Dagon University Geography Association

Dagon University Geography Association

ဒဂုံတက္ကသိုလ် ပထဝီမေဂျာ ကျောင်းသား/သ?

21/02/2021

ကဲ. ဒါက Gen Z နဲ့ Y တွေအတွက် သတိပေးစကား
crd #ဆရာမြိုင်

သားတို့သမီးတို့ ညီ ညီမတို့ရေ မင်းတို့ဆီကို ရောက်လာမယ့် GSC အဖွဲ့ဟာ ဘာလုပ်မလဲ ဆိုတာကို ဦး ပြောပြမယ်. သေချာနားထောင်ပါ. .

သူတို့အဖွဲ့ဟာ ပထမဆုံး ဒီအထွေထွေ သပိတ်ကြီးကို သူတို့ဦးဆောင်ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သားတို့ သမီးတို့ ရဲ့ စစ်ကြောင်းတွေနဲ့အတူ သူတို့ အလံဝင် ထောင်မယ်. . ပြီးရင်ဓာတ်ပုံယူမယ်. .

နောက်တစ်ပတ်လောက်ကြာရင် စစ်ကောင်စီနဲ့ သူတို့ရဲ့ သပိတ်ကိုယ်စားလှည်ဆိုတဲ့ကောင်တွေ ၁၅ ယောက်လောက်နဲ့ နဲ့ ညှိနိူင်းဆွေးနွေး တယ်ဆိုပြီး. TV ပေါ်မှာ ပေါ်လာလိမ့်မယ်. . အဲ့ဒါဆိုရင် ငါ တို့ တကယ် သပိတ်မှောက်နေတဲ့ ပြည်သူတရပ်လုံး ဒုက္ခ ရောက်ပြီလို့သာ မှတ်ပေတော့ သားတို့သမီးတို့ရေ. .
အဲ့ဒီတော့. .သားတို့သမီးတို့မှတ်ထားရမှာက. . သူတို့ သပိတ် အဖွဲ့အစည်းတွေ လာပြီဆိုတာနဲ့ သားတို့ လုံးဝအရောမခံ ပါနဲ့

ကိုမင်းကိုနိူင်ပြောသလို. တွဲတိုင်းဟာ စက်ခေါင်းပါတယ်ဆိုတာ မင်းတို့ GenZ နဲ့ Y တွေကိုပြောတာ. .
သိပ် သပိတ်မှောက်ချင်နေကြရင် ကိုယ်ဖာသာ ကိုမှောက်ကြပါလို့ပြောပါ. . လုံးဝ အရောမခံပါနဲ့

. ဒီလိုဘဲ ရုံးဌာနတွေမှာ ဝတ်စုံပြည့်နဲ့ CDM သပိတ်မှောက်နေတဲ့ Gen Y ညီ ညီမတို့ရေ ဒီအဖွဲ့အစည်းကို လုံးဝ အဝင်မခံ ပါနဲ့. . သတိကြီးစွာထားကြပါလို့ဘဲ ပြောလိုက်ပါရစေ. . .

ဒီ GSC အဖွဲ့အစည်းဟာ. . အခု သပိတ်မှောက်နေတဲ့ ပြည်သူတရပ်လုံးကို ကိုယ်စားမပြုဘူး၊ နောင်တချိန်မှာ နောက်ကျောကို ဓားနဲ့ ထိုးမယ့်သူတွေ ဆိုတာကို သားတို့ သမီးတို့ ညီ ညီမ တို့ ခေါင်းထဲမှာ အမြဲ ထည့်ထားပါ

ဒီသပိတ်ကို ညှိနိူင်းပေးမယ့်သူဟာ .ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ဘဲ ရှိတယ် ဆိုတာကို ခေါင်းထဲမှာအမြဲ ထည့်ထားပါ

အမေစု ရဲ့ မျက်နှာ ကို မမြင်ရသေးရင် ဒီသပိတ်မှာ ညှိနိူင်းမူ့ဆိုတာ မရှိဘူး ဦးဆောင်ပေးရမယ့် အဖွဲ့အစည်းဆိုတာ မလိုဘူး.ဆိုတာ ခေါင်းထဲမှာ ထည့်ထားပါ

ဒီ လောက်ဆို ကိုယ့် ညီ၊ ညီမတွေ နဲ့ သားတို့ သမီးတို့ နားလည် နိူင်လောက်ပြီထင်ပါတယ်.
Gen X
#ဆရာမြိုင်

