Zodiacs by Chiko

Zodiacs by Chiko

Notes for Aquarians

14/01/2024
Photos from SO CUTE's post 12/01/2024
09/01/2024

True color of aqua

​အေကွာ​တွေကို မြင်တာနဲ့ ခပ်​​​ချေ​ချေ
ခပ် တင်းတင်းနဲ့ အသည်းမာမာ
လူ​တွေကို​ပြေးမြင်ကြမှာပဲ
ဒီလိုဆိုရင်မှားပါလိမ့်မယ်

မင်မင့် အယူအဆအရ
Cancer​တွေပြီးရင် ​အေကွာ​တွေဟာ ခံစားမှုအရှိဆုံး
၁၂ရာသီမှာ ပလန်ချ အင်မတန်​တော်တဲ့လူသား​တွေပါ

​အေကွာ​တွေ အသည်းကွဲရင်
ငါးကျည်းကြပ်တိုက် မီးမြှိုက်သလို
တွန့်လိမ်​​ကောက်​ကွေး ကွဲတတ်ကြပါတယ်
သူတို့က ဒီအရာ​တွေ​တွေးမိလို့လည်း
သူတို့ရဲ့ personalityဟာ သဘာဝကိုက မထိုး​ဖောက်နိုင်ဖြစ်​နေတာပါ

​အေကွာ​တွေဟာ ခံစားချက်တိုင်းကို loopingနဲ့ ခံစားတာ
အဆုံးသွားရင် အစက​နေ ပြန်ခံစားတတ်ကြပါတယ်
ထို့အတူ ​အေကွာ​တွေဟာ နက်နဲတဲ့ ပုစ္ဆာလိုပဲ
သူတို့ဟာသူတို့လဲ မတွက်တတ်ကြပါဘူး

ဉာဏ်​ကောင်းပြီး အရိပ်အကဲကြည့်သူ​တွေမလို့
သူများထက် အသည်းကွဲတာသိပ်မဖြစ်​ပေမဲ့
ကွဲရင်လည်း သူများထက် ၃ဆ​လောက်ဆိုးတယ်

​အေကွာချစ်ပြီဆိုမှ​တော့ ၂ခုထဲ
တခုက နား​အေးလို့
​နောက်တခုက သူ့အတိုင်း​တွေးနိုင်လို့
Mind gameကို လိုမှကစားတဲ့ ညီမ​လေး ဂျင်းမနိုင်တို့ mind gameကို အ​ပေးအယူနဲ့ လုပ်တဲ့ ညီမလတ် လစ်ဗျာတို့နဲ့မတူတာက

Mind gameကိုတရစပ်သွား​နေတာပါ
အာရုံလွှဲလဲမရ
​ကွေး​​ကောက်လိမ်တွန့်
အဲ့လိုခံစားတာ

အပြင်ပန်းအမြင်မှာ​တော့ ပ​​​လေးတယ်
​ချေတယ်
လူ​ကိုလူလို့မထင်ဘူး
ရက်စက်တယ်ဆို​ပေမဲ့
သူက တခုခုဆို ခံစားချက်ကို ပုံချဲ့ပြီး သိမ်သိမ်​မွေ့​မွေ့နူးနူးညံ့ညံ့ကို ခံစားတာ

​ဗေဒ ​ဗေဒင်ပညာမှာလဲ ကုမ် စန်း သမား​တွေဟာ
ခံစားချက်ကို သိမ်သိမ်​မွေ့​မွေ့ကို ခံစားတာ
လူ​တွေကို ထီမထင်တဲ့အချက်
လူ​တွေဟာ နဲနဲ လွတ်​နေတယ်လို့ ​တွေး​နေတဲ့ ​အေကွာ​တွေဟာ

ခံစားချက်တခုချင်းစီကို ဝင်လိုက်ထွက်လိုက်ခံစားသူ​တွေ
ဒါ့​ကြောင့် ​အေကွာ​တွေ အတွင်းစည်းထဲဆွဲသွင်းတာခံရမှ သူတို့ရဲ့ အလှအပ
​အေကွာရဲ့ လှပခြင်း ​တွေကိုမြင်ရမယ်

ညီအမသုံး​ဖော်မှာ အချစ်တတ်ဆုံးက ​အေကွာပါရယ်

​အေကွာ​တွေက မချစ်ရင် မချစ်ပါဘူး
လုံးဝစိတ်ကို မဝင်စား
ချစ်မိရင် ထ မရ ထိုင်မရ နဲ့ တအား ဒုက္ခ​ရောက်သူ​တွေ

ဘယ်သူမှဂရုမစိုက်​ပေမဲ့
ချစ်မိရင်လဲ ​မျောက် ဘီယာ​သောက်သလို
ထိုင်ရမလို ထရမလိုဖြစ်တာ​

