Myanmar citizen
ကားမျိုးစုံ ရောင်းဝယ်ရေး စဉ်းစားတွေးခေါ်မှုသည်အရင်းအနှီး၊ စီးပွားရလုပ်ငန်းသည်လမ်းဆုံး၊ ကြိုးစားအားထုတ်မှုသည်ဖြေရှင်းနည်း ဖြစ်သည်
Honda Fit Shuttle ကို ဝယ်မည့်သူများ အတွက်အထောက်အကူဖြစ်စေရန် Model Year ၊ Grade ခွဲနည်းများအကြောင်းကို တင်ပေးလိုက်ပါတယ်-
Honda Fit Shuttle မှာ 1.3 Hybrid(GP2) နဲ့ 1.5 Petrol Only(GG7) တို့ဖြင့်လာပြီ ဒီမှာအသုံးများတဲ့ Fit Shuttle Hybrid(GP2) အကြောင်းပဲပြောပါမယ်၊
Model Year
———-
Fit Shuttle ကို 2011/6 လပိုင်းတွင်စတင်ထုတ်ပြီ 2013/8 လပိုင်းမှာ အတွင်းအပြင်ရုပ်အနည်းငယ်ပြောင်းလဲသွားပါတယ်၊ Grade တွေကလဲ Model ပေါ်မှုတည်ပြီ ကွဲပြားသွားပါတယ်၊
Grade ခွဲများ
———-
2011/6 ~ 2012/6 လပိုင်းထိ C grade , Hybrid grade , Smart Selection grade , Navi Premium Selection grade တွေလာပါတယ်၊ ဒီမှာ မှတ်သားစရာတစ်ခုက 2012/6 လ နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာတွေကြိုက်ကြပြီ Premium ဂရိတ်မှာပါတဲ့ ပ စောက်တီဗွီကိုမထုတ်တော့ပါဘူး၊ နောက်ပိုင်းမော်ဒယ်မြင့်တွေမှာ Honda ရဲ့ genuine audio access ဖြစ်တဲ့ Gathers TV တွေနဲ့ပဲလာပါတော့တယ်၊ ဒါကြောင့်မို့လို့ 2012/6 နောက်ပိုင်းမှာ ပ စောက်တီဗွီပါတဲ့ Premium ဂရိတ်လဲမရှိတော့ပါဘူး၊
2012/7 ~ 2013/7 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade , Hybrid Fine Line , Hybrid Smart Selection Fine Line ဆိုတဲ့ Limited ဂရိတ်တွေထပ်ထွက်လာပါတယ်၊
ရုပ်ပြောင်းဖြစ်တဲ့ New Facelift တွင် 2013/8 ~ 2013/11 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade ထုတ်ပြီ 2013/12 ~ 2014/4 လပိုင်းမှာ Hybrid Cool Edition , Hybrid Smart Cool Edition ဆိုတဲ့ Limited ဂရိတ်တွေအဖြစ်ထုတ်ခဲ့ပါတယ်၊
–
ဂရိတ်ခွဲတွေရဲ့အကြောင်းကို အကြမ်းဖျဉ်းပဲပြောပြပါ့မယ်၊ ဘာလို့လဲဆိုရင် ဂျပန်first ower က သူ့စိတ်ကြိုက်ဆင်ပြီစီးထားတဲ့ကားဆိုရင် မှန်းရခက်ပါတယ်၊ ဒါပေမယ့် ဘယ်ဂရိတ်မှာ ဘာဟာတော့ပါရမယ်ဆိုတာကိုပြောပါမယ်၊
C grade က အနိမ့်ဆုံးဂရိတ်ပါ၊ ဘက်မှန်မီးချောက်မပါ ပါးခြမ်းမီးနဲ့၊ ရိုးရိုးထိုင်ခုံ၊ Curise Control မပါ၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ် မပါ၊ Side Skirt မပါ၊ လက်ကိုင်ကွင်းတစ်ခုသာပါ ပါသည်၊
Hybrid grade တွင်အတော်စုံလင်လာပါတယ်၊ ဘက်မှန်မီးချောက် ပါးခြမ်းမီးမပါဝင်တော့၊ half leather seats၊ curise control၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ်၊ Side Skirt ပါ၊ လက်ကိုင်ကွင်းလေးကွင်းတွေပါသွားပြီဖြစ်ပါတယ်၊
