AURA PLUS .MTD

AURA PLUS .MTD

You may also like

iTAN Sun Spray Spa
iTAN Sun Spray Spa

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AURA PLUS .MTD, Health/Beauty, Mindama Street Insein Yagon, Yagon.

08/03/2024

🫧 အကြည်ဓာတ်တွေရမယ်ဗျို့ 🫧

Booster Moisturizing Gel က 25,000 Ks တည်းနဲ့ မျက်နှာအတွက် လုံလောက်တဲ့အကြည်ဓာတ်တွေ ရယူနိုင်ပါပြီ 🩷

မျက်နှာမှာ အကြည်ဓာတ်တွေ ကိန်းအောင်းနေဖို့အတွက် ဘာအစွမ်းမှ မလိုပါဘူး။
စိတ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင်ထားပြီး Booster Moisturizing Gel လေးကို လိမ်းပေးဖို့ပါပဲ 🫧🩷🫧

သူ့မှာ HYA, Niacinamide, Alpha Arbutin တို့ကို ကြည်တောက်နေတဲ့ Gel Texture အဖြစ်ပြုလုပ်ထားတာကြောင့် လိမ်းလိုက်ရင် မျက်နှာလေးကို အေးမြကြည်လင်စေတယ်။
🕚 မျက်နှာမှာ 24 နာရီကြာ ရေဓာတ်မကုန်ခမ်းသွားအောင် ထိန်းသိမ်းပေးပါတယ်

Oil-Free Energy အပြည့်အဝရရှိစေတာကြောင့် အဆီပြန်မှာကိုလည်း လုံးဝလုံးဝ စိတ်ပူစရာ မလိုပါဘူး ...

ကိုယ့်ရဲ့ မျက်နှာလေးကို မှန်မှာကြည့်ပြီး စိတ်ကိုပါ အေးချမ်းသွားစေမယ့် Feeling မျိုး ရရှိစေမှာပါ 🧊❄️

ဒါကြောင့် တနေကုန် သင့်မျက်နှာလေး အေးမြကြည်လင်နေဖို့ Booster Moisturizing Gel လေးဆီကနေ အကြည်ဓာတ်တွေ ရယူလိုက်တော့နော် 🫧🛍️

16/02/2024

ဟိုကြား ဒီကြား မည်းတာလောက်တော့ အေးဆေးပဲ 😎

ပေါင်ခြံအတွင်းဘက်က အမည်းရိပ်လေးတွေကြောင့် ဘောင်းဘီတိုလေးတွေ၊ Bikini လေးတွေ မဝတ်ရဲဘူးဖြစ်နေပြီလား?
အဲ့လိုမည်းတာလောက်ကတော့ Matcha Mocha Scrub လေးရှိရင် စိတ်ပူစရာမလိုတော့ဘူးသာ မှတ်လိုက်ပါ 💚

အသားအရည်ပွတ်တိုက်မှုများလာလေလေ Melanin ဓာတ်တွေတိုးလာကာ ပေါင်ခြံအတွင်းဘက်မှာ ပိုပိုပြီး အမည်းရိပ်လေးတွေ ထင်းလာတတ်ပါတယ် 🌚

💚🤎Matcha Mocha Scrub လေးမှာပါဝင်တဲ့ Matcha မှုန့်လေးတွေနဲ့ Coffee မှုန့်လေးတွေက အသားအရည်မှာရှိတဲ့ Melanin ဓာတ်တွေကို အထိရောက်ဆုံးလျော့ချပေးပြီး အမည်းရိပ်လေးတွေကို တဖြည်းဖြည်းမှေးမှိန်လာစေတယ်
ဒါ့အပြင် ပေါင်နားတစ်ဝိုက်မှာ ဖြစ်တတ်တဲ့ Cellulite တွေကိုလည်း အထူးပျောက်ကင်းစေပြီး အသားအရည် တပြေးတည်း ညီညာချောမွေ့စေပါတယ် ✅

ဟိုကြား ဒီကြား မည်းတာလောက်ကတော့ Matcha Mocha Scrub နဲ့တွေ့ရင် အရှင်းပျောက်ပြီလို့သာ မှတ်လိုက်တော့နော် 😎💚

ဈေးနှုန်း
➖➖➖
Matcha Mocha Scrub _ 25,000 Ks (150g)

03/01/2024

ပဉ္စလက်ဆန်ဆန် ပြုပြင်ပြောင်းလဲပေးမယ့် Facial Booster Serum 🩷✨

မျက်နှာမှာ ချွေးပေါက်ကျယ်ကြီးတွေ၊ ဝက်ခြံ၊ အမဲစက် အမာရွတ်တွေနဲ့ ဆိုးဆိုးဝါးဝါးကြီး ပျက်စီးနေလို့ မျှော်လင့်ချက်တွေ ကင်းမဲ့နေရာကနေ မျှော်လင့်ချက်ရောင်ခြည်လေးတွေ တဖန်ပြန်လည် ပေါ်ပေါက်လာစေမှာကတော့ Facial Booster Serum လေးပါပဲ 🩷

Hyaluronic Acid, Niacinamide စတဲ့ Active Hydrating Agent တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ Texture ကျဲကျဲလေးမလို့ လိမ်းတာနဲ့ မျက်နှာအသားအရည်ရဲ့ဟိုးအောက်ဆုံးအတွင်းပိုင်းအလွှာထိ စိမ့်ဝင်စေပါတယ် 🫧

ပျက်စီးနေတဲ့မျက်နှာအသားအရည်ကို တစ်လွှာချင်းစီ ပြုပြင်ပေးတာကြောင့် အချိန်တိုအတွင်း ချွေးပေါက်တွေကို ကျဉ်းစေတယ်၊ ဝက်ခြံတွေ ပါးလာစေတယ်၊ အမဲစက် အမာရွတ်တွေကို မှေးမှိန်လာစေတယ် ✔️✔️✔️

ပုံမှန်လိမ်းပေးခြင်းဖြင့် နဂိုရှိရင်းစွဲမျက်နှာထက် စိုပြေဝင်းအိတဲ့ Healthy Skin လေးအဖြစ် ကျိန်းသေပေါက် ပြောင်းလဲပေးနိုင်ပါတယ် 🫧☁️🩷✨

အချိန်တိုအတွင်း Healthy Skin လေးကို ပဉ္စလက်ဆန်ဆန် ပြောင်းလဲပေးနိုင်တဲ့ Facial Booster Serum လေးကို ၂၅,၀၀၀ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်ရှင့် 🛍️

