National Climate Smart Agriculture Center

National Climate Smart Agriculture Center

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from National Climate Smart Agriculture Center, College & University, .

A center to lead CSA initiatives and to build capacities of concerned Government personnel and other stakeholders on CSA as an effective tool for climate change mitigation and adaptation in Myanmar.

News Coverage on National Workshop on Innovative Pathways to Climate Resilient Livelihoods - Sustainable cropland, forest management in agro-ecosystems, Myanmar 25/01/2021

A 3rd National Workshop on “Innovative Pathways to Climate Resilient Livelihoods” was virtually organized on 22nd Jan 2021 by Yezin Agriculture University (YAU) and FAO (SLM-GEF Project) through the National CSA Center.

The workshop was organized with the objective to bring researchers, development workers, academicians and policymakers to one platform to discuss and share research findings, experiences and knowledge on innovative concepts and practices on climate resilience livelihoods applicable to Myanmar context.

It was jointly opened by H. E. Dr. Aung Thu, The Union Minister for MoALI; Mr. Arnold Franz, the FAOR a.i. and Dr. Nang Hseng Hom, the Rector of YAU.

See more ...
http://www.slmmyanmar.info/news/news-coverage-on-national-workshop-on-innovative-pathways-to-climate-resilient-livelihoods/

News Coverage on National Workshop on Innovative Pathways to Climate Resilient Livelihoods - Sustainable cropland, forest management in agro-ecosystems, Myanmar News Coverage on National Workshop on Innovative Pathways to Climate Resilient Livelihoods - Sustainable cropland, forest management in agro-ecosystems, Myanmar %

23/01/2021

ကြေးမုံသတင်းစာ (၂၃-၁-၂၀၂၁)

23/01/2021

မြန်မာ့အလင်းသတင်းစာ (၂၃-၁-၂၀၂၁)

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ 22/01/2021

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရေဆင်းစိုက်ပျိုး....

Photos from National Climate Smart Agriculture Center's post 22/01/2021

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center)၏
တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်း အတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ
(ဇန်နဝါရီလ ၂၂ရက် ၂၀၂၁ခုနှစ်)

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန(NCSA Center)တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ရာသီဥတု ဒဏ်ခံနိုင်ရှည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် အမှာစကား ပြောကြားပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုး တက် ရေး ကော်မတီ ဥက္ကဌ ဦးရန်လင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာ မျိုးကြွယ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ် Mr. Franz-Eugen Arnold ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေး မှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MONREC နှင့် GEF တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ် က ကျေးဇူးတင်စကား ပြောကြားပြီး
ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ် က ရာသီဥတုဒဏ် ခံနိုင် ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင် ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အခြေစိုက် တည်ထောင်ထားသော အမျိုးသားအဆင့် ရာသီဥတု နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေအနေကို ထိန်းသိမ်းဆောင်ရွက်ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေရန်နှင့် ပါဝင်ဆောင်ရွက်သူများ၏ စွမ်းရည်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့်စိုက်ပျိုးရေးအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန တို့ ပူး‌ပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ယနေ့ကျင်းပပြုလုပ်သော ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင် ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပထမအပိုင်းတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာလှသန်း က လည်းကောင်း၊ ဒုတိယပိုင်းတွင် ဒေါက်တာသီဟ (Sustainable Forest Management Specialist) နှင့် Mr. Jitendra P. Jaiswal (Climate Smart Agriculture Specialist) တို့က လည်းကောင်း အခမ်းအနား သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး စာတမ်းရှင်များက စာတမ်း ၁၀ စောင် ဖတ်ကြား တင်သွင်းခဲ့ကာ ၁၅၀ ဦးခန့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
https://www.agri.com.mm/13252-2/

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနို 22/01/2021

National Workshop on Innovative Pathways to Climate Resilient Livelihoods, virtually organized by FAO-SLM Myanmar and YAU-NCSA Center on 22 January 2021

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန(NCSA Center)တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ရာသီဥတု ဒဏ်ခံနိုင်ရှည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုး တက် ရေး ကော်မတီ ဥက္ကဌ ဦးရန်လင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာ မျိုးကြွယ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ် Mr. Franz-Eugen Arnold ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေး မှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MONREC, GEF, တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်း စိုက်ပျိုးရေးတက္က...

3rd National Workshop on Innovative Pathways to Climate Resilient Livelihoods, NCSA Center 30/12/2020

ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့်ရာသီဥတုနှင့်သဟဇာတဖြစ်သောစိုက်ပျိုးရေးဗဟိုဌာန တို့ ပူးပေါင်းကျင်းပသည့်

ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောလူမှုဘဝအတွက်တီထွင်ဆန်းသစ်သည့်နည်းလမ်းများ (Innovative Pathways to Climate Resilient Livelihoods) ဆိုင်ရာ တတိယအကြိမ်မြောက် အမျိုးသားအဆင့်အလုပ်ရုံအစည်းအဝေးနှင့်သုတေသနစာတမ်းဖတ်ပွဲ
ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် virtual event အနေဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့်စာတမ်းဖတ်ပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအား လေးစားစွာဖိတ်ခေါ်အပ်ပါသည်။ တက်ရောက်ပါဝင်နိုင်ရန်အတွက် အောက်ဖော်ပြပါ link တွင် ယနေ့မှစ၍ (၁၉-၁-၂၀၂၁)ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။

တက်ရောက်ရန်စာရင်းပေးသွင်းထားသူများထံသို့ virtual event login ID နှင့် password များကို (၂၀-၁-၂၀၂၁)ရက်နေ့ တွင် စာရင်းပေးထားသည့် email များထံသို့ ပြန်လည်ပေးပို့သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တက်ရောက်ရန် စိတ်ပါဝင်စားပါက ယခုဘဲ စာရင်းပေးသွင်းကြပါစို့။

စာရင်းပေးသွင်းရန် link
👉 https://forms.gle/rFjGBkkPTZ4pSiFW9

3rd National Workshop on Innovative Pathways to Climate Resilient Livelihoods, NCSA Center Thank you for registering for 3rd National Workshop on Innovative Pathways to Climate Resilient Livelihoods, NCSA Center. We will provide the link to join this virtual event on or before 20, January 2021. Event Timing: January 22nd, 2021 Event: Zoom Virtual Workshop Contact us at [email protected]....

