Agga Net
Internet Service Provider
Agga Netမှာ တပ်ဆင်ဖ်ို့စာရင်းပေးသွင်းပြီး
Iphone 15 Pro Max Free ရယူနိုင်ဖို့ ... See more
အဆင်မပြေမှုများဖြစ်သွားတဲ့အတွက်
တောင်းပန်ပါတယ်ခင်ဗျာ။
မီးအားပြတ်တောက်မှုများဖြစ်သွားသည့်အတွက်
Agga Net မှ လိုင်းများ
ခဏတာ ယာယီပြတ်တောက်မှုများပြတ်တောက်မှုဖြစ်သွားပါတယ်ခင်ဗျာ။
Agga Net အင်ဂျင်နီယာ team မှ
အင်တာနက်လိုင်း အမြန်ဆုံးပြန်လည်ရရှိရန်
ကြိုးစားဆောင်ရွက်နေပါတယ်ခင်ဗျာ။
ယနေ့ နောက်အကျဆုံး
9:30 am ပြန်လည်အသုံးပြုနိုင်အောင်
ကြိုးစားဆောင်ရွက်နေပါတယ်ခင်ဗျာ။
စိတ်အနှောင့်အယှက်လေးဖြစ်စေတဲ့အတွက်
တောင်းပန်ပါတယ်ခင်ဗျာ။
🌕တပေါင်းလပြည့်နေ့ 🌕
"မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့"
တပေါင်းလပြည့် အခါသမယမှာ မိတ်ဆွေများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း Agga Netမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ🙏🙏🙏
#တပေါင်းလပြည့်နေ့
wifi ရှိတဲ့အိမ်က ဆရာကြီးပဲ
😎😎
Wifi တောင် Agga Net Wifi မှ ငှဲငှဲ😎
09 977773526, 09 977773527 ကို ဆက်သွယ်လိုက်ပါ။
မင်မင်တို့နဲ့ပဲ ပြောချင်တာဆိုလဲ CB ကို လာခဲ့နော်။
ငါးသိုင်းချောင်းက အားတီတို့အတွက်
အထူး promotion လေးမကြာခင်လာမယ်နော်
ကြိုတင်တပ်ဆင်ဖို့ စာရင်းပေးထားမှရမှာ
တော်ကြာနောက်ကျနေရင်
ငါ ငါတို့မရလိုက်ပါလားဖြစ်နေမယ်
Special Promotion လေးလာမှာ
Agga net
အကန့်အသတ် မရှိသုံးလို့ရတဲ့
မြန်နှုန်းမြှင့် အင်တာနက်
တယ်လီဂရမ် လို့ပြောတိုင်း
မှောင် ကုန် ကြတာ မို့
Agga Net ရဲ့ မိတ်ဆွေတွေအတွက်
အလင်း တွေ စု ထား ပေးပါတယ်
တကယ့်ကို အကျိုးရှိစေမယ့် အရာတွေကြည့် စု ထား တာ ပါ
လမ်းမပျောက်ရအောင် သိန်းရာချီတန်တဲ့သင်ကြားရေး group တွေကို free join ခွင့်ပေးထားပါတယ်။
အင်တာနက်လေးရှိရုံနဲ့
ကြိုက်နှစ်သက်ရာပညာရပ်တွေကို ရွေးချယ်လေ့လာလို့ရပါတယ်။
Htun Myint Htay Academy
https://t.me/joinchat/9UkmtEj2CsM1YTA1
(1) Modern Automotive Technology Module (1)
https://t.me/joinchat/VUSSI1yJQXuDpFIS
(2) Modern Automotive Technology Module (2)
https://t.me/joinchat/UYibaevxNZMwYzQ1
(3) Modern Automotive Technology Module (3)
https://t.me/joinchat/nF_HPq6yD5c5MDVl
(4) Modern Automotive Technology Module (4)
https://t.me/joinchat/iIAq7gjY3B4wYzZl
(5) Car Maintenance and Repair Technology
https://t.me/joinchat/5jmJNlGTTZEyYTE9
(6) Automotive Technology Quality Books
https://t.me/joinchat/UHE6YWC3Q20Gzgud
(7) Hydraulic Heavy Machinery Module (1)
https://t.me/joinchat/UTy0PZDed-3_nNOb
(8) Hydraulic Heavy Machinery Module (2)
https://t.me/joinchat/d599asIfAMQ4NzBl
(9) Hydraulic Heavy Machinery Module (3)
https://t.me/joinchat/UxzQD47orCkDRWKc
(10) Hydraulic Heavy Machinery Module (4)
https://t.me/joinchat/TrkJSYQKvox4iOzD
(11) Hydraulic Heavy Machinery Supporting
https://t.me/joinchat/Owvcf7AYODw5YjVl
(12) Microsoft Project Online Training
https://t.me/joinchat/norqoLe59oU2NjFl
(13) Thesis Reference Books
https://t.me/joinchat/WYtGgp1nxoliYTRl
(14) Small Engines and Outdoor Power Equipment
https://t.me/joinchat/guay6fV49uFjMjQ1
(15) Microsoft Project
https://t.me/joinchat/tuSNqVR9uKJhM2Vl
(16) Car Repair Discussion
https://t.me/joinchat/VzOdy_zJPK3QM2Rt
(17) Microsoft Powerpoint
https://t.me/joinchat/q6AQYkxfmPNhYThl
(18) Crane and Lifting Management System
https://t.me/joinchat/tlUiw-klibtmNTk9
(19) Piping & Instrumentation Diagram
https://t.me/joinchat/OglzAOG72zE3MGU1
(20) Machining Fundamentals
https://t.me/joinchat/CDpJLgjVlr44NDY1
(21) Microsoft Excel Free Online Training
https://t.me/joinchat/ukxhloQ-kxAwNWU1
(22) Microsoft Word Free Online Training
https://t.me/joinchat/lu9BHSoM19g5ZWM1
(23) AutoCAD
https://t.me/joinchat/_QKPs2HDw5EzNzA1
(24) Htun Myint Htay Online Library(Engineering, Technology, etc)
https://t.me/joinchat/uKUBvnZRDhU0NTk1
(25) အဖိုးတန်စာအုပ်များကို လှူပါတယ်။
https://t.me/joinchat/JRO2dD5jgNwyNzU1
(26) Tayartaw
https://t.me/joinchat/UXv4awtFFSrut4Fd
(27) Quality Books
https://t.me/joinchat/VMPYpiLkbj0a-eGF
(28) Code of Practice for Engineers
https://t.me/joinchat/TxmsRcFIw5jPa9E_
(29) Online Training by Htun Myint Htay
https://t.me/joinchat/_vQfVe1tA3JlOTM1
(30) English Grammar in Use 5th Edition
https://t.me/joinchat/NVJI8BP1XSQwMGQ1
(31) Electrical Power Engineering Books
https://t.me/joinchat/SbvBx5IKn7S7UvxE
(32) Piping Fabricaiton and Installaiton Technology
https://t.me/joinchat/TEadN4R3RQ03NmM1
(33) Artificial Intelligence
https://t.me/joinchat/2x3fCJnTcnAxZTBl
(34) မြန်မာဘာသာဖြင့်ရေးထားသော အင်ဂျင်နီယာစာအုပ်များ
https://t.me/joinchat/Wh_6nE2miKA1OTI9
(35) Automotive Service Information
https://t.me/joinchat/gVBOIqBL8W9iNDI1
(36) စာပေဟောပြောပွဲ
https://t.me/joinchat/Se8PcnAcZ6jERiiI
(37) CNC Books & Learning Videos
https://t.me/joinchat/brr_Wc9_XN82ZmJl
(38) Book Request to U Htun Myint Htay
https://t.me/joinchat/SyU2mme8T5Y2MGI9
(39) Chemical Engineering Books and Learning Videos
https://t.me/joinchat/j6GeNHUCmvs3OGM1
(40) Mechanical Engineering Books and Learning Videos
https://t.me/joinchat/ASxO3ShqMS85YjQ9
(41) English Pronunciation Practice
https://t.me/joinchat/gnDd1adLacc3NzQ1
(42) AutoCAD Books and Software
https://t.me/joinchat/QZRWGgfoAsQyMjM9
(43) SolidWorks Books and Software
https://t.me/joinchat/_w20MdY3Pxk1YzE1
(44) Movie
https://t.me/joinchat/zMzb1kJtpZk0YTRl
(45) Electronics and Communication Engineering
https://t.me/joinchat/CJO9mIaqCqg3NWE9
(46) ရွှေဥဒေါင်း
https://t.me/joinchat/uMui24FxPc9lNGI9
(47) နန္ဒာသိန်းစံ
https://t.me/joinchat/3nbRbZukUAs4YmM9
(48) အောင်သင်း
https://t.me/joinchat/Qo3iLK5vZ3kzM2Y1
(49) မိုးမိုး (အင်းလျား)
https://t.me/joinchat/C3ko5yxnVpthMjM1
(50) ဂျာနယ်ကျော်မမလေး
https://t.me/joinchat/MBkZ3KDJafY2OGVl
(51) မြသန်းတင့်
https://t.me/joinchat/6jy23IyyN884MWZl
(52) ကိုယ်တိုင်သင်ယူပါ
https://t.me/joinchat/-_Us3cNqBJE4NjFl
(53) Mechatronics Engineering Books and Learning Videos
https://t.me/joinchat/bAMzfyw5oPVhY2Fl
(54) Hydraulic Heavy Machinery Service Manual
https://t.me/joinchat/m--zr76PFao3OWFl
