Aung Thit Sar Aircon Technician Group

Aung Thit Sar Aircon Technician Group

Aircon Service ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ ထပ်တူကျဖို့ အောင်သစ္စာကို ရွေးချယ်စို့ ���

28/01/2023

➡️လူကြီးမင်းတို့၏ Airconများကို စိတ်တိုင်းကျသည် အထိပြုပြင်ပေးခြင်း
➡️အိမ်အရောက်serviceပေးခြင်း
➡️လုပ်ငန်း၊ ရုံးခန်း၊ အလုပ်ခွင် နှင့် အဆောက်အအုံများတွင် aircon များပြုပြင်ခြင်း၊ တပ်ဆင်ခြင်း နှင့် ရွှေ့ပြောင်း ခြင်းများ ပြုလုပ်လိုပါက အောင်သစ္စာကို သတိရလိုက်ပါ
➡️ မှန်ကန်သောဈေးနူန်းဖြင့် ဝန်ဆောင်မူပေးနေပါပြီ ခင်ဗျ

#ပေးချေရသော အခကြေးငွေ နှင့် စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကို ရွေးချယ်စို့🤝🤝🤝🤝
အောင်သစ္စာ Aircon Technician Group
📲 09750074693

09/10/2022

သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ ...
ချစ်ရပါသော မိသားစုဝင်တွေများနဲ့အတူ
စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့်
လိုအင်ဆန္ဒမှန်သမျှလည်း ပြည့်စုံကြပါစေလို့
အောင်သစ္စာမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျ🙏🙏🙏

Photos from Aung Thit Sar Aircon Technician Group's post 23/09/2022

ဒီနေ့ 14လမ်းဆုံမှာ Servicing လုပ်ပေးခဲ့တာလေးပါခင်ဗျ ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အကိုရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

Photos from Aung Thit Sar Aircon Technician Group's post 29/08/2022

မနေ့က ရွှေပြည်သာမှာ Servicing၊ ဖြုတ်၊ ရွှေ့လုပ်ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အကိုရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

14/08/2022

Aircon Remote အကြောင်း သိကောင်းစရာ.......................

ပထမဆုံးအနေနဲ့ အဲယားကွန်း Remote အကြောင်းလေး တင်ပေးပါ့မယ်...

အသုံးပြုတဲ့လူတွေအတွက် သိထားသင့်တဲ့ အကြောင်းအရာပါ...

ယခင်သုံးနေသူများလည်း မသိနားမလည်မဖြစ်ရအောင် ယခုမှ စသုံးသူတွေလည်း သိထားအောင်ပေါ့...

ပထမဆုံးခလုပ်ကတော mode...

👉Mode ကတော ဆရာကြီးဘဲ

Mode တစ်ခုတည်းမှာ function ၅ မျိုးပါဝင်ပါတယ်...

အဲ့တာတွေကတော Remote ရဲ့ ဘယ်ဘက်ဒေါင့်မှာ ပါတဲ့...

1) Auto
2)cool
3) dry
4) heat
5) fan
ဆိုပြီးပေါ့...

1) Auto✅

Auto ကတော auto ပေါ့😁😁.....

auto မှာထားရင်ဖြင့် ခုနားကပြောသလို အဲယားကွန်း auto အလုပ်လုပ်မှာပါ...fan ရော အအေးရောပေါ့ အဲ့ဒီ mode ကို ထားလိုက်ရင် လူက ဘာမှ လုပ်လို့ မရတော့ပါဘူး...ဘာမှလည်း လုပ်စရာမလိုတော့ပါ...အဲယားကွန်းကဘဲ သူလိုအပ်သလို ပြုပြင်ပေးမှာဖြစ်ပါတယ်...

2) Cool✅

Cool ကတော အများသုံးနေတဲ့ function တစ်ခုပေါ့...

Cool mode မှာထားရင် အဲယားကွန်းကို လူက လိုသလို အပူချိန်ကို

အတင်အချ လုပ်လို့ရတယ် fan speed ကိုလည်း လိုသလို ပြုလုပ်

လို့ရပါတယ်...

3) Dry✅

Dry mode ကတော မိုးရာသီ အခန်း စိုထိုင်းတဲ့ အချိန်မှာ သုံးပါတယ်...သူကို​လည်း အသုံးနည်းပါတယ်...

4) Heat✅

Heat mode ကတော အပူအအေး နှစ်မျိုးပါတဲ့ အဲကွန်းမှာသာ

သုံးလို့ရမှာဖြစ်ပါတယ်...

ခုလူကြီးမင်းသုံးနေတဲ့ အဲ့ယားကွန်းမှာ အပူအအေးနှစ်မျိုးသုံး

မဟုတ်ရင်တော သူက အလုပ်မလုပ်ပါဘူး...

5) Fan✅

Fan mode ကတော အအေးမပါဘဲ လေသတ်သတ်ပါ...

Fan mode မှာ ထားခဲ့ရင်တော အအေးမပါဘဲ လေသတ်သတ် ထွက်နေမှာ ဖြစ်ပါတယ်....
,...................................................................

👉Temp

အဲ့တာကတော အပူချိန်ကို အတင်အချလုပ်ပေးတော ခလုပ်ပါ...

ခလုပ်ကနှစ်ခုပါဝင်ပါတယ်....

