Vocational English for MMR

Vocational English for MMR

We share. We care.We support our teachers.

Photos from Educare.mm's post 21/06/2022

Grade 10 , Physics Exercises. Unit - 2
မေးခွန်းဟောင်းပုံစံထဲကနေ ဖောက်မထွက်တဲ့ မေးခွန်းပုံစံတွေကြားထဲမှာ စာလေ့ကျင့်ရတာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေပြီလား။ သိပ်မခက်တဲ့ ပုံစံနဲ့ စာလုပ်ရပျော်စေဖို့ လေ့ကျင့်ခန်းကောင်းလေးတွေ ရှဲပေးလိုက်ပါတယ်.
pdf ရယူရန် mail ထားခဲ့ပေးပါနော်။ အားတဲ့အချိန်ပို့ပေးထားပါမယ်။
ဆရာ၊ ဆရာမအားလုံး သင်ကြားရေးအောင်မြင်ပေါက်မြောက်ကြပါစေ။
ကျေးဇူးပါ။
.mm

Photos from Educare.mm's post 11/05/2022

Grade 10 , Physics Exercises.
ကလေးတွေကို လေ့ကျင့်ပေးဖို့ အကောင်းဆုံး လေ့ကျင့်ခန်းများ။
Admin ဆရာမက IS ဖက်ပြောင်းသွားလို့ ပို့စ်တင်တာတွေ ကြာသွားပါတယ်။ ဒါကြောင့် ဆရာမ အရင်က မြန်မာသင်ရိုးသင်ခဲ့တုန်းက ပြုစုထားတာလေးတွေပဲ ပြန်ရှဲပေးပါမယ်ရှင့်။
pdf ရယူရန် mail ထားခဲ့ပေးပါနော်။ အားတဲ့အချိန်ပို့ပေးထားပါမယ်။
ဆရာ၊ ဆရာမအားလုံး သင်ကြားရေးအောင်မြင်ပေါက်မြောက်ကြပါစေ။
ကျေးဇူးပါ။
.mm

05/04/2022

Cambridge Curriculum သို့ စောင်းငဲ့ကြည့်ရှုခြင်း။
************************************************
International school တွေမှာ အသုံးများတဲ့ British Curriculum တစ်ခုဖြစ်တဲ့ Cambridge Curriculum ကို ခဏလောက် လေ့လာကြည့်ကြမယ်နော်။
British National Curriculum မှာတော့ ပုံမှာပြထားတဲ့အတိုင်း key stage 5 ခုနဲ့ သွားထားတာကို တွေ့ရမှာပါ။
Key stage 1 မတိုင်ခင် အသက် ၅ နှစ်အထိကို Nursery school တွေ ထားပေးလို့ရပါတယ်။ ကျွန်မတို့ဆီမှာတော့ မူကြို နဲ့ သူငယ်တန်းပေါ့ရှင်။
Key stage 1
KS1 ကို အသက် ၅ နှစ်မှ ၇ နှစ်အတွင်း ကလေးများတက်ရောက်ကြပြီး Year 1 နှင့် Year 2 တို့ပါဝင်ပါတယ်။ Lower Primary Level ပေါ့ရှင်။
Key Stage 2
KS 2 ကို အသက် ၇ နှစ် မှ ၁၁ နှစ်အတွင်း တက်ရောက်ကြပြီး Year 3 မှ Year 6 အထိ ပါဝင်ပြီး Upper Primary Level ဖြစ်ပါတယ်ရှင့်။ Year 6 ပြီးတဲ့အခါမှာတော့ Primary level ပြီးမြောက်ပြီဖြစ်ပါတယ်။ မြန်မာပညာရေး စနစ် ( စနစ်သစ် )မှာ မူလတန်းကို kg မှ ပဉ္စမတန်း အထိ သတ်မှတ်ထားပါတယ်။ မြန်မာပညာရေးစနစ်မှာ kg ကို အသက် ၅ နှစ်မှာ စတက်ပါက အသက် ၁၀ နှစ် ၁၁ နှစ် ဝန်းကျင်တွင် မူလတန်း ပြီးမြောက်မှာဖြစ်ပါတယ်။
Key Stage 3
KS 3 ကို အသက် ၁၁ နှစ် မှ ၁၄ နှစ်အတွင်း ကလေးများ တက်ရောက်ကြပြီး Year 7 to Year 9 အထိ အတန်း သုံးတန်း ပါဝင်ပါတယ်။ Lower Secondary level လို့လည်း ခေါ်ကြပါတယ်။ ဒီအဆင့်ပြီးတဲ့အခါမှာ ( Secondary level ) မပြီးသေးပါဘူးနော်။ မြန်မာပညာရေးစနစ် စနစ်သစ်မှာ အလယ်တန်းအဆင့်တွင် ဆဌမတန်းမှ နဝမတန်းအထိ လေးနှစ်တက်ရောက်ရမှာဖြစ်ပါတယ်။ ထိုလေးနှစ်ပြီးပါက အလယ်တန်းအဆင့် ပြီးမြောက်ပြီ ဖြစ်ပါတယ်။
Key Stage 4
KS4 ကို အသက် ၁၄ နှစ်မှ ၁၆ နှစ်အတွင်း ကလေးများတက်ရောက်ကြပြီး GCSE ( General Certificate of Secondary Education ) ( Ordinary level , O level ) ဖြေဆိုရန် ပြင်ဆင်တဲ့နှစ်များ ဖြစ်ပါတယ်။ Year 10 နှင့် Year 11 အဖြစ် တက်ရောက်ကြပါတယ်။
Key Stage 5
KS 5 ကို Year 12 နှင့် Year 13 အဖြစ်တက်ရောက်ကြပြီး GCSE ( Advanced level , A level ) ဖြေဆိုရန် ပြင်ဆင်ကြပါတယ်။
Cambridge Curriculum ကို ယေဘူယျ ကြည့်မယ်ဆိုရင် Year တစ်ခုချင်းစီမှာ နည်းနည်းစီ သင်သွားတာကိုတွေ့ရပါတယ်။ ဒါကြောင့် Year 1 သို့မဟုတ် Primary level မှ စတက်လျှင် ကျောင်းသားအများစုအတွက် အခက်အခဲရှိနိုင်မှာ မဟုတ်ပါဘူးရှင့်။ GCSE level မှ စဝင်မယ်ဆိုလျှင်တော့ အားစိုက်ထုတ်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Lower Secondary level မှာ မြန်မာသင်ရိုးမှ အထက်တန်းစာများကို တွေ့ရပါတယ်။ သူ့သင်ရိုးအတိုင်းသင်လျှင် Lower Secondary level ( Year 7 to 9 ) မှာ မြန်မာသင်ရိုးမှ အထက်တန်းစာများကို နည်းနည်းစီ သင်ထားတာကြောင့် GCSE အတွက်ပြင်ဆင်တဲ့အခါ သင်ပြီးသား အကြောင်းအရာများအပေါ်တွင် အကျယ်ထပ်ချဲ့ရုံသာ လိုအပ်တော့တာပေါ့ရှင်။
မြန်မာသင်ရိုးကို ပံ့ပိုးပေးရန် ရည်ရွယ်ထားတဲ့ page ဖြစ်သော်လည်း စိတ်ဝင်စားမယ်လို့ ယူဆတာကြောင့် ဒီအကြောင်းအရာလေးကို ရေးသားလိုက်ရပါတယ်နော်။
ဆရာ၊ ဆရာမများ သင်ကြားရေး အောင်မြင်ပေါက်မြောက်ကြပါစေ။
ကျေးဇူးပါ။
.mm
Photo from internet source:

