ဆေးသေတ္တာ Online Pharmacy
Pharmacy at your fingertips!
နေ့စဉ်ဘဝ အသက်ရှုရ... ဆောလျင်မနှေး ဆောင်ရွက်ပေး... အဆုတ်ကျန်းမာရေး ✨ခေါင်းစဉ်နဲ့
🫁ကမ္ဘာ့ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ အထိမ်းအမှတ်နေ့ 🫁 အဖြစ်ပြုလုပ်မယ့် ကျန်းမာရေးစကားဝိုင်း အစီအစဉ်မှာ 🏥
🏥ပါမောက္ခ ဒေါက်တာ ရတနာကျော်
အတိုင်ပင်ခံ
အဆုတ်နှင့် ရင်ခေါင်းအထူးကု သမားတော်ကြီး
ဥက္ကဌ (မြန်မာနိုင်ငံ အဆုတ်နှင့် ရင်ခေါင်းပညာရပ်ဆိုင်ရာအဖွဲ့ )
🏥ပါမောက္ခ ဒေါက်တာ ရဲထွန်း
ပါမောက္ခ/ ဌာနမှူး ( ရင်ခေါင်းဆေးကုဌာန)
ခုတင် (၅၀၀) အထူးကုဆေးရုံကြီး၊ ရန်ကုန်
🏥ပါမောက္ခ ဒေါက်တာ ရည်ရည်နိုင်
ပါမောက္ခ/ ဌာနမှူး (ရင်ခေါင်းဆေးကုဌာန)
မြောက်ဥက္ကလာပ အထွေထွေရောဂါနှင့် သင်ကြားရေးဆေးရုံကြီး၊ ရန်ကုန် တို့မှ ဆေးပညာဆိုင်ရာအချက်အလက်တွေနဲ့ရှင်းလင်းပြောပြပြီး ဆွေးနွေးပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ 🚨
…….ဤကျန်းမာရေး အစီအစဉ်ကို Mega Lifesciences Co.Ltdမှ ချွဲသလိပ်ပျော်ချောင်းဆိုးပျောက်ဆေး MUCLEAR မှ အဓိက ကူညီပံ့ပိုးပေးထားပါတယ်…………🧰
#ကမ္ဘာ့နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါအထိမ်းအမှတ်နေ့
#ကျန်းမာရေးစကားဝိုင်းအစီအစဉ်
#ကျန်းကျန်းမာမာbyAlinker
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ရဲ့ ထုတ်ပြန်ချက်အရ နှစ်စဉ် ရာသီတုပ်ကွေးကြောင့် သေဆုံးသူဦးရေက ၂၉၀,၀၀၀ ကနေ ၆၅၀,၀၀၀ အထိရှိပါတယ်။
ကိုယ်ခံအားကောင်းတဲ့သူတွေမှာ တုပ်ကွေးက နှာစေး၊ ချောင်းဆိုးလောက်နဲ့ပဲပြီးသွားပေမဲ့ ကိုယ်ကတဆင့် အိမ်မှာရှိတဲ့ ကလေးနဲ့လူကြီးတွေကိုသာ ကူးစက်သွားခဲ့ရင် စိုးရိမ်စရာတွေဖြစ်လာနိုင်ပါတယ်။
👉 ဒါကြောင့် လူတိုင်း ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံသင့်ပါတယ်။
🔸အခုဆို ရာသီတုပ်ကွေး၄မျိုးစပ်ကာကွယ်ဆေး INFLUVAC Tetra ကို ဆေးသေတ္တာမှ WHO vaccination လက်မှတ်ရဆရာဝန်တွေကိုယ်တိုင် အိမ်တိုင်ရာရောက်ထိုးနှံပေးနေပါပြီ။
Netherlands နိုင်ငံမှ ထုတ်လုပ်တင်သွင်းပြီး မြန်မာ FDA ရရှိထားတဲ့ INFLUVAC အမှတ်တံဆိပ် ရာသီတုပ်ကွေးကာကွယ်ဆေးက အခုမိုးရာသီအတွက် INFLUVAC Tetra ကိုစီမံထုတ်လုပ်ထားပါတယ်။
INFLUVAC Tetra ကာကွယ်ဆေးက ...
Influenza Type A နှစ်မျိုး H1N1, H3N2 နဲ့
Influenza Type B နှစ်မျိုး Austria, Phuket စုစုပေါင်း Strain (၄)မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
✅ ဘယ်အရွယ်မှာ စတင်ထိုးနှံနိုင်လဲ ?
အသက် ၆ လကစတင်ပြီး ထိုးနှံလို့ရပါပြီ။
✅ ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ
ဖြစ်နိုင်ရင် အသက် ၆ လအထက်ကစပြီး လူတိုင်းထိုးနှံသင့်ပါတယ်။
ပိုပြီးထိုးနှံသင့်ဆုံးသူတွေကတော့
အသက် ၆ လ မှ ၅ နှစ်ထိ ကလေးတွေ
အသက် ၆၅ နှစ် အထက် လူကြီးတွေ
ကိုယ်ဝန်ဆောင်မိခင်တွေ
ရောဂါအခံရှိတဲ့ ကလေး၊ လူကြီးတွေ (ဥပမာ - နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ ) ဖြစ်ပါတယ်။
✅ ဘယ်အချိန် အထိုးသင့်ဆုံးလဲ ?
တုပ်ကွေးရာသီက ဇွန်လကနေ စက်တင်ဘာလ လောက်ထိဖြစ်တာမို့ ဒီကာလမတိုင်ခင် ထိုးသင့်ပါတယ်။
ဘယ်အချိန်ထိုးထိုး နောက်ကျတယ်လို့တော့ မရှိပါဘူး။
သိထားသင့်တဲ့အချက်တစ်ခုက ထိုးပြီးပြီးချင်း ကာကွယ်နိုင်တဲ့အာနိသင်မရပါဘူး ။
ကာကွယ်နိုင်အားထွက်ဖို့ ၁၀ ရက်ကနေ ၂ ပါတ်အထိ အချိန်လိုပါတယ်။ ဒါကြောင့် စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။
✅ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ထိုးနှံလို့ရလား?
ထိုးကိုထိုးနှံသင့်ပါတယ်။ ကိုယ်ဝန် ဘယ်နှပတ်ဖြစ်ဖြစ်၊ ဘယ်နှလဖြစ်ဖြစ် ထိုးနှံနိုင်ပါတယ်။
ဒီလိုထိုးနှံခြင်းအားဖြင့် ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်ကိုကာကွယ်ပေးနိုင်တဲ့အပြင် ၊ မွေးကင်းစကလေး အသက် ၆ လအထိပါ ပြင်းထန် တုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပါတယ်။
✅ ဘယ်လို ထိုးနှံရမလဲ?
အရင်က တုပ်ကွေးကာကွယ်ဆေး တစ်ခါမှ မထိုးဖူးရင်
၉ နှစ်အောက်မှာ ၄ ပတ်ခြား ၂ ကြိမ်ထိုးရပါမယ်။
၉ နှစ်အထက်ဆိုရင်တော့ ၁ ကြိမ်ပဲ ထိုးဖို့လိုပါတယ်။
အရင်နှစ်က တုတ်ကွေးရာသီမှာ (၁) ကြိမ်ထိုးထားတာပဲဖြစ်ဖြစ် ၊ (၂) ကြိမ်ထိုးပြီးတာပဲဖြစ်ဖြစ် အခုနှစ် ထိုးနှံရာမှာတော့ (၁) ကြိမ်ပဲထိုးဖို့လိုပါတော့တယ်။
✅ ဘယ်လို ဝန်ဆောင်မှုတွေရှိလဲ?
