En Thue Tech

En Thue Tech

En Thue Tech for PC Enthusiasts

24/12/2023

Ghostwire: Tokyo ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတိုရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုစီ အခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လိုသာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့အထိ စုစုပေါင်းဂိမ်း ၁၇ ခုပေးသွားမယ်လို Epic Games ကကြေညာထားပါတယ်။

ဒီနေ့အတွက် အလှည့်ကျတဲ့ Mystery Game ကတော့ Action-Adventure ဂိမ်းအမျိုးအစား တစ်ခုဖြစ်တဲ့ Ghostwire: Tokyo ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်အချိန်မှာ $36.99 တန်ကြေးရှိပြီး ဒီဇင်ဘာ ၂၅ရက်နေ့အထိ တစ်ရက်အတွင်းသာအခမဲ့ရယူနိုင်ပါတယ်။
epic.gm/free-games

မနက်ဖြန်မှာလည်း Mystery Game တစ်ခုထပ်ပေးသွားမှာမို့ ဘာဂိမ်းပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ကြတာပေါ့ဗျာ။

23/12/2023

Fallout 3: Game of the Year Edition ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတိုရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုစီ အခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လိုသာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့အထိ စုစုပေါင်းဂိမ်း ၁၇ ခုပေးသွားမယ်လို Epic Games ကကြေညာထားပါတယ်။

ဒီနေ့အတွက် အလှည့်ကျတဲ့ Mystery Game ကတော့ အဏုမြူကပ်ဘေးကြောင့် ပျက်စီးသွားတဲ့ကမ္ဘာမှာ ရှင်သန်ရပ်တည်ဖို့ကြိုးစားရမယ့် RPG, Open World, Adventure ဂိမ်းအမျိုးအစား Fallout 3: Game of the Year Edition ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်အချိန်မှာ $12.99 တန်ကြေးရှိပြီး ဒီဇင်ဘာ ၂၄ရက်နေ့အထိ တစ်ရက်အတွင်းသာအခမဲ့ရယူနိုင်ပါတယ်။
epic.gm/free-games

မနက်ဖြန်မှာလည်း Mystery Game တစ်ခုထပ်ပေးသွားမှာမို့ ဘာဂိမ်းပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ကြတာပေါ့ဗျာ။

22/12/2023

Art of Rally ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတိုရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုစီ အခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လိုသာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့အထိ စုစုပေါင်းဂိမ်း ၁၇ ခုပေးသွားမယ်လို Epic Games ကကြေညာထားပါတယ်။

ဒီနေ့အတွက် အလှည့်ကျတဲ့ Mystery Game ကတော့ Racing ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Art of Rally ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်အချိန်မှာ $8.99 တန်ကြေးရှိပြီး ဒီဇင်ဘာ ၂၃ရက်နေ့အထိ တစ်ရက်အတွင်းသာအခမဲ့ရယူနိုင်ပါတယ်။
epic.gm/free-games

မနက်ဖြန်မှာလည်း Mystery Game တစ်ခုထပ်ပေးသွားမှာမို ဘာဂိမ်းပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ကြတာပေါ့ဗျာ။

21/12/2023

Melvor Idle ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတိုရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုစီ အခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လိုသာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့အထိ စုစုပေါင်းဂိမ်း ၁၇ ခုပေးသွားမယ်လို Epic Games ကကြေညာထားပါတယ်။

ဒီနေ့အတွက် အလှည့်ကျတဲ့ Mystery Game ကတော့ Indie၊ RPG နဲ့ Strategy ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Melvor Idle ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်အချိန်မှာ $6.29 တန်ကြေးရှိပြီး ဒီဇင်ဘာ ၂၂ရက်နေ့အထိ တစ်ရက်အတွင်းသာအခမဲ့ရယူနိုင်ပါတယ်။
epic.gm/free-games

မနက်ဖြန်မှာလည်း Mystery Game တစ်ခုထပ်ပေးသွားမှာမို ဘာဂိမ်းပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ကြတာပေါ့ဗျာ။

20/12/2023

DNF Duel ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတို့ရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုစီ အခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လိုသာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့အထိ စုစုပေါင်းဂိမ်း ၁၇ ခုပေးသွားမယ်လို Epic Games ကကြေညာထားပါတယ်။

ဒီနေ့အတွက် အလှည့်ကျတဲ့ Mystery Game ကတော့ Action နဲ့ Fighting ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ DNF Duel ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်အချိန်မှာ $49.99 တန်ကြေးရှိပြီး ဒီဇင်ဘာ ၂၁ရက်နေ့အထိ တစ်ရက်အတွင်းသာအခမဲ့ရယူနိုင်ပါတယ်။
epic.gm/free-games

မနက်ဖြန်မှာလည်း Mystery Game တစ်ခုထပ်ပေးသွားမှာမို ဘာဂိမ်းပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ကြတာပေါ့ဗျာ။

19/12/2023

RTX 20/30 Series GPU များတွင် DLSS 3 ကို FSR 3 ဖြင့်အစားထိုး၍ FPS ၂ဆအထိ တိုးတက်စေနိုင်မည့်နည်းလမ်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

လွန်ခဲ့တဲ့တစ်ပတ်လောက်က AMD ဟာ FSR3 ရဲ့ source code ကို GPUopen မှာလွှင့်တင်လိုက်ပြီမို့ modder တွေဟာ AMD ရဲ့ frame generation နည်းပညာကို ဂိမ်းအများအပြားမှာ ထပ်မံထည့်သွင်းဖို့ကြိုးစားလာကြပြီဖြစ်ပါတယ်။ ဒါတင်မက သူတို့တွေဟာ DLSS upscaling နဲ့ပါတွဲဖက်နိုင်အောင် ပေါင်းစပ်နေကြပါတယ်။ ဒီအတောအတွင်း Intel ကလည်း frame generation ကို ကွဲပြားခြားနားတဲ့နည်းလမ်းတစ်ခုနဲ့ဖန်တီးဖို့ စီစဉ်နေကြောင်းဆိုပါတယ်။

အဆိုရင် FSR 3 frame generation ကိုတရားဝင်အထောက်အပံ့မရသေးတဲ့ဂိမ်းတွေအတွက် mod တစ်ခုထွက်ရှိလာပါပြီ။ ဒီ mod ကိုအသုံးပြုဖို့အတွက် Nvidia RTX graphics card တစ်ခုနဲ့ DLSS 3 frame generation အထောက်အပံ့ပေးထားတဲ့ ဂိမ်းတွေလိုအပ်ပါတယ်။