20/03/2022

Post မတင်တာကြာပြီ။
တင်ပြန်​တော့လည်း ​ဒေါသနဲ့​တော့ ဖြစ်ပြီ။
မ​ကျေနပ်လွန်းလို့ပါရှင်။
တ​လောက ရန်ကုန်က **** မြို့နယ်က International school အတွက် Primary level သင်ဖို့ဆရာမ အလုပ်​ခေါ်တာတဲ့ရှင့်။
အလုပ်ချိန် မနက် ၁၀ ည​နေ ၆ က ​လေးရက်။
မနက် ၉ ည​နေ ၆ က နှစ်ရက်။ တစ်ပတ် နာရီ ၅၀ ​ပေါ့ရှင့်။
Eng စာ intermediate level ရှိရမယ်တဲ့ရှင့်။
လစာက နှစ်သိန်းတဲ့။
ဆရာမ​တွေကို နှိမ်ချင်သလို နှိမ်​နေကြတာ။ ကြာ​တော့ စိတ်​ပေါက်လာပြီ။
အိမ်အကူဝန်​ဆောင်မှု page ကို ဝင်ကြည့်ရင်​တောင် သုံးနာရီ ရှစ်​ထောင်​ပေးရတယ်ရှင့်။
​ဘယ်လိုအ​တွေးနဲ့ ​​ဆရာမ​ခေါ်စာကို အဲ့လို​ခေါ်ရဲတယ်မသိဘူး။
​ပြောလိုက်ကြရင်လည်း ​က​လေးစိတ်ပညာတို့ ဆရာကျင့်ဝတ်တို့ကို ပါးစပ်ကမချဘူး။ ဆရာ၊ ဆရာမ​တွေရဲ့ အခွင့်အ​ရေးအတွက်​တော့ ဘယ်သူက စဉ်းစားပေးဖူးလဲရှင့်။
ဘယ်သူမှ မစဉ်းစား​ပေးရင်​တောင် ဆရာ၊ ဆရာမ​တွေကိုယ်တိုင်က လက်မခံဘူးဆိုတာ ပြကြရမယ်ရှင့်။
အဲ့လို post ​အောက်မှာ အလုပ်​​လျှောက်ဖို့ သွား​မေးကြတာလည်း မြင်မ​ကောင်းဘူးရှင့်။
FoodPanda က က​လေး​တွေကမှ သူတို့အခွင့်အ​ရေးကို သူတို့တိုက်ယူကြ​သေးတယ်။
ဆရာ၊ ဆရာမ​တွေက​တော့ ခံပြီးရင်း ခံပဲ။
ကိုယ်နဲ့မဆိုင်လို့ ကိုယ်သွား​လျှောက်မယ့်​ကျောင်း မဟုတ်လို့ မသိချင်​ယောင်​ဆောင်​နေရင်
ဆရာ၊ ဆရာမ လစာက နှစ်သိန်းနဲ့ပဲ တန်တယ်လို့ ထင်ကုန်ကြမယ်။
တစ်ပတ် နာရီ ၅၀ က အဆင်​ပြေတယ်၊ ဆရာတစ်​ယောက်လုပ်ရမယ့် အချိန်ပဲလို့ ယုံကြည်ကုန်ကြမယ်။
ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်ကို ကိုယ်မှ မ​စောင့်​ရှောက်ရင် ဘယ်သူကမှ လာ​​စောင့်​ရှောက်​ပေးမှာ မဟုတ်ဘူး​​နော။
​တော်​သေးပြီ။

20/01/2022

ဖုန်းနှင့်အလွယ်တကူအသုံးပြုလို့ရသည့် interactive whiteboard ( Clapp )
*********************************************************
ကွန်ပျူတာနဲ့ Open Board အသုံးပြုပုံကို share ပြီးတဲ့နောက်မှာ
ဖုန်းနဲ့သုံးလို့ရမယ့် application လေး ကောင်းတာရှိလားလို့ မေးကြလို့
စမ်းသုံးကြည့်ခဲ့ပါတယ်။
သုံးကြည့်ရင်းနဲ့ Android တွေမှာ အသုံးပြုလို့ရမယ့် application ကောင်းလေးတစ်ခုကို သွားတွေ့ပါတယ်ရှင့်။
ဒါ ကြောင့် ဒီ application လေးကိုလည်း မျှပေးလိုက်ပါတယ်နော်။
ဒီ application လေးမှာဆိုရင်
ကျောင်းသားတွေ အိမ်စာထပ်ထားတဲ့ သင်္ချာ ပုံတွေကို image file ကနေ ယူပြီး စက်ဝိုင်းခြမ်းနှင့်တိုင်းကာ ထောင့်တွေကို စစ်ဆေးပေးလို့ရပါတယ်။
စာစစ်ဖို့ ကွန်ပျူတာ ထ ဖွင့်စရာ မလိုတော့ဘူးပေါ့ရှင်။
ဆရာဆရာမအားလုံး သင်ကြားရေးအောင်မြင်ပေါက်မြောက်ကြပါစေ။
ကျေးဇူးပါ။

