Wyut Yee Cho

🍁🍁🍁ကျန်းမာ 💪💪💪

13/06/2024

လူတွေ သင့်ကို ကြိုက်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို လေးစားဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ချစ်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေသင့်ကို အထင်ကြီးလာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ကြွေလာဖို့လဲ
မကြိုးစားပါနဲ့ ။

မနက်မိုးလင်းလို့ သင်နိုးထတဲ့အခါ
သင့်ကိုယ်သင် လေးစားနေဖို့ ကြိုးစားပါ ။

နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ
သင့်ကိုယ်သင် ချစ်နိုင်ဖို့ ကြိုးစားပါ ။

မှန်ထဲ ကြည့်တဲ့အခါမှာ
သင့်ကိုယ်သင် အထင်ကြီးဖို့ ကြိုးစားပါ ။

ညအိပ်ဖို့ ခေါင်းချတဲ့အခါမှာ
သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ ။

သင့်ရဲ့နောက်ဆုံးအချိန်မှာ (မသေခင်မှာ)
သင့်ကိုယ်သင် ကြွေနိုင်ဖို့ ကြိုးစားပါ ။

13/06/2024

စိတ်ဝင်စားရင် CB မှာစာလေးချန်ခဲ့ပါနော် ဖြေကြားပေးပါမယ်ရှင့်☺️☺️

ကျန်းမာ အထူးကုဆေးရုံဆေးခန်းသုံး Software နှင့်အတူ လူကြီးမင်းတို့၏ (ကျန်းမာ အသုံးပြုလိုက်တာနဲ့ လက်ရေးဘောင်ချာအသုံးပြုစရာမလိုတဲ့အထိ တာဝန်ယူပါတယ်နော်...)

အထူးကုဆေးရုံ၊ ဆေးခန်း
ရောဂါရှာဖွေရေးစင်တာ
သွားကျန်းမာရေးဆေးခန်းများ၏ လုပ်ဆောင်ချက်များကို အဆင့်မြင့်တင်လိုက်ပါ။

ကျန်းမာ ဆေးခန်းသုံး Software ရှိယုံဖြင့် အောက်ပါလုပ်ဆောင်ချက်များကို Click တချက်နှိပ်ယုံနဲ့ အချိန်တခနအတွင်းပြီးမြောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

သွေးအဖြေထုတ်ယူခြင်း။
investigation နှင့် Lab result များတိုက်ရိုက်ထုတ်ယူနိုင်ခြင်း။
လူနာကုသမှုမှတ်တမ်းများအားအချိန် မရွေးပြန်လည် print ထုတ်ယူနိုင်ခြင်း။
Service Fees များသတ်မှတ်ပြီးဘောင်ချာထုတ်နိုင်တဲ့အပြင် ဆရာဝန်များအတွက် Comission % များပါတပါတည်းတွက်ချက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
ဆရာဝန်များအတွက် Appointment Calendar ၊ Schedule Date များကြိုတင်သတ်မှတ်နိုင်ပြီး ဆရာဝန်များမှ appointment အားများတိုက်ရိုက်ကြည့်ရှုနိုင်ခြင်း။
Patient Treament History ၊ Case Manager နှင့် အတူ လူနာမှတ်တမ်း image file , documentation file များအား စိတ်ကြိုက်သိမ်းနိုင်ခြင်း။
click တစ်ချက်နှိပ်ယုံဖြင့် လူနာနဲ့ ပတ်သတ်သော အချက်အလက်အကုန် တစ်နေရာတည်းမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
သွားဆေးခန်းများအတွက် လူနာ၏ သွားပုံအဖြေများနှင့် အချက်အလက်များအား တစ်နေရာတည်းတွင်သိမ်းထားနိုင်ခြင်း။
ဆရာဝန်များရဲ့ Prescription များကြိုတင်သတ်မှတ်ထားနိုင်ခြင်း။
Doctor Refer ထုတ်ပေးနိုင်ခြင်း။

Nurse
Pharmacist
Laboratorist
Accountant
Receptionist စတဲ့user role အလိုက်လုပ်ဆောင်ချက်များအားခွဲခြားလုပ်ဆောင်နိုင်ပါတယ်။