(55) Steel Structure
https://t.me/joinchat/CrurCoWvFjY4MmE1
(56) Agricultural Books
https://t.me/joinchat/y0MnMAbA_js1YTY1
(57) M & E Books
https://t.me/joinchat/U2Rvc7YPe0M2MWU9
(58) Hybrid & Electric Vehicle Technology
https://t.me/joinchat/6SjjnboW0k5hMTE1
(59) Audio Books [Several Authors]
https://t.me/joinchat/-X3dXrSv4pM2MWM9
(60) Internal Combustion Engine
https://t.me/joinchat/1EPzGXJH3i4yZDI1
(61) Welding Books
https://t.me/joinchat/yZTq9a23pQRmOGQ1
(62) Motorcycle Books and Learning Videos
https://t.me/joinchat/alHYlfghtuEyMjZl
(63) Matlab Books
https://t.me/joinchat/RI94Do8NGkQ0MmU1
(64) CATIA 3D Software
https://t.me/joinchat/6Zz8cvQr5AYwZTU1
(65) Primavera P6
https://t.me/joinchat/kwLyy_7S77FhZjNl
(66) Interchange 5th Edition
https://t.me/joinchat/RsMlzB5u1awwYzU9
(67) Resource Books for Teachers
https://t.me/joinchat/dCwqtQi9S3UyYWNl
(68) Solution Manual
https://t.me/joinchat/8vpUa9X7n8llMTQ1
(69) Automotive Books & Learning Videos
https://t.me/joinchat/OU5MjU3JwYU2NzFl
(70) Civil Engineering Books and Learning
https://t.me/joinchat/KPdsAL9EJw4wNWRl
(71) TU Textbooks (All Majors)
https://t.me/joinchat/6lvxrVbqYwdhYjI1
(72) Solar Energy Books & Technology
https://t.me/joinchat/_QhAZ3BlrWE4ZTBl
(73) အရှင်ဇနကာဘိဝံသ
https://t.me/joinchat/T9Wgk_4D5OSdRIKU
(74) တက္ကသိုလ်ဘုန်းနိုင်
https://t.me/joinchat/T2mLSYJQwXe1b_7R
(75) ပါရဂူ
https://t.me/joinchat/TIMaH_NCTdM_Bxwn
(76) Vocational Education
https://t.me/joinchat/Up1-f2ZPO7LDYO4n
(77) မျိုးဆက်သစ်တိုးတက်ရစ်ဖို
https://t.me/joinchat/R_se2JyAcvRe809X
(78) Basic Education
https://t.me/joinchat/HFg8tnaIBBdm7OaF
(79) ဓမ္မာစရိယဦးဌေးလှိင်စာအုပ်များ
https://t.me/joinchat/UfpPha0rF7H0ZKZ7
(80) Biography Books
https://t.me/joinchat/TobrRQFye_G62jCz
(81) ချစ်ဦးညို
https://t.me/joinchat/Vpz0nNoxApW9EBT7
(82) Teach Yourself
https://t.me/joinchat/Uu3j-oXjyoa3VaAS
(83) အလုပ်ရှာသူများအတွက်
https://t.me/joinchat/0GbskXqhAh8yNzE1
(84) English Language Books
https://t.me/joinchat/WTTeltF5NUhlMzhl
(85) Navisworks Books and Software
https://t.me/joinchat/BHv89iy-shFjMjU1
(86) CNC & Machining Technology
https://t.me/joinchat/xVlPSSkvfYgwYjFl
(87) Precision Machining Technology
https://t.me/joinchat/36enr6Y9kEEwYzY1
(88) Refrigeration and Air Conditioning Technology
https://t.me/joinchat/0nfmjvBBvZtmNjFl
(89) Automotive Wiring Diagram Module (1)
https://t.me/joinchat/u7eQLg9yUeM4YjY1
(90) Car Wiring Diagram pdf and videos
https://t.me/joinchat/Um_dvdIbxH24Bh8w
(91) Cambridge IGCSE Series Books
https://t.me/joinchat/NmUQzkEx33U2Nzdl
နံပါတ် ဘယ်လောက်လဲ အားတီတို့
Facebook error တက်တော့ တွေ့ကြရတဲ့ သူများ
1) Acc Hack ခံရတယ် ထင်နေတဲ့သူ
2) Fb Password မေ့လို့ ပြန်ရိုက်ထည့်မရတဲ့သူ
3) ဘာဖြစ်တာလဲ မသိဘူးဆိုပြီးဖုန်းဆက်မေးတဲ့သူ
4) မရတာကြီးကို ထပ်ခါ ထပ်ခါ လုပ်နေတဲ့သူ
5) အခြားသူတွေရောအကုန်လုံးဖြစ်သွားတာဆိုတာ သိရမှ စိတ်အေးသွားတဲ့ သူ 🤭🤭
#အသုတ်မြို့
📢📢"Special Promotion"📢📢
Agga Net ရဲ့ အထူး promotion
ယနေ့ အသုတ်မြို့ ဈေးမှာ Agga Net Team.ရှိနေပါမယ်
ယနေ့ စာရင်းပေး တပ်ဆင်တဲ့ customersတွေက
10% off ကို ရရှိမှာဖြစ်ပါတယ်။
#အသုတ်မြို့
တစ်ရက်ကို ၈၃၃ ကျပ်နဲ့
တစ်မိသားစု လုံး အဝသုံး
စိတ်ကြိုက်သုံးလို့ရတဲ့
အင်တာနက် Agga Net Fiber Internet
လိုင်းဆွဲအားလဲကောင်း
Speed လဲ မြန်လို့ အဆင်ပြေပါတယ်တဲ့ခင်ဗျာ။
တပ်ဆင်အသုံးပြုဖ်ို့အတွက်
09 977773526, 09 977783527 ကို အခုပဲဆက်သွယ်လိုက်တော့နော်
အင်တာနက် လိုင်း ပိုမိုကောင်းမွန်ရေးအတွက်
ထိန်းသိမ်းပြင်ဆင်ရေးလေး လုပ်စရာရှိလို့
ယနေ့ ည
၂:၀၀ မှ မနက် ၅:၀၀ အထိ လိုင်းပြတ်တောက်မှုလေးရှိပါမယ်ခင်ဗျာ။
လူကြီးမင်းတို့ အခက်အခဲအနည်းဆုံးဖြစ်စေရန်အတွက်
ညဘက်လေး ပြင်ဆင်ဖို့ ကျွန်နော်တို့ဆောင်ရွက်တာပါခင်ဗျား။
ကျွန်နော်တို့ agga net က
အရောင်းပိုင်းတာဝန်ယူတဲ့ ကလေးတွေကို သေချာမှာတာက ဈေးကြီးတဲ့ package ကိုရောင်းနိုင်တာက တော်တာမဟုတ်ဘူး
Customer တကယ်လိုအပ်တာကိုရောင်းပေးနိုင်မှ
တကယ်တော်တာ ဒါမှ အရည်အချင်းရှိတာ။
အချို့အိမ်တွေက မိသားစု ၃ ယောက်လောက်ပဲ
အပျင်းပြေသုံးချင်တာ ဈေးကြီးတဲ့
Package ၅ သောင်းတန်လောက် ယူပါပြောလဲ
ယူမှာဒါပေမဲ့ သူတို့အတွက် အပိုဖြစ်နေမှာ
အသုံးပြုမယ့်သူကို သေသေချာချာရှင်းပြပြီး
အသုံးဝင်မယ့် planကိုပဲရောင်းချပြီး ဝန်ဆောင်မှုပေးပါတယ်။
မိတ်ဆွေတို့ရဲ့ အဆင်ပြေမှုက
Agga Netရဲ့ ပျော်ရွှင်မှုပါ။
မြန်မာနိုင်ငံသားကလေးတွေကိုဘဲပေးတဲ့ Asean Scholarship လေးနဲ့မိတ်ဆက်ပေးပါရစေ။
ဒီscholarshipဟာ မွေးရက်၂၀၀၈ နဲ့ ၂၀၁၁ ကာလကြားမွေးတဲ့ ကလေးတွေကို ပေးတဲ့ Singapore က Scholarship လေးပါ။
Who is eligible?
Myanmar nationals who fulfil all the following conditions:
Are born on 2 Jan 2008 to 1 Jan 2011.
Are proficient in English.
Have done consistently well in school examinations.
Have completed at least Grade 9.
Have studied English as a subject in Grades 9 and 10.
Have a good record of participation in co-curricular activities.
Application - 1 April ,2024 - 30 May, 2024 အတွင်းမှာဘဲဖွင့်မှာဖြစ်ပါတယ်။
အပြည့်အစုံကြည့်ရန် - https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar
Credit to the original post owner
Agga Net မှာ AYA Pay နဲ့ ငွေပေးဆောင်လို့ရပါတယ်။
Wifi လစဉ်ကြေး ကို အချိန်ပေးပြီးရုံးသွားဆောင်ရတာမျိုးက အဆင်မပြေဘူး ဆိုပြီးစိတ်မညစ်ရလေအောင် လွယ်ကူမြန်ဆန်စွာနဲ့
Wifi လစဉ်ကြေးလေးကို QR scan ဖတ်ပြီး အလွယ်တကူ ပေးချေလို့ ရပါပြီခင်ဗျာ
𝗤𝗥 𝗦𝗰𝗮𝗻လေး အကြောင်း အသေးစိတ် သိရှိလိုပါက Page CB (သို့မဟုတ်)
09 977773526, 09 977773527
သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
အသုတ်မြို့မှာ Agga Net WiFi
တပ်ဆင်ဖို့ စာရင်းပေးထားတဲ့
Customersများကို အစဉ်လိုက်အတိုင်း
တပ်ဆင်ပေးနေပါတယ်ခင်ဗျာ။
စိတ်ရှည်ရှည်နဲ့ စောင့်ပေးတဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Operation Team မှ အတတ်နိုင်ဆုံး မြန်မြန်တပ်ဆင်ပေးဖို့ကြိုးစားနေပါတယ်။
စာရင်းပေးပြီး နည်းနည်းနောက်ကျနေတဲ့
Customer များကိုလဲ တောင်းပန်ပါတယ်ခင်ဗျာ။
ဒီ App တွေကိုတွေ့ရင် မဒေါင်းမိပါစေနဲ့နော်
ငွေအတင်းချေးပြီး အတိုးတွေ မတန်တဆ
ပေါင်းပြီးတော့ ခြိမ်းခြောက်လိမ့်မယ်။
ငွေပြန်မပေးမချင်း စိတ်ဒုက္ခပေးလိမ့်မယ်....