30/12/2020

Registration for the 3rd National Workshop on “Innovative Pathways to Climate Resilient Livelihoods”

🌿The 3rd National Workshop of National Climate Smart Agriculture Center (NCSA Center) with a special focus on "Innovative Pathways to Climate Resilient Livelihoods", will convene at 22nd January, 2021. The workshop is virtually organized by NCSA Center, Yezin Agricultural University and Food and Agriculture Organization of the United Nations (FAO).

🌿The 3rd National Workshop on "Innovative Pathways to Climate Resilient Livelihoods" aims to bring researchers, scholars, scientists, policymakers, environmental science community, academicians and weather scientists on one platform to showcase their research efforts and contributions. Four sub-themes of the 3rd National Workshop on Innovative Pathways to Climate Resilient Livelihoods are
- Agriculture, Forestry, Livestock and Fishery, and Microenterprise Business Development.

🌿Participants will have an opportunity to discuss various issue related to those subthemes toward climate resilient livelihoods of Myanmar including future scenarios, transition management and international cooperation. In this regard, we cordially invite you to attend the virtual event on Innovative Pathways to Climate Resilient Livelihoods for a wonderful experience, knowledge sharing, networking opportunities, publishing and many more.

Click the link below to register and you have until January, 19, 2021 to register.

👉 https://forms.gle/rFjGBkkPTZ4pSiFW9

🌿After registration, we will provide the zoom link to join this virtual event, on or before January 20, 2021.

Secretariate of NCSA Center
email: [email protected]

05/12/2020

ကမ္ဘာ့မြေဆီလွှာနေ့ (World Soil Day)- မြေဆီလွှာကိုထိန်းသိမ်းခြင်းဖြင့် ဇီဝမျိုးကွဲများကိုကာကွယ်ပါ။

SLM-GEF စီမံကိန်းမှ ကမ္ဘာ့မြေဆီလွှာနေ့ လုပ်ဆောင်ချက်များ။

05/12/2020

December 5: World Soil Day, "Keep soil alive, Protect soil biodiversity".
ကမ္ဘာ့မြေဆီလွှာနေ့ - မြေဆီလွှာကိုထိန်းသိမ်းခြင်းဖြင့် ဇီဝမျိုးကွဲများကိုကာကွယ်ပါ။

http://www.slmmyanmar.info/keep-soil-alive-protect-soil-biodiversity/

04/12/2020

ဒီဇင်ဘာလ ၅ရက်နေ့ ကမ္ဘာ့မြေဆီလွှာနေ့ကို ဂုဏ်ပြုပါသည်။

25/11/2020

Call for paper

We cordially invite you to submit the research paper to the third national workshop of NCSA Center, which will be virtually organized by Yezin Agricultural University (YAU) and Food and Agriculture Organization of United Nations (FAO) in January 22, 2021.

Theme: NCSA Center is calling the research paper at the theme of "Innovative Pathways to Climate Resilient Livelihoods", which is related to Agriculture, Forestry, Livestock and Fishery, and Microenterprise Business Development areas.

Deadline for paper submission: December 20, 2020

Contact and Paper Submission
Secretariates of NCSA Center,
email: [email protected]

25/11/2020

#ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောလူမှုဘဝအတွက်တီထွင်ဆန်းသစ်သည့်နည်းလမ်းများ
Innovative Pathways to Climate Resilient Livelihoods

11/11/2020

စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများအတွက်

Rapid assessment on impact of COVID-19 on rural farmers - Sustainable cropland, forest management in agro-ecosystems, Myanmar 29/10/2020

ကမ္ဘာစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ မြန်မာနိုင်ငံ စီမံကိန်းတစ်ခုဖြစ်သော
မြန်မာနိုင်ငံဦးစားပေးစိုက်ပျိုးရေးဂေဟစနစ်များတွင် ရေရှည်တည်တံ့သော စိုက်ပျိုးမြေနှင့် သစ်တောမြေ စီမံခန့်ခွဲမှု စီမံကိန်း
“Sustainable cropland and forest management in priority agro-ecosystems of Myanmar (the SLM Project)” သည်

ယင်း၏ စီမံကိန်းဆောင်ရွက်ရာ မြို့နယ်လေးမြို့နယ် ဖြစ်သည့်
မင်းတပ် (တောင်ပေါ်ဒေသ)၊ ကျောက်ပန်းတောင်း နှင့် ညောင်ဦး (အပူပိုင်းဒေသ) နှင့် လပ္ပတ္တာ (မြစ်ဝကျွန်းပေါ်ဒေသ) မြို့နယ်များအတွင်း

ရာသီဥတုပြောင်းလဲမှု နှင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ် ၁၉ (Covid 19) ကပ်ရောဂါတို့နှင့် စပ်လျဉ်းပြီး
ရင်ဆိုင်နေရသော စိုက်ပျိုးရေး ဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများကို သိရှိနိုင်ရန်အတွက်

ကျေးလက်ဒေသနေ တနိုင်တပိုင်စိုက်ပျိုးလုပ်ကိုင်နေသူ တောင်သူလယ်သမား (၁၇၂)ဦးအား
တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အမြန်ဆန်းစစ်မှု စစ်တမ်း (rapid assessment) တစ်ခု ကောက်ယူဆောင်ရွက်ခဲ့ပါသည်။

စစ်တမ်းတွေ့ရှိချက်များကို www.slmmyanmar.info တွင် လည်းကောင်း (http://www.slmmyanmar.info/updatenews/rapid-assessment-on-impact-of-covid-19-on-rural-farmers/) ဝင်ရောက်ဖတ်ရှုနိုင်သကဲ့သို့

တွေ့ရှိချက်အပြည့်အစုံကို
http://www.slmmyanmar.info/download/impact-of-covid-19/ တွင် ရယူနိုင်ပါသည်။

NCSA Center

Rapid assessment on impact of COVID-19 on rural farmers - Sustainable cropland, forest management in agro-ecosystems, Myanmar Total 171 respondents from 82 communities were involved. Smallholders rural farmers from Mindat and Kanpetlet (Hilly Region), Nyaung-U and Kyaukpadaung (Central Dry Zone) and Labutta (Delta/Coastal Region). Data collection started from 11 to 22 May by telephone interview (2 participants/village).

