Lambest Lady By Theingi Moe

Lambest Lady By Theingi Moe

Lambest skincare အကြောင်းဖော်ပြခြင်း

12/01/2022

✋️2022 ခုနှစ်မှာ Lambest skin care လေးတွေ စျေးနှုန်းပြောင်းလဲလိုက်ပါတယ်ရှင့်
👌တစ်ဘူးချင်းစျေးတွေ အများကြီးလျော့ချထားပါတယ်
👉ဒါ့အပြင် 150000 ks ပြည့်အောင်ဝယ်ယူတာနဲ့ VIP card နဲ့ အတူ 15% Off ကို ရရှိမှာဖြစ်ပြီး ဘယ်အချိန်မဆို တစ်ဘူးချင်းထပ်ဝယ်လဲ 15% Off အမြဲရရှိမှာပါရှင်
👉500000ks ပြည့်အောင်ဝယ်ယူရင်တော့ 20% Off နဲ့အတူ VVIP gold card ရရှိမှာဖြစ်ပြီး ရာသက်ပန် 20%Off နဲ့ ဝယ်ယူနိုင်မှာပါရှင့်
Moe

09/01/2022

Year မှာ
Lambest Products
System Changes ပြုလုပ်ခြင်း....................................................

✍️ဘယ်လို System Changes လုပ်လိုက်လဲ Retail ဈေးလေးတွေ အနည်းငယ်ပြောင်းပါတယ်ရှင့်

✍️ပုံမှန် ကြိုက်ရာ ၅ဘူးယူမှ VIP Card နှင့်
VIP ဈေးခံစားခွင့်ရှိတာ မဟုတ်တော့ပါ

✍️Lambest products ကျပ် ၁သိန်း ၅သောင်းဖိုးပြည့်အောင် ဝယ်ယူပေးတာနဲ့
15% လျော့ဈေးနဲ့ ချက်ချင်းဝယ်ယူရရှိအုံးမဲ့အပြင် VIP cardပါရရှိပါမယ်

✍️Lambest VIP card ကိုင်ဆောင်ထားသူ ချစ်ကာကာများ အနေနဲ့ ထပ်လာဝယ်တဲ့ တစ်ဘူးချင်းစျေးရဲ့ အပေါ်မှာ 15%သီးသန့် လျော့ဈေးနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်ရှင့်

🥰ချစ်တို့ အလွယ်မှတ်လို့ ရအောင် ပြန်ပြောရရင် Lambest မဝယ်ဖူးသေးတဲ့ Customer များအနေနဲ့ ကြိုက်တာဝယ် 150,000/- ဖိုး ပြည့်ရင်
15%off တစ်ခါတည်း လျော့မယ့်အပြင် VIP card လေးပါ ရမှာပါရှင့်

Theingi Moe

27/12/2021

💁မျက်နှာသစ်ဖို့ မျက်နှာသစ်ဆပ်ပြာ တွေသုံးဖူးကြပါလိမ့်မယ်
တချို့က အရေးမကြီးဘူး အဆင်ပြေတာလေး မျက်နှာပြောင်ပြီးတာပဲ
ဆပ်ပြာခဲနဲ့သစ်လည်းပြောင်တာပဲ

ဟုတ်ပါတယ် တချို့ရေချိုးဆပ်ပြာနဲ့သစ်လည်းရပါတယ်🙅

🤷‍♀️ရေရှည် ဘာတွေဖြစ်လာနိုင်လဲ😱😱😱

မျက်နှာမှာ ကိုယ်အသားအရည်နဲ့လိုက်ဖက်မှုမရှိ ပြောင်တယ်ထင်နေတဲ့ရတဲ့မျက်နှာသစ်တွေက တကယ်ရောကိုယ့်အသားအရည်နဲ့. အဆင်ပြေရဲ့လားထူးခြားရဲ့လား ပြောင်ပြီးရောပဲ သစ်နေတုန်လား😱😱😱😱

အိုး မျက်နှာသစ်ကို အလေးမထား ပြီးရင်ပြီးရောသစ်နေမယ်ဆို

ဝက်ခြံတွေ
ဆားဝက်ခြံတွေ အရေးအကြောင်းတွေ အိုး

နောက်ဆုံးအသက်အရွယ်ရလာတာနဲ့ ပစ်ထားမိသောမျက်နှာက
တင်းတိတ်တွေထွက်လာပါရော😱😱😱

👱‍♀️ခုဆိုအသက်40ကျော် အရွယ် တွေမှာ တင်းတိတ်တွေအများစု တွေ့ရပါတယ်

အသားအရည်ကို ပစ်ထားမိလို့ အသားအရည်ပြသာနာတွေကြုံနေရတာပါ

ဒါဟာဘာလဲဆိုရင် မျက်နှာသစ်က အခြေခံအကျဆုံး အရေးကြီးဆုံးဆိုတာပါ😍😍😍

သင့်မျက်နှာကိုပြန်ကိုင်ကြည့်ပါ🕵🕵🕵

ခုလိုအသားအရည်ပြသာနာကြုံနေပြီးလား👌👌👌

သင့်အသားအရည်တွက် စိတ်ချရဆုံးစိတ်ကျေနပ်မှုအပြည့်Chemicalမပါတဲ့
Lambest မျက်နှာသစ်ကို သင်သုံးရမည့်အချိန်ရောက်နေပါပြီ💃💃💃

လှဖို့ပြောပြတာ မင်မင်တာဝန်
ရွေးချယ်မှုက သင့်တာဝန်ပါ😍😍😍😍

Lambest ကသာ သင့်အတွက် အကောင်းဆုံးပါ😍😍😍

Theingi Moe
09452259111

Photos from Lambest Lady By Theingi Moe's post 25/12/2021

☃️☃️☃️Lambest ချစ်သူတွေအားလုံးအတွက် အေးချမ်းလှပတဲ့ ဒီဇင်ဘာလနဲ့အတူ

🎄နှစ်သက်ရာ Lambest Skin Care Product(7)မျိုးကို ဝယ်ယူလိုက်ယုံနဲ့ ကံစမ်းမဲကူပွန်ရရှိပြီး (Suzuki GLX) ကားအသစ်တစ်စီးကံထူးနိုင်မယ့် အခွင့်အရေးကြီးက ဒီဇင်ဘာ(31)ရက်နေ့မှာ Lambest ချစ်သူတွေဆီကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

🎄ဒါ့အပြင် Lambest Skin Care Product တွေအားလုံးကို 20%discount ရရှိနိုင်မယ့် အခွင့်အရေးကလဲ ဒီဇင်ဘာ(31)ရက်နေ့ အထိပဲနော်!

🎄Normal Skinတွေအတွက်
Facial cleanser,Toner, Essence,နို့ရည် ,
Day Refresh ,Night cream ,Foundation

🎄Dry Skinတွေအတွက်
Facial cleanser,Toner, Essence, နို့ရည်
Day moisture ,Night cream ,Hydrating mask အစိမ်း

🎄Oily Skinတွေအတွက်
Facial Form,Toner, Essence
Day Refresh, Night cream, Hydrating mask စိမ်း, Foundation

🎄Combination Skinတွေအတွက်
Facial Form,Toner, Essence, Night cream, Hydrating mask စိမ်း, Foundation, Collagen Mask ရွှေ

🎄Sensitive Skinတွေအတွက် Facial cleanser, Toner,Essence Hydrating Mask,,Collagen Mask, Foundation ,Day Refresh

😍ကြိုက်ရာ 5ဘူး ယူတာနဲ့ တစ်သက်တာ VIP ကဒ်နဲ့ အထူးအခွင့်အရေးတွေလည်း ရရှိနိုင်တယ်နော်

💁‍♀️ မိမိအသားအရေနဲ့ကိုက်ညီမယ့် Product တွေကိုစိတ်ကြိုက်ရွေးချယ်ပြီး နှစ်သစ်ကူးမှာ လှပခြင်းတွေနဲ့အတူ ကံကောင်းခြင်းတွေရရှိနိုင်စေဖို့ Lambest Skin Care Product တွေကို ရင်ခုန်စွာဝယ်ယူလိုက်ကြရအောင်💗

မရွေးတက်ရင်လဲ cb ဒါမှမဟုတ် ဖုန်းနဲ့ လာမေးနိုင်ပါတယ် မင်မင်က စိတ်ရှည်စွာနဲ့ ဖြေပေးပါတယ်နော်🥰🥰🥰


09452259111

24/12/2021

🌟 ကျိုက္ကစံ “ Super One မှာ ပြုလုပ်မယ့် Lambest ရဲ့ 🗓️ December ဈေးရောင်းပွဲတော်ကြီး လာပါပြီ ” 📣📣📣

💢 Lambest ရဲ့ 💫 Luxury ထုတ်ကုန်များ ဈေးရောင်းပွဲတော်ကြီးကို 🗓️ ဒီဇင်ဘာလ (၂၄) ရက်နေ့ကနေ (၃၁) ရက်နေ့ အတွင်း 🛣️ ကျိုက္ကစံ Super One မှာ 👉🏻 မနက် (၉) နာရီက‌နေ ည (၇) နာရီ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်နော်။

✨ ကျိုက္ကစံ Super Oneကိုလာဖြစ်အောင် လာခဲ့ကြနော်။ 🥰

ဒီဈေးရောင်းပွဲတော်ကြီးမှာ 💢 Lambest ရဲ့ 💫Luxury Skincare များကို 🎉👉🏻 20% လျော့ဈေးရရှိမှာဖြစ်ပြီး Lambest Skin Care (၅) မျိုးကနေစတင် ဝယ်ယူတဲ့ Customer တိုင်းကို တစ်သက်တာ ဈေးချိုသာစွာ ဝယ်ယူခွင့် 💳 VIP member Card အပြင် 🎁🎉 ဗလာမပါ ကံစမ်းမဲတွေကိုပါ စီစဉ်ပေးထားပါသေးတယ်နော်။