Smart Selection grade မှာ smart key system၊ HID headlight၊ စတီယာရင်ကြိုးချုပ်၊ ရှေ့လေကာမှန် ဆန်းရှိတ်ဖြစ်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Navi Premium Selection grade ကအစုံဆုံးဂရ်ိတ်ဖြစ်ပြီ ပ စောက်တီဗွီ၊ Cool Box၊ စီယာရင်ကြိုးချုပ်၊ ဘက်မှန် ရှေ့လေကာမှန် အပူပေးစနစ်၊ foglight၊ နောက်ယင်လိပ်၊ alloy wheels တို့ပါဝင်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Hybrid Fine Line ကို 2012 နှစ်လယ်လောက်မှာစထုတ်တဲ့ limited ဂရိတ်ဖြစ်ပါတယ်၊ ပါးခြမ်းနှစ်ဖက်တွင် hybrid တံဆိပ်၊ အအေးဗူးထည့်ခွက်အတွင် မီး၊ စတီယာရင်ကြိုးချုပ် တို့ဖြစ်သွားပါတယ်၊ ကျန်တာ Hybrid ဂရိတ်အတိုင်းပဲဖြစ်ပါတယ်၊
Hybrid Smart Fine Line က smart key system၊ HID headlight၊ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
2013 Smart Selection grade ရုပ်ပြောင်းမှာတော့ paddle shift၊ smart key system၊ အဲကွန်း ion လေသန့်စနစ်၊ ထိုင်ခုံအပူပေးစနစ်၊ နောက်ထိုင်ခုံလက်တင်၊ ကျန်တာ Navi Premium ဂရိတ်အတိုင်းဖြစ်ပါတယ်၊
Hybrid Cool Edition ကို 2013late နဲ့ 2014 မှာသာတွေ့ရပါတယ်၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
Hybrid Smart Cool Edition က smart key system၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ 2013 Smart Selection grade အတိုုင်းပဲဖြစ်ပါတယ်။
Honda Insight grade ခွဲနည်း
Honda Insight grade ခွဲနည်းလေးတွေ မသိသေးတဲ့ သူတွေ အတွက် အနည်းငယ် ရှင်းပြပါရစေ။
G , L , LS ဆိုပြီး ၃ မျိုးပဲ ရှိပါတယ်။
G grade : signal မီးခြောက်က ကားရဲ့ ပါးခြမ်းမှာပါ။ G. HDD internavi TV ပါရင်အပြည့်ဆုံးပါ။ 15 လက်မ wheels။
L grade : ဘက်မှန်မီးခြောက်ပါ ။ ရှေ့ လက်တင် ၊ နောက်လက်တင်ပါ ။ စတီယာရင်ကြိုးချုပ် ။ Cargo ခန်းမီးပါလာပါပြီ။15 လက်မ Wheels ။
LS grade : အမြင့်ဆုံး grade ပါ ။ ဘက်မှန်မီးခြောက် ၊ နှင်းခွဲမီး ၊ စတီယာရင်ကြိုးချုပ် ၊ paddle shift auto + manual 7 ချက်၊ ရှေ့လက်တင် ၊ နောက်လက်တင် ၊ Cargo မီး။ ရှေ့လေကာမှန်မှာ ori: sunshade ၊16 လက်မ alloy wheels ဖြစ်သွား ပြီ။ smart key ပါရင် အပြည့်စုံဆုံးပါ။
*** 2009 . 2010 models G . HDD NAVI EDITION မှာ ရှေ့စာကြည်းမီး VIDEO INPUT ပါပါသည်။
***OPTIONAL အနေနှင့် G နှင့် L မှာလည်း နှင်းခွဲမီးပါတက်ပါသည်။
***Rear wiper လည်း optional ပါ။
*** 2010 model (Late) , 2011 model G grade
တွင် ရှေ့လက်တင် ပါသည်။ အတွင်းခန်း all black ပါ။
ကား အောက်ပိုင်းအတွက်လည်း စျေးသက်သာပါတယ် ။ Insight shockabsorber နှင့် Fit shockabsorber အတူတူပါပဲ ။ Coil Spring လည်းအတူတူပါပဲ။ ပစ္စည်းလည်းပေါပါတယ်။
crd:Chit Ko Ko
HONDA FIT GK3 Grade ခွဲနည်း..
