Kks Os

Kks Os

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kks Os, Clothing (Brand), .

Photos from Kks Os's post 19/01/2024

ထောပတ်သီးတွေ အများကြီး တစ်ခါထဲ မှည့်ပြီး စားမကုန်ဘူးဆို

ထိပ်လေးကိုလှီး ပြီး ဒီလို တစ်ရှူးစက္ကူလေးနဲ့ ပိတ်ထားပြီး ရေခဲသေတ္တာထဲ သိမ်းထားပေးရင် တစ်ပတ်လောက်နေလည်း မပုတ်ဘဲ ဒီတိုင်းလေးပါဘဲနော် သဲလေးတို့ရေ

ဒီနည်းလေးကို သဘောကျတယ်ဆို Yes လို့ ရေးသွားပြီး Sharing လုပ်ပေးပါနော်

04/10/2023

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း

ပရဆေးနဲ့ပါတ်သက်တာမှန်သမျှကုန်ဈေးတန်းမှာရတယ်

မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလေးကစားစရာအစုံအလင်လိုချင်ရင် ၂၄ အပေါ်ဘလောက်မှာရတယ်

မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ

ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက်ဘလောက်ကိုသွား။

ဆိုးဆေးဆပ်ပြာဆီ အနံ့အရသာ နဲ့ပါတ်သက်ရင် ၂၇လမ်းမှာရတယ်

စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ် လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား။

စာရေးကရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား။

ငါးကင်ကောင်းကောင်းစားချင်ရင် လှည်းတန်းကိုသွား။

ဝက်သားကောင်းကောင်းစားချင်ရင် ဝက် စပါယ်ရှယ်လစ် ဆင်မလိုက်သုံးတောင်ကွေ့ကိုသွား။

မာလာမောက်ချိုင် စားချင်ရင် စဉ်းအိုးတန်းအပ်ါဘလောက်ကိုသွား မာလရှမ်းကောလဲရတယ်။

ပင်လယ်စာအကင်ပစ္စည်းအစုံအလင်လိုရင် ၁၈လမ်းအပေါ်ထိပ် ရွှေငါးမောင်မောင်ရတယ်။

စပါယ်ပန်း ခရေပန်းကုံးသီးပီးသား များများလိုရင် လှိုင်ဘတ္တာကိုသွား။

အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအပ်ါဘလောက်မှာရတယ်။

ဘေထုပ်နဲ့ပါတ်သက်ရင် ကြည့်မြင်တိုင်ညဈေးကိုသွား branded တွေ ဈေးချိုချိုနဲ့ရပါတယ်။

ဘုရားတည် ဘုန်းကြီးကျောင်းလှူ တိုက်ပေါ်မှာ ပေါ့ပေါ့ပါးပါးစေတီတည်လိုသူတွေ ပန်းဒင်းတန်းကြည့်မြင်တိုင်ကိုသွား။

အောင်ဘာလေထီလက်လီလက္ကားလိုရင် ၂၇လမ်းအပ်ါဘလောက်ကိုသွား။

ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာအလယ်ဘလောက်ပါ။

ခုသီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃နဲ့၂၄အကြားမှာအစုံရတယ်။

အမှန်တော့ ဒီပစ္စည်းတွေကမြို့နယ်တိုင်းမှာလက်လီဝယ်လို့ရပါတယ်။

တဆင့်ပြန်ရောင်းချင်သူ များများဝယ်လိုသူတွေအတွက်သာ တင်ပြထားတဲ့နေရာတွေက ဒိုင်သဘောနဲ့အများဆုံးရနိုင်ပါတယ်။

#မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါတယ်
#အခုချိန်ခေတ်ကာလမကောင်းတော့ လိုအပ်ချက်လေးတွေတော့ရှိမှာပါ...

19/11/2022

များသောအားဖြင့်ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ အိမ်မှာစက် ဝယ်ထားတက်လို့
စက်မှာ ဒါမျိုးဖြစ်ခဲ့ရင် သိရအောင်Copyလာပါတယ်ရှင့်

ဆီးချိုတိုင်းစက်ရဲ့ Error များ

စက်မှာ -

E - b လို့ပြနေရင် စက်ရဲ့ဓာတ်ခဲအားနည်းနေတာပါ။ ဓာတ်ခဲအသစ်လဲပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပါတယ်။