27/12/2023

AURA Plus ကို ခုတလော ညွှန်းကြလွန်းလို့ သုံးကြည့်ချင်တဲ့သူတွေ၊ ပြန်လည်ဖြန့်ဖြူးရောင်းချဖို့အတွက် AURA Plus နဲ့ ခုမှစလက်တွဲမယ့်သူတွေ စသဖြင့် Beginner လေးတွေအတွက်
ဘယ်ပစ္စည်းကို စသုံးရမလဲ? ဝယ်ရမလဲ? ဆိုပြီး ဗျာမများရလေအောင် December လရဲ့ Top Product (3) ခုကို ဖော်ထုတ်ပေးလိုက်ပါတယ် ✨

🥇𝗕𝗲𝘀𝘁 𝗦𝗲𝗹𝗹𝗲𝗿 𝗔𝘄𝗮𝗿𝗱 (ရောင်းအားအကောင်းဆုံး)
ဒီလရဲ့ ရောင်းအားအကောင်းဆုံးကတော့ Friuty Soap လေးပါ
ဈေးနှုန်း >> ၈,၀၀၀ ကျပ်

🥈𝗣𝗼𝗽𝘂𝗹𝗮𝗿 𝗔𝘄𝗮𝗿𝗱 (ရေပန်းအစားဆုံး)
ရေပန်းအစားဆုံးကတော့ 100% Collagen လေးပဲပေါ့
ဈေးနှုန်း >> ၂၂,၀၀၀ ကျပ် (၁၀ထုပ်ပါတစ်ဗူး)

🥉𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿𝘀’ 𝗖𝗵𝗼𝗶𝗰𝗲 𝗔𝘄𝗮𝗿𝗱
(အမာခံပရိသတ်လေးတွေရဲ့ ရွေးချယ်မှုအများဆုံး)
မှာယူလိုက်တိုင်း မပါမဖြစ်ကတော့ Booster Facial Serum လေးပါပဲ
ဈေးနှုန်း >> ၂၅,၀၀၀ ကျပ်

လက်ကားစျေးများကို 09965408281 ကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ရှင့် 📞

26/12/2023

ထိမိဝင်းလက်စေမယ့် Brightening Toner 🌻✨

Toner က လိုရော လိုအပ်ရဲ့လားလို့ တွေးမိတဲ့အထိ သိသာထူးခြားမှုမရှိတဲ့ Toner တွေသုံးပြီး အချိန်ကုန်မခံပါနဲ့ ✖️

သိသာထိရောက်မှု အမြန်ဆုံးဖြစ်တဲ့ AURA Plus ရဲ့ Brightening Toner လေးကို သုံးကြည့်ပါ 🌻✨

သူ့မှာပါတဲ့ Ingredient တွေကြောင့် မသိသာမှာ၊ မထူးခြားမှာကိုတော့ လုံးဝလုံးဝ စိတ်ပူစရာမလိုပါဘူး။

💛Vitamin B3, Turmeric တို့နဲ့ အဓိကပြုလုပ်ထားလို့ မျက်နှာမှာရှိတဲ့ အမဲစက်၊ အမာရွတ်လေးတွေကို မှေးမှိန်စေပြီး မျက်နှာကို ဝင်းလက်တောက်ပစေပါတယ်

💚Witch Hazel ကြောင့် ချွေးပေါက်လေးတွေကို သိသိသာသာကျဉ်းစေတယ်၊ အဆီပြန်ခြင်းကို ကင်းဝေးစေတယ်

💛ဆန်အဆီအနှစ်လေးတွေနဲ့ စိမ်းဝါရောင်ပန်းပွင့်လေးတွေလည်းပါဝင်လို့ မျက်နှာရဲ့ pH Level ကို ထိန်းညှိပေးပြီး အရေးအကြောင်းတွေကို မှေးမှိန်သက်သာစေကာ စိုပြေတင်းရင်းစေပါတယ်

စိုပြေဝင်းလက်တဲ့ မျက်နှာအသားအရည်ကို ပိုင်ဆိုင်ဖို့
Brightening Toner တစ်ဗူးကို ၂၅,၀၀၀ ကျပ်ဖြင့် မှာယူနိုင်ပါတယ်ရှင့် 💛💚🌻

25/12/2023

မျက်လှည့်ပြသလိုမျိုး မိတ်ကပ်အကြွင်းအကျန်တွေကို ဖယ်ရှားပေးမယ့် Micellar Cleansing Water 🪄✨

မိတ်ကပ်အကြွင်းအကျန်တွေ မျက်နှာမှာကျန်နေတာက ကောင်းတဲ့အရာတွေဖြစ်လာမှာတော့ မဟုတ်ပါဘူး။
နောက်ဆက်တွဲအနေနဲ့
▪️ဆားဝက်ခြံ၊ ဝက်ခြံ၊ အဆီဖုတွေထွက်လာမယ်
▪️ချွေးပေါက်တွေကျယ်လာမယ်
▪️မျက်နှာ ညစ်ထေးထေးကြီး ဖြစ်လာမယ်

ဒါကြောင့် ညအိပ်ရာဝင်ခါနီး မိတ်ကပ်အကြွင်းအကျန်တွေကို ပြောင်စင်အောင်ဖျက်ဖို့ လိုပါတယ်။

✔️AURA Plus ရဲ့ Micellar Cleansing Water က နောက်ဆုံးပေါ် Micelles Formula နဲ့ ပြုလုပ်ထားတာကြောင့် တစ်နေ့လုံး မျက်နှာမှာ ကပ်နေတဲ့ အဆီ၊ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန်တွေကို သန့်စင်ပေးနိုင်တယ်

ဖျက်ရခက်ပါတယ်ဆိုတဲ့ Waterproof/ Sweatproof မိတ်ကပ်တွေကိုတောင် အလွယ်တကူ ဖယ်ရှားပေးပါတယ်။

အသားအရည်ကို စိုပြေဝင်းပစေဖို့ Skincare အာနိသင်တွေ အပြည့်အဝပေးနိုင်တဲ့ Galactomyces Ferment Filtrate, Licorice (နွယ်ချို), Pro Vitamin B5 တို့ကိုထည့်သွင်းထားပါသေးတယ် 🫧

မျက်လှည့်ပြသလိုမျိုး တစ်ချက်ပွတ်ရုံနဲ့ ပြောင်စင်သွားစေတဲ့ Micellar Cleansing Water တစ်ဗူးကို ၂၂,၀၀၀ ကျပ်ဖြင့် ဝယ်ယူအားပေးနိုင်ပါတယ်ရှင့် 🛍️