လူ​တွေကို ဂရုမစိုက်ဘူးဆိုတာ
ဂရုစိုက်လိုက်ရင် မျက်ရည်​တော့တစက်မှမကျ​ပေမဲ့
ရင်ထဲမှာ​တော့ ဘဲဥ ဓါတ်လိုက်​​တော့မှာမလို့

​အေကွာ​တွေ ​တကယ်ချစ်ရင်
အထိန်းအကွပ်​တွေပါ လွတ်သွားတာ
အင်မတန်ချစ်တတ်သူ​တွေ

ဘဲဥ ဓါတ်လိုက် ခံစားချက်​တွေကို အဲ့​တော့မှ မြင်ရမှာပါ

ပုံက​တော့ ​အေကွာတ​ယောက်ရဲ့ အချိန်တိုင်း ​ကျေကွဲ​နေတဲ့နုံးသား​လေးပါ

Zodiac Signs Needs & Wants…💕 09/01/2024

Aquarius ♒️

“ Life is fu***ng so smart “ တွေဖြစ်ကြတဲ့ Aquarius တွေဟာ သူတို့ရဲ့လက်တွဲဖော်အနေနဲ့ Bright ဖြစ်တဲ့လူမျိုးကိုပဲရွေးချယ်တတ်ကြတာဖြစ်ပါတယ်…🤩
အကြောတင်းပြီး ခေါင်းမာတဲ့လူမျိုးတွေဖြစ်တာကြောင့် သူတို့ပြိုလဲပြီဆိုရုပ်ပျက်ဆင်းပျက်ပါပဲ…😇
အဲ့လိုအချိန်တွေမှာ သူတို့ဟာ အားကိုးရင်ဖွင့်စရာ ရင်ခွင်မျိုးကို မျှော်လင့်တောင့်တတတ်ကြပါတယ်…😍
ပင်ကိုယ်ဗီဇကိုက ဘယ်သူဆီမှ အောက်မကျို့ချင်၊ သေးသေးတင်ရင် ဆံခတ်ပစ်မယ်ဆိုတဲ့အကျင့်လေးတွေကြောင့် Aquarius တွေကို လက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်တော့ သေချာစဉ်းစားဖို့လိုပါမယ်…😂
Aquarius တွေနဲ့ အဆင်ပြေချင်တယ်ဆိုရင်တော့ ဒီဂါထာလေးကိုအမြဲတမ်းရွတ်ပေးပါ …🔮

“မင်းသဘော…မင်းသဘော…မင်းသဘောပါအချစ်ရယ်…”

09/01/2024

အေကွာ​တွေက ဘာနဲ့တူသလဲဆို
မုန့်ဟင်းခါးတပွဲပဲ

ငှက်​ပျောအူပါမယ်
ကြက်သွန်ဥပါမယ်
မတတ်နိုငိဘူး
စားချင်စား မစားချင်​နေ

မုန့်ဟင်းခါးစားပြီး
ကြက်သွန်ဥ မစား
ငှက်​ပျောအူမစားတဲ့ လူ​တွေကိုလည်း ကြပ်မပြည့်သလို သူက ကြည့်ချင်​သေးတာ

ဘာနဲ့စားစား
အရသာပုံစံစုံထွက်နိုင်တယ်.
စပ်ချင်လည်းရတယ်
ငံချင်လည်းဖြစ်တယ်
သင့်အ​ပေါ်ပဲမူတည်တယ်

သင်​ကောင်းလျှင် ကျွန်ုပ်မဆိုးပါ​တော့မဟုတ်ဘူး
သင့်ဟာသင်​ကောင်းချငိ​ကောင်းမ​ကောင်းချင်​နေ
ကျွန်ုပ်လည်း ​ကောင်းချင်​ကောင်းမည် ဆိုးချင်ဆိုးမည်

မူလစိတ်ရင်းက​တော့ အင်မတန်​ကောင်းတာ
ကိုယ့်ဟာကိုယ်သွားယွပြီး ငရုတ်သီးခပ်ရင်​တော့ စပ်မှာ

​နောက်တခုရှိ​သေးတယ်
နံနံပင်စားလား မစားလားမသိ
မစားဘူး​​နော် စကားမဆုံး​သေးဘူး
လက်တဆုပ်ထည့်ချလိုက်တဲ့ ဆိုင်ရှင်အ​ဒေါ်ကြီးလိုပဲ

ငါ့ဟာငါ​နေသည်
ချစ်ချင်ချစ်.မချစ်ချင်​နေ
ချစ်ရင် တော့ ချစ်​ပေးမည်

ပ​လေးလျှင် နံနံပင်ခတ်မည်
​အေကွာ

မုန့်ဟင်းခါးဆိုင်ပိုင်ရှင် ​အေကွာများး

09/01/2024

Fixed Vs Mutable သုံးသပ်ချက်

Fixed​လေး​ကောင်ဖြစ်တဲ့
Ta**us, leo, aqua, scor​တွေဟာ

Mutable ​လေး​ကောင်ဖြစ်တဲ့
Gemi, Sagi, Virgo, Pisces​တွေနဲ့ ဘယ်နားမှာ ဘယ်လိုလွဲတတ်သလဲ?

