Beautiful Life
ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆို?
အုန်းစိမ်းရည် နဲ့ အသားအရေကျန်းမာရေး
အုန်းစိမ်းရည် ချိုချိုလေးက အမောပြေစေရုံ၊ ရေငတ်ပြေစေရုံပဲလား။ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးများသလို အလှအပအတွက်လည်း အားဖြည့်ပေးနိုင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်တော့ အုန်းစိမ်းရည် ကအသားအရေကို ဘယ်လိုအထောက်အပံ့ပေးလဲဆိုတာ ပြောပြပေးမယ်နော်။
အုန်စိမ်းရည် ကပေးတဲ့ အသားအရေလှပမှု
သောက်လိုက်ရင် ချိုချိုအေးအေးလေးနဲ့ အရသာရှိတဲ့ အုန်းစိမ်းရည်လေးက အသားအရေအတွက် အခုလိုလေး အားဖြည့်ပေးပါတယ်။
အစိုဓာတ်ဖြည့်ပေးတယ်
အုန်းစိမ်းရည် သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးရာရောက်သလို အသားအရေအတွက်လည်း အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။ အုန်းစိမ်းရည်က်ို သောက်တာအပြင် အုန်းစိမ်းရည် နဲ့ သံပရာရည်ကိုရောပြီး အရေပြားပေါ်မှာလူးပေးတာက အသားအရေကို လန်းဆန်းစေပြီး အကောင်းဆုံး ရေဓာတ်ဖြည့်ပေးနိုင်မှာပါ။ အသားခြောက်တတ်တယ်ဆိုရင်တော့ ပျားရည်နည်းနည်းလောက်ထည့်လူးပေးပါ။
အသက်အရွယ်ကြောင့်ဖြစ်တဲ့ အိုမင်းမှုကို သက်သာစေနိုင်ပါတယ်
အုန်းစိမ်းရည်က အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အရွယ်တင်ပြီး အရေးအကြောင်းကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အုန်းစိမ်းရည်ကို ဒိန်ချဉ်နဲ့ရောပြီး ပေါင်းတင်ပေးပါ။
အသားအရောင် ညီညာစေတယ်
အသားအရောင် မညီဘူးဖြစ်နေမယ်။ အစက်အပြောက်တွေ ဖြစ်နေမယ်။ ဒါတွေကို သက်သာချင်တယ်ဆိုရင်တော့ အသားအရေအတွက် အကောင်းဆုံး ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝတဲ့ အုန်းရည်ကို သောက်ပေးလို့ရပါတယ်။
အရေပြားပိုးဝင်တာကို သက်သာစေနိုင်ပါတယ်
အုန်းစိမ်းရည်က ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အရေပြားမှာ ထိခိုက်မိတဲ့ အနာတွေကို ပိုးဝင်မှာစိုးရင် အုန်းရည်နဲ့ ဆေးကြောသန့်စင် ပေးလို့ရပါတယ်။ အုန်းရည်သောက်ပေးလို့လည်း ရပါတယ်။
ဝက်ခြံသက်သာစေနိုင်တယ်
မျက်နှာပေါ်က ဝက်ခြံတွေသက်သာစေဖို့ အုန်းရည်မှန်မှန် သောက်ပေးလို့ရပါတယ်။ အုန်းရည်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ နောက်ထပ်လုပ်လို့ရတဲ့ အချက်တစ်ခုကတော့ အုန်းရည်ထဲကို ပျားရည်နည်းနည်းရောပြီး ဂွမ်းစလေးနဲ့ယူလို့ ဝက်ခြံလေးတွေအပေါ်မှာ တို့ပေးလို့ရပါတယ်။
နှင်းခူ သက်သာစေနိုင်တယ်
အရေပြားမှာ အသားခြောက်မှုကနေတဆင့် နှင်းခူဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီအရေပြားပြဿနာကင်းစေဖို့ဆိုရင် အုန်းရည်သောက်ပေးလို့ရပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးတည့်ပါတယ်။
အသားအရေကြည်လင် စေနိုင်တယ်
ကြည်လင်တဲ့အသားအရေလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံး နဲ့ အရိုးစင်းဆုံးနည်းလမ်းက အုန်းစိမ်းရည်သောက်တာပါ။ အုန်းရည်ထဲကို သံပရာရည်တစ်စက်နှစ်စက်လောက်ထည့်ပြီးတော့ အသားအရေပေါ်မှာ အသုံးပြုပေးလို့လည်းရပါတယ်။
နေလောင်တာကို သက်သာစေနိုင်တယ်
အုန်းရည်ရဲ့ အသားအရေအတွက်ပေးတဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က နေလောင်တာကို သက်သာစေနိုင်တာပါ။ နေလောင်တာကို သက်သာစေဖို့ အုန်းစိမ်းရည်သောက်လို့ရသလို နေလောင်တဲ့နေရာပေါ်မှာ လိမ်းပေးလို့လည်းရပါတယ်။
ညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေထိခိုက်ပျက်စီးတာကို သက်သာစေနိုင်တယ်
တစ်နေ့တာမှာ ထိတွေ့နေရတဲ့ လေထုညစ်ညမ်းမှုနဲ့ နေလောင်ဒဏ်တွေလိုမျိုး အရာတွေကြောင့် အသားအရေထိခိုက်ပျက်စီးစေတာမျိုးကို ကာကွယ်ဖို့ဆိုရင် အလွယ်ကူဆုံးက တစ်နေ့ကို အုန်းရည် တစ်ခွက်သောက်ပေးတာပါ။ ဒီလိုလုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီး ညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေထိခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်မှာပါ။
အရေပြားဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်
မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ ကြောင့် အရေပြားမှာ ဓာတ်မတည့်မှုတွေ ဖြစ်လာတဲ့အခါ တော်တော်လေးခံရခက်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အုန်းရည်သောက်ပေးလို့ရသလို ဓာတ်မတည့်ဖြစ်တဲ့နေရာကို အုန်းရည်လိမ်းပေးလို့လည်းရပါတယ်။
ကြည်လင်ပြီး အနာအဆာကင်းတဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အုန်းရည်လေးက အသုံးတည့်မှာ အသေအချာပါပဲ။
ဆံသားနှစ်ခွတွေကို ဘယ်လိုဖယ်ရှားကြမလဲ
ဆံပင်ညှပ်ပြီးရင် ဆံပင်နှစ်ခွဖြစ်တာတွေကို ဖယ်ရှားလိုက်နိုင်ပေမယ့် ဒါဟာ ကြာကြာမခံပါဘူး။ သင့်ဆံပင်ကို ဘယ်လောက်ဂရုစိုက်စိုက် ဆံပင်နှစ်ခွဖြစ်ခြင်းတွကိုတော့ ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။ ဆံပင်ပျက်စီးစေတဲ့ အပူနဲ့သုံးရတဲ့ ကိရိယာတွေ၊ ခေါင်းဖီးခြင်း၊ ဆေးဆိုးခြင်းနဲ့ အခြားပါဝင်ပစ္စည်းတွေအကုန်လုံးဟာ ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖြစ်စေပါတယ်။
ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အကုန်ဖြတ်ထုတ်လိုက်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ညှပ်တဲ့ အချိန်တွေကြားမှာ သူတို့ကို သတိမထားမိစေဖို့ ဂရုစိုက်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သင့်မီးဖိုချောင်ထဲမှာ အလွယ်တကူ ရရှိနိုင်တာကြောင့် အထူးပြုလုပ်ထားတဲ့ hair mask တွေ အဆီတွေကို မလိုအပ်ပါဘူး။
ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask ၁ – အုန်းဆီကုသမှု
အုန်းဆီရဲ့ အကျိုးကျေးဇူးတွေ အတော်များများကို ဖေါ်ပြခြင်းဟာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ နောက်ဆုံးလည်း ဖြစ်မှာ မဟုတ်ပါဘူး။ အုန်းဆီရဲ့ အကောင်းဆုံးအာနိသင်ကိုရဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
၁။ သေချာလျှော်ပြီး အဝတ်နဲ့ အခြောက်ခံထားတဲ့ ဆံပင်နဲ့ စတင်သင့်ပါတယ်။
၂။ အုန်းဆီတစ်ဇွန်းကို သင့်ဆံပင်ထဲ စိမ့်ဝင်နေအောင် ပွတ်ပေးသင့်ပြီး အရင်းကစတင်ကာ အဖျားတွေကို ပွတ်ပေးသင့်ပါတယ်။
၃။ ဆံပင်ကို ပျော့တဲ့ အဝတ်စ (သို့) ပလပ်စတစ် wrap နဲ့ ထုတ်ထားသင့်ပါတယ်။
၄။ မိနစ် ၃၀ ကြာပြီးရင်တော့ ခေါင်းနှစ်ခါ ပြန်လျှော်သင့်ပါတယ်။ ဒါဟာ အသုံးမဝင်ဘူးလို့ ထင်ရပေမယ့် အိမ်မှာ ပြုလုပ်နည်းတွေဟာ သေချာမဆေးကြောရင် ဆံပင်ထဲမှာ ကျန်နေနိုင်ပါတယ်။
၅။ နှစ်ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။
အုန်းဆီတွေဟာ အလွန်ပျစ်တာကြောင့် အနည်းငယ်နဲ့ စတင်ပြီး လိုမှ ထပ်ထည့်သင့်ပါတယ်။
ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask ၂ – ထောပတ်သီး ပရိုတင်း Mask
ဒါလုပ်တဲ့အတွက် သင့်ဆံပင်က သင့်ကို ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။ ဒီနည်းမှာတော့ ထောပတ်သီး၊ ကြက်ဥ၊ သံလွင်ဆီအနည်းငယ်ပါဝင်ပြီး ပျက်စီးနေတဲ့ ဆံပင်တွေကို ပြန်ကောင်းလာစေမှာ ဖြစ်ပါတယ်။ လုပ်ဖို့လည်း လွယ်ကူပါတယ်။
၁။ ပထမဦးစွာ ထောပတ်သီးကို လှီးပြီး ကြက်ဥနဲ့ ရောသင့်ပါတယ်။
၂။ ဆိုင်တွေမှာ ဝယ်တဲ့ ပျော့ဆေးထက် အနည်းငယ် ပိုပျစ်လာအောင် သံလွင်ဆီကို ထည့်ပေးသင့်ပါတယ်။
၃။ ဆံပင်ကို လိမ်းပေးပြီး ၁၀-၂၀ မိနစ်အထိ စောင့်ကာ ရေနွေးနဲ့ ဆေးကြောသင့်ပါတယ်။
ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask – ငါးကြီးဆီ reparing mask
သဘာဝ omega 3 နဲ့ 6 ငါးကြီးဆီတွေဟာ ဆံပင်နှစ်ခွဖြစ်ခြင်းတွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
၁။ ဆေးတောင့်အနည်းငယ်ကို အုန်းဆီ၊ lavender တို့နဲ့ ဆော့ပန်ထဲမှာ ထည့်ပြီး အပူချိန်အနိမ့်မှာ ငါးမိနစ်လောက် အပူပေးသင့်ပါတယ်။
၂။ ပန်းကန်လုံးအကြီးထဲကို လောင်းထည့်ပြီး သင့်ဆံပင်ကို ဒီအထဲနှစ်သင့်ပါတယ်။ အမြစ်တွေကိုတော့ ရှောင်ကျဉ်ဖို့ သတိရသင့်ပါတယ်။
၃။ အဝတ် (သို့) ပလပ်စတစ် wrap နဲ့ ထုတ်ပြီး မိနစ် ၄၀လောက် စောင့်ဆိုင်းသင့်ပါတယ်။
၄။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်လို့ ခေါင်းလျှော်ရည်ကို နှစ်ကြိမ်အသုံးပြုပြီး ရေပြန်ဆေးသင့်ပါတယ်။
ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask 4 – ပျားရည်၊ သံလွင်ဆီ ကုသမှု
ပျားရည်နဲ့ သံလွင်ဆီဟာ ပျက်စီးနေတဲ့ ဆံပင်ကို သက်သာစေပြီး ဦးရေပြားခြောက်ခြင်းကိုကုသပေးကာ ဆံပင်ကို တောက်ပြောင်သန်စွမ်းစေတယ်လို့ Brown က ပြောပါတယ်။ နည်းလမ်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ သံလွင်ဆီ စားပွဲတင်ဇွန်း သုံးဇွန်းကို ပျားရည် နှစ်ဇွန်းနဲ့ ရောပြီး ခေါင်းလျှော်အပြီးမှာ ဆံပင်ကို လိမ်းပေးသင့်ပါတယ်။
၂။ မိနစ် ၂၀-၃၀ လောက်ထားပြီး ရေဆေးချပါ။ ပြီးရင်တော့ လက်ကျန်တွေကို ရှင်းထုတ်ဖို့ အစိုဓါတ်ထိန်းပေးတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းပြန်လျှော်သင့်ပါတယ်။
ကိုယ်အလေးချိန် လျင်မြန်စွာ မြင့်တက်လာရင် ဘာတွေသတိထားသင့်သလဲ
လူအများစုဟာ ကိုယ်အလေးချိန်အတက်အကျမျိုးစုံကို ကြုံဖူးကြပေမယ့် အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာမျိုးတွေ ပိုမိုမြင်တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ နောက်ခံကျန်းမာရေး အခြေအနေများကြောင့် ဖြစ်နေတတ်ပါတယ်။
ကိုယ်အလေးချိန်မြင့်တက်ခြင်းဟာ ကျန်းမာရေးပြသနာကြောင့်မဟုတ်ရင် အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။
အစားပိုစားခြင်း
ဓမ္မတာစက်ဝန်း
သွေးဆုံးခါနီး (သို့) သွေးဆုံးခြင်း
အသက်ကြီးလာသည်နှင့်အမျှ ဇီဝဖြစ်ပျက်မှုနှေးကွေးလာခြင်း
လှုပ်ရှားမှုနည်းလာခြင်း
စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း
အိပ်ရေးပျက်ခြင်း
အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ရုတ်တရက် ကိုယ်အလေးချိန်မြင့်တက်ရခြင်းရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
ရုတ်တရက် ကိုယ်အလေးချိန် တက်လာရတဲ့ အကြောင်းရင်းများ
၁။ ဆေးဝါးများသုံးစွဲနေခြင်း
ဆေးဝါးအချို့ဟာ ကိုယ်အလေးချိန်ကို လျင်မြန်စွာ မြင့်တက်လာစေတတ်ပါတယ်။ အထူးသဖြင့် အတက်ကျဆေး၊ ဆီးချိုဆေး၊ သွေးကျဆေး၊ စိတ်ကျကုသဆေးနဲ့ စိတ်ကျန်းမာရေးဆေးဝါးများဟာ ကိုယ်အလေးချိန် တိုးစေတတ်ပါတယ်။ ဒါပေမယ့် ဆေးဝါးများကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ရပ်တန့်ခြင်း မပြုရပါဘူး။
၂။ အိပ်မပျော်ခြင်း
သုတေသနတွေအရ အိပ်ရေးပျက်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်စေကြောင်း သိရပါတယ်။ အိပ်စက်မှုပုံစံ ပြောင်းလဲခြင်းဟာ စားသောက်မှုပုံစံနဲ့ စိတ်အနေအထားကိုပါ ပြောင်းလဲစေနိုင်ပြီး အလွန်အကျွံ စားသောက်လာစေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့သုတေသနအရ အိပ်ရေးပျက်သူများဟာ စွမ်းအင်လိုအပ်ချက်အတွက် ကာဘိုဟိုက်ဒရိတ်ကို ပိုမိုစားသုံးလာကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်ကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။