👉 ကျိုက္ကစံSuper One မှာပြုလုပ်မယ့် 🎉 ဒီဇင်ဘာ ဈေးရောင်းပွဲတော်နဲ့ ပတ်သက်ပြီးဖြစ်ဖြစ် အသေးစိတ်သိချင်တယ်ဆို ပွဲလေးကို လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်

12/12/2021

မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်

မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် ့အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်

ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်

လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်

(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်

ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း
အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။

(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း

မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။

(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်

ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်

မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။

(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်

အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်
လင် လာပြီး သဘာဝ မျက်နှာ ပုံစံဖြစ်သွားနိုင်ပါတယ်။

(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကိုမျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။

08/12/2021

မိုးလင်းမျက်နှာသစ်မယ်ဆို Lambest Facial ပဲသတိရလိုက်ပါ ဆောင်းတွင်းအသားခြောက်သွေ့မှုကို ကာကွယ်ပေးတယ်နော်
09452259111
20% Off က ၁၂လပိုင်းအကုန်အထိသာ

Photos from Lambest Lady By Theingi Moe's post 05/12/2021

ဆောင်းရာသီမှာ မှားတတ်သောအသိတရား

အသားရေအပေါ်ယံမှာကြည့်တာ အရမ်းကိုကောင်းပြီး ဘာမှမလိမ်း သို့ သေချာမလိမ်းလျှင် သေချာပါပြီနွေရာသီမှာတင်းတိတ်ကကြိုဆိုနေပါပြီ

ဆောင်းရာသီမှာ ရာသီဥတုအေးချမ်းသောနေရာမှာဆို အသားရေခြောက်ခြင်းမခံစားရပါ တာပေမဲ့အသားရေခြောက်ပြီး စပ်ပြီး အပေါ်ယံလွှာမှာပြသနေပြီဆို အချိန်အတိုးတွင်းနဲ့ပြီးမည်အလုပ်မဟုတ်တော့ပါ

တာကြောင့် ဆောင်းတွင်းအသားရေပြသနာက ဆောင်းတွင်းပြသမည့်မဟုတ်ဘဲ နွေရာသီမှာပြသမည့်အတွက်ကြောင့် ခုကိုSkin Care Step By StepသေချာCareပြီး ကြိုတင်ကာကွယ်လိုက်ပါနော်

Photos from Lambest Lady By Theingi Moe's post 23/11/2021

📢အသားအ​ရေ​လေး​တွေ တောက်ပစို​ပြေ​စေဖို့အတွက် အားလုံး​မျှော်လင့်​နေကြတဲ့ Lambest Skin Care Brand ရဲ့ Product အသစ်များဖြစ်တဲ့ Body lotion နဲ့ Soft Body Essence ​လေး​တွေလာပါပြီရှင်!🙋‍♀️

👉အသားအ​ရေကို ဖြူဝင်း​စေမယ့် Glycyrrhiza Gisbra Root
👉Collagen ထုတ်လုပ်မှုကိုအား​ကောင်း​စေပြီး အိုမင်းရင့်​ရော်မှုကို တားဆီး​ပေးမယ့် Sophora Angustifolia Root
👉အသားအ​ရေကို ​ရေဓါတ်ပြည့်ဝ​စေမယ့် Saururus
👉ဆဲလ်​သေများကိုဖယ်ရှား​ပေးရုံသာမက ဆဲလ်အသစ်များပြန်လည်​မွေးဖွား​ပေးမယ့် Nicotinamide/UMTF Ceramide 3
စ​သော အစွမ်းထက်ပစ္စည်းများစွာပါဝင်တဲ့
Lambest Body Lotion နဲ့ Soft Body Essence လေး​တွေဟာဆိုရင်ထိုင်းနိုင်ငံမှ ပညာရှင်များနှင့်အတူ အချိန် (8) လကျော်ကြာ သုတေသနပြု၍ ထုတ်လုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံ FDA အသိမှတ်ပြုလက်မှတ်ပါ ရရှိထားတာဖြစ်ပါတယ်။👩‍⚕️

🥰Lambest ရဲ့ New Products လေး​တွေက အသားအ​ရေထိန်းသိမ်းမှု့ လိုအပ်ချက်​တွေကို ဖြည့်​ပေးနိုင်ဖို့ ချစ်တို့ဆီကို​ရောက်ရှိလာပါရှင်။🥰

1ဗူး မှာ 200ml ပါပါတယ်ရှင့်။
Retail price _ 29800 MMK
VIP price_ 27000 MMK ( Lambest VIP card ရှိပြီးသူများအတွက် )

ပြန်ရောင်းချင်သူများအတွက် 15 ဗူး/ ဗူး 50/ ဗူး 150 လက်ကားဈေးအသီးသီးရှိပါတယ်ရှင့်။

လက်လီလက်ကား




📞09452259111

21/11/2021

Lotion လိမ်းနည်း

ဖတ်ရတာ ထူးဆန်းသွားပြီလား??😀Lovers

လူတော်တော်များများက Lotion ကို Effective ဖြစ်အောင် လိမ်းလို့ရတယ်ဆိုတာကို မသိကြပါဘူး။ 🙅

အဲ့ဒါကြောင့် ဒီနေ့တော့ Lotionကို ဘယ်လိုထိရောက်အောင် လိမ်းရမယ်ဆိုတာလေး ပြောပြပေးလိုက်ပါတယ်နော် 🙋

1 ရေချိုးပြီးပြီးချင်း ချက်ချင်း Lotion လိမ်းပါ။

အသားပေါ် ရေအစိုဓာတ်ရှိနေတုန်း Lotionလိမ်းတာဟာ Moisture ကို Lock လုပ်ပေးပါတယ်။

2 အပြင်ကပြန်လာပြီး ခြေလက်မဆေး၊ ရေမချိုးပဲ လေထုထဲကဖုန်မှုန်တွေကပ်နေတဲ့ အရေပြားပေါ် Lotionမလိမ်းရပါဘူး။

3 Lotionကို လက်ဖဝါးထဲထည့်၊ လက်ဝါး၂ခု ပွတ် အပူပေးပြီးမှ လိမ်းမယ့်နေရာအနှံ့အစက်ချပါ။

ပွတ်ဆွဲပြီး လိမ်းတာထက် ပုတ်ပုတ်ပြီး လိမ်းပေးတာက အသားထဲ ပိုစိမ့်ဝင်စေပါတယ်။

တံတောင်ဆစ်တို့ ဒူးတို့လို အရမ်းခြောက်တဲ့ နေရာတွေကို ပိုထူထူလိမ်းပေးပါ။

Aircon ခန်းထဲအချိန်ကြာကြာနေရသူတွေဆို အသားပိုခြောက်သွေ့လွယ်လို့ မဖြစ်မနေလိမ်းသင့်ပါတယ်။

အနဲဆုံး တစ်နေ့ ၂ခါတော့ Lotionသေချာ လိမ်းပေးသင့်ပါတယ်။

4 ညမအိပ်ခင် Lotionမွှေးမွှေးလေး လိမ်းအိပ်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး အသားရဲ့စုပ်ယူမှုအားလည်း ပိုကောင်းပါတယ်။😌😴

ကဲ အခုလောက်ဆိုရင်တော့ နေ့တိုင်းလိမ်းနေတဲ့ Lotionကို အရင်ထက်ပိုပြီး သေချာလိမ်းနိုင်ပြီ ထင်ပါတယ်နော်

Beauty Knowledge လေးတွေ ပြန်လည်မျှဝေလျက်ပါနော်

မျှဝေခွင့်ရအောင် ရေးသားသူ (မူရင်း ပိုင်ရှင်) အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် ရှင့်🙆


Theingi Moe

20/11/2021

ချစ်ရသော မိတ်ဆွေများ

မကြာခင်ရောက်ရှိမည့် Lambestရဲ့ New Productလာပါပြီရှင့်
New Product Type၂မျိုးရှိပါတယ်ရှင့်
💖နုပျိုလှပသောပန်းရောင်ဗူးလေးက
Body Lotion Luxurious Blends Of Naturally လိုခေါ်ပါတယ်ရှင့်
Body Lotionက အရည်ပစ်ပစ်လေးနဲ့ သူဌေးအနံ့ ရှိပါတယ်ရှင့်

🤍ဖြူစင်မြင့်မြတ်သောအဖြူရောင်ဗူးလေးက
Soft Body Essence Brighting And Moisturizing လိုခေါ်ပါတယ်ရှင့်
Body Essence က အရည်နည်းနည်းကျဲပြီး အနံ့သင်းသင့်လေးဖြင့် မွှေးနေပါတယ်ရှင့်

Luxury Type Higher Quality ဖြစ်ပေမဲ့ စျေးကတစ်ဘူး200Mlမှ ၂၉၈၀၀ ကျပ်သာကျသင့်ပါတယ်နော်
စျေးသက်သက်သာသာနဲ့ Lambest Brand ရဲ့ New Productပါသုံးရင်းနဲ့ ဆောင်းတွင်းကိုအတူကျော်ဖြတ်ကြမယ်နော်

ါရရှိပြီးသောLambestNewProductပါ

19/11/2021

Lambest next product
ဘူးလေးကအစ ကြွေ
Quality ကတော့ ​ရှယ်😘

18/11/2021

မင်္ဂလာရှိသော တန်ဆောင်တိုင်လပြည့်နေ့ပါ 🙏🙏🙏🙏🙏

14/11/2021

ချမ်း​အေးလှပတဲ့ ❄☃️ November☃️❄ လ​နဲ့အတူ
ချစ်တဲ့customer ​တွေဆီ​ရောက်ရှိလာမယ့်......
Lambest ရဲ့ Product ​​လေး​တွေက ဘာများဖြစ်မလဲ?

