Shalom-ရှလုံမ် Pre-School

Shalom-ရှလုံမ် Pre-School

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shalom-ရှလုံမ် Pre-School, Nursery, .

Photos from Shalom-ရှလုံမ် Pre-School's post 29/11/2023

အကြီးတန်း ကလေးလေးတွေရဲ့ စာရေးချိန်လေး✏️✏️
တီချယ့် အချစ်ကလေးတွေ❤️❤️

Photos from Shalom-ရှလုံမ် Pre-School's post 24/11/2023

ဒီနေ့သောကြာနေ့ အကြီးတန်းလေးတွေရဲ့ Activity လေးကတော့ တည်ဆောက်ကစားနည်းလေးပါ😘

#အမြင်အာရုံနဲ့လက်တတန်းထဲဖြစ်စေပြီးစိတ်အာရုံစူးစိုက်နိုင်စေရန် အထောက်အကူပြုတဲ့ တည်ဆောက်ကစားနည်း ပြိုင်ပွဲလေးဖြစ်ပါတယ်ရှင့်😍😍

Photos from Shalom-ရှလုံမ် Pre-School's post 24/11/2023

ဒီနေ့သောကြာနေ့ Activity လေးက အငယ်တန်းလေးတွေအတွက် ဖယောင်းတိုင်မီးမှုတ်ပြိုင်ပွဲလေးပါ❤️

#ပါးစပ်ကြွက်သား‌လေးတွေသန်မာအောင်‌စကားအသံပီသ‌စေပြီးစကားလုံးအရှည်တွေပြောနိုင်အောင် အထောက်အကူပြုတဲ့ လေမှုတ်ပြိုင်ပွဲလေးပေးကစားထားပါတယ်😍

မွေးနေ့ကိတ်ဆိုမီးအရမ်းမှုတ်ချင်နေကြတာနဲ့ဒီGame‌လေးနဲ့အရမ်းပျော်နေကြသော ဘေဘီပိစိလေးများ.....နောက်ဆုံးမှာ ဆရာကြီး၂ယောက်ရဲ့အကြိတ်အနယ်ယှဉ်ပြိုင်နေပုံကိုတွေ့ရပါမယ်😘😘

24/11/2023

ဖေဖေမေမေတို့ရှင့်
မနက်ဖြန် ပုံမှန်ကျောင်းပိတ်ရက် စနေ၊တနင်္ဂနွေ‌နေ့ အပါအဝင် 27.11.2023(တနင်္လာနေ့)သည် တန်ဆောင်မုန်းလပြည့်နေ့ ပိတ်ရက်ဖြစ်ပါသောကြောင့် စုစုပေါင်း ကျောင်း(၃)ရက်ပိတ်ပါတယ်နော်။

28.11.2023(အင်္ဂါနေ့)လေးမှာ ကျောင်းပြန်တက်ရပါမယ် ချစ်သော ကလေးလေးတို့ရေ😍😍

#တီချယ်အိ

Photos from Shalom-ရှလုံမ် Pre-School's post 23/11/2023

Happy Blessed birthday ပါ သမီးလေး Eden Par🎁🎈🎂🎊🎉

သမီးလေးရဲ့ 4နှစ်ပြည့်မွေးနေ့လေးကစပြီး ရှေ့လာမယ့် အသက်တာမှာ ဘုရားသခင်ရှေ့ လူတို့ရှေ့မှာ မျက်နှာသာရစွာဖြင့် အစဉ်အတိုင်းကြီးထွားပြီး ဝမ်းမြောက်ခြင်း ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာတွေနဲ့ပြည့်ဝတဲ့ အသက်တာလေးပိုင်ဆိုင်နိုင်ပါစေ May God bless you always 😇

22/11/2023

Hello ဖေဖေမေမေတို့ရေ မနက်ဖြန် 23.11.2023 ကြာသပတေးနေ့တွင် သမီး‌လေး ဧဒင်ပါရ်းမွှေးရဲ့ မွေးနေ့ရှိပါသဖြင့် နေ့လည်စာ ကြာဇံကြော်ကျွေးပါမယ်ရှင့်🍝🍝

ထမင်း/ဟင်း ထည့်မလာလို့ရပါတယ်နော်🙅

#မှတ်ချက်
ကြာဇံကြော်ထည့်စားဖို့ရန် ထမင်းချိုင့်/ထမင်းဘူး အလွတ်နှင့် ဇွန်းထည့်ပေးလိုက်ပါရှင့်....

