YMG News

YMG News

Daily News,Local News & International News

Photos from YMG News's post 18/11/2023

ဘင်္ဂလားဒေ့ရှ် အဝယ်ရပ်သောကြောင့် ပြည်တွင်း ကြက်သွန်နီဈေးနှုန်း ကျဆင်းလာ
++++++++++++++++++++++++++++++
Published 18 November 2023

ယခုလအတွင်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွား‌နေသည့် အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြန်မာ့ကြက်သွန်များ အဝယ်ရပ်နားထားသည့်အတွက် ပြည်တွင်းကြက်သွန်နီဈေးနှုန်းများအနည်းငယ်ကျဆင်းလာကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဘဂ်လားဒေ့ရှ့်နိုင်ငံ၏ အဓိကဝယ်ယူသည့် နိုင်ငံဖြစ်သောအိန္ဒိယနိုင်ငံ၏ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေသောကြောင့် ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီများကို ဝယ်ယူနေခဲ့ရာ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။

'လက်ရှိ နွေကြက်သွန်နီတွေကို ဈေးကွက်ထဲ အရောင်းအဝယ်လုပ်နေတာပါ၊ တောင်သူတွေလက်ထဲလက် ကျန်‌ရှိနေပါတယ်၊ မိုးကြက်သွန်တွေက အခုလအတွင်း စတင်ထွက်ရှိမှာပါ ၊လာမယ့်လ‌တွေမှာ လှိုင်လှိုင်ထွက်ပေါ်လာချိန်မှာ ကြက်သွန်နီဈေးနှုန်းတွေ အကျပိုင်းရောက်နိုင်ပါတယ် 'ဟုမြင်းခြံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးကျော်ရှိန်ကပြောသည်။

ယခုနိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ပြည်တွင်း၌ စိုက်ပျိုးထားသည့် မိုးကြက်သွန်အသစ်များ ပေါ်လာမည်ဖြစ်ရာ ယင်းကာလများအတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား ပြန်လည်မျှတလာမည်ဆိုပါက ထပ်မံကျဆင်းလာနိုင်ကြောင်း သိရသည်။

မြင်းခြံကုန်စည်ဒိုင်ကို မြင်းခြံမြို့နယ်တစ်ဝိုက်နှင့်တောင်သာနယ်တစ်ဝိုက်ကကြက်သွန်နီတွေဝင်ရောက်လေ့ရှိပြီး ယနေ့မှာတော့ တစ်ပိသာကိုကျပ်၂၅၀၀မှ ၃၆၀၀ကျပ် အထိ ဈေးနှုန်းရှိနေ‌ပြီးယခုလဆန်းအောက် တစ်ပိသာကိုကျပ်၂၀၀ မှ၅၀၀ အတွင်း ကျဆင်းနေကြောင်းသိရသည်။
/NN

18 November 2023

18/11/2023

ထိုင်းနိုင်ငံ စုဖန်ဘူရီခရိုင်အတွင်း တရားမဝင်နေထိုင်မှုဖြင့် မြန်မာအလုပ်သမား ၁၄ဦး အဖမ်းခံရ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published_ 18 November 2023

ထိုင်းနိုင်ငံ စုဖန်ဘူရီ ခရိုင် အတွင်း တရားမဝင် နေထိုင်မှု ဖြင့် မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက် အရ သိရသည်။

နိုဝင်ဘာ ၁၈ ရက် နံနက် ပိုင်း က ခရိုင် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များ က နယ်မြေအတွင်း လိုက်လံ စစ်ဆေးမှု များ ပြုလုပ်ရာမှ အဖမ်းခံရ ခြင်း ဖြစ်ကြောင်း သိရသည်။
Read More>>https://yangonmediagroup.com/index.php/myanmar/15265-2023-11-18-10-03-36
/LW

18 November 2023

Photos from YMG News's post 18/11/2023

ဖရဲတစ်တန်လျှင် ကျပ်သိန်း ၉၀ အထိ ဈေးအမြင့်ဆုံးရနေ
++++++++++++++++++++++++++++
Published_ 18 November 2023

ရန်ကုန်ဈေးကွက်၌ ဖရဲတစ်တန်လျှင်ကျပ် သိန်း၉၀အထိဈေးနှုန်း အမြင့်ဆုံးရရှိနေကြောင်း ဖရဲကုန်သည်များထံမှသိရသည်။

ပြီးခဲ့သည့် လများအတွင်းက ဖရဲဈေးနှုန်းများ ကျဆင်းခဲ့ပြီးနောက် လတ်တလောတွင် အရည်အသွေးအလိုက် ကျပ်သိန်း၇၅မှ၉၀အတွင်း ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

'မိုးတွင်းတုန်းက အရမ်းကျတာပေါ့၊အဲ့ဒီအချိန်တရုတ်ဘက်ကလည်း ဖရဲထွက်နေချိန်မလို့ တင်ပို့မရဘူး၊ဒီဘက်ကလည်း ထွက်တာနဲ့ စားတာနဲ့ဆို ပိုလျှံတာပေါ့၊အဓိကဝယ်လိုအားက နည်းနေပြီးရောင်းလိုအား များနေတော့ကာ ဈေးမရတာပေါ့လေ၊ လက်ရှိတရုတ်ဘက်လည်း ဟိုးအရင်လိုမသွားနိုင်ပေမယ့် သူ့ဟာနဲ့သူသွားနေတယ်၊ဒီဘက်သယ်ယူစရိတ်လည်း တက်လာတော့ ဈေးရတာလည်းပါတယ်ပေါ့ ' ဟု ဖရဲစိုက်ပျိုးရောင်းချသူ ဦးလွင်ဦးကပြောသည်။

လတ်တလောတွင် ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်း‌ဒေသကြီးရှိမြို့နယ်အချို့မှ ထွက်ရှိနေချိန်ဖြစ်ပြီးမကြာမီနေရာအတော်များများ၌ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် ရှမ်းပြည်နယ်အတွင်းမှထွက်ရှိသည့် ဖရဲများအား တာလော့ဂိတ်မှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများလည်းရှိ‌ နေပြီးဈေးကောင်းရရှိနေကြောင်းသိရသည်။