23/12/2023

ဆောင်တွင်းမှာ စိုပြေဝင်းအိတဲ့မျက်နှာလေးကို ဖန်ဆင်းပေးမယ့် Booster Serum 🌸

ဆောင်းရောက်ပြီဆိုတာနဲ့ မျက်နှာအ‌ရေပြားတွေခြောက်သွေ့လို့ စိတ်ညစ်နေရပြီလား 🥺

မျက်နှာအရေပြားခြောက်သွေ့လွန်းရင်လည်း ဝက်ခြံထွက်လွယ်ပြီး ဘာလိမ်းလိမ်း အဆင်မပြေ ဖြစ်တတ်တယ်။

ဒါကြောင့် မျက်နှာမှာ အစိုဓာတ်တွေပြည့်ဝနေဖို့ AURA Plus ရဲ့ Booster Serum လေးကို သတိရလိုက်ပါ 🌸

သူက Active Ingredient တွေဖြစ်တဲ့ HYA, Niacinamide တို့နဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ Facial Serum လေးဖြစ်ပါတယ် 🫧🫧

🫧မျက်နှာအရေပြားရဲ့ဟိုးအောက်ဆုံးအတွင်းပိုင်းအလွှာထိ အစိုဓာတ်ကို သာမန်ထက် ၂ဆ ဖြည့်တင်းပေးနိုင်တာကြောင့် အရေပြားတွန့်ခြင်း၊ ခြောက်သွေ့ခြင်းကို ဟန့်တားပေးတယ်
🫧ဝက်ခြံ၊ အမဲစက်၊ အဆီဖုလေးတွေ ပျောက်ကင်းအောင် ထိထိရောက်ရောက် ကုသပေးပြီး မျက်နှာလေးကို ချောမွတ်ဝင်းအိစေပါတယ်

ဒါကြောင့် Booster Serum လေးသာရှိရင် ဆောင်းတွင်းမှာလည်း စိုပြေဝင်းအိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပြီ‌ပေါ့ 🌸

ဈေးနှုန်း
➖➖➖
Booster Serum _ 25,000 Ks (30ml)

22/12/2023

ZORA အခဲလေးတွေ အိမ်ပြန်ရောက်ပြီ 🏠

Customer လေးတို့ရဲ့ တခဲနက်အားပေးမှုကြောင့် ပစ္စည်းပြတ်သွားတဲ့ ZORA မျက်နှာသစ်အခဲလေးတွေ ထိုင်းစက်ရုံကနေ မြန်မာအိမ်သို့ ပြန်လည် ရောက်ရှိလာပါပြီရှင့် 🇳🇱 >> 🇲🇲

ZORA အခဲလေးတွေ သုံးလို့ ကုန်သွားပြီဆိုရင် Stock ပြန်ဝင်တုန်းလေး လာဝယ်ကြနော် 📦

Snail Secretion Filtrate, 24K Gold, Niacinamide, Turmeric, Honey ပါဝင်တဲ့ ZORA မျက်နှာသစ်အခဲလေးတွေက 🐚

✨ချိုင့်ခွက်၊ အရေအကြောင်းတွေကို ပြေပြစ်ချောမွေ့စေတယ်

✨မျက်နှာလေးကို ရွှေလိုဝင်းစေတယ်

✨အမာရွတ်၊ အမဲစက်တွေကို မှေးမှိန်သက်သာစေတယ်

✨ဝက်ခြံ၊ အဆီဖုတွေကို သက်သာ ပျောက်ကင်းစေတယ်

ZORA မျက်နှာသစ်အခဲလေးတွေကို 9,000 Ks နဲ့ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့် 🛍️🛍️

#မျက်နှာသစ်

22/12/2023

သူနဲ့တွေ့တာနောက်ကျလို့ နောင်တရမိတယ်ဆိုတဲ့ AURA PLUS Customer ရဲ့ Honest Feedbackလေး 💜

AURA PLUS သုံးပြီးကတည်းက အသားအရည်လေးတွေကြည်လာတယ် မျက်နှာလေးကပြောင်းသွားတယ်ဆိုတာချည်းပဲ ✨✨

အပြင်ထွက်တိုင်း လူတွေက လှလာတယ် ချောလာတယ်လို့ အပြောခံချင်ရင်တော့ ဒီနေ့ပဲစသုံးလိုက်ပါတော့နော် 💁💁

AURA PLUS ကထုတ်တဲ့ Products တိုင်းဟာ Texture,Scent,Result လုံးဝ လုံးဝ အပြစ်ပြောစရာကို မရှိဘူး 💯💯

❌ No MLM Product ❌

20/12/2023

အသားဖြူဖို့ပဲလားမဟုတ်ဘူးနော်ညိုညစ်နေတဲ့အသားအရေကိုကြည်စေတယ်
🍎သလဲသီးအဆီနှစ်ကတံတောင် ဒူး ချိုင်းမဲနေတာကအစဖြူစေတယ်
🍍နာနတ်သီးအဆီနှစ်ကြောင့်ဆဲလ်သေတွေဖယ်ရှားပေးပြီးဝက်ခြံဖုတွေပျောက်စေတယ်
🍏ပန်းသီးအဆီအနှစ်ကြောင့်အသားအရောင်မညီမညာဖြစ်နေတာကိုကုသပေးတယ်
နေလောင်ကွက် အမာရွတ် အကြောပြတ်ရာတွေကိုမှေးမှိန်စေပါတယ်
အဲ့ဒါတွေကြောင့်Fruity Soapလေးကိုသုံးရင်အသားဖြူမယ်၊ကြည်မယ်၊ချောမွတ်စေမယ်၊ဖြူတဲ့သူဆိုလင်းမယ်၊အသားညိုသူရော၊ဖြူသူရောအခုပဲorderလေးတင်လိုက်တော့အသဲလေးတို့ရေ😘😘
ဈေးနှုန်း...Fruity Soap_8000ks(120)g

19/12/2023

ဘယ်လိုအသားအရေမျိုးမဆိုရွှေသွင်းထားသလိုလင်းလက်တောက်ပစေဖို့AuraPlus မျက်နှာသစ်
ဈေးနှုန်း...13000ks

19/12/2023

🤍🫧 ဖြူဖြူကြည်ကြည် Booster Moisturizing Gel

AURA Plus ရဲ့ Booster Moisturizing Gel က တခြား Moisturizer လို ရေဓာတ်ထိန်းသိမ်းပေးနိုင်ရုံပဲ မဟုတ်ဘူး။
မျက်နှာလေးကို ဖြူဖြူကြည်ကြည်လေးပါ ဖြစ်လာစေပါတယ် 🤍🫧

