Thet Htet Myat 14/
24hour
🥰
စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက် အတော်အကြပ်ရိုက်တဲ့ကာလ ဖြစ်ပါတယ်။
လက်ရှိမှာ လုပ်ငန်းတွေကပိတ်ထားရတယ်။ ဒါပေမယ့် မြေငှားခ နဲ့ ဘဏ်တိုးလို ကုန်ကျစရိတ်တွေက ရပ်မနေဘူး။ နှစ်ဖြတ်စာရင်းချုပ်မယ်ဆို အများစုမှာ အရှူံးပြနေပြီ။
ကိုဗစ်ရောဂါ နဲ့ နိုင်ငံရေးအပြောင်းအလဲ ကြားမှာ တိုင်းပြည်က အတော်လေးကို ဆင်းရဲသွားပါပြီ။ ဒါငြင်းလို့မရတဲ့ အမှန်တရားပါ။ ငွေကြေးအကြပ်အတည်းနဲ့ ရင်ဆိုင်ရလာတဲ့အတွက် ငွေသုံးတာလျော့လာပါမယ်။
လူတွေမသုံးစွဲနိုင်တော့ရင် စားသောက်ဆိုင်လိုလုပ်ငန်းတွေတောင် ရပ်တည်ရခက်လာနိုင်တယ်။ ကားဝယ်စီးတာ အိမ်ဝယ်တာလို လုပ်ငန်းတွေလဲ ရောင်းအားအလွန်ကျသွားဖို့များတယ်။
အဲ့ဒီတော့ စဉ်းစားရမှာက လုပ်လက်စ အလုပ်တွေကို ဆက်လုပ်မလား။ လုံးဝ ရပ်ပစ်မလား။
ဆက်လုပ်မယ်ဆို အလုပ်ထဲကို ငွေတွေထပ်ထည့်ရမယ်။ မြေငှားခတွေထပ်ပေးရမယ်။ ဝန်ထမ်းစရိတ်တွေကုန်မယ်။ ထပ်ထည့်ဖို့ငွေမရှိရင် အတိုးနဲ့ထပ်ချေးရမယ်။ ဆက်လုပ်ရင်ရော အကျိုးအမြတ်ရနိုင်မလားဆိုတာကတော့ လုံးဝမသေချာပါဘူး။ဒါပေမယ့် လုပ်ငန်းရှင်တိုင်းက အရင်း(စရိတ်)ကျေရင်ကို ပျော်ပျော်ကြီး လုပ်ကြတာပါ။
အခုက မနက်ဖြန်ပဲ တိုက်ပွဲတွေဖြစ်တော့မှာလိုလို ဘာလိုလိုတွေလဲ သတင်းတွေကထွက်နေတော့ ပိုင်ဆိုင်မှုတန်ဘိုးတွေကို အလွယ်တကူပြန်ထုတ်ယူမရတဲ့ အလုပ်တွေထဲ ရင်းနှီးမြုပ်နှံလိုက်ဖို့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
ဒါဆို လုပ်လက်စ အလုပ်တွေကို လုံးဝရပ်ပစ်လိုက်ပြီး ငွေဖော်ပြီး စောင့်ကြည့်မလား လို့တွေးကြည့်တော့။
ထိုက်သင့်သလောက် ငွေကြေးတော့ ရလာမယ် ဒါပေမယ့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရ ထိခိုက်မှုတွေ များနိုင်တယ်။
customer တွေရဲ့ ယုံကြည်မှုပျက်မယ်။ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်မယ်။ တချို့ရောင်းမရတဲ့ ပစ္စည်းတွေ အလကားပေးလိုက်ရလို့ ဆုံးရှုံးမှုတွေ ရှိမယ်။
ဒါပေမယ့် ဝန်ထုပ်ဝန်ပိုးတော့ အတော်လေး ပေါ့သွားမယ်။
ဖြစ်နေတဲ့အခြေအနေက ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အခြေအနေပါ။
ဒီအခြေအနေကနေ ဖောက်ထွက်နိုင်ရင်တော့ တိုင်းပြည်တည်ငြိမ်တဲ့အချိန် သင်သူဌေးကြီးဖြစ်ပြီပဲ။
အားလုံးဘာလုပ်ကြမလဲ
PyiSoeOo
သန့်ရှင်း သန့်ပြန့်သောစတိုင်လ် လဲဖြစ်မယ်😍
မရိုးတဲ့ဒီဇိုင်းနဲ့ အမြဲထူးခြားချောမောစေမဲ့ဝတ်စုံတွေ ရပီနော်🤗🤗🤗
လက်ဆောင်ပေးလဲ မျက်နှာပန်းလှ😘
ကိုယ်တိုင်ဝတ်လဲ မိုက်နေတဲ့ဝတ်စုံတွေ
Promotion အနေနဲ့ မီယမ်မာ ငွေ
တစ်စုံကို.....10000 ကျပ်ပဲဆိုရင်ရော 😯😲😲
😍😍😍
အရမ်းတန်နေပါပီနော်😊😊😊
အရည်အသွေးးးးA grade အာမခံတယ်နော်❤❤❤
ဝယ်ယူအားပေးမယ်ဆိုရင်တော့
Size ,Colour နဲ့ Cb (or) 09422546484 ကိုဆက်သွယ်မှာယူနိူင်ပါတယ်ဗျာ😍😍😍
သဘာဝစစ်စစ် ငါးငပိမွှေးမွှေးလေး 🤤🤤🤤
စျေးသည်ကြီးက ငဗစ်ကောင်းမှုအကြောင်းပြုပီး စျေးမရောင်းရတော့ငြိမ့်နေတာ ဒါပေမဲ့အစားပဲရှိပီး အလုပ်မလုပ်လို့လဲ ရှေ့ရေးကမလွယ်ဘူးမို့လားဗျာ ဒါကြောင့်ရောင်းရဦးမှာမို့ အားပေးကြပါဦးဗျာ 😁😁😁
မျှင်ငပိလေးတွေမာပီး ရဲနေရော
လပွတ္တာ မျှင်ငပိ 1 viss 4000
ငါးပိရေချို 1 viss 4000
သန့်ရှင်းမှုနဲ့ အရောအနှောကင်းကြောင်း
100% အာမခံပါတယ်ဗျာ
သဘာဝစစ်စစ် ပါနော့်
PS ...ရွှေပုဇွန်ခြောက်ဆိုလားးး😄
နောက်ရက်ဆို ရောက်ပီနော် ကြိုတင်မှာလို့ရပါတယ်ဗျို့
#ဝါခေါင်လပြည့်နေ့ဥပုသ်နေ့မြတ်မင်္ဂလာပါရှင့်
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥
#နံနက်ချိန်ခါမင်္ဂလာ
#ကောင်းစွာနိုးကြားထနိုင်စေ
#နိုးသောအခါအာရုံမှာ
#ဘုရားထံမှောက်ရောက်ပါစေ
#ပန်း_ဆွမ်း_သစ်သီ_ရေနှင့်မီး
#ကပ်လှူပြီးသူဖြစ်ပါစေ
#ကပ်လှူပြီးကာမျှဝေကာ
#သာဓုအမျှပေးပါလေ
#ငါလဲမမြဲသူမမြဲ
#မမြဲသူချင်းတည့်ပါစေ
#ကိုယ်လဲကြည်လင်စိတ်ကြည်လင်
#လိုအင်ဆန္ဒပြည့်ပါစေ ………………… ။
[[[ #ကမ္ဘာသူကမ္ဘာသားများကပ်ဆိုးဘေးတွေဝေးကွာစေ ]]]
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥
#ရဲရဲနီ
🙏 💛 🙏..
Phra Phuttha Maha Suwana Patimakon
( พระพุทธมหาสุวรณปฏิมาร )
ဘန်ကောက်မြို့
