Tea shop movie store

Tea shop movie store

မြန်မာ စာတန်းထိုးဇာတ်ကားကူးပေးသည်

23/12/2023

ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။

20/12/2023

အချိန်ကာလအားဖြင့် 1941-1943ဝန်းကျင် ဒုတိယကမ္ဘာစစ်ကြီး

ဖြစ်ပွားနေစဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်…..။ဥရောပတစ်တိုက်လုံးနီးပါးကို ဂျာမဏီကသိမ်းပိုက်ပြီး ဆိုဗီယက်ယူနီယံကိုစစ်ချီလာခဲ့တာ မော်စကိုကို သိမ်းပိုက်မိခါနီးနေပါပြီ….။
ဒီအချိန်မှာ ဆိုဗီယက်တပ်နီတော်မှလည်း Rzhev–Vyazmaဆိုတဲ့ ဗျူဟာမြောက်တန်ပြန်တိုက်စစ်ကို ပြင်ဆင်ကာ…နာဇီဂျာမဏီများကို မော်စကိုကနေ ပြန်လည်မောင်းထုတ်ခဲ့ကြပါတယ်…။Rzhevဆိုတဲ့မြို့ဟာ မော်စကိုအနောက်ဘက် မိုင် ၁၄၀အကွာမှာရှိပြီးတန်ပြန်တိုက်စစ်ကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်ခဲ့တဲ့ ခံစစ်မြို့ဆိုလည်းမမှားပါဘူး…။ဒီတိုက်ပွဲတွေမှာ ဆိုဗီယက်တပ်နီတော်မှ စစ်သားများဟာ နာဇီဂျာမဏီတွေကိုမောင်းထုတ်နိုင်ခဲ့ပေမယ့် ပေးဆပ်မှုအရင်းအနီးက အတော်များပါတယ်…။တပ်နီတော်တစ်ဖက်တည်းတင် ‌စစ်သား ၁၃သိန်းကျော်ကျဆုံးခဲ့ပြီးနောင်တစ်ချိန်မှာတော့ ဒီစစ်ပွဲတွေကို “Rzhev Meat Grinder”(ရာရှက်ဗ်မြို့အသားကြိတ်စက်)ဟု ပြောစမှတ်တွင်ခဲ့ပါတယ်….။ဒီဇာတ်လမ်းထဲမှာတော့ Rzhevတိုက်ပွဲများထဲမှတစ်ခုဖြစ်တဲ့ Ovsyannikovoရွာကိုတပ်နီတော်တို့ အသေခံ ခြေကုပ်ခြေခဲ ခံစစ်ပြင်ကြပုံကိုရိုက်ကူးပြထားပါတယ်….။စစ်ကူလာနိုးလာနိုးကို ဗိုက်ဟောင်းလောင်းနဲ့စောင့်ရင်း နောက်မဆုတ်တမ်းတိုက်ခိုက်ကြရင်းတန်ပြန်တိုက်စစ်ကြီးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားကြပုံကိုမြင်တွေ့ရမှာပါ…။အထက်ကပေးတဲ့ မဖြစ်နိုင်တဲ့အမိန့်တွေကြား မိမိရဲ့တပ်သားတွေကိုငှဲ့ညှာပြီးတာဝန်ကျေအောင်ထမ်းဆောင်တဲ့ ခေါင်းဆောင်ပိုင်းတွေ….တပ်သားတိုင်းရဲ့ ပုံပြင်ကိုယ်စီနဲ့ ပေးဆပ်ကြပုံတွေကို မိမိရရမြင်တွေ့နိုင်တာမို့ကြည့်ရှုသင့်တဲ့ Drama History War movieကောင်းလေးတစ်ခုပါပဲ….။

20/12/2023

Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့
အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။
ဇာတ်လမ်းအကျဉ်း
***************ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာနီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစားလုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကိုတိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ကြည့်ကြည့်လိုက်ကြပါဦး။

20/12/2023

The cabin in the woods 2011

၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။

IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။Thor မင်းသား Chris Hemsworth နဲ့ Grey’s Anatomy ထဲက
Jesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာမြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား…

20/12/2023

Tales from the Occult: Ultimate Male 2023

ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ်
ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်း‌ကောင်းတစ်ခုပဲဖြစ်ပါတယ်ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး
တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့
သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့
သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး
ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့
ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက်
ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့
ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး
အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို
ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ
မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ…………..တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး
ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ
ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို
သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့…ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ
သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့