ကိုယ့်ဖုန်း contact ထဲက လူတွေဆီကိုလည်း
ဖုန်းတွေဆက်ပြီး ခြိမ်းခြောက် အရှက်ခွဲမယ်....
ငွေလိမ်နေတဲ့ App တွေပါ....
Credit to the original post owner
အင်တာနက် သုံးဖို့ ဖုန်းဘေတွေ အများကြီးကုန်စရာမလိုတော့ဘူး။
ကြိုက်သလောက်သုံး
စိတ်ကြိုက်သုံး
အနည်းဆုံး ၁လ ၂၅၀၀၀ ပဲ ပေးရမှာ။
ဈေးနှုန်းက အမျိုးမျိုးဖြစ်နေတာ ဘာကွာလဲဆို
အမြန်နှုန်းလေးပဲကွာမယ်
ရုပ်ရှင်တွေကြည့်ချင်သလား
စိတ်ကြိုက်ကြည့်ပစ်လိုက်
Zapyaနဲ့ ကူးပါဦး ပေးပါဦး လုပ်စရာမလိုတော့ဘူး။
Onlineကနေ သင်တန်းတွေတက်မလား
အေးအေးဆေးဆေး တက်ရုံပဲ
ဂိမ်း ဆော့ချင်တာလား
ဆော့ စမ်းပါ ထစ်စရာ စိတ်တို စရာမလိုတော့ဘူး
Agga Net မြန်နှုန်းမြင့် အင်တာနက် WiFi ရှိပါပြီ။
အသုတ်မြို့ မီးသတ် ရှေ့က
ဆရာပု လမ်းမှာ ကိုယ်တိုင်လာရောက် ပြီး တပ်ဆင်ခိုင်းလို့ရပါပြီ
ဖုန်းဆက်ချင်တာဆိုရင်လဲ
09 977773526, 09 977773527 ကို ဆက်သွယ်လိုက်ပါ။
မင်မင်တို့နဲ့ပဲ ပြောချင်တာဆိုလဲ CB ကို လာခဲ့နော်။
Agga Net WiFi Service တွင်
Project Based
အရောင်းဝန်ထမ်း Promoter (၂) ဦး
အလိုရှိပါသည်။
Project ကာလ ၂ လ
အခြေခံလစာ ၁၈၀,၀၀၀ + ဆိုင်ကယ်ဆီဖိုး
+ အရောင်း %
နေရာ - အသုတ်၊ ငါးသိုင်းချောင်း၊ ရေကြည်
လိုအပ်ချက်များ
- ပညာအရည်အချင်းအနိမ့်ဆုံးအထက်တန်း သို့မဟုတ်အထက်တန်းအောင်
- စကားအပြောဆို သွက်လက်ရည်မွန်ရပါမည်။
- အရောင်းအတွေ့အကြုံရှိသူ ဦးစားပေးပါမယ်။
- အတွေ့အကြုံ မရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
- မိန်းကလေးရော ယောက်ျားလေးရော လျှောက်လို့ရပါသည်။
Viber နံပါတ် 09790863325 သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။
အသုတ်မြို့ ဆရာပုလမ်း ရှိ Agga Net ရုံးတွင်လည်း လာရောက်လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက
09790863325 သို့ ရုံးချိန်အတွင်း
ဆက်သွယ်စုံံံံံစမ်းနိုင်ပါသည်။
Fiber to the Home (FTTH) ဆိုတာ ဘာလဲ
Fiber To The Home ဆိုတဲ့ ဝေါဟာရ စကားလုံး ဟာ .. FTTx ဆိုတဲ့ စကားကနေတဆင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။
FTTx ဆိုတဲ့ နေရာမှာ
1. Fiber to the home
2. Fiber to the premise
3. Fiber to the node
4. Fiber to the curb ... အစရှိ သဖြင့်
အများအပြား ရှိတဲ့ အထဲက
သုံးစွဲသူတွေ ရဲ့ နေအိမ်ကို ပေးတဲ့ စနစ်မို့လို့ FTTH ဆိုပြီး ခေါ်တာဖြစ်ပါတယ်။
FTTH (FTTx) ရဲ့ အားသာချက်တွေက
🚀 Fiber Cable နဲ့ ဆက်သွယ်ရာ လမ်းကြောင်းတလျှောက် ရေဒီယိုလျှပ်စစ်လိုင်းများ ကြားဝင် မနှောင့်ယှက်နိုင်ခြင်း။
🚀ကြိုးတွေရဲ့ ရာသီဥတုဒဏ်ခံနိုင်ရည်စွမ်းကြောင့် ရေရှည်အသုံးဝင်ခြင်း
🚀လိုင်းဆွဲအား တည်ငြိမ်ကောင်းမွန်ခြင်း တို့ပဲဖြစ်ပါတယ်။
🚀Fiber cable နဲ့တိုက်ရိုက်သွယ်တန်းထားတဲ့အတွက် လိုင်းမငြိမ်တာတွေဖြစ်မှာမပူရပါဘူး။
🚀Fiber Internet က 100 Mbps အထိ Internet လိုင်းကို အသုံးပြုနိုင်ပါတယ်။
internetလေး သုံးရဖို့ dataတွေ ဈေးကြီးပေးဝယ်နေရတုန်းလား???
စျေးနှုန်းကလဲ သက်သာ ၊လိုင်းဆွဲအားကလဲကောင်း တစ်မိသားစုလုံး စိတ်ကြိုက်အသုံးပြုလို့ရတယ်
🚀နယ်ဝေး ရောက်နေတဲ့ ချစ်ရသူတွေ၊ နိုင်ငံခြားရောက်နေတဲ့ ချစ်ရသူတွေ နဲ့ အဆက်သွယ်လုပ်ဖို့ Video call လေးခေါ်မလား??
🚀 Online မှာ သတင်းတွေဖတ်မလား?
🚀Gamersဆော့မယ့် အားတီတို့က
Game pingငြိမ်ငြိမ်နဲ့ဆော့မလား??
🚀နိုင်ငံတကာက သင်တန်းတွေကို အိမ်ကနေ တက်မလား??
🚀အိမ်မှာနေရင်း online ကနေ Shoppingထွက်မလား?
🚀ကိုရီးယားကားလား အိန္ဒိယကားလား လာထား မနားတမ်း ကြည့်မလား? Download ပဲဆွဲမလား?
ဒါဆိုရင်တော့
အကောင်းမွန်ဆုံးလိုင်းဆွဲအား၊အလျင်မြန်ဆုံး Service တွေပဲ ပေးတဲ့ Agga Net ရဲ့ မြန်နှုန်းမြင့် Fiber Internet ကို တပ်ဆင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါတော့။
09 977773526, 09 977773527
ခိုးနည်းတွေက လန့်စရာကောင်းလာပြီ သတိထားကြပါ။
❗️❗️❗️❗
လက်ရှိသုံးနေတဲ့ Ooredoo Sim Card ကို ကဒ်အပျောက် လျှောက်ပြီး အသစ်ထုတ်ပါတယ် ။ ပြီးတော့ kpay ထဲငွေတွေ အကုန် ထုတ်ယူသွားပါတယ် ။
Ooredoo Card နဲ့ KBZ ပေး ဘယ်သူ့မှာ တာဝန်ရှိ မလည်း ? ။
ဖြစ်စဉ် က ……
စနေ့ နေ့ 3 Feb 2024 နေ့လည် ၃ နာရီ ဝန်းကျင် မှာ ကျွန်တော့် အမျိုးသမီးရဲ့
သုံးနေကျ Ooredoo ဖုန်းကဒ်ဟာ လိုင်းပျောက်သွားပါတယ် ။ သူကလည်း ဖုန်းခေါ်စရာမရှိတော့ လိုင်းကျတယ်ပဲ ထင်တာ ၊ ဒါနဲ့ သူက ကျွန်တော့ ကိုလှမ်းမေးတော့ မှ လိုင်းမကျကြောင်းသိရတော့ ဟန်းဆက် က ဖြစ်တာလားဆိုပြီး တခြား ဟန်းဆက်ထဲထည့်ကြည့်တာ လည်း မရတော့ပါဘူး ။ ဒါနဲ့ SIM card ပျက်တာပဲ ဆိုပြီး 73-37 ထောင့်က Ooredoo ဆိုင်ကို သွားတော့ ဆိုင်ကပိတ်သွားပါပီ ။ အဲ့ချိန် ညနေ ၅ နာရီ ထိုးခါနီးလေးပါ ။ ဒါနဲ့ပဲ နောက်ရက် လုပ်မယ်ဆိုပြီး ပြန်ခဲ့ပါတယ် ။
