Myittar Nay Chi Pharmacy & Healthcare

Myittar Nay Chi Pharmacy & Healthcare

ဆေးပစ္စည်းများ တနေရာတည်းမှာ စုံလင်?

Photos from Myittar Nay Chi Pharmacy & Healthcare's post 06/04/2024

အပူဒဏ်နှင့် ကျန်းမာ​ရေးအတွက် ​ရွေးချယ်သင့်​သော ဓါတ်ဆားများ (ORS)

​လူတိုင်းအတွက် တ​နေ့တာ လိုအပ်​သော ​ရေပမာဏ ( အကြမ်းဖျင်းအားဖြင့် )
အသက် ၁ နှစ် - ၃ နှစ် အထိ ​ရေ ၁လီတာ
အသက် ၄နှစ်- ၈ နှစ်အထိ ​ရေ ၁.၃ လီတာ
အသက် ၉နှစ်- ၁၃နှစ်အထိ ​ရေ ၁.၅ လီတာ
အသက် ၁၃- ၁၄ နှစ်မှစရျ် ​ရေ ၂ လီတာ
လူကြီးများအတွက် ​ရေ အနည်းဆုံး ၂ လီတာမှ ၃.၇ လီတာ အထိ ​သောက်သုံးနိုင်ပါသည် ။
​ကျောက်ကပ် ​ရောဂါရှိသူများ ဆရာဝန် ညွှန်ကြားချက်
နှင့်သာ ​သောက်သုံးပါ။

အကယ်ရျ်

​ချွေးထွက်အလွန်များခြင်း ၊
ဝမ်းပျက်ခြင်း၊
အန်ခြင်းတို့​ကြောင့် ​ရေဓါတ်ခန်း​ခြောက်ပါက ဓါတ်ဆား​သောက်ရန် အထူးလိုအပ်ပါသည်။

WHO ကသတ်မှတ်ထား​သော Standard formula နှင့် New formula ဟူရျ် နှစ်မျိုးရှိပါသည်။

Standard formula တွင် အထုပ်တစ်ထုပ်၌
Sodium chloride 3.5 g ( 90mmol)
Potassium chloride 1.5 g (20 mmol)
Anhydrous glucose 20g (111mmol )

New formula တွင် အထုပ်တစ်ထုပ်၌
Sodium chloride 2.5 g (67mmol)
Potassium chloride 1.5g
Anhydrous glucose 13.5g ( 75 mmol )
တို့ပါဝင်ပါသည်။

New formula တွင် သကြားဓါတ် ၊ အငန်ဓါတ် ​လျော့နည်းသည်။
အားသာချက်မှာ က​လေးများတွင် ဝမ်းသွား အကြိမ် အ​ရေအတွက်နှင့် ဝမ်းသွားပမာဏကို 25% ၊ အန်​သော အကြိမ် 30% အထိ ​လျော့ချ ​ပေးနိုင်​ကြောင်း ​တွေ့ရှိရသည်။

သို့​သော် ​ရေ၁လီတာ နှင့် ​ဖျော်ပြီး ၂၄ နာရီ အတွင်း ​သောက်သုံးပါက အာနိသင် အရှိဆုံးဖြစ်သည်။

​ရေ ၂၀၀ စီစီ နှင့် ​ဖျော်ရျ်ရ​သော အထုပ်​သေးများတွင်
Sodium chloride 0.52g
Potassium chloride 0.3g
Anhydrous glucose 2.7g
ပါဝင်သဖြင့် new formula နှင့် တူပါသည်။

ထို့​ကြောင့် ORS တခု​ရွေးချယ်ရာတွင်
Sodium chloride နှင့် Glucose ကို အဓိက ထားပြီးကြည့်ပါ။
Glucose သည် 20 g , 111mmol/ l ထက်မပိုရပါ ။
Sodium အငန်ဓါတ်သည် 60- 90 mmol/ l ကြား
Potassium ဓါတ်သည် 15-25 mmol/l ကြားသည် အ​ကောင်းဆုံးဖြစ်သည်။

သကြားများ​သော အသင့်​သောက် အချိုရည် ဗူးများ၊ ​ဆေးပြားများ ​သောက်သုံးရန် မသင့်​တော်ပါ။

အသက် ၆လ ​အောက်က​လေးများ မိခင်နို့ရည်သည်သာ အ​ကောင်းဆုံးဖြစ်သည်။

Ref: healthdirect.gov au
rehydrate.org
: low osmolarity ORS formulation UNICEF and WHO 18 July 2001

28/03/2024

🍊 ဗီတာမင်စီနှင့် ကိုယ်ခံစွမ်းအား

💁🏻 ရာသီဥတုအပြောင်းအလဲကာလမှာ အလွယ်တကူဖျားနာတတ်တာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ထားဖို့လိုအပ်ပါတယ်။ကိုယ်ခံစွမ်းအားမကျစေဖို့ အိပ်ရေးဝအောင်အိပ်ခြင်း၊ အာဟာရမျှတအောင်စားသုံးခြင်း အပြင် စိတ်ဖိစီးမှုကိုလည်း လျှော့ချဖို့လိုအပ်ပါတယ်။

🍊 ဗီတာမင်စီဟာ ပိုးမွှားများကို တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ပိုးမွှားများဝင်ရောက်မှုကိုလည်း တားဆီးပေးနိုင်တဲ့အစွမ်းရှိပါတယ်။

💁🏻 ဒါ့အပြင်စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းများကို ထိန်းညှိပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှု ကြောင့်ကိုယ်ခံစွမ်းအားမကျဆင်းစေရန် ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

📌 ဩစတေးလျနိုင်ငံမှ ထုတ်လုပ်သော ဗီတာစီး (𝗩𝗶𝘁𝗮𝗰𝗲𝗲) မှာ သန့်စင်သောအရည်အသွေးမြင့် ဗီတာမင်စီ 𝟱𝟬𝟬𝗺𝗴 ပါဝင်ပြီး 𝘀𝘂𝘀𝘁𝗮𝗶𝗻𝗲𝗱 𝗿𝗲𝗹𝗲𝗮𝘀𝗲 (𝗦𝗥) 𝘁𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 နဲ့ ထုတ်လုပ်ထားတာကြောင့် ခန္ဓာကိုယ်မှ (၈) နာရီကြာအောင် စုပ်ယူပြီး (၂၄) နာရီကြာအောင် အာနိသင်ရရှိစေပါတယ်။

👉🏻 သကြားဓာတ်၊ ဆားဓာတ် မပါဝင်တာကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ သောက်သုံးရန် သင့်လျော်တဲ့ ဗီတာမင်စီဖြစ်ပါတယ်။

28/03/2024

💊𝗠𝗲𝗴𝗮 𝟯 (အကောင်းဆုံး 𝗢𝗺𝗲𝗴𝗮-𝟯 ငါးကြီးဆီ)

🐳ပင်လယ်ငါးကြီးတွေက ရရှိတဲ့အဆီ (𝗙𝗶𝘀𝗵 𝗢𝗶𝗹) ဟာ
𝗢𝗺𝗲𝗴𝗮 𝟯 𝗙𝗮𝘁𝘁𝘆 𝗔𝗰𝗶𝗱 ပါဝင်တဲ့အတွက် လူကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ရရှိစေပါတယ်...

🐳𝗠𝗲𝗴𝗮 𝟯 မှာဆိုရင် ပင်လယ်ရေနက်ထဲမှာ နေထိုင်တဲ့ ငါးကြီးရဲ့ ဝမ်းဗိုက်အဆီမှ ထုတ်လုပ်ထားတဲ့ သန့်စင်ပြီး (𝗠𝗲𝗿𝗰𝘂𝗿𝘆 𝗙𝗿𝗲𝗲) 𝗢𝗺𝗲𝗴𝗮 𝟯 𝗙𝗮𝘁𝘁𝘆 𝗔𝗰𝗶𝗱 𝟭𝟬𝟬𝟬 𝗺𝗴 ပါဝင်ပါတယ်...

💊𝗠𝗲𝗴𝗮 𝟯 ကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် နှလုံးနှင့် သွေးကြောရောဂါများကို ကြိုတင်ကာကွယ်ပါတယ်...

💊𝗘𝗣𝗔 ပါဝင်တဲ့အတွက် သွေးတွင်းမကောင်းသော အဆီများ (𝗧𝗿𝗶𝗴𝗹𝘆𝗰𝗲𝗿𝗶𝗱𝗲𝘀) ကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အဆီဓာတ် (𝗛𝗗𝗟 𝗖𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹) ကို များစေခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးပျစ်ခဲခြင်းနှင့် ရုတ်တရက် နှလုံးရပ်သေဆုံးခြင်းတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်...