20/12/2023

Amour of God II ကတော့ 1991 ခုနှစ်မှာ ထွက်ခဲ့ပါတယ်
ဒီတစ်ခါတော့ ဂျက်ကီတစ်ယောက် အပန်းဖြေနေရာကနေ တာဝန်နဲ့ ပြန်ခေါ်ခံရပါတယ် အာဖရိကသဲကန္တာရထဲမှာ ဂျာမနီစစ်တပ်တွေ ဒုတိယကမ္ဘာစစ်တုန်းက မြှုပ်ထားခဲ့တဲ့ ရွှေတွေကို သွားရောက် တူးဖော်ဖို့ပါ သူနဲ့အတူ ကန္တာရပညာရှင်မလေးတစ်‌ယောက်ကို အဖော်ထည့်ပေးလိုက်ပါတယ် နောက်တစ်ယောက်ကတော့ ရွှေတွေကို တာဝန်ယူမြှုပ်ခဲ့တဲ့ စစ်လက်ထောက်ကြီးရဲ့ မြေးဖြစ်သူ မိန်းကလေးကလည်း သူ့အဘိုး ဘဝခရီးဘယ်လိုအဆုံးသတ်ခဲ့သလဲဆိုတာကို အတည်ပြုဖို့အတွက် သူ့ဆန္ဒအလျောက် ရွှေတူးဖော်မယ့်ခရီးကို လိုက်ခဲ့ပါတယ် မိန်းကလေး ၂ ယောက်ရဲ့ အချင်းချင်း မတည့်တာလေးတွေ ဘုနဲ့ ဘောက်ဖြစ်ကြတာလေးတွေကို ဟာသလေး နှောပြီး ချစ်စရာကောင်းအောင် ရိုက်ကူးပြထားပါတယ် ဒါ့အပြင် အာဖရိကဘက်ကို ကျွမ်းကျင်တဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း လမ်းမှာဆုံရာက အတူ ခရီးဆက်ဖြစ်ကြပါတယ် မချော ၃ ယောက် ဂျက်ကီတစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်ပြီး ရွှေတွေရှိတဲ့နေရာကို ရောက်သွားချိန်မှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ ရွှေတွေကို ယူခဲ့နိုင်မလားဆို‌တာတော့ ဆက်လက်ကြည့်ရှုကြပါ အက်ရှင်ကားကောင်းလေး ဖြစ်တဲ့အပြင် ဂျက်ကီချမ်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေထည့်ပြီး တင်ဆက်ထားလို့ မပျင်းရတဲ့ ဇာတ်ကားကောင်းလေးပါလို့ ညွှန်းပေးပါရစေ…..

20/12/2023

Leo (2023)
=========
IMDb Rating – 7.1/10နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကား
ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့
လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်
ထား
လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတို့က အလယ်တန်းကျောင်း
တစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေး
တွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေး
တွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက်
သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့
လိုက်ရတယ်။မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို့ ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့
ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့
ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို့ ကြိုးစားပါတော့တယ်။
မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊
သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား
ကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေး
တွေနဲ့ တင်ဆက်ပေးသွားတာမို့ ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်း
တစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။

20/12/2023

ဒီကားလေးမှာတော့ ဂျက်ကီချန်းတစ်ယောက်ဟာ စီအိုင်အေနဲ့အလုပ်တွဲလုပ်ရပြီး နျူးကလီးယား လက်နက်မှောင်ခိုရောင်းချမှုနဲ့ ပါဝင်ပတ်သက်နေနိုင်တဲ့ အမျိုးသမီးဖြစ်တဲ့ နာတာရှာကို ဟောင်ကောင်ကနေ ယူကရိန်းကိုသွားတဲ့ခရီးစဉ်မှာ လိုက်ပါစောင့်ကြည့်ဖို့ ရိုးရှင်းတဲ့တာဝန်ပေးလိုက်ပါတယ်။ယူကရိန်းရောက်ပြီး ဂျက်ကီရဲ့တာဝန်ပြီးသွားပေမယ့် ယူကရိန်းစစ်တပ်က နာတာရှာကိုဖမ်းသွားရာကနေ ဂျက်ကီတစ်ယောက် သူမကို လိုက်ကယ်ရင်းနဲ့ နာတာရှာဟာ အမည်မသိ အာရှအမေရိကန်အမျိုးသားတစ်ယောက်နဲ့ အလုပ်တွဲလုပ်နေကြောင်း သိလိုက်ရပါတယ်။
ဒီလိုနဲ့ ဂျက်ကီတစ်ယောက် စီအိုင်အေ ရှရုားတို့ပါဝင်ပတ်သက်နေတဲ့အမှုကို မဆီမဆိုင်ရောပါသွားရာကနေ အမည်မသိအာရှအမေရိကန်က ဘယ်သူလဲ နျူးကလီးယားလက်နက်ကို မသမာသူလက်ထဲမရောက်အောင်၊ နိုင်ငံရေးလှည့်ကွက်ကြားက မသမာသူက ဘယ်သူလဲဆိုတာ သိအောင်ဖော်ထုတ်ဖို့ အမှုကို ကြိုးစားဖြေရှင်းမယ့် အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မနှေးဘဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။

