JALAF Academy

JALAF Academy

Quality, Love & Satisfaction

27/07/2023

Stay Tuned till the end for a Big Surprise!🤩

မင်္ဂလာပါ ချစ်ရသူလေးတို့ရေ… ဒီနေ့ဘာနေ့လေးလဲ သိကြလား။😗

ဒီနေ့လေးမှာတော့ ချစ်ရသူလေးတို့ရှေ့ကို JALAF Academy ရောက်ရှိလာတာဟာ ၂ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။🥳🥳

၂ နှစ်တာအချိန်အတောအတွင်းမှာ ချစ်ရသူလေးတို့ရဲ့ သင်ယူလေ့လာမှုခရီးစဉ်မှာ အကျိုးရှိစေမယ့် အတန်းတွေ၊ webinar တွေ၊ workshop တွေအပြင် ဗဟုသုတရစေမယ့်အကြောင်းအရာလေးတွေကို content လေးတွေအဖြစ် တစ်မျိုး၊ tool kit လေးတွေအဖြစ် တစ်ဖုံ တင်ဆက်ပေးဖြစ်ခဲ့တာမို့ အကျိုးရှိပျော်ရွှင်ခဲ့ကြရမယ်လို့ ယုံကြည်ပါတယ်။🥰

အောက်ပါ video လေးမှာဆိုရင်လည်း JALAF Academy ကို အစဉ်တစိုက်အားပေးခဲ့ကြတဲ့ ချစ်ရသူလေးတွေနဲ့ JALAF ရဲ့ board အဖွဲ့ဝင်လေးတွေရဲ့ ဝမ်းသာပီတိစကားလေးတွေနဲ့ JALAF Academy ရဲ့ ၂ နှစ်တာ လှုပ်ရှားမှုပုံရိပ်လေးတွေကို ပြန်လည်ခံစားနိုင်ဖို့ ထည့်သွင်းတင်ဆက်ပေးလိုက်ရပါတယ်။🤗💜

၂ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ JALAF နဲ့အတူ ဖြတ်သန်းခဲ့တဲ့ နေ့ရက်လေးတွေကိုလည်း comment မှာ မျှဝေပေးသွားလို့ရပါသေးတယ်ခင်ဗျာ။😍

ဒါပေမယ့်…

၂ နှစ်ပြည့်အတွက် celebration က ဒါပဲလို့ထင်ရင်တော့ လုံးဝလုံးဝမှားသွားပါလိမ့်မယ်နော်။🙅‍♂️

JALAF ရဲ့ထုံးစံအတိုင်း ချစ်ရသူလေးတို့ အစဉ်တစိုက်တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိတာနဲ့အညီ ProX 2.0 tool kit လေးကို ချစ်ရသူလေးတို့ရှေ့မှောက် ယူဆောင်လာခဲ့ပါပြီ။🥳❤️

JALAF Academy ရဲ့ ProX 2.0 မှာတော့_
❣️ Personal Skills
❣️ Digital Skills
❣️ Ethics and Practice
❣️ Scholarship Toolkit
❣️ Career Advice
❣️ Study Tips
ဆိုတဲ့ အဓိက အပိုင်းကြီး ၆ပိုင်းပါဝင်မှာဖြစ်ပြီး
အခန်းပေါင်း ၂၇ ခန်းပါဝင်မှာဖြစ်ပါတယ်။😱

ဒီ tool kit လေးကို 100% Free ရယူချင်တယ်ဆိုရင်တော့
✅ အခုတင်ထားတဲ့ Anniversary Video လေးကို public နဲ့ share လိုက်ပါ။
✅ အောက်ပါ form လေးကို မှန်ကန်စွာ ဖြည့်စွက်ပါ

Form Link -
https://docs.google.com/forms/d/e/1FAIpQLScmgY18EmUdRl6YABFDAJhODJsOUxHqHt5YMleR9gtr-N6yfQ/viewform?usp=sf_link

တစ်ခုသတိပေးချင်တာက tool kit လေးကို ချစ်ရသူလေးတို့ရဲ့ email မှတစ်ဆင့် ပေးပို့သွားမှာဖြစ်လို့ email address လေးကိုမှန်ကန်စွာ ဖြည့်စွက်ပြီး mail လေးသေချာစစ်ဖို့လည်း မမေ့ပါနဲ့နော်။😉

၂ နှစ်တာကာလအတွင်းမှာ JALAF က်ို အများကြီးချစ်ပေးပြီး အားပေးခဲ့ကြတဲ့ ချစ်ရသူတစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ နောင်လာမယ့်နှစ်တွေမှာလည်း JALAF နဲ့အတူ ပိုမိုကောင်းမွန်တဲ့ သင်ယူလေ့လာမှုနေ့ရက်တွေကို လျှောက်လှမ်းလိုက်ကြပါစို့လားခင်ဗျာ။🙆‍♂️🩵

26/07/2023

ချစ်ရသူလေး‌တို့ရေ။ မနက်ဖြန်ဘာနေ့လဲ သိကြလားဗျ။ 👀

မနက်ဖြန် JALAF Academy ရဲ့ page မှာ ထူးထူးခြားခြားလေးတစ်ခုရှိတယ်နော်။ 🤭❣️

စောင့်မျှော်ပေးကြပါဦး။

မနက်ဖြန်မရောက်ခင် ဒီနေ့မှာ JALAF Academyရဲ့ ProX 2.0 နဲ့ မိတ်ဆက်ပေးပါရစေ။ 🤩

ProX 2.0 ဆိုတာဘာလဲ?

21st Century မှာ_
Pro ကျကျ နေထိုင်ဆောင်ရွက်ရင်း လုပ်ငန်းခွင်မှာ၊ ပညာရေးမှာ၊ နေ့စဉ်ဘဝမှာ တွေ့ကြုံလာနိုင်မယ့် Problem (X) တွေကို အခြေခံကျကျ အသစ်လွင်ဆုံးနည်းလမ်း တွေနဲ့ ဖြေရှင်းနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စွမ်းဆောင်ရည်တွေကို စုံစုံလင်လင် ရရှိဖတ်ရှုနိုင်ဖို့ရည်ရွယ်ထားတဲ့အရာလေးတစ်ခု ဖြစ်ပါတယ်။

JALAF Academy ရဲ့ ProX 2.0 မှာ_
❣️ Personal Skills
❣️ Digital Skills
❣️ Ethics and Practice
❣️ Scholarship Toolkit
❣️ Career Advice
❣️ Study Tips
ဆိုတဲ့ အဓိက အပိုင်းကြီး ၆ပိုင်းပါဝင်မှာဖြစ်ပြီး အခန်းပေါင်း ၂၇ ခန်းပါဝင်မှာဖြစ်ပါတယ်။

ProX 2.0 ကို လေ့လာရှာဖွေသူကိုယ်တိုင် ဝင်ရောက်လေ့ကျင့်ပြီး တစ်ချိန်တည်းမှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ဖို့ရာ Practice & Reflection Session များနှင့် Visualization များပါဝင်ဖွဲ့စည်းထားတာမို့ ချစ်ရသူလေးတို့အတွက် တစ်ဖက်တစ်လမ်းက အကူအညီတစ်ခုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ထူးခြားချက်ကတော့
⭕ ProX 2.0 ဟာ လုံးဝ Free ဖြစ်ပါတယ်။⭕

ဟုတ်ပါတယ်ချစ်ရသူလေးတို့အတွက် JALAF Academy ရဲ့ အထိမ်းအမှတ်တစ်ခု အနေနဲ့ လုံးဝ Free ပေးသွားမှာဖြစ်ပါတယ်။

ဒါဆိုရင် ProX 2.0 ကိုဘယ်လိုရယူရမလဲ?
❣️ဒါလေးကိုတော့ မနက်ဖြန် ညနေမှာ ကြေညာဖော်ပြပေးမှာမို့ စောင့်မျှော်နေကြပါဦးနော်။

