

သွား​ကောင်းမှ ၀ါး​ကောင်းမယ်

Photos from Primacare Dental & General Healthcare's post 01/11/2023

ရခိုင်က လူနာက မေးတယ်.....

ဒီလို ပျက်စီးနေသော သွားများကို
နှုတ်ဖို့လိုပါသလား?

ကျွန်တော်အနေနဲ့ကတော့ နိုး ( N.0 ) ပါ

ကုသနည်း...
သွား အကြောကို ထုတ်ပြီး ကုသပါမယ်

သွား အကြောကို သေချာပြန်ပိတ်ပါမယ်

သွား အကြောထဲ Fiber တိုင်ထည့်ပါမယ်

သွားအရောင်ညီ Laser ဖြင့် သေချာ
ပြန်ဖာထားပေးထားပါမယ်

လိုအပ်ရင် သွားအစွပ် တပ်ပေးပါမယ်

ဒီလို ကုသမှုအဆင့်ဆင့်ကို
သေချာလုပ်ပေးမယ်ဆိုရင် မိမိသွားများ
ရေရှည်ပြန်သုံးလို့ရသွားပါပြီ

ယုံကြည်မှုနဲ့ လှမ်းလာခဲ့ပါ
Primacare Dental &
General Healthcare က
လက်ကမ်းကြိုနေမှာ

Photos from Primacare Dental & General Healthcare's post 05/09/2023

အသက်၂၀ ကျော် အမျိုးသမီးငယ်လေး
ပြရသည့်အကြောင်းအရင်းက
သွားကျဲလို့တဲ့

စစ်ကြည့်လိုက်တော့ Missing laterals
ရှေ့သွားနှစ်ချောင်းမပေါက်လို့ ကျဲနေတာပဲ

အမျိုးမျိုးသော ကုသနည်းထဲက
သူ့အတွက် အသင့်တော်ဆုံး
သွားပြန်စိုက်တဲ့နည်းကို
ကျွန်တော် ရွေးချယ်ပေးဖြစ်တယ်ဗျ

ခုကတော့ PFM လို့ခေါ်တဲ့ ကြွေသွားနဲ့
လွတ်နေတဲ့ သွားတွေနေရာ
ပြန်အစားထိုးထည့်ထားတာပါ။

ကဲ ... ခုတော့ သူလည်း ရဲရဲ ပြုံးနိုင်သွားပြီ

ယုံကြည်မှုနဲ့ လှမ်းလာခဲ့ပါ
Prima Careမှ လက်ကမ်း ကြိုမှာ

25/07/2023

လူနာသည် Fluorosis ဟုခေါ်သော Fluoride ဓါတ်များပြားမှုကြောင့် ကြွေလွှာ ထိခိုက်ကာ သွားမျက်နှာပြင်တွင် အဖြူရောင် အဝါရောင်အစက်အပြောက်များဖြစ်ပေါ်နေပါသည်။ကုသနည်းမှာ Hollywood Smile ခေါ် ကြွေလွှာကပ် ကုသခြင်း Veneering သည် သာ စိတ်အချရဆုံးနှင့် ရေရှည်ခံသည့်ကုသနည်းဖြစ်၍ ပြန်လည် မျှဝေပါသည်။

01/04/2023

နာတိုင်း နှုတ်ရမှာလား???........................................

Give the molar a second Chance ....

အံသွားငုတ်တိုတွေကိုလဲ ဒုတိယအကြိမ်

အခွင့်အရေးလေးပေးလိုက်ပါ

နာတိုင်းလည်း နှုတ်စရာ မလို ပါ...

နာတာ မပြောနဲ့....