ရွှေသား ၈၃% နဲ့ ပြုလုပ်ထားတဲ့ ထိုင်တော်မူ တဆူဖြစ်တယ်
အလေးအချိန်က ၅.၅ တန်
ကီလိုချိန်က ၅၅၀၀ ကီလို
ဉာဏ်တော် ၁၅ ပေ
ကမ္ဘာ့အကြီးဆုံး ရွှေသားဆင်းတုတော်
ဒီဘုရားက ၁၈ရာစုနောက်ပိုင်းမှ ပြန်လည်
တွေ့ရှိတယ်လို့ ပြောကြတယ်
အရင် နှစ်ပေါင်း ၇၀၀ ၈၀၀ လောက်ကတည်းက
ရှိတယ်လို့လည်း ပြောတယ်
ဒါပေမယ့်
ဘယ်သူကမှ တိကျစွာ မပြောနိုင်ကြပါဘူး။
, Ko Kyaw Thu.
၇-နှစ်အရွယ် ကိုရင်ငယ်
ရှင်ဓမ္မိက၏ ၈-ပါး သီလပေး
ဥပုသ်စောင့်ပုံ အစီအစဉ်
---------------------
"ဥပုသ်စောင့်ပုံ"
🏳️🏳️🏳️🏳️🏳️
"ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊
"ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ +ဝသထ-နေခြင်း၊
ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍၊ ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ၊ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။
[ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့်တည်းဖြင့်, စောင့်စည်း အား ထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။
၁။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော် စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင် ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်း အောင် ပြီးစီးကောင်းသော စားဖွယ် သောက်ဖွယ်များကို ပြီးစီး စေအောင် စီမံထားရာ၏။
၄။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
၅။ ပန်းပန်မှု, နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ]
၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ မျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]
၈။ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်- စိတ်ကြည်လင်မှ တရားအာရုံ့ပြု၍ ကောင်းသည်။]
၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ် ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မာ ဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]
၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။
၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။
၁၃။ ညဉ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
" အောက်မေ့ပုံ"
ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဉ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့်
ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား" ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။
၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်၊ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။
"ဥပုသ်ကာလ အပိုင်းအခြား"
ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဉ့်လုံး ဖြစ်စေ, နေ့ဝက် ညဉ့်ဝက်ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်၊
အနာထပိဏ်သူဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ် ဖြစ်ရသည်၊
ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။
သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား "မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ" ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊
"ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်"ဟုလည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။
(မဟာဂန္ဓာရုံဆရာတော်၏ ရတနာ့ဂုဏ်ရည်ကျမ်းမှ)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် ရဲ့ဘ၀ဒဿနများ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
၁။မင်းခြေလှမ်းတွေဘယ်လောက်နှေးကွေးနေတယ်ဆိုတာကအရေးမကြီးဘူး။အရေးကြီးတာ မင်းဆက်လျှောက်နေဖို့ပဲ။
၂။ မင်းလောက်တောင်မတော်တဲ့ လူတစ်ယောက်ထက်
မင်းထက်သာနေတဲ့လူတွေနဲ့ပေါင်းသင်းနိုင်အောင်ကြိုးစား။
၃။ မင်းဒေါသထွက်လာတိုင်း ဖြစ်လာမယ့်
အကျိုးဆက်တွေကို အရင်တွေးကြည့်ထား။
၄။ မင်းမျှော်မှန်းထားတဲ့ပန်းတိုင်ဆီ
မရောက်နိုင်တော့ဘူး ထင်နေရင်
နောက်ထပ်ပန်းတိုင်အသစ်တစ်ခု ပြောင်းပစ်ဖို့ မတွေးနဲ့...