မနက်ဖြန်က ဘာနေ့လဲဆိုတာကိုလည်း ခန့်မှန်းကြည့်ကြပါဦးဗျ။ 👀🤭

JALAF Academy is all about Quality, Love, and Satisfaction.
We are qualified educators with the deepest hearts. ❤️


.0

12/07/2023

Ding Ding 🔔
ချစ်ရသူလေးတို့ရေ အတန်းအပ်ပြီးပြီလားဗျ။ 😉

21DigiX Professional Training Class လေးဟာ မကြာခင်မှာ စတင်တော့မှာမို့ အမြန်ဆုံး ကျောင်းလာအပ်လိုက်တော့နော်။ ❣️

Page Messenger မှာ အမြန်ဆုံး အတန်းလာအပ်လိုက်ပါတော့ခင်ဗျ။ 🏃🍃

21DigiX Professional Training Class အကြောင်းပိုမိုသိရှိလိုပါက 👇
https://m.facebook.com/story.php?story_fbid=287546153631415&id=100071280973827&mibextid=Nif5oz

ယခု ကျောင်းအပ်လက်ခံနေတဲ့ 21DigiX (2023 July Term) အကြောင်းသိလိုပါက 👇
https://m.facebook.com/story.php?story_fbid=288074876911876&id=100071280973827&mibextid=Nif5oz

JALAF Academy ရဲ့ Self-Paced Learning System 👇
https://fb.watch/lIDVsnacvY/?mibextid=Nif5oz

JALAF Academy is all about Quality, Love, and Satisfaction.
We are qualified educators with deepest hearts.❣️

11/07/2023

အပြောင်းအလဲမြန်ဆန်လွန်းတဲ့ ခေတ်ကြီးအတွက် ပြင်ဆင်ထားသင့်တာတွေထဲက တစ်ခု။

ချစ်ရသူလေးတို့အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။

အပြောင်းအလဲ မြန်လွန်းလှတဲ့ ခေတ်ကြီးမှာ ဘယ်လိုအခြေအနေနဲ့ဖြစ်ဖြစ် ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ သင်ကြားရေးရပ်ဝန်းမှာ လျင်လျင်မြန်မြန် ထိထိရောက်ရောက် အောင်မြင်မှုတွေအတွက် ပြင်ဆင်ထားနိုင်ဖို့ JALAF Academy ရဲ့ 21DigiX အတန်းလေးအတွက် စာရင်းပေး ကျောင်းအပ်ပြီးကြပြီလား။

21DigiX Professional Training Class ဟာဆိုရင် အဓိကအပိုင်း ၂ပိုင်းပါဝင်မှာဖြစ်ပါတယ်။

၂၁ ရာစုမှာ မရှိမဖြစ်လိုအပ်လာတဲ့_
💟 Digital Skills
💟 Digital Security
💟 Digital Ethics
💟 Digital Intelligence
💟 Information Literacy
တွေကို ထိထိရောက်ရောက် လက်တွေ့သင်ကြားပေးမည့်အပြင်

Professional Workplace & Academic Skills တွေဖြစ်တဲ့
☑️ Multiple Intelligences
☑️ Plagiarism and Citation
☑️ Communication & Etiquette
☑️ Internet Netiquette
☑️ Global Goals Fundamental
☑️ Conceptual Thinking
☑️ Critical Thinking
စတာတွေကိုပါ တစ်နေရာတည်းမှာ ပြည့်ပြည့်စုံ စုံ လေ့ကျင့်သင်ကြားပေးမှာမို့

မိမိရဲ့ Digital Skills, Professional Skills တွေကို ပြင်ဆင်မြှင့်တင်နိုင်ဖို့ ပြင်ဆင်ထားသင့်တာတွေကိုပြင်ဆင်ထားကြပါစို့နော်။

Page Messenger မှာ အမြန်ဆုံး အတန်းလာအပ်လိုက်ပါတော့ခင်ဗျ။

21DigiX Professional Training Class အကြောင်းပိုမိုသိရှိလိုပါက 👇
https://m.facebook.com/story.php?story_fbid=287546153631415&id=100071280973827&mibextid=Nif5oz

ယခု ကျောင်းအပ်လက်ခံနေတဲ့ 21DigiX (2023 July Term) အကြောင်းသိလိုပါက 👇
https://m.facebook.com/story.php?story_fbid=288074876911876&id=100071280973827&mibextid=Nif5oz

JALAF Academy ရဲ့ Self-Paced Learning System 👇
https://fb.watch/lIDVsnacvY/?mibextid=Nif5oz

JALAF Academy is all about Quality, Love, and Satisfaction.
We are qualified educators with deepest hearts.❣️

09/07/2023

🤝JALAF Academy x No Hunger Zone Media Partnership Announcement 🤝

Gender Equality ဆိုတာကို ချစ်ရသူလေးတို့အနေနဲ့ ဘယ်လိုနားလည်ထားကြလဲ ဒါမှမဟုတ် Gender Equality အကြောင်းကို သေချာမသိသေးလို့ အခုမှစပြီးလေ့လာမဲ့သူတစ်ယောက်လား ဒါမှမဟုတ် ချစ်ရသူလေးတို့က Gender Equality အကြောင်းကို ဒီထက်ပိုပြီး ဂဃဏန သိချင်တဲ့သူတစ်ယောက်လား🤔။ ဒါဆိုရင် ဒီတစ်ခေါက် JALAF Academy ကနေ Media Partnership အနေနဲ့ ပါဝင်ထားတဲ့ No Hunger Zone ရဲ့ "Spectrum Fusion" ပွဲလေးကို join သင့်နေပါပြီ🎊။

No Hunger Zone ဟာဆိုရင် SDGs Goal No.2 ဖြစ်တဲ့ Zero Hunger ကို အခြေခံကာ knowledge Sharing အစီအစဥ်များနှင့် fundraising ပွဲများပြုလုပ်ပြီး အစားအသောက်ခက်ခဲနေတဲ့နေရာတွေမှာ donation တွေပြုလုပ်ရင်း community ကို တစ်ဖက်တစ်လှမ်းက ကူညီပေးနေတဲ့ Non-profit organization တစ်ခု ဖြစ်ပါတယ်။

No Huner Zone ရဲ့ ဒုတိယမြောက် on ground event ဖြစ်တဲ့ "Spectrum Fusion" ဟာဆိုရင် Gender Equality ကို အခြေခံပြီး Panel Discussion, DIY Activity တွေနဲ့အတူ ဖိတ်ခေါ်ထားတဲ့ Panelist တွေ၊ Guest တွေနဲ့အတူ Kokkoya Organics မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။🥳

"Spectrum Fusion" event လေးရဲ့ အကြောင်းကိုလည်း ဒီအောက်က post link လေးကနေ တဆင့်ဝင်ရောက်ဖတ်ရှုလို့ရပါတယ် ခင်ဗျာ။ 👇

🔰 Event announcement post link

https://m.facebook.com/story.php?story_fbid=274608655220706&id=100080147194636&mibextid=Nif5oz

"Spectrum Fusion" မှာပါမဲ့ Panelist တွေ တစ်ယောက်ချင်းစီရဲ့အကြောင်းကိုလည်း ဒီအောက်က post link ကနေ တဆင့်ဝင်ဖတ်လို့ရပါတယ် ခင်ဗျာ။👇

🔰 Panelist Announcement Post Link

https://m.facebook.com/story.php?story_fbid=275912281757010&id=100080147194636&mibextid=Nif5oz

📌𝗘𝘃𝗲𝗻𝘁 𝗧𝗶𝗺𝗲𝗹𝗶𝗻𝗲: 𝟭𝟮𝘁𝗵 𝗝𝘂𝗹𝘆, 𝟮𝟬𝟮𝟯 (𝗪𝗲𝗱𝗻𝗲𝘀𝗱𝗮𝘆), 𝟭𝟬:𝟬𝟬 𝗔𝗠 - 𝟰:𝟬𝟬 𝗣𝗠 [𝗚𝗧𝗠+𝟲:𝟯𝟬𝗣𝗠]