💊🤰𝗗𝗛𝗔 ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးပါက ရင်သွေးငယ်ရဲ့ ဦးနှောက်နှင့် အမြင်အာရုံဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်...

🤰နေ့မစေ့လမစေ့မွေးခြင်းနှင့် ကိုယ်အလေးချိန်ပေါင် မပြည့်သော ကလေးမွေးခြင်းကို ကာကွယ်ပေးပါတယ်...

🤱နို့တိုက်မိခင်များ သောက်သုံးပါက ကလေးငယ်ရဲ့ ဉာဏ်ရည်နှင့် သင်ကြားမှုစွမ်းရည်ကို အထူးဖွံ့ဖြိုးတိုးတက်စေတယ်...

💊ဒါ့ကြောင့် 𝗠𝗲𝗴𝗮 𝟯 ဟာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအနေဖြင့် နေ့စဉ်ပုံမှန် သောက်သုံးသင့်သော 𝗢𝗺𝗲𝗴𝗮-𝟯 ငါးကြီးဆီဖြစ်ပါတယ်...

💊လေးဘက်နာဝေဒနာရှင်များတွင် 𝗠𝗲𝗴𝗮 𝟯 ပုံမှန်သောက်သုံးခြင်းဖြင့် အဆစ်ရောင်ရမ်းမှု၊ နံနက်အိပ်ယာထ တောင့်တင်းမှု၊ မလှုပ်နိုင်မှုတို့ကို သက်သာစေပါတယ်...

📌အရေပြားရောဂါနှင့် နှင်းခူတို့မှာ သမာရိုးကျဆေးများနှင့် တွဲဖက်၍ ပုံမှန်သောက်သုံးခြင်းဖြင့် ရောင်ရမ်းခြင်းနှင့် ဖျားနာခြင်းတို့ကို သက်သာစေပါတယ်...

💊𝗢𝗺𝗲𝗴𝗮-𝟯 ငါးကြီးဆီ မှန်မှန်သောက်ခြင်းက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ တို့ကို ကာကွယ်ပေးပါတယ်...

🇦🇺𝗠𝗲𝗴𝗮 𝟯 ငါးကြီးဆီကို 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံမှ ထုတ်လုပ်ထားသဖြင့် အရည်အသွေးစိတ်ချရုံသာမက လူမျိုးဘာသာမရွေး သောက်သုံးနိုင်သော သန့်စင်ပြီး 𝗢𝗺𝗲𝗴𝗮-𝟯 ငါးကြီဆီ ဖြစ်ပါတယ်...

26/08/2023

လေဖြတ် ကာကွယ်ဆေး ထိုးကြမလား

လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာရော သူများတွေသွားထိုးတာကို မြင်ဖူးပါသလား။ သွေးတိုးရောဂါရှိနေတာ လေမဖြတ်အောင် ကာကွယ်ဆေးသွားထိုးပါလားလို့ အပြောခံရဘူးလား။ တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါသလား။

တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်များတဲ့၊ အသက်အန္တရာယ်ရှိတဲ့ လေဖြတ် ရောဂါကို ကာကွယ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တကယ့်ကာကွယ်နည်းက သပ်သပ်ရှိနေပါတယ်။ ဒါဘာလဲဆိုတာ ဆက်ကြည့်ရအောင်။

💠 လေဖြတ် တယ်ဆိုတာဘာလဲ

လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။ သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊ သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။

💠 ဘယ်သူတွေပိုဖြစ်နိုင်လဲ

▫ အဝလွန်တဲ့သူတွေ
▫ အရက်အလွန်အကျွံသောက်တဲ့သူတွေ
▫ ဆေးလိပ်သောက်တဲ့သူတွေ
▫ မူးယစ်ဆေးသုံးတဲ့သူတွေ
▫ သွေးတိုးတဲ့သူတွေ
▫ ကိုလက်စထရောများတဲ့သူတွေ
▫ ဆီးချိုရောဂါရှိသူတွေ
▫ အိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူတွေ
▫ မျိုးရိုးရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

💠 လေဖြတ် ကာကွယ်ဆေး ဆိုတာဘာလဲ

ခုပတ်ဝန်းကျင်မှာ ထိုးထိုးနေကြတဲ့ လေဖြတ်ကာကွယ်ဆေးဆိုတာ တကယ်တော့ အလွယ်ပြောရရင် ဦးနှောက်အားဖြည့်ဆေးလို့ပြောလို့ရပါတယ်။ တချို့က အတက်ကျဆေးတွေ၊ မှတ်ဉာဏ်မေ့တာကို ကုသတဲ့ ဆေးတွေပါ။ အများဆုံးသုံးကြတာတော့ -

- Citicoline
- Piracetam
- Cerebrolysinစတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီဆေးတွေမှာ ဘာအာနိသင်ရှိလို့ ဒီလိုသုံးရတာလဲဆိုတာ ဆက်ကြည့်ရအောင်။

♦ Citicoline

Citicolineဆိုတာ ဦးနှောက်မှာ ပုံမှန်လည်း ရှိနေတဲ့ ဓာတ်တစ်မျိုးပါ။ စားဆေးရော၊ ထိုးဆေးရောလာပါတယ်။ သူက မှတ်ဉာဏ်ချို့တဲ့တာ၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ မျက်စိတိမ်စွဲတာတွေမှာသုံးပါတယ်။ သူ့ကို dietary supplement (ဖြည့်စွက်စာ)အနေနဲ့ သုံးပါတယ်။ အလွယ်ပြောရရင် ဦးနှောက်အားဆေးပေါ့။ အသက်ကြီးတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်လို့ ယူဆတဲ့အတွက် ဖြည့်စွက်စာအနေနဲ့ ပေးကြတာပါ။ လေဖြတ်တဲ့နေရာမှာ မသုံးဘူးလားဆိုတော့ လေဖြတ်ပြီးလို့ မြန်မြန်သက်သာလာစေဖို့အတွက်တော့ သုံးကြပါတယ်။ ဒါပေမယ့် သူက လေဖြတ်တာကို ကုသတဲ့နေရာမှာ အဓိကဆေးမဟုတ်သလို လေဖြတ်တာကိုလည်း မကာကွယ်နိုင်ပါဘူး။

♦ Piracetam

Piracetamဆိုတာ အလွယ်ပြောရရင် အာရုံကြောဆေးပါပဲ။ ဘယ်မှာသုံးလဲဆိုတော့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းဖို့၊ ဆဲလ်တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သုံးတာပါ။နောက်ပြီး စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ၊ အတက်ရောဂါတွေ၊ မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေမှာလည်းသုံးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လေဖြတ်ရောဂါအတွက် ဒီဆေးက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာတွေ့ရမှာပါ။

♦ Cerebrolysin

Cerebrolysinဆိုတာလည် အလွယ်ပြောရရင်ဦးနှောက်အားတိုးဆေးပဲဖြစ်ပြီး အမိုင်နိုအက်စစ်နဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူက ဦးခေါင်းဒဏ်ရာရပြီးတဲ့ နောက်မှာ မြန်မြန်နာလန်ထူအောင်၊ မှတ်ဉာဏ်ချို့တဲ့တာသက်သာအောင် (ဒါကလည်း သေချာသက်သေမပြရသေးပါဘူး)၊ အယ်လ်ဇိုင်းမားရောဂါသက်သာအောင်ဆိုပြီး သုံးကြတာပါ။ နောက်ပြီး လေဖြတ်ပြီးတဲ့သူတွေမှာ မြန်မြန်နာလန်ထူအောင် ထောက်ပံ့တဲ့အနေနဲ့ သုံးကြတာပါ။ ကုသတဲ့နေရာမှာရော၊ ကာကွယ်တဲ့နေရာမှာရော သုံးလို့မရပါဘူး။

🔴 ဒါဆိုရင် လေဖြတ် တာကို တကယ်ကာကွယ်နိုင်တဲ့ နည်းတွေက ဘာတွေလဲ။
အောက်ကနည်းလမ်းတွေက လေဖြတ်တာကို လုံးဝကြီးမဟုတ်တောင် တော်တော်ကြီးကာကွယ်နိုင်ပါတယ်။ အဲ့တာတွေကတော့ -

🔹သွေးတိုးထိန်းပါ။
🔹 သွေးတွင်းအဆီနည်းအောင်နေပါ။
ဆေးလိပ်ဖြတ်ပါ။
🔹 ဆီးချိုထိန်းပါ။
🔹 ကိုယ်အလေးချိန်ထိန်းပါ။
🔹 လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေစားပါ။
🔹 လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
🔹 အရက်လျှော့သောက်ပါ။
🔹 အိပ်ဟောက်ရှူရပ်ရောဂါရှိရင်ကုသပါ။
🔹 မူးယစ်ဆေးမသုံးပါနဲ့။