🫧🫧 Glycerin, HYA, Niacinamide စတဲ့ Moisturizing Agent တွေကို ထည့်သွင်းထားတဲ့ Clear Gel Texture လေးဖြစ်လို့ အဆီမပြန်စေဘဲ မျက်နှာမှာ ရေဓာတ်တွေကို 24 နာရီကြာ ထိန်းသိမ်းပေးနိုင်တဲ့အပြင် ဘယ်ရီသီးမျိုးစိတ်ကနေရပြီး Brightening Agent ဖြစ်တဲ့ Alpha Arbutin ပါဝင်လို့ မျက်နှာလေးကို ဖြူစင်ဝင်းပလာစေတယ်။

ပုံမှန်လိမ်းပေးခြင်းဖြင့် အမဲစက်၊ တင်းတိပ်၊ အမာရွတ်သေးသေးလေးတွေကိုပါ မှေးမှိန်စေပါတယ် 🤍✨

ဒါကြောင့် ဖြူဖြူကြည်ကြည် မျက်နှာလေးကို ပိုင်ဆိုင်ချင်သူတိုင်း Booster Moisturizing Gel ကို Order တင်နိုင်ပါတယ်ရှင့် 🛍️🤍

ဈေးနှုန်း
➖➖➖
Booster Moisturizing Gel _ 25,000 Ks (30g)

18/12/2023

အမဲစက်.ဝက်ခြံ.အဆီဖု.မညီမညာဖြစ်နေတဲ့အသားအရေကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့Auraplus nightcreamလေးကိုညအိပ်ခါနီးတိုင်းလိမ်းပေးယုံနဲ့သိသာပြောင်းလဲစေပါတယ်မနက်ခင်းတိုင်းကျေနပ်မှုတွေနဲ့နိုးထနိုင်ပြီပေါ့
Auraplus Nightcream..25000ks

18/12/2023

သင့်အသားအရည်ကို ချစ်မြတ်နိုးတန်ဖိုးထားရင် ဒါတွေကို မလုပ်ပါနဲ့ ✖️

သတိမထားမိဘဲ လုပ်လိုက်တဲ့အမူအကျင့်လေးတွေကလည်း သင့်အသားအရည်ကို ဖျက်စီးရာရောက်ပါတယ်။

ဒါကြောင့် ဆင်ခြင်လို့ရအောင် အသားအရည်ကို ဆိုးဝါးစွာ ထိခိုက်စေမယ့် အမူအကျင့်‌တွေအများကြီးထဲကမှ အဓိက (၆)ချက်ကို ပြောပြပေးသွားပါမယ် 💚❤️

💤 နောက်ကျမှ အိပ်ရာဝင်ခြင်း
အိပ်ရာဝင်နောက်ကျပြီး အိပ်ရေးဝဝ မအိပ်တာကလည်း အသားအရည်ကို မွဲခြောက်စေပြီး ဝက်ခြံဖြစ်လွယ်ပါတယ်။

⛅ Sunscreen မလိမ်းခြင်း
Sunscreen ကို ညအိပ်ချိန်မှလွဲ၍ အချိန်မရွေး ရာသီမရွေး လိမ်းကို လိမ်းရပါမယ်
အပြင်သွားတဲ့အခါ Sunscreen မလိမ်းခြင်းဖြင့် နေလောင်ကွက်၊ တင်းတိပ်၊ အမဲစက်တွေ ဖြစ်လာစေပြီး အရေပြားကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်

💄 မိတ်ကပ်မဖျက်ဘဲ အိပ်ခြင်း
မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ပိတ်ဆို့စေပြီး ဆားဝက်ခြံ၊ ဝက်ခြံ၊ အဆီဖုတွေကို ဖြစ်လာစေတယ်
တနေ့လုံး လိမ်းထားတဲ့ မိတ်ကပ်အကြွင်းအကျန်တွေ မဖြစ်မနေ ဖျက်ပြီးမှ အိပ်ပါ

☁️ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလဲပေးခြင်း
ခေါင်းအုံးစွပ်မှာရှိတဲ့ အဆီဖုန်မှုန့်၊ Bacteriaတွေက မျက်နှာနဲ့ တိုက်ရိုက်ထိတွေ့ပြီး ဝက်ခြံဖြစ်ဖို့ အခွင့်အလမ်း အရမ်းများပါတယ်
ခေါင်းအုံးစွပ်တွေကို နှစ်ပတ် တစ်ခါ ပုံမှန် လျှော်ပြီး လဲပေးသင့်ပါတယ်

🤏🏻 မသန့်ရှင်းသောလက်ဖြင့် ဝက်ခြံညှစ်ခြင်း
မျက်နှာကို ကိုင်တဲ့အခါ လက်ကို ဆေးကြောသန့်စင်ပြီးမှ ကိုင်ရပါမယ်
တွေ့ရာကိုင်ထားတဲ့ လက်နဲ့ ဝက်ခြံညှစ်မယ်ဆိုရင် ဝက်ခြံပိုးဝင်တဲ့အထိ ဖြစ်နိုင်ပါတယ်

🥣 ပိုးမသတ်ထားတဲ့ အိမ်တွင်းလုပ် Skincare များအသုံးပြုခြင်း
အရေပြားဆရာဝန်တွေ၊ တက်ကျွမ်းနာလည်သူတွေရဲ့ထောက်ခံချက်မရှိဘဲ အိမ်တွင်းလုပ် Skincare တွေကို လုံးဝအသုံးမပြုသင့်ပါဘူး
အိမ်တွင်းပစ္စည်းတွေမှာ ဓာတ်ခွဲခန်းတွေလို အဆင့်ဆင့် ပိုးသတ်စစ်ဆေးထားတာမဟုတ်တဲ့အတွက်
Bacteria တွေ ပိုပေါက်ပွားလွယ်ပြီး အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ထွင်းရတဲ့အထိ အသားအရည်ကို ပိုဆိုးဝါးစေပါတယ်

မင်ပြောတဲ့အချက်လေးတွေကို သတိထားရှောင်ကြဉ်ပြီး Glow & Healthy Skin လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ❤️💚

17/12/2023

တစ်ခါသုံး တစ်သက်လုံးစွဲစေမယ့် 🐻‍❄️Speed White Lotion🐻‍❄️

တစ်ခါ‌လောက်လိမ်းကြည့်ရုံနဲ့ တစ်သက်လုံး လိမ်းချင်သွားမယ့် Lotion တစ်ခုကို သိချင်လား?