📌𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗲𝗲𝘀 𝗔𝗺𝗼𝘂𝗻𝘁: 𝟯,𝟱𝟬𝟬 𝗸𝘆𝗮𝘁𝘀 𝗽𝗲𝗿 𝗽𝗲𝗿𝘀𝗼𝗻

📌𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗮𝗺𝗼𝘂𝗻𝘁 𝗼𝗳 𝘀𝗲𝗮𝘁𝘀 : 𝟯𝟱 𝘀𝗲𝗮𝘁𝘀

📌𝗘𝘃𝗲𝗻𝘁 𝗩𝗲𝗻𝘂𝗲: "𝗞𝗼𝗸𝗸𝗼𝘆𝗮 𝗢𝗿𝗴𝗮𝗻𝗶𝗰𝘀"

📌𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: 𝗡𝗼.𝟰𝟴, 𝗕𝗮𝘄 𝗚𝗮 (𝟮) 𝗦𝘁𝗿𝗲𝗲𝘁, 𝗚𝗮 𝘄𝗮𝗿𝗱𝘀𝗵𝗶𝗽, 𝗧𝗵𝗶𝗻𝗴𝗮𝗻𝗴𝘆𝘂𝗻
ခြံအမှတ် (၄၈)၊ ဘောဂ (၂)လမ်း၊ ဂ ရပ်ကွက်၊ သင်္ကန်းကျွန်း
https://kokkoyaorganics.com/pages/directions

📌𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁𝗮𝘁𝗶𝗼𝗻:
𝗬𝗕𝗦 𝟮𝟱, 𝟱𝟵, 𝟲𝟯, 𝟳𝟱, 𝟭𝟭𝟴

📌𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗹𝗶𝗻𝗸:https://forms.gle/xYFhajXGbiqzQ8vZ7

📌𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗱𝗲𝗮𝗱𝗹𝗶𝗻𝗲: 𝟭𝟭𝘁𝗵 𝗝𝘂𝗹𝘆, 𝟮𝟬𝟮𝟯 (𝗧𝘂𝗲𝘀𝗱𝗮𝘆), 𝟭𝟭:𝟱𝟵 𝗔𝗠 [𝗚𝗠𝗧+𝟲:𝟯𝟬]





Partnership

Photos from JALAF Academy's post 07/07/2023

21DigiX Class လေးမှာတက်ရောက်သွားတဲ့ ချစ်ရသူ Alumni လေးများရဲ့ Honest Review လေးတွေကို ဖော်ပြပေးပါရစေခင်ဗျာ။

Digital လောကမှာ Pro တစ်ယောက်ဖြစ်ဖို့ Ready ဘဲလား။ 🧐

JALAF Academy ရဲ့ Department of Digital Literacy မှ ဦးစီးပြီး 21 ရာစုမှာ အရေးပါလာပြီဖြစ်တဲ့ Digital Knowledge တွေကိုသင်ကြားလမ်းညွှန်ပေးမယ့် 21DigiX Pro-Digital Training Class လေးကိုဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ 🔔

🔔ဒီသင်တန်းလေးကိုတော့
🌼 Google Certified Educator,
🌼 CK-12 Certified Educator,
🌼 Nearpod Certified Educator တစ်ဦးဖြစ်တဲ့ Instructor မှ
- lecture training
- practical project တွေနဲ့ပေါင်းစပ်ပြီး သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

🔔 ဘာတွေသင်ကြားပေးမှာလဲ။
- G-suite tools တွေဖြစ်တဲ့ Google Mail, Drive, Meet, Classroom, Calendar, News, Keep, Jamboard, Docs, Sheet, Slide, Form တွေအပြင် Canva, Quizizz တို့ကိုပါ အသေးစိတ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🔔ချစ်ရသူလေး‌တို့အတွက် လက်ဆောင်အနေနဲ့ 21DigiX Class လေးမှာဆိုရင် Higher Education ကိုတက်လှမ်းဖို့ စီစဉ်နေသူတွေအတွက် သိသင့်သိထိုက်တဲ့
‌အတွေးအခေါ်များနဲ့ Philosophy များကို လေ့ကျင့် ဆွေးနွေးအဖြေရှာနိုင်မယ့် အကြောင်းအရာတွေကိုလဲ Discussion ပေါင်းမျာစွာနဲ့အတူ လမ်းညွှန်မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

🔔မြင့်တက်လာတဲ့ ‌အင်တာနက်နှုန်းထားတွေ၊ ယုံရခက်တဲ့လျှပ်စစ်မီးအခြေအနေတွေကြောင့် ချစ်ရသူလေးတို့ရဲ့ သင်ယူမှုတွေမနှောင့်နှေးရလေအောင် Self-Paced Leaning Style နဲ့ Interactive Teaching Style ကိုရောစပ်ကာသင်ကြားပေးသွားမှာမို့ အချိန်မကုန်၊ လူလည်းမပင်ပန်း၊ အချိန်မရွေး နေရာမရွေးမှာ သက်သောင့်သက်သာနဲ့ Effective ဖြစ်ဖြစ်သင်ယူနိုင်မှာဖြစ်ကြောင်း အာမခံပါတယ်ခင်ဗျာ။

❓Self-Paced Learning ဆိုတာ ဘာလဲ။
- ကျောင်းသားကျောင်းသူများက မိမိတို့အဆင်ပြေတဲ့ အချိန်၊ နေရာမှာ Instructor ၏ကြိုတင်ပြင်ဆင်ထားသော Recoded Lecture Video တွေမှကြည့်ရှုသင်ယူရမှာဖြစ်ပါတယ်။
- Video Class လို ကြည့်သာကြည့်ခိုင်းထားခြင်း (လုံးဝ) မဟုတ်ပါ။
- နေ့စဉ်၊ အပတ်စဉ် လုပ်ဆောင်ရမည့် Goal များချမှတ်ပေးထားပြီး ၎င်းတို့နှင့်အညီလေ့လာသင်ယူကြရမှာဖြစ်ပါတယ်။
- အပတ် စဉ် Quiz တွေ Assignment တွေအပြင် တစ်ပတ်တာ Classwork Review and Feedbacking Time တွေလည်းရှိမှာဖြစ်ပါတယ်။

🔔သင်တန်း‌ကြေးလေးကိုတော့ ပုံမှန် ၂၀၀၀၀ ကျပ်သက်မှတ်ထားပေမယ့် ယခုလို အခက်အခဲတွေကြားကအတူတူရုန်းကန်နေကြရတဲ့အခြေအနေမို့ ယခု ၁၀၀၀၀ ကျပ်သာကျသင့်မှာဖြစ်ပါတယ်။
We are always with you. ❤️

🔔သင်တန်းကာလကတော့ ၅ပတ်တာကြာမြင့်မှာဖြစ်ပါတယ်ခင်ဗျ။

🔔အကဲဖြတ်စစ်ဆေးရာတွင်
- Assignment Project
- Quiz
- Discussion
- Final Assessment
စတာတွေကို အချိုးကျ ရာခိုင်နှုန်းဖွဲ့၍ စစ်ဆေးအကဲဖြတ်မှာဖြစ်ပါတယ်။

🔔အရည်အချင်းပြည့်မီသူများကိုသာ
Professional Digital Skills Certificate ကိုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

🔔ချစ်ရသူလေးတို့ ၂၁ရာစုမှာ ဒစ်ဂျစ်တယ်နည်းပညာကို လုံခြုံဘေးကင်းစွာနဲ့ လိုအပ်သလို အကျိုးရှိရှိလျင်လျင်မြန်မြန် အသုံးချနိုင်ဖို့ 21DigiX Training Class လေးကိုတက်ရောက်ကြဖို့ ဖိတ်ခေါ်တိုက်တွန်းပါရစေနော်။