💠 လေဖြတ်ကာကွယ်ဆေး တကယ်ရှိသလား

လေဖြတ်ကာကွယ်ဆေးဆိုတာ ခုထက်ထိတော့ မရှိသေးပါဘူး။ အပြင်မှာ စျေးကြီးပေးပြီးထိုးနေကြတဲ့ ကာကွယ်ဆေးဆိုတာ တကယ်တော့ ဦးနှောက်အားတိုးဆေးလို့ပဲ ပြောရမှာပါ။ ဦးနှောက်ဆဲလ်တွေအလုပ်ကောင်းကောင်းနိုင်အောင် ကူညီပေးတာပါ။

ဦးနှောက်ဆဲလ်တွေ ကောင်းကောင်းအလုပ်နေရုံနဲ့ လေမဖြတ်တော့တာမဟုတ်ပါဘူး။ လေဖြတ်စေတဲ့ အချက်တွေကို လျှော့ချနိုင်မှသာ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နည်းလမ်းအမှားတွေကို ရှောင်ကြဉ်ပြီး တကယ်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ။

28/06/2023

က​လေးများနှင့် ဂရုပြုစရာ သွေးလွန်တုပ်ကွေး

-ကလေးအဖျားကျပြီး

ကလေးလန်းလျှင်၊ ဆော့ကစားလျှင် စိုးရိမ် စရာ မရှိပါ။

သို့​သော်

က​လေး မှိန်းလျှင်၊ ဆီးသွားနည်းလျှင်၊ ဗိုက်နာလျှင်၊ ​​​အစာမဝင်ဘဲ ဆက်တိုက်အန်လျှင် သတိထားရမည့် အချက်ထဲတွင်ပါ​သော​​ကြောင့် မိဘများ အ​နေဖြင့် ဂရုပြုမိပြီး ​စောစီးစွာ ကျန်းမာ​ရေး ဝန်ထမ်းများနှင့် ပြသင့်ပါသည်။

-​​Hess Test ( Negative ) ဖြစ်လို့ ​သွေးလွန်တုပ်​ကွေးမရှိဟု မယူဆရပါ။

-ပိုးသတ်​ဆေးများ ၊ အသား​ဆေးများ မလိုအပ်ပဲ မသုံးရပါ။

-က​လေးလန်းလျှင်၊ အစာဝင်လျှင်၊ ဆီးသွားလျှင် ​စောင့်ကြည့်​ပေးပါ။

မှတ်ရန် အချက်များ
(1) ကျွေးပါ
ကြေလွယ်သည့် အစားအစာများဖြစ်သည့် ဆန်ပြုတ်၊စွပ်ပြုတ်၊ ခေါက်ဆွဲပြုတ် ၊ ဖက်ထုပ်ပြုတ် ၊ ပေါင်မုန့် နှင့် အသီးအနှံများ ။

(2) တိုက်ပါ
ကလေးဖျားပြီး သက်တောင့်သက်သာ မရှိလျှင် အဖျားကျဆေး Paracetamol တိုက်ပါ ။ အရည် များများတိုက်ပါ ။ ဓာတ်ဆားရေ ၊ သစ်သီးဖျော်ရည် များ ။

(3) ကြည့်ပါ
ကလေး လန်း၊မလန်း
အစာဝင်၊ မဝင်
ဆီး အနည်းဆုံး ၆ နာရီခြားတခါ သွား၊မသွား
သတိထားရမည့် အချက်များ ရှိ ၊မရှိ

၁။ အဖျား အလွန်ကြီးခြင်း
၂။ အဖျားကျ ၊ ခြေဖျားလက်ဖျားများ အေးစက်လာပြီး မှိန်းခြင်း
၃ ။သွေးယိုသည့် အခြေအနေ များ ရှိခြင်း
၄။ ကျွေးသည့် အစာများ လုံးဝ မဝင်ဘဲ ဆက်တိုက် အန်ခြင်း
၅။ ဗိုက်နာလာခြင်း
၆။ ဆီးသွားနည်းလာခြင်း
အထက်ပါ အချက်များ ရှိပါက နီးစပ်ရာ ဆေးရုံ ၊ဆေးခန်း သို့သွားပါ။

(4)ရှောင်ပါ
သွေးလွန်တုပ်ကွေး သံသယရှိပါက ကော်ဖီ နှင့် အညိုရောင်ရှိသော အရည်များ ၊ မုန့်များ ။
မက်ကလောင် ဖောက်ခြင်း

ဖျားသောကလေး ရေချိုးနိုင်သည် ။
ချွင်းချက်။ ။ အသက်တစ်နှစ်အောက် ကလေး ၊ အဝလွန်၊ ဆီးချို ၊ ကျောက်ကပ် လူနာများ ၊ သွေးရောဂါ ရှိသောသူများကို အရေးကြီး လူနာများ အဖြစ်သတ်မှတ်ပါသည် ။ ။
crd

24/05/2023

⚠️လူတွေမသိသေးတဲ့ #ကိုလက်စထရော တက်စေတဲ့အစားအစာများ
‎‏‏‎ ‎
တော်တော်များများထင်ကြပါလိမ့်မယ်။ ကိုလက်စထရောမြင့်တက်ခြင်း မတက်ခြင်းက က သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။
‎‏‏‎ ‎‏‏‎ ‎
❗ကိုယ်အလေးချိန်ပုံမှန်ဖြစ်သူတွေကို သွေးတွင်းအဆီ စစ်ကြည့်လိုက်တဲ့အခါမှာလည်း , , တွေများနေတာတွေ တွေ့ရပါတယ်။
‎‏‏‎ ‎
ဒါဆိုဘာလို့ဒီလိုဖြစ်ရတာလဲ
‎‏‏‎ ‎
🦞ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ #အချိုတွေ၊ တွေ၊ #ဝမ်းတွင်းကလီစာ တွေ၊ #ပင်လယ်စာ တွေ၊ ဆိတ်သား၊ ဘဲသား တွေ အစားများလို့ပါ။
‎‏
‎‏‏‎ ‎
🍛ကိုလက်စထရော ကျစေတဲ့ #အစားအစာ များ
‎‏‏‎ ‎
📌မပြည့်ဝဆီများ
➖➖➖➖➖
သံလွင်ဆီ၊ Rice bran ဆီ။ (အကောင်းဆုံးကတော့ သံလွင်ဆီ နဲ့ Rice bran ဆီ တွေပါ သံလွင်ဆီကတော့ ဈေးကြီးပေမယ့် Rice bran ဆီ ကတော့ ဈေးနှုနိး အသင့်အတင့်ရှိပါတယ်။ စူပါမားကတ်တွေ မှာ ဝယ်လို့ရမယ်ထင်ပါတယ်)
‎‏‏‎ ‎
📌အစေ့ အဆံ များ
➖➖➖➖➖
နေကြာစေ့၊ သီပာိုစေ့၊ မြေပဲ၊ ဗာဒံစေ့ (သူတို့တွေ က ကိုလက်စထရော ကျစေရတဲ့ အကြောင်းအရင်း က ကောင်းတဲ့ အဆီတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရော တွေကို ဖယ်ရှားပေးတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် တစ်ခု သတိထားသင့်တာကတော့ အဆိုပါ အစေ့အဆံတွေ က ကယ်လိုရီများပါတယ်။ စားလိုက်ရင် ကိလြက်သထရော ကျစေပေမယ့် ကယ်လိုရီ များတဲ့ အတွက်ကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ ဒါကြောင့် တချို့သော လူတွေ မှာ ဝပေမယ့် ကိုလက်စထရော နည်းရတဲ့ အကြောင်း အရင်း က အစေ့အဆံ စားတာများလို့ပါ။)
‎‏‏‎ ‎
📌 #ထောပတ်သီး
➖➖➖➖➖
ထောပတ်သီးမှာ လည်း ကောင်းတဲ့ အဆီတွေများတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ ဒါပေမယ့် သူလည်း ကယ်လိုရီ များတဲ့ အသီးထဲ မှာပါပါတယ်။
‎‏‏‎ ‎
📌Oat meal
➖➖➖➖➖
ကျွန်တော်တို့ မြန်မာလူမျိုးနဲ့တော့ သိပ်မရင်းနှီးသေးပါဘူး။ တချို့လည်း စားတော့ စားနေကြပါပြီ။ သူက အမျှင်ဓါတ် (soluble fiber) ပါဝင်တာ များတဲ့ အတွက် ကိုလက်စထရော ကျစေပါတယ်။ မနက်စာ အနေနဲ့ စားလို့ အဆင်ပြေနိုင်ပါတယ်။ သူလည်း စူပါမတ်ကတ်တွေ မှာ ရနိုင်ပါတယ်။
‎‏‏‎ ‎
📌Whole Grain Bread ( #ပေါင်မုန့် ကြမ်း )
➖➖➖➖➖
ကိုလက်စထရော များသူတွေ အနေနဲ့ ပေါင်မုန့် အချောစားမယ့် အစား အစေ့အဆံ တွေပါထည့်လုပ်ထားတဲ့ ပေါင်မုန့်ကြမ်း စားပေးခြင်းဖြင့် အမျှင်ဓါတ် (soluble fiber) များတဲ့အတွက် ကိုလက်စထရော ကျစေပါတယ်။
‎‏‏‎ ‎
📌 #ပဲအမျိုးမျိုး
➖➖➖➖➖
ပဲနီလေး၊ ပဲဝါလေး၊ စားတော်ပဲ၊ ကုလာပဲ၊ မတ်ပဲ၊ ပဲပုပ်စေ့ စတာတွေမှာလည်း အမျှင်ဓါတ်(soluble fiber) တွေများတဲ့ အတွက် ကိုလက်စထရောကျစေပါတယ်။
‎‏‏‎ ‎
📌ခရမ်းသီး၊ ရုံးပတီသီး
➖➖➖➖➖
ခရမ်းသီး၊ ရုံးပတီသီးလိုမျိုး အသီးအနှံ တွေက အမျှင်ဓါတ်တော်တော်လေး ကြွယ်ဝတဲ့ အတွက် ကိုလက်စထရော များတဲ့ သူတွေစားသင့်တဲ့အစားအစာ တွေပါ။
‎‏‏‎ ‎
📌ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ကျွဲကောသီး၊ မာလကာ စတာတွေကလည်း pectin ပါတဲ့အတွက် LDL ကိုကလက်စထရော ကို တစ်ဖက်တစ်လှမ်းကနေ လျှော့ချပေးပါတယ်။
‎‏‏‎ ‎
📌ပင်လယ်ငါးများ -Omega 3 fatty acid များတဲ့ဘအတွက် triglycerides နဲ့ LDL cholesterol တွေကို လျှော့ချပေးပါတယ်။
‎‏‏‎ ‎

