Burma Foodie

Burma Foodie

Nearby health & beauty businesses

The King Pharmacy
The King Pharmacy
Yangon

Traditional Myanmar Local Foods & Cuties creative Snacks.
႐ိုးရာ အစားအစာ?

Photos from May Myanmar-BKK's post 23/06/2023

Bangkok

21/06/2023

Order လေးတွေစောင့်ပေးကျလို့ကျေးဇူးတင်ပါတယ်

နို့ခြောက်မရွေး တစ်ခါမှမစားဖူးလို့
ကောင်းတယ်ဆိုတာနဲ့ မှာလိုက်တာ။
ဟုတ်ပါတယ်… တစ်ကယ်ကောင်းတာပါ။

နို့ခြောက်ဖက်အကြီးကြီးတွေနဲ့ အရသာရှိလိုက်တာမှ။

$10 ပါရှင်။

14/06/2023

နို့ခြောက်မရွေ ကို ရန်ကုန်မြို့
ဦးမှန်ကြီး စာသောက်ကုန်မှာဝယ်ယူလို့ရပါတယ်

https://www.facebook.com/umangyi.mmfood?mibextid=LQQJ4d

ဦးမှန်ကြီး-မြန်မာ့ရိုးရာစားသောက်ကုန် We are selling U Man Gyi - NgaPiYaeKyo & Myanmar Traditional Foods.
09458511969

Photos from Shwe Pyi Tan's post 13/06/2023

🥰

10/05/2023

Messenger စာပြန်မရလို့ 09941322754ကိုဆက်သွယ်ပေးပါ

Photos from Burma Foodie's post 07/05/2023

Review လေးကြောင်း Order တွေကအများကြီးတက် နို့ခြောက်ကအများကြီးမထုတ်နိုင်လို့ ပစ္စည်းတွေကလိုသလောက်ထုတ်မပေးနိုင်🥲

Photos from Burma Foodie's post 07/05/2023

1ထုတ် 7500 Kyat

1ဖာ 100အပါ 7200 Kyat

Pocket Money 08/10/2022

သီတင်းကျွတ်မုန့်ဖိုး30000ပေးမယ်နော် မနက်ဖြန်ည 7နာရီမှာ Comments မှာ Password ချပေးပါမည်
Page ကို Like &Share လေးလုပ်ထားပြီးMentထားပေးကြပါ
This Pocket Money is password protected! Enter (password ) to open the pocket money
https://static.kbzpay.com/app/prod/pocketmoney/facebook/share_en_prod.html?id=b45764909ca942edae82e88acf3c7fdc&bless=All%20the%20Best!

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

29/10/2021

ဗိုက်ရွဲနေတဲ့ Foodieလေးတွေ ဗိုက်ရွဲနေရင် ဘယ်လိုလုပ်မလဲ????

ဗိုက်ရွှဲတဲ့ ပြဿနာ ကတော့ သူသူ ကိုယ်ကိုယ် အခုခေတ်ကြီး မှာ ကြုံတွေ့လာကြပါတယ်။ ဗိုပ်ချပ်ဖို့ အတွက် က မှန်ကန်တဲ့ အစားအသောက် စားပေးဖို့လိုတဲ့ အပြင် တိကျတဲ့ လေ့ကျင့်ခန်း နှစ်ခုတွဲလုပ်မှ ကျနိုင်ပါတယ်။

အစားအသောက် ဘက်ကနေ ဆောင်ရန် ရှောင်ရန်တွေ ကတော့

1. အသင့်သောက် အချိုရည်တွေ ကို ရှောင်ပါ။ အသင့်သောက် အချိုရည် တွေ မှာပါတဲ့ သကြားဓါတ် တမျိုးဖြစ်တဲ့ fructose ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အသည်းမှ ဖြိုခွဲ ပြီး နောက် ပိုလျှံနေတဲ့ fructose တွေ ကို အသည်းက အဆီ အနေနဲ့ ပြောင်းလဲ စေပြီး ဗိုက်မှာ အဆီစု စေပါတယ်။ ဒါကြောင့် ဗိုက်ချပ်အောင် ကြိုးစားနေသူများ အနေနဲ့ အသင့်သောက် အချိုရည် တွေ သောက်မယ့် အစား အသီးတစ်မျိုးမျိုး ဒီတိုင်းစားပေးတာမျိုး၊ အသီးဖျော်ရည် ကို သကြား မထည့်ပဲ ဖျော်သောက်တာ မျိုးလုပ်ပေးသင့်ပါတယ်။
2. အသားဓါတ် ပြည့်ဝအောင်စားပါ။ လူတစ်ဦး လိုအပ်ချက် လူ့ခန္ဓာကိုယ်ပေါ် မူတည်ပြီး အသားဓါတ် လိုအပ်ချက် မတူညီ ကြပါ။ ဒါဆို protein(အသားဓါတ်) ကို ဘယ်လောက် စားလို့ရလဲ????

မိမိရဲ့ ကိုယ် အလေးချိန် (ကီလိုဂရမ်) ကို နှစ် နှင့် မြှောက်ပြီး ထွက်လာတဲ့ အဖြေ ကို gram တပ်လိုက်တဲ့ ပမာဏ ထက်ပို မစားသင့်ပါဘူး။

ဥပမာ - အလေးချိန် ၆၀ ကီလိုဂရမ် ရှိတဲ့သူဆိုပါစို့၊ ၆၀*၂ = ၁၂၀ ဂရမ် ထက် ပိုပြီး အသားဓါတ် ကိုဂပိုပြီးမစားသင့်ပါဘူး။
ဒါက Gym ကို အပြင်းအထန် ကစားပြီး six pack ထွက်အောင် ကြိုးစားနေတဲ့ သူတွေ အတွက်ပါ။

သာမန်လူတွေ အတွက်ကတော့ တစ်နေ့ကို အသားဓါတ် ပမာဏ ပာာ မိမိရဲ့ ကိုယ်အလေးချိန် ကို 0.8 မှ 1.2 နဲ့ မြှောက်ပြီး ထွက်လာတဲ့ ပမာဏ ထက် ပိုပြီး မစားသင့်ပါဘူး။

ဥပမာ - အလေးချိန် ၆၀ ကီလိုဂရမ် ရှိတဲ့ သာမန် လူတစ်ယောက် အတွက် ဆိုရင် အသားဓါတ် ပမာဏ 60*0.8 = 48 gram မှ 60*1.2= 72 gram အတွင်းသာ စားသင့်ပါတယ်။

Supplement တွေ မှာတော့ အမှုန့်တစ်ခွက်ထည့်ရင် protein ပမာဏ ဘယ်လောက် ဂရမ် ပါလဲဆိုတာ ကတော့ ဘူးပေါ်၊ အိတ်ပေါ် မှာ ရေးထားပါတယ်။ ဒါပေမဲ့ supplement တစ်ခုတည်း ကနေ ပရိုးဓါတ် ရတာမပာုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး ကနေလည်း protein ဓါတ်တွေ ရပါသေးတယ်။