အသုံးပြုနည်း
အဆင့် ၁။ Mod ကိုသွင်းဖို့အတွက် Windows မှာ Hardware-accelerated GPU Scheduling ကိုဖွင့်ထားရမှာဖြစ်ပြီး HDR ကိုတော့ပိတ်ထားရပါမယ်။ နောက်ဆုံးထွက်ရှိထားတဲ့ dlssg-to-fsr3-0.60 ကို ဒီမှာ Download နိုင်ပါတယ်။ Download ဖို့အတွက် Nexus Mods မှာ အကောင့်ဖွင့်ဖို့လိုပါတယ်။
https://www.nexusmods.com/site/mods/738?tab=files
အဆင့် ၂။ ဒေါင်းထားတဲ့ဖိုင်ကို extract လုပ်ပြီး "dlssg_to_fsr3_amd_is_better.dll" နဲ့ "dbghelp.dll" ဆိုတဲ့ ၂ဖိုင်ကိုယူပြီး မိမိအသုံးပြုမယ့် ဂိမ်းရဲ့ exe ဖိုင်ရှိတဲ့နေရာမှာထည့်ပေးရပါမယ်။
အဆင့် ၃။ extract လုပ်ထားတဲ့ဖိုင်ထဲက DisableNvidiaSignatureChecks.reg ကို run ရပါမယ်။
အဆင့် ၄။ ဂိမ်းကိုဖွင့်ကစားတဲ့အချိန်မှာ successful installation ဖြစ်ကြောင်း notification ကိုတွေ့ရမှာဖြစ်ပါတယ်။
အဆင့် ၅။ RTX 20/30 တွေအနေနဲ့ ဂိမ်းရဲ့ setting menu ကိုကြည့်လိုက်တဲ့အခါမှာ frame generation ကအရင်လိုမှိန်နေတာမျိုးမရှိတော့ပဲ ဖွင့်‌လို့ရလာတာတွေ့ရမှာဖြစ်ပြီး upscaling ကို DLSS နဲ့ FSR ထဲကတစ်ခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

သတိပေးချက်။ ဒီ Mod ကို multiplayer ဂိမ်းတွေမှာ အသုံးမပြုဖို့ mod ဖန်တီးသူကတားမြစ်ထားပါတယ်။

Mod ကို ဖန်တီးသူကတော့ Cyberpunk 2077 နဲ့ Witcher 3 ဂိမ်း၂ခုမှာ ကောင်းစွာအလုပ်လုပ်တယ်လို့ဆိုပါတယ်။ Rachet and Clark: Rift Apart၊ Dying Light 2 (သို့မဟုတ်) Hitman 3 တို့မှာတော့ ပြဿနာအနည်းငယ်ကြုံရနိုင်ပါတယ်။ ဂိမ်းမာအချို့ကတော့ ဂိမ်းအချို့မှာ Reflex (သို့မဟုတ်) HDR ကိုပိတ်ပြီးအသုံးပြုလို့ရတယ်ဆိုပေမယ့် ပြဿနာအားလုံးကိုမဖြေရှင်းနိုင်ပါဘူး။

YouTube ချယ်နယ်တစ်ခုဖြစ်တဲ့ MxBenchmarkPC ရဲ့ ဗီဒီယိုမှာ RTX 3080 ကို FSR 3 နဲ့ DLSS ပေါင်းစပ်အသုံးပြုတဲ့အခါ frame rate ၂ဆတိုးလာကြောင်းဆိုပါတယ်။ ကျနော်ကိုယ်တိုင် ဒီ mod ကို DLSS 3 ပါဝင်တဲ့ Marvels Spider-Man: Miles Morales ကို စမ်းသပ်ကြည့်ရာမှာလည်း FPS ၂ဆတိုးလာတာတွေ့ရပါတယ်။

AMD ဟာ အောက်တိုဘာလထဲမှာ FSR 3 ကို Forspoken နဲ့ Immortals of Aveum ဂိမ်းတို့နဲ့ပွဲထွက်လာခဲ့ပြီး ဒီလအစောပိုင်းမှာ Avatar: Frontiers of Pandora နဲ့ Like a Dragon Gaiden: The Man Who Erased His Name တို့မှာထည့်သွင်းပေးခဲ့ပါတယ်။ နောက်ထပ် AMD အနေနဲ့ FSR 3 ကို Cyberpunk 2077၊ Squad၊ Like a Dragon: Infinite Wealth၊ Starfield နဲ့ Black Myth: Wukong အစရှိတဲ့ဂိမ်းတွေမှာ တရားဝင်ထည့်သွင်းပေးလာမယ်လို့ဆိုထားပါတယ်။

FSR 3 ရဲ့ အားသာချက်က Radeon RX 5000 ကနေ GeForce RTX 2000 ကစလို့ GPU အားလုံးမှာ အလုပ်လုပ်နိုင်တာပဲဖြစ်ပြီး DLSS 3 ကတော့ RTX 4000 GPU တွေနဲ့သာအလုပ်လုပ်နိုင်ပါတယ်။ သို့ပင်သော်ငြား FSR 3 ရဲ့ ရုပ်ထွက်ဟာ DLSS 3 ကိုအကြမ်းဖျင်းအားဖြင့်မမှီဘူးလို့ TechSpot ကဆိုပါတယ်။

FSR 3 ကိုတရားဝင်သုံးနိုင်ဖို့ရာ FSR upscaling ကိုလိုအပ်ပြီး ၎င်းဟာအများအားဖြင့် DLSS ထက်ကို ပိုများပြား artifact တွေထုတ်ပေးလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ FSR 3 mod ဟာ RTX 2000/3000 GPU တွေပေါ်မှာ AMD ရဲ့ နည်းပညာ၊ DLSS နဲ့ ray reconstruction ကိုပေါင်းစပ်ပြီး ပိုကောင်းတဲ့ရုပ်ထွက်ရအောင်ဖန်တီးခွင့်ပြုထားပါတယ်။

ဒီအချိန်မှာ Intel ကလည်း frame generation အကြောင်းဆွေးနွေးထားတဲ့စာတမ်းတစ်စောင်ကို ထုတ်ပြန်လိုက်ပြီး ExtraSS လို့အမည်ပေးထားကြောင်းသိရပါတယ်။ ExtraSS ဟာ FSR 3 နဲ့ DLSS 3 လို AI ကိုအသုံးပြုပြီး ပိုမိုများပြားတဲ့ frame တွေဖြည့်ပေးနိုင်ပါတယ်။ သို့ပင်သော်ငြား သူတို့ရဲ့ဆင်တူမှုက ဒီမှာတင်အဆုံးသတ်သွားပါတယ်။

FSR 3 နဲ့ DLSS 3 မှာ interpolation လို့ခေါ်တဲ့ ယခင် frame နဲ့ နောက်ထပ်ထုတ်မယ့် frame အကြား frame ပေါင်းထည့်တဲ့နည်းကိုအသုံးပြုတာဆိုပေမယ့် ExtraSS မှာတော့ ယခင် frame ကိုအခြေခံပြီး frame အသစ်ပေါင်းထည့်တဲ့ extrapolation နည်းကိုအသုံးပြုတာဖြစ်ပါတယ်။ extrapolation က interpolation ထက်စာရင် ရုပ်ထွက်မကောင်းတာ (သို့မဟုတ်) stable မဖြစ်တာမျိုးကြုံရနိုင်ပေမယ့် FSR 3 နဲ့ DLSS 3 လို latency တိုးလာမှာမဟုတ်လို့ တုန့်ပြန်မှုတွေပိုကောင်းမှာဖြစ်ပါတယ်။

Source: TechSpot and Videocardz







Blog
https://enthuetech.blogspot.com/2023/12/rtx-2030-series-gpu-dlss-3-fsr-3.html

15/12/2023

Intel မှ AI Accelerator နှင့် Arc graphics ပါဝင်သည့် Core Ultra mobile CPU များကိုမိတ်ဆက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Intel ဟာ mobile ဈေးကွက်အတွက် သူတို့ရဲ့ Meteor Lake အခြေခံ Core Ultra CPU တွေကိုကြေညာလိုက်ပြီး H-series နဲ့ U-series တွေပေါင်းစပ်ပါဝင်ပါတယ်။ ဒီချစ်ပ်အများစုကိုအခုစတင်ဝယ်ယူနိုင်မှာဖြစ်ပြီး အချို့ CPU မော်ဒယ်တွေကတော့ ၂၀၂၄ခုနှစ် ပထမ၃လပတ်မှာစတင်ထွက်ရှိလာမယ်လို့မျှော်လင့်ရပါတယ်။