ဆေးပစ္စည်းအရောင်း
ရက်လွန်ပစ္စည်း
လက်ကျန်နည်းပစ္စည်းများအတွက် သတိပေးချက်ပါရှိခြင်း။
Stock Adjustment

Report
Financila Report Profit and loss
User Activity Report
Doctor Comission Fees Report
Income and Expense Report
လူနာ၏ Birth report, Operation report, expired report များအား ကြိုက်နှစ်သက်ရာ ရက်စွဲဖြင့်ဆွဲထုတ်နိုင်ခြင်း။

13/06/2024

ကျန်းမာ ဆိုတဲ့ Software လေးနဲ့မိတ်ဆက်ပါရစေရှင်

29/10/2023

𝐇𝐀𝐏𝐏𝐘 𝐓𝐇𝐀𝐃𝐈𝐍𝐆𝐘𝐔𝐓 TO U ALL

အလှူဒါနလေး 🌻🌻
ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယမှာ
အားလုံးကျန်းမာချမ်းသာကြပါစေ၊
ချစ်ခြင်းမေတ္တာတွေနဲ့နွေးထွေးပြီး ရောင်ပြန်ဟပ်ပါစေလို့
ဆုတောင်းပေးလိုက်တယ်နော်။🍎🍎

19/09/2023

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်

🌿 ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ ။

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

🌿 ၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

🌿 ၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ ။

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့
အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

🌿 ၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ ။

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

🌿 ၅။ စည်းကမ်းရှိပါ။

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ ။ ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

🌿 ၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့ ။

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

🌿 ၇။ လူရွေးပေါင်းပါ။

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ် ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

🌿 ၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ။

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက် ဖွ-တ်ဖြစ်မယ့်ကောင် ကိုယ့်ကိုယ်ကိုယ် သ-တ်ေ-သဖို့သာ ကောင်းတော့တယ် ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ ။

#လူရာဝင်ခြင်းမှတ်စုများ
#ဒေါက်တာသူရိန်လှိုင်ဝင်း
#6000ကျပ်
မူရင်း(လေးစားစွာcrdပေးပါသည်)✍📖

---------------------------------------------

စာအုပ်လေးတွေမှာယူက -

မှာယူလိုသည့် စာအုပ်အမည် -
မှာယူသူ၏ အမည် -
ဖုန်းနံပါတ် -
လိပ်စာ အပြည့်အစုံ ပေးပို့၍ မှာယူနိုင်ပါတယ်ရှင်

Photos from Wyut Yee Cho's post 19/09/2023

ဒီစာအုပ်လေးတွေထဲက တစ်အုပ်ကိုတော့

သင်ဖတ်ဖူးထားဖို့လိုနေပြီ!!🫶💞

#လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ >>> ၁၄,၀၀၀ကျပ်

#အမှောင်ထုရဲ့အဆုံးမှာအလင်းရောင်ရှိတယ် >>> ၇,၅၀၀ကျပ်

#အပြောင်းအလဲကိုစီမံခြင်း >>> ၁၂,၀၀၀ကျပ်

#ပန်းပွင့်များရဲ့စီးချင်း >>> ၇,၅၀၀ကျပ်

#ရင်းနှီးမြုပ်နှံမှုဖြင့်ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း >>> ၁၄,၅၀၀ကျပ်

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

19/09/2023

BOost your business with our POS System 🙋

လက်လီလက်ကား , Mini mart , Store( fashion, cosmetics), Car & motor cycle part, Electronic, stationary, Frozen & Mini Mart, , Phone Shop တွင်
_____________________________________
Mobile Phone, Tablet, Computer ကြိုက်နှစ်သက်ရာဖြင့်အောက်ပါfunctions များကို အသုံးပြုနိုင်ပါသည်။