3. ကစီဓါတ် ပါဝင်တဲ့ starchy အသားအစာတွေ လျှော့ပါ။ လျှော့ရုံ လျှော့ပါ လုံးဝ မစားခိုင်းတာမဟုတ်ပါ။ ကစီဓါတ် ပါဝင်တဲ့ အစားအစာတွေ ဆိုတာကတော့ ထမင်း၊ ကောက်ညှင်း၊ ဂျုံ၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပဲကြာဇံ၊ အာလူး၊ ကန်စွန်းဥ၊ အီတလီခေါက်ဆွဲ၊ ပါစတာ၊ စတာတွေ ကို လျှော့စားပါ၊ လုံးဝ မစားပဲ နေစရာ မလိုပါ။
4. ချိုလွန်းတဲ့ အစားအစာတွေ ကို ရှောင်ပါ။ အချိုဓါတ် သကြားဓါတ်တွေ က ခန္ဓာကိုယ်ထဲရောက်လာရင် လိုအပ်တဲ့နေရာတွေ မှာ သုံးပြီး ပိုနေရင် အဆီ အဖြစ်သို့ပြောင်းလဲ ကာ ဗိုက်မှာ အဆီ ပြန်စု စေပါတယ်။
5. အမျှင်ဓါတ် များများစားပါ။ အမျှင်ဓါတ်များများ စားပေးခြင်း ဖြင့် အခြားသောက် ကစီဓါတ် ကြွယ်ဝတဲ့ အစားအစာ နှင့် အချို လွန်ကဲ တဲ့ အစားအစာများကို သိပ်မစား ဖြစ်တော့ဘဲ ကယ်လိုရီနည်းနည်း ပဲ စားဖြစ်တဲ့ အတွက် ပိုလျှံနေတဲ့ ဗိုက်က အဆီတွေ ကို လောင်ကျွမ်း သွားစေပါတယ်။ ထို့အပြင် အမျှင်ဓါတ် က သွေးတွင်း ကိုလက်စထရော ဓါတ်ကို လည်း လျှော့ချပေးနိုင်ပါတယ်။ အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအစာတွေ ကတော့ ပာင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ နှင့် whole grains အစားအစာတွေ ကနေ ရရှိနိုင်ပါတယ်။
6. ကောင်းတဲ့ အဆီဓါတ် ကိုရွေးစားပါ။ ကောင်းဓါတ် အဆီဓါတ် ကို စားပြီး လေ့ကျင့်ခန်းသေချာ လုပ်ပေးမယ် ဆိုရင် ဗိုက်ချပ်စေသည့် အပြင် သွေးတွင်းကိုလက်စထရော ကို ပါ ကျစေပါတယ်။ ဥပမာ ထောပတ်သီး၊ သံလွင်ဆီ၊ canola oil၊ ဖွဲနုဆီ၊ flaxseed oil၊ စတာတွေ ကို စားပေးလို့ရပါတယ်။ အရေခွံ၊ ဆီဗူး၊ အခေါက်၊ သုံးထပ်သား၊ တောင်ပံ၊ ခြေထောက်၊ ဆီကြော်မုန့်၊ ဝမ်းတွင်းကလီစာ စတာတွေ ကို ရှောင်ရ ပါမယ်။
7. တစ်နေ့တာ စားသမျှ ကို ချမှတ်ပြီး ကယ်လိုရီ တွက်စားတတ်တဲ့ အကျင့် လုပ်ပါ။ ဒါမှ မိမိတနေ့တာ ဘယ်လောက် ကယ်လိုရီ စားလိုက်တယ်ဆိုတာ သိပြီး လိုတိုး ပိုလျှော့ လုပ်စား မှသာ ကယ်လိုရီ အပို မရှိမှာဖြစ်ပါတယ်။ ကယ်လိုရီ အပို မရှိမှ ဗိုက်မှာ အဆီ မစု မှာဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

30/06/2021

ကိုဗစ်-၁၉, အစားအသောက် နဲ့ ဖြည့်စွက်အားဆေး

ပထမဆုံး ပြောချင်တာကတော့ ကိုဗစ်ပျောက်တဲ့ အစားအစာ၊ ဖြည့်စွက်ဆေး ဆိုပြီး မရှိပါ။

အသားဓါတ်များတဲ့ အစားအစာ များ၊ ဗီတာမင် A, C, D နှင့် သတ္တုဓါတ် ဇင့်၊ သံဓါတ်၊ ဆီလီနီယမ်၊ ကော့ပါး စတာတွေ ကြွယ်ဝတဲ့ အစားအစာ များ က တော့ ကိုယ်ခံအား ကို တက်စေတဲ့ အတွက် ရောဂါ ကာကွယ်တဲ့ နေရာမှာ အထောက် အကူ ဖြစ်စေသလို ရောဂါ ဖြစ်တဲ့အခါမှာလဲ ကိုယ်ခံအားကောင်း အာဟာရပြည့်ဝနေပါက ရောဂါဒဏ် ကို ခံ နိုင်ပြီး ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာ တချို့ ကို လျှော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် ဒါတွေ စားပြီး ရောဂါကာကွယ်ဖို့အတွက် အရေးအကြီးဆုံး ဖြစ်တဲ့ mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ ဒါတွေ ဆက်မလုပ်ရင်တော့ ဘယ်လောက် ဈေးကြီးတဲ့ အစားအစာ ဖြည့်စွက် အားဆေး ပဲ သောက်သောက် ရောဂါ ကူးစက်နိုင်တယ်ဆိုတာ သတိထားဖို့ အထူး လိုအပ်ပါသည်။

ကိုယ်ခံအား တက်စေတဲ့အစားအစာများ - အရည်ရွှမ်း၍ အချဉ်ဓါတ်ပါသော အသီးများ၊ အဝါရောင် လိမ္မော်ရောင်ရှိသော အသီးများ၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ နို့၊ တို့ဖြစ်ပါတယ်။

​လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

23/06/2021

အီတလီနိုင်ငံမှာဟိုးရှေးယခင်ကဆင်းရဲသားများစားသုံးခဲ့ရတဲ့အစားအသောက် တခုဖြစ်ပြီးယခုမျက်မှောက်ခေတ် မှာလူတန်းစားအသီးသီးရဲ့အစားအသောက် ဖြစ်နေတဲ့ Pizza အကြောင်း.
Pizza History..unicode.
၁၆ ရာစုလောက်က အီတလီနိုင်ငံ နေပယ်မြို့နဲ့အနီးပတ်ဝန်းကျင်ဒေသက Flat bread (ပေါင်မုန့်အပြား)ဟာ ဒီခေါတ်မှာစားသုံးနေတဲ့ပီဇာ ရဲ့အခြေခံ ပါဘဲ..ဒါပေမဲ့ ပီဇာဟာ နေပယ်မြို့ကဆင်းရဲသားတွေစားဖို့လမ်းဘေးမှာရောင်းတဲ့မုန့်တခုထက်မပိုခဲ့ပါဘူး..၁၆ရာစုနောက်ပိုင်း ကိုလံဘတ်စ် တို့အမေရိကကိုရောက်ရှိပြီး ခရမ်းချဉ်သီးပင်လည်းဥရောပကိုရောက်ရှိခဲ့ပါတယ်..အဲ့ဒီ့နောက်ပိုင်းမှာပီဇာကိုခရမ်းချဉ်သီးအနှစ်.. သံလွင်ဆီ..ငါးတို့ကို Top up လုပ်လာပါတယ်..
Italy နိုင်ငံကိုစည်းရုံးတည်ထောင်နိုင်ခဲ့တဲ့ဘုရင်ကြီးberto နဲ့ သူ့မိဘုရား Margherita (မာဂရီတာ)တို့ဟာ နေပယ်မြို့ကို ၁၈၈၉ ခုနှစ်မှာအလည်ရောက်ရှိလာပါတယ်..မင်းမျိုးမင်းနွယ်တွေဆိုတော့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ပြင်သစ်အစားအစာတွေစားရတာငြီးငွေ့လာပုံရပါတယ်..မိဘုရားက ပီဇာတခုလောက်စားချင်တယ်လို့သိတဲ့အခါ..နေပယ်မြို့ကပီဇာဖုတ်တဲ့သူ Raffaele Esposito ဆိုသူက ပီဇာတခုကိုမိဘုရားကိုဆက်သခဲ့ပါတယ်..ပီဇာမှာပါဝင်တာကတော့ အဖြူရောင်ဖြစ်တဲ့ဂျုံဖတ်(dough)နဲ့မိုဇာရွဲလားချိစ်..အနီရောင်ဖြစ်တဲ့ ခရမ်းချဉ်သီးအနှစ်..အစိမ်းရောင်ဖြစ်တဲ့ ပင်စိမ်းရွက်(Basil leave)ကိုအပေါ်မှာတင်ပေးလိုက်တာပါပဲ..အဲဒီအရောင်သုံးရောင်ဟာ.အီတလီအမျိုးသားအလံ မွာပါတဲ့ နီဖြူစိမ်း သုံးရောင်ကိုကိုစားပြုထားတာပါလို့လဲဆိုပါတယ်...မိဘုရားကပီဇာကိုကြိုက်နှစ်သက်တဲ့အတွက်..အဲဒီပီဇာကို မာဂရီတာပီဇာ(Margherita Pizza)ရယ်လို့ယခုခေတ်အထိနံမယ်တွင်နေခဲ့ပါတယ်..ဒါပေမဲ့ပီ ဇာဟာ နေပယ်မြို့နဲ့ပတ်ဝန်းကျင်မွာသာခေါတ်စားခဲ့တာသာဖြစ်ပြီး၁၉၄၀ခုနှစ် ဒုတိယကမ်ဘာစစ်အတွင်းကြမှအီတလီတပြည်လုံးပြန့်နံ့ခဲ့ပါတယ်..အရင်ကဆင်းရဲသားများသာစားသုံးကြတဲ့ Food ဖြစ်ပေမဲ့ မျက်မှောက်ခေတ်မွာဟော်တယ်နဲ့စားသောက်ဆိုင် ကြီးများတွင်ပါရောင်းခ်နေပါတော့တယ်..

ZHT. Ygn.

