Myint Mo Tun

Myint Mo Tun

We favor good quality & fair price for you.

06/01/2024

မာနလေးတော့ လူတိုင်းရှိစေချင်တာ မင်မင့်စေတနာပါ
😁😁😁

ဖိုတိုခရက်ဒစ်

05/01/2024

သီချင်းသွားဆိုရင်သီချင်းစာသားမရတဲ့ကိုယ်တွေအတွက်
ဝါးချစရာမလိုတဲ့သီချင်းရပြီ 😁

04/01/2024

သီချင်းဆိုရင် စာသားမရတတ်တဲ့ကိုယ်တွေ
ဒီသီချင်းနဲ့ဆို ဝါးချစရာ လိုတော့ဘူး 😁😁😁

Photos from Myint Mo Tun's post 28/12/2023

" နှစ်သစ်ကူးမှာ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကြီးလာပါပြီ " 🎉

ကဲ...အခုဆိုရင် ပျော်ရွှင်စရာနှစ်သစ်ကာလကို ရောက်တော့မယ်ဆိုတော့ အားလုံးကို ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးရင်း Promotion အစီအစဥ်လေးကို ပြောပြပေးချင်ပါတယ် 🎁

အခု အစ်မတို့ Myint Mo Tun ပေ့ချ်က အိမ်သုံးပစ္စည်း
ကားသုံးပစ္စည်းလေးတွေ မီးဖိုချောင်သုံးပစ္စည်းလေးတွေစသဖြင့်တနေရာတည်းမှာ အစုံအလင်ကို ရောင်းချပေးနေတယ်ဆိုတာ သိကြတယ်မလား...💕

နှစ်သစ်မှာ လိုအပ်တဲ့ အိမ်သုံးပစ္စည်းလေးတွေ ထပ်ဖြည့်ကြမဲ့ အစ်မတို့ရဲ့ဝယ်ယူသူတွေအားလုံးအတွက် ပစ္စည်းလေးတွေထပ်ဖြည့်ရင်း အကုန်အကျလည်းသက်သာစေဖို့ ရည်ရွယ်ပြီး စီစဥ်ပေးထားပါတယ်။

နှစ်သစ်ကူး Promotion အနေနဲ့ ပေ့ချ်ကနေရောင်းချပေးနေတဲ့ ဘာပစ္စည်းကိုပဲ ဝယ်ဝယ်
📌 30000 ဖိုးဝယ်ယူသူတွေကို - 5% Discount
📌 50000 ဖိုးနဲ့အထက်ဝယ်ယူသူတွေကို - 10% Discount ပေးသွားမှာ ဖြစ်ပါတယ်။

📌 Promotion ကာလလေးကတော့ -
Jan 1ရက်နေ့ကနေ Jan 10ရက်နေ့အထိပဲ ဖြစ်ပါတယ်။

🎉 Yayy... ဒီလိုဆိုတော့ တစ်နှစ်မှာတစ်ခါပဲရမဲ့အခွင့်အရေးမို့လို့ လက်လွတ်မခံသင့်ဘူးနော်။

လိုအပ်နေတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ဝယ်ရင်း Promotion လေးလည်း ရယူရင်းနဲ့ အခုပဲ မှာယူနိုင်ပါပြီ။

မြန်မာနိုင်ငံအတွင်း မြို့ပေါင်းသုံးရာကျော်ကို အိမ်တိုင်ရာရောက် အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးနေပါတယ်။

23/12/2023

ကျမဆီကအားပေးသူတွေ ကျန်းမာချမ်းသာကြပါစေ
မဝယ်သူတွေ.. ရှင်တို့ကံရှိသလောက်ပေါ့လေ..ပေါ့လေ နော့
😁😁😁

18/12/2023

မင်းအကျီတွေ အလကားဖြစ်ကုန်မစိုးလို့ပါ မိန်းမရယ် တဲ့..
😁

15/12/2023

လဆန်းမဟုတ်တဲ့ လလယ်တွေမှာ အရောင်းပါးလွန်းလို့
ဘယ်လောက်ဖိုးဝယ်ရင် ဒါလေးလက်ဆောင်ပေးမယ်လို့
ပရိုမိုးရှင်းပေးရမလား ပြော...

တခါတည်းတောင် အကုန်ရောင်းထွက်သွားမယ်ထင်တယ်နော်..😁😁😁

photo credit to handmade gallery

13/12/2023

လက်လျော့တော့မယ်လို့ တွေးမိရင် ပိုကောင်းတဲ့အနာဂတ်ရှိနေတာကို သတိရလိုက်ပါ...