E - U လို့ပြနေရင် Stick မကောင်းတာဖြစ်ပါတယ်။ Stick ကိုရေစိုလက်နဲ့ကိုင်မိတာတို့ သွေးထည့်ပြီးမှ Stick ထည့်မိတာတို့ Stick ပျက်တာတို့ဆိုရင်ဖြစ်တတ်ပါတယ်။ Stick အသစ်လဲပြီးတိုင်းကြည့်ရမှာဖြစ်ပါတယါ။

E - t လို့ပြနေရင် ပတ်၀န်းကျင်အပူချိန်အရမ်းမြင့်လွန်း (သို့) အရမ်းနိမ့်လွန်းနေတာဖြစ်ပါတယ်။ ပုံမှန်စက်က 10C နဲ့ 40C (50F နဲ့ 104F) ကြားမှာအလုပ်လုပ်မှာဖြစ်ပြီး ထိုထက်ကျော်လွန် (သို့) နိမ့်ကျတဲ့အပူချိန်မှာဆို Error ပြနေမှာဖြစ်ပါတယ်။

E - F လို့ပြနေရင် စက်ကစစ်ဆေးနေတဲ့အချိန် နံပတ်ရေတွက်နေတဲ့အချိန် Stick ကိုဆွဲဖြုတ်လိုက်ရင် (သို့) သွေးထည့်တာနည်းသွားရင်ပေါ်လာတတ်ပါတယ်။ Stick အသစ်ထည့်ပြီး ပြန်တိုင်းရမှာဖြစ်ပါတယ်။

E -0 , E - A , E - E သုံးခုထဲကတစ်ခုခုပြနေပြီဆိုရင်တော့ စက်မှာ Error ဖြစ်နေတာ (သို့) စက်ပျက်နေတာဖြစ်ပါတယ်။ Stick အသစ်ထည့်ပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပြီး မရရင်တော့စက်ပျက်တာဖြစ်ပါတယ်။

E - C လို့ပြနေရင်တော့ Coding Error ဖြစ်ပြီး အသုံးပြုသူတွေမပြင်တတ်တဲ့ Error ပဲဖြစ်ပါတယ်။
ThaeThae
စေတနာဖြင့်ပြန်လည်မျှဝေထားပါသည်ရှင့်


credit

Photos from Kks Os's post 23/10/2022

ကျစ်ပိုးဝမ်းဆက်လေးတွေလာပါပီရှင့်

စျေးလေးလည်းသင့် ပွဲလည်းတိုး ရိုးရာကျစ်ပိုးနှစ်မိတ် ဝမ်းဆက်လေးမို့ လူကြီး လူငယ် လိုက်ဖက်မှုရှိတဲ့အဆင်လေးဆိုလည်းမမှားပါဘူးရှင့်

💰ဝမ်းဆက်တစ်စုံ-40000ပါရှင့်❣️

✅ ငွေလွဲဝင်ပြီး၂၄နာရီ အတွင်းပို့ပေးပါတယ်ရှင့်
✅ Kpay,waveများဖြင့်လည်လက်ခံပေးပါ
တယ်ရှင့် (% ပေးရန်မလိုပါ)

#ဒေါခန်းရင်ချင်လုံချည်

Photos from Kks Os's post 21/10/2022

#ဂုဏ်တော်ကွန်ချာ
ဈေးရောင်းကောင်း၏၊ အန္တရာယ်ကင်း၏၊

** ဘုရား ဂုဏ်တော် ရွတ်ဖတ်ပူဇော်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ __

၁။ အရဟံ ဂုဏ်တော်ပွားလျှင်၊ဘေးရန်ကင်းကျန်းမာ၏၊ လာဘ်လာပေါများ၏၊ နေရာထိုင်ခင်းကောင်းကောင်းနေထိုင်ရ၏။

၂။ သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်ကိုပွားများလျှင်၊ စိတ်ရွှင်လန်း၏၊ ဉာဏ်ပွင့်လင်း၏၊ စာမေးပွဲတွေလွယ်လွယ်ကူကူအောင်မြင်၏။

၃။ ဝိဇ္ဇာစရဏသမ္ပန္နာဂုဏ်တော်ပွားလျှင်၊ဝိဇ္ဇာပညာဖြင့် အ သက်မွေးရ၏၊ ပြိုင်ဘက်မရှိ တတ်မြောက်ကျွမ်းကျင်ရ၏။

၎။ သုဂတောဂုဏ်တော်ပွားလျှင်၊စကားစစ်ထိုးနိုင်၏၊အမှုအခင်းနိုင်၏၊အရောင်းအဝယ်ကောင်း၏၊အရေးကြီးကိစ္စပြောဆိုအောင် မြင်၏။

