𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏

Local Clothing 👑
For Woman 👗

03/05/2022

Happy Eid Mubarak to u all 🤍
အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းခြင်းအဖြာဖြာပြည့်စုံပြီး လူကြီးမင်းလို့ လုပ်ငန်းစီးပွားများ တိုးတက်
ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့် 😍

17/04/2022

နှစ်သစ်ကူး အခါသမယမှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ ရောဂါဘယ ကင်းကွာပြီး ရန်သူမျိုးငါးပါး ဒုက္ခခံစားရခြင်းမှကင်းဝေး၍ အန္တရာယ်ကင်းဘေးရှင်းကြပါစေ🙏🙏🙏
စီပွါးအလုပ်အကိုင်များ ကြံတိုင်းအောင် ပါစေလို့
နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 13/02/2022

လေးစားရတဲ့ ကျနော်တို့ အားလုံးရဲ့ခေါင်းဆောင်
အသက် ၁၀၇ နှစ်ပြည့်ပြီ 🎂

𝐇𝐚𝐩𝐩𝐲

𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲

𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠 𝐒𝐚𝐧
အောက် မေ့ တမ်း တ လျက် ❤️

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 27/01/2022

ပိတ် စ အ ပို လေး တွေ ကို လွင့် မ ပြစ် ဘဲ
ဒီ လို လေ အ သုံး ဝင် အောင် ဖန် တီး ကျ မယ် ❤️

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 18/01/2022

Rs တွေ photo ရိုက်ဖို့ idea လေး တွေ 💙

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 16/01/2022

📌 ပိတ်စအပိုအပိုင်းစလေးတွေနဲ့
ချစ်စရာကောင်းပီး အသုံးဝင်အောင်
ဖန်တီးလို့ရတယ်နော်😘

📸

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 13/01/2022

2022အတွက် အမိုက်စား fashion 🥴

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 11/01/2022

ကိုယ့်ရဲ့ အတွေးထဲမှာ 💭စက်ချုပ်ခန်းလေးကို 💓
စိတ်ကူးယဉ်ကြည့်ကြဖူးလား ?

Admin ကတော့ ခဏခဏ ပဲစိတ်ကူးယဉ်မိတယ် ။🥰

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 10/01/2022

ခရီး‌ တွေထွက်ရင် ဂါဝန်‌ လေးတွေ ချုပ်ဝတ်ဖို့
ချုပ်ပုံလေးတွေ ခေါင်းမစားရအောင် 😜

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 07/01/2022

ကိုယ် မဝတ်ချင်တော့တဲ့ အကျီလေးတွေရှိရင်
ဒီလိုလေးတွေ ပြန်ပြင်ပီး 𝑫𝒆𝒔𝒊𝒈𝒏 တမျိုးနဲ့
ဝတ်လို့ရတယ်နော် 😍

25/12/2021

𝑯𝒂𝒑𝒑𝒚 𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 🎁🎄🎄🎄

ပျော် ရွှင် စ ရာ 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 အား လပ် ရက် လေး
ဖြစ်ပါစေ 🎄🎄🎄❤️

16/12/2021

ဘေနံ့လေးတွေပျောက်အောင် ဘယ်လိုလျှော်ကြမလဲ? 🤔

ဘေထုပ်တွေမှာ စွဲနေတတ်တဲ့အနံ့လေး ရှိတယ်။ ဘာရယ်မဟုတ် ပိုးသတ်ဆေးအနံ့လေးပါရှင့် ။ နိုင်ငံခြားကလာတဲ့အထုပ်ဆိုရင် သူတို့က size သန့်တဲ့အခါ တခါထဲ ပိုးသတ်ဆေးဖြန်းပြီးမှ ပို့တာပါ။ မြန်မာပြည်ရောက်တော့ ဂိုထောင်ထဲထည့်သိမ်းဘာညာလုပ်ကြတော့ အနံ့လေးက စွဲသလိုဖြစ်နေတာ ။တချို့ကျတော့လဲ ဘေထုပ်အနံ့လေးကိုမှ ကြိုက်လွန်းလို့ဆိုတဲ့ သူလေးတွေလဲရှိတယ် ။လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော် ။ဒီအခေါက်တော့ ဘေနံ့မကြိုက်တဲ့ သူလေးတွေအတွက် လျှော်နည်းလေးပြောပြပေးထားပါတယ်🤔

