ဟာန်နုမာန် By Dawhninkhaing

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

11/01/2024

ခိုင့်နဲ့ အမျိုး တူ လေးတွေ ရှိလား ရှင့်

ပျှော်ရွင်ဖွယ် ကရင် နှစ်သစ်ကူး နေ့လေး
ဖြစ်ကြပါစေ💟💟💟

#ဟာန်နူမာန်ByDawHninKhaing

11/01/2024

ဧဟိ မိတ္တံ = မိတ်ဆွေတွေလာကြ 🙏🙏🙏

ဧဟိ ဓနံ = စီးပွား ဥစ္စာတွေ လာကြ 🙏🙏🙏

ဧဟိ လာဘံ=လာဘ်လာဘတွေ လာကြ🙏🙏🙏

ဧဟိ သုခံ=ချမ်းသာမူ့တွေ လာကြ🙏🙏🙏

ဧဟိ ဇေယျသုခမဂ်လံ =ချမ်းသာခြင်း အောင်မြင်ကြောင်းတွေ လာကြ 🙏🙏🙏

သတ္တဝါတွေ ကျန်းမာ ချမ်းသာကြပါစေ🙏🙏🙏

10/01/2024

ခါးကြောညှပ် အတွက်
ပဲနွယ်ကုန်း သို့

ဆေး ၁၀ရက်စာ Fp2,Oil 1
58500 save

Photos from ဟာန်နုမာန် By Dawhninkhaing's post 10/01/2024

မုန်ညင်းဆီ ဘယ်လောက်စွမ်းလဲဆိုတာ သိချင်ရင်
ညအိပ်ယာမဝင်မီ (၃)မိနစ်ခန့် ခြေဖဝါးကို
မုန်ညှင်းဆီ လိမ်းကြည့်ပါ။

ညအိပ်ယာမဝင်မီ ( ၃ ) မိနစ်ခန့် ခြေဖဝါးကို
မုန်ညှင်းဆီ ပွတ်လိမ်းပေးခြင်းဖြင့်

🏃သွေးတိုးခြင်းမှ ထိန်းပေးသည်။
🏃အမျိုးသား ခွန်အားတိုးစေသည်။
🏃မှတ်ဉာဏ် အားကောင်းစေသည်။
🏃နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်။
🏃လန်းဆန်း တက်ကြွစေသည်။
🏃အဆီကျစေသည်။
🏃မျက်စိ အားကောင်းစေသည်။
🏃မျက်စိ ပါဝါများသူအနေဖြင့် လျော့နည်းစေသည်။
🏃အာရုံကြော အားနည်းသူများအတွက်
သင့်လျော်သည်။
🏃ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေသည်။
🏃ဒူးနာ ခါးနာသူများ သက်သာစေသည်။
🏃၀မ်းချုပ်သူများ အစာအိမ်ရောဂါရှိသူများအတွက်
အထူးသင့်လျော်သည်။
🏃အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်
ပေးသညါ။
🏃ခြေထောက် ဖောရောင်ခြင်းမှ ကာကွယ်ပေးသည်။

***ကလေးများအတွက် မုန်ညှင်းဆီ လိမ်းပေးခြင်း၏ ကောင်းကျိုးများ 📝✍

👫 ကလေးတွေကိုယ်ပူ ဖျားတာ နှာစေးချွဲကျပ်တာ
ရင်ဘတ်ကျောပြင်ပါးပါးလေးလိမ်းပေးပါက
အဖျားသက်သာစေပြီး နှာစေးတာလည်းနာရီပိုင်း
အတွင်းသက်သာစေပါတယ်။
👫 လေထိုးလေအောင့်ဗိုက်နာတာတွေလည်းလိမ်းပေး
နိုင်ပါသည်။
👫 နှာစေး နှာပိတ်သက်သာစေခြင်း။
👫 အရေပြားပေါ်ဖြစ်တတ်သောအနီကွက် နှင့်
ပိုးဝင်ခြင်းမှ သက်သာစေခြင်း။
👫 ဆံပင်သန်စေခြင်း
👫 အစာခြေအားကောင်းစေခြင်း။
👫 နှိပ်နယ်ပေးရာတွင်အသုံးပြုခြင်းဖြင့်သွေးလည်ပတ်
မှုကောင်းစေခြင်း။
👫 ခန္ဓာကိုယ်နွေးထွေးစေခြင်း။
👫 အရေပြားရေဓါတ်ဖြည့်ပေးခြင်း။
👫 ရင်ကြပ်နှင့်အသက်ရှုလမ်းကြောင်းရောဂါများ
သက်သာစေခြင်း။
👫 ဘက်တီးရီးယားပိုးနှင့်မှိုပိုးသေစေနိုင်ခြင်း။
👫 ခြင်မကိုက်ရန်ကာကွယ်ပေးနိုင်ခြင်း။

👫 ကလေးအစာမကြေတာ၊ ချောင်းဆိုးရင်ကျပ်၊
ခြေအေးလက်အေး၊ဝမ်းဖောဝမ်းရောင်၊
ဗိုက်နာ လေနဲ့ဝမ်းနဲ့မကွဲတာ မုန်ညှင်းဆီ
လက်ထဲထည့်ပီးပွတ်ပူလာမှ ကလေးကိုညင်သာစွာ
လိမ်းပေးပါ။

10/01/2024

မိသားစုက ကို အပေါ် မိသားစုလို
ဆက်ဆံမခံရတဲ့ချိန်
ခွဲခြားဆက်ဆံတာတွေ
ခံရတဲ့ခါ စိတ်ထဲ ကသိကအောက်တော့ ဖြစ်မိတယ် ဒါလဲ အရင်ဘဝက ဝဋ်ကြွေးတွေ လို့ပဲခံယူလိုက်ပါတယ်

Photos from ဟာန်နုမာန် By Dawhninkhaing's post 09/01/2024

ခါးအာရုံကြော ညှပ် ဝေဒနါ
ခံစားနေရသူများ အတွက် အိပ်စက်နည်း
အမှန်လေး တင်ပေးလိုက်ပါတယ်

