BHONE - Cosmetics

BHONE -  Cosmetics

Make The Life Easier...!!! Professional all kinds of Cosmetics like the selection of gift ... contact me ...!!!

XD
Our stocks are mainly from Thailand , Korea and Japan
New stocks are going to be updated everyday!. If you wanna make an order, just simply send an order form to
-FB messages or
-Call to 09960365175
Below are the details you need to mention when making an order:

"Order Form"

Name:
FB Name:
Item Code:
Item Link:
Color:
Quantity:
Phone:
Address:
Address you want the stock to be delivered:

05/04/2024

မင်္ဂလာပါ BHONE - Cosmetics မှ နယ်ဝေး Customer များခင်ဗျာ...

◽မင်တို့နယ်ဝေးမြို့တွေဆို Royal Express နဲ့ပို့တာဖြစ်လို့ Royal Express ဘက်မှ သင်္ကြန်ရုံးပိတ်ရက်များရှိပါတယ်။

◽Royal Express ရုံးက
Apr 12 ကနေ 20ရက်နေ့ 9ရက်တိတိ
ပိတ်မှာဖြစ်လို့ နယ်ဝေးcustomer များအနေနဲ့ ပစ္စည်းမှာယူလိုပါက ဒီအပတ် Apr လ 5,6,7ရက်နေ့တွေမှာ မှာယူပေးအား‌ပေးစေချင်ပါတယ်။

◽7ရက်နေ့နောက်ပိုင်း order များကတော့ 20ရက်နေ့နောက်ပိုင်းမှ customer တို့လက်ထဲရောက်နိုင်မည်ဖြစ်ကြောင်း အသိပေးတာပါဗျာ။

မင်တို့ သင်္ကြန်ပိတ်ရက်လဲကြေငြာပေးပါမယ်။အဲ့လောက်တော့မများပါဘူးလို့😁

Photos from BHONE -  Cosmetics's post 03/04/2024

ပစ္စည်းအသစ်ရောက်တာလေးတွေပါဗျ
လိုအပ်တာရှိရင် အားပေးပါဦးနော်❤️❤️❤️

03/04/2024

Soothing gelလေးတွေ instock ရှိတယ်နော် ချစ်တို့ရေ

03/04/2024

Sun cream ဆို tone-up ပါတာမကြိုက်ဘူး
oily skin တွေအတွက်လည်း အဆင်ပြေရမယ်ဆိုရင် စိမ့်ဝင်လွယ်ပြီး hydration ကောင်းတဲ့ Derma Factory Mild Sun Cream 30g လေးသုံးပါ 💚

price ~ 17000Ks‼️

SPF 50+ PA +++ ပါဝင်ပြီး soothing, skin whitening & wrinkle improvement စတဲ့ effect တွေ အရမ်းကောင်းတယ်နော်
သူကလေ စလိမ်းလိမ်းချင်း whitecast ပါတယ်ထင်ရပေမဲ့ လိမ်းနေရင်း ခဏနေကျ skin နဲ့တစ်သားထဲဖြစ်သွားတယ်

Green tea, Zinc oxide, Niacinamide & Glycerin ပါဝင်ပြီး Purified water အစား 45% cypress water ကိုသုံးထားလို့ healthy skin လေး
ဖြစ်စေပါတယ်

✅ အဆီမပြန်ဘူး
✅ Artificial flavoring တွေမပါဘူး
✅ Sticky မဖြစ်ဘူးနော်

Sensitive သမားတွေရော ဝက်ခြံ၊ အဆီဖုသမားတွေပါ သုံးလို့ရတဲ့ physical sunscreen လေး
ပါရှင့် 🥰🥰

Reviews 👇

https://m.facebook.com/story.php?story_fbid=579216204228322&id=100064198414483&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=208966138367722&id=100077630117302&mibextid=Nif5oz

03/04/2024

ပစ္စည်းပျက်နေတာ တော်တော်ကြာပြီဖြစ်တဲ့ ရှားပါးးလေး🤩🤩🤩

Watson’s cleansing water 💗💛💙

✔️အိမ်မှာနေလို့ အပြင်မသွားဖြစ်လို့ cleaning မလုပ်ရဘူးမထင်နဲ့နော် အိမ်မှာနေရင်လည်း လေထုထဲမှာအညစ်အကြေးတွေရှိတတ်လို့ သုံးပေးရတယ်နော်

💙အပြာလေးက💙
Gentle & mild ဖြစ်ပြီးတော့ sensitive skin တောင်
အဆင်ပြေတဲ့ cleansing water လေးပါ။ blogger တွေတော်တော်များများလည်း reviewsပေးတယ်😍

✔️Dermalogical tested ဖြစ်တာကိုမှ ဘာတွေ မပါဘူးလဲဆိုတော့
❌Alcohol free
❌Oil free
❌Fragrance free
❌Color free မလို့ တော်ရုံမတည့်မှာမပူရဘဲစိတ်ချလက်ချသုံးလို့ရတယ်နော်

✔️နောက်တခုက Hyaluronic acid လေးပါ တခါတည်း ပါပြီးသားမို့ ရေဓာတ်ဖြည့်ပေးတဲ့အပြင် အသားရေကိုတင်းပြီးကြည်စေတယ်

ဘူးဆိုဒ်ကလဲကြီးတော့ budget save ✔️

02/04/2024

နော် နော်

02/04/2024

Toner လေးတော့ instock
Liquid လေးလဲရောက်မယ်နော်

❓Exfoliating Toner တွေကို ဘယ်လိုသူတွေသုံးသင့်လဲ?

ဘယ်သူတွေသုံးသင့်လဲ မပြောခင်မှာ Exfoliating Toner ဆိုတာဘာလဲကို အရင်ပြောပြမယ်။

Exfoliating Toner ဆိုတာ Chemical Exfoliators တွေပါဝင်တဲ့ Toner
Exfoliators တွေကဘာတွေလဲဆိုရင် AHAs, BHAs & PHAs စတဲ့ Acid တွေ Exfoliating Toner တွေထဲမှာပါတာများတယ်။

ဘယ်လိုသူတွေသုံးဖို့ သင့်တော်လဲဆိုရင် All Skin Type သုံးလို့ရတယ်။
Sensitive skin & Dry Skin ပိုင်ရှင်တွေကတော့ အသားအရေအနေအထားတဲ့ Toner မှာပါတဲ့ Exfoliator ပါဝင်နှုန်း(%)ပေါ်မှာမူတည်တယ်။