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 14/06/2021

အခုလို အပြင်ငွေသားထုတ်ယူရန် ခက်ခဲတဲ့ ကာလမှာ Burma Foodie မှ ဝယ်ယူအားပေးမူများကို Kpay or Wave money ဖြင့် % မယူပဲ ငွေချေ လက်ခံပေးပါတယ်နော်

12/06/2021

me - အချို့မှုန့်လုံး၀မထည့်ဘူးနော်
ဆ်ိုင်ရှင်အဒေါ်ကြီး -🥴

17/03/2021

#စားတော်ပဲပြုတ်နည်း

လွယ်လွယ်ကူကူလေပါပဲ
အရင်ဆုံးရေနွေးနဲ့ရေအေးကို ကြက်သီးနွေးလေး
ရောစပ်ပါ။
ရေထဲလက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက်အပူခံနိုင်တဲ့ အနေအထာလေးပေါ့။
ပြီးရင်အဲ့ဒီ့ရေထဲ စားတော်ပဲကို ၃နာရီ ကြာအောင် ရေစိမ်ပါ။

၃နာရီပြည့်ရင်ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီးအပေါ်က အဝတ်ပါးလေး အုပ်ထားပါ။
မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။
နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ။
ဒါဆို ပဲပြုတ်လို့ရပါပြီ။

ရေနွေးကိုအရင်ဆုံး ဆူအောင်တည်ပါ။
မုန့်လုပ်ထညက်အညို ၂ခဲရေနွေးထဲ ပျော်
သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ။
ဆားဆော်ဒါ teaဇွန်း တဝက်ထည့်ပါ။
သကြားဟင်းဇွန်းတဝက်ထည့်ပါ။
ဆီဟင်းဇွန်း၁ဇွန်းလောက်ထည့်ပါ။
ဆားဇွန်းဖျားနဲ့နည်းနည်းထည့်ပါ။
ပဲနဲ့ရေကိုအတိဖြစ်ျအာင်ထည့်ပါ။
ရေပိုမထည့်မိပါစေနဲ့။

ရေခမ်းလာရင်တချို့က ပဲကိုစကာနဲ့ စစ်ပြီးရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။
ပန်းခရေကတော့ ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ထွက်အောင် ထားပါတယ်။
စိတ်ထဲပိုမွှေးတယ်လို့ ထင်တယ်။
ပဲကိုပေါင်းအိုးခွက်နဲ့၂ခွက်ဆိုအများကြီးရပါတယ်

ပဲပြုတ်နေစဉ်ဇွန်းနဲ့ မမွှေနဲ့နော်
ပဲကမကျက်ပဲ ဆတ်တောက်ကြီး ုဖြစ်တတ်ပါတယ်...