ဒီ Core Ultra ချစ်ပ်တွေဟာ Intel 4 node နဲ့ ဖန်တီးထားတဲ့ ပထမဦးဆုံး consumer processor တွေဖြစ်ပြီး ကုမ္ပဏီရဲ့ Foveros 3D hybrid architecture ကိုအသုံးပြုထားပါတယ်။ ဒီ processor တွေဟာ ပထမဆုံး AI Accelerator တစ်မျိုးဖြစ်တဲ့ NPU (neural processing unit) ပါဝင်တဲ့ ပထမဆုံး Intel processor တွေဖြစ်ပါတယ်။ Intel အဆိုအရ သူတို့ရဲ့ NPU(AMD၊ Qualcomm နှင့် Apple တို့မှာလည်း သီးခြား NPU versionများရှိ) ဟာ AI PC ခေတ်ကိုယူဆောင်လာမှာဖြစ်ကြောင်းဆိုပါတယ်။

Intel Core Ultra မှာ ယခင်မျိုးဆက်တွေလို စွမ်းဆောင်ရည်အလယ်အလတ်ရှိကာ ပါးလွှာပေါ့ပါးတဲ့ laptop ဖန်တီးဖို့ရည်ရွယ်ထားတဲ့ P-series CPU ဆိုတာမရှိတော့ပဲ H-series တွေက အလယ်အလတ်နဲ့ အမြင့်ပိုင်း နေရာတွေကိုပါယူလိုက်ပြီဖြစ်ပါတယ်။ ပါဝါစားသက်သာဖို့လိုအပ်တဲ့ laptop အတွက် U-series တွေကတော့ ပုံမှန်အတိုင်းရှိနေမှာဖြစ်ပါတယ်။ Intel အနေနဲ့ Core Ultra CPU တွေအတွက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ Redwood Cove P-cores နဲ့ Crestmont E-cores ကို ပြောင်းလဲအသုံးပြုထားပါတယ်။ Redwood Cove P-cores က အရင်မျိုးဆက်ထက်စွမ်းဆောင်ရည်ပိုကောင်းလာသလို Crestmont E-cores တွေကလည်း အရင်မျိုးဆက် E-cores ထက် IPC ပိုကောင်းလာတယ်လို့ဆိုပါတယ်။

မိတ်ဆက်သွားတဲ့ Core Ultra CPU တွေမှာ Core Ultra H CPU ၄ခု(Core Ultra 7 ၂ခု၊ Core Ultra 5 ၂ခု)နဲ့ Core Ultra U CPU ၄ခု(Core Ultra 7 ၂ခု၊ Core Ultra 5 ၂ခု) စီပါဝင်ပါတယ်။ Core Ultra H CPU မှာ အမြင့်ဆုံးက Core Ultra 7 165H ဖြစ်ပြီး 16 Core /22 Thread အထိပါဝင်ကာ အမြင့်ဆုံး clock speed အနေနဲ့ 5.0-GHz အထိ ရရှိနိုင်ပါတယ်။ ဒီ CPU မှာ performance core (P-core) ၆ခု, eight efficiency core (E-core) ၈ခု အပြင်အရင်မျိုးဆက်တွေမှာမပါဝင်ခဲ့တဲ့ low-power efficiency core (LP E-core) ၂ခုစီလည်းပါဝင်ပါတယ်။ Core Ultra 9 တွေကတော့ ၂၀၂၄ခုနှစ် ပထမ၃လပတ်မှထွက်ရှိလာမှာလို့သိရပါတယ်။

နောက်ထပ် Intel အဆိုအရ processor အသစ်တွေဟာ ပိုမိုသေးငယ်တဲ့ node ကို အသုံးပြုထားတဲ့အပြင် NPU ကို အသုံးချနိုင်တာမို့ စွမ်းအင်သုံးစွဲမှုအရမ်းထိရောက်ကြောင်းဆိုပါတယ်။ Ultra 7 165H ရဲ့ power limit PL1 ဟာ 28W သာရှိတဲ့အတွက် Netflix ကြည့်တဲ့အခါ Raptor Lake Core i7-1370P ထက် စွမ်းအင်သုံးစွဲမှု ၂၅% လျော့နည်းတယ်လို့ဆိုပါတယ်။ ဒါဟာ Raptor Lake Core i7-1370P အနေနဲ့ P-core ရော E-core ၂ခုလုံးအသုံးပြုနေတာကြောင့်ဖြစ်ပြီး Core Ultra မှာတော့ low-power efficiency core (LP E-core) တွေကိုသာ အသုံးပြုမှာဖြစ်ပါတယ်။ ထူးခြားချက်က Core Ultra CPU တွေအားလုံးမှာ တူညီတဲ့ NPU တွေပါဝင်မှာဖြစ်ပါတယ်။

ဒါတင်မက Core Ultra မှာ graphics ပိုင်းအတွက် Arc GPU အသစ်တွေပါဝင်လာတယ်ဆိုပေမယ့် အချို့ H-series processors အတွက်သာဖြစ်ပါတယ်။ Gaming ပိုင်းမှာဆိုရင် Arc GPU အသစ်ပါဝင်တဲ့ Core Ultra 7 165H ဟာ 13th Gen Core i7-1370P ထက် ၂ဆအထိပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ ဒါကအတော်လေးကောင်းမွန်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

Intel အနေနဲ့ Core Ultra CPU တွေမှာ AI ပိုင်းအတွက် CPU နဲ့ GPU အပြင် NPU ကိုလည်း ထည့်သွင်းပေးထားပြီး "AI engines" လို့တင်စားထားပါတယ်။ AI စွမ်းဆောင်ရည်ပိုင်းမှာ Core Ultra 7 165H အနေနဲ့ "AI engines" ၃ခုလုံးကိုပေါင်းစပ်လိုက်ရင် 34 TeraOPS အထိရရှိတယ်လို့ဆိုထားပြီး CPU၊ GPU နဲ့ NPUတစ်ခုခြင်းစီရဲ့ သီးခြားစွမ်းဆောင်ရည်ကိုတော့ ခွဲခြားပြသတာမျိုးမရှိပါဘူး။ Intel ကိုယ်တိုင်တိုင်းတာထားတဲ့ benchmark ရလဒ်တွေအရ AI စွမ်းဆောင်ရည်ပိုင်းမှာ Core Ultra 7 165H ဟာ Core i7-1370P အပြင် Ryzen AI ပါဝင်တဲ့ Ryzen 7 7840U တို့ထက်သာလွန်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ Core Ultra CPU ပါဝင်တဲ့ laptop တွေကိုဝယ်ယူနိုင်ပြီဖြစ်ပြီး ၂၀၂၄ခုနှစ်ထဲမှာ ထပ်မံရောက်ရှိလာမှာဖြစ်ပါတယ်။ အခု ပထမအသုတ်မှာ MSI၊ Asus၊ Acer၊ Lenovo နဲ့ အခြားအမှတ်တံဆိပ်တွေပါဝင်ပြီး AI PC နဲ့ Meteor Lake မှာဘာတွေထူးခြားလာမလဲဆိုတာ မကြာခင်သိရတော့မှာပါ။