16/01/2022

သင်ခန်းစာ ပြင်ဆင်ခြင်း ( Lesson Plan ) ပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ
********************************************************
ဆရာ၊ ဆရာမတွေက သင်ခန်းစာတစ်ခုကို စ မသင်ခင် ဘာကို ဘယ်လိုလေးသင်မယ်ဆိုတာ စီစဉ် စဉ်းစားထားကြပါတယ်။
ဒီလို စဉ်းစားပြီး ပြင်ဆင်တာကိုပဲ သင်ခန်းစာပြင်ဆင်ခြင်း (Lesson Plan ) လို့ ခေါ်ဆိုပါတယ်။
မိမိကိုယ်တိုင် သင်ကြားတဲ့ သင်တန်းတွေမှာတော့ Lesson Plan ရယ်လို့ သီးသန့်ရေးမှတ်ထားတာမျိုးက ရှိချင်မှ ရှိနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဘာကို ဘယ်လို သင်မယ်လို့တော့ ကြိုပြီး စဉ်းစားထားတာပဲ မဟုတ်လား။
ကျောင်းတွေမှာသင်မယ်ဆိုရင်တော့ Lesson Plan ကို သက်ဆိုင်ရာ ဘုတ်အဖွဲ့က စစ်ဆေးပြီး အကြံပြုပေးပါလိမ့်မယ်။
ဒီလိုစစ်ဆေး အကြံပြုပေးတယ်ဆိုတာကလည်း ကျောင်းသားတွေကို အကောင်းဆုံး ပညာရေးပေးနိုင်ဖို့ ပွဲမဝင်ခင် ကြိုပြင်စေလိုတဲ့ သဘောပါပဲ။
ကဲ ဘာပဲ ဖြစ်ဖြစ် ဆရာ ၊ ဆရာမတိုင်းကတော့ သင်ခန်းစာပြင်ဆင်ခြင်းကို ပြုလုပ်နေကြရပါတယ်။
တိုးတက်လာတဲ့ ခေတ်ထဲမှာ သင်ကြား၊သင်ယူမှု ပုံစံတွေလည်း ပြောင်းလဲလာခဲ့ပါပြီ။
အကြောင်းအရာတစ်ခုကို သင်ကြားပေးတဲ့အခါ အဲ့သည့်အကြောင်းအရာကို သိရှိသွားရုံ ၊ တတ်မြောက်သွားရုံတင် မဟုတ်ဘဲ ၂၁ ရာစု ကျွမ်းကျင်မှုများကိုပါ ရရှိစေရန် စာသင်ခန်းတွေထဲမှာ ထည့်သွင်းပေးနေကြပါပြီ ။
စာသင်ခန်းတွေဟာ စာအံဖို့ ၊ ဂဏန်းတွက်ဖို့ သီးသန့်နေရာများ မဟုတ်တော့ပါဘူး။
စာသင်ရင်း ၊ လေ့လာရင်း တစ်ဦးအပေါ်တစ်ဦးလေးစားတတ်စေဖို့ ၊ ကူညီတတ်စေဖို့ ၊ ကိုယ်တိုင်ပြဿနာများ ဖြေရှင်းတတ်စေဖို့ လေ့ကျင့်ပေးရာနေရာများ ဖြစ်လာကြပါပြီ။
ဒီလိုဆိုရင် ကျောင်းသား၊ ကျောင်းသူလေးများကို ဒီလို စိတ်နေစိတ်ထားများ ၊ အလေ့အကျင့်ကောင်းများ ရရှိစေရန် Lesson Plan ထဲမှာ ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်လာပါပြီ။
Lesson Plan ထဲမှာ အောက်ပါ အခြေခံအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ခေတ်မီသော သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကို ဖန်တီးလာနိုင်ပါလိမ့်မယ်။
 ကျောင်းသားဗဟိုပြု သင်ကြားနည်း ( CCA ) ဖြစ်ပါသလား။
 ထိရောက်သောသင်ကြားနည်းစနစ်တစ်ခု ( Effective Teaching Method ) ဖြစ်ပါသလား။
 ၂၁ ရာစု ကျွမ်းကျင်မှုများ ( 21st Century Skills ) ရရှိစေရန် စီစဉ်ထားပါသလား။
 ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှု ( Thinking ) ကို တိုးတက်စေပါသလား။
 လူမှုရေးရှုထောင့်များကို ထည့်သွင်းစဉ်းစားထားပါသလား။ ( Social Awareness )
 ကျောင်းသားများ၏ တတ်မြောက်မှုကို တိုင်းတာရန် စီစဉ်ထားပါသလား။ ( Assessment )
ဒီအချက်တွေနဲ့ ပတ်သက်ပြီး တစ်ချက်ချင်းစီအကြောင်းကို ဆက်လက် တင်ပြပေးသွားပါမယ်နော်။
ဆရာ၊ ဆရာမအားလုံး သင်ကြားရေး အောင်မြင်ပေါက်မြောက်ကြပါစေ။
ကျေးဇူးပါ။

Photos from Educare.mm's post 21/11/2021

Educare မှ
The Art of Teaching
Learn to Teach
Tech4Edu
သူတို့ဒီလိုသင်ကြတယ်။ ဟူသော အစီအစဉ်များကို တစ်ပတ်လျှင် လေးရက်တင်ဆက်ပေးလျက်ရှိရာ
Follower ဆရာ၊ ဆရာမ များအတွက် သတင်းများကြားတွင် page updates များ မကြာခဏ တက်နေသည်ကို တွေ့ရပါသည်။
သို့ဖြစ်ရာ ဆရာ၊ ဆရာမ များအတွက် စိတ်အနှောက်အယှက် မဖြစ်စေရန် အပတ်စဉ်တင်ဆက်လျက်ရှိသော အစီအစဉ်များကို တစ်ပတ်လျှင် နှစ်ရက် အလှည့်ကျ ပြောင်းလဲ တင်ဆက်ပေးရန် ဆုံးဖြတ်လိုက်ပါသည်။
အစီအစဉ်များအကြာင်းကို သက်ဆိုင်ရာပုံများနှင့် တွဲ၍ ရှင်းပြထားပါသည်။
Educare ၏ Youtube Channel တွင် ဤအစီအစဉ်များကို ပုံမှန်ထုတ်လွှင့်လျက်ရှိသောကြောင့် Like and Subscribe ပြုလုပ်ပေးထားပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်။
https://www.youtube.com/channel/UCitebyhWDzLeHJs2s2tjD0g