ငုတ်ပဲ ကျန်တာတောင် ကယ်လို့ ရသေးရင် ကယ်ရတာပဲ

Photos from Silver Lotus Dental's post 13/05/2020
16/08/2019

ဘာလို့ သွားပြန်​စိုက်​သင့်​သလဲ???
📒📒📒📒📒📒📒📒
1.Functioning
နှုတ်​ထားတဲ့​နေရာက အ​ပေါက်​ဖြစ်​​နေ​တော့စားရ ၀ါးရတာ မ​ကောင်း​တော့ဘူး
လွတ်​လွတ်​ကြီးဖြစ်​​နေမယ်
ဒါ့​ကြောင့်​ စား​ကောင်း​အောင်​ ပြန်စိုက်​သင့်​ပါတယ်
2.Aesthetic
နှုတ်​ထားတဲ့​နေရာမှာကြာလာရင်​ သွားဖုံးရိုး​တွေနိမ့်​လာမယ်​ လွတ်​​နေတဲ့​နေရာကို လျှာတို့ ပါးတို့ ၀င်​လာမယ်​ သွား​တွေကျဲလာမယ်
ယိုင်​လာမယ်
မလှ​တော့ဘူး
ဒါ့​ကြောင့်​ လှ​နေ​အောင့်ပြန်​စိုက်​သင့်​ပါတယ်
3.Speech
နှုတ်​ထားတဲ့​နေရာ​ပေါ်မူတည်​ပီး ​နောက်​ပိုင်း စကား​ပြော မပီ​တော့ပါဘူး ဘုရားစာ​​ကိုတောင်​ ဋ္ဌာန်​ကရိုဏ်းကျကျ မရွတ်​နိုင်​​တော့ဘူး
ယုံကြည်​မှု​ပျောက်​ဆုံးလာတတ်​တယ်
ဒါ့​ကြောင့်​ စကား​ပြောရင်​ ယုံကြည်​မှုပြန်​ရ​စေဖို့ ပြန်​စိုက်​သင့်​ပါတယ်
4. Complication
နှုတ်​ပီးပြန်​မစိုက်​ခဲ့ရင်​ ​နောက်​ကျန်​တဲ့သွား​တွေပါ ဆက်​ပျက်​စီးလာ​စေတယ်​ ယိုင်လာမယ်

နဲ့လာမယ်

ရှည်​ထွက်​လာမယ်

ကျဲလာမယ်

အစာပိုညှပ်​လာမယ်

ပိုးထပ်​စားလာမယ်​ ​နောက်​ဆုံးထပ်​ထပ်​နှုတ်​လာရနိုင်​တယ်
ဒါ့​ကြောင့် ​​နောက်ထပ်​​​သွား​​တွေ ထပ်ထပ် မဆုံးရှုံးရ​လေ​အောင်​ ပြန်​စိုက်​သင့်​ပါတယ်

Photos from Dental Student's post 16/07/2019

မလိုအပ်​ပဲသွားမနှုတ်​ပဲ ​ရေရှည်​ခံ​အောင်​ထိန်းသိမ်းကြပါစို့

Photos from Primacare Dental & General Healthcare's post 07/06/2019

လူတိုင်းအတွက်​မရှိမဖြစ်​ ၀ါးစရာ သွား
🍕🍥🍟🍗🍖🍝🍛🍤🍷🍹

???​ သွားဆေးခန်းကိုလာရင်​ ဘာနဲ့အများဆုံးလာသလဲဆို သွားကိုက်​လို့​ပေါ့
??? သွားဘာလို့ကိုက်​လဲဆို သွား​ခေါင်း​ပေါက်​ကြီး ရှိလို့​ပေါ့
??? သွား​ခေါင်း​ပေါက်​ ဘာလို့ရှိလဲဆို သွားပိုးစားလို့​ပေါ့
??သွားပိုးဘာလို့စားလဲဆို သွားသန့်​ရှင်း​ရေး​သေချာမလုပ်​လို့​ပေါ့
အ​​ဖြေက​နောက်​ဆုံး​တာ့

အလကားရထားတဲ့သွား​တွေဆို​တော့ တန်​ဖိုးမထားကြဘူး​လေ

သွားကိုပုံမှန်​သန့်​ရှင်း​ရေးမလုပ်​​ပေးကြဘူး ငါ့ပါးစပ်​ထဲကိုဘယ်​သူမှမမြင်​ဘူး
အပြင်​မှာ ၀တ်​စားထားမှ လူမြင်​​သေးတယ်​ သ​ဘောထားကြတယ်

တချို့ကျ ကျန်းမာ​ရေးကိစ္စကလွဲ ကျန်​တာစိတ်​၀င်​စားတဲ့လူမျိုး
အဲလို​တွေမလုပ်​ရဘူး ​နော်

တသက်​မှာတခါသာရတဲ့သွား​တွေကို ကိုယ့်​ပိုက်​ဆံလို ကိုယ့်​ရင်​​သွေးလို သ​ဘောထား ​ရေရှည်​ခံ​အောင်​​စောင့်​​ရှောက်​​ပေးရမှာ​ပေါ့ အဲ​တော့ သွားသန့်​ရှင်း​ရေး မှန်​မှန်​လုပ်​​ပေးရမယ်​​လေ

သွားတိုက်​ခြင်းအားဖြင့်​ ပါးစပ်​ထဲက စားကြွင်းစားကျန်​ နဲ့ သွား​ချေး​တွေကို ရှင်းထုတ်​​ပေးလိမ့်​မယ်​​ 