‎‏‏‎ ‎
🍛ကိုလက်စထရော များစေတဲ့ အစားအစာများ ကတော့
➖➖➖➖➖
🚫မလိုင်ပြည့်ပါသော နို့
🚫ဆီကြော်မုန့်များ
🚫အသင့်စား ဘီစကွတ်၊ ကွတ်ကီး၊
🚫အားလူးကြော်
🚫ပုဇွန်ဆီ၊ ဂဏန်းဆီ၊ ကမာ၊ ဂုံး
🚫ဆိတ်သား၊
🚫ဘဲသား
🚫ဝက်ခေါက်
🚫ကြက်အရေခွံ
🚫ကြက်အသည်း၊ အမဲအသည်း၊ ဝက်အသည်း၊
🚫ဆိတ်ဦးနှောက်၊ ဝက်ဦးနှောက်
🚫စားအုန်းဆီ
‎‏‏‎ ‎
မကောင်းတဲ့ ကိုလက်စထရော ရှိသလိုကောင်းတဲ့ ကိုလက်စထရော လည်းရှိပါတယ်။ အဲ့ဒါကတော့ HDL Cholesterol ပါ။
‎‏‏‎ ‎
🏃‍♀️HDL များဖို့အတွက် ကတော့ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ အနည်းဆုံး (သို့မဟုတ်) တစ်ပါတ် ကို မိနစ် ၁၅၀ အနည်းဆုံးလုပ်ပေးဖို့လိုအပ်ပါတယ်။
‎‏‏‎ ‎
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#ကိုလက်စထရော #ပင်လယ်စာ

20/05/2023

🍛အသက် ၅၀ ကျော်သူများအတွက် ရောဂါကင်းစေမယ့် အကောင်းဆုံး #နေထိုင်စားသောက်နည်းပုံစံ

#အသက် ၅၀ ကျော်လာတာနဲ့ အမျှ #သံဓါတ် (Iron) နှင့် #ထုံးဓါတ် (Calcium) တွေ တဖြည်းဖြည်း နည်းလာပါတယ်။ အကျိုးဆက် အားဖြင့် အရိုးပါးလာတာ တွေ #သွေးအားနည်း လာတာတွေ ဖြစ်တတ်ပါတယ်။

😍ဒါကြောင့်ကိုယ်က အသက်ကြီးလည်း လူငယ်တစ်ယောက်လို သွက်သွက်လက်လက်လှုပ်ရှားချင်တယ်၊ တစ်နေ့တာကို ကိုက်ခဲ၊နာကျင်မှုတွေမရှိဘဲ ဖြတ်သန်းချင်တယ်ဆိုရင် ဒါလေးတွေတော့လုပ်ပေးဖို့လိုတယ်နော်။

📌ထုံးဓါတ် (Calcium) အတွက် အဆီထုတ်ထားတဲ့ နွားနို့ တစ်နေ့ တစ်ခွက်လောက်နဲ့ အရိုးပါ စားလို့ရတဲ့ ငါးသေးသေးလေးတွေ ငါးသေတ္တာလိုမျိုးတွေ စားပေးရင် တစ်နေ့တာ လို အပ်တဲ့ ထုံးဓါတ်ပမာဏ ပြည့်မီပါတယ်။

📌သံဓါတ် (Iron) အတွက် ကတော့ အမဲသား ဝက်သား ဆိတ်သား၊ ကြက်ဥ နဲ့ အစိမ်းရောင် ရှိတဲ့ အရွက်တွေ ဥပမာ ကန်စွန်းရွက်၊ ပာင်းနုနွယ် လိုမျိုး စားပေးဖို့လိုပါတယ်။

📌နောက်ထပ် အဓိက လို အပ်တာကတော့ အမျှင်ဓါတ်ပါ။
အမျှင်ဓါတ်ကောင်းကျိုးကတော့ ဝမ်းချုပ်တာ ကို ကာကွယ် နိုင်သလို ခန္ဓာကိုယ်အတွင်းရှိ အဆီဓါတ် cholesterol ပမာဏ ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။အရွက်စားတာကနေရနိုင်သလို ဂျုံကြမ်းပေါင်မုန့် လိုမျိုး အီတလီခေါက်ဆွဲ လိုမျိုး ပြီးတော့ သစ်သီးဝလံ တွေ စားရင် လည်း အမျှင်ဓါတ် ရပါတယ်။ အသီးအရွက် တွေ ကို တစ်နေ့ ပန်းကန်လုံး (2,3) ခွက် စားခြင်းအားဖြင့် အသက်အရွယ်ကြီးရင် အဖြစ်များတဲ့ အူမကြီးကင်ဆာ ဖြစ်ပွား နှုန်းကို သိသိသာသာကျဆင်းစေပါတယ်။

📌ရေကိုလည်း အနည်းဆုံး ဖန်ခွက် ၈ ခွက် သောက်ပေးဖို့လိုပါတယ်။ အသားအရေ တွန့်တာ အသားအရေ ခြောက်တာ ကိုကာကွယ်ပေးပါတယ်။

📌လျှော့စားသင့်တာကတော့ 'ဆား' ပါ။
ပုံမှန်လူတစ်ယောက် အနေ နဲ့ တစ်နေ့ကို ဆား ၂၃၀၀ mg ( လက်ဖက်ရည် ဇွန်း ၁ဇွန်းပဲ) စားသင့်ပါတယ်။ သွေးတိုးရှိတဲ့ လူတွေ ကတော့ လက်ဖက်ရည်ဇွန်း ဝက်လောက်ပဲ စားလို့ရပါတယ်။ ထို့အတူ သကြားပါ လျှော့ စားသင့်ပါတယ်။ ဒါမှလည်း #သွေးတိုး #ဆီးချို သွေးချို နဲ့ #နှလုံးရောဂါ တွေ ကို ကာကွယ် နိုင်မှာပါ။

📌စားသုံးဆီ စားတဲ့အခါ မှာ လည်း တစ်နေ့ကို ထမင်းစားဇွန်း တစ်ဇွန်း ထက်မပို သင့်ပါဘူး။ တချို့ အစားအစာ တွေမှာ အဆီ မပါဘူးဆိုပေမယ့် ကျွန်တော်တို့ မမြင်ရတဲ့ အဆီဓါတ်တွေပါနေတတ်ပါတယ်။ ဥပမာ ကိတ်မုန့်၊ ဒိုးနတ် လိုမျိုးပါ။

📌ကိုယ်လက် #လေ့ကျင့်ခန်း အနေ နဲ့တော့ တစ်နေ့ ကို နာရီဝက် လောက် လမ်းလျှောက်ပေးပါ။

📌 #အရက် နဲ့ #ဆေးလိပ် က တော့ ရှောင်နိုင် ရင် အကောင်းဆုံးပါပဲ။

အခုရေးထားတဲ့ အသက် ၅၀ ကျော် အမျိုးသား အမျိုးသမီးများ အတွက် စားသောက်နေထိုင်မှုပုံစံက လူအများစု အတွက် ရေးထားတာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#လူကြီး #အာဟာရ #အဖိုးအဖွား

crd.