သူက cool mode ထားချိန်မှာသာ အအေးကို လိုသလို အတင်အချ

ပြုလုပ်လို့ရမှာဖြစ်ပါတယ်...
..........................................................................

👉On/Off

သိတဲ့အတိုင်းဘဲ အဖွင့်အပိတ်ခလုပ် ဖြစ်ပါတယ်....😸
..............,............................................................
👉Fan Speed

သူကတော indoor fan ကို အတိုးအလျော့လုပ်ပေးတဲ့ ခလုပ်ဖြစ်ပါတယ်...

တစ်နည်း ပင်ကာလည်အားကို အတိုးအလျော့လုပ်ပေးတဲ့ ခလုပ်ပေါ့.
................................................................
👉Swing

သူကတော indoor ရဲ့ လေကို အထက်အောက် ဖြန့်ဖြူးအောင်လုပ်

ပေးတဲ့ ခလုပ်ဖြစ်ပါတယ်...
...............................................................
👉Air Flow

သူကလည်း Swing လိုဘဲ လေကို ဘယ်ညာ ဖြန့်ဖြူးပေးတဲ့ ခလုပ်ဖြစ်ပါတယ်...
..............................................................
👉 Timer

သူကတော အချိန်ကို လိုသလို ချိန်ပြီး power ပိတ်စေချင်အောင် လုပ်ပေးတဲ့ ခလုပ်ဖြစ်ပါတယ်.... သူလည်း အသုံးနည်းကြပါတယ်...
..............................................................
👉 Hold

သူကတော hold ခလုပ်ကို ဖိထားပါက remote ရဲ့ မည်သည့်ခလုပ်ကိုမှ အသုံးပြု၍ ရတော့မည်မဟုတ်...ပြန်အသုံးပြု၍ ရချင်ရင်တော ထိုခလုပ်ကို ပြန်နှိပ်မှရပါမေ...ခလေးတွေရှိတဲ့ အိမ်မှာတော အသုံးတည့်မှာဖြစ်ပါတယ်...

အသုံးတော နည်းကြပါတယ်...😁
...........................................................
👉Sleep

Sleep mode ကတော အိမ်မဲ့အချိန် အဲ့ခလုပ် နှိပ်ထားရင် fan speed ကသိသိသာသာ လျော့နည်းလာပြီး လေအနည်းငယ်သာဖြန့်ဖြူးတော့ပါတယ်.... ဒီခလုပ်ကလည်း အသုံးပြုသူနည်းပါတယ်...
...........................................................
👉Turbo

Turbo mode ကတော လေအားကို အဆမတန်မြှင့်လိုက်တဲ့ ခလုပ်ပါ...

သူ့ခလုပ်ကိုတော စဖွင့်ဖွင့်ချင်းအခန်းအရမ်းပူနေတယ်ဆိုရင် အဲ့ mode ဖွင့်ပြီး သုံးကြပါတယ်...
...........................................................

👉Lamp

Lamp ခလုပ်ကတော indoor ပေါ်မှာ ပေါ်နေတဲ့

အပူချိန်ပြဂဏန်း display ကို ပိတ်ပေးဖွင့်​ပေးတဲ့ ခလုပ်ဖြစ်ပါတယ်...

အလင်းရောင်မြင်ပြီး အိပ်မရတဲ့ သူတွေ သုံးကြပါတယ်...
..........................................................

👉Clean

Clean ကတော indoor ထဲရှိ အညစ်အကြေးတွေကို သန့်ရှင်းပေးတဲ့ ခလုပ်ပါ...

သူ့ကိုဖိလိုက်ရင် စက်က အလိုလို ရှင်းပေးတယ်...

သို့ပေမဲ့ သိပ်မထိရောက်ပါဘူး...😁
..............

အားလုံးသော သူများ အဲယားကွန်းသုံးပြီး အေးစိမ့်စွာ အနားယူ အလုပ်လုပ် အိပ်စက်နိုင်ပါစေ...😍

အဲယားကွန်းနဲ့ပတ်သက်ပြီး ပြုပြင်ချင်ပါသလား အအေးပေါ့ပါသလား အသစ်တပ်ဆင်ချင်ပါသလား..ဟလိုလို့သာလုပ်လိုက်ပါ အကောင်းဆုံးပြုပြင်တပ်ဆင်ပေးနေပါပြီ😍

Credit @ original post
Credit @ Photo

Photos from Aung Thit Sar Aircon Technician Group's post 07/08/2022

မနေ့က ဂျပန်လမ်းမှာ Servicing ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အမရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

12/07/2022

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ
ကမ္ဘာသူ ကမ္ဘာသား ပုဂ္ဂိုလ် သတ္တဝါအပေါင်းတို့
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမားနှင့်ပြည့်စုံကျ၍
ကပ်(၃)ပါးဘေးမှ လွတ်မြောက်ပါစေကြောင်း
အောင်သစ္စာမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Photos from Aung Thit Sar Aircon Technician Group's post 25/06/2022

ဒီနေ့ ဟိုက်ပတ်မှာ Removal And Installation လုပ်ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်ပေးတဲ့အကိုရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

Photos from Aung Thit Sar Aircon Technician Group's post 09/06/2022

မနေ့က မြေနီကုန်းမှာ Servicing ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အကိုရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