#တီချယ်အိ

Photos from Shalom-ရှလုံမ် Pre-School's post 17/11/2023

ဒီနေ့သောကြာနေ့ ပန်းချီအချိန်လေးမှာတော့ ကလေးလေးတွေကိုယ်တိုင် လက်နဲ့မရေးဆွဲဘဲ လေနဲ့မှုတ်ပြီးပုံ‌ဖော်ထားကြတဲ့ ဆေးမှုတ်ရောင်စုံပန်းချီလေးတွေ လှလိုက်တာရှင့်❤️

31/10/2023

တီချယ့် အသဲလေးတို့ရေ နေကောင်းကြရဲ့လား❓သီတင်းကျွတ် ကျောင်းပိတ်ရက်လေးမှာ ခရီးတွေထွက် ဘုရားဖူးသွား ကစားကွင်းသွားနဲ့ ပင်ပန်းနေကြပြီလား❓မနက်ဖြန် 1.11.2023( ဗုဒ္ဓဟူးနေ့) ကျောင်းပြန်တက်ရပြီနော်... ပိတ်ရက်လေးမှာ ဘယ်ကိုလည်ခဲ့တယ်၊ ဘယ်ကိုသွားခဲ့တယ်၊ ကစားခဲ့တယ် စားခဲ့တယ်၊ဘာတွေလုပ်ခဲ့တယ် ဆိုတဲ့အတွေ့အကြုံလေးတွေကို မနက်ဖြန်ကျောင်းတက်ရင် တီချယ်ကို ပြန်ပြောပြဖို့ အဆင်သင့်ဖြစ်နေကြပြီလား တီချယ့်ကတော့ ပိတ်ရက်လေးမှာ တီချယ့်အသဲပိစိလေးတွေကို အရမ်းလွမ်းနေပါပြီနော်😍

မနက်ဖြန်တွေ့ကြမယ် see you tomorrow 😘

#တီချယ်အိ

Photos from Shalom-ရှလုံမ် Pre-School's post 27/10/2023

သီတင်းကျွတ်ပြီ...မီးပုံးပျံလွှတ်ကြရအောင်🎆🏮

ကလေးလေးတွေအတွက် သီတင်းကျွတ် အိမ်ပြန်လက်ဆောင်‌‌ ရောင်စုံမီးပုံးလေးတွေနဲ့အမှတ်တရ😘

26/10/2023

Shalom မူကြိုကျောင်းရဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်လေးကို

27.10.2023(သောကြာနေ့)မှ 31.10.2023(အင်္ဂါနေ့)အထိ
စနေ‌နေ့ ၊တနင်္ဂနွေနေ့ အပါအဝင် ကျောင်း(၅)ရက် ပိတ်ပါမည်။

1.11.2023(ဗုဒ္ဓဟူးနေ့)တွင် ကျောင်းပြန်တက်ရမည် ဖြစ်ပါကြောင်း ဖေဖေမေမေတို့ထံ အသိပေးကြေငြာအပ်ပါတယ်ရှင့်

#တီချယ်အိ

Photos from Shalom-ရှလုံမ် Pre-School's post 21/10/2023

Happy birthday တီချယ်မီးလေး🎁🎈🎊🎉🎂
လိုအင်ဆန္ဒတွေပြည့်ဝပြီး အောင်မြင်တဲ့အသက်တာနဲ့ ရှေ့လာမယ့် မွေးနေ့တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ❤️❤️
May God bless you always 🎁