၅။ လောကဝိဒူဂုဏ်တော်ကိုပွားလျှင်၊ လောကရေး၊ လူမှုရေးအဖြာဖြာတို့ကိုရှင်းရှင်းလင်းလင်းပိုင်ပိုင်နိုင်နိုင်သိ၏။

၆။ အနုတ္တရောဂုဏ်တော်ကိုပွားလျှင်၊လူ၊နတ်တို့၏အလယ်တွင်ကျော်ဇော၏၊လူတစ်ကာချစ်ခင်ခြင်းလေးစားခြင်းကိုခံရ၏။

၇။ သတ္တာဒေဝမနုဿနံဂုဏ်တော်ကိုပွားလျှင်၊နှုတ်စ၊လျှာစထက်မြက်ရ၏၊ဆိုတိုင်းရ၏၊ပြောတိုင်းအောင်၏၊ကြံတိုင်းပြီးမြောက်ရ၏။

(စိတ္တဇ၊ဝေဒနာရှင်များကိုဤဂုဏ်တော်ကိုရွှတ်ပြီးရေမန်းထုတ်လျှင်ပျောက်ကင်းရ၏။)

၈။ ဗုဒ္ဓါဂုဏ်တော်ကိုပွားလျှင်၊ဘေးဆိုး၊ရန်ဆိုး၊ကြမ္မာဆိုး၊ အမျိုးမျိုးမှလွတ်ကင်း၍၊ချမ်းသာခြင်းအမျိုးမျိုးနှင့်ပြည့်စုံရ၏။

၉။ ဘဂဝါဂုဏ်တောကိုပွားလျှင်၊ဘုန်းတန်ခိုးကြီး၏၊ တေဇော်အနုဘော်ကြီး၏၊မိမိပြောသမျှ၊ဟောသမျှ၊ အောင်မြင်ရ၏။

** ဂုဏ်တော်ပွားရခြင်းအကျိုးကျေးဇူးများကများပြားလှ၏။ အကျိုး(၁၇)မျိုးကိုပွားများသူတိုင်းရရှိပါ၏။

၁။ မိမိခန္ဓာကိုယ်အတွင်းသန္တာန်သည်၊စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့၏ပူဇော်မှုလေးစားမှုကိုခံယူရ၏။

၂။ စိတ်ဓာတ် ရဲရင့်တည်ကြည်၏။

၃။ သေခါနီးမတွေဝေဘဲသေရ၏။သေပြီးနောက်ကောင်းရာသုဂတိဘုံသို့ ရောက်ရ၏။

၎။ နောင်အခါဘုရားနှင့်တွေ့လျှင်သစ္စာလေးပါးတရားတော်ကြီးကို သိလွယ်၏။

၅။ အမျိုး မြတ်၏။

၆။ သူတစ်ပါးအရိုအသေပြုခြင်းကို အမြဲခံရ၏။

၇။ ချီးမွှမ်းထိုက်သောကိုယ်အင်္ဂါနှင့် ပြည့်စုံ၏။

၈။ အဆင်းလှ၏အရွယ်နုပျိုရ၏။

၉။ ကိုယ်အနံ့ကြိုင်သင်းရ၏။

၁၀။ ခံတွင်းရနံ့ မွေးကြိုင်ရ၏။

၁၁။ ကြီးကျယ်သောဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၂။ နက်နဲသောဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၄။ လျင်မြန်သောဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၇။ စကားကောင်းကို ဆိုနိုင်၏။