❓သင်တန်းဘယ်လိုအပ်ရမလဲ။
ချစ်ရသူလေးတို့ရဲ့ Privacy အတွက် Registration Form ကိုတော့ Public မှာမထားပေးတော့ပါဘူးခင်ဗျ။ အကယ်၍ သင်တန်းအပ်မယ်ဆိုရင်တော့ Page Messenger ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

အားလုံးနဲ့ အတန်းထဲမှာပြန်လည်ဆုံတွေ့ချင်ပါတယ်။ ❤️

05/07/2023

ချစ်ရသူလေးတို့ရေ 21DigiX အတန်းလေးရဲ့ ထူးခြားချက်တွေကိုသိပြီးပြီလားခင်ဗျ။

JALAF Academy ရဲ့ 21DigiX အတန်းလေးဟာဆိုရင်_

☑️ Practical Skills Development
21DigiX အတန်းလေးဟာဆိုရင် Digital Tools တွေရဲ့ အသုံးပြုပုံ အသုံးပြုနည်းတွေကို ပြောပြရုံ ရှင်းပြရုံသာမကဘဲ လက်တွေ့ပေါင်းစပ် လုပ်ဆောင်မှုကို လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ သင်တန်းတက်ပြီးတာနဲ့ ထိထိရောက်ရောက်အသုံးပြုနိုင်သွားမှာဖြစ်ပါတယ်။

☑️ 24/7 Learning Assistant
အချိန်မရွေးနေရာမရွေး စာလေ့လာနိုင်တဲ့ Self-Paced Learning System ဖြစ်ပြီး ၂၄နာရီလုံး မရှင်းလင်းသည်များ technical error များကို ပြန်လည်ဖြေကြား၊ ဖြေရှင်း ပေးမယ့် learning assistant များလည်းရရှိမှာဖြစ်ပါတယ်။

☑️ International Reading Materials
နိုင်ငံတကာမှ digital company များ၊ တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ Digital Knowledge and Technology ဆိုင်ရာ ဖတ်ရှုစရာများကိုလည်း လေ့လာဖတ်ရှုခွင့်ရမှာဖြစ်ပါတယ်။

☑️ Authentic Certification
သင်ခန်းစာများကိုသေချာလေ့လာပြီး စစ်‌ေဆးမှုများကို အောင်မြင်သွားသူများအတွက် certified students list ပါဝင်သော authentic certification တစ်ခုရရှိမှာဖြစ်ပြီး JALAF Academy ရဲ့ permanent certified students list အတွင်းပါဝင်နေမှာဖြစ်ပါတယ်။

☑️ Detailed and Synthesis Lectures
သင်ခန်းစာများဟာဆိုရင်လည်း အပေါ်ယံ သိသာရုံသာမဟုတ်ဘဲ Beginner Level မှ Advance Level အထိ အသေအချာ နက်နက်နဲနဲသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

☑️ Experts Instructors
သင်ကြားပြသပေးမည့် ဆရာ/မ များဟာဆိုရင်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်စွာလုပ်ကိုင်နေကြသူများဖြစ်သလို နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ယူထားသူများဖြစ်ကြတဲ့အတွက် Practical Concept သာမက Theory and Literacy concept ကိုပါ အသေအချာပေးစွမ်းနိုင်သူများဖြစ်ကြပါတယ်။

☑️ 21DigiX အတန်းအကြောင်းအသေးစိတ်
https://m.facebook.com/story.php?story_fbid=287546153631415&id=100071280973827&mibextid=Nif5oz

☑️ 21DigiX (2023 July Term) အသေးစိတ်
https://m.facebook.com/story.php?story_fbid=288074876911876&id=100071280973827&mibextid=Nif5oz

အတန်ဆုံး နှုန်းထားနဲ့
အမှန်ကန်ဆုံး ပညာရပ်တွေကိုသင်ယူနိုင်ဖို့
အမြန်ဆုံး သင်တန်းလာအပ်လိုက်တော့နော်။ 😉

JALAF Academy is all about Quality, Love, and Satisfaction. 💯❤️☑️
We are qualified educators with deepest hearts. ❣️

Photos from JALAF Academy's post 04/07/2023

ချစ်ရသူလေးတို့အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။ 🔔
21DigiX အတန်းလေးကို စိတ်ပါဝင်စားစွာ လာရောက် မေးမြန်းစုံစမ်းကြမှုကိုလည်း။အထူကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။

အခုတစ်ခါမှာတော့ 21DigiX 2023 July Term အတွက် ကျောင်းသားများ စတင်လက်ခံနေပါပြီခင်ဗျာ။

July လ 15 ရက်နေ့မှာ စတင်သင်ကြားမှာဖြစ်ပါတယ်ခင်ဗျာ။ 🤩

100% Self Paced အဖြစ်သင်ကြားသွားမှာဖြစ်တဲ့အတွက် အလုပ်တစ်ဖက်နှင့် သင်ယူလိုသူများ၊ အင်တာနက် ဒေတာ၊ လျှပ်စစ်မီးအခြေအနေ စိုးရိမ်နေရသူများ၊ လွတ်လွတ်လပ်လပ် အဆင်ပြေပြေ သင်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

ပိုမို အသေးစိတ်တဲ့ အချက်အလက်တွေကိုတော့ အောက်ကပုံလေးတွေမှာ ထောက်ပြီးဖတ်ရှုပေးပါဦးနော်။ ❤️

JALAF Academy is all about Quality, Love, and Satisfaction.
We are qualified educators with deepest hearts. ❣️

03/07/2023

JALAF ရဲ့ 21DigiX ကိုတော် ချစ်ရသူလေးတို့တော်တော်များများ သိပြီးကြမယ်လို့ထင်ပါတယ်။
ဒါပေမယ့် ပြောင်းလဲထားတဲ့ Edition နဲ့ class materials တွေအကြောင်းပိုမိုသိရှိစေဖို့ ‌အသေအချာလေးရှင်းပြပေးပါရစေခင်ဗျ။

☑️ 21DigiX ဆိုတာကတော့ 21DigiX Professional Training Class ကိုပြောတာဖြသ်ပြီး ၂၁ရာစုမှာ မရှိမဖြစ် လိုအပ်လာတဲ့
📌 Digital Skills
📌 Digital Ethics
📌 Digital Literacy နှင့်
📌 Professional Thinking တို့ကို ဦးတည်သင်ကြားလေ့ကျင့်ပေးသွားမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။

☑️ Google Workplace Skills (Beginner to Ultimate Level) ကို စာတွေ့/လက်တွေ့ အဓိက ထားလေ့ကျင့်ပေးမှာဖြစ်ပါတယ်။
Application use ကိုသာမက Synthesis Application, Key Identification တို့လည်းပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် professional thinking, communication, netiquette, higher education preparation စတာတွေကိုလည်းပါဝင် သင်ကြားပေးဦးမှာဖြစ်ပါတယ်။

☑️ Additional ထပ်မံ၍ Digital Literacy & Technologyနှင့်သက်ဆိုင်သော နိုင်ငံတကာတက္ကသိုလ် ကောလိပ်များမှ reading materials များ၊ paper များကိုလည်း ဖတ်ရှုလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါသေးတယ်။

☑️ 100% Self-Paced Learning ဖြင့် သင်ကြားသွားမှာဖြစ်ပြီး အပတ်စဉ် Progress Tracker ဖြင် စစ်ဆေးကာ မိမိရဲ့ Digital Skill ကို အချိန်နှင့်တပြေးညီသိနိုင်မှာဖြစ်ပါတယ်။

JALAF Academy ရဲ့ Self-Paced Learning အကြောင်း 👇
https://fb.watch/lyp-OdhwDz/?mibextid=Nif5oz

☑️ ဒီ 21DigiX Class မှာတော့

📌 စုစုပေါင်း Module 6 ခု
📌 Units - 20 units
📌 Lectures - over 100
📌 Graded Discussion - 4 (weekly)
📌 Practical Project - 4 (weekly)
📌 Quiz - 1 (at the end of the course)
📌 Learning hours - 30 hours