ပုံလေးထဲက အတိုင်း အိပ်စက်အနားယူပြီး
ဝေဒနါ သက်သာမူ့ ရယူပါရှင်


#ဟာန်နူမာန်ByDawHninKhaing

09/01/2024

ပြင်လေ လှလေဆိုတာ “စိတ်” 🙏🙏🙏

စိတ်ကိုပြင်လေ .. အထက်တန်းရောက်လေ

စိတ်ကိုပြင်လေ .. မြင့်မားတဲ့စိတ်ဓါတ်တွေရရှိလာလေ

စိတ်ကိုပြင်လေ .. အသိဉာဏ်တွေကြွယ်ဝလာလေ

စိတ်ကိုပြင်လေ .. မိမိဘဝ တန်ဖိုးရှိလာလေ

စိတ်ကိုပြင်လေ .. စိုးရိမ်မှုတွေနည်းလာလေ

စိတ်ကိုပြင်လေ .. စဉ်းစားတတ်လေလေ၊

ဆင်ခြင်တတ်လေလေ၊ သိမ်မွေ့လာလေလေ

ဒီလိုဖြစ်လာတာ...။

ဒါကြောင့်မို့ စိတ်ကိုလွှတ်မထားပဲ ပြု ပြင် ကြပါ။

ပါချုပ်ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ 🙏🙏🙏

Photos from ဟာန်နုမာန် By Dawhninkhaing's post 09/01/2024

ခန္ဓာကိုယ် အတွင်း အပူငြိမ်းစေမည့် အအေးစာများ

American health digest
ဆောင်းပါးရှင် - တင်ထက်ထက်ဇော်

၁ ) - ခန္ဓာကိုယ်အပူအကြောင်း

လူ တစ်ယောက်၏ ကိုယ်တွင်း အပူချိန်သည် ပျှမ်းမျှ ၉၆ . ၆ ဒီဂရီ ဖြစ်ပြီး ရာသီ ဥတု
ပေါ် မူတည် ၍ ၄င်း ပမာဏထက် အပူချိန် အတက်အကျ အနည်းငယ် ပြောင်းလဲ
တတ် ပါ၏ ။

ကိုယ်တွင်း အပူ များခြင်းကို ဆေးပညာ လောက၌ Heat street ဟု ခေါ်ပြီး ကိုယ်တွင်း အပူချိန် သည် သူ့ အလိုလို အေးသွားခြင်း မျိုး မရှိ တတ်ပါ။

၂ ) - အပူချိန် များ ပါက ဖြစ်တတ် သော ရောဂါ များ

ခန္ဓာ ကိုယ်တွင်း လိုအပ်သည် ထက် အပူချိန် ပိုများပါက ပိန်ချုံးခြင်း , ကြွက်တက်ခြင်း ,
လျှာ - နုတ်ခမ်းတွင် သာမက အရေပြားပေါ်တွင် အဖုအပိမ့် များ ထွက်လာခြင်း ..

ဝက်ခြံ ထွက်ခြင်း , ခေါင်းမူးဝေခြင်း , ပျို့အန်ခြင်း တို့အပြင် ခန္ဓာကိုယ် အတွင်း
ကလီစာ များကိုပါ ပျက်စီး စေနိုင်သည် ဟု လေ့လာချက် အရ သိနိုင် သည်။

၃ ) - အပူရှိန် မြင့်တက် စေ၍ အထူး ရှောင်ရမည့် အစားအစာ များ

ရေခဲရေ. , ရေနွေး , စွပ်ပြုတ် စသည့် အရည်ပူပူ များ
နေပူ ထဲ အချိန်ကြာ သွား လာခြင်း
ငရုပ်သီး. , ချင်း ( ဂျင်း ) , မျှစ်ချဉ် ,
ငရုပ်ကောင်း. , ပတဲကော , စသော ပူပူ လောင်လောင် အစပ် များစားခြင်း
ရေသောက် နည်းခြင်း များသည် ကိုယ်တွင်း အပူချိန် မြင့်တက် လာစေ
ရှောင် ကျဉ် ရမည်။

၄ ) - အပူငြိမ်းအေးစေရန်

အပူ ငြိမ်းအေး စေရန် အဓိက ဆေးအဖြစ် ရေဝဝ သောက်ပြီး တစ်နေ့ ရေ ၂ ကြိမ် ချိုးပေးပါ။

၅ ) - အပူ ဓာတ် များသူ အတွက်

မိုးရာသီ မှ လွဲ၍ ဆောင်းနှင့် နွေတို့ တွင် ခန္ဓာကိုယ်တွင်း အပူဓာတ် များသူများအတွက် ယခင်ကထက် ရေကို ပိုသောက် ပြီး ရေဓာတ်ပါသော အသီးအနှံများ စားပေးသင့်သည်

》 ဖရဲသီး - ခန္ဓာကိုယ်၏ ၃ ပုံ ၂ ပုံ ကို အရည်ဓာတ်ဖြင့် ဖွဲ့စည်း ထားပါသည်။
ဖရဲသီးထဲမှာ ရေဓာတ် ၉၀ % ကျော် ပါဝင်၍ အပူငြိမ်း အေးစေသော အကောင်းဆုံး
အသီးအနှံဖြစ်ပါသည်။

》 သခွားသီး - သခွားသီး မှာ ရေ ဓာတ် ကြွယ်ဝစွာ ပါရှိ၍ ခန္ဓာကိုယ် ကို ထိရောက်
စွာ အေးမြ စေပြီး နေ့စဉ် စားပေး သင့်ပါသည်။

》 သံပုရာသီး - နံနက် အိပ်ရာ ထ သံပုရာ ဖျော်ရည် တစ်ခွက် သောက် ပေးခြင်း
ကလည်း ကိုယ်တွင်း အပူငြိမ်းအေး စေရုံသာမက ပေါ့ပါး လန်းဆန်းစေပြီး တစ်နေ့ကုန်
သက်လုံ ကောင်း စေပါသည်။

》 ပူစီနံရွက် - ပူစီနံရွက် သည် ခန္ဓာ ကိုယ်တွင်းကို အေးမြစေ၍ မြန်မာ. အိန္ဒိယ. ဗီယက်နမ်. မကာအို. စသော ဥရောပ တခွင်ရှိ ရှေး တိုင်းရင်းဆေး ဆရာကြီး များက ပူစီနံပင် များကို အပူ ငြိမ်းဆေး အဖြစ် ဆေးဝါး ဖော်စပ် လာခဲ့ကြ ပါ၏ ။

》 မုန်လာဥ အဖြူ - အဖြူရောင် မုန်လာဥများ ထဲ၌ ဗီတာမင် စီ ပါဝင်သည့် အပြင်
ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ် ပေးနိုင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ အလုံ
အလောက် ပါဝင်နေ ၍ စားပေးသင့် ပါသည်။

》 နှမ်း - နှမ်းစေ့ များသည် အပူ ငြိမ်းအေး စေသော အိမ်တွင်း ဆေးဝါး တစ်မျိုး ဖြစ်ခြင်း ကြောင့် နှမ်းစားရင်း ရေများများ သောက်ခြင်း , နှမ်းပျစ် , နှမ်းယို လေးတွေ စားပေး လည်း အပူ ငြိမ်းအေး စေပါ၏ ။

》 စမုံစပါး - စမုန်စပါး အစေ့လေးများကို သောက်ရေခွက် ထဲ တစ်ညအိပ် စိမ်ထားပြီး
နံနက် အိပ်ရာ ထပါက ရေသောက်ရင်း အဖတ် များပါ ကုန်အောင် ဝါးစားပါက တစ်နေ့
တာလုံး. အပူငြိမ်းအေး စေနိုင်သည့် အပြင် ခံတွင်း ရနံ့ကို ပါ ရှင်းသန့် စေနိုင်ပါသည်။