Exfoliating Toner ကိုဘာကြောင့် သုံးသင့်လဲဆိုရင် Death Cell တွေအများကြီး အသားအရေပေါ်စုပုံနေတဲ့အခါမျိုးမှာ အဆီဖု နဲ့ ဝက်ခြံတွေထွက်မယ်။ အသားအရေကညစ်ပြီးကြမ်းထန်းနေမယ်။ အဲ့လို အခြေအနေမျိုးတွေမှာ Exfoliating Toner က သုံးကိုသုံးသင့်တယ်။

Exfoliating Toner တွေသုံးပြီး Chemical Exfoliate ပုံမှန်လုပ်သွားရင်
✔️အသားအရေကြည်မယ်။
✔️အဆီဖုတွေသက်သာလာမယ်။
✔️အဆီပြန်တာကိုသက်သာစေပြီး
✔️ချွေးပေါက်လေးတွေ သိသိသာသာကျဉ်းလာလိမ့်မယ်။

Exfoliating Toner က နေ့တိုင်းသုံးစရာလိုလားလို့ဆိုရင် တစ်ချို့ Toner က သုံးလို့ရသလို့ တစ်ချို့ Toner ကသုံးလို့မရပြန်ဘူး။

သားဖြိုးမှာ လက်ရှိသုံးနေတဲ့ Isntree ရဲ့ Exfoliating Toner (၂)မျိုးနဲ့ ယှဉ်ပြီးပြောတာပေါ့။
Isntree ရဲ့ Chestnut Line မှာဆိုရင်
🌰 Chestnut BHA0.9% Clear Toner
🌰 Chestnut BHA2% Clear Liquid
ဆိုပြီး (၂)မျိုးထွက်ထားတယ်။

(၂)မျိုးလုံးကတော့ Gentle Exfoliate လုပ်ပေးတယ်။

အကယ်လို့ Daily အနေနဲ့ သုံးချင်တယ်ဆိုရင် Chestnut BHA0.9% Clear Toner ကိုသုံးပြီး
ရက်ခြားအတွက်ဆိုရင်တော့ Chestnut BHA2% Clear Liquid ကိုသုံးစေချင်တယ်။
Exfoliating Toner တွေကို Daily သုံးတဲ့အခါမှာလည်း တစ်နေ့ တစ်ကြိမ်ကိုမှ ညဖက်ပဲသုံးစေချင်တယ်။

ကိုယ့်အသားအရေက Senstive & Dry Skin ဆိုရင်တော့ Daily သုံးတာကိုအားမပေးဘူး။

သားဖြိုး အနေနဲ့ ခု Isntree ရဲ့ Chestnut BHA0.9% နဲ့ BHA2% ကိုသုံးကြည့်ထားတဲ့ အတွေ့အကြုံအရဆိုရင် Toner (၂)မျိုးလုံးက Hydration အရမ်းကောင်းတဲ့ Toner တွေဖြစ်တယ်။
Irritation ဖြစ်တာကိုလည်း သားဖြိုး မကြုံတွေ့ရတဲ့အတွက် စိုးရိမ်စရာမလိုဘူးပေါ့။

သားဖြိုး အနေနဲ့တော့ Exfoliating Toner ကို စသုံးမယ်ဆိုရင်တော့ ခု Isntree ရဲ့ Chestnut Toner လေးတွေကို Recommend လုပ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့က Gentle ဖြစ်ပြီး Hydration ကောင်းတဲ့အတွက် လောင်မှာ၊ ရဲမှာ၊ ခြောက်မှာ လုံးဝ မစိုးရိမ်ရတဲ့ အတွက်ကြောင့်ပါ။

သားဖြိုးတစ်ခုမှာချင်တာက Exfoliating Agent တွေပါတဲ့ Skincare တွေ သုံးပြီဆိုတာနဲ့ နေ့ဖက်ကို လုံးဝ(လုံးဝ) Sunscreen လိမ်းဖို့ မမေ့ပါနဲ့နော်။

Isntree ရဲ့ Skincare လေးတွေကိုသားဖြိုးဝယ်နေကျ Beyoutiful - Beauty & Personal Care Myanmar မှာ ဝယ်လို့ရပါတယ်ဗျ။

သားဖြိုးရဲ့ Sharing Blog လေးကတော့ ဒီလောက်ပါပဲ။
နောက် Blog တွေမှာ ပြန်တွေ့မယ်နော်…။

Love you all 🥰

02/04/2024

နေလောင်ဒဏ်အမြန်ဆုံးသက်‌သာစေမဲ့
Soothing gel နှစ်မျိုး

02/04/2024

နွေရာသီ နေပူပူ ကိုကိုရှိမှ ဖြစ်မှာဆိုတဲ့
ကိုကို့ ချစ်ချစ်လေးတွေ ရေ
KoKo ပြန်ရောက်ပါပြီနော်

ပန်းရောင်လေးက အဆီမပြန်တဲ့ Toneup No Sebum Sun Cream
သူ့ tone up လေးက အသားထဲစိမ့်ဝင်သွားပြီး natural ဆန်ဆန် skin tone တက်ပြီး လင်းသွားစေတဲ့ ပုံစံလေး မို့ ညိုသူရော ဖြူသူရော အရမ်း အဆင်ပြေပါတယ်နော်

အစိမ်းလေးက Watery Fresh Type လေး
watery fresh ဆိုတဲ့ အတိုင်း အေးအေးကျဲကျဲလေးနဲ့ စိမ့်ဝင်လွယ်ပြီး calming effect လည်းပါတာမို့ အဆီဖု အဆီပြန် သမားလေးတွေ အတွက် အဆင်ပြေသောလေးနော်

အပြာလေးက Natural Aqua Sun Cream
dry to normal skinလေးတွေအတွက် moisturizing suncream ကောင်းလေးပါနော်
All skin type အဆင်ပြေလို့ glow look ကြိုက်သူလေးတွေလည်း try ကြည့်လို့ ရပါတယ်နော်

Instock Now
18000 Ks ( 50ml )

02/04/2024

ရေဓာတ်ဖြည့်ပြီး အသားရေလေးကျန်းမာစေဖို့
Moisturizer ကောင်းကောင်းသုံးမယ်
Derma Factory Aquaporin Hydrating Cream 70ml-23000Ks

02/04/2024

ဈေးသက်သာ သုံးလို့ကောင်းတဲ့
Watson Micellar Cleaning water
485ml-12500Ks

01/04/2024

အဆက်လိုက်တွဲပေးဆိုလို့ တွဲပေးပြီးရင်
ဟုတ် ကျေးဇူးနော်တဲ့
အဆင်ပြေတာလား မပြေတာလားဟင်😁
ဈေးအဆင်မပြေရင်လဲ ပြေနိုင်တဲ့ product လေးတွေပြန်ညှိပေးတယ်။
ဒါမှမဟုတ်လဲ နောက်တော့ယူမယ်
တစ်ခုခုတော့ပြောခဲ့ပါဦးလို့😁

ဟုတ် ကျေးဇူးဆိုတော့
ပြေတာလား မပြေတာလားမသိရတော့ ဘာပြောရမှန်းမသိလို့

01/04/2024

နွေရာသီမှာ skincare သူတိုင်းဆောင်ထားသင့်တဲ့ Soothing Gel!