မင်းရဲ့ လုပ်ကိုင်ပုံခြေလှမ်းတွေကို ပြောင်းပစ်ဖို့ပဲတွေး။
၅။ မင်းလူတစ်ယောက်ကို မုန်းမိပြီဆို
မင်းသူ့ကို ရှုံးနိမ့်သွားတာပဲ။
၆။တကယ်တော်တဲ့လူတစ်ယောက်က
သူ့အပြစ်တွေပဲသူရှာကြံပြီး ပြုပြင်နေတယ်။
သေးသိမ်တဲ့ လူတစ်ယောက်ကတော့
သူများအပြစ်တွေပဲ ရှာဖွေနေတတ်တယ်။
၇။ဘာအလုပ်ပဲလုပ်လုပ် အဲ့ဒီအလုပ်ကို ချစ်တဲ့စိတ်မွေးမြူပါ။
၈။သူတို့တကယ် မသိပါဘူး၊မတတ်ပါဘူးလို့
လက်ခံသွားပြီဆိုမှ အဲ့ဒီလူကို လမ်းညွှန်သင်ပြပါ။
၉။မင်းမကောင်းကြောင်းကို မင်းနောက်ကွယ်မှာ ပြောနေပြီဆို
မင်းဟာ သူတို့ထက်ရှေ့ရောက်နေလို့ပဲ။
😘😘😘
ပညာရှိ နဲ့ ပညာမဲ့ ဘာတွေကွာခြားလဲ
===========================
(Unicode)
ပညာရှိဆိုတာ တိတ်ဆိတ်တယ်
အပြောအဆို နူးညံ့တယ်
စကားအများကြီး မပြောဘူး
စကားနည်းတယ်
ပြောတဲ့စကားတွေထဲ
ပညာသားပါပါ ပြောတယ်
စကားနည်းနည်းနဲ့ ထိအောင်ပြောတယ်
သူတစ်ပါး နားလည်အောင်ပြောတတ်တယ်
အလုပ်လုပ်ခွင်ထဲလဲ
သူတို့ဘယ်လောက်လုပ်ကြောင်း
ကြွားနေမှာမဟုတ်ပါဘူး။
သူလုပ်စရာရှိတာ လုပ်သွားတာပဲ
တည်ငြိမ်မှုရှိတာပေါ့
သူတို့ဘယ်လောက်ရှိကြောင်းလဲ
မကြွားပါဘူး
သူများလာပြောရင်လည်း
ပြုံးပြုံးလေးပဲ နားထောင်သူတွေပေါ့
ပညာမဲ့ တွေကတော့
ဒီလိုမဟုတ်ပါဘူး
စကားကို စွာကျယ်စွာကျယ်ပြောတယ်
သူများကို အနိုင်ရအောင်ပြောတယ်
ဒီလိုလူမျိုးက သူတစ်ပါးကို စကားအရအနိုင်ရလိုက်ပေမဲ့
စိတ်ဓာတ်ရေးရာ ရှုံးနှိမ့်လိုက်မှန်း မသိကြပါဘူး
အလုပ်ကိုလည်း နည်းနည်းလုပ်ပြီး
များများပြောတယ်
သူတို့ ဘယ်လောက်အလုပ်လုပ်ကြောင်း
လူသိအောင် ကြွားဝါတယ်
သူတို့ဘယ်လောက် ချမ်းသာ ကြောင်း
ဘယ်လောက်ရှိကြောင်းလဲ
အမြဲပြောတတ်ကြတယ်
အမြဲကြွားဝါတတ်တယ်
ပြီးတော့ တစ်ဖက်သားကိုလည်း
အမြဲ အထင်သေးတတ်ကြတယ်
ပညာရှိနဲ့ ပညာမဲ့က သူတို့ရဲ့
အပြောအဆို အပြုအမူ အနေအထိုင်
အလုပ်အကိုင် ဒါတွေကို ကြည့်ခြင်းနဲ့
သိရှိနိုင်ပါတယ်
ပညာရှိ နဲ့ ပညာမဲ့ ဘာတွေကွာခြားလဲ
===============================
(Zawgyi)
ပညာရှိဆိုတာ တိတ်ဆိတ်တယ်
အပြောအဆို နူးညံ့တယ်
စကားအများကြီး မပြောဘူး
စကားနည်းတယ်
ပြောတဲ့စကားတွေထဲ
ပညာသားပါပါ ပြောတယ်
စကားနည်းနည်းနဲ့ ထိအောင်ပြောတယ်
သူတစ်ပါး နားလည်အောင်ပြောတတ်တယ်
အလုပ်လုပ်ခွင်ထဲလဲ
သူတို့ဘယ်လောက်လုပ်ကြောင်း
ကြွားနေမှာမဟုတ်ပါဘူး။
သူလုပ်စရာရှိတာ လုပ်သွားတာပဲ
တည်ငြိမ်မှုရှိတာပေါ့
သူတို့ဘယ်လောက်ရှိကြောင်းလဲ
မကြွားပါဘူး
သူများလာပြောရင်လည်း
ပြုံးပြုံးလေးပဲ နားထောင်သူတွေပေါ့
ပညာမဲ့ တွေကတော့
ဒီလိုမဟုတ်ပါဘူး
စကားကို စွာကျယ်စွာကျယ်ပြောတယ်
သူများကို အနိုင်ရအောင်ပြောတယ်
ဒီလိုလူမျိုးက သူတစ်ပါးကို စကားအရအနိုင်ရလိုက်ပေမဲ့
စိတ်ဓာတ်ရေးရာ ရှုံးနှိမ့်လိုက်မှန်း မသိကြပါဘူး
အလုပ်ကိုလည်း နည်းနည်းလုပ်ပြီး
များများပြောတယ်
သူတို့ ဘယ်လောက်အလုပ်လုပ်ကြောင်း
လူသိအောင် ကြွားဝါတယ်
သူတို့ဘယ်လောက် ချမ်းသာ ကြောင်း
ဘယ်လောက်ရှိကြောင်းလဲ
အမြဲပြောတတ်ကြတယ်
အမြဲကြွားဝါတတ်တယ်
ပြီးတော့ တစ်ဖက်သားကိုလည်း
အမြဲ အထင်သေးတတ်ကြတယ်
ပညာရှိနဲ့ ပညာမဲ့က သူတို့ရဲ့
အပြောအဆို အပြုအမူ အနေအထိုင်
အလုပ်အကိုင် ဒါတွေကို ကြည့်ခြင်းနဲ့