16/10/2020

2020

14/10/2020

CSA နည်းပညာ ဖတ်စရာမှတ်စရာ

စားနပ်ရိက္ခာဖူလုံမှု (food security) အတွက် ရေရှည်တည်တံ့သောဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေး (sustainable rice production system) ဟာ အင်မတန် အရေးပါလှပါတယ်။

တချိန်တည်းမှာပါဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းတည်မြဲရေး နှင့် ဂေဟဗေဒစနစ်များ တည်တံ့တိုးပွါးရေး (ecological intensification and environmental enhancement) အတွက် သီးနှံတစ်မျိုးတည်းအမြဲစိုက်ပျိုးနေခြင်းထက် သီးနှံအမျိုးစုံလင်စွာ ရောနှောစိုက်ပျိုးခြင်း (diversified farming system) သည်လည်း မဖြစ်မနေလိုအပ်လာပါတယ်။

ထိုသို့ စိုက်ပျိုးထုတ်လုပ်ခြင်းများ ဆောင်ရွက်တဲ့အခါမှာ အသုံးပြုလိုက်တဲ့သွင်းအားစုများဟာ အသုံးချစွမ်းအင် (energy use efficiency) အနေနဲ့ ထိရောက်ဖို့ အင်မတန်အရေးကြီးလာတဲ့အချက်တစ်ချက် ဖြစ်လာပါတယ်။

ဒီအချက် သုံးချက်ပေါ်အခြေခံပြီး လက်ရှိစိုက်ပျိုးထုတ်လုပ်နေတဲ့ ဆန်စပါးအခြေခံသီးနှံပုံစံတွေဟာ ရေရှည်တည်တံ့တဲ့စိုက်ပျိုးထုတ်လုပ်မှုတွေကို ဖြစ်စေပါရဲ့လား သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒစနစ်ကို ဘယ်လိုအသုံးချလိုက်နေပါသလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ယခုနှစ် ၂၀၂၀ ဩဂုတ် (၂၉) ရက်နေ့က တွေ့ရှိထုတ်ပြန်ထားတဲ့ ဥရုဂွေးနိုင်ငံက သုတေသနတစ်ခုကို ပြန်လည်မျှဝေလိုပါတယ်။
သုတေသီ Macedo နဲ့ အဖွဲ့ဟာ
(က) စပါးတစ်သီးတည်းစိုက်ပျိုးခြင်း၊
(ခ) စပါး - ပဲပုတ် သီးနှံပုံစံ၊
(ဂ) စပါး- စားကျက်စိုက်ခင်း သီးနှံပုံစံ ၊
(ဃ) စပါး-စပါး-စားကျက် သီးနှံပုံစံ
စတဲ့သီးနှံပုံစံ လေးခုကို အသုံးပြုလိုက်သော မျိုးစေ့၊ သွင်းရေ၊ ဓါတုသွင်းအားစုများ အပါအဝင် သွင်းအားစုများမှ စွမ်းအင်အသုံးပြုမှု နှင့် ပြန်လည်ဖြည့်တင်းပေးမှု တန်ဖိုးများ (ပုံပါ ဒုတိယဇယား) ကို တွက်ချက်လေ့လာခဲ့ရာ

🌾 စပါးတစ်သီးတည်း စိုက်ပျိုးခြင်းဟာ ထည့်သွင်းလိုက်တဲ့သွင်းအားစုများအပါအဝင် ပတ်ဝန်းကျင်မှ အသုံးချစွမ်းအင် သုံးစွဲမှု အမြင့်မားဆုံးဖြစ်ကြောင်း၊

🌾 စပါး-စားကျက် သီးနှံပုံစံသည် ထည့်သွင်းလိုက်တဲ့သွင်းအားစုများအပါအဝင် ပတ်ဝန်းကျင်မှ အသုံးချစွမ်းအင် သုံးစွဲမှု အနည်းဆုံးဖြစ်ကြောင်း၊

🌾 စပါးသီးနှံအပြီး စားကျက်စိုက်ခင်းထည့်သွင်းစိုက်ပျိုးခြင်းသည် အခြားသီးနှံပုံစံ သုံးခုထက် စွမ်းအင် (သွင်းအားစု) လိုအပ်ချက်နည်းကြောင်း

🌾 စိုက်ပျိုးမွေးမြူရေးတွဲဘက်လုပ်ကိုင်ခြင်းသည် သီးနှံစိုက်ပျိုးရေးတစ်ခုတည်းအတွက် မြေကိုအသုံးချခြင်းထက် စိုက်ပျိုးရေးဂေဟဗေဒစနစ်ကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းနိုင်ကြောင်း

စသည်ဖြင့် သီးနှံ-စားကျက် စိုက်ပျိုးနည်းစနစ်၏ အကျိုးကျေးဇူးများကို သိပ္ပံနည်းကျ တွက်ထုတ်ဖော်ပြထားပါသည်။

🔹CSA နည်းပညာ အကူအညီများနှင့်ဆက်လျဉ်း၍ [email protected] သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။

ကိုးကား။ Macedo, I., Terra, J. A., Siri-Prieto, G., Velazco, J. I., & Carrasco-Letelier, L. (2021). Rice-pasture agroecosystem intensification affects energy use efficiency. Journal of Cleaner Production, 278. doi:10.1016/j.jclepro.2020.123771

13/10/2020

#အမျိုးသားအဆင့်ရာသီဥတုနှင့်သဟဇာဖြစ်သောစိုက်ပျိုးရေးဗဟိုဌာန (NCSA Center)သည်

ကမ္ဘာတဝှန်းရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများကွန်ယက် က ဖွဲ့စည်းတည်ထောင်ထားသည့်

🍀 သဘာဝသယံဇာတအရင်းအမြစ်နှင့်ဖွံဖြိုးရေးဆိုင်ရာစင်တာများ (The Centers for Natural Resources and Development (CNRD)) အဖွဲ့ဝင် ဗဟိုဌာနတစ်ခုဖြစ်ပါတယ်။