20/12/2023

Jack Reacher 2: Never Go Back (2016)
IMDb Rating (6.1)ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ…..။Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။

20/12/2023

Jack Reacher (2012)IMdb Rating (7.0)
လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲ Jack ဟာ သူတို့ဆီရောက်လာတယ်.Jack က barr နဲ့တွေ့ခွင့်တောင်းတော့ရဲတွေကခွင့်ပြုတယ်.Barr ဟာ Jack နဲ့တွေ့ချိန်မှာ ရဲကားပေါ်ကလူတွေနဲ့ရန်ဖြစ်ခဲ့ခြင်းကြောင့် coma ဖြစ်ပြီးမေ့မြောနေတယ်. နောက်တော့ barr ရဲ့ ရှေ့နေ Helen rodinနဲ့တွေ့ပြီး အမှုကိုအတူတူစုံစမ်းကြတဲ့အခါ Barr ကတကယ်ပဲအပြစ်ရှိလား တကယ်ပဲသူကအပြစ်မဲ့တဲ့လူငါးယောက်ကိုသတ်ခဲ့တာလား ဘာလို့သတ်တာလဲဆိုတာတွေကိုတော့ ………..Jack Reacher ဇာတ်ကားဟာ မြောက်အမေရိကမှာ $80.1million အခြားနိုင်ငံတွေမှာ$ 138.3million နဲ့အတူ Total worldwide $218.3million ဝင်ငွေရရှိခဲ့ပါတယ်. ဒီဇာတ်ကားအတွက်သူတို့သုံးခဲ့တဲ့ငွေကတော့ $60ပဲဖြစ်ပါတယ်.ရင်းငွေထက်သုံးဆကျော်ပြန်ရရှိခဲ့တယ်ပေါ့ဗျာJack reacher ဇာတ်ကားဟာ 2005 တုန်းက ထွက်ခဲ့တဲ့ Lee Child ရဲ့ one shot ဆိုတဲ့ novel ကိုပြန်ရိုက်ထားတာပါ Jack reacher ရဲ့ sequel ဖြစ်တဲ့ Jack Reacher : Never Go Back ကိုတော့ october 21 ရက်နေ့ကစပြီး နိုင်ငံတကာမှာ ရုံတင်နေပါပြီJack Reacher ဇာတ်ကားဟာ IMDB မှာဆိုရင်ဖြင့် 7/10 အထိရထားပြီး rotten tomatoes မှာတော့ 62% ရရှိထားလို့ rating ကောင်းတယ်ဆိုရပါမယ်
သရုပ်ဆောင်တွေအနေနဲ့ကတော့ Jack reacher အဖြစ် mission imposisble,edge of tomorrow,war of the worlds တို့လိုဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ Tom Cruise က သရုပ်ဆောင်ထားပြီး Helen Rodin အဖြစ် Rosamund Pike နဲ့ James barr အဖြစ် Joseph Sikora တို့ကသရုပ်ဆောင်ထားပါတယ်.Director ကတော့ Christopher McQuarrie ပါ

