ZHANG’s Diary

ZHANG’s Diary

သွားမယ် စားမယ်

18/02/2024

Zhang’s Diary ခရီးသွားနေသည် ☺️

10/02/2024

Happy Chinese New Year

31/01/2024

Wyndham Grand Yangon Hotel မှာ Hi-Tea စားခဲ့တဲ့ ဇန်ဇန်တို့ရဲ့ Vlog လေးပါ..

Mon-Sat ကို $23 (2100ks rates)နဲ့ 12-5pm ထိထိုင်လို့ရတာမို့ အကြာကြီးနဲ့ အေးဆေး စားလို့ရပါတယ်..
Set ထဲမှာ မုန့် 18မျိုးနဲ့ Coffee or Drink 2ခွက်ပါပါတယ်…
သူငယ်ချင်းတွေနဲ့ သွားမလား
မိသားစုနဲ့ အေးဆေး Coffee လေးသောက်မလား
ချစ်သူနဲ့ ၂ယောက်ထဲDate မလား..
နေရာ အကျယ်ကြီးနဲ့ အေးဆေး Chill လို့ရတယ်..

Sunday ဆိုရင် 2-5pm ထိ ၁ယောက် $18 နဲ့ Hi-Tea Buffet ကို အများကြီးအမုန်းကျိတ်လို့ရတယ်နော်… Buffet မှာတော့ မြန်မာမုန့်တွေရော ကြာဇံချက်တို့ ပါပါတယ်တဲ့… ဇန်ဇန်တို့က ကြားရက်သွားတာမို့ Buffet မဟုတ်ဘဲ Hi-Tea Set ပဲ စားခဲ့တာပါ..





Disclaimer : No copyright infringement intended. I do not own music in this video and all the credits will go to the rightful owners.

Photos from ZHANG’s Diary's post 28/01/2024

Hello, 안녕하세요, မင်္ဂလာပါ

ရှမ်းအစားအစာ စစ်စစ်စားချင်သူတွေအတွက် ဖွင့်ထားတာ မကြာသေးတဲ့ ခေါက်ဆွဲဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..
ဒီဆိုင်လေးကတော့ MRTV သရုပ်ဆောင် Ael Wai Thar - အဲဝေသာဖွင့်ထားတဲ့ ဆိုင်လေးလဲ ဖြစ်ပါတယ်..

17-Feb ထိ All Menu ထဲကဘာစားစား 20% Discount လဲ ပေးနေပါတယ်နော်.. ဆိုင်အတွက် Review ရေးပေးမယ်ဆို နောက်ထပ် +10% ပါ ထပ်ပေးတာမို့ အရမ်းတန်နေပြီနော်… Service ကလဲ အရမ်းကောင်း..

ကိုယ်တွေသွားတဲ့ချိန်က တို့ဟူးနွေး ကုန်သွားပြီဆိုလို့ နံရိုးပေါင်းခေါက်ဆွဲ၊ ဝက်မျှစ်ချဉ်ခေါက်ဆွဲ နဲ့ တို့ဟူးကြော်လေး မှာစားဖြစ်တယ်..

နံရိုးပေါင်းခေါက်ဆွဲရဲ့ ခေါက်ဆွဲကို ဂျုံ၊ ဆန်စီး၊ ဆန်ဖွယ် နှစ်သက်ရာ ရွေးချယ်လို့ ရပြီး ဇန်ဇန်ကတော့ ဂျုံပဲကြိုက်တာမို့ ဂျုံနဲ့မှာစားလိုက်တယ်.. ခေါက်ဆွဲနဲ့ နံရိုးအိအိလေးက ဇန်ဇန့်အကြိုက်ပေါ့…

မျှစ်ချဉ်ခေါက်ဆွဲလဲ ခေါက်ဆွဲရွေးလို့ ရပေမဲ့ ဆန်စီးပဲကြိုက်တာမို့ ဆန်စီးနဲ့ မှာလိုက်တယ်.. ဝက်သားစဉ်းကောရယ် ဆန်စီးရယ် မျှစ်ချဉ်ရယ် ပေါင်းစပ်မှုက တကယ်ကိုအရသာရှိတဲ့ ခေါက်ဆွဲတစ်ပွဲဖြစ်ပါတယ်…

တို့ဟူးကြော်ရဲ့ အရသာကတော့ ပုံမှန်စားနေကြ တို့ဟူးကြော်တွေလို မဟုတ်ဘဲ အပြင်အကာကြွပ်ကြွပ်လေးနဲ့ အထဲက တို့ဟူးအရသာကိုက ထူးခြားပြီး အရမ်းကို စားကောင်းတာမို့ လုံးဝ Try ကြည့်သင့်ပါတယ်နော်..