၃။ သားဥအိမ်အရည်အိတ်တည်ခြင်း
သားဥအိမ်အရည်အိတ်တည်သော ရောဂါလက္ခဏာစု (polycystic o***y syndrome) ခံစားရသူ အမျိုးသမီးများဟာ သက်လတ်ပိုင်းအရွယ်မှာ ကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ဒီရောဂါမှာ ကျားဟော်မုန်းကို ပိုထုတ်လုပ်လာတဲ့အတွက် ဖြစ်ပါတယ်။
၄။ နှလုံးပျက်စီးခြင်း
ကိုယ်အလေးချိန်တက်လာခြင်း၊ ကိုယ်ခန္ဓာနေရာအချို့ ရောင်ရမ်းလာခြင်း စတာတွေဟာ နှလုံးကောင်းကောင်း အလုပ်မလုပ်တော့ဘဲ အရည်များစုဝေးလာခြင်းကြောင့် ဖြစ်ပါတယ်။ အမေရိကန်နှလုံး အဖွဲ့ကြီးရဲ့ အဆိုအရ ၂၄ နာရီအတွင်း ၂-၃ ပေါင် (သို့) တစ်ပတ်အတွင်း ၅ပေါင်ခန့် တက်ခြင်းဟာ နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
နှလုံးကောင်းကောင်း အလုပ်မလုပ်ခြင်းရဲ့ အခြားလက္ခဏာတွေကတော့ အဆုတ်အတွင်း အရည်စုခြင်း၊ မကြာခဏ ချောင်းဆိုးခြင်း၊ နားနေချိန်မှာပင် မောပန်းခြင်း၊ မူးဝေခြင်း၊ အစားပျက်ခြင်း၊ အိပ်စက်ရန် လဲလျောင်းရန် ခက်ခဲခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာ တစ်ခုခုကြုံတွေ့ရပြီး ကိုယ်အလေးချိန်လည်း တက်လာမယ်ဆိုရင် ဆေးဝါးကုသမှုခံယူရန် လိုအပ်ပါတယ်။
၅။ ကျောက်ကပ်ရောဂါ
ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ရောင်ခြင်း စတဲ့ ကျောက်ကပ်ရောဂါတွေကြောင့် ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရောင်ရမ်းခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်တဲ့အချိန်မှာ ကိုယ်ခန္ဓာထဲက စွန့်ပစ်ပစ္စည်းများနဲ့ အရည်များကို ကောင်းစွာ မစွန့်ထုတ်နိုငတော့ဘဲ အရည်များစုဝေးပြီး ကိုယ်အလေးချိန်လည်း မြင့်တက်လာတတ်ပါတယ်။
ကျောက်ကပ်ပျက်စီးခြင်းရဲ့ အခြားလက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးကောင်းစွာ မသွားခြင်း၊ ဆီးတွင်အမြှုပ်ပါခြင်း၊ ယားယံခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အဆစ်များကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။
၆။ သိုင်းရွိုက်ရောဂါ
သိုင်းရွိုက်အလုပ်လုပ်မှု ကျဆင်းတဲ့ ပြသနာဟာ ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေနိုင်တာကြောင့် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာမှာလည်း အရည်များ စုဝေးလာစေပါတယ်။ သိုင်းရွိုက်အလုပ်လုပ်မှု ကျဆင်းတဲ့ ရောဂါရဲ့ တခြားလက္ခဏာတွေကတော့ ဆက်တိုက်မောပန်းနေခြင်း၊ ခန္ဓာကိုယ်အေးခြင်း၊ အရေပြားနှင့် ဆံသားခြောက်သွေ့ခြင်း၊ လက်သည်းများ ကြွပ်ဆတ်ခြင်း၊ အဆစ်အမြစ်များ တောင့်တင်းပြီး ကြွက်သားများ နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။
၇။ ကူးရှင်းရောဂါလက္ခဏာစု (Cushing Syndrome)
ကူးရှင်းရောဂါလက္ခဏာစုဟာ ကိုယ်ခန္ဓာကနေ ကော်တီစောဟော်မုန်း ပမာဏများများကို အချိန်ကြာကြာ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်ပွားပါတယ်။ ကော်တီဆောဟာ စိတ်ဖိစီးမှုကို တုံ့ပြန်ရာကနေထွက်လာတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ ကူးရှင်းရောဂါလက္ခဏာစုကြောင့် ကိုယ်အလေးချိန်တိုးလာတတ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်၊ လည်ပင်း၊ မျက်နှာ၊ လက်ပြင် စတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ လက်နဲ့ ခြေထောက်တွေတော့ သေးနေတတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ
ကိုယ်အလေးချိန် တက်ခြင်း ကျခြင်းဟာ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးလာခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း စတာတွေကြောင့် ကိုယ်အလေးချိန် သိသိသာသာ တိုးလတတ်ပါတယ်။
ဒါပေမယ့် အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ကိုယ်အလေးချိန်ရုတ်ချည်းတက်လာရင်၊ တခြား ရောဂါလက္ခဏာတချို့လည်း ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ
ဝက်ခြံတွေက တစ်မျိုးမက အဖြူဆံလေးတွေ ထွက်တဲ့ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အမျိုးမျိုးသော ဝက်ခြံတွေ ဖိစီးနေပြီလား! ဒီလို ဝက်ခြံတွေက တစ်မျိုးမက ထွက်နေတာအပြင် ဝက်ခြံတွေက တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ထွက်ပြီး ဝက်ခြံတွေ Breakout ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီလို ပြောရတာက ဒီဆောင်းပါးထဲမှာ သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ အကြောင်း ပြောပြပေးသွားမှာမို့ပါ။
ဝက်ခြံ breakout ဖြစ်တယ်ဆိုတာ
ဝက်ခြံ breakoutဖြစ်တယ်ဆိုတာက ရုတ်တရက်ကြီး အစုလိုက် ထွက်လာတာ၊ အဆက်မပြတ်ထွက်လာတာမျိုးပါ။ မျက်နှာမှာသာမက အဆီဂလင်းရှိတဲ့ ရင်ဘတ်တွေ၊ ကျောတွေမှာပါ ထွက်လာတတ်ပါတယ်။
သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ
သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ က ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ဟော်မုန်းတွေ
အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ယောက်ျားလေးတွေမှာရော မိန်းကလေးတွေမှာပါ androgens ဟော်မုန်း ပမာဏ မြင့်တက်လာပြီး အဆီဂလင်းတွေမှာ အဆီတွေ ပိုထွက်ရှိစေပါတယ်။ ဒီလို အဆီတွေ ပုံမှန်ထက် ပိုထွက်လာတာက အရေပြားတွင်းပေါက်တွေကို ထိခိုက်စေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဖြစ်စေနိုင်ပါတယ်။