Source: Tom's Hardware and Techspot






Blog
https://enthuetech.blogspot.com/2023/12/intel-ai-accelerator-core-ultra-mobile.html

14/12/2023

ကျနော်တို့ကြိုးစားပေးနေပါတယ်
Image via IT Humor and Memes

13/12/2023

Destiny 2: Legacy Collection ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတို့ရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဒီနေ့ ဒီဇင်ဘာ၁၃ရက်နဲ့ ၃၀ရက်အကြား တစ်ပတ်ကိုဂိမ်းတစ်ခုစီပေးသွားမှာပါ။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုစီ ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လို့သာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီနေ့အတွက် အလှည့်ကျတဲ့ Mystery Game ကတော့ Action၊ Adventure နဲ့ Shooter
ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Destiny 2: Legacy Collection ပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာ
Destiny 2: The Witch Queen
Destiny 2: Beyond Light
Destiny 2: Shadowkeep အစရှိတဲ့ DLC ၃ခုပါဝင်ပြီး ပုံမှန်အချိန်မှာ $39.00 တန်ကြေးရှိပါတယ်။
epic.gm/free-games

နောက်အပတ်မှာလည်း Mystery Game တစ်ခုပေးသွားမှာမို့ ဘာဂိမ်းပေးသွားမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ကြတာပေါ့ဗျာ။

12/12/2023

The Day Before (သို့မဟုတ်) ဂိမ်းလောက၏ အကြီးမားဆုံးလိမ်လည်မှုလား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတို့အနေနဲ့ The Day Before ဆိုတဲ့ဂိမ်းကိုကြားဖူးကြမယ်လို့ထင်ပါတယ်။ ၂၀၂၁ခုနှစ်မှာစတင်မိတ်ဆက်ပြသခဲ့တဲ့ ဂိမ်းရဲ့ Trailer အရ The Division ပုံစံကို zombie တွေနဲ့ တွဲဖက်ထားတဲ့ gameplay အပြင် Unreal Engine 5 ကို အသုံးပြုထားပြီး အလွန်လှပတဲ့ ရုပ်ထွက်ပိုင်းကြောင့် ဂိမ်းမာတွေရဲ့စိတ်ဝင်စားမှုအထူးရရှိခဲ့ပြီး Steam မှာဆိုရင် ဒီဂိမ်းဟာ Wishlist လုပ်ခံရတဲ့ ဂိမ်းအများဆုံးထဲကတစ်ခုဖြစ်ခဲ့တာပါ။

The Day Before ဟာ ဒီဇင်ဘာလ ၇ရက်နေ့မှာ Early Access အနေနဲ့သာထွက်ရှိလာခဲ့ပြီး ဂိမ်းထွက်ရှိပြီးတာနဲ့ နာမည်ကျော်ဂိမ်းမီဒီယာဖြစ်တဲ့ IGN ကသူတို့ရဲ့ review မှာ 1/10 အဆင့်သာပေးခဲ့သလို Steam မှာလည်း ဂိမ်းကစားသူတွေရဲ့ Overwhelming Negative review သာရခဲ့ပြီး review ပေးသူအများစုကလည်း ဒီဂိမ်းဟာ အလိမ်အညာတစ်ခုသာဖြစ်ကြောင်းဆိုကြပြီး refund ပြန်လုပ်သင့်ကြောင်းဆိုကြပါတယ်။

The Day Before ဟာ မူလက ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှာ စတင်ထွက်ရှိမယ်ဆို‌ခဲ့ပေမယ့် FNTASTIC ရဲ့အဆိုအရ နှောင့်နှေးမှုတွေအများအပြားရှိခဲ့သလို ဂိမ်းရဲ့ The Day Before ဆိုတဲ့ ဂိမ်းရဲ့အမည်ဟာလည်း မူပိုင်ခွင့်ဆိုင်ရာအမှုအခင်းတွေ၊ Unreal Engine 5 ကို ပြောင်းလဲအသုံးပြုတာ‌တွေကြောင့် ထွက်ရှိဖို့နှောင့်နှေးခဲ့ရတယ်လို့ဆိုပါတယ်။ ဂိမ်းရဲ့ trailer တွေ gameplay trailer တွေ ထွက်ရှိစဉ်ကလည်း ဂိမ်းရဲ့အသံဇာတ်ဆောင်တွေရဲ့စကားက chatbot ကထွက်လာတာနဲ့ဆင်တူနေပြီး ဂိမ်းရဲ့assets တွေကလည်း ကိုယ်တိုင်ဖန်တီးထားတာမဟုတ်ပဲ Unreal Engine မှာ ဝယ်ယူနိုင်တာကိုပြန်လည်အသုံးချထားတာဖြစ်သလို MMO Survival လို့ စတင်ကြေညာခဲ့ပေမယ့် Extraction shooter ပုံစံဖြစ်နေတာကြောင့် The Day Before က အလိမ်အညာတစ်ခုဖြစ်နိုင်‌ကြောင်း ထောက်ပြမှုတွေရှိခဲ့ပြီး FNTASTIC ကတော့ ဂိမ်းမထွက်ခင်ရက်အနည်းငယ်မှာ The Day Before ဟာ အလိမ်အညာမဟုတ်ကြောင်း ဂိမ်းမာတွေထံက မည်သည့်ငွေကြေးတစ်စုံတစ်ရာရယူခဲ့‌ခြင်းမရှိ‌ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။

သို့ပင်သော်ငြား The Day Before ထွက်ရှိပြီး ၄ရက်အကြာဒီနေ့မှာ ဂိမ်းကိုရေးဆွဲတဲ့ FNTASTIC က "သူတို့ရဲ့ ဂိမ်းစတူဒီယိုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပြီး ဘဏ္ဍာရေးအရအရှုံးပေါ်ခဲ့သလို ဆက်လက်ဖန်တီးမှုတွေပြုလုပ်ဖို့ ငွေကြေးကုန်ခမ်းသွားပြီလို့ဆိုလိုက်ပါတယ်။ ဝင်ငွေအားလုံးဟာလည်း မိတ်ဖက်တွေရဲ့ အကြွေးတွေကိုဆပ်ဖို့အသုံးပြုသွားမယ်လို့ဆိုပါတယ်။

၎င်းတို့အနေနဲ့ The Day Before ဂိမ်းကိုဖန်တီးစဉ်မှာ အများပြည်သူထံက ကြိုတင်မှာယူခြင်း (သို့မဟုတ်) ငွေရှာတဲ့ကမ်းပိန်းတွေအသုံးပြုခြင်းမရှိခဲ့ပဲ ၅နှစ်တာပင်ပင်ပန်းပန်းကြိုးစားခဲ့ကြောင်းဆိုပါတယ်။ လက်ရှိအချိန်မှာ The Day Before ဂိမ်းရဲ့အနာဂတ်ကမရေရာတော့ဘူးဆိုပေမယ့် ဂိမ်းဆာဗာတွေကတော့ဆက်လက်အလုပ်လုပ်နေဦးမယ်လို့ဆိုပါတယ်။

မျှော်လင့်ထားသလိုဖြစ်မလာတဲ့အတွက်တောင်းပန်ကြောင်းဆိုထားပြီး မိမိတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းကိုမတွက်ချက်မိခဲ့ဘူးလို့ဆိုပါတယ်။ ဂိမ်းစတူဒီယိုစတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၈နှစ်တာအတွင်းအားပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ရှိကြောင်း" သူတို့ရဲ့ X (ယခင် Twitter)မှာ ကြေညာထားပါတယ်။ ဒါတင်မက ဂိမ်းရေးဆွဲတဲ့ FNTASTIC ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာလည်း ဒီနေ့စတူဒီယိုကိုပိတ်သိမ်းတဲ့ post တစ်ခုကိုသာတင်ထားတော့တာကိုတွေ့ရပါတယ်။