04/04/2023

ကာလကြာ နှာစေး နှာပိတ် နှာချေခြင်း

- နှာခေါင်းမှာ အလွယ်ပြောရရင် တုံ့ပြန်တဲ့စနစ်ရှိပါတယ်။

- ပူလွန်းအေးလွန်းဖြစ်တဲ့အခါ၊ အပူအအေးရုတ်တရက်ပြောင်းတဲ့အခါ၊ အနံ့ဆိုးဆိုးတွေရတဲ့အခါ၊ ဖုန်မှုန်တွေဝင်တဲ့အခါ အဲ့စနစ်ကတုန့်ပြန်ပါတယ်။

- အဲ့စနစ်တုန့်ပြန်တဲ့အခါ နှာချေတာ သို့ နှာရည်ကျတာ သို့ နှာပိတ်တာ စတဲ့လက္ခဏာ တစ်ခုသော်လည်းကောင်း၊ အားလုံးသော်လည်းကောင်းဖြစ်ပါတယ်။

- အဲ့လိုဖြစ်တိုင်း နှာခေါင်းယောင်ပါတယ်။

- တချို့မှာ အဲသည့် စနစ်က လိုတာထက် ပိုတုန့်ပြန်တဲ့အခါ မနက်အိပ်ယာထ သို့ အပူအအေးနည်းနည်းပြောင်းလည်းဖြစ်၊ အနံ့လေးတခုခုရလည်းဖြစ်၊ ဖုန်လေးနည်းနည်းရှုလည်း ဖြစ်နေတတ်ပါတယ်။

- နှာခေါင်းထဲမှာ သဘာဝအတိုင်းရှိတဲ့ တစ်ဖက်ကို သုံးဖု(nasal turbinates)က ပိုပိုကြီးလာတဲ့သဘောပါ။

- ဖြစ်တာကြာလေ ပိုပိုပိတ်လာတတ်လေပါပဲ။ အဲတာကို တုန့်ပြန်မှုစနစ်လွန်ကဲသော နှာခေါင်းယောင်ယမ်းမှု (Vasomotor Rhinitis)လို့ခေါ်ပါတယ်။

- တခုခုနဲ့ ဓာတ်မတည့်လို့ဖြစ်ရင်ကြတော့ Allergic Rhinitis လို့ခေါ်ပါတယ်။

- နောက်ပိုင်းပိုဆိုးလာတဲ့အခါ နှာခေါင်းဘေးလေအိပ်တွေများပါ ယောင်ယမ်းလာရင် Rhinosinusitis လို့ခေါ်ပါတယ်။

- မျက်ရိုး ပါးရိုး ခေါင်းကိုက်ခြင်းများပါဖြစ်စေနိုင်ပါတယ်။
- နှပ်အဝါတွေအစိမ်းတွေအနောက်တွေထွက်တတ်ပါတယ်။

- အဲ့လိုဖြစ်တာကြာလာပြီဆို ထိပ်ကပ်နာ(Chronic Rhinosinusitis)ဖက်ကိုပြောင်းသွားတတ်ပါတယ်။

- နောက်တစ်ခုက ကြာလာရင် နှာခေါင်းထဲအသားပိုတွေထွက်လာတတ်ပါတယ်။
- အဲ့နှစ်ခုထဲက တစ်ခုခုဖြစ်ပြီဆိုရင် များသောအားဖြင့် ခွဲစိတ်တာအထိ ကုရတတ်ပါတယ်။

သောက်ဆေးတွေက များသောအားဖြင့် ကြာရှည်ဖြစ်နေတဲ့ Chronic Rhinitisတွေကို မပျောက်ပါဘူး။

ရောဂါလက္ခဏာကို ခဏတော့သက်သာစေပါတယ်။
နောက်ခံအကြောင်းရင်းကို ကုမှ ရောဂါရော လက္ခဏာတွေပါ ပျောက်မှာပါ။

ပျောက်ကင်းဖို့ဆိုရင် Steroid ပါတဲ့ ဖြန်းဆေးကို လချီပေးရတတ်ပါတယ်။

- Fluticasone ပါတဲ့ Flusort ၊ Flona ၊ Fluticon ၊ Lutisone ၊ Avamys စတာတွေ

- Momitasone ပါတယ် Mometix Monitasone ဖြန်းဆေးတွေ စသည်ဖြင့် စျေးကွက်မှာ ရှိပါတယ်
( #ဆရာဝန်ညွှန်ကြားချက်နဲ့မှသုံးရတာပါ။)
အဲ့ထဲကတစ်မျိုးမျိုးကို ဖြန်းဖို့လိုပါတယ်။

အခြေအနေတိုးတက်မှုပေါ်မူတည်ပြီး အပြောင်းအလဲလုပ်ရပါတယ်။

အာနိသင်စပြတာကလည်း ဖြန်းပြီးနှစ်ပတ်ခန့်မှ စပြတတ်ပါတယ်။

ရောဂါပေါ်မူတည်ပြီး လချီ နှစ်ချီဖြန်းရတတ်ပါတယ်။

အာနိသင်မပြခင် ကြားထဲ Cetrizine သို့ Loratidine သို့ Levocetrizine သို့ Fexofenadine စတဲ့သောက်ဆေးတွေထဲက တစ်ခုခုနဲ့ထိန်းထားရပါတယ်။

ပျောက်သွားပြီးတောင် အအေးမိရင်ဂရုစိုက်ပြီးချက်ချင်းဆေးသောက်ဖို့လိုတတ်ပါတယ်။

** နှာရည်က များသောအားဖြင့် အနောက်ဖက်ကိုအရင်ကျပါတယ် ၊ ဟပ်ထုတ်ရတာ ၊ ဟန့်ထုတ်ရတာမျိုးဖြစ်တတ်ပါ တယ်။ ချောင်းဆိုးတာ ၊ အသံဝင်တာ စတဲ့လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။

** Afrin , ပီယန်ချင်း စတဲ့ နှာခေါင်းပွင့်ဆေး တွေဟာ ၅-၁၀ ရက်ထက်ပိုမသုံးရပါဘူး ၊ ပိုဆိုးတတ်လို့ပါ။

Credit

ဒေါက်တာအောင်
ENT surgeon

Photos from Myittar Nay Chi Pharmacy & Healthcare's post 09/02/2023

ဗဟုသုတ ကဏ္ဍ ——

ဆေးသက်တမ်း Expiry date နှင့် အာနိသင်
December 2021 က ရေးပေးထားတာ
ကို ပြန်လည် တင်ပြလိုက်ပါတယ်။

ဆေးတွေ ထုတ်တဲ့အခါ ဆေးသက်တမ်း ရေးထည့်ရမယ်ဆိုပြီး ၁၉၇၉ ခုနစ်က ပြဌာန်းလိုက်ပါတယ်။
သက်တမ်းကို ပြထားခြင်းအားဖြင့် ဆေးအာနိသင် အပြည့်အဝဟာ ဒီသက်တမ်းအတွင်းမှာ ရှိတယ်ဆိုတဲ့ အာမခံချက်တစ်ရပ်သာ ဖြစ်ပါတယ်။
သက်တမ်းကျော်သွားရင် အာနိသင် နည်းနည်းလျော့နိုင်တယ်၊ဥပါဒ်တော့ မရှိဘူးဆိုတာ သိစေချင်လိုပါ။
အထူးသဖြင့် အေးတဲ့နေရာမှာ ( ရေခဲသေတ္တာ ) အဖုံးလုံလုံနဲ့ သိမ်းထားမယ်ဆိုရင် ပိုပြီးအာနိသင်ကျန်တယ်ဆိုတာ နားလည်ရပါမယ်။အထူးသဖြင့် အဆီပါတဲ့ ဆေးတွေဆိုရင် ရေခဲသေတ္တာထဲမှာထားပါ။Oxidized ဖြစ်သွားတတ်လို့ပါ။
ဥပမာ —- Omega3

ဆေးဘူးပေါ်မှာ ထုနှိပ်ထားတဲ့ ဆေးရဲ့သက်တမ်း Expiry date ရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ်။
“အဆိုပါ ရက်အတွင်းမှာသောက်ရင် ဆေးရဲ့အာနိသင် အပြည့်အဝ
ရနိုင်တယ်ဆိုတာ ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့အာမခံချက်သာဖြစ်ပါတယ်”
ရက်စွဲ.ကျော်လွန်သွားတဲ့ ဆေးတွေသောက်ရင် ဥပါဒ်ရှိတယ် ဆိုတဲ့အဓိပ္ပါယ် မသက်ရောက်ပါ။ဟုတ်လည်းမဟုတ်ပါ။