🙋Supplier management
🏨 Monitor all warehousing operations
📦 Purchase Management
📈 Stock Transfer
📊 Powerful Inventory Reporting
⚖️ Accurate sales & Payment method
🔶Monitor staff Attendance (HRM)
Admin, Cashier , Manager User roleအလိုက် Group Permission များခွဲ၍သတ်မှတ်နိုင်ခြင်း
🔹 Cloud Backup စနစ်ပါရှိခြင်း။
💻 Create Quotation
✔️ Supports all reports များပါဝင်သည့်

Easy Stock Pro Version အား လစဉ်ကြေးစနစ်ဖြင့် စတင်အသုံးပြုနိုင်ပါသည်။

စိတ်ဝင်စားတယ်ဆိုရင်တော့
ဖုန်းနံပါတ် - 📞 09-796605625 (Viber)/cb သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။

05/09/2023

job interview စာအုပ်လေးကိုတော့

-interview အကြောင်းစိတ်ဝင်စားသူများ

-ဝန်ထမ်းအလုပ်ဖြင့်
အသက်မွေးဝမ်းကြောင်းပြုသူများ

-အလုပ်ရှာနေကြတဲ့ တက္ကသိုလ်ကျောင်းသားများ

-လက်ရှိမှာ အလုပ်တခုခုရှာနေသူများ

-အလုပ်တွေရှာပြီး အရွေးမခံရဖြစ်နေသူများ

-အလုပ်လျှောက်လွှာဘယ်လိုတင်ရမလဲမသိသူများ

-ပြည်ပနိုင်ငံတွေမှာ အလုပ်ရှာနေကြတဲ့သူများ

ဝယ်ဖတ်ကြည့်ဖို့ အသင့်တော်ဆုံးပါပဲ

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

စာရေးသူ-Than Htike Kyaw
စာအုပ်နာမည်-ဒီစာအုပ်ဖတ်ပြီးမှအလုပ်ရှာပါ
တန်ဖိုး ၁၆၀၀၀ကျပ်
စာမျက်မှာ-149

Photos from Wyut Yee Cho's post 05/09/2023

✍️ ဆရာမနေဗလ်

◾ Petrichor ( ၅၀၀၀ ကျပ် )
◾ အလုံပိတ် အခန်းငယ် ( 5000 ကျပ် )
◾ ပျော်ရွှင်ခြင်းလမ်းညွှန် ( 5500 ကျပ် )

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

Photos from Wyut Yee Cho's post 05/09/2023

ဆရာမထက်ထက်ထွန်းရေးသားထားတဲ့လူကြီး‌တွေရောလူငယ်တွေပါကြိုက်နှစ်သက်တဲ့စာအုပ်လေးတွေပါရှင့်🥰🥰🥰

-နေ့တိုင်းပျော်ပါတယ် (တန်ဖိုး-၄၅၀၀ကျပ်)
-အဓိပ္ပာယ်ရှိသောဘဝ (တန်ဖိုး-၅၀၀ကျပ်)
-စိတ်ရဲ့ငြိမ်သက်ခြင်း (တန်ဖိုး-၅၀၀၀ကျပ်)
-ဘဝထဲကအမေးဘဝထဲကအဖြေ (တန်ဖိုး-၆၀၀၀ကျပ်)
-ငါဘယ်သူလဲ (တန်ဖိုး-၆၅၀၀ကျပ်)

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

ရန်ကုန်အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။
နယ်ဆိုငွေကြိုလွဲပါရှင်။

Photos from Wyut Yee Cho's post 05/09/2023

🍀🍁🍁မှာလို့ရပါပီနော်
စိတ်ဖိစီးမှုဖြေရှင်းနည်းများ-6000✅
ကိုယ့်က်ုကိုယ်ချစ်တတ်လာတဲ့အခါ-5000✅

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

ရန်ကုန်အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။
နယ်ဆိုငွေကြိုလွဲပါရှင်။

01/09/2023

ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ...