လက်ရှိ Steam မှာ The Day Before ကိုဝယ်ယူခွင့်မရှိတော့သလို ဂိမ်းကို ၂နာရီထက်ပိုမိုကြာရှည်စွာကစားကြသူတွေဟာလည်း refund လုပ်နိုင်မှာဖြစ်ကြောင်း FNTASTIC ရဲ့ X (ယခင် Twitter) စာမျက်နှာမှာရေးသားထားတာကိုတွေ့ရှိရပါတယ်။ The Day Before ဂိမ်းရဲ့ အခြေအနေကိုထပ်မံသိရှိချင်တယ်ဆိုရင် page မှာဆက်လက်တင်ပြပေးသွားပါ့မယ်။





Blog
https://enthuetech.blogspot.com/2023/12/the-day-before.html

11/12/2023

Microsoft မှ Windows 10 အတွက် အထောက်အပံ့ကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် ရပ်ဆိုင်းမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Microsoft ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး PC operating system ဖြစ်တဲ့ Windows 10 ရဲ့အထောက်အပံ့ပေးမှုကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၄ နေ့မှာ ရပ်ဆိုင်းမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဆိုလိုတာက အဆိုပါနေ့နောက်ပိုင်းမှာ Windows 10 အတွက် ပုံမှန် security update တွေထွက်ရှိလာတော့မှာမဟုတ်ဘူးလို့ဆိုလိုတာပါ။ ဒါပေမယ့် ဒီလိုရပ်ဆိုင်းခြင်းဟာ ပုံမှန် Windows 10 client edition တွေအတွက်သာဖြစ်ပြီး Windows 10 Enterprise LTSC (long-term servicing channel) သို့မဟုတ် လုပ်ငန်းကြီးတွေနဲ့ အစိုးရအေဂျင်စီတွေအတွက် သီးသန့်ထုတ်ထားတဲ့ special edition တွေမပါဝင်ဘူးလို့သိရပါတယ်။ Windows 10 Pro လို client edition တွေအတွက်ကတော့ အရေးကြီးတဲ့ security update တွေရရှိဦးမယ်လို့ဆိုပေမယ့် OS သို့မဟုတ် software feature တွေထံမံရရှိတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ Microsoft အနေနဲ့ Windows 10 အသုံးပြုသူတွေကို နောက်ဆုံးထွက်ရှိထားတဲ့ Windows 11 operating system ကို အခမဲ့အဆင့်မြှင့်တင်နိုင်တဲ့အခွင့်အရေးကိုရယူဖို့တိုက်တွန်းထားပါတယ်။ Microsoft ရဲ့မျိုးဆက်သစ် operating system ဖြစ်လာမယ့် Windows 12 ကို ၂၀၂၄ခုနှစ်အတွင်း ဖြန့်ချီသွားဖို့ စီစဥ်နေတယ်လို့သိရပါတယ်။

Source: Techpowerup





Blog
https://enthuetech.blogspot.com/2023/12/microsoft-windows-10.html

09/12/2023

Nvidia မှ Graphics Card များကို ဗီယက်နမ်နိုင်ငံတွင်ထုတ်လုပ်ရန် မျက်စိကျနေ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အနာဂတ်မှာ ဗီယက်နမ်နိုင်ငံထုတ် graphics card တွေမြင်ရဖို့ရှိသလား? Reuters သတင်းတစ်ပုဒ်အရ Nvidia CEO ဖြစ်သူ Jensen Huang ဟာ လာမယ့်တနင်္လာနေ့ ဟနွိုင်းမြို့မှာ ဗီယက်နမ်အစိုးရနှင့် ကုမ္ပဏီတွေနဲ့အတူ အလားအလာရှိတဲ့ ဆီမီးကွန်ဒတ်တာပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီကြိုးပမ်းမှုဟာ Nvidia အနေနဲ့ ထောက်ပံ့ရေးကွင်းဆက်နဲ့ သူ့ရဲ့သမားရိုးကျမိတ်ဖက်တွေအပေါ်မှီခိုနေရမှုကို လျော့ချဖို့ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။

အဆိုပါအစည်းအဝေးတွေမှာ အလားအလာရှိတဲ့မိတ်ဖက်ရှာဖွေဖို့အပြင် Nvidia နဲ့ သူ့ရဲ့မိတ်ဖက်တွေအကြား နည်းပညာလွှဲပြောင်းမှုလည်းပါဝင်နိုင်ပါတယ်။ ပွဲရဲ့ဖိတ်ကြားစာတစ်စောင်အရ ဗီယက်နမ်မှာဆီမီးကွန်ဒတ်တာလုပ်ငန်းကိုမြှင့်တင်ဖို့နဲ့ ဗီယက်နမ်နည်းပညာကုမ္ပဏီတွေနဲ့ Nvidia အကြား အလားအလာရှိတဲ့မိတ်ဖက်ရှာဖွေဖို့ ညွန်ပြနေကြောင်း ရိုက်တာသတင်းကအခိုင်အမာဆိုထားပါတယ်။

ဗီယက်နမ်ဟာ ချစ်ထုတ်လုပ်ရေးအနေနဲ့ လူသိမများပေမယ့် မြို့တော်ဟိုချီမင်းမှာ Intel ရဲ့စမ်းသပ်ရေးနဲ့တပ်ဆင်ရေးစက်ရုံတစ်ခုရှိပါတယ်။ ဒီစက်ရုံဟာ Intel ရဲ့ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်မှာ အရေးပါတဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်တယ်ဆိုပေမယ့် စက်ရုံမှာနောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ့် အစီအစဉ်တွေကိုတော့ ဖျက်သိမ်းခဲ့ပါတယ်။

အခုကာလမှာ ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေက ဗီယက်နမ်အတွက် ချပ်စ်တပ်ဆင်ခြင်းသာမက ချစ်ပ်ထုတ်လုပ်ရေးအထိ ကူးပြောင်းရန် တံခါးဖွင့်ပေးထားပါတယ်။ စိတ်ဝင်စားအကောင်းဆုံးတစ်ခုက Nvidia အနေနဲ့ အနည်းဆုံးဗီယက်နမ်ကုမ္ပဏီတစ်ခုကို နည်းပညာမျှဝေပေးမှာလားဆိုတာပါပဲ။

နယ်ပယ်အတွင်းရှိအမည်မဖော်လိုသူတစ်ဦးက အစည်းအဝေးမှာ ဒီလိုသဘောတူညီချက်မျိုး ဖြစ်ပေါ်လာဖို့ မျှော်လင့်ထားကြောင်း အကြံပြုခဲ့ပါတယ်။ ဒါဟာ ဗီယက်နမ်ကိုအရေးကြီးသောနည်းပညာတွေလွှဲပြောင်းပေးရာမှာ ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာ့ဆီမီးကွန်ဒတ်တာဈေးကွက်မှာ ပိုမိုသြဇာလွှမ်းမိုးလာနိုင်မှာဖြစ်ပါတယ်။