20/12/2023

Dead Silence (2007)
============
IMDb Rating (6.1)
အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။
ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး
Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။
💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐
💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐
💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်….ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ….🤐၁မိနစ်အတွင်းလေးနော်…😳
အစက အဲ့လောက်ထိကို….မတွေးထား မထင်ထားတာပါ… 🤐
💀💀 Story က James Wan ရော သူ့သူငယ်ချင်း Leigh Whannell ရော၂ယောက်လုံး ပေါင်းရဲ့ Ideaပါ။တကယ်လည်း ချီးကျူး စရာကောင်းပါတယ်။ဇာတ်ကြီးကလန်ထွက်နေလို့ပါ။🤐
💀💀 Horror ဇာတ်အလန်းစား တွေထဲမှာ Dead Silence ကို ချန်လှပ်ထားလို့မရပါဘူး…Horror Crazy တွေ ၁မိနစ်အတွင်း ဖော်ပြရိုက်ပြသွားတဲ့ မြှုပ်ကွက်က ဘာဖြစ်မလဲ စိတ်ဝင်စားကြည့်ပါဦး။ပြီးမှ ပါးစပ်အဟောင်းသား မဖြစ်သွားနဲ့နော်….။
ဇာတ်လမ်းအကျဉ်းကတော့…
ဂျေမီရဲ့ ဇနီးဖြစ်သူ လီဆာဟာ ဘီလီလို့နာမည်ရတဲ့ အရုပ်လေးတစ်ရုပ်ကို လက်ခံရရှိပြီးနောက်မှာ ထူးခြားတဲ့ ရှင်းမပြနိုင်တဲ့ အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဂျေမီတစ်ယောက် အသုဘအတွက် မွေးရပ်မြေကိုပြန်လာခဲ့ပြီးနောက်မှာ သူ့အဖေနဲ့ဇနီးငယ်၊ အသုဘစီစဉ်သူလင်မယားဆီကနေတဆင့် အရုပ်ရဲ့ မသင်္ကာစရာ ဇာတ်လမ်းအကြောင်းကို သတိပေးခံခဲ့ရပြီးနောက်မှာ…….။