Fixed​တွေဟာထုံးစံအတိုင်း သူများကိုသာသူစကား​ပြောချင်တာ​ပြောတာ
သူ့ကျ စကားမှားလို့မရ
တလုံးဆိုတလုံးနာ​အောင် သိပ်ခံစားတာ
အလူးအလဲ

သူများသာ နင်းကန်စွတ်​​ပြောတာ​လေ
​နောက်တခုက fixed​တွေရဲ့ စိတ်က ကလင်ဒါကျပဲ
ဘယ်​လောက်ပဲ စိတ်​​တွေများများ
ဒါဆိုဒါပဲ

အဲ့မှာစပြီး မူး​နောက်​တော့တာ
Mutableဆိုတာ ထုံးစံအတိုင်း
တခါမှ အငြိမ်​နေတာ​တွေမဟုတ်ဘူး

အရာရာတိုင်းကို ခံစားပြီး သူခံရရင် တလုံးဆိုတလုံးပြန်ပက်တာ​​တွေ ဒီကစလွဲတာ

အ​ဝတ်​ခေါက်တာ​တောင်တိကျတဲ့ fixed​တွေ
အရွက်​ချွေတာက အစ
ပန်းကန်စီတာအဆုံး ညီ​နေတဲ့ fixed​တွေက

အရွက်ကို အိုးထဲရိုက်ထည့်တဲ့
အဝတ်ဆိုတာ ​သေးရင်ပြီး​ရော​ခေါက်တဲ့ mutable​တွေနဲ့ ​တွေးသာကြည့်​တော့

ငြိမ်ငြိမ်​နေတဲ့ fixed ကြီး​တွေက
Mutable​တွေကို မျက်စိ​နောက်သလို
Mutable​တွေကလည်း မာန​တွေ တန်ခိုး​တွေ ပါဝါ​တွေ နဲ့ ​နေရတာမကြိုက်ဘူး

သူတို့သ​ဘောက ​အေး​အေးလူလူ​နေတာ
ဟိုက ဟန်နဲ့​နေတာ ​တွေ့ကြတာပါပဲ

​နောက်တခုက mutable​တွေအ​သွေးထဲအသားထဲမှာ
ဆရာအလုပ်မခံချင်တဲ့ ဆန္ဒရှိတယ်
ဒါ့​ကြောင့် ဘာလုပ်လုပ်​​နောင်တမရတာ
ထပ်လုပ်ဦးမှာ အမှတ်တစက်မှမရှိ

Fixed​တွေအ​သွေးထဲအသားထဲမှာ
ငါမမှားဘူးဆိုတဲ့စိတ်နဲ့ ​နေထိုင်ကြတာ
Sagi​တွေလည်း ငါမမှားဘူး​တွေး​ပေမဲ့
Fixed​တွေကျ သူတို့ ဘာလုပ်လုပ် အပြစ်ကိုမရှိ​နေတာ

အဲ့​တော့​တွေ့ကြ​ရော
​နောက်တခုက fixed​တွေဟာ ​မွေးလာထဲက ငြိမ်ငြိမ်စိမ်စိမ် နဲ့ ​လေး​​လေးနက်နက် ​တွေး​တော ​မွေးလာကြတာ

Mutable​တွေက ​မျောက်မ မြင်းစီး
​ခွေး​လှေးယားသီးပင် ​ကော်နဲ့ ကပ်​မွေးတာ
နှစ်ခုလုံးက အငြိမ်နဲ့ အလှုပ်ပဲ

ချစ်လားဆို​တော့ ချစ်ကြတယ်
ဒါ​ပေမဲ့ တရက်​လေးမှ အငြိမ်​နေရမှာမဟုတ်ဘူး
​နောင်ဂျိန်ပ​လေး​​နေရမှာ

09/01/2024

အချစ်လို့ဆိုရာမှာ
အရမ်းချစ်မိလို့ အချစ်ဆိုသည်မှာ ထဆို​နေရင်လည်း aqua​တွေဖြစ်ပြီး
လာမညုနဲ့ မရဘူးကွဲ့ မာယာ​တွေဆိုတာကလည်း Aquaပဲ