သူ့ကိုလိမ်းလိုက်တာနဲ့ အေးမြတဲ့အထိအတွေ့၊ နူးညံ့ချောမွေ့တဲ့ခံစားမှု ၊ မွှေးပျံ့လွန်းတဲ့ရနံ့ကြောင့် ဘယ်လိုမှ လွန်ဆန်လို့မရအောင် နေ့တိုင်းလိမ်းချင်နေမှာပါ။

ဒါတင်ပဲလားဆို မဟုတ်သေးဘူး ...

✨သူ့မှာပါတဲ့ Collagen, Gluta, VitaminC, Niacinamide ကြောင့် အသားအရည်ကိုစိုပြေတင်းရင်းစေပြီး ခန္ဓာကိုယ်မှာရှိတဲ့ အမဲစက်၊ အမာရွတ်တွေကို မှေးမှိန်လာစေပါတယ်
🤍အသားအရည်ကို အတွင်းပိုင်းထိ စိမ့်ဝင်ပြုပြင်ပေးဖို့အတွက် 10x Formula ကို အသုံးပြုကာ Concentrate Body Serum ကိုပါ ထည့်သွင်းထားလို့ အသားအရည်ကို နဂိုထက် 10ဆ ဖြူဝင်းကြည်လင်လာစေပါတယ်
⛅အသားအရည်ကို ညိုညစ်ပျက်စီးစေတဲ့ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှလည်း အပြည့်အဝ ကာကွယ်ပေးဖို့ SPF 50 PA +++ လည်းပါဝင်ပါတယ်

ဒါ့အပြင် စေးကပ်တယ်ဆိုတာ Speed White Lotion ရဲ့ ရာဇဝင်မှာ လုံးဝမရှိဘူး ✖️

Weak Point ဆိုတာ ဒီ Lotion မှာ ရှိရောရှိရဲ့လား တွေးမိတဲ့အထိ အရာရာပြည့်စုံတဲ့ Body Lotion လေးပဲ ဖြစ်ပါတယ် 🐻‍❄️🤍

ဈေးနှုန်း
➖➖➖
Speed White Lotion _ 25,000 Ks (250ml)

13/12/2023

အသားအရည်ကို ထိထိရောက်ရောက်ပြောင်းလဲဖို့ အကောင်းဆုံးအခွင့်အရေးလေးတစ်ခု 💜

သာမန်အချိန်ထက် ညဘက်အချိန်မှာ မျက်နှာအသားအရည်ရဲ့လုပ်နိုင်စွမ်းတွေက ပိုမြင့်မားတာကြောင့် အဆိပ်အတောက်ကင်းပြီး Clear Glass Skin လေးကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးပိုများပါတယ် ✨

အဲ့အခွင့်အရေးကို ကောင်းကောင်း အသုံးချဖို့အတွက် AURA Plus Anti-Acne Night Cream လေးက ကွက်တိပါပဲရှင် ☁️🌙

Tea Tree Oil နဲ့ အဓိကပြုလုပ်ထားပြီး ဝက်ခြံဖြစ်စေတဲ့အဆိပ်အတောက်၊ ပိုးမွှားတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးကာ ဆဲလ်အသစ်လေးတွေကို ပြန်လည်မွေးဖွားစေပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာလေးကို အားဖြည့်ပေးပြီး မျက်နှာမှာရှိတဲ့သွေးကြောလေးတွေရဲ့ သွေးလည်ပတ်မှုအားကောင်းစေတယ်။

ဒါကြောင့် အသားအရည်ကို ထိထိရောက်ရောက်ပြောင်းလဲပေးပြီး Clear Glass Skin လေးကို ပိုင်ဆိုင်ဖို့ဆိုရင် AURA Plus Anti-Acne Night Cream လေးက အကောင်းဆုံးအခွင့်အရေးလေး တစ်ခုပါပဲ ☁️🌙💜

ဈေးနှုန်း
➖➖➖
Anti-Acne Night Cream _ 25,000 Ks (10g)

13/12/2023

တစ်နေ့တခြား ပိုကြည် ပိုGlow ဖို့ အသင့်ပဲလား?

မျက်နှာသစ်ပြီး မှန်ကြည့်လိုက်တိုင်း ပိုကြည် ပိုGlow တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့ AURA Plus ရဲ့ Brightening Facial Cleanser လေးက အက္ခရာပါပဲ 💛

Brightening ကို အသားပေးထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဖြစ်တာကြောင့် နေလောင်ကွက်၊ အမာရွတ်၊ အမဲစက်လေးတွေကို သက်သာလျော့ပါးစေပြီး မျက်နှာအသားအရည် မွဲခြောက်ကြမ်းတမ်းခြင်းကို ကုသပေးနိုင်ပါတယ်။

100% သန့်စင်ထားတဲ့ ရွှေမှုန်ရွှေစလေးတွေအပြင် နနွင်း၊ ပျားရည်၊ Niacinamide တို့ကို ထည့်သွင်းထားတာကြောင့် အမြှုပ်လေးတွေထွက်တဲ့အထိ သေချာလေးနှိပ်နယ်ပြီး မျက်နှာသစ်ခြင်းဖြင့် မျက်နှာအတွင်းပိုင်းကနေ စပြီး ကြည်လင်ဝင်းပစေပါတယ် ✨✨✨

Brightening Facial Cleanser လေးနဲ့ မျက်နှာသစ်ပြီးတိုင်း ပိုကြည် ပိုGlowတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ✨💛

ဈေးနှုန်း
➖➖➖
Brightening Facial Cleanser _ 13,000 Ks (50ml)

13/12/2023
13/12/2023

သုံးမိလို့ ဖြူသွားရင်ကွယ် တာဝန်မယူ 💭

အရင်ဆုံးပြောချင်တာက ‌ရေချိုးရုံနဲ့ အသားဖြူတာ မကြိုက်သူများရှိခဲ့ရင် Fruity Soap လေးကို မသုံးပါနဲ့ ✖️

သူကရေချိုးရင်းနဲ့တောင် အသားအရည်ကို ဖြူကြည်စေတဲ့ သဘာဝသီးစုံအသားဖြူဆပ်ပြာလေး ဖြစ်လို့ပါ 💓

အရေပြားကို မထိခိုက်စေဘဲ ပုံမှန်ရေချိုးသွားရုံနဲ့ အသားဖြူစေဖို့အတွက် သဘာဝအသီးအနှံ‌လေးတွေဖြစ်တဲ့ သလဲသီး၊ နာနတ်သီး၊ ပန်းသီး စတဲ့ အဆီအနှစ်တွေကို ထည့်သွင်းထားပါတယ်။