🙏

26/09/2022

လက်တွေ သန်မာတုန်းမှာ
ဘုရားပန်းအိုးလဲပြီး ကုသိုလ်ယူပါ ။ ✨

ခြေတွေ သန်မာတုန်းမှာ
ကျောင်းကန် ဘုရားဆီသွားပါ ။ ✨

မျက်စိ ကောင်းတုန်းမှာ
တရားစာတွေ များများဖတ်ပါ ။ ✨

နား ကောင်းတုန်းမှာ
တရားတွေ များများနာယူပါ ။ ✨

တွေ့ဆုံကြတုန်းမှာ
ကိုယ်ချင်းစာပြီး မေတ္တာထားပါ ။ ✨

အသက်ရှင်နေတုန်းမှာ
ကုသိုလ်တွေ များများပြုကြပါ ။

သာသနာနှင့် ကြုံတုန်းမှာ
၀ိပဿနာတရား အားထုတ်ပါ ။ ✨

အခွင့်သာနေကြတုန်းမှာ
ကိုယ့်ရဲ့ အသိဥာဏ်နှင့်တန်တဲ့

ကုသိုလ်ပါရမီတွေကို
ကြိုးစားအားထုတ်နေဖို့လိုပါတယ် ။ ✨

Credit #သာရဂဝသေီ

ပြန်လည်မျှဝေသည် 🙏🙏🙏

03/08/2022

🎍 #အချစ်ရဲ့_ဒုက္ခ

➖➖♥➖➖

🎍 ထိုင်၀မ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။
သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
အရွယ်ကောင်းတုန်းမှာပဲ
ယောက်ျားဆုံးပါးသွားပါတယ်။
ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့
နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု
သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။
သားလေးလည်း အလွန်လိမ္မာပါတယ်။
အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။

🎍 ဒီလိုနဲ့ ဆရာမ၀င်ငွေငွေလေးနဲ့ သားလေးကို
ရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။
သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကို
ပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။
အေမရိကမွာ သားကလည်း ထူးချွန်ပါတယ်။
ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲ
အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး
၀ယ်နိုင်ခဲ့ပါတယ်။
မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

🎍 မိခင်ဖြစ်သူ ဆရာမကတော့ တာ၀န်နဲ့မို့
ဆရာမအဖြစ်ပဲ ထိုင်၀မ်မှာ
ဆက်လက်နေထိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ဆရာမကြီးဟာ
ပင်စင်ယူချိန်နီးလာပါတော့တယ်။

🎍 ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကို
သတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့
သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။

🎍 အမေဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကို
သတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။
သြော် လုပ်ဖေါ်ကိုင်ဘက်တွေ
ဒီသတင်းသိလိုက်ရင်တော့ဖြင့်
ဘယ်လောက်အားကျလိုက်မလဲဆိုတာ
တွေးတောပြီး ပြုံးနေတတ်ပါတယ်။

🎍 ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုင်း
ဖုန်းခကို ချွေတာတတ်သူမို့ သားဆီကို
ပင်စင်ယူပြီးရင် အတူလာနေချင်ကြောင်း
ရေးသားပေးပို့ လိုက်ပါတယ်။

🎍 သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။
အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီး
သားဆီက ပြန်စာကို မျော်နေတာပေါ့။
ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာ
သားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။

🎍 ဖောက်ဖတ်ကြည့်လိုက်တော့ ဒေါ်လာ
သုံးသောင်းတန် ချက်လက်မှတ်တစ်စောင်နဲ့
စာတစ်စောင်တွေ့လိုက်ပါတယ်။
စာက အဲလိုရေးထားပါတယ်။

🎍"ချစ်လှစွာသော မေမေ
သားနဲ့ သားဇနီး သေသေချာချာ ညှိနိူင်းကြည့်ပြီးပါပြီ။
မေမေကို မလာစေချင်ပါဘူး။
မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို သားတို့ သေသေချာချာ
တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။
အပို ( ၁ )သောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ )
သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။
မေမေ နောက်ဆို သားဆီကို စာမရေးပါနဲ့တော့၊
သားမိန်းမက မကြိုက်လို့ပါ။...."

🎍 မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင်
ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။
မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။
အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊
မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း၊
စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက်ပါတော့တယ်။

🎍 မိခင်ဆရာမဖြစ်သူကို တရားက
ကယ်တင်သွားပါတယ်။
တရားစခန်း၀င်တယ်။
တရားနာတယ်။
တရားထိုင်တယ်။
တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

🎍 ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကို
အသုံးပြုပြီး ကမ်ဘာပတ်ပါတော့တယ်။
ခရီးတစ်လျှောက်လုံးမှာ ရွိတဲ့ သဘာ၀တရားရဲ့
လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီး
တစ်ခုခု အသိ၀င်လိုက်သလို ခံစားလိုက်ရတယ် ။
အဲဒါနဲ့ သူ့မသားကို စာတစ်စောင်
ထပ်မံရေးသားလိုက်ပါတယ်။

🎍"ချစ်ရတဲ့ သား....
မေမေ့ကို စာထပ်မရေးပါနဲ့တော့လို့
သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား
မပြည့်စုံသေးလို့ သားဆီကို
စာထပ်ရေးလိုက်ရပါတယ်။

🎍 သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီး
မေမေကမ်ဘာပတ်ခရီးသွားခဲ့ပါတယ်။
လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့၊
အဲလိုနဲ့ အသိတစ်ခု၀င်လာသလိုပဲ၊ ဟုတ်ပါတယ်။
သားကို ကျေးဇူးတင်ရမယ်။

