Code Palace

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Code Palace, Shopping & retail, Naypyidaw.

Code Palace တွင် products အမျိုးအစားပေါင်း 20 ကျော်ကိုရရှိနိုင်ပြီး customer များအနေနှင့် ယုံကြည်စိတ်ချစွာ ဝယ်ယူသူံးစွဲနိုင်ပါသည်။
ဝယ်ယူအားပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

15/07/2024

အားလုံးမင်္ဂလာပါဗျ။ Code Palace Pageကနေပြီးတော့ကြိုဆိုပါတယ်ဗျ။🙇🏻 ကျနော်တို့ post မတင်တာလဲကြာပြီဆိုတော့ဒီနေ့မှာ လူကြီးမင်းတို့အတွက် အသုံးပြုရလွယ် ပြီး အဆင်ပြေစေမဲ့ VPNတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဗျ။ အဲ့တာကတော့ Outline VPN ပဲဖြစ်ပါတယ်ဗျ။ Outline VPN ဟာဆိုရင် နာမည်ကြီး VPNတစ်ခု ဖြစ်ပြီး အသုံးပြုရလဲအရမ်းအဆင်ပြေပါတယ်ဗျ။ Laptop မှာရော Mobile ဖုန်းမှာပါ ချိတ်လို့ရတာမလို့ အရမ်းကိုအဆင်ပြေပါတယ်ဗျ။ လိုင်းလဲကောင်းသလို နာမည်ကြီးVPNဖြစ်တာကြောင့် secure မဖြစ်မှာကိုလဲ စိတ်ပူစရာမလိုပါဘူးဗျ။ 🤗 လူကြီးမင်းတို့အနေနဲ့ VPN ကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ကျနော်တို့ Code Palace Page မှာ Outline VPN keys တွေကို 100 GB (5000 MMK)ထဲဖြင့် ယုံကြည်စိတ်ချစွာ လာရောက်ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်ဗျ။🤗🫶🏻 ကျနော်တို့ Page လေးကိုလဲ Like & Follow လေးလုပ်ပေးခဲ့ပါအုန်းဗျ။ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ။☺️

07/06/2024

Hello guys 👋🏻
အားလုံးပဲမင်္ဂလာပါဗျ။ Code Palace Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ 🙇🏻 အားလုံးပဲ VPN‌ တွေကြောင့် အခက်တွေ့နေရမယ်လို့ထင်ပါတယ်ဗျ။ ဒါဆို ဘာမှ စိတ်ပူစရာမလိုပါဘူးဗျ။ 😁 ကျနော်တို့ Code Palace Page ကနေပြီး လူကြီးမင်းတို့အတွက် VPNလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဗျ။ 🥰 အဲ့တာကတော့ Express VPNပဲဖြစ်ပါတယ်ဗျ။ Express VPN ဟာဆိုရင် လိုင်းလဲကောင်းသလို Secure လဲဖြစ်တာကြောင့်လူကြီးမင်းတို့အသုံးပြုရတာအဆင်ပြေမှာပဲဖြစ်ပါတယ်ဗျ။ လူကြီးမင်းတို့ ဝယ်ယူအား‌ပေးချင်ရင်တော့ Express VPN ကို အတန်တကအတန်ဆုံး ဈေးနှုန်းဖြင့် 1 device ကို 3 months 15000 Mmk သာကျသင့်မှာပဲဖြစ်ပါတယ်ဗျ။🤩 ဝယ်ပေးအားပေးလိုပါက ကျနော်တို့ Code Palace Page Messenger မှာ ဆက်သွယ် ဝယ်ယူလို့ရပါပီဗျ။ Page လေးကို Like & follow လေးလုပ်ခဲ့ဖို့လဲမမေ့ပါနဲ့အုန်းနော် အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ 🥰

31/05/2024

Hello 👋🏻
မင်္ဂလာပါဗျ။ လူကြီးမင်းတို့အားလုံး သိကြတဲ့အတိုင်း လက်ရှိမြန်မာနိုင်ငံကြီးဟာဆိုရင်ဖြင့် VPN တွေ အသုံးပြုလို့မရတဲ့ပြဿနာနဲ့ကြုံနေရတာပဲဖြစ်ပါတယ်ဗျ။ 🫥 နာမည်ကြီး လူသုံးများတဲ့ VPNတွေ ဖြစ်တဲ့ 1.1.1.1 နဲ့ အခြား Free VPN တချို့ကိုပါ ပိတ်ထားတာကြောင့် လတ်တလောမှာတော့ အသုံးပြုလို့ရအုန်းမှာမဟုတ်ပါဘူး 🥲 ဘယ်အချိန်မှ ပြန်လည်အသုံးပြုလို့ရမယ်ဆိုတာပိုလဲ အတိအကျမသိရသေးပါဘူးဗျ။😔 ဒါပေမဲ့ အခြား paid vpnတွေကတော့ ဆက်‌လက် အသုံးပြုလို့ရနေပါသေးတယ်ဗျ။ အဲ့ထဲမှာမှ Surfshark VPNလဲ အပါအဝင်ဖြစ်ပါတယ်ဗျ။ လူကြီးမင်းတို့အနေနဲ့ ဈေးနှုန်းလဲ သက်သာရမယ် အသုံးပြုရလဲ အဆင်ပြေချင်တယ်ဆိုရင်တော့ Surfshark VPNကို အသုံးပြုကြည့်ဖို့အကြံပြုချင်ပါတယ်ဗျ။ 💁🏻 Surfshark VPN ကိုတော့ ဈေးနှုန်းချိုသာစွာဖြင့် Device တစ်ခုကို တစ်နှစ်စာ 15000 ကျပ်ဖြင့် ကျနော်တို့ Page Messenger မှာ လာရောက်စုံစမ်း ပြီး ဝယ်ယူလို့ရနေပြီပဲဖြစ်ပါတယ်‌ဗျ။ 🥰 အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ 🙇🏻

30/05/2024

အသက်သာဆုံစျေးနှုန်း အမြန်ဆုံး Internet speed ကို ပိုင်ဆိုင်နိုင်ဖို့ Surfshark vpn ကို ပြောင်းသုံးဖို့ အကြံ ပေးပါရစေ။

စျေးနှုန်းအနေနဲ့ Device တစ်ခုစာ တစ်နှစ်စာ ကို 15000 ကျပ်သာကျသင့်မှာဖြစ်ပါတယ်ခင်ဗျ။

16/05/2024

ChatGPT ထက်ပိုပြီး intelligence ရှိလာတဲ့ ChatGPT 4o 🧠

မင်္ဂလာပါဗျ။ Code Palace Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ 🙇🏻 ဒီနေ့မှာတော့ အားလုံးစိတ်ဝင်စားနေတဲ့ Open Aiရဲ့ new version ဖြစ်တဲ့ ChatGPT 4o အကြောင်း လိုတိုရှင်း ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။ 🙋🏻
Open Ai ရဲ့ New flagship version ဖြစ်တဲ့ ChatGPT 4o ကို မေလ၁၃ရက်နေ့ကစတင်အသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ ChatGPT 4o မှာဆိုရင် အရင် ChatGPT ထက် Text, audio နဲ့ vision ပိုင်းတွေမှာ သိသိသာသာ တိုးတက်လာပြီပဲဖြစ်ပါတယ်ဗျ။ ChatGPT 4o မှာပါ ရှိတဲ့ "o" ဟာ ဆိုရင် "omni" ဖြစ်ပြီး " a step toward much more natural human" ဆိုပြီး အဓိပ္ပာယ်ရပါတယ်ဗျ။ ChatGPT 4o မှာဆိုရင် မြန်မာစကားအပြင် တခြားဘာသာစကားများစွာ ပါဝင်လာပြီဖြစ်လို့ Language အခက်အခဲရှိ‌သူတွေအတွက်အသုံးပြုရတာ ပိုလို့အဆင်ပြေစေမှာပဲဖြစ်ပါတယ်ဗျ။ 🤩 ဒါ့အပြင် Audio ပါရှိတာကြောင့် အသံ‌နဲ့မေးမြန်းတာတွေကိုပါလုပ်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်ဗျ။ မေးမြန်းတဲ့အခါမှာလဲ Response Time မြန်မြန်နဲ့ တကယ့် လူတစ်ယောက် စကားပြောနေသလို ပြန်ဖြေပေးမှာပဲဖြစ်ပါတယ်ဗျ။ 😁 Vision ပိုင်းမှာဆိုရင်လဲ ဓာတ်ပုံ ပြပြီး မေးမြန်းလို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ ဆိုတော့ ChatGPT 4o ဟာဆိုရင် တော်တော်လေး တိုးတက်လာပြီလို့ဆိုရပါမယ်။ ဒါ့အပြင် ChatGPT 4o ကို Paid usersတွေမဟုတ်တဲ့ Free users တွေပါအသုံးပြုလို့ရတယ်ဆိုတော့ ပိုတောင်အဆင်ပြေပါတယ်ဗျ။ အခုလောလောဆယ်တော့ free ကို limited နဲ့သာအသုံးပြုလို့ရအုန်းမယ်လို့လဲဆိုထားပါတယ်ဗျ။ လူကြီးမင်းတို့ အနေနဲ့ စမ်းသုံးချင်ရင်တော့ Copilot ဆိုတဲ့ Microsoft ကထုတ်ထားတဲ့ chatbot မှာ မြန်မာလိုသွားရောက် စမ်းကြည့်လို့ရပါတယ်ဗျ။