ထိုသို့တင်ပို့ရာတွင် ရှမ်းပြည်နယ် မိုင်းလား - တာလော့ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ မြန်မာဖရဲကားများ တိုက်ရိုက်မောင်းဝင် တင်ပို့နိုင်ပြီဖြစ်သော်လည်း စိုက်ပျိုးထွက်ရှိရာ ဒေသမှတာလော့ဂိတ်ရောက်ရှိချိန်အထိ ငါးရက်ခန့်ကြာမြင့်သောကြောင့် အရည်အသွေးထိခိုက်ကာပယ်သီးများ ထွက်ရှိဆုံးရှုံးမှုများလည်း ရှိနေကြောင်းသိရသည်။
/NN

18 November 2023

Photos from YMG News's post 18/11/2023

ရှမ်းပြည်တောင်ပိုင်းအပါအဝင် ဒေသ(၁၇)ခုကို စားအုန်းဆီ ရည်ညွှန်းဈေး(၄၆၈၀)ကျပ်ဖြင့်
ရောင်းချပေးထားဟုဆို
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published_ 18 November 2023

ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင်ဒေသ(၁၇)ခုကိုစားအုန်းဆီလက်ကားရည်ညွှန်းဈေး(၄၆၈၀)ကျပ်ဖြင့် ရောင်းချ ပေးထားကြောင်းမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။

နိုဝင်ဘာလ(၁၈)ရက်တွင်ရောင်းချပေးထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ စားအုန်းဆီပေပါစုစုပေါင်း (၅၀)အပါအဝင် ရန်ကုန်၊နေပြည်တော်၊ဧရာဝတီတိုင်း၊ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ညောင်လေးပင်ခရိုင်၊နတ္တလင်းခရိုင်၊ရမည်းသင်းခရိုင်၊မိတ္ထီလာခရိုင်၊ မကွေးတိုင်း၊ရေနံချောင်း၊ ချောက် ခရိုင်၊ရှမ်းပြည်နယ်တောင်ပိုင်း၊မြိတ်ခရိုင်၊ကော့သောင်းခရိုင်၊မွန်ပြည်နယ်တို့ကို ရည်ညွှန်းလက်ကားဈေး အတိုင်း စားအုန်းဆီတစ်ပိဿကို ကျပ်(၄၆၈၀)ကျပ်ဖြင့် စားအုန်းဆီပေပါစုစုပေါင်း (၂၉၀၀)ကိုရောင်းချပေးထား သည်ဟုဆိုသည်။

ယင်းဒေသများကို ရည်ညွှန်းလက်ကားဈေးအတိုင်း စားအုန်းဆီ တစ်ပိဿကို ကျပ်(၄၆၈၀)ကျပ်ဖြင့် နိုဝင်ဘာလ(၁၈)ရက်တွင် ရောင်းချပေးထားကြောင်းနှင့် ဒေသအလိုက် သယ်ယူပို့ဆောင်ခနှင့် အမြတ်(၂) ရာခိုင်နှုန်းသာတင်ပြီး ရောင်းချရမည် ဖြစ်ပြီး စားအုန်းဆီဈေးနှုန်းများ အဆမတန်တင်ရောင်းပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဥပဒေအရအရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။
/tthl

18 November 2023

Photos from YMG News's post 18/11/2023

ယခုတပတ် စက်သုံးဆီ တစ်လီတာ ကျပ် ၂၀ မှ၃၀ ဝန်းကျင်ဈေးပြန်ကျ
++++++++++++++++++++++++++++++++++++++
Published 18 November 2023

ယခတပတ် စက်သုံးဆီ ဈေးကွက် နေထားအရ တစ်လီတာ လျှင် ကျပ် ၂၀ ဝန်းကျင်ဈေးပြန်ကျကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်း ထုတ်ပြန်ချက်အရ သိရသည်။

ယခင် တပတ် က စက်သုံးဆီ အရောင်းဆိုင်များ တွင် ဆီပြတ်လပ်မှု ဖြစ်ခဲ့ပြီး စက်သုံးဆီ92တစ်လီတာ ကို ရန်ကုန်ဈေးကွက်တွင် ၂၁၃၀ ကျပ် ဖြစ်ခဲ့ရာ ယနေ့ ဈေးသတ်မှတ်ချက်မှာ တော့စက်သုံးဆီ 92တစ်လီတာကို ၂၁၀၅ ကျပ် ၊95တစ်လီတာ ကို ၂၂၄၀ ကျပ် ဒီဇယ် တစ်လီတာ ၂၁၂၅ကျပ် ၊ပရီမီယံဒီဇယ် တစ်လီတာ ကို ၂၂၁၅ ကျပ် ကိုဈေးပြောင်းခဲ့ကြောင်း သိရသည်။

ယခု ဈေးအခြေနေ အရ ယခင်တစ်ပတ် ထက် 92တစ်လီတာ ကို ကျပ် ၂၅ကျပ်၊95 တစ်လီတာ ၁၀ကျပ်၊ဒီဇယ် တစ်လီတာ ၂၀ ကျပ်နှင့်ပရီမီယံဒီဇယ် တစ်လီတာ ၃၀ ကျပ် ဈေးပြန်ကျခဲ့ကြောင်း သိရသည်။

'' ဈေးက နည်းနည်းပဲ ပြန်ကျတာ၊ ကျပ် ၂၀၀၀ အောက် ပြန်ကျရင်တော့ ပိုကောင်းတာပေါ့ ဆီဝယ်ရတာတော့ အရင် ရက်တွေလိုတော့ မခက်ခဲ တော့ဘူး လိုအပ်တဲ့ အချိန် ဝယ်လို့ ပြန်ရပြီ တန်ဆောင်ကာလ ပိတ်ရက်ကျရင် လဲ သွားလာ ကျမှာဆိုတေ့ာ စက်သုံးဆီ အလွယ်တကူ ဝယ်ယူရဖို့မျှော်လင့်တယ် ''ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။