နေအပူမိလာတဲ့အခါ အသားရည်ရဲ့ redness ဖြစ်တဲ့အခြေနေကို လျော့ချဖို့ရယ်
နေလောင်တာကို အမြန်ဆုံး healing လုပ်နိုင်ဖို့ရယ် ခုလို soothing gel လေးတွေက အရမ်းအသုံးဝင်တယ်။

တကယ်က ခေါင်းစခြေဆုံးသုံးလို့ရပါတယ်။
✔️ဆံပင်တွက်သုံးမလား ရတယ်။
✔️အသားရေကို hydration ရအောင် ပေါင်းတင်ပေးမလား ရတယ်။
✔️Skin inflammatory ဖြစ်နေလို့သုံးမလား ရတယ်။
ဘက်စုံသုံးလို့ရတယ်ဆိုတာကို ပြောချင်တာပါ။

တစ်ခု remind လုပ်ချင်တာက soothing gel က အသားရည်လေး hydration လေးရပြီး soothing ဖြစ်ရုံလောက်အတွက်သာ ကောင်းတယ်။
Moisturizer လိုသုံးဖို့တော့ သူ့မှ moisturizer တစ်ခုလို အလုပ်မလုပ်နိုင်ဘူးပါဘူး‌။

ဆိုတော့ product review လေးကိုဆက်ရရင်

🍀ဒီ JM Solution Soothing gel က တခြား soothing gel နဲ့မတူတာက Aloe vera အပြင် Cica ပါတယ်။
အဲ့အတွက် skin calming အမြန်ရစေတယ်။

🍀ကိုယ်က Beach သွားဖို့ စိတ်ကူးထားတယ်ဆိုရင် ဒီလိုဗူးကိုဆောင်ကိုဆောင်သွားသင့်တယ်။

🍀Aloe 92%, Cica အပြင် Glycerin နဲ့ Hyaluronic တို့ပါတာလဲတွေ့တယ်။
Alcohol free ဖြစ်တာမို့ Body အပြင်
မျက်နှာအတွက်ပါ အသုံးပြုနိုင်တယ်။

🍀နောက်တစ်ခုက Back acne ပေါက်တတ်တဲ့သူတွေဆို ရေချိုးပြီးရင် ဒီ gel လေးလိမ်းလို့ရတယ်နော်။
သက်သာပါတယ်လို့တော့ သေချာပေါက်မပြောနိုင်ပေမဲ့ အထောက်ကူဖြစ်မှာကတော့ သေချာပါတယ်။

🍀 fragrance ကတော့ NR gel လိုပါပဲ
သူ့လောက်တော့ fragrance strong မဖြစ်ဘူး။သင်းတယ်လို့ဆိုရမှာပေါ့..

300ml ပါတာကို 1သောင်းဝန်းကျင်ပဲမို့ ခုချိန်ဈေးနဲ့ကတော့ Fair ဖြစ်ပါတယ်။
အရင်က 7500လောက်ပဲရှိတာ😅
ထားပါတော့ တန်ပါတယ်။
နွေရာသီတွက်လဲ အသုံးဝင်မယ်ထင်လို့ လာတင်ပေးတာပါ။

Happy Summer ပါနော်💚

𝑩𝒉𝒐𝒏𝒆𝒚 _𝑩𝒍𝒐𝒈

Photos from BHONE -  Cosmetics's post 01/04/2024

အသစ်ရောက်ထားတာလေးတွေပါဗျ

လိုအပ်တာရှိရင် အားပေးပါဦးလို့🍀

Photos from 𝕊𝕥𝕖𝕡𝕙'𝕤 𝔹𝕖𝕒𝕦𝕥𝕠𝕡𝕚𝕒's post 01/04/2024

Instock

01/04/2024

Some By Mi လေး instock ပါ

ဒီနှစ်ခုကလေ အရမ်းကွာလှတယ်တော့ မဟုတ်ဘူး။ အဲ ဒီနှစ်ခုထဲ ဘယ်ဟာပိုကြိုက်လဲမေးရင်တော့ Some By Mi ကို ပိုကြိုက်တာပေါ့နော်။ ဒါပေမယ့် ဒီနွေမှာ ခေါင်းအေးအောင်လို့ တစ်ခုခုဖြန်းချင် သုံးချင်တဲ့သူတွေ ရွေးရအောင်လို့ပါ။

နှစ်ခုလုံးက cica, biotin နဲ့ menthol ကို အခြေခံထားတဲ့ hair tonic တွေပဲ။ Somebymi မှာ ပိုသွားတာဆို peptide နဲ့ berry complex၊ tenzero ကျတော့ Salicylic acid နဲ့ ceramide တွေ ပါတယ်။

Somebymi ကတော့ သုံးနေကျ (ဒါက ငါးဘူးမြောက်) မလို့ သူ့သိသာတာကတော့ ချက်ချင်းလောက်ကို သိသာနေတာ။ သုံးတာတောင် ရက်သိပ်မကြာသေးဘူးရယ်။ အဲ စဖြန်းတဲ့နေ့ကစပြီး ဆံပင်ကျွတ်တာနည်းလာတယ်။ ဦးရေပြားအေးအေးလေးနဲ့ ဆံပင်လေးတွေလည်း ပြန်အုံထူလာမျိုးပေါ့နော်။

Tenzero ကျတော့ ဆံပင်ကျွတ်သက်သာတယ်၊ ပြန်ပေါက်တာမျိုး စောင့်တဲ့အချိန်ကျ Somebymi လောက် မမြန်သလိုပဲ။ တစ်ခုရှိတာ ဦးရေပြားခြောက်တာမျိုးကျ သူက ပိုသိသာသလိုပဲ။ ခြောက်တာရဲ့နောက်ဆက်တွဲ အဖတ်လန်တာ အဖတ်တွေဖြစ်တာနည်းသွားတယ်။

ခေါင်းအေးတာကတော့ တူတူလောက်ပဲ၊ ဒီနွေကျ ခေါင်းအေးအေးလေးဖြစ်ချင်ရင်တော့ ဒါမျိုးတွေက သိသာတယ်။
Somebymi က 150ml ပါတယ်၊ ဒါပေမယ့် ဈေးက နှစ်သောင်းကျော်နေပြီပေါ့နော်။ tenzero က 100ml ပါတယ် ဈေးကတော့ တစ်သောင်းကျော်တယ်ဆိုရုံပဲ။