Photos from Shalom-ရှလုံမ် Pre-School's post 20/10/2023

ဒီနေ့က သောကြာနေ့ဆိုတော့သီတင်းကျွတ်ပွဲတော်အ‌ကြောင်းသင်ခန်းစာလေးအပြီး သီတင်းကျွတ်နဲ့ ပါတ်သက်တဲ့ ပုံလေးတွေ ဆေးရောင်စုံချယ်ကြပါတယ်ရှင့်❤️❤️

Photos from Shalom-ရှလုံမ် Pre-School's post 17/10/2023

Happy birthdayပါ သမီးလေး🎂🎈🎁🎉🎈

သမီး‌လေး နှင်းရွှေရည်လှိုင် 3နှစ်ပြည့် မွေးနေ့မင်္ဂလာမှ နောင်နှစ်ပေါင်းများစွာတိုင်အောင် အသက်ရှည် အဆင်းလှစွာ လိုအင်ဆန္ဒများပြည့်ဝစွာနဲ့ ပညာတတ် ထူးချွန်ထက်မြက်လိမ်မာပြီး ဖေဖေ၊မေမေတို့ အားကိုးဂုဏ်ယူ တန်ဖိုးထားရတဲ့ အဖိုးတန် သမီးရတနာလေးဖြစ်ပါစေလို့ တီချယ်တို့ ဆုတောင်း ပေးပါတယ် သမီးလေး🎂🎁🎈🎉🎊

Photos from Shalom-ရှလုံမ် Pre-School's post 04/10/2023

Happy birthday ပါ ရွှေရုပ်လေးရေ🎉🎊🎂🎁🎈

10လသမီးလေး လေးဖက်သွားအရွယ်ကနေ အသက် 2နှစ်အရွယ်လေးဖြစ်လာပြီ....
ရှေ့ဆက်ပြီးတော့ တစ်နှစ်ပြီးတစ်နှစ် ရောက်ရှိလာဦးမယ့် မွေးနေ့ပေါင်းများစွာကို ကျန်းမာ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ....လိမ်မာသိတတ်ပြီး ဖေဖေမေမေတို့ တန်ဖိုးထားဂုဏ်ယူနေရတဲ့ အဖိုးတန် သမီးလေးဖြစ်ပါစေကွယ်😘❤️

#ရွှေရုပ်နာမည်အရင်းကိုတီချယ်တွေဒီနေ့မှစသိတာ
ရွှေရုပ်နာမည်အရင်းသိချင်ရင်‌ နောက်ဆုံးပုံမှာကြည့်ကြပါရှင့်😍😍

#တီချယ်အိ

Photos from Shalom-ရှလုံမ် Pre-School's post 29/09/2023

ဒီတစ်ပါတ်ရဲ့ သင်ခန်းစာမှာတော့ အရသာ(၅)မျိုးနဲ့ပါတ်သက်ပြီး ဘယ်လိုအစားအစာတွေကနေ ဘယ်လို အရသာလေးတွေ ရရှိလဲဆိုတာကို လေ့လာသင်ယူအပြီး သင်ခန်းစာနဲ့ပါတ်သက်တဲ့ ရုပ်ပုံလေးတွေ ဆေးရောင်လှလှခြယ်ကြပါတယ်ရှင့်❤️❤️

#တီချယ်အိ

25/09/2023

စာတွေဆိုတတ်နေတဲ့ အငယ်ဆုံးလေး❤️😘

Photos from Shalom-ရှလုံမ် Pre-School's post 25/09/2023

သံပြိုင် ညီတူ စာတူတူဆိုချိန်လေး❤️
နောက်ဆုံးပုံမှာ အငယ်ဆုံးလေးက သူလည်း စာတွေရပါတယ်ပေါ့လေ😘😘