ဆိုင်ရဲ့ အထူးခြားဆုံးနဲ့ Signature ဖြစ်တဲ့ ဆွမ်းမွှေးတို့ဟူးနွေး စိမ်းစိမ်းလေးတော့ မစားခဲ့ရဘူး.. အစိမ်းရောင်တို့ဟူးနွေးစားချင်ရင်တော့ စောစောလေး သွားဖို့ အကြံပေးပါရစေ..

ဆိုင်လိပ်စာလေးကတော့
TAI Noodle & Lounge
ဆိုင်ဖွင့်ချိန် - မနက် ၇:၀၀နာရီမှ ည ၇:၀၀နာရီ အထိ
ဆိုင်တည်နေရာ - အနော်ရထာလမ်းနှင့် အောင်ဇေယျလမ်းထောင့်, ရန်ကင်းမြို့နယ်, ရန်ကုန်မြို့ပါ..

ကျေးဇူးတင်ပါတယ်..

Photos from ZHANG’s Diary's post 25/01/2024

Coffee သောက်ရင်း ပေါင်မုန့်စားရင်းနဲ့ ၊စာအုပ်လေးလည်းဖတ်ချင်သူများအတွက်
marketplace by City Mart (ဓမ္မစေတီ) အောက်ထပ်က bistro ရှိတယ်နော် 🤩🤩🤩
Zhang’s Diary တော့ အချိန်လည်းရ ဘယ်မှလည်းမသွားချင်ရင် ကော်ဖီတစ်ခွက်မုန့်တစ်ခုနဲ့ စိတ်ကြိုက်စာအုပ်လေးတွေကို အခမဲ့ ဖတ်ပြီး ဒီကော်ဖီဆိုင်လေးမှာ စိတ်အပန်းဖြေလေ့ရှိတယ်။ (ကြိုက်မိတဲ့လိုချင်တဲ့ စာအုပ်လေးတွေဆိုရင်လည်း ဝယ်သွားတာပေါ့)

စျေးလာဝယ်သူ ကော်ဖီသောက်သူတွေနဲ့ စည်ကားနေပေမဲ့ ကော်ဖီသောက်ရင်း စာထိုင်ဖတ်စရာ Desk လေးတွေ ပေးထားတာမို့ စာအုပ်ထဲ စျာန်ဝင်နေရင် ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့သွားရော 😁
Budget လည်း Save ၊စာအုပ်တွေလည်း ကြိုက်နှစ်သက်ရာရွေးချယ်ဖတ်ရှုနိုင်တော့
Zhang’s Diary တို့လို ကော်ဖီလည်းကြိုက် စာအုပ်လည်း နှစ်သက်တဲ့သူတွေအတွက်တော့ Pleasure place အဖြစ် Recommendations ပေးလိုက်ပါတယ် 🥰🥰😍😍😍

Its nice place to chill when you are free and feels nowhere to go ☺️

Photos from ZHANG’s Diary's post 24/01/2024

Hello, 안녕하세요, မင်္ဂလာပါ

ဒီနေ့တော့ 5000ကျပ်လောက်နဲ့ 2ယောက်စာ ဗိုက်အပြည့် ဖြစ်စေမဲ့ ကိုယ်တိုင်ချက် ကြေးအိုးလေး လုပ်စားကြရအောင်..

Shin Shin ကြေးအိုး ၂ထုပ် - 1400Ks
ကြက်ခြေထောက် - 1000Ks
ပဲပြား ၁တုံး - 300Ks
မုန်ညင်း ၁စီး - 400Ks
အသားလုံး - 1000Ks
ကြက်ဥ - 300Ks
ငုံးဥ - 500Ks (16လုံး 1000 ကို တဝက်ထည့်သုံးပါတယ်)