လေဒီလေးတွေမှာတော့ ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်နိုင်သလို သားဆက်ခြားနည်းလမ်းတွေကလည်း အဆီထွက်ရှိမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေကပဲ ဝက်ခြံကို ဖြစ်စေနိုင်သလို ဝက်ခြံ breakout ဖြစ်တာကိုလည်း ဖြစ်စေတာပါ။
မျိုးရိုး
ဝက်ခြံ breakout ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုကတော့ မျိုးဗီဇ လွှမ်းမိုးမှုပါ။ ဒီလိုမျိုး မျိုးရိုးရှိတာကလည်း ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။
အဆီ အခြေခံထားတဲ့ အလှကုန်ပစ္စည်းတွေ
မိတ်ကပ်၊ အစိုဓာတ်ထိန်းခရင်မ်တွေ၊ လိုရှင်းတွေ နဲ့ ဆံသားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ ဆာလဖိတ်၊ mineral oil၊ အုန်းဆီ၊ cocoa butter နဲ့ ဆီလီကွန် ပါဝင်နေတဲ့ အလှကုန်တွေ ကလည်း ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေကို breakout ဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်များတာ
စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနဲ့ စိတ်ခံစားမှုဆိုင်ရာ စိတ်ဖိစီးမှုတွေက ကိုယ်တွင်းမှာရှိတဲ့ ကော်တီစော နဲ့ အက်ဒရီနယ်လင်ဟော်မုန်း ပမာဏကို သက်ရောက်နေပြီး ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ ဒီလို စိတ်ဖိစီးမှု များတာတွေက ဝက်ခြံ breakout ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေက အဆီဂလင်းတွေကို အဆီထွက်ရှိအောင် လှုံ့ဆော်စေပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပါတယ်။
ဆေးဝါးတွေ
Androgens၊ corticosteroids နဲ့ lithium တို့ပါဝင်နေတဲ့ ဆေးဝါးတွေကလည်း ဝက်ခြံတွေကို breakout ဖြစ်စေပါတယ်။
အစားအစာတွေ
သကြားဓာတ်ညွှန်းကိန်း (glycemic index) မြင့်တဲ့ အစားအစာတွေနဲ့ နို့တွေက ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နွားနို့၊ သကြားလုံး၊ အချိုကဲတဲ့ အစားအစာတွေ၊ ပေါင်မုန့်၊ အာလူး စတာတွေကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။
ဝက်ခြံကို ညှစ်တာ
ဖူးရောင်နေတဲ့ ဝက်ခြံတွေကို ညှစ်တာက ဘက်တီးရီးယား ပိုးဝင်ကူးစက်မှုကို ဖြစ်စေပြီး ဝက်ခြံတွေကို တစ်လုံးပြီး တစ်လုံးဆက်ဖြစ်စေပါတယ်။ ဝက်ခြံတွေကို ညှစ်တာက ပိုမို ရောင်ရမ်းစေပြီး အရေပြား နီမြန်းတာ အမာရွတ်ဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။
နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့တာ
နေလောင်တာက အသားအရေကို ခြောက်သွေ့စေပြီး အဆီတွေ ပိုထွက်စေပါတယ်။ အဆီတွေကို ပိုထွက်စေတာက ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်။
အရေပြားပေါ်မှာ ဖိအားရှိတာ
အရေပြားကို မကြာခဏ ထိတွေ့ ကိုင်တွယ်တာ၊ ဆဲလ်ဖုန်းတွေ၊ ဟူဒီတွေ၊ ဦးထုပ်တွေနဲ့ ကော်လာကျပ်ကျပ်တွေက ချွေးထွက်တာကို ဖြစ်စေပြီး အရေပြားမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာ၊ ချွေးပေါက်တွေ ပိတ်ဆို့တာကို ဖြစ်စေပြီး ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။
ဒါတွေအပြင် အိပ်ရေးပျက်တာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ဆေးလိပ်အသောက်များတာတွေကြောင့်လည်း ဝက်ခြံတွေ ရုတ်တရက် အများကြီးထွက်လာတတ်ပါတယ်။
ကဲ ….. ဒီအချက်တွေကြောင့် အရေပြားပေါ်မှာ ဝက်ခြံတွေ မပြတ်တမ်း ထွက်ပြီး ဝက်ခြံတွေ ကန်ထွက်ခြင်း breakout ကို ဖြစ်စေနိုင်တာပါ။
ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား
အသားအရေ ထိန်းသိမ်းမှုတော့ လုပ်ချင်ပါရဲ့။ ဘယ်ကနေ စလုပ်ရမလဲ မသိဘူးဆိုပြီး ဖြစ်နေပြီလာ။ ဒါဆိုရင်တော့ အလွယ်ကူဆုံး အသားအရေ ထိန်းသိမ်းနည်းဖြစ်တဲ့ ရေနွေးငွေ့ ခံပေးတာက စတင်လိုက်ပါ။ ဒါဆို မေးချင်နေလောက်မှာက ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုပြီးဟုတ်။
အသားအရေ အထူးသဖြင့် မျက်နှာကို ရေနွေးငွေ့ ခံပေးတာ အသားအရေကို ကျန်းမာစေသလို လှပချောမွေ့စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ပုံမှန် လုပ်ပေးတာက အသားအရေ ကျန်းမာလှပစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား
ရေနွေးငွေ့ခံပေးတာ အသားအရေကို အခုလို ကျန်းမာစေနိုင်ပါတယ်။
အသားအရေ သန့်စင်စေတယ်
ရေနွေးငွေ့ ခံပေးတာက ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ဖုန်မှုန့်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆားဝက်ခြံတွေကို ဖယ်ရှားရ လွယ်ကူစေပါတယ်။ ဝက်ခြံအဆံတွေ ထွက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါက ယာယီပဲဖြစ်ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတယ်
ရေနွေးနွေးလေးနဲ့ ရေနွေးငွေ့ခံပေးတာက သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေတာက အရေပြားကို အောက်ဆီဂျင် ပိုမို ရရှိစေပြီး အသားအရေကို သဘာဝအတိုင်း ကျန်းမာလှပစေမှာပါ။
ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်
ရေနွေးငွေ့က ချွေးပေါက်တွေကို ပွင့်စေတာကြောင့် အရေပြားချွေးပေါက်တွေထဲက ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ အခြားသော အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလို ဖယ်ရှားပေးတာက ဝက်ခြံဖြစ်တာကို သက်သာစေနိုင်ပါတယ်။