Photos from Shalom-ရှလုံမ် Pre-School's post 22/09/2023

ဒီနေ့ သောကြာနေ့ဆိုတော့
ပျော်ပျော်ရွှင်ရွှင် Game ကစားကြတာပေါ့....👣👣

Photos from Shalom-ရှလုံမ် Pre-School's post 02/09/2023

ဆေးရောင်စုံခြယ်တယ်ဆိုတာ စာရေးခြင်း မဟုတ်သော စာရေးခြင်းတစ်မျိုးပါ🎨🖌️

အရောင်တွေ အပြင်ကို ချော်မထွက်ဘဲ နေရာတကျ ကောင်းကောင်းခြယ်တတ်တဲ့ ကလေးတစ်ယောက်ဟာ လက်ရေးလှလှလေးနဲ့ စာရေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ဖော်ပြပါတယ်...

ဒါကြောင့် မူကြိုကျောင်းတွေမှာ ကလေးတွေကို ဆေးအရောင်ပေးခြယ်တယ်ဆိုတာ ပျော်ရွှင်‌စေဖို့ တစ်ခုထဲကို ရည်ရွယ်တာ မဟုတ်ဘဲ ကလေး‌လေးတွေရဲ့ အာရုံစုစည်းနိုင်မှုနဲ့အတူ လက်ချောင်းကြွက်သားလေးတွေ သန်မာစွာဖြင့် ခဲတံကိုမှန်ကန်စွာကိုင်နိုင်‌ပြီး လက်ရေးလှလှလေးနှင့် စာရေးတတ်နိုင်စေဖို့အတွက်ပါ ရည်ရွယ်ပြီး သင်ကြားပေးနေသော သင်ကြားနည်းတစ်မျိုးဘဲ ဖြစ်ပါတယ်ရှင့်

#တီချယ်အိ

30/08/2023

၁၀လပိုင်းမှာ ၂နှစ်ပြည့်မယ့် အငယ်ဆုံးလေး❤️
စကားသာ မပီသေးတာ စာတွေ ကဗျာတွေ အကုန် ဆိုတတ်နေပြီ😘😘

29/08/2023

ကလေး နှင့် သွေးလွန်တုတ်ကွေး🦟🦟

24/08/2023

မူကြိုမှာ ကလေးတွေကို ဘာလို့အိပ်ခိုင်းတာလဲ။ တကယ်ရော အိပ်ချိန်က လိုအပ်ရဲ့လားဆိုတဲ့မေးခွန်းအတွက်ပါ

မူကြိုလာအပ်ရင် နေ့တပိုင်းနဲ့ တနေကုန် ဘာကွာလဲဆိုတာရှင်းပြတိုင်း အိပ်ချိန်ပါတယ်ပြောရင် တချို့တွေရဲ့ reactionက "အိပ်ချိန်ကြီးလား??" "ရတယ် ဘာမှမဖြစ်ဘူး သူက နေ့လည်အိပ်လေ့မရှိဘူး" "အိပ်ချိန်ဆိုတာ အဲ့လောက်အထိ အရေးမကြီးပါဘူး" စသဖြင့် အမျိုးမျိုးတွေ့ရပါတယ်။ တချို့တွေဆို ဆရာမတွေ သက်သာအောင် ကလေးတွေသိပ်တယ်လို့တောင် ထင်ကြတာရှိပါတယ်။

အဲ့တော့ ကလေးသိပ်တာက တကယ်ပဲ ဆရာမတွေသက်သာအောင်သိပ်တာလား။ အရေးမကြီးဘူးလား။ အဖြေကတော့ လုံးဝNoပါ။ ဘာလို့ဆို အောက်မှာပါတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

Early childhood expertတစ်ယောက်ပြောတာကတော့ နေ့ခင်းအိပ်ချိန်က ကလေးတွေအတွက် သင်ယူမှုပိုင်းမှာ အထောက်အကူပြုနိုင်တဲ့ အခွင့်အလမ်းတစ်ခု (တနည်း) သူတို့ရဲ့energyတွေကို ဖြည့်တင်းပေးမဲ့အချိန်ဖြစ်ပါတယ်တဲ့။ ၅နှစ်အောက် ကလေးတွေက ညဘက်မှာ ၁၁နာရီကနေ ၁၂နာရီအထိ အိပ်ချိန်ရှိရမှာဖြစ်ပြီး နေ့ခင်းတစ်ရေးအိပ်ချိန်က အနည်းဆုံး၁နာရီ ရှိရမှာပဲ ဖြစ်ပါတယ်။