🎍 တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသား
စိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက်
သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။
အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။

🎍 လောကကြီးမှာ အသေချာဆုံး၊
အေရရာဆုံး အရာဟာ
မသေချာမရေရာခြင်းဖြစ်တယ်ဆိုတာ
ကောင်းကောင်းကြီးသိသွားပါပြီ။
မေတ္တာလည်း အနိစ္စတရားကို ရှောင်ကွင်းလို့
မရဘူးဆိုတာ သိသွားပါပြီ။

🎍 တကယ်လို့ သားက မေမေကို
မလိုချင်ပဲ လာခဲ့ပါလို့
အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို
အားလုံးစိတ်ဒုက္ခ ရောက်နေလောက်ပါပြီ။
မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုမယ်။

🎍 အခုတော့ မေမေ့စိတ်ထဲမှာလည်း
သားဆိုတဲ့ အစြဲ မရှိတော့ပါဘူး။
သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုင်ခဲ့ပါပြီ။
ကိုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုတော့ဘူးပေါ့၊
အလိုမရှိတော့ ဒုက္ခကင်းတာပေါ့၊
ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကို
မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။
ကျေးဇူးတင်ပါတယ် သား...."

🎍 ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။
ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။

🎍 မိဘများရဲ့ အိမ်ဟာ သားသမီးများ
အချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။
သားသမီးများရဲ့ အိမ်ဟာ မိဘများ
အချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။

🎍 ကလေးကို မွေးဖွားခြင်းဟာ တာ၀န်၊
ပျိုးထောင်ခြင်းဟာ ၀တ္တရား ဖြစ်ခဲ့မယ်ဆိုရင်
အားကိုးလိုစိတ်မွေးမြူ ခဲ့ရင်
မဟာအမှားဖြစ်သွားပါလိမ့်မယ်။

🎍 အိုလာရင် ကိုယ့်ကျန်းမာရေးကို
အတတ်နိုင်ဆုံး ဂရုစိုက်ပါ။
အိုစာနာစာအမြဲချန်ထားပါ။
အိုဖို့ အတွက် မအိုခင်မှာကတည်းက
ကြိုတင်ပြင်ဆင်ထားပါ။

➖➖♥➖➖

🎍 အားလုံးကျန်းမာချမ်းသာကြပါစေ....

photo
မူရင်းရေးသူ ဆရာသမားအား
လေးစားစွာ ပေးပါတယ်ရှင်..

Apirl Queen

Photos from Kks Os's post 20/07/2022

Classic ဆန်ဆန်လှသော ချည်သားစစ်စစ်ကို ပျော့ပျောင်း weight ရှိပြီး အဆင်တွေက ကြာချည်ဇင်းမယ်အစစ်တိုင်းလှပတဲ့ ချည်ပျော့ဇင်းမယ် ဝမ်းဆက်

price 12500ks

Photos from Kks Os's post 18/07/2022

Alice K ရောင်းတဲ့
lndonesia Super ဓားကြီး စစ်စစ်
2MTR ကွင်း
price 10500ks

Photos from Kks Os's post 12/07/2022

အခုတ​လော မင်​မင်​ ဇင်းမယ်​​တွေ တအားကြိုက်​​နေလို့

to origin photo

22/06/2022

😝

Photos from Kks Os's post 17/06/2022

Crop top
ရှေ့ကြိုးချည် ဒီဇိုင်း
ရင်ဆိုဒ် "၂၅ မှ ၄၂"ထိရ
ဈေးနှုန်း ၅၅၀၀ကျပ်
အင်္ကျီတိုင်းခေါင်းစည်းကြိုးလေး လက်ဆောင်ပါပါတယ်ရှင်

Photos from Kks Os's post 15/06/2022

Crop top
လည်ပင်းပြဲတာလေးကြိုက်တဲ့ ချစ်လေးတို့ ဒါလေးယူပါနော်🥰
ရင်ဆိုဒ် "၂၅ မှ ၄၂"ထိရ
ဈေးနှုန်း ၅၅၀၀ကျပ်
အင်္ကျီတိုင်းခေါင်းစည်းကြိုးလေး လက်ဆောင်ပါပါတယ်ရှင်

Photos from Kks Os's post 14/06/2022

Crop top ရင်ဝှိုက် ဒီဇိုင်း
ရင် (၂၅ မှ ၄၂)ထိရ
၅၅၀၀ကျပ် (ခေါင်းစည်းကြိုးပါ)
Instock(ပစ္စည်းအသင့်ရှိ)

