပ်ကွေးအလွန်မှာ ​သတိထားရမယ့် တုပ်ကွေးကဘာတုပ်ကွေးလဲ ???

Photos from Thiha Clinic's post 03/07/2023

ဒီနေ့ည 9 pm မှာ
ကျွန်တော့် အသိမိတ်ဆွေတွေအတွက်
အစီအစဥ်တခုရှိပါတယ်

အဲ့ အစီအစဥ်ကိုလဲ တပတ်တခါလောက် သို့မဟုတ် နှစ်ပတ်တခါလောက် ဆွေးနွေးပေးသွားမှာပါ

အကြောင်းအရာကတော့
" ပွင့်လင်းစွာမေး ညီလေး ကျန်မာရေး " ဖြစ်ပါတယ်
comment section ကဖြစ်ဖြစ်
သို့မဟုတ် chat box ကတဆင့် သိလိုတာတွေကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

page ကို share and follow လေးလုပ်ပေးကြပါ ခင်ဗျ

#ပွင့်လင်းစွာမေးညီလေးကျန်းမာရေး

03/07/2023

Family Doctor
Home Visit
Thiha Clinic
Dr.Thiha
Care with Compassion

Photos from Thiha Clinic's post 02/07/2023

ဘယ်ဆေးအမျိုးအစားက
အဖျားကျ​​စေဖို့အတွက်သောက်ရတဲ့ Paracetamol 500mg ပါဝင်တာလဲ

02/07/2023

ကြုံရဆုံရတဲ့ ရာသီတုပ်ကွေးအကြောင်း

19/05/2023

World Family Doctor Day 2023
May 19
FAMILY DOCTORS: THE HEART OF HEALTHCARE




မိသားစုတိုင်းမှာ အားကိုးရတဲ့ မိသားစုဆရာဝန် တစ်ယောက်တော့ ရှိသင့်ပါတယ်။ (Credit)

Photos from Thiha Clinic's post 21/04/2023

မိုးရာသီ တုတ်ကွေးကာကွယ်ဆေးထိုးလို့ရပါပြီခင်ဗျ

၂၀၂၃ အတွက် Vaxigrip Tetra Home Visit Service ယူ​နေကျ Client များအတွက် ဝန်​ဆောင်မှု​ပေး​နေပါပြီ
တစ်ဦးလျှင် - 45000 MMK (Home Visit )
(၅) ဦးနှင့်အထက် - 43000 MMK ( Home Visit )

တစ်ဦး - 38000 MMK ( Thiha Clinic )

နှစ်စဥ်​ရာသီတုတ်​ကွေးကာကွယ်​ဆေးထိုး​နေကြမိတ်ဟောင်းများ မိတ်သစ်များအားလုံးကို​ကျေးဇူးအထူးတင်ရှိပါသည်
ကျန်းမာရွှင်လန်းကြပါ​စေ

Thiha Clinic
09758356224

25/12/2022

We wold like to inform you that we are closed today.
Hope coming New year will bring good luck and good health for you and your family.
Wishing you all the best.
Merry Christmas.

Dr. Thiha Htet Aung
Care with Compassion
Thiha Clinic
No. 204,Shwe Wah Tun Street, 2 Quarter, Mayangone Township, Yangon, Myanmar.
(+95)9758356224
(+95)9968249682

12/12/2022

Medical Checkup

Thiha Clinic တွင် လူကြီးမင်းတို့၏ကျန်းမာရေးဆိုင်ရာစစ်ဆေးချက်များကို ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်၍ လိုအပ်သည်များစစ်ဆေးနိုင်ခြင်း

နာတာရှည်သမားများကို လိုအပ်သည်များ(လိုအပ်လျှင်) စစ်ဆေး၍ ထိရောက်သော treatment များဖြင့် ကျန်းမာခြင်းရလာဒ်ကောင်းများကိုရရှိစေရန် ကုသပေးခြင်း

HIV Bပိုး Cပိုးများ စစ်ဆေးပေးခြင်း

သွေးအုပ်စုခွဲပေးခြင်းများကို အချိန်တိုအတွင်း မှန်ကန်သောစျေးနှုန်း
ထိရောက်သေချာသောကုသမှုများဖြင့် စစ်ဆေးခြင်း ကုသခြင်းများဝန်ဆောင်မှုပေးပါသည်

Dr. Thiha Htet Aung
Thiha Clinic

20/11/2022

သားဆက်ခြား Implant ထည့်ခြင်း (လက်မောင်းအတွင်း) ဝန်ဆောင်မှုပေးနေပါပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်

Dr Thiha Htet Aung
Thiha Clinic
Care with Compassion

Photos from Thiha Clinic's post 17/11/2022

Lydia Implant လေးတွေပြန်ရောက်ပါပြီ
သီဟအထွေထွေရောဂါကုဆေးခန်းတွင် သားဆက်ခြား (4 နှစ်) လက်မောင်းတွင်းထည့် Implant များ စိတ်ချယုံကြည်စွာထည့်နိုင်ပြီဖြစ်​ကြောင်းသီတင်းကောင်းပါးအပ်ပါသည်
Booking Ph - 09758356224
သီဟအထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်
(2) ရပ်ကွက် မရမ်းကုန်း

Videos (show all)

ကြုံရဆုံရတဲ့ ရာသီတုပ်ကွေးအကြောင်း#HE1stVlog
သားဆက်ခြား Implant ထည့်ခြင်း (လက်မောင်းအတွင်း) ဝန်ဆောင်မှုပေးနေပါပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည် Dr Thiha Htet Aung...

Telephone

Website