01/05/2022

2022 May 1 ရက်မှာကျရောက်သော ကမ္ဘာ့အလုပ်သမားနေ
အားအောင်သစ္စာမိသားစုမှ လိူက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

Photos from Aung Thit Sar Aircon Technician Group's post 07/03/2022

မနေ့က ပေါက်တောဝမှာ ပြုပြင်ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အကိုရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

Photos from Aung Thit Sar Aircon Technician Group's post 03/03/2022

ဒီနေ့‌ ပုလဲလမ်းမှာ Servicing လုပ်ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အကိုရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

Photos from Aung Thit Sar Aircon Technician Group's post 02/03/2022

ဒီနေ့‌ ဖော့ကန်၊ ဂျပန်လမ်းမှာ Servicing လုပ်ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အမရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

Photos from Aung Thit Sar Aircon Technician Group's post 02/03/2022

ဒီနေ့ မြေနီကုန်းမှာ Servicing လုပ်ပေးခဲ့တာလေးပါခင်ဗျ☺️☺️☺️
ယုံကြည်စွာနဲ့အလုပ်အပ်ပေးတဲ့အကိုရေ ကျေးဇူးပါခင်ဗျ🙏🙏
လူကြီးမင်းတို့၏ အိမ်သုံး၊ရုံးသုံး Aircon များအား
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းများပြုလုပ်
လိုပါက အောင်သစ္စာကိုသတိရလိုက်ပါ

#ပေးချေရသော အခကြေးငွေနဲ့ စိတ်ကျေနပ်မူ
ထပ်တူကျဖို့ အောင်သစ္စာကိုရွေးချယ်စို့☺️☺️
Aung Thit Sar Aircon Service
📲09750074693

Photos from Aung Thit Sar Aircon Technician Group's post 01/03/2022

အဲကွန်းလုပ်ငန်းခွင်ဝင်စ ညီလေးတို့ အတွက် အဲကွန်းအသစ်တလုံးတပ်တဲ့အခါ ဆောင်ရန်ရှောင်ရန်များ

#အိမ်သုံးအဲကွန်းတွေဖြစ်တဲ့ Split type အဲကွန်းတွေဆင်တဲ့အခါ သိနေပေမယ့်သတိမမူမိတတ်တဲ့
အခြေခံဆောင်ရန်ရှောင်ရန်လေးတွေကို ရှာဖွေတင်ပြချင်ပါတယ်

ပထမဆုံး Split type လို့ ဘာလို့ခေါ်တာလဲဆိုတာ
ပြောပြချင်ပါတယ်။ Split ဆိုတာ ကွဲတာ၊ခွဲထားတာကိုပြောတာပါ။
အဲကွန်းတလုံးရဲ့ အဓိကပစ္စည်းအစိတ်အပိုင်းလေးခုဖြစ်တဲ့


Device
..အတိုကောက်
(2C2E) ကို
စုစုစည်းစည်းစည်းနဲ့တလုံးတည်းစုစည်းထားတဲ့စက်ကို
Packaged type air con လို့ခေါ်ပါတယ်။
အဲဒီလေးခုကိုတစုတဝေးတည်းတနေရာတည်းမထားပဲ
နေရာခွဲထားပြီး ကြားထဲမှာပိုက်နဲ့ ခွဲထားရင်
Split type air con ကို့ ခေါ်ပါတယ်။
Split type တွေမှာ
2C2E ဟာ
သာမာလက်ရှိသုံးနေတဲ့ အိမ်သုံး Split တွေမှာလို
Evaporator အအေးကွိုင်က အခန်းထဲထားပြီး
ကျန်တဲ့ 2C1E က အခန်းအပြင် Out door unit ထဲမှာထားနိုင်သလို

အခန်းထဲက က အအေကွိုင်နဲ့ အတူ Expansion device ကို တွဲထားပြီး အခန်းအပြင် Out door unit ထဲမှာ
2C ပဲထားတာလည်းဖြစ်နိုင်ပါတယ်။

တခါတရံ
အခန်းထဲမှာ 1C+2E ကိုထားပြီး.
အပြင်မှာ အပူကွိုင် Condenser ကိုထားထားတာလည်းဖြစ်နိုင်ပါတယ်။

အဲဒီလိုခွဲထားတဲ့အထဲက
အိမ်သုံး အဲကွန်းတွေထဲက
နံရံကပ်( Wall mounted) အမျိုးအစားတွေ
တွေကို တပ်ဆင်ရတာ အများဆုံးပါ။

အဲဒီ Wall mounted အဲကွန်းတွေကို တပ်ဆင်ရာမှာတော့
ပထမဆုံး (FCU ,Evapအအေးကွိုင်orator)
တပ်ဆင်ဖို့ လုပ်တဲ့အခါ

(1)တပ်ဆင်မည်နေရာရွေးပြီဆိုရင်

# အခန်းတခုလုံးလေအေးပျံနှံ့ရာနေရာဖြစ်သင့်ပါတယ်
#ကြမ်းခင်းကနေ အမြင့်ပေ (၇) ပေမြင့်တဲ့နေရာမှာ
အနည်းဆုံးထားသင့်ပါတယ်။လူအများစုရဲ့ ပုံမှန်အမြင့်ဆုံးအရပ်အမြင့် (၆) ပေအထက် ၁ပေလောက်ပိုမြင့်ထားသင့်ပါတယ်။