အဆီတွေ ဖယ်ရှားပေးတယ်
အရေပြားနဲ့ ဆံသားတွေကို ချောမွေ့စေဖို့ အဆီဂလင်းတွေက အဆီတွေကို အလိုလို ထုတ်ပေးပါတယ်။ ဒါပေမယ့် အဆီက လိုတာထက် ပိုများနေမယ်ဆိုရင် ဘက်တီးရီးယားတွေကို ဖြစ်စေပြီး ဝက်ခြံတွေ ဆားဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာက အဆီပိုတွေကို ဖယ်ရှားပေးပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ရေဓာတ် ဖြည့်ပေးတယ်
ရေနွေးငွေ့ခံပေးတာက အသားအရေကို ရေဓာတ် ဖြည့်ပေးပါတယ်။ အဆီထွက်စေပြီး အသားအရေကို သဘာဝအတိုင်း အစိုဓာတ် ရှိနေအောင် ထောက်ကူပေးပါတယ်။ ဒါပေမယ့် လိုတာထက် ပိုခံရင်တော့ အသားအရေခြောက်နိုင်တာကို သတိပြုပါ။
ကော်လာဂျင် ထွက်ရှိမှု ကောင်းစေတယ်
ရေနွေးငွေ့ခံပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး အသားအရေကို တင်းရင်းစေသလို ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အသားအရေကို အရွယ်တင်နုပျိုစေမှာပါ။
အသားအရေ ချောမွေ့စေတယ်
ရေနွေးငွေ့ခံပေးတာက အရေပြားကို ချွေးပေါက်တွေ ပွင့်စေပြီး အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှာပေးပြီး အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှုက အသားအရေ ချောမွေ့စေမှာပါ။
ရေနွေးငွေ့ ဘယ်လိုခံမလဲ
ရေနွေးငွေ့ခံဖို့ အကောင်းဆုံး နည်းလမ်းက
ရေနွေးကို ဆူအောင်တည်ပါ
သန့်စင်တဲ့ အဝကျယ် ဇလုံ တစ်ခုထဲ ထည့်ပါ
ပြီးရင် မျက်လုံးကို မှိတ်ထားပြီး ဇလုံအထက် လက်သီးဆုပ် ၂ ဆုပ်စာလောက် အကွာကနေ မျက်နှာကို ငုံ့ထားပါ
ခေါင်းပေါ်ကနေ တဘက်ကို အုပ်ထားပါ
၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ရေနွေးငွေ့ ခံပေးပါ။ ချွေးတွေထွက်လာတာကို သုတ်ပေးပါ။
သတိထားရမယ့် အချက်တွေကတော့ အပူချိန်သိပ်မများပါစေနဲ့။ မျက်နှာလောင်တတ်ပါတယ်။ ဒါ့ပြင် အရေပြားရောဂါအခံတွေရှိရင်၊ အသားခြောက်ရင်၊ ထိခိုက်လွယ်တဲ့ အသားရေရှိရင်၊ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေရှိရင် ရေနွေးငွေ့ခံတာကို ရှောင်ကြဉ်သင့်ပါတယ်။
လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ စိတ်ညစ်နေရလား
ပြီးပြည့်စုံတဲ့ လက်တစ်စုံပိုင်ဆိုင်ဖို့တာ ကျန်းမာပြီး လှပတဲ့ လက်သည်းလေးတွေရဲ့ အကူအညီမပါဘဲ မရနိုင်ပါဘူး။ ကြည်လင်တဲ့ လက်သည်းလေးတွေ ပါဝင်မှသာ လက်ရဲ့ အလှ ပြည့်စုံမှာပါ။ တချို့ မိန်းကလေးတွေမှာတော့ လက်သည်းရှည်လေး ရဖို့ အတော်ခက်ပါတယ်။
ဘာလို့လဲဆိုတော့ လက်သည်းကကြွပ်ဆတ်ပြီး ကျိုးတာကြောင့် အမြဲလက်သည်းပြန်ညှပ်လို့ပါပဲ။ ဒါမျိုးတွေ ကင်းဝေးဖို့ဆိုရင်တော့ လက်သည်းကျိုးရတဲ့အကြောင်းရင်းနဲ့ လက်သည်းမကျိုးဘဲ ကြည်လင်ဖြူစင်အောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ သိထားဖို့ လိုပါတယ်။ ဖတ်ကြည့်ပါဦးနော်။
လက်သည်းဆိုတာ
ကျန်းမာတဲ့ လက်သည်းဆိုတာ အရောင်အသွေးလည်းတူတူရှိနေတာ ဖြစ်ပြီး လက်သည်းရှည်ထွက်လာတဲ့ ပုံသဏ္ဍာန်လေးလည်း တူညီနေခြင်းပါ။ ပြင်ပ ထိခိုက်မှုတွေ ရှိလာရင်လည်း ကြံ့ကြံ့ခိုင်နေဖို့ လိုပါတယ်။
ကိုယ့်ရဲ့ လက်သည်းဟာ ပျော့ပြောင်းပြီး အားနည်းတယ်ဆိုရင်တော့ ကျိုးလွယ်နေမှာ ဖြစ်ပြီး လက်သည်းရှည်လည်း အရမ်းကို နှေးနေမှာပါ။ ပြီးရင် လက်သည်းကွဲထွက်တာတွေနဲ့ အစင်းကြောင်း ဖြစ်တာတွေလည်း ရှိနေမှာပါ။
လက်သည်းကျိုးလွယ်ရတဲ့ အကြောင်းအရင်း
Psoriasis လိုမျိုး အရေပြား ယားယံတာတွေက လက်သည်း ကျိုးကြေလွယ်တာကို ဖြစ်စေပါတယ်။ Hyperthyrodism လို သိုင်းရွိုက်ဂလင်းတွေ မူမမှန်တာမျိုး ရှိနေရင်လည်း လက်သည်းမှာ ပျော့ပြောင်းတာတွေ ဖြစ်ပြီး ကျိုးလွယ်ပါတယ်။
သွေးအားနည်းရောဂါ ရှိနေတာကလည်း လက်သည်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါက ကယ်လ်စီယမ် ချို့တဲ့တာတွေကြောင့်လည်း ပါ ပါတယ်။ လက်သည်းတွေကို ကိုက်တာကလည်း ကျိုးကြေပြီး လက်သည်းရှည်ထားဖို့ ခက်တာတွေ ဖြစ်စေနိုင်ပါတယ်။ လက်သည်းဖျက်ဆေးတွေ ခဏခဏ အသုံးပြုတာကလည်း လက်သည်းဝါတာနဲ့ ထိခိုက်တာတွေ ဖြစ်နိုင်ပါသေးတယ်။
ကျိုးလွယ်တာတွေ ပျောက်ကင်းစေမယ့် နည်းလမ်း(၂) သွယ်
အုန်းဆီ
အုန်းဆီကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ ပစ္စည်းပါ။ ဒီတော့ အုန်းဆီလေး သုံးပြီးတော့ ကျန်းမာတဲ့ လက်သည်းလေးတွေ ဖော်ဆောင်ကြမယ်နော်။ အုန်းဆီလေးကို နည်းနည်းလေး ပူအောင် အပူပေးလိုက်ပါ။ ပြီးရင် အုန်းဆီကို လက်သည်းနဲ့ လက်ချောင်းထိပ်ဖြားလေးတွေမှာ လိမ်းလိုက်ပါ။ နောက်တော့ ဖြည်းဖြည်းလေး ထိတွေ့ နှိပ်နယ်ပေးပါ။
ဒါဆိုရင် သွေးလည်ပတ်အားကောင်းပြီး လက်သည်းရဲ့ အစိုဓာတ်ကို ထိန်းပြီးသား ဖြစ်တာကြောင့် ကျိုးကြေပျက်စီးတာတွေ မရှိနိုင်တဲ့အပြင် ခြောက်သွေ့အက်ကွဲတာတွေ မရှိတော့ပါဘူး။ နေ့တိုင်း ပြုလုပ်နိုင်ပါတယ်။ အုန်းဆီကို သံပရာရည်လေး နှစ်စက်လောက်ရောပြီး လက်သည်းမှာ ပွတ်လိမ်းပေးတာလည်း လုပ်လို့ ရပါတယ်။ လက်သည်းမှာ ကယ်လ်စီယမ် ရရှိပြီး ကျိုးတာတွေ မဖြစ်တော့ပါဘူး။ သံပရာရည် ပါဝင်တဲ့ နည်းလမ်းကတော့ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်ရင် လုံလောက်ပါတယ်။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကတော့ ကျိုးကြေလွယ်တဲ့ လက်သည်းတွေအတွက် အကောင်းဆုံး ကုထုံးလုပ်လို့ရတဲ့ ရှာလကာရည်ပါ။ ရှာလကာရည်မှာ လက်သည်းကို အာဟာရပြုနိုင်တဲ့ ဗီတာမင်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်တွေ ပါဝင်ပါတယ်။ နောက်ပြီး Malic acid ပါဝင်တာမို့ လက်သည်းပိုးဝင်တာတွေကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ ရေလေး နည်းနည်းလောက် ရောစပ်လိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့ယူပြီး ပွတ်တိုက်ပေးပါ။ နည်းနည်းလေးကြာရင်တော့ ရေဆေးကြောလိုက်ပါ။ မာကြောတဲ့ လက်သည်းလေးတွေ ရမှာမို့ လက်သည်းအရှည်ထားမရမှာတွေ စိတ်ပူစရာ မလိုတော့ပါဘူး။
အလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အသုံးဝင်ပုံ ၁၃ ချက်
Baking Soda (မုန့်ဖုတ်ဆိုဒါ သို့မဟုတ် စားဆိုဒါ)
sodium bicarbonate ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါက အသားအရေအတွက် အသုံးဝင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ချိုးမယ့်ရေထဲမှာ နည်းနည်းလောက်ထည့်လိုက်ရုံနဲ့ ခြောက်သွေ့ပြီးအရေခွံကွာတဲ့အသားအရေ၊နဲ့ ယားယံတတ်တဲ့အသားအရေကို သက်သာစေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကိုရေနဲ့ရောပြီးအသုံးပြုရင် အသားအရေကို ဆဲလ်သေဖယ်ရှားသန့်စင်နိုင်၊ အသားမာတွေကိုပျော့ပျောင်းစေနိုင်၊ရောင်ရမ်းနေတဲ့ အသားအရေကိုသန့်စင်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက သဘာဝချွေးနံ့ပျောက်ဆေးအဖြစ်လည်း အသုံးဝင်ပါသေးတယ်။
အသားအရေအလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အကျိုးကျေးဇူး
(၁) ခြောက်သွေ့တဲ့အသားအရေ
သင့်ရဲ့အသားအရေကခြောက်သွေ့ပြီး အရေခွံတွေကွာထွက်တတ်တယ်ဆိုရင်ရေချိုးတိုင်း မုန့်ဖုတ်ဆိုဒါနည်းနည်းသုံးပေးနိုင်ပါတယ်။ တကယ်တော့ အသားအရေခြောက်သွေ့ကွာထွက်တတ်တဲ့ အရေပြားရောဂါအတွက် ကုထုံးတစ်ခုအဖြစ်တောင် ပညာရှင်တချို့က ညွှန်းပေးတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါကရေရဲ့pH ပမာဏကိုမြှင့်တင်ပေးနိုင်တယ်လို့ယူဆရပါတယ်။ အရေခွံကွာလွန်းတဲ့အသားအရေ ရှိသူတွေအတွက် မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေချိုးကန်ထဲမှာ မိနစ် ၃၀ ကနေ ၆၀လောက်အထိ စိမ်ပေးတာမျိုးကို တစ်ပတ် သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ အစိုဓါတ်ထိန်း moisturizer လိမ်းပေးပါ။
(၂) အရေပြားယားယံခြင်း
အကောင်ကိုက်ခံရတာမျိုး၊ အင်းဆက်ကိုက်ခံရတာမျိုးလို အရေပြားယားယံရတဲ့ဝေဒနာတွေကို လည်း မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေ ချိုးရင်းနဲ့ သက်သာစေနိုင်ပါတယ်။
(၃) အရေပြားရောင်ရမ်းခြင်း
မုန့်ဖုတ်ဆိုဒါက အသားအရေအတွက် သန့်စင်စေပြီး ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်။ မျက်ခွံရောင်ရမ်းနာ (blepharitis)ဖြစ်နေသူတွေမှာ မျက်ခွံတွေကို သန့်စင်စေဖို့ မုန့်ဖုတ်ဆိုဒါဆေးရည်ကို အသုံးပြုဖို့ ပညာရှင်တချို့က အကြံပြုကြပါတယ်။ ဒီရောဂါရှိသူတွေဟာ မျက်ခွံထောင့်တွေမှာရှိနေတတ်တဲ့ မျက်ဝတ်တွေမှာ ပိုးမွှားတွေရှိနေတတ်တာကြောင့် မျက်ခွံကို အပြင်ဘက်ကနေ ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။ ပိုးသတ်ထားတဲ့ရေသန့် ၁၀၀ မီလီဂရမ်မှာ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်ပြီး သန့်စင်ဆေးရည်ဖန်တီးနိုင်ပါတယ်။
ဒီနည်းအပြင် ခြင်ကိုက်တာကအစ ကလေးတွေမှာသေးခံအဝတ်ကြောင့်အရေပြားနီရဲပြီးလောင်တာတွေအထိ အရေပြားရောင်ရမ်းခြင်းအမျိုးမျိုးအတွက်အသုံးဝင်ပါတယ်။
(၄) အရေပြားဆဲလ်သေများဖယ်ရှားပေးခြင်း
အရေပြားဆဲလ်သေအလွှာကို ဖယ်ရှားပေးခြင်း(Exfoliation) ကိုလုပ်လိုက်ရင် အသားအရေသွင်ပြင်ကို အမှန်တကယ်သိသာကွဲပြားသွားစေပါတယ်။ ဒီလိုလုပ်ဖို့ငွေကုန်ကြေးကျခံစရာမလိုပါဘူး။ မုန့်ဖုတ်ဆိုဒါကို ပျစ်ပျစ်လေးဖျော် လိမ်းပြီးရေနွေးနွေးလေးနဲ့ဆေးကြောပေးရင် ဆဲလ်သေတွေဖယ်ရှားပြီးချောမွေ့တဲ့အသားအရေကို ရရှိနိုင်မှာပါ။
မျက်နှာဆေးတာကို ဘယ်နှကြိမ်လောက်လုပ်ဖြစ်ကြလဲ။ ကိုယ်က ထိခိုက်လွယ်တဲ့အသားအရေ ဒါမှမဟုတ်ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ရင် တစ်ပတ်ကို တစ်ကြိမ် ၊ နှစ်ကြိမ်တော့ မျက်နှာဆေးသင့်ပါတယ်။ အသားအရေထူတဲ့ အဆီပြန်တဲ့သူတွေမှာတော့ ဒီထက်ပိုပြီး မကြာခဏလုပ်ပေးနိုင်ပါတယ်။
(၅) အသားအရေကို ဝင်းလက်စေခြင်း
အသားအရေက မွဲခြောက်နေပါသလား။ အသားအရေဝင်းလက်တောက်ပစေဖို့ အသုံးများတဲ့နည်းလမ်းတွေထဲမှာ မုန့်ဖုတ်ဆိုဒါနဲ့ သံပရာရည်ပေါင်းစပ်တဲ့နည်းလည်း ပါဝင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက မွဲခြောက်နေတဲ့အရေပြားအပေါ်လွှာကို ညင်သာစွာဖယ်ရှားသန့်စင်ပေးချိန်မှာ ဗီတာမင်စီက အရေပြားမှာ ညိုမည်းစေမယ့်အရောင်melaninဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို သံလွင်ဆီ၊ သံပရာရည်နဲ့ရောပြီး အသားမှာလိမ်းပေးပါ။ ၁၀ မိနစ်ကြာရင်ရေဆေးချလို့ရပါပြီ။
(၆) အသားမာတွေကို ပျော့ပျောင်းစေခြင်း
ခြေဖဝါးမှာ အသားမာတွေဖြစ်နေလို့စိတ်ရှုပ်နေရပြီလား။ မုန့်ဖုတ်ဆိုဒါက ကူညီပေးနိုင်မှာပါ။ ကြက်သီးနွေးရေထဲကို မုန့်ဖုတ်ဆိုဒါလေးဇွန်းထည့်ထားတဲံ့ရေဇလုံထဲခြေထောက်စိမ်ထားပေးပါ။ အသားမာတွေကို ပွတ်တိုက်ဖို့ကြေးတွန်းကျောက်ကို သုံးနိုင်ပါတယ်။
(၇) ချွေးထွက်များတဲ့အသားအရေ
ဓါတုပစ္စည်းတွေပါဝင်မှုများတဲ့ချွေးနံ့ပျောက်ဆေး၊ချွေးတိတ်ဆေးတွေသုံးနေရတာ စိတ်မချဘူးဆိုရင် မုန့်ဖုတ်ဆိုဒါက သဘာဝဆေးဝါးတစ်ခုပါ။ ပိုးသတ်နိုင်တဲ့အာနိသင်ကြောင့် အနံ့အသက်ပြင်းစေတဲ့ဘက်တီးရီးယားကို ရှင်းပေးနိုင်တဲ့အပြင် ချွေးကိုစုပ်နိုင်တာကြောင့် သန့်ရှင်းမှုနဲ့ ခြောက်သွေ့တဲ့ ခံစားမှုကိုရရှိစေမှာပါ။ ချိုင်းကြားကို မုန့်ဖုတ်ဆိုဒါချည်းပဲ အနည်းငယ်လိမ်းနိုင်သလို ကိုယ်လိမ်းပေါင်ဒါအနည်းငယ်နဲ့ရောလိမ်းလို့လည်းရပါတယ်။