စသည်ဖြင့် ပါဝင်မှာဖြစ်ပါတယ်။

☑️ 21DigiX ဟာ တက်ရောက်သင့်တဲ့ course တစ်ခုဖြစ်ပါတယ်။

အပြောင်းအလဲမြန်ဆန်လာတဲ့ ခေတ်ကြီးမှာ အချိန်နှင့်တပြေးညီ လိုက်လျောညီထွေစွာ ပြောင်းလဲ ဆောင်ရွက်နိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာနှင့် professionalism ကအများကြီးလိုအပ်ပါတယ်။
ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို အဆင်ပြေပြ လျင်လျင်မြန်မြန်‌ေဆာင်ရွက်နိုင်မှာဖြစ်တဲ့အပြင် နည်ပညာရဲ့ ရိုက်ခတ်မှုဒဏ် (digital security, privacy, protection) တွေကိုလည်း အသေအချာ စီမံခန့်ခွဲနိုင်‌ေအာင် သင်ကြားပေးမယ့် အတန်းတစ်တန်းဖြစ်ပါတယ်။

☑️ Certification ကိစ္စ။

ကျောင်းသားကျောင်းသူတွေအနေနဲ့ certification တစ်ခုဆိုတာဟာလည်း မိမိတို့ရဲ့ လုပ်ငန်းခွင် career တစ်လျှောက်မှာ အခြေအနေတစ်ရပ်ထိ အရေးပါလှပါတယ်။

JALAF Academy ရဲ့ Authentic Certification ဟာ အရည်အချင်းပြည့်မီသူကိုသာ ပေးအပ်ခြင်းဖြစ်ပြီး Certified student name ဟာ certificate ပေါ်မှာ ပါတဲ့ QR code မှတစ်ဆင့် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သင်ကြားပေမယ့် Instructors များဟာလည်း သက်ဆိုင်ရာ နယ်ပယ်များမှာ credibility, validity အပြည်ြအဝရရှိထားသူများဖြစ်ပါတယ်။

QR code မှတစ်ဆင့်လည်း အတန်းရဲ့ အကြောင်းအရာ validity, credibility, authenticity ကိုစစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

☑️ အထူး ခံစားခွင့် 🤩🎉

ယခုမကြာခင်ဖွင့်လှစ်တော့မယ် 21DigiX အတန်းကို တက်ရောက်လေ့လာ၍ အောင်မြင်သူများအနေနဲ့ JALAF Academy ကအသစ်ထပ်မံဖွင့်လှစ်သွားမယ့် ⚙️Artificial Intelligence (Theory, Ethics & Practice) ⚙️ သင်တန်းအတွက် ၃၀ရာခိုင်နှုန်း သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။

⭕⭕⭕
မှတ်ချက်။ ။ AI သင်တန်းသည် chat GPT သုံးနည်းကဲ့သို့ ပေါပါပဲပဲသင်ကြားမည့် အတန်းလံုးဝ (လုံးဝ) မဟုတ်ပါ။ ❌❌❌
Theory, Practices များဖြင့် လေ့ကျင့်သင်ကြားမည့်အတန်းဖြစ်ပါတယ်။

အတန်းထဲမှာပြန်ဆုံကြရအောင်ပါခင်ဗျာ။

01/07/2023

ချစ်ရသူလေးများအားလုံးပဲ မင်္ဂလာပါဗျာ❤️

Pride Month Special အနေနဲ့ ပြုလုပ်ခဲ့တဲ့ “Safer, Prouder Days” Talk Show လေးကတော့ နယ်ပယ်အသီးသီးက ရင်ဘတ်ချင်းနီးတဲ့ မိတ်ဆွေများစွာရဲ့ အကူအညီတွေ၊ ချစ်ရသူလေးတို့ရဲ့ ပံ့ပိုးမှုတွေကြောင့် အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပြီပဲဖြစ်ပါတယ်။🎉

LGBTIQ+ နဲ့ဆိုင်တဲ့ s*x education ဗဟုသုတတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခဲ့တဲ့ ဆရာ Han Min Bo ကို ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားပါရစေခင်ဗျာ။🙏❤️

ပွဲလေးကို ပိုပြီး တွင်တွင်ကျယ်ကျယ်ဖြစ်စေဖို့ media partners များအနေနဲ့ ကူညီခဲ့တဲ့ No Hunger Zone နဲ့ Hype Think Education တို့ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း တစ်ပါတည်း ပြောကြားပါရစေ။🙆‍♀️❤️

JALAF Academy ရဲ့ လှုပ်ရှားမှုးတိုင်းကို အချစ်တွေနဲ့ စောင့်ကြည့်ရင်း အားပေးခဲ့ကြတဲ့ ချစ်ရသူတစ်ယောက်ချင်းစီက်ိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားရင်း July Activities လေးတွေကိုလည်း စောင့်မျှော်ပေးကြဖို့ တစ်ပါတည်း ပြောကြားပါရစေခင်ဗျာ။🫣✨

May July carry better things together with its Raindrops!🌧️❤️

29/06/2023

၂၀၂၃ ခုနှစ် ၊ ဇွန်လ(၂၉)ရက်။ 🕋

ယနေ့ဟာ အစ္စလာမ်ဘာသာဝင်ညီအစ်ကို‌‌ေမာင်နှမများ၏ မွန်မြတ်သောအီးဒ်နေ့ အခါသမယဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှမများအားလုံး ရွှင်လန်းဖူလုံစွာဖြင့် အလှူအတန်းကိစ္စ ကောင်းမှုအဝဝကို ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

28/06/2023

This talk show is to share love and support to the LGBTIQ+ community during this wonderful time of PRIDE Month. We will be sharing knowledge about

✅ Basic s*x education for LGBTIQ+ couples
✅ How to use protections
✅ Types of STDs that one should be aware of
✅ Personal Hygiene Tips for LGBTIQ+ community
✅ FAQs

We hope this talk show will be of some help in your health issues.

See you at 6:30pm!😉

28/06/2023

Today is a PROUD Day!!!!

မင်္ဂလာပါ ချစ်ရသူလေးတို့ရေ…🔔

စောင့်မျှော်ခြင်းတွေရဲ့အဆုံးမှာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နေ့လေးတစ်ခု ရောက်ရှိလို့ လာပါပြီ။🥳

ဒီနေ့မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ “Safer, Prouder Days” Talk Show လေးကို JALAF Academy page မှာ တိုက်ရိုက် Live ထုတ်လွှင့်ပေးသွားတော့မှာဖြစ်ပါတယ်။

🗓️ 28.6.23 (Wed)
⏰ 6:30pm to 8:30pm
📱 JALAF Academy page

ဒီအစီအစဉ်လေးမှာဆိုရင် LGBTIQ+ community နဲ့ ချစ်ရသူလေးများအားလုံးအတွက် မသိမဖြစ် သိထားသင့်တဲ့
✅ S*x Education Tips တွေ
✅ Personal Hygiene Advice တွေ
✅ အကာအကွယ်အသုံးပြုပုံတွေနဲ့
✅ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း အသေးစိတ်အပြင် ချစ်ရသူလေးတို့ သိချင်တဲ့ မေးခွန်းလေးတွေကိုလည်း ဖြေကြားပေးသွားမှာဖြစ်ပါတယ်။🎉

ကိုယ်သိချင်တာတွေကို comment box ကတစ်ဆင့် မေးလို့ရသလို အမည်မဖော်ပြဘဲမေးလိုသူတွေအတွက်လည်း အောက်ပါ form လေးကတစ်ဆင့် မေးလို့ရသေးတယ်နော်။😉

Anonymous Form Link: https://docs.google.com/forms/d/e/1FAIpQLSd4vFW8NwvuqNKtEAmBtDoqtVpm1M3oHB_4uQswFck7TVwTDQ/viewform?usp=sf_link

ဒါတွေအကုန်လုံးကို Live Session မှာ ဖြေကြားသွားမှာဖြစ်လို့ မပျက်မကွက် လာရောက်နားထောင်ဖို့တော့ လိုပါမယ်ခင်ဗျာ။🤗

ညနေ 6:30 ကျရင် ချစ်ရသူတို့ အားလုံးနဲ့ ဆုံချင်ပါတယ်ခင်ဗျ။❤️

26/06/2023

Is s*x education all about in*******se??