#အအေးကွိုင်FCU တပ်မည့်နေရာဟာ
လျှပ်စစ်အသုံးအဆောင်တွေထားရှိသုံးစွဲနေရာနဲ့ အနည်းဆုံး ၁၀ပေ အကွာမှာရှိသင့်ပါတယ်။
#လူရဲ့ အပေါ်ခပ်စောင်းစောင်းမျက်နှာချင်းဆိုင်ဦးခေါင်းနေရာကို
ရှေ့မျက်နှာဖက်ကထားပေးသင့်ပါတယ်။
#တီဗီ မီးဖို အစရှိတဲ့လျှပ်စစ်ပစ္စည်းများရဲ့
နီးကပ်တဲ့ နေရာမှာ မတပ်ဆင်သင့်ပါဘူး
#အဆိပ်အတောက်ဖြစ်စေတဲ့၊
မီးလောင်လွယ်တဲ့ဂက်စ်တွေ ယိုစိမ့်နိုင်တဲ့နေရာတွေ
မှာ အခန်းတွေမှာမတပ်ဆင်ရပါ။
#တပ်ဆင်တဲ့အခါ အအေးကွိုင်(FCU/Indoor Unit)
အပေါ်ထိပ်နဲ့မျက်နှာကြက်အကွာအဝေးက အနည်းဆုံး
၄_လက်မ ခွာပေးထားသင့်ပါတယ်။

(2)အအေးကွိုင်/FCU/Indoor Unit တပ်ဆင်တဲ့အခါ
#စက်အသစ်တွေမှာ ယိုစိမ့်မှုရှိမရှိစမ်းသပ်ထားတဲ့
နိုက်ထရိုဂျင်ဂက်စ် Unit ထဲမှာရှိမရှိ FCU ရဲ့ ပလတ်စတစ် အဖုံးကို ဖွင့်ပြီး အရင်စစ်ဆေးရပါမယ်။
မရှိတော့ရင်တော့ FCU မှာ ဂက်စ်ယိုစိမ့်နေတာဖြစ်နိုင်လို့
ဆိုင်မှာပြန်ပြီးလဲလှယ်သင့်ပါတယ်။

/Indoor unit ရဲ့အထိုင် ဘရက်ကက်ကိုသေချာခိုင်မြဲစွာတပ်ဆင်ရပါမယ်။
စကူချောင်နေတာ ကြွတက်နေတာမျိုးမဖြစ်ရပါဘူး။

/Indoor unit ကို ဘရက်ကက်မှာ တပ်ဆင်တဲ့အခါ
သေချာသပ်ရပ်စွာတပ်ဆင်ရပါမယ်။

#ရေပြင်ညီတည်မတ်ဖြောင့်တန်းစွာတပ်ဆင်ရပါမယ်
#အိမ်ရှင်နှင့်ညှိနှိုင်းသတ်မှတ်ထားသော နေရာမှာတပ်ပေးရပါမယ်။သူနဲ့ညှိနှိုင်းတဲ့နေရာက
နည်းပညာအရတပ်ဆင်ဖို့အဆင်မပြေရင် သေချာပြောပြပြီး လိုအပ်သလိုညှိနှိုင်းတပ်ဆင်ရပါမယ်။
ရေကျပိုက် သွယ်တန်းဖို့ အဆင်ပြေတဲ့နေရာကိုဦးစားပေးရွေးချယ်သင့်ပါတယ်။
အဲဒါကအမြဲတမ်းပြသနာတက်တတ်လို့ပါ

(3)နံရံအပေါက်ဖောက်တဲ့အခါ
#ဂက်စ်ပိုက်တွေနဲ့ရေကျပိုက်တပ်ဆင်ဖို့ နံရံဖောက်ဖို့ပြင်ဆင်ချိန်မှာ တာပေါ်လင်စ သို့မဟုတ်
ပလတ်စတစ်စပါးပါးကို ကြမ်းခင်းနဲ့ ဖောက်မည့်နံရံ
ဖက်မှာ အရင်အုပ်ထားသင့်ပါတယ်။
မအုပ်ထားမိရင် နံရံဖောက်လို့ထွက်လာတဲ့
ဖုန်တွေ ၊အမှုန်တွေက အခန်းရဲ့နံရံနဲ့ ကြမ်းခင်းကို
ညစ်ပတ်စေတတ်လို့ပါ။
#နံရံဖောက်တဲ့အခါ အပေါက်ကို တည့်မဖောက်ပဲ
အောက်ကို အနည်းငယ်(10mm) လောက်စောင်းပြီး သင့်တော်ရုံသာဖောက်သင့်ပါတယ်။
လိုအပ်တာထက် ပိုပြီးကျယ်တာ နံရံရဲ့မဆလာတွေ
အများကြီးကွာကျတာမျိုးမဖြစ်အောင်ဖောက်ရပါမယ်။

အဲဒါမှသာရေကျပိုက်က ရေကျဖို့ အဆင်ပြေစေသလို
နံရံအပြင်က မိုးရွာလို့ နံရံတလျှောက် ကျဆင်းလာတဲ့
ရေစီးကြောင်းကို အခန်းထဲပြန်ပြီး စိမ့်မဝင်လာစေဖို့ပါ။