ဒါဆို ဘယ်လိုရွေးရမလဲ။ Somebymi ကတော့ ဆံပင်ကျွတ်တာ၊ ဆံပင်ပြန်ပေါက်တာမျိုးမှာ ပိုသိသာတယ်။ tenzero ကျတော့ ဦးရေပြားခြောက်တာ၊ နောက်ဆက်တွဲ အဖတ်လေးတွေ သက်သာအောင်ပေါ့။ ပြောချင်တာ
ဆံပင်ပြဿနာရှိတယ် ဦးရေပြားကိုပါ ဂရုစိုက်ချင်တယ်ဆို Somebymi ပဲ ပြန်ရွေး၊ မဟုတ်ဘူး ဒီရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းလေးသန့်ပြီး အေးနေရင်ရပြီဆို Tenzero ကို ရွေးပါလို့ အကြံပေးချင်ပါတယ်။

Moon ကတော့ နှစ်ခုလုံး Your Little Eggy ကနေ ဝယ်တာပါ။

(Somebymi hair tonic လိုမျိုး တစ်ခုခုဆို အမြဲပြန်ပြန်ဝယ်ဖြစ်တာလေးတွေ စုပြီး တစ်ရက်ကျတင်ပေးဦးမယ်နော်။)

🌙
Moon

31/03/2024

Skinpastal All sold out နော်
ထပ်ရမှ တင်ပေးပါမယ်နော် ချစ်တို့ရေ

31/03/2024

ဘာလိုလဲ ဘာရှာလဲ အကုန်ရှိတယ်

How about Axis-Y and Graymelin?

အားလုံးလည်း Stress တွေများနေမှာမို့ Content တွေကိုအတတ်နိုင်ဆုံး တိုတိုနဲ့လိုရင်းကိုပဲ ဦးတည်ပြီးရေးလိုက်ပါမယ်နော်။

ဒီ Product တွေက မင်မင်မရေးခင်တည်းက Reviews တွေအများကြီးရှိပါတယ်။ သုံးရတာလည်း တကယ်ကို Price to performance ဖြစ်ပါတယ်။

အရင်ဆုံး Axis - Y dark spot serum ကိုသွားလိုက်မယ်။

အမှန်အတိုင်းပြောရရင် မင်မင့်အတွက် Dark spot ( အထူးသဖြင့် ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမဲစက်) ကိုမှိန်အောင်လုပ်တဲ့နေရာမှာ Snail လောက်မသိသာဘူး။ အချိန်ပိုယူရတယ်။ ဒီထဲမှာပါတဲ့ Rice extract က Main player တော့မဟုတ်ဘူး။ အဓိက player က Niacinamide ပါ။ အဲ့တာကြောင့် Nia ရဲ့ Function ကိုပြောရရင် Skin brightening, pore minimizing, oil control ပေါ့။ ဒါက Generally ပြောတာပါ။ ဒီ product မှာက Dark spot correcting function အနေနဲ့ title တပ်ထားပေမဲ့ Skin ပေါ်မူတည်ပြီး သူများတွေ Glow သလောက် ကိုယ်ပါမြန်မြန်လိုက် Glow သွားမယ်လို့တရားသေမှတ်လို့မရပါဘူး။ Dry skin လိုမျိုးမှာကြာနိုင်ပါတယ်။ Hydration ကောင်းတယ်။ Purfume တွေမပါဘူး။ နောက်တစ်ချက်က Cruelty free ဖြစ်ပါတယ်။ Rice နဲ့မတည့်ရင်တော့ အဆင်မပြေနိုင်ပေမဲ့ Texture အရ All skin type အဆင်ပြေပါတယ်။ Retinol နဲ့တွဲရင်လည်းအဆင်ပြေတယ်။ Fungal acne သမားတွေကိုတော့မသုံးစေချင်ပါဘူး။ ညဘက်ကိုပဲသုံးစေချင်ပါတယ်။

Graymelin mugwort gel

ဒါကတော့ ပထမဆုံး Mugwort ကိုစသုံးဖူးတဲ့ product ပါ။ ဘာလို့ရွေးဖြစ်ရလဲဆို သူ့ထဲမှာ Aloe vera လည်းပါနေလို့။ မင်မင့် Skin က Aloe vera နဲ့ အရမ်းအဆင်ပြေတတ်ပါတယ်။ အနံ့က ပရဆေးနံ့မျိုးပါ။ Texture က Soothing gel appearance ဆိုပေမဲ့ Gel moisturizer မို့ အစိုဓာတ်ထိန်းနိုင်ပါတယ်။ ရာသီဥတုပူတဲ့အချိန်တွေ အဆီပြန်တဲ့အသားအရည်တွေနဲ့ တော်တော်ကြီးကိုအဆင်ပြေပါတယ်။ Dry skin တွေလည်း ဆောင်းတွင်းကလွဲရင်အဆင်ပြေနိုင်ပါတယ်။

Mugwort ရဲ့ function က ဝက်ခြံ၊ အဆီဖုကို Calming လုပ်ပြီး တဖြေးဖြေးပျောက်သွားအောင် cure လုပ်နိုင်တာပါ။ နီရဲယောင်ရမ်းနေတဲ့အခြေအနေတွေဆိုရင်လည်းကောင်းကောင်းထိန်းနိုင်ပါတယ်။ Fungal acne safe ပါ။ မင်မင့်နဖူးက အဆီဖုတွေကြောင့် ဒါကိုဝယ်ဖြစ်သွားပြီး ၂ ပတ်ကျော်ကျော်မှာတင် Smooth ဖြစ်သွားပါတယ်။ 100ml ဆိုပေမဲ့ Texture ကျဲတဲ့အတွက် အကြာကြီးတော့မခံပါဘူး။ ဝက်ခြံ၊ အဆီဖုသမားတွေကို recommend လုပ်ပါတယ်။

၂ ခုစလုံး Not PR and no sponsored ပါ။

ကဲသိချင်တဲ့အချက်အလက်လေးတွေလည်းပါမယ်ထင်ပါတယ်။ သိချင်သေးတာရှိရင် comment ပေးခဲ့ပါနော်။ မင်မင့် Chat box က error တွေဖြစ်ဖြစ်နေလို့ပါ။