❄​ဆောင်းရာသီ​ကြောင့်ဖြစ်တဲ့ အသားအ​ရေ​ခြောက်​သွေ့ကွဲအက်ခြင်းများမှကာကွယ်​ပေးတယ်
❄အသားအ​ရေရဲ့အနက်ရှိုင်းဆုံးအလွှာအထိ​ရေဓါတ်
ဖြည့်​ပေးတယ်
❄ဆဲလ်​သေများကိုဖယ်ရှား​ပေးပြီး အသားအ​ရေကို ဖြူဝင်းစို​ပြေလာ​စေတယ်
❄Collagen ထုတ်လုပ်မှုကိုတိုးတက်​စေပြီး အိုမင်းရင့်​ရော်မှုကိုတားဆီး​ပေးတယ်

☃️ထိခိုက်လွယ်တဲ့အသားအ​ရေပိုင်ရှင်များ ကိုယ်ဝန်ဆောင်မိခင်များနဲ့ အမျိုးသား/အမျိုးသမီး အားလုံးအသုံးပြုနိုင်​အောင်ထုတ်လုပ်ထားတဲ့.......

💁‍♀️Lambest ရဲ့ New Product​ လေး​တွေက
ဘာဖြစ်မလဲ❓ အားလုံးပဲခန့်မှန်းကြည့်ရ​အောင်😉

05/11/2021

✅မျက်နှာအဆီပြန်ခြင်း ၊ခြောက်ပြီးယားယံခြင်း
✅ဝက်ခြံ | တင်းတိတ်
✅အမဲစက် | မှဲ့ခြောက်
✅နေလောင်ဒဏ်ကြောင့်အသားရေမညီဘဲ ကွက်ခြင်း
✅ဘာပဲလိမ်းလိမ်းစိတ်တိုင်းမကျဘဲ အထိခိုက်မခံတဲ့ Sensitive Skin
✅ဘာမှမလိမ်းထားတာတောင် အသားအရေ ကြည်ပြီးအမြဲနုပျိုလှပလိုသူများ
✅အားလုံး အားလုံး အားလုံးအတွက်
အဆင်ပြေသွားစေမယ့် 1 set သာ
သုံးကြည့်လိုက်ပါ💯

✅မိမိကြိုက်နှစ်သက်ရာ 5 ဗူး/5မျိုး ပြည့်အောင် ဝယ်ယူအားပေးရင်လဲ အရမ်းကိုတန်တဲ့ VIP စျေးကိုတသက်တာ ခံစားခွင့် ရမှာပါရှင့် 💯 🆗
✅ပြန်ရောင်းချင်ရင်လဲ ကြိုက်နှစ်သက်ရာ 15 ဗူးစယူတာနဲ့ လက်ကားဈေးနဲ့ ရပါပြီရှင့်

💁နာမည်ရပြီးအောင်မြင်နေတဲ့ မှာရင်းနှီးတိုးပွားလိုတဲ့သူတွေလဲ ကိုယ်စားလှယ်လုပ်ပြီးအကျိုးများစေဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🙋
👸🏻အသေးစိတ်ကိုတော့ Chat box or ☎️09452259111 သို့ အ​သေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့်

Luxury Skincare လက်လီလက်ကား
Lambest Lady

04/11/2021

ချစ်ရတဲ့ Lovers လေးတွေကို ဗဟုသုတလေး ပြန်လည်
မျှဝေပေးလိုက်ပါတယ်😊👇

‼️Mask ကပ်ရင် မှားတတ်တဲ့ အမှား (8)ခု

𝟏🌝 မှန်ကန်တဲ့ 𝐦𝐚𝐬𝐤 ကို မရွေးချယ်ခြင်း

Mask ရွေးတဲ့ နေရာမှာ ကိုယ့်အသားအရေနဲ့လိုက်တဲ့ mask ကိုရွေးချယ်ရမှာပါ။ တချို့မိန်းကလေးတွေက mask ဝယ်ရင် ဘာအာနိသင်ပါလဲအရင်မကြည့်ပဲ နာမည်ကြီးတဲ့ brand (သို့မဟုတ်) အထုပ်လှတာ/ packaging လှတာကိုရွေးဝယ်တတ်ကြပါတယ်။ အဲ့လိုဆိုရင် "သဲထဲရေသွန်" ပဲဖြစ်နေမှာနော် ပိုက်ဆံပဲကုန်ပြီး မျက်နှာဘာမှပြောင်းလဲမှုရှိလာမှာမဟုတ်ပါဘူး။

[စျေးကြီးတဲ့ mask တိုင်းကိုယ်နဲ့မတည့်နိုင်ပါဘူး။ ကိုယ်နဲ့တည့်တာကို ရွေးချယ်ပါ]

𝟐🌝 မျက်နှာမသစ်ပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

မျက်နှာမသစ်ပဲ mask ကပ်ရင် ရသင့်တဲ့အာနိသင်အပြည့်အဝကို မျက်နှာက မစုပ်ယူပေးနိုင်ပါဘူး။ မျက်နှာမသစ်ပဲ mask ကပ်ရင် မျက်နှာပေါ်မှာဖုန်မုန့်တွေရှိနေပြီး mask က essence တွေ မျက်နှာထဲစိမ့်ဝင်ဖို့ အတားအဆီးတစ်ခုအနေနဲ့ရှိနေမှာပါ။

3🌝 Toner မသုံးပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

Mask ကပ်ဖို့ မျက်နှာသစ်ပြီးရင် toner သုံးပေးရပါတယ်။ Toner က ချွေးပေါက်မှာပိတ်နေတဲ့ အညစ်အကြေးတွေဖယ်ရှားပေးပါတယ်။ Mask ကပ်ရင်လည်း စိမ့်ဝင်မှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။ Sheet Mask နဲ့ sleeping mask သုံးမယ်ဆို Toner ကို mask မသုံးခင်လိမ်းရပြီး peeling mask သုံးမယ်ဆို mask ပြီးမှ Toner သုံးရမှာပါ။

𝟒🌝paper𝐚𝐬𝐤 ကို မခွာပဲသုံးခြင်း

တချို့ mask တွေက sheet mask ပေါ်မှာ paper တစ်ခုပါလာပါတယ်။ အဲ့ paper mask က ခွာပြီးမှ သုံးရမှာပါ။ အဲ့ paper ကို မခွာပဲ သုံးရင် essence အရည် မျက်နှာထဲစိမ့်ဝင်ဖို့ layer အကန့်အသတ်တစ်ခုက တားဆီးနေသလို ဖြစ်နေမှာပါ။

5🌝mask ကိုခြောက်တဲ့ထိ ကပ်ခြင်း

Sheet Mask တိုင်းရဲ့ recommended time က ၁၅-၂၅ မိနစ် ဖြစ်ပါတယ်။ ၃၀ မိနစ်မကျော်ရပါဘူး။ Sheet Mask ကိုလည်းခြောက်တဲ့အထိ မထားရပါဘူး။ ခြောက်တဲ့အထိထားရင် မျက်နှာထဲစိမ့်ဝင်သွားတဲ့ essence တွေကို sheet mask က ပြန်စုပ်ယူပြီး အပြင်မှာပဲ ခြောက်သွားမှာပါ။ မျက်နှာထဲမစိမ့်ဝင်တော့ပါဘူး။ ၁၅-၂၅ မိနစ်ပြည့်သွားရင် mask ကိုခွာပြီး မျက်နှာပေါ်မှာရှိတဲ့ essence တွေကို စိမ့်ဝင်သွားအောင် လက်လေးနဲ့ ပွတ်ပေးရင်ရပါပြီ။ တစ်ညလုံး mask ချင်တယ်ဆိုရင် overnight mask ကို သုံးပေးလို့ရပါတယ်။ Sheet mask ကိုတစ်ညလုံးမသုံးရပါဘူး။

𝟔🌝mask ကပ်ပြီးချက်ချင်းမျက်နှာသစ်ခြင်း

တချို့ mask တွေက ကပ်ပြီးရင် မျက်နှာသစ်စရာမလိုပါဘူး။ သစ်ရတဲ့ mask တွေလည်းရှိပါတယ်။ Mask ဝယ်တဲ့ချိန် အညွှန်းကို သေချာကြည့်ပါ။ မျက်နှာသစ်ခြင်တယ်ဆိုရင်လည်း ချက်ချင်းမသစ်ရပါဘူး။ Essence ရည်တွေအားလုံးစိမ့်ဝင်သွားပြီး ခဏနေမှ သစ်ရမှာပါ။ မဟုတ်ရင် essence တွေကို ရေနဲ့ဆေးချလိုက်သလိုဖြစ်နေမှာပါ။

𝟕🌝 ကျန်တဲ့ 𝐄𝐬𝐬𝐞𝐧𝐜𝐞 အရည်တွေကိုစွန့်ပစ်ခြင်း

Mask ကပ်ပြီး ကျန်တဲ့အရည်တွေကို မပစ်ပါနှင့်။ လည်ပင်း၊ လက်၊ ခြေထောက်၊ ဒူး တွေမှာလိမ်းလို့ရပါတယ်။ Mask ရဲ့အဓိက လုပ်ဆောင်ချက်က ရေဓာတ်ဖြည့်ခြင်းပါ။ ရေဓာတ်လိုတဲ့နေရာတွေ လိမ်းပေးလို့ရပါတယ်။

𝟖🌝 ကပ်ပြီး 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 အဆင့်ကျော်ခြင်း

Mask တစ်ချပ်ထဲနဲ့ မျက်နှာကပြဿနာတွေအားလုံးကိုမဖြေရှင်းနိုင်ပါဘူး။ Mask ကပ်ပြီးရင်လည်း ပုံမှန်ကိုယ်သုံးနေကျ moisturizer cream တွေ skincare step တွေလုပ်ပေးရပါတယ်။