သုတေသနအရဆိုရင် ဆေးတွေဟာ ဆေးသက်တမ်းကုန်ပြီး ၁၅ နှစ် ကြာသွားတာတောင် ဥပါဒ်မရှိဘဲ သုံးနိုင်ပါတယ်တဲ့။
အာနိသင်တာ အနည်းငယ် လျော့သွားချင် လျော့သွားနိုင်ပါတယ်။
အာနိသင်လုံးဝ မရှိတော့တာမဟုတ်ပါ။
ဆေးပညာရှင်တွေ ပြောပုံအရ သက်တမ်းလွန်ဆေးတွေ သောက်ရင် ဥပါဒ်မရှိနိုင်ပါ။
နောက်အမြင်တစ်မျိုးနဲ့ ကြည့်နိုင်တာကတော့ ဆေးရဲ့အာနိသင်အပြည့်အဝကို အာမခံထားတဲ့ ရက်စွဲ အနေနဲ့ကြည့်လို့ရပါတယ်။

နားလည်စေချင်တာက ဆေးဘူးကိုကြည့်ပြီး သက်တမ်းကုန်လွန်သွားပြီဆိုပြိး လွှင့်မပစ်လိုက်ပါနဲ့။
ဆေးဘူးတွေက ဝယ်ရတာလည်း စျေးအလွန်ကြီးလာနေပါတယ်။ဥပါဒ် မဖြစ်ဘူးဆိုတဲ့အချက်ကို နားလည်စေချင်ပါတယ်။

ငွေရှာရတာ ခက်တယ်နော်။ မလိုအပ်ဘဲ မဖြုံးပစ်ကြပါနဲ့။
Money doesn’t grow on trees!

Credit

10/09/2022

သတိထားစရာ တ​ကျော့ပြန် Covid

ယခုအခါ Covid လူနာများ အ​နေဖြင့်အ​တွေ့များ​သော ​ရောဂါ ပုံစံများမှာ

နှာ​စေးခြင်း
​ချောင်းဆိုးခြင်း
လည်​ချောင်းနာခြင်း
ဖျားခြင်း
ကြွက်သားများနာခြင်း
နှုံး ခြင်း တို့ဖြစ်သည်။

အရမ်းကူးစက်လွယ်သည်၊ ​ရောဂါ လက်ခဏာ မပြမှီ ၁ ရက် _ ၃ ရက် မှပင် ကူးစက်နိုင်သည်။

အရင် Covid ဖြစ်ထားဘူးသူများ၊ ကာကွယ်​ဆေးထိုးထားသူများလည်း ဖြစ်နိုင်သည်။ အရင် ဖြစ်ခဲ့ဘူး​သော Covid ​ရောဂါ နှင့် နှိုင်း ယှဥ်လျှင် ​ရောဂါ မပြင်းထန်​ပေ။

သို့​သော် ​နောက်ဆက်တွဲ ဆိုးကျိုးများကို သတိထားရ​ပေမည်။ တချို့ ​ရောဂါ လက်ခဏာ များမှာ အချိန် ​တော်​တော် ကြာသည် အထိ ရှိနိုင် ​ပေသည်။

​နောက်ဆက်တွဲ ဆိုးကျိုး အဖြစ်
​လေဖြတ်ခြင်း၊ နှလုံး ​ရောဂါ၊ ဆီးချို၊ အစာအိမ် ​ရောဂါနှင့် ​ကျောက်ကပ် ​ရောဂါ၊ အာရုံ စူးစိုက် မှု အားနည်းခြင်း တို့ကို ​စောင့်ကြည့် ရပါမည်။

ထို့​ကြောင့်

၁။ Covid ကာကွယ်​ဆေးကို မဖြစ်မ​နေထိုးပါ။ Booster ထိုးရန်လည်း လိုအပ်ပါသည်။
ကာကွယ်​ဆေးသည် ယခု New strain ကို ကာကွယ် နိုင်စွမ်း မည်မျှရှိ​​ကြောင်း မသိ​သော်လည်း ​ရောဂါ ပြင်းထန်ခြင်းကို မူ ကာကွယ်နိုင်ပါသည်။

​လေ့လာ​တွေ့ရှိချက်များအရ အသက် ၅၀ နှစ် နှင့် အထက် ကာကွယ်​ဆေး ၁ ကြိမ် ထိုးထားသူသည် ၂ကြိမ် ထိုးထားသူထက် ၄ ဆ ပိုရျ် ဖြစ်လွယ်​ကြောင်းကို ​တွေ့ရှိရသည်။

၂။​ရောဂါ မပြင်းထန်​သော်လည်း သံသယ ရှိပါက စစ်
သင့်ပါသည်။

၃။ Mask တပ်ပါ။

၄။ လူစုလူ​ဝေး ​နေရာများ​ရှောင်ပါ။

၅။ လက်​ဆေးပါ။

၆။ သင့်တင့် မျှတ​သော ​လေ့ကျင့် ခန်းလုပ်ပါ။

၇။ ကိုယ်ခံအား​ကောင်း​အောင် ​နေခြင်းဖြင့် Covid 5th wave ကို ​ကျော်လွှား နိုင် ကြ ပါ​စေ။