ဆရာမတွေက အိပ်ခါနီးမှာ သူတို့အတွက် ငြိမ်ငြိမ်စိမ်စိမ်ရှိစေမဲ့ Programတွေ ဥပမာအားဖြင့် စာဖတ်တာမျိုးနဲ့ Puzzleဆက်ခိုင်းတာမျိုးဖြစ်ဖြစ် လုပ်ပေးရပါတယ်။ အိပ်တဲ့နေရာကိုလဲ အတတ်နိုင်ဆုံး မီးမှိန်နိုင်သမျှ မှိန်အောင်ထားပေးရပြီး သူတို့အတွက် သက်တောင့်သက်သာ ရှိစေမဲ့ ခေါင်းအုံး အခင်းတို့ကို အသုံးပြုပြီး သူတို့လေးတွေ စိတ်အေးချမ်းသာစွာနဲ့ အိပ်နိုင်အောင် စီစဉ်ထားဖို့လိုပါတယ်။

အိပ်တဲ့အချိန်မှာလဲ ကလေးတစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ တချို့ကျတော့ သူကြိုက်တဲ့ စာအုပ်လေးဖတ်ပြီးတာနဲ့ အိပ်ပျော်နိုင်သလို တချို့ကလဲ သူအရမ်းကြိုက်တဲ့အရုပ်လေးကိုဖက်ပြီး အိပ်တတ်ကြပါတယ်။ ကျောင်းမှာတော့ စာဖတ်တာက မအိပ်ခင်Activityဖြစ်ပြီး အိပ်ယာဝင်တာနဲ့ သူတို့လေးတွေကို တီချယ်တွေက သိပ်ပေးပါတယ်။ သိပ်ပေးတဲ့အခါ Sleep musicလေးတွေဖွင့်ပေးပြီး သိပ်ပါတယ်။ တချို့ကျ ဖင်လေးပုတ်ပေးရတယ်။ တချို့ကျ T zoneလေးကို ပွတ်ပေးရတယ်။ တချို့ကျ ဆံပင်လေးတွေကြားထဲကို လက်ချောင်းတွေနဲ့ ဖွပေးပြီး ခေါင်းလျှော်သလိုလေး လုပ်ပေးရတယ်။ အရမ်းလှုပ်လွန်းတဲ့ကလေးတွေကျရင် ကိုယ်ပေါ်တင်သိပ်ရတာမျိုးလုပ်ပေးရတယ်။ နောက်ဆုံး သူ့ဘေးမှာ တီချယ်ပါလှဲအိပ်လိုက်မှပဲ တီချယ်ကိုဖက်ပြီး အိပ်ပျော်သွားတာမျိုးလေးတွေလဲ ရှိပါတယ်။

ကဲ ကလေးတွေအားလုံး အိပ်သွားပြီ။ တီချယ်တွေ ခဏလွတ်လပ်ရေးရပြီလို့ထင်ပါသလား။ ဆက်လက်ပြီးNoပါ။ ထမင်းအပြေးစားရတယ်။ အခန်းထဲမှာ Dutyကျန်ခဲ့တဲ့ တီချယ်ထမင်းစားနိုင်အောင် သုတ်သုတ်စားပြီး dutyလဲပေးရတယ်။ အခန်းထဲရောက်ရင် မှောင်ထဲမှာ သူတို့လေးတွေ အိပ်တာ ပုံစံမှကျရဲ့လား။ လှုပ်ရင်းရှားရင်း လက်တွေများ ဖိမိနေမလား စိုးရိမ်တကြီး လိုက်ကြည့်ရတယ်။ ယောင်ရင် အနားသွားထိုင် ပြန်သိပ်ပေးရပါတယ်။