S*x Education လို့ပြောလိုက်တာနဲ့ လူအများစုက လိင်ပိုင်းဆိုင်ရာ စပ်လျက်မှုရှိမှ သိထားသင့်တယ်လို့ အမြင်မှားတတ်ကြပါတယ်။😬

ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆ ဖြစ်တယ်လို့ ဦးစွာပြောပါရစေ။❌

S*x Education ဆိုတာမှာ
📝 ကိုယ့်ရဲ့ private area နဲ့ ပတ်သက်လို တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် ဘယ်လိုဂရုစိုက်ရမလဲ။
📝 Hormone ဆိုင်ရာ ဘယ်လိုပြောင်းလဲမှုတွေရှိနိုင်လဲ။
📝 ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဇီဝကမ္မပြောင်းလဲမှုတွေ ဘယ်လိုရှိလဲ။ (ဥပမာ - ဆယ်ကျော်သက်အရွယ်) 📝 ဘယ်လိုအခြေအနေတွေမှာ စိတ်ခံစားချက်တွေ ဘယ်လိုပြောင်းလဲနိုင်လဲ။
📝 လိင်ကတစ်ဆင့် ဘယ်လ်ိုရောဂါတွေကူးစက်တတ်လဲ။ ဘာတွေ ဂရုစိုက်ဖို့လိုလဲ။
စတဲ့ ကျန်းမာရေးရှုထောင့်က သိမှတ်ဖွယ်ရာတွေ အများကြီးပါပါတယ်။😱🔥

ဒါကြောင့် ချစ်ရသူလေးတို့အနေနဲ့ s*x education ကို s*xual in*******se ရှိမှ သိသင့်တယ်လို့ အမြင်မှားနေရင်တော့ အခုပဲ ပြောင်းလဲသင့်ပါပြီနော်။😉

ချစ်ရသူလေးတွေထဲမှာ LGBTIQ+ community က သူလေးတွေရှိခဲ့မယ် (ဒါမှမဟုတ်) ကိုယ့်အသိမိတ်ဆွေသူငယ်ချင်းတွေထဲမှာ LGBTIQ+ community ကသူလေးတွေရှိခဲ့မယ်ဆိုရင် JALAF Academy ကပြုလုပ်တဲ့ “Safer, Prouder Days” Talk Show လေးအကြောင်း လက်တို့ဖို့မမေ့ပါနဲ့နော်။🫶❤️

အသေးစိတ်ကို အောက်ပါ post မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။👇

https://www.facebook.com/100071280973827/posts/282697914116239/?mibextid=SDPelY

See you on 28th!🥳

Photos from JALAF Academy's post 24/06/2023

သင်ကိုယ်တိုင်ဟာ LGBTIQ+ community ကလား။ ဒါမှမဟုတ် LGBTIQ+ သူငယ်ချင်းမိတ်ဆွေတွေ ပိုင်ဆိုင်ထားတဲ့ supporter တစ်ယောက်လား။🤷‍♀️

ဒီမေးခွန်းလေးတွေရဲ့အဖြေက “Yes” ဆိုရင်တော့ အခု မိတ်ဆက်ပေးမယ့် ပွဲလေးအကြောင်းကို အစအဆုံး ဖတ်ကြည့်ဖို့ လိုမယ်နော်။👀

2023 ရဲ့ Pride Month လေးမှာဆိုရင်တော့ LGBTIQ+ community က ညီအကို မောင်နှမတွေအဖို့ JALAF Academy က စီစဉ်ထားတဲ့ “Safer Prouder Days” ဆိုတဲ့ Live Talk Show လေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ။🥳

ဒီပွဲလေးမှာဆိုရင်တော့ LGBTIQ+ community နဲ့ ဆက်စက်နယ်ပယ်က ကျွန်တော်တို့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေအဖို့

👉 လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေ
👉 အကာအကွယ်အမျိုးမျိုးနဲ့ သုံးစွဲပုံတွေ
👉 လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ
👉 FAQ တွေ

စတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ကျွမ်းကျင် speaker နဲ့အတူ ဆွေးနွေးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်က LGBTIQ+ တစ်ယောက်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာတွေ ဖြစ်တဲ့အပြင် ကိုယ်တိုင်က LGBTIQ+ တစ်ယောက်မဟုတ်ခဲ့ရင်တောင် ကိုယ့်ပတ်ဝန်းကျင်က ချစ်ရသူတွေကို အသိပညာပေးကာကွယ်နိုင်စေဖို့ မဖြစ်မနေ တက်ရောက်သင့်တဲ့ session တစ်ခုလည်း ဖြစ်ပါတယ်။🙆‍♀️❤️

Talk Show Date and Time နဲ့ Speaker အကြောင်း အသေးစိတ်ကိုတော့ အောက်ေဖာ်ပြပါပုံလေးတွေမှာ ဆက်ဖတ်ပေးကြပါဦးခင်ဗျာ။

22/06/2023

“မျှော်နိုင်သလောက်တော့ မျှော်ဦးနော်” ဆိုတဲ့
သီချင်းစာသားလေးလိုပဲ မျှော်တဲ့သူကမျှော် ခန့်မှန်းတဲ့သူက ခန့်မှန်းပြီးကြပြီဆိုတော့ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ အစီအစဉ်က ဘာများဖြစ်မလဲနော်။🫣

ဒီလက Pride Month ဆိုတာကိုတော့ ချစ်ရသူလေးတို့ သိပြီးဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ JALAF Academy အနေနဲ့ဆိုရင်လည်း မတူညီညွတ်တဲ့ လိင်စိတ်ခံယူမှုအထွေထွေကို လက်ခံပြီး ခွဲခြားဆက်ဆံမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်လျက် ရှိတာနဲ့အညီ ခုလို ထူးခြားတဲ့လလေးမှာ LGBTIQ+ society က ကျွန်တော်တို့ရဲ့ ညီအကိုမောင်နှမတွေအတွက် “Safer, Prouder Days” လို့ အမည်ရတဲ့ လိင်ပိုင်းဆိုင်ရာအသိပညာပေးဆွေးနွေးကြမယ့် စကားဝိုင်းလေးကို ယူဆောင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။🥳

ဒီစကားဝိုင်းလေးမှာဆိုရင် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးကနေ LGBTIQ+ စုံတွဲလေးတွေအတွက်
❤️ လိင်ဆက်ဆံရာမှာ ဘာတွေကို သတိထားသင့်တယ်
💜 ဘာတွေကို ရှောင်ရှားသင့်တယ်
💛 လိင်ကတစ်ဆင့် ကူးဆက်တတ်တဲ့ ဘယ်လိုရောဂါတွေရှိတယ်
💚 heteros*xual စုံတွဲတွေနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိနိုင်တယ်
စသဖြင့် လိင်ပိုင်းဆိုင်ရာ အသိပညာတွေကို ချစ်ရသူလေးတို့ ဗဟုသုတရရှိစေဖို့ တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။

ဒီ့အပြင် စကားဝိုင်းဆိုတဲ့အတိုင်း ချစ်ရသူလေးတို့ကိုယ်တိုင် ဝင်ရောက်ဆွေးနွေးလို့ရစေမယ့် Facebook Live ပုံစံနဲ့ တင်ဆက်သွားမှာဖြစ်လို့ တကယ့်ကို နားထောင်ရကျိုးနပ်စေမယ့် အစီအစဉ်လေးဖြစ်စေမှာနော်။😉