Ref: UC Davis Health

26/08/2022

ကင်ဆာတို့၏ဘုရင်
☠️👑☠️👑☠️👑
ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ pancreatic cancer ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) ဖြစ်ပါတယ် ။ ဒီရောဂါ ဖြစ်ပြီဆိုရင် - များသောအားဖြင့် ၂လ မှ ၆လ လောက်ပဲ အသက်ရှင်ပါတယ် ။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။
👑👑👑
ကမ္ဘာပေါ်မှာ နာမည်ကြီး မင်းသားမင်းသမီး ၊ နိုင်ငံရေးသမား များဒီရောဂါကြောင့် ဆုံးပါးသွားကြသူများရှိရာ အိုင်ဖုန်း၊ အိုင်ပတ် ၊Apple တည်ထောင်သူ SteveJobs မှာ လူသိများပါတယ် ။ မြန်မာပြည်က အဆိုတော် ခိုင်ထူးဟာ ဒီရောဂါနဲ့ ဆုံးပါးတာ ဖြစ်ပါတယ် ။
☠️
ဒီကင်ဆာရောဂါဖြစ်နေတာကို စောစောစီးစီး မသိကြပါဘူး။ များသောအားဖြင့် ဗိုက်နာရင် ၊ ဗိုက်မကောင်းရင် .. ဗိုက်ကို အာထရာဆောင်း လုပ်ကြည့်တယ်။ ပန်ကရိယက အစာအိမ်ရဲ့ အနောက်ဖက် မှာရှိပြီး သူ့ရှေ့မှာ တခြား အင်္ဂါတွေ ရှိနေတာမို့ အာထရာဆောင်းနဲ့ ကြည့်ရင် ကောင်းကောင်း မမြင်ရပါဘူး။ အာထရာဆောင်းနဲ့ တွေ့တဲ့အချိန်မှာ ကင်ဆာ အလုံးက တော်တော် ကြီးနေပါပြီ။ 5-7cm အရွယ် လောက်ကြီးမှ တွေ့တာ များပါတယ်။ အဲဒီအချိန်မှာ ဘေးမှာရှိတဲ့ အင်္ဂါတွေဆီကို ပြန့်နှံ့နေပြီး အချို့က အဝေးက အင်္ဂါတွေဆီလည်း ကင်ဆာဆဲလ်တွေက ပြန့်နေပြီ ဖြစ်ပါတယ် ။
😢😢😢
အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာ ဖြစ်နေရင် လူနာက ဗိုက်နာပါတယ် ။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ် ၊ အစာအိမ်ရောဂါ ဖြစ်တယ် လို့ ဆရာဝန်တွေက ထင်ကြပါတယ် ။ အစာမကြေတာ၊ အစာအိမ်ရောင်တာ ၊ အစာအိမ် အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ် ။ ဒီရောဂါတွေကလည်း အဖြစ်များတယ်လေ။ အစာအိမ်ဆေးတွေ ပေးပြီး ကုသတဲ့အခါ ဗိုက်နာတာကို သက်သာတယ်ဆိုတာ တွေ့ရှိရတယ်။ အနောက်နိုင်ငံမှာ ပန်ကရိယကင်ဆာ ဖြစ်နေသူတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ... ပန်ကရိယကင်ဆာလို့ မသိခင်မှာ လူနာတွေဟာ ဆရာဝန်ဆီသွားပြတာ ၁၈ ခေါက်ထက် မနည်းရှိပြီလို့ ဆိုပါတယ် ။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့ အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။
😭😭😭
ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့ အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့ အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း ၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာ အပေါ် ထိရောက်မှု မရှိပါဘူး ။ အခြား ကုသနည်းတွေ ၊ ဆေးဝါး အသစ်တွေ ကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။
💉💉💉
​အစပိုင်းမှာ ရောဂါလက္ခဏာတွေက.... နုံးနေမယ် ၊ အစားအသောက်ပျက်မယ် ၊ ပိန်သွားမယ်.... အလုပ်ပင်ပန်းလို့ နုံးတာပဲလေ လို့ ထင်တတ်ကြတယ် ။ တခါတလေ အစားအသောက်ပျက်တာ ဖြစ်မှာပါ ။ ပိန်သွားတာ ကောင်းတာပေါ့ ၊ ဝ ရင် ဆီးချို သွေးတိုး နှလုံးရောဂါတွေ ဖြစ်မယ် ၊ ပိန်တာ ကျန်းမာတယ် လို့ ထင်တတ်ကြပါတယ် ။ ဒီလို ရောဂါ လက္ခဏာတွေ ပြနေပေမယ့်လည်း အများစုက အလေးမထားဘဲ လစ်လျူရှုလိုက်ကြပါတယ်။
နောက်ပိုင်းမှာ ဗိုက်နာ လာမယ် ။ ဒါလည်း အစာအိမ် ရောဂါ ဖြစ်မှာပါ ။ ဒီလို ထင်ကြတယ် ။
ပန်ကရိယ ခေါင်းမှာ ကင်ဆာ ဖြစ်ရင် သည်းခြေလမ်းကြောင်းကို သွားပိတ်တဲ့ အတွက် မျက်စိဝါမယ် ၊ အသားဝါမယ် ။ လူနာက ပျို့ချင် အန်ချင်မယ်။
တချို့က.. ဝမ်းလျှောမယ် ၊ ဝမ်းသွားတဲ့အခါ အဆီတွေပါမယ် ၊ ကျောကုန်း နာမယ် ။
ဒီလက္ခဏာတွေပေါ်လာရင် လျစ်လျူမရှုဘဲ အလေးအနက် ထားရမှာ ဖြစ်ပါတယ်။
😇😇😇
ပန်ကရိကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့....
၃၀% က ဆေးလိပ်သောက်လို့ ဖြစ်တာပါ။
၂၀% က အစားအသောက်နဲ့ ဆိုင်ပါတယ် ။ အဆီများတဲ့ အစာ ၊ ဝက်အူချောင်းလို ပြုပြင်ထားတဲ့ အစာ ၊ အချိုများတဲ့ အစာတွေ က ဒီကင်ဆာရောဂါကို ဖြစ်စေပါတယ် ။
🐀🐀🐀🐀🐭🐭🐭
ထိုင်ဝမ် သုတေသန တစ်ခုက... ကြွက်တွေကို အုပ်စု နှစ်ခုခွဲပြီး တစ်စုကို သကြားများတဲ့ အစာတွေ ချည်းကျွေးပါတယ် ။ ရက်သတ္တပတ် ၂၀ အကြာမှာ ဒီကြွက်တွေကို စစ်ဆေးကြည့်တဲ့အခါ အချိုကျွေးတဲ့ ကြွက်တွေရဲ့ ပန်ကရိယမှာ DNA မှာပြောင်းလဲမှုတွေ ဖြစ်ပြီး အဲဒီကမှ ကင်ဆာဆဲလ် အဖြစ် ပြောင်းလဲနေတာကို တွေ့ရှိရပါတယ်။
အခု ၅ နှစ်အတွင်း ထိုင်ဝမ်မှာ ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်း တက်လာခြင်းမှာလည်း လူတွေရဲ့ အချိုစားသုံးမှု များလာခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်များက ပြောကြပါတယ်။
🍦🍨🎂🍩🍮🥤🥤🥮
အရက်သောက်ခြင်းကလည်း pancreatitis ပန်ကရိယကို ရောင်ရမ်းစေပြီး ပန်ကရိယကင်ဆာ ဖြစ်ပွားမှုကို တိုးပွားစေပါတယ်။
🍻🍺🥂🍷
မျိုးရိုးဗီဇကြောင့် ပန်ကရိယကင်ဆာ ဖြစ်တာ ၁၀% လောက် ရှိပါတယ်။ မိသားစုထဲမှာ ပန်ကရိယကင်ဆာ ဖြစ်ဖူးသူတယောက်ရှိပါက မိမိမှာ ဖြစ်နိုင်ခြေ ၃-၅ ဆ လောက် တက်လာပါတယ် ။
👨‍👩‍👧‍👧👨‍👩‍👧
၃၆% လူနာတွေကတော့ ဘာကြောင့်မှန်းမသိဘဲ အကြောင်းရင်း ကိုရှာလို့ မရပါဘူး ။ ဆေးလိပ် ၊အရက် မသောက်ဘူး ၊ အစားအသောက်လဲ ပုံမှန်ပဲ ၊ ဘာကြောင့် ဒီရောဂါ ဖြစ်လဲ မသိဘူး ။ တချို့က ယူဆတာက stress စိတ်ဖိစီးမှုများလို့ ထင်ကြပါတယ်။
🏨🏨🏨🏥
တချို့ရောဂါတွေရှိရင် ပန်ကရိယကင်ဆာဖြစ်ဖို့ များတာတွေ့ရှိရပါတယ် ။
1. ဆီးချို သွေးချိုရောဂါ diabetes mallitus
2. အဝလွန်ခြင်း
3. ပန်ကရိယ တွင်ရေအိတ်များရှိခြင်း pancreatic cyst
4. နာတာရှည်ပန်ကရိယရောင်ရမ်းခြင်း chronic pancreatitis
ဒီရောဂါတွေရှိရင် ပန်ကရိယကင်ဆာဖြစ်ဖို့ တခြားလူထက် ပိုများပါတယ်။
🔬🔬🔬
အမေရိကန် မှ ပညာရှင်တစ်ဦးက တွေ့ရှိရာမှာ...
ပန်ကရိယကင်ဆာ မဖြစ်ခင် ၂ နှစ်ခွဲမှ တနှစ်ခွဲကြားမှာ အဲဒီလူရဲ့ သွေးတွင်း သကြားဓာတ်က blood sugar level မြင့်နေပါတယ် ။ ဆီးချိုရောဂါလောက် မမြင့်ပေမယ့်ပုံမှန်ထက် ပိုမြင့် ပါတယ်။ တဖြည်းဖြည်း မြင့်လာပါတယ် ။ ကိုယ်အပူချိန်ကလည်း တက်လာပါတယ်။
🌡🌡🌡
ပန်ကရိယကင်ဆာမဖြစ်ခင် တနှစ်ခွဲက နေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ် ။ ကိုယ်လက်စထရော စတဲ့ သွေးတွင်း အဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာတယ်။ ကိုယ်အလေးချိန်က ကျမသွားဘူး။
🧪🧪🧪
ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်း အဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။
သွေးတွင်းအချိုဓာတ် blood glucose levels တဖြည်းဖြည်း တက်လာပြီး အကြောင်းထူး မရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန်ကျသွားရင် အထူး သတိထားဖို့ ကောင်းပါတယ်။
💊💊💊
ပန်ကရိယ ကင်ဆာကို ကုသခြင်းထက် ကြိုတင် ကာကွယ်ရေးက ပို အရေးကြီးပါတယ်။
1.ဆေးလိပ်ဖြတ်ပါ။
2.အရက်အလွန်အကျွံသောက်ခြင်း ၊ အချိုရည် အလွန်အကျွံ သောက်ခြင်းမှရှောင်ကျဉ်ပါ။
3.ပြုပြင်ထားသော အသားများ၊ အသားကင်များ လျှော့စားပါ။
4.သန့်ရှင်း လတ်ဆပ်သော အသီးအနှံ၊ အရွက်များ စားပေးပါ။
5.အသက် ၅၀ ကျော်ရင် သွေးတွင်းအချိုဓာတ် blood glucose levels ကို အမြဲတိုင်းပါ။
သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ် ၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ် ဆိုရင် အထူးဂရုစိုက်ရပါမယ်။
🥬🥒🥦🥑🍇🍓🍌🍒🍓
ဒေါက်တာမော်နီကာသူရိန်
15 June 2020🌈⚡️☀️

12/08/2022

💝အားလုံးပဲ မင်္ဂလာပါ
🙆‍♀️LD livermin Forte ​လေးနဲ့မိတ်ဆက်​ပေးပါရ​စေ

🙋‍♀️LD Livermin Forte ​လေးမှာ...
💁‍♀️Essential phospholipid ( Phosphatidylcholine) ပါဝင်တဲ့အတွက်
👉အသည်းကျန်းမာရေးကောင်းစေတယ်..
👉အသည်း ဆဲလ် တွေ ပြန်လည် ပြုပြင်တည်ဆောက်ရာမှာ များစွာကူညီပေးတယ်...
👉အူလမ်းကြောင်း ရောဂါတမျိုးဖြစ်တဲ့ Ulcerative Colitis ကို ကုသရာမှာလည်း ကူညီပေးတယ်...
👉Lipolysis (အဆီခြေဖျက်ခြင်း) မှာလည်းကူညီပေးပါတယ်...
👉မှတ်ဉာဏ်ကောင်းစေတဲ့ အာရုံကြောဆဲလ်များ ထုတ်လုပ်မှု မှာလည်း ပါဝင်ဆောင်ရွက်ပေးပါ​သေးတယ်...