အနည်းဆုံးလူငါးယောက်နဲ့အထက် ထိုးနှံပါက တစ်ဦးကို ၄,၁၀၀၀ ကျပ်နှုန်းနဲ့ အိမ်တိုင်ရာရောက်လိုက်လံထိုးနှံပေးနေပါတယ်။
နေရာအပေါ်မူတည်ပြီး Transportation Fee တော့ ကျသင့်မှာဖြစ်ပါတယ်။
"ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုကောင်းမွန်တယ်" ဆိုတဲ့အတိုင်း မိုးရာသီမရောက်မီ ရာသီတုပ်ကွေးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းရန်ဖုန်း - 09978018067
ဆေးသေတ္တာ #တုပ်ကွေးကာကွယ်ဆေး
ကိုဗစ် မျိုးကွဲ အသစ်ကို ဘယ်လိုကာကွယ်ကြမလဲ?
ကိုဗစ် အိုမီခရွန် မျိုးကွဲ BA.4/BA.5 ကလဲ အိမ်နီးချင်း နိုင်ငံတွေ မှာ နေ့စဉ် ကူးစက်မှု နှုန်း တွေ မြင့်လာတဲ့ အပြင် မြန်မာနိုင်ငံ ကို လဲ ရောက်ရှိနေမှာ သေချာသလောက်ပါပဲ...
အရင်နှစ် တတိယ လှိုင်းတုန်း လောက်တော့ ဆိုးရွားနိုင်ခြေ နည်းပေမယ့် ပေါ့တော့မပေါ့ဆသင့်ပါဖူး...
ဒါကြောင့်......
၁. Mask ပြန်တပ်ကြပါ
၂. လက် မကြာခဏဆေးပါ
၃. ခပ် ခွာခွာ နေပါ
၄. ကာကွယ်ဆေး ထိုးပါ..
မဖြစ်အောင်ကာကွယ် ဖို့ အရေးကြီးတဲ့ အပြင် ဖြစ်ရင်တောင်မှ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားသင့်ပါတယ်...
ကာကွယ်ဆေး ထိုးနှံရန် အောက်ပါဖုန်းကို ဆက်သွယ်လိုက်ပါ..
09970650426
အားလုံး ကျန်းကျန်းမာမာ ရှိကြပါစေ.
#ကိုဗစ်
မပြီးဆုံးနိုင်သေးတဲ့ ကိုဗစ်ကပ်ရောဂါကို အထိရောက်ဆုံးကာကွယ်တာဆီးနိုင်အောင် ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
[ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးက ဘယ်လောက်အရေးပါသလဲ]
ဖတ်ရန်ကြာချိန် - စက္ကန့် ၃၀
ကိုဗစ်ဖြစ်ဖူးသူတွေမှာ ကိုဗစ်ခုခံအားရှိလာနိုင်တယ်ဆိုပေမဲ့လည်း ခုခံအားပမာဏနဲ့ ကြာချိန်ကိုအတပ်မပြောနိုင်ပါဘူး။ ကူးစက်မှုကနေရရှိလာတဲ့ ရောဂါခုခံနိုင်စွမ်းက ရောဂါပြင်းထန်မှုနဲ့ အသက်အရွယ်အပေါ်မှာ မူတည်ပါသေးတယ်။ ပြီးတော့ ဒီခုခံအားက အချိန်ကြာလာတာနဲ့အမျှ ယုတ်လျော့လာပါတယ်။ ပြောရရင် ကူးစက်မှုကနေရတဲ့ခုခံအားက ယုံကြည်စိတ်ချလို့ရတဲ့ အနေအထားမှာ မရှိပါဘူး။
ဒါကြောင့် ကိုဗစ်ကပ်ရောဂါကိုရင်ဆိုင်ရာမှာ ကာကွယ်ဆေးက အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ ကိုဗစ်ကာကွယ်ဆေးမှာဆိုရင် အောက်ပါအကျိုးကျေးဇူးတွေရှိပါတယ်။
- ရောဂါပြင်းထန်ခြင်း၊ ဆေးရုံတက်ကုသရခြင်းကို လျှော့ချပေးတယ်။
- ကိုဗစ်ကာကွယ်ဆေးက ကိုဗစ်ရောဂါထက် ပိုပြီးဘေးကင်းလုံခြုံတယ်။
- ကိုဗစ်ဖြစ်ဖူးသူတွေအတွက်လည်း ခုခံအားကိုတိုးမြှင့်ပေးတယ်။
- တခြားကာကွယ်ဆေးလိုပဲ အချိန်မှန်ထိုးမယ်၊ booster ထိုးမယ်ဆိုရင် အကောင်းဆုံးကာကွယ်ပေးပါတယ်။
ကိုဗစ်ကူးစက်ခံရတဲ့အခါမှာ တချို့က ဘာလက္ခဏာမှမပြ၊ ဘာဝေဒနာမှမခံစားရပေမဲ့ တချို့မှာတော့ ရောဂါပြင်းထန်ပြီး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကို ကြိုတင်ခန့်မှန်းလို့လည်း မရနိုင်ပါဘူး။ နောက်ပြီး သင်က လက္ခဏာတစုံတရာမပြဘဲ ကူးစက်ခံရရင်တောင် ကိုဗစ်ရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါသေးတယ်။
ဒါကြောင့် မပြီးဆုံးနိုင်သေးတဲ့ ကိုဗစ်ကပ်ရောဂါကို အထိရောက်ဆုံးကာကွယ်တာဆီးနိုင်အောင် ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#ကျန်းကျန်းမာမာ #ကိုဗစ်ကာကွယ်ဆေး
💉ဒါဆိုကာကွယ်ဆေးရောထိုးရဦးမှာလား?
🔺ကိုဗစ် မျိုးကွဲ BA.4/BA.5 က ဘယ်လောက်ထိအန္တရာယ်ရှိလဲ?
တစ်ချို မီဒီယာတွေ မှာ ကိုဗစ် အိုမီခရွန် မျိုးကွဲ ဖြစ်တဲ့ BA.4/BA.5 က အဆိုးဆုံး မျိုးကွဲ တစ်ခု ဖြစ်တယ်လို့တောင် ဖော်ပြနေကြပါတယ်...
တကယ်ပဲ အဆိုးဆုံးလား?‼️
------
ဆိုးတဲ့ အချက်ကတော့ "ကူးစက်မှုနှုန်း" ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာသာ မက အိမ်နီးချင်းတွေ ဖြစ်တဲ့ ထိုင်း၊စင်ကာပူ တို့ မှာပါ နေ့စဉ် ကူးစက်မှု တွေ ထောင်တက်နေတာကို တွေ့နေရပါတယ်။
သူ့မှာ ပိုထူးခြားတာက ယခင် ကိုဗစ် အိုမီခရွန် ဖြစ်ဖူး တာပဲ ဖြစ်ဖြစ် ၊ ကာကွယ်ဆေးထိုးထားတာပဲ ဖြစ်ဖြစ်တောင် ကူးစက်ခံနေရခြင်း ဖြစ်ပါတယ်။ Reinfection တွေ့ရ တော်တော်များတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ယနေ့ အထိ ရောဂါပြင်းထန်မှု က အခြား ယခင် အိုမီခရွန် မျိုးကွဲတွေ ထက်ပို တယ်ဆိုတဲ့ တွေ့ရှိချက်တွေ မရှိသေးပါဖူး။
ရောဂါဖြစ်ပွားမှု နှုန်း များပေမယ့် ဆေးရုံတက်ရတာ နဲ့ ပြင်းပြင်းထန်ထန် ထိခိုက်တာတွေ ကိုတော့ သိပ်မတွေ့ရကြောင်း အခြားနိုင်ငံ များထံမှ အချက်အလက်များမှ တဆင့် သိရပါတယ်။
(ထိုင်းနိုင်ငံမှ ဆေးရုံတစ်ရုံမှ ထုတ်ပြန်ချက်၊ Day ဘယ်လောက်မှာ ဘယ်လိုခံစားရမယ်ဆို ပြီး ရှဲနေကြတာတွေကတော့ သတင်းမှားတွေပါ)
ဒါပေမယ့် ရောဂါကြောင့် သေဆုံးမှုတွေတော့ ရှိနေသေးတယ်ဆိုတာ တော့ မမေ့သင့်ပါဖူး...