🌝 Sheet Mask တွေကပ်မယ်ဆိုရင် တစ်ပတ် ၂ ခါလောက်ပုံမှန်သုံးပေးနော်👌

Photos from Lambest Lady By Theingi Moe's post 01/11/2021

လတစ်လရဲ့ အစနေ့မှစ၍ ကံကောင်းခြင်း ပျော်ရွှင်ခြင်းတွေ ဖြစ်ပါစေ🥰

19/10/2021

"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"

Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅

မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်

အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်

Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋

အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး

အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်

အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ

ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတာပါနော်

Photos from Lambest Lady By Theingi Moe's post 17/10/2021

👉၀က်ခြံအတွက် Day ငွေ
မျက်နှာအလှကို ဖျက်တဲ့ ဝက်ခြံတွေကို ဒီအတိုင်းထားရင် ပိုဆိုးနိုင်တယ်နော်
Lambest ရဲ့ ငွေကိုသုံးမယ်ဆိုရင် ဝက်ခြံကင်းစင်တဲ့ မျက်နှာလေး ပိုင်ဆိုင်ရမယ်
ဝက်ခြံ အဆီဖုကင်းတဲ့လှတစ်မျက်နှာအတွက် Lambest skin care


09452259111

17/10/2021

ရုတ်တရက် ဝက်ခြံတွေ ဘာလို့ ထွက်လာတာလဲ
----------------------------------------------------

သူငယ်ချင်းတို့ရေ...
ရုတ်တရက် မျက်နှာမှာ ဝက်ခြံတွေ ထွက်လာလို့ စိတ်ညစ်နေတာလား။ "ဘာလို့ ဝက်ခြံတွေထွက်လာပါလိမ့်" ဆိုပီး တစ်ယောက်ထဲ အဖြေရှာ မရပဲ စိတ်တွေညစ်နေရလား။ စိတ်မညစ်နဲ့တော့နော်။ အောက်မှာ ဝက်ခြံတွေ ဘာလို့ထွက်လာလဲဆိုတာ ပြောပြပေးထားလို့ ကြည့်လိုက်ကြရအောင် 😉😉

၁။ မျက်နှာ သန့်ရှင်းမှု မရှိခြင်း
သူငယ်ချင်းတို့.... တစ်နေ့ကုန် အပြင်မှာ အလုပ်တွေရှုပ်ပြီး မျက်နှာသစ်ဖို့ မေ့နေဖူးသလား။ အိမ်မှာရှိတဲ့ ခေါင်းအုံးစွပ်တွေ ကိုကော မှန်မှန်လျှော်လေ့ရှိလား။ ဖုန်းပြောရင်ကော မျက်နှာ နဲ့ ကပ်ပြီးပြော တတ်သလား။ ဒီလိုမျိုး တွေ လုပ်တတ်တယ်ဆိုရင်တော့ မကြာခင် မျက်နှာမှ ဝက်ခြံတွေထွက်လာ တော့မယ်နော်။ မျက်နှာ ကို သန့်သန့် ရှင်းရှင်းမထားခြင်းက ဝက်ခြံထွက်ခြင်းရဲ့ အဓိက အချက်ဖြစ်ပါတယ်တဲ့။

၂။ မျက်နှာ အဆီပြန် ခြင်း
သူငယ်ချင်းတို့ မျက်နှာက အဆီ အရမ်းပြန်တတ်တဲ့ အသား အရေ အမျိုးအစားမျိုးလား။ ဒါဆိုရင်တော့ အဆီစုပ်စက္ကူ လေးတွေ သုံးဖို့လိုလာပြီနော်။ ဝက်ခြံဆိုတာက ကျွန်တော်တို့ မျက်နှာမှာ ရှိတဲ့ အဆီ glands လေးတွေ ထွက်ပေါက် ပိတ်ပြီး ဖြစ်ရတာပါတဲ့။ မျက်နှာ အဆီပြန်တတ်တဲ့ လူတွေရဲ့ အဆီ glands က သာမာန်လူတွေထက် အဆီပိုထုတ်တဲ့ အတွက်ကြောင့် အဆီ glands လေးတွေရဲ့ ထွက်ပေါက် ပိုပိတ်နိုင်ပြီး ဝက်ခြံ ပိုများများ ထွက်တတ်ပါတယ်တဲ့။

၃။ အရက်သောက်သုံးမှု များခြင်း
အရက်နဲ့ ဝက်ခြံက အမှန်ဆို တိုက်ရိုက် ပတ်သတ်မှု ရှိတာ မဟုတ်ပါ ဝူး။ ဒါပေမဲ့ အရက်သောက်သုံးတဲ့ လူတွေမှာ အသည်းပျက်ဆီးစေတတ် ပါတယ်။ ကျွန်တော်တို့ လူ့ခန္ဓကိုယ်မှာ အသည်းဆိုတာ တစ်ကိုယ်လုံးမှာရှိတဲ့ အညစ်အကြေးတွေစွန့်ရပါတယ်။ အဲဒါကြောင့် အသည်းမကောင်းရင်း ခန္ဓာကိုယ်ထဲက အဆိပ်တောက်တွေ ဘက်တီးရီးယားပိုးတွေ ကို လွယ်လွယ် မချေဖျက်နိုင်ပါဝူး။ အဲ့ဒီ အဆိပ်အတောက်တွေ ဘက်တီးရီးယားပိုးတွေ က အရေပြားပေါ်ကို ရောက်လာတတ်ပြီး ဝက်ခြံ ဖြစ်စေတတ်ပါတယ်တဲ့။

၄။ အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်ရင်လည်း ဝက်ခြံတွေ ထွက်တတ်ပါတယ်တဲ့။ လူတစ်ယောက်ဟာ တစ်ရက်ကို အနည်းဆုံး အိပ်ချိန် ၈ နာရီကနေ ၁၀ နာရီထိ ရှိသင့်ပါတယ်တဲ့။ ဘော်ဘော် တို့ကော တစ်ရက် အိပ်ချိန် ဘယ်လောက်ရှိကြလဲ။ ၈ နာရီလောက် တောင် အိပ်ချိန်မရှိ ရင်တော့ ဝက်ခြံတွေ ထွက်လာနိုင်တာမို့ games ဆော့တာ ကိုရီးယားကား ကြည့်တာလေးတွေ နည်းနည်းလျော့ပြီး စောစော အိပ်ကြရအောင်နော်။

၅။ စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးမှုဆိုတာကလည်း လူတိုင်းလူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ စိတ်ဖိစီးမှု များတဲ့လူတွေမှာ ဝက်ခြံပိုထွက်တာကို တွေ့ရှိရပါတယ်တဲ့။ ဒါကြောင့် စိတ်ဖိစီးမှု တွေရှိလာရင် သိမ်းမထားပဲ မိသားစုနဲ့ အချိန်ပေးတာ၊ သီချင်းနားထောင်တာတွေလုပ်ပီး စိတ်ဖိစီးမှုကို မြန်မြန်ဖြေဖျောက်လိုက်နော်။ ဒါမှ ဝက်ခြံကင်းစင်တဲ့ မျက်နှာ လှလှလေး ရမှာပေါ့နော် 😎😎

၆။ အစားအသောက်
အရမ်းချို တဲ့ အစားအစာတွော caffeine ဓာတ်များတဲ့ အစာတွေနဲ့ အဆီဓာတ်များတဲ့အစာတွေက ဝက်ခြံ ပိုထွက်စေပါတယ်တဲ့။ သူငယ်ချင်းတို့ထဲမှာလည်း အချို အရမ်းစားတဲ့လူတွေ၊ ကော်ဖီ အမ်းကြိုက်တဲ့လူတွေနဲ့ အဆီရွှဲရွှဲ စားတတ်သူတွေပါရင်တော့ လျော့စားဖို့ အကြံပေးလိုက်တယ်နော် 😀😀

၇။ဝမ်းချုပ်ခြင်း
ဝမ်းချုပ်တတ်တဲ့လူတွေမှာ လည်း ခန္ဓာကိုယ်က အညစ်အကြေးတွေ မစွန့်နိုင်တဲ့အတွက် အဲ့ဒီ အညစ်အကြေးတွေ အရေပြားပေါ် အနယ်ကျပီး ဝက်ခြံဖြစ်စေတတ်တယ်တဲ့နော်။ သူငယ်ချင်းတို့လည်း ဝမ်းမချုပ်အောင်ဂရု စိုက်ကြနော်။ ဝမ်းတစ်လုံးကောင်းရင် ဝက်ခြံမထွက်တော့ဝူးပေါ့ 😁😁

၈။ မိတ်ကပ် ထူထူလိမ်းခြင်း
အလှကြိုက်တတ်တဲ့ မမတို့ သတိပြုရမှာက မိတ်ကပ် ထူထူလိမ်းထားတာကလည်း အဆီ glands လေးတွေရဲ့ ထွက်ပေါက်ကိုပိတ်သွားတတ်လို့ မိတ်ကပ်ထူထူ ကို အချိနိ အကြာကြီး မလိမ်းသင့်ပါဘူးလို့။

ကဲ သူငယ်ချင်းတို့လည်း ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေတယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲက ဘယ်အချက်တွေနဲ့ ကိုက်သလဲ စီစစ်ပြီး မြန်မြန် ပြုပြင်လိုက်ကြရအောင် 😉😉
မောင်ခမ်း (ဆေး ၁)
#ဒေါက်တာဇီဝက #ဝက်ခြံ