အဲဒီရေတွေစိမ့်ဝင်လာရင်တော့ နံရံကဆေးတွေကြွတက်လာတာ ညစ်ပတ်ပြီးမှိုတက်တာတွေဖြစ်လာနိုင်လို့ပါ။

#ဖောက်ပြီး ရေကျပိုက်တွေဂက်စ်ပိုက်တွေတပ်ပြီဆိုရင်တော့
စက်အသစ်တွေဆိုရင်ပုံးတွေထဲမှာ ပါလာတဲ့
ရာဘာ အပိတ်တွေတပ်ဆင်ပေးသင့်ပါတယ်။
အပြင်ဖက်လည်း ဘိလပ်မြေပလာစတာ သွိုမဟုတ်
တချို့ စက်အသစ်တွေမှာအသင့်ပါလာတတ်တဲ့
ပလာစတာ နဲ့ ပြန်ပြီးပိတ်ပေးရပါမယ်။
အဲဒါမှသာ ပြင်ပက မိုးရေနဲ့ အကောင်တွေအလွယ်တကူမဝင်နိုင်မှာပါ။

(4)ကြေးပိုက်တွေ ဂျွိ ုင်းတဲ့အခါ

#ကြေးပိုက်တွေကို Indoor Unit နဲ့ Out door Unit
တပ်ဆင်ဖို့ နံရံဖြတ်ပြီးသွယ်တန်းချိန်မှာ ပိုက်အပေါက်တွေကို ဝါယာတိပ် ဖြစ်စေ တခုခုနဲ့ဖြစ်စေသေချာ ဖုံးအုပ်ပြီးမှ သွယ်တန်းရပါမယ်။
သွယ်တန်းချိန်မှာဖုန်တွေ အညစ်အကြေးတွေ
ပိုက်ထဲ ဝင်တတ်လို့ပါ။

#ဖလဲခေါင်းတွေဖော်ပြီဆိုရင် ဆီလေးသုတ်ပြီးမှခေါင်းတွေဖော်ရင် ပိုပြီးချောမွေ့လို့
လုပ်ရကိုင်ရတာလည်းအဆင်ပြေစေပါတယ်။
ဖလဲခေါင်းကော်လံတွေက ဖလဲနတ်ခေါင်းနဲ့
ဖလဲနတ်အထိုင်နဲ့သင့်တော်တဲ့အတိုင်းအတာပဲဖြစ်ရပါမယ်
ပိုပြီးအရွယ်အစားကြီးနေတာ၊သေးနေတာဖြစ်ရင်တော့
ဂက်စ်ယိုစိမ့်နိုင်ပါတယ်၊အဲဒါကြောင့်သတိပြုရပါမယ်။
သေချာဂရုမစိုက်မိရင် အချိန်ကုန် ငွေကုန် နာမည်ပျက်ဖြစ်တတ်ပါတယ်။

တချို့ဖလဲဖော်တဲ့ လက်သုံးပစ္စည်းတွေဟာ နဂိုတည်းက
မကောင်းတဲ့လက်သုံးပစ္စည်းတွေရှိတတ်ပါတယ်။
အဲဒီအခါ ဖလဲခေါင်းချိုင့်နေတာ ဖောင်းနေတာဖြစ်တတ်ပါတယ်၊အဲဒီအခါဂက်စ်ယိုစိမ့်တတ်ပါတယ်။

#ဖလဲခေါင်းတွေကို အထပ်မြင့်တိုက်ခန်းတွေမှာဆိုရင်တော့
Indoor Unit နဲ့ Outdoor unit ပိုက်ဂျွို င်းကို
အခနိးတွင်းမှာထားသင့်ပါတယ်။အဲဒါမှသာ
စက်ချွတ်ယွင်းလို့ ပြင်ဆင်တဲ့အခါ၊
ဆားဗစ်လုပ်တဲ့အခါ လွယ်ကူစေမှာပါ။
တထပ်အဆောက်အဦးနိမ့်တွေမှာတော့ ဘယ်လိုထားထား
အဆင်ပြေပါတယ်။

#ဖလဲနတ်ခေါင်းတွေကြပ်တဲ့အခါ ဂွနှစ်ချောင်းနဲ့
သင့်တော်တဲ့တင်းအားနဲ့သာကြပ်ရပါမယ်။
အရမ်းကြပ်တာ ချောင်နေတာမျိုးမဖြစ်ရဘူး။
အဲဒီလိုဖြစ်နေရင်
ဖလဲကော်လံတွေ ဂက်စ်မလုံဖြစ်တပ်ပါတယ်။

#ကြေးပိုက်တွေကိုဖော့ပတ်တဲ့အခါ အပေါ်က ပတ်တိပ်ကို
အရမ်းတင်းကြပ်နေအောင် မပတ်ရပါဘူး သင့်တော်ရုံ
သာပတ်ရပါတယ် အရမ်းတင်းနေရင် ကြေးပိုက်အတွက်အပူကာစွမ်းအား နည်းသွားပါမယ်။
အဲဒီအခါစက်ရဲ့စွမ်းဆောင်ရည်ကျဆင်းတာ
၊ရေသီးတာတွေဖြစ်လာနိုင်ပါတယ်။
ဖော့ပတ်တဲ့အခါမှာလည်း တချောင်းစီခွဲပတ်သင့်ပါတယ်။
အဲဒါမှာသာ စက်ရဲ့စွမ်းဆောင်ရည်က ပိုက်နှစ်ခေါင်းကို ပူးပြီးဖော့ပိုက်စွပ်ထားတာထက် ပိုမြင့်လာစေမှာပါ။