တနင်္ဂနွေကျလည်း အိမ်အလုပ်တွေ ရှုပ်နေတာနဲ့ ဒီနေ့ တနင်္လာ ကျမှ သွားလိုက်တော့ SIM card က သူများက ကဒ်ပျောက် လျှောက်ပြီး ထုတ်သွားလို့ ခုလက်ရှိကိုင်နေတဲ့ ကဒ်က လိုင်းပိတ်သွားတာပါတဲ့ 😳 ။ ဟင် ဒီမှာ ပိုင်ရှင်ကိုယ်တိုင် မှတ်ပုံတင်ထားတာ ဘယ်သူက ထုတ်လည်းဆိုတော့ သူတို့ မသိပါဘူးတဲ့ ။ Ooredoo Company က Dealer ပေးထားတဲ့ ဆိုင်တွေမှာ မှတ်ပုံတင်မလိုပဲ ထုတ်လို့ရတယ် ဆိုပဲ ။ ဟ အဲ့ လောက်လွယ်လားဆိုတော့ မှတ်ပုံတင်မပါပဲ ဘာလို ထုတ်ပေးတာလည်းလို့ ဆိုတော့ ပြီးခဲ့တဲ့ တလအတွင်း Outgoing Call ထားတဲ့ ဖုန်း နံပါတ် တခု ပြောရုံ နဲ့ Card က လွယ်လွယ်ကူကူ ကဒ်ပျောက် လျှောက်ပြီး အသစ်ထုတ်လို့ ရတယ် ဆိုပြီး ပြန်ပြောလာတယ် ။ ဒါဆို နိုင်ငံတော်က မှတ်ပုံတင်ခိုင်းတာတေက လျှောက်လုပ်တာလားဆိုတော့ မှတ်ပုံမတင်ပဲ ကိုင်နေတဲ့ သူအများကြီးပဲတဲ့ သူတို့ကပြောတာနော် ။ ကိုယ်တိုင် မှတ်ပုံမတင်ပဲ သုံးနေတဲ့သူတွေကျ ကဒ်ပျောက်လျောက်ရင် အဆင်မပြေလို့ မှတ်ပုံတင် မလိုပဲ Outgoing Call တခုသိရုံနဲ့ ထုတ်လို့ရတယ် လို့ သူတို့ ကုမ္ပဏီက ချမှတ်ထားပါတယ် တဲ့ ။ ကဲ ဟုတ်ပါပီ ကိုယ့်ဖုန်းထဲက Outgoing Call ကို ဘယ်လိုသိမလည်း ဆိုတော့ လိမ်မဲ့သူက ကိုယ့်ကို miss call ပေးတယ် ။ ကိုယ်က လုပ်ငန်း လုပ်နေသူဆိုတော့ ဘယ်သူမှန်း မသိပဲ ပြန်ခေါ်မိတယ် ။ အဲ့မှာ လိမ်မဲ့သူက Outgoing Call က ရသွားရော ဗျာ ။
အဲ့လိုနဲ့ ကဒ် အသစ်ရပြီး ကိုယ့်ရဲ့ kpay ထဲကငွေတွေ ပါသွားပါလေကော ။
ဒီနေရာမှာ တခုမေးစရာ ရှိလာမယ် ။
Kpay က password မသိပဲ ထုတ်လို့ရမလားဆိုတဲ့ အချက်ပေါ့ ။ Password က လူအများရဲ့ ထုံးစံ ခန့်မှန်းလို့ ရနိုင်တာလေးကို ပေးထားမိလို့ပေါ့ ။ ခိုးတဲ့သူ ကံကောင်းသွားတာပေါ့ ။
ကျွန်တော့် ထင်မြင်ချက်
- ကဒ်အသစ်ရသွားသူဟာ My Ooredoo App ထဲကို ဝင်လိုက်မယ် ။ သူက OTP နဲ့ ဝင်လို့ ရတယ် ။ အဲ့ဒီမှာ ကျွန်တော့် အမျိုးသမီးရဲ့ မှတ်ပုံတင် နံပါတ် မွေး နေ့ အစရှိသည်တို့ကို သူ သိသွားပါတယ် ။ အဲ့ကနေ မှ တဆင့် Kpay ထဲက ငွေတွေ ပါသွားတာပါပဲ ။
မိမိ ဘက်က အားနည်းချက်
- Sim Card ပျက်ပျက်ခြင်း kpay account ကို Call Center ကို ခေါ်ပြီးမပိတ်မိတာပါ ။ ရိုးရိုး သားသား ပျက်တယ် ပဲ ထင်မိတာကိုး ။
- Password ကို ခန့်မှန်းရ လွယ်ကူတာ ထားမိတာ ။
သူတို့ ဘက်က အားနည်းချက်
- ဒီလောက် အရေးကြီး တဲ့ Sim Card ကို ကဒ်ပျောက် လာလျောက်တာ ကို အလွန်လွယ် ကူစွာ လျှောက်လို့ရတာ ပါပဲ ဗျာ ။ ဒီလောက် အရေးကြီးတာကို ကဒ်ပိုင်ရှင်မဟုတ်ပဲ လာလျှောက်တာ ကို အပျောက်လျှောက်တဲ့ ဖုန်းနံပါတ်ကို ဖုန်းခေါ်ကြည့်ပြီး နည်းနည်းလောက် တော့ Confirm လုပ်သင့်တယ် ။ ဖုန်းက ခေါ်မရဘူးဆိုရင်တော့ တမျိုးပေါ့ ဗျာ ။ လက်ရှိ သုံးနေရင်းတန်းလန်း ကဒ်ကို ဘာမှ Confirm မလုပ်ပဲ ပျောက်တဲ့သူ လူကိုယ်တိုင်လာ လျှောက်တာလည်း မဟုတ်ပဲ ကြုံရာလူ လာလျှောက်ပြီး outgoing call လေးတခုပြောရုံနဲ့ ပိတ်ချ ပလိုက်ရလောက်အောင် ဘယ်လို ဦးနှောက်မျိုးနဲ့ အလုပ်လုပ်နေလည်း ဆိုတာ မစဉ်းစား တတ်အောင်ပါပဲဗျာ ။
ခုတော့ ရဲစခန်းမှာ အမှုဖွင့်ပြီး ငွေထုတ်သွားသူတွေရဲ့ အကောင့်တွေ ပိတ်ဖို့ လောက်တော့ လုပ်လို့ရမယ် ။ ငွေတွေ ပြန်ရမရ တော့ မသေချာပါဘူး ။
အဓိက သင်ခန်းစာ အနေနဲ့ မိတ်ဆွေများကို သတိပေးချင်တာက ပေးချင်တာ က
၁- လုပ်ငန်း လုပ်ကိုင် နေသူတွေအနေနဲ့
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ kpay လွှဲရမယ့် ဖုန်းနံပါတ်ကို သီးခြားစီ ထားတာာပိုကောင်းမယ် ထင်ပါတယ် ။
၂-kpay ဖုန်းနဲ့ မိမိ သိတဲ့ လူရဲ့ ဖုန်း နံပါတ်က လွဲလို့ တခြား miss Call ဝင်လာတဲ့ ဖုန်း တွေကို လုံးဝ ပြန်မခေါ်ပါနဲ့ ။
၃-Sim Card မှာ မသင်ကာစရာ တခုခု ဖြစ်တာနဲ့ Bank account နဲ့ Mobile Pay တွေဆီကို ဖုန်းဆက်ပြီး အမြန်ပိတ်ပါ ။
၄ - Password ကိုခန့်မှန်းရ ခက်တဲ့ ဟာကိုပဲ ထားပါ ။ မေ့တတ်ရင် စာအုပ်မှာ ရေးထားပြီး အလွတ်ကျက် ထားပါ ။
ဥပမာ - fOm$/5gaH@? ဒါမျိုး ကိုထားပါ ။
စဉ်းစားမိသမျှ တော့ ဒါပဲဗျာ ။ ကိုယ်ခံလိုက်ရပေမယ့် နောက်လူတွေ မခံရအောင် အသိတစုံတရာ ရသွားရင် မဆိုးပါဘူးလေ ။
ကိုယ်တွေ့ပါ
Credit to the original post owner
MDY gems & Jewellery
WiFi စက်ကို ဘယ်လိုနေရာမှာထားသင့်လဲ😎
ဝိုင်ဖိုင်စက်တစ်လုံးရဲ့ တည်နေရာဟာ တစ်အိမ်လုံးမှာရမယ့် လိုင်းဆွဲအားနဲ့ တိုက်ရိုက် သက်ဆိုင်တာမို့ Wifi စက်ထားဖို့ ဒီအချက်ကလေးတွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်နော် 🤔
ဒါဆိုရင် Wifiစက်ကို ဘယ်လိုနေရာမှာ မထားသင့်ဖူးလဲ?
🚀ဝိုင်ဖိုင်စက်ကို မီးဖိုခန်းမှာ မထားပါနဲ့။
မီးဖိုချောင်သုံး ပစ္စည်းတွေဖြစ်တဲ့ သံထည်၊ သတ္တုထည်တွေနဲ့ Microwave Oven လို ဟင်းချက်ရာမှာသုံးတဲ့ စက်ပစ္စည်းတွေဟာ ဝိုင်ဖိုင်လိုင်းဆွဲအားကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
🚀ဝိုင်ဖိုင်စက်ကို နံရံထူထူတွေနားမှာ မထားပါနဲ့။
နံရံထူထူတွေဟာ ဝိုင်ဖိုင်ကွန်ရက် ဖြန့်ကျက်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် တံခါးပေါက်နဲ့နီးရာနေရာများ၊ အခန်းကျယ်လိုနေရာမျိုးမှာ
ထားသင့်ပါတယ်။
🚀လျှပ်စစ် ပစ္စည်းကိရိယာများနဲ့
နီးတဲ့နေရာတွေမှာ မထားသင့်ပါဘူး။
ရေခဲသေတ္တာ နဲ့ ကြိုးမဲ့အထိုင်ဖုန်းလို လျှပ်စစ်ပစ္စည်းတွေက ထုတ်လွှင့်တဲ့ လှိုင်းတွေဟာ ဝိုင်ဖိုင်လိုင်းကို ထိခိုက်စေနိုင်ပါတယ်။
🚀ကြမ်းပြင်ပေါ်မှာ ချမထားပါနဲ့။
ဝိုင်ဖိုင်စက်ကို ကြမ်းပြင်ပေါ်မှာ ချထားလိုက်မယ်ဆိုရင် ဝိုင်ဖိုင်စက်ကထုတ်လွှတ်သမျှ လိုင်းအားလုံးကို မြေကြီးက တိုက်ရိုက်စုပ်ယူသွားမှာဖြစ်တာကြောင့် အမြင့်တစ်နေရာ စင်တစ်ခုခုပေါ်မှာ တင်ထားသင့်ပါတယ်။
🚀မှန်၊ ငါးကန်တွေအနီးမှာ မထားပါနဲ့။
ရေနဲ့ မှန်တွေဟာလည်း ဝိုင်ဖိုင်လိုင်းကို မတည်ငြိမ်အောင်လုပ်နိုင်တဲ့အရာတွေထဲမှာပါဝင်တာမို့ ဝိုင်ဖိုင်စက်ကို ငါးကန်တွေ မှန်တွေနဲ့ ဝေးဝေးထားလေ ကောင်းလေပါပဲနော် ။
ဒါဆို ဘယ်လိုနေရာမှာ ထားသင့်လဲ ?