တနိုင်ငံ လုံး တွင် စက်သုံးဆီ အရောင်းဆိုင် ၂၁၇၈ ဆိုင်ရှိပြီး အဆိုပါ ဆိုင်များ တွင် စက်သုံးဆီပြတ်လပ် မှု မရှိစေရန် အတွက် နေ့ည မပြတ် သယ်ယူပို့ဆောင် ဖြန့်ဖြူးပေးနေကြောင်း စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီ က အသိပေးကြေညာထားသည်။
/LW

18 November 2023

Photos from YMG News's post 08/06/2023

▪️Myanmar’s Aung Bar Lay online lottery system launches
with the partnership of Vietnam’s Viettel▪️
+++++++++++++++++++++++++++++++++++++++++++
Published 8 June 2023
The opening ceremony for the launch of the Aung Bar Lay Online Lakh-prize Lottery System was held at the Myanmar International Convention Center-2 in Nay Pyi Taw on the morning of 8 June and Myanmar’s SAC Chairman and Prime Minister Senior General Min Aung Hlaing delivered a speech.
The Aung Bar Lay Lakh-prize online lottery system was launched jointly with Viettel Group (Mytel) as a business partner, according to SAC’ press release.
SAC Chairman, Senior General Min Aung Hlaing, Deputy Prime Minister and Union Minister U Win Shain, Union Minister of Investment and Foreign Economic Relations Dr. Kan Zaw, Myanmar Economic Corporation Chairman Lt. Gen. Nyo Saw and Viettel Group (Mytel) CEO Nguyen Tien Dung launched the Aung Bar Lay online lottery system.
READ HERE>>>
https://www.yangonmediagroup.com/index.php/eng-section/12568-myanmars-aung-bar-lay-online-lottery-system-launches-with-the-partnership-of-vietnams-viettel
https://t.me/ymgnewseng/31

Photos from YMG News's post 06/06/2023

MyanmarNews
▪️Senior General Min Aung Hlaing and senior officials
attends the final rites ceremony of Bhamo Sayadaw▪️
+++++++++++++++++++++++++++++++++++++++
Published 6 June 2023
State Administration Council (SAC) chairman Senior General Min Aung Hlaing and wife Daw Kyu Kyu Hla, council members of SAC, Union Ministers and other Senior Government officials and military officials attended and paid respect to the final rites ceremony of the Chairman of the State Sangha Maha Nayaka Committee (SSMNC) Bhamo Sayadaw on 6 June today.

Photos from YMG News's post 06/06/2023

▪️Pope Francis sends a condolence message
to the final rites ceremony of Bamo Sayadaw▪️
++++++++++++++++++++++++++++++++
Published 6 June 2023

Pope Francis sends a condolence message to the final rites ceremony of the Chairman of the State Sangha Maha Nayaka Committee (SSMNC) Bhamo Sayadaw today.

Cardinal Charles Maung Bo, Archbishop of the Catholic Episcopal Church of Myanmar, read out the condolence message from Pope Francis.

The final rites ceremony of the Sayadaw which commences at on 6 June (today) and ashes will be set adrift into the water at 5.30 am on 7 June at Mandalay.
-ymg/knl
READ HERE>>>
https://www.yangonmediagroup.com/index.php/eng-section/12543-pope-francis-sends-a-condolence-message-to-the-final-rites-ceremony-of-bamo-sayad

05/06/2023

at Yangon’s Tax Office cause two civilians
and four employees injured #
+++++++++++++++++++++++++++++++++++++
Published_5 June 2023
Two civilians and four employees were injured due to an explosion at the Inland Revenue Department office in PanSodan of Kyauktada township on the afternoon of 5 June (today).
The explosion occurred on the 3rd floor of the office at the busy time.
As a result of the explosion, Two civilians who were in office for the matter of company’s tax and four employees including deputy division head who were at nearby area of explosion were injured
All injured persons were sent to Yangon General Hospital for necessary treatments.
The motive of explosion was still unknown under investigation.
READ HERE>>>
https://www.yangonmediagroup.com/index.php/eng-section/12530-explosion-at-yangons-tax-office-cause-two-civilians-and-four-employees-injured
- ymg/ MNge

Photos from YMG News's post 04/06/2023

▪️12th ASEAN Paralympics opening ceremony
attended by Myanmar Sports Team▪️
++++++++++++++++++++++++++++++++++++++
Published 4 June 2023
Images of Myanmar sports teams seen at the opening ceremony of the 12th ASEAN Paralympic Games hosted by Cambodia.
It is known that Myanmar will compete in 8 sports.games.

Photos from YMG News's post 04/06/2023

Academy Pyay Ti Oo and Academy Eindra Kyaw Zin donate 3000,000 kyats to the people affected by the Mo Cha storm
++++++++++++++++++++++++++++++++++++++++++++++

Published 4 June 2023
Akademi Pyay Ti Oo and Academy Eindra Kyaw Zin donated 300,000 kyats to the people affected by the Mo Cha storm today (June 4th) at the fundraising event.