(5)အောက်ဒိုး(Outdoor unit/condensing unit/CU)တပ်ဆင်တဲ့အခါ

#အောက်ဒိုးဘရက်ကက်ကို သေချာခိုင်ခန့်အောင်မဖြစ်မနေ စစ်ဆေးတပ်ဆင်ရပါမယ်။
တပ်ဆင်ပြီးတဲ့အခါမှာလည်း ခိုင်ခန့်မှုရှိမရှိသေချာ
စစ်ဆေးရပါမယ်။ခိုင်ခန့်မှာသာ ဆားဗစ် ပြန်လုပ်တဲ့အခါ
အန္တရယ်ကင်းကင်းနဲ့ အားကိုးပြီး သုံးနိုင်မှာမလို့ပါ။
အရမ်းအရေးကြီးပါတယ်။
#အောက်ဒိုးယူနစ်ကို ဘယ်သူအတွက်မှ အနှောက်အယှက်မဖြစ်တဲ့နေရာမှာတပ်ဆင်ရပါမယ်။
#အောက်ဒိုးယူနစ်တပ်ဆင်တဲ့နေရာဟာ
ဖြစ်နိုင်ရင်နေတိုက်ရိုက်ထိုးတဲ့ အရပ်နဲ့
မျက်နှာချင်းဆိုင် မတပ်ဆင်သင့်ပါဘူး။
ကွန်ပရက်ဆာဝန်ပိုပြီး...စက်ရဲ့စွမ်းဆောင်ရည်နိမ့်စေတဲ့အပြင် သက်တမ်းလည်းတိုစေပါတယ်။

#အောက်ဒိုးယူနစ်ရဲ့ကွိုင်တွေကို အလွယ်တကူပိတ်စေတတ်တဲ့ အမှုန်အမွှားပစ္စည်းတွေ
ပျံ့လွင့်တတ်တဲ့နေရာမှာလည်းမတပ်ဆင်သင့်ပါဘူး
#အောက်ဒိုးယူနစ်တပ်တဲ့အခါ ကွိုင်နဲ့နံရံကြားမှာ အနည်းဆုံး
(၈လက်မ) နေရာလွတ်ရှိရပါမယ်။

#အောက်ဒိုးယူနစ်ရဲ့ရှေ့မျက်နှာစာဟာအနည်းဆုံး
(၂ပေ)ရှိသင့်ပါတယ်။
#အောက်ဒိုးယူနစ်ရဲ့ဘေးပတ်လည်မှာ နေရာလွတ်ရှိပြီးလေဝင်လေထွက် ကောင်းတဲ့နေရာမှာသာတပ်ဆင်ရပါမယ်။
မဟုတ်ရင်တော့ စက်ရဲ့သက်တမ်းတိုပါမယ်။

(6)Out door unit ကြေးပိုက်တွေ ဂျွိုင်းတဲ့အခါ
# ကြေးပိုက်တဖက်ကနေ ဖြစ်နိုင်ရင်နိုက်ထရိုဂက်လွှတ် ဖိအားနဲ့ ပိုက်ထဲက အမှုန်အမွှားတွေ သန့်စင်ပြီးမှ
တပ်ဆင်သင့်ပါတယ်။

#ဖလဲခေါင်းတွေဖော်ပြီဆိုရင် ဆီလေးသုတ်ပြီးမှခေါ်တွေဖော်ရင် ပိုပြီးချောမွေ့လို့
လုပ်ရကိုင်ရတာလည်းအဆင်ပြေစေပါတယ်။
ဖလဲခေါင်းကော်လံတွေက ဖလဲနပ်ခေါင်းနဲ့
ဖလဲနပ်အထိုင်နဲ့သင့်တော်တဲ့အတိုင်းအတာပဲဖြစ်ရပါမယ်
ပိုပြီးအရွယ်အစားကြီးနေတာ၊သေးနေတာဖြစ်ရင်တော့
ဂက်စ်ယိုစိမ့်နိုင်ပါတယ်၊အဲဒါကြောင့်သတိပြုရပါမယ်။
သေချာဂရုမစိုက်မိရင် အချိန်ကုန် ငွေကုန် နာမည်ပျက်ဖြစ်တတ်ပါတယ်။

တချို့ဖလဲဖော်တဲ့ လက်သုံးပစ္စည်းတွေဟာ နဂိုတည်းက
မကောင်းတဲ့လက်သုံးပစ္စည်းတွေရှိတတ်ပါတယ်။
အဲဒီအခါ ဖလဲခေါင်းချိုင့်နေတာ ဖောင်းနေတာဖြစ်တတ်ပါတယ်၊အဲဒီအခါဂက်စ်ယိုစိမ့်တတ်ပါတယ်။
#ဖလဲနပ်ခေါင်းတွေကြပ်တဲ့အခါ ဂွနှစ်ချောင်းနဲ့
သင့်တော်တဲ့တင်းအားနဲ့သာကြပ်ရပါမယ်။
အရမ်းကြပ်တာ ချောင်နေတာမျိုးမဖြစ်ရဘူး။
အဲဒီလိုဖြစ်နေရင်
ဖလဲကော်လံတွေ ဂက်စ်မလုံဖြစ်တပ်ပါတယ်။