20/12/2023

Apocalypto (2006)
IMDb Rating (7.8 ) / Rotten Tomatoes (65%)လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ….
မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။
ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။
ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။
မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။
ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။
ဒီကားဟာ ငယ်ငယ်က အသည်းစွဲကား ဖြစ်ပြီးတော့ အခုချိန်ထိကြည့်လည်း မရိုးသေးတဲ့ ဇာတ်ကားပါ။
Mel Gibson ရဲ့အကောင်းဆုံးကားတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။
ဒါရိုက်တာ Mel Gibson ဟာ မာယာ Maya ခေတ် က လူမျိုးတွေအကြောင်းကို ရိုက်ချင်တဲ့အတွက် မာယာဘာသာစကားတွေကို လေ့လာသင်ယူခဲ့ရပါတယ်။
ဒီရုပ်ရှင်တစ်ခုလုံးက Maya ဘာသာစကားတွေနဲ့ပဲ ပြောထားတာပါ။
ရုပ်ရှင်သရုပ်ဆောင် တော်တော်များများကိုလည်း မာယာဘာသာစကားကို သင်ယူစေခဲ့ပြီးမှ ရိုက်ကူးစေခဲ့ပါသတဲ့။
ဒီရုပ်ရှင်ရိုက်ကူးဖို့ ပထမတော့ Costa Rica ဗင်နီဇွဲလား နိုင်ငံတွေမှာ သွားရိုက်ဖို့ စိတ်ကူးပေမယ့် တောနက်တာကြောင့် မက္ကစီကိုမှာသာ ရိုက်ကူးခဲ့ပါတယ်။
ဒီရုပ်ရှင်အတွက် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ လူသစ်တွေတွေကိုသာ ထည့်သုံးပြီး ရိုက်ခဲ့ပါတယ်။
Main Cast တော်တော်များများဟာ မက္ကဆီကန် မျိုးနွယ်စပ်တွေ အများစုဖြစ်ကြပါတယ်။
Jaguar Paw နေရာမှာ သရုပ်ဆောင်တဲ့ Rudy Youngblood ဟာ အမေရိကန်ဌာနေတိုင်းရင်းသား ဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ မိတ်ကပ်ပညာရှင်အများအပြားခေါ်သုံးခဲ့ရပြီး scene တစ်ခုရိုက်ဖို့ မိတ်ကပ်အတွက် ၆ နာရီလောက် အချိန်ယူပြင်ခဲ့ရပါသတဲ့။
Make up အတွက် Oscar စာရင်းဝင်ခဲ့ပါသေးတယ်။
ဒါရိုက်တာ Mel Gibson ဟာ ဒီကားအတွက် Maya ခေတ် မာယာထုံးတမ်းစဉ်ယဉ်ကျေုးမှုတွေ သိတဲ့ ပါမောက္ခတစ်ယောက်ကို ငှားရမ်းအသုံးပြုခဲ့ရပါတယ်။
ဒါရိုက်တာ Mel Gibson နဲ့ Farhad Safinia ကဇာတ်ညွန်းရေးပြီး ရိုက်ခဲ့တာပါ။
ဘတ်ဂျက် သန်း ၄၀ သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၂၀ ပြန်ရခဲ့တဲ့ထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်သမားတွေရဲ့ ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့….
အခါတစ်ပါး မာယာနိုင်ငံတော်ကြီးမှာ သဘာဝလွန် သဘောတရားတွေကြီးစိုးနေတာကြောင့် နတ်ဆရာလို နေဆရာလို ဆရာကြီးဆိုသူတွေက
မိုးခေါင်တိုင်း အသီးအနှံမဖြစ်တိုင်း အားတိုင်းယားတိုင်း မမြင်ရတဲ့မိုးနတ်မင်းကို ပူဇော်ပသတယ်ဆိုပြီး
မျိုးနွယ်တူ အားနည်းသူ တောထဲကမျိုးနွယ်စုတွေကိုဖမ်းခေါ်ပြီး အရှင်လတ်လတ် နှလုံးထုတ် ခေါင်းဖြတ်ခြင်းအလုပ်ကို စိတ်တိုင်းကျလုပ်နေပါတော့တယ်။
ဒီလိုနဲ့ ဖမ်းလာတဲ့ အထဲကမှ Jaguar Paw ကတော့ ဇာတ်လမ်းအရ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်းကိုခံရပြီး
ယစ်ပူဇော်ခံရခါနီးမှာ မိုးအုံ့လာလို့ ကံကောင်းပြီး ယစ်စင်ပေါ်ကနေပြန်ဆင်းလာရပါတယ်။
ဒါပေမယ့် လူသတ်ရတာကို ထမင်းစားရေသောက်လိုဖြစ်နေတဲ့ အရိုင်းအစိုင်းခေတ်ကြီးမှာ သူတို့ကို ဒီတိုင်းပြန်လွှတ်ပါ့မလား….
ရေတွင်းထဲမှာ ကိုယ်ဝန်ကြီးနဲ့ပုန်းကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ကလေးကရော မိုးတွင်းကြီးမှာ လွတ်မြောက်နိုင်ပါ့မလား…
အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ အယူမှားတွေနဲ့ပြည့်နှက်နေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်စောင်နေကြတဲ့ သူတို့ဘဝတွေက ဘယ်လောက်ထိရှင်သန်နိုင်ပါ့မလဲဆိုတာ…။
(ရုပ်ရှင်က R-Rated သတ်မှတ်ထားပြီး အသတ်အဖြတ်တွေက ကြမ်းတာကိုတော့ သတိပြုရပါမယ်။)ရုပ်ရှင်အညွှန်းအတွက် အင်တာနက်စာမျက်နှာပေါ်က အချက်အလက်တချို့ကို ကူးယူဖော်ပြထားပါသည်။

20/12/2023

RED 2021
မြန်မာစာတန်းထိုးဒီမင်းသားကတော့ တေလဂူးပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ။
iSmartShankar တို့၊ Hello Guru Prema Kosameတို့ရဲ့ မင်းသား
Ram Pothineniပါပဲ။