⚠️ဘာလက္ခဏာတွေ ပြတတ်လဲ?
------
ယခင် ကိုဗစ် အိုမီခရွန် တုန်း က လက္ခဏာ တွေကိုပဲအများစုခံစားရတယ်လို့ဆိုပါတယ်..
ကိုယ်ပူခြင်း
နှာရည်ယို ခြင်း
လည်ချောင်းနာခြင်း နဲ့ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်း ဆိုင်ရာ လက္ခဏာ များကို ခံစားနိုင်ပါတယ်။
ဒယ်တာ နှင့် ယခင့်ယခင်က မျိုးကွဲ တွေ လို အောက်စီဂျင်ကျတာ၊ အနံအရသာ ပျောက်တာတွေ ကိုတော့ တွေ့ရနည်းနိုင်ပါတယ်။
💉ဒါဆိုကာကွယ်ဆေးရောထိုးရဦးမှာလား?
------
ကာကွယ်ဆေး ထိုးခြင်း ဟာလည်း ယနေ့ အထိ အကောင်းဆုံး ကာကွယ်မှု တခု ဖြစ်နေဆဲပါ ..( ရောဂါ ကူးရင်တောင်မှ ပြင်းထန်မှု ကို အများကြီး လျော့ချပေးနိုင်ပါတယ်)
ဒါကြောင့် ..
✅ကာကွယ်ဆေးမထိုးရသေးရင် ထိုးဖြစ်အောင်ထိုးပါ..
✅ထိုးပြီးပါ က လည်း Booster ထပ်ထိုးပါ
✅Mask ပြန်တပ်ကြပါ..
✅လက်ဆေးပါ...
✅လူစုလူဝေးရှောင်ပြီး ကိုယ်ခံအားကောင်းအောင်နေကြပါ လို့ တိုက်တွန်းလိုက်ရပါတယ်...
***ဒါနဲ့ နေမကောင်းပါ က ဆရာဝန်များထံမှာ စနစ်တကျစစ်ဆေးပြီး အခြားလူတွေ မကူးအောင် ခွဲနေဖို့လဲ မမေ့ကြပါနဲ့နော်...
အားလုံး ကျန်းကျန်းမာမာရှိကြပါစေ....
စာရွက်နဲ့ထုတ်ထားတဲ့ Vaccination Card တွေအများကြီးကို ထိန်းသိမ်းရတာ၊နေရာတကာသယ်သွားရတာတွေကြောင့် အခက်အခဲဖြစ်နေပါသလား။ 🤯🤯
အထူးသဖြင့် ပြည်တွင်းပြည်ပခရီးသွားသူများ နှင့် သင်္ဘောသားများအနေနှင့်ထိုးထားသမျှ Vaccination Record ကို စနစ်တကျ တနေရာတည်း စုစည်းပေးထားပြီး Internet ရှိရုံနှင့် QR Code or User Name, Password တို့နဲ့ နေရာတိုင်းအချိန်တိုင်း Access လုပ်နိုင်တဲ့ 🌟“Electronic ဆေးမှတ်တမ်း”🌟 ကိုပြုလုပ်ထားနိုင်ပါတယ်။
“One Person, One Record” ဖြစ်စေရေးဆိုတဲ့ရည်မှန်းချက်နဲ့ပြုလုပ်ထားတဲ့ “ဆေးမှတ်တမ်း” မှာ သင့်ကိုယ်ပိုင် Electronic Record ပြုလုပ်ချင်တယ်ဆိုရင်တော့ Fees အနေနှင့်တော့ ၁ နှစ်စာ ကို မြန်မာငွေ ၆၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။
ဆေးမှတ်တမ်းမှာပါဝင်မှာတွေကတော့
✅ထိုးထားသမျှကာကွယ်ဆေးတွေကိုထည့်သွင်းပေးခြင်း
✅၁ နှစ်အတွင်ထပ်မံထိုးနှံသောကာကွယ်ဆေးအားလုံးကို သင့်ဆေးမှတ်တမ်းအတွင်းသို့ထပ်ဖြည့်ပေးခြင်း
✅လိုအပ်ခဲ့ပါက မှတ်တမ်းများအားလုံးကို ကြိုက်နှစ်သက်တဲ့အချိန်မှာ English Version ဖြင့် Download ဆွဲနိုင်ခြင်း
✅သင့်မှတ်တမ်းကိုတိုက်ရိုက်ရောက်မည့် QR Code ပါရှိခြင်းစသည်တို့ဖြစ်ပါတယ်။
မှတ်ချက်
ကျန်းမာရေးအတွက်လွန်စွာအရေးပါတဲ့ကာကွယ်ဆေးမှတ်တမ်းများကိုစနစ်တကျ၊ စမတ်ကျကျနဲ့ စုစုစည်းစည်းရှိစေချင်သောရည်ရွယ်ချက်ဖြစ်တာကြောင့် ဆေးစာရွက်များကိုသေချာစစ်ဆေးမည်ဖြစ်ပြီး အထောက်အထားခိုင်လုံခြင်းမရှိသောဆေးမှတ်တမ်းများကို(လုံးဝ)ထည့်သွင်းပေးမည်မဟုတ်ကြောင်းကိုလည်းအသိပေးအပ်ပါတယ်။
“Electronic ဆေးမှတ်တမ်း” ပြုလုပ်လိုသူများအနေနှင့် Page Messenger ကနေဖြစ်စေ ဖုန်းနံပါတ် 09970650426 သို့ဖြစ်စေဆက်သွယ်စုံစမ်းနိုင်ပါတယ်။
အသည်းရောဂါအကြောင်းသိကောင်းစရာ
Inhaler
#ကိုယ်ဝန်ဆောင်တို့ရဲ့ရင်ပူခြင်းဝေဒနာ(စားချဉ့်ပြန်ခြင်း)
နှင့် #ဆွေးနွေးအကြံပေးကျန်းမာရေးအစီအစဉ်
ကိုယ်ဝန်ဆောင်မေမေတို့ရေ...🤰
▪️အစာလေးနည်းနည်းစားပြီးတာနဲ့ ရင်ပြည့်ရင်ကယ်ခံစားနေတာမျိုးရှိပါသလား?
▪️ပြီးတော့ ရင်ထဲမှာပူနေပြီး နေမထိထိုင်မသာဖြစ်နေရပါသလား?
▪️လေချဉ်တွေဆန်တက်ပြီး ရင်ပူတဲ့ဝေဒနာကိုခံစားနေရပါသလား?
▪️တခါတလေ စားထားတဲ့အစာတွေက လည်ချောင်းနားကိုပြန်ဆန်တက်လာသလိုခံစားနေရပါသလား?
ဒီလိုလက္ခဏာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့ စားချဉ့်ပြန်ခြင်းဝေဒနာတွေပဲဖြစ်ပါတယ်။
✅ ဒီမေးခွန်းတွေကို Dr. မာမီ မှ အခု Recorded Live လေးမှာ ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်...
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
#စားချဉ့်ပြန်ခြင်း
#ရင်ပူခြင်း
#ကိုယ်ဝန်ဆောင်
💉 မိုးရာသီတုပ်ကွေး ကာကွယ်ဆေး (Vaxigrip Tetra)💉 အိမ်အရောက်ထိုးနှံရန် စာရင်းပေးသွင်းထားနိုင်ပါပြီ...
☔️မိုး တုပ်ကွေးရာသီရောက်တော့မှာ ဖြစ်သည့်အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးပြီးကြိုတင်ကာကွယ်သင့်ပါတယ်။
✔️Myanmar FDA approved ပြင်သစ်နိုင်ငံ Sanofi Pasteur ကုမ္ပဏီမှ Vaxigrip Tetra ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး ထိုးလိုပါက အော်ဒါ မှာယူလို့ရရှိနိုင်ပါပြီ...
