Channel Mandalay TV

Channel Mandalay TV

Media,News,Feature,Documentary

03/09/2023

ဇီယာဆန်တစ်ပြည် ၂၅၀၀ ကျပ်ဖြင့်ရောင်းပေးမည်

ဇီယာဆန်တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် မနက်ဖြန် စက်တင်ဘာလေးရက်နေ့တွင် မန္တလေးမြို့ရှိ ဆန်ပွဲရုံလေးရုံတွင် ရောင်းချပေးမည်ဟု ဆန်အသင်းဥက္ကဋ္ဌ ဦးဌေးလွင်က ပြောကြားသည်။

၁/ ရဲမာန် (၂၉/၈၈+၈၉ လမ်းကြား)
၂/ ရွှေစကြ်ာ (၃၀/၈၅+၈၆ လမ်းကြား )
၃/ ရွှေနဂ်ါး (၃၀ / ၈၅+၈၆ လမ်းကြား )
၎/ ဟေလာ. (၃၁/ ၈၆+၈၇ လမ်းကြား )

အထက်ပါ ဆန်ပွဲရုံလေးရုံတွင် မနက်ဖြန်ဝယ်ယူလိုပါက သွားရောက်ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

09/08/2023

မန္တလေးတိုင်းဆန်စပါးအသင်းက ဆန်ကို လျော့ဈေးဖြင့် မနက်ဖြန် စရောင်းပေးမည်

ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ၂၄ပြည်အိတ်တစ်အိတ်လျှင် လက်ရှိရောင်းဝယ်နေသည့်ပေါက်ဈေးနှုန်းထားထက် ၅ထောင်ကျပ်လျော့ချပြီး မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းရုံးတွင် မနက်ဖြန် ၁၀ ရက်နေ့ နံနက် ၉နာရီခွဲအချိန်မှ စတင်ကာ ရောင်းချပေးသွားမည်။

လူတစ်ဦးလျှင် ၃ပြည်အိတ် တစ်အိတ်နှုန်းဖြင့် အများပြည်သူလက်ထဲအရောက် ရောင်းချပေးသွားမည့်အပြင် မိသားစုဝင်အရေအတွက်များသူများကိုလည်း ၃ပြည်အိတ် နှစ်အိတ်နှုန်း ရောင်းချပေးမည်။

၃ပြည်အိတ်တစ်အိတ်လျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဆန်အမျိုးအစားမှာ စူပါဖိုက် ဆန်ဟောင်းများ ဖြစ်သည်။

“ဆန်ကကောင်းတယ်။ဆန်ကောင်းတွေပါ။ဆန်ဈေးမတက်အောင် ဈေးတက်တာတန့်သွားအောင် ရောင်းပေးတာပါ။မနက်ဖြန် စရောင်းပေးမယ်။”လို့ အသင်းဥက္ကဋ္ဌ ဦးဌေးလွင်ကပြောကြားသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)ကို ချမ်းအေးသာစံမြို့နယ် ၈၄လမ်း၊လမ်း၃၀နှင့်၃၁လမ်းကြားတွင် ရုံးခန်းဖွင့်လှစ်ထားပါသည်။

07/08/2023

မန္တလေးတိုင်းဆန်စပါးအသင်းက
လက်ရှိပေါက်ဈေးထက် ၅၀၀၀ကျပ်လျော့ရောင်းမည်

ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ၂၄ပြည်အိတ်တစ်အိတ်လျှင် လက်ရှိရောင်းဝယ်နေသည့်ပေါက်ဈေးနှုန်းထားထက် ၅ထောင်ကျပ်လျော့ချပြီး မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းရုံးတွင် ရောင်းချပေးသွားမည်။

လာမည့်တစ်ပတ်အတွင်း အသင်းရုံးခန်းတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ရောင်းချမည့်ရက်ကို အသင်းရုံးခန်းတွင် ကြေငြာပေးသွားမည်။