iOS: https://apps.apple.com/us/app/microsoft-copilot/id6472538445

Android: https://play.google.com/store/apps/details?id=com.microsoft.copilot

Aiတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ ခေတ်နောက်ကျမကျန်ရအောင် လူကြီးမင်းတို့အနေနဲ့အချိန်ရရင် ChatGPT 4o ကိုသွားရောက် စမ်းသပ်ကြည့်သင့်ပါတယ် ဗျ။ မြန်မာလို စာရိုက်မေးလို့ရတဲ့အပြင် အသံနဲ့ပါမေးမြန်းလို့ရတော့ပိုလို့တောင်အဆင်ပြေစေမှာပဲဖြစ်ပါတယ်ဗျ။ 🤗
အချိန်ပေးပြီးဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။ တခြား သိချင်တဲ့ Technology နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့လို့ရပါတယ်ဗျ။🙇🏻 နောက်နေ့တွေမှာလဲ တခြား IT & Technology အ‌‌ကြောင်းအရာတွေ တင်ဆက်ပေးမှာမလို့ကျနော်တို့ Code Palace Pageလေးကို like & follow လုပ်ထားဖို့မ‌မေ့ပါနဲ့အုန်းနော် 😁 အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ 🙇🏻

10/05/2024

Robot Technology 🤖

အားလုံးမင်္ဂလာပါဗျ။ 🙇🏻 Code Palace Pageကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ 🤗 ကျနော်တို့ ဟိုနေ့က AI (Artificial Intelligence) 🧠 အကြောင်းတင်ဆက်ပြီးပီ ဆိုတော့ ဒီနေ့မှာ Ai နဲ့ ဆက်စပ်နေတဲ့ Robot တွေအကြောင်းတင်ဆက်ပေးချင်ပါတယ်ဗျ။ 🦾🤖 Robot တွေကို ကျနော်တို့ အန္တာရယ် ရှိတဲ့အလုပ်တွေခိုင်းစေဖို့ပဲဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေး လုပ်ဖို့ဖြစ်ဖြစ် စသည်ဖြင့ အသုံးပြုကြပါတယ်ဗျ။ နည်းပညာတိုးတက်လာသည်နှင့်အမျှ Robot 🤖တွေကို နေရာအများအပြားမှာ အသုံးပြုလာကြပီုပဲဖြစ်ပါတယ်ဗျ။ ဥပမာ- စားသောက်ဆိုင်တွေမှာ service ပေးဖို့ နဲ့တချို့ လေယာဉ်ကွင်း‌ တွေမှာပါ Robot တွေကိုအသုံးပြုလာကြပါတယ်။
ဆိုတော့ Robot တွေကို ဘယ်လို တည်ဆောက်ထားလဲ ?🤖 🤔
ကျနော့်အနေနဲ့ လူကြီးမင်းတို့ နားလည်ရလွယ်ကူအောင် ရှင်းပြပေးပါမယ်ဗျ။ 🤗 Robot တစ်ရုပ်တည်ဆောက်ဖို့ Hardware နဲ့ Software လိုအပ်ပါတယ်ဗျ။ Hardware ကတော့ စက်ရုပ် ရဲ့ physical ပိုင်း ဖြစ်ပြီး Software ကတော့ စက်ရုပ် အလုပ်လုပ်ဖို့အတွက်ပဲဖြစ်ပါတယ်ဗျ။
ဆိုတော့ Hardware မှာ Body, Motors, sensors နဲ့ energy ဆိုပြီး ပါရှိပါတယ်။
🤖Body
Body ဟာဆိုရင် တည်ဆောက်မဲ့စက်ရုပ်ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်ဗျ။🤗 ဥပမာ- Humanoid robots (လူပုံစံ စက်ရုပ်), arms only🦾or legs only 🦿 robots နဲ့ wheeled robotsတို့ပဲဖြစ်ပါတယ်ဗျ။ Robot bodyကိုတော့ များသောအားဖြင့် အတွင်းပိုင်း စက်ကိရိယာတွေကို မထိခိုက်အောင် လို့ Metal နဲ့တည်ဆောက်ကြတာများပါတယ်ဗျ။ ဒါပေမဲ့ plastic သို့မဟုတ် အခြား materialsတွေဖြစ်တဲ့ (Carbon or fiber) တို့နဲ့ လဲ Robot bodyကို ပြုလုပ်လို့ရပါတယ်ဗျ။ 🛠️
⚙️Motors
Motors သည်လဲ စက်ရုပ် တစ်ရုပ်ရွေ့လျား နိုင်ဖို့အတွက် အရေးကြီးအစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်ဗျ။ Motorsအမျိုးအစားအများကြီးထဲကမှ တစ်ချို့ကိုဖော်ပြပေးချင်ပါတယ်ဗျ။ Bidirectional step motors, rotational motors, pumps နဲ့ vibrating disks တို့ပဲဖြစ်ပါတယ်ဗျ။ ဒီmotorsတွေဟာဆိုရင်ဖြင့် စက်ရုပ် တစ်ရုပ်ရွေ့လျားဖို့အတွက်အရေးကြီးအစိတ်အပိုင်းအနေနဲ့ပါရှိပါတယ်ဗျ။ အစိတ်အပိုင်းများစွာပါရှိတဲ့ စက်ရုပ်တွေမှာဆို motorsတွေကို တစ်ထပ်တည်းကျအောင်လို့ micro-scaleကိုအသုံးပြုပြီး တပ်ဆင်ရပါတယ်ဗျ။ ဒါမှ ခိုင်းစေတဲ့အခါ စက်ရုပ်တွေက အတိအကျရွေ့လျားနိုင်မှာပဲဖြစ်ပါတယ်ဗျ။ ဥပမာ- ခြေလှမ်းတစ်လှမ်းလှမ်းခြင်း🦿၊ လက်တစ်ဖက်ထဲဖြင့် ပစ္စည်းတစ်ခုခုကို ကိုင်ပြီးလိုချင်တဲ့နေရာသို့ကွေ့လျား စသည်တို့ကို လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဗျ။🤗

Sensors & Energy 🤖🦾
Sensors ဟာစက်ရုပ်တစ်ရုပ်ကိုစေခိုင်းအတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလျှောက် ပတ်ဝန်းကျင်အခြေအနေတွေကိုစုဆောင်းကာပြန်လည်တွက်ချက်၍ စေခိုင်းချက်တွေကိုလုပ်ဆောင်ဖို့အတွက်အသုံးပြုပါတယ်ဗျ။ Robots မှာပါရှိတဲ့ sensors အချို့ကတော့ cameras, microphones, pressure sensors, thermometers, position sensors, speed sensors, location sensors, humidity sensors နဲ့ tactile sensors တို့ပဲဖြစ်ပါတယ်ဗျ။🤗 Energy ကလဲ စက်ရုပ်တစ်ရုပ်လည်ပတ်ဖို့အရေးကြီးပါတယ်ဗျ။ Energy🦾 မရှိရင်စက်ရုပ်ကမလှုပ်ရှားနိုင်သလို စေခိုင်းတာတွေကိုလဲလုပ်နိုင်မှာမဟုတ်ပါဘူး။ Energy ကိုတော့ စက်ရုပ်မှာပါရှိတဲ့ battery ကနေထုတ်လွှတ်ပေးပါတယ်ဗျ။ Solar power နဲ့ gas အပေါ်မူတည်ပြီးလည်ပတ်ဖို့တည်ဆောက်ထားတဲ့စက်ရုပ်တွေလဲရှိပါတယ်ဗျ။ တည်ဆောက်မဲ့စက်ရုပ်အပေါ်မူတည်ပြီး energy base ကိုရွေးချယ်လို့ရပါတယ်ဗျ။🤗