❗️ဆေးအရေအတွက် အကန့်အသတ် နှင့် သာ ရှိပါသောကြောင့် ထိုးနှံချင်တယ်ဆိုရင် ကျေးဇူးပြု၍ Cb (or) ဖုန်း 09965046476 ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါသည်..
✅Cold Chain နဲ့ သေချာထိန်းသိမ်း ထားတဲ့ ကာကွယ်ဆေးများ ဖြစ်ပြီး
✅WHO vaccination လက်မှတ်ရဆရာဝန် များကိုယ်တိုင်ထိုး ပေးမှာ ဖြစ်ပါတယ်....
ဈေးနှုန်း - 30,000 Kyats (+ Transportation Fees)
(ရန်ကုန်မြို့တွင်း)
---------
✅ တုတ်ကွေးကာကွယ်ဆေး (Vaxigrip Tetra )
Vaxigrip Tetra သည် ပြင်သစ်နိုင်ငံထုတ် WHO approved..MM Reg ရှိပြီးသား စိတ်ချရသော တုတ်ကွေးကာကွယ်ဆေး ဖြစ်ပါသည်..
ဘယ်အရွယ်မှာ စထိုးနိုင်သလဲ (Age indication )
* အသက် ၆ လနှင့်အထက် ထိုးနိုင်ပါသည် (6 months and over )
ဘယ်လိုထိုးရမလဲ? (Administration Schedule )
* ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး တစ်ခါမှမထိုးဘူးသောအသက် ၉ နှစ်အောက်ကလေးများ ပထမဦးဆုံးထိုးအပြီး ၄ ပတ်အကြာတွင် ဒုတိယအကြိမ်ထိုးရပါမည်။
* နှစ်စဉ်တစ်ကြိမ်ထိုးရန်
** အောက်ပါသတ်မှတ်ချက်ရှိသူများမှာ ပုံမှန်လူများထက် ပိုမိုထိုးနှံသင့်ပါသည်။**
- ကိုယ်ဝန်ဆောင်မိခင်များ
- အသက်(၆) လမှ(၅)နှစ်အထိကလေးများ
- သက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့)
- ကျန်းမာရေးဝန်ထမ်းများ
***ကိုဗစ် ကာကွယ်ဆေး နှင့်လည်း အတူ စိတ်ချစွာထိုးနှံနိုင်ပါသည်။**
💉 မိုးရာသီတုပ်ကွေး ကာကွယ်ဆေး (Vaxigrip Tetra)💉 အိမ်အရောက်ထိုးနှံရန် စာရင်းပေးသွင်းထားနိုင်ပါပြီ...
☔️မိုး တုပ်ကွေးရာသီရောက်တော့မှာ ဖြစ်သည့်အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးပြီးကြိုတင်ကာကွယ်သင့်ပါတယ်။
✔️Myanmar FDA approved ပြင်သစ်နိုင်ငံ Sanofi Pasteur ကုမ္ပဏီမှ Vaxigrip Tetra ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး ထိုးလိုပါက အော်ဒါ မှာယူလို့ရရှိနိုင်ပါပြီ...
❗️ဆေးအရေအတွက် အကန့်အသတ် နှင့် သာ ရှိပါသောကြောင့် ထိုးနှံချင်တယ်ဆိုရင် ကျေးဇူးပြု၍ Cb (or) ဖုန်း 09965046476 ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါသည်..
✅Cold Chain နဲ့ သေချာထိန်းသိမ်း ထားတဲ့ ကာကွယ်ဆေးများ ဖြစ်ပြီး
✅WHO vaccination လက်မှတ်ရဆရာဝန် များကိုယ်တိုင်ထိုး ပေးမှာ ဖြစ်ပါတယ်....
ဈေးနှုန်း - 30,000 Kyats (+ Transportation Fees)
(ရန်ကုန်မြို့တွင်း)
---------
✅ တုတ်ကွေးကာကွယ်ဆေး (Vaxigrip Tetra )
Vaxigrip Tetra သည် ပြင်သစ်နိုင်ငံထုတ် WHO approved..MM Reg ရှိပြီးသား စိတ်ချရသော တုတ်ကွေးကာကွယ်ဆေး ဖြစ်ပါသည်..
ဘယ်အရွယ်မှာ စထိုးနိုင်သလဲ (Age indication )
* အသက် ၆ လနှင့်အထက် ထိုးနိုင်ပါသည် (6 months and over )
ဘယ်လိုထိုးရမလဲ? (Administration Schedule )
* ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး တစ်ခါမှမထိုးဘူးသောအသက် ၉ နှစ်အောက်ကလေးများ ပထမဦးဆုံးထိုးအပြီး ၄ ပတ်အကြာတွင် ဒုတိယအကြိမ်ထိုးရပါမည်။
* နှစ်စဉ်တစ်ကြိမ်ထိုးရန်
** အောက်ပါသတ်မှတ်ချက်ရှိသူများမှာ ပုံမှန်လူများထက် ပိုမိုထိုးနှံသင့်ပါသည်။**
- ကိုယ်ဝန်ဆောင်မိခင်များ
- အသက်(၆) လမှ(၅)နှစ်အထိကလေးများ
- သက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့)
- ကျန်းမာရေးဝန်ထမ်းများ
***ကိုဗစ် ကာကွယ်ဆေး နှင့်လည်း အတူ စိတ်ချစွာထိုးနှံနိုင်ပါသည်။**
👋 ကိုဗစ် ကာကွယ်ဆေး နှင့်ရာသီတုတ်ကွေး ကာကွယ်ဆေး ဘယ်လောက်ခြားသင့်လဲ?
👉Comment မှာ ထင်မြင်ချက်တွေ ဖြေပေးသွားကြပါဦး...?
✅နောက်နေ့ မှာ ကိုဗစ် ကာကွယ်ဆေး နဲ့ ရာသီတုတ်ကွေး ကာကွယ်ဆေး ထိုးရင် အချိန် ဘယ်လောက်ခြားသင့်လဲ ဆိုတာ ရေးသား ဖော်ပြပေးသွားပါမယ်..
(လူထု အပေါ် စမ်းစစ် ချက်ကောက်ရန် ရည်ရွယ်ချက်နှင့် အဖြေ ချက်ခြင်း မရေးပေးထားတာ ဖြစ်သောကြောင့် နားလည်ကြစေလိုပါတယ်..)😊
💥စိတ်ချရတဲ့ ကာကွယ်ဆေး ထိုးနှံ့ ပေးခြင်း ဝန်ဆောင်မှု 🎈
💪အခုလို ကိုဗစ် မျိုးကွဲ တစ်မျိုးပြီးတစ်မျိုး ကမ္ဘာပေါ်တွင် ပျံ့နှံ့ နေတဲ့ အချိန်မှာ ရောဂါ ကာကွယ်ထားဖို့၊ရောဂါဖြစ်လာရင်လည်း ခံနိုင်ရည် ရှိဖို့ အရေးကြီးလှပါတယ်။
ဒါ့အပြင် မိုးရာသီ လဲ ရောက်တော့မှာ ဖြစ်တာကြောင့် ရာသီတုတ်ကွေးရဲ့ ချိန်းခြောက်မှု အန္တရာယ်ကလဲ ရှိနေပါသေးတယ်..
🌟ဒါကြောင့် Booster dose (အပိုထပ်ဆောင်း ကာကွယ်ဆေး) ထိုးချင်တယ်ဆိုရင် ပဲဖြစ်ဖြစ်
🌟 ရာသီတုတ်ကွေးကာကွယ်ဆေး ထိုးချင်ရင်ပဲ ဖြစ်ဖြစ် ဒီမှာ ကြိုတင်စာရင်းသွင်းနိုင်ပါပြီ။
✅Cold Chain နဲ့ သေချာထိန်းသိမ်း ထားတဲ့ ကာကွယ်ဆေးများ ဖြစ်ပြီး
✅WHO vaccination လက်မှတ်ရဆရာဝန် များကိုယ်တိုင်လာထိုး ပေးမှာ ဖြစ်ပါတယ်....