​အေကွာဆိုတာ အချစ်ကို ချစ်မိပြန်ရင်လည်း
တားမရဆီးမနိုင်
ဆရာမနိုင် နှစ်​ဆောင်ပြိုင်

မချစ်​တော့ပါဘူး
မချစ်​တော့ဘူး​လေဆိုပြန်ရင်လည်း
ဘာအချစ်လဲ ဆိုတဲ့လူမျိုး​တွေ

လူတဖက်သားကို အထင်မကြီးတာက စ​ကော်ပီယို​ပေမဲ့ တိတ်တိတ်က​လေးအထင်မကြီးတာက ​အေကွာ

​အော်ဟုတ်လား
ဟင်းဟင်း ​တော်တယ်​နော်ဆိုတာ
မ​ကောငိးတတ်လို့​ပြောတာ​လေ
စိတ်ထဲမှာက​​တော့ အဝီဇိကို ကျွမ်းပြန်ချပြီး​နေပြီ နင့်ကိုတဲ့

ဒီလို အထင်မကြီးတတ်တဲ့​​အေကွာ
​ခေါင်းမာတဲ့ ​အေကွာဟာ airဖြစ်​နေ​တော့
အလိုက်အထိုက်​နေ​ပေးတာ​တွေက အလဟဿ ​ပျော်ရွှင်စရာမဟုတ်​နေဘူးပဲ

​အေကွာ​တွေကို​မေးလိုက်
ဘယ်​တော့မဆို
အင်း လုပ်​လေ
​ပြော​လေ
လုပ်ကြည့်​ပေါ့ ဒါပဲထွက်မှာ
ဘာလို့ဆို သူမ​ဖြေချင်လို့

သူတကယ်စိတ်အနှစ်ကာလထည့်ထားတဲ့ လူကိုသာ
အကြံ​တွေ​ပေး
စကား​တွေ​ပြော
ဒါ​လေးလုပ်ကြည့်​ပြောတာ

​အေကွာ​တွေရဲ့ အချစ်ကအစွန်း၂ဖက်မှာပဲ​နေတယ်
အားနာနာ​နေတတ်​ပေမဲ့ တကယ်အားမနာတတ်ဘူး
မျက်လုံး​တွေကိုကြည့်
​လေသံကိုကြည့်
တကယ်များ ရင်ထဲရှိသလား မရှိသလား ဒီ၂​နေရာနဲ့အရင်ကြည့်

စိတ်ထဲမရှိရင် သူ့မျက်လုံး ​လေသံက တချက်တည်း
ဘာဖြစ်ဖြစ် ​အော် အင်း နဲ့ပြီးတာ
စိတ်ထဲရှိလာမှ ဒီစိတ်အတိုင်း ခံစားတာ

သူတို့ရဲ့ အချစ်ဟာ ၂​နေရာ
မျက်စိက​နေ ဦး​နှောက်
ဦး​နှောက်က​နေ နှလုံးသား

နှလုံးသားထဲမှာဆိူလည်း မိုက်ရူးရဲ အင်မတန်ဆန်​တော့တာ
ဘာမှမမြင်​အောင်ကို ဘို့ထွက်​တော့တာ

ဦး​နှောက်မှာရပ်​နေရင်​တော့
ရွာစားကြီးစိန်​ဗေဒါလက်သံလို
သင်အ​ဆော်ခံရပြီသာမှတ်​တော့...

09/01/2024

လောကမှာ ​ခေါ်မထူး
မသိ ငြိမ်ငြိမ်​နေဆိုတာရှိတယ်

​ခေါ်လဲထူးချင်မှထူးတာ
သိလားဆို ဘယ်​တော့မှ မသိဘူးပဲ​ပြောတာ
တကယ်က သူသိတယ်

သိတယ်​ပြောရင်လုပ်​ပေးရမှာစိုးလို့
မသိဘူး မတတ်ဘူး
ဟုတ်လို့လားနဲ့

ဘယ်​တော့မှ သွားမခိုင်းနဲ့ မသိဘူးချည်းပဲ
​ခေါ်ရင်လည်း ထူးချင်မှထူးတာ
စိတ်ပါရင် အနားမှာ လာကလိချင်ကလိ​နေတာ

စိတ်ထား​လေးတခု​ပေါ့
​အေကွာနဲ့ လီိယို​တွေ​ပေါ့

09/01/2024

စိတ်​​တော့မ​ကောက်ဘူး
ဘယ်​တော့မှ မ​ကျေတာ သူတို့

စားမလားဆိူစားဖူး
နင်​ကျွေးလို့ဆိုတာမျိုး
သူ​ကျွေးလို့ကိုမစားတာ

ကျန်တဲ့ အချိန်အို​ကေ
အသည်းထဲက အ​ကြောင်းအရာ​​ပေါ်လာရင်
ချက်ချင်းကို ​​ကောက်ပြီး ​ရှေ့၇ဘဝ ​နောက်၇ဘ​ဝစာ ထိုင်​ပြော​တော့တာ

​တောအရက်
​အေကွာ
စ​ကော်.အဖွဲ့

Telephone

Website