》 အုန်းစိမ်းရည် - အုန်းသီးစိမ်း နုနုမှ ရသော အုန်းစိမ်း ရည် အား သင့်တင့် မျှတစွာ
ကိုယ်တွင်း အပူ ဓာတ် များသူ များနှင့် မိခင်လောင်းများ အတွက် အပူ ငြိမ်းအေး စေ
သည့် အပြင် ရေ ဓာတ် ခမ်း ခြောက်ခြင်း မှလည်း ကာကွယ် ပါသည်။

》 သလဲသီး. - သလဲသီး နှင့် သလဲသီး ဖျော်ရည် ကလည်း ကိုယ်တွင်း အပူကို စုပ်ယူ
သဖြင့် မှီဝဲ ပေးသင့် ပါသည်။

》 ဘိန်းစေ့ - ဘိန်းမုန့် , ဆနွင်မကင်း , စသည့် သရေစာ မုန့်များ၌ အသုံး ပြုလေ့ရှိ
သော ဘိန်းစေ့ လေးများ ကလည်း ကိုယ်တွင်း အပူရှိန် ပုံမှန် ဖြစ်စေပါ၍ ည အိပ်ရာဝင်
ခါနီး ဘိန်းစေ့ လက်တဆုပ် ဝါးစားပြီး ရေသောက် အိပ်ပါက နှစ်ခြိုက်စွာ အိပ်မောကျ
စေသည့် အပြင် တစ်နေ့တာ လုံး အပူ ငြိမ်း စေသည်။

》 ပဲနံ့သာပင် အစေ့ - အိန္ဒိယနိုင်ငံ ၌ ရှေးယခင်က စ၍ ယနေ့ တိုင်အောင် အပူငြိမ်း
ဆေး တိုင်းရင်း ကုထုံးဖြင့် ပဲနံ့သာပင် အစေ့များကို အသုံးပြု လျှက် ရှိပါသည်။ ဟင်း
ခပ် အမွှေးအကြိုင် အဖြစ် ချက်ပြုတ် စားသောက် နိုင်သည်။

》 နွားနို့ - ကျိုချက် ပြီးသား နွားနို့ကို အအေးခံ ၍ နံနက် တိုင်း သောက်ပေး ပါက
လည်း ကိုယ်တွင်း အပူ ငြိမ်းအေး စေပါ၏ ။
( နွားနို့တွင် ပျားရည် အနည်းငယ်ခပ်သောက်နိုင်သည်)။
ပြန်လည်မျှဝေသည်။

08/01/2024

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ကောင်းနေတာလဲ? တဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်သိပါတယ်

အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ
စိတ်ထဲရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ

ဒါပေမဲ့
လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး

လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။

Photos from ဟာန်နုမာန် By Dawhninkhaing's post 06/01/2024

လူ့ဘဝမှာလေ ကိုယ်ရှာတဲ့ပိုက်ဆံနဲ့
စားချင်တာ စားရတယ်။
လိုချင်တာ ဝယ်နိုင်တယ်။

ကိုယ့်ဝင်ငွေနဲ့ သုံးရတဲ့အချိန်
အဲဒီ feelingက လုံးဝကို မိမိုက်နေရော။
တကယ့် paradise ပဲ။

အလုပ်လုပ်တဲ့သူက
ကိုယ့်အပေါ် ယုံကြည်မှုပိုရှိတယ်။
Confidence Level မြင့်တယ်။
Independent ဖြစ်တယ်။

ဒါကြောင့် အလုပ်လုပ်ပါ။
ဝင်ငွေ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ
အဓိက အလုပ်လုပ်နေဖို့ပဲ။
ဝင်ငွေပိုများချင်ရင် ပိုကြိုးစားယူရမယ်။

ဘဝ ဒုက္ခတွေ စိန်ခေါ်မှုတွေကို စာဖွဲ့မနေပါနဲ့
လက်ထဲ ပိုက်ဆံ မရှိတာမှ တကယ့်ဒုက္ခပါ။
ပိုက်ဆံ မရှိနေချိန် ဘဝက ကိုယ့်ပါးကို တစ်ချက်ရိုက်လိုက် တဲ့အခါ မင်းဟာ ပြိုလဲသွားမှာပဲ။

အဲတာမှ တကယ့်စိန်ခေါ်မှု အကြီးနဲ့တွေ့တာပါ။
ဒါကြောင့် ငွေရှိမှ အဆင်ပြေပါမယ်။
ငွေရှိမှ အသက်ဆက်နိုင်မယ်။

”ငွေ”သည် Second God တဲ့လေ။
Money is Everything ဆိုတဲ့စကားက
မှန်လိုက်တာ။

crd #နူးနူးအောင်

Photos from ဟာန်နုမာန် By Dawhninkhaing's post 06/01/2024

နေ့လည်ခင်း တဖြတ် စက်ဘီး Deli(ကိုယ်ပိုင်deliလေး😘)
လေး ပစ္စည်း အမှာလေးတွေ
ပို့လိုက်ပါအုံးမယ်

၃၇ရပ်ကွက် သို့
ဆံသားပေါင်းဆီ ၁၀ဘူး
လိမ်းဆေးဆီ ၁၀ဘူး

မဝတ သို့
ဆံသားပေါင်းဆီ ၂ဘူး

၄၀စေျး သို့
Fp 2,Oil 1

အရှေ့ဒဂုံမြိုနယ် အတွင်း နီးတဲ့ နေရာတွေကို
ပို့ခ Free ဖြင့် အိမ်ရောက် ပို့ဆောင်ပေးပါတယ်


#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ
#ဦးရေပြားနဲ့ဆံသားအားဖြည့်ဆီ

06/01/2024

မနက်အစော စျေးရောင်းနေတာနဲ့
Morning တောင် မလုပ်ရသေး

မဂ်လာ နံနက်ခင်း လေးပါရှင့်

အမြို့မြို့အနယ်နယ် သို့ ဆေးအမှာ
လေးများ ပို့ပါမယ်


#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ
#ဦးရေပြားနဲ့ဆံသားအားဖြည့်ဆီ

Photos from ဟာန်နုမာန် By Dawhninkhaing's post 05/01/2024

ဟာန်နူမာန် Reorder လေးများ ပို့ရန်
ခါးအာရံကြော ညှပ်ထားလို့ ဆေး ၁လစာ
အသုံးပြုပေးပြီး သက်သာသွားလို့

အိမ်မှာလဲ ဒူးကျီးပေါင်း နဲ့ ဂုတ်ကျီးပေါင်း
ဖြစ်နေတဲ့ အမေ နဲ့ အစ်မ အတွက်
ဟာန်နူမာန် လေးနဲ့ ကုသ ဖို့
နောက်ထပ် ဆေး အမှာလေးတွေပါရှင့်