Today is the third and last day of the fund-raising event held at the National Theater on Myoma School Road, Yangon, where film, music and drama artists gather and performe their talents.
READ HERE>>>
https://www.yangonmediagroup.com/index.php/eng-section/12510-academy-pyay-ti-oo-and-academy-eindra-kyaw-zin-donate-3000-000-kyats-to-the-people-affected-by-the-mo-cha-storm

03/06/2023

▪️Myanmar ships more than 100 tones of honey to foreign markets
++++++++++++++++++++++++++++++++++++++++++++++++
Published 3 June 2023
Myanmar exports more than 100 tones of honey to the Asia market in April, the new lights of Myanmar reported.
Myanmar Apiculture division under the Livestock Breeding and Veterinary Department said more than 100 tones of honey worth US$ 0.15 million in in April of the current financial year 2023-2024, according to the report.
Myanmar shipped 60.3 tones of honey to Thailand and 40.11 tones to Japan, totaling 100.41 tones.
Myanmar’s honey was exported to China, the Republic of Korea, Japan, the US and Singapore. Bee husbandry business are widely seen in Sagaing region, Mandalay region , Magway region and Shan state, report said.
Myanmar produces variety of honey including sesame honey, jujube honey, Niger honey, Sunflower honey, lychee honey and flower honey. The harvest season of sesame honey usually begins in June.
Honey is highly used as an ingredient for making traditional medicines in the country.
State owned bee husbandry with 6,200 beehives and about 820 private own businesses with nearly 200,000 beehives operates across the country according to NLM’s report.
Myanmar annually produces about 7,000 tones of honey, with a production capacity of 70 pounds per beehive. Approximately 2,600 tones of honey are conveyed to foreign markets every year. Myanmar’s honey is priced at $1,600 per ton, report said.
More than 1,900 tones of honey were shipped to external markets in the 2022-2023 FY (April-March), with an estimated value of over US $2.8 million. Among them, 1,853.74 tones to foreign markets by sea and 63.44 tones to neighbouring countries via cross-border.
READ HERE>>>>
https://www.yangonmediagroup.com/index.php/myanmar/12496-myanmar-ships-more-than-100-tones-of-honey-to-foreign-markets

03/06/2023

▪️Myanmar’s Peace Committee concludes a two-day peace talk with the MNDAA, TNLA and AA ethnic groups.
++++++++++++++++++++++++++++++++++++++++++++++++++++
Published_ 3 June 2023
Myanmar SAC’s National Solidarity & Peacemaking Negotiation Committee (NSPNC) and the Three Northern Alliances concluded a two-day peace talk on 2 June 2023.at Oriental Guest House Hotel, Myla City, according to the press release of SAC on Friday.
NSPNC and the three northern alliances, the MNDAA, TNLA The AA delegation continued discussion on the second day.
Member of the State Administration Council, Union Minister for Cabinet Office, NSPNC Chairman Lt. Gen. Ya Pyae ; Secretary of the committee, Lt. Gen. Win Bo Shin, Lt. Gen. Khin Zaw Oo (retired), working committee member Lt. Gen. Khin Zaw Oo (retired), , the Deputy Commander of the Triangle Regional Military Command Brigadier General Tun Myat Shwe, representatives from the Myanmar National Truth and Justice Party/Myanmar National Democratic Alliance Army (MNTJP/MNDAA) representatives from the Palaung State Liberation Front/Ta’ang National Liberation Army (PSLF/TNLA) and the United League of Arakan/Arakan Army (ULA/AA) attended.
Both parties continued to discuss and negotiate on the issues that have not yet been completed on the first day.
On the first day, they discussed the issue of strengthening the multi-party democratic political system, the issue of building a union based on democracy and federalism, which is the desired goal of all ethnic people. They also discussed the issue of joint implementation for the peace and development of the Union and the issue of trust building with the ethnic armed groups . In addition, the discussion od thr issue of the release of the arrested continued
It is also reported that they discussed and negotiated the abolishment of the announcement of unlawful associations and the issue of humanitarian aid reaching smoothly to the people affected by the Mo Cha storm as soon as possible.
READ HERE
https://www.yangonmediagroup.com/index.php/eng-section/12487-myanmars-peace-committee-concludes-a-two-day-peace-talk-with-the-mndaa-tnla-and-aa-ethnic-groups

22/04/2023

ထူးထူးခြားခြား မှတ်ဖွယ်စကား
၂၂ ဧပြီ ၂၀၂၃
+++++++++++++++++++++
#ကမ်းမမြင်
ကမ်းခြေမြင်ရခြင်းကို
အဆုံးရှုံးခံရဲတဲ့
သတ္တိမရှိဘဲနှင့်
နောက်ထပ်
မိုးကုပ်စက်ဝိုင်း
အသစ်တွေဆီ
သင်ကူးခတ်သွားနိုင်မှာ
မဟုတ်ပေဘူး
ဝီလျံဖော့ခ်နာ

တင်းမာမှုများကြားထဲတွင် ရုရှားတပ်များ ရုရှားအနောက်မြောက်ပိုင်း၌ စစ်ရေးလေ့ကျင့်ခန်းမျာ 15/02/2022

တင်းမာမှုများကြားထဲတွင် ရုရှားတပ်များ
ရုရှားအနောက်မြောက်ပိုင်း၌ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်
+++++++++++++++++++++++++++++++++++
Published 15 Feb 2022
ရုရှားဟာ ယင်းရဲ့ အနောက်မြောက်ဖက်ဒရယ်ဒေသတလျောက်မှာ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အာတိတ်ဒေသမှာ ရုရှားမြောက်ပိုင်းရေတပ်စုရဲ့ ယာဉ်တင်တပ်ရင်းတစ်ခုဟာ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ရုရှားစစ်သားတွေဟာ တင့်ကားဖျက်သေနတ်တွေ၊ဟောင်ဝဇာအမြောက်တွေနှင့်အခြားသော လက်နက်ကြီးများဖြင့် ဖန်တီးထားတဲ့ ရန်သူရဲ့ တင့်ကားတပ်တစ်ခုကို ချေမှုန်းခဲ့ကြပါတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
လီနင်ဂရက် စီရင်စုမှာလည်း အနောက်ဖက်စစ်ဒေသတိုင်းဟာ T-72 အမျိုးအစားအပါအဝင် တင့်ကားများစွာကို စေလွှတ်ပြီး အလျင်အမြန်စစ်ချီတဲ့‌ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။
လေ့ကျင့်မှုများအတွင်း ရုရှားတပ်တွေဟာ သစ်တော၊နှင်းကျနေတဲ့မြေပြင်လို အထူးမြေပြင်အခြေအနေတွေနှင့် စစ်ရေး လေ့ကျင့်ခဲ့ကြပြီး တင့်ကားတွေကိုလည်း လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။
Source CMG/MOD,Russia



ရုပ်သံကြည့်ရှုရန်>>>>
https://www.youtube.com/watch?v=HWj5vw8CuHM

တင်းမာမှုများကြားထဲတွင် ရုရှားတပ်များ ရုရှားအနောက်မြောက်ပိုင်း၌ စစ်ရေးလေ့ကျင့်ခန်းမျာ Published 15 Feb 2022ရုရှားဟာ ယင်းရဲ့ အနောက်မြောက်ဖက်ဒရယ်ဒေသတလျောက်မှာ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တယ်လို့ ရုရှား ....