🔲

#စားတော်ပဲပြုတ်နည်း
~~~~~~~~~~~~
အရင်ဆုံးရေနွေးနဲ့ရေအေးကို ကြက်သီးနွေးလေး
ရောစပ်ပါ။
ရေထဲလက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက်အပူခံနိုင်တဲ့ အနေအထာလေးပေါ့။
ပြီးရင်အဲ့ဒီ့ရေထဲ စားတော်ပဲကို ၃နာရီ ကြာအောင် ရေစိမ်ပါ။

၃နာရီပြည့်ရင်ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီးအပေါ်က အဝတ်ပါးလေး အုပ်ထားပါ။
မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။
နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ။
ဒါဆို ပဲပြုတ်လို့ရပါပြီ။

ရေနွေးကိုအရင်ဆုံး ဆူအောင်တည်ပါ။
မုန့်လုပ်ထညက်အညို ၂ခဲရေနွေးထဲ ပျော်
သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ။
ဆားဆော်ဒါ teaဇွန်း တဝက်ထည့်ပါ။
သကြားဟင်းဇွန်းတဝက်ထည့်ပါ။
ဆီဟင်းဇွန်း၁ဇွန်းလောက်ထည့်ပါ။
ဆားဇွန်းဖျားနဲ့နည်းနည်းထည့်ပါ။
ပဲနဲ့ရေကိုအတိဖြစ်ျအာင်ထည့်ပါ။
ရေပိုမထည့်မိပါစေနဲ့။

ရေခမ်းလာရင်တချို့က ပဲကိုစကာနဲ့ စစ်ပြီးရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။
ပန်းခရေကတော့ ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ထွက်အောင် ထားပါတယ်။
စိတ်ထဲပိုမွှေးတယ်လို့ ထင်တယ်။
ပဲကိုပေါင်းအိုးခွက်နဲ့၂ခွက်ဆိုအများကြီးရပါတယ်

ပဲပြုတ်နေစဉ်ဇွန်းနဲ့ မမွှေနဲ့နော်
ပဲကမကျက်ပဲ ဆတ်တောက်ကြီး ုဖြစ်တတ်ပါတယ်...

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 07/03/2021

ကြက်သား ကုန်းဘောင်ကြီးကြော်
---------------------------------------------------
လူကြိုက်များတဲ့ ကြက်သား ကုန်းဘောင်ကြီးကြော်ပါ။ စီချွမ့်စတိုင် ကြက်သား ကုန်းဘောင်ကြီးကြော်က ငရုတ်သီးများများနဲ့ စပ်ရှိန်ရှိန် အရသာကို ရရှိမှာပါ။ သီဟိုဌ်စေ့ (သို့) မြေပဲ ထည့်ချက်ထားသည်မို့ ကြွပ်ရွရွနဲ့ စီချွမ့်ငရုတ်ကောင်း ရနံ့လေး သင်းနေတာမို့ အရမ်းစားလို့ကောင်းပါတယ်….
---------------------------------------------------
ပါဝင်ပစ္စည်းများ

ကြက်ရင်ဗုံ – ၂ခု (အတုံးလတ်များ တုံးပါ)
ငရုတ်သီးခြောက်နီ – ၈ခု (အစေ့ထုတ်ပြီ ထပ်ခြမ်းခြမ်းပါ)
သီဟိုဌ်စေ့ – ခွက်တဝက်
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
စီချွမ့်ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းပေးပါ)
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တဝက်
တရုတ် ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နှမ်းဆီ – အနည်းငယ်
---------------------------------------------------
ကြက်သား နုပ်ထားရန် ပါဝင်ပစ္စည်းများ

ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
တရုတ် ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
---------------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငံပြာရည်၊ ဆန်ဝိုင်၊ နှမ်းဆီ၊ ကော်မှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပြီ နာရီဝက်ခန့် နုပ်ထားပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ကြက်သားများ အညှိရောင်သန်းသည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

၃။ သီဟိုဌ်စေ့ကို ဆီအနည်းငယ်ဖြင့် ကြော်ပေးပြီ ပြန်ဖယ်ထားပါ။

၄။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ စီချွမ်ငရုတ်ကောင်း ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၅။ ပြီလျှင် ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား တို့ကို ထည့်ပါ။ ဆူလာလျှင် ကြော်ထားသော ကြက်သားများကို ထည့်ပေးပြီ ၂မိနစ်ခန့် ရောမွှေပေးပါ။

၆။ ထို့နောက် သီဟိုဌ်စေ့၊ နှမ်းဆီ၊ ကြက်သွန်မြိတ်ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

ရ။ အရရှိသော စီချွမ့်စတိုင် ကြက်ကုန်းဘောင်ကြော်ကို သုံးဆောင်လို့ရပါပြီ…
---------------------------------------------------
Wutyee Food House
---------------------------------------------------

02/02/2021

2020 ကို ဆိုးရွားလှပြီထင်လို့
အမြန်ကုန်စေချင်ခဲ့တာ ...
2021 က ဒီလို ကြိုနေမှန်း မသိခဲ့ဘူး ...
😅😅😅

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 26/01/2021

🐝မွေးမြူရေးပျားမဟုတ်ပဲ ပူတာအိုသဘာဝ ပျားရည်းအစစ်လေးရောင်းပေးချင်ပါတယ် ပျားရည်အစစ်မို့ ဘူး၂၀ထဲပို့ပေးလာတာမို့ပါခင်ဗျာ 30.1.2021ရက်နေ့ရပါမယ်ခင်ဗျာ
🐝ပျားသလက်အပါ6️⃣0️⃣0️⃣G 1️⃣ဘူးကို ၁၀၀၀၀ကျပ်
ပျားရည်အစစ်မှလိုချင်သူများအမြန် Order တင်ပေးထားကြပါခင်ဗျာ

📞0️⃣9️⃣4️⃣5️⃣8️⃣5️⃣1️⃣1️⃣9️⃣6️⃣9️⃣

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 22/01/2021

တရုတ်ထမင်းကြော်
#炒飯

ဒီတစ်ခါမှာတော့ ဆန်ကို အဓိကစားသုံးသည့် နိုင်ငံများ၏ Fast Food ဟုဆိုရမည့် ထမင်းကြော်ဖြစ်ပေါ်လာပုံကို ပြောပြပေးသွားပါမည်။

တရုတ်ပြည်၌ ထမင်းကို ဆီနှင့်ကြော်ပြီး မုန့်မျိုးစုံလုပ်စားခဲ့ကြသည်မှာ ရှေးနှစ်ပေါင်းများစွာထဲကပင် ရှိခဲ့သည်။ ဆီဖြင့်ကြော်လှော်ရသည့်နည်းစနစ်မှာ တရုတ်ပြည်၏ ဟင်းလျာသမိုင်းတွင် အစောဆုံးချက်ပြုတ်နည်းများထဲမှ တစ်ခုပင်ဖြစ်လေသည်။ ထမင်းကို ဆီဖြင့်ကြော်ကာ စားသုံးကြသည်ကို ဆွေ့ခေတ်မှတ်တမ်း (၅၈၉ ခုနှစ် - ၆၁၈ ခုနှစ်) များတွင် တွေ့ရသည်။ ထမင်းကြော်ကို တရုတ်လို ချောင်ဖန်း 炒飯 (炒-ကြော်လှော်သည်/ 飯-ထမင်း) ဟု ခေါ်သည်။ ထမင်းကြော်အပြင် ဆန်ကို ဆီဖြင့်ကြော်ပြီး မရွေးမုန့်ကိုလည်း ပြုလုပ်စားသုံးခဲ့ကြသည်ဟု သိရသည်။ မင်ခေတ် (၁၃၆၈ ခုနှစ် - ၁၆၄၄ ခုနှစ်) တွင်တော့ ထမင်းကြော်မှာ လူကြိုက်အများဆုံး စားစရာဖြစ်လာခဲ့ပြီး ပြည်နယ်အလိုက် မတူညီသော ကြော်လှော်နည်းများကိုလည်း ဖန်တီးခဲ့ကြသည်။