09/12/2023
Photos from Myint Mo Tun's post 09/12/2023
Photos from Myint Mo Tun's post 09/12/2023

မင်မင်က ကိုယ်လည်းရှာရခက်တဲ့ ကိုယ့်အတွက်အသုံးတည့်တဲ့ပစ္စည်းလေးတွေ ဝယ်စုရတာကို ဝါသနာပါတယ်။
တချို့ပစ္စည်းတွေက အလွယ်တကူ ရဖို့မလွယ်ဘူး။ နေရာတိုင်းမှာလည်း မရဘူး။ မင်မင့်ရည်ရွယ်ချက်က
ကိုယ်ရောင်းချလိုက်တဲ့ပစ္စည်းသည်
-စျေးသက်သာရမယ်
-လူတွေလိုအပ်တာ ဖြစ်ရမယ်
-အသုံးဝင်ရမယ်..
-quality လည်း သူ့စျေးနဲ့သူ ကောင်းမွန်ရမယ် လို့ ဦးတည်ပြီး
ဒီပေ့ချ်လေးဖွင်​့ ရောင်းခဲ့တာပါ။ အခုတခေါက်ပါလာတဲ့ပစ္စည်းလေးတွေကို ဝင်ရောက်မြည်းစမ်းကြည့်ပါအုန်း။
window shopping ပေါ့..

09/12/2023

ခုနှစ်ရက်သားသမီးအပေါင်း

မဂ်လာရှိသောနေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

08/12/2023

ကားမှာ မီးလောင်ရင် အနီးအနားမှာဖျနိးပက်စရာမလွယ်ရင်
ဆုံးရှုံးမှုတွေများနိုင်ပါတယ်။ သွားလေရာအလွယ်တကူသယ်သွားနိုင်တဲ့ spray type မီးသတ်ဆေးဘူးလေးပါ။ သုံးရအရမ်းလွယ်ကူပါတယ်။ မိမိအိမ်မှာ မီးလောင်ရင်လည်း အသုံးပြုလို့ရပါတယ်။ စနစ်တကျတပ်ဆင်ချင်တယ်ဆိုရင်လည်း နံရံမှာ သူ့ကို တပ်ဆင်ဖို့ frameလေးပါ ရောပါပီးသားပါ။ တဘူးမှ 5500 ပဲရှိလို့ မျက်စိမှိတ်ပြီးဝယ်သင့်သောလေးပါ။ အပိုသုံးမဟုတ်တဲ့ လိုသုံးပစ္စည်းလေးပါ။

06/12/2023

အဲ့သလို မဖြစ်စေရအောင် COD (cash on delivery) အိမ်ရောက်ငွေချေရတဲ့ delivery ဝန်ဆောင်မှုနဲ့ မြို့ပေါင်းသုံးရာကျော်ကို ပို့ပေးနေပါတယ်နော်...😁😁😁

04/12/2023

မျှော်လင့်ချက်တွေ မပေးပါနဲ့လားကွယ်..
မျှော်တော်ယောင်.. မျှော်တော်ယောင်ဘဝကကျွတ်ချင်တယ်
🎤🎼🎹🎺🎷
😊😊😊

03/12/2023

အိပ်မရတဲ့ညများစွာဝယ်..
စိုးမိုးနိုင်သူရယ်....
😁😁😁

01/12/2023

မျက်နှာသုတ်ပဝါကြီးတွေ ပခုံးကျယ်အကျီတွေ ပုဝါတွေလှန်းဖို့ အရမ်းအဆင်ပြေတယ်နော်။ တချိတ် -2000 ကျပ်ပါ။

Photos from Myint Mo Tun's post 30/11/2023

အသစ်ရောက်တဲ့အိမ်သုံးပစ္စည်းလေးတွေပါ
တချို့ပစ္စည်းလေးတွေက အရေအတွက်အနည်းငယ်သာရလို့
အမြန်မှာထားဖို့ လိုပါတယ်​နော်..😁😁😁

Photos from Myint Mo Tun's post 30/11/2023

မီးဖိုချောင်သုံးပစ္စည်းလေးတွေအသစ်ရောက်ပါတယ်နော်..
တကယ်အသုံးတည့်တဲ့ပစ္စည်းလေးတွေကို စျေးတန်တန်လေးတွေနဲ့ ရအောင် ရှာဖွေပြီး တင်ထားပေးပါတယ်။

ပုံတပုံချင်းမှာ စျေးနှုံးနဲ့ အသုံးပြုပုံလေးတွေ အပြင်
ပုံအောက်က comment တွေမှာလည်း ဘယ်လိုသုံးလို့ရတယ် ဆိုတာကို video clip လေးတွေထည့်ပေးထားတတ်သေးတာမို့ ဝင်ကြည့်ကြည့်ပေးကြပါအုန်း လို့..