15/02/2022

အိုမီခရွန်သံ ညံလာတဲ့မြန်မာနိုင်ငံ
Published - 15 Feb 2022
++++++++++++++++++++++++++

၁။အိုမီခရွန်မြန်မာနိုင်ငံမှာ လက်ရှိကူးစက်မှုများလာနေတဲ့အပေါ်
၂။ မြန်မာနိုင်ငံမှာ ကိုဗစ်လှိုင်းတွေက အခြားနိုင်ငံတွေမှာ ပြန်ကျနေတဲ့အချိန်မှ ရောက်ရောက်လာတတ်တာ ဘာကြောင့်လဲ
၃။ လက်ရှိအခြေအနေဟာ လှိုင်းတစ်ခုအသွင်ဆောင်လာနေပါသလား?? ကျန်းမာရေးဌာနနှင့် ပြည်သူလူထုဘာတွေပြင်ဆင်ထားရမလဲ ဆိုတာတွေကို ပြည်သူ့ကျန်းမာရေးပညာပေး ပညာရှင် ဒေါက်တာခင်မောင်လွင်က ပြောဆိုဆွေးနွေးထားပါတယ်။



https://www.youtube.com/watch?v=L3Vkn-ZU_gw&t=18s

ယီမင်တွင် ကုလသမဂ္ဂဝန်ထမ်း(၅)ဦး ပြန်ပေးဆွဲခံရ 15/02/2022

ယီမင်တွင် ကုလသမဂ္ဂဝန်ထမ်း(၅)ဦး ပြန်ပေးဆွဲခံရ
++++++++++++++++++++++++++++++
Published 14 Feb 2022
ကုလသမဂ္ဂ ဝန်ထမ်း(၅)ဦးဟာ စစ်ဒဏ်ခံနေရတဲ့ ယီမင်နိုင်ငံတာင်ပိုင်း မှာ ပြန်ပေးဆွဲခံရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းက တနင်္ဂနွေနေ့ကပြောလိုက်ပါတယ်။ သူတို့ငါးဦးဟာ ကွင်းဆင်းလုပ်ငန်းတွေဆောင်ရွက်ပြီးစီးလို့ အေဒင်ဆိပ်ကမ်းမြို့ကို အပြန်မှာ တောင်ပိုင်းက အေဘီယန်အုပ်ချုပ်ရေးဒေသမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီရီကန်နီကိုက ပြောပါတယ်။
Source AFP
https://www.youtube.com/watch?v=0h89vsAYfLY&t=27s

ယီမင်တွင် ကုလသမဂ္ဂဝန်ထမ်း(၅)ဦး ပြန်ပေးဆွဲခံရ Published 14 Feb 2022ကုလသမဂ္ဂ ဝန်ထမ်း(၅)ဦးဟာ စစ်ဒဏ်ခံနေရတဲ့ ယီမင်နိုင်ငံတာင်ပိုင်း မှာ ပြန်ပေးဆွဲခံရတယ်လို့ ကုလသမဂ္ဂအဖွ....

ကမ္ဘောဒီးယားက အမျိုးသားအင်တာနက်ဂိတ်ဝေးအသစ်ဖြင့် အွန်လိုင်းစောင့်ကြည့်မှုများအရှိန်မြ 15/02/2022

ကမ္ဘောဒီးယားက အမျိုးသားအင်တာနက်ဂိတ်ဝေးအသစ်ဖြင့်
အွန်လိုင်းစောင့်ကြည့်မှုများအရှိန်မြှင့်
++++++++++++++++++++++++++++++++++++
Published 14 Feb 2022
ကမ္ဘောဒီးယားဟာ အမျိုးသား အင်တာနက်ဂိတ်ဝေး အသစ်ကို စတင်သက်ဝင်စေတော့မှာဖြစ်ပါတယ်။ဒီလိုလုပ်တာဟာ နိုင်ငံမှာ ပြသနာဝိုင်းနေတဲ့ အတိုက်အခံအသံတွေကို ပိုပြီးတိတ်သွားအောင်လုပ်လိုက်သလိုပဲလို့ တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ(၁၆)ရက်ကစပြီး အဲဒီအမျိုးသားအင်တာနက်ဂိတ်ဝေးကြောင့် ဝက်ဘ်အသွားအလာတွေအာလုံးဟာ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အဝင်ဂိတ်နေရာကနေသာ ဖြတ်သန်းသွားကြရမှာဖြစ်ပါတယ်။
Source AFP
https://www.youtube.com/watch?v=_I0lxux9WBs&t=2s

ကမ္ဘောဒီးယားက အမျိုးသားအင်တာနက်ဂိတ်ဝေးအသစ်ဖြင့် အွန်လိုင်းစောင့်ကြည့်မှုများအရှိန်မြ Published 14 Feb 2022ကမ္ဘောဒီးယားဟာ အမျိုးသား အင်တာနက်ဂိတ်ဝေး အသစ်ကို စတင်သက်ဝင်စေတော့မှာဖြစ်ပါတယ်။ဒီလိုလုပ်တာဟာ နိုင....