(၈) လက်သည်းအတွက် scrub
လက်သည်းအလှအတွက် လက်သည်းပန်းကုံးတွေကို ညှပ်ထုတ်တာ၊ပွတ်တိုက်ပြီးစားပစ်တာတွေလုပ်တာက ပိုးဝင်စေနိုင်ပါတယ်။ လက်သည်းလေးတွေ သန့်စင်လှပပြီးချောမွတ်နေဖို့ မုန့်ဖုတ်ဆိုဒါကို scrub အဖြစ်သုံးကြည့်ပါ။ မုန့်ဖုတ်ဆိုဒါသုံးဆ၊ ရေတစ်ဆ ရောထားတဲ့ အနှစ်ကို သွားပွတ်တံအနုလေးနဲ့တို့နှစ်ပြီး လက်နဲ့လက်ချောင်းတွေကို စက်ဝိုင်းပုံစံပွတ်တိုက်ပါ။ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။နောက်မှ ပုံမှန်အတိုင်း လက်သည်းအလှဆီ ဆိုးလို့ရပါတယ်။
တခြားအသုံးဝင်ပုံများ
မုန့်ဖုတ်ဆိုဒါကို တခြားဆေးဖက်ဝင်တွေနဲ့ ပေါင်းစပ်ပြီး အသုံးပြုလို့ရပါသေးတယ် –
(၉) ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါScrub
မုန့်ဖုတ်ဆိုဒါချည်းပဲဆိုscrub တစ်မျိုးအဖြစ်ကောင်းကောင်းသုံးလို့ရပေမယ့် သူက အသားနည်းနည်းခြောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့ပျားရည်ကို ဆတူရောသုံးတာ ပိုကောင်းပါတယ်။ပြီးရင်moisturizerကောင်းကောင်းသုံးလိုက်ပါ။
(၁၀)အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါ Scrub
မုန့်ဖုတ်ဆိုဒါနဲ့ တွဲဘက်ညီတဲ့နောက်တစ်မျိုးက အုန်းဆီပါ။ အုန်းဆီက အစိုဓါတ်ကိုထိန်းပေးပြီးဆေးဖက်ဝင်တဲ့အာနိသင်ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါ ၂ဇွန်း၊ ၃ဇွန်းလောက်ကို အုန်းဆီသန့်(စားလို့ရတဲ့) ထဲကို ထည့်မွှေပြီးscrub လုပ်နိုင်ပါတယ်။ မျက်နှာမှာသုံးမယ်ဆိုရင် စက်ဝိုင်းပုံစံညင်သာစွာပွတ်လိမ်းပြီးရေဆေးချပါ။ မျက်နှာသစ်ဆေးရည်အပျော့စားနဲ့ ထပ်ဆေးပြီးတဲ့အခါတောက်ပသန့်စင်တဲ့ အသားအရေကို ရရှိမှာပါ။
(၁၁) ဆံသားသန့်ရှင်းစေခြင်း
ဆံသားမှာ ပုံသွင်းဆေး၊ အဆီ၊ ဖျန်းဆေးနဲ့ တခြားပစ္စည်းတွေ သုံးတာများလာရင်စေးကပ်ကပ်ဖြစ်ပြီး ဆံပင်ပုံပျက်စေပါတယ်။ ပုံမှန်ခေါင်းလျှော်ရည် တစ်ခါလျှော်ပမာဏထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ပြီးလျှော်လိုက်ပါ။ ဆံသားပိုတောက်ပြောင်ပြီး လိုသလိုပုံသွင်းလို့ ရလာပါလိမ့်မယ်။
(၁၂) ဆံပင်ပုံသွင်းတဲ့ဘီးကို သန့်စင်စေခြင်း
ကိုယ်သုံးနေတဲ့ဘီး၊ ပုံသွင်းတဲ့ဘီးတွေကိုသေချာကြည့်ပါ။ ဘီးမှာကပ်တွယ်နေတဲ့ အညစ်အကြေးတွေကို ကလော်ထုတ်၊ဆေးထုတ်တာထက် ဘီးတွေကိုရေနွေးနွေးထဲ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်၊ မိနစ် ၂၀လောက်စိမ်ထားလိုက်ပါ။ပြန်ဆေးကြောပြီးခြောက်အောင်သုတ်ပြီးမှသုံးပါ။
(၁၃) သွားကိုဖြူဖွေးစေခြင်း
သွားဖြူဆေးတွေ၊ ကိရိယာတွေ၊ ဓါတုပစ္စည်းတွေ သုံးစရာမလိုတော့ပါဘူး။ လက်ဖဝါးမှာ မုန့်ဖုတ်ဆိုဒါနည်းနည်းဖြူးပြီး သွားတိုက်တံနဲ့ပွတ်ယူပါ။ သွားကို တစ်မိနစ်လောက် တိုက်ပေးပါ။ သတိထားရမယ့်အချက်ကတော့ ဒီနည်းကို သွားတိုက်ဆေးလို သုံးလို့တော့ မသင့်တော်ပါဘူး။ သွားတိုက်ဆေးမှာက သွားထိခိုက်မှုကိုကာကွယ်ပေးမယ့် ဖလူအိုရိုက် ပါရှိပြီးဖြစ်ပါတယ်။
မုန့်ဖုတ်ဆိုဒါက အများအားဖြင့်တော့ အရေပြားမှာပြဿနာမရှိတတ်ပါဘူး။ ဒါပေမယ့် တချို့လူတွေမှာ ဓါတ်မတည့်သလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အရေပြားမှာမသုံးခင် ကိုယ်နဲ့တည့်မတည့် လက်မှာဖြစ်ဖြစ် အနည်းငယ်စမ်းသပ်ကြည့်သင့်ပါတယ်။ ထိခိုက် ကွဲ
ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား
အသားအရေ ထိန်းသိမ်းမှုတော့ လုပ်ချင်ပါရဲ့။ ဘယ်ကနေ စလုပ်ရမလဲ မသိဘူးဆိုပြီး ဖြစ်နေပြီလာ။ ဒါဆိုရင်တော့ အလွယ်ကူဆုံး အသားအရေ ထိန်းသိမ်းနည်းဖြစ်တဲ့ ရေနွေးငွေ့ ခံပေးတာက စတင်လိုက်ပါ။ ဒါဆို မေးချင်နေလောက်မှာက ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုပြီးဟုတ်။
အသားအရေ အထူးသဖြင့် မျက်နှာကို ရေနွေးငွေ့ ခံပေးတာ အသားအရေကို ကျန်းမာစေသလို လှပချောမွေ့စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ပုံမှန် လုပ်ပေးတာက အသားအရေ ကျန်းမာလှပစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား
ရေနွေးငွေ့ခံပေးတာ အသားအရေကို အခုလို ကျန်းမာစေနိုင်ပါတယ်။
အသားအရေ သန့်စင်စေတယ်
ရေနွေးငွေ့ ခံပေးတာက ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ဖုန်မှုန့်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆားဝက်ခြံတွေကို ဖယ်ရှားရ လွယ်ကူစေပါတယ်။ ဝက်ခြံအဆံတွေ ထွက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါက ယာယီပဲဖြစ်ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတယ်
ရေနွေးနွေးလေးနဲ့ ရေနွေးငွေ့ခံပေးတာက သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေတာက အရေပြားကို အောက်ဆီဂျင် ပိုမို ရရှိစေပြီး အသားအရေကို သဘာဝအတိုင်း ကျန်းမာလှပစေမှာပါ။
ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်
ရေနွေးငွေ့က ချွေးပေါက်တွေကို ပွင့်စေတာကြောင့် အရေပြားချွေးပေါက်တွေထဲက ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ အခြားသော အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလို ဖယ်ရှားပေးတာက ဝက်ခြံဖြစ်တာကို သက်သာစေနိုင်ပါတယ်။
အဆီတွေ ဖယ်ရှားပေးတယ်