26/11/2023

မနက်ဖန် (27.11.2023-တနလာ်နေ့) ဟာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုဟာ ဒီနေ့မှာ
ဘုရားကျောင်းကန်များကို သွားရောက်ပြီး ဥပုသ်သီလဆောက်တည်ကြပါတယ်။

အများပြည်သူများအတွက် တရားဝင်သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ ငွေကြေး စားစရာ လက်ဆောင်ပစ္စည်းများကို လမ်းတွေပေါ်မှာ ပံ့သကူပစ်တတ်ကြပြီး လိုက်လံရှာဖွေနေသူများဖြင့် တန်ဆောင်မုန်းလပြည့်ညဟာ စည်ကားနေလေ့ရှိပါတယ်။

မယ်ဇလီဖူးသုပ်ကိုတော့ တန်ဆောင်မုန်းလပြည့်ညမှာစားရင်ဆေးပေါင်းခတယ်လို့ ရှေးအစဥ်အဆက်မှယုံကြည်မှုအရ
မြန်မာလူမျိုးတွေဟာ ဒီနေ့ညမှာ မယ်ဇလီဖူးသုပ်စားလေ့ရှိကြပါတယ်။

မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြစေဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

18/11/2023

#ဖုန်းတင်ဒေါက် #အရေးပေါ်ကားမှန်ခွဲ #ဖုန်းနံပါတ်ချန် #ကားအမွှေးနံ့ ...ဒီလေးခုပေါင်းစပ်ထားတဲ့ 4 in 1
တခုမှ -6000 kyats ထဲပါ

(အနီ အပြာ အနက် ရွှေရောင် တွေရပါတယ်နော်)

📌 ကားထဲမှာ ဒါလေးပေါ် ဖုန်းလေးတင်ထားလို့ရမယ်..
လက်က ကိုင်ပီးပြောနေစရာ မလိုလို့ ကားမောင်းရင်းဖုန်းသုံးတဲ့အခါ ဒါလေးနဲ့ အဆင်ပြေစေတယ်။😎😎😎

📌ကားရပ်ထားခဲ့ချိန် မိမိကားပေါ်မှာ မိမိဖုန်းနံပါတ်ကို ဒီဒေါက်လေးမှာပါတဲ့ နံပါတ်လေးတွေနဲ့ ဖော်ပြထားခဲ့နိုင်လို့
မိမိကားနဲ့ပတ်သက်ပြီး အရေးကြောင်းရှိက တခြားသူများမှ
ဆက်သွယ်ရလွယ်ကူစေမယ်။ နံပါတ်ကိုလိုသလို adjustလုပ်လို့ရပါတယ်။ကပ်ခွာမဟုတ်ပါဘူးနော် 🤗🤗🤗

📌emergency breaker ကားအတွင်း အရေးပေါ်ကိစ္စဖြစ်လာတဲ့အခါ မှန်ကို ဒီပစ္စည်းလေးရဲ့ အချွန်တက်လေးနဲ့ ထိုးခွဲလို့ရတယ် 😍😍😍

📌ကားထဲမှာ အမွှေးနံတို့သင်းပျံစေဖို့အတွက် အမွှေးနံထည့်ဖို့အပေါက်လေးနဲ့ အမွှေးတိုင်ချောင်းလေးလည်း ပါပါသေးတယ် 😍😍😍

15/11/2023

အဲ့သလိုပါ လို့..
😁😁😁

12/11/2023

ကာကာတို့ရေ...

ပစ္စည်းလေးတွေမြင်တော့ဝယ်ချင်စိတ်ဖြစ်မိပေမဲ့ delivery ခ များနေမလား တွေးမိတတ်ကြတယ်မဟုတ်လား 😄😄😄

မင်မင်နဲ့ချိတ်ဆက်ထားတဲ့ အိမ်အရောက်ပို့ဝန်ဆောင်မှုက
ရန်ကုန်မြို့နယ်အားလုံးကို နှစ်ထောင်ကျပ်ပဲ ကျသင့်မှာပါနော်။ မှော်ဘီ တိုက်ကြီး လှည်းကူး ခရမ်းသုံးခွဘက်တွေဆိုမှ
သုံးထောင်ကျပ်ပါ။

နယ်မြို့တွေဆိုရင်ရော? ????🤔🤔🤔
ရန်ကုန်ကနေ နယ်မြို့အိမ်အရောက်မှ 3500 kyatsပါ
ရန်ကုနိရော နယ်ရော မြို့ပေါင်း300 ကျော်ကို အိမ်ရောက်ငွေချေပို့ပေးပါတယ်နော်။ ငွေကြိုလွှဲဖို့မလိုပါဘူး။