အမှန်တကယ်တော့ ထမင်းကြော်သည် တရုတ်ရှေးလူကြီးများ၏ အစားအသောက်ချွေတာနည်းတစ်မျိုးပင် ဖြစ်သည်။ ရှေးအခါက ထမင်းကို တန်ဖိုးထားပြီး အလေအလွင့်မရှိစေအောင် စားသုံးလေ့ရှိကြသည်။ သို့သော် မကုန်ပဲကျန်နေသည့် ထမင်းများကို အမှိုက်မဖြစ်စေရန် မနေ့ကကျန်သည့် ဟင်းများနှင့် ရောထည့်ကာ ဟင်းပေါင်းကြော်အဖြစ် စားသုံးရာမှ ထမင်းကြော်နည်းမှာ စတင်ခဲ့သည်ဟု ဆိုသည်။ တရုတ်ပြည်တောင်ပိုင်းဓလေ့တွင်တော့ မနေ့ကကျန်သည့် ဟင်းကျန်၊ ထမင်းကျန်များကို ဒယ်ပိုင်းထဲတွင် ရောထည့်ပြီး ထမင်းကြော်ကာ တိရိစ္ဆာန်များကို ကျွေးမွေးလေ့ရှိသည်။ နောက်ပိုင်းတွင်တော့ လူအများစားသုံးရန် အသီးအရွက်၊ ကြက်ဥ၊ ပဲငံပြာရည်၊ အသားစသည်တို့ကို ရောထည့်ကာ ကြော်လှော်စားသုံးခဲ့ကြသည်။

ယခုအခါတွင်တော့ တရုတ်ပြည်တွင် ပြည်နယ်အလိုက် အရသာတစ်မျိုးစီထူးသည့် ထမင်းကြော်ကို ရရှိနိုင်ပြီ ဖြစ်လေသည်။ တရုတ်ထမင်းကြော်၏ အဓိကအချက်မှာ ကြက်ဥပင် ဖြစ်သည်။ ထမင်းကြော်မည်ဆိုပါက ကိုယ်ကြိုက်နှစ်သက်ရာ အသီးအရွက်နှင့် အသားကို ထည့်နိုင်သည်။ ထမင်းမကြော်ခင် ဆီကို အနည်းငယ်ထည့်ပြီး ထမင်း၏ ၃:၁ (ထမင်းတစ်ပန်းကန် ကြက်ဥ ၂ လုံး) စကေးဖြင့် ကြက်ဥ ၂ လုံးကို အရင်ထည့်ပါ။ ကြက်ဥ မကျက်တကကျက်အချိန်တွင် ထမင်းကို ထည့်ပြီး ရောသမမွှေပေးပါ။ ပြီးမှ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ဆား၊ အသီးအရွက်၊ အသားတို့ကို ထည့်ပြီး ကြော်လိုက်ပါက မိမိ Skill နှင့် ကိုက်ညီသော ထမင်းကြော်တစ်ပန်းကန် ထွက်လာပါလိမ့်မည်။

ထမင်းကြော်နည်းသည် ပြောင်းရွှေ့နေထိုင်ကြသော တရုတ်လူမျိုးများကြောင့် ကမ္ဘာ့အနှံ့သို့ ပြန့်သွားခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် တရုတ်ပြည်မှ ပြောင်းရွှေ့နေထိုင်သူများသည် ဂျပန်ပြည် ကိုဘေးမြို့သို့ ရောက်ရှိလာချိန်တွင် ထမင်းကြော်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် ဂျပန်စာပေ၏ ထမင်းကြော် chǎofàn (炒飯) ဆိုသည့် စာလုံးမှာ တရုတ်စာလုံးနှင့် အဓိပ္ပါယ်၊ ရေးနည်းကအစ တူညီနေခြင်းဖြစ်သည်။ အစောပိုင်းကာလများတွင် အမေရိကန်နိုင်ငံ၌ အမြန်စားသုံးလို့ရသည့် Fast Food မှာ KFC၊ McDonald တို့မဟုတ်ပဲ ထမင်းကြော်သာဖြစ်လေသည်။ ယခုအခါတွင်တော့ မြန်မာပြည်၏ Fast Food မှာလည်း ထမင်းကြော်ပင်ဖြစ်သည်ဟု ပြောလို့ရသည်။ မြန်မာပြည်၏ အညာဒေသတွင်တော့ ထမင်းကြော်နည်းမှာ မူရင်းနှင့်မတူပဲ တမူထူးခြားနေသည်ကို တွေ့ရမည်။ အညာဒေသတွင် ထမင်းကြော်ကို ပဲပေါင်း၊ နနွင်းမှုန့်တို့ကို ထည့်ပြီး ဆီအဝါဖြင့် ကြော်ကြခြင်းဖြစ်သည်။

နောက်တစ်ခုက အသီးအရွက်၊ အသားတို့ကို ကော်ရည်ဖြင့်ကြော်ကာ ထမင်းဖြူပေါ် လောင်းချလိုက်ပြီး စားသုံးကြသည့် ဟင်းလျာကို ထမင်းပေါင်း 燴飯 ဟု ခေါ်ဆိုကြသည်။ ထိုထမင်းပေါင်းကိုမှ ထမင်းကြော်ပေါ်သို့ လောင်းချလိုက်ပါက ဖူကျန့်ထမင်းကြော် 福建炒飯 ကို ရရှိလာသည်။ ဖူကျန့်ထမင်းကြော်သည် ထမင်းပေါင်းကဲ့သို့ ဟင်းအနှစ်ကို စမ်းပြီးမှ စားသုံးကြရသည်မျိုး ဖြစ်သည်။ ထို့ကြောင့် ရံဖန်ရံခါ ဖူကျန့်ထမင်းကြော်နှင့် ထမင်းပေါင်း 燴飯 တို့ကို အမှတ်မှားတတ်သည်။ ဟင်းပေါင်းအနှစ်ကို ထမင်းဖြူပေါ် လောင်းချထားသည့် ဟင်းပွဲကို ထမင်းပေါင်း 燴飯 ဟုခေါ်ပြီး ထမင်းကြော်ပေါ် လောင်းချလိုက်ပါက ဖူကျန့်ထမင်းကြော်ဖြစ်လာသည်။ ဖူကျန့်ထမင်းကြော်ကိုမှ ဟောင်ကောင်ရောက်သည့်အခါ ယင်း/ယန်ထမင်းကြော်ဟူ၍ ထပ်မံဖန်တီးခဲ့ကြသည်။ ယင်း/ယန်ဆိုသည်မှာ အဖို/အမ ကို ကိုယ်စားပြုသည့်အတွက် မင်္ဂလာဆောင်ပွဲများတွင်လည်း အချစ်သင်္ကေတအဖြစ် ဧည့်ခံကျွေးမွေးကြသည်။ ယင်း/ယန်ထမင်းကြော်သည် အချစ်သင်္ကေတအား ပုံဖော်ထားကြောင်းကို ပိုမိုလေးနက်စေရန် ယန်ယွမ်ထမင်းကြော် 鴛鴦炒飯 ဟုလည်း ခေါ်ဆိုကြသေးသည်။ 鴛鴦 မှာ တရုတ်ရေဘဲမျိုးဖြစ်ပြီး အဆိုပါ ရေဘဲ ၂ ကောင်ပုံကို တရုတ်ရိုးရာ၌ အချစ်သင်္ကေတအဖြစ် အသုံးပြုကြသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားများအကြားတွင် ရေပန်းစားသည့် စိုးမြင့်ကြော်မှာလဲ ဖူကျန့်ထမင်းကြော်တစ်မျိုးပင် ဖြစ်သည်။ ကော်ရည်မသုံးပဲ ကုန်းဘောင်ကြီးကြော်၊ တောက်တောက်ကြော်ကဲ့သို့ အခြောက်ကြော်လှော်ထားသည့် ဖူကျန့်ထမင်းကြော်တစ်မျိုးပင် ဖြစ်လေသည်။ တစ်ချို့သော ကျောင်းများတွင်တော့ ထမင်းကို မကြော်ပဲ ထမင်းဖြူပေါ်သို့ ဟင်းလျာကို ထည့်ပေးကြသည်ကို တွေ့ရသည်။ ထိုပုံစံမျိုးကိုတော့ စိုးမြင့်ထမင်းပေါင်း (ဖူကျန့်ထမင်းပေါင်း) ဟု ခေါ်ရပေလိမ့်မည်။

ရန်ကျိုးထမင်းကြော် (သို့မဟုတ်) အမေရိကန်ထမင်းကြော်

ရန်ကျိုးစတိုင် ထမင်းကြော်ကို အမေရိကန်နိုင်ငံက လူအများ နှစ်သက်ကြသောကြောင့် အမေရိကန်ထမင်းကြော်ဟုလည်း ခေါ်ကြသည်။ ရန်ကျိုးထမင်းကြော် 揚州炒飯 ကို အမေရိကန်နိုင်ငံရှိ အိမ်တိုင်းလိုလိုတွင် မနက်စာအဖြစ် ကြော်စားလေ့ရှိကြသည်။ ရန်ကျိုးစတိုင် ထမင်းကြော်နည်း၏ မူလဇာတ်မြစ်မှာ ကျန်းစုပြည်နယ်၊ ရန်ကျိုးမြို့မှ စတင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ထမင်းကြော်နည်းကို တီထွင်ခဲ့သူမှာ မန်ချင်းခေတ်က စားဖိုမှူးကြီး ယိပင်းရှို့ (၁၇၅၄ ခုနှစ် - ၁၈၁၅ ခုနှစ်) ဟု သိရသည်။

ရန်ကျိုးထမင်းကြော်နည်းမှာ ကြက်ဥကို အရင်ဦးဆုံး ခလောက်မွှေထားရမည်ဖြစ်သည်။ အဆိုပါနည်းကို ငွေစင်ပေါ်မှာ ရွှေရည်လောင်းခြင်း ဟု တင်စားထားသည်။ ငွေစင်ဟု ဆိုထားသည့်အတိုင်း အရင်ဦးစွာ ဆီပူထဲသို့ ထမင်းကို အရင်ဦးစွာထည့်ပြီး အသီးအရွက်များထည့်ကာ ခဏမွှေထားရမည်။ ထမင်းပေါ်သို့ ရွှေရည်ဟုတင်စားထားသည့် ကြက်ဥကို လောင်းထည့်ကာ ကြော်ခြင်းဖြစ်သည်။ တစ်ချို့က ရွှေသားပေါ်သို့ ငွေစင်သွန်းသည်ဟုဆိုကာ ခလောက်မွှေထားသော ကြက်ဥကို အရင်စကြော်ပြီး ကြက်ဥအနှစ် မကျက်ခင် အသီးအရွက်နှင့် ထမင်းထည့်ပြီး ကြော်နည်းမျိုးလည်း ရှိသေးသည်။ ရန်ကျိုးထမင်းကြော်သည့်အခါ ထမင်းတစ်ပန်းစာအတွက် ကြက်ဥတစ်လုံးခန့်သာ ရောထည့်ပြီး ကြော်နိုင်သည်။ အသားကတော့ မိမိနှစ်သက်ရာ ကြက်၊ ဝက်၊ ပင်လယ်စာ၊ ဂဏန်းသား စသည်ဖြင့် အသုံးပြုနိုင်သည်။ အသီးအရွက်အနေဖြင့် ပဲစေ့၊ ကိုက်လန်၊ ခါကြက်ဥ (မုန်လာဥနီ)၊ ပြောင်းဖူး၊ မျှစ်ဖူး စသည်ဖြင့် ထည့်ပြီး ကြော်လှော်နိုင်သည်။ တရုတ်စားသောက်ဆိုင်တစ်ချို့တွင် ပဲစေ့အစား အကွင်းလိုက်လှီးထားသည့် ကြက်သွန်နီကို အစားထိုးအသုံးပြုကြသည်။ တစ်ချို့ဆိုင်များတွင် အသားများကို ကြက်သွန်နီနှင့် ရှောက်ရှင်းအရက်ကို အသုံးပြုကာ ကြော်လှော်ပြီးမှ ထမင်းထဲ ရောထည့်ကြော်လှော်ကြသည်။