Basic Level of Physics - BLP - YouTube 20/11/2021

Logarithm ကြည့်ရတာခက်တယ်လို့ သားသား မီးမီးတို့က ပြောနေပါသလား မေမေတို့ရေ။
ဒီမှာ နည်းလမ်းကောင်းလေးတွေ့လို့ လက်တို့လိုက်တယ်နော်။
ပေးထားတဲ့ Link လေးကို နှိပ်ပြီး
Youtube channel လေးကို like and subscribe လုပ်ထားလိုက်ပါနော်။
ဒီ Channel မှာ
Prefixes တွေအကြာင်း
ယူနစ်ပြောင်းနည်းတွေနဲ့
Log ကြည့်နည်းတွေကို
လွယ်ကူတဲ့နည်းတွေနဲ့ ရှင်းလင်းပြထားလို့
ခဏ ခဏ ဝင်ကြည့်ပြီး လေ့ကျင့်လိုက်ပါနော်။
ဒီ Channel လေးကတော့ ဆရာ ကျော်ဇေယျာဦးရဲ့ Basic Level of Physics ( BLP ) ပဲဖြစ်ပါတယ်။
https://www.youtube.com/channel/UCemDMW7qPFlnc8nAhe_0u6A/featured
ဒါဒီအစီအစဉ်လေးကတော့ သူတို့ ဒီလိုသင်ကြတယ် အစီအစဉ်လေးပါရှင်။
အပတ်စဉ် စနေနေ့ ည ၈ နာရီတိုင်းမှာ တင်ဆက်ပေးနေပါတယ်နော်။

.mm
#သူတို့ဒီလိုသင်ကြတယ်

Basic Level of Physics - BLP - YouTube This channel is aiming for basic level of Physics in Myanmar. Therefore, you will be seeing some basic physics articles , conceptual notes , video file or au...

20/11/2021

• နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ ကလေးသူငယ်များနေ့ ( Universal Children’s day ) အဖြစ် သတ်မှတ်ထားပါတယ်။
• 1959 ခုနှစ်မှာ ကလေးသူငယ်တို့၏ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို တင်သွင်းနိုင်ခဲ့တဲ့ အတွက် အဲ့သည့်နေ့ကို အစွဲပြုပြီး နှစ်စဉ် ကျင်းပနေကြခြင်းဖြစ်ပါတယ်။
• ယခုနှစ်ရဲ့ theme ကတော့ လွန်ခဲ့သောနှစ်နှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရသော ကလေးများ၏ သင်ကြားသင်ယူခွင့်ဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အဓိကထားရန် ဖြစ်ပါတယ်။
Source : https://www.news18.com/news/lifestyle/historytv18-raring-to-go-with-sixth-season-of-much-loved-digital-first-series-roadtrippinwithrnm-4463561.html
’s_Day
.mm

18/11/2021

Online Class သင်တဲ့အခါ ဂျီဩမေတြီပုံတွေဆွဲပြရတာက အခက်အခဲတစ်ခု ဖြစ်နေပါသလား။
Online Class သင်ကြားနေတဲ့ ဆရာ၊ဆရာများ အထူးသဖြင့် သင်္ချာ ဆရာ၊ဆရာမ များအတွက် အသုံးဝင်တဲ့ OpenBoard software ကို review လုပ်ပေးလိုက်ပါတယ်။
ဒီ review လေးကြည့်ပြီး စမ်းသုံးကြည့်ပါနော်။
Software လေးကို downoad လုပ်ဖို့ link ကိုလည်း ရှဲပေးထားပါတယ်ရှင်။
ဒီအစီအစဉ်လေးကတော့ Tech4Edu ပဲ ဖြစ်ပါတယ်။
သတင်းကောင်းလေးတစ်ခုရှိပါတယ်။
Educare ရဲ့ ပညာရေးနှင့်ဆိုင်သော video များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် Youtube Channel လေးလွှင့်တင်ထားလိုက်နိုင်ပါပြီရှင်။
Channel link ကို ထပ်တင်ပေးပါမယ်နော်။
OpenBoard software ကို ရယူရန် -------->
https://openboard.ch/download.en.html



.mm

17/11/2021

မင်္ဂလာရှိသော တန်ဆောင်တိုင်အချိန်အခါ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။

