Myat Pharmacy & Beauty essential

Myat Pharmacy & Beauty essential

You may also like

FPOPS Urriso
FPOPS Urriso

...

30/03/2023

ဆိုင်ပိတ်ထား၃လလောက်ရှိသွားပြီ

27/11/2022

5️⃣0️⃣0️⃣0️⃣ ကျပ်စွန်းစွန်းလေးနဲ့ ဘာစားချင်လဲပြောပါ

#မာလာရှမ်းကော ?
#ဝက်ဆလပ် ?

27/11/2022

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးငယ်၏ မျက်နှာကို မမေရီ ငေးကြည့်နေသည်။ အိပ်မက်ကောင်း မက်နေ၍ထင်သည်။ မျက်နှာပေါ်မှာ အပြုံးလေးနှင့်။ သမီးလေး၏ အိပ်မက်မှာ အဝေးကအိမ်ဆီ ပြန်ရောက်နေသော အိပ်မက်မျိုးလည်း ဖြစ်နိုင်ပါသည်။

“အခုဆိုရင် ကျွန်မတို့ ရွာကနေ ရွှေ့ပြောင်းလာရတာ ကိုးလလောက်ရှိပြီ”ဟု သားသမီး သုံးဦး၏ မိခင် မမေရီက ပြောပြနေသည်။ သူ့ဇာတိက စစ်ကိုင်းတိုင်းရှိ ရွာလေးတစ်ရွာ။ ရွာကနေ ရွှေ့ပြောင်းဖို့ ဖြစ်လာတော့ ဆွေမျိုးများဆီ ဆက်သွယ်ပြီး ခရီးရှည်ကို စခဲ့ရသည်။ ယခု ယာယီနေထိုင်ရာ ချင်းပြည်နယ်က နေရာဆီ ရောက်ဖို့ အချိန် သုံးပတ်နီးပါး ကြာမြင့်ခဲ့ပါသည်။

“ကျွန်မတို့ ထွက်ခဲ့တဲ့နေ့မှာ မိသားစု စုံစုံလင်လင် ထွက်ခဲ့တယ်။ ပြီးတော့ အတူနေ သားသမီးလည်း မရှိတဲ့ အိမ်နီးနားချင်း အဘိုးအဘွား နှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့တယ်”

လတ်တလောတွင် တစ်မိသားစု နေထိုင်ဖို့ရာ ရရှိထားသော ယာယီတဲမှာ သူတို့ နေကြရသည်။ နေရေးထိုင်ရေး အဆင်ပြေသည် ဆိုနိုင်ပေမယ့် အရင်တုန်းက ဘဝနှင့်တော့ များစွာ ကွာခြားခဲ့ပြီ။

“ဒီနေရာမှာတော့ ရေ၊ မီး ခက်ခဲတယ်၊ အစစ အရာရာ ခက်ခဲပါတယ်။ အာဟာရအတွက်ကျတော့လည်း ဟင်းနဲ့ ထမင်း လောက်ငှအောင် စားဖို့အတွက်ကိုတောင် ဝယ်ခြမ်းစရာ ကုန်ကြမ်းက ရှားတယ်။ စားနပ်ရိက္ခာ အခက်ခဲဆုံးပါပဲ။ နောက်ပြီး ဆေးဝါးလည်း လိုတယ်”

မမေရီတို့ နေထိုင်ရာဝန်းကျင်မှာ ဝင်ငွေရသော အလုပ်များ လုပ်ကိုင်ရန် အခွင့်အလမ်း မရှိပါ။ သူ့အမျိုးသားက တောတောင်ထဲ မျှစ်ချိုးဟင်းရှာ လုပ်ပါသည်။ အာဟာရ ချို့တဲ့၍ ကလေးငယ်နှင့် သက်ကြီးရွယ်အိုအချို့ မကျန်းမမာ ဖြစ်ကြတာကိုလည်း သူ တွေ့နေရပါသည်။