🚀ဝိုင်ဖိုင်ကို တစ်အိမ်လုံးရဲ့ အလယ်တည့်တည့်
အမြင့်တစ်နေရာမှာထားပါ။
ဒီလိုထားခြင်းဟာ တစ်အိမ်လုံးရဲ့ နေရာအနှံ့အပြားကို လိုင်းကောင်းမွန်စွာ ရရှိစေနိုင်ပါတယ်။ နောက်ပြီး အိမ်ရဲ့ ပြင်ပကို ဝိုင်ဖိုင်ကွန်ရက်ပျံ့နှံ့နိုင်ချေ နည်းသွားတဲ့အတွက် မိမိအိမ်က ဝိုင်ဖိုင်ကို အခြားသူများက သုံးစွဲခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
🚀ဝိုင်ဖိုင်စက်က တိုင်လေးတွေ သေချာနေရာချထားပါ။
ဝိုင်ဖိုင်စက်ကို အိမ်အောက်ထပ်မှာ ထားတယ်ဆိုရင်
တိုင်လေးတွေကို အပေါ်ဖက်ဆီ ထောင်ထားသင့်ပြီး အပေါ်ထပ်မှာထားမယ် ဆိုရင်တော့ ၂ ထပ်လုံးသုံးလို့ရအောင် တိုင်လေးတွေကို အလျားလိုက် တန်းတန်းထားသင့်ပါတယ်။ အိမ်ရဲ့ အနေအထားအလိုက် တိုင်လေးတွေကို လိုင်းအကောင်းဆုံးအနေအထားရအောင် စမ်းသပ်ချိန်ညှိပြီး အသုံးပြုသင့်ပါတယ်။
09977773526, 09977773527
==========================
Net
to the original post owners
အင်တာနက် သမိုင်း
-----------------
USSR ၏ Sputnik ကို ဖွင့်လှစ်မှုသည် ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလတွင် နည်းပညာ ဦးဆောင်မှုကို တဖန် ပြန်လည်ရရှိရန်အတွက် အမေရိကန်ပြည်ထောင်စုကို အဆင့်မြင့် သုတေသန စီမံကိန်း အေဂျင်စီ (Advanced Research Projects Agency) (ARPA or DARPA)ကို တည်ထောင်ရန် လှုံ့ဆော်ခဲ့သည်။[2][3] ARPA က Semi Automatic Ground Environment (SAGE) အစီအစဉ်၏ သုတေသနကို ဆက်လက်ပြုလုပ်ရန် Information Processing Technology Office (IPTO)ကို တည်ထောင်ခဲ့သည်။ ၎င်းသည် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဒါ စနစ်များကို အတူတကွ ကွန်ယက်ဖွဲ့ ချိတ်ဆက်ထားသည်။ IPTO ၏ ရည်ရွယ်ချက်မှာ US စစ်တပ်၏ ဆက်သွယ်ရေးကွန်ယက်များ၏ ရှင်သန်နိုင်စွမ်း နှင့်ပတ်သက်သော ၎င်းတို့၏ အလေးထားစရာကိစ္စကို ရင်ဆိုင်ရန် နည်းလမ်းရှာရေးဖြစ်ပြီး ပထမဆင့်အနေနှင့် ပန်တဂွန်၊ ရှိုင်ယန်တောင်နှင့် SAC HQ တို့ရှိ ၎င်းတို့၏ ကွန်ပျူတာများ အပြန်အလှန်ချိတ်ဆက်ရန် ဖြစ်သည်။
တကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကို မြှင့်တင်သူ ဂျေစီအာရ် လစ်(ခ်)လစ်ဒါ (J. C. R. Licklider) သည် IPTO ၏ အကြီးအကဲအဖြစ် ရွေးချယ်ခံရသည်။ လစ်(ခ်)လစ်ဒါသည် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာကို စိတ်ဝင်စားလာပြီးနောက် ၁၉၅၀ နှစ်လယ်ပိုင်းတွင် ဟားဗတ် တက္ကသိုလ် ရှိ Psycho-Acoustic Laboratory မှ MIT သို့ ရွှေ့ပြောင်းလာခဲ့သည်။ MIT တွင် သူသည် လင်ကွန်းစမ်းသပ်ခန်းကို တည်ထောင်သည့် ကော်မတီတွင် အမှုထမ်းခဲ့ပြီး SAGE စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် သူ၏ PDP-1 ကွန်ပျူတာ၏ ပထမ ထုတ်လုပ်မှုကို ဝယ်ခဲ့ပြီး အချိန်ဝေမျှခြင်းနည်းပညာကို ပထမဆုံးအကြိမ် အများပြည်သူသို့ လက်တွေ့လုပ်ဆောင်ပြခဲ့ရာ နေရာဖြစ်သည့် BBN ၌ ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
IPTO တွင် လစ်(ခ်)လစ်ဒါကို ဆက်ခံသူ အိုင်ဗင် ဆပ်သာလန်သည် ၁၉၆၅ခုနှစ်တွင် လောရန့်(စ်) ရောဘတ်(စ်)ကို ရရှိခဲ့ပြီး ကွန်ယက်ချိတ်ဆက်ခြင်း စီမံကိန်းကို စတင်ခဲ့သည်။ ရောဘတ်(စ်)က ပေါလ် ဘာရန်၏ နည်းပညာကို အခြေခံခဲ့သည်။ ဘာရန်သည် ကြံ့ခိုင်ပြီး ဘေးအန္တရာယ် အသွယ်သွယ်ကြောင့် မပျက်စီးစေဘဲ ပိုမိုကောင်းမွန်သည့် ကွန်ယက်ကို ရရှိရန်အတွက် ပက်ကက် လမ်းပြောင်းလွှဲခြင်း (ဆားကစ် လမ်းပြောင်းလွှဲခြင်း နှင့် ဆန့်ကျင်ဘက်) ကို ထောက်ခံချက်ပေးသည့် အမေရိကန်ပြည်ထောင်စု လေတပ်အတွက် ပြည့်စုံစေ့စပ်သော လေ့လာမှုတစ်ခုကို ရေးသားခဲ့သူဖြစ်သည်။ ရောဘတ်(စ်)သည် SAGE စနစ်၏ ဒီဇိုင်းကို လုပ်ဆောင်ရန် မူလအားဖြင့် တည်ထောင်ခဲ့သော MIT လင်ကွန်း စမ်းသပ်ခန်းတွင် အလုပ်လုပ်ခဲ့ဖူးသည်။ UCLA ပါမောက္ခ လီယိုနတ် ကလိန်းရော့(ခ်) သည် ၁၉၆၂ခုနှစ်တွင် ပက်ကက် ကွန်ယက်အတွက် အယူအဆဆိုင်ရာ အခြေခံကို ပေးခဲ့ပြီး နောက်ပိုင်း ၁၉၇၀ခုနှစ်များတွင် (အဆင့်ဆင့်ဖွဲ့စည်းထားသော လမ်းကြောင်း အတွက်) ယနေ့ အင်တာနက်ဆီသို့ ဖြစ်ထွန်းလာမှုကို ထောက်ပံ့ခဲ့သည့် အယူအဆကိုလည်း ပေးခဲ့သည်။
ဆပ်သာလန်ကို ဆက်ခံသော ရောဘတ် တေလာ သည် ရောဘတ်(စ်)ကို သူ၏ ယခင်က ပက်ကက် လမ်းပြောင်းလွှဲခြင်း အောင်မြင်မှုအပေါ် ဆက်လက်လုပ်ဆောင်သွားပြီး IPTO ၏ သိပ္ပံပညာရှင်ချုပ် ဖြစ်လာစေရန် စည်းရုံးခဲ့သည်။ တစ်ခါတွင် ရောဘတ်(စ်)သည် ကွန်ပျူတာကွန်ယက်များ အရင်းမြစ်ဝေမျှခြင်း ဟုခေါ်တွင်သည့် အစီရင်ခံစာတစ်ခုကို ရေးသားခဲ့သည်။ ထိုအစီရင်ခံစာကို ၁၉၆၈ခုနှစ် ဇွန်လတွင် တေလာက အတည်ပြုခဲ့ပြီး နောက်နှစ်တွင် လုပ်ငန်းလုပ်ဆောင်သည့် ARPANET ကို စတင်ဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ် ချခဲ့သည်။
များစွာသော လုပ်ဆောင်မှုများအပြီး ၁၉၆၉ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့တွင် UCLA ၏ အင်ဂျင်နီယာနှင့် အသုံးချသိပ္ပံကျောင်းရှိ ကလိန်းရော့(ခ်)၏ ကွန်ယက်တိုင်းတာခြင်းစင်တာနှင့် မန်နီလို ပါ့(ခ်)၊ ကယ်လီဖိုးနီးယားပြည်နယ် SRI အင်တာနေရှင်နယ်(SRI)ရှိ ဒေါက်ကလပ်(စ်) အိန်ဂျယ်(လ်)ဘတ်(တ်)၏ NLS စနစ်အကြားရှိ ARPANET ဖြစ်လာနိုင်သည့် ပထမဆုံး ကွန်ပျူတာနှစ်ခုသည် အချင်းချင်း ချိတ်ဆက်နိုင်ခဲ့သည်။ ARPANET ပေါ်ရှိ တတိယနေရာမှာ ဆန်တာဘာဘရာရှိ ကာလီဖိုးနီးယား တက္ကသိုလ် ကူလာဖရိုင်း အပြန်အလှန် အကျိုးသက်ရောက်သော သင်္ချာ စင်တာ ဖြစ်ပြီး စတုတ္ထနေရာမှာ ယူတားတက္ကသိုလ် ဂရပ်ဖစ်ဌာန ဖြစ်သည်။ အနာဂတ် ဖွံ့ဖြိုးမှု၏ ရှေးဦးသင်္ကေအဖြစ် ၁၉၇၁ခုနှစ်ကုန်ပိုင်းတွင် သက်တမ်းနု ARPANETသို့ ချိတ်ဆက်ထားသော နေရာပေါင်း တစ်ဆယ့်ငါးခု ရှိနေပြီဖြစ်သည်။