1️⃣ဟင်းချိုမှုန့်✨
ဒါလေးက အဆန်းလေးရယ်...
အိမ်မှာ ဘေထုပ်ဝါသနာအိုး အမေနဲ့အဘွားသာရှိရင်တော့ ဒီနည်းလမ်းလေးကို သိကြမှာပါ။ဆပ်ပြာမှုန့်ရယ် အချိုမှုန့်သေးသေးလေးရယ် ရောပြီးစိမ်ထားလိုက်ပါ။ကိုယ်က မွှေးတာလေးကြိုက်တယ်ဆိုရင်တော့ လျှော်ပြီးရင် အမွှေးရည်လေးနဲ့ 5မိနစ်လောက်စိမ်ပြီးသာ လှန်းလိုက်ပါရှင့် မွှေးနေရော❤

2️⃣ခေါင်းလျှော်ရည်💫
ကိုယ်လျှော်ချင်တဲ့ အထည်လေးကို ခေါင်းလျှော်ရည်နဲ့စိမ်ထားပြီးလျှော်ပါ.. အနံ့ပြင်းပြီး မွှေးတဲ့ဟာလေးတွေဆို ပိုကောင်းပါတယ်။
သူ့အတိုင်းလဲစိမ်လို့ရတယ် အပေါ်ကဟင်းချိုမှုန့်လေးပါထပ်ထည့်ပြီး စိမ်လို့လဲရတယ်။
ပြီးရင် လေတိုက်တဲ့နေရာမှာ လှန်းထားလိုက် အနံ့ရချင်လို့ကို မရဘူး...

3️⃣​နောက်တစ်နည်းက
ရေအရင်လောင်း ရွှေဝါဆပ်ပြာ သို့ ကာဘော်လစ်လိုဟာနဲ့တိုက်
ပြီးရင် နာရီဝက် တနာရီလောက်စိမ်
ပြီးမှ ဆပ်ပြာနောက်တကျော့ထပ်တိုက်ပြီး ရေပြောင်အောင်လျှော်ရင် ဘာအနံ့မှ မကျန်ပါဘူး😉

4️⃣ရှာလကာရည်✨
ဒီကောင်ကတော့ ဆရာကြီး 😎
အနံ့ပျောက်ဖို့အတွက်ရော စွန်းနေတာလေးတွေရှိရင်ပါသူ့ကိုသုံးလို့ရတယ်။ရေနွေးထဲ ရှာလကာရည်နည်းနည်းထည့် နာရီဝက် (or) တစ်နာရီလောက်စိမ်ပြီး ဆပ်ပြာမှုန့်နဲ့လျှော်ပါ။အနံ့မွှေးတာ လိုချင်ရင် မီးပူတိုက်တဲ့အခါ အမွှေးရည်သာဖြန်းပြီးတိုက်လိုက်ပါ။

5️⃣ကျောက်ချဥ်✨
Vinegarက ဆရာကြီးဆို သူကဆရာဘိုးဘေးကြီးပေါ့။
အသုံးဝင်တဲ့နေရာတွေမှ အများကြီးရယ်....
သူ့ကို ပုံမှန်ဆို ချွေးနံ့ပြင်းတာအတွက်သုံးပါတယ်။အင်္ကျီမှာ ချွေးနံ့စွဲတာပဲဖြစ်ဖြစ် ဘေနံ့ပျောက်ချင်ရင်ပဲဖြစ်ဖြစ် ကျောက်ချဥ်ကို သုံးလို့ရပါတယ်။အင်္ကျီကို ပထမဆုံးကျောက်ချဥ်နဲ့ ၁ နာရီလောက် စိမ်ထားလိုက်ပါ။ပြီးရင် ဆပ်ပြာမှုန်နဲ့လျှော် နောက်ဆုံးအမွှေးဆီအရည်လေးနဲ့ ထပ်ဆေးလိုက်ရင် perfect ပဲ☺️