“အဖွဲ့က ကျွန်မတို့ကို အနွေးထည်တွေ၊ အိုးခွက်တွေ အစခပ်သိမ်း ထောက်ပံ့ပေးတယ်၊ စားနပ်ရိက္ခာဆိုရင်လည်း ဆီတို့ဘာတို့ ထောက်ပံ့ပေးလို့ အတော်လေး အဆင်ပြေသွားတယ်။ တကယ် ကျေးဇူးတင်ပါတယ်”

“နေ့တဓူဝ ဘယ်လို စားသောက်နေထိုင်သလဲဆိုတော့ ကျွန်မတို့နေတဲ့နေရာကပဲ ဆိုင်ကယ်ရှိတဲ့သူက မြေပြန့်က ကုန်စုံဆိုင်ကို သွားဝယ်ရတယ်။ အဖွဲ့က ကူညီထားတဲ့ အထောက်အပံ့ငွေနဲ့ပဲ ဆိုင်ကယ်ဆီဖိုး၊ စားစရိတ်ဖိုးတွေ ရတာပါ။ ဒီထောက်ပံ့ကြေးငွေနဲ့ပဲ စားဝတ်နေရေး လုံးပန်းနေရတာပါ။ အဖွဲ့က အဓိက ကူညီပေးတာက ကလေးကိုပဲ ဆိုပေမယ့် သူတို့အတွက် လုပ်ပေးရမယ့် ကိုယ့်ရဲ့ အသုံးစားရိတ်ကို ချွေတာလိုက်နိုင်တယ်”

ကိုယ်ကိုယ်တိုင် ပညာကောင်းစွာ မသင်ခဲ့ရသူမို့ သားသမီးများကိုတော့ ပညာတတ်များ ဖြစ်စေချင်သည်။ ယာယီနေထိုင်ရာမှာ သမီးတစ်ဦး ပညာသင်ယူနေသည်။ နောက်တစ်ဦးက နှစ်မိုင်ခန့်ဝေးသည့် ရွာလေးမှာ ကျောင်းသွားတက်ရသည်။ သမီးလေး ကျောင်းသွားချိန်တိုင်း လမ်းခရီးမှာ ဘေးကင်းစေဖို့ မမေရီ ဆုတောင်းနေရသည်။

“ကလေးတွေကို ဒီနေရာမှာ နေတတ်အောင် သင်ပြ၊ ပြောပြပေးတယ်။ တကယ်လို့ နောက်တစ်နေရာ ပြောင်းဖို့ လိုအပ်လာရင်လည်း အဆင်သင့်ဖြစ်နေအောင် ကျွန်မ သင်ပေးထားပါတယ်”

မမေရီ၏ မျက်နှာပေါ်တွင် စိတ်ပန်းလူပန်း အရိပ်အယောင်များ ထင်ဟပ်နေသော်လည်း စိတ်ခွန်အား ရှိသော မိခင်တစ်ဦး၏ အပြုံးကတော့ တောက်ပနေဆဲဖြစ်ပါသည်။

*မမေရီ
အသက် ၃၈ နှစ်၊ ရင်သွေးသုံးဦး၏ မိခင်
စစ်ကိုင်းတိုင်းဒေသကြီး။

*အမည်ရင်းကို လွှဲပြောင်းအသုံးပြုထားပါသည်။

27/11/2022

အချိန်ရောက်ပြီးလား ⁉️
Detox ရမည့်အချိန်

💩 အမှိုက်များကိုဖယ်ရှားသည်
💩 အဆိပ်အတောက်များကိုဖယ်ရှားပေးသည်

ဘာကြောင့်လဲဆိုတော့အူတွေဟာအမှိုက်လိုပါပဲ။
နေ့တိုင်းသန့်ရှင်းရေးလုပ်ရမယ်
ခန္ဓာကိုယ်လှပစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားချင်ပါက FIBETO ကိုသာရှာလိုက်ပါ
---------------------------------------
👉ဆက်သွယ်ရမည့်နေရာ
👉အမြန်ဖုန်း
☎️ 096-693-46886 / 096-888-48307
📩 Chatbox
📩 Website : [www.wpluscare.com/mm/](http://www.wpluscare.com/mm/?fbclid=IwAR2xhJHlAoHW1nrKcI5X9bktdBufVLBg2bgS5rVgKrj3Vb_gbS1vQpMyH6Q)