✅ထိုးပြီးသွားပြီဆိုရင် သံရုံးများ အသိအမှတ်ပြု ထားတဲ့ Certificate Record နှင့် QR code ကို ဆရာဝန် လက်မှတ်နဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ..
💉ကျတော်တို့ ဆေးသေတ္တာ မှာ လာရောက် ထိုးနှံ နိုင်သလို အိမ်အရောက်၊ရုံးအရောက်လဲ လာရောက်ထိုးနှံဖို့ စီစဉ်ပေးနိုင်ပါတယ်..
▪️ထိုးမယ့် Patient တွေ စိတ်ချရအောင် ထိုးပေးမယ့်ဆရာဝန်များ အနေနှင့် တစ်ပတ်တစ်ခါ Covid Test ပုံမှန်စစ်ခြင်း... တစ်ခါသုံး Level 2 PPE နှင့် လာရောက်ထိုးနှံခြင်း တို့ ပြုလုပ်ထားပါတယ်...
✅ရက်ချိန်းနှင့် ထိုးတာ မို့ စာရင်းပေးသွင်းထားနိုင်ပါတယ်..
09970650426 ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ...
PS : Cash နှင့်သာ မက Kpay, KBZ, CB,AYA တို့နှင့်လည်းပေးချေနိုင်ပါသည်။
……………..
Let's Get Vaccinated !
🎈ကိုဗစ် ကပ်ရောဂါ ကာလမှာ နာတာရှည်ကျောက်ကပ်ဝေဒနာသည်တွေ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲ ...?
🦠 နာတာရှည် ကျောက်ကပ်ဝေဒနာရှင် (၁၀) ယောက်တွင် (၈) ယောက် ဟာ အာဟာရချို့တဲ့မှု ကို ခံစားနေရပါတယ်။
ဒါ့ကြောင့် နာတာရှည် ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ အိုမီခရွန် နဲ့ အခြားကိုဗစ်မျိုးကွဲတွေ ကူးစက်ခံရပါက ရောဂါ လက္ခဏာ ပိုကြာခြင်း၊ ကျောက်ကပ်ဆေးခြင်းကို ခံနိုင်ရည်မရှိခြင်းများဖြစ်တတ်ပါတယ်၊။
🎬ယခု ဗီဒီယို မှာ တော့ အာဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ဆုမြတ်သဇင် မှ နာတာရှည် ကျောက်ကပ်ဝေဒနာရှင်များ အနေနဲ့ ကိုဗစ်ကပ်ရောဂါကာလမှာ ဘယ်လို အာဟာရတွေ ကအရေးကြီးသလဲ.... ဘာတွေ စားသုံးသင့်လဲ ဆိုတာ ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားပါတယ်...
ကြည့်ကြည့် လိုက်ကြရအောင်... 👇
ယနေ့မှာတော့ “ဆေးသေတ္တာ” အနေနှင့် ဖားအံမြို့မှစက်ရုံဝန်ထမ်း၃၀ကျော်ကို Corporate Vaccination ဝန်ဆောင်မှုပေးဖြစ်ခဲ့ပါတယ်။ ဆေးသေတ္တာ၏ လုပ်ငန်းခွင်ကာကွယ်ဆေးဝန်ဆောင်မှုကို ယုံကြည်စွာရယူခဲ့တဲ့ စက်ရုံမှတာဝန်ရှိသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များအပြင် နယ်မြို့များမှ ကုမ္ပဏီများ အလုပ်ရုံများ၏လုပ်ငန်းခွင်များအထိလာရောက်ဝန်ဆောင်ပေးသော Corporate Vaccination Service စုံစမ်းလိုပါက ဖုန်း - 095419435 / 09766531399 သို့ဆက်သွယ်နိုင်ပါတယ်။
ကျန်းကျန်းမာမာရှိကြပါစေ 🙏🏻🙏🏻🙏🏻
Made In Singapore 🇮🇩 5 Layers Mask
Positivie တွေဝန်းရံနေတဲ့နေ့ရက်တွေမှာလုံခြုံမှုအပြည့်အ၀ယူထားချင်သူတွေ၊ ပိုးအကူးခံရဖို့အနီးစပ်ဆုံးသူတွေ၊ နေ့စဉ်သုံးနေရတဲ့Maskကို စိတ်ချရတာသုံးချင်သူတွေ၊ Quality စိတ်မချရတဲ့ Mask ပါးပါးလေးတွေကိုစိတ်ကုန်နေတယ်ဆိုသူတွေအတွက် Singapore Quality Mask တွေလိုချင်တယ်ဆိုရင်တော့ ဆေးသေတ္တာမှာဝယ်ယူရရှိနိုင်ပါတယ်။
Made in Singapore ဖြစ်ပြီး Singapore FDA passed၊ Europe Standard NOVITA တံဆိပ် SURGICAL RESPIRATOR R5 ဖြစ်ပါတယ်။
အသိအမှတ်ပြုCertificate တွေနဲ့ အပြင်ပုံလေးတွေကိုလည်းပြထားပေးပါတယ်။
တနေကုန်ဝတ်ဆင်ရာမှာတော့စိတ်ချရတဲ့လုံခြုံမှုပေးနိုင်တဲ့အပြင်ဝတ်ထားရတာသက်တောင့်သက်သာရှိမှုကိုလည်းရရှိတယ်ဆိုတဲ့ Feedback တွေရရှိထားပါတယ်။
အခြားအချက်တွေအနေနဲ့
🇮🇩 အလွှာ၅လွှာပါဝင်ပြီး၊ 0.1micron particleတေထိ စစ်ထုပ်ပေးနိုင်ခြင်း
🇮🇩 Filtration efficiency 98-99% ကျော်ပြီး အရည်စိုခံနိုင်မှူလည်းမြင့်တာမို့ သင် ရှူသွင်း ရှူထုတ်လိုက်သမျှကို သန့်စင်ပေးခြင်း
🇮🇩 Mask ကြာကြာတပ်လို့ နားနာတတ်တဲ့သူများအတွက်လည်း ပေါ့ပါးတဲ့အပြင် mask ကို သိုင်းချိတ်ဖို့ hanger တွေလည်းပါတာမို့ အချိန်ကြာကြာmaskတပ်ရသူတွေ အဆင်ပြေစေခြင်း
🇮🇩 နေ့စဉ်သုံးမှသည် ဆေးရုံဆေးခန်း ခွဲစိတ်ခန်းများထိ အသုံးပြုနိုင်ရန် ထုပ်လုပ်ထားလို့ ပိုးမွှားကင်းဝေး ကာကွယ်ရေးအတွက် စိတ်ချစွာ အသုံးပြုနိုင်ခြင်းတို့လည်းပါရှိပါတယ်။
1pcs-2,700Ks
8pcs/pack - 20,000Ks ရှိပြီး 09970650426 ကိုမှာယူနိုင်ပါတယ်။
အားလုံးကျန်းကျန်းမာမာ ရှိကြပါစေ။
ဒီလို အချိန်မှာ ကိုယ်ခံအား မြင့်တင်ဖို့ အတွက် ImmunPro...
==================
အဆင့်မြင့် ZincPlus (ဇင့်ပလက်စ်) နည်းပညာသုံး ဗီတာမင် စီ နှင့် ဇင့် (၂)ခုပေါင်း ကိုယ်ခံအားမြှင့်တင်ပေးမယ့် ImmunPro (အင်မြူးပရို) အားဆေး ဝယ်ယူနိုင်ပါပြီ..
၄လုံး တစ်ကတ် ၁၆၅၀ ကျပ်...
💪 ImmunPro ဟာ အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကိုကာကွယ်ပေးပြီး၊ ရောဂါလက္ခဏာ ခံစားရမှုလျော့ကျစေနိုင်တဲ့အပြင် ဖျားနာခြင်းဝေဒနာများကိုအချိန်တိုအတွင်း အမြန်ပြန်သက်သာစေပါတယ်။ ✅
အရည်အသွေးပိုင်းမှာစိတ်ချရတဲ့ United Pharma Myanmar ထုတ်လုပ်တင်သွင်းတာ ဖြစ်ပါတယ်....