နေပျော်သလိုသာ နေပါ
စကားတွေ အများကြီးမပြောတော့ဘူး
မျှော်လင့်ချက်တွေ အများကြီး မထားတော့ဘူး

စကားတွေ အများကြီးပြောရင်
ရန်တွေ ဖြစ်ရတယ်
ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေထားလို့
ဖြစ်မလာခဲ့ရင် ကိုယ်ပဲ ရင်မောရတယ်

ပြီးတော့ ...
မမျှော်တော့ဘူးသိလား
ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး
ဘယ်တော့လဲဆိုတဲ့အချိန်တွေ မစောင့်တော့ဘူး

မျှော်နေရင်း မောသွားတဲ့
လူတစ်ယောက်လို့ပဲထားပါ
ပြီးတော့ ... ကျွန်တော်က
အတွေးသိပ်များပြီး
ပွစိပွစိလုပ်တတ်တဲ့
လူတစ်ယောက်လို့ပဲ ထားပါ ...

နေပျော်သလို နေလို့ရပါပြီ
ပြီးတော့ ...
ခင်ဗျား ပျော်မယ်လို့ထင်တာကိုပဲ လုပ်ပါ

ကျွန်တော် ... ပင်ပန်းနေပြီမို့
ကျွန်တော် ... လက်လျှော့လိုက်ပါပြီ ။

#ကျေးကို

29/08/2023

ကျနော် အခု အိမ်ကိုပြန်တော့မယ်.......

လေထဲက သစ်ရွက်လေး မြေကြီးပေါ် ကျရသလို အိမ်ကို ပြန်တော့မယ်။
အိပ်မက်ကနေ ရုတ်တရက် လန့်နိုးလာရသလို
အိမ်ကို ပြန်တော့မယ်။
အရက်တွေ သိပ်မူးနေတဲ့ ဆောင်းညမယ် သောက်ရတဲ့ ဘလက်ခ်ကော်ဖီခါးခါး တခွက်လို
အိမ်ကို ပြန်တော့မယ်။
မိုးတွေရွာနေတဲ့ မနက်ရဲ့ စိုစွတ်နေတဲ့ ပလက်ဖောင်းလေးလို
ကျနော် အိမ်ကို ပြန်မယ်။
တစ်ယောက်ယောက်ကို လွမ်းလို့
အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးခွက်လေးလို
ကျနော် အိမ်ကို ပြန်မယ်။
နားထောင်နေရင်း အမှတ်တမဲ့ ပိတ်လိုက်တဲ့
ရေဒီယိုသီချင်းလေးတစ်ပုဒ်လို
ကျနော် အိမ်ကို ပြန်မယ်

ကျနော် အိမ်ပြန်တော့မယ် ကိုစစ်ငြိမ်း။

စစ်ငြိမ်း - တခြားကမ္ဘာက အရောင်
တန်ဖိုး - ၆၀၀၀ ကျပ်

#စစ်ငြိမ်း
#တခြားကမ္ဘာကအရောင်

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger


စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

Crd to original uploader

29/08/2023

"ပါပီ... တကယ်တော့ ကံဆိုတာရဲ့ လှည့်စားခြင်းကို လူတိုင်း
ခံနေရတယ် ဆိုတာ မင်း သိထားစမ်းပါ။ အရှုံးကို ရင်ဆိုင်
တတ်စမ်းပါ။ အရှုံးတစ်ခုကို ရင်ဆိုင် ရပြီးတိုင်း ဘယ်တော့မှ
ညည်းမနေနဲ့။ ရည်မှန်းချက်သစ်တစ်ခုကို ချက်ချင်း ပြန်ရှာပြီး
ထပ်ကြိုးစားစမ်းပါ။ လူ့ဘဝမှာ သေချာတယ်ဆိုတာ
ပစ္စုပ္ပုန်မှာပဲ ရှိတယ် "

#ပါပီလွန်နှင့်ဗင်ကို

တန်ဖိုး - ၂၀၀၀၀ကျပ်

မြန်မာတစ်နိုင်ငံလုံးကို အိမ်ရောက်ငွေချေ cash on delivery စနစ်ဖြင့် မှာယူဖတ်ရှုနိုင်ပါတယ်ဗျ။

စာဖတ်ခြင်းဖြင့် ငြိမ်းအေးကြည်လင်တဲ့နေ့ရက်လေးတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်တို့ရဲ့ ညို-Book houseမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