27/11/2022

ညှစ်ထားသောနို့ကိုဘယ်လိုသိမ်းမလဲ ဒီတစ်ခေါက်မှာတော့ အလုပ်များတဲ့ မေမေတွေ အတွက် မိခင်နို့ကို ညှစ်ထားပြီးရင် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာပြောပြပေးမယ် နော် 🍼🤱🏻

မေမေတို့ရေ ညှစ်ပြီးကာစ လတ်လတ်ဆတ်ဆတ်နို့ရည်ဟာ အခန်းတွင်းအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃ရ ဒီဂရီစင်တီဂရိတ်တွင် ၄နာရီ၊ ၁၅ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်တွင် ၈ နာရီ၊ ၁၅ ဒီဂရီစင်တီဂရိတ်အောက်တွင် ၂၄ နာရီ သိမ်းထားနိုင်ပါတယ်ရှင် 🌡

ရေခဲသေတ္တာရဲ့ ရေခဲစေနိုင်သော Freezer တွင် ညှစ်ထားသောနို့ကို ထားပါက ၂ ပတ် (၁၄)ရက်အထိ ထားနိုင်ပါတယ်။ ရေခဲသေတ္တာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်တွင် နို့ရည်ကို (၈) ရက်ကြာ ရေခဲသေတ္တာ၏ ရေခဲစေနိုင်သော Freezer တွင် သိမ်းထားလို့ရပါတယ်။ ❄️

ဒါပေမဲ့ ၂ ရက်မှ ၅ ရက်အတွင်း တိုက်ပါက ပို၍ကောင်းပါတယ် မေမေရေ။ ရေခဲသေတ္တာထဲမှာ ထည့်ထားသောနို့ရည်ကို ရေနွေး ထည့်ထားသော ခွက်တွင် ထည့်စိမ်ပြီး နွေးလို့ရတယ် နော်။ အေးခဲထားသော နို့ရည်ကို မိုက်ခရိုဝေ့ (microwave) ထဲတွင် ဆူစေခြင်း၊ အပူပေးခြင်း မလုပ်ရဘူးနော် ❌

ကိုယ်ဝန်ဆောင်မိခင်နှင့် မေမေတို့အတွက် ကျန်းမာရေးပညာပေးများသိရှိနိုင်ဖို့ Obimin Viber Community Group ကို အခုပဲ join လိုက်ပါ 💕💛

Obimin Viber Community Group: https://bit.ly/36hVNjL

Photos from Myat Pharmacy & Beauty essential's post 09/11/2022
09/10/2022

သီတင်းကျွတ်အခါသမယမှာ
စိတ်ချမ်းသာခြင်း၊
ကိုယ်ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေကြောင်း
ဆုတောင်းမေတ္တာ
ပို့သပါတယ် နီးနေဝေးနေ ဆရာသမား လူကြီးမိဘ များ ရိုသေစွာရှိခိုးကန်တော့ပါတယ်
🙏🏻🙏🏻🙏🏻

09/09/2022

တကယ်ပါ

Timeline photos 09/09/2022
09/09/2022

မိသားစုတွေ ဒီမှာမရှိတဲ့ ဘွားဘွားတယောက်ရဲ့ စကားလေးပါ။

05/09/2022
05/09/2022

ဆိုင်စတင်ချိန်ကစလို့ကြုံရသမျှလောကဓံတို့ကို ကြံ့ကြံ့ခံနေဆဲပါ
💪💪💪💪💪💪💪

23/05/2022

Maybelline Fit me (3in1 set)
Instock!!!