Software 🤖⚙️
Software တွေကစက်ရုပ်တစ်ရုပ်အလုပ်လုပ်ဖို့အတွက်လိုအပ်ပါတယ်ဗျ။ စက်ရုပ်မှာပါရှိတဲ့ software တွေက လူတွေကိုအဝေးကနေထိန်းချုပ်ဖို့အတွက်အထောက်အကူပြုတယ်။ ဥပမာ- smartphone application📱 or remote control 🕹️နဲ့စက်ရုပ်ကိုထိန်းချုပ်လို့ရတာပဲဖြစ်ပါတယ်ဗျ။ နည်းပညာတိုးတက်လာသည်နှင့်အမျှစက်ရုပ်မှာပါရှိတဲ့ software ကို internet နဲ့ပါ upgrade လုပ်လို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ ထိုသို့ upgrade လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ service နဲ့ function အသစ်တွေကိုပါရရှိနိုင်ပါတယ်ဗျ။ နောက်ထပ်အရေးကြီးတဲ့ software တစ်ခုကတော့ AI🧠 ပဲဖြစ်ပါတယ်ဗျ။ AI ဟာဆိုရင် software technology မှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး robot တွေကို next level✴️ ဖြစ်အောင်စွမ်းဆောင်ပေးပါတယ်။ AI ပါရှိတဲ့ robot တွေဟာဆိုရင်သာမန်စက်ရုပ်တွေထက်တစ်ဆင့်မြင့်နေတာကို တွေ့ရှိရမှာပဲဖြစ်ပါတယ်ဗျ။ ဥပမာ- Sophia robot🤖 ဟာဆိုရင် humanoid robot အမျိုးအစားဖြစ်ပြီး AI ပါရှိတဲ့robotပဲဖြစ်ပါတယ်ဗျ။ ဒီ robot ကို Hong Kong အခြေစိုက်ကုမ္ဗဏီတစ်ခုဖြစ်တဲ့ Hanson Robotics ကတီထွင်ခဲ့တာဖြစ်ပါတယ်။ Sophia robot ရဲ့စွမ်းရည်တွေကို အောက်က video link မှာ ကြည့်ရှုလို့ရပါတယ်ဗျ။

https://youtu.be/5_jp9CwJhcA?si=B3ju0Kw2Snqk6yZK

အချိန်ပေးပြီးဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။ တခြား သိချင်တဲ့ Technology နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့လို့ရပါတယ်ဗျ။🙇🏻 နောက်နေ့တွေမှာလဲ တခြား IT & Technology အ‌‌ကြောင်းအရာတွေ တင်ဆက်ပေးမှာမလို့ကျနော်တို့ Code Palace Pageလေးကို like & follow လုပ်ထားဖို့မ‌မေ့ပါနဲ့အုန်းနော် 😁 အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ 🙇🏻

08/05/2024

Giveaway

အားလုံး မင်္ဂလာပါဗျ။🙇🏻 Code Palace Pageကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ ဒီနေ့မှာ‌တော့ ကျနော်တို့အနေနဲ့ လူကြီးမင်းတို့အတွက် နာမည်ကြီး Cloudflare တစ်ခုဖြစ်တဲ့ 1.1.1.1 Cloudflare ရဲ့ WARP+ keysတွေကို လူကြီးမင်းတို့လိုအပ်ရင် လာရောက်ယူလို့ရပါပြီဗျ။ WARP+ key တစ်ခုကို 5ယောက်အထိအသုံးပြုလို့ပါတယ်ဗျ။😉 လူကြီးမင်းတို့အနေနဲ့ တခြားလူတွေပါသိရအောင်လို့ ဒီပိုစ့်လေးကို Public နဲ့ Shareပေးပြီး Page Messenger မှာ WARP+ keys တွေကို လာယူလို့ရပါပြီဗျ။ 🤩 Page လေးကိုလဲ review လေးတွေရေးသွားလို့ရပါတယ်နော်။ နောက်ထပ်လဲ Giveaway စီစဉ်လေးတွေရှိသေးတာမို့ ကျနော်တို့ Code Palace Page‌ လေးကို Like & Follow လေးလုပ်ထားခဲ့ကြပါအုန်းနော် 🤩🤩

06/05/2024

Ai ( Artificial Intelligence) 🧠🦾

အားလုံးမင်္ဂလာပါဗျ။ Code Palace Pageကနေ ပြန်လည်ဆိုကြိုလိုက်ပါတယ်ဗျ။🙇🏻 ဒီနေ့မှာ ကျနော်က Ai 🧠 အကြောင်းကို အနည်းငယ် ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။
Ai ဆိုတာဘာလဲ? 🤖🤔
Ai ရဲ့ အဓိပ္ပာယ် ကတော့ Artificial Intelligence ဖြစ်ပြီးကျနော်တို့ မြန်မာလိုခေါ်ရင် လူလုပ် မှတ်ဉာဏ်တုပဲဖြစ်ပါတယ်ဗျ။ Ai Technology ဟာဆိုရင်ဖြင့် ကျနော်တို့ လူငယ်တွေအတွက် ရင်းနှီးနေတဲ့စကားလုံး ဆိုရင်လဲမမှားပါဘူးဗျ။ Ai ကဘာတွေအသုံးပြုလို့ရလဲဆိုရင် ကျနော်တို့ သိချင်တဲ့အ‌ကြောင်းအရာတွေ ကိုအချိန်တိုအတွင်း အလွယ်တကူ Ai ကိုအသုံးပြုပြီးရှာလို့ပါတယ်ဗျ။ ဥပမာ- Open Al နဲ့ ChatGPT တို့လို့ Ai tools တွေကိုအသုံးပြုပြီးAssignmentတွေ နဲ့ ကျနော်တို့ သိချင်တာတွေကို Research လုပ်လို့ရနေပြီပဲဖြစ်ပါတယ် ဗျ။ 🤩 ဒါ့အပြင် Ai နဲ့ သီချင်းတွေဖန်တီးခြင်း၊ စိတ်ကူးယဥ် ဓာတ်ပုံတွေကိုဖန်တီးခြင်းနဲ့ Video editing တွေကိုပါ လုပ်လို့ရနေပီပဲဖြစ်ပါတယ်ဗျ။ 🤩 အခုဆိုရင် Smart Phone တွေမှာပါ Ai Technology နဲ့ Photo နဲ့ Videoတွေကိုပါ စိတ်ကြိုက် editလုပ်လို့ရနေပီပဲဖြစ်ပါတယ်ဗျ။ 😉