Photos from Wyut Yee Cho's post 29/08/2023

The Psychology of Money

နိုင်ငံတကာမှာ အရောင်းရဆုံးစာအုပ်ဖြစ်တဲ့
MORGAN HOUSEL ရဲ့ The Psychology of Money ကို Dr.Phyo Min Tun ဘာသာပြန်ဆိုထားတာပါ။

စီးပွားရေးအတွေးအခေါ်၊ ငွေရှာနည်းစနစ်၊
ကြီးပွားချမ်းသာမှုတို့ရဲ့ အရင်းအမြစ်စာအုပ်ဖြစ်တာမလို့ တက်သစ်လူငယ်တွေ၊ စီးပွားရေးလမ်းစရှာဖွေနေဆဲလူငယ်တွေအတွက် အကောင်းမွန်ဆုံးစာအုပ်လို့ပဲ ဆိုပါရစေ။

ကြွယ်ဝချမ်းသာခြင်း၊ ကျော်စောခြင်း၊
ပျော်ရွှင်ခြင်းတို့အတွက် အနှိုင်းမဲ့ သင်ခန်းစာ

" ငွေရှာနည်းစိတ်ပညာ "

တန်ဖိုး - ၁၂၀၀၀ကျပ်

မြန်မာတစ်နိုင်ငံလုံးကို အိမ်ရောက်ငွေချေ cash on delivery စနစ်ဖြင့် မှာယူဖတ်ရှုနိုင်ပါတယ်ဗျ။

စာဖတ်ခြင်းဖြင့် ငြိမ်းအေးကြည်လင်တဲ့နေ့ရက်လေးတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်တို့ရဲ့ ညို-Book houseမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

#ဒေါက်တာဖြိုးမင်းထွန်း
#ငွေရှာနည်းစိတ်ပညာ

29/08/2023

ဂျွိုင်း (မြကျေး)

ဂျွိုင်းက သိပ်ကိုထူးဆန်းတယ်။
တစ်ယောက်ယောက်ကိုချစ်ဖို့၊ ချစ်ကြည့်ဖို့ကြိုးစားနေပြီး အဲ့ဒီ့ချစ်ရသူဆီကို နေကြာပန်းတွေပို့ပေးချင်တာတဲ့လေ။

တစ်ယောက်ယောက်ကိုဖက်ထားမှဖြစ်မယ်လို့ပြောပေမယ့် စိတ်မလုံခြုံမှုဟောင်းလောင်းပေါက်ကြီးတစ်ခုဂျွိုင်းမှာရှိနေသလို ဂျွိုင်းရဲ့ကိုယ်လုံးသေးသေးလေးဟာ ဘယ်ရင်ဘတ်နဲ့မှမဆန့်ဘူး။

ဂျွိုင်းအမေက ဂျွိုင်း တစ်ယောက်ယောက်ကို ချစ်သွားမှာ ကြောက်တယ် ။ ဂျွိုင်းရဲ့ အဒေါ်ကတော့
ဂျွိုင်းတစ်ယောက်ယောက်ကို ချစ်မှ ဖြစ်မယ်လို့ ယူဆထားတယ် ။ ဂျွိုင်းကို ကြည့်ရတာတော့ ဘယ်သူ့ကိုမှ တကယ်ချစ်ခဲ့ပုံ မပေါ်ပါဘူး ။

ချစ်တယ်ဆိုတာ ခြစ်တာပဲ မဟုတ်ဘူးလား ။ ချစ်ရင်း ချစ်ရင်း နဲ့ ခြစ်မိကြတာ မဟုတ်ဘူးလား ။ တချို့က ပန်းချီကားတွေ ရတယ် ။ တချို့ က အမာရွတ်တွေ ရတယ်လေတဲ့ ။