15/11/2021

PowerPoints တွေရေးပေးတာကလေ ဖတ်စာအုပ်ထဲက ကူးချရတာလည်း မဟုတ်ပါဘူး။
မှတ်စုထုတ်ပေးထားတာမျိုးမဟုတ်ဘဲ
ဘယ်လိုလေး သင်ပေးရင် အဆင်ပြေမလဲလို့ တွေးပြီး
လုပ်ပေးရတာဆိုတော့ ကျမ သူငယ်ချင်းဆရာမ စကားကို ယူသုံးရရင်
ဈာန်ဝင်မှ ရတာပေါ့နော်။
ပထမ Grade 6 , Grade 7 maths လုပ်ပေးပြီး ခုဆို ရက် ၂၀ လောက်ရှိနေပြီ နောက် project တစ်ခုကို စမလုပ်ရသေးဘူးရှင်။
ဘာလို့ဆိုတော့ ဈာန်မဝင်လို့လားပဲ။ 😔
အဓိကက Page ကို ပုံမှန် run နိုင်အောင် စီစဉ်နေရာတာကြောင့်လည်း ပါ,ပါတယ်။
အဲ့တော့ နောက် ပရောဂျက်ကို Grade 9 maths ကို လုပ်ဖို့ စီစဉ်ထားတာ
ခုတော့ သင်ရိုးသစ်ထဲက အခြားဘာသာတစ်ခုကို ပြောင်းလုပ်ပေးရမလားလို့ စဉ်းစားနေမိတယ်။
မူလတန်းတွေအတွက် ထုတ်ပေးဖို့ ပြောထားတာကိုလည်း မမေ့ပါဘူးနော်။
သိပ္ပံအတွက်လုပ်ပေးဖို့ကိုလည်း လုပ်ပေးချင်ပါတယ်။
Educare ကို စ လုပ်တာက ဒီလို ကိုယ်တစ်ယော်ကတည်း ဒါမှမဟုတ် ကိုယ့်ရဲ့ အဖွဲ့နဲ့ educational product တွေ ထုတ်ဖို့ မဟုတ်ပါဘူး။
Educare က Teachers Pay Teachers ကို inspire ယူထားတာပါ။
အဓိကကတော့ စာသင်ရင်းနဲ့ ကိုယ်အသုံးပြုတဲ့ teaching technique လေးက အဆင်ပြေတယ်ထင်ရင် ဒီ technique ကနေ အပိုဝင်ငွေ ရစေဖို့ ရည်ရွယ်ပါတယ်။
ကျမတို့ နိုင်ငံမှာကလေ ဆရာတစ်ယော်ကအတွက် အပိုဝင်ငွေက ကျူရှင်ပြတာပဲ ရှိတယ်။
အစိုးရကျောင်းမှ မဟုတ်ဘူး အပြင်ကိုယ်ပိုင်ကျောင်းတွေ ကြည့်လိုက်ရင်လည်း လစာတွေက အခြားအလုပ်တွေနဲ့ ယှဉ်ကြည့်ရင် နိမ့်နေတုန်းပဲရှင်။
ဒီလို လစာ မကောင်းတော့ အပိုဝင်ငွေရအောင် ကျူရှင် သင်ကြရတာပေါ့။
ဆရာမ အများစုက ကျောင်းကို ဂုဏ်တစ်ခုအနေနဲ့လုပ်နေကြရပြီး အဓိက ဝင်ငွေက ကျူရှင် ဖြစ်နေတော့တာပါပဲ။
ဒီတော့ ပညာရေးကလည်း ကျူရှင်စနစ်ကို အသားပေးသလို ဖြစ်လာတော့တာပေါ့။
ကျမတို့တွေ ကျောင်းပညာရေးစနစ်အတွက် ကြိုးပမ်းရင်း အပိုဝင်ငွေရမည့် နည်းလမ်းလေးတွေ ဖန်တီးကြသင့်တယ် မဟုတ်ဘူးလား။
ဒါကြောင့် ဒီ page လေးကို စလုပ်ဖြစ်သွားတာပါ။
ဒီမှာ ဆရာတွေ သင်ကြားရေးအတွက် အသုံးဝင်တဲ့ နည်းလမ်းလေးတွေ ၊ သုတေသနတွေကို ဖြန့်ဝေပြီး အပိုဝင်ငွေရှာနိုင်အောင် လုပ်ကြမယ်။
ခုလောလောဆယ်တော့ ဒီအစီအစဉ်မျိုးကိုလည်း ဘယ်သူမှ စိတ်ဝင်စားနိုင်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။
ဒါကြောင့် ဖြည်းဖြည်းချင်းစီ သွားကြတာပေါ့နော်။
တစ်နေ့ကျရင် သင်ကြားရေးအတွက် တကယ်လက်တွေ့ အသုံးဝင်ပြီး မြေပြင်အခြေအနေအတိုင်းပြုစုထားတဲ့ သုတေသနတွေ ရှိလာရမယ်။
အဲ့လို သုတေသနတွေအတွက်ကိုလည်း လူတွေက ရင်းနှီးမြုပ်နှံလာရမယ်။
ဆရာတွေကလည်း အတန်းအောင်ဖို့ စာရသွားဖို့ထက် ကလေးတစ်ယောက်ရသင့်တဲ့ skill တွေကို ရအောင် ဖန်တီးပေးနိုင်တဲ့ အခြေအနေတွေ ရှိလာရမယ်။
အဲ့နေ့ကျရင် ကျမတို့ ပညာရေးလောကကြီးက ပိုလှလာမှာပဲ။

13/11/2021

ဒီတစ်ပတ်အတွက် “သူတို့ဒီလိုသင်ကြတယ်” အစီအစဉ်မှာတော့
ဂျီဩမေတြီနဲ့ပတ်သက်ပြီး ဆရာက ဘယ်လိုသင်ကြားထားတယ်ဆိုတာကို
လေ့လာကြည့်ကြရအောင်နော်။
သင်ကြားပြသပေးတဲ့ဆရာကတော့
ဆရာ ဦးသန်းချို ( B.E ( Mechanical )) ဖြစ်ပါတယ်။
ဆရာက Grade 6 to Grade 11အတန်းတွေအတွက် သင်္ချာဘာသာရပ်ကို သင်ပေးနေပါတယ်ရှင့်။
ဆရာ့သင်တန်းကိုတက်ရာက်ရန်အတွက်
09 451239814 ကိုဆွက်သွယ်နိုင်သလို ဆရာ့ရဲ့ facebook acc
https://www.facebook.com/innocent.smile.146
ကိုဆက်သွယ်နိုင်ကြောင်း သင်္ချာအတွက် စိတ်ပူနေကြတဲ့ မေမေတို့အတွက် သတင်းကောင်းပေးလိုက်ရပါတယ်ရှင်။

Photos from Educare.mm's post 09/11/2021

အောက်ပါအကြောင်းအရာများကို 2020 ပြည့်နှစ် ၊ သင်ရိုးသစ်သင်တန်းပို့ချချက်များမှ ကောက်နုတ်ထားပါသည်။
ယခုတစ်ပတ်တွင် သင်ခန်းစာပြင်ဆင်ခြင်းဆိုင်ရာများကို ထုတ်နုတ်တင်ပြပေးသွားပါမည်။