Product နဲ့သက်ဆိုင်တဲ့မေးခွန်းတွေကိုပဲဖြေပေးပါမယ်ရှင်။

Bye Bye....So long.🍓

Photos from BHONE -  Cosmetics's post 31/03/2024

ဖြူဖွေးစိုအိလို့ နာမည်ကြီးနေတဲ့ Vaseline ရဲ့ Lotion အသစ် 🩵

Scrub တွေတိုက်တာတောင် သိပ်မသိသာလို့ စိတ်ညစ်နေတဲ့သူတွေကတော့ မစဉ်းစားဘဲ တစ်ဗူးစွဲထားလိုက်တော့🩵

✨Vaseline Gluta-Hya Serum Burst Lotion
Smoothing Perfector အစိမ်းလေး✨

သူလေးကလေ ingredients တွေက အတော်စိတ်ဝင်စားစရာလေး
AHA+BHA+PHA ပါတာဆိုတော့ exfoliating effect ပေးတာမို့ dead cells တွေဖယ်ရှာပေးတယ်

ဒူးမဲ ဂျိုင်းမဲတာတွေ ✅
နေလောင်တာတွေ ✅
အမာရွတ်တွေ✅
ကြာဆူးတွေ✅
မွေးကျွတ်နာတွေ✅
ကို ပုံမှန် lotion တွေထက် သက်သာစေတယ်🩵

ဒါ့အပြင် အသားဖြူပြီးကြည်တဲ့နေရာမှာ ဆရာတစ်ပါးဖြစ်တဲ့ Vitamin C ထက် ပိုကောင်းသော
Gluta Glow ကိုမှ အဆ 70 လောက်ထည့်ပေးထားတာမို့ ဒါမှ မဖြူဘူး မကြည်ဘူးဆို ထုံးသုတ်ဖို့ပဲရှိတော့မယ်😁🩵

Texture ကလဲ သိတဲ့တိုင်း ဒီ Hya series တွေက ကျဲတောက်အေးချမ်းနေတော့ နွေရာသီနဲ့ကလဲ ကွက်တိဟက်ထိ 💧

Price 19500Ks
Instock

30/03/2024

Hello.. pay day နေ့လေးအနေနဲ့
30,31နဲ့ 1ရက်နေ့ သုံးရက်တိတိမှာ

☑️3သောင်းဖိုးဝယ်တဲ့ Customer များကို 3%

☑️65000ဖိုးနဲ့ 65000ဖိုးအထက်ဝယ်တဲ့ Customer
များကို 6% လျော့ပေးမဲ့ Pay Day Promotion လေးရှိပါတယ်။

☑️1သိန်းခွဲထိဝယ်တဲ့သူများကိုတော့ 6%+ Y2K မျက်မှန်လေးပါ လက်ဆောင်ထည့်ပေးပါဦးမယ်😁

28/03/2024

ဒီရက်ပိုင်း မင့် customer လေးတွေ
ဝက်ခြံသက်သာပြီးမှပြန်ထွက်လာတယ်။
သုံးနေကြ product တွေသုံးတာပဲ
ပြောင်းတာမရှိဘူး။
ခုရက်ပိုင်း သိသိသာသာပြန်ထွက်လာတယ်ဆိုတာ ကြားရတာ ခပ်စိပ်စိပ်ဖြစ်လာတယ်။
Weather changes ဖြစ်တာကြောင့်မို့
အဲ့ဒါသာမန်ပဲနော်။
မင်ဘုန်းလဲထွက်တယ်။

Skincare တွေကို light weight ဖြစ်တာအဓိကထားသုံးပေး၊
Cream type တွေဆို ရှောင်တော့နော်
ရှေ့လျှောက်ကဒီထပ်ပိုပူလာတော့မှာမို့။
Claiming ဖြစ်စေမဲ့ product တစ်ခုလောက် တွဲတွဲသုံးပေးနော်။
မင်ဘုန်းကတော့ GG mugwort gel နဲ့တည့်လို အဲ့ဒါကိုပဲပြန်ဖိသုံးနေတယ်။
ဆိုတော့ ပြန်ထွက်လာတယ်ဆိုတာ ရာသီဥတုကြောင့်ပါ။
ပြောင်းလဲလာတဲ့ ရာသီနဲ့ အသားရည်ကအသားမကျသေးလို့ပါနော်။

Photos from BHONE -  Cosmetics's post 28/03/2024

𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐜𝐭𝐨𝐫𝐲 𝐩𝐇 𝐁𝐚𝐥𝐚𝐧𝐜𝐢𝐧𝐠 𝐂𝐥𝐞𝐚𝐧𝐬𝐢𝐧𝐠 𝐅𝐨𝐚𝐦
🩵
Price 22000Ks

မနက်ရော ညပါ အသုံးပြုလို့ရတဲ့ mild cleansing foam လေး instock ရောက်ထားပါတယ်နော် ..

👉 pH Balance မဖြစ်တဲ့မျက်နှာသစ်တွေ သုံးမိရင် အသားအရေက ပိုပြီးခြောက်သွေ့ပျက်စီးလာတတ်ပါတယ်နော် .. Derma Factory pH Balancing Cleansing Foam လေးကတော့ pH Balance ဖြစ်သလို skin barrier အတွက်ကောင်းပြီး ရေဓာတ်လည်းသေချာဖြည့်ပေးနိုင်ပါတယ်ရှင်

🩵 Glycerin, Green tea water, Panthenol & Sodium cocoyl apple amino acid တို့ပါဝင်ပြီးရေဓာတ်လုံလောက်အောင် ဖြည့်ပေးနိုင်တာကြောင့် dry skin တွေအတွက် အဆင်ပြေသလို အသီးတွေကရတဲ့ သဘာဝ weak acid အနည်းငယ်သာပါဝင်တာမို့ sensitive skin တွေပါ စိတ်ချလက်ချ သုံးလို့ရပါတယ်နော်

🩵 ပုံမှန်ဆိုရင် အက်ဆစ်အနည်းငယ်သုံးထားတဲ့ foam တွေဟာ အမြှုပ်ထွက်နည်းပါတယ်..
ဒါလေးကတော့ အမြှုပ်ထွက်အားလည်း ကောင်းတာကြောင့် သုံးဖူးသူတိုင်း အကြိုက်တွေ့နေတာလေးနော် မျက်နှာသစ်ပြီးတာနဲ့ ခြောက်မသွားဘဲ စိုစိုအိအိလေးကျန်နေခဲ့တာပါနော် ..