လူတစ်ဦးလျှင် ၃ပြည်အိတ် တစ်အိတ်နှုန်းဖြင့် အများပြည်သူလက်ထဲအရောက် ရောင်းချပေးသွားမည့်အပြင် မိသားစုဝင်အရေအတွက်များသူများကိုလည်း ၃ပြည်အိတ် နှစ်အိတ်နှုန်း ရောင်းချပေးမည်။

“ဆန်ကကောင်းတယ်။ဆန်ကောင်းတွေပါ။ဆန်ဈေးမတက်အောင် ဈေးတက်တာတန့်သွားအောင် ရောင်းပေးတာပါ။နောက်တပတ်ထဲ စရောင်းပေးမယ်။”လို့ အသင်းဥက္ကဋ္ဌ ဦးဌေးလွင်ကပြောကြားသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)ကို ချမ်းအေးသာစံမြို့နယ် ၈၄လမ်း၊လမ်း၃၀နှင့်၃၁လမ်းကြားတွင် ရုံးခန်းဖွင့်လှစ်ထားပါသည်။

Photos from Channel Mandalay TV's post 15/01/2023

ပြည်သူ့ပါတီ မန္တလေးတိုင်းရုံးပြောင်းရွှေ့ဖွင့်လှစ်

ပြည်သူ့ပါတီ မန္တလေးတိုင်းရုံးကို မင်းတဲအီကင်းရပ်ကွက်၊အောင်မြေသာစံမြို့နယ်၊မန္တလေးမြို့မှာ ဒီကနေ့ နံနက်က ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။

မန္တလေးတိုင်း ပြည်သူ့ပါတီဥက္ကဌ ဦးပါပါလွင်ကအဖွင့်စကားပြောကြားခဲ့ပြီး၊ပါတီ ဗဟိုဥက္ကဌ ဦးကိုကိုကြီးက နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

အဲသည်နောက် ပြည်သူ့ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ တိုင်းအတွင်းရှိ ထပ်တိုးပါတီဝင်အဆိုပြုလွှာများကို အတွင်းရေးမှူး -၂ ဦးမောင်မောင်လတ်က ပေးအပ်ခဲ့ပါတယ်။

မန္တလေးတိုင်း ပြည်သူ့ပါတီအတွင်းရေးမှူး ဦးကျော်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအစီအစဉ်ကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။