08/11/2021

Educare သည် မြန်မာသင်ရိုးကို သင်ကြားနေကြသည့် ဆရာ၊ ဆရာမများအတွက်
• သင်ကြားရေးအဆင်ပြေစေရန် ၊
• သင်ပြမှုပုံစံများကို မျှဝေပေးနိုင်ရန် ၊
• မြန်မာသင်ရိုးကို နိုင်ငံတကာအဆင့်မီ သင်ကြားမှုပုံစံများဖြင့် ချဉ်းကပ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အသွေးပြည့်မီသော ပညာရေးစနစ်တစ်ခု ပံ့ပိုးပေးနိုင်ရန်
ဟူသော ရည်ရွယ်ချက်များအတွက် ကြားခံနယ်တစ်ခုဖြစ်စေနိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။
သို့ဖြစ်ရာ ဆရာ၊ ဆရာမတို့၏ သင်ပြမှုပုံစံများကို မျှဝေနိုင်ရန်အတွက် အပတ်စဉ် စနေနေ့တိုင်းတွင်
“ သူတို့ ဒီလိုသင်ကြတယ်” အစီအစဉ်ကို ထုတ်လွှင့်ပေးမည် ဖြစ်ပါသည်။
အစီအစဉ်တွင် ပါဝင်လိုသော ဆရာ၊ဆရာမများ အနေဖြင့် အပတ်စဉ် သောကြာနေ့ ည ( ၉ : ၀၀ ) နာရီ မတိုင်မီ အောက်ပါအချက်အလက်များကို ပေးပို့ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ရှင့်။
1. 15 မိနစ်ထက်မပိုသော သင်ကြားရေး video file
2. ကျောင်းသား လက်ခံသင်ကြားပေးနိုင်သော အတန်း ( ရှိ ၊ မရှိ ။ ရှိခဲ့လျှင် ဖော်ပြပေးရန် ။ )
3. ဆက်သွယ်ရန် ( ဖုန်း သို့မဟုတ် facebook link ) ( Optional )
( အမှတ်စဉ် ၂ နှင့် ၃ မှာ အစီအစဉ်တွင် ထည့်သွင်းဖော်ပြပေးရန် တောင်းခံခြင်းဖြစ်ပါသည်။ )
ပေးပို့ရန် ။ ။ [email protected] ( သို့မဟုတ် ) page messenger
** ဆရာ၊ ဆရာမ များ ပါဝင်လာနိုင်ရန် share ပေးခြင်းဖြင့် ကူညီပေးကြပါအုံးရှင်။ **

07/11/2021

ယခုတစ်ပတ်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ The Art of Teaching ( သင်ကြားခြင်းဆိုင်ရာ အနုပညာ ) ဆိုတဲ့ အစီအစဉ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာတော့ သင်ခန်းစာသင်ကြားခြင်းနှင့်သက်ဆိုင်သည်များကို ဆွေးနွေးအဖြေရှာမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ Grade 6 , အခန်း ( ၉ ) မှ ဈေးဝယ်စာရင်းနှင့် ဈေးတွက်ရိုးရိုးဆိုတဲ့ သင်ခန်းစာနှင့်ပတ်သက်ပြီး ဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင့်။
ဆရာ၊ဆရာမများ ပါဝင်ဆွေးနွေးပေးပါရန် လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်။
** သင်ကြားရေးနည်းလမ်းများကို ဆွေးနွေးထားခြင်းဖြစ်ပြီး သင်ကြားရေး video file မဟုတ်ပါ။

04/11/2021

မင်္ဂလာရှိသော ဒီပဝါလီနေ့မြတ်မှသည် မြန်မာပြည်သူပြည်သားတို့ လိုလားတောင့်တရာ နေ့ရက်ဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

Photos from Educare.mm's post 02/11/2021

G6, G7 Maths Ppts winners တွေပါရှင်။
G6 သို့မဟုတ် G7 တစ်တန်းစာအတွက် Ppts အချပ်လေးဆယ်ဝန်းကျင်ပါဝင်သော တစ်နှစ်လုံးစာ Package ကိုလက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။
Congratulations ပါ။ 😊

02/11/2021

G6,G7 Ppts winners

02/11/2021

comment picker သုံးတာလေး မရလို့
အဆင်ပြေတဲ့ site လေးပြောင်းကြည့်နေပါတယ်ရှင်။
ပြန်တက်လာပါမယ်နော် 😥

01/11/2021

ကတိပေးထားတဲ့ Lucky Draw လေးကို မနက်ဖြန် နေ့လယ်နှစ်နာရီ မဲဖောက်ပေးပါမယ်ရှင့်။
ကံကောင်းကြပါစေ။ ...☺️