သိရှိနိုင်ပါတယ်
..
အကိုတေ အတွက်ချည်းပဲ ရောင်းနေတယ်မပြောနဲ့
ညယ်မလေးတွေ အမတွေအတွက်ပါရပီနော်
Digital စပန့် တစ်စုံ 5500
အီတလီ စပန့် တစ်စုံ 7000
😁😁😁
သာကတေ
သင်္ဃန်းကျွန်း
တောင်ဒဂုံ
မြောက်ဒဂုံ
Deli Free 😃😃😃
Deli Free
ရိုးဂုဏ်
-------
ဤဇာတ်လမ်းလေးသည် အိန္ဒိယနိုင်ငံမှ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး အမီတာဘချမ်း ပြန်ပြောပြသည့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်။
တစ်နေ့တွင် ဘချမ်းသည် လေယာဉ်ဖြင့် ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့် ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။
ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံသည်။ သူက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဘချမ်းကို ပြုံးပြလိုက်သည်။ ဘချမ်းက သူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး
“ဟဲလို” ဟုနှုတ်ဆက်လိုက်သည်။
သူကလည်း “ဟဲလို” ဟု ပြန်ပြောသည်။
ထိုလူကြီးက သူ့ကို ပြုံးကာကြည့်လိုက်ပြီး
“မောင်ရင် ဘာများလုပ်သလဲကွယ်” ဟုမေးလိုက်သည်။
သေချာသည်မှာ သူသည် ဘချမ်း၏ ရုပ်ရှင်များကို မကြည့်ဘူးပါ။ ထို့ကြောင့် ဘချမ်းက ပြုံးလိုက်ပြီး
“ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်ခင်ဗျာ ... ဦး ရုပ်ရှင်ကြည့်ပါသလား”
“အင်း ကြည့်တော့ကြည့်တယ် ... အများကြီးတော့ မဟုတ်ဘူး ... နှစ်တော်တော်ကြာမှ တစ်ကားလောက် ဆိုပါတော့”
သေချာသည်မှာ သူသည် ဘချမ်း၏ ရုပ်ရှင်တွေကို မကြည့်မိသေးကြောင်းဖြစ်သည်။ သူ့စိတ်ထဲကလည်း သူလို နာမည်ကျော် တစ်ယောက်ကို မသိရကောင်းလားဆိုကာ စိတ်ခုသွားမိသည်။
“မောင်ရင်က ရုပ်ရှင်လုပ်ငန်းမှာဆိုတော့ ဘာတွေ လုပ်သလဲ”
“ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ပါ”
“အိုး ... မင်းသားလား ကောင်းတာပေါ့”
သူက ဤမျှသာပြန်ပြောသည်။ ထိုစဉ် လေယာဉ်က ဆင်းသက်နေပြီ။ သူတို့ ထွက်ခွာရတော့မည်။ ဘချမ်းက ထိုလူကြီးကို လက်ထိုးပေးရင်း
“ကျွန်တော် အမီတာ ဘချမ်းပါ”
ထိုလူကြီးကလည်း ပြုံးပြလိုက်ပြီး
“ဟုတ်လား ... ဝမ်းသာပါတယ်ကွယ် ... ဦးနာမည်လည်း မှတ်ထားပါ ဂျေ အာ ဒီ တာတာ”
အမှန်တော့ တာတာဆိုသည်မှာ အိန္ဒိယနိုင်ငံမှ သန်းပေါင်းများစွာ ချမ်းသာသော TATA လုပ်ငန်းရှင် သူဌေးကြီး တစ်ယောက်ဖြစ်သည်။
ဘချမ်းက ပြန်ပြောပြသည်မှာ
“ကျွန်တော် အဲဒီနေ့ကစပြီးတော့ အများကြီး သင်ခန်းစာရသွားတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အလွန်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်လို့ထင်ပြီး သွေးနားထင်ရောက်နေတာ။ သူက ကျွန်တော့်ကို မသိဘူးဆိုတာ စိတ်ထဲတစ်မျိုးဖြစ်မိတာပေါ့။ ကျွန်တော့်ကို သူမသိတာ ဘာမှမဟုတ်ပါလား ... သူ့ကို ကျွန်တော် မသိတာမှ တော်တော်နောင်တရသွားတာ။ အလွန်ရိုးသားနှိမ့်ချပြီး သူ့ကိုယ်သူဘာမှန်းမသိအောင် နေပြသွားတဲ့ သူဌေးကြီးတစ်ယောက်က ပေးသွားတဲ့ သင်ခန်းစာက ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူးဆိုတာပဲ”
(Amithabh Bachan’s Traveling with Gentleman)
တင်ညွန့်
.