ကိုယ့်ရဲ့ personal info တွေကို လျှို့ဝှက်ထားချင်တဲ့ ချစ်ရသူလေးတွေအဖို့ကတော့ အောက်ပါ google form လေးမှာ ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ ကိုယ်တိုင်ပင်ဆွေးနွေးချင်တဲ့ ဖြစ်ရပ်လေးတွေကို ရေးသားပြီး anonymous ပုံစံနဲ့ မေးလို့ရဦးမှာဆိုတော့ ဘာတွေဝေနေစရာ လိုဦးမလဲ။🤫

Google Form Link: (Anonymous)
https://docs.google.com/forms/d/e/1FAIpQLSd4vFW8NwvuqNKtEAmBtDoqtVpm1M3oHB_4uQswFck7TVwTDQ/viewform?usp=sf_link

ဒီဆွေးနွေးပွဲလေးမှာ ပါဝင်ဖို့ဆိုရင်တော့
🗓️ ဇွန်လ ၂၈ ရက်နေ့
⏰ ညနေ ၆:၃၀ အချိန်
🏟️ JALAF Academy page
မှာ စောင့်နေဖ်ို့တော့ လိုမယ်နော်။😚

ချစ်ရသူလေးတို့ရဲ့ မေးခွန်းတွေကို အသေးစိတ်ဖြေကြားသွားပေးမယ့်အပြင် မဖြစ်မနေ သိထားသင့်တဲ့ LGBTIQ+ s*x education နဲ့ ပတ်သက်တဲ့ ဗဟုသုတ ရစရာတွေကိုပါ ဝေဝေဆာဆာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။🙆‍♀️❤️

နောက်ရက်မှာတော့ ပြောကြားပေးသွားမယ့် guest speaker မိတ်ဆက်နဲ့အတူ ပြန်တွေ့ကြရအောင်လားဗျာ။🫶

20/06/2023

မင်္ဂလာပါ ချစ်ရသူလေးတို့ရေ…🔔

JALAF Academy ရဲ့ “မျှော်ပြီးရင်း မျှော်” ကဏ္ဍလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🤭

အခုတစ်ခေါက်မှာရော ဘယ်လိုမတူညီတဲ့ အကြောင်းအရာတွေကို အသစ်အသစ်သော ပုံစံတွေနဲ့ တင်ဆက်သွားဦးမလဲဆိုတာ သိချင်ရင်တော့ JALAF Academy page ကို see first လုပ်ပြီး စောင့်ကြည့်ဖို့ လိုမယ်နော့။🫣

ဒီတိုင်း ဘာမှမသိဘဲ မျှော်နေရတာမျိုးလည်း မဖြစ်စေချင်တာကြောင့် သဲလွန်စပေးရရင် “2000 ခုနှစ်တွေကို ပြန်လည် လွမ်းမောသွားစေမယ့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍတစ်ခု” လို့ပဲ ပြောရမလားဗျာ။🤔

ကဲကဲ အများကြီးပြောနေရင် ရင်မခုန်တော့မှာစိုးလို့ ဒီနေ့အဖို့တော့ ဒီလောက်ပဲပေါ့။😁✌️

သိချင်ရင်တော့ ကြာသပတေးနေ့မှာ မျက်တောင်မခတ် စောင့်မျှော်ကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား…။❤️

JALAF Academy is all about Quality, Love & Satisfaction.
We are qualified educators with the deepest hearts.

17/06/2023

Student's Feedback (21DigiX Professional Training Class)

21DigiX အတန်းလေးဟာဆိုရင်
မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများနှင့် လူငယ်များအတွက် ပိုမိုမြင့်မားတဲ့ပညာရေးကို တက်လှမ်းတော့မယ်ဆိုရင် အရေးကြီးလှတဲ့ မရှိမဖြစ်လိုအပ်မယ့်

💡Professional Skills များနှင့်

💡Philosophical Practice များကိုအခြေခံကာ

၂၁ ရာစုမှာ မရှိမဖြစ်တတ်ကျွမ်းထားရမယ့် Digital Skills များကို စာတွေ့ လက်တွေ့ ထိရောက်စွာသင်ကြားပေးနေတဲ့ အတန်းလေးဘဲဖြစ်ပါတယ်။

အတန်းလေးအကြောင်းသိချင်ရင်တော့ _

https://m.facebook.com/story.php?story_fbid=247003837685647&id=100071280973827&mibextid=Nif5oz

မကြာခင်မှာ Batch အသစ်အတွက် စတင်ကျောင်းအပ်လက်ခံတော့မှာဖြစ်ပါတယ်။

JALAF Academy is all about Quality, Love and SatisfactioJALAF Academylified educators with deepest hearts. ❤️

Photos from JALAF Academy's post 11/06/2023

♦️သင်ဟာ အများအကျိုးပြုတဲ့ Youth organisation တစ်ခု စတင်တည်ထောင် ဖို့ စိတ်ကူးရှိသူလား⁉️

♦️ဒါမှမဟုတ် ကိုယ့်ရဲ့ presentation skills တွေ၊Problem solving skills တွေ၊ team working skills တွေ တိုးတက်ပြီး ကိုယ့် personal development တိုးတက်ချင်နေပြီလား⁉️

♦️အဲ့လိုမှမဟုတ်ရင်လည်း Start Smart ရဲ့ အကြီးမားဆုံး in-person လူငယ် Networking ပွဲကိုတက်ရောက်ပြီး ကိုယ့်လူမျိုး ကြိုးစားနေတဲ့ လူငယ်တွေနဲ့ မိတ်ဖွဲ့ချင်နေပြီလား⁉️

✅ အဲ့လိုမျိုးဆိုရင်တော့ စိတ်ကူးတွေကို လက်တွေ့အကောင်ထည်ဖော်နိုင်ဖို့အတွက်
ကျွန်​တော်တို့ media partner အ​နေနဲ့ပါဝင်ထားတယ့် Start Smart (mention Start Smart Page)ကနေ ဦးစီးကျင်းပပြုလုပ်တယ့် "SDGs Youth Competition" ဆိုတဲ့ ၄ရက်တာပြိုင်ပွဲ ကြီးကို မိတ်ဆက်​ပေးပါရ​စေ…

ဒီပြိုင်ပွဲလေးမှာ SDGs ရဲ့အရေးပါမှုကို အသေးစိတ် လေ့လာခွင့်ရပြီး ကိုယ့်ရဲ့ Project Ideas တွေကို နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ အကဲဖြတ်ဒိုင်တွေ အရှေ့မှာ တင်ပြပြီး Feedbacks and Suggestions တောင်းယူနိုင်မှာဖြစ်ပါတယ်။

အဲ့အပြင် Winner ရရှိသွားတဲ့ အဖွဲ့ကတော့ SDGs ကို based လုပ်ပြီးတည်ထောင်မဲ့ Organisation ရဲ့ Founders တွေဖြစ်လာပြီး ကိုယ့်ရဲ့ project ideas တွေကို အနည်းဆုံး ၆ လ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

အဲ့လိုအကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ skills တွေနဲ့ organisation တစ်ခု လည်ပတ်ပုံတွေသိရှိဖို့လည်း Start Smart မှာ ၁ လ Volunteer အနေနဲ့ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

ထို့အပြင် Start Smart ရဲ့ Internal Training တွေလည်းတက်ခွင့်ရပြီး Organisation တစ်ခုဖြစ်အောင်တည်ထောင်နေတဲ့အချိန်မှာ Start Smart ရဲ့ Support တွေပါ ရရှိမှာဖြစ်ပါတယ်။ 🤩

Wow wow 🤩

အခုလိုမျိုးအကျိုးကျေးဇူးတွေက အရမ်းများနေတာကြောင့် လုံးဝ(လုံးဝ) လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးကြီးတစ်ခုဖြစ်​နေပါပြီ​နော် ...🤩