08/10/2021

အသက်အရွယ်အလိုက် skin care ရွေးရအောင်

အမျိုးသမီးတွေဟာ အသက်အရွယ်အလိုက် လိုအပ်တဲ့ အရေပြားလိမ်းဆေးတွေ မတူညီကြဘူး။ ဥပမာ အသက် (၂၀)နဲ့ အသက်(၄၀) သုံးရမယ့် လိမ်းဆေးတွေ ကွာခြားပါတယ်။ဘာ့ကြောင့်လဲဆိုတော့ အရေပြားရဲ့ ရုန်းဆန့်နိုင်စွမ်း၊ အသားအရေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အသက်ကြီးလာလေ အရေပြားလိ်မ်းဆေးတွေ ပိုလိုအပ်လေဖြစ်ပါတယ်။ အသက်ငယ်ရွယ်သူတွေမှာ ဘယ်အရွယ်ကစပြီး skin care သုံးမလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ အလွယ်ဆုံးပြောရရင် ဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုဝင်စ၊ အပျိုဝင်စ အသက်အရွယ်တွေမှာ စတင်သုံးစွဲနိုင်တယ်။ မိန်းကလေး အသက် ၁၃-၁၄ အရွယ်၊ ယောကျာ်းလေး အသက် ၁၅-၁၆ အရွယ်တွေမှာ ဟော်မုန်းအပြောင်းလဲကြောင့် အရေပြားစတင်ပြောင်းလဲလာခဲ့ပါတယ်။ သို့သော် လက်တွေ့ကျကျပြောရရင် အသက်(၂၀)ကျော်မှသာ အရေပြားလိမ်းဆေးတွေစတင် လိုအပ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံပေါက်တတ်သူဆိုရင် အသက်(၂၀)မတိုင်ခင် စောသုံးပြီး အသားအရေက ပုံမှန်အတိုင်းသာ ဖြစ်မယ်ဆိုရင် အသက်(၂၀)ကျော်မှသာ စတင်သုံးစွဲသင့်တယ်။

ဆယ်ကျော်သက် အရွယ် skin care
အသက်(၂၀)မပြည့်သေးသူကို ဆယ်ကျော်သက်လို့ သတ်မှတ်ပါတယ်။ ဒီအရွယ်မှာ အသားအရေ၊ရုန်းဆန့်အား၊ စုဖွဲ့မှု အနေအထားအရ အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် ဟော်မုန်းအပြောင်းအလဲ စတင်လာတဲ့အတွက် ဝက်ခြံနဲ့ ပက်သတ်တာတွေဖြစ်နိုင်တယ်။ skin care အရေပြားထိန်းသိမ်းဖို့ မလိုအပ်သေးပေမယ့် ဝက်ခြံနဲ့ အဆီဖုတွေအတွက်တော့ လိုကောင်းလိုနိုင်တယ်။ အကယ်၍ skin care သုံးမယ်ဆိုရင် alcohol, triclosan ပါတာတွေ ရှောင်ပါ။ ဝက်ခြံအတွက် ဗက်တီးရီးယား သန့်စင်ဆေးတွေ အသုံးပြုပါ။ အဆီပြန်တာအတွက် ရွံ့စေးမျက်နှာဖုံး clay maskတွေကောင်းတယ်။salicylic acidပါတဲ့ မျက်နှာသစ်ဆေးတွေက ဝက်ခြံမထွက်အောင် ကာကွယ်ပေးမယ်။ မျက်နှာသစ်ဆေးသုံးပြီး မိနစ်အနည်းငယ်အကြာ မျက်နှာက တင်းလာရင် ပိုပျော့တဲ့ မျက်နှာသစ်ဆေး ပြောင်းသုံးပါ။ ဝက်ခြံက အခြေအနေသူံးရပ်ကြောင့်ဖြစ်နိုင်တယ်။ အဆီထုတ်လုပ်မှု၊ ဆဲလ်သေပိတ်ဆို့မှုနဲ့ ဗက်တီးရီးယားပေါက်ဖွားခြင်းကြောင့် ဖြစ်တယ်။ နေလောင်ခြင်းကြောင့် အသားအရေ အစိုဓာတ်ထိန်းချင်တယ်ဆိုရင် oil free moisturizerကိုသာ သုံးသင့်တယ်။

အသက် (၂၀)ကျော် အသားအရေအတွက်
အသက်(၂၀)ကျော်တာနဲ့ ဝက်ခြံက အနည်းနဲ့ အများဆိုသလို ပျောက်သွားကြပါပြီ။ သို့သော် နေ့စဉ် ပိတ်ဆို့နေတဲ့ အညစ်အကြေး၊အဆီနဲ့ မိတ်ကပ်တွေ ဖယ်ရှားဖ်ု့အတွက်ဆိုရင်တော့ cleanser ကောင်းကောင်းတခုလိုအပ်လှပါတယ်။ နောက်ပြီး ဝက်ခြံအဖုအပိန့်တွေ မရှ်တော့ပေမယ့် skin care ပစ္စည်းတွေကြောင့် ရံဖန်ရံခါ အဆီဝက်ခြံ၊ ဆားဝက်ခြံတွေ ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့် ဒီအသက်အရွယ်မှာ အဆီပြန်စေတဲ့ mineral oils, red dyes နဲ့ Isopropyl myristate ပါတာတွေ ရှောင်သင့်တယ်။ အသားအရေမပျက်ဆီးအောင် အစိုဓာတ်ထ်ိန်းဖ်ု့ကလည်း လိုအပ်တယ်။ pro-vitamin B5 ပါတာတွေ သုံးစွဲသင့်တယ်။ နေလောင်တာလည်း ရှိနိုင်တာကြောင့် UVA နဲ့ UVB နေလောင်ကာလိမ်းဆေး တမျိုးမျိုးလည်း သုံးသင့်တယ်။ နွေရာသီမှာ SPF 20 ပါတာမျိုးသုံးသင့်ပြီး ကျန်တဲ့ရာသီတွေမှာ SPF အနည်းဆုံး 15 ပါတာမျ်ုး ရွေးချယ်သင့်တယ်။

အသက(၃၀)ကျော်အတွက် skin care
အသက်(၃၀)ကျော်တာနဲ့ အရေပြားက စတင်ပျက်ဆီးလာပါပြီ။ ရုန်းဆန့်နိုင်စွမ်းကျသွားတယ်။ ဆဲလ်အသစ်ဖြစ်ပေါ်မှု နှေးသွားတယ်။ ကိုလာဂျင်ထုတ်လုပ်နိုင်စွမ်းနည်းလာတယ်။ တနည်းအားဖြင့် ဇရာသဘော အရေးအကြောင်းတွေ စတင်ပေါ်ပေါက်လာတာဖြစ်တယ်။ ဒါ့ကြောင့် ပျက်ဆီးမှုကို ကာကွယ်ဖို့နဲ့ ဆဲလ်တွေပြန်လည် နုပျ်ုလာအောင် လုပ်ဖို့ လိုလာတယ်။ အသားအရောင်ညီညာဖို့နဲ့ အရေပြားပျက်ဆီးမှုကို ကာကွယ်ဖို့ vitamin A,C,E,B3,B5 နဲ့ D ပါတာတွေ သုံးသင့်တယ်။ ဒါတင်မက အသားအရေတင်းရင်းစေဖို့ collagen ၊ hyaluronic acid လို အသားအရေဆေးတွေ လိုအပ်လာပါတာ်။cleanser, toner နဲ့ moisturizer တွေ သုံးရတော့မယ်။ နောက်ပြီး exfoliateခေါ်တဲ့ အပေါ်ယံမျက်နှာပြင် အရေပြားကို ကွာစေပြီး ဆဲလ်သစ်ဖြစ်စေတဲ့ ဆေးတွေ စတင်သုံးစွဲသင့်ပါတယ်။ တပတ်ကို ၁-၂ကြိမ်ခန့် ပြုလုပ်သင့်တယ်။

အသက်(၄၀)ကျော်အတွက် skin care
လေးဆယ်ကျော်မှ လူ့ဘဝစတာဆိုပေမယ့် အရေပြားပျက်ဆီးမှုကတော့ အလွန်သိသာတယ်။အတွန့်အခေါက်များလာတယ်။ ကိုလာဂျင်ပျက်ဆီးမှုက အသစ်ပြန်လည်မဖြစ်တော့ဘူး။ဒီအသက်အရွယ်မှာ အရေးကြီးဆုံးက အသားအရေနူးညံ့ပျော့ပြောင်းစေဖို့ ဖြစ်ပါတယ်။ အစ်ုဓာတ်လိမ်းဆေး(vitamin E)တွေ သေချာလိမ်းရတော့မယ်။ ဆဲလ်တွေကို သေချာပြုပြင်ရတော့မယ်။ essence , serum လို အရေပြားပြုပြင်တဲ့ နို့ရည် စတာတွေလိုအပ်လာပါတယ်။ နေ့ပိုင်း ဆဲလ်မပျက်ဆီးအောင် အရေးအကြောင်းကင်းစင်ဖ်ု့ နေလောင်ကာလိမ်းဆေးခရင်မ်တွေလည်း သေချာသုံးဖို့လိုတယ်။ညပိုင်း skin care သုံးတဲ့အခါ အသားတင်းရင်းစေတဲ့ hyaluronic acid ပါတာတွေ သုံးစွဲသင့်ပါတယ်။သူက ရေဓာတ်ကို ထိန်းပေးတယ်။ အသားအရေတွန့်ခေါက်မှုနဲ့ အမဲစက်တွေအတွက် retinol, vitamin A ပါတဲ့လိမ်းဆေးတွေလိုပါတယ်။ ငယ်ရုပ်ဆင်ဖို့အတွက် နေ့ပိုင်းမှာ နေလောင်ကာလိမ်းဆေးနဲ့ ညပိုင်းမှာ အသားအရေထိန်းသိမ်းဖို့ လိမ်းဆေးတွေ အဆင့်လိုက် သုံးသင့်တယ်။