စာရေးဆရာမ 'မြကျေး'ရဲ့ 2023မှာ ထုတ်ဝေလိုက်တဲ့ 'ဂျွိုင်း'ဆိုတဲ့စာအုပ်ပါ။

ဂျွိုင်းက သိပ်ကိုနားလည်ရခက်တယ်။
ကိုယ့်ဘာကိုယ်နေပြန်ကောင်းလိုက်၊ ကိုယ့်ဝေဒနာနဲ့ကိုယ်ပြန်ဖျားနာလိုက်ဖြစ်နေတဲ့ သံသရာစက်ဝိုင်းထဲမှာပုံမကျပန်းမကျချိတ်ဆွဲလည်ပတ်နေခဲ့တဲ့ဂျွိုင်းဟာ သိပ်ကိုချစ်ကြည့်နေချင်တာတဲ့လေ။

တန်ဖိုး - ၂၅၀၀ကျပ်
မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger


စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

#ဂျွိုင်း
#မြကျေး
photo to original uploader

27/08/2023

Good morning guys ☀️

ပင်လယ်ပြင် နဲ့တောင်တန်း တစ်ခုကို ရွေးပါဆို ကိုယ်က တောင်တန်းတွေဆီ ခရီးထွက် ဖို့ကိုပဲ အမြဲရွေးမိတယ်။

တစ်ချို့ကကျ ပင်လယ်ပြင်ကို သဘောကျတယ် ခွန်အားရစေတယ်။

ကျနော် ကကျ တောင်တန်းတွေဆီက ခွန်အားရစေတယ်။

တောင်တန်းတွေဆီ မမောမပန်း ခရီးသွားပြီးရင် ကြည်လင်သွားသလို၊စိတ်ရော ကိုယ်ပါ ပိုသန်မာလာစေတယ်လို့ ခံစားရတယ်။

တကယ်တော့ ပင်လယ်ပြင်ရော တောင်တန်းတွေရော နှစ်ခုလုံး ကြိုက်ပါတယ် ၊နှစ်ခုလုံး ချစ်ပါတယ်။

27/08/2023

မေတ္တာတရားဟာ ငြိမ်းချမ်းပါတယ်
သံယောဇဉ်တွေဟာ ခိုင်မြဲကြပါတယ်
ပျော်ရွှင်မှုတွေကတော့ ဧည့်သည်လိုပါပဲ
အဆင်ပြေသည်ဖြစ်စေ
မပြေသည်ဖြစ်စေ
ရောက်လာတတ်ကြတယ်။

27/08/2023

သူများဆီက မေတ္တာလိုချင်ရင်
ကိုယ်က နွေးထွေးပေးဖို့မမေ့ပါနဲ့။

သူများဆီက ဂရုစိုက်မှုလိုချင်ရင်
ကိုယ်လည်း ကြင်နာဖို့မမေ့ပါနဲ့။

သူများဆီက
ချိုသာတဲ့စကားသံတွေကြားချင်ရင်
ကိုယ်လည်း ချိုချိုသာသာပြောဖို့မမေ့ပါနဲ့။

သူများဆီက
နှုတ်ဆက်တာကိုလိုချင်ရင်
ကိုယ်လည်း ပြုံးပြဖို့မမေ့ပါနဲ့။

သူများဆီက
အကူအညီကိုလိုချင်ရင်
ကိုယ်က ကျေးဇူးမမေ့ပါနဲ့။

မမေ့ပါနဲ့
အရာရာတိုင်းဟာ အသွားအပြန်ရှိပါတယ်။

သူများဆီက လိုချင်ရင်
ကိုယ်ကလည်း ပေးဖို့မမေ့ပါနဲ့။

ကိုယ်ကမပေးချင်ဘဲ
သူများဆီက မမျှော်လင့်ပါနဲ့။

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာပါ
မေတ္တာဟာ ရောင်ပြန်ဟပ်ပါတယ်။

🍀🍀🍀

#ဂျူး

Photos from Wyut Yee Cho's post 26/08/2023

ဒီကမ္ဘာမှာကြောင်တွေမရှိရင်ဘာဖြစ်သွားမယ်ထင်လဲ ။

နှုတ်ခမ်းမွှေးနုရှည်ရှည်၊ အသွေးအမွှေးက ဝါကျင့်ကျင့် ဖြူဖြူနက်၊ အသံလေးက ညောင်စီစီရှိတဲ့ မြောင်တွေမရှိရင် ကမ္ဘာကြီးကဘာမှဖြစ်မသွားပါဘူး။ ကမ္ဘာကြီးကလည်းလည်နေမြဲ၊ လူသားတွေဟာလည်း နေထိုင်မြဲပါပဲ။