ဟာန်နူမာန်တိုင်းရင်းဆေး အသုံးပြုပြီ
ဝေဒနာတွေ သက်သာပျောက်ကင်း သွားကြလို့
အရမ်းကို ဝမ်းသာပိတီ ဖြစ်ရပါတယ်

#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ

Photos from ဟာန်နုမာန် By Dawhninkhaing's post 05/01/2024

လက်ချောင်းလေးတွေ 🖐️ထုံကျင်တဲ့ လက်ကောက်ဝတ်အာရုံကြောညပ်ရောဂါစု

လက်ကောက်ဝတ်အာရုံကြောညပ်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လက်ကောက်ဝတ်မှာရှိတဲ့ median nerveလို့ခေါ်တဲ့ အာရုံကြောပိတဲ့ အခြေအနေပါ။

ဒီအာရုံကြောက Carpal Tunnel လို့ ခေါ်တဲ့ လက်ကောက်ဝတ်မှာရှိတဲ့ အရိုးတွေ၊ အရွတ်တွေနဲ့ ပြည့်နေတဲ့ နေရာကျဉ်းကျဉ်းလေးကို ဖြတ်ပြီး လက်ချောင်းလေးတွေကို ထောက်ပံ့ပေးပါတယ်။ အဲဒါလေး ညပ်တဲ့ ပြဿနာပါ။

ဒီပြဿနာကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။

လက္ခဏာတွေကတော့

-လက်ချောင်းလေးတွေမှာ ဓာတ်လိုက်သလို ကျဉ်တာမျိုး ခံစားရပါတယ်။ ထူးဆန်းတာကတော့ လက်သန်းတော့ မပါပါဘူး။

ဒါ့ပြင် လက်ကောက်ဝတ်ကနေ အပေါ်တက်ပြီး လက်မောင်းတွေပါ ကျဉ်လာတတ်ပါတယ်။

အထူးသဖြင့် တစ်ခုခုကို ကိုင်တဲ့အချိန်ဆို ပိုဖြစ်တတ်ပါတယ်။

-လက်ကထုံနေပြီး အားမရှိသလို ခံစားရပါတယ်။ ဒါ့ကြောင့် ပစ္စည်းတွေကိုင်တဲ့အခါ လက်မမြဲဘဲ လွတ်ကျတတ်ပါတယ်။

လက်ကောက်ဝတ်အာရုံကြောညပ်ရတဲ့ အကြောင်းတွေကတော့

-လက်ကောက်ဝတ်က ပုံံစံမမှန်ဘဲ အရိုးကျိုးထားတာ၊ အဆစ်လွဲနေတာကြောင့် အာရုံကြောညပ်တာ

-အာရုံကြောထိခိုက်နိုင်တဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေ ရှိနေတာ

-အရိုးအဆစ်ရောင်ရမ်းတဲ့ ရောဂါတွေကြောင့် အာရုံကြောကို ဖိမိတာ (ဥပမာ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ)

-အဝလွန်တာ

-ခန္ဓာကိုယ်တွင်းက အရည်တွေ အပြောင်းအလဲဖြစ်တာ (ဒါကြောင့် ကိုယ်ဝန်ဆောင်နဲ့ သွေးဆုံးထားတဲ့ အမျိုးသမီးတွေမှာ အတွေ့ရများပါတယ်။)

-လက်ကောက်ဝတ်ကို အားပြုပြီး လုပ်ရတဲ့ အလုပ်တွေ၊ တစ်နေကုန် ကွန်ပျူတာသုံးရတဲ့ အလုပ်တွေကြောင့် ဖြစ်တယ်လို့ပြောကြပေမယ့် လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုပါသေးတယ်။

လက်ကောက်ဝတ်အာရုံကြောညပ်တာကို မပေါ့ဆသင့်ပါဘူး။

အများစုက ဆေးတွေလိမ်းတာ၊ လက်တွေ နှိပ်နယ်တာ လုပ်ကြပေမယ့် ဒါတွေက ခဏပဲ သက်သာတာပါ။

အထူးသဖြင့် လက်တွေ ထုံတယ်၊ ကျဉ်တယ်၊ ညဘက်တွေ အိပ်လို့တောင်မရဘူး၊ ပစ္စည်းတွေမမြဲဘဲ ပြုတ်ကျနေလို့ နေ့စဉ်အလုပ်တွေတောင် မလုပ်နိုင်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

ဒီတိုင်းထားမယ်ဆိုရင် ကြာလာတာနဲ့အမျှ အာရုံကြောနဲ့ ကြွက်သားတွေ တဖြည်းဖြည်းပျက်စီးလာနိုင်လို့ပါ။

ဒါ့ပြင် ပစ္စည်းတွေ လွတ်ကျတာကြောင့် မတော်တဆထိခိုက်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာလေးကို
ခြေဖဝါး လက်ဖဝါးအပြင် ထုံကျင်/နာကျင်ကိုက်ခဲ
သည့်နေရာတွင် တိုက်ရိုက်ကပ်ပေးခြင်းဖြင့်လည်း
#ခန္ဓာကိုယ်တွင်းအပူအအေးမျှတအောင် ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် ဝေဒနာတွေသက်သာစေပါတယ်

Crd

Photos from ဟာန်နုမာန် By Dawhninkhaing's post 04/01/2024

၂၀၂၄ နှစ်ဦး ထူး ခြားသော ကြုံ ခဲ ရခဲ သော နဝင်း ဆင့် ထပ် သော +၉ ဂဏန်း စိုးမိုးသောနေ့

၉ ရက် ၁ လ ၂၀၂၄ အင်္ဂါ နေ့ သည် ၉ ရက် ဖြစ်၍ ရုပ်ဂဏန်း ၉ စိုး
မိုးပါသည်။

ရက် ခု နစ် အားလုံးပေါင်း ၉ ဖြစ်၍ နာမ် ဂဏန်း ၉ စိုးမိုးပါသည်။

အင်္ဂါ နေ့ သည် ဂဏန်းဗေဒင် နည်း အရ
၉ ဖြစ်၍ ၉ စိုးမိုး ပြန်ပါသည် ။

မနက် ၉ နာရီ မှ ၉ နာရီ ၉ မိနစ် ၉ စက္ကန့် ထိ ဂုဏ် တော် ၉ ပါး ရွတ်ဖတ် ပူဇော်ကြပါ
ည ၉ နာရီ မှ ၉ နာရီ ၉ မိနစ် ၉ စက္ကန့် ထိ ဂုဏ် တော် ၉ ပါး ရွတ်ဖတ်ကြပါ။