ဗီယက်နမ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ FPT၊ Vingroup နဲ့ Viettel တွေဟာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားပေမယ့် သူတို့ဆွေးနွေးကြမယ့်သီးခြားသဘောတူညီချက်တွေကို မျှဝေကြခြင်းမရှိပါဘူး။ ဒီပွဲကို စီစဉ်ကျင်းပတဲ့ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကလည်း မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

ကုမ္ပဏီအများအပြားဟာ ပထဝီဝင်နိုင်ငံရေးအန္တရာယ်တွေအပြင် အမေရိကန်ရဲ့ တရုတ်နိုင်ငံအပေါ် ဉာဏ်ရည်တု (AI)၊ high-performance computing (HPC) နဲ့ ဆီမီးကွန်ဒတ်တာကဏ္ဍတွေ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် တရုတ်အခြေစိုက်နဲ့ တစ်ခါတစ်ရံမှာ ထိုင်ဝမ်အခြေစိုက် ထုတ်လုပ်တွေအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

Nvidia အနေနဲ့ ၎င်းရဲ့ AI နဲ့ HPC ဟာ့ဒ်ဝဲတွေကို တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းထားပြီးဖြစ်ပေမယ့် ၎င်းတို့ရဲ့ချစ်ပ်တွေကို ထိုင်ဝမ်မှာ တပ်ဆင်နေတုန်းဖြစ်ပါတယ်။ ကုမ္ပဏီက ၎င်းရဲ့ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုကွဲပြားစေမယ့် နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုတာ ထင်ရှားပေမယ့် Nvidia က ဗီယက်နမ်ကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာက စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Source: Tom's Hardware





Blog
https://enthuetech.blogspot.com/2023/12/nvidia-graphics-card.html

07/12/2023

GigaBash နှင့် Predecessor ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတိုရေ Epic Games ရဲ့ ဒီအပတ်အတွက် Epic Games အခမဲ့ရယူခွင့်ပေးထားတဲ့ ဂိမ်း‌တွေကတော့ kaiju တွေ Tintan တွေအခြင်းခြင်း တိုက်ခိုက်ရမယ့် indie၊ action၊ fighting ဂိမ်းတစ်ခုဖြစ်တဲ့ GigaBash နဲ့ action ဂိမ်းတစ်ခုဖြစ်တဲ့ Predecessor ဆိုတဲ့ ဂိမ်း၂ခုပဲဖြစ်ပါတယ်။ ဒီဂိမ်းတွေကို ဒီဇင်ဘာလ ၁၄ရက်အထိ ရယူခွင့်ပေးထားပါတယ်။
epic.gm/free-games

လာမယ့် ဒီဇင်ဘာလ ၁၄ရက်နေ့မှာတော့ ဘယ်လိုဂိမ်းကို ပေးသွားမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လို့သာပြထားတာတွေ့ရပါတယ်။

Source: Epic Games

07/12/2023

AMD မှ Ryzen 8040 Series ဖြစ်သည့် Hawk Point CPU များကိုမိတ်ဆက်၊ Strix Point CPU အကြောင်းကိုလည်း အရိပ်အမြွက်ဆို
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

AMD ဟာ California ပြည်နယ် San Joseမှာကျင်းပခဲ့တဲ့ သူတို့ရဲ့ 'Advancing AI' ပွဲမှာ “Hawk Point” လို့အမည်ပေးထားတဲ့ Ryzen 8040 series of mobile processors တွေကိုကြေညာခဲ့ပြီး generative AI workloads အချို့မှာ စွမ်းဆောင်ရည် ၁.၄ဆအထိ တိုးတက်လာမယ်လို့ဆိုပါတယ်။ ဒါတင်မက AMD ဟာ XDNA 2 NPU engine တပ်ဆင်ထားပြီး ယခင်မျိုးဆက်ထက် AI စွမ်းဆောင်ရည်ပိုကောင်းတဲ့ ၂၀၂၄ ခုနှစ်မှာထွက်ရှိလာမယ့် “Strix Point” processors တွေအကြောင်းကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဒါတင်မက XDNA AI engine မှာ pre-trained AI models တွေကိုအသုံးချနိုင်တဲ့ Ryzen AI Software အသစ်ကိုလည်းထုတ်ဖော်ပြသခဲ့ပါသေးတယ်။

Hawk Point CPU တွေဟာ Ryzen 8000 နာမည်နဲ့ပထမဆုံးထွက်ရှိလာမယ့် lineup ဆိုပေမယ့် NPU စွမ်းဆောင်ရည် အနည်းငယ်တိုးတက်လာတာကလွဲလို့ Ryzen 7040 “Phoenix” processors တွေနဲ့ ကွဲပြားမှုရှိမှာမဟုတ်ပါဘူး။ AMD ဘက်ကတော့ Ryzen 8040 series ကို သူ့ရဲ့မိတ်ဖက်တွေထံတင်ပို့ပြီးဖြစ်တယ်လို့ဆိုထားပြီး လာမယ့်နှစ် ပထမသုံးလပတ်မှာ စျေးကွက်ထဲရောက်ရှိလာလိမ့်မယ်လို့ဆိုထားပါတယ်။

Strix Point
AMD ဟာ Strix Point” လို့အမည်ပေးထားတဲ့ မျိုးဆက်သစ် processor lineup ကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ပြီး XDNA 2 NPU engine တပ်ဆင်ထားကာ ပထမမျိုးဆက် XDNA 1 NPU ထက် AI စွမ်းဆောင်ရည် ၃ဆပိုကောင်းတဲ့ မျိုးဆက်သစ် XDNA 2 NPU တပ်ဆင်ထားတယ်လို့ဆိုပါတယ်။ Phoenix 7040 series ရဲ့ XDNA 1 မှာတုန်းက 10 TOPS (teraops INT8) စွမ်းဆောင်ရည်ရှိပြီး Hawk Point 8040 series မှာ 16 TOPS တိုးတက်လာတယ်လို့ဆိုထားပေမယ့် ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီးစမ်းသပ်ထားသလဲဆိုတာကို ထုတ်ဖော်ပြသတာမျိုးမရှိပါဘူး။

Ryzen AI Software
အခုဆိုရင် AI ခေတ်ကို ရောက်နေပြီမို့ AMD ဟာ software ecosystem ကိုဖန်တီးဖို့အတွက် XDNA NPU ပါဝင်တဲ့ ပရိုဆက်ဆာပေါင်းတစ်သန်းကျော်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း AI model တွေကို စက်ပေါ်မှာလည်ပတ်စေခြင်းဟာ စွမ်းဆောင်ရည်၊ လုံခြုံရေး၊ ကုန်ကျစရိတ်နဲ့ ထိရောက်တဲ့အကျိုးခံစားခွင့်မှုတွေကို ပေးတယ်ဆိုပေမယ့် စိန်ခေါ်မှုမြင့်မားတဲ့အလုပ်လို့လည်းဆိုနိုင်ပါတယ်။