အသား ဝက်မှိုလုံး/ဘာညာ ကတော့ ကိုယ့်စိတ်ကြိုက် ထပ်ထည့်ပေါ့နော်.. ဒီနေ့က စျေးပိတ်တော့ မဝယ်လိုက်ရလို့ အိမ်မှာရှိပြီးသားဖြစ်တဲ့ ငါးအိုးစည် လေးပဲ ထည့်ထားပါတယ်..
ကြက်ခြေထောက် ၅ချောင်းကို အရင် ဥနီ၊ ကြက်သွန်ဖြူ၊ ဂျင်း နဲ့ ပြုတ်လိုက်ပါ.. ရလာတဲ့ ကြက်ပြုတ်ရည်နဲ့ ကြေးအိုးအထုပ်ကိုပြုတ်တော့ အရသာပိုကောင်းတာပေါ့နော်..
အရည်နဲ့ အတူ ပဲပြားနဲ့ အသားလုံးတွေထည့်.. (ကိုယ်ကတော့ အသားလုံးမရှိလို့ ကင်စားတဲ့ ဝက်သားပြားလေးပါနဲနဲ ထည့်လိုက်သေးတယ်..) အထုပ်ထဲက ကြာဇံကို အရင်ထည့်ပြုတ်ပါ.. ကြာဇံလေးနူးလာရင် အထုပ်ထဲပါတဲ့အမှုန့်ထုပ်လေးတွေ ထည့်ပါ.. အမှုန့်လေးတော့ လျော့ထည့်ပါနော်.. အချိုအရသာ နည်းနည်းများလို့ပါ.. ပြီးရင်တော့ အရွက်ရယ် ကြိုပြုတ်ထားတဲ့ ငုံးဥလေးတွေနဲ့အတူ ကြက်ဥ လေးပါဖောက်ထည့်.. ခနလောက်အဖုံးအုပ်ထားပြီးရင်တော့ အနံ့အရသာ ရှယ်ကောင်းတဲ့ ကြက်ခြေထောက်ကြေးအိုးလေး ရပါပြီ.. ကြက်ရိုးလေးပါနူးအိနေတော့ရှယ်ကိုက်ပေတော့နော်..

အချိန်လဲအရမ်းမကုန် စားလို့လဲအရမ်းကောင်းတာမို့ အခုလို အေးတဲ့ညချမ်းအချိန်လေးမှာ ကြေးအိုးပူပူ​လေးလုပ်စားကြဖို့ အကြံကောင်းလေး ပေးလိုက်ပါတယ်..

ကျေးဇူးတင်ပါတယ်….🥰

23/01/2024

နာမည်ကြီးပြီး စားချင်လွန်းလို့ ခဏခဏ သွားလဲ ဆိုင်ပိတ်တာနဲ့ ကုန်သွားတာနဲ့ပဲကြုံနေရလို့ ၄ကြိမ်မြောက် သွားခဲ့တဲ့ ဒီနေ့မှာတော့ စားခဲ့ရပါပြီ..
ကိုယ်တွေလို အသုပ်ကောင်းကောင်းကြိုက်တတ်သူတွေ အတွက် မျှဝေပေးလိုက်ပါတယ်..

အန်တီညို အသုပ်ဆိုင်
09421025878
အနော်ရထာလမ်း (မဂ္ဂင်လမ်းနဲ့ အောင်ဇေယျလမ်းကြား) ရန်ကင်း
❗️Sunday တိုင်းဆိုင်ပိတ်ပါတယ်❗️

(နောက်ဆုံးထိကြည့်ပေးနော်..
ဇန်ဇန့်ကို ကြိုမပြဘဲ တင်လိုက်တာမို့ 🤭)

19/01/2024

2024 မှာ ပထမဦးဆုံး သွားဖြစ်တဲ့
Zhang’s diary 📔 ရဲ့ ခရီးသွားTravel vlog 🤩

Photos from ZHANG’s Diary's post 19/01/2024

Infinity Bar (WyndhamGrand)
HighTea
Review coming soon 🔜

18/01/2024

ကိုယ်အားတဲ့အချိန်တွေမှာ သူတို့လေးတွေအတွက် အစာလေးတွေ သေချာစီစဉ်ပြီး ကျွေးဖြစ်တဲ့ အမှတ်တရ VdoClip လေးပါ..

သူတို့လေးတွေ စားနေတာကြည့်ပြီး ကိုယ်တိုင်လဲစိတ်ချမ်းသာ ကြည်နူးမိသလို ဒီVdo ကြည့်တဲ့သူလေးတွေလဲ ကြည်နူးမိမယ် ထင်ပါတယ်..