ဆိုတော့ Ai အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ?🤖🧠
Ai မှာ Capabilities-based types of Ai နဲ့ Functionalities-based types of Ai ဆိုပြီး ၂မျိုးရှိပါတယ်ဗျ။ Capabilities-baeed Ai မှာဆိုရင်ဖြင့် Narrow Ai, General Ai နဲ့ Super intelligent Aiဆိုပြီး (၃)မျိုး ပါရှိပါတယ်ဗျ။ Functionalities-based Aiမှာဆိုရင်ဖြင့် Reactive Machine, Theory of Mind, Limited Memory နဲ့ Self- Awareness ဆိုပြီး (၄) မျိုး ပါရှိပါတယ်ဗျ။ 😉 ကျနော်အနေနဲ့ ကျနော် တို့နဲ့ရင်းနှီးတဲ့ Capabilities-baeed types of Ai (၃)မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်ဗျ။
✅ Narrow AI (Artificial Narrow Intelligence)🤖🧠
Narrow Ai ကတော့ ကျနော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ Ai tools တွေဖြစ်တဲ့ (ChatGPT, OpenAI, Gemini AI) တွေအပြင် chatbot & conversational assistants နဲ့ Self- driving vehiclesတွေမှာ အသုံးပြုနေတဲ့ Ai ကို Narrow Ai လို့ခေါ်ပါတယ်ဗျ။ Narrow Ai ကတော့ သူ့ကို Train ပေးထားတဲ့ Data အတိုင်းသာလုပ်ဆောင်တာဖြစ်ပြီး အဲ့ထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်ခြင်း မရှိပါဘူးဗျ။
✅ General AI (Artificial General Intelligence)🤖🧠
General AI ကတာ့ အခုချိန်ထိ Research stageမှာသာ ရှိသေးတာပဲဖြစ်ပါပြီး Narrow Ai ထပ်ပိုအဆင့်မြှင့်ပါတယ်ဗျ။ General Ai ကတော့ လူသားတစ်ယောက်လို critical thinking တွေကိုပါ လုပ်ဆောင်နိုင်တဲ့Ai အမျိုးအစားပဲဖြစ်ပါတယ်ဗျ။ 🤖🤯
✅ Super Intelligence AI (Artificial Super Intelligence)🤯🤖🧠
Super Intelligence AI ကတော့ General Ai ထပ်များစွာသာလွန်ပြီး လူသားတွေမတွေးတောနိုင်သေးတဲ့အရာတွေကိုပါ တွေးခေါ်စဉ်းစားနိုင်တဲ့ Ai အမျိုးအစားပဲဖြစ်ပါတယ်ဗျ။ 🤯🤖 ဒီ Ai ကတော့ အခုချိန်ထိ ကမ္ဘာပေါ်မှာမပေါ်သေးပါဘူးဗျ။ 😁 Sci-fi ရုပ်ရှင်တွေထဲမှာသာတွေ့ရှိရအုန်းမှာပဲဖြစ်ပါတယ်ဗျ။😁 ဒါကတော့ ကျနော်တို့အခုခေတ်လူငယ်တွေကြားရေပန်းသားနေတဲ့ Ai Technology 🧠 အကြောင်းပဲဖြစ်ပါတယ်ဗျ။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။ တခြား သိချင်တဲ့ Technology နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့လို့ရပါတယ်ဗျ။🙇🏻 နောက်နေ့တွေမှာလဲ တခြား IT & Technology အ‌‌ကြောင်းအရာတွေ တင်ဆက်ပေးမှာမလို့ကျနော်တို့ Code Palace Pageလေးကို like & follow လုပ်ထားဖို့မ‌မေ့ပါနဲ့အုန်းနော် 😁 အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ 🙇🏻

04/05/2024

E-sports ( Electronic-sports)

E-sports ဆိုတာဘာလဲ?၊ ဘယ်လိုတွေအကျိုးကျေးဇူးတွေ အောင်မြင်မှုတွေရနိုင်လဲ ?🤔🤔🤔
အားလုံး မင်္ဂလာပါဗျ။ ကျနော် ဒီနေ့မှာတော့ E-sports ဆိုတာဘာလဲနဲ့ E-sports ကနေ ဘယ်လိုအောင်မြင်မှုတွေရနိုင်လဲဆိုတာ ပြောပြပေးမှာပဲဖြစ်ပါတယ်ဗျ။ 😁
E-sports ရဲ့ အဓိပ္ပာယ်ဟာဆိုရင်ဖြင့် Electronic-sports ဖြစ်ပြီး အခုခေတ်လူငယ်တွေကြားမှာ ရင်းနှီးတဲ့စကားလုံးတစ်ခုပဲဖြစ်ပါတယ်ဗျ။ E-sports ဟာအခုအချိန်မှာ မြန်မာနိုင်ငံမှာသာမက နိုင်ငံအနှံ့အပြားမှာပါ ရေပန်းအစားဆုံး အားကစားတစ်ခုဖြစ်လို့နေပါပြီဗျ။ 🤩 အခုဆိုရင် စီးပွားရေး လောကမှာပါ E-sports က တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေပြီပဲဖြစ်ပါတယ်ဗျ။ 😁 The Global E-sports market sizesဟာဆိုရင်ဖြင့် 2022 မှာ US $3.42 billion ဖြစ်ပြီး 2023 ခုနှစ်မှာ US $3.96 billion အထိမြင့်တက်လာပြီပဲဖြစ်ပါတယ် ဗျ။ ခန့်မှန်းချက်တွေအရ 2030 လောက်ရောက်ရင် E-sports market sizes ဟာဆိုရင်ဖြင့် US $6.75 billion အထိမြင့်တက်သွားဖို့ရှိပါတယ်ဗျ။ 🤯💵
ဆိုတော့ E-sports မှာဘာတွေပါလဲဘာတွေအကျိုးကျေးဇူးတွေရနိုင်လဲ?🤔
Gammers တွေ gaming 🎮 ပိုင်း စိတ်ဝင်စားတဲ့လူငယ်အတွက် E-sports ဟာဆိုရင်ဖြင့် အောင်မြင်မှုတွေနဲ့အကျိုးကျေးဇူးတွေများစွာရရှိနိုင်မှာပဲ ဖြစ်ပါတယ်ဗျ။ 😁 Game skillကောင်းပြီး ကြိုးစားရင် ကြိုးစားသလောက်အခွင့်အလမ်းတွေများစွာရရှိမှာပဲဖြစ်ပါတယ်ဗျ။ E-sports မှာ ဆိုရင်ဖြင့် (FPS) First person shooter ဂိမ်းတွေဖြစ်တဲ့ Counter-strike (CS:GO), Apex legends နဲ့ MOBAဂိမ်းတွေဖြစ်တဲ့ League of Legends (LOL), Mobile Legends (MLBB), နဲ့ Battle ground shooting ဂိမ်းတွေ ဖြစ်တဲ့ Player Unknown Battle Ground (PUBG), Call of Duty (COD) နဲ့ Multiplayer online battle arena ဂိမ်းဖြစ်တဲ့ Dota 2 တို့ဟာဆိုရင်ဖြင့် အချိန်မှာ လူငယ်တွေကြားမှာ နာမည်အကြီးဆုံးဂိမ်းတွေပဲဖြစ်ပါတယ်ဗျ။🎮 ဒီဂိမ်းတွေဟာဆိုရင်ဖြင့် နိုင်ငံအနှံ့အပြားမှာ Tournamentsတွေ ပြုလုပ်ပြီး ဆုကြေးတွေအမြောက်အများပေးအပ်လျက်ရှိပါတယ် ဗျ။ ဥပမာပြောရင်- Dota 2 ရဲ့ TI (The International) ဟာဆိုရင်ဖြင့် Prize Pool အမြောက်အများပေးတဲ့ Tournament တစ်ခုပဲဖြစ်ပါတယ်ဗျ။ 😁 အခုဆိုရင် MOBA ဂိမ်းတွေ ဖြစ်ကြတဲ့ League of Legends နဲ့ Mobile Legends ဂိမ်းတွေကလဲ ဆုကြေးအမြောက်အများပါရှိတဲ့ Tournaments 🏆တွေကို နိုင်ငံအနှံ့အပြားမှာကျင်းပနေပြီပဲဖြစ်ပါတယ်ဗျ။ နောက်ပိုင်း E-sports ဟာဆိုရင်ဖြင့် SEA Game မှာပါ အားကစားတစ်ခုအနေဖြင့် ကျင်းပနေပြီပဲဖြစ်ပါတယ်ဗျ။
E-sports လောကမှာ အောင်မြင်ရင် ဘာတွေရရှိနိုင်လဲ?🤔
သင့်အနေနဲ့ gaming ပိုင်းမှာ Skills ကောင်းရင်ကောင်းသလောက် အခွင့်အရေးတွေများစွာရရှိနိုင်မှာပဲဖြစ်တဲ့အပြင် ကစားသမားရဲ့ လစာနဲ့ Tournament တွေကရတဲ့ ဆုကြေးတွေနဲ့ ဘဝကို အဆင်ပြေစွာဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်ဗျ။ ဥပမာအနေနဲ့ပေးရရင် Dota 2 အသင်းတစ်သင်းဖြစ်တဲ့ OG ဟာဆိုရင်ဖြင့် Prize Pool အမြောက်အများပေးတဲ့ TI (The International) ကို TI 8 နဲ့ TI 9 မှာ champion 🏆 ဖြစ်ခဲ့ပြီး ဆုကြေးမြောက်များစွာရရှိခဲ့တာပဲဖြစ်ပါတယ်ဗျ။ ကစားသမားအနေနဲ့ E-sports ကအနားယူခဲ့ရင်တောင် ‌ကျော်ကြားမှုတွေအောင်မြင်မှုတွေကြောင့် Streaming နဲ့ ဘဝကိုရှေ့ဆက်ရပ်တည်လို့ရမှာပဲဖြစ်ပါတယ်ဗျ။ 🤩🤩 ဒါကတော့ E-sports နဲ့ပတ်သက်တဲ့ အကြောင်းလေးနဲ့ ရနိုင်တဲ့ ‌အကျိုးကျေးဇူးတွေကို ပြောပြပေးတာပဲဖြစ်ပါတယ်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေ တင်ဆက်သွားမှာဖြစ်လို့ Page ကို Like and follow လုပ်ထားဖို့မမေ့နဲ့နော် 😉✌️

02/05/2024

Surfshark VPN ကိုဝယ်ယူပြီးတာနဲ့ ဘာ Featuresတွေထပ်ရရှိမလဲ?