#ကြေးပိုက်တွေကိုဖော့ပတ်တဲ့အခါ အပေါ်က ပတ်တိပ်ကို
အရမ်းတင်းကြပ်နေအောင် မပတ်ရပါဘူး သင့်တော်ရုံ
သာပတ်ရပါတယ် အရမ်းတင်းနေရင် ကြေးပိုက်အတွက်အပူကာစွမ်းအား နည်းသွားပါမယ်။
အဲဒီအခါစက်ရဲ့စွမ်းဆောင်ရည်ကျဆင်းတာ
၊ရေသီးတာတွေဖြစ်လာနိုင်ပါတယ်။
ဖော့ပတ်တဲ့အခါမှာလည်း တချောင်းစီခွဲပတ်သင့်ပါတယ်။
အဲဒါမှာသာ စက်ရဲ့စွမ်းဆောင်ရည်က ပိုက်နှစ်ခေါင်းကို ပူးပြီးဖော့ပိုက်စွပ်ထားတာထက် ပိုမြင့်လာစေမှာပါ။

trunking တွေ တပ်ဆင်ထားတယ်ဆိုရင်တော့
အဖုံးတွေ ထောင့်ချိုးတွေမှာ သေချာလုံခြုံမှုရှိစေဖို့
ဂရုစိုက်တပ်ဆင်ဖုံးအုပ်ပေးဖို့လိုပါမယ်။

(7)လျှပ်စစ်ဝါယာကြိုးတွေတပ်ဆင်တဲ့အခါ

#ဖြစ်နိုင်ရင် Earth ကြိုးကိုမဖြစ်မနေထည့်သွင်းတပ်ဆင်သင့်ပါတယ်။

#ဝါယာ ကြိုးတွေပေါက်နေပြီးအဲကွန်းကြေးပိုက် ဒါမှမဟုတ် ဘော်ဒီနဲ့ထိနေတာ ရှိမရှိ မီတာနဲ့ စမ်းသပ်ပြီးမှ စက်မှာ တပ်ဆင်သင့်ပါတယ်။
မဟုတ်ရင် အသက်အန္တရယ်ရှိနိုင်ပါတယ်။

#ဝါယာအရွယ်အစားကိုလည်း စက်ရဲ့ သတ်မှတ်ထားတဲ့ အမ်ပီယာ ပမာဏထက် မသေးတဲ့ အရွယ်အစားကို မဖြစ်မနေတပ်ဆင်ပေးရပါမယ်။

#ဝါယာတွေတပ်ဆင်တဲ့အခါမှာလည်းအစတွေထွက်နေတာ ချောင်နေတာ ရှိမရှိ တပ်ဆင်ပြီးတဲ့အခါ ပြန်လည်စစ်ဆေးရပါမယ်။

(8)စက် စတင်ပြီး မောင်းဖို့ပြင်ဆင်တဲ့အခါ

#ကြေးပိုက်တွေ ဝါယာတွေ အားလုံးတပ်ဆင်ပြီးစီးတဲ့ အခါ လေစုပ်ပန့် (Vacuum pump) နဲ့ ပိုက်လိုက်တွေထဲက လေနဲ့ရေငွေ့တွေ ပြောင်စင်အောင်
မစုပ်ခင် နိုက်ထရိုဂျင်ဂက်စ် 200PSI လောက်ထိုးထည့်ပြီး ပိုက်လိုင်တွေ ယိုစိမ့်မှုရှိမရှိ နာရီဝက်လောက်အရင်စမ်းသပ်သင့်ပါတယ်။မယိုစိမ့်တော့မှ နိုက်ထရိုဂျင်တွေကိုဖောက်ထုတ်ပြီး ကုန်သွားရင် လေစုပ်ပန့် (Vacuum pump) နဲ့ ပိုက်လိုင်းထဲက လေကုန်အောင်(-30inHg) ရောက်အောင် (၁၅) မိနစ်လောက်
စုပ်ထုတ်ပြီး
ကုန်တာသေချာမှ Outdoor Unit ရဲ့ ဗားတွေကိုဖွင့်ပြီးစက်မောင်ဖို့ပြင်ဆင်ရပါမယ်။

#စက်မမောင်းမီ လျှပ်စစ်ဗို့အား သတ်မှတ်ထားတဲ့အတိုင် း(၁၉၀မှ ၂၃၀ကြား) ရှိမရှိ စမ်းသပ်တိုင်းတာပြီးသတ်မှတ်ချက်အတိုင်းရှိမှ စက်ကို လျှပ်စစ် ပေးသင့်ပါတယ်။

#စက်မောင်းတဲ့အခါ သတ်မှတ်ထားတဲ့ ဂက်စ်ဖိအားနဲ့ သတ်မှတ်ထားတဲ့ လျှပ်စီးအမ်ပီယာ ရှိမရှိ သေချာ
စစ်ဆေး ရပါမယ် ။အရမ်းများနေရင် ဂက်စ်ပမာဏ
ပိုနေတာ ပိုက်လိုင်း ပိတ်နေတာရှိမရှိစစ်ဆေးပြီး ဂက်စ်များနေရင် ပိုနေတဲ့ပမာဏကို
ပြန်လည်သိမ်းဆည်းသင့်ပါတယ်။လျော့နေရင်တော့
သတ်မှတ်ထားတဲ့ ပမာဏရောက်သည်အထိထပ်မံဖြည့်တင်း ပေးရပါမယ်။

(9)အားလုံးတပ်ဆင်ပြီးလို့ စမ်းသပ်မောင်းနှင်ပြီးသွားတဲ့အခါ..