Photos from Kks Os's post 09/06/2022

ချုပ်ပုံလှလှလေးတွေ🥰

Photo crd
Not for sale

29/03/2022

အိမ် ခြံ မြေ ဆို တာ လူတိုင်းနဲ့ မစိမ်းလှပါဘူး။ အိမ်ခြံမြေ စဝယ်တာကနေ ကိုယ့် အမည်ပေါက် ပြောင်းပြီးအချိန်အထိ နားလည်သလောက်လေး knowledge share ချင်ပါတယ်။ လူအများအတွက် ဗဟုသုတလေး တစ်ခု ဖြစ်မယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။

First Step
ဘယ် အရာမဆို ပထမ ခြေလှမ်းက အရေးကြီးပါတယ်။ ကိုယ် ရေရှည် နေမယ့်နေရာ။ စီးပွားရေးအတွက် မြုတ်နှံမယ့်နေရာမှာ ပြီးစလွယ် ဆုံးဖြတ်လို့မရပါဘူး။ နည်းနည်း များများ ကိုယ့်ပိုက်ဆံဟာ အဖိုးတန်ပါတယ်။ အဲ့ဒါမို့ မြေကွက်တစ်ကွက်၀ယ်တော့မယ်ဆို ရေရှည်ကိုကြည့်ပါ။ ပြီးစလွယ် မဆုံးဖြတ်ပါနဲ့ ။ ပတ်၀န်းကျင်ကို လေ့လာပါ။ အားလုံးလေ့လာပြီးလို့ စိတ်တိုင်းကျပြီဆိုရင် မြေကွက်ရာဇ၀င်ကို စုံစမ်းပါ။

များသောအားဖြင့်
👉 ဂရံ အမည်ပေါက်။
👉SP( အမည်ပေါက်ဆီမှ တိုက်ရိုက် special power ယူထားသူ)။
👉GP (SP ထံမှ powerတဆင့် ပြန်ယူထားသူ) စသဖြင့် ရှိတက်ကြပါတယ်။
အကောင်းဆုံးကတော့ ဂရံအမည်ပေါက်ဆီက တိုက်ရိုက် sp ယူပြီး ၀ယ်ရရင် အကောင်းဆုံးပေါ့။ အဲ့လိုမှ မရ ရင်second choice အနေနဲ့ ပိုင်ရှင်ဆီက spတိုက်ရိုက်ရထားသူ ဆီက၀ယ်မယ် ဆိုလည်း သိပ်မဆိုးသေးဘူး။ GP အဆက်ဆက် နဲ့ ဆိုရင်တော့ မ၀ယ်တာ အကောင်းဆုံးပါ။ ကိုယ်က ပြန်ရောင်းရင် အရောင်းခက်တက်ပါတယ်။
အဲ့ဒီလို အကြောင်းကြောင်း တွေကြောင့် စျေးမဆစ်မှီစျေးစကား မပြောမှီ။ စာရွက်စာတမ်း ကို အရင် စစ်ကြည့်ပါ။ဂရံဆို ပိုင်ရှင် အမည်ပေါက် ဟုတ် မဟုတ် သေချာမေးပါ။ မှတ်ပုံတင် တောင်းပြီး ဂရံနဲ့ တိုက်ကြည့်ပြီးမှ စျေးစကား စပြော စေချင်ပါတယ်။ စာရွက်စာတမ်း မှန်ကန်ပြီ
စျေးလည်း တည့်ပြီ ဆို ရောင်းသူ ၀ယ်သူ ၂ ဖက်ညှိပြီး စရံငွေ နဲ့ ခွဲပေးမယ့် အရစ်တိုင်းအတွက် ညှိနှိုင်းပါ။ ရောင်းမယ့်သူက အရောင်း မြေပုံ ထုတ်ပြီးသားဆို စရံကြီး စချလို့ ရပါတယ်။ အရောင်းမြေပုံ မထုတ်ရသေးတာတို့ မြေပုံသက်တမ်း ကုန်နေတာတို့ဆို ​စတိစရံချ မြေပုံထွက်လာမှ စရံကြီးချပါ။ မြေပုံထွက်လာရင်အဲ့အရောင်းမြေပုံနဲ့ရန်ကင်းကံဘဲ့က စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ SP ယူပါ။ SP ယူဖို့ကလည်း အဲ့ မှတ်ပုံတင်ရုံးရှေ့မှာ ၀န်ဆောင်မှုပေးတဲ့ ဆိုင်လေးတွေ အများကြီးပါ။ ကိုယ်ကြိုက်တဲ့ ဆိုင်မှာ စျေးညှိပြီး Spယူလို့ရပါတယ်။ အဲ့ဒိမှာ ပြောချင်တာက ၀ယ်မယ့်သူကသူ့ အမည်ပေါက်ပြာင်းချင်တယ်ဆို သူ့နာမည်နဲ့ Sp ယူလို့မရပါ။ယုံကြည်စိတ်ချရတဲ့ တခြားသူ ဥပမာ မိဘ ။ သားသမီး ။ ဆွေမျိုး တယောက်ယောက်ကို Sp ပေးရပါမယ်။ အဲ့ဒီလို sp ရပြီးတာနဲ့ final payment ကို ပေးပြီး အရောင်းအ၀ယ် ကိစ္စပြီးပါပြီ။ ကိုယ် အမှန်တကယ် နေမယ့် မြေကွက်ဆို ကိုယ့်နာမည်ပေါက် ပြောင်းထားတာ အကောင်းဆုံးပါ။ ပြန်ရောင်းမယ့် မြေကွက်ဆို ယခု SP အဆင့်မှာတင် ရေရှည်ထားပြီး စျေးတက် မြတ်မှ ပြန်ရောင်းလို့ရပါတယ်။ ဒါပေသိ ကိုယ့်ကို power ပေးခဲ့သူ သေသွားခဲ့ရင်တော့ အဲ့ sp ဟာ အလိုအလျောက် ပျက်ပြယ်သွားတက်ပါတယ်။ safe အဖြစ်ဆုံးကတော့ နာမည်ပေါက် ပြောင်းထားတာ အကောင်းဆုံးပါ။ က်ုယ့် နာမည်ပေါက် စပြောင်းတော့မယ်ဆိုပြည်တွင်းအခွန်များဦးစီးဌာန ရာဖြတ်ရုံးမှာစာချုပ်။ဂရံ။ sp ။ရောင်းသူ/၀ယ်သူမှတ်ပုံတင် ။သန်းခေါင်စာရင်း မိတ္တူ၅စုံ နဲ့ ရာဖြတ်တင်မယ့် အိမ်ရဲ့ အရှေ့။ ဘယ်။ ညာ ဓာတ်ပုံတစ်ပုံစီ နဲ့။ ရာဖြတ်တင်ရပါမယ်။