AMD ရဲ့ Ryzen AI Software suite ဟာ enthusiast တွေနဲ့ developer နှစ်ဘက်စလုံးကို ၎င်းတို့ရဲ့ silicon ပေါ်မှာ ကြိုတင်လေ့ကျင့်ထားတဲ့ AI မော်ဒယ်များကို အသုံးချနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ခလုပ်တစ်ချက်နှိပ်ရုံဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ryzen AI ဆော့ဖ်ဝဲလ်ကို လက်ရှိမှာ အခမဲ့ရရှိနိုင်ပြီဖြစ်ပြီး အသုံးပြုသူများအတွက် Hugging Face ပေါ်မှာ AMD ရဲ့ pre-optimized model တစ်ခုလည်း ရှိပါတယ်။ Ryzen AIက ယခုအချိန် Windows မှာသာ အလုပ်လုပ်တယ်ဆိုပေမယ့် လာမည့်သုံးလပတ်တွေမှာ Linux ဗားရှင်းကို ရရှိနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။ မကြာသေးမီက AMD ဟာ စက်ရုပ်တွေ မျိုးဆက်သစ် AI နဲ့ PC AI ပလပ်ဖောင်းတွေမှာ AI အက်ပ်လီကေးရှင်းများကို တီထွင်သည့် developer များအတွက် 'Pervasive AI' ဆိုတဲ့ပြိုင်ပွဲကို ကျင်းပပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

AMD ဟာ AI application တွေကျယ်ပြန့်လာစေဖို့အတွက် hardware တိုးတက်မှုအပိုင်းကိုသာမက developer တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း အာရုံစိုက်နေပါတယ်။ စျေးကွက်ထဲက XDNA ထုတ်ကုန်ပေါင်း ၁ သန်းကျော်နဲ့ developer တွေအတွက် hardware တွေထောက်ပံ့ပေးထားပြီး အပလီကေးရှင်းအသစ်တွေဖန်တီးဖို့ မက်လုံးပေးထားပါတယ်။ နောက်ထပ်အရေးပါတဲ့အဆင့်ကတော့ built-in AI အသုံးပြုသူတွေတိုးတက်လာဖို့ဖြစ်ပါတယ်။ AMD သည်ဟာ PC အသုံးပြုသူတွေအတွက် AI အပလီကေးရှင်း ၁၀၀ ကျော်အပြင် Adobe၊ Microsoft နဲ့ OBS Studio တို့လို ထိပ်တန်းမိတ်ဖက်တွေနဲ့ လက်တွဲပြီး NPU ကို အပြည့်အဝအသုံးချနိုင်တဲ့ အပလီကေးရှင်းတွေထပ်မံထွက်ပေါ်လာဖို့ ကြိုးပမ်းနေပါတယ်။

Source: Tom's Hardware






Blog
https://enthuetech.blogspot.com/2023/12/amd-ryzen-8040-series-hawk-point-cpu.html

07/12/2023

Google မှ ChatGPT free version ထက်သာလွန်စေရန် Bard AI ၏ Gemini model ကို
အဆင့်မြှင့်တင်မည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ChatGPT ကိုယှဉ်ပြိုင်ဖို့အတွက် Google ဟာ သူတို့ရဲ့မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ Gemini model ကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။

Google ဟာ Gemini model ကို ဗားရှင်း ၃မျိုးနဲ့ဖြန့်ချီသွားမှာဖြစ်ကာ ပထမဆုံးဗားရှင်းက အင်္ဂလိပ်ဘာသာသုံးစွဲသူ‌တွေအတွက် အခမဲ့အသုံးပြုနိုင်တဲ့ Bard ဝန်ဆောင်မှုမှာ ရရှိနိုင်ပါတယ်။ Google အဆိုအရ ဒီ model အသစ်ဟာ OpenAI ရဲ့ အခမဲ့အသုံးပြုနိုင်တဲ့ ChatGPT ကို သင်္ချာနဲ့ ဘာသာစကားနားလည်မှုအပါအဝင် Benchmark ၈ခုအနက် ၆ခုမှာ အသာရထားတယ်လို့ဆိုပါတယ်။

"ဒါဟာ Bard ကိုစတင်ဖြန့်ချီချိန်ကတည်းက အကြီးမားဆုံးအဆင့်မြှင့်တင်မှုပဲ" လို့ကုမ္ပဏီကဆိုပါတယ်။ လာမယ့်လာတွေအတွင်း အသုံးပြုသူတွေဟာ Gemini ကို အခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Google Search ads နဲ့ Chrome တွေတို့ကို စွမ်းအားပေးလာနိုင်တယ်လို့မျှော်လင့်ထားနိုင်ပါတယ်။

ဒုတိယဗားရှင်းဖြစ်တဲ့ Gemini Nano က စမတ်ဖုန်းတွေအတွင်းအသုံးပြုနိုင်လောက်အောင် အရွယ်အစားသေးငယ်ပါတယ်။ အဆိုပါ Gemini Nano ကို Pixel 8 Pro ဖုန်းတွေအတွက်ထုတ်ပေးထားပါတယ်။ ဒါပေမယ့် မူလ Bard ဗားရှင်းကို လည်ပတ်နိုင်မှာမဟုတ်ပဲ Recorder App မှာ စာသားအနှစ်ချုပ်ပေးတာနဲ့ Google Keyboard က smart reply function အတွက်သာအသုံးပြုထားတာဖြစ်ပါတယ်။

Gemini Ultra ကတော့ OpenAI က အခပေး ChatGPT ဝန်ဆောင်မှုဖြစ်တဲ့ GPT-4 မော်ဒယ်ထက် Google ကကိုယ်ပိုင်တိုင်းတာခဲ့တဲ့ benchmark တွေမှာ သာလွန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ ယုံကြည်စိတ်ချရပြီး ဘေးကင်းကြောင်းသေချာစေဖို့ စမ်းသပ်မှုတွေပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ ဒီအတွက် Gemini Ultra ဟာ နောက်နှစ်အစောပိုင်းအထိ Bard Advance လို့‌ခေါ်တဲ့ အဆင့်သစ်တစ်ခုကို ရောက်လာဦးမှာမဟုတ်ပါဘူး။ ဒါတင်မက အသုံးပြုသူတွေကိုငွေကြေးကောက်ခံသွားမှာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီအတောအတွင်း Google ဟာ Gemini ရဲ့စွမ်းရည်တွေကို ဝက်ဘ်ဆိုဒ်တစ်ခုမှာသရုပ်ပြထားကာ AI model အနေနဲ့အသုံးပြုသူထည့်သွင်းလိုက်တဲ့ စာသား၊ရုပ်ပုံ၊အသံနဲ့ ကွန်ပြူတာကုဒ်တွေကိုနားလည်နိုင်စွမ်းရှိကြောင်းပြသထားပါတယ်။ ဥပမာ Gemini အနေနဲ့ ငှက်အုပ်တစ်အုပ်ရဲ့လှုပ်ရှားမှုကို သွင်တူပြုတဲ့ ပရိုဂရမ်တစ်ခုဖန်တီးဖို့ရာ ဗီဒီယိုတစ်ခုပြသဖို့ရာလိုအပ်ပါတယ်။

အသုံးပြုတွေနဲ့အတူ Google ဟာ ပြင်ပ developer တွေ က app တွေ သို့ အင်တာနက်ဝန်ဆောင်မှုတွေဖန်တီးရာမှာ Gemini model တွေအသုံးပြုနိုင်ဖို့အတွက်စီစဉ်နေတယ်လို့ဆိုပါတယ်။ အသုံးပြုခွင့်ကတော့ ဒီဇင်ဘာလ ၁၃ရက်နေ့မှာ Google AI Studio နဲ့ Google Cloud Vertex ကတဆင့် ရရှိမှာဖြစ်ပါတယ်။

Source: PCMag





Blog
https://enthuetech.blogspot.com/2023/12/google-chatgpt-free-version-bard-ai.html