ARPANET သည် ယနေ့အင်တာနက်၏ အကြိုကွန်ယက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သီးခြား တည်ဆောက်မှုတစ်ခုအနေဖြင့် UK National Physical Laboratory မှ ဒေါ်နယ် ဒေးဗီး(စ်)သည်လည်း ပက်ကက် လမ်းပြောင်းလွှဲခြင်း အယူအဆကို ၁၉၆၀ခုနှစ်များ အစောပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအကြောင်းအရာကို ၁၉၆၅ခုနှစ်တွင် ဟောပြောခဲ့ပြီး နောက်ပိုင်းတွင် အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းနှစ်ဘက်မှ နယ်ပယ်သစ်ရှိ အဖွဲ့များသည် သိကျွမ်းလာခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ဒေးဗီး(စ်) အသစ်ထွင်ခဲ့သော စာလုံးများဖြစ်သည့် “ပက်ကက်” နှင့် “ပက်ကက် လမ်းပြောင်းလွှဲခြင်း”တို့ကို စံဝေါဟာရများအဖြစ် လက်ခံခဲ့ကြသည်။
ဒေးဗီးစ်သည် မာ့(ခ်) I ဟု ခေါ်သော packet လမ်းပြောင်းလွှဲသော ကွန်ယက်ကိုလည်း UK တွင် ၁၉၇၀ခုနှစ်က ထည်ဆောက်ခဲ့သည်။ARPANET အတွက် ပုဂ္ဂလိက ကန်ထရိုက်တာများဖြစ်သည့် ဘော့(လ်)(ထ်) ဘာရာနက်(ခ်)နှင့် နယူးမန်း (BBN) က “ထပ်ဆင့် တန်ဖိုး သယ်ယူပို့ဆောင်ရေးများ” ကို အမေရိကန် ပြည်ထောင်စုတွင် တရားဝင်ဖြစ်ရန် ထူထောင်ပြီးနောက် သီးခြား စီးပွားဖြစ် မူကွဲကို ဖန်တီးရန် ဆောင်ရွက်ခဲ့သည်။၎င်းတို့ တည်ထောင်ခဲ့သော ကွန်ယက်သည် Telenet ဟုအမည်ရပြီး ၁၉၇၅ခုနှစ်တွင် အမေရိကန်နိုင်ငံတဝှမ်း မြို့များတွင် အခမဲ့ အများသုံး လက်လှည့် ဖုန်းစနစ်သုံး ဆက်သွယ်ရယူနိုင်မှုကို တပ်ဆင်ခြင်းဖြင့် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့သည်။ Telenet သည် အများပြည်သူသို့ ပထမဆုံး ဖွင့်လှစ်ပေးသော packet လမ်းပြောင်းလွှဲခြင်း ကွန်ယက်ဖြစ်သည်။
ARPANET ပေါ်တွင် အလုပ်လုပ်သော ပက်ကက် လမ်းပြောင်းလွှဲခြင်း ကို သရုပ်ဖော်မှုနောက်တွင် ဗြိတိန် စာတိုက်၊ Telenet၊ DATAPAC နှင့် TRANSPAC တို့သည် ပထမဆုံး packet လမ်းပြောင်းလွှဲသော ကွန်ယက် ဝန်ဆောင်မှုကို ဖန်တီးရန် ပူးပေါင်းခဲ့ကြသည်။ ၁၉၇၈ခုနှစ်တွင် UK ၌ ဤသည်ကို အပြည်ပြည်ဆိုင်ရာ ပက်ကက် လမ်းပြောင်းလွှဲသော ဝန်ဆောင်မှု (IPSS)ဟု ရည်ညွှန်းကြသည်။ X.25 ကို အခြေခံသော ကွန်ယက်များ စုစည်းမှုသည် ဥရောပနှင့် US မှသည် ကနေဒါ၊ ဟောင်ကောင် နှင့် ဩစတြေးလျတို့သို့ ပြန့်နှံ့သွားခဲ့သည်။ ၁၉၇၆ခုနှစ်ခန့်တွင် X.25 packet လမ်းပြောင်းလွှဲခြင်း စံချိန်စံညွှန်းကို CCITT (ယခုအခေါ် ITU-T) တွင် ပြုလုပ်ခဲ့သည်။
Credit to the original post owner
Agga Net ရုံးခွဲ ကို
အသုတ်မြို့ ဆရာပု လမ်းမှာ ဖွင့်လှစ်ထားရှိပါပြီ ခင်ဗျာ။
မြန်နှုန်းမြင့် ဖ်ိုင်ဘာအင်တာနက်ကို
တပ်ဆင်အသုံးပြုလိုပါက
ရုံးမှာလာရောက်စာရင်းပေးလို့လဲရပါတယ်။
Page CB or 09 977773526, 09 977773527 ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းလို့ပါတယ်။
စာရင်းပေးသွင်းထားတဲ့ customersများကို
ဦးစားပေးတပ်ဆင်ပေးမှာဖြစ်တဲ့အတွက်
မြန်မြန်ဆက်သွယ်ထားမှ စောစောရမှာနော်။
မကြာခင်မှာ
အသုတ် နဲ့ ငါးသိုင်းချောင်းမြို့အတွက်
Agga Net (အဂ္ဂနက်) မြန်နှုန်းမြင့်
WiFi Service လေး ရရှိတော့မှာပါဖြစ်ပါတယ်။
Speed လဲ မြန် လိုင်းဆွဲအားလဲကောင်း
ဈေးနှုန်းသက်သာ
တပ်ဆင်ဖို့အတွက်
ကြိုတင်စာရင်းပေးချင်ရင်တော့
09 977773526, 09 977773527 သို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။
ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ WI-FI ကို တီထွင်သူ။
ရုပ်ရှင်လောကမှာ ကမ္ဘာ့ချောဆုံး မင်းသမီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရသူတစ်ဦးလည်းဖြစ် သိပ္ပံပညာရှင်လည်းဖြစ်တဲ့ Hedi Lamarr ကတော့ ဂျူးလူမျိုး သြစတြီးယားနိုင်ငံသားပဲဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ Wi-Fi စနစ်ဖြစ်ပေါ်လာဖို့ သူတီထွင်ဖန်တီးခဲ့တာပါ။
သူ့ဝါဿနာကတော့ နည်းပညာကို စိတ်ဝင်စားတဲ့သူဖြစ်ပေမဲ့ အားလပ်ရပ်တွေမှာတော့ ရုပ်ရှင်ကို ရုံဖန်ရုံခါ ရိုက်ဖြစ်ခဲ့ပါတယ်။ Hollywood နဲ့ ဂျာမန် ရုပ်ရှင်မှာ N**i တွေဆီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတွေအကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေမှာ
သရုပ်ဆာင်အဖြစ် ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့တာပါ။
သူမမွေးနေ့ဖြစ်တဲ့ နိုင်ဝင်ဘာလ ၉ ရက်နေ့ကို သြစတြီးယား, Switzerland နဲ့ ဂျာမန် စတဲ့ ဂျာမန် ဘာသာစကားအသုံးပြုတဲ့ နိုင်ငံတွေမှာ "တီထွင်တဲ့နေ့" ဆိုပြီး သူ့ကို အသိအမှတ်ပြုနေပါတယ်။
Credit to original post owner
အင်မတန်ကောင်းတဲ့ အပြည်ပြည်ဆိုင်ရာသင်ရိုးညွှန်းတမ်း
အပြည့်အစုံကို မူကြိုကနေ အထက်တန်းထိ
ထည့်သွင်းပေးထားတာ
Kindergarten ကနေ grade 1-8 ပြီးတဲ့အခါ
High school level အထိ ရှိပါတယ်။
လုံးဝ FOC အခမဲ့ဖြစ်ပြီးတော့
ပိုက်ဆံ ပေးစရာမလိုပဲ