(ထမင်းနယ်ရင်းနဲ့ သွားရည်တွေကျမိတာတော့ တပိုင်းပေါ့နော်.. 🤤🤤)

Photos from ZHANG’s Diary's post 16/01/2024

Café Salween ကဖေး သံလွင်

မြေနီကုန်းနားမှာရှိပြီး chill လို့ကောင်းတဲ့
Rooftop bar တစ်ခု ၊

Photos from ZHANG’s Diary's post 15/01/2024

I know I'm foodie နှင့် ZHANG’s Diary coffee-date အနေနဲ့
Hta Naung Coffee Zayat - Inya Myaing မှာ တွေ့ဆုံခဲ့ကျပါတယ်

ပျော်စရာကောင်းပြီး စကားတွေအများကြီးပြောကျ၊ knowledge sharing and idea exchange တွေ လုပ်ခဲ့ရလို့ precious moments အဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

Thanks for inviting us and hope to get more success.
/ဇန်ဇန် 🤩

Photos from ZHANG’s Diary's post 14/01/2024

I know I'm foodie

Thank you for your new year Gift 🎁
Be successful in future 🙏🙏🙏

11/01/2024

Zhang’s diary မနေ့ညက သွားဖြစ်ခဲ့တဲ့
ရန်ကင်းမိုး​ကောင်းက “Vintage Moe Kaung Bar”ပါ။
ညစဉ်တိုင်းမှာ Unplugged music band များနဲ့ ဖြေဖျော်နေတဲ့အပြင်၊အခုလို တေးသံရှင်အဆိုတော်များလည်း ပါဝင်တင်ဆက်ဖျော်ဖြေပေးတဲ့အပြင်၊အစားအသောက်များလည်းအရသာကောင်းမွန် စျေးနှုန်းသင့်တင့်ပြီး Chill and relax လုပ်ဖို့ ကောင်းမွန်သော Bar အဖြစ် Recommendations ပေးလိုက်ရပါသည်ခင်ဗျာ ✅✅🤩🤩🤩

11/01/2024

Time to drink coffee



#커피

#ကာဖီ
#咖啡

Photos from ZHANG’s Diary's post 11/01/2024

သိပ်မကြာခင်ကမှ ဖွင့်ထားတဲ့ ချစ်စရာကောင်းတဲ့ Coffee ဆိုင်ဖြူဖြူလေး 🤍

ဆိုင်အပြင်ဘက် အတွင်းဘက်ရော ပုံရိုက်ဖို့ကောင်းတဲ့ နေရာလှလှတွေမှအများကြီး.. ဆိုင်မျက်နှာစာက မှန်ချပ်ကြီးရယ် နေရာတိုင်းက အဖြူရောင်လေးတွေရယ်နဲ့ သန့်ရှင်းသပ်ရပ်နေတာပဲ.. ထိုင်စရာနေရာလေးတွေလဲ ရွေးစရာများလို့ ဟိုနေရာလဲထိုင်ချင် ဒီနေရာလဲ ထိုင်ချင်လောက်အောင် ဆွဲဆောင်မှု အပြည့်နဲ့နော်.. 📸

စားစရာ သောက်စရာ တွေ ရှိပေမဲ့ Cake လေးကို Try ကြည့်ချင်တာနဲ့ Strawberry Crepe Cake လေးကို ရွေးလိုက်တယ်.. ဗိုက်ဆာနေတာနဲ့ ဗိုက်ပြည့်မဲ့ Chinese Fried Rice ရယ် ထူးဆန်းတဲ့ Oreo Latte ရယ် မှာစားဖြစ်တယ်.. 🍰☕️🍛

ဒီဆိုင်မှာ Cheese Cake လေးက လူကြိုက်များတယ် ပြောပေမဲ့ Strawberry အချိန်ဆိုတော့ Strawberry Crape Cake လေး စားခဲ့တယ်.. အပေါ်က Jelly 1ထပ်နဲ့ အောက်က Cake အလွှာတိုင်းမှာ Strawberry အသီး အရသာလေးက စိမ့်ပြီး လုံးဝ မအီ ဘဲ တော်တော်လေးကို စားကောင်းပါတယ်.. 🍰

Chinese Fried Rice ကတော့ အပေါ်က ကြက်ဥကြော်လေး အုပ်ထားပြီး အရသာအဆင်ပြေပြီး ၁ယောက်စာအတွက်တော့ လုံလောက်ပါတယ်.. (ဗိုက်ဆာနေတဲ့ချိန် မို့လား မသိဘူး ထမင်းကြော်လေးနည်းနေသလိုပဲ 🤭)

Iced Oreo Latte ကတော့ ပုံမှန်Latte တစ်ခွက်ထက် ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ ခေတ်စားနေတဲ့ Oreo လေးကို blend လုပ်ပြီးထည့်ထားတော့ ပိုစိမ့်ပြီး အရမ်း သောက်လို့ကောင်းတယ် ✅