🍎သလဲသီးအဆီအနှစ်ကြောင့် အသားအရည် ညိုညစ်စေတဲ့ Melanin ဓာတ်ကို လျော့ချပေးပါတယ်။ (အထူးသဖြင့် ဒူး၊ တံတောင်၊ ချိုင်း‌ စတဲ့ Hyperpigmentation Area တွေကို ဖြူလာစေတယ်)

🍍နာနတ်သီးအဆီအနှစ်ကြောင့် ဆဲလ်သေ နဲ့ ချေးညှော်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး
ခန္ဓာကိုယ်မှာပေါက်တတ်တဲ့ ဝက်ခြံလေးတွေ သက်သာလျော့ပါးလာစေတယ်

🍏ပန်းသီးအဆီအနှစ်ကြောင့် အသားအ‌ရောင် မညီညာခြင်းကို ကုသပေးပြီး နေလောင်ကွက်၊ အမာရွတ်၊ အကြောပြတ်ရာတွေကို မှေးမှိန်စေနိုင်တယ်

ဒါကြောင့် Fruity Soap လေးကို သုံးရင် အသားဖြူပါမယ်၊ အသားဖြူချင်သူများသာ Order တင်ပေးပါရှင် 🛍️🛍️

ဈေးနှုန်း
➖➖➖
Fruity Soap _ 8,000 Ks (120g)

#အသားဖြူဆပ်ပြာ #သီးစုံ

19/09/2023

အမြဲတမ်း ဝင်းပသန့်ရှင်းနေဖို့ သစ်ပါ

✨မျက်နှာရဲ့ အတွင်းပိုင်းကနေစပြီး ကြည်လင်ဝင်းပစေတယ်
🍯Deep Cleansing Process ကို သေချာလုပ်ဆောင်ပေးစွမ်းနိုင်လို့ မျက်နှာမှာရှိတဲ့ အဆီ၊ ဖုန်မှုန့်တွေကို ပြောင်စင်အောင် သန့်စင်ပေးနိုင်ပါတယ်

ဒါကြောင့် ဘယ်ချိန်ကြည့်ကြည့် ဝင်းပသန့်ရှင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် AURA Plus မျက်နှာသစ်လေးနဲ့ မနက်လည်းသစ်ပါ၊ ညလည်းသစ်ပါ ☀️🌙

ဈေးနှုန်း
➖➖➖
ZORA Premium Snail Soap (အခဲ) _ 9,000 Ks (45g)
AURA Plus Brightening Facial Cleanser (အရည်) _ 13,000 Ks (50ml)

05/09/2023

🩷 The Next Level of Skin Health 🩷

သင့်ရဲ့ Skin Health ကို Next Level ထိ သွားနိုင်ဖို့ဆိုရင် You Must Need AURA Plus Booster Serum ပါ။

AURA Plus Booster Serum လေးက မျက်နှာမှာ ဖြစ်တတ်တဲ့ Skin ပြဿနာတွေ ကင်းဝေးပြီး ကျန်းမာစိုပြေတဲ့ Skin လေးအဖြစ် မြှင့်တင်ပေးနိုင်ပါတယ် 🔝

The Next Level of Skin Health ကို ရောက်ရှိသွားပြီဆိုရင်
▫️ဝက်ခြံ၊ အဆီဖု၊ အမာရွတ်၊ အမဲစက်၊ ချွေးပေါက်ကျယ်ကြီးတွေ မရှိတော့ဘူး
▫️အဆီမပြန်ဘဲ Glow စေမယ်
▫️အသား‌မခြောက်ဘဲ Glow စေမယ်
ဘယ်ချိန်ကြည့်ကြည့် မျက်နှာလေးက ပြစ်ချက်မရှိဘဲ စိုပြေဝင်းအိနေမှာပါ ✨

ဒါကြောင့် AURA Plus Booster Serum လေးသုံးပြီး ပြစ်ချက်ကင်းတဲ့ The Next Level of Skin Health ကို ချီတက်ကြပါစို့ ...

ဈေးနှုန်း
➖➖➖
Booster Serum _ 25,000 Ks (30ml)

01/09/2023

🎉2လအတွင်း 10ဆ လျင်မြန်စွာ ဖြူဖွေးစေရမယ်လို့ စိန်ခေါ်လိုက်ပါ

Gluta Glow Speed White Lotion က အသားအရည်မှာလိုအပ်တဲ့ Glutathione, Collagen, Niacinamide, Pearl, Vitamin C, Vitamin E တို့ကို Concentrated Serum အဖြစ်ထည့်သွင်းထားတာကြောင့် အရေပြားတစ်လွှာချင်းစီကို အားဖြည့်ပေးပြီး 10ဆ လျင်မြန်စွာ ဖြူဖွေးစေပါတယ် ✨

🧊စေးကပ်ပူလောင်ခြင်း လုံးဝမရှိဘူး၊ စိမ့်ဝင်လွယ်တယ်၊ လိမ်းလိုက်ရင် အေးအေးလေးနဲ့ Comfortable ဖြစ်တယ်။

Gluta Glow Speed White Lotion ကို ပုံမှန်သာလိမ်းမယ်ဆိုရင် 2လအတွင်း 10ဆ လျင်မြန်စွာ ဖြူဖွေးစေမှာ အသေချာပါပဲ 🩷

ဈေးနှုန်း
➖➖➖
Gluta Glow Speed White Lotion _ 25,000 Ks (250ml)

Photos from AURA PLUS .MTD's post 30/08/2023

ဈေးနှုန်းလေးတွေနဲနဲတက်ပါတယ်ချစ်ဆုံးလေး‌တို့ရေ🌹🌹🌹🌹

26/08/2023

✨ZORA မှ AURA Plus သို့ ပြောင်းလဲခြင်း✨

ZORA လေးက AURA Plus မှ Brand ခွဲအနေနဲ့ ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ရဲ့ နာမည်လေးပါ။

ယခုအခါမှာတော့ အသုံးပြုသူများ မှတ်ရလွယ်ကူအောင် ZORA Brightening Facial Cleanser လေးကို AURA Plus Brightening Facial Cleanser အဖြစ်သို့ တရားဝင်နာမည်လေးပြောင်းထားပါတယ် 🍯🐚

Quality ကတော့ လုံးဝ ပြောင်းလဲထားခြင်း မရှိပါ။
လက်သစ်၊ လက်ဟောင်း၊ အတုအစစ် ဆိုပြီး ဝေခွဲမရဖြစ်နေကြမှာစိုးလို့ တရားဝင် အသိပေးအကြောင်းကြားတာပါရှင့် 💛

Photos from AURA PLUS .MTD's post 19/08/2023

"မနက်ဖြန်ကစပြီး ဈေးလေးတွေ တက်ပါရစေ"

ဘတ်စျေးကွာဟမှုကြောင့် တချို့ပစ္စည်းလေးတွေကို စျေးအနည်းငယ်တက်ပါရစေရှင် 🥺

AURA Plus ရဲ့ Product အားလုံးကို Premium Quality အပြည့်နဲ့ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် သေချာဆုံးဖြတ်ပြီးမှ စျေးနှုန်းလေးတွေ ပြောင်းလဲသတ်မှတ်လိုက်ရတာမလို့ နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် 🙏🏻

Customer တွေဘက်ကနေ ဖြည့်တွေးစဉ်းစားပေးပြီး ဈေးလေးတွေကို ချင့်ချိန်ကာ အတတ်နိုင်ဆုံး အနည်းငယ်သာ တက်ထားပါတယ်ရှင့် ...