05/12/2023

၂၀၂၅ခုနှစ်တွင် ထွက်ရှိလာမည့် GTA 6
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Grand Theft Auto ရဲ့ ထုတ်ဝေသူဖြစ်တဲ့ Take Two Interactive ဟာ သူတို့ရဲ့ GTA 6 ကို ၂၀၂၅ခုနှစ်မှာ မျိုးဆက်သစ် ဂိမ်းစက်တွေဖြစ်တဲ့ PS5 နဲ့ Xbox Series X | S အတွက် ထွက်ရှိလာမယ်လို့ကြေညာလိုက်ပါတယ်။

Take Two အနေနဲ့ GTA 6 ဟာ PC အတွက်ထွက်ရှိလာမယ်လို့ပြောကြားခဲ့ခြင်းမရှိတာကိုတွေ့ရပြီး ဒါဟာ ဂိမ်းရေးဆွဲတဲ့ Rockstar Games အတွက်ပုံမှန်ပဲလို့ဆိုနိုင်ပါတယ်။ GTA 4 တုန်းက Xbox 360 နဲ့ PS3 တို့မှာ ထွက်ရှိပြီး ၇လအကြာ ၂၀၀၈ခုနှစ် ဒီဇင်ဘာလမှထွက်ရှိလာခဲ့သလို GTA V ဟာလည်း PS4 နဲ့ Xbox One တို့မှာထွက်ရှိပြီးချိန် ဂိမ်းစတင်ထုတ်တဲ့ ၂နှစ်အကြာမှထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Rockstar ရဲ့ နောက်ဆုံးထွက်ဂိမ်းတစ်ခုဖြစ်တဲ့ Red Dead Redemption 2 ဟာလည်း ဂိမ်းစတင်ထွက်ရှိပြီးတစ်နှစ်ကျော်အချိန်မှသာ PC အတွက်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

GTA 6 ရဲ့ Official Trailer ကို အောက်ပါလင့်ကနေကြည့်ရှုနိုင်ပါတယ်။

https://youtu.be/QdBZY2fkU-0?si=Kc0kGFSX3Fn6QeYA

Source: Games Radar





Blog
https://enthuetech.blogspot.com/2023/12/gta-6.html?m=1

03/12/2023

ကိုယ်တွေကတော့ ပုံထဲကအတိုင်းပါပဲ
Image via Reddit

02/12/2023

သင်ရော upgrade လုပ်ပြီးပြီလား
Image via IT Humor and Memes

30/11/2023

Jitsu Squad နှင့် Mighty Fight Federation ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတိုရေ Epic Games ရဲ့ ဒီအပတ်အတွက် Epic Games အခမဲ့ရယူခွင့်ပေးထားတဲ့ ဂိမ်း‌တွေကတော့ action၊ fighting၊ indie ဂိမ်းတစ်ခုဖြစ်တဲ့ Jitsu Squad နဲ့ fighting ဂိမ်းတစ်ခုဖြစ်တဲ့ Mighty Fight Federation ဆိုတဲ့ ဂိမ်း၂ခုပဲဖြစ်ပါတယ်။ ဒီဂိမ်းတွေကို ဒီဇင်ဘာလ ၇ရက်အထိ ရယူခွင့်ပေးထားပါတယ်။
epic.gm/free-games

လာမယ့် ဒီဇင်ဘာလ ၇ရက်နေ့မှာတော့ action ဂိမ်းတစ်ခုဖြစ်တဲ့ Predecessor ကို ရယူခွင့်ပေးသွားမယ်လို့ သိရပါတယ်။

Source: Epic Games

30/11/2023

မယူရသေးသူတွေယူထားကြပါ ဒီဂိမ်းက ဒီနှစ်ထဲမှာထွက်လာတဲ့ဂိမ်းပါ

Deliver Us Mars ကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိတ်ဆွေတိုရေ Epic Games ရဲ့ ဒီအပတ်အတွက် Epic Games အခမဲ့ရယူခွင့်ပေးထားတဲ့ ဂိမ်း‌လေးက action၊ adventure၊ indie ဂိမ်းတစ်ခုဖြစ်တဲ့ Deliver Us Mars ဆိုတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို နိုဝင်ဘာလ ၃၀ရက်အထိ ရယူခွင့်ပေးထားပါတယ်။
epic.gm/free-games

လာမယ့် နိုဝင်ဘာလ ၃၀ရက်နေ့မှာတော့ action၊ fighting၊ indie ဂိမ်းတစ်ခုဖြစ်တဲ့ Jitsu Squad နဲ့ fighting ဂိမ်းတစ်ခုဖြစ်တဲ့ Mighty Fight Federation ကို ရယူခွင့်ပေးသွားမယ်လို့ သိရပါတယ်။

Source: Epic Games

29/11/2023

Google Drive မှ ဖိုင်များ ပျောက်ဆုံးနေကြောင်း အသုံးပြုသူအများအပြားဆို
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

သင့်ရဲ့အရေးကြီးအချက်အလက်တွေကို cloud service တစ်ခုခုမှာ backup လုပ်ထားခြင်းဟာ ကောင်းတဲ့ အလေ့အထလို့ဆိုနိုင်ပေမယ့် စိတ်အချရဆုံးလို့မဆိုနိုင်ပါဘူး။ Google ဟာ Google Drive သုံးစွဲသူတွေရဲ့ သိမ်းဆည်းထားတဲ့ဖိုင်တွေ ပျောက်ဆုံးမှုအ‌ပေါ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေရပါတယ်။ သုံးစွဲသူအများအပြားဟာ လွန်ခဲ့တဲ့လအနည်းငယ်က ဖိုင်တွေပျက်စီးသွားတဲ့အပေါ်တိုင်တန်းမှုပြုထားကြပါတယ်။ တိုင်ကြားမှုတစ်ခုမှာဆိုရင် ၃လစာလောက်ဖိုင်တွေပျောက်ဆုံးသွားတယ်လို့ဆိုပါတယ်။

ကံမကောင်းတာက Google Drive မှာပါရှိတဲ့ recovery စနစ်ဟာ သုံးစွဲသူကဖျက်လိုက်တဲ့ဖိုင်ကိုသာ restore လုပ်တာကြောင့်အလုပ်မဖြစ်တာပါပဲ။ Google အနေနဲ့လက်ရှိမှာ Google Drive အသုံးပြုသူတွေအနေနဲ့မိမိဖိုင်တွေကိုဖျက်တာမလုပ်ဖို့နဲ့ အကောင့်ကို logout မလုပ်ဖို့အကြံပြုထားပါတယ်။

လွန်ခဲ့တဲ့ရက်ကသီးခြား thread တစ်ခုမှာတော့ ဒီပြဿနာဟာ Windows နဲ့ Mac တွေရဲ့ version 84.0.0.0 ကနေ 84.0.4.0 အထိသက်ရောက်မှုရှိနေတယ်လို့ဆိုပါတယ်။ သင့်ဟာ Google Drive ကိုအားကိုးနေရတယ်ဆိုရင် လက်ရှိမှာ သင့်ရဲ့ အရေးကြီးဒေတာတွေကို အခြားနေရာမှာပြန်လည်ကူးယူထားခြင်းကစိတ်အချရဆုံးဖြစ်ပါတယ်။

Source: PC World and TechSpot





Blog
https://enthuetech.blogspot.com/2023/11/google-drive.html

Videos (show all)

ဂိမ်းမဆော့ဘဲ Level တက်နည်း 😁
Happy New Year 2021

Telephone