လောကမှာ အရှုပ်ထွေးဆုံးက လူ့လောက ဖြစ်ပါတယ်။
လူတစ်ယောက် နှစ်ယောက်ကနေ
အစုအဖွဲ့ ဖြစ်လာတော့
လူ့ အဖွဲ့အစည်းတွေသတ်မှတ်ပြီး
ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ
ချမှတ်တာဟာလည်း ဒီလူသားတွေပါပဲ။ဘယ်လိုပဲ ဥပဒေတွေ
စည်းတွေဘောင်တွေ ချမှတ်ပေမယ့်
ကယ်ပေါက်(ဟာကွက်)တွေကလည်း
ရှိနေစမြဲပါပဲ။ဇာတ်လမ်းအကျဉ်းက. . .
အာကတ်ရ်ှဆိုတဲ့ လူတစ်ယောက်
သူနေထိုင်ရာ တိုက်ခန်းမှာ အသတ်ခံရတယ်။
ရဲတွေ ပြာပန်းခတ် လှုပ်ရှားပြီး
အမှုမှန်ပေါ်အောင် စုံစမ်းနေစဉ်မှာ
ဆိဒါ့သ်ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ကို ဖမ်းလိုက်ပါတယ်။ရဲတွေရဲ့ ဆက်စပ် စုံစမ်းမှုအရ
လူသတ်သမားရဲ့ နေအိမ်တိုက်ခန်းအပြင်မှာ
အခင်းဖြစ်ပွားတဲ့ ညတုန်းက လူတစ်ယောက်ရပ်နေတာကို
အမှတ်မထင်ဘဲ ရိုက်မိခဲ့တဲ့ ပုံတစ်ပုံရရှိခဲ့ကြပါတယ်။ဒီတော့
အာကတ်ရ်ှကို သတ်သွားတာ
သူပဲလို့ ကောက်ချက်ချလိုက်ပါတယ်။ဘယ်လိုပဲ စစ်မေး စစ်မေး အမှုမှန် မပေါ်သလို
ဆယ်လ်ဖီပုံတစ်ခုသာ သက်သေအဖြစ် ရှိတာမို့
ရဲတွေ ခေါင်းချင်းဆိုင် ဆွေးနွေး အကြံထုတ်ရပြီ။ဒီလိုနဲ့ မကြာမီမှာပဲ ရဲအရာရှိတွေ အကြပ်ရိုက်စေမယ့်
အရာတစ်ခုကို ထပ်မံသိလိုက်ရပါတော့တယ်။ဇာတ်လမ်းကျောရိုးက အဲ့လောက်ပဲ ဆိုပေမယ့် အရှေ့ပိုင်းမှာ ပြသွားတဲ့ အခန်းတွေ
ကြားမှာ ဖြတ်ပြတဲ့ အခန်းတွေဟာ
လူသတ်သမား ဘယ်သူလဲဆိုတာကို
ကိုယ်တိုင် လိုက်ပါ စဉ်းစားကြည့်စေဖို့
တွန်းအား ဖြစ်လာစေတယ်။ကိုယ့်စိတ်ထဲမှာ မတင်မကျဖြစ်ပြီး
တရားခံက ဘယ်သူပါလို့ ကောက်ချက်ဆွဲလိုက်တာနဲ့ တက်တက်စင် လွဲအောင်
ဒါရိုက်တာဟာ အနုပညာစွမ်းပကား ကြီးလွန်းတယ်။တရားခံ ဘယ်သူလဲဆိုတာကို
ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြရအောင်ဗျာ။

20/12/2023

ဂျက်ကီချမ်းရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့
အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်းကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေ

20/12/2023

2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။
အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန်အချိန်ကျလာပြန်ပြီဆိုတော့ အားပေးကြပါဦး။ (Subtitle အတွက် ကို SKL ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်)

08/12/2023

Shershaah 2021
———————————
IMDB 9.0/10 User 3.9Kဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့
ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ
ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက
ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။
အကြောက်တရားက မရှိခဲ့။ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို
ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့
ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို
ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က
အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို
ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က
ဘယ်လို အတားအဆီးဖြစ်လာမလဲ။အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့
အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ
ကက်ရှ်မီးယားပါပဲ။ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ
ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။သတင်းပေးတွေရဲ့ သတင်းတွေအရ
အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း
စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့
ကြည့်ရတာ ကျေနပ်မိစေမှာပါ။
သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း
တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ
သဘာဝကျလှပါတယ်။ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့
အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း
သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။