၉.၈.၂၀၂၀
" ဆယ်တန်းကျတာထက်
------------------------
စိတ်ဓာတ်မကျဖို့က ပိုအရေးကြီးတယ် "
------------------------------------
ဆယ်တန်းက
ဘဝတစ်ခု မဟုတ်ပါဘူး
အောင်သည်ဖြစ်စေ
မအောင်သည်ဖြစ်စေ
ဆက်လျှက် ရပ်တည်ရမယ်
အချိန်တွေ အများကြီးကျန်ပါသေးတယ်
အချိန်ရှိနေသ၍ ပြန်ကြိုးစားပိုင်ခွင့်ရှိတယ်
ဒီနှစ်မအောင်တော့လည်း နောက်နှစ်ပေါ့
တစ်နှစ်မဟုတ်တစ်နှစ်တော့ အောင်မှာပဲလေ
ဘာအတွက်ကြောင့် စိတ်ညစ်ခံနေမှာလဲ
မိမိကသာ ဂုဏ်ထူးနည်းလို့ ကျအောင်
ဖြေခဲ့တာလို့ဘဲ သက်မှတ်လိုက်စမ်းပါ
ဘယ်သူတွေကပဲ လာမေးမေး
အဲ့လိုပဲ ဖြေလိုက်စမ်းပါ
အောင်လည်းပျော်ပျော်
ကျလည်းပျော်ပျော်ပဲ
တကယ်တော့ ဆယ်တန်းက
ဘဝရဲ့ အဆုံးအဖြတ်မဟုတ်ဘူးလေ
ဘဝ၏ အဆုံးအဖြတ်က
မိမိအနာဂတ်ကို ဘယ်လိုဆေးခြယ်ရမလဲ
ဘယ်လိုတည်ဆောက်ရမလဲဆိုတာပါဘဲ
ထို့ကြောင့် ဆယ်တန်းကျလို့ အားငယ်မနေပါ
ဆယ်တန်းအောင်ဖို့ထက်
မိမိကျောင်းကနေ
ရလာခဲ့သည့် အသိပညာနှင့်
အတတ်ပညာကို မိမိဘဝမှာ
လက်တွေ့ကျကျ
အသုံးချတတ်ဖို့ပဲလေ
ဘွဲ့လက်မှတ်ထက်
အရေးပါတာတွေ အများကြီးပါ
အဲ့ဒါကြောင့် ဝမ်းနည်းပူဆွေးမနေပါနဲ့
အချိန်မရွေး ဘွဲ့လက်မှတ်က ရယူနိုင်ပါတယ်
ကိုယ့်ရဲ့ ပြန်ကြိုးစားမှုအပေါ်မှာ မူတည်တယ်
ပြီးတော့လည်း မိမိတစ်ယောက်တည်း
ဆယ်တန်းကျတာမှ မဟုတ်ဘဲ
အများကြီးပဲလေ
လူဆိုတာ ကျရှုံးမှုများမှ
အောင်မြင်မှုက ခိုင်ခံ့မယ်လေ
အောင်မြင်ပြီးလို့ ကျရှုံးခဲ့ရင်တောင်မှ
စိတ်ဓာတ်က တခြားသူတွေထက် ပိုခံနိုင်ရည်ရှိတယ်
တစ်ခုပဲ စိတ်ပူမိတာက ပြန်မကြိုးစားမှာကိုယ်ပဲ.........