Surfshark VPN ဟာဆိုရင်ဖြင့် လူကြီးမင်းတို့အတွက် အသုံးပြုရလွယ်ကူပြီး Featuresစုံစုံလင်လင် ပါရှိတဲ့ VPN ပဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ပြောပြပေးချင်တဲ့ Feature ကတော့ Clean Web Feature ပဲဖြစ်ပါတယ်။ ဒီ Feature ဟာဆိုရင်ဖြင့် Ads တွေမတက် တဲ့အပြင် cyber attacksတွေ ဖြစ်တဲ့ Phishing လုပ်ခြင်းနဲ့ Malware တွေမှလဲ ကာကွယ်ပေးပါတယ်။ ဒါကြောင့် လူကြီးမင်းတို့အနေဖြင့် စိတ်ချမ်းမြေ့စွာနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။🤩 နောက် Feature တစ်ခုကတော့ Unlimited devicesပဲဖြစ်ပါတယ်။ ဒီ Feature ဟာဆိုရင် လူကြီးမင်းတို့အနေနဲ့ Surfshark VPNကို devices များစွာနဲ့စိတ်ကြိုက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။😉 Android, IOS, Window နဲ့ Mac အပြင် တစ်ခြား platforms တွေမှာပါ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။🤩
နောက် Feature တစ်ခုကတော့ Bypasserလို့ခေါ်တဲ့ feature ပဲဖြစ်ပါတယ်။ ဒီ feature မှာဆိုရင်ဖြင့် လူကြီးမင်းတို့ ရဲ့ Data တွေကိုအပြည့်အဝ လုံခြုံအောင်လုပ်ပေးတဲ့အပြင် မတူညီတဲ့ IP address နှစ်ခုကိုပါ တစ်ပြိုင်ထဲအသုံးပြုလို့ရမှာပဲ ဖြစ်ပါတယ်။ 🤩🤩 ဒါကြောင့် Mobile banking တွေအတွက်လဲ အသုံးပြုရအဆင်ပြေမှာပဲ ဖြစ်ပါတယ်။ တခြား ပါဝင်တဲ့ Features တွေကတော့-
✅ Strict no-logs policy
✅ Kill Switch
✅ Private DNS & leak protection
✅ Camouflage Mode
✅ Browse privately
✅ No Borders Mode
✅ Change your IP
✅ Encryption
✅ Secure Protocols
တို့ပဲဖြစ်ပါတယ်။ 🤩 ဒီ Features တွေဟာဆိုရင်ဖြင့် လူကြီးမင်းတို့အတွက် အမှန်တကယ်အသုံးဝင်မဲ့ Features တွေပဲဖြစ်ပါတယ်ဗျ။ လူကညီးမင်းတို့အနေဖြင့် Features စုံစုံလင်လင်ပါရှိတဲ့ Surfshark VPNရဲ့ Features တွေကို စိတ်ဝင်စားလို့ အသုံးပြုလိုပါက All Features Package ကို တစ်နှစ် 15000ကျပ် ထဲဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ဗျ🤩 လူကြီးမင်းတို့စိတ်ဝင်စားပါက ကျွန်တော်တို့ဆီဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ

22/02/2024

🎁 Giveaway 🎁

ကျတော် တို့ Code palace ကနေ Device 3 ခုစာ အတွက် Surfshark vpn လေးတွေမဲဖောက်ပေးပါမယ်ဗျ။

Comment မှာ မိမိကြိုက်နှစ်သက်ရာ ဂဏန်းတစ်လုံးမန့်ခဲ့နော်။
မဲပေါက်သူများကို လာမယ့် တနလ်ာနေ့မှာကြေညာပေးသွားပါမယ်

19/02/2024

VPN ကို ဘာကြောင့်အသုံးပြုသင့်တာလဲ ?

VPN ရဲ့အရှည်ကောက်ကတော့ Virtual Private Network ဖြစ်ပါတယ်၊ မြန်မာလိုဆိုရင် အကြမ်းဖျင်းအနေနဲ့ အွန်လိုင်းပေါ်က ကိုယ်ပိုင်နက်ဝေါ့လို ပြန်ဆိုနိုင်ပါတယ်။ VPN အကြောင်းကို အတွင်းကျကျမပြောခင် VPN ဘာကြောင့်ပေါ်လာလဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။ ကျွန်တော်တို့ အင်တာနက်သုံးပြီး အက်ပလီကေးရှင်းတွေ၊ ဝဘ်ဆိုက်တွေပေါ်မှာ အကောင့်တွေ လုပ်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ (အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိုမျိုး) ထည့်သွင်းရတာကို မိတ်ဆွေတို့လည်း သိမှာပါ။ ဒီအချက်အလက်ဒေတာတွေက ဟက်ကာတွေဆီ ပေါက်ကြားသွားမယ်ဆိုရင် မိတ်ဆွေရဲ့ဖေ့စ်ဘွတ်လိုမျိုး အကောင့်တွေကို လုယူနိုင်ပါတယ်။ ဟက်ကာတွေ အကောင့်ပိုင်ရှင် ယောင်ဆောင်ပြီး ပိုက်ဆံလိုက်ချေးနေတဲ့အဖြစ်မျိုး မိတ်ဆွေတို့ ကြားဖူးကြမှာပါ။ မိတ်ဆွေဟာ အထူးသဖြင့် အများသုံးဝိုင်ဖိုင်ကနေ အင်တာနက်သုံးမယ်ဆိုရင် ဒီအချက်အလက်တွေကို ဟက်ကာတွေက လွယ်လွယ်ကူကူနဲ့ ရယူနိုင်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာ VPN မသုံးလို့ ဖြစ်ရတဲ့ အဖြစ်အများဆုံးပြဿနာတစ်ခုပေါ့။

ကဲဒါဆို အများသုံးဝိုင်ဖိုင်မဟုတ်ဘဲ ကိုယ့်အိမ်က ဝိုင်ဖိုင်၊ ဒါမှမဟုတ် ကိုယ်ဖုန်းဘေလ်နဲ့ အင်တာနက်သုံးမယ်ဆိုရင်ရော အန္တရာယ်ရှိနိုင်လား။ အများသုံးဝိုင်ဖိုင်လောက်တော့ အန္တရာယ်မများပေမယ့် လုံး၀အန္တရာယ်ကင်းတာမျိုးလည်း မဟုတ်ပါဘူး။ မိတ်ဆွေတို့ကို အင်တာနက်သုံးနိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ ဘရော့ဘန်းတွေကနေပြီးတော့ အင်တာနက်ပေါ်မှာ မိတ်ဆွေဘာတွေလုပ်နေတယ်ဆိုတာကို အကုန်ကြည့်လို့ရပါတယ်။ ဘရော့ဘန်းတွေတင်မဟုတ်ဘူး မိတ်ဆွေအသုံးပြုနေတဲ့ ဖေ့စ်ဘွတ်တို့လို ဆိုရှယ်မီဒီယာတွေကလည်း သူတို့အက်ပလီကေးရှင်းပေါ်မှာ ပို့တဲ့ မက်ဆေ့ခ်ျတွေကအစ အကုန်သိပါတယ်။ ဒီရရှိတဲ့ ဒေတာတွေကို နိုင်ငံတော်အစိုးရနှင့် တခြားပြင်ပကုမ္ပဏီတွေဆီကို ပြန်ပြီးရောင်းစားကြတယ်လို့ တချို့က ကောက်ချက်ချကြပါတယ်။ ဒါက သာမန်လူတွေအတွက် ကြီးမားတဲ့အန္တရာယ်တော့မဟုတ်ပေမဲ့ ဘယ်သူက ကိုယ်လုပ်သမျှ စောင့်ကြည့်နေတာမျိုး ခံချင်ပါ့မလဲ၊ မဟုတ်ဘူးလား။