မဖြစ်မနေ တက်မှ ရောင်းလို့ရမယ့် Product လေးတချို့ကိုသာ ဈေးတက်ထားပါတယ် ☹

ပြီးတော့ အစဉ်အမြဲအားပေးဝယ်ယူကြတဲ့ Customer တွေကို ငဲ့ညှာသောအားဖြင့် ဒီနေ့တစ်ရက်တော့ အရင်ဈေးအတိုင်း ရောင်းချပေးဦးမှာပါ 🤍

မနက်ဖြန် 20.8.2023 (တနင်္ဂနွေ) မှစပြီး Updateဈေးအတိုင်း တရားဝင် ပြောင်းလဲ ရောင်းချသွားမှာဖြစ်ပါတယ်ရှင့်။

AURA Plus ကို ယုံကြည်စွာဖြင့် အစဉ်အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိလျက်ပါ 🩷🩵

ပြောင်းလဲထားတဲ့ Update စျေးနှုန်းလေးတွေကို ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

19/08/2023

🌹Vitamin C ထက် အဆ 6,000 ကြည်လင်တောက်ပစေမယ်🌹

Vitamin C က အမဲစက်၊ အမာရွတ်တွေ သက်သာစေတာကြောင့် အသားအရည်ကြည်လင်ဝင်းပစေတဲ့ Product တွေမှာ အသုံးများတဲ့ Brightening Ingredient လို့ တော်တော်များများ သိကြမှာပါ။

ဒါပေမဲ့ လူတိုင်းမသိသေးတာက Vitamin C ရဲ့ စွမ်း‌ဆောင်ချက်တွေထက် အဆ 6,000 အစွမ်းထက်တဲ့ Ingredient ကို Rosy Ko Skin Booster မှာ ထည့်သွင်းထားတာကိုပါ ♥️

Astaxanthin ဆိုတဲ့ Ingredient လေးက Microalgae ကနေသဘာဝအတိုင်းရရှိလာပြီး Pink Pigment ရှိပါတယ်။

▫️သူက Vitamin C ထက် အဆ 6,000 အစွမ်းထက်တာကြောင့် အမာရွတ်၊ အမဲစက်တွေကို ထိရောက်မြန်ဆန်စွာဖြင့် မှေးမှိန်သက်သာစေတယ်

▫️ဟော်မုန်းပြောင်းလဲလို့ အသားအရည် ညစ်နွမ်းခြင်းကို အထူးသက်သာစေကာ အသားအရည်ကို ကြည်လင်‌တောက်ပလာစေပါတယ်

▫️ခန္ဓာကိုယ်မှာ Melanin ဓာတ်အများဆုံးဖြစ်တဲ့ ဒူး၊ တံတောင်၊ ဂျိုင်းနေရာတွေကို ရေရှည်စွဲလိမ်းပေးခြင်းဖြင့် အသားအရောင်ကို တပြေးတည်းဖြစ်စေပါတယ်

ဆိုတော့ ကြည်လင်တောက်ပတဲ့ Flawless Skin လေးကို အချိန်တိုအတွင်းပိုင်ဆိုင်ဖို့ Vitamin C ထက် အဆ 6,000 အစွမ်းထက်တဲ့ Rosy Ko Skin Booster ကို ရွေးချယ်လိုက်ပါ 🌹♥️

ဈေးနှုန်း
➖➖➖
Rosy Ko Skin Booster Serum _ 3,500 Ks (30ml)

19/08/2023

မကြာခင်Aura Plus
ထုတ်ကုန်အားလုံးဈေးအပြောင်းအလဲရှိမည်

Photos from AURA PLUS .MTD's post 17/08/2023

💚အဆင့် (3) ဆင့်ပဲ လိုတယ်💚

မျက်နှာကိုကျ Skincare အဆင့်ဆင့်တွေလုပ်ပြီး ဒုတိယမျက်နှာဖြစ်တဲ့ဆံနွယ်လေးတွေကို ထိန်းသိမ်းဖို့ကျတော့ Shampoo လောက်ပဲသုံးပြီး ခေါင်းလျှော်ရုံဆိုရင် ဘယ်တရားပါ့မလဲနော် 😐

လူတိုင်းငေးမောအားကျရလောက်အောင် ပြီးပြည့်စုံတဲ့ဆံနွယ်လေးတွေကို ပိုင်ဆိုင်ဖို့အတွက် မျက်နှာကို Skincare လုပ်သလိုမျိုး ဆံနွယ်လေးတွေကိုလည်း Hair Care ရပါမယ် ‼️
အဲ့အတွက် အများကြီးမလိုပါဘူး၊ အဆင့် (3) ဆင့်တည်းပါပဲ။

1. Shampoo Step >> ဦးရေပြား နဲ့ ဆံနွယ်တစ်ချောင်းချင်းစီမှာကပ်နေတဲ့ ဗောက်၊ အဆီ၊ ဖုန်မှုန့်အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ဖို့အတွက် ခေါင်းလျှော်ပါ

2. Conditioner Step >> ဆံနွယ်လေးတွေကို ပျော့ပျောင်းနူးညံ့ဖို့အတွက် ပျော့ဆေး‌လေးနဲ့ 3 မိနစ်လောက် အားဖြည့်ပေးပြီး ရေဆေးချပါ

3. Serum Step >> အဖျားနှစ်ခွဖြစ်ခြင်း၊ ကျိုးကြေခြင်း၊ ဖွာလန်ကြမ်းတမ်းခြင်း စတဲ့ Hair Problem တွေကို ပြုပြင်ကုသဖို့အတွက် မစိုမ‌ခြောက်ဖြစ်တဲ့အချိန်မှာ Repair Serum လေးကို အနည်းငယ်လိမ်းပေးပါ