Photos from BHONE -  Cosmetics's post 28/03/2024

💋💚 Healthy Shop Lip Pink
💚💋

Price 12900Ks

🌵 ရှားစောင်းလက်ပတ်/ ဗီတာမင် C&Eတို့ ဖြင့်ထုတ်လုပ်ထားသည့် ပန်းနုရောင်သန်းစေသည့် နှုတ်ခမ်းလိမ်းဆေး အဆီလေးပါ

🌵 Chemical ပါဝင်တဲ့နှုတ်ခမ်းနီတွေ အသုံးပြုတာများတာကြောင့်နှုတ်ခမ်းတွေမဲညိုခြင်း အသားညိုလို့နှုတ်ခမ်းညိုခြင်း 🥀

🌵ဆေးလိပ်အရက်သောက်သုံးမှုကြောင့်ညိုခြင်း ဓာတ်မတည့်မှုအမျိူးမျိူးကြောင့်ညိုခြင်း 🥀

🌵 မျက်နှာနှင့်နှုတ်ခမ်းတဝိုက်နေရောင်ခြည်ဒဏ်ကြောင့်ညိုခြင်း စတာတွေအတွက် ဘာကြောင့်ပဲညိုညို ညိုမဲနေသောနှုတ်ခမ်းသားအား တခဏအတွင်းသဘာဝကျကျပန်းရောင်သို့ပြောင်းလဲပေးပါတယ် 🌞🌼

🌵 ဆောင်းရာသီတွင်ဖြစ်တတ်သောနှုတ်ခမ်းသားခြောက်သွေ့ခြင်းပြီးအဖတ်ကွာခြင်း နှုတ်ခမ်းကွဲခြင်းကိုပျောက်ကင်းစေပြီး နူးညံ့စိုပြည်စေပါတယ် ❄️❄️💦

28/03/2024

RAIP : Argan Hair Oil

Customer အသဲစွဲ R3 hair oil လေးပြန်ရပြီနော်။ အနံ့လေးတွေကအစအကုန်ကောင်းတယ်။ အရမ်းကို ပစ္စည်းရှားပါတယ်

Price - 12500Ks

▪️ဆံပင်အတွက်အရမ်းကောင်းတဲ့ Argan oil အဆီအနှစ်နဲ့ ထုတ်လုပ်ထားလို့ ဆံသားအဖျားနှစ်ခွဖြစ်တာကိုသက်သာစေတယ် / ဆံသားကြမ်းခြင်း ဖွာခြင်းမှလည်းကာကွယ်ပေးတယ်

💚ဆံသားတောက်ပြောင်ခြင်း / ပျက်စီးနေတဲ့ ဆံသားကို ရေဓာတ်ဖြည့်ပေးပြီး ပြန်လည်ပြုပြင်ပေးခြင်း / ဆံပင်ညှိခြင်းမှ သက်သာပြီး ဆံသားကို တောက်ပြောင် ကျန်းမာစေပါတယ်ရှင်

💚Texture ကအခြား Hair oil တွေနဲ့မတူပဲစေးကပ်မှုမရှိတာက သူ့အားသာချက်ပါ။

💚Lovely - ပန်းပွင့်နဲ့အဓိကလုပ်ထားလို့ Sweet & Cool ဖြစ်တဲ့အနံ့မျိုးလေးနော် ။ အတော်ကောင်းတဲ့အနံ့လေးပါ ပန်းရနံ့သင်းသင်းလေးက စွဲပြီးကျန်ခဲ့တာမျိုးလေးနော် 🌸🌷🌹

💚Ocean Blue - ဒီအနံ့လေးက So so fresh လေးပါရှင် ပင်လယ်ကိုရောက်သွားသလိုခံစားရမှာနော် ။ Fresh ဖြစ်တဲ့အနံ့လေးမို့ အရမ်းကိုလူကြိုက်များပါတယ်..

▪️သုံးလေးစက်လောက်နဲ့ လုံလောက်ပြီး ထိထိရောက်ရောက်ကောင်းတဲ့ Hair oil လေးမို့ 100ml ဆိုအတော့်ကိုအကြာကြီးသုံးရပါတယ် 💕

Review Link 🔗

https://www.facebook.com/100063704290102/posts/536069555193183/?mibextid=5zvaxg

https://www.facebook.com/100069907274838/posts/407913231548916/?mibextid=5zvaxg

Photos from BHONE -  Cosmetics's post 28/03/2024

ဘာဘဲသုံးသုံးအသားရေက မွဲခြောက်ပြီးညစ်ထေးနေတယ်ဆိုတဲ့သူလေးအတွက် Fraijour ရဲ့ Yuzu Honey Enriched Cream လေးလာပါပြီ

Yuzu ပါဝင်တာမို့ အမဲစက် မှဲ့ခြောက် ဝက်ခြံကျန်ခဲ့တဲ့အမဲစက်လေးတွေိကိုမှေးမှိန်စေပြီး ကြည်လင်ဝင်းပစေပါတယ်

Honey လည်းပါလို့အသားရေအတွင်းပိုင်းထိ ရေဓာတ်ဖြည့်ပေးပြီး အစိုဓာတ်ကိုကြာရှည်စွာထိန်းပေးနိုင်တာမို့ စိုစိုကြည်ကြည်နဲ့ Glow နေစေမှာနော်

Cream ဆိုပေမယ့်စေးကပ်နေတာမျိုးမဟုတ်ဘဲ ဖြန့်ရလွယ်ပြီးလိမ်းရလို့အဆင်ပြေတဲ့ texture လေးပါ

Yuzu Honey Cream လေးသုံးပြီးစိုစိုကြည်ကြည်လေးနဲ့ glow လိုက်တော့နော်

50 ml 25000
Instock Now

27/03/2024

အသားကြည်ချင် ဝင်းချင်သူများသုံးသင့်သော
Instock 23000 ပါလို့

Dermafactory Red Acne Peel Review

နွေရာသီနဲ့လည်း အဆင်ပြေ၊ Sensitive Skin တွေနဲ့လည်း (သတိတော့ထားပေါ့လေ) အသုံးပြုရလွယ်မယ့် Dermafactory က Red Acne Peel အကြောင်းလေး Review ပေးချင်ပါတယ်။

ဒါကတော့ Moon ကိုယ်တိုင် Dermafactory ကို သွင်းပေးပါလို့ သွားမေး သွားတောင်းဆိုထားတာလေးပေါ့။ ရောက်လာတော့လည်း သုံးကြည့်၊ အဆင်ပြေတော့လည်း အားလုံးလည်း သဘောကျမယ်ထင်လို့ ပြန်မျှဝေဖြစ်သွားတာပါပဲ။ ကဲ Review စလိုက်ရအောင်။

ဒီဟာလေးက Chemical Peeling ပေါ့နော်။ ingredients အရဆို Lactic Acid 20% ပါဝင်တယ်။ ပြီးရင်တော့ Soothing အတွက် Aloe Vera Juice 46% နဲ့ Glycerin တို့ ပါဝင်တယ်။ Acne အတွက် ထုတ်ထားတာဖြစ်လို့ Salicylic Acid (BHA) (0.5%) နဲ့ Zinc PCA တို့လည်း ပါပါသေးတယ်။ အရောင်ကတော့ အနီဖျော့ဖျော့လေးပါ။