Chat Boxမှာ ဝင်ရောက်မှာယူနိုင်ပါတယ်....
ကိုဗစ်ဖြစ်ပြီး ဘယ်နှစ်ရက်နေရင် ရေချိုးလို့ရလဲ.....
----------------------------
အိုမီခရွန် ကူးစက်ခံရပြီး ရေချိုးလို့ရလား.....
အဖြေက.....
***ရပါတယ်..***
-----
-ကိုဗစ် ဖြစ်နေတုန်း လဲ ရေချိုးလို့ရပါတယ်..
-ကိုဗစ် ဖြစ်ပြီး လဲ ကြိုက်တဲ့ ရက် ရေချိုးလို့ရပါတယ်...
**ရေချိုးခြင်းကြောင့် ကိုယ်အပူချိန်ကျစေတဲ့ အပြင် ပိုးမွှားတွေကိုပါ ရှင်းလင်းပေးနိုင်ပါသေးတယ်..
ဒါပေမယ့် သတိထားရမယ့် အချက်တွေ ရှိပါတယ်..
၁. ကိုဗစ် လူနာရေချိုးလို့ရတယ်ဆိုပေမယ့် အောက်စီဂျင် ကျနေတဲ့ လူနာ၊မောနေတဲ့လူနာ၊ မထနိုင်တဲ့ လူနာတွေ တော့ ရေထမချိုး သင့်ပါဖူး... လှုပ်ရှားမှုကြောင့် အောက်စီဂျင် ပြုတ်ကျတာ၊ မူးမော်ခြင်းကြောင့် ချော်လဲ တာတွေ ဖြစ်တတ်ပါတယ်...
၂. ရေအေး နဲ့ထက် ရေနွေး နဲ့ ချိုးတာ ပိုကောင်းပါတယ်..
ရေနွေး နဲ့ ရေချိုးခြင်းကြောင့် ကိုယ်လက်နာကျင်တာ နဲ့ လည်ချောင်းနာတာတွေ တောင် သက်သာစေနိုင်ပါတယ်..
ရေအေး နဲ့ တော့ သိပ်အားမပေးပါဖူး...
၃. ရေမချိုးနိုင်ရင်တောင် ရေပတ်တိုက်တာ ကိုယ်လက်သန့်စင်တာ လုပ်သင့်ပါတယ်..
၄. ခေါင်းလည်းလျှော်လို့ရပါတယ်..သတိထားရမှာ က ရေချိုးချိုး ခေါင်းလျှော်လျှော် ခြောက်အောင် သုပ် ပြီး နွေးနွေးထွေးထွေးနေဖို့ပါ... ပူပူလောင်လောင်တော့ မနေသင့်ပါဖူး.. ကိုယ်အပူချိန် တတ်နိုင်ပါတယ်..
အားလုံး ကျန်းကျန်းမာမာ ရှိကြပါစေ..
💥C^O^V^I^D ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ။🎈
💪အခုလို အိုမီခရွန် ကိုဗစ် မျိုးကွဲ ပျံ့နှံ့ နေတဲ့ အချိန်မှာ ရောဂါ ကာကွယ်ထားဖို့၊ရောဂါဖြစ်လာရင်လည်း ခံနိုင်ရည် ရှိဖို့ အရေးကြီးလှပါတယ်။
🌟ဒါတွေအတွက် ကာကွယ်ဆေးထိုးချင်တယ်ဆိုရင် ဒီမှာ ကြိုတင်စာရင်းသွင်းနိုင်ပါပြီ။
▪️ထိုးပေးမယ့် ဆေးအမျိုးအစား က တော့ Covidshield နှင့် Covaxin တို့ဖြစ်ပါတယ်.. Booster ပဲ ဖြစ်ဖြစ် မထိုးဖူးတာပဲ ဖြစ်ဖြစ်ထိုးလို့ရပါတယ် ...
✅Cold Chain နဲ့ သေချာထိန်းသိမ်း ထားတဲ့ ကာကွယ်ဆေးများ ဖြစ်ပြီး
✅WHO vaccination လက်မှတ်ရဆရာဝန် များကိုယ်တိုင်လာထိုး ပေးမှာ ဖြစ်ပါတယ်....
✅ထိုးပြီးသွားပြီဆိုရင် သံရုံးများ အသိအမှတ်ပြု ထားတဲ့ Certificate Record နှင့် QR code ကို ဆရာဝန် လက်မှတ်နဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ..
💉ကျတော်တို့ ဆေးသေတ္တာ မှာ လာရောက် ထိုးနှံ နိုင်သလို အိမ်အရောက်၊ရုံးအရောက်လဲ လာရောက်ထိုးနှံဖို့ စီစဉ်ပေးနိုင်ပါတယ်..
▪️ထိုးမယ့် Patient တွေ စိတ်ချရအောင် ထိုးပေးမယ့်ဆရာဝန်များ အနေနှင့် တစ်ပတ်တစ်ခါ Covid Test ပုံမှန်စစ်ခြင်း... တစ်ခါသုံး Level 2 PPE နှင့် လာရောက်ထိုးနှံခြင်း တို့ ပြုလုပ်ထားပါတယ်...
✅ရက်ချိန်းနှင့် ထိုးတာ မို့ စာရင်းပေးသွင်းထားနိုင်ပါတယ်..
09970650426 ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ...
PS : Cash နှင့်သာ မက Kpay, KBZ, CB,AYA တို့နှင့်လည်းပေးချေနိုင်ပါသည်။
……………..
တစ်ခုထပ်ဆောင်းပြီး သတိပေးချင်တာက တော့
ကာကွယ်ဆေးတိုင်း 100% မကာကွယ်နိုင်ပါဖူး…
ဒါကြောင့်…..
✔️Mask တပ်ခြင်း
✔️လက်ဆေးခြင်း
✔️လူစုလူဝေးရှောင်ရှားခြင်း
✔️ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ခြင်းများ ကို အမြဲ သတိရှိရှိနဲ့ ပြုလုပ်ဖို့မမေ့ကြပါနဲ့နော်...
Let's Get Vaccinated !
Feedback from patients !
Thanks 😊
အခုဆိုရင် ဝန်ဆောင်မှု ပေးခဲ့တာ ယောက် ၅၀၀ ကျော် ခဲ့ပြီ ဖြစ်ပါတယ်…
စာရင်းပေးသွင်းချင်တယ် ဆိုရင် Cb မှာ ပေးသွင်းနိုင်ပါတယ်…👇
❗️လည်ချောင်းနာတာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒါဟာ အရမ်းကို အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အထူးသဖြင့် အခု အချိန် ကိုဗစ် မျိုးကွဲ တစ်ခုဖြစ်တဲ့ 🦠အိုမီခရွန် ကူးစက် ခံရရင် လည်ချောင်း အင်မတန်နာတတ်ပါတယ်...