CNRD network၏ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၃)ရပ်မှာ

👩🏻‍🎓 ဘွဲ့လွန်သင်တန်းပညာရေး (Postgraduate Education)
👩🏻‍🔬 အသုံးချသုတေသနလုပ်ငန်းများ (Applied Research)
👩🏻‍💻 စွမ်းဆောင်ရည်ဖွံဖြိုးတိုးတက်မှု (Capacity Development)
တို့ဖြစ်ပါတယ်။

👉 https://www.yau.edu.mm/cnrd/

👉 https://www.cnrd.info/

👉 https://www.cnrd.info/partner/

13/10/2020

မတူညီသော စပါးမျိုး အသီးသီး ၏
ကွဲပြားခြားနားသော စိုက်ပျိုးနည်းစနစ်များတွင်
ထွက်ရှိလာသော မီသိန်းဓါတ်ငွေ့ တိုင်းတာတွက်ချက်ခြင်း လုပ်ငန်းသည်

NCSA Center ၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များထဲမှ တစ်ခုဖြစ်ပါသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် နွေစပါးရာသီ နှင့် မိုးစပါးရာသီကာလအတွင်း

🌾 ရေဆင်း၊ပျဉ်းမနား နယ်မြေတွင် အစိုက်များသော စပါးမျိုးနှစ်မျိုး (သီးထပ်ရင် နှင့် ထိုင်းနှံကောက်)
🌾 စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေမည့် အလားအလာကောင်းသော စပါးမျိုးတစ်မျိုး (super green rice) တို့ကို

🔸သမရိုးကျ သွင်းရေစီမံခန့်ခွဲမှု နှင့်
🔹ရေလိုအပ်ချက်အပေါ်မူတည်၍အလှည့်ကျ သွင်းရေစီမံခန့်ခွဲမှု တို့ဖြင့် စိုက်ပျိုးထားရှိခဲ့ပြီး

အဆိုပါ စပါးခင်းများမှ မီသိန်းဓါတ်ငွေ့ ထွက်ရှိမှုများကို အပတ်စဉ်တိုင်းတာခဲ့ရာ

🔹စပါးပင် ရေလိုအပ်ချက်အပေါ်မူတည်၍အလှည့်ကျ သွင်းရေစီမံခန့်ခွဲမှု သည့်

မီသိန်းဓါတ်ငွေ့ထွက်ရှိမှုကို သိသာစွာ လျော့ချပေး နိုင်ကြောင်း နှင့်

🌾 စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေမည့် အလားအလာကောင်းသော စပါးမျိုး (super green rice) သည် လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများ၏ အထွက်နှုန်း နှင့် သိသာစွာ ကွာခြားမှု မရှိသော်လည်း
အဆိုပါ စပါးမျိုးများထက် မီသိန်းဓါတ်ငွေ့ထွက်ရှိမှုကို လျော့ချပေး နိုင်ကြောင်း -

သုတေသနပြု တွေ့ရှိပါသည်။

📧 အသေးစိတ်အချက်အလက်များနှင့် စပ်လျဉ်း၍
[email protected] သို့ အီးမေးလ် ပေးပို့ ဆက်သွယ် နိုင်ပါသည်။

အလားတူ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွတ်မှုတိုင်းတာသည့် သုတေသနလုပ်ငန်းများ နှင့်အတူ
လူမှုစီးပွါးဆိုင်ရာသုတေသနလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

(NCSA Center)

12/10/2020

#ရာသီဥတုနှင့်သဟဇာတဖြစ်တဲ့စိုက်ပျိုးရေး (CSA) ကို ဆောင်ရွက်ဖို့ လိုလာတဲ့အချက်တွေ

Photos from National Climate Smart Agriculture Center's post 29/09/2020

#ကိုဗစ်၁၉ကြောင့်ဖြစ်ပေါ်လာသောစိတ်ဖိစီးမှုကိုဖြေလျော့ရန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ USAID, LIFT, UN Migration တို့၏ အကြံပေးချက်များ

#ဘေးကင်းလုံခြုံရေးသတိဖြင့် စိုက်ပျိုးရေးရာလုပ်ငန်းများကို ဆောင်ရွက်ပါ။

#အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ပါ။

Photos from National Climate Smart Agriculture Center's post 28/09/2020

#ကိုဗစ်၁၉ ရောဂါကာကွယ်ရေးဟာ တကမ္ဘာလုံးမှာ ရှိတဲ့ လူသားတိုင်း ပါဝင်ဆောင်ရွက်ရမယ့် အရေးကိစ္စပါ။

#ကိုဗစ်၁၉ဟာ ရောဂါလက္ခဏာမပြ(သေး)တဲ့သူတစ်ဦးတစ်ယောက်ကနေ အခြားသူတွေကို လျှင်မြန်စွာကူးစက်တတ်ပါတယ်။

ယခုကာလ ကူးစက်မှုတွေမြင့်တက်နေချိန်မှာ
တတ်နိုင်သမျှ အိမ်ထဲမှာပဲနေပါ။
မဖြစ်မနေ အပြင်ထွက်ပြီးသွားလာဖို့ကိစ္စရှိပါက နှာခေါင်းစည်းကို အမြဲတမ်းတပ်ထားပါ။
အခြားသူတွေနဲ့ အနည်းဆုံး ခြောက်ပေအကွာမှာနေပါ။ လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ပါ။

#စိုက်ပျိုးရေးရာလုပ်ငန်းများကို ဘေးကင်းလုံခြုံရေးသတိဖြင့် အလေးထား ဆောင်ရွက်ပါ။

မြန်မာနိုင်ငံကြက်ခြေနီအသင်း Myanmar Red Cross Society က မျှဝေထားတဲ့သတင်းစကားလေးတွေကို အောက်ပါအတိုင်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

https://bit.ly/3cAHNE6
https://bit.ly/345Assj
https://bit.ly/30ag7k

19/09/2020

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နိုလ်(NOUL) နှင့်ပတ်သက်၍ သတိပြုစရာ

11/09/2020

'''သစ်တောသီးနှံ အခြေခံ၊ သယံဇာတထိန်းသိမ်းကြ''
====================================
တောင်ပေါ်ဒေသ၊ အပူပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသ များအတွက် သီးနှံ-သစ်တော ရောနှောစိုက်ပျိုးနိုင်သည့် နည်းလမ်းကောင်းများအတွက်
ပညာပေး Video clipကို
FAO, Sustainable cropland and forest management in priority agro-ecosystems of Myanmar (SLM-GEF) စီမံကိန်းမှ ပြုစုတင်ဆက်သည်။

The story is based on the winner script from a scriptwriting competition which is written by U Kyaw Kyaw Naing.