မိန်းကလေး(၁၀) ယောက်မှာ (၄)ယောက်ဟာ ကြောင်ချစ်တတ်တယ်တဲ့။ မြောင့်မူပိုင်ရှင်လေးတွေပေါ့။ ခင်ဗျားတို့ရဲ့ သီးသန့်ကမ္ဘာငယ်မိန်းမပျိုလေးတွေကရော ကြောင်ချစ်တတ်လား။
တစ်ယောက်သဘောကျတဲ့အရာကို တစ်ယောက်ကဖြည့်ဆည်းပေးတာလောက်ပြီးပြည့်စုံတဲ့ relationshipမရှိတော့တာမလို့ ကိုယ်ရဲ့ မြောင်
တွေဆိုသိပ်ကိုချစ်တဲ့အမျိုးသမီးငယ်လေးအတွက် ကျွန်မဆီမှာ စာအုပ်လေးတွေရှိပါတယ်ဗျ။ ချစ်ရတဲ့သူကို suprise gift ပေးဖို့အကောင်းဆုံးစာအုပ်လေးတွေဆိုလည်းမမှားပါဘူး။

ကြောင်တွေမရှိတဲ့ကမ္ဘာ - ၄၅၀၀ ကျပ်

ကြောင်တေလေရဲ့ ခရီးသွားမှတ်တမ်း - ၇၀၀၀ ကျပ်

ဧည့်သည်ကြောင်ကလေး - ၃၀၀၀ ကျပ်

လေလွင့်ကြောင် - ၂၈၀၀ ကျပ်

မြောင့်မူပိုင်ရှင် - ၄၀၀၀ ကျပ်

ကြောင်တွေရဲ့မြို့ - ၄၅၀၀ ကျပ်

ကြောင်ကြီးမိုနိုနိုကီ - ၄၀၀၀ ကျပ်

မျက်နှာဖုံးစွပ်ထားသော ကြောင်ကလေးများ - ၆၀၀၀ ကျပ်

မြန်မာတစ်နိုင်ငံလုံးကို အိမ်ရောက်ငွေချေ cash on delivery စနစ်ဖြင့် မှာယူအားပေးဖတ်ရှုနိုင်ပါပြီဗျ။

စာဖတ်ခြင်းဖြင့် ငြိမ်းအေးကြည်လင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေ။

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

Photos from Wyut Yee Cho's post 26/08/2023

စာပေချစ်သူများ မှာလို့ရပါပီနော်🤭
🍀

ဖတ်ရှုနေစဥ်တစ်လျှောက်စိတ်ကိုသိမ်းဆည်းခေါ်ဆောင်သွားနိုင်တဲ့အမျိုးအမည်မသိတဲ့ ခံစားချက်မျိုးရချင်ရင် မယ်လွင့်စာအုပ်တွေကိုဖတ်ပါ။

မယ်လွင့်collections လေး🍁🍁🍁

တစ်အုပ်နဲ့တစ်အုပ်မတူညီတဲ့အမျိုးအစား၊အရေးအသားတွေနဲ့ လွင့်ချင်တိုင်းလွင့်နေတဲ့ မယ်လွင့်ပါ။

Psycho,thriller, 18+ အရာရာကို ရောထွေးယှက်ငင်ပြီး တစ်အုပ်ချင်းမှာရမယ့် သင်ခန်းစာ၊ အတွေးအမြင်နဲ့ ခံစားသက်ဝင်မှုရသတွေဟာ ကောင်းတာထက်ကို ပိုကောင်းတာမလို့ အများကြီးတွေးပြီး ရင်ထဲစိတ်ထဲမှာ တစ်ခုခုကျန်ခဲ့ချင်သလား မယ်လွင့်ကိုဖတ်ပါ။