Photos from Yangon Media Group's post 16/01/2022
16/01/2022

ဘရာဇီးတွင်မြေပြိုသဖြင့်
၁၈ရာစုရှေးဟောင်းစံအိမ်တော်ကြီးပြိုလဲပျက်စီး(ရုပ်သံ)
+++++++++++++++++++++++++++++
Published 15 January 2022
ဘရာဇီးနိုင်ငံမှာ မြေပြိုမှုကြောင့် မိုင်းနက်စ်ဂါရေးစ် အလယ်ပိုင်းဒေသမှာရှိတဲ့ အိုးရောပရက်တိုမြို့တော်ခန်းပိုင် ၁၈ရာစုခေတ် စံအိမ်တော်ကြီး ပျက်စီးပြိုလဲခဲ့ရပါတယ်။အဲဒီအပြင် သိုလှောင်ရုံတစ်ခုလည်းပျက်စီးတဲ့အထဲပါသွားပါတယ်။
ဒါပေမယ့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးတစ်ယောက်မျှမရှိဘူးလို့ မြူနီစံပယ်မြို့ပြကာကွယ်ရေးက သိရပါတယ်။
Source AFP
-Slide



ရုပ်သံ>>>>https://www.youtube.com/watch?v=ZG0OS-c9XKM

16/01/2022

#လူဝံအကောင်ရေများပြားလာသည့်အတွက်ရဝမ်ဒါနိုင်ငံတွင်လူဝံများနေရာရှာဖွေနေလာကြ
++++++++++++++++++++
Published - 15 January 2022

ရဝမ်ဒါနိုင်ငံရှိ မီးတောင်အမျိုးသားဥယျာဉ်မှာ တောင်ပေါ်နေလူဝံများကို ရာဂဏန်းနဲ့ချီပြီး ထိန်းသိမ်းထားနိုင်ပေမယ့် အသက်ရှင်နေထိုင်ဖို့အတွက် နေရာတွေ လုံလုံလောက်လောက်ရရှိဖို့ လိုအပ်နေပါတယ်။

⏭ Watch full Video on Youtube >>> https://www.youtube.com/watch?v=oDi4mh2xk4M
⏭ Website >>> https://www.yangonmediagroup.com/index.php/world-news/2545-2022-01-15-08-45-52
⏭ Telegram >>> https://t.me/yangonmediagroup

16/01/2022

#မဆုံးနိုင်သည့်မျိုးဗီဇကွဲများနှင့်နောက်ဆုံးပေါ်ဒယ်လ်တာခရွန်
+++++++++++++++++++++++++++++++
Published - 15 Jan 2022

၁။ ဆိုက်ပရပ်စ်က ပညာရှင်တွေတွေ့ရှိရတဲ့ နောက်ဆုံးမျိုးဗီကွဲအသစ် ဒယ်လ်တာခရွန်အကြောင်း

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် အခြားနိုင်ငံတွေက ဒီတွေ့ရှိမှုအပေါ် သိပ်ပြီး အလေးအနက်ထားတုန့်ပြန်တာ မတွေ့ရတာဘာကြောင့်လဲ??

၃။ မျိုးဗီဇကွဲတွေနှင့် အားမြှင့်ကာကွယ်ဆေး Boosters တွေရဲ့ လုံးလည်ချာလည်လိုက်နေတဲ့သံသရာကို ဘယ်လိုဖြတ်တောက်ပစ်နိုင်မလဲ?? ကျန်းမာရေးပညာပေး ပညာရှင် ဆရာ ဒေါက်တာခင်မောင်လွင်က ဆွေးနွေးပြောကြားထားပါတယ်။

⏭ Watch full Video on Youtube >>> https://www.youtube.com/watch?v=SVEzPn1HLMg
⏭ Website >>> https://www.yangonmediagroup.com/index.php/myanmar/2537-2022-01-15-06-23-37
⏭ Telegram >>> https://t.me/yangonmediagroup

16/01/2022

သရုပ်ဆောင် ရဲတိုက်၏ မူးယစ်အမှုအတွက် ထောင်ထုတ်မိန့်ပြပြီးဖြစ်၍ အနောက်ပိုင်းခရိုင်တရားရုံးတွင် ဆက်လက်စစ်ဆေးသွားမည်
+++++++++++++++++++++++++++++++
Published - 15 Jan 2022

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သရုပ်ဆောင် ရဲတိုက်ကို ၅၀၅(က) အမှုအတွက် အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ် လိုက်ပြီးတဲ့နောက် ကျန်နေသေးတဲ့ မူးယစ်အမှုအတွက် ထောင်ထုတ်မိန့် ပြပြီး ဖြစ်တာကြောင့် နောက် ရုံးချိန်းတွေကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

⏭ Watch full Video on Youtube >>> https://www.youtube.com/watch?v=kElqy0u0PzI
⏭ Website >>> https://www.yangonmediagroup.com/index.php/myanmar/2544-2022-01-15-08-34-32
⏭ Telegram >>> https://t.me/yangonmediagroup

16/01/2022

မန္တလေးတွင်နှစ်ပေါင်း ၄၀ကျော် နေထိုင်ခဲ့သည့်ပြည်သူများအား ကျူးကျော်သတ်မှတ်ခံရပြီး နေအိမ်များ ဖယ်ရှားမည်ဖြစ်၍ ကူရာမဲ့ဖြစ်နေ
+++++++++++++++++++++++++++
Published - 15 Jan 2022

မန္တလေးမြို့တွင် နှစ်ပေါင်း ၄၀ ကျော်နေထိုင်ခဲ့သည့် ပြည်သူများအား ကျူးကျော်များအဖြစ် သတ်မှတ်ခံရပြီး နေအိမ်များအား သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ဖယ်ရှားမည်ဖြစ်၍ ၎င်းတို့ အနေဖြင့် လက်ရှိမှာ သွားလာစရာ ခိုလှုံစရာမရှိသည့် အတွက် ကူရာမဲ့ဖြစ်နေကြောင်း နေအိမ်ဖယ်ရှားခံရမည့် ပြည်သူများက ပြောပါတယ်။

⏭ Watch full Video on Youtube >>> https://www.youtube.com/watch?v=A469DQ6hgxU
⏭ Website >>> https://www.yangonmediagroup.com/index.php/myanmar/2542-2022-01-15-08-16-36
⏭ Telegram >>> https://t.me/yangonmediagroup