Fit me Make up set (3 in 1)
Foundation မိတ်ကပ်ရည် , 2 way cream pact လေးအပြင် အမည်းစက်အနာအဆာဖုံး Concealer gloss လေးတစ်ချောင်းပါ ပါပါတယ်နော်

နှစ်ရောင်လုံးက သဘာဝ အသားရောင်လေးမို့ ညိုသူ ဖြူသူ အားလုံး သုံးလို့ရတဲ့အပြင် မိတ်ကပ်သားညက်ညက်လေးမို့ တနေကုန် အဆီမပြန် မိတ်ကပ်မကွက်
ဝင်းအိလှပနေစေပါတယ်...
Concealer လေးပါ တခါတည်းပါတော့ မျက်နှာလေး အနာအဆာမရှိ ပြစ်မျိုးမှဲ့မထင် လှပသွားပြီပေါ့နော်....
foundation လေးလိမ်း , concealer လေးနဲ့ အနာအဆာလေးတွေ ဖုံးအုပ်ပေးပြီး အပေါ်က cream pact လေး ရိုက်လိုက်တာနဲ့ တနေကုန် မိတ်ကပ်မပျက်တဲ့ မျက်နှာလှလှလေးနဲ့ စိုပြေဝင်းမွတ်လှပနေမှာပါ...
ရေစို ချွေးစိုလည်း မပျက်ဘဲ တနေကုန်စွဲလို့ Fit me (3 in 1 ) မိတ်ကပ် set လေးသာ ဆောင်ထားလိုက်ရင် ခရီးသွားရာသီအတွက်ပါ တခါတည်း
လုံးဝ ပြီးပြည့်စုံသွားပြီပေါ့...
အကုန်လွယ်လို့ မြန်မြန်မှာယူထားမှ ဖြစ်မယ်နော်
2 in 1 set လေးလဲ ရှိတာမလို့ ကြိုက်တာ၀ယ်ယူအားပေးနိုင်ပါတယ်...
Price~ 3 in 1 ~ 10000
~2 in1 ~5000

22/05/2022

ရာသီအကူးအပြောင်းမှာ ချောင်းဆိုရင်ကြပ်နေသူများအတွက် Bronchest ရှိတယ်နော်....
Ygn ဆို အိမ်ရောက်ငွေချေရပါတယ် နယ်ဆို သက်ဆိုင်ရာကားဂိတ်သို့ပို့ပေးပါတယ်

22/05/2022

#အအေးမိတုတ်ကွေးနှင့်ဆေးဝါး

တုတ်ကွေးရာသီရောက်လာပြီ
အအေးမိတုတ်ကွေးရာသီကို ရောက်လာပါပြီ။ ရက်ကွက်ထဲမှာလည်း ကိုယ်လက်ကိုက်ခဲ ဖျားနေကြပြီ။ ဉီးအေးမောင်လည်း ကိုယ်လက်ကိုက်ခဲ၊ နှာရည်ယို၊ ချောင်းဆိုး ဖြစ်နေပြီ။ မချောလည်းခြေလက်တွေကိုက်၊ အဖျားတက်နေပြီ။ ရွာလုံးကျွတ် ဖျားကြတယ်။ အိမ်လုံးကျွတ်ဖျားကြတယ်။ အတော်လည်းကူးစက်တာမြန်တဲ့တုတ်ကွေး။ ကိုဗစ်ကပေးတဲ့ဒုက္ခက ခဏနားမယ်ကြံသေး၊ တုတ်ကွေးက တစခန်းထလာတယ်။ ကံကောင်းတာက ကိုဗစ်လိုတော့ အောက်ဆီဂျင်မကျလို့ ကြံဖန်ကျေးဇူးတင်နေရတယ်။ တုတ်ကွေးလက္ခဏတွေ ခံစားရတော့ ဆေးတွေသောက်ဆေးတွေထိုးရပြန်တာပေါ့။