01/09/2020

NCSA Center သို့ ဆက်သွယ်ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာသင်ရိုးများ နည်းစနစ်များနှင့် စပ်လျဉ်း၍ စာအုပ်စာတမ်းများ တောင်းခံလာသော စိုက်ပျိုးရေးမိတ်ဆွေများ လေ့လာလိုသူများအတွက်

ရာသီဥတုပြောင်းလဲမှုဆိုင်ရာနယ်ပယ်ပေါင်းစုံတွင် ဦးဆောင်ဦးရွက်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီး၏
E-learning courses on Climate and Land Use Management ကို

ASEAN Climate Resilience Network (ASEAN-CRN) ၏ platform တွင် တစုတစည်းတည်း ဖော်ပြထားရှိပါသည်။
အဆိုပါ CRN တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့က ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

E-learning courses တွင်
🍀 Fundamentals of Climate Change
🍀 Landscape Approach and Planning
🍀 Agriculture
🍀 Forestry
ဟူ၍ အမျိုးအစားခွဲခြားဖော်ပြထားပါသည်။

🍀 Fundamentals of Climate Change တွင်
1. Introductory e-courses on climate change
2. Basic Climate Change
3. Integrating Climate Risk Information into NAPs
4. Integrated planning for climate change and biodiversity
5. Carbon measurement and monitoring
6. Designing MRV systems for entity-level greenhouse gas emissions
7. Greenhouse gas accounting tools for sustainable land management
8. Estimating GHG Emissions and Carbon Sequestration in Agriculture, Forestry and Other Land Use with EX-ACT
စသဖြင့် အသေးစိတ်ပါရှိပါသည်။ ဝင်ရောက်ကြည့်ရှုနိုင်ရန် လင့်မှာ (https://asean-crn.org/free-e-learning-courses-climate-and-land-management/topic-fundamentals-of-climate-change/)

🍀 Landscape Approach and Planning ခေါင်းစဉ်တွင်
1. Low emission land use planning
2. Landscape Approach 101
3. Landscape leadership: Cataclyse sustainable development in landscapes
4. Landscape finance: Investing in innovation for sustainable landscapes
5. Landscape governance: collaborating across sectors and scales
6. The national greenhouse gas inventory for land use
7. Designing MRV systems for entity-level greenhouse gas emissions
8. Landscape ecology
9. Asian environmental humanities: Landscapes in Transition
10. A Business Approach to Sustainable Landscape Restoration စသဖြင့် ခွဲခြားထားပါသည်။
ဝင်ရောက်ကြည့်ရှုနိုင်ရန် လင့်မှာ (https://asean-crn.org/free-e-learning-courses-climate-and-land-management/course-topic-landscape-approach-and-planning/)

🍀 Agriculture အတွက်
1. Introduction to climate-smart agriculture
2. Water management for climate-smart agriculture
3. Climate-smart soil & land management
4. Climate-smart crop production
5. Climate-smart livestock production
6. The national greenhouse gas inventory for agriculture ဟူ၍ ပါရှိပါသည်။
ဝင်ရောက်ကြည့်ရှုနိုင်ရန် လင့်မှာ (https://asean-crn.org/free-e-learning-courses-climate-and-land-management/course-topic-agriculture/)

🍀 Forestry တွင်
1. Sustainable Land Management and Land Restoration
2. Fundamentals on REDD+
3. Advancing on REDD+
4. REDD+ learning sessions
5. Forest Governance Assessment and Monitoring
6. Social and Environmental Soundness in REDD+
အစရှိသော ဘာသာရပ်များပါရှိပါသည်။
https://asean-crn.org/free-e-learning-courses-climate-and-land-management/course-topic-forestry/ တွင် ဝင်ရောက်ကြည့်ပါ။

မိမိစိတ်ဝင်စားသော ခေါင်းစဉ်တခုခြင်းအလိုက် သက်ဆိုင်ရာ လင့်များကို နှိပ်၍ အသေးစိတ် ဖတ်ရှုနိုင်ပါသည်။ (ခေါင်းစဉ်ရွေးချယ်ပြီး၍ သက်ဆိုင်ရာအဖွဲ့အစည်း၏ course site ကို ရောက်ပါက registration လုပ်ရန် လိုပါမည်။ လွယ်ကူစွာ registration လုပ်၍ ရပါသည်။ ထိုနောက် စိတ်ဝင်စားရာကို စနစ်တကျ လေ့လာနိုင်ပါမည်)

ကိုဗစ်ကပ်ဘေးကာလတွင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားချက်ကို လိုက်နာ၍
မိမိကိုယ်ကို ဂရုပြုကာကွယ်ခြင်း မှတဆင့် မိမိ မိသားစု နှင့် လူမှုအသိုင်းအဝန်းကို ကာကွယ်ခြင်းအားဖြင့် မိမိနိုင်ငံအား ကာကွယ်စောင့်ရှောက်ကြပါစို့။

NCSA Center

Photos from National Climate Smart Agriculture Center's post 29/07/2020

National Climate Smart Agriculture Center ၏
(၁၅)ကြိမ်မြောက် Technical Support Group TSG ၂လတစ်ကြိမ်ပုံမှန်အစည်းအဝေးအား Online meeting ဖြင့် ၂၉.၇.၂၀၂၀ (‌ဗုဒ္ဓဟူးနေ့) တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် နှင့်တကွ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ FAOမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ အရာရှိများ၊မိုးလေဝသနှင် ဇလဗေဒ ညွှန်ကြားမှူ ဦးစီးဌာနမှ ပညာရှင်တစ်ဦး၊ သစ်တောသုတေသနဌာနမှ အရာရှိများ၊ သစ်‌တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပညာရှင်တစ်ဦး၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပညာရှင်တစ်ဦးနှင့် INGOမှ ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် NCSA center၏ လုပ်ငန်းလုပ်ဆောင်မှု အခြေအနေများ၊CSA သုတေသန လုပ်ငန်းများ နှင့် National Workshop ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ များအား အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပါမောက္ခ ဒေါက်တာဌေးဌေးဦးမှ "Farmers' Awareness on Climate Smart Agriculture (CSA) and Current Farming Practices in Selected Area of Myanmar"ခေါင်းစဥ်ဖြင့် ပြုလုပ်ထားသည့် သုတေသန ရလဒ်အား ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
-center