08/12/2023
08/12/2023

Batti Gul Meter Chalu (2018)
ဒီဇာတ်ကားကတော့ Kabir Singh မင်းသား Shahid Kapoor နဲ့ Yami Gautam တို့အပြင် နာမည်ကြီး မီဇားပူးဇာတ်လမ်းတွဲထဲက Munna Tripathi ဆိုတဲ့ Divyenndu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy,Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
SK, Lalitaနဲ့ Sundarတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။
Sundarရဲ့ ပုံနှိပ်တိုက်ကို မီတာဘေ(လ်) မတန်တဆ အတောင်းခံရတဲ့အခါမှာတော့ Sundar ဟာ သူ့ကိုယ်သူ အဆုံးစီရက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ငယ်သူငယ်ချင်းတစ်ယောက်လုံး ဆုံးရှူံးလိုက်ရတဲ့ ရှေ့နေ SKပန့်(တ်)ဟာ မီတာဘေ(လ်) မတန်တဆတောင်းတဲ့ SPTL လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကို တရားစွဲဆိုပါတော့တယ် …တရားရုံးက ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ
သူ့ သူငယ်ချင်းအတွက် တရားမျှတမှု ရမှာလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှူပေးကြပါလို့ …။

02/12/2023

စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့
သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊
သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး Imdb 6.5 ရရှိထားတဲ့ကားတစ်ကားပါ။MCU Thor မင်းသား Chris Hemsworth၊ Man of Steel ဇာတ်ကားမှာ Zod အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Michael Shannon၊ Ant-Man ဇာတ်ကားက Michael Pena တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Chris Hemsworth ရဲ့ ဇနီးဖြစ်သူ
Elsa Pataky ကလဲ ဒီကားမှာ သူ့ရဲ့ဇနီးအဖြစ်ပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။အက်ရှင်ကား၊ စစ်ကားကောင်းကောင်းမျှော်နေသူတွေအတွက်တော့ ဒီကားက ကြည့်ရကျိုးနပ်စေမှာပါ။(ဇာတ်လမ်းအညွှန်းကိုတော့ ဆရာအူးအာကာမှရေးပေးထားတာပါ)

02/12/2023

ဒီကားကတော့ Australia ရဲ့ Northern Territory ကိုအခြေပြုပြီး ရိုက်ထားတဲ့ horror ကားတစ်ကားပါ။
မတူညီတဲ့နောက်ခံတွေ ဘ၀တွေရှိကြတဲ့ သာမန်မိသားစုတွေ၊ စုံတွဲတွေ၊ တစ်ယောက်ထဲ ကိုယ့်အကြောင်းနဲ့ကိုယ် လေ့လာရေးထွက်လာတဲ့ လူတွေဟာ… အလည်အပတ်ခရီးစဉ်အတွက် ဒီရေမြစ်တစ်လျှောက်က မိကျောင်းတွေကို ကြည့်ပြီးတောတွင်းသဘာ၀ကို ခံစားဖို့ လှေတစ်စီးထဲမှာ စီးလာကြရာကနေ…တောရိုင်းသားရဲကောင်တွေရဲ့ သဘာ၀အတိုင်းပဲ.. ဘယ်အချိန်မှာ ထပြီး ကိုယ့်ကို အန္တရာယ် ပေးမယ်ဆိုတာ မသိနိုင်သလို… သူတို့ တိုက်ခိုက်လာတဲ့အခါမှာလည်း… လှေထဲမှာပါလာတဲ့လူတွေက အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုစားရမယ်၊ ဘယ်လိုစည်းလုံးကြမယ်၊ ဘယ်လိုသွေးကွဲကြမယ်ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ကြည့်ရမှာပါ။အဓိကမင်းသားနဲ့ မင်းသမီးဆိုတာထက် ဇာတ်ကောင်တွေအားလုံးရဲ့ မတူညီတဲ့ စရိုက်တွေကို မြင်ရမှာပါ။ သူတို့ မိကျောင်းရန်ကနေ ဘယ်လိုအသက်လုပြီး ပြေးကြမလဲ၊ ဘယ်သူတွေကရော မိကျောင်းပါးစပ်ထဲ ရောက်ကုန်ကြမှာလဲ၊ သူတို့အားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ပါနော်…

25/11/2023

Turning Red (2022)ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။

အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် ….တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။
ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေ‌လီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်က‌နေပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေဆယ်ကျော်သက်သားသမီး‌တွေနဲ့ မိဘတွေကြား ရှိတတ်တဲ့ပြဿနာလေးတွေအပြင်သူငယ်ချင်းတွေကြားထဲ ထားရှိကြတဲ့ ဖြူစင်တဲ့အချစ်မေတ္တာကိုပါ ခံစားရမှာဆိုတော့ ဆက်ဆက်ကြည့်ရှုသင့်တဲ့ movie လေး ဖြစ်ပါတယ်။