ကိုယ့်အရပ်ဒေသမှာ ဆေးခန်းမရှိ၊ဆရာဝန်မရှိရင် ခက်ပြီ
ရပ်ကွက်ထဲမှာ ဆေးခန်းရှိ၊ ဆရာဝန်ရှိရင်တော်သေး။ ဆေးခန်းမရှိ၊ ဆရာဝန်မရှိတဲ့ အရပ်ဒေသမှာ ဖျားနာကြရင်ဖြင့် ဘယ်လိုကုသရမလဲ။ ကုသနိုင်သော နည်းလမ်းများ အနက် သောက်ဆေးအားပြု ကုသနည်းကို သုံးနိုင်ပါတယ်။ တုတ်ကွေးသည် မိုးတွင်းမှာ ဖြစ်တတ်သလိုမိုးအကုန်ဆောင်းအကူးမှာလည်း ဖြစ်တတ်ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် တုတ်ကွေးကို ကုသလို့ရပါတယ်။ ဆရာဝန်ညွန်ကြားရန်မလိုသောဆေးဝါးများဖြစ်တဲ့ (OTC) ဆေးဝါးများကို နီးစပ်ရာ ဆေးဆိုင်များမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ ဘာဆေးတွေဝယ်ပြီး ဘယ်လိုသောက်သုံးရမလဲ ဆိုတာကို ဒီကနေ လမ်းညွန်ပေးပါမယ်။ ပထမဆုံးပြောချင်တာကတော့ တုတ်ကွေးသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာမလို့ ဘက်တီးရီးယား ပိုးသေဆေးများကို သောက်ဖို့မလိုအပ်ပါ။ ပိုးသတ်ဆေးများသည် လိုအပ်မှသာသောက်သုံးရမယ့် ဆရာဝန်ညွန်ကြားချက်နဲ့သာ သောက်ရတဲ့ဆေးများ ဖြစ်တယ်ဆိုတာကိုပါ။

တုတ်ကွေးဖြစ်ရင်ဘာဆေးသောက်ဖို့လိုလာပြီ
တုတ်ကွေးဖြစ်တဲ့အခါဖျားပါတယ်။
ဖျားရင် …..
Paracetamol 500mg တနေ့ကို (၄) ကြိမ် အဖျားပျောက်တဲ့အထိ သောက်နိုင်ပါတယ်။ Ibuprofen 200mg ကိုလည်း တနေ့ကို (၂) ကြိမ်သောက်နိုင်ပါတယ်။ လူကြီးများအတွက် သောက်ရမယ့် ဆေးပမာဏဖြစ်ပါတယ်။ ကလေးများကို အဲဆေးပမာဏမတိုက်ရပါ။ များပါတယ်။ ကလေးများကို တိုက်မယ်ဆိုပါက ကိုယ်အလေးချိန်ကို ချိန်တွယ်ပြီး မှသာပေးရပါတယ်။ Aspirin လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းလူနာတွေ နှလုံးသွေးကြောကျဉ်းသွေးခဲစုတာကို ကာကွယ်ဖို့ သောက်ရတဲ့ဆေးကို ကလေးများကို လုံးဝမပေးရပါ။ Reye’s syndrome လို့ခေါ်တဲ့ ဉီးနှောက်နဲ့အသည်းကို ပြင်းထန်စွာထိခိုက်ပျက်စီးစေတတ်တဲ့ ရောဂါဖြစ်နိုင်လို့ပါ။ နီးစပ်ရာလွယ်ကူရာဆေးကို မပေးဖို့အရေးကြီးပါတယ်။ Paracetamol သောက်နေပါက Decolgen, Biogesic ထပ်ပြီးသောက်စရာမလိုပါ။ Decolgen, Biogesic မှာလည်း paracetamol ပါပါတယ်။ paracetamol ကို လိုအပ်တာထပ်ပိုသောက်မိပါကလည်း အသည်းကို ထိခိုက်ပျက်စီးစေတတ်ပါတယ်။ Paracetamol ကို တနေ့ 4g (500mg ၈ လုံး) ထပ်ပိုမသောက်ရပါ။ အသည်းရောဂါရှိသူများ တုတ်ကွေးဖြစ်ပါကလည်း paracetamol သောက်နိုင်ပါတယ်။ တနေ့ကို 2g ထက်ပိုမသောက်ရပါ။

နှာစေးနေတယ်ဆိုရင် …..
Antihistamine ဖြစ်တဲ့ Burmeton, Cetrizine, Levocetrizine, Loratidine, Desloratidine လိုဆေးမျိုးကို သောက်နိုင်ပါတယ်။ တနေ့ကို(၂)ကြိမ်သောက်နိုင် ပါတယ်။ ပိုမသောက်ရပါ။ အနည်းငယ်အိပ်ငိုက်တတ်ပါတယ်။ ညအချိန်ကို အသောက်များပါတယ်။