အင်္ဂလိပ်ဆရာ ဆရာမတွေရဲ့ ပို့ချချက်တွေကို
အိမ်မှာ ထိုင်နားထောင်၊ လိုက်ကြည့်၊ လေ့လာမှတ်သား၊ ပြန်လည်လေ့ကျင့် ရုံပါပဲ။
အဲဒီ လိပ်စာကတော့ https://www.khanacademy.org ပါ။
ဒီWebsite မှာ
သင်ခန်းစာရှင်းပြတဲ့ဗီဒီယိုလင့်တွေနဲ့
လေ့ကျင့်ခန်းဗီဒီယိုလင့်တွေအပြင်
စာမေးပွဲလေ့ကျင့်ခန်းတွေကိုပါ သင်ခန်းစာအလိုက်
ထည့်သွင်းထားပါတယ်။
ဒါ့အပြင် သင်ကြားရေးဗီဒီယိုတွေမှာ
subtitle ထိုးပေးထားပါသေးတယ်။
ကျောင်းသားအနေနဲ့ ၀င်လို့ရသလို ဆရာအနေနဲ့ရော
မိဘအနေနဲ့ပါ ၀င်ရောက်လေ့လာသင်ကြားနိုင်ပါတယ်။
အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတု၊ရူပ၊ ဇီ၀၊ ကွန်ပျူတာ၊
သမိုင်း၊ ပထဝီ၊ စီးပွါးရေး စတဲ့
ဘာသာစုံ အခြေခံ ပညာရပ်တွေအားလုံး
ထည့်သွင်းပေးထားတဲ့အတွက်
ကျောင်းသား၊ ဆရာ၊ မိဘတွေအတွက်
အလွန်အကျိုးရှိတဲ့ ပညာရေးဘဏ်တိုက်ကြီးတစ်ခု
ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဆင့်မီစာမေးပွဲတွေဖြစ်တဲ့
SAT, MCAT, GMAT စတဲ့ စာမေးပွဲတွေကို
လေ့ကျင့် ပြင်ဆင်နိုင်ပါတယ်။
ကွန်ပျူတာကောင်းကောင်းနဲ့ အင်တာနက်ရှိဖို့တော့ လိုအပ်ပြီး
ကလေးငယ်တွေ တနေ့ တနာရီ နှစ်နာရီ
ကိုယ်တိုင် လေ့လာရုံနဲ့
နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင်ခန်းစာတွေနဲ့
ထိတွေ့မှု ရှိနိုင်ပါတယ်။
၀ဘ်ဆိုက်ကို ၀င်ရောက်တဲ့အခါမှာ
ကိုယ့်ရဲ့ facebook အကောင့်
သို့မဟုတ် gmail account နဲ့ လွယ်လွယ်ကူကူ
၀င်ရောက်နိုင်ပါတယ်။
to original post owner
ကိုယ်မသုံးဘဲနဲ့ ဖုန်းဘေလ်တွေ ဘာကြောင့်အရမ်းကုန်နေတာလဲ
Wifi နဲ့သုံးပေမယ့် ဘေလ်တွေကုန်တယ်ဆိုတာ တကယ်ဖြစ်တတ်ပါတယ်။
Wifi သုံးကြတဲ့သူတွေရဲ့ရည်ရွယ်ချက်က အမျိုးမျိုးတွေရှိပါတယ်
ကျွန်တော်တို့ Wifi သုံးကြတဲ့ ရည်ရွယ်ချက်ကဖသက်သာချင်လို့ Wifi ကိုသုံးကြတာဖြစ်ပါတယ်
ကိုယ့်အိမ်မှာ Wifi တပ်ထားပေမယ့် ဘေလ်သူခိုးတွေကိုမရှင်းထားရင် ဘေလ်တွေက ကုန်နေဦးမှာပဲဖြစ်ပါတယ်
ဘေသူခိုးတွေကို မရှင်းခင်မှာ ဘေသူခိုးတွေရဲ ့အကြောင်းကို အရင်ပြောပြပေးပါမယ်
facebook Video တွေကြည့်တဲ့အခါမှာ တခါတရံ ကိုယ်ကြည့်ချင်တဲ့ Video တွေမလာသေးခင်မှာပဲ ကြော်ငြာတွေအရင်လာတတ်ပါတယ်
ကြော်ငြာတွေကို ကျွန်တော်တို့က မတော်တဆပဲဖြစ်ဖြစ် တမင်သက်သက်ပဲဖြစ်ဖြစ် နှိပ်မိသွားခဲ့ရင် ကိုယ့်ဖုန်းနံပါတ်နဲ့ Auto Register ဖြစ်သွားပါတယ်
ကြော်ငြာတိုင်းတော့မဟုတ်ပေမယ့် ကြော်ငြာတော်တော်များများကတော့ Auto Register လုပ်ပြီးသားဖြစ်သွားပါတယ်
အဲ့ကြော်ငြာတွေဟာ ဗီဒီယိုတွေထဲမှာတင် မကပါဘူး တချို့ App တွေသုံးတဲ့ခါမျိုးတွေမှာလည်း ပါလာတတ်ပါတယ် စုံအောင်ပြောရရင်
facebook ကဗီဒီယိုတွေကြည့်တဲ့ခါ , facebook ကြော်ငြာလင့်ခ်များ , Youtube ဗီဒီယို , တချို့ Application Software တွေ , Online Game အမျိုးမျိုးဆော့တဲ့အခါ , သက်ဆိုင်ရာ Sim Operator တွေကပို့တဲ့ မက်ဆေ့တွေက ကြော်ငြာ link တွေ
အချို့ Website တွေမှာ ဗီဒီယိုတွေဝင်ကြည့်တဲ့အခါ ၊ ဆော့ဝဲလ်တွေ ဝင်ဒေါင်းတဲ့ချိန် တွေမှာ တခါတည်း ကြော်ငြာlink တွေပါလာပါတယ်
တချို့ကြော်ငြာတွေဆိုရင် သင် iphone ကြီးပေါက်ရန် Spin လှည့်ပါဆိုရင် ဘုမသိဘမသိနဲ့စွတ်လှည့်နေတာ iphone လည်းပေါက်ရော ဘယ်မှာသွားထုတ်ရမှန်းမသိပဲ လိုက်မေးနေတာတောင် ရှိတတ်တယ်။
အဲ့တာတွေထဲမှာမှ Auto Register လုပ်ပြီး ဘေဖြတ်တဲ့ ကြော်ငြာတွေကို ကလစ်မိရင်တော့ ဇာတ်လမ်းကစလာပါပြီ ခင်ဗျာ
ဘေဖြတ်တာက အမျိုးမျိုးရှိပါတယ် ၁ ရက်တခါ ဖြတ်တာ , ၃ ရက်တခါ , ၅ ရက် တခါ , ၁ လတခါ စတဲ့အမျိုးမျိုးသော ဖြတ်နည်းပေါင်းစုံနဲ့လာပါတယ်
ဗေဒင် , အင်္ဂလိပ်စကားပြော , ဆယ်လီများရဲ့တနေ့တာလှုပ်ရှားမှု , Ebook ဘာသာပြန် , ဘောလုံးသတင်း , အားကစားသတင်းအမျိုးမျိုး , အစားအသောက်လမ်းညွှန်
အဲ့လို အများကြီးမှအများကြီးပါ နောက်ကိုယ်မသိသေးတဲ့ တခြားဟာတွေတောင်ရှိပါသေးတယ်
ထားပါတော့ ကိုယ်က ၁ ရက်ကို 99 ကျပ်ဖြတ်တဲ့ဝန်ဆောင်မှုယူထားတယ်ဆိုရင် ၁ ရက်မှ 99 ကျပ်တည်းဖြတ်တဲ့တွက် သင်သတိမထားမိလောက်ပါဘူး
အချို့ဆို လနဲ့ချီနေတာတောင်မသိဘူး ဘာမှလည်းမလုပ်ပဲနဲ့နေ့စဉ် ပိုက်ဆံတွေထိုင်ပေးနေရတာ ကိုယ်တိုင်တောင်မသိဘူးဆိုတော့ မနှမြောဘူးပေါ့
အကယ်လို့ဝန်ဆောင်မှုက ၂ ခု ၃ ခုလောက်ရှိလာတဲ့ခါမှာတော့ သင်စတင်သတိထားမိလာပြီဖြစ်ပါတယ် တော်တော်များများက ဘာတွေးလဲဆိုတော့
ဒီဆင်းကဒ်က ဘေတအားဖြတ်တယ် ဘေခိုးတယ် Package တွေဝယ်ပြီး အင်တာနက်သုံးရဲ့သားနဲ့ ဘေထဲကဖြတ်တယ်
အဲ့တာနဲ့နောက်ဆင်းကဒ် ၁ ကဒ်လဲလိုက်ကော ဆင်းကဒ်အသစ်ဆိုတော့ ဘာဝန်ဆောင်မှုမှ မရှိသေးတဲ့အချိန်တော့ ပုံမှန်ပဲ နောက်ကျ ဝန်ဆောင်မှုတွေ ယူမိသွားတဲ့ခါကျရင်တော့ အသံတွေက ထပ်ထွက်လာကော
တချို့က Live တွေဘာတွေတောင်လွှင့်ပြီး Operator တွေကို မေတ္တာပို့လိုက်သေး
အဲ့လို Auto Register ဖြစ်ပြီး ငွေဖြတ်တဲ့ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာ Operator တွေက မသိဘူးလားဆိုတော့ သိတယ် မပြောပြတာ ငွေဖြတ်တဲ့ ဝန်ဆောင်မှုတွေကို သင်ယူထားမိတယ်ဆိုရင် တီထွင်တဲ့သူကလည်းပိုက်ဆံရတယ် Operator ကလည်း သူတို့ဆင်းကဒ်ကနေ Register ဖြစ်တဲ့တွက် သူတို့လည်းပိုက်ဆံရနေလို့ပဲဖြစ်ပါတယ်