21/02/2021

🚨အကယ်၍ပစ်ခတ်မှုဖြစ်လာပြီဆိုရင်🚨

#သေနတ်သံကြားတာနဲ့

၁။ ဘယ်ကပစ်တာလဲဆိုတာမစူးစမ်းပါနဲ့ ....
မတ်တပ်ရပ်ပြီး ပစ်နေပြီလား ???
တစ်ကယ်လား??? ဆိုပြီး စူးစမ်းချင်စိတ်နဲ့
လိုက်မကြည့်ပါနဲ့။

အသံကြားတာနဲ့ Platform, ဓာတ်တိုင်စသည့် တစ်ခုခုနှင့်နီးစပ်ရာမှာရှိသူသည် *အရင်ဆုံး* ထိုင်ချလိုက်ပါ။
(ရှေ့တန်းမှာစစ်ကြောင်းနဲ့သွားနေရင်း သေနတ်သံကြားတာနဲ့ ထောက်၊လှိမ့်၊မှောက်လို့သင်ကြရတာပါ။

၂။ အကာကွယ်မရှိဘဲ လမ်းမပေါ်မှာရောက်နေသူသည် သေနတ်သံကြားတာနဲ့ မှောက်ချပါ။
မှောက်တဲ့အခါ ကတ္တရာလမ်းနဲ့ မိမိရင်ဘက်နဲ့မထိစေဘဲ ချက်ချင်းပြန်ထလို့ရအောင် လက်နှစ်ကိုအောက်မှာထောက်ထားပြီးမှောက်ပါ။

၃။ ၁ နဲ့ ၂ မှာ ပြောခဲ့သလိုထိုင်ချ မှောက်ပြီး ငြိမ်မနေရပါဘူး, မှောက်ပြီးသူသည် ထိုနေရာမှ အမြန်ဆုံးထွက်ခွာပြေးရမှာကို စိတ်ထဲအမြဲမှတ်ထားပါ။
ထိုင်တဲ့သူသည်လည်း ထိုနေရာမှ အမြန်ဆုံးထွက်ခွာပြေးရပါမယ်။

#ဘယ်လိုပြေးမလဲ?

> ကိုယ်နှိမ့် ခါးချိုးပြေးရပါမယ်။
> ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးကျုံ့ပါ ။
(ထိုသို့ကျုံ့ခြင်းအားဖြင့် ပစ်ခတ်သူအဖို့ ပစ်မှတ်သေးသွားသည့်အတွက် ထိခိုက်စေရန်သိပ်မလွယ်ကူတော့ပါဘူး။)
> ခါးကိုအရှေ့ကိုချိုးထားပါ။
> ပြေးပါ။ (လုံခြုံတဲ့အကာကွယ်ရောက်သည်အထိ)
> လုံခြုံတဲ့အကွယ်တစ်ခုရမှသာ မှတ်တမ်းတင်တာလုပ်ပါ။
#နီးစပ်ရာအိမ်_တိုက်တွေထဲဝင်ပြေးပါ။
#အဓိကကအသက်ပါ။
(မိမိအသက်ရှင်သေးရင် နောက်ဘာမဆိုထပ်လုပ်လို့ရပါတယ်။)

ဒီ (၃) ချက်သည်သာ ထိခိုက်မှုနည်းစေမှာပါ
ကိုယ်နှိမ့်_ခါးချိုး_အသံကြားတာနဲ့ ကြောင်မသွားနဲ့ ရပ်မနေနဲ့..

#သေနတ်ဒဏ်ရာအရေးပေါ်ပြုစုနည်း
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏

၁။ အဝတ်စအရှည် ဆောင်ထားပါ။
အဝတ်ကို ကျပ်နေအောင်စည်းပေးပါ။
ပေါင်ရင်း / ဒူးပေါ် လက်ရင်း / လက်မောင်း မှာကျပ်နေအောင်စည်းပေးပါ။
(သွေးထွက်မလွန်စေရန်နဲ့
ကျည်ခဲများခန္ဓာကိုယ်တွင်းမပြန့်စေရန်ဖြစ်ပါသည်)

၂။ ထိုလူနာကို ၂နာရီ အတွင်းနီးစပ်ရာ ဆေးခန်းပို့ပေးပါ။
(၂နာရီ အထက္မထားရပါ)

၃။ #ပွင့်ထွက်အနာများအတွက်
အနာကို အကျီစများ ဂွင်းစ အဝတ်များဖြင့် (မသန့်လဲရပါတယ်. အဓိကက ကျည်ဆံ ယမ်းအဆိပ်များ ခန္ဓာကိုယ်တလျှောက် မပြန့်ရန်ဖြစ်သည်)
ကျည်မှန်ရာ အဝကို ဖိပေးပါ။
လေမဝင်ပါစေနဲ့။