21/07/2020

Facts from


Steiner A, Aguilar G, Bomba K, Bonilla JP, Campbell A, Echeverria R, Gandhi R, Hedegaard C, Holdorf D, Ishii N, Quinn K, Ruter B, Sunga I, Sukhdev P, Verghese S, Voegele J, Winters P, Campbell B, Dinesh D, Huyer S, Jarvis A, Loboguerrero Rodriguez AM, Millan A, Thornton P, Wollenberg L, Zebiak S. 2020. Actions to transform food systems under climate change. Wageningen, The Netherlands: CGIAR Research Program on Climate Change, Agriculture and Food Security (CCAFS).

18/07/2020

Training Programs Conducted by NCSA Center

🍀 Carbon Balance Appraisal of Projects and Policies: Ex-Ante Carbon Balance Tool
🍀 Farm Level Training on Climate Smart Agriculture

Training Programs scheduled by NCSA Center
🍀 Capacity building on Agrometeorology (TSG members and NCSA center staff)
🍀 Capacity development on Carbon Balance Appraisal of Projects and Policies: Ex-Ante Carbon Balance Tool (Ex-Act) (Concerned Stakeholder)
🍀 Training of trainers on Green House Gas Collection and Measurement (Development Partners and NGOs)
🍀 Series of training of trainers on climate smart agriculture (Local staff of concerned departments from different agroecological zone)

https://www.yau.edu.mm/climate-smart-agriculture-centre/

www.yau.edu.mm

18/06/2020

စံပြစိုက်ကွင်းကြည့်ပြီး လျှော်ဖြူစိုက်ဖြစ်သွားတဲ့ ကျောက်ပန်းတောင်းတောင်သူ
===============================

“လျှော်ဖြူစိုက်တာက ဝင်ငွေလည်းရတယ် သီးညှပ်လည်းစိုက်လို့ရတယ်လို ရွာထဲက သင်တန်း တက်တဲ့သူတွေက ပြောပြလို့သိရပါတယ်။ ဒါကြောင့် သင်တန်းမတက်ဖြစ်ပေမဲ့ စမ်းကြည့်မယ်ဆိုပီး စိုက်ကြည့်ဖြစ်တာပါ။” လို့ ကျောက်ပန်းတောင်းမြို့နယ် ဆင်တပ်ကျင်း ကျေးရွာမှ တောင်သူ ဒေါ်ဌေးဌေးနိုင်က ပြောပြပါတယ်။

မြန်မာနိုင်ငံ၏ ဦးစားပေးစိုက်ပျိုးရေးဂေဟစနစ်များတွင် ရေရှည်တည်တံ့သော စိုက်ပျိုးမြေနှင့် သစ်တော စီမံခန့်ခွဲမှုစီမံကိန်း (Sustainable Cropland and Forest Management in Priority Agro-ecosystems of Myanmar) နှင့် CESVI အဖွဲ့တို့မှပူပေါင်း၍ ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေးလယ်သမား သင်တန်းကျောင်းကို ကျောက်ပန်းတောင်းမြို့နယ်နှင့် ၅ မိုင်လောက် သာဝေးတဲ့ ဆင်တပ်ကျင်းကျေးရွာတွင် ၂၀၁၈ ခုနှစ်၌ သင်တန်းသား အယောက် ၃၀ ကို သင်တန်း ပို့ချခဲ့ပါသည်။ သို့ရာတွင် ထိုသင်တန်းသား အယောက် ၃၀ တွင် ဒေါ်ဌေးဌေးနိုင် မပါဝင်ခဲ့ပါ။

စံပြတောင်သူ ဦးထွန်းကြိုင်၏ စိုက်ပျိုးထားသည့် စီမံကိန်း၏စံပြစိုက်ခင်းကိုကြည့်ပီး စိတ်ဝင်စားတာကြောင့် သင်တန်းတက်ခဲ့ဖူးသူများကို တစ်စွန်းတစ်စ မေးစမ်းရင်း သီးညှပ်စိုက်ပျိုးခြင်း ကို အထူးစိတ်ဝင်စားခဲ့ပါတယ်လို့ သိရပါတယ်။

“အရင်ကတော့ ရာသီဥတုနှင်လိုက်လျောညီထွေတဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်ရင် ပဲခင်းစိုက် နှမ်းခင်း ထွန်ချိန်တန်ထွန် ကြောင်းဘယ်လိုဆွဲရမယ် ဆိုတာလောက်ကိုတော့ မိရိုးဖလာအနေနဲ့ သိရှိပါတယ်။ အခုတော့ မြေဖုံးတာတွေ၊ ထွန်းရေးမဲ့စိုက်ပျိုးတာတွေ၊ သဘာဝမြေသြဇာသုံးတာတွေနဲ့ သီးညှပ် စိုက်တာတွေသိလာတယ်။ လျှော်ဖြူစိုက်တာက အရိပ်အာဝသ လည်းကောင်းတယ် ရာသီဥတု အတွက်လည်းကောင်းတယ်၊ သီးညှပ်လည်းစိုက်လို့ရတာမို့ ပြီးခဲ့တဲ့ ဝါခေါင်က စစိုက်ဖြစ်တာပါ။” လို့ပြောကြားခဲ့ပါတယ်။ “လျှော်ဖြူကိုတစ်ခါမှ မစိုက်ဖူးဘူး။ သီးညှပ်တွေလည်း မစိုက်ဖူးဘူး။ ပဲစဉ်းငုံတောင်ခုမှ သေချာစိုက်ပျိုးတာ။ ပဲနှင့်နှမ်းပဲ အစိုက်များခဲ့ပါတယ်။” လို့လည်း ဒေါ်ဌေးဌေးနိုင်က ရှင်းပြပါတယ်။