16/01/2022

ကိုဗစ်ကူးစက်ခံရပြီးနောက် သူ၏လိင်တံ တစ်လက်မခွဲ ကျုံ့သွားရကြောင်း
အမျိုးသားတစ်ဦးက အခိုင်အမာပြော
++++++++++++++++++++++++++++++++++++++++++
Published 15 January 2022
အသက်၃၀ကျော်အရွယ် အမည်မဖော်ပြတဲ့ အမေရိကန်အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ဇူလိုင်လက ကိုဗစ်ကူးစက်ခံရပြီးနောက် သူ့ရဲ့ အမျိုးသားလိင်အင်္ဂါဟာ ၁.၅လက်မ ကျုံ့သွားတယ်လို့ ပြောပါတယ်။ သူဟာ စလိတ်မဂ္ဂဇင်းရဲ့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပေါ့တ်ကတ်စ်နှင့်အသံလွှင့်တဲ့ လိင်ပိုင်းဆိုင်ရာ အမေးအဖြေအစီအစဉ်မှာ စာနှင့်ရေးသားမေးမြန်းခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ ပေါ့တ်ကတ်စ်မှာ သောတရှင်တစ်ဦးက ကိုဗစ်ကူးစက်ခံရပြီးနောက် သူ့ရဲ့ လိင်အင်္ဂါကျုံ့ခဲ့ရတာနှင့် ပတ်သက်လို့ မေးခွန်းတစ်ခုမေးမြန်းခဲ့တာပါ။ သူဟာကိုဗစ်ကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ဆေးရုံတက်ခဲ့ရပါတယ်။ အဲဒီနောက် လိင်တံမာကျောမှုအခက်အခဲလည်းဖြစ်ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။

ဒါပေမယ့် အဲဒါကိုကုသခံပြီးနောက် ………………
ဆက်လက်ဖတ်ရှုရန်>>>https://yangonmediagroup.com/index.php/world-news/2539-2022-01-15-07-26-44

16/01/2022

ယနေ့ရွှေဈေးနှင့်ဒေါ်လာဈေး
၁၅ ဇန်နဝါရီ ၂၀၂၂
နေ့လည်ပိုင်း (12:05)PM
+++++++++++++++++++++++++++
အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေး
1,860,000
(တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း)
ကမ္ဘာ့ရွှေဈေး (World Gold Price)
1 Ounce-1817 USD
ဒေါ်လာဈေး
1USD - 1786 MMK (Aya bank)
(နေ့စဉ် ဘဏ်ဖွင့်ဈေးနှုန်းသာ ဖြစ်ပါသည်။)
Source - ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း

16/01/2022

ွဲ့ကလေးကေကော်ဒေသရှိစစ်ဘေးရှောင်ပြည်သူများကိုထောက်ပံ့ပစ္စည်းများပေးအပ်
+++++++++++++++++++++++++++++++++
Published - 15 Jan 2022

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC)က လေးကေကော် ဒေသရှိ နေရပ်စွန့်ခွာနေရ သော စစ်ဘေးရှောင်ပြည်သူများကို ပထမဦးဆုံးအကြိမ်အဖြစ်ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရှုရန်>> https://www.yangonmediagroup.com/index.php/myanmar/2538-icrc-3

Photo - ICRC
ymg/kg

16/01/2022

#လုပ်ငန်းသုံးစက်သုံးဆီအထူးဈေးနှုန်းဖြင့်အမေရိကန်ဒေါ်လာ၃၄သန်းဖိုးရောင်းချ
+++++++++++++++++++++++++++++++++++++++++++
Published-15 Jan 2022

ဗဟိုဘဏ်က ရောင်းချပေးတဲ့ ဒေါ်လာဈေးနှုန်းအရ ကန်ဒေါ်လာ ၃၄ သန်းတန်ဖိုးရှိတဲ့ လုပ်ငန်းသုံးစက်သုံးဆီတွေကို ရောင်းပေးနေတာဖြစ်ပြီး နောက်ထပ် ကန်ဒေါ်လာ သန်း ၃၀ ဖိုးကိုလည်း ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>> https://www.yangonmediagroup.com/index.php/myanmar/2536-2022-01-15-05-58-41
ymg/ee
photo-Internet

16/01/2022

#ငွေကျပ်၂၄ဒသမ၅ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးများပုသိမ်ကြီးမြို့နယ်တွင်ဖမ်းဆီးရမိ
+++++++++++++++++++++++++++++++++++++
Published- 15 Jan 2022

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ထုံးဘို-မြစ်ငယ် သွားကားလမ်း၊ မိုင်တိုင်အမှတ်(၈/၅)အနီးတွင်ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်လာဖို့ ရပ်တန့် ထားတဲ့FUSO ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် ဇန်န ဝါရီ(၁၀)ရက်၊နံနက်(၁)နာရီကငွေကျပ် ၂၄ဒသမ၅ ဘီလီ ယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေသိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်
>>https://www.yangonmediagroup.com/index.php/myanmar/2535-2022-01-15-05-26-35
ymg/hm

16/01/2022

#တောင်ကြီးမြို့ရောက်နေရပ်စွန့်ခွာသူများကိုကြက်ခြေနီအဖွဲ့ကကိုဗစ်အခမဲ့စစ်ဆေးပေး
++++++++++++++++++++++++++++++++++++++
Published-15 Jan 2022

တောင်ကြီးမြိုပေါ်ရှိနေရပ်စွန့်ခွါပြည်သူတွေ နေထိုင်ရာ camp များကို ရှမ်းပြည်နယ်ကြက်ခြေနီအဖွဲ့ကသွားရောက်ကာcovid 19 အခမဲ့စစ်ဆေးပေးခြင်း၊ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သူများကို ကျန်းမာရေးဌာနနှင့်ပူးပေါင်းကာဆေးဝါးများလှူဒါန်းခြင်း၊ အစားအစာအခြောက်များပေးဝေခြင်းတို့ကိုကြက်ခြေနီစေတနာ့ဝန်ထမ်းများမှနေ့စဥ်လိုက်လံဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရှုရန် >> https://www.yangonmediagroup.com/index.php/myanmar/2534-2022-01-15-05-21-22
ymg/hm