💁‍♀️B Complex ပါဝင်တဲ့အတွက်
👉အာရုံကြောအဖွဲ့အစည်းကို ထောက်ပံ့ပေးပါတယ်...
👉ခြေဖျား လက်ဖျား တုန်တာတွေ၊ ထုံကြင်တာတွေကိုလည်း ကာကွယ်ပေးပါတယ်..
👉စိတ်ပူပန်မှုကိုကာကွယ်ပေးပါတယ်...
👉အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်...

💁‍♀️Vitamin E ပါဝင်တဲ့အတွက်
👉နာကျင်ရောင်ရမ်းခြင်း တွေကျစေပါတယ်...
👉ဓာတ်တိုးမှု (Oxidation) ကိုလည်းကာကွယ်ပေးပါတယ်...

ဒါ​ကြောင့်မို့ LD Livermin Forte​လေးကို
✅အသည်းအဆီဖုံးရောဂါ
✅အသည်းခြောက်ရောဂါ
✅အရက်ကြောင့်ဖြစ်သော အသည်းရောဂါများ
✅အရက်ကိုမှီဝဲလေ့ရှိသူများ
✅စီးကရက်သောက်သုံးသူများ
✅အူလမ်းကြောင်းအနာရောဂါ (Ulcerative Colitis) များမှာ အသုံးပြုနိုင်ပါတယ်ရှင့်...

🙆‍♀️အရည်အ​သွေးမြင့်မားပြီး ယုံကြည်စိတ်ချရတဲ့ LD Livermin Forte​လေးကို #မေတ္တာနေခြည် ဆေးဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီ🤗🤗🤗



#မေတ္တာနေခြည်
ဈေးတန်း (၂) ပြည်တော်သာလမ်း, တမူးမြို့
09758035939, 092059798

23/07/2022

သတိပြုစရာ ​မျောက်​​​ကျောက် ​ရောဂါ

ယခုအခါ ​မျောက်​ကျောက်​ရောဂါကို Global Health Emergency ( world ကျန်းမာ​ရေး အ​ရေး​ပေါ် အ​ခြေအ​နေ) ဖြင့် WHO မှ ​ကြေငြာ လိုက်ပါသည်။

လူ​ပေါင်း ၁၆၀၀၀ ကျော် ​တွင် တွေ့ရှိရပြီး နိုင်ငံ​ပေါင်း ၇၅ နိုင်ငံကို အလျင်အမြန် ဖြင့် ပျံ့ နှံ့ ​နေ ​သော​​ကြောင့် ဖြစ်သည်။ ​မျောက်​​ကျောက် ​ရောဂါ ​​ကြောင့် ​သေဆုံး​သော ဦး​ရေ မှာ ၅ ဦး အထိ ရှိလာပြီ ဖြစ်သည်။

ကာကွယ် ​ဆေးမှာလည်း လုံ​လောက်စွာ ဖြန့်ဖြူး နိုင်ခြင်း မရှိ​သေး​ပေ။

အကယ်ရျ် ​ရောဂါရှိသည်ဟု သံသယ ရှိပါက ​စောင့်ကြည့်ပါ၊ စစ်ပါ၊ ကုသပါ။

ကာကွယ်ခြင်း

​ရောဂါ ရှိသူနှင့် ထိ​တွေ့ခြင်း မှ ​ရှောင်ကြဥ်ပါ။ အ​​ရေပြား ​​ပေါ်ရှိ အဖုများ၊ ​ရောဂါရှိသူ၏ အသုံးအ​ဆောင်များ ကိုင်တွယ်ခြင်းမှ ​ရှောင်ပါ။

လက်ကို ​ရေ နှင့် ဆပ်ပြာ အသုံးပြုရျ် ​ဆေးပါ။

မလိုအပ်ပဲ မိမိလက်ဖြင့် မိမိ၏ ပါးစပ်၊ နှာ​ခေါင်း ၊ မျက်လုံး ကိုင်တွယ်ခြင်းမှ ​ရှောင်ကြဥ်ပါ။

Ref... WHO, CDC

16/07/2022

က​လေးများ နှင့် ကိုယ်ခံ အား ​ကောင်း​စေချင်သည့် မိဘများ။

ယခု ကာလတွင် က​လေးများ ဖျား ခြင်း၊ နာ ခြင်း များ ရှိကြသည်။ တ ချို့ က​လေးများ တစ်လ တည်း နှစ်ခါ ဖျားကြသည်။

မိဘများက ကိုယ်ခံအားနည်းရျ် ပြန်ဖျားသည် ဟု ယူဆကြသည်။ ထို​ကြောင့် ကိုယ်ခံ အား ​ကောင်း​သော အား​ဆေး ကို ရှာ​ဖွေ လာကြသည်။ အထူး သဖြင့် Vitamin C ပါ​သော အား​ဆေးများကို အားထားလာကြသည်။

Vitamin C သည် အရည်ရွှမ်း​သော အသီးအနှံ အ​တော်များများတွင် ပါသည်။ ထို ​​ကြောင့် က​လေးများ အ​နေ ဖြင့် Vitamin C မစားမိစရာ အ​ကြောင်း သိပ်မရှိပါ။

Vitamin C ချို့တဲ့ လျှင် Scurvy ( အရိုး၊ သွား ဖုံး ​မြှေး အတွင်း ​သွေးယိုခြင်း ) ​တွေ့ ရ နိုင်ပါသည်။ အထူးသဖြင့် မိခင်နို့ မတိုက်ပဲ ​ကော်ဖီ ​ဖျော်ဖို့ ထွင်ထား​သော နို့မှုန့် အဖြူ​တွေ တိုက်​နေ ​သော က​လေးများ၊ နွားနို့ အစိမ်းသက်သက်ကိုသာ ကျိုတိုက်ပြီး အပူနှင့် ထိ​တွေ့လျှင် Vitamin C ပျက်ပြယ်သွား​သော နို့တစ်ခုတည်းသာ အာဟာရ ရ​နေ​သော က​လေးများတွင်သာ ​တွေ့ရ​တော့သည်။

Vitamin C ချို့တဲ့​မနေ​သော က​လေးများကို Vitamin C ထပ်တိုက်လျှင် ကိုယ်ခံအား ​ကောင်း လာ မည်လား။

​နေ့စဥ် လိုအပ်ချက် ထက် အဆနှင့်ချီရျ် ပိုရျ် တိုက်​ကျွေးလျှင် အသက်ရှု လမ်း​ကြောင်း ပို အား​ကောင်း လာမည်ဟု ယူဆ ​သော်လည်း ​နောက်ပိုင်း သု​တေသန များက အတည် မပြုနိုင်ပါ။

Vitamin C များများတိုက်ခြင်းသည် ​ဘေးကင်းပါသလား။

Vitamin B နှင့် C သည် ပိုလျှံ လျှင် ဆီးထဲတွင် အလွယ်တကူပါသွား​သော Vitamin များ ဖြစ်​သော​ကြောင့် Vitamin A,D,E,K တို့​လောက် မဆိုး​ချေ။ သို့​သော် Vitamin C သည် Acid ဓါတ် ပါ​သော ​ကြောင့် ​ကျောက် ဖြစ်သည် အထိ ဒုက်ခ ​ပေးနိုင်ပါသည်။

တန်​ဆေး ၊ လွန်​ဘေး ဖြစ်သည်။ ကိုယ်ခံအား ​ကောင်းချင်တာ နှင့် မချို့တဲ့သည့် Vitamin C ကို အတင်း မ
ဖြည့်သင့်ပါ။

ခဏ ခဏ ဖျား​သော်လည်း က​လေး လန်းလျှင်၊ ကိုယ် အ​လေးချိန် တက်လျှင် ၊ အစာ ဝင်လျှင် ​စောင့် ကြည့် နိုင်ပါသည်။

Ref.. Prof YMK က​လေးကျန်းမာ​ရေးဆိုင်ရာ အယူအဆအမှားများ ​ပေါင်းချုပ်မှ

Telephone

Website