🔺လည်ချောင်းနာခြင်း 🦠
------
လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲမှာ ကြမ်းရှရှ အက်ကွဲကွဲခံစားရပြီး တံတွေးမျိုချတိုင်း နာကျင်မှုကို ခံစားရပါတယ်။ အဲ့လိုဖြစ်ပြီဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးစတာတွေက အမြဲလို လိုက်လာတတ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာတာက အရမ်းကို ပြင်းထန်ပြီး အချိန်လည်း အရမ်းကြာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကိုဗစ်လည်းစစ်သင့်ပါတယ်။
💊💉ကုသခြင်း
------
လည်ချောင်းနာတာ အများစုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ပဋိဇီဝဆေးတွေက လည်ချောင်းနာတာကို မပျောက်ကင်းစေနိုင်ပါဘူး။ ကိုယ်ခံအား ကောင်းအောင် အနားယူတာကသာ နည်းလမ်းကောင်း ဖြစ်ပါတယ်။
✅ရေများများသောက်တာ၊
✅ကောင်းကောင်း အနားယူတာ၊
✅ရေနွေးကို ခွက်တစ်ခုထဲ ထည့်ပြီး ရေနွေးငွေ့ရှူတာ၊
✅လည်ချောင်းဖျန်းဆေး ဖျန်းတာ (ဥပမာ ... Betadine Sore Throat Spray)
✅လည်ချောင်းနာ ပျောက်ဆေးတွေ ငုံတာ၊
✅ကြက်စွတ်ပြုတ်၊ လက်ဖက်ရည်ပူပူ စတဲ့ အစားအသောက်တွေကို မကြာခဏ စားပေးတာ၊
✅ဆားရည်နဲ့ ပလုတ်ကျင်းတာ စတဲ့နည်းလမ်းတွေဟာ လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။
🛡ကာကွယ်ခြင်း
------
✔️လည်ချောင်းနာခြင်းကို ကာကွယ်ချင်ရင်တော့-
✔️ဆေးလိပ်သောက်နေသူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။
✔️ဖျားနာနေတဲ့လူတွေနဲ့ ဝေးဝေးနေပါ။
✔️လက်ကို စင်ကြယ်စွာ ဆေးပါ။
✔️မျက်နှာ၊ မျက်လုံးစတာတွေကို လက်နဲ့ ခဏခဏ မပွတ်ပါနဲ့။
✔️အာဟာရပြည့်ဝအောင် ကိုယ်ခံအားကောင်းအောင် စားသောက်ပါ။
✔️လုံလောက်အောင် အနားယူပါ။
✔️ရေများများ သောက်ပေးပါ။
------
💥ဒါ့အပြင် နောက်ဆုံးအနေနဲ့ ကိုဗစ် ကာကွယ်ဆေး၊ တုတ်ကွေးကာကွယ်ဆေးထိုးထားခြင်းကလဲ သင့်ကို လည်ချောင်းနာခြင်းကနေ ကာကွယ်နိုင်ပါလိမ့်မယ်။
အိုမီခရွန် ကိုဗစ်ရောဂါပိုးဟာ အရင် Delta ထက်စာရင်တော့ ပျော့နိုင်ပါတယ်…. ဒါပေမယ့် အန္တရာယ် မရှိတာ မဟုတ်ပါဖူး…
ကာကွယ်ဆေး မထိုးဖူးသူတွေ… အပြည့်အဝ မထိုးဖူးသူတွေမှာ အန္တရာယ် ကြီးနိုင်ပါတယ်….
ဆေးရုံတက်ရဖို့လိုတဲ့အထိ ရောဂါပြင်းထန် တတ်ပြီး… အသက် အန္တရာယ်ပါရှိတဲ့ ရောဂါပိုး ဖြစ်ပါတယ်…
Credit : Ministry of Health, Singapore
ဒီလို အချိန် မှာ အဆုတ်ကောင်း နေဖို့က အရေးကြီး ဆုံးပါ...*****
*အဆုတ်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးပါဆုံး ကိုယ်တွင်းအင်္ဂါတွေထဲမှာ ပါဝင်ပါတယ်။ အများအားဖြင့် အသက်အရွယ် ကြီးရင့်လာချိန်မှာ အဆုတ်ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အသက်ရှူဖို့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အသက်သေဆုံးသည်အထိ အလုပ်လုပ်နေတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေနိုင်တဲ့ နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။
(၁) ပေါ့ပေါ့ပါးပါးနေပါ
ကိုယ်ရောစိတ်ပါ ပေါ့ပါးနေဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ်သွယ်လျတာကိုပဲ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး တက်ကြွစွာနေထိုင်ဖို့ အရေးကြီးပါတယ်။ သာမန်အချိန်မှာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တဲ့ အဆုတ်တွေဟာ အရေးပေါ်အခြေအနေမှာ အသက်ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ပါဘူး။ လိုအပ်ချိန်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ အဆုတ်တွေ ကောင်းမွန်ဖို့ လိုပါတယ်။
(၂) လေဆိုးလေညစ်ကို ရှောင်ပါ
အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ ဆေးလိပ်ငွေ့၊ ဖုန်မှုန့်၊ ကားအိပ်ဇောနဲ့ စက်ရုံထွက် ဓာတ်ငွေ့တွေဟာ အဆုတ်ကို များစွာ ထိခိုက်စေပါတယ်။ အတတ်နိုင်ဆုံး ရှောင်ရှားပြီး ကျန်းမာရေးကို ဂရုစိုက်ပါ။ ဒီအရာတွေဟာ လတ်တလော ဒုက္ခပေးမယ့်ပုံ မပြပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာပါ။
(၃) လေ့ကျင့်ခန်းလုပ်မည့် နေရာကို သေချာရွေးချယ်ပါ
နေရာတိုင်းဟာ လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်ပါဘူး။ ကိုယ်နဲ့သင့်တော်တဲ့ နေရာကို သေချာရွေးချယ်ပြီး လေ့ကျင့်ပါ။ လူမထူထပ်ဘဲ လေကောင်းလေသန့်ရနိုင်တဲ့ နေရာတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးပါပဲ။ မှန်ကန်တဲ့နည်းလမ်းနဲ့ လေ့ကျင့်ခန်းလုပ်တာဟာ အဆုတ်ကို ပိုမိုသန်မာစေပြီး အမောခံနိုင်စေပါတယ်။
(၄) အသက်ဝဝ ရှူပါ
လေကောင်းလေသန့်ရတဲ့နေရာတွေမှာ အသက်ကို ဝဝရှူပါ။ ရှူသွင်းလိုက်တဲ့ လေကို အပြည့်အဝ ခံစားပြီးမှ ရှူထုတ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ အခွင့်အရေး မရှိရင်တောင် အသက်ကို ဝဝရှူဖို့တော့ သတိရပါ။ အားလပ်ချိန်မှာ ဝင်လေထွက်လေကို သတိပြုကြည့်ပါ။
(၅) သက်တောင့်သက်သာ အလုပ်လုပ်ပါ
မိမိအတွက် အဆင်ပြေမယ့် လုပ်ငန်းခွင်ကို ဖန်တီးပါ။ လုပ်ငန်းခွင် အဆင်မပြေမှုဟာ စိတ်ကိုရော၊ ကျန်းမာရေးကိုပါ များစွာထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုများလာရင် အသက်ရှူနှုန်း မမှန်တော့ပါဘူး။ လုံလောက်တဲ့ အောက်စီဂျင် ရှူမသွင်းနိုင်တဲ့ အဆုတ်ဟာ ဘယ်လိုမှ ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။
(၆) ရေများများ သောက်ပါ
နည်းနည်းတော့ ထူးဆန်းနေနိုင်ပါတယ်။ ရေများများ သောက်ပေးတာဟာ လုံလောက်တဲ့ ရေဓာတ်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ခြောက်သွေ့နေတာဟာလည်း ရောဂါတွေ ဝင်ရောက်ဖို့ အခွင့်အလမ်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အချိန်တွေမှာ မသိသာနိုင်ပေမယ့် ရောဂါပိုးဝင်ရောက်လာချိန်မှာတော့ ကျန်းမာတဲ့ အဆုတ်က အများကြီး ခံနိုင်ရည်ရှိပါတယ်။
(၇) သင့်တော်တဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ
ပြင်းပြင်းထန်ထန်လုပ်တိုင်း အကျိုးရှိတယ်လို့ မဟုတ်ပါဘူး။ အားမသုံးဘဲ ပုံမှန်လမ်းလျှောက်တာလည်း ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ အဓိက က သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်နေဖို့ပါပဲ။
(၈) ပုံမှန် ဆေးစစ်မှုခံယူပါ
ကျန်းမာနေချိန်မှာလည်း ပုံမှန်ဆေးစစ်ပါ။ အသက်ရှူလမ်းကြောင်းဟာ အရေးအကြီးဆုံးပါ။ ရောဂါကြီးထွားမှု မရှိသေးခင်မှာ တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ပုံမှန်စစ်ဆေးပါ။
ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
💥C^O^V^I^D ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ။🎈
▪️နိုင်ငံခြားသွားဖို့ပဲဖြစ်ဖြစ်
▪️ရုံးတက်ဖို့ပဲဖြစ်ဖြစ်
▪️ရောဂါ ကာကွယ်အောင်လို့ပဲဖြစ်ဖြစ်
▪️ကျောင်းတတ်ဖို့ပဲ ဖြစ်ဖြစ်.....