Photos from Myint Mo Tun's post 08/11/2023

အသစ်ထပ်ရောက်လာတဲ့ မီးဖိုချောင်နဲ့ အိမ်သုံးပစ္စည်းလေးတွေပါ။ တကယ်လိုအပ်တဲ့ပစ္စည်းလေးတွေကို မင်မင်သေချာရွေးချယ်ပီးရောင်းချပေးနေတာမို့ အိမ်ရှင်မတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ်။ ကဲ...တချက်လောက် ကြည့်ကြည့်လိုက်ပါနော်။ မင်မင်ပြောတာ တကယ်ဟုတ်ရဲ့လားဆိုတာ။

Photos from Myint Mo Tun's post 08/11/2023

ဒီတခါတော့ ကားနဲ့ပတ်သက်တဲ့ ပစ္စည်းလေးတွေကို ရရှိနေပါပြီဆိုတာ လာပြောတာပါ။

စျေးလည်းမကြီးပဲ ကိုယ့်ကားထဲမှာ အသုံးတည့်မယ့်ပစ္စည်းလေးတွေပါ။ ပုံတွေရဲ့အောက်မှာ အသုံးဝင်ပုံနဲ့စျေးနှုံးလေးတွေ ဖော်ပြပေးထားပါတယ်။

#မြန်မာနိုင်ငံအတွင်း မြို့ပေါင်းသုံးရာကျော်ကို အိမ်တိုင်ရာရောက် အိမ်ရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးနေပါတယ်နော်။

Photos from Myint Mo Tun's post 03/11/2023

ဒီတခါကတော့ အိမ်သုံးပစ္စည်းလေးတွေပါ။ အိမ်တွေအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို သေချာစဥ်းစားပြီး တင်ထားပေးပါတယ်နော်။ တပုံချင်းစီထောက်ပြီး စျေးနှုံးနဲ့ အသုံးဝင်ပုံကို ကြည့်ရှုလို့ရပါတယ်။

03/11/2023

မိမိအိမ်အတွက် လိုအပ်တဲ့ အိမ်သုံးပစ္စည်းလေးတွေ ရှာဖွေနေပါသလား။ စျေးနှုံးမှန်ကန်ပြီး အိမ်အရောက် delivery ခ သက်သာစွာနဲ့ အိမ်အရောက်ပို့ ဆောင်ပေးနေပါပြီနော်။ ရန်ကုန်မြို့နဲ့ မြန်မာပြည်တွင်း မြို့များစွာကို အိမ်အရောက် ပို့ပေးနေတာမလို့ မိမိအိမ်ကနေ အသင့်စောင့်ယူယုံပါပဲ ရှင်။

ဘာတွေရမလည်း သိချင်နေပီလား....

1)အိမ်သန့်ရှင်းရေးပစ္စည်းတွေ
2)မီးဖိုချောင်သုံးပစ္စည်းတွေ
3) ကားသန့်ရှင်းရေးပစ္စည်းတွေ

ကို အဓိကထားရောင်းချပေးနေပါတယ်နော်...

ဘယ်ပစ္စည်းလေးတွေက ဘယ်လိုအသုံးပြုလို့ရလည်း။ မိမိအတွက် ဘယ်လိုအသုံးတည့်လည်းဆိုတာ တစ်ပုံချင်းစီအောက်မှာ ဖော်ပြပေးထားလို့ တပုံချင်းစီကို ထောက်ပြီး ကြည့်ရှုပေးပါနော်..။ စျေးနှုံးလေးတွေလည်း ပုံတွေအောက်မှာ တခါတည်းဖော်ပြပေးထားပါတယ်။

Videos (show all)

သီချင်းဆိုရင် စာသားမရတတ်တဲ့ကိုယ်တွေဒီသီချင်းနဲ့ဆို ဝါးချစရာ လိုတော့ဘူး 😁😁😁
လက်လျော့တော့မယ်လို့ တွေးမိရင် ပိုကောင်းတဲ့အနာဂတ်ရှိနေတာကို သတိရလိုက်ပါ...
ခုနှစ်ရက်သားသမီးအပေါင်းမဂ်လာရှိသောနေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
ကားမှာ မီးလောင်ရင် အနီးအနားမှာဖျနိးပက်စရာမလွယ်ရင် ဆုံးရှုံးမှုတွေများနိုင်ပါတယ်။ သွားလေရာအလွယ်တကူသယ်သွားနိုင်တဲ့ spray t...
မျက်နှာသုတ်ပဝါကြီးတွေ ပခုံးကျယ်အကျီတွေ ပုဝါတွေလှန်းဖို့ အရမ်းအဆင်ပြေတယ်နော်။ တချိတ် -2000 ကျပ်ပါ။
#ဖုန်းတင်ဒေါက် #အရေးပေါ်ကားမှန်ခွဲ #ဖုန်းနံပါတ်ချန် #ကားအမွှေးနံ့ ...ဒီလေးခုပေါင်းစပ်ထားတဲ့ 4 in 1  တခုမှ -6000 kyats ထဲ...

Telephone

Website