📣 ဒါပေမဲ့ ကိုယ်က ပြိုင်ပွဲယှဉ်ပြိုင်ချင်ပေမဲ့ SDGs အကြောင်း ထဲထဲဝင်ဝင် မသိသေးလည်း စိတ်မပူပါနဲ့။

ဒီ Competition မှာ ပါဝင်ကြမယ့် Participants တိုင်းကို SDGs advocates တွေဖြစ်တဲ့ ကျွမ်းကျင်ထက်မြတ်တဲ့ Guest Speakers အသီးသီးက SDGs အကြောင်း အသေးစိတ်ရှင်းပြပေးသွားမယ့်အပြင် ပြိုင်ပွဲနဲ့ပတ်သက်ပြီး Intensive Training Session တွေပါ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

🔸Training day လေးတွေကတော့ 15th June(Day 1) နဲ့ 16th June (Day 2) ဖြစ်ပြီး Zoom Platform ကနေ ပို့ချသွားမှာပါ။

🔸17th June(Day 3) မှာတော့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ project ရဲ့ 5 minutes စာ presentation ကို ကိုယ့်ရဲ့ teammates တွေနဲ့ Start Smart ရဲ့ facilitators 2 ​ယောက်နှင့်အတူ ပြင်ဆင်ဖို့ တစ်ရက် အချိန်ရမှာ ဖြစ်ပါတယ်ရှင်။

🔸 18th June(Day 4) မှာ ကိုယ့်ရဲ့ idea ကို အကဲဖြတ်ဒိုင်တွေရှေ့မှာ in-person ရှင်းပြပေးရမှာ ဖြစ်ပါတယ်။ Presentation duration ကတော့ ၅မိနစ်ဖြစ်ပြီး နောက်ထပ် ၅မိနစ်မှာ Judge များက မေးခွန်းမေးသွားမှာပါ။ Day 4 ရဲ့ Location ကတော့ Yangon မြို့ရဲ့ နာမည်ကြီး Private University တစ်ခုဖြစ်တဲ့ KBTC University မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်ရှင်။ (Location အသေးစိတ်ကို နောက်ရက်တွေမှာ ထပ်မံ ကြေညာပေးပါမယ်)

📌ဒါပေမဲ့ ကိုယ်က ပြိုင်ပွဲမှာမပြိုင်ဘဲ Training နဲ့ Webinar တွေ join ချင်ပြီး in-person event လေးမှာ ကိုယ့်လိုမျိုး ကြိုးစားနေတဲ့လူငယ်တွေနဲ့မိတ်ဆွေဖွဲ့ပြီး professional network ချဲ့ထွင်ချင်ရင်လည်း ပွဲလေးမှာ audience အနေနဲ့ register ပြီး လာရောက်လို့ရပါတယ်ရှင်။

📣 အဲ့တာဆိုရင်တော့ ဒီပွဲလေးကို စိတ်ဝင်စားတယ်ဆိုရင် comment မှာ “Yes” လို့ရေးခဲ့ပြီး “Start Smart SDGs Youth Competition 2023” ဆိုတဲ့ caption လေးနဲ့ share ပေးဖို့ မမေ့နဲ့နော်🤩

ပြီးရင်တော့ အခုလိုမျိုး အခွင့်အရေးကြီးကို လက်လွှတ်မခံတော့ဘဲ အောက်မှာ Register လိုက်တော့နော် 🥳 👇

📌For Registration

🔺 Participants (5) ယောက်ပါဝင်တဲ့ Team ရှိပြီးသူများ Register ရန် (representative 1ယောက်က ဖြည့်ရင်ရပါတယ်)
Link >>https://forms.gle/FFoEv7b3Vg2zNm1j7

🔺 Team မရှိသေးသူများ Register ရန်
Link >>https://forms.gle/oHemWodFygKYfS989

[ Note : Team ကအများဆုံး 7 ဖွဲ့ဘဲ ရွေးမှာဖြစ်လို့ မြန်မြန်လေး register လိုက်တော့နော် 🤩]

🔺ပြိုင်ပွဲတွင်ဝင်မပြိုင်ဘဲ program တက်ရောက် လေ့လာချင်သော audience များ Register ရန်
Link>>https://forms.gle/Kxag8NN49XwTjefi8

‼️Participant form or) Audience form Register လုပ်ပြီးရင်​တော့ ​အောက်က closed group ​လေးမှာဝင် join လိုက်​တော့​နော်..🍀

https://www.facebook.com/groups/sdgsyouthcompetitionbystartsmart

“SDGs Youth Competition” အကြောင်း အသေးစိတ်သိလိုပါက အောက်က Link လေးထဲဝင်ဖတ်ကြည့်လို့ ရပါတယ်ရှင် ⬇️

https://www.facebook.com/100068383479785/posts/565492515740193/?mibextid=cr9u03

Program အ​ကြောင်း ​မေးမြန်းချင်တာ တစ်စုံတစ်ရာရှိပါက ​အောက်က Start Smart Page Link က​နေတဆင့် Page messenger ကိုသွား​ရောက်​မေးမြန်းနိုင်ပါတယ်။

Start Smart Page Link》 https://www.facebook.com/startsmartyouthsocialenterprise

Videos (show all)

Stay Tuned till the end for a Big Surprise!🤩မင်္ဂလာပါ ချစ်ရသူလေးတို့ရေ… ဒီနေ့ဘာနေ့လေးလဲ သိကြလား။😗ဒီနေ့လေးမှာတော့ ချစ်ရသူ...
“Safer, Prouder Days” Talk Show 2023
Outstanding Student's Portfolio *Win Thinzar Tun
SDGs 5 (Gender Equality)
Digital Ethics
ဂျပန်ဘာသာစကားနဲ့ပတ်သတ်တဲ့ Language Knowledge ၄ချက်။ 🎌ဒီလို Language Knowledge အပြည့်အဝနဲ့ ဘာသာစကားတစ်ခုရဲ့ အခြေခံကို အသေ...
မင်္ဂလာ ညနေခင်းလေးပါခင်ဗျ။ ✨ဒီနေ့ဟာဆိုရင် JALAF Academy ရဲ့ အမှတ်တရနေ့လေးတစ်နေ့ဖြစ်ပါတယ်။ JALAF Academy ကို စတင် တည်ထောင...
JALAF Academy မှ ကျောင်းသား၊ ကျောင်းသူများအတွက် အကောင်းဆုံး အစီအစဉ်တစ်ခုကိုယူဆောင်လာခဲ့ပါပြီ။ 🌹 ‌ဂျပန်စာဘာသာစကားကို အခြေ...
JALAF Academy အနေနဲ့ ‌ချစ်ရသူလေးတို့ အဆင်ပြေပြေ ထိထိရောက်ရောက် သင်ယူလေ့လာနိုင်ဖို့အတွက် စီစဉ်ဖန်တီးထားတဲ့ Self-Paced Lea...
Portable Documents တွေနဲ့ အလုပ်များပြီး ခရီးမတွင်ဖြစ်နေပြီလား။ ဒီကနေ့မှာတော့ Pdf file တွေကို လွယ်လွယ်ကူကူနဲ့ တစ်နေရာတည်း...
ချစ်ရသူလေးတို့အားလုံးဘဲ မင်္ဂလာပါခင်ဗျ။ ကမ္ဘာနိုင်ငံအသီးသီးရှိ အမျိုးသမီး(၃)ဦးမှာ (၁)ဦးက နေ့စဉ်ဘဝမှာ အကြမ်းဖက်မှုတစ်ခုခု...
အကြမ်းဖက်မှုဆန့်ကျင်ရေးမှာ ချန်လှပ်ထားလို့မရတဲ့ LGBTIQA+ Community 🏳️‍🌈ချစ်ရသူလေး‌တို့ရဲ့ JALAF Academy ရဲ့ ကျား-မအခြေပြ...

Telephone

Website

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00