ဘေတွေက တအားဖြတ်လိုက်ပြီ အဲ့ခါကျ ကိုယ်သုံးနေတဲ့ ဆင်းကဒ်က လုပ်ငန်းသုံးနေတဲ့ ဆင်းကဒ်ဖြစ်နေတော့ ဆင်းကဒ်အသစ်ကို မလဲချင်ဘူး ဘေတွေကလည်း တနေ့တနေ့အရမ်းကုန်နေတဲ့ အချိန်မျိုးမှာတော့ Wifi ကိုတပ်ဖို့တွက်အကြောင်းဖန်လာပါပြီ
ကိုယ့်အိမ်မှာ Wifi လည်းသုံးရော ဆင်းကဒ်ကို ဖုန်းအဝင်ပဲထားကြပြီး ဘေမထည့်ရဲ ကျတော့ဘူး ဘေမရှိရင် သူတို့ကဖြတ်စရာမရှိတဲ့တွက် မဖြတ်ဘူးလေ သင်ကဘေထည့်တာနဲ့ သူတို့ကလည်းဖြတ်ဖို့တွက်ချောင်းနေတာ ကိုယ်က ဘေမထည့်တာကြာပြီး နောက်မှဘေထည့်ရင် မဖြတ်ဘူးမထင်ပါနဲ့ အတိုးရောအရင်းကော ပေါင်းဖြတ်သွားပါလိမ့်မယ်
တချို့မိဘတွေဆိုရင် ကိုယ့်အိမ်မှာ Wifi တပ်ထားတော့ ကိုယ့်ကလေး 5 နှစ် 6 နှစ်အရွယ်ကို ဖုန်းပေးထားပြီး ကြည့်ချင်တာကြည့် ဘေမကုန်ဘူးဆိုပြီး ပေးထားတတ်ပါတယ် ဟုတ်ကဲ့ အဲ့လိုထင်ရင်မှားသွားပါလိမ့်မယ် Wifi သုံးနေပေမယ့်လည်း ကြော်ငြာတွေနှိပ်မိတဲ့ခါ ဖုန်းထဲက ဆင်းကဒ်နဲ့ Auto Register ဖြစ်တတ်ပါတယ်
ကလေးဆိုတော့ပိုဆိုးတာပေါ့ တွေ့သမျှဟာအကုန်နှိပ်တာ ဒေါင်းလုတ်ဆွဲဆိုဆွဲတာပဲ တွေ့သမျှကြော်ငြာအကုန်ကလစ် တခါတလေဆို သင့်ဖုန်းထဲမှာ သင်မသိတဲ့ ဆော့ဝဲလ်တွေတောင် ဝင်လာတတ်ပါတယ်
ဟုတ်ပြီ အဲ့တာဆိုရင် ကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲ
ဆင်းကဒ်တခုက ဘေတအားဖြတ်နေလို့ဆင်းကဒ်အသစ်လဲလိုက်တာ , Wifi စက်တပ်လိုက်တာ နဲ့ Live လွှင့်ပြီး ဆဲနေတာက သင့်ပြသနာကို ဖြေရှင်းလိုက်တာ မဟုတ်ပါ
ဘယ်လိုလုပ်ရမလဲဆိုတော့ အရင်ဆုံး စာအုပ်နဲ့ဘောပင်သာအရင်ယူထားပါ ပြီးရင်
Ooredoo ဆိုရင် 234
Telenor ဆိုရင် 979
MPT ဆိုရင် 106
Mytel ဆိုရင် 966
MEC ကတော့ Auto Register မဖြစ်တဲ့တွက် လိုက်လုပ်စရာမလိုပါ အကယ်လို့ MEC တွက် စစ်ဆေးချင်ရင် 1212 ကိုဆက်ပါ
အဲ့လိုသက်ဆိုင်ရာ Operator တွေကိုဆက်ပါ
ဥပမာ - ကိုယ့်ဆင်းကဒ်က ဘေတအားဖြတ်နေပြီး MPT ကဒ်ဆိုရင် အဲ့ဒီ ဘေဖြတ်တဲ့ MPT ကဒ်နဲ့ပဲ သူရဲ ့Call Cantre နံပါတ် 106 ကိုဖုန်းဆက်ပါ
Customer Champion နဲ့တိုက်ရိုက်စကားပြောနိုင်အောင်လုပ်ပါ သူတို့နဲ့စကားပြောလို့ရပြီဆိုတာနဲ့
ဟဲလို အမ ကျွန်တော်ဖုန်း ဒီဆင်းကဒ်ထဲမှာရှိတဲ့ ဘေဖြတ်တဲ့ဝန်ဆောင်မှုမှန်သမျှ အကုန်စစ်ပေးပါ
( အဲ့ ၁ ခွန်းထဲပဲပြောလိုက်ပါ သူတို့စစ်ဆေးပေးပါလိမ့်မယ် )
တခြား Operator တွေဖြစ်တဲ့ Ooredoo , Telenor , Mytel လည်းသက်ဆိုင်ရာ Customer Champion နဲ့စကားပြောရင် အဲ့ ၁ ခွန်းပဲပြောလိုက်ပါ
သူတို့စစ်ပြီးတဲ့ခါကျ သင့်ကိုပြန်ပြောပါလိမ့်မယ် သင့်ဆင်းကဒ်ထဲမှာ ဘယ်လိုဘယ်လို ဝန်ဆောင်မှုတွေယူထားကြောင်းပြောပြပါလိမ့်မယ်
ဟုတ်ကဲ့ အမ ကျွန်တော့်ကို အဲ့ဝန်ဆောင်မှုတွေအကုန်ဖျက်ပေးပါ
တချို ့ဟာတွေကတော့ သူတို့ဖျက်ပေးလို့ရပြီး တချို ့ဟာတွေကတော့ ကိုယ်တိုင်ဖျက်မှရတာပါ
ကိုယ်တိုင်ဖျက်ရမယ့်ဟာတွေဆိုသူတို့ပြောပြပါလိမ့်မယ်
ကိုယ်တိုင်ဖျက်ရမယ့်ဟာတွေကျတော့ စာရွက်နဲ့ဘောပင်နဲ့သာလိုက်မှတ်ထား ဘယ်နံပါတ်ကို ဘယ်လို မက်ဆေ့ပို့ရမယ် အဲ့တာမှ ခုဝန်ဆောင်မှုက ပျက်မှာ
ဥပမာ - 372 နံပါတ်ကို OFF လို့မက်ဆေ့ပို့ရမယ်
ဝန်ဆောင်မှုတွေအကုန်ဖျက်ပြီးသွားတဲ့အခါ နောက်ထပ် ထပ်ပြောရမှာက လက်ရှိကိုယ့်ဆီက ဘေဖြတ်သွားတဲ့ဝန်ဆောင်မှုတွေကဘာတွေလဲ တခုချင်းဆီမေး ၃ ခုဆိုရင် ၃ ခုစလုံးမေး ဘာတွေလဲ
ဘာတွေလဲသိပြီးရင် ဘယ်ကနေလာတာလဲမေး ဘယ်ကနေလာတာလဲ သိပြီးရင် ဘယ်တုန်းကတည်းက ရောက်တာလဲမေးပါ
အကုန်သိပြီးပြီဆိုရင် အဲ့တာတွေအကုန်လုံး ကိုယ့်ဆီကနေ ဘေဘယ်လောက်ဖြတ်ထားပြီးပြီလဲဆိုတာ သူတို့ကိုပဲပြန်တွက်ခိုင်းပါ။
ကိုယ့်တွက် မလိုအပ်ပဲနဲ့အဲ့ဒီဖြတ်နေတဲ့ဝန်ဆောင်မှုက ပိုက်ဆံတွေအားလုံးကိုပြန်လိုချင်ပါတယ် ကျွန်တော့်ကို ကွန်ပလိန်းတင်ပေးပါလို့သာပြောပါ
သူတို့ဘယ်လိုဆင်ခြင်ပေးပေးအဲ့တာသာပြောလိုက် သူတို့ကွန်ပလိန်းတင်ပေးပါလိမ့်မယ် အဲ့တာဆိုရင် တချို့ဝန်ဆောင်မှုတွေတွက် ငွေအချို့ကိုပြန်ပေးပါလိမ့်မယ်
တချို့ဝန်ဆောင်မှုက ဖြတ်တဲ့ပိုက်ဆံတွေကတော့ သူတို့ပြန်မပေးပဲနဲ့ အကြောင်းပြချက်ကို ဖုန်းဆက်ပြောပြပါလိမ့်မယ်
အဲ့တာကိုမှ မကျေနပ်သေးရင် စားသုံးသူရေးရာကို ထပ်တိုင်လို့ရပါတယ် စားသုံးသူရေးရာကို တိုင်တဲ့အခါမှ စောစောကစာရွက်နဲ့လိုက်မှတ်ထားတဲ့ အကြောင်းအရာတွေကိုသာပြောပြလိုက်ပါ သူတို့အဆင်ပြေအောင်ဆောင်ရွက်ပေးပါလိမ့်မယ်
( စားသုံးသူရေးရာကို တိုင်ကြားရန်လင့်ခ် ကော်မန့်မှာပေးထားပါမယ် )
ခုဆိုရင် ဘေဖြတ်တဲ့ ဝန်ဆောင်မှုတွေကို စတင်အရေးယူပါတော့မယ်
ဟုတ်ကဲ့ အဲ့လိုမျိုး ဘေသူခိုးတွေကို တိုက်ထုတ်ပြီးတဲ့အခါမှသာ သင်ဟာ Wifi စက်ကို စတင်အသုံးပြုရန် အသင့်တော်ဆုံးဖြစ်ပါတယ်
သတိပြုရမယ့် အချက်လေးတွေထပ်ပြောပြပါဦးမယ်
အဲ့လိုရှင်းထုတ်လိုက်တာနဲ့ပြီးသွားပြီမထင်ပါနဲ့စောစောကကျွန်တော်ပြောခဲ့သလိုပဲ Wifi သုံးနေရင်းနဲ့ကြော်ငြာတွေကလစ်မိရင် ဘေကထပ်ဖြတ်ခံနေရဦးမှာပါပဲ
အဲ့တော့ တစ်ပါတ်တခါ ကိုယ့်ဖုန်းကို Operator ကိုဖုန်းဆက်ပြီး စစ်ဆေးနေပါ ကလေးငယ်တွေကို Wifi ပေးသုံးတဲ့အခါ Tablet ပဲဖြစ်ဖြစ် Phone ပဲဖြစ်ဖြစ် အထဲက ဆင်းကဒ်ကို ထုတ်ထားပါ ( သို့မဟုတ် ) Disable လုပ်ထားပြီးမှ ပေးသုံးပါ
အဲ့လိုတွေလုပ်ထားမယ်ဆိုရင်တော့ ဘေသူခိုးတွေရန်က လွတ်ပြီး Wifi ကိုလည်း စိတ်အေးသက်သာစွာ သုံးနိုင်ပြီဖြစ်ပါတယ်။
အချို့သော knowledge များ facebookမှ ကူးယူထားပါသည်။
မူရင်းရေးသားသူများအား credit ပေးပါတယ် ခင်ဗျာ။