📍 ဆိုင်လိပ်စာလေးကတော့ -
Otto Cafe
Otto Cafe - သုခိတာလမ်း ရန်ကင်း
မိုးကောင်းကဆေးရုံရှေ့တည့်တည့်လမ်းပါပဲ။

ဆိုင်က ကိတ်လေးတွေက အရမ်းလှပြီး စားချင်စရာ ရွေးစရာတွေ များလို့ သူငယ်ချင်းတွေ စုပြီးသွား ၁ယောက် ၁မျိုးစီ မှာစားပြီး စားကြရင် ပိုကောင်းတယ်နော်.. အကုန်စားချင်နေတာမို့ တခြားစားဖူးတာရှိရင်လဲ ပြန်ပြီးဝေမျှပေးပါဦး.. 🫰🏻

08/01/2024

Review coming soon 🔜

Photos from ZHANG’s Diary's post 06/01/2024

Governor’s residence

06/01/2024

Governor's Residence မှာ ဇန်ဇန်တို့ Hightea Set လေး သွားစားခဲ့ပါတယ်။
ကော်ဖီဆိုင်သီးသန့်ကြီးမဟုတ်ဘဲ residence နဲ့ တွဲပြီးဖွင့်ထားတာမျိုးပါ၊ ထိုင်စရာနေရာရွေးစရာအများကြီးဖြစ်တာမို့ အေးအေးဆေးဆေး ကော်ဖီသောက် မုန့်စားရင်း business talk , meeting , job purpose etc., အတွက် ရွေးချယ်သင့်တဲ့ဆိုင်မျိုးပါ။ လာပြီးစားသောက်တဲ့သူတွေကလည်း quiet place with nice foods ကြိုက်တတ်သူမျိုးတွေလာတာဆိုတော့ မျက်စိရှုပ်နားရှုပ်တာမကြိုက်တဲ့သူမျိုးတွေအတွက် သင့်တော်ပါတယ်။Service staffs တွေကလည်း Hotel industry က management လုပ်တာဆိုတော့ တော်တော်လေး အဆင်ပြေပါတယ်။ခြံဝန်းကျယ်ထဲမှာ residential housing အနေနဲ့ဖြစ်တာရော ရေကူးကန် သစ်ပင်ပန်းမန်တွေနဲ့ View အနေနဲ့ တမျိုးထူးခြားပြီး လန်းဆန်းတဲ့ အမြင်အာရုံခံစားချက်မျိုးရရှိလို့ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ တခဏ လွတ်ကင်းပြီး refreshing vibe ကိုလည်း ရရှိစေပါတယ် 🥰
Zhang Zhang Recommend to go there 🤩

Location - near ခရေပင်လမ်း
35 Taw Win Rd, Yangon

Photos from Ethan Cafe & Bakery's post 06/01/2024

ဇန်ဇန် ထပ်သွားစားဦးမည့် TopList Cafe Ethan Cafe & Bakery

06/01/2024

Coffee ကြိုက်နှစ်သက်သူများ နှင့် ဇန်ဇန်ကို ချစ်တဲ့သူများကို Zhang’s Diary မှ ကြိုဆိုပါ၏။🤩

Videos (show all)

Wyndham Grand Yangon Hotel မှာ Hi-Tea စားခဲ့တဲ့ ဇန်ဇန်တို့ရဲ့ Vlog လေးပါ..Mon-Sat ကို $23 (2100ks rates)နဲ့ 12-5pm ထိထို...
နာမည်ကြီးပြီး စားချင်လွန်းလို့ ခဏခဏ သွားလဲ ဆိုင်ပိတ်တာနဲ့ ကုန်သွားတာနဲ့ပဲကြုံနေရလို့ ၄ကြိမ်မြောက် သွားခဲ့တဲ့ ဒီနေ့မှာတော...
2024 မှာ ပထမဦးဆုံး သွားဖြစ်တဲ့  Zhang’s diary 📔 ရဲ့ ခရီးသွားTravel vlog 🤩
ကိုယ်အားတဲ့အချိန်တွေမှာ သူတို့လေးတွေအတွက် အစာလေးတွေ သေချာစီစဉ်ပြီး ကျွေးဖြစ်တဲ့ အမှတ်တရ VdoClip လေးပါ..သူတို့လေးတွေ စားန...
Governor's Residence မှာ ဇန်ဇန်တို့ Hightea Set လေး သွားစားခဲ့ပါတယ်။ ကော်ဖီဆိုင်သီးသန့်ကြီးမဟုတ်ဘဲ residence နဲ့ တွဲပြီး...

Telephone

Website