မျိုးစေ့ကိုတော့ မုံရွာကဝယ်လာတဲ့ အခြားလယ်သမားတစ်ဦး ဆီကနေ ၄ ဗူး ကို စုစုပေါင်း ငွေတစ်သောင်းဖိုး ဝယ်ယူ၍ အစေ့ချခဲ့ပါတယ်။ ပေါက်ထိုးသမားခ၊ အလုပ်သမားခတွေအတွက် ၁သိန်းခွဲလောက်သုံးခဲ့တာဖြစ်ပါတယ်။ အနားတွင်ရှိနေသော အခြား လယ်သူတစ်ဦးမှလည်း “သူအခင်းက အရမ်းဖြစ်တာ အပင်တေသန်တယ်” လို့ အားရဝမ်းသာပြောပါတယ်။ သင်တန်းတက် ရောက်ခဲ့သော ရွာသားများဆီမှ မြေအစိုဓါတ်ထိန်းသိမ်းနည်းတွေ၊ သဘာဝမြေဆွေးလုပ်နည်းနှင့် ငါးအမိုင်နိုအက်စစ်လုပ်နည်းများကိုပါ သိရှိခဲ့ပြီး လက်တွေ့မှာလည်း သုံးဖြစ်တယ်လို့လည်း သိရ ပါတယ်။

လက်ရှိမှာတော့ ဒေါ်ဌေးဌေးနိုင်ဟာ လျှော်ဖြူကို မြေပဲနဲ့ သီးညှပ်စိုက်ထားသည်ကို တွေ့ရှိခဲ့ရပါသည်။ စိုက်ပျိုးချိန်မှာ ၁၀ လခန့်လောက်ရှိပြီဖြစ်ပြီး လျှော်ဖြူပင်စုစုပေါင်း ၃၀၀ လောက်ကို သီးညှပ်စနစ်ဖြင့် စိုက်ပျိုးထားပြီးဖြစ်ပါသည်။ ထိုအပြင် ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေးနည်းစနစ် များကို မိုပိုသိရှိလိုသောကြောင့် SLM စီမံကိန်းမှ ထပ်မံပို့ချနေသည့် လယ်သမားသင်တန်းကိုလည်း တက်ရောက်နေတယ်လို့သိရပါတယ်။

ဒေါ်ဌေးဌေးနိုင်ရဲ့စိုက်ခင်းအရေအသွေးကတော့ ပုံမှာမြင်ရတဲ့အတိုင်းပါပဲ။ မြေပဲနှင့် လျှော်ဖြူကို သီးညှပ်ပုံစံစိုက်ပျိုးထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ လျှော်ဖြူပင်မှ အကျိုးအမြတ်ကိုတော့ နောက်ထပ် ၃နှစ်လောက်စောင့်ပြီးမှ ဝင်ငွေရမည်ဖြစ်သော်လည်း စိုက်ပျိုးထားသည့် အခြားသော ရာသီ သီးနှံများမှ ဝင်ငွေကို ရရှိမည်ဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့် အမျှ စိုက်ပျိုးထားသော ရာသီ သီးနှံသာမက လျှော်ဖြူပင်များမှပါ ဝင်ငွေရရှိမည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ link တွင် English version ဖြင့်ဖတ်ရှုနိုင်ပါသည်။

source: http://www.slmmyanmar.info/growing-shaw-phyu-plant-by-learning-from-nearby-demo-plot-the-lady-farmer-from-kyaukpadaung-township/

Photos from National Climate Smart Agriculture Center's post 11/06/2020

မြေဖုံးခြင်းနှင့် မဖုံးခြင်း၏ အကျိုးကျေးဇူးကို လက်တွေ့သိလိုက်ရခြင်း
=======================

“အရင်က ဒီလိုမြေဖုံးတာ တွေဘာ တွေ မလုပ်ဖူးဘူး။ ခုသင်တန်းတက်ပီးမှ စမ်းကြည့်မယ်ဆိုပြီးစမ်းဖြစ်တာပါ” လို့ ဆင်တပ်ကျင်းကျေးရွာ မှ တောင်သူ ဦးရီတင်က ပြောပြပါတယ်။

မြန်မာနိုင်ငံ၏ ဦးစားပေးစိုက်ပျိုးရေးဂေဟစနစ်များတွင် ရေရှည်တည်တံ့သော စိုက်ပျိုးမြေနှင့် သစ်တောမြေ စီမံခန့်ခွဲမှုစီမံကိန်း (Sustainable Cropland and Forest Management in Priority Agro-ecosystems of Myanmar)နှင့် AVSI အဖွဲ့တို့မှပူပေါင်း၍ ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေးလယ်သမား သင်တန်းကျောင်းကို ကျောက်ပန်းတောင်းမြို့နယ်နှင့် ၅မိုင်လောက်သာဝေးတဲ့ ဆင်တပ်ကျင်းကျေးရွာတွင် ၂၀၁၈ခုနှစ်၌ သင်တန်းသား အယောက် ၃၀ကို သင်တန်းပို့ချခဲ့ပါသည်။ ထိုသင်တန်းသား ၃၀ထဲတွင် ဦးရီတင်လည်းပါဝင်ပါတယ်။ သင်တန်းမှာတော့ ရာသီဥတုနှင့်လိုက်လျောညီထွေသည့် စိုက်ပျိုးရေး အကြောင်းကို လေ့လာသင်ယူခဲ့ရပါသည်။