နွေမိုးသား(((✍)))
''ကြက်ဥတစ်လုံးဘယ်လောက်လဲ"လို့ အမျိုးသမီးတစ်ယောက်က ကြက်ဥသည် အဘိုးအိုကိုမေးတယ်။ အဘိုးအိုက "ကြက်ဥတစ်လုံး ၁၀၀ ပါ"တဲ့။
အဲဒီအမျိုးသမီးက အဘိုးအိုကို "ကျွန်မ ၁၀ လုံးယူမယ်လေ။ ၉၀၀ ပဲထား။ မရရင်တော့ မယူတော့ဘူး"လို့ဆစ်တော့အဘိုးအိုက"စျေးဦးပေါက်မို့ ယူသွားပါသမီးရယ်၊ ဒီနေ့တစ်လုံးမှ မရောင်းရသေးလို့ပါ"လို့ပြန်ဖြေတယ်။
အမျိုးသမီးက ကြက်ဥတွေယူပြီး အောင်ပွဲခံခဲ့ပြီဆိုတဲ့ ဟန်ပန်နဲ့ ကြက်ဥသည် အဘိုးအိုရှေ့က ထွက်သွားတယ်။
ပြီးတော့ လှပတဲ့ကားကလေးပေါ်တက်ပြီး အဖော်နဲ့ တန်ဖိုးကြီးတဲ့ စားသောက်ဆိုင် သွားစားကြတယ်။ သူတို့ကြိုက်တာတွေမှာစားကြတယ်။ နည်းနည်းသာ စားပြီး ချန်ထားခဲ့တာတွေကအများကြီးပဲ။
ငွေရှင်းတော့ ၃၂၄၀၀ ကျတယ်။ ဆိုင်ရှင်ကို ၃၃၀၀၀ ပေးပြီး ပိုတာပြန်မအမ်းနဲ့တော့လို့ ပြောရင်း ခပ်ကြွားကြွား ထွက်လာခဲ့ကြ တယ်။ ပိုတဲ့ပိုက်ဆံပြန်မအမ်းခိုင်းတာက ဆိုင်ရှင်အတွက် ဘာမှ မထူးခြားတဲ့ တကယ့်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမဲ့ ဆင်းရဲတဲ့ ကြက်ဥ သည် အဘိုးအိုအတွက်ကတော့ အင်မတန်နာကျင်ဖွယ်ရာပေါ့။
မေးခွန်း(၁) ။
ချို့တဲ့ပြီး ငွေလိုအပ်နေသူတွေဆီက တစ်ခုခုဝယ်ယူတဲ့အခါ
ဘာလို့ ကျွန်တော်တို့အာဏာ ပြရတာလဲ။
မေးခွန်း(၂)။
ကျွန်တော်တို့ဆီက ရက်ရောမှုကို မလိုအပ်တဲ့
သူတွေကို ဘာလို့ ကျွန်တော်တို့က စေတနာပြချင်
ရတာလဲ။
္မရေချမ်းစင်
အရည်သွေး ကောင်းမွန် တဲ့ "ငပိ" ရဖို့ဆိုရင် သက်မှတ်ထားတဲ့ အချိန်ကာလတစ်ခု အထိ သေချာသိုလှောင် ထားဖို့ လိုပါလိမ့်မယ်...။
ဒါမှ အနံ့လဲမွှေး အရသာလဲ ချို
စားရတာ အရမ်းကောင်းနေမှာပါ
အဲ့လို ငပိမျိုးကို ရှာနေတယ်ဆိုရင်တော့ ဒီမှာရောင်းပေးနေပါပီ ခင်ဗျာ
🙂🙂🙂
အစဥ်အလာ မပျက်ယွင်းတဲ့
မင်္ဂလာ မနက်ခင်းပါ စျေးရောင်းဝယ်လာ ဆွေသဟာတို့🥰
နှလုံး စိတ်ဝမ်း အေးချမ်းပါစေ
ချမ်းမြေ့သာယာရှိကြပါစေဗျာ😍😍
ဘဝမှာ..
အောင်မြင်ခြင်း..ရှံးနိမ့်ခြင်းဆိုတာကလည်း
အရေးမကြီးလှဘူး။
ရယူလိုက်ရခြင်း၊ ပေးဆပ်လိုက်ရခြင်းဆိုတာကလည်း အရေးမပါလှဘူး။
သေရေးရှင်ရေးတမျှ အရေးကြီးလာချိန်မှာ..
ကိုယ့်ရဲ့ရှင်သန်ရပ်တည်မှုအတွက်
ဘယ်လိုဖောက်ထွက် တိုက်ပွဲဝင်ရမလဲ ဆိုတာကမှ
အရေးကြီးတာ။
ပါးစပ်တွေကိုပိတ်၊ ခြေလက်တွေကို ချုပ်နှောင်ခံထားရတဲ့
အခြေအနေတစ်ခုကို..
စိတ်ရှည်သည်းခံစွာ ရင်ဆိုင်ကျော်ဖြတ်နိုင်တာကမှ..