#ပြည်သူ့ပါတီ
Photos- မန်းတိုင်းပြည်သူ့ပါတီ

15/10/2022

‘’ဓနရှိလို့မဟုတ် ၊ နိုင်ငံရေး ဇ ရှိလို့ရပ်တည်နေတာ ‘’
ဟု ဦးကိုကိုကြီး ပြောကြား။

မိန့်ခွန်း ကောက်နှုတ်ချက်

သည်ကနေ့ နံနက်ပိုင်းက ပြည်သူ့ပါတီ နေပြည်တော် ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံရေး ဇ ရှိလို့ရပ်တည်နေတာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်သူဟာ သူ့ရဲ့နိုင်ငံရေးတာဝန်ကို သူကောင်းကောင်းသိတယ်။ သူ့ရဲ့ လွတ်လပ်တဲ့ ဆန္ဒသဘောထားကို ထုတ်ဖော်ပြသခွင့်ရတဲ့အချိန်မှာ ပြည်သူဟာ ဘယ်အာဏာရှင်ကိုမှ မထောက်ခံခဲ့ ဘူး။ ဒီမိုကရေစီဘက်ကို ရဲရဲတင်းတင်းထောက်ခံခဲ့ကြတဲ့ သမိုင်းဟာ ကျွန်တော်တို့နိုင်ငံပြည်သူတွေရဲ့ ထင်ရှားတဲ့သမိုင်းဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ သည်ကနေ့ ရုံးခန်းဖွင့်တယ်။ ကျွန်တော်တို့ပါတီဝင်အိမ်မှာ ရုံးခန်းဖွင့်တယ်။ တစ်နိုင်ငံလုံးမှာ ပါတီရုံးခန်းတွေ တင်ထားတယ်။ ကျွန်တော်တို့ပါတီဝင်တွေရဲ့အိမ်တွေမှာပဲ အဓိက ရုံးခန်းတွေဖွင့်တယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဓနဥစ္စာအတောင့်အတင်းနဲ့ နိုင်ငံရေးပါတီလုပ်နေတာမဟုတ်ဘူး။ နိုင်ငံရေး ``ဇ``ရှိလို့ ကျွန်တော်တို့ လုပ်နေတဲ့အချိန်မှာ မျိုးစေ့က သိပ်အရေးကြီးတယ်။ ဟောသည်ပါတီဟာ ဘယ်မျိုးစေ့က ပေါက်လာလဲဆိုတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးကနေပြီး တော့၊ ဒီမိုကရေစီရေး မျိုးစေ့ကနေပြီးတော့ ပေါက်ဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် မျိုးစေ့မှန်ရင် အပင်သန်တယ်။
အဓိကက ပြည်သူတွေကြားထဲမှာ အထိတ်ထိတ်အလန့်လန့်နဲ့ နေရတဲ့ဘဝ၊ အခုဟာက အရပ်သား အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ဘက်အသီးသီးကနေပြီးတော့ နေအိမ်တွေမီးရှို့ ဖျက်ဆီးခံရတာတွေ ဖြစ်နေတဲ့ တစ်ချိန်တည်းမှာ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှု ကင်းမဲ့တဲ့ ပြဿနာပါ ကျွန်တော်တို့ ကြုံနေရတယ်။ စီးပွားရေး အခြေအနေအရ ပိုပိုပြီး ကျပ်တည်းလာတယ်။ ဆင်းရဲလာတယ်။

အဲတော့ နယ်တိုင်းနယ်တိုင်း ဒေသတိုင်းမှာ ခိုးမှု၊လုမှု၊ လိမ်လည်မှု၊ ဓားပြမှု၊ သတ်ဖြတ်မှုတွေ၊ တရားခံမပေါ်တာ တွေ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာတွေ တောက်လျှောက်ကြုံနေရတယ်။ ရဲသွားမတိုင်ရဲဘူး။ ရဲကိုယ်တိုင်က သဲအိတ်ကာပြီးနေနေရတယ်။ တရားရုံးသွားမတိုင်ရဲဘူး။ ပုံမှန်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က၊ အဖွဲ့အစည်းတွေ ကိုယ်တိုင်က ကိုယ့်လုံခြုံရေး ကိုယ်ယူနေရတဲ့ အခြေအနေမျိုးဟာ နိုင်ငံတော်မှာ တော်တော်ကို မကြုံစဖူး အခြေအနေမျိုးကို ကြုံနေရတယ်။

အဲတော့ ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းလမ်းပြန်ပြီးတော့ အားကောင်းလာဖို့၊ ပြည်သူတွေ တစ်ဦးချင်းပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံရေးပတ်ဝန်းကျင် ပေါ်ပေါက်လာဖို့ဟာ သည်နိုင်ငံအပြောင်းအလဲအတွက် အင်မတန်အရေးကြီးတယ်ဆိုတာကို ဟောသည်နေပြည်တော်နယ်မြေမှာ လေးလေးနက်နက် ကျွန်တော် တိုက်တွန်းချင်တယ်။
အထူးသဖြင့်တော့ လက်ရှိနိုင်ငံတော်အာဏာရယူထားတဲ့ နစက အဖွဲ့အစည်းအနေနဲ့ ပြည်သူတွေအတွက် နိုင်ငံရေးမျှော်လင့်ချက်ကောင်းကောင်း ဖန်တီးပေးဖို့၊ ပြသပေးဖို့ အဓိက တာဝန်ရှိတယ်ဆိုတာကိုလည်း ထပ်လောင်းပြီးတော့ ကျွန်တော် နှိုးဆော်ချင်တယ်။ အဲတော့ ရွေးကောက်ပွဲကော်မရှင်အပါအဝင် နိုင်ငံရေးပါတီများနဲ့ ဆက်စပ်နေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံရေးပါတီများ အားကောင်းလာအောင်၊ နိုင်ငံရေးသမားစစ်စစ်မှန်မှန်တွေ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီးတော့ နိုင်ငံချစ်စိတ်နဲ့ လုပ်မယ့် နိုင်ငံရေးသမားတွေ အားကောင်းလာအောင် ပြည်သူတွေ နိုင်ငံရေးအပေါ်မှာ ယုံကြည်လာအောင် ဝိုင်းပြီးတော့ ကြိုးစားကြပါ။