Ingredients အရ Lactic Acid က Exfoliate/Peeling လုပ်ပေးမယ်၊ အဲမှာ BHA နဲ့ Zinc PCA တို့က ဝက်ခြံ နဲ့ အဆီပြန်တာကို သက်သာအောင် ကူညီပေးပြီး မျက်နှာက exfoliating process မှာ Soothing အတွက် Aloe Vera နဲ့ Glycerin က ထိန်းပေးတယ်။ အဲလိုပေါ့နော်။

အသုံးပြုပုံကတော့ မျက်နှာသစ် ရေခြောက်အောင်သုတ် ပြီးရင် ဒါကို လိုသလောက်လိမ်း (Moon ကတော့ တစ်မျက်နှာလုံးစာ 3 pump လောက် သုံးတယ်) ဖွဖွလေး ပွတ်တယ်ဆိုရုံလေးပွတ် တစ်မိနစ်ပဲထား (တစ်မိနစ်ပဲနော်) ပြီးရင် ရေဆေးချ (ရေနွေးလေးနဲ့ဆို ပိုပြောင်တယ်) ပြီးမှ သုံးနေကျ skincare တွေ ပြန်သုံးပေးပေါ့နော်။ Moon ကတော့ တစ်ပတ်တစ်ခါပဲ သုံးပါတယ်။

ဘာတွေသိသာလဲ ဆိုရင်တော့

Gentle ပေမယ့် ထိရောက်တဲ့ Peeling သဘောမျိုးဖြစ်လို့ ရေဆေးချပြီး Skincare လိုက်တာနဲ့ မျက်နှာက မသုံးခင်ကထက်ကို ပိုကြည် ပိုသန့်ပြီး ပိုလင်း ပို bright သွားတာတော့ တကယ်ပါ။ အသားအရေ overall smooth ချောသွားတာပေါ့နော်။

ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အဆီဖုသက်သာလားမေးရင် သက်သာတယ်လို့ ပြောလို့ရတယ်။ ကိုယ်က ဝက်ခြံနဲ့ ပတ်သတ်လို့ ဆေးခန်းပြ treatment ယူနေတာမျိုးဆိုရင်တော့ ဒါက မလိုပါဘူး။ တစ်ခါတစ်လေမှ အဆီတွေအရမ်းပြန် ချွေးပေါက်တွေပိတ်လို့ ဝက်ခြံတွေထွက်တတ်တာမျိုး၊ မျက်နှာမှ ညှစ်မရတဲ့ အဆီဖုလေးတွေ ရှိနေတတ်မျိုးဆိုရင်တော့ ဥုံဖွ တစ်မိနစ်နဲ့အကုန်သက်သာတော့ မဟုတ်ပေမယ့် ကိုယ်က consistent ရှိတယ်ဆို သိသာတာမျိုး တွေ့ရတယ်။

မျက်နှာက ညစ်နေတာ dull ဖြစ်နေတာမျိုးလည်း အပေါ်က ပြောခဲ့သလိုမျိုးပဲ လင်းလင်းလေးကျန်ခဲ့တာ၊ အသားအရေက ချောပြီး ညီလာမျိုးလည်း တွေ့ရတယ်။

အဆီပြန်တာနဲ့ ချွေးပေါက်ကျယ်ရင်လည်း သူ့ကိုသုံးပေးလို့ရတယ်၊ တစ်မိနစ်လောက်နဲ့ မျက်နှာက သန့်ပြီးကြည်ဝင်းသွားတာမျိုးဆိုတော့ မဆိုးဘူးပေါ့လေ။

နွေရာသီက နေပူလို့ Peeling လုပ်ရတာ အဆင်မပြေမှာ ကြောက်ကျတယ် ဆိုပေမယ့်လည်း သူက အရမ်းကြီး ပြင်းတဲ့ဘက်ကို မရောက်လို့ ကိုယ်က Sunscreen သေချာလိမ်းပေးဖို့ကိုလည်း မပျင်းရင် သုဲးကြည့်လို့ရပါတယ်လို့။

ဒါကိုသုံးမယ်ဆို Soothing Calming ဖြစ်တဲ့ Skincare တွေ နောက်ကလိုက်သုံးပေးတာ ပိုကောင်းပါတယ်။ ဒါသုံးပြီးရင် Sheet Mask ကပ်ပေးတာ၊ Moisturizer များများပိုလိမ်းပေးတာမျိုးဆို ပိုအဆင်ပြေတာပေါ့။ ဒါသုံးတဲ့နေ့ ကိုယ့်အသားအရေကို irritated မဖြစ်စေမယ့် ingredients တွေကို ပိုဦးစားပေးတာ အကောင်းဆုံးပဲ။ ဆိုတော့ နောက်သုံးမယ့် skincare ထဲ AHA/BHA တွေ Retinol တွေ မပါရင် ပိုကောင်းတာပေါ့နော်။ မနက်ကျ Sunscreen သေသေချာချာလိမ်းပေးနော်။

Moon က ဒီ Peeling ကို Glycolic Acid/PHA (Glucocnolactone) တို့နဲ့ ယှဉ်တဲ့အခါ ပိုသဘောကျမိတယ်။ Moon က Lactic Acid နဲ့ ပိုတည့်တာရယ် Lactic Acid က စောနက နှစ်ခုနဲ့ ယှဉ်မယ်ဆို Molecules Size ပိုကြီးတော့ အရမ်း Pe*******on ဖြစ်ရင် အသားအရေ ပို Sensitive ပိုနုသွားမှာကို စိတ်သိပ်ပူစရာမလိုဘူးပေါ့လေ။ ဒါက Moon သဘောကျတာကို ပြောပြတာပါ။

ခြုံပြောရရင်တော့ သုံးရလွယ် သိသာတာမြန်တဲ့ Peeling တစ်ခုခု ကိုယ့် Routine ထဲမှာ ထည့်သုံးဖို့ စဉ်းစားနေတဲ့သူတွေ၊ ဝက်ခြံ အဆီပြန် ချွေးပေါက်ပိတ်လွယ်တဲ့သူတွေအတွက်တော့ Dermafactory Red Acne Peel လေးကို ညွန်းပါတယ်လို့။

Moon က လက်ဆောင်ရတာပါ။ စိတ်ဝင်စားရင် Derma Factory Myanmar မှာ မေးကြည့်လို့ရပါတယ်လို့။

🌙
Moon

Photos from BHONE -  Cosmetics's post 27/03/2024

𝘾𝙊𝙎𝙍𝙓 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙 𝘿𝙖𝙞𝙡𝙮 𝙂𝙚𝙣𝙩𝙡𝙚 𝘾𝙡𝙚𝙖𝙣𝙨𝙚𝙧

ဝက်ခြံ သမားတွေအတွက် လာပါပီ.... ❗❗

ဒီ Cleanser လေးမှာဆိုရင်...