အရေးပါတာ..အဓိပ္ပါယ်ရှိတာ..။ ။
credit
ငပိရည် တစ်မျိုးတကယ်ကောင်းဖို့ဆိုရင် 6လ တစ်နှစ်အချိန်ပေးပီး သိပ်ထားရပါတယ် မျှင်ငပိဆိုရင် ဟောင်းလေ ကောင်းလေပါပဲ တစ်ခုတော့ရှိတာပေါ့လေ ငပိသိပ်တဲ့နေရာမှာ သန့်ရှင်းဖို့တော့လိုပါတယ် မွှေးပျံတဲ့ ငပိတစ်ခွက်က အိမ်တစ်အိမ်အတွက် တကယ့်စားပွဲပါပဲ
အိမ်ရှင်မတွေအနေနဲ့က စျေးဖိုးလဲ တွက်ရသေးတယ် ဟုတ်
စျေးလဲ ချိုရမယ်
အနံလေးလဲ မွှေးရမယ်
သဘာဝစစ်ပီး သန့်ရှင်းရမယ်
အဲ့လိုငပိမျိုးကို ရှာနေတယ်ဆိုရင်တော့ ကျွန်တော်ဆီမှာ ဝယ်လို့ရပါပီနော်
Promotion အနေနဲ့🥰🥰
သင်္ဃန်းကျွန်း
သာကေတ
တောင်ဒဂုံ
တောင်ဥက္ကလာ
မြို့နယ်တွေကို delivery freeပါ😘
လူအမျိုးမျိုး အကြိုက်အဖုံဖုံလို့ဆိုကြတယ်မို့လား အခုလဲ ငပိအမျိုးမျိုး အကြိုက်အစုံစုံလို့ ပြောချင်တာပါ😁
ပင်လယ်ဘက်က လူတွေကပင်လယ်ဘက်က ငပိရေကျိုအရသာကိုကြိုက်တယ် ရေချိုဘက်က လူတွေက ရေချိုငပိရည်ကိုပိုကြိုက်တယ် ဘယ်အမျိုးအစားကို ကြိုက်ပါစေ ကျွန်တော်ဆီမှာ ဝယ်လို့ရပါတယ်အနံ့အရသာက ချိုမွှေးနေတာ ကိုယ်တိုင်ပဲစားစား ဧည့်သည်ပဲ ကျွေးကျွေး မျက်နှာပန်းလှပီး အိမ်ရှင်မတွေ ချီးကျူးခံရမှာ သေချာတယ်ဗျာ
သဘာဝစစ်စစ် ငါးငပိရေကျို
သန့်ရှင်းပီး အရသာကောင်း
အရည်အသွေးအာမခံတယ်နော်
1 viss 4000 (လပွတ္တာ ငပိ)
1viss 5000 (ရေချို)
မျှင်ငပိ 1viss 4000
Messenger ကနေ မှာလို့ရသလို
09422546484 ကိုလဲ ဆက်သွယ်ပြီးမှာလို့ရပါတယ်ဗျာ
လပွတ္တာမြို့လေးလို့ ကြားလိုက်တာနဲ့
နာဂစ်မုန်တိုင်းကြီး တိုက်ခတ်လို့စုတ်ပြတ်ကျန်ခဲ့ရတာကို တန်းမြင်ယောင်မိကြတာပါပဲ😔 မင်းဘယ်နယ်ကလဲ မေးလိုက်လို့ လပွတ္တာသားပါဆိုရင် ဟာ နာဂစ်မုန်တိုင်းကြီးဖြစ်တုန်းက အတော်ကြီး သေကုန်တယ်နော်လို့ဆိုကြတယ်😐
ဟုတ်တာပေါ့ သိပ်ထိခိုက်ခဲ့တာ
မာန်အားနဲ့ ပြန်ထလာတဲ့မြို့💪💪
အလှုူအတန်းရက်ရောတဲ့မြို့🥰
နှစ်ဆန်းတစ်ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲဆိုလဲ ကျောင်းပေါင်းရာချီလှူတဲ့မြို့လေး😘
ရေထွက်ကုန် နဲ့ဆန်စပါးအဓိကထွက်တဲ့မြို့🥰
မြို့ရဲ့ကမ်းနားကနေ မျှော်ကြည့်ရင် လှိုင်းထန်နေတဲ့မြစ်ကိုမြင်ရတယ် ကမ်းနားကအစီအရီ အဆောက်အဦးကြီးတွေက ဂဏန်းဒိုင်ကြီးတွေ ပုဇွန်ခြောက် ငပိတွေတင် နာမည်ကြီးတယ်မှတ်လို့ လပွတ္တာပုဇွန်ဆီဆိုတာ သိပ်ကောင်းတာ သိပ်ချိုတာ လတ်ဆတ်တာ စားဖူးသူတိုင်းသိကြတာပါပဲ မြို့လေးရဲ့ ကမ်းနားကို ဆိုက်ရောက်တဲ့ စက်လှေတွေမှန်သမျှက ငပိငခြောက်ထွက်တဲ့ ရွာတွေဆီကချည်းပဲ ငပိဆိုလဲ ချိုနေရော ကောင်းနေရော ပုဇွန်ခြောက်ဆိုလဲ လတ်ဆတ်ရဲတွတ်နေတာပဲ
လပွတ္တာရဲ့ ထွက်ကုန်ပစ္စည်းတိုင်း နာမည်ကြီးတာက မြို့ရဲ့ဂုဏ်သတင်းပါပဲ 🥰🥰🥰
မင်းလုပ်နိုင်ပါတယ်...💪💪💪
➖➖➖➖➖➖➖➖➖
ဘဝ ရဲ့ ........
အဆင်မပြေမှုတွေကြား ပိတ်မိနေလား.....!!!!
စိတ်ဓာတ် မကျလိုက်ပါနဲ့။
တချို့အရာတွေက ......
ဖောက်ထွက်ဖို့အချိန်လိုသလို။
တချို့အရာတွေက ......
ကိုယ့်ရဲ့ သည်းခံစိတ်ရှည်မှုကို ....
စမ်းသပ် လိုက်တာလည်း ဖြစ်နေတတ်တယ်။
အားတင်းထားပါ "မင်း လုပ်နိူင်ပါတယ်"။
ကိုယ် အရမ်းမြတ်နိူးရတဲ့ ......
လူ တစ်ယောက်ကို သေကွဲ ၊ ရှင်ကွဲ ခွဲလိုက်ရလို့
အရမ်းခံစားနေရလား......!!!!