တနင်္လာကနေ သောကြာကတော့ ကျောင်းမှာ အိပ်ပြီး စနေတနင်္ဂနွေမှာလဲ မအိပ်လို့မဖြစ်ပါဘူး။ အဲ့တော့ အိမ်မှာ သိပ်တဲ့အခါ မိဘတွေ သတိထားဖို့ အချက်လေးတွေပါ။

အိမ်မှာ ကလေးတွေကို နေ့ခင်းအိပ်ခိုင်းတဲ့အခါ မိဘတွေ သတိထားသင့်တဲ့အချက်၃ခုရှိပါတယ်။

(1) စိတ်ရှည်ပါ။
ဟုတ်ပါတယ်။ ကလေးတစ်ယောက်ကို သိပ်ရတယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးအရ ကလေးအနားရဖို့လိုတဲ့အတွက် စိတ်ရှည်ရှည်ထားပြီး သိပ်ရပါမယ်။

(2) တစ်ရေးအိပ်ချိန်ကို ပျော်ရွှင်စရာကောင်းတဲ့ အချိန်လို့ပဲ မှတ်ယူပါစေ။
တချို့ရှိပါတယ်။ နေ့လည်ခင်း မအိပ်ရင် ဘာမဝယ်ပေးဘူး ဒါမလုပ်ပေးဘူးနဲ့ ချိန်းခြောက်မိတာမျိုးတွေ ရှိမှာပါ။ ကလေးတွေကို နေ့တိုင်း အေးအေးဆေးဆေး အိပ်စေချင်ရင် အဲ့ဒါမျိုး လုံးဝလုပ်လို့မရပါဘူး။ အိပ်တယ်ဆိုတာ သူတို့ကို ပိုပြီး energeticဖြစ်လာစေဖို့ ရည်ရွယ်တယ်။ သားသား/မီးမီးအိပ်နေတဲ့အချိန် ဖေဖေမေမေက သားသား/မီးမီးကိုထားပြီး ဘယ်မှမသွားဘူးဆိုတာမျိုး ပြောပြပေးပါ။ သူတို့စိတ်ချလက်ချနဲ့ သက်တောင့်သက်သာ အိပ်နိုင်ပါစေ။

(3) အိပ်ယာကို အိပ်ယာအဖြစ်ပဲအသုံးပြုပါ။
မူးသွားပြီလား။ ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ တချို့ကျတော့ အိပ်ယာပေါ်မှာ ကစားစရာတွေပါတင်ပြီး ပေးဆော့တော့ အိပ်ယာနဲ့ ကစားကွင်းမသဲကွဲ ဖြစ်ခဲ့ရင် ကလေးက အိပ်ချိန်မှာလဲ ကစားနေပါလိမ့်မယ်။ အိပ်တဲ့နေရာနဲ့ ကစားတဲ့နေရာမတူရင် ပိုလို့အဆင်ပြေပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ ကလေးကို စိတ်မရှည်တာနဲ့ပဲ ခေါင်းကို လုံးဝလုံးဝ ကိုင်မလှုပ်မိပါစေနဲ့။ ကလေးရဲ့ ဦးနှောက်လေးတွေထဲက Nerveကြောသေးသေးလေးတွေက ရုတ်တရက်လှုပ်တာကို မခံနိုင်တာမို့ ဦးခွံနဲ့ထိပြီး ပေါက်နိုင်ပါတယ်။ ကိုယ့်ရဲ့ တခဏလေးပေါ်လာတဲ့ အတွေးလေးနဲ့ ကလေးလေးတွေရဲ့ ဦးနှောက်လေးကို မထိခိုက်စေပါနဲ့နော်။