အသက်(၅၀)ကျော်အရွယ်
အသက်ကြီးလာသလို ဆဲလ်တွေက သိသိသာသာ လျှော့တွဲပျက်ဆီးနေပါပြီ။ ဆဲလ်သစ်တည်ဆောက်ဖို့ မဖြစ်နိုင်တော့ဘဲ ရှိတဲ့ ဆဲလ်တွေမပျက်ဆီးရလေအောင် ဂရူစိုက်သင့်တယ်။ ဒါတင်မက မွဲခြောက်အရောင်ကင်းမဲ့နေတဲ့ ဆဲလ်သေတွေကို ရှင်းလင်းသန့်စင်ဖို့လည်း လိုတယ်။ exfoliate လိုလာတယ်။ အရေပြားက ခြောက်သွေ့နေတာလည်း သေချာတာမို့ ရေဓာတ် အစိုဓာတ်ထိန်းတဲ့ပစ္စည်းတွေ ဆက်လက်သုံးစွဲရမယ်။ ကိုလာဂျင်သောက်ဆေး၊ လိမ်းဆေးနဲ့၊ anti-aging, anti-wrinkle product တွေက skin whitening အသားဖြူဆေးတွေထက် ပိုအရေးကြီးလာတယ်။ အသားအရောင်ထက် အရေပြားတင်းရင်းဖ်ု့က အဓိက အရေးကြီးဆုံးဖြစ်လာပါတယ်။ ညလိမ်းခရင်မ်တွေ စနစ်တကျသုံးရပါတော့မယ်။

ဒေါက်တာအေးမင်းထူး
၁၆.၂.၂၀

26/09/2021

Lambest day cream ရွှေနဲ့ ငွေ 😍😍😍

11/09/2021

🥛🥛ရေသောက်ခြင်း အကျိုးကျေးဇူးများ🥛🥛

မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။

ဖြေ ~

✅ရေသည် လူတို့၏ အသက်ရှင်
ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်
တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။
သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့
ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်

သောက်သင့်သည့် အချိန်တွင်
သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး
အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

✅ရေသောက်သုံးသင့်သော အချိန်များ🔰

* ✅နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။

* ✅အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

* ✅ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

* ✅မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး

*✅ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်
ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင်
အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်
ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂
ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

*✅ ရေသည် ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria
ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

*✅ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က
ပိုမိုထိရောက်ပါသည်။

* ✅ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်
ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ✅ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ
ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ
နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

*✅ ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး
တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

*✅ ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့်
လိပ်ခေါင်းနှင့် စအို၀ကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။

*✅ ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်
ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* ✅အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ✅ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

✅ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်🔰

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို
များပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်၀န်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်..

Photos from Lambest Lady By Theingi Moe's post 30/08/2021

👉What’s your skin type …..?

ချစ်ရသောမိတ်ဆွေ သင့်အသားရေ ဘယ်အမျိုးစားထဲပါ၀င်လဲ... Lambest နှင့်အတူ စမ်းသပ်လိုက်ရအောင်နော်

ည💤အိပ်ယာမ၀င်ခင် မျက်နှာသစ်ပြီး ဘာမှမလိမ်းဘဲ🕐တစ်နာရီထားကြည့်ပါ
တစ်နာရီနောက်ပိုင်း⏳သင့်အသားရေ

(1)Normal Skin
🛒အဆီလည်းမပြန် အသားရေခြောက်ပြီးတင်းနေတာလည်းမရှိ ပုံမှန်အခြေနေသာရှိနေလျှင် အရမ်း၀မ်းသာပါတယ် ကျန်းမာသောအသားရေသင်ပိုင်ဆိုင်နေပါတယ်
💫"အထက်ပါအခြေနေကို Normal Skin-သာမာန်(သို့)ပုံမှန်အသားရေခေါ်ပါတယ်"

(2)Oily Skin
🛒မျက်နှာတစ်ပြင်လုံး အဆီပြန်လာခြင်းကို တွေ့ရှိပါက "Oily Skin -အဆီပြန်အသားရေခေါ်ပါတယ် "
💫"အဆီပြန်အသားရေက -ချွေးပေါက်ကျယ်,အဆီဖု,ဆား၀က်ခြံ,၀က်ခြံစသဖြင့် ..အသားရေပြသနာအမြဲဖြစ်ပေါ်စေသည် "

(3)Dry Skin
🛒မျက်နှာခြောက်သွေ့ပြီး တင်းတင်းလေးခံစားရတယ် ,တစ်ဖြည်းဖြည်းယားလာခြင်းခံစားရတယ် (သို့)စပ်စပ်လေး ခံစားနေရရင် သင့်အသားရေက"Dry Skin - ခြောက်သွေ့သောအသားရေလိုခေါ်ပါတယ်"
💫"အသားရေရေဓာတ်လိုအပ်နေလျှင် တင်းတိတ် ,မှဲ့ခြောက်ကိုအမြန်ထွက်ပေါ်စေသည်"

(4)Sensitive Skin
🛒အသားရေတဖြည်းဖြည်းနီလာရင် "Sensitive Skin-အထိခိုက်မခံသောအသားရေလိုခေါ်ပါတယ်"
💫Brandပေါင်းစုံ မျက်နှာပေါ်လိမ်းခြင်းရှောင်ပါ

(5)Combination Skin
🛒T-Zoneအဆီပြန်လာပြီး ပါးနှစ်ဖက်ကခြောက်လာရင် "Combination Skin-ပေါင်းစပ်အသားရေခေါ်ပါတယ်"
💫ရေဓာတ်ဖြည့်Maskကိုအားထားသုံးပေးရမည်

🛒ခုSkin Typeလည်းသိပြီ Shoppingထွက် သောအခါ အသားရေနဲ့လိုက်ဖက်သောProductကို သေချာစုံစမ်းမေးမြန်းရွေးချယ်လိုက်ပါနော်
Lambest skincare က အသားအရေမရွေးသုံးလို့ရပြီး မင်မင်ကလည်းအသေးစိတ်ရှင်းပြပေးမယ်နော

Photos from Lambest Lady By Theingi Moe's post 21/08/2021

【🤰 ကိုယ်ဝန်ရှိအတောအတွင်း အသားရေတင်းတိတ်ထွက်ရခြင်းအကြောင်းရင်း နှင့် အကြုံပြုချက်များ】

1🤰🧡ကိုယ်ဝန်ရှိပြီးနောက် ဟိုမှုန်းပြောင်းလဲမူကြောင့် အသားရေတင်းရင်းဝင်းလှမူမရှိဘဲ Melanin တိုးပွားပြီးမျက်နှာပေါ်သို့ စုဆောင်လိုက်သောအခါ မျက်လုံးတစ်ဝိုက်,နှားခေါင်းနား,ပါးပြင်တစ်ဝိုက်တို့ တင်းတိတ်ဖြစ်ပေါ်စေသည်

2🤰🧡ကိုယ်ဝန်ဆောင်ပြီးနောက်မိခင်၏ခန္ဓာကိုယ်ခုခံမှုလျော့နည်းသွားပြီးနေရောင်ခြည်၏ခရမ်းလွန်ရောင်ခြည်များကိုလည်းခုခံနိုင်စွမ်းလည်းလျော့နည်းသွားစေသည်,တာကြောင့် ကိုယ်ဝန်ဆောင်ပြီးနောက်အသားအရေပိုမိုထိခိုက်လွယ်ကူသည်

အကြုံပြုချက်
👉🌾🍌 💚လတ်ဆက်သောဟင်းသီးဟင်းရွက်/သစ်သီးများကို များများစားပေးပါ/ဗီတာမင်အမြဲဖြည့်စွက်ပေးဖို့လိုအပ်ပါသည်
2👉💦 ရေဓာတ်ဖြည့်ပေးသောSkin Careကိုအသုံးပြုပါ
💁💁 Lambest Skin Careကကိုယ်ဝန်ရှိမိခင်အတွက်ပါအသုံးပြုနိုင်သောရေဓာတ်ဖြည့်Skin Careပါ
(🙅🙅 တင်းတိတ်ပျောက်ဆေးတွေ ရှောင်ပါ)
3☂👒အပြင်ထွက်သောအခါ အမြဲထီး(သို့)ဦးထုပ်ဆောင်းပါ

#ကိုယ်ဝန်ရှိမိခင်တင်းတိတ်အကြောင်း

Photos from Lambest Lady By Theingi Moe's post 15/08/2021

မိန်းမသားတို့ လှဖို့ (သင်ရော ပြည့်စုံပြီလား ဒါတွေဆောင်ထားနော်)......................................................
1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အ၇င်ကောင်းအောင်လုပ်ပါ

2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့

3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ

4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ
မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တခုသုံးယုံနဲ့ မလုံလောက်ပါဘူး

5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ

6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ

7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီး၇င် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make up
remover ကို နဲနဲပဲကုန်စေနိင်သလို အကျိူးလဲ၇ှိပါတယ် money saving ဖြစ်စေပါတယ်

8.တိုနာကို လဲ ထိုနည်း လည်းကောင်းလုပ်လို့၇ပါတယ်

9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ

10.ပြီး၇င် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပါ

11.တိုနာက ချွေးပေါက် ကျည်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံး၇င် ကျန်၇ှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်

11.ပြီး၇င် လိမ်းနေကြ တစ်ခုခု၇ှိ၇င် လိမ်းပါ

12.မျက်နှာကို တနေ့ နှစ်ခါ အနဲဆုံးသစ်ပါ

13.မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ
မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ

14.သွားကျန်းမာေ၇းကိုလဲ ဂရုစိုက်ပါ

15.တနေ့နှစ်ခါ တိုက်ပါ

16.အစာစားပြီး ပလုတ်ကျင်းပါ

17.သွားတိုက်၇င် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ

18.မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူး
ပါးစပ်က အနံ့ ဆိုးတွေ၇ှိ၇င် လူတစ်ယောက်ရဲ့ image က ပြောင်းသွားနိုင်ပါတယ်

19.ဆံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ

20.နဖူးမှာ ၀က်ခြံတွေ အရမ်းထွက်တတ်တာမျိူးက
ဆံပင် က မသန့်တာကြောင့်ဖြစ်တတ်ပါတယ်
ခေါင်းမလျှော်ဖြစ်ခဲ့၇င်တောင် အေ၇ှ့ဆံပင်လေးကို လျှော်ပေးပါ

21.၀က်ခြံထွက်၇င် လက်နဲ့ မညစ်ပါနဲ့

22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ

23.အ၇မ်းများလာ၇င် တတ်ကျွမ်းသူတွေနဲ့ ပြပါ

24.၀က်ခြံကို အသည်းယားလို့ကုတ်ဖဲ့တာမျိူးက အန္တာရယ်များပါတယ် ၀က်ခြံဖုက ထွက်လာတဲ့ သွေး သို့ ပြီ အပုတ်တွေ စီးကြပြီး ထိုနေ၇ာတွေမှာပါ ၀က်ခြံ ထွက်တတ်ပါတယ်

25 ဆင်၀က်ခြံလို ၀က်ခြံမျိူးတွေ လက်နဲ့ အညစ်များတဲ့ ၀က်ခြံတွေဟာ ကြာ၇င် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင်ပါတယ်

26.ဆား၀က်ခြံတွေ ကလဲ စိတ်ရူတ်၇ပါတယ်

27.ဆား၀က်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမ၇သေးပါ

28.ပါးသွားအောင်ပဲ လုပ်လို့၇နိုင်ပါတယ်

29.၀က်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ်
ဆား၀က်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ်
ဘယ်လိုနည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပြစ်ထားပါနဲ့

30.treatmentပြန်လုပ်ပေးပါ
ထပ်ခါ ထပ်ခါ လုပ်ပါများ၇င် ချွေးးပေါက်တွေကျယ်ပြီး အဆီအ၇မ်းပြန်တတ်ပါတယ်

31.အကောင်းဆုံးနည်းလမ်းကတော့
မျက်နှာကို ေ၇နွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး
ရေနွေးငွေ့ ခံပါ
ပြီး၇င် ကြက်ဥအကာကို မျက်လုံးကို ဝိူက်ပြီး မျက်နှာ တစ်ပြင်လုံးလိမ်းပါ
tissue နှစ်လွှာကို တစ်လွှာခွာပါ
မိမိကပ်မဲ့နေ၇ာ ချိန်ပြီး အ၇ွယ်တော် ဖြဲပါ
ပြီး၇င် ကြက်ဥအကာသုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ပြီး၇င် tissue ကပ်ထားတဲ့ အပ်ါကို ကြက်ဥအကာထပ်တင်ပေးပါ
မိနစ် ၂၀ခန့်ထားပြီး ခွာချပါ
ဆား၀က်ခြံတွေပါလာပါလိမ့်မယ်
အကုန်တော့မပါလာပါဘူးနော်
သဘာ၀နည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ
ဖြေးဖြေးခြင်းထိေ၇ာက်တာပါ
နောက်ဆုံး ေ၇ခဲေ၇နှင့်မျက်နှာသစ်ပါ
သို့ ေ၇ခဲတုံးလေးနဲ့ ပွတ်ပေးပါ
ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ
ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ်
ဆား၀က်ခြံများ၇င် တစ်ပတ် ၃ကြိမ်လုပ်ပါ
ပါးသွား၇င် တစ်ပတ် ၁ကြိမ်ဆို ၇ပါပြီ

32.အပူက ချွေးပေါက် ကျယ်စေပါတယ်
အအေးက ချွေးပေါက် ကျည်းစေပါတယ်

33.ချွေးပေါက် အ၇မ်းကျယ်လို့ မိတ်ကပ်လိမ်း၇အဆင်မပြေ၇င် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး သပတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ

34.မနက် အိပ်၇ာ ထ လျှင် ထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ
တစ်ကျိူက်ထဲ မော့ပါ
စသောက်ခြင်း အဆင်မပြေပါဘူး
နောက်၇က်တွေ အိုခေ လာမှာပါ

35.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အ၇ွက် စားပါ
၀မ်းချူပ်နေပြီခံစား၇၇င် ၀မ်းနုတ်ပါ

36.ဆီး ၀မ်း လေမှန်မှ နေသာထိုင်သာ၇ှိပြီး
ကျန်းမာေ၇းကောင်းမှာပါ

37.ရေချိူးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက်ချွတိဆေးကြောပါ
လူတစ်ယောက်ကို အကဲဖြတ်၇ာမှာ ခြေထောက်၇ယ် မျက်နာ၇ယ် က အဓိကပါ

38.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့
ဆိုးဖြစ်ခဲ့၇င် မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်းကျန်းမာဖုိ့ပါ

39.လက်သည်း ကျိူးလွယ်တယ် အ၇မ်းပျော့နေမယ်ဆို၇င် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ

40.မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ

41.လက်နဲ့ပဲ လိမ်းချင်တယ်ဆို၇င်လက်ကို သေချာသန့်စင်ပြီးမှ လိမ်းပေးပါ
လက်က ဘက်တီးရီးယား အများဆုံး နေ၇ာပါ

42.make up brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ
make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ်
အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင်ပါတယ်

43.မိတ်ကပ်ဖော့အသုံးပြု၇င်လဲ အနဲဆုံး နှစ်ခု ထားပါ တစ်ခုလျှော်၇င် တခုနဲ့ သုံးလို့၇နိုင်ပါတယ်

44.နုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင်ပါတယ် နူတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့၇ပါတယ်

45.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မ၇ဘူး အလျင်လိုနေခဲ့၇င် masacara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်

46.concelar သုံးဖို့ လိုအပ်လာ၇င် concelar မ၇ှိခဲ့၇င် သုံးနေကြ မိတိကပ်အ၇ည်၇ဲ့ အဖုံး သို့ နူတ်ခမ်းအ၀မှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံပေးနိုင်ပါတယ်

47.powder hightlight လုပ်ချင်လို့ loose powder မ၇ှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်

48.မျက်တောင်ပါး၇င်masacara ကော့ပြီး ပေါင်ဒါမူန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီး၇င် masacara ပြန်ကော့ပါ
သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ
မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်

49.မျက်ခုံးဆိုး၇င် မျက်ခုံး၇ိတ်ပြီးမှ မျက်ခုံးဆိုးပါ
မျက်ခုံးကို မိမိဘာသာ မ၇ိတ်တပ်၇င် ဆိုင်မှာ ပုံအ၇င်သွင်းပါ

50.ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာ ၇ိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်

51.မျက်ခုံးမှ မ၇ိတ်ချင်ဘူး ဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ

52.မိတ်ကပ်ကြောင့်သင်ပိုလှပါစေ

53.မိတ်ကပ် က သင့်အလှကို မဖုံးကွယ်ပါစေနဲ့

54.မိတ်ကပ်လိမ်း၇င် မိမိမျက်နှာက အလှဆံုး အစိတ်အပိုင်းကို ဦးစားပေးပြင်ပါ

55.နူတ်ခမ်း matte တွေ ဆုိးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ

56.သခွားသီး ကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည် ကြည်ပြီး ကောင်းစေပါတယ်

57.အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေပါတယ်
မျက်နှာမှာ ကပ်၇င် မျက်နှာက အပူတွေ စုပ်ပေးပါတယ် ကပ်ပြီး၇င် မျက်နှာတော့ သေချာပြန်သစ်ပါ

58.ငှက်ပျောသီး မှည့်ကိုလဲ ရေမချိူးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးးပြီး ပြီးမှ ရေချိူးလို့၇ပါတယ် အသားအ၇ည်လဲ လှစေပါတယ်

59.ကြက်ဥအကာ သံပုရာသီး ၃စက်ခနု့့်ရောမွှေပြီးလုးးပေးပါ
၁၅မိနစ်ထားပါ
ပြီး၇င် ရေဆေးချပါ
အသားအရည် တင်းရင်းစေပါတယ်

60.Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ) ်
vasaline ကို ရေမွှေး စွတ်မဲ့ နေ၇ာကို လိမ်းပေးပြီး ရေမွှေး စွတ်၇င် ရေမွှေးနံ့ ကြာရှည်ပိုခံတယ်

61.ဒူးမဲ တံတောင်ဆစ်မဲ ဂျိူင်းမဲ နူတ်ခမ်းမဲတာတွေ ကို vasaline လူးပေးရင် ပျောက်စေပါတယ်

62.vasaline ကို ဆံပင် နှစ်ခွ ဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့၇ပါတယ်

63.eyeliner pencil တွေ ဆိုး၇တာ အရောင်မထွက်၇င် မီးအပူ ခဏလေးပြီး ဆိုး၇င်
အရောင်ပိုတောက်စေပါတယ်

64.မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryer နဲ့ အပူပေးပြီး ကော့ပေးလုိ့ရပါတယ်

65.နူတ်ခမ်းနီ ၀ယ်မိတာ မစိုမခြောက် ဖြစ်နေ၇င် နူတ်ခမ်းနီ ဆိုးပြီး setting powder သို့ loose powder ကို နူတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နူတ်ခမ်းလေး matte လေး ဖြစ်သွားစေပါတယ်

66.Eyeshadow ဆိုး၇င် အမူန်တွေတခါတလေ ကျပါတယ် ကျ၇င် ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ

67.အလက်ပါတဲ့ eyeshadow တွေ ဆိုးလို့ မျက်အိမ်အောက် ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဖယ်၇ှားပေးနိုင်ပါတယ်

68.မိတ်ကပ်လိမ်း၇င် လည်ပင်းကိုပါ လိမ်းပါ
မိမိ မိတ်ကပ် က စျေးကြီးလို့ နှမြော၇င် စျေးသင့်တာလေး မျက်နှာမိတ်ကပ်နဲ့ အေ၇ာင်ညီတာ လေး၀ယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေး လိမ်းပါ

69.မိတ်ကပ် မလိမ်းခင် skin care တခုခု ခံလူးပါ

70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီး၇င် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်၇ှင်


71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ

72.ခုလို မိုးတွင်းအချိန်ခါမျိူးမှာ နေပူတာနဲ့ အိပ်၇ာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ

73.စိုထိုင်းထိုင်း အနေအထားမျိူးမှာ ဘတ်တီးရီးယားတွေ အ၇မ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ်
ခေါင်းအုံး မသန့်ရင် မျက်နှာ ၀က်ခြံထွက်စေပါတယ်

74.အိပ်ေ၇းပျက်မခံပါနဲ့

75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ

76.ည 12နာ၇ီ နှင့် 1 နာ၇ီအခ်ျန်မှာ မျက်နာက နုပ်ျူခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ်
ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါ
အဲ့အခ်ျန်မအ်ိပ်၇င် မထွက်နိုင်ပါ
{ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေး၇ှိန်ိုင်ပါတယ် ၁၁နာ၇ီနောက်ပိုင်း အိပ်၇မှာက သေချာပါတယ်)
:)

77.အိပ်ရေးပျက်ရင်လဲ ၀က်ခြံထွက်တတ်ပါတယ်

78.အသားခြောက်သူတွေ က ရေဓာတ်ပါ၀င်နဲ့ skincare တွေ လိမ်းပေးပါ

79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ
ရေဓာတ် ပြည့်၀ပါတယ် ကပ်ပေးနိုင်ပါတယ်

80.alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိူးမဆိုလဲမိတ်ကပ် လိမ်းရင် မိတ်ကပ်သားတက်အောင်လူးနိုင်ပါတယ်

81.အ၇မ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေ၇င် စတီးဇွန်း နှစ်ချောင်း ကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ် ကို ကပ်ပေးနိုင်ပါတယ်

82.မိတ်ကပ်၀ယ်တဲ့ အခါ tester ၇ှိတဲ့နေရာက ၀ယ်ပါ

83.tester စမ်းတဲ့အခါ မိတ်ကပ်ကို မိမိအသားအရောင်နဲ့ ကိုက်ညီတာကို ေ၇ွးခြယ်ပါ

84.ရွေးခြယ်သည့်အခါ လက်ဖျံရိုး
မေးရိုး တို့မှာတင်ပြီး ရွေးပါ
အေ၇ာင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိူးရှောင်ပါ
မိတ်ကပ် နံပါတ် ၃ခု ၇ှိ၇င် သုံးခုလုံး နေ၇ာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကိုံရွေးခြယ်ပါ

85.သူများက သုံးလို့ ငါလဲသုံးမယ် ဆိုတာမျိူးရှောင်ပါ

86.သူများနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ

87.မိတ်ကပ်ရွေးခြယ်ဖုိ့ ခက်နေသည့်အခါ မိမိ အသားအ၇ည်နဲ့ အဆင်ပြေမဲ့ ပစ္စည်းကို မေ၇းခြယ်တတ်သည့်အခါ သေချာ နားလည်တဲ့ blogger သို့ မိတ်ကပ်ဆရာဆီမှာမေးပါ

88.ဝါသနာရှင်တွေကို မမေးမိပါစေနဲ့
ပညာရှင်ကိုမေးပါ
၀ါသနာရှင် က ပစ္စည်းအကုန်လုံး မသုံးနိုင်ပါဘူး
တံဆိပ်အမိ်ျိူးမျူိး မသုံးနိုင်ပါဘူး
လက်တွေ့ မသုံးဖြစ်တဲ့အတွက် ဖြေဖုိ့ရာ ညွှန်းဖို့ရာ အရမ်းခက်ခဲပါတယ်
တကယ် သုံးပြီး ညွှန်းတဲ့ လူဆီ ပညာရှင်ဆီမေးပါ

89.နားလည်သူ ညွှန်းတဲ့ မ်ိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကြ counter မှာ၀ယ်ပါ
ထိုပစ္စည်းမှာ sample ဘူးသေးလေး (travel size)တွေထွက်၇င် ၀ယ်သုံးပါ
အဆင်မပြေ၇င် နောက်တခုပြောင်း၀ယ်ဖို့ အသေးထွက်၇င် အသေး၀ယ်ပါ
အဆင်ပြေမှ ဘူးကြီး၀ယ်ပါ

90.ငွေကို ချွေတာလို့၇တဲ့နေ၇ာ ချွေတာပါ
masacara လို eyelinerအ၇ည်လို ၃လလောက်ပဲ ခံတဲ့ ပစ္စည်းတွေကို စျေးအမြင့်ဆုံးထဲ က ၀ယ်မဲ့ အစား စျေး အလတ်စားထဲက ၀ယ်ပါ

91.ဂျိုင်းချွေးနံ့ကို ဂရုစိုက်ပါ
Roll on သုံးပေးပါ
အနံ့ဆိုးတွေက လူတစ်ယောက်နှာခေါင်းရူတ်တာမျိူး မဖြစ်ပါစေနဲ့

92.နားတွေကို ပုံမှန်သန့်စင်ပါ
နားကပ်တွေကို ရေချိူးတိုင်းဖြုတ်ပြီး နားကိုဆေးပါ
နား၇ွက်က ထွက်တဲ့ ဂျီးဟာ ညှီစော်နံပါတယ်

93.တခုခုစားပြီး အသုံးပြုပြီးလက်ဆေး၇င် လူတော်တော်များများ လက်ကို မသုတ်ကြပါဘူး
လက်သုတ်ပါ ပိုးမွှားတွေက လက်မှာ မပေါက်ဖွားအောင်တားဆီးပါ

94.မျက်စိယား၇င် မျက်စဉ်းခပ်ပါ
ဆေးသောက်ပါ
လက်နဲ့ မပွတ်ပါနဲ့

95.ဖုန်း ပိုက်ဆံ လက် ထိုအ၇ာတွေ ဟာ ပိုးမွှားအပေါဆုံး အရာတွေပါ
ညအိပ်၇ာ၀င် မျက်နှာသစ်ခြေထောက်လက်ထောက်ဆေးပြီး
လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ
ဖုန်းကိုလဲ စင်တခုပေါ်တင်ထားပါ

96.မျက်ကပ်မှန် စျေးအပေါစားတွေ မတပ်ပါနဲ့
မျက်လုံးက တအားနုပါတယ်
ဂရုစိုက်ကြပါ

97.မျက်ကပ်မှန်တပ်၇င် ဆေးကို ပုံမှန်လဲပါ
အေးတဲ့နေ၇ာမှာထားပါ
ပိုး၀င်သွား၇င် အန္တရာယ်၇ှိပါတယ်

98.မျက်ကပ်မှန် မတပ်ဖြစ်ခဲ့၇င်တောင် ဆေးရည်ကို ၂ပတ်တစ်ခါ ပုံမှန်လဲပေးပါ
ဒီနေ့တပ်ဖြစ်၇င် ဆေးရည် အသစ်နဲ့လဲပြီး ပြန်ထည့်ထားပါ

99.နပေူပူ မိုး၇ှာ၇ှာ suncream လူးပါ
ခရမ်းလွန်ရောင်ခြည် က တိမ်တွေကိုဖောက်ထွက်ပြီး မြေကမ္ဘာပေါ်ဆင်းသက်နိုင်ပါတယ်
နေပူမှ ခ၇မ်းလွန်ရောင်ခြည် ကျရောက်တာမဟုတ်ပါဘူး

100.ဘီးတွေကို တစ်ပတ်တစ်ခါဆေးပေးပါ

credit to original uploader

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Thitsar Street, Thaketa
Yangon
11231

Other Business Services in Yangon (show all)
Hopin food Hopin food
10A1
Yangon, 11051

Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့် Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့်
Yangon

BKK အဝတ်အထည်များနှင့် ကျောက်ပန်းချီ ကားများ

MMTGW Company Limited MMTGW Company Limited
No. 149, 46th Street Upper Block Botahtaung Township
Yangon, 11072

Heating, Cooling and Bathroom Solution Provider

Shwe mahar transportation Shwe mahar transportation
အမှတ်? 44 သပင်ရွှေထီလမ်း ဘုရင်နောင်
Yangon, 556777

ရွှေမဟာ ကုန်စည် ပိုဆောင်ရေ 095144822

Tzo Fb Service Tzo Fb Service
Yangon

Facebook all in one service

ငွေစုစံ  ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး ငွေစုစံ ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး
No. 1119, 2 Ward, Waitharli Street, East Dagon, Township
Yangon

ဆုနန္ဒာချည်ထည်ရောင်းဝယ်ရေး

WAI GYI WAI GYI
Mingalar Market
Yangon

Silver Star Cluster ငွေကြယ်စင်စု Silver Star Cluster ငွေကြယ်စင်စု
Myeik Street
Yangon

General Service and Language Education

9 Star Online Delivery Service 9 Star Online Delivery Service
တုသိတာ (၂) လမ်း မြောက်ဥကလာပ (က) ရပ်ကွက်
Yangon

9 Star Online Delivery Service

Project.com.mm Project.com.mm
No. 85, Moe Thauk Pan Street, Su Paung Housing, Htu Par Yone (1) Ward, Tharkayta Township
Yangon, 11231

HR, CRM & Project Management System