❤ Salicylic Acid 0.5% ပါဝင်ပြီး Tea tree Oil လဲပါဝင်တာဖြစ်လို့ ဝက်ခြံသက်သာစေပြီး ထပ်မထွက်အောင်လဲ ထိန်းချုပ်ပေးနိုင်ပါတယ်

❤ ဝက်ခြံဖြစ်ရာကနေတစ်ဆင့်ကျန်ခဲ့တဲ့ အမဲစက်၊အမာရွတ်လေးတွေကိုလည်း သက်သာစေပါတယ်

❤ အဆီဖု၊ဝက်ခြံအဆီခဲနဲ့ ဆားဝက်ခြံတွေ သက်သာစေလို့ နာမည်တော်တော်ကြီးပါတယ်နော်

❤ Exfoliate လုပ်ပေးတာကြောင့် dead skin cells တွေကို ဖယ်ရှားပေးပြီး အသားအရည်ကို ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ပေးပါတယ်။

❤ အဆီပိုနဲ့အညစ်အကြေးတွေကိုလည်း အလွယ်တကူဖယ်ရှားပေးနိုင်တာမလို့ ဝက်ခြံတွေ ထပ်မထွက်တော့ဘူးပေါ့

Wow....🤗

𝗣𝗿𝗶𝗰𝗲 - 24000ks (150ml)

Imported From Korea

Photos from BHONE -  Cosmetics's post 27/03/2024

Fraijour Special Edition Set
လေး instock ရောက်ပါပီဗျာ

Fraijour Special Edition set ထဲမှာ
Wormwood Cleanser 150ml
Wormwood Cream (Tube) 100ml
Heartleaf Airy Fit Suncream 50ml

Skincare ကို step အများကြီး မသုံးချင်တဲ့သူတွေအတွက် Set တခုတည်းရှိရုံနဲ့ အလိုအပ်ဆုံး Cleanser - Moisturizer- Suncream ၃ မျိုးနဲ့တင် Skincare Step တွေနဲ့ ပြည့်စုံပါတယ် နော်

ဒီ Set မှာ နဂို wormwood Cream ကို ပိုမိုသုံးရအဆင်ပြေအောင် Tube Type ပြောင်းထားပါတယ်

ဝက်ခြံအဆီဖုသမားနဲ့ အဆီပြန်အသားအရည်တွေအတွက် Budget တန်တန်လေးနဲ့ Quality ကောင်းတဲ့ Fraijour set လေးပါ..

ဒီset ထဲပါတာတစ်ဘူးချင်းစီဝယ်ရင် 60,000 ကျမှာကို အခုဒီ Set က 52,000 မို့ 8000 သက်သာပါတယ်

Price-52000 Ks

Made in Korea

26/03/2024

ဆန်းဆန်းတင့်သမားတွေတဲ့ ၀က်ခြံသမားတွေအသဲစွဲ Dr.G Red Blemish Clear Soothing Creamလေး

Price - 17500ks(30ml)

🍀အဆီဖု ဝက်ခြံသမားလေးတွေအတွက် Dr.G Moisture

🍀Cream လိမ်းရင် ပူတာမကြိုက်သူတွေအတွက်
အဆင်ပြေသောလေး စေးကပ်ခြင်းမရှိတဲ့အတွက် လိမ်းရတာ အရမ်းအဆင်ပြေပါတယ်

🍀အဆီပြန် ဝက်ခြံအသားအရေ
Cream လိမ်းရင် ဝက်ခြံ အဆီဖုထွက်တဲ့သူတွေ အတွက်လည်း သင့်တော်ပါတယ်နော်

🍀Sensitive Skin တွေပါ အရမ်းအဆင်ပြေ လူကြိုက်အများတဲ့ Moisturizer လေးပါနော်

🍀Cream က Watery Type ဖြစ်ပြီးတော့ လိမ်းလိုက်ရင် စိမ့်ဝင်လွယ်တဲ့ Texture ပါ

🍀Skin Brightening ဖြစ်စေလို့လည်း Glass Skin လို ကြည်ကြည်ပြောင်ပြောင်တင်းတင်းလေး အသားအရေကို ပိုင်ဆိုင်ရမှာပါနော်

Videos (show all)

နေလောင်ဒဏ်အမြန်ဆုံးသက်‌သာစေမဲ့Soothing gel နှစ်မျိုး
ရေဓာတ်ဖြည့်ပြီး အသားရေလေးကျန်းမာစေဖို့Moisturizer ကောင်းကောင်းသုံးမယ်Derma Factory Aquaporin Hydrating Cream 70ml-23000K...
ဈေးသက်သာ သုံးလို့ကောင်းတဲ့Watson Micellar Cleaning water485ml-12500Ks
တစ်မျိုးခြင်းဝယ်ဈေးထက် 8000သက်သာမဲ့ Special edition set 52000KsFraijour Fan တွေအထူးအခွင့်ရေး လက်မလွတ်သင့်သောနော်❤️
အသားရည်တင်းရင်း ဂလိုးပြီးအမဲစက်သက်သာစေဖို့ Skin pastel လေးရောက်ထားပါတယ်Instock 22500Ks
အဆီပြန် အဆီဖု ဆားဝက်ခြံသမားတွေသုံးသင့်တဲ့ Salicylic Acid 0.5% Cleanser24000Ks
အဆီပြန်တာသက်သာစေမဲ့Isntree Natural Sunscreen 39500Ks
အ‌နံ့‌မွှေးပြီး အသားဖြူမဲ့Vaseline Shower Gel13500Ks
🐌 𝗖𝗼𝘀𝗿𝘅 𝗦𝗻𝗮𝗶𝗹 𝗘𝘀𝘀𝗲𝗻𝗰𝗲 🐌 လေးပြန်ရောက်ပါပြီဗျ..Cosrx essence က ဝက်ခြံချိုင့်ခွက် တစ်ခုပဲ သက်သာတာလား?❌ နိုးပါ နော် ❌ ✅ ဝက်ခ...
Deleaf shower Gel 450ml-12500Ks
နုညံ့ပြီး ရေဓာတ်ပြည့်ဝစေမဲ့ Isntree Hyaluronic Acid Sun Gel 50ml-39500Ks
Axis Y Dark Sport Correcting Glow Serum

Telephone

Website