16/01/2022

#ရုရား_အမေရိကန်တို့ရဲ့ယူကရိန်းအရေးကိစ္စကကုလသမဂ္ဂလုံခြုံရေးကောင်စီထံရောက်ရှိရန်နီးစပ်နေ
++++++++++++++++++++++++
Published 15 January 2022

ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံရဲ့လုံခြုံရေးအခြေအနေကို ဆက်လက်ခြိမ်းခြောက်နေမယ်ဆိုပါက ဒီကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြသွားဖို့ရည်ရွယ်ထားကြောင်း အမေရိကန်မှတာဝန်ရှိသူများက သောကြာနေ့က ပြောကြားလိုက်ပါတယ်။အဲဒီနောက် အမေရိကန်တို့ကတော့ ဒီကိစ္စကို သံတမန်ရေးအရ ‌ဖြေရှင်းဖို့သာ ဦးစားပေးသွားမှာဖြစ်ကြောင်းလည်း ဆိုလိုက်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရှုရန် >>>https://www.yangonmediagroup.com/index.php/world-news/2533-2022-01-15-04-45-00

16/01/2022

#အိုမီခရွန်မျိုးဗီဇကွဲမှထပ်မံခွဲထွက်လာတဲ့မျိုးဗီဇကွဲအသစ်တစ်မျိုးအစ္စရေးလ်မှာတွေ့ရှိ
++++++++++++++++++++
Published 15 January 2022

အိုမီခရွန်မျိုးဗီဇကွဲမှ ထွက်ပေါ်လာတဲ့ မျိုးဗီဇခွဲအသစ်တစ်မျိုးကူးစက်ခံရတဲ့သူ ၂၀ ခန့်ကို အစ္စရေးလ်မှာ တွေ့ရှိခဲ့ကြောင်း Kan သတင်းဌာနက ကြာသပတေးနေ့ညနေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန်>>https://www.yangonmediagroup.com/index.php/world-news/2523-2022-01-14-09-03-27

16/01/2022

ကိုဗစ်ပိုးတွေ့အမေရိကန်နိုင်ငံသား နှစ်ဦးနှင့်ပတ်သတ်၍ အမေရိကန်သံရုံးက ကြေညာချက် မထုတ်ပြန်ခြင်းအပေါ် အံ့အားသင့်ရဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
++++++++++++++++++++++++++++++++
Published - 15 Jan 2022

မြန်မာနိုင်ငံကိုရောက်ရှိလာသော အမေရိကန်နိုင်ငံသား ၂ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ ရှိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက်ကုသရန် အသိပေးသော်လည်း ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ကုသမည်ဆိုပြီး အမေရိကန်သံရုံးက ခေါ်သွားခဲ့သည့် ဖြစ်စဉ်ကို သံရုံးက ကြေညာချက် တစ်စုံတစ်ရာမထုတ်ပြန်ခြင်း အပေါ် အံ့အားသင့်ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>https://yangonmediagroup.com/index.php/myanmar/2531-2022-01-15-03-22-45
Photo - Internet
ymg/kg

16/01/2022

သမိုင်းထဲကဒီနေ့
၁၅ ဇန်နဝါရီ ၂၀၂၂
++++++++++++++++++
၁၈၃၁
ပထမဆုံးအမေရိကန်လုပ်ရထားစက်ခေါင်းက ခရီးသည်ရထားတွဲကိုဆွဲကာ စတင်ပြေးဆွဲ
၁၈၆၁
ရေနွေးငွေ့သုံး ဓာတ်လှေခါးကို အီလီရှားအိုတစ်က မူပိုင်ခွင့်တင်
၁၉၁၅
ဂျပန်က တရုတ်စီးပွာရေးကိုထိန်းချုပ်ထားကြောင်း ပြောဆို
၁၉၃၄
အိန္ဒိယနှင့်နီပေါတွင် ၈.၄အဆင့် ငလျင်ကြီးလှုပ်ခတ်၊လူပေါင်း၁၀၇၀၀ဦးသေဆုံး
၁၉၄၃
ကမ္ဘာ့အကြီးဆုံးရုံးကြီးဖြစ်သော အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ဆောက်လုပ်ပြီးစီး
၁၉၄၄
ဥရောပအကြံပေးကောင်စီက ဂျာမန်ကိုနှစ်ပိုင်းပိုင်းရန်ဆုံးဖြတ်
၁၉၇၃
အမေရိကန်သမ္မတရစ်ချတ်နစ်ဆင်က မြောက်ဗီယက်နမ်ရှိ အမေရိကန်၏ ထိုးစစ်များကို ရပ်ဆိုင်း
၁၉၉၁
ကူဝိတ်မှ အီရတ်ဆုတ်ခွာရန် ကုလသမဂ္ဂ၏ နောက်ဆုံးသတ်မှတ်ရက်(ထိုရက်တွင် အီရတ်မဆုတ်ခွာ)
၁၉၉၇
မင်းသမီးဒိုင်ယာနာက မြေမြှပ်မိုင်းများကို နိုင်ငံတကာက ပိတ်ပင်ကြရန် တိုက်တွန်းလိုက်သဖြင့်ယူကေဝန်ကြီးများ စိတ်ဆိုးအမျက်ထွက်ခဲ့ကြ

16/01/2022

#ဒီမိုကရေစီနှင့်ဖယ်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်အပါအဝင်အချက်(၅)ချက်ကိုအာမခံကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား
++++++++++++++++++++++++++++++++++++++
Published- 15 Jan 2022

မြန်မာနိုင်ငံရဲ့ အနာဂတ်အလားအလာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ခေါင်းဆောင် ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန်>>https://www.yangonmediagroup.com/index.php/myanmar/2530-2022-01-15-00-19-13

Telephone

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00