အခုဆိုရင် ကလေးတွေရဲ့ အိပ်ချိန်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဖေဖေမေမေတို့ သတိထားမိလောက်ပြီ ထင်ပါတယ်နော်။ အမြဲတမ်း ကျန်းမာပျော်ရွှင်တဲ့ Geniusလေးတွေရဲ့ ဖေဖေမေမေတွေ ဖြစ်ပါစေရှင်။

Crd #

Photos from Shalom-ရှလုံမ် Pre-School's post 23/08/2023

မွေးနေ့မှာ သားသားမီးမီးလေးတွေနဲ့အတူပျော်ရွှင်ရအောင် Surprise စီစဉ်ပေးသော တီချယ်မီးလေးနှင့်ပါဝင်ကူညီပေးကြသော တီချယ်‌လေးများကို ကျေးဇူးအထူးပါနော်🥰

မွေးနေ့ဆုတောင်းပေးကြသော သားသား၊မီးမီးလေးတွေနဲ့ ခင်မင်ရင်းနှီးရ‌သော အသိမိတ်ဆွေ မိဘများအားလုံးကို လည်းကျေးဇူးတင်ပါတယ်ရှင့်😍

#တီချယ်အိ

23/08/2023

မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ မွေးနေ့လက်ဆောင်ပေးကြသော သားသားမီးမီးလေးတို့ရဲ့ မိဘများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်🥰😍😘

#တီချယ်အိ

Photos from Shalom-ရှလုံမ် Pre-School's post 21/08/2023

ဒီနေ့လေးကတော့ Shalom Pre School ရဲ့ Founder တီချယ်ဖြစ်တဲ့ တီချယ်အိရဲ့ မွေးနေ့လေးဖြစ်ပါတယ်❤️

Happy Birthdayပါ တီချယ်အိ
Shalom Ei Zarni Kyaw
မွေးနေ့မှာပျော်ရွှင်ပါစေနော် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လိုအင်ဆန္ဒများပြည့်ဝပါစေ🎈🎂🎊
May God bless you always 🎁

#21.8.2023

19/08/2023

Hello.... ဖေဖေ၊မေမေတို့ရှင့်
မူကြိုကျောင်းပိတ်ရက်လေးကို ဝါတွင်းကာလ ဥပုသ်နေ့မှာ မပိတ်ဘဲ ပုံမှန်ပိတ်ရက်ဖြစ်တဲ့ စနေ၊တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များကိုသာ ပိတ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ရှင့်

#တီချယ်အိ

Videos (show all)

စာတွေဆိုတတ်နေတဲ့ အငယ်ဆုံးလေး❤️😘
၁၀လပိုင်းမှာ ၂နှစ်ပြည့်မယ့် အငယ်ဆုံးလေး❤️စကားသာ မပီသေးတာ စာတွေ ကဗျာတွေ အကုန် ဆိုတတ်နေပြီ😘😘
ကလေး နှင့် သွေးလွန်တုတ်ကွေး🦟🦟
မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ မွေးနေ့လက်ဆောင်ပေးကြသော သားသားမီးမီးလေးတို့ရဲ့ မိဘများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်🥰😍😘#တီ...
9.9.2022(နေ့လည်ပိုင်း)သားသားအောင်ဟိန်းပြည့်ရဲ့ 4နှစ်ပြည့် မွေးနေ့လေးမီးမမှုတ်သေးဖို့တားယူနေရတာက တီချယ့်အလုပ်တစ်ခု😂😂
9.9.2022 (မနက်ပိုင်း)သမီးလေး နှင်းသက်ထားဦးရဲ့ ၆နှစ်ပြည့်မွေးနေ့
Happy birthday သားသားသူရိန်လင်းခန့်🎂🎁🎈🎉
တီချယ့် အသဲလေးတွေရဲ့ လက်ရေး လှလှလေးတွေမို့တီချယ်ကြွားပါရစေ❤️🥰
Happy birthdayပါ သမီး အမရာဆုမွန်လေး🎁🎈🎉❤️
အသဲလေးတွေ
#ဂျုံရုပ်လေးတွေလုပ်ကြမယ်

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00