သင်တန်းပြီးဆုံးပြီးနောက်မေးမြန်ကြည့်သည့်အခါမှာတော့ “အရင်လို ပိုးသတ်ဆေး၊ ဓါတုဆေး တွေ သုံးတာမကောင်းမှန်း ပိုသိလာတယ်၊ လုံးလုံးထွန်ဖို့ မဖြစ်နိုင်ပေမဲ့ ထွန်းယက်တဲ့နေရာမှာလည်း အတတ်နိုင်ဆုံးနည်းနိုင်သမျှနည်းအောင် ထွန်ယက်စိုက်ပျိုးဖြစ်ပါတယ်။" လို့ပြောကြာခဲ့ပါတယ်။ လက်ရှိမှာ တော့ ဦးရီတင်ဟာ သူမြေကွက်မှာ ခရမ်းပင်များကို ပေါင်းပင်၊ မြက်ပင်၊ မန်ကျည်းရွက်များနှင့် မြေပဲခွံများဖြင့် မြေဖုံးစိုက်ပျိုးထားတာကိုလည်းတွေ့ရပါတယ်။ “ကျွန်တော်တို့က အရင်ကဆို ယာခင်း ပဲခင်း နှမ်းခင်း တွေ ပေါင်းနှုတ်တယ်ဆိုရင် ဒီပေါင်း တွေက အပြင်ပဲထုတ်လိုက်တာပဲ အရင်က ဒီလိုဖုံးတာ တွေဘာ တွေ မလုပ်ဖူးဘူး။ ခုသင်တန်းတက်ပီးမှ ဟိုဖက် ယာက ပေါင်း တွေ မြက် တွေ ကို နှုတ်ပြီး မြေဖုံးကာ စမ်းကြည့်မယ် ဆိုပြီးစမ်းဖြစ်တာ။ အစိုဓါတ်ကိုပိုထိမ်းနိုင်မယ်လို့ ထင်တယ်။ ခုလုပ်ထားတာလေးက တကယ်ကောင်းရင် ထိရောက်ရင် နောက်နောင်ရှေ့ဆက်လုပ်မှာပေါ့။ ကျွန်တော်ကောင်းတာမြင်ရင် နောက်လူ တွေလည်း လုပ်လိမ့်မယ်။” လို့သူ့၏ထင်မြင်ချက်များကို ပြောပြပါတယ်။ ဦးရီတင်ရဲ့ ခရမ်းပင်များ စိုက်ပျိုး ထားသည့် မြေကွက်ဟာ သက်တမ်း ၁၀ ရက်ခန့်သာရှိပြီး ရွာအဝင်လမ်းမှာ ရှိတာကြောင့် လယ်သွားတောင်သူများ ရှင်းလင်းစွာမြင်ရနိုင်မည် ဖြစ်ပါသည်။

တစ်လခန့်ကြာပီးနောက် စီမံကိန်းဝန်ထမ်းများမှ နောက် တစ်ခေါက် ကွင်းဆင်းလေ့လာခဲ့ရာမှာတော့ စိုက်ခင်းရဲ့ ညာ ဖက်က ဖြစ်ထွန်းနေပြီး ဘယ်ဖက်မှာတော့ အပင်ပေါက်လေး တွေကိုသာ တွေ့ရပါတယ်။ မေးမြန်းကြည့်ရာမှာတော့ “တစ်ဖက်ပဲအုပ်ဖြစ်ခဲ့တယ် နော်ကတစ်ဖက်က ထပ်မအုပ်မိ ခဲ့ဘူး။ မအုပ်ထားတဲ့ဖက်က အပင်တွေ သေသွား တယ်။ ဒီလပိုင်း တွေက မိုးမရွာတော့ (မိုးခေါင်တော့) အစိုဓါတ် မထိန်းနိုင်တာမို့ သေကုန်ကြရော၊ အုပ်ထားတဲ့ဖက် တွေက အသီးဝင်ကုန်ပီ။” လို့သူ့အတွေ့အကြုံကိုပြောပြပါတယ်။ လက်ရှိမှာတော့ စိုက်ခင်းရဲ့ ညာဖက်က သက်တမ်း ၁လကျော်ရှိပြီဖြစ်ပြီး အသီးများဖြင့်စိုပြည်လှပနေပြီး အခြားတစ်ဖက်မှာတော့ အပင်များသေသွားတာကြောင့် ပြန်လည်စိုက်ပျိုးထားတဲ့ ၇ရက်သား ခရမ်းပင် တွေကို တွေ့ရပါတယ်။ ခုပြန်စိုက်ထားရတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ခုတော့ အားလုံးကို ပြန်ဖုန်းနေပြီလို့” တစ်လကျော် စမ်းဖြစ်ခဲ့တဲ့ အတွေ့အကြုံကိုပြောပြပါတယ်။

ခရမ်းချဉ်အခင်းတွင် မြေဖုံးခြင်းနှင့်မဖုံးခြင်းတို့ကို စမ်းစစ်ပြီးနောက် ရရှိလာသောရလဒ်များမှ ဦးရီတင်အနေဖြင့် မြေဖုံးခြင်းသည် ရာသီဥတုကို ကြံ့ကြံ့ခံပြီး မြေ၏အစိုဓါတ်ကို ပိုမိုထိန်းသိမ်းနိုင်သောကြောင့် အပင်များရှင်သန်နိုင်ရန် ပိုမိုအထောက်အကူပြုကြောင်းနှင့် မြေမဖုံးခြင်းကြောင့် တစ်လလောက်မိုးမရသည့် အခါ ရေလိုအပ်ချက်ကြောင့် အပင်များသေကုန်သည်ကို သိရှိနားလည်ခဲ့ရပါသည်။ ဤအချက်များကို ကြည့်ခြင်းဖြင့် မြေဖုံးခြင်းဟာ မြေအစိုဓါတ်ကိုထိန်းသိမ်းပြီး ကောင်မွန်သော ရာသီဥတုနှင့်လိုက်လျော ညီထွေရှိသည့် စိုက်ပျိုးနည်းစနစ်တစ်ခုသာမက အခြားသောပေါင်းပင်များမပေါက်အောင်လည်း ကာကွယ်ပေး နိုင်ခြင်းစသည့် ကောင်းကျိုးများရရှိသည်ကို တွေ့ခဲ့ရပါသည်။

အောက်ဖော်ပြပါ linkတွင် English version ဖြင့် လေ့လာဖတ်ရှုနိုင်ပါသည်။

source:

http://www.slmmyanmar.info/understanding-the-benefits-of-soil-mulching/

Videos (show all)

ကမ္ဘာ့မြေဆီလွှာနေ့ - မြေဆီလွှာကိုထိန်းသိမ်းခြင်းဖြင့် ဇီဝမျိုးကွဲများကိုကာကွယ်ပါ။

Website

/csacenter/

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00