အရေပြားနဲ့ ဆံသားတွေကို ချောမွေ့စေဖို့ အဆီဂလင်းတွေက အဆီတွေကို အလိုလို ထုတ်ပေးပါတယ်။ ဒါပေမယ့် အဆီက လိုတာထက် ပိုများနေမယ်ဆိုရင် ဘက်တီးရီးယားတွေကို ဖြစ်စေပြီး ဝက်ခြံတွေ ဆားဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာက အဆီပိုတွေကို ဖယ်ရှားပေးပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ရေဓာတ် ဖြည့်ပေးတယ်
ရေနွေးငွေ့ခံပေးတာက အသားအရေကို ရေဓာတ် ဖြည့်ပေးပါတယ်။ အဆီထွက်စေပြီး အသားအရေကို သဘာဝအတိုင်း အစိုဓာတ် ရှိနေအောင် ထောက်ကူပေးပါတယ်။ ဒါပေမယ့် လိုတာထက် ပိုခံရင်တော့ အသားအရေခြောက်နိုင်တာကို သတိပြုပါ။
ကော်လာဂျင် ထွက်ရှိမှု ကောင်းစေတယ်
ရေနွေးငွေ့ခံပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး အသားအရေကို တင်းရင်းစေသလို ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အသားအရေကို အရွယ်တင်နုပျိုစေမှာပါ။
အသားအရေ ချောမွေ့စေတယ်
ရေနွေးငွေ့ခံပေးတာက အရေပြားကို ချွေးပေါက်တွေ ပွင့်စေပြီး အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှာပေးပြီး အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှုက အသားအရေ ချောမွေ့စေမှာပါ။
ရေနွေးငွေ့ ဘယ်လိုခံမလဲ
ရေနွေးငွေ့ခံဖို့ အကောင်းဆုံး နည်းလမ်းက
ရေနွေးကို ဆူအောင်တည်ပါ
သန့်စင်တဲ့ အဝကျယ် ဇလုံ တစ်ခုထဲ ထည့်ပါ
ပြီးရင် မျက်လုံးကို မှိတ်ထားပြီး ဇလုံအထက် လက်သီးဆုပ် ၂ ဆုပ်စာလောက် အကွာကနေ မျက်နှာကို ငုံ့ထားပါ
ခေါင်းပေါ်ကနေ တဘက်ကို အုပ်ထားပါ
၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ရေနွေးငွေ့ ခံပေးပါ။ ချွေးတွေထွက်လာတာကို သုတ်ပေးပါ။
သတိထားရမယ့် အချက်တွေကတော့ အပူချိန်သိပ်မများပါစေနဲ့။ မျက်နှာလောင်တတ်ပါတယ်။ ဒါ့ပြင် အရေပြားရောဂါအခံတွေရှိရင်၊ အသားခြောက်ရင်၊ ထိခိုက်လွယ်တဲ့ အသားရေရှိရင်၊ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေရှိရင် ရေနွေးငွေ့ခံတာကို ရှောင်ကြဉ်သင့်ပါတယ်။
ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။ ။
ဆံပင် တစ်ခါ ညှပ်ပြီးရင် နောင်တတွေ ဗရပွနဲ့ မညှပ်လိုက်မိရင်ကောင်းသား။ အရင်တုန်းက ဆံပင် အရှည်လေးကို ပြန်လိုချင်လိုက်တာဆိုပြီး ဆံပင်ညှပ်ပြီးနောက်ပိုင်း ၁ လလောက်အထိ နေ့တိုင်း အဲဒီ အကြောင်းတွေ ချည်းပဲ ခေါင်းထဲမှာရှိနေတတ်တာ တို့ မိန်းကလေးတိုင်းပါ ။ ခုဆောင်းပါးလေးထဲမှာ ညှပ်လိုက်လို့ တိုသွားတဲ့ ဆံပင်တွေကြောင့် သောက ရောက်နေတဲ့ ပျိုမေတို့အတွက် ဆံပင် အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် တွေ အကြောင်း ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။
ဆံပင်အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်များ ။ ။
ဗီတာမင် A – ကိုယ်ခန္ဓါက ဆဲလ်တွေအားလုံး ကြီးထွားဖို့အတွက် ဗီတာမင် A ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် A ရဲ့ အရေပြားကို စိုြေ ပစေတဲ့ အာနိသင်ကြောင့် ဦးရေပြားရော သင့်ဆံသားကိုရော စိုပြေတောင်ပြောင်စေမှာ အသေအချာပါ။
ဗီတာမင် A ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ်၊ ကိုက်လန် ၊ ဥ အမျိုး မျိုး၊ အသည်း ၊ နဲ့ နို့ထွက် ပစ္စည်းတို့ဖြစ်ပါတယ်။
ဗီတာမင် B – Biotin လို့ခေါ်တဲ့ ဗီတာမင် B အမျိုးအစားတစ်ခုဟာ ဆံပင် အရှည်မြန်စေဖို့အတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဖြစ် ပါတယ်။ ဒါကြောင့် ဆံပင် ကျွတ်တဲ့သူတွေ ကိုကုသတဲ့နေရာမှာ biotin သုံးကြတာပါ။
ဗီတာမင် B ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဗန်ဒါစေ့၊ ပင်လယ်စာ၊ အသားအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်ပါတယ်။
ဗီတာမင် C – Collagen ထုတ်တဲ့နေရာမှာ အများကြီး ကူညီပေးတဲ့ ဒီ ဗီတာမင် C လေးဟာ အသားအရေ အိုမင်းရင့်ရော်တာအပြင် ဆံ သားတွေ ကျွတ်တာ၊ ဆံသားအသက်ကြီးတာကိုပါ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆံပင်ရှည်ဖို့အတွက် အဓိက လိုအပ် တဲ့ သံဓါတ်စုပ်ယူမှု ကိုလည်း အားကောင်းစေပါတယ်။
ချဉ်တဲ့ အသီးအနှံတွေ အားလုံးဟာ ဗီတာမင် C ကြွယ်ဝပါတယ်။
ဗီတာမင် D – ဗီတာမင် D ဟာ ဆံပင် အမြစ်အိတ် ကို သန်စွမ်းစေလို့ ဆံပင်တွေတော်ရုံဆို မကျွတ်တော့ပါဘူး။ ဒီတော့ ဆံပင်တွေ အရှ ည်မြန်တာပေါ့။ ပြောင်းပြန်အနေနဲ့ကတော့ ဗီတာမင် D ချို့တဲ့တဲ့သူတွေဟာ ဆံပင်ကျွတ်လွယ်တတ်ကြပါတယ်။
ဗီတာမင် D ကိုလိုချင်ရင်တော့ မနက်ပိုင်း ၇ နာရီကနေ ၁၀ နာရီအတွင်းက နေရောင်ခြည်ကို ခံပေးဖို့ပဲလိုတာပါ။
ဗီတာမင် E – ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝတာပြီး စိတ်ဖိစီးမှု ကြောင့် ဖြစ်လာတဲ့ ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စ ည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးပါတယ်။ ဒီအာနိသင်ဟာ ဆံသားအပေါ်ကိုလည်း သက်ရောက်တာကြောင့် ဆံပင်တွေ လွယ်လွယ်မကျွတ်တော့ဘဲ အရှည်လည်းမြန်လာစေပါတယ်။ ဒါကြောင့် ဆံပင်ကိုလိမ်းဖို့အတွက် ထုတ်ထားတဲ့ ခေါင်းလိ မ်းဆီတွေက ဗီတာမင် E ကို အဓိကထား ထုတ်ထားတာပါ။
ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစေ့အဆံ တွေ၊ နေကြာစေ့နဲ့ ေထာပတ်သီးတို့ပဲဖြစ်ပါတယ်။
ဒါတွေကတော့ ဆံပင်တိုသွားလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် ဆံပင်မြန်မြန်ရှည်လာစေဖို့ လိုအပ်တဲ့ ဗီတာမင် ၅ မျိုးအကြောင်းပဲဖြစ်ပါတယ်။ မြန်မြန် ဆံပင်ရှည်ချင်နေတဲ့သူတွေ ဒါလေးတွေ သိထားဖို့ လိုအပ်တယ်နော် ။ ။