အထည်လေးတွေကို စိမ်ရင်လေ နာရီ၀က်၊ ၁ နာရီလောက်ပဲစိမ်ပေးကြပါ။ ပုံမှန်၀တ်နေကြအထည်တွေတောင် အကြာကြီးစိမ်လိုက်ရင် အရောင်ကျွတ်တတ်ပါတယ်။ ဆပ်ပြာနဲ့ အရမ်းအကြာကြီး စိမ်ရင်လဲ တချို့အထည်လေးတွေက ရိပြီးပြဲတတ်လို့ သေချာလေးဂရုစိုက်ပြီး လျှော်ရင်တော့ မွှေးလဲမွှေး လှလဲလှပေါ့ရှင့်

Photos from 𝒁𝑰𝑵𝑲 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏's post 14/12/2021

အဝတ်​ဘယ်လိုလျှော်ရမလဲ အမှတ်အသားများ

Branded အဝတ်စားတွေကို
မပျက်စီးအောင် ဘယ်လို
လျှော်သင့်လဲ

ရိုးရိုး အဝတ်စားတွေကို လျှော်ဖွတ်ရတာ လွယ်ပေမဲ့ Branded အဝတ်စားတွေကို ဂရုတစိုက် လျှော်ဖွတ်ပေးရပါတယ်။

အခုပြောပြပေးမဲ့ အကြောင်းရာတွေကိုကြည့်ပြီး မိမိစျေးကြီးပေးပြီးဝယ်ထားတဲ့ အဝတ်စားတွေကို ကြာရှည်ခံပြီး လှလှပပနဲ့ ဝတ်ဆင်လို့ရမှာပါ။

#1 Label Tag ကို အရင်ဖတ်ပါ

ကိုယ်လျှော်မဲ့ အဝတ်စားက
သူ့ကိုဘယ်လိုလျှော်ပေးပါဆိုပြီး ပြောနေသလိုပါပဲ။
Label Tag တွေကို အဝတ်စားတွေရဲ့ အတွင်းပိုင်းမှာ အများဆုံးတွေ့ရပါတယ်။ အများစုကတော့ အဝတ်လျှော်စက်နဲ့ မလျှော်ဖို့ ၊ အရောင်ချွတ်ဆေးမသုံးဖို့ တား ထားတာတွေ တွေ့ရပါတယ်။

#2 လက်နဲ့လျှော်ဖွတ်တတ်အောင်လုပ်ပါ ( Branded Clothes Only)

တချို့Branded အဝတ်စားတွေက နူးညံ့တဲ့ Fabric တွေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် လျှော်စက်နဲ့ လျှော်မယ်ဆို ပျက်စီးတတ်
ပါတယ်။ အဲ့အတွက် လက်နဲ့လျှော်တတ်ရင် ပိုအဆင်ပြေပါတယ်။ လက်နဲ့ ဘယ်လိုလျှော်ရ
မလဲ ဆိုရင် - ဘေဇင် သို့မဟုတ် သန့်ရှင်းတဲ့ ပုံးတခုထဲမှာ အဝတ်စားရေမြုတ်လောက်တဲ့ထိ
ထည့်ပါ။