ဒီလိုမျိုး အန္တရာယ်တွေကို စိုးရိမ်စရာမလိုဘဲ အင်တာနက်ကို စိတ်ချမ်းချမ်းသာသာသုံးစွဲနိုင်စေဖို့အတွက် VPN ကို 1996 ခုနှစ်မှာ စတင်တီထွင်ခဲ့ပါတယ်။ ဒီတော့ VPN က မိတ်ဆွေကို ဘယ်လိုမျိုး ကာကွယ်ပေးတာလဲ။ အင်တာနက်ရဲ့ အလုပ်လုပ်ပုံကို ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် မိတ်ဆွေက ဝဘ်ဆိုက်တစ်ခုကို ဝင်ကြည့်မယ်ဆိုရင် မိတ်ဆွေကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (မြန်မာမှာဆိုရင် 5BB, Myanmar Net, MPT, Ooredoo လိုမျိုး) တွေကို အရင်အသိပေးရပြီး သူတို့ကနေ ဝင်ကြည့်ချင်တဲ့ ဝဘ်ဆိုက်ဆီကို ပို့ဆောင်ပေးပါတယ်။ ဒါပေမဲ့ VPN ကို အသုံးပြုမယ်ဆိုရင် မိတ်ဆွေကို ဝဘ်ဆိုက်ဆီမပို့ပေးခင် အရင်ဆုံး VPN ဆာဗာဆီကို ကုဒ်ဝှက်ထားတဲ့ ဒေတာအရင် ပို့ပေးရပါတယ်။ အဲ့မှာ VPN ကနေ မိတ်ဆွေရဲ့ဒေတာကို မိတ်ဆွေသွားချင်တဲ့ ဝဘ်ဆိုက်ဆီကို သူ့ရဲ့လိပ်စာအတုနဲ့ ပို့ပေးပါတယ်။ ဒီတော့ ဝဘ်ဆိုက်ရဲ့အမြင်မှာ ဒေတာတွေက မိတ်ဆွေရဲ့ အင်တာနက်လိပ်စာက လာတာမဟုတ်ဘဲ ကြားခံထားတဲ့ VPN လိပ်စာကနေ လာတာဖြစ်သွားပါတယ်။ အလားတူပဲ ဝဘ်ဆိုက်ကနေ မိတ်ဆွေဆီကို ဒေတာတွေ ပြန်ပို့ပေးတော့မယ်ဆိုရင် VPN ဆာဗာက ပို့မယ့်ဒေတာတွေကို ကုဒ်ဝှက်ပြီး သူအရင်တစ်ဆင့်ရယူပြီးမှ မိတ်ဆွေဆီ ပြန်ပို့ပေးပါတယ်။ မိတ်ဆွေဆီ ဒေတာတွေရောက်သွားရင် ကုဒ်ဝှက်ထားတာ ဖြည်ပေးလိုက်ပါတယ်။ ဟက်ကာတွေက ဒေတာတွေကို မိတ်ဆွေထံ မရောက်ခင် ကြားဖြတ်ယူသွားရင်တောင် ကုဒ်ဝှက်ထားတဲ့အတွက် ဘာမှကြည့်လို့မရပါဘူ။ ဒီလိုနည်းမျိုးနှင့် VPN က မိတ်ဆွေကို လုံခြုံစေတာဖြစ်ပါတယ်။

VPN နဲ့ပတ်သက်ပြီး အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ VPN ဝန်ဆောင်မှုအများစုဟာ လစဉ်ကြေးများပြားစွာ ကောက်ခံကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလိုမျိုး ကမ္ဘာနဲ့ယှဉ်ရင် ဝင်ငွေသိသိသာသာနည်းတဲ့ နိုင်ငံမှာဆိုရင် ဒေါ်လာနဲ့ပေးရတဲ့ VPN ကြေးတွေကို မတတ်နိုင်ကြပါဘူး။

VPN နဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းချင်တာဘဲဖြစ်ဖြစိ ဝယ်ယူချင်တာဘဲဖြစ်ဖြစ် Code palace ကို လာရောက်စုံစမ်းနိုင်ပါတယ်နော်။ 💁‍♂️

17/02/2024

ကျနော် တို့ Code palace ကနေ Surfshark Vpn လာရောက်ဝယ်နိုင်ပါတယ်ခင်ဗျ။
အားလုံး အဆင်ပြေပြေဝယ်ယူအသုံးပြုနိုင်အောင် 1 Device ကို 15000 ကျပ်ဘဲသတ်မှတ်ထားပါတယ်။ Warranty service အနေနဲ့ 1 Year အပြည့်ပေးထားပါတယ် ခင်ဗျ။

Windows, MacOs, Linux အပြင် Android နဲ့ Ios Device တွေများပါချိတ်ဆက်အသုံးပြုနိင်ပါတယ်။

24/06/2023

Software နှင့် Software Engineering အကြောင်း တစေ့တစောင်း 💻📱
============================
မင်္ဂလာပါခင်ဗျာ 🙏 ....... ဒီနေ့မှာတော့ Software ဆိုတာနဲ့ပတ်သတ်ပြီး သိသင့်တာလေးတွေ နဲ့ Software Engineering အကြောင်းကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။ Software ဆိုတာကို စာဖတ်သူတို့အားလုံးရင်းရင်းနီးနီးကြားဖူးကြမယ်ထင်ပါတယ်ခင်ဗျာ။ Computer Programmingကိုလေ့လာနေတဲ့သူဆိုရင် ပိုလို့တောင်ရင်းနှီးနေပါလိမ့်မယ်ခင်ဗျာ။ Applicationတစ်ခုဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့ဟာ Programming Code တွေအပြင် Business Logic တွေကိုပါတွေးတောပြီး ရေးသားကြရပါတယ်။ ဒါတွေဟာတကယ်တော့ Software တွေကိုရေးသားနေတယ်လို့ပြောလို့ရပါတယ်ခင်ဗျာ။ ဒါကြောင့်မို့လို့ ဒီနေ့မှာတော့ Software အကြောင်းနဲ့ Software Engineering ကိုတစ်စိတ်တစ်ပိုင်းလေ့လာသွားကြရအောင်ဗျာ။ 🎉
အမေးအဖြေပုံစံလေးနဲ့ လေ့လာကြရအောင်ခင်ဗျာ။
👉 မေး - Software ဆိုတာဘာလဲ။
‌ေြဖ - Software ဆိုတာ တကယ်တော့ Computer Programs တွေနဲ့ သက်ဆိုင်ရာ Documentation တွေကိုပေါင်းစည်းထားတဲ့အရာကိုဆိုလိုပါတယ်။ Software Products တွေကို သက်ဆိုင်ရာ Customer တစ်ဦးချင်းစီ အတွက် Develop လုပ်‌တာဖြစ်နိုင်သလို ၊ Generalသုံးဖို့အတွက် developလုပ်ရတဲ့ Software တွေလဲဖြစ်နိုင်ပါတယ်။ ဥပမာ - POS Software
👉 မေး - Good Software တစ်ခုရဲ့ အင်္ဂါရပ်တွေဟာဘာတွေဖြစ်မလဲ။
ဖြေ - Good Software တွေဟာ အသုံးပြုတဲ့ User တွေအတွက် လိုအပ်တဲ့ Functionality တွေ performance တွေကို ဆောင်ကျဉ်းပေးပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ ‌software တစ်ခုဟာ maintainable ၊ dependable ၊ usable စတဲ့ အချက်တွေနဲ့ပြည့်စုံဖို့လဲလိုအပ်ပါတယ်။
👉 မေး - Software Engineering ဆိုတာကရော ဘာလဲ။
ဖြေ - Software Engineering ဆိုတာ တကယ်တော့ Software Production တစ်ခုအတွက် လိုအပ်တဲ့ဘက်ပေါင်းစုံ ( ရှုထောင့်အားလုံး ) နဲ့ သက်ဆိုင်‌ေနတဲ့ Engineering စည်းမျဉ်းစည်းကမ်း ( discipline ) တစ်ခုဖြစ်ပါတယ်ခင်ဗျာ။
👉 မေး - ‌အခြေခံ Software Engineering activities တွေက ဘာတွေဖြစ်မလဲ။
ဖြေ - Software Engineering အတွက် အခြေခံ Activities တွေကတော့ Software Specification ၊ Software Developing ၊ Software Validation နဲ့ Software evolutionတို့ပဲ ဖြစ်ပါတယ်။
👉 မေး - Software Engineering နဲ့ Computer Science ဟာ ဘာကွာခြားသလဲ။
ဖြေ - တူကောင်းတူတယ်လို့ထင်ရပါတယ်ဗျာ။ Computer Science ကတော့ theory တွေ ၊ fundamentals တွေကို အဓိကထားပါတယ်။ Software Engineering ကတော့ အသုံးဝင်တဲ့ Software တွေကို လက်တွေ့ Develop လုပ်ပြီး Customer တွေလက်ထဲရောက်အောင် Deliver လုပ်ပေးရပါတယ်။
👉 မေး - ဒါဆို System Engineering နဲ့ Software Engineering ကရော ဘာတွေကွာခြားသလဲ။
ဖြေ - System Engineering ကတော့ Computer System ကြီးတစ်ခုလုံးရဲ့ Development နဲ့သက်ဆိုင်ပါတယ်ဗျာ။ ဥပမာ - System engineeringမှာဆိုရင် hardware ၊ software တွေအပြင် process engineering အပိုင်းတွေလဲပါဝင်ပါတယ်။ Software Engineering ဆိုတာကတော့ များပြားလှတဲ့System Engineering လုပ်ငန်းစဉ်တွေထဲက တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်ဗျာ။ 📝
👉 Software Engineering ရဲ့ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ - အဓိက Challenge တွေကတော့ မတူကွဲပြားတဲ့ ပြဿနာတွေကို ဖြေရှင်းရခြင်း ၊ သက်မှတ်ချိန် Deadline အတွင်း ပြီးစီးအောင်လုပ်ဆောင်ရခြင်းနဲ့ ယုံကြည်စိတ်ချတဲ့ Software Product တစ်ခုဖြစ်အောင် Develop လုပ်ပေးရခြင်းတွေပဲဖြစ်ပါတယ်။
👉 Software Engineering ရဲ့ Costs တွေကရောဘယ်လိုရှိလဲ။
ဖြေ - အကြမ်းဖျင်း 60 % နှုန်း သောCostsတွေ ဟာ development အတွက် costs ဖြစ်ပြီးတော့ 40% နှုန်းကတော့ testing အတွက် ကုန်ကျမှုတွေပဲ ဖြစ်ပါတယ်။ တစ်ချိူ့ Custom software တွေမှာဆိုရင်တော့ software တွေကိုပြန်လည်ပြောင်းလဲ ရတဲ့ ကုန်ကျစရိတ်က Development Costထက်တောင် ပိုများသွားတာမျိုးတွေရှိတတ်ပါတယ်။
👉 မေး - အကောင်းဆုံး Software Engineering Techniques တွေနဲ့ Methods တွေဟာဘာတွေဖြစ်မလဲ။
ဖြေ - Software Projectတွေ အများကြီးကို ကောင်းကောင်းမွန်မွန် Manage လုပ်နိုင်ပြီး Develop လုပ်နိုင်ဖို့အတွက်ဆိုရင် မတူညီတဲ့ techniques တွေကိုအသုံးပြုရပါတယ်။ အဲ့ဒီ Techniques တွေဟာ မိမိရေးသားချင်တဲ့ System ရဲ့ အမျိုးအစားအပေါ် မူတည်ပြီး ကွဲပြားကြပါသေးတယ်။ Game တွေကို Develop လုပ်တဲ့အခါမှာတော့ များသောအားဖြင့် Series ပုံစံ Prototypeကိုသုံးလေ့ရှိကြပါတယ်။ Software Engineering Methods တွေဟာ တသမတ်တည်းရှိနေတာမဟုတ်ပဲနဲ့ လိုအပ်သလိုပြောင်းလဲအသံုးပြုနေရတာလဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Software Engineering method တစ်ခုဟာ အခြား software engineering method တစ်ခုထက် ပိုကောင်းတယ်ဆိုပြီးတော့ မပြောသင့်ဘူးလို့ထင်ပါတယ်ခင်ဗျာ။