အပေါက်ဖြစ်တဲ့နေရာကို ၃ မိနစ် - ဖိအားများများနဲ့ဖိပေးပါ။
တတ်နိုင်သလောက် ဖိထားပေးပါ။
သွေးတိတ်တဲ့အထိ ဖိထားပေးပါ။
ထိုနောက် အထက်အောက် ကြိုးဖြင့်စည်းပေးပါ။

၄။ ်ဘတ်ပွင့်လူနာအတွက်
ပလပ်စတစ်အိတ် သို့မဟုတ် တိတ်ဖြင့် ပိတ်လိုက်ပါ။
ခန္ဓာကိုယ်ထဲ အပြင်လေမဝင်ပါစေနဲ့။
(အပြင်လေဝင်ရင် အသက်အန္တရယ် စိုးရိမ်ရပါတယ်)

ထိုနောက် သွေးခုန်နှုန်းတိုင်းပေးပြီး လူနာကိုဘေးကင်းရာရွေ့ပေးပါ။
#လူနာရဲ့ခန္ဓာကိုယ်အပူအချိန် မမျှဖြစ်လာရင် စောင်နဲ့ ခန္ဓာတစ်ခုလုံးပတ်ပေးပါ။
(ဖြစ်နိုင်ရင်အကျီတွေ အကုန်ချွတ်ပြီး စောင်နဲ့သာ ထုပ်ထားပေးပါ)

၃။ ျားအတွက် (ဦးနှောဏ်ပွင့်)
ပွင့်ထွက်နေရာကို အဝတ်စနဲ့ အပြည့်သိပ်ပေးပါ။
လေမဝင်ပါစေနဲ့။
မကြောက်ပါနဲ့။
အသက်ကို ကယ်နိုင်သလောက်ကယ်ပေးပါ။
ထို့နောက် ဦးခေါင်းပွင့်သူရဲ့ပါးစပ်ကို တတ်နိုင်သလောက် အောက်စီဂျင်ရအောင် ကူညီပေးပါ။
(gender မခွဲပါနဲ့ အသက်က အဓိကပါ)

သွေးများကို မစို့တပို့ မသုပ်ပါနဲ့။
အဝတ်စနဲ့ အပြည့်ထည့်ပေးပါ။
ဦးနှောက်ပွင့် or ဦးခေါင်းပွင့် ကောင်လေးကို အကျီစများနဲ့ ပြည့်သိပ်အောင်ထည့်နိုင်ရင် နှလုံးခုန်နေသေးရင် အသက်ကယ်နိုင်ပါတယ်။

head injury ကို မေးသိုင်းကြိုးချည်ပုံစံ ပတ်တီးမစီးပါနဲ့
ခေါင်းပေါင်းပုံပဲ စည်းပေးပါ။

#လက်_ပေါင်_ကျည်ထိလူနာအား
အဖြတ်ခံမထိအောင် အနာ အပေါ်နဲ့အောက် ၃ လက်မ ကွာကျပ်ထုပ်စည်းပေးပါ။
ယမ်းက သွေးထဲပြန့်ရင် သေနိုင်ပါတယ်။

*** #စစ်တပ်နဲ့_ရဲ_ပူးပေါင်းလိုက်တဲ့နေရာမျိုးဆိုစရှောင်ထွက်ပါ ****
တစ်နေရာရာရောက်တာနဲ့ ပတ်ဝန်းကျင် အရိပ်အခြေတွေ Vantage Point တွေ Escape Route တွေ ကြည့်ထားကြပါ
အန္တရာယ်ကင်းကြပါစေ

(ကျောပိုးအိတ်ထဲ အဝတ်ပို, ပလတ်စတစ်အိတ်တွေ, တိတ်အလိပ်တွေ ထည့်သွားကြပါ - ဝိတ်သိပ်မရှိပါ)

ဒီစာတွေကိုသေချာဖတ်ပြီး အချင်းချင်းမျှဝေပေးပါ

19/05/2020
18/05/2020

Cyclone Ampham 18.5.2020
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းဝင်ရောက် ဖြတ်ကျော်မည်ဟု မျော်လင့်ရ

14/09/2018

ကြွေးနေပီ (02:30)

Videos (show all)

Cyclone Ampham 18.5.2020ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းဝင်ရောက် ဖြတ်ကျော်မည်ဟု မျော်လင့်ရ

Website