နွံ - ၄၅၀၀ ကျပ်
ရိုဆယ်လာ - ၃၅၀၀ ကျပ်
psychopath - ၃၅၀၀ ကျပ်
midnightblue - ၃၅၀၀ ကျပ်
The stalker - ၅၀၀၀ ကျပ်
လမ်းခွဲမင်္ဂလာ(မယ်လွင့်+အိမ်မွန်) - ၅၀၀၀ ကျပ်

မှာယူလိုပါက - 09796605625 ( ph/ Viber)
- messenger

စာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်

အိမ်ရောက်ငွေချေစနစ်ဖြင့်မှာယူဖတ်ရှုနိုင်ပါပြီရှင်။

26/08/2023

အသက်ကို ဉာဏ်စောင့် 📖
လူကို စိတ်သည် အုပ်ချုပ်သည်။
စိတ်ကို ဉာဏ်ပညာသည် အုပ်ချုပ်သည်
ဉာဏ်ပညာကို ဗဟုသုတသည် အုပ်ချုပ်သည်။

#ဘဝစာပေ #စာဖတ်ပါလူကို

26/08/2023

ဘဝဆိုတာ ရေးပြီးသား စာအုပ်တစ်အုပ်မဟုတ်ဘူး စိတ်ကြိုက်ဖန်တီးခွင့်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ
ဇာတ်သိမ်းကောင်းအောင် ရေးတတ်ဖို့လိုတယ် ရေးရမယ့်သူကတော့ သင်ကိုယ်တိုင်ပဲ🍀🍀

26/08/2023

သူနဲ့အတူ...

သူနဲ့အတူ အလှတရားကို ရှာဖွေပါ။
သူနဲ့အတူ အေးချမ်းမှုကို ဖန်တီးပါ။
သူနဲ့အတူ ကော်ဖီသောက် စာအုပ်လေး
ဖတ်ပြီးနွေးထွေးမှုကို ခံစားပါ...☕📖

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကျန်းမာ ဆေးရုံသုံးsoftwareလေးနဲ့ မကြာမီ မိတ်ဆက်ပေးပါမယ်ရှင့်

Category

Telephone

Website

Address


Yangon
11111

Other Entrepreneurs in Yangon (show all)
htetmyat7739 htetmyat7739
Yangon

age=2004

Zawlin aung ကိုရီးယားကားအရောင်းအဝယ် Zawlin aung ကိုရီးယားကားအရောင်းအဝယ်
Yangon, ကိုရီးယားကားအရောင်းအဝယ်

ကားအကြောင်းလေးများ မျှဝေကြမယ်

lady htae law firms lady htae law firms
No. 797
Yangon

can help you

Phyo Automobile Phyo Automobile
1229, Padauk Myaing 2street, 34Quarter, North Dagon
Yangon

car

KO KO AUNG FOLLOW ME AGENCY KO KO AUNG FOLLOW ME AGENCY
Zambu Sri 6 Road
Yangon, KKA

☎:0️9️5️4️1️7️6️5️8️ ❌Messenger မသုံးပါ...

MYE - Design & Construction MYE - Design & Construction
Yangon

BE Civil(TU MKN) bechlor in Business Adliministration (Kaplan Higher Education Institute Singapore)

AdSage Marketing AdSage Marketing
Yangon

AdSage is operated by a team of seasoned marketing experts who cater to a selected group of clients.

17Shopping Zome 17Shopping Zome
Yangon

ပစ္စည်းမှန် ဈေးမှန် နေရာမှန် ဝန်ဆောင်မှု့ အကောင်းဆုံး အားပေး ကြ ပါဦး 🍀🍀🍀🛍️🛒🙆 Shopping Zone🛍️

AmyMyint-Digital Entrepreneur AmyMyint-Digital Entrepreneur
Yangon, 11101

Helping people to be a successful digital business.

Contemporary Art Myanmar YgN Contemporary Art Myanmar YgN
Yangon, 11111

Contemporary Art Myanmar is dedicated to distribute the uprising art of today and culture in Myanmar.

Pinsi Pinsi
No. 818 , Mahawthada (5) Street, East Dagon
Yangon, 11451

Clothing, Beauty, Accessories