25/11/2023

The Killer (2023)ပစ်မှတ်ကိုမလွဲဖူးတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ပထမဆုံးလွဲသွားတဲ့အခါ ဘာဖြစ်လာလဲ။

ဒီရုပ်ရှင်ကိုတော့ Seven, Zodiac တို့လို အနုပညာမြောက်ကားတွေကို
ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ဒေးဗစ်ဖင်ချာက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
အဓိကဇာတ်ကောင် ကြေးစားနေရာမှာတော့ X-men ထဲက မက်ဂနီတိုမင်းသား မိုက်ကယ် ဖက်စ်ဘန်ဒါက ပါဝင်ထားပါတယ်။
ဇာတ်လမ်းကတော့ နာမည်ကျော် ပြင်သစ်ရုပ်ပြဝတ္ထုတစ်အုပ်ကို ကိုးကားပြီး
Seven ရဲ့ ဇာတ်ညွှန်းဆရာ Andrew Kevin Walker ကပဲ ရေးသားပေးထားတာပါ။ဇာတ်လမ်းအကျဉ်းဘဝမှာ ကိုယ်ရေးကိုယ်တာခံစားချက်ဘာမှမပါဘဲ၊ နိုင်ငံတွေ ဘာသာတွေ ယုံကြည်ချက်တွေမထားဘဲ၊
ငွေအတွက်သက်သက် ကြေးစားလူသတ်သမားလုပ်နေတဲ့သူ။ မအောင်မြင်တဲ့အလုပ်မရှိခဲ့တဲ့သူတစ်ယောက်ဟာ တစ်နေ့မှာ ပစ်မှတ်ကိုလွဲချော်သွားခဲ့တယ်။
ဒီလောကမှာ နောက်ဆက်တွဲပြဿနာတွေတက်လာရင် သဲလွန်စတွေကို ရှင်းလင်းကြတာ သဘာဝပဲမို့
သူ့ကိုလည်း အလုပ်အပ်တဲ့သူက သတ်ဖို့ ကြိုးစားလိုက်ပါတယ်။
ဒါပေမဲ့ မသေသွားတဲ့အခါမှာတော့ သူကလည်း သူ့ကိုသတ်မဲ့လူတွေကို တစ်ဆင့်ပြီးတစ်ဆင့်လိုက်ရှာပြီး ဇစ်မြစ်ဆီကို ရောက်အောင်သွားရပါတော့တယ်။
ဇာတ်လမ်းကတော့ ရိုးရှင်းသလိုပါပဲ။
အဓိကက တွေးစရာလေးတွေနဲ့ ဒိုင်ယာလော့ အလှအပလေးတွေနဲ့ တန်ဆာဆင်ပြီး
မဲပြာပုဆိုးဇာတ်လမ်းတစ်ခုကနေ အနုပညာလက်ရာတစ်ခုကို ထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။

25/11/2023

IMdb Rating (8.0) / Rotten Tomatoes (80%)
ဒါရိုက်တာရင်လို့သိကြတဲ့မင်းသားကြီး Jang Dong-Gun နဲ့ ထယ်ဆောက်လို့ သိကြတဲ့ မင်းသား Won Bin တို့ပါဝင်တဲ့ဒီဇာတ်ကားက လူကြိုက်များပြီးသား ကိုရီးယားစစ်ကားတစ်ကားဖြစ်ပါတယ်။
သမိုင်းနောက်ခံ Fatherland Liberation War
လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ
25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက်အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ
၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ်
၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ်
ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ်
ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်….ညီအကို၂ယောက်ကတော့ ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့
နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်…သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်းဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ…..အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေးတွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့
သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်… ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို
မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ်
အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့
အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ
ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ်စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ…
သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ…
ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား
တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ…
စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို
အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း
အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို
ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ်
IMDb rating 8.0 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေ
မဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ…

25/11/2023

Pippa (2023) “စစ်သည်တော် ပစ်ပ်ပါ”Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့
အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့
ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို
ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။
Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။

“စစ်သည်တော် ပစ်ပ်ပါ”ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။
“ပစ်ပ်ပါ”ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။
အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ
ဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့
နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို
မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။
အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့
ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ
စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း
စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့…တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ
ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ တင်ဆက်ထားတဲ့ရုပ်ရှင်လေးကို ရှုစားပေးကြပါဦး။

Telephone

Website