အလွန် မှရ ခဲ သော နဝင်း အားကြီး သော ကာလ ဖြစ်ပါသည် ။ ၂၀၂၄ ခုနစ်၏ အစောဆုံး ကျသော ရက် ကောင်း ဖြစ်၍
နစ်သစ် သို့ ကုသိုလ် ကံ အရှိန် မြင့် ဝင်ရန်
အကောင်း ဆုံး ကာလ ဖြစ်ပါသည်။

နဝင်း ဆိုတာ ချက်ချင်း ထူးသလို စန်းလာဘ် ပွင့်စေပါတယ် နဝင်းဆောင် အောင်ပါတယ်။

အထက်ပါ အချိန် များတွင် မအား၍ မရွတ် နိင်သူများ တနေ့ လုံး တွင် မိမိ အဆင်ပြေချိန်တွင် ရွတ်ပါ။

မြန်မာ နိင်ငံ သူ နိင်ငံသားများ နင့်
ကမ္ဘာ အရပ်ရပ် ရှိ ဗုဒ္ဓ ဘာသာ ဝင်များ ကံကောင်း စေရန် ရွတ်ဖတ် နိင်ရန်
ဤ post အား ရှယ် ခြင်း ဖြစ် ကုသိုလ်ဖြန့်ဖြူးပေးနိင်ပါတယ် ။

Crd
Via -

04/01/2024

#ဘာကုသိုလ်ဖြစ်ဖြစ်စိတ်နှစ်၍လုပ်ပါ
____________________

ကုသိုလ်ဆိုသည်မှာ နည်းနည်းများများ အကျိုးပေးသည်သာ ဖြစ်၏။ ထို့ကြောင့် " ဒီကုသိုလ်လေးက မဖြစ်စလောက်လေးပါ" ဟု ဘယ်သောအခါမှ လျှော့မတွက်ရ။ ဘာကုသိုလ်ပဲဖြစ်ဖြစ် လေးလေးစားစား လုပ်ရမည် ဖြစ်သည်။

ထို့ကြောင့် ဆွမ်းတစ်ဇွန်းပဲ လှူလှူ၊ နေ့တစ်ဝက် ဥပုသ်ပဲ စောင့်စောင့်၊ နာရီဝက်ပဲ တရားမှတ်မှတ် နည်းနည်းလေးပဲဆိုပြီး လျှော့မတွက်သင့်ပေ။ ပုံမှန်လေး လုပ်ဖို့သာ အရေးကြီး၏။ ပုံမှန်လေး လုပ်ပေးလျှင် " နည်းရောင်းများရောင်း တောင်းပြည့်" ဆိုသကဲ့သို့ ကုသိုလ်သည် တဖြေးဖြေး များပြားလာလေတော့၏။

ကုသိုလ်လုပ်သည့်အခါ စိတ်နှစ်၍ လုပ်ရမည် ဖြစ်သည်။ စိတ်နှစ်၍ လုပ်မှလည်း ယင်းကုသိုလ်သည် အင်အားကောင်းလာပြီး တင်းပြည့်ကျပ်ပြည့် အကျိုးပေးမည် ဖြစ်သည်။

အရှင်မောဂ္ဂလာန်နှင့် နတ်သမီး
-----------------------------

အခါတပါးတွင် အရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်ကို ကြွချီတော်မူ၏။ နတ်ပြည် ရောက်သောအခါ တန်ခိုးကြီးမားသည့် နတ်သမီးလေး၏ ဗိမာန်နား ရောက်သွားလေ၏။

ဗိမာန်ရှင် နတ်သမီးက အရှင်မောဂ္ဂလာန်ကို မြင်သောအခါ ဗိမာန်မှ ထွက်လာပြီး လာရောက် ရှိခိုးလေ၏။ ထိုအခါ အရှင်မောဂ္ဂလာန်က မေးမြန်းတော်မူ၏။

" နတ်သမီး.. သင့်ရဲ့ စည်းစိမ်က ကြီးကျယ် ခန်းနားလှချည်လား၊ ဘယ်လိုကုသိုလ်တွေ ပြုခဲ့လို့ ဒီလို ကြီးကျယ်တဲ့စည်းစိမ်ကို ရတာလဲ"။

" လူ့ဘဝတုန်းက လုပ်ခဲ့တဲ့ ဒါနကုသိုလ်ကြောင့် အခုလို စည်းစိမ်ကို ရတာပါဘုရား၊ တပည့်တော် လုပ်ခဲ့တဲ့ ဒါနကုသိုလ်ကလည်း ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ တည်သီးလေး တစ်လုံးကိုသာ လှူဒါန်းခဲ့တာပါဘုရား"။

" အော် .. စေတနာ ထက်သန်ရင် ထက်သန်သလောက် အကျိုးပေးတာပဲ၊ ဒါကြောင့် အခုလိုစည်းစိမ်ကို ရတာ၊ ရှေ့ဆက်ပြီးတော့ ကုသိုလ်တွေ လုပ်ပါလေ၊ အပ္ပမာဒေန သမ္ပာဒေထ"။

ထို့နောက် နတ်သမီးလေးသည် " မှန်ပါဘုရား၊ အရှင်ဘုရားကို ဖူးမျှော်ခွင့် ရလို့ ဝမ်းသာလှပါတယ်ဘုရား" ဟု လျှောက်ထားလိုက်လေသည်။

ဤဖြစ်စဉ်ကို ကြည့်လျှင် နတ်သမီးလေး၏ အလှူသည် တည်သီးတစ်လုံး အလှူဖြစ်သည့်အတွက် မပြောပလောက်သည့် အလှူဟု ဆိုရမည် ဖြစ်သည်။

သို့သော် နတ်သမီးလေးသည် " တည်သီးလေးတစ်လုံးပဲ၊ မဖြစ်စလောက် အလှူလေးပါ" ဟု ပေါ့ပေါ့ဆဆ မလုပ်ခဲ့။ ရိုရိုသေသေ မြတ်မြတ်နိုးနိုး လှူခဲ့၏။ ထို့ကြောင့် တည်သီးတစ်လုံး အလှူသည် အင်အားကောင်းသည့် အလှူကြီး ဖြစ်သွားလေတော့သည်။ လေးလေးစားစား လုပ်ခြင်း၏ အကျိုးပင်တည်း။

သက်ကစ်စ ဘာဝနာ
----------------

တချို့ဆိုလျှင် ရေတစ်ခွက်ကို လှူခဲ့သောကြောင့် မင်းစည်းစိမ် ရရှိသွားလေ၏။ ဘာကြောင့်နည်း၊ အလှူကို လေးလေးစားစား လှူခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလုပ်တစ်ခု လုပ်လျှင် လေးလေးစားစား လုပ်ဖို့ လို၏။ ယင်းသို့ ပြုလုပ်ခြင်းကို " သက္ကစ္စ ဘာဝနာ" ဟု ခေါ်၏။