👉 မေး - Web ဟာရော Software Engineering နဲ့ဘယ်လိုကွဲပြားမှုရှိမလဲ။
ဖြေ - Web ဟာ ယနေ့အချိန်မှာတော့ Software Services တွေအပြင် service-based system တွေကို Developလုပ်တဲ့ နေရာမှာလဲ ဦးဆောင်လာပါတယ်။ Web-based System Development ဟာဆိုရင် လက်ရှိအချိန်မှာ Programming Language တွေနဲ့ Software Reusing အပိုင်းအတွက် အရေးပါတဲ့ တိုးတက်မှုတွေကို ဦးဆောင်နေပါတယ်ဗျာ။
ဟုတ်ကဲ့ပါခင်‌ဗျာ 🙏 အခုအမေး‌အဖြေလေးကတော့ Software နဲ့ Software Engineering အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။
Software Engineeringဟာ Software တွေကို Develop လုပ်တာကစလို့ Software Product တွေကိုရောင်းချသည်အထိ သက်ဆိုင်ပါတယ်။ Software Engineering ဟာ Software Productionကြီးတစ်ခုလုံးနဲ့ ပတ်သတ်ဆက်နွယ်နေတာ ဖြစ်ပြီး System Specification အပိုင်းတွေကအစ အသုံးပြုဆဲ Systemတွေကိုပြန်လည် Maintenance လုပ်တာကအဆုံး Software Engineeringနဲ့သက်ဆိုင်နေတာ ဖြစ်ပါတယ်ခင်ဗျာ။ 🖥️
🔌 Software Activities ( ၄ ) ခုအကြောင်း
-------------------------------------------
1️⃣ Software Specification
Software Specification ဆိုတာကတော့ Software တစ်ခု မထုတ်လုပ်ခင်မှာ ထုတ်လုပ်မည့် software ဟာ ဘာတွေပါသင့်တယ် ၊ ဘယ်လိုဖြစ်သင့်တယ် ၊ ဘယ်လို Requirementမျိုး‌ေတွနဲ့ပြည့်စုံရမယ် စသဖြင့် customerတွေနဲ့ software engineer တွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။
2️⃣ Software Development
Software Development ကို‌တော့ နာမည်ကြားတာနဲ့ဘယ်လို Taskတွေလုပ်ရတယ် ဆိုတာ ခန့်မှန်းမိမှာပါ။ Software တစ်ခုအတွက်လိုအပ်တဲ့ Design ပုံစံတွေချပြီး Program လုပ်ကြတဲ့ processပဲဖြစ်ပါတယ်ခင်ဗျာ။
3️⃣ Software Validation
Software Validation ဆိုတာကတော့ Customer တွေလိုချင်တဲ့ Requirements တွေနဲ့ ကိုက်ညီရဲ့လားဆိုတာ သေချာစေဖို့ အတွက် Testing လုပ်ရတဲ့ Process ကိုပြောတာဖြစ်ပါတယ်ခင်ဗျာ။
4️⃣ Software Evolution
Software Evolution ရဲ့အဓိပ္ပာယ် ကို Software တွေပြောင်းလဲတာလို့ ဘာသာပြန်တာထက် Software တွေကို Maintenance လုပ်တာလို့ပြောရင် ပိုပြီးသင့်လျော်ပါတယ်ခင်ဗျာ။ ရေးသားလိုက်တဲ့ software တွေဟာ တစ်ချိန်ချိန် မှာ Customer တွေရဲ့ လိုအပ်ချက်တွေအရ ၊ ဒါမှ မဟုတ် ဈေးကွက်ရဲ့လိုအပ်ချက်တွေအရ Software တွေကိုပြန်ပြီး modified လုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ ဒါကိုတော့ Software Evolution သို့မဟုတ် Software Maintenance လို့ခေါ်ကြပါတယ်ခင်ဗျာ။
🔌 Computer Science ၊ Software Engineering နှင့် System Engineering အရှုပ်တော်ပုံ
--------------------------------
Computer Science ဟာ Computerတွေ ၊ Software Systems တွေနဲ့ပတ်သတ်ပြီး အခြေခံကျတဲ့ Theories တွေ Methods တွေကိုလေ့လာရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ ဒါပေမယ့် Software Engineering ကတော့ လက်တွေ့ကျကျ Software Products တွေကို Develop လုပ်ပေးနေရတာဖြစ်ပါတယ်။ လျှပ်စစ် အင်ဂျင်နီယာတစ်ယောက်ဟာ အခြေခံ Physics သဘောတရားတွေကို နားလည်ထားဖို့ လိုအပ်သလိုပဲ ၊ Software Engineer တစ်ယောက်ဟာလဲ Compiter Science knowledge တွေကိုသိရှိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ System Engineering ဆိုတာကတော့ ရှုပ်ထွေးလှတဲ့ System တွေကို Maintain လုပ်ရတာတွေ ၊ Develop လုပ်ရတာတွေပဲဖြစ်ပါတယ်။ System Engineering ဟာ Hardware Development ၊ Policy And Process Designing တွေအပြင် Software Engineering အတွက်ပါတာဝန်ရှိပါတယ်ခင်ဗျာ။ အလွယ်တကူပြောရမယ်ဆိုရင်တော့ Software Engineering နဲ့ Hardware Development ပေါင်းစည်းထားတာကို System Engineeringဖြစ်တယ်လို့ အလွယ်မှတ်လို့ရနိုင်ပါတယ်ခင်ဗျာ။ 🥳💯
ဒီနေ့တော့ စာလေးလဲ ရှည်သွားမှာစိုးတဲ့ အတွက် ဒီလောက်နဲ့ပဲရပ်ထားချင်ပါတယ်ခင်ဗျာ။ 🙏💝 စာဖတ်သူတို့လဲ ဖတ်ရှုပြီး တစ်ခုခုကို နားလည်သဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင် Comment မှာလဲ Ment ပေးသွားကြပါဦးခင်ဗျာ။ နောက်နေ့တွေမှာလဲ စိတ်ဝင်စားစရာ အသစ်အသစ်လေးတွေကို ထပ်ပြီးတင်ပေးဦးမှာမလို့ လက်မလွတ်ရ‌အောင်
Code Palace Page ကို Like And Share လေးလဲလုပ်ပေးသွားပါဦးခင်ဗျာ။ 🙏