#林圛朙「天下第一」

ထျန်းရှတိယိ Page မှာ လူကြီးမင်းတို့အနေဖြင့် ကြော်ငြာများ ထည့်သွင်းလိုပါက Page ၏ Messenger တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ အခြားသော ဘာသာပြန်ကိစ္စများ အပ်နှံလိုပါကလည်း သင့်တော်သောဈေးနှုန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျွန်တော်တို့ Page ကို Facebook ပေါ်မှာ ရှာဖွေလိုပါက မြန်မာဘာသာဖြင့် "ထျန်းရှတိယိ" ဟု ရေးပြီး ရှာဖွေနိုင်ပါသည်

31/12/2020

2020 ကုန်လို့ 2021 ကို ကြိုဆိုရမယ့်အချိန်ရောက်ပါပြီ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါအခက်အခဲကြောင့် ဒီနှစ်ရဲ့ နှစ်သစ်ကိုအိမ်မှာပဲ ကျင်းပလိုက်ရပေမယ့်
နှစ်သစ်မှာ ကျန်းမာ၊ ချမ်းသာ ပျော်ရွှင်ကြပါစေ။

ကျန်းမာတဲ့နှစ်သစ်တစ်ခုဖြစ်ပါစေ!

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 08/12/2020

အမျိုးသားနေ့အကြောင်း သိကောင်းစရာ
---------------------------------------------

၁၉၂၀ ဒီဇင်ဘာတွင် အင်္ဂလိပ်ဘုရင်ခံချုပ် ဆာရယ်ဂျီနယ်ကရက်ဒေါက်၏ မြန်မာနိုင်ငံရှိကျောင်းသားများ ပညာတတ်မြောက်မှုမရှိစေရန် စနစ်တကျရေးဆွဲထားသော မြန်မာနိုင်ငံဆိုင်ရာ တက္ကသိုလ်အက်ဥပဒေကို ကောလိပ်ကျောင်းသားများမှစတင် သပိတ်မှောက်ခဲ့ကြသည်။
ကောလိပ်ကျောင်းသားများအားထောက်ခံသောအားဖြင့် တက္ကသိုလ်ကျောင်းသားများနှင့် မြန်မာတစ်နိုင်ငံလုံးရှိကျောင်းများကသပိတ်မှောက်လိုက်ကြလေသည်။ထိုကျောင်းသားသပိတ်ကြီးသည် အင်္ဂလိပ်အစိုးရအား
ပထမဦးဆုံးတော်လှန်ခဲ့သော စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲကြီးဖြစ်လေသည်။
ထိုသပိတ်ကြီးမှောက်ပြီးနောက် ကျောင်းသားများပညာရေးလစ်ဟာမသွားအောင် မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ဦးဆောင်၍မြန်မာပြည်တစ်ဝှမ်းတွင် အမျိုးသားကျောင်းများ ဖွင့်လှစ်ခဲ့ကြလေသည်။
အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သော ဆရာများမှ မြန်မာ့အနာဂတ်အတွက် ရဲရဲတောက် မျိုးချစ်ကျောင်းသားများအား ပြုစုပျိုးထောင် မွေးထုတ်ပေးခဲ့လေသည်။ ထိုအမျိုးသားကျောင်းသားများမှ
ဦးသန့် ဗိုလ်ချုပ်အောင်ဆန်း ဦးနုတို့ကဲ့သို့ ကမ္ဘာမှာပါထင်ရှားသည့်ခေါင်းဆောင်များပေါ်ပေါက်ခဲ့လေသည်။
အမျိုးသားနေ့ စတင်ပေါ်ပေါက်လာပုံ
ထိုကျောင်းသားသပိတ်ကြီးမတိုင်ခင် ပြည်မြို့တွင်ကျင်းပသော
ဝိုင်အမ်ဘီအေ အသင်းကြီး၏နှစ်ပတ်လည်အစည်းအဝေးတွင်
မြန်မာနိုင်ငံဆိုင်ရာံအသင်းချုပ်ကြီး ဂျီစီဘီအေ(General Council of Burmese Association) ကိုဖွဲ့စည်းခဲ့သည်။
ဂျီစီဘီအေအသင်းကြီး၏ နဝမအကြိမ်နှစ်ပတ်လည် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ နေ့တစ်နေ့သတ်မှတ်ရန်အတွက် သီပေါမင်းပါတော်မူသောနေ့
ဆရာတော်ဦးဥတ္တမ ထောင်ချခံရသောနေ့ ကျောင်းသားများစတင်သပိတ်မှောက်သော နေ့များထဲမှ တစ်နေ့အားရွေးချယ်ရန် ဆွေးနွေးရာ ကျောင်းသားသပိတ်ကိုယ်စားလှယ်ဦးမြင့်မှ ကိုယ်ကစတင်တော်လှန်သောနေ့ကိုရွေးသင့်သည်ဟု တင်သွင်းသောအဆိုကိုအားလုံးကလက်ခံပြီး မြန်မာသက္ကရာဇ်ကို
အရယူကာ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို
အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။ထိုသို့ဖြင့် မြန်မာလူမျိုးအတွက်မမေ့နိုင်စရာ အမျိုးသားနေ့ကြီးစတင်ပေါ်ပေါက်ခဲ့လေတော့သည်။

Credit..

05/12/2020

ဒီတစ်ခါ အိမ်ရှင်မတွေသိရှိလိုက်နာလို့ရအောင်
လျှပ်စစ်အန္တာရယ်အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ Videoclip လေးကိုအဆုံးထိကြည့်ပေးဖို့တော့လိုတယ်နော်🙂

03/12/2020

ကဲ... သီချင်းလေးနားဆင်ရင်း ကျောင်းတုန်းကအမှတ်တရတွေဆီအလည်တခေါက်သွားလိုက်ကြစို့!!

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 01/12/2020

နှစ်သစ်မရောက်ခင် စားဖူးသင့်တဲ့ ကြက်ဆင်

ကြက်ဆင်ဆိုတာ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 / 𝐍𝐞𝐰𝐲𝐞𝐚𝐫 ရဲ့ သင်္ကေတ အစားအစာ။
ကြက်ဆင်ကို Hotelမှာ Luxury ဆန်ပြီးသွားစားစရာမလိုတော့ဘူးနော် စျေးနူန်းသင့်ပြီး အရသာကောင်းတဲ့ Burma Foodie မှာစားလို့ရနေပြီလေ။

စျေးကြီးသလောက် မလုပ်တတ်ရင် မာဂလောက်ကြီးနဲ့ စာလို့အတော်မကောင်းတာ။
ပြီးတော့ သူနဲ့ တွဲစားရတဲ့ဆော့စ်ကလဲ အတော် လုပ်တတ်မှ။
Burma Foodie ရဲ့ကြက်ဆင်ကတော့ အရမ်းမိုက်တယ်ထက် ပိုတယ် ဆိုရမယ်

Burma Foodie 🦃 Turkeys ကြက်ဆင်သား ကို တစ်ဖဲ့ ဖဲ့
လျှာပေါ်တင် လိုက်ချိန်မှာ ရတဲ့ ခံစားမှုက...
Wow 🤩
Wow 🤩
Wow 🤩 ပဲ...

•••ဘာလို့ကောင်းလဲ ဆိုတော့

⁃ (၂)နာရီလောက် သေချာနူးအိအောင် chef made secret sauce နှပ်ထားပြီး (၄)နာရီလောက် slow Roast လုပ်ထားမှတော့
ဆော့စ်မပါဘဲ စားတဲ့ သူ့အသားချည်း အရသာက လေ
Juicy ချိုမြလွန်းပြီး ကြက်ဆင်သားရဲ့ မာကြောမှုတွေ အကုန်ဘေးထွက်ပြီး သူ့ချည်းသက်သက်ကို မွှေးပြီး ချို အိ နေတာ...။

⁃ Special sauce နဲ့ တို့စားကြည့်ရင် အသားရဲ့ အရသာ ပိုပေါ်လွင်ပြီး စစချင်း သံလွင်ဆီ Grade ကောင်းကောင်းရဲ့ မွှေးချို အရသာရယ်၊ white wine vinegar အရသာ ချဉ်စူးစူးလေးရယ် ကိုမှ Parsley အီတလီနံနံပင် ရဲ့ အရသာရယ် ပေါင်းစပ်ထားတာလေးက အသားအရသာ ကို ပိုကောင်း အောက် တွန်းပို့နေမိတယ်။

⁃ ပေးရတဲ့ ပိုက်ဆံနဲ့ တန်တဲ့ အရသာ ရလိမ့်မယ်။

✔️1 KG 15000 Kyat

•••ဘယ်ချိန် ထိ ရလဲ?
Christmas 🎄 နေ့တစ်ရက်ပဲရမှာနော်
⁃ အရသာကောင်းကောင်းနဲ့ Christmas ည ကို ဖြတ်ကျော်ချင်တဲ့သူတွေ၊
⁃ အေးအေးဆေးဆေး အစားသောက်စည်းစိမ်ခံချင်တဲ့သူတွေ
Burma Foodie မှာChristmas အတွက် ကြိုတင်မှာထားလို့ရတယ်နော်

ကဲဘာလိုသေးလဲ

ဖုန်းလေးဆက် ကြိုပြီးOrder တင်ပေးဖို့တော့လိုတယ်နော်
📞09 458511969
page chat box ထဲကိုလာ🤗