ကုသိုလ် အားနည်းခြင်း အားကောင်းခြင်းဆိုသည်မှာ စိတ်ပေါ်မှာပဲ မူတည်၏။ စိတ်က လေးလေးစားစား မလုပ်လျှင် ကုသိုလ်သည် အားနည်းမည် ဖြစ်၏။ အားနည်းသည့်ကုသိုလ်ကို " ဒုဗ္ဗလကုသိုလ်" ဟု ခေါ်၏။

စိတ်က လေးလေးစားစား လုပ်မှ ကုသိုလ်သည် အားကောင်းမည် ဖြစ်၏။ အားကောင်းသည့် ကုသိုလ်ကို " ဗလဝကုသိုလ်" ဟု ခေါ်၏။ ယင်းအားကောင်းသည့် ကုသိုလ်ကပဲ ကောင်းကျိုးချမ်းသာကို ပြည့်ပြည့်ဝဝ ပေးမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ
🙏🙏🙏

Credit..🙏🙏🙏🙏🙏@.
#အရှင်တေဇသာမိ(ဒက္ခိဏသီရိ)

03/01/2024

#ဂုဏ်တော်(၉)ပါးအကျယ် နှင့် ဖြစ်ရာဘ၀ ရရှိနိုင်မည့်ကောင်းကျိုးများ ....................

(၁) #အရဟံ -

ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။

ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။

လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင်.တကွ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။

(၂) #သမ္မာသမ္ဗုဒ္ဓေါ -

သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသောမြတ်စွာဘုရား။

(၃) #ဝိဇ္ဇာစရဏသမ္ပန္နော -

အသိဉာဏ်ရော၊ အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ဝိဇ္ဇာ=အသိ၊စရဏ=အကျင့်)

(၄) #သုဂေတာ -

ကောင်းသောစကားကိုဆိုတော်မူသောမြတ်စွာဘုရား(မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။

ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသောမြတ်စွာဘုရား။

(၅) #လောကဝိဒူ -

လောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရား။

(သတ္တလောက၊သြကာသလောက၊ သင်္ခါရလောကဟုဆိုအပ်သော လောကသုံးပါးကိုသိတော်မူ သော မြတ်စွာဘုရား)

(၆) #အနုတ္တရောပုရိသဒမ္မသာရထိ -

ဆုံးမထိုက်သောသတ္တဝါတို့ကိုအတုမရှိဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

(သတ္တဝါတို့အားကောင်းရာကောင်းကြောင်းညွှန်ပြတော်မူသောမြတ်စွာ ဘုရား)

(၇) #သတ္ထာဒေဝမနုဿာနံ -

နတ် လူ တို့၏ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရား

(၈) #ဗုဒ္ဓေါ -

သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူ၍ သူတစ်ပါးတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရား။
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟုခေါ်ဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်းသိတော်မူ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား)

(၉) #ဘဂဝါ -

ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။

🙏🌈🙏🌈🙏

ဖြစ်ရာဘ၀ရရှိနိုင်သည့်ကောင်းကျိုးများ ...............

(၁) သူ့ခန္ဓာကိုယ်ဟာ စေတီထိုက်တယ် ၊ အများရဲ့ ရှိခိုးခံနိုင်တယ် ။

(၂) စိတ်ဓါတ်တည်ကြည်ခန့်ညားတယ်။

(၃) နတ်ရွာသုဂတိ ရောက်ရတယ်။

(၄) ဘုရားနဲ့တွေ့ရင် သစ္စာလေးပါးကို ခဏနဲ့သိတယ်။

(၅) မြင့်မြတ်တဲ့ အမျိုးအနွယ်မှာချည်းပဲ ဖြစ်ရတယ်။

(၆) ပတ်၀န်းကျင်ရဲ့ ရိုသေလေးစားမှုကို ခံရတယ်။

(၇) အင်္ဂါခြေလက် ပြည့်စုံတဲ့ဘ၀ကိုပဲ ရောက်ရတယ်။

(၈) အဆင်းလှပသူသာ ဖြစ်ရတယ်။

(၉) ကိုယ်နံ ၊ ခံတွင်းနံဟာ ကြိုင်သင်းမွှေးကြူနေတယ်။

(၁၀) ကြီးမားတဲ့ပညာနဲ့ ပြည့်စုံတယ်။

(၁၁) နက်နဲတဲ့ပညာနဲ့ ပြည့်စုံတယ်။

(၁၂) ထက်မြက်တဲ့ပညာနဲ့ ပြည့်စုံတယ်။

(၁၃) ရွှင်တဲ့ပညာနဲ့ ပြည့်စုံတယ်။

(၁၄) လျှင်မြန်တဲ့ပညာနဲ့ ပြည့်စုံတယ်။

(၁၅) ဆန်းကြယ်တဲ့ပညာနဲ့ ပြည့်စုံတယ်။

(၁၆) ကောင်းမြတ်တဲ့စကားကို ပြောကြားနိုင်တယ်။

*** ဒါက - (အပါဒါန်ပါဋ္ဌိတော်)က ပြထားတဲ့ ဘုရားဂုဏ်တော်ပွားများတဲ့သူကဖြစ်ရာဘ၀ သာမန်ပွားများရုံ နှင့် ရရှိနိုင်သော ကောင်းကျိုးများ ဖြစ်ပါသည်။

.မူရင်းရေးသားသူ၊
လေးစားစွာဖြစ်ပြန်လည်မျှဝေပါသည်။

Photos from ဟာန်နုမာန် By Dawhninkhaing's post 03/01/2024

ကျန်းမာ ခြင်းသည် လာဒ်တပါး ဆိုတဲ့ စကား အတိုင်း
*************************************************

💜ကျန်းမာ မှ စိတ်ချမ်းသာမယ်
💜ကျန်းမာ မှ လုပ် ချငိ တဲ့ အလုပ် တွေ လုပ် နိုင်မယ်
💜ကျန်းမာ မှ သွားလို ရာ သွားနိုင် မယ်

ဒါကြောင်​့ကျန်းမာရေး ဟာ လည်း ဒုတိ ယ ဘုရား သခင် လို ပါဘဲ အရေး ကြီး ပါတယ်

❄️❄️ဒီနှစ်ဆောင်း ဟာ အရင် နှစ်တွေ ထက် ပိုပြီး အေးချမ်း တာ မလို့ ....

ကိုယ့်ရဲ့ ကျန်းမာရေး ကို လည်း
အရင် နှစ် တွေ ထက် ပို ဂရုစိုက် ဖို့ လိုအပ် ပါတယ်

ကျမ ကတော့ အရမ်း အေး တဲ့ အခါ မှာ ....
​✅ခြေလက် အေးစက် ထုံကျင် ပြီး
✅ခေါင်းတခြမ်း ခနခန ကိုက် တတ် သူမို့

ဘေးထွက်ဆိုး ကျိုးကျိုး ကင်းကင်း နဲ့ ဝေဒနာ တွေကို သက်သာ စေမဲ့...