24/06/2023

HTML and CSS
-------------------------
မင်္ဂလာပါခင်ဗျ...။
ဒီနေ့မှာတော့ website တစ်ခုမှာ မရှိမဖြစ်ပါသင့်တဲ့ html နဲ့ css အကြောင်း ပြောပြပေးသွားမှာပါခင်ဗျ။
Website တစ်ခုကိုယ်တိုင်ဖန်တီးလိုပါသလား⁉️
Website တစ်ခုကိုယ်တိုင်ဖန်တီးတော့မယ်ဆိုရင် html နဲ့ css ကို ကျွမ်းကျွမ်း ကျင်ကျင် တက်မြောက်ထားဖို့လိုပါတယ်။ သူတို့နှစ်ခုဟာ Web Page ဖန်တီးတဲ့နေရာမှာ အရေးပါလို့ core technology လိုလည်းခေါ်ကြပါတယ်။
HTML ဆိုတာ The Hypertext Markup Language ဖြစ်ပြီး CSS ဆိုတာကတော့ Cascading Style Sheet ဖြစ်ပါတယ်ဗျ။
HTML ကိုဘာအတွက်သုံးလဲ❓
HTML ကတော့ Web page ရဲ့ structure ကို ဖော်ပြပေးတဲ့ language ဖြစ်ပါတယ်။ Web page တစ်ခုမှာ heading တွေ text တွေ paragraph တွေ table တွေ list တွေ ပုံတွေ စတဲ့အရာတွေ ထည့်ချင်ရင် html language နဲ့ရေးရပါတယ်။
1. Via hypertext link ထည့်ပေးပြီး page တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်နိုင်ပါတယ်။ ဥပမာ- button လေးကိုနှိပ်လိုက်ရင် နောက်စာမျက်နှာရောက်သွားတာတို့ အရောင်ပါတဲ့စာလေးတွေကို နှိပ်လိုက်ရင် သူများ page လေးတွေဆီရောက်သွားတာတို့ မြင်ဖူးကြမှာပါ။
2. Spreadsheet တွေ video တွေ sound clip တွေနဲ့အခြားသော application တွေလည်း ထည့်သွင်းနိုင်ပါတယ်။
Html ထဲတွင် ကိုယ်ထည့်ချင်တဲ့ အရာမှန်သမျှထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် html ကြီးပဲဆိုရင် အဖြူရောင် background နဲ့ စာသားတွေပုံတွေ နေရာမကျ ပုံမကျနဲ့ ကြည့်မလှဖြစ်နေပါလိမ့်မယ်။ အဲ့ problem ကိုဖြေရှင်းဖို့ အတွက် css ဖြင့်ချိတ်ဆက်ပေးရပါတယ်။
CSS ကိုဘာအတွက်သုံးလဲ❓
CSS ကတော့ Web Page ရဲ့ presentation ကို ဖော်ပြတဲ့ language ဖြစ်ပါတယ်။ အပေါ်ကပြောခဲ့သလိုပဲ HTML ကြီးသက်သက်ဆိုကြည့်မလှပါဘူး။ Web page design ကို color တွေ font တွေ animation တွေနဲ့ viewer တွေကို ဆွဲဆောင်နိုင်အောင် လှပအောင် CSS ကိုအသုံးပြုပါတယ်။
1. Website ကိုသုံးမယ်ဆိုရင် device တစ်ခုတည်းမသုံးပါဘူး။ Android, IOS , PC နဲ့အခြားသော device တွေလည်းအသုံးပြုပါတယ်။ အမျိုးမျိုးသော Screen အကြီး အသေး တွေမှာ website တွေကို အသုံးပြုနိုင်ဖို့ CSS က လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါသေးတယ်။
2. Heading တွေ photo တွေ video တွေ paragraph တွေ စတဲ့အရာတွေကို နေရာဖို့ CSS ကိုအသုံးပြုပါတယ်။ Form လေးတွေဆိုရင်လည်း text box တွေကို ကိုယ်ပေါ်စေချင်တဲ့နေရာမှာ ပေါ်အောင် နေရာချပေးလို့ရပါတယ်။
HTML ဟာ CSS ကိုမှီခိုပေမယ့် CSS ဟာ HTML ကိုမမှီခိုပါဘူး။ CSS ဟာ အခြားသော XHTML, XML တွေနဲ့လည်း တွဲသုံးနိုင်ပါသေးတယ်။
ကဲဒီနေ့ကတော့ဒီလောက်ပါပဲ။
မိတ်ဆွေတို့လည်း Html နဲ့ Css အကြောင်းကို သိသင့်သလောက်သိသွားကြပီလို့ ထင်ပါတယ်။ မပြည့်စုံတာရှိသေးရင်လည်း comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်။ နောက်မှပြန်လည်တွေ့ကြတာပေါ့။🥰

Want your business to be the top-listed Shop in Naypyidaw?
Click here to claim your Sponsored Listing.

Telephone

Website

Address


Naypyidaw

Other Shopping & Retail in Naypyidaw (show all)
𝗗𝗮𝗺𝗻 𝗗𝗮𝗺𝗻
Pobba Thiri Night Market
Naypyidaw, 15014

Damn page မှ Tee,Sneaker and accessories များကိုInstockဝယ်ယူရရှိနိုင်ပါပြီ

ပြည့် စတိုး ပြည့် စတိုး
မိုးသောက်ပန်းလမ်း/ရွှေနှင်းဆီလမ်းနှင့်အာသာဝတီလမ်းကြား န-၁၁/၁၂ဒက္ခိဏသီရိစျေး နေပြည်တော်
Naypyidaw, 19.662507,96.105837

အလှကုန် လူသုံးကုန်ပစ္စည်းအမျိုးမျိုး လက်လီလက်ကားဖြန့်ချီရေး

PS.innisfree shopping -နေပြည်တော် PS.innisfree shopping -နေပြည်တော်
Naypyidaw

စျေးမှန်, ပစ္စည်းမှန် ,Korea made ��

Theingi Kyaw Online Business and Knowledge Sharing Theingi Kyaw Online Business and Knowledge Sharing
Naypyidaw

Follow us to find out how Knowledge can be used to improve your life and do good.

Curvy Naypyitaw - Offical Curvy Naypyitaw - Offical
NPT
Naypyidaw, 15011

Pink Jello Pink Jello
Kyaing Tone Street
Naypyidaw

ပျဥ်းမနား ၊ နေပြည်တော်

Mikky online shop Mikky online shop
Naypyidaw

BKK preorder �� Ig မှ trend ဖြစ်နေသော ဒီဇိုင်းများ

Lucky Charm Online Shop Lucky Charm Online Shop
Naypyidaw

Export Quality အထည်လေးတွေကိုဈေးနှုန်းချိုသာ?

Su That Mobile shop Su That Mobile shop
38
Naypyidaw, HI

mobil shop

Fashion & Beauty by May Fashion & Beauty by May
Zabuthiri Township, Nay Pyi Taw
Naypyidaw

Clothing, Beauty & Shopping retail

Sky Village Sky Village
Naypyidaw