ရာဖြတ်ကျလာတဲ့အခါ သက်ဆိုင်ရာ မြို့နယ်ရုံးမှာ ချလံထုတ် ။ တံဆိပ်ခေါင်းခွန် +အမြတ်ခွန် ၂ရွက် ကျသင့်တန်ဖိုး ဘဏ်မှာဆောင်။ ဆောင်ပြီး မိတ္တူ ၃စုံနဲ့ မြို့နယ်ရုံးမှာ တန်ဖိုးကြီး တံဆိပ်ခေါင်း ထုတ် ပြီး အဲ့ တံဆိပ်ခေါင်းတွေနဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်ကြီး ချုပ်ရပါမယ်။ အဲ့ဒါကလည်း မှတ်ပုံတင်ရုံးရှေ့က ၀န်ဆောင်မှု ဆိုင်လေးတွေကို ခိုင်းလို့ရပါတယ်။ စာချုပ်ကြီးရလာတဲ့အခါ မှ စည်ပင်ရုံးမှာ ဂရံ အမည်ပြောင်း စလျောက်ရပါမယ်။ တစ်ခုသတိထားရမှာက အရောင်းမြေပုံသက်တမ်းရှိတဲ့အချိန်အတွင်းပဲ အပေါ်က ကိစ္စတွေ လုပ်လို့ရတာပါ။ မြေပုံသက်တမ်းက တစ်နှစ်ပါ။ မြေပုံသက်တမ်းကုန်သွားရင် မြေပုံ အသစ်ပြန်ထုတ်ပြီးမှ ပဲ ဆောင်ရွက်လို့ ရပါမယ်။