အခုပဲမှာယူလို့ရပါပြီ

Item အသစ်ဆိုတော့ကား
အားပေးကြမ်းတတ်ကြလို့
စောစောလေးမှာကြတော့နော်🤗💯

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 30/11/2020

✔️ပူတာအို ရေခဲတောင်သဘာဝဆေးမြစ်စုံလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ

💯ဂျင်ဆင်း၊ မချစ်ဥ၊ ဆေးငရုတ်၊ ရှီးပတီး၊ ပန်းဝတ်မှုံ တို့ ပါဝင်ပြီး...

✔️အမျိုးသားများဆို အရက်၊ အမျိုးသမီးများဆို ပျားရည်
တို့ဖြင့် စိမ်သောက်နိုင်ပါတယ်။

✔️ကြက်သားဖြင့် လည်း ပေါင်းစားနိုင်တယ်
ပါတယ်ခင်ဗျာ(ပေါင်းတဲ့နည်းလေးလဲပြေားပြပေးအုံးမှာပါခင်ဗျာ)

✔️ရေခဲတောင် သဘဝဆေးမြစ်စုံ တစ်ဘူး
1️⃣7️⃣0️⃣0️⃣ကျပ်

ဆေးမြစ်အစစ်ဖြစ်ကြောင်းလဲ အာမခံပါတယ်ခင်ဗျာ

✔️ပုံမှာလဲစာလေးတွေကိုသေချာဖတ်လို့ရပါတယ်ခင်ဗျာ

✔️ရန်ကုန်မြို့တွင်းပစ္စည်းရောက်ငွေချေစနစ်ပါ။

✔️ပိတ်ရက်မရှိမှာယူအားပေးနိုင်ပါသည်။

✔️နယ်မြို့မျာအတွက် ကားဂိတ်ကနေအရောက်ပို့ပေးပါသည်

✔️မှာယူလိုပါက

☎️ဖုန်း - 09458511969 (သို့)

ဆေးမြစ်စုံအကြောင်းကို Chat box မှ မေးမြန်းစုံစမ်းနိုင်ပါသည်။

ကျန်းမာရွှင်လန်းပြီး သာယာအေးချမ်းကြပါစေ။

🙏🙏🙏

30/11/2020

Foodie တို့အတွက်🐝ပျားရည်ကောင်းကျိုး အသုံးဝင်ပုံလေးတွေကို Share ပေးလိုက်ပါတယ်ခင်ဗျာ
Foodie တို့အတွက်အသုံးဝင်သောကြောင့်ဒီ✔️Video လေးကိုပြီးဆုံးတဲ့အထိကြည့်ပေးဖို့တော့လိုတယ်နော်
✔️Video လေးကိုကြည့်ပြီးတာနဲ့ တစ်ပုလင်းလောက်တော့ အိမ်မှာဆောင်ထားသင့်တဲ့ထဲပပါတယ်ခင်ဗျာ🐝

28/11/2020

တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

+++++++++++++++++++++++++++++++++

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လ
ာရောက်ခစားကြသည်။မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါး
သော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။

ထို့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇလီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစု၀င်များအားလုံးစားသုံးကာ ၊ ပတ်၀န်းကျင် အိမ်နီးချင်းများအားလည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။

နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။

ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။

လပြည့်နေ ညဉ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ”
ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်၀လျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြသည်။

ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။

တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က၊ “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။ထို့ကြောင့် လပြည့်နေ့ညအခါတွင် “ကျီးမနိုးပွဲ”
(ခေါ်)“သူခိုးကာလ” အဖြစ် ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။

တစ်ညလုံး နံနက်ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ရှိချီမနိုင်သောပစ္စည်းများကိုယ ူ၍ လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို့ကို အလံထူ၍ထားခြင်း စသည်တို့ဖြင့် ၊နံနက်အခါ၌ လူ ရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။

တစ်ညနေခင်းလု ံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေနှင့်စားစရာများ အလှူခံကြပြီး၊ တစ်ညခင်းလုံး ချက်ပြုပ်၊စားသောက်ကာ မြူတူး ပျော်ရွှင်ကြသည်။

ငွေကြေးပြည့်စုံသူတို့ကမူ ၊ လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး”(ခေါ်)မုံ့လုံးရေပေါ်များကျွေးခြင်း၊ ကြက်သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊ ကြက်ကင်စားခြင်း| ကြက်သားချက်စားခြင်း|မယ်ဇလီဖူးသုပ်ဝြေခင်းနှင့် ပိုက်ဆံကြဲခြင်း တို့ကို ပြုကာ ၊ ကုသိုလ်
ယူလေ့ရှိကြသည်။

ဒါကြောင့်ဆေးဖက်ဝင်ပြီးတစ်နှစ်ပတ်လုံးအသက်ရှူနေတိုင်း ပိုက်ဆံတွေဝင်ချင်ရင်တော့ Burma Foodie က
ကြက်ကင်လေးတွေ ဝယ်စားကြပါခင်ဗျာ😜

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 25/11/2020

1️⃣0️⃣0️⃣0️⃣0️⃣ ကျပ်ဖိုးဝယ်တာနဲ့ ရှယ် Donut 5 🍩 ခုပါ 🎁တစ်ဘူးလက်ဆောင် 😱😱😱

👉Burma Foodie မှ တန်ဆောင်တိုင်ပျော်ရွှင်စရာ Special Promotion လေးလာပါပြီ 🎉 🎉🎁🎁

✔️ကြိုက်နှစ်သက်ရာ အစားစာကို 1️⃣0️⃣0️⃣0️⃣0️⃣ ကျပ်ဖိုးပြည့်အောင်ဝယ်ယူအားပေးပါက အရသာ အရမ်းကောင်းတဲ့ Donuts 5 🍩 ခုပါတစ်ဘူးလက်ဆောင်ပေးသွားမှာဖြစ်ပါတယ် ☺️☺️

✔️Promotion ကာလလေးက 25 Nov မှ 29 Nov အထိပဲနော်✔️

✅ကချင်ကြက်ကင်တစ်ကောင်ကို 7️⃣0️⃣0️⃣0️⃣

✅ကချင်ရိုးရာဝက်သုံးထပ်သားကင်7️⃣0️⃣0️⃣0️⃣

✅ကြက်မွှမာလာ 3️⃣0️⃣0️⃣0️⃣

✅မှိုဆီကြော် 5️⃣0️⃣0️⃣0️⃣

✅ကြက်/ဝက် ကောက်ညှင်းထုပ်ရှယ် 2️⃣5️⃣0️⃣0️⃣

❌CPကြက်လုံးဝမသုံးပါ ❌

Sauce & Spice များဖြင့် နာရီပေါင်းများစွာ Marinade လုပ်ထားတဲ့ ကြက်ကောင်လုံးကို Order တင်မှ အချိန်ကြာမြင့်စွာ ဖြင့် စနစ်တကျ ကင်ထားပေးမှာမို့ ကြက်ကင်ကိုတော့ ကြိုတင် တစ်ရက် Order တင်ပေးဖို့တော့လိုပါတယ်ခင်ဗျာ

တာရှည်ခံဆေး ဆိုးဆေး အချိုမှုန့် ကျန်းမာရေးအတွက် ဆိုးကျိုး ဖြစ်စေသော အရာများ လုံးဝ မပါဝင်ပါဘူးခင်ဗျာ
မှာယူထားသော Order များကို Confirm လုပ်ပြီးပါက ရက်ရွှေ့ပြောင်းခြင်း Cancel လုပ်ခြင်း မပြုရန်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ

ယခုပဲအော်ဒါတင်လို့ရပါပြီ

ရန်ကုန်မြို့တွင်းပစ္စည်းရောက်ငွေချေစနစ်ပါ။

မှာယူလိုပါက

ဖုန်း - 09458511969 (သို့)

Chat box မှ မေးမြန်းစုံစမ်းနိုင်ပါသည်။

ကျန်းမာရွှင်လန်းပြီး သာယာအေးချမ်းကြပါစေ။

🙏🙏🙏

24/11/2020

Burma Foodie kitchen မှာ
💯Cook နေကြာဆီသန့်တစ်မျိုးထဲသာသုံးပါသည်✔️

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 23/11/2020

Foodie တို့အကြိုက်တွေ့ပြီးထိမိနေမဲ့