နိုင်ငံရေးပါတီဆိုတာနဲ့ ချုပ်ခြယ်မယ်၊ ကန့်သတ်မယ်ဆိုတာမျိုးတွေနဲ့ချည်းပဲ လုပ်ပြီးတော့ နိုင်ငံရေးဘောင် ကျဉ်းသထက်ကျဉ်းအောင် လုပ်လာရင် လက်နက်ဘောင်က ပိုပိုပြီးကျယ်လာလိမ့်မယ်။ အဲတော့ နိုင်ငံရေးသမားသတ်ရင်၊ နိုင်ငံရေးဘောင်ကိုကျဉ်းရင် လက်နက်ကိုင်တော်လှန်ရေးကို အားပေးနေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ ပြောချင်တယ်။

Videos (show all)

မန္တလေးတိုင်းဒေသကြီး၊နတ်ဒေဝါစည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းရွေးချယ်ခြင်း အခမ်းအနားကို မတ်လ-၃၁ရက်နေ့က ပြုလုပ်ခဲ့ပါတ...
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂လမ်း ၈၆လမ်းထောင့်ရှိ အထက(၁၀)မှာ ကျောင်းသူကျောင်းသားဟောင်းများရဲ့ပထမအကြိမ် အတာသင်္ကြန်ရေ...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊မန္တလေးတိုင်းဒေသကြီး၏ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို မတ်လ-၃၁ရက်နေ့က ကျ...
ဝါးနက်ဆင်စခန်းကို ပြင်ဦးလွင်မြို့နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကားလမ်းဘေး (၅)မိုင်တွင် စတင်ဖွင့်လှစ်။မတ်-၃၁,ရိုက်ကူး/တ...
လိင်စိတ်ခံယူမှုကွဲပြားသူများ၏ အခွင့်အရေးနှင့် လူ့အခွင့်အရေး သိရှိနားလည်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားက...
မြန်မာ့စီးပွားရေးစိန်ခေါ်ချက်များအကြောင်းဟောပြောပွဲဆရာ တင်မောင်သန်း (သင့်ဘဝ) မေးခွန်းကို ပြန်လည်ဖြေကြားစဉ်
မြန်မာ့စီးပွားရေးစိန်ခေါ်ချက်များအကြောင်းဟောပြောပွဲဆရာ တင်မောင်သန်း (သင့်ဘဝ) ဟောပြောဆွေးနွေးစဉ်
မြန်မာ့စီးပွားရေးစိန်ခေါ်ချက်များအကြောင်းဟောပြောပွဲမေးမြန်းချက်ကို ပြန်လည်ဖြေကြားစဉ်
မြန်မာ့စီးပွားရေးစိန်ခေါ်ချက်များအကြောင်းဟောပြောပွဲမေးမြန်းချက်ကို ပြန်လည်ဖြေကြားစဉ်
မြန်မာ့စီးပွားရေးစိန်ခေါ်ချက်များအကြောင်းဟောပြောပွဲမေးမြန်းချက်ကို ပြန်လည်ဖြေကြားစဉ်
မြန်မာ့စီးပွားရေးစိန်ခေါ်ချက်များအကြောင်းဟောပြောပွဲမေးမြန်းချက်ကို ပြန်လည်ဖြေကြားစဉ်
မြန်မာ့စီးပွားရေးစိန်ခေါ်ချက်များအကြောင်းဒေါက်တာတင်ဝင်း(ပါမောက္ခချုပ်) ဟောပြောဆွေးနွေးနေစဉ်

Telephone