သွားဆရာဝန်​ ကျ​နော်​မှ လူတိုင်းကို​ပြောရ​သောအမှာစကားက​တော့

👍ညဘက်​အိပ်ခါနီး​မဖြစ်​မ​နေ သွားတိုက်​ပါ

👍မနက်​စာ စားပီးတ​ခေါက်​သွားတိုက်​ပါ

👍တတ်​နိုင်​ရင်​ သွားကြားညှပ်​တဲ့​နေရာ​တွေကို သွားပွတ်​ကြိုးသုံး သန့်​ရှင်း​ပေးပါ

👎သွားကြားထိုးတံဟာ သွားကြားပိုညှပ်​​စေလို့မသုံးသင့်​ပါ

👎အချို သား​ရေစာ​တွေဟာ သွားပိုး ပိုစား​စေလို့ စားပီးတာနဲ့ ၃-၄ခါ​ရေနဲ့​သေချာပလုတ်​ကျင်း​ပေးပါ

👍ကြာကြာဝါးမဲ့သွား အရိုးကြည့်​​ရှောင်​ရုံသာမက သန့်​သန့်​ရှင်းရှင်းထား ​သေချာဂရုစိုက်​ထားလို့ မှာချင်​ပါတယ်

😇ဟုတ်​ကဲ့😇
ကျ​နော်​သွားဆရာဝန်​တ​ယောက်​ပါ (တခါမှသွားမကိုက်​ဘူးပါ)

20/05/2019

ပြည်​သူလူထုကိုသိ​စေချင်​တာ
အောက်​မှာပါတဲ့ပုံလို သွားပိုးစစားပီဆိုတာနဲ့ ကုသမှုခံယူ​စေချင်​တယ်​​။ တကယ့်​​စေတနာနဲ့ပါ။ မနာ​သေးခင်​မှာ ပြန်​ဖာလိုက်​ရင်​ ​ရေရှည်​ဆက်​သုံးလို့ အဆင်​​ပြေတယ်​။ အဲ... အ​ပေါက်​ကြီးသွားမှ နာလာမှ ဆရာ​ရေ ပြန်​ဖာ​ပေးပါ ဆိုရင်​​တော့ ​ဆောရီးပဲ နိုးပါ လို့​ပြောပြပါရ​စေ။ ဘာလို့လဲဆို သွားထဲက အ​ကြောထိသွားပီမို့လို့​ပေါ့။
ကျွန်​​တော်​တို့ နိုင်​ငံမှာ ပါးစပ်​ထဲကသွားပြဿနာကို ဖြစ်​မှပြမယ်​ နာမှကုမယ်​ ဆိုတာကြီးက မှား​နေတယ်​ ။ ဥပမာ ...ကတ္တရာလမ်း​ပေါက်​ရင်​ ဖြစ်​ဖြစ်​ချင်းဖာ လမ်း ထပ်​မပျက်​စီးဘူး​ပေါ့။
လမ်းအ​ပေါက်​ကြ်ီးမှဆိုရင်​ သိပ်​အဆင်​​မ​ပြေ​တော့ဘူး​လေ။
ပျက်​စီးသွားပီကိုး။
သွားလဲ အ​ပေါက်​မကြီးခင်​ မနာခင်​ဖာတာ အ​ကောင်းဆုံးပဲ ။
သွား​ဆေးခန်းသွားရမှာလည်းမ​ကြောက်​ကြပါနဲ့။ သွားဆရာဝန်​​တွေဆိုတာ လူနာ​တွေကို နှိပ်​စက်​ဖို့မဟုတ်​ ကုသ​ပေးဖို့သာလို့နှလုံးသွင်းပီး ​စောစောကုသမှုခံယူကြပါလို့ တိုက်​တွန်းချင်​ပါ​တယ်​​လေ။

Photos from Primacare Dental & General Healthcare's post 18/05/2019

နောက်​ဆုံး​ပေါ်
သွားအစစ်​နဲ့တူတဲ့ ​ကြွေသွားစိုက်​ပီး ​ကျေနပ်​မှုရသွားကြသူများ
fused to Zirconia Crown

Dicillicate crown

Videos (show all)

နာတိုင်း နှုတ်ရမှာလား???.........................................Give the molar a second Chance ....အံသွားငုတ်တိုတွေကိုလ...
ဘာလို့ သွားပြန်​စိုက်​သင့်​သလဲ???📒📒📒📒📒📒📒📒1.Functioningနှုတ်​ထားတဲ့​နေရာက အ​ပေါက်​ဖြစ်​​နေ​တော့စားရ ၀ါးရတာ မ​ကောင်း​တော့ဘ...

Telephone

Website

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00