📍 Hanuman တိုင်းရင်း ဆေးကပ်ခွာ နဲ့
📍AromaMassageOil ကို အမြဲ ဆောင်ထား ဖြစ် ပါတယ်

Photos from ဟာန်နုမာန် By Dawhninkhaing's post 02/01/2024

🥳🎉🎉🎉

2023 အတွက် ဟာန်နူမာန်ကပေးတဲ့ Trip ကို
စင်ကာပူ 1890 Point (သိန်း၃၀)
တစ်စောင်ပဲ ယူနိူင်ခဲ့ ပါပြီ

Online စလုပ်ကတည်းက Brand ကပေးတဲ့
Trip တွေကို အရမ်းလိုက်ချင်ခဲ့တာ
ငါ ရအောင် လုပ်မယ် ဆိုတဲ့ စိတ်ပဲ ထားပြီး ရအောင်ပဲကြိုးစားခဲ့တာ

Online ထဲ ကို စဝင်ခါစ ၁၀လပိုင်းထဲမှာပေါ့
အဲ့ချိန် ဟာန်နူမာန် က ဗီယက်နမ် Trip ပို့တဲ့ချိန်
ကိုယ် စလုပ်တာက ၃လ လောက်ပဲ ရှိတော့၉လ စုစောင်းကာလ လေးကို မမှီခဲ့ဘူး

နောက်နှစ် ငါ ရအောင် လုပ်မယ်လို့ အားဖြည့်ထားခဲ့တာ
၃လ ထိုင်း Trip ကို အမှတ်မှီအောင် လုပ်နိူင်ခဲ့တယ်

နောက် 9လ မြိတ် Trip ကို ခိုင့် Team 4စောင်
ကိုယ်တိုင်က 5စောင် စုစုပေါင်း 9စောင် ယူနိူင်ခဲ့တယ်

ဒီနှစ် 9လ point ကို အများကြီး ကြိုးစားမယ်လို့
အားတင်းခဲ့ပေမဲ့ အကြောင်း အမျိုးမျိုးကြောင့်
ခိုင့် Team လေးထဲက Trip မထွက်နိူင်ခဲ့ဘူး

တစ်ယောက်တည်း လက်လီနဲ့ ၉လ အတွင်း
၁၈၉၀ ဘူးရေ ရောင်းနိူင်ခဲ့ပါတယ်
#သိန်း_၃၀တန်စင်ကာပူ_Trip 1စောင် ပဲ ယူနိူင်ခဲ့ပါတယ်

Trip Point ဆိုတာ ကိုယ်တိုင် လက်လီ ရောင်းနိူင်မှ ရနိူင်တဲ့ အခွင့်အရေးမို့ ကိုယ်တိုင်ကြိုးစားမှ ရတာပါ
ခု လာမဲ့ ၂၀၂၄ မှာ ရွှေနှစ်လဲ ပြန်ဖြစ်လာမယ်
သမီးငယ်လေးလဲ လက်လွတ်လို့ ရမဲ့ အရွယ်လေး
ဖြစ်လာလို့
အရင်က ထက် အဆပေါင်းများစွာ ပြန်ကြိုးစာပါမယ်

ကိုယ့်ကို ယုံကြည်ပြီး လက်တွဲလာတဲ့ ပါတနာအယောက်တိုင်း ကိုလဲ အချိန်ပေးပြီး ဖြည့်ဆည်းပေး
နိူင်အောင်ကြိုစားသွားပါမယ်
ဒီနှစ်မှာ သမီးငယ်လေးမွေးထားလို့ ကလေးအငယ်နဲ့
မမရဲ့ ပါတနာလေးတွေအတွက်လဲ လစ်ဟင်းတာတွေ ရှိခဲ့လို့ တောင်းပန်ပါတယ်နော်

2024 မှာ အကောင်းဆုံး ပြန်တောက်ပ လာအောင်
အတူတူကြိုးစားကြမယ်နော်
ချစ်တို့ရေ Kyawt Kyawt Thin Zar Lay Khaing Zin Thawzin Mayday Phyo Maung


#ဟာန်နူမာန်တိုင်းရင်းဆေး
2,1,2024😘😘😘😘

Photos from ဟာန်နုမာန် By Dawhninkhaing's post 02/01/2024

2,1,2024 မနက်ခင်း Order လေးများ

ဆောင်းရာသီမှာ အေးတာ ကိုက်တာ
ပိုများတာမို့ ဟာန်နူမာန် လေးတွေ
ပို့ရတာ ပိုများပါတယ်
အနာနဲ့ ဆေးတွေ့ပြီး
အနာရောဂါတွေ သက်သာပျောက်ကင်း
ကြပါစေ🙏🏻🙏🏻🙏🏻


#ဒူးနာ_ခါးနာ_အာရုံကြောညှပ်တာဝေဒနါများ
#ဟာန်နူမာန်တိုင်းရင်းဆေး

Photos from ဟာန်နုမာန် By Dawhninkhaing's post 02/01/2024

🏵 တင်ပခွက်ကြောညှပ် ပြီး ထိုင်လို့လဲမရ လမ်းလဲ မလျောက်နိူင် လို့ ဆေးကပ်ခွာကပ်ပေးတာ သက်သာလာတယ် လို့
အသိတစ်ယောက် ပြောလာပေးလို့ ပို့ပေးပါနော်
ဆိုတဲ့ဆေးကပ်ခွာ ​အမှာလေး မင်းဘူးမြို့ သို့ ဆေးကု သွားမယ်

☄တင်ပဆုံကြောညှပ် လို့နာတဲ့နေရာကို ဆေးကပ်ခွါတစ်ခု
☄ပေါင် ခြေသလုံးကိုက်တာ ခြေထောက်ထုံကျင်ကိုက်ခဲတာအတွက် တင်ပဆုံကြော ဆုံမှတ်ဖြစ်တဲ့ ခြေဖနှောင့်နေရာတစ်ခုဆေးကပ်ခွါကပ်ပါ

ရောဂါဖြစ်တဲ့ချိန်မူတည်ပြီး ၂ပတ်နဲ့ အထက်ကပ်ပေးရမှာပါ

🎯ဆေးကပ်ခွာ ကိုညအိပ်ယာဝင်ချိန်ကပ်ပြီး မနက်အိပ်ယာနိုးရင်ခွါပေးပါ
ကပ်ချိန် ၆-၈နာရီအကြာထိကပ်လို့ရပါတယ်

🎯လိမ်းဆေး အဆီကို နေ့ဘက်မှာ နာတဲ့ ချိန်တိုင်း လိမ်းပေးပြီး အိပ်ချိန်မှ ဆေးကပ်ခွာကို ကပ်အိပ်နော်