Haircare Routine လုပ်တဲ့အခါမှာ အကောင်းဆုံးကတော့ သဘာဝကို ကိုယ်စားပြုတဲ့ Shampoo Set လေးကို ရွေးသုံးဖို့ပါပဲ 🌳💚

AURA Plus Shampoo Set မှာ ပါဝင်တဲ့ Shampoo, Conditioner, Repair Serum (3)မျိုးလုံးက အအေးခံထားတဲ့ Argan Oil နဲ့ အဓိက ပြုလုပ်ထားပါတယ် 🫒

💧ဦးရေပြားနဲ့ ဆံနွယ်လေးတွေကို ရေဓာတ်ပြည့်ဝစေပြီး Spa Treatment တွေလိုမျိုး Haircare Routine တစ်ခုချင်းစီရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါတယ်

🌿ဦးရေပြားကို အားဖြည့်ပေးနိုင်လို့ ဗောက်ထခြင်း၊ ခေါင်းအဆီပြန်ခြင်း လျော့ပါးလာစေတယ်

🌱ဦးရေပြားနဲ့ ဆံနွယ်ကို ထိခိုက်စေမယ့် Chemical ပစ္စည်း လုံးဝ မပါဝင်ဘဲ Organic Ingredients သီးသန့်ကိုသာ ထည့်သွင်းကာ သဘာဝအတိုင်း Powerful ဖြစ်အောင်ပြုလုပ်ထားတာကြောင့် မည်သည့် ဦးရေပြား၊ ဆံနွယ်မဆို အသုံးပြုနိုင်ပါတယ်

🌀ဆံနွယ်လေးတွေ ထူထဲလာပြီး ဆံပင်ကျွတ်ခြင်းကို အထူးသက်သာစေပါတယ်

✨မွဲခြောက်ခြင်းကင်းကာ ဆံနွယ်လေးတွေကို သဘာဝအတိုင်း တောက်ပလာစေတယ်

🌬️သဘာဝကို ကိုယ်စားပြုတဲ့ သစ်ပင်ပန်းမန်ရနံ့လေးတွေကို Aromatherapy နည်းပညာကို အသုံးပြုကာ ထည့်သွင်းထားလို့ ဆံနွယ်လေးတွေကြားလေတိုးဝှေ့လိုက်တဲ့အခါတိုင်း စိတ်ကို ကြည်လင်လန်းဆန်းစေတယ်

AURA Plus Shampoo Set လေးကို သုံးပေးလို့ သင့်ရဲ့ ဆံနွယ်လေးတွေက သင့်ကို အမြဲ ကျေးဇူးတင်နေမှာကို ယုံပါ

ဆိုတော့ ပြီးပြည့်စုံတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အဆင့် (3) ဆင့်ကို AURA Plus Shampoo Set နဲ့ လုပ်ကြည့်တာက ဘယ်တော့မမှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါပဲနော် ✅✅✅

ဈေးနှုန်း
➖➖➖
Shampoo Set _ 41,500 Ks
Shampoo _ 15,000 Ks (300ml)
Conditioner _ 15,000 Ks (300ml)
Repair Serum _ 12,000 Ks (100ml)

Want your business to be the top-listed Beauty Salon in Yagon?
Click here to claim your Sponsored Listing.

Videos (show all)

ထိမိဝင်းလက်စေမယ့် Brightening Toner 🌻✨Toner  က လိုရော လိုအပ်ရဲ့လားလို့ တွေးမိတဲ့အထိ သိသာထူးခြားမှုမရှိတဲ့ Toner တွေသုံးပ...
ဆောင်တွင်းမှာ စိုပြေဝင်းအိတဲ့မျက်နှာလေးကို ဖန်ဆင်းပေးမယ့် Booster Serum 🌸ဆောင်းရောက်ပြီဆိုတာနဲ့ မျက်နှာအ‌ရေပြားတွေခြောက်...
🎉2လအတွင်း 10ဆ လျင်မြန်စွာ ဖြူဖွေးစေရမယ်လို့ စိန်ခေါ်လိုက်ပါ Gluta Glow Speed White Lotion က အသားအရည်မှာလိုအပ်တဲ့ Glutath...
နူးညံ့အိစက်တဲ့မျက်နှာလေးဖြစ်ဖို့Aura plus serum လေးကအပြည့်အဝတာဝန်ယူတယ်နော်ချစ်တို့ရေSkin လေးကောင်းနေမှဘယ်လိုနေနေလှနေမှာလ...
မနက်ခင်းတိုင်းမှာလှပတဲ့အသားအရည်လေးအမြဲပိုင်ဆိုင်စေဖို့Aura plus Skincare လေးသုံးကြမယ်နော်
ချွေး၊ ဖုန်မှုန့်တွေများတဲ့ နွေရာသီမှာ သန့်ရှင်းကြည်လင်မှုကို ပေးစွမ်းမယ့် Micellar Cleansing Water ⛅🫧သာမန်ထက် ချွေးထွက်...

Category

Telephone

Website

Address

Mindama Street Insein Yagon
Yagon
2841989

Other Health/Beauty in Yagon (show all)
Benus Queen Benus Queen
Yagon

PhooPhoo online shop PhooPhoo online shop
Bogalazay Street , (upper Block)
Yagon, 11161

မဂ်လာပါ အားပေးမှုကို ကျေးဇူးတင်ပါတယ်ရှင့်။

Hammer Of Thor-အမျိုးသားအားဆေး Hammer Of Thor-အမျိုးသားအားဆေး
Yagon

အမျိုးသားကြီးဆေး

YinShan online shopping YinShan online shopping
AungThuKha Street, Hlegu Township
Yagon

စိတ်ချ ယုံကြည် ပျော်ရွှင်ဖို့ ရင်ရှ?

Hearing-aids Hearing-aids
Yagon
Yagon

Biomanix Japan အမျိုးသားအားဆေး Biomanix Japan အမျိုးသားအားဆေး
Yagon
Yagon

No.1အမျိုးသားအားဆေး

Little Heart Vintage Collections Little Heart Vintage Collections
Yagon
Yagon

Vintage Shop

Candy Betta Candy Betta
Yagon

......

Medlite Company, Ltd. Medlite Company, Ltd.
Yagon

Medlite Company, Ltd., is dedicated to providing quality health and beauty products made in the US and locally to improve the lives of people living in Myanmar (Burma). We are hel...

Nyein Thida Khaing Nyein Thida Khaing
Yagon

Life is not fair, get used to it! – Bill Gates