01/11/2021

📣ဆရာမတွေအတွက်တဲ့ဟေ့
📣ဆရာမတွေအတွက်တဲ့
📣ဆရာမတွေအတွက် Promotion သီးသန့်တဲ့နော် ----
👩ဟယ် ________ ဟုတ်လား
👩ဘာတွေ Promotion ပေးနေတာလဲ။
👦PowerPoint တွေပေးနေတာဗျ။
👱‍♀️ဟင် PowerPoint က ဘာလုပ်ဖို့လဲ။
👦Online Teaching လုပ်နေတဲ့ ဆရာမတွေအတွက် အဓိကလိုတာပေါ့။ Online Teaching မလုပ်လည်း နောက်ပိုင်း အတန်းထဲမှာသင်ရင်လည်း ပြန်သုံးလို့ရတယ်လေ။ တစ်ခါဝယ် တစ်သက်လုံးသုံး။
👱‍♀️PowerPoint သုံးဖို့က လိုလို့လား။
👦ကျောင်းသားတွေကို အကောင်းဆုံးပဲပေးချင်တယ်ဆိုရင်တော့ စမ်းကြည့်သင့်တယ်ဗျ။
👉PowerPoint သုံးတော့ သင်ခန်းစာကောက်နုတ်ချက်တွေကို အလွယ်တကူပြပေးလို့ရတယ်။
👉ပြင်ဆင်ပြီးသားပုံလေးတွေ သုံးတော့ စာသင်ရတာ တက်ကြွတာပေါ့။
👉စာသင်နေရင်း သင်ခန်းစာ အစိတ်အပိုင်းတစ်ခုခု ကျန်ခဲ့တာမျိုး မဖြစ်တော့ဘူးဗျ။
👩ကျွန်မကတော့ ကိုယ်သင်တဲ့ သင်ခန်းစာ ကိုယ်ကိုယ်တိုင်ပဲ ပြင်တယ်ရှင့်။
👦ကိုယ်တိုင်ပြင်ဆင်တာတော့ အကောင်းဆုံးပဲ ဆရာမရေ ။
🤓ဒါပေမယ့် ဆရာမတွေရဲ့ အလုပ်တွေကလည်း များသားဗျ။ မသင်ခင်ပြင်ဆင်ရ ၊ သင်ချိန် ကျောင်းသားရဲ့ အခြေအနေကို အကဲခတ်ရ ၊ သင်ပြီးချိန် အိမ်စာစစ်ရ ၊ စာမေးပွဲစစ်ပေးရ ၊ မှတ်တမ်းမှတ်ရာလေးတွေ လုပ်ထားမှလည်း ကျောင်းသားရဲ့ တိုးတက်မှုကို မျက်ခြေမပြတ်မှာ ။ ပြီးတော့ ပြင်ဆင်ပြီးသား PowerPoint လေးတွေရဲ့ Teaching Style အသစ်လေးတွေလည်း သိရတာပေါ့ဗျာ။
👱‍♀️ဟုတ်တယ်နော်။ ကျွန်မလည်း Ready-to-use PowerPoint လေးတွေ လိုချင်လိုက်တာ။
👦လိုချင်တယ်ဆိုရင်တော့ Promotion ပေးတုန်း ပြေးဝယ်ထားတော့ ဆရာမရေ့ ….
😱PowerPoint ပေါင်း အခုလေးဆယ်ဝန်းကျင်ပါတဲ့ သင်ရိုးကုန်Package ကို 8000Ks ( ရှစ်ထောင်ကျပ် ) တည်းနဲ့ နိုဝင်ဘာလ တစ်လလုံးရောင်းပေးနေပြီတဲ့။
🏃‍♀️ဒါဆိုရင်တော့ အမြန်သွားဝယ်ပြီ ဆရာရေ့ _________
📌တီချယ်တို့လည်း Page chat box ကနေ အမြန်ဆုံးဆက်သွယ်ဝယ်ယူလိုက်တော့နော်။

30/10/2021

PowerPoint ပြုလုပ်တဲ့အခါ တစ်ခုပြီးတစ်ခု အစဉ်အတိုင်းပေါ်လာတာမျိုးမဟုတ်ဘဲ
ရုပ်ပုံလေးတစ်ခုကိုနှိပ်လိုက်မှ သူနဲ့သက်ဆိုင်ရာ အကြောင်းအရာပေါ်လာတာမျိုး လုပ်တတ်ချင်ပါသလား။
ဒါဆို ဒီvideo လေးမှာ လေ့လာကြည့်ပေးပါနော်။

29/10/2021

မင်မင်နေမကောင်းလို့ screen time off ထားရပါတယ်။
CB မှာ reply ပြန်တာနောက်ကျရင် ခွင့်လွှတ်ပါနော်။
အရေးကြီးရင် page မှာပေးထားတဲ့ ph ကိုဆက်ပေးလို့ရပါတယ်။
ခေါင်းအရမ်းကိုက်နေလို့ပါ။ 😥🤯

27/10/2021

Educare ရဲ့ ready_to_use_PowerPoints တွေဆိုတာ
📌မြန်မာသင်ရိုးနဲ့သင်နေတဲ့ ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးအဆင်ပြေအောင် ပြုလုပ်ပေးထားတဲ့ အသင့်သုံး PowerPoint လေးတွေပဲဖြစ်ပါတယ်။
👉PowerPoint ထဲမှာ သင်ကြားရေးမှာ မဖြစ်မနေပါဝင်ရမည့် အဆင့်တွေထဲက
📌Introduction ,
📌Teaching နဲ့
📌Conclusion ပိုင်းတွေကို ထည့်သွင်းပေးထားတာကြောင့် အခန်းသစ်တစ်ခု ၊ အကြောင်းအရာသစ်တစ်ခုစသင်တိုင်း သင်ခန်းစာကို ဘယ်လိုဆွဲခေါ်ရမလဲဆိုတာ အချိန်အများကြီးပေးပြီး စဉ်းစားစရာမလိုတော့ဘူး။
📌Practice နဲ့ Assessment ပိုင်းတွေကိုပဲ ကျောင်းသားရဲ့ လိုက်ပါနိုင်မှုပေါ်မူတည်ပြီး ပြင်ဆင်ရတော့မှာဆိုတော့ စာသင်ချိန်တွေ ထပ်တိုးလို့ရပြီပေါ့။
PowerPoint လေးတွေကို တီချယ်တို့သင်နေတဲ့ သင်ခန်းစာအလိုက် ရွေးချယ်ဝယ်ယူလို့ရပြီး တစ်လစာ သင်ခန်းစာကိုမှ 1200 Ks ( တစ်ထောင့်နှစ်ရာကျပ် ) တည်းကျမှာပါ တီချယ်ရေ
😊

26/10/2021

ချယ်တို့ရေ
👩မင်မင်တို့ Educare လေး စ ဖွင့်တဲ့ အထိမ်းအမှတ်နဲ့ ချယ်လေးတွေကို လက်ဆောင်ပေးမယ်နော်။
👉ဘာလက်ဆောင်လေးလဲဆိုတော့
မင်မင်တို့ ရောင်းပေးနေတဲ့ Educare ready_to_use_PowerPoint လေးတွေထဲက နှစ်သက်ရာ အတန်းတစ်တန်းရဲ့ တစ်နှစ်စာ သင်ရိုးကုန် PowerPoint Package လေးကို ရမှာပါ။
👩ဒီလက်ဆောင်လေးကို မင်မင်က တီချယ်သုံးယောက်ကို comment picker နဲ့ မဲနှိုက်ပြီး လက်ဆောင်ပေးမှာပါရှင့်။
ဒီလက်ဆောင်လေးကို ကံစမ်းချင်တယ်ဆိုရင်တော့
1. Page ကို like and follow ပြုလုပ်ထားပါ။
2. ဒီ post ကို တီချယ်နှစ်ယောက်ကို tag တွဲပြီး Public နဲ့ရှဲပေးပါ။
3. ရှဲထားတဲ့ ss ကို ဒီ post အောက်မှာ လာမန့်ပေးပါ။
💁ဒီအချက်သုံးချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ ကံထူးသူဖြစ်ဖို့စောင့်နေရုံပါပဲရှင်။
မင်မင်က 2.11.2021 ( အင်္ဂါနေ့ ) မှာ မဲဖောက်ပေးပါမယ်နော။
ပါဝင်ကံစမ်းပေးကြတဲ့ တီချယ်လေးတွေအားလုံး ကျေးဇူးပါရှင်။
*** Grade 6 နဲ့ Grade 7 သင်္ချာဘာသာရပ်ပဲ ရပါသေးတယ်နော်။***
Grade 8 ,Maths ကို အမြန်ဆုံးဖြန့်ချိပေးနိုင်အောင် မင်မင်ကြိုးစားပေးနေပါတယ်။
😁ပုံထဲကလို ပေါက်ကရတွေ မထည့်ထားပါဘူးလို့။ ဤကားစကားချပ်။