ကြက်မွှမာလာ (ဗမာကြက် ၁၅ကျပ်သား )3️⃣0️⃣0️⃣0️⃣

မှိုဆီကြော် (၃၀ကျပ်သား ) 5️⃣0️⃣0️⃣0️⃣

ငါးငပိချက် (ဦးမှန်ကြီး ) ၆၀၀ G 2️⃣5️⃣0️⃣0️⃣

ငါးပိရေကျို(ဦးမှန်ကြီး ) ၆၀၀ G 2️⃣0️⃣0️⃣0️⃣

အတို့အမြုပ်စုံဘူး 1️⃣5️⃣0️⃣0️⃣

ရနေပြီနော်
Item အသစ်ဆိုတော့ကား
အားပေးကြမ်းတတ်ကြလို့
စောစောလေးမှာကြတော့နော်

နယ်မြို့မျာအတွက် ကားဂိတ်ကနေအရောက်ပို့ပေးပါသည်

မှာယူလိုပါက

ဖုန်း - 09458511969 (သို့)

Chat box မှ မေးမြန်းစုံစမ်းနိုင်ပါသည်။

ကျန်းမာရွှင်လန်းပြီး သာယာအေးချမ်းကြပါစေ။

🙏🙏🙏

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 19/11/2020

ကျန်းမာရေးနဲ့ညီညွတ်ပြီး အင်အားဖြစ်စေသော
Protein ဓါတ်အပြည့်ပါဝင်တဲ့အရသာရှိဆုံး ကြက်ကင် 70/80ကျပ်သားSize 7️⃣0️⃣0️⃣0️⃣ကျပ် နဲ့ပဲ ရောင်းပေးနေပါတယ်နော်

မနက်ဖြန်အတွက် Order တင်လို့ရပါပြီနော်

😋🍗ဗမာကြက်ကင်စစ်စစ် 🍗😋

❌CP ကြက်မသုံးပါ ❌

✅ကြက်/ဝက် ကောက်ညှင်းထုပ်

2️⃣0️⃣0️⃣0️⃣(၁ရက်တော့ကြိုမှာပေးပါ)

✅ စပါးလင်ကြက်ကင်7️⃣0️⃣0️⃣0️⃣

✅ ကချင်ရိုးရာကြက်ကင်7️⃣0️⃣0️⃣0️⃣

✅ကချင်ရိုးရာဝက်သုံးထပ်သားကင်7️⃣0️⃣0️⃣0️⃣

✅ကြက်မွှမာလာ အစပ် ၁၅ကျပ်သား 3️⃣0️⃣0️⃣0️⃣

✅မင်းပြား ရှယ်ဝက်အူချောင်း 3️⃣0️⃣0️⃣0️⃣

✅ဦးမှန်ကြီးငါးငပိချက်/ငါးပိရေကျို500G2️⃣0️⃣0️⃣0️⃣

🏠အိမ်မှာပဲနေပါ🏠

☎️ဖုန်းလေးပဲဆက်လိုက်အိမ်အရောက်ပို့ပေးမှာပါ👌

🚘နယ်မြို့များကို ကားဂိတ်အရောက်ပို့ပေပါသည် 🚘

📞 09 458511969

💭 Chat Box မှလည်းမေးမြန်းစုံးစမ်းနိုင်ပါသည်

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 18/11/2020

ကဲ foodie တို့ရေ ဒီတစ်ခေါက် ထပ်တိုးထားတဲ့ Menu လေးကတော့ အသားမကြိုက်သူတွေအတွက် သားသတ်လွှတ် #ပဲကောက်ညှင်းထုပ် လေးပါဖြစ်ပါတယ်ခင်ဗျာ

အရင်ရောင်းပေးနေကျMenu ဖြစ်တဲ့
ကျန်းမာရေးနဲ့ညီညွတ်ပြီး အင်အားဖြစ်စေသော
Protein ဓါတ်အပြည့်ပါဝင်တဲ့အရသာရှိဆုံး ကြက်ကင် 70/80ကျပ်သားSize 7️⃣0️⃣0️⃣0️⃣ကျပ် နဲ့ပဲ ရောင်းပေး​နေပါတယ်ခင်ဗျာ

😋🍗ဗမာကြက်ကင်စစ်စစ် တစ်ကောင်လုံးနော် 😋

❌CP ကြက်မသုံးပါ ❌

✅ပဲကောက်ညှင်းထုပ် 1️⃣5️⃣0️⃣0️⃣

✅ဝက်သားကောက်ညှင်းထုပ်2️⃣0️⃣0️⃣0️⃣

✅ကြက်သားကောက်ညှင်းထုပ် 2️⃣0️⃣0️⃣0️⃣

✅ စပါးလင်ကြက်ကင်7️⃣0️⃣0️⃣0️⃣

✅ ကချင်ရိုးရာကြက်ကင်7️⃣0️⃣0️⃣0️⃣

✅ကချင်ရိုးရာဝက်သုံးထပ်သားကင်7️⃣0️⃣0️⃣0️⃣

✅ကောက်ညှင်းထုပ်လေးတွေကို လတ်ဆတ်တာလေး
စားစေချငိလို့ Pre Order တော့မှာပေးပါခင်ဗျာ
ကျန်တဲ့ Menu လေးတွေက ဒီနေ့မှာ ဒီနေ့ရပါတယ်

🏠အိမ်မှာပဲနေပါ🏠

☎️ဖုန်းလေးပဲဆက်လိုက်အိမ်အရောက်ပို့ပေးမှာပါ👌

📞 09 458511969

💭 Chat Box မှလည်းမေးမြန်းစုံးစမ်းနိုင်ပါသည်

18/11/2020

ပျားရည် သံပုရာ ဖော်မြူလာက ၀မ်းဗိုက်သားကို လျှော့ချပေးရာမှာ အထောက်အကူပြုပါတယ်။

#ပါ၀င်ပစ္စည်းများ...

သံပုရာသီး ၁၅ လုံး
ပျားရည်
ဆား အနည်းငယ်

#ပြုလုပ်နည်း...

သံပုရာသီး အခွံကို ဆားနှင့် ပွတ်တိုက်ပေးပါ။ ၅ မိနစ်လောက်ကြာလျှင် ရေနှင့်ဆေးကြောပေးပြီး ရေခြောက်အောင်ထားပါ။
သံပုရာသီးများကို အကွင်းလေးများဖြစ်အောင် ပါးပါးလှီး ပြီး အစေ့များဖယ်ပစ်ပါ။
ကရားထဲသို့ သံပုရာသီး အကွင်းလေး (၁) ကွင်းလျှင် ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်း အချိုးကျ ထည့်ပြီးရေမြုပ်အောင်ထည့်ပါ။
အဖုံး ဖုံးပြီး ရေခဲသေတ္တာထဲထည့်ပြီး... ၃-ရက် ခန့်ထည့်ပြီးသိမ်းထားပါ။

#သောက်သုံးရန် အညွန်း...

နံနက်စာမစားခင် ၁၀ မိနစ်အလို သံပုရာသီး အကွင်းလေး နှင့်ဖော်စပ်ထားသော အရည်ကို ရေအေး ဖြင့် ရော၍သောက်သုံးပါ။
အိပ်ရာမ၀င်ခင် သံပုရာသီး အကွင်းလေး နှင့်ဖော်စပ်ထားသော အရည်ကို ရေအေး (သို့) ရေနွေး ဖြင့် ရော၍သောက်သုံးပါ။
၇ရက်ဆက်တိုက်သောက်သုံးပြီး နောက် အားကစား လုပ်ရန် မလို ပဲ အစာခြေ စနစ်ကိုကောင်းမွန် စေပြီး ၀မ်းဗိုက်ကိုချပ်ရပ်စေပါသည်။

ပြန်လည်မျှဝေပါသည်
Kozaw(ygn)

Photos from Singapore’s Ice-Cream Sandwich Mingalar Taung Nyunt Branch-2's post 17/11/2020

✅မနက်ဖြန် Order လေးအတွက်
Ready ဖြစ်ပါပြီ

✅ #ကြက်မွှမာလာအစပ်ကြော်

✅ ူး3500ကျပ်

အရသာအသစ်လေးတွေမြည်းစမ်းချင်သူများအတွက်
Burma Foodieမှာ ယခုပဲအော်ဒါတင်လို့ရပါပြီ

❗️No MSG & No Chicken Powder For All Items

Foodieလေးတို့၏ကျမ်းမာရေးကို
ဂရုစိုက်သောကြောင့်ဟင်းပွဲအားလုံးကို အချို့မုန့်နှင့် ကြက်သားမှုန့်အသုံးပြုထားချင်မရှိပါ❗️

ရန်ကုန်မြို့တွင်းပစ္စည်းရောက်ငွေချေစနစ်ပါ။

ပိတ်ရက်မရှိမှာယူအားပေးနိုင်ပါသည်။

နယ်မြို့မျာအတွက် ကားဂိတ်ကနေအရောက်ပို့ပေးပါသည်

မှာယူလိုပါက

ဖုန်း - 09458511969 (သို့)

Chat box မှ မေးမြန်းစုံစမ်းနိုင်ပါသည်။

ကျန်းမာရွှင်လန်းပြီး သာယာအေးချမ်းကြပါစေ။

🙏🙏 🙏

Want your business to be the top-listed Health & Beauty Business in Yagon?
Click here to claim your Sponsored Listing.

Videos (show all)

Foodie တို့အတွက်🐝ပျားရည်ကောင်းကျိုး အသုံးဝင်ပုံလေးတွေကို Share ပေးလိုက်ပါတယ်ခင်ဗျာFoodie တို့အတွက်အသုံးဝင်သောကြောင့်ဒီ✔️...
ရိုးရာ Buffet♥️

Telephone

Website

Address


Yagon
11221

Other Yagon health & beauty businesses (show all)
အစာအိမ်အနာကို 14 ရက်အကြာတွင်ဖယ်ရှားပါ။ - Home Health B အစာအိမ်အနာကို 14 ရက်အကြာတွင်ဖယ်ရှားပါ။ - Home Health B
Yagon
Yagon

ကျန်းမာရေးသည် အရာရာဖြစ်သည်။

လျင်မြန်စွာ ကိုယ်အလေးချိန်ချခြင်း - Detox Slim II လျင်မြန်စွာ ကိုယ်အလေးချိန်ချခြင်း - Detox Slim II
Yagon
Yagon

🔥ကိုယ်အလေးချိန် မြန်မြန်ကျစေမယ့် လျှို့ဝှက်ချက်ကတော့ သေချာမသိပါဘူး။🔥

SSP Online SSP Online
Yagon
Yagon

Yin

Snap On Smile - ယုံကြည်မှုပိုရှိတဲ့ အပြုံးကိုပေးတယ်။ Snap On Smile - ယုံကြည်မှုပိုရှိတဲ့ အပြုံးကိုပေးတယ်။
Yagon
Yagon

ယုံကြည်မှုပိုရှိတဲ့ အပြုံးကိုပေးတယ်။