☎09799622403,09950004219 ဆက်သွယ်မှာယူနိူင်ပါတယ်

#ဟာန်နူမာန်bydawhninkhaing

01/01/2024

အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။
သူများကို မထိခိုက်သရွေ့ သင်ပျော်ရွှင်ရာကို လုပ်ပါ။

တချို့တွေက ပျော်ရွှင်မှုကို
အသက်အရွယ်နဲ့ ကန့်သတ်ထားကြတယ်။

ဒီအရွယ်တွေက ပျော်ရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ရည်းစားထားရမယ့်အရွယ်မဟုတ် တော့ဘူး။

ဒီအရွယ်က အိမ်ထောင်ပြုရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ဘောင်းဘီဝတ်ရမယ့်အရွယ် မဟုတ်တော့ဘူး။

ဒီအရွယ်က အလုပ်လုပ်နေရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ခရီးတွေလျှောက်သွားပြီး
ဖလန်းဖလန်းထနေရမယ့်အရွယ်မဟုတ်တော့ဘူး။
စသဖြင့်ပေါ့.....

တကယ်တော့ အရွယ်ဆိုတာ လူတွေက ကန့်သတ်တာပါ။
ဘယ်အရွယ်မှာ ဘာလုပ်ရမယ်လို့ ဘယ်သူကမှ
ကန့်သတ်ပေးထားတာမရှိပါဘူး။

ပျော်ရွှင်မှုကို အရွယ်တစ်ခုကပဲ
အပိုင်သိမ်းထားခွင့်ရှိတာမဟုတ်ပါဘူး။

အသက် ၂ဝ အရွယ် သူများပျော်နေချိန်မှာ
တချို့တွေက အသက်မရှူနိုင်အောင် ရုန်းကန်ခဲ့ကြရတယ်။

ပျော်ရွှင်မှုလေး ခံစားခွင့်ရဖို့
ဘဝကို မောပန်းတကြီးတည်ဆောက်နေခဲ့ကြရတယ်။ အဆင်ပြေလာချိန်မှာ အသက် ၃ဝ ရောက်နေပြီ။
အသက် ၄ဝ တန်းရောက်နေပြီ။

ပျော်လို့ရတဲ့အချိန်မှာ ပျော်ရွှင်မှုကို ခံစားခွင့်ရတယ်။
သူများကို မထိခိုက်ဘူးဆိုရင် ဒါဟာ သူ့အတွက်
မျှတတဲ့အခွင့်အရေးပါ။

ဒါကြောင့် သူများကို မထိခိုက်ဘူးဆိုရင် အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။
ပျော်ရွှင်မယ်ထင်တာ လွတ်လွတ်လပ်လပ်လုပ်ပါ။
ဘာလို့လဲဆိုတော့ သင်ကလည်း
သူများတွေလိုပဲ ပျော်ရွှင်မှုနဲ့ ထိုက်တန်လို့ပါ။

Photos from ဟာန်နုမာန် By Dawhninkhaing's post 01/01/2024

1,1,2024 Lucky Day💵💵💵

ပါဆယ် လေးများ ပို့ရန်

Promotion

ဥက္ကံ သို့ 3+1
မိတ္ထီလာ သို့ 3+1
ညောင်လေးပင် သို့ 1
တောင်ဒဂုံ သို့ 3+1
ဟသျာတ သို့ 3+1
မြောက်ဒဂုံ သို့ 9+3
ဘုတ်ပြင်း သို့ 3+1
နေပြည်တော် သို့ 3+1
မြစ်ကြီးနား သို့ 3+1
ကန်ကြီးထောင့် သို့ 6+2
ညောင်တုန်း သို့ 3+1

#ဆံပင်ကျွတ်_ဆံပင်ပါး_ဗောက်ထပြီး_ဆံပင်အရှည်နှေး_ဆံသားပျက်စီးနေသူများအတွက်ပါ

ဟာန်နူမာန်တိုင်းရင်းဆေး များ
အရှေ့ဒဂုံ Fp 2,Oil 1
မြောက်ဒဂုံ Fp 10
ဗန်းမော်သို့ Fp3,Oil 1
လမ်းမတော် သို့ Fp 2
မန္တလေး သို့ Fp2
နေပြည်တော် သို့ Fp1,Oil 1
ကွမ်းခြံကုန်း သို့ Oil 1
ပြင်ဦးလွင် Fp1,Oil 1
သဃ်ကျွန်း သို့ Fp 1,Oil 1
#ဒူးနာ_ခါးနာ_အာရုံကြောညှပ်တာဝေဒနါများ

၁၀သိန်းကျော်ဖိုး Save ပါမယ်(1,1,2024)


#ဟာန်နူမာန်တိုင်းရင်းဆေး
#ဦးရေပြားနဲ့ဆံသားအားဖြည့်ဆီ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အဖြစ်များ လာကြတဲ့ ဇက်ကြောတတ်ခြင်းနဲ့ ဇက်ကျီးပေါင်း အကြောင်းလေး မျှဝေပေးချင်ပါတယ်
အညောင်းအထိုင် များပြီး နောက်ဆက်တွဲ ဝေဒနါတွေကို တိုင်းရင်းဆေးလေးနဲ့ အဆင်ပြေနေတဲ့ ဘဘရဲ့ စကားသံလေး ပါ
ဟာန်နူမာန် ဆေးကပ်ခွာ အထုပ်လေးတွေကို ဗူးပုံစံ အသစ်လေးနဲ့ Quality ပြည့်မှီ စွာ ထုတ်လုပ်ထားပါကြောင်းစျေးနူန်းလေးကို လဲ ဆေးက...
မဂ်လာပါ နံနက်ခင်းလေးမှာ အေးချမ်းကြပါစေ🙏🙏🙏
ဂုဏ်တော်ကွန်ချာ ဂါထာ (ပါဠိ-အနက်-မြန်မာပြန်)...........................................၁ ။ သောဘဂဝါ ဣတိပိ အရဟံအရဟံ ၀တ သောဘ...
🌄 ညက မျောက်ကလေး ကပ်အိပ်ထားတဲ့ မနက်ခင်း လေး လုံးဝကို လန်းဆန်းပေါ့ပါးနေမူ့ကြီးအပူတွေ ထွက်ပြီး ညောင်းကိုက်နေတာ တွေ မရှိတော့...
📌 ဟာန်နုမာန်တိုင်းရင်းဆေး အသုံးပြုလို့ရသည့်ဝေဒနါများ📌

Category

Telephone

Website

Address

Yangon

Other Medical & Health in Yangon (show all)
YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)

KT Aesthetic Distributor KT Aesthetic Distributor
898 Kyaw Thu 18 Street, South Okkalapa Township
Yangon

Korean Aesthetic Products Distributor in Myanmar