Videos by Ultras Lions. Die hard fans of Yangon United!!! Ultras Lions.... we born... we live and we support!!! #WeRYangon #
Kyaw Ko Ko 's Header Goals!!!
ကျော်ကိုကို ဟာဇေယျာ ရွှေမြေအသင်း MNL စတင်တည်ထောင်ခဲ့စဥ်ကတည်းကနေ ၂၀၁၂ ခုနှစ်အထိပါဝင်ကစားခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက် အသင်းကို၂၀၁၃ ခုနှစ်မှာ ပြောင်းရွှေခဲ့ပြီး ၂၀၁၇ခုနှစ်အထိ တောက်လျှောက်ကစားခဲ့ကာ ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံကလပ် ချင်းရွိင်ယူနိုက်တက် အသင်း၊ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆာမက်ပရာကန်စီးတီးအသင်းတို့ မှာ အငှားတစ်ကြိမ်စီထွက်ကစားခဲ့ပြီး ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပါတယ်။
ယခုအချိန်မှာတော့ ထိုင်းနိုင်ငံ လိဂ်၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းမှာ ရောက်ရှိနေပြီး ယခုနှစ်ရာသီဝက်မှာ ဆူခိုထိုင်းအသင်းကနေ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်ကစားသမားဘဝက ကျော်ကိုကိုသွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးအချို့ကို ပြန်လည်ခံစားကြည့်ကြရအောင်ဗျာ။
ဒဏ်ရာပြသာနာအခက်အခဲတွေကနေ အမြန်ဆုံးနိုးထပြီး ချစ်သောမြက်ခင်းစိမ်းပေါ်မှာ ခြေစွမ်းကောင်းတွေပြန်လည်ပြသနိုင်ပါစေကြောင်းကိုလည်း ရန်ကုန်ယူနိုက်တက် ပရိသတ်များမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
#KyawKokoHeaderGoals
#WeRYangon
#WeRUltrasLions
#TogetherForever
#Thierry14
Kyaw Ko Ko 's Header Goals!!! ကျော်ကိုကို ဟာဇေယျာ ရွှေမြေအသင်း MNL စတင်တည်ထောင်ခဲ့စဥ်ကတည်းကနေ ၂၀၁၂ ခုနှစ်အထိပါဝင်ကစားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းကို၂၀၁၃ ခုနှစ်မှာ ပြောင်းရွှေခဲ့ပြီး ၂၀၁၇ခုနှစ်အထိ တောက်လျှောက်ကစားခဲ့ကာ ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံကလပ် ချင်းရွိင်ယူနိုက်တက် အသင်း၊ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆာမက်ပရာကန်စီးတီးအသင်းတို့ မှာ အငှားတစ်ကြိမ်စီထွက်ကစားခဲ့ပြီး ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ ယခုအချိန်မှာတော့ ထိုင်းနိုင်ငံ လိဂ်၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းမှာ ရောက်ရှိနေပြီး ယခုနှစ်ရာသီဝက်မှာ ဆူခိုထိုင်းအသင်းကနေ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်ကစားသမားဘဝက ကျော်ကိုကိုသွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးအချို့ကို ပြန်လည်ခံစားကြည့်ကြရအောင်ဗျာ။ ဒဏ်ရာပြသာနာအခက်အခဲတွေကနေ အမြန်ဆုံးနိုးထပြီး ချစ်သောမြက်ခင်းစိမ်းပေါ်မှာ ခြေစွမ်းကောင်းတွေပြန်လည်ပြသနိုင်ပါစေကြောင်းကိုလည်း ရန်ကုန်ယူနိုက်တက် ပရိသတ်များမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ #KyawKokoHeaderGoals #WeRYangon #WeRUltrasLions #TogetherForever #Thierry14
ရန်ကုန်ယူနိုက်တက်အသင်းစတင်ခြင်းမှ ပါဝင်အသုံးတော်ခံခဲ့တဲ့ အသင်းရဲ့ကွင်းလယ်ကစား သမား ရန်အောင်ကျော် ရဲ့ ဂိုးတွေကို ကြည့်ရှုခံစားကြရအောင်အမျိူးတို့။ ယခုချိန်အထိ အသင်းရဲ့ ကွင်းလယ်အဖျက်ကစားသမားအဖြစ် ပါဝင်အသုံးတော်ခံနေဆဲဖြစ်တဲ့ ရန်အောင်ကျော်ဟာ "မြန်မာပြည် ကလပ်အသင်းမှာ ရန်ကုန်ယူနိုက်တက်ဂျာစီ ကိုသာဝတ်ဆင်ကစားမည်ဖြစ်ကြောင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းမှာမကစားရလျှင် အနားယူမည်ဟု "အားကစားမီဒီယာဂျာနယ် တစ်ခုကို ပြောကြားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ယခုရာသီကုန်လျှင်အနားယူတော့မည့် ဟု အတိအလင်းကြေငြာထားသည့် ရန်အောင်ကျော်ဟာ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ဆယ်စုနှစ်တစ်ခုကြာ ပေးဆပ်ကစားခဲ့ပြီး မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ AFF Suzuki Cup 2016 မှာ Captain အဖြစ် အသင်းကို ခေါင်းဆောင်ကာ Semi final အဆင့်အထိ ရောက်ရှိအောင်တာဝန်ကျေပြွန်စွာထမ်းဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းစတင်တည်ထောင်ခဲ့စဥ်ကတည်း ရရှိခဲ့သမျှ ဆုဖလား တံဆိပ်တွေ အကုန်မြင်တွေ့လိုလျှင်တော့ ရန်အောင်ကျော်ဆီသာသွား... သူ့ဆီမှာအကုန်တစ်စုတစ်ဝေးတည်းမြင်တွေ့ရမှာ အသေအချာပါပဲဗျာ။ One Club , One Heart ,One Legend ရန်အောင်ကျော်ရဲ့ ဂိုးတွေမှာ ဘယ်ခြေနဲ့သွင်းယူခဲ့တဲ့ အပြင်းစားကန်ချက်နဲ့ ဂိုးပါဝင်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ ကြည့်ရှုခံစားလိုက်ကြရအောင် အမျိုးတို့။ #OneClubOneHeartOneLegendYanAungKyawGoals #WeRYangon #WeRUltrasLions #TogetherForever #Thierry14