စည်ပင်မှာ ဂရံမိတ္တူ။ စာချုပ်ကြီးမိတ္တူ။ အခွန်ဆောင်ပြီးသား ချလံ မိတ္တူ ။ မြေခွန်ကင်းရှင်းကြောင်း အထောက်အထား စာရွက် စတာတွေနဲ့ အမည်ပြောင်း လျောက်ရပါမယ်။ စည်ပင်မှာ သတင်းစာ ကြော်ငြာထည့် ပြီး ရင် သက်ဆိုင်ရာမြို့နယ် ထွေအုပ်။ ရယက လက်မှတ် ယူဖို့ ပေးလိုက်တဲ့ စာရွက်မှာ ထွေအုပ်။ ရယက လက်မှတ်ထိုးပြီး ပြန်သွားတင်တဲ့ အခါ နောက်ဆုံးအနေနဲ့ ငွေသွင်း ပြီးရင် စည်ပင်ဂရံပြောင်း ကိစ္စ ပြီးပါပြီ။

မြေအရောင်းအ၀ယ် လုပ်သူများ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေလို့ ဆန္ဒပြုလျက်။🙏🙏🙏

မူရင်း​ရေးသားသူအား credit ​ပေးပါသည် 😊

19/03/2022

မုန်တိုင်းသတင်း

၂၀၂၂ မတ်လ ၂၂ရက်နေ့ မနက်ပိုင်းတွင် ဧရာဝတီတိုင်း အနောက်တောင်ပိုင်း မော်တင် ဟိုင်းကြီးကျွန်း လပွတ္တာ ငပုတော ဂေါ်ရင်ဂျီကျွန်း ငရုတ်ကောင်း ပုသိမ် ချောင်းသာ ငွေဆောင် ဒေတွေကို အာစနီမုန်တိုင်းဝင်ရောက်တိုက်ခတ်ပါမယ်
တစ်နာရီလေတိုက်ခတ်နှုန်း ၅၀မိုင် ဆောက်တိုက်လေ ၆၀ မိုင်အထိတိုက်ခတ်နိုင်ပါသည်။

ရေလှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ပေ ထိရှိနိင်ပါသည်။
မော်တင် ၊ ဟိုင်းကြီးကျွန်း ၊ ပြင်စလူ၊ ကဒုံကနီ၊ ရေကျာ်ကြီး၊ ထောင်ကွင်း၊ ဗြုန်းမွေးကျွန်း၊ မိန်းမလှကျွန်း၊ စက်ဆန်း၊ ကျွန်းညိုကြီးကျွန်း၊ ဘိုကလေး၊ ကမာကလူ၊ ကြက်ဖမွေးဇောင်း၊ ကမ္မန္တာ၊ ဖျာပုံ ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဝါးဘလောက်သောက်၊ တွံတေး၊ ဒလ၊ ဆိတ်ကြီးခနောင်တို၊ ကျောက်တန်း၊ ဘန့်ဘွေးကုန်း၊ သန်လျင်၊ ရန်ကုန် ၊တံတား၊ သုံးခွ၊ ခရမ်း၊ သက္ကလ၊ ကဝ ၊ အုန်းနှဲ၊ ဇရပ်ကွင်း၊ အင်းတကော် ၊ လှည်းကူး၊​မှော်ဘီ၊ လှည်းဆိပ်၊ တိုက်ကြီး၊ ဘောလယ်၊ မအူပင်၊ ရေလဲကလေး၊ ရွှေတောင်မှော်၊ ပန်းတနော်၊ အင်းမ ၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ စက်ဒေါင့်ကြီး၊ အိမ်မဲ၊ မြောင်းမြ၊ ပုသိမ်၊ ရေကြည်၊ အသုတ်၊ ကြုံပျော် ၊ ငါးသိုင်းချောင်း၊ အိုင်သပြု၊ လေးမျက်နှာ၊ မြို့ကွင်း၊ ကွင်းကောက်၊ ဟင်္သါတ ၊ ဇလွန်၊ အဖျောက်၊ ဇကာကြီး၊ ဓနုဖြူ၊ သာရဝေါ ၊ ကနောင် ၊ မြန်အောင်၊ ကြံခင်း၊ ဘက်ရဲ ဒေသများ​မိုးကြီးရေလျှံနိုင်ပါသည်။

Crd-
Su Su San
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
-------*----*--------
ဒီသတင်းမှန်ရင်တော့
ရာသီဥတုကြောင့်
အန္တရာယ် မဖြစ်စေလိုတဲ့
ဆန္ဒအရ သတိထားနိုင်ဖို့
ကူးယူ ဖော်ခြင်းဖြစ်သည်-

13/03/2022

မိဘကျေးဇူး ဆပ်နည်း ( ၆ )နည်း.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း

5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း

တို့ပဲဖြစ်ပါတယ်.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများ
သက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး ကောင်းမှုကုသိုလ်များ
ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။

Credit 🌸🌸🌸

Telephone

Website