ဘဝကို အရှုံးမပေးလိုက်ပါနဲ့ .....
ရေစက်ဆိုတာ တစ်ဖက်တည်းက
တန်ဖိုးထားရုံနဲ့ တည်မြဲနေတတ်တာ မဟုတ်သလို။
အရာအားလုံးက .....
သူ မထားခဲ့လည်း အချိန်တန်ရင် .....
ကိုယ်က ထားခဲ့ရမှာချည်းပါပဲ ဖြေပါနော်
"မင်း လုပ်နိူင်ပါတယ်။
ကိုယ့်ဘဝကို စိတ်ပျက်နေလား........!!!!
စိတ်မပျက် လိုက်ပါနဲ့။
လူဆိုတာ .......
အရမ်း စွမ်းအားကြီးတဲ့ သတ္တဝါပါ
လူတစ်ယောက်က ကြိုးစားအားထုတ်မှု မှန်ကန်ရင်
ဘုရားတောင် ဖြစ်သွားနိူင်ပါတယ်။
ဖိနပ် မရှိတိုင်း ငိုနေရင် .....
ခြေထောက် မရှိတော့တဲ့ .....
သူတွေကို အားနာလိုက်ပါ။
အထီးကျန်လွန်းလို့ ......
စိတ်ဓာတ် ကျနေမိရင်
မိဘမဲ့ ကလေးငယ်တွေကို အားနာလိုက်ပါ။
ခံစား ရလွန်းလို့ မခံစားနိူင်ဘဲ ဖြစ်နေရင် ....
မသန်စွမ်းသူတွေရဲ့ ဘဝကို မျက်နှာပူလိုက်ပါ။
ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်ရင် .....
ကိုယ့်ရဲ့ ဘဝကို ကိုယ်ကိုယ်တိုင်ပဲ
အကောင်းဆုံး ရုန်းထရပါလိမ့်မယ်။
ကြိုးစားပါ "မင်း လုပ်နိူင်ပါတယ်။
လောကမှာ .......
ကြီးမားလွန်းတဲ့ အရှက်ကွဲမှုကြောင့်
လူတောမတိုးရဲသလို ဖြစ်နေလား.......!!!!
လူဆိုတာ အမှားအယွင်း ......
အပြစ် ကင်းစင်သူ ဆိုတာ အရမ်းရှားပါတယ်။
အပြစ် အနာ /အဆာ .....
အနည်းနဲ့အများပဲ ကွာခြားတာပါ။
ကိုယ့်ရဲ့ အားနည်းချက်ကို အမြဲတွေးပြီး .....
ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတာက
ကိုယ့်ဘဝကို အရှုံးပေးနေရုံတင်မကဘဲ။
ကိုယ့်ရဲ့ကျေးဇူးရှင် မိဘနှစ်ပါး .....
ကိုယ့်ကြောင့် များစွာ ထိခိုက်သွားစေနိူင်ပါတယ်။
ကိုယ့်ရဲ့စိတ်ကို ......
အမြဲ အကျဉ်းချနေမယ့်အစား။
ကိုယ့်ရဲ့မိဘမျက်နှာကို ထောက်ထားရင်
ရုန်းထွက်ဖို့ ကြိုးစားပါတော့နော်။
လူ့ဘဝမှာ အရှက် သိက္ခာဆိုတာ ....
အသက်ထက် အရေးကြီးတယ်ဆိုပေမယ့်။
ရှင်လျက်နဲ့ ဘဝသေနေတာက။
အရှက်ကွဲလိုက်တာထက် ပိုဆိုးနေတတ်ပါတယ်။
ဖြစ်နိူင်ရင် မြန်မြန်ရုန်းထပြီး .....
ကိုယ့်အတွက် မဟုတ်ရင်တောင်မှ
ကိုယ့်မိသားစု / ကိုယ်နိုင်ငံ အတွက်
ကိုယ့်ရဲ့ ရှင်သန်မှုကို အကျိုးရှိရှိ အသုံးချပါ။
"မင်း လုပ်နိူင်ပါတယ်။
သူငယ်ချင်း.......
ဘာကိုပဲလုပ်လုပ် / ဘာတွေပဲဖြစ်ဖြစ်
ဘယ်လို အရာတွေပဲကြုံကြုံ
ဘယ်လို စိတ်ဖိစီးမှုတွေပဲ ခံစားနေရပါ့စေ။
"ငါ လုပ်နိူင်ပါတယ်လို့ .....
စိတ်ထဲက ခိုင်ခိုင်မာမာခံယူပြီး ကြိုးစားပါ။
မင်း ဘဝက .....
တစ်ရက်ပြီးတစ်ရက် /တစ်နှစ်ပြီးတစ်နှစ်
အများက အားကျ လေးစားလောက်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်နိူင်တယ်ဆိုတာ .....
ဗေဒင် မေးစရာမလိုအောင် မှန်နေပါလိမ့်မယ်။
👉👉 #သင့်အတွက် စိတ်ခွန်အား ၊ အားဆေး🍶တစ်ခွက် ဖြစ်ခဲ့လျှင် ပြန်လည် ၊🔄ဝေမျှပေးပါ။
:မူရင်းရေးသူ
#လေးစားစွာဖြင့်
#စိတ်ခွန်အား စာပေ ဗဟုသုတ