💪အခုလို ခေတ်မှာ ရောဂါ ကာကွယ်ထားဖို့က အရေးကြီးလှပါတယ်။
🌟ဒီလို ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးထိုးချင်တယ်ဆိုရင် ဒီမှာ ကြိုတင်စာရင်းသွင်းနိုင်ပါပြီ။
✅ဆရာဝန်များကိုတိုင်ထိုးပေးခြင်း
✅Cold Chain စိတ်ချရခြင်း
✅ဆေးအစစ်အမှန်ဖြစ်ကြောင်း ၁၀၀ရာနှုန်း အာမခံခြင်း
✅မှတ်တမ်း (Record Card) ရရှိနိုင်ခြင်း
✅ရှေ့တွင်လမ်းဆေးထိုးသော အတွေ့အကြုံများရှိခြင်းကြောင့် စိတ်ချရခြင်း…..
တို့ကြောင့် စိတ်ချလက်ချ ထိုးနှံ နိုင်ပါသည်။
🏥ဆရာဝန်များနှင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
✅ ကြိုတင်စာရင်း ပေးရန်...
☎️09766531399
……………..
တစ်ခုထပ်ဆောင်းပြီး သတိပေးချင်တာက တော့
ကာကွယ်ဆေးတိုင်း 100% မကာကွယ်နိုင်ပါဖူး…
ဒါကြောင့်…..
✔️Mask တပ်ခြင်း
✔️လက်ဆေးခြင်း
✔️လူစုလူဝေးရှောင်ရှားခြင်း
✔️ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ခြင်းများ ကို အမြဲ သတိရှိရှိနဲ့ ပြုလုပ်ဖို့မမေ့ကြပါနဲ့နော်...
Let's Get Vaccinated !
မှတ်ချက်။ ။ ပုံထဲကအပ်လောက် အပြင်မှာ မကြီးပါ…😊
ကိုဗစ် ၁၉ ကို တစ်ကျော့ ပြန်ကြောက်နေရပြီ... ⚠️⚠️⚠️⚠️
အိုမီခရွန် (Omicron)လို မျိုးစိတ်သစ်တွေ လဲ ထပ်ထပ် ဖြစ်နေကြပါပြီဆိုတော့......
ကိုယ့်မှာ မဖြစ်အောင် ကြိုကာကွယ်ဖို့ ဘာတွေ လုပ်ဖြစ်နေလဲဟင်...???⁉️⁉️⁉️....
ကိုဗစ် ကာကွယ်ဆေးထိုးပြီးပြီလား ?✅✅
ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ကော ထိုးပြီး ပြီလား?✅✅
အပြင်ထွက်တိုင်း Mask တပ်ဖြစ်လား?✅✅
လက် ခဏခဏ ဆေးဖြစ်လား? ✅✅
လူစုလူဝေးကော ရှောင်ဖြစ်ကြလား?? ✅✅
#ကျန်းကျန်းမာမာ
မိမိနေ့တိုင်းလုပ်နေမိတဲ့ တချို့အလေ့အကျင့်တွေက
ကျောက်ကပ်ပျက်စီးစေနိုင်တယ်ဆိုတာသတိထားမိကြလား..❓❓
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ကတော့ ကိုဗစ်ကိုကာကွယ်ဖို့ လက်ဆေး၊ Mask တပ် ရုံသာမက ကာကွယ်ဆေး ထိုးဖြစ်အောင်ထိုးဖို့ ထပ်ခါထပ်ထါ သတိပေးနေပါပြီ။
သင်တို့ ရော ကာကွယ်ဆေးထိုး ပြီး ရောဂါ ကို ကာကွယ်ဖို့ အဆင်သင့် ဖြစ်ပြီလား …..
ကာကွယ်ဆေး နဲ့ ပတ်သတ်ပြီး သိချင်ပါက 09766531399 ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်၊၊
This holidays season, don't let COVID-19 slip through the cracks, whatever variant is circulating in your area:
1️⃣ Avoid the virus
2️⃣ Guard yourself and others
3️⃣ Get vaccinated as soon as it's your turn
မြန်မာနိုင်ငံမှာ ကာကွယ်ဆေးဘုစတာ ဘယ်လိုထိုးရမလဲ....?
ဒီရက်ပိုင်းမှာ အိုမီခရွန်ကိုကာကွယ်နိုင်ဖို့အတွက်စိတ်ပူပြီး Page မှာရော ကာကွယ်ဆေးထိုးနှံပေးတဲ့အချိန်တွေမှာရော မေးမြန်းကြတာတွေများတဲ့အတွက် ကာကွယ်ဆေးဘုစတာ ဘယ်လိုထိုးရမလဲဖော်ပြပေးလိုက်ပါတယ်။
ယေဘူယအားဖြင့်မြန်မာနိုင်ငံမှာကာကွယ်ဆေးထိုးထားပြီးသူတွေမှာ၂မျိုးရှိနိုင်ပါတယ်။ ပထမတမျိုးကတော့ ဆိုငိနိုဖန်း ၂ကြိမ် ထိုးထားသူဖြစ်ပြီး ဒုတိယတမျိုးကတော့ ကိုဗစ်ရှီး၂ကြိမ်ထိုးထားသူဖြစ်ပါတယ်။
ဆိုင်နိုဖန်း၂ကြိမ်ထိုးထားသူတွေအနေနဲ့ဒုတိယတကြိမ်ထိုးပြီး(၃လ)အကြာမှာ ဘုစတာ အဖြစ် ကိုဗစ်ရှီးကိုထိုးနှံနိုင်ပါတယ်။ကိုဗစ်ရှီး၂ကြိမ်ထိုးထားသူတွေအနေနဲ့တော့ ဒုတိယတကြိမ်းထိုးပြီး (၃လ)ကနေ(၆လ) ကြားမှာဘုစတာအဖြစ် ကိုဗစ်ရှီး သို့မဟုတ် ဆိုင်နိုဖန်း ကိုထိုးနှံနိုင်ပါတယ်။ ကျန်းမာရေးပညာရှင်တွေအနေနဲ့တော့ဆိုင်နိုဖန်းရဲ့လေ့လာစမ်းသပ်ချက်တွေကိုသိရှိဖို့ခက်ခဲတာတွေကြောင့် ဘုစတာ အတွက် ကိုဗစ်ရှီးကို ပိုမိုအကြံပေးထားကြတာကိုလည်းတွေ့ရပါတယ်။
ကာကွယ်ဆေးအောင်/မအောင်ဟာတဦးနှင့်တဦးမတူညီနိုင်တဲ့အတွက်သေချာချင်ရင်တော့ကိုယ်နောက်ဆုံးဆေးထိုးထားတဲ့အချိန်ကိုတွက်ဆပြီး အရေအတွက်အတိအကျသိရတဲ့ကိုယ်ခံအားအန်တီဘောဒီ ကိုဓါတ်ခွဲခန်းတွေမှာစစ်ဆေးပြီးဘုစတာအတွက်ထိုးသင့်မထိုးသင့်ဆုံးဖြတ်တာဟာလည်းကောင်းတဲ့အစီအစဉ်တခုဖြစ်ပါတယ်။
ဆေးသေတ္တာမှ ကာကွယ်ဆေးထိုးနှံတဲ့အစီအစဉ်တွေကိုစုံစမ်းချင်ရင်တော့ Page ရဲ့Chat Box သို့မဟုတ် ၀၉၇၆ ၆၅၃ ၁၃၉၉ ကနေမေးမြန်းလို့ရပါတယ်။