နှာခေါင်းပိတ်နေတယ်ဆိုရင် …..
နှာခေါင်းပိတ်တာကို သက်သာအောင် Decongesants လို့ခေါ်တဲ့ ဆေးများကို သောက်လို့ရပါတယ်။ အောက်ကဆေးတွေကတော့ နှာပိတ်ရင် သက်သာအောင် အသုံးပြုရတဲ့ဆေးများပါ။
Afrin, Dristan, Vicks Sinex (oxymetazoline)
• Sudafed PE, Suphedrin PE (phenylephrine)
• Silfedrine, Sudafed, Suphedrin (pseudoephedrine
မြန်မာနိုင်ငံမှာတော့ အဲလိုဆေးတစ်မျိုးတည်းထပ်စာရင် ဆေးတွေကို ဆေးတစ်လုံးတည်းမှာ ပေါင်းစပ်ထားတဲ့ဆေးတွေကို အတွေ့ရများပါတယ်။ ဉပမာ Decolgen, Tiffy, Mixagrip တို့ဖြစ်ပါတယ်။

နှာခေါင်းပိတ်တာအရမ်းဆိုးရင်တော့ …….
Nasal steroid လို့ခေါ်တဲ့ဆေးတွေဖြစ်တဲ့ Fluticasone (Flonase) Mometasone (Nasonex) လို့ခေါ်တဲ့ ဆေးများဖြစ်ပါတယ်။ အဲဒီဆေးတွေက (POM) ဆရာဝန်ညွန်ကြားချက်လိုတဲ့ ဆေးတွေဖြစ်လို့ ကိုယ့်သဘောနဲ့တော့ မသုံးစွဲသင့်ပါဘူး။

ချောင်းဆိုးချွဲကြပ်နေတယ်ဆိုရင် ……
သက်သာစေဖို့ ချောင်းဆိုးချွဲကြပ်ပျောက်ဆေးတွေ များစွာရှိပါတယ်။ Bronchest, Attusin, Detussin, Wood syrup, Chericof syrup, Ascoril syrup စတာတွေကို သောက်သုံးလို့ရပါတယ်။
ချွဲမထွက်ဘဲ ချောင်းခြောက်ကြီးပဲဆိုးတယ်ဆိုရင်တော့ …..
Dextromethophen တစ်မျိုးတည်းပါတဲ့ဆေးကို သောက်သုံးလို့ရပါတယ်။
လည်ပင်းနာတာကို သက်သာစေဖို့ကတော့ …..
Mybacin, Strepsil လိုငုံဆေးမျိုးကို တနေ့ကို ၃ ကြိမ်၊ ၄ ကြိမ်ငုံလို့ ရပါတယ်။
ဆားရေနွေးလေးလည်းငုံပေးပါ
တုတ်ကွေးကို ဒီထက်ပိုမဆိုးအောင်ဂရုစိုက်ပါ။
မကုသဘဲထားရင် ……..
အဆုတ်ပွရောဂါ
အဆုတ်ရောင်ရောဂါ
နှာခေါင်းလေအိတ်ရောင်ရောဂါ
နားတွင်းပိုးဝင်ရောဂါများ ဖြစ်လာတတ်ပါတယ်။
တုတ်ကွေးမဖြစ်ခင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ တုတ်ကွေးကာကွယ်ဆေးကို ကြိုထိုးတားလို့လည်းရပါတယ်။
တုတ်ကွေးကာကွယ်ဆေးကြိုတင်ထိုးထားဖို့ လိုပါတယ်
မြန်မာနိင်ငံမှာတော Vexigrip နာမည်နဲ့ရပါတယ်။ အခြားနာမည်များလည်း ရှိပါတယ်။ တနှစ်ကို ၁ ကြိမ်ထိုးဖို့ လိုပါတယ်။

ေါက်တာထွန်မြတ်ဝင်း(ဆေးဝါးပညာ)

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
11051
Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)

KT Aesthetic Distributor KT Aesthetic Distributor
898 Kyaw Thu 18 Street, South Okkalapa Township
Yangon

Korean Aesthetic Products Distributor in Myanmar