Photos from Educare.mm's post 26/10/2021

📍သင့်ရဲ့ online class လေးကို တက်ကြွတဲ့ စာသင်ခန်းလေးတစ်ခု အဖြစ် အလွယ်ကူဆုံးနည်းနဲ့ ပြောင်းလဲလိုပါသလား။
👉Online teaching မှာ ထည့်သုံးလို့ရတဲ့ activity တွေ ၊ Quiz တွေ ၊ ကြည်လင်ပြတ်သားတဲ့ရုပ်ပုံတွေ ၊ လက်တွေ့လုပ်ငန်းအတွက် video တွေနဲ့ Pair work , Group work တွေပေးပြီး သင်ကြားမှုပုံစံကို ပြောင်းလဲကြည့်ပါ။
👉ဒီလိုတွေပြောင်းလဲကြည့်ဖို့ အချိန်အများကြီးပေးစရာမလိုတော့ပါဘူး။
👉Educare ရဲ့ ready_to_use_ PowerPoint တွေသုံးပြီး သင်ကြားရေးကို အဆင့်မြှင့်တင်လို့ရနေပါပြီ။
❓ဒါဆို ready_to_use_ PowerPoint ဆိုတာ ဘာလဲ။
👉မြန်မာသင်ရိုးနဲ့သင်နေတဲ့ ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးအဆင်ပြေအောင် ပြုလုပ်ပေးထားတဲ့ အသင့်သုံး PowerPoint လေးတွေပဲဖြစ်ပါတယ်။
👉PowerPoint ထဲမှာ သင်ကြားရေးမှာ မဖြစ်မနေပါဝင်ရမည့် အဆင့်တွေထဲက
👩‍🏫Introduction ,
👩‍🏫Teaching နဲ့
👩‍🏫Conclusion ပိုင်းတွေကို ထည့်သွင်းပေးထားတာကြောင့် အခန်းသစ်တစ်ခု ၊ အကြောင်းအရာသစ်တစ်ခုစသင်တိုင်း သင်ခန်းစာကို ဘယ်လိုဆွဲခေါ်ရမလဲဆိုတာ အချိန်အများကြီးပေးပြီး စဉ်းစားစရာမလိုတော့ဘူး။
😊Practice နဲ့ Assessment ပိုင်းတွေကိုပဲ ကျောင်းသားရဲ့ လိုက်ပါနိုင်မှုပေါ်မူတည်ပြီး ပြင်ဆင်ရတော့မှာဆိုတော့ စာသင်ချိန်တွေ ထပ်တိုးလို့ရပြီပေါ့။
👩‍🏫ကဲ____ တွေဝေမနေနဲ့တော့ တီချယ်တို့ရေ။
💁‍♀️မှုန်ဝါးဝါးပုံတွေ ၊ အစီအစဉ်မကျတဲ့ Font တွေနဲ့ စာသင်ဖို့ပြင်ဆင်ရတဲ့ အချိန်တွေကို တာ့တာပြလိုက်တော့နော်။
😲အော် _____ PowerPoint လေးတွေကို တီချယ်တို့သင်နေတဲ့ သင်ခန်းစာအလိုက် ရွေးချယ်ဝယ်ယူလို့ရပြီး တစ်လစာ သင်ခန်းစာကိုမှ 1200 Ks ( တစ်ထောင့်နှစ်ရာကျပ် ) တည်းကျမှာဆိုတော့
📩Cb ကိုသာလာခဲ့လိုက်တော့ တီချယ်ရေ့……………….

23/10/2021

ဆရာကြီးကွ 😁
Photo credited:

22/10/2021

slide ချပ်တစ်ချပ်ရဖို့ ဒီလိုတွေ တစ်ဆင့်ချင်းစီ ဆွဲထားရပါတယ်ရှင်။
ဒီနေရာမှာ Gif file ကို သုံးတာကတော့ ကျောင်းသားတွေကို နောက်ဆုံးပုံတစ်ပုံတည်းမပြဘဲ တစ်ဆင့်ချင်းစီလည်း ပြချင်တယ်၊ slide ချပ်တွေအများကြီးနဲ့ ဖောင်းပွသွားမှာလည်းစိုးတာကြောင့် ကျစ်လျစ်တဲ့ပုံစံ ပြောင်းပေးထားတာ ဖြစ်ပါတယ်။
တီချယ်တို့ရဲ့ သင်ကြားရေး အဆင်ပြေမှုသည် Educare ၏ အိပ်မက်ပါရှင်။
ဆရာ၊ဆရာမများ အားလုံး သင်ကြားရေး အောင်မြင်ပေါက်မြောက်ကြပါစေ။

20/10/2021

မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယ ဖြစ်ပါစေရှင်။
ယနေ့မှသည် မြန်မာပြည်သူတို့လိုလားသော နေ့ရက်ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေဟု ဆုတောင်းပေးလိုက်ရပါသည်။
Educare.mm

Videos (show all)

❓Online teaching တွေမှာ ဘာလို့ PowerPoint တွေသုံးလာကြတာလဲ။ 💡    PowerPoint မှာ မသင်ခင် ကြိုပြီး ပြင်ဆင်ထားတော့ သင်ရမယ့် ...

Telephone

Website