#ရေကျပိုက်တွေ ရေကျတာမှန်မမှန် နာရီဝက်လောက်စောင့်ကြည့်စစ်ဆေးသင့်ပါတယ်
#အောက်ဒိုးယူနစ်ရဲ့ အပူစွန့်ထုတ်မှု့မှန်မမှန်စစ်ဆေးသင့်ပါတယ်
#ယူနစ်တေရဲ့ အသံဆူညံမှုရှိမရှိ စစ်ဆေးသင့်ပါတယ်
#ရီမုတ်တွေရဲ့ ဖန်ရှင် မှန်မမှန် စစ်ဆေးပြီးအိမ်ရှင်ကို
သေချာရှင်းပြအပ်နှံသင့်ပါတယ်
#ကိုယ့်ရဲ့ လက်သုံးပစ္စည်းတွေ သေချာသန့်ရှင်းရေလုပ်ပြီး ပြည့်စုံအောင်ပြန်လည်သိမ်းဆည်းသင့်ပါတယ်။
#အိမ်ရှင်ကိုလည်း သိသင့်တာတွေ ရှင်းပြပြီးလိုအပ်တဲ့ သန့်ရှင်းလုပ်ငန်းတွေပြီးစီးအောင်ဆောင်ရွက်ပေးခဲ့ဖို့လိုပါတယ်။

ဒါတွေကတော့ အိမ်သုံးအဲကွန်းတွေတပ်ဆင်ရာမှာ
တပ်ဆင်သူတွေအတွက် သတိမူသင့်တဲ့ အချက်ကလေးတွေကိုမျှဝေပေးတာပါ။

Crd # #ကိုနန္ဒမိုး

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Other Heating, ventilating & air conditioning in Yangon (show all)
Golden Eagle Aircon Sale & Service Golden Eagle Aircon Sale & Service
No. 67 Nawarat 11st, 8 Ward, Thaketa Township
Yangon, 11231

Aung Brothers Aircon, Refrigerator and Washing Machine Service Aung Brothers Aircon, Refrigerator and Washing Machine Service
78လမ်းဆုံ မြောက်ဒဂုံ
Yangon

AUNG MYAT Enginnering group AUNG MYAT Enginnering group
No. 144. 8 Street( 1)Quarter Mayangon Township
Yangon

Mahar Engineering Service Mahar Engineering Service
No. 826/U Kyin Au St/32 Qtr/Northdagon
Yangon, 123

မှန်ကန်သော ဈေးနှုန်း စစ်မှန်သော စေတနာ ခိုင်မာသော အာမခံ

A.M.K Air Con Services A.M.K Air Con Services
Baho Street
Yangon

Own business

Family Air-Con Sale & Service Family Air-Con Sale & Service
No. 65, Bayint Naung Road, Yangon(North Dagon)
Yangon, 11111

Air-Conများအတွက် ၂၄နာရီ ဝန်ဆောင်မူပေးနေသော Service ကိုရှာနေပါသလား။ဒါဆိုရင် ဒီPage ကို Likeလုပ်ထားပါနော်

𝐆𝐋𝐎𝐁𝐀𝐋 - 𝐀𝐢𝐫 𝐂𝐨𝐧 𝐁𝐮𝐲&𝐒𝐞𝐥𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐆𝐋𝐎𝐁𝐀𝐋 - 𝐀𝐢𝐫 𝐂𝐨𝐧 𝐁𝐮𝐲&𝐒𝐞𝐥𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
အမှတ်(၆၅၁)၊ မာဃလမ်းသွယ်(၈)၊ တောင်ဥက္ကလာပမြို့နယ်
Yangon, 11091

Air Con အဟောင်း/အပျက် ရောင်းဝယ်ရေး

Three Star-6 Air-con Sales & Service Three Star-6 Air-con Sales & Service
No. 98, Thudhamma Road, North Okkalapa Township
Yangon, 11111

Air-con နဲ့ ပတ်သတ်လာရင် စိတ်ချရဆုံးက Three Star

Ko Thant Ko Thant
North Dagon
Yangon

Kaung San Kaung San
Lat Wae Thonedaya Street
Yangon

Air-Con Joker Air-Con Joker
Thingaha Street
Yangon

Air-con seconds buying & sale service

Royal Star Engineering Group Royal Star Engineering Group
အမှတ်(၃၂)၊ မြေညီထပ်၊ သရက်တောလမ်း၊စမ်းချောင်းမြို့နယ်
Yangon, 11111

Air-Con, Refrigerator, Washing Machine Door to Door Service