ထည့်ပြီးရင် အဝတ်လျှော်ဆပ်ပြာထည့်ပါ။

အဝတ်စားထဲ ဆပ်ပြာဝင်အောင် ဖြည်းဖြည်းချင်း မွေ့ပေးပါ။

ပြီးလျှင် 5မိနစ် - 30မိနစ် အတွင်း စိမ်ထားပါ

:ထို့နောက် ဖြည်းဖြည်းလေး
လျှော်ဖွတ်ပြီး ဆပ်ပြာပြောင်အောင် ရေဆေးချပါ။

:ရေညစ်တဲ့အခါ အဝတ်ကို Twist မလုပ်ပဲ ရိုးရိုး ပဲ ညစ်ပါ။

#3 အဝတ်ပေါ်မှာ တခုခုပေကျန်သွားရင် ချက်ချင်း ဆေးပါ

အဝတ်စားပေါ်မှာ အညစ်ကြေးတခုခုပေကျန်သွားရင် ဒီတိုင်းမထားပါနဲ့။ လျှော်လိုက်ရင်ပျောက်သွားမယ်ဆိုပြီး မပေါ့ဆလိုက်ပါနဲ့။
တခုခုပေကျန်ခဲ့လိုရှိရင် တစ်ရှူး သို့မဟုတ် ရေအနည်းငယ်နဲ့ ပေကျန်နေတာတွေကို ဖဲရှားပါ။

#လျှော်ပြီးသားအဝတ်စားတွေကိုသေချာ လှန်းပါ

ပုံမှန်လှန်းနေကြအတိုင်း သဘာဝလေ ရှိတဲ့နေရာမှာ လှန်းပါ။ Dryer နဲ့ မှုတ်တာမျိုးတွေ မလုပ်မိ
ပါစေနဲ့။

အဝတ်တန်းတခုပေါ်မှာ ချိတ် ချိတ်ပြီး လှန်းရင် အဆင်ပြေပါတယ်။ နေအရမ်းပူနေရင် သတိထားပြီး လှန်းဖို့ အကြံပေးချင်ပါတယ်။

အခုလို သေချာဂရုစိုက်ပြီး လျှော်ဖွတ်မယ်ဆို မိမိအဝတ်စားတွေ
မပျက်စီးတော့ပဲ ကြာရှည်လှပစွာ ရှိနေမှာပါ။

Credit : Sai Kenneth

09/12/2021

မနက်ဖန် အသံတိတ် (𝐒𝐢𝐥𝐞𝐧𝐭 𝐒𝐭𝐫𝐢𝐤𝐞 )သပိတ်ရှိပါတယ်။

ပြည်သူအားလုံးရဲ့ ပါဝင်မှုနဲ့ လမ်းပေါ် လူသူကင်းမဲ့ဇုံ ဖြစ်သွားအောင် ပါဝင်ပေးကြပါ။တစ်ရက်ထဲပါပဲ။

ကမ္ဘာ့ မီဒီယာတွေ စောင့်ကြည့်နေတယ်၊ ကိုယ့်ရဲ့ ပုံရိပ် ပါမသွားစေနဲ့။ ဘဝ တလျှောက်လုံး လူတွေ ဝိုင်း ကဲ့ရဲ့စရာ ဖြစ်သွားလိမ့်မယ်။

အားလုံးမမေ့နဲ့နော်❤️

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

MyaNandar 3 Street
Yangon

Other Clothing (Brands) in Yangon (show all)
Axel Prints Digital Media Axel Prints Digital Media
No. 481, 6B, Marga 13 Street, 12 Ward, Okkalapa(South)
Yangon, 11091

Enhancing your dreams together.

Maricle by Yin Phyu USA Product Collection Maricle by Yin Phyu USA Product Collection
Yangon
Yangon

Authentic USA Product Collection

Bag City Bag City
Baho Middle Road
Yangon

Bag, Clothing and Cosmetics

Queen Shopping Page Myanmar Queen Shopping Page Myanmar
Nawaday Min Gyi Road
Yangon

Fashion

Naing Family Online Shopping Naing Family Online Shopping
Yangon

Welcome Customer 😘😘

Sam & Mo Sam & Mo
Sint Oh Dan Street
Yangon

Our local brand made from our heart� will care for your clothes�, like the good friends they are�

Main Ma Hla Main Ma Hla
Mahar Thiri Street
Yangon

Thank you for your supporting my small business

XO DOPE XO DOPE
Yankin Township
Yangon

The Way You Wear