HONDA FIT ကားလေးတွေရဲ့ THIRD GENERATION အဖြစ် GK3 . GK4. GK5 . GK6 စီးရီး တွေကို HONDA CO : က 2013 /9 လပိုင်မှာ စျေးကွက်မှာစတင်ရောင်းချပါသည် ။
1300CC မှာ GK3 / 2WD နှင့် GK4 /4WD ကိုထုတ်လုပ်ပါသည်။
CAR GRADE ခွဲ 4 မျိုးရှိပါသည်။
G GRADE: Economy စျေးအနိမ့်ဆုံး အသက်သာဆုံးဖြင့် ရောင်းနိုင်အောင် အတွင်းပိုင်း grade တွေလျော့ထားပါသည်။ Base Grade ပါ ။ မှန်ဖြူ ၊ aircon ဂျောက်ဂျက် ၊ remote key ပါ ။ စီယာတိုင်နှင့် ထိုင်ခုံတွေကလည်း ရိုးရှင်းပါတယ်၊ လက်တင်မပါပါ ။
GF grade : မှန်ကာလာ Tinted Glasses ပါ ။ Aircon ခလုတ်တွေက လည်း ဂျောက်ဂျက်ပါ ။ Pust Start ဖြစ်သွားပါပြီ။ လက်တင်ပါလာပြီ။ ရှေ့မီးကြီးတွေက ရိုးရိုးပါ။
GL grade : မှန်ကာလာ ၊ aircon ခလုတ်တွေ Touch Screen ဖြစ်သွားပြီ။ ရှေ့နောက် လက်တင်ပါလာပြီ။ရှေ့မှန်ကြီး မှန်သား Sunshade . ရှေ့မီးကြီးတွေ XENON HEAD LIGHTS ဖြစ်သွားပါသည်။
GS grade : GK3 & GK4 ရဲ့ အမြင့်ဆုံး Grade ပါ ။ GL grade က Function တွေအကုန်ပါပြီး Fog Lights နှင့် Alloy Rims တွေ ပါလာမည်။
စီယာတိုင်ခလုတ်တွေက ပါဝင်သော TV က Internavi Premium Club HDD TV တွေဆိုရင် GL ရော GS ရောပါပါသည်။
1500 CC အင်ဂျင်များအတွက် GK5 /2WD နှင့် GK6/4WD ဆိုပြီး ထုတ်လုပ်ပါသည်။
XL grade : GS မှာ ပါသော grade များအပြင် စီယာတိုင်လယ်သာကြိုးချုပ် နှင့် Alloy Rims တွေ ပုံပြောင်းသွားပါသည်။
RS grade : XL grade မှာပါသောစနစ်များ အကုန်ပါပြီး Auto - Manual ဂီယာ 7 ချက် ဖြစ်သွားသည်။
ကားတင်သွင်းမှု မူဝါဒ အရ 1500 CC ကားတင်သွင်းရင် အခွန်ကြီးမြင့်လို့ ကားသွင်းရောင်းသူတွေ မသွင်းကြပါ။
မှတ်ချက် ။ Manual ဂီယာနှင့် လည်း ထုတ်လုပ်ပါသည်။လေ့လာပြီးရေးသားသည်အတွက် ကျန်ခဲ့သည်များ ရှိခဲ့လျှင် အပြုသဘောဖြင့် ပညာရှင်များမှ ဖြည့်စွပ်ပေး ကြပါ။
ကျေးဇူးတင်ပါသည်။
Chit Ko Ko
# # # # #
All-New Honda Fit GK3 ...
Honda Fit ကိုကြိုက်နှစ်သက်ကြတဲ့သူများအတွက် All-New Model Honda Fit Third Genernation ( 2013~Present ) ပုံပြောင်းအကြောင်းကိုပြောပြချင်ပါတယ်-
Honda Fit ပုံပြောင်းကို 2013 / 9 လပိုင်းကစပြီ အခု 2016 အထိ Body Chassis ပုံမပြောင်းပဲထုတ်ထားပါတယ်၊ အင်ဂျင်ပါဝါများအနေနဲ့ 1.2 L / 1.3 L / 1.5 L/ ပြီးတော့သူ့မှာထူးခြားတာက 1.5 L i-DTEC Diesel ( U Can also see India Market ) ဆိုပြီ ဒီဇယ်အင်ဂျင်နဲ့လဲလာပါတယ်၊ ဂရိတ်ခွဲတွေကတော့ G / G F pkg / L pkg / G S pkg / X / X L pkg / RS / G F pkg Comfort Edition တွေပဲဖြစ်ပြီ Body Chassis အနေနဲ့ GK 3-4-5-6 တို့ပဲဖြစ်ပါတယ်၊ Honda Fit ကိုတစ်ချို့နိုင်ငံတွေမှာ Honda Jazz အနေနဲ့လဲတွေ့မြင်နိုင်ပါတယ်
-
Body Chassis ၊ Grade ခွဲတွေအများကြီးရှိတဲ့အနက် မြန်မာပြည်မှာတွေ့ရတာများပြီ အသွင်းများကြတဲ့ အင်ဂျင်ပါဝါ 1.3 L နဲ့ပဲလာတဲ့ GK 3-4 အကြောင်းပဲပြောပါ့မယ်၊ ဘာလို့လဲဆိုတော့ ဆီစားလဲသက်သာအခွန်အခလဲသက်သာကြလို့ဖြစ်ပါတယ်
-
GK 3 ကအင်ဂျင်ပါဝါ 1.3 2WD နဲ့လာပြီ GK 4 ကတော့ 1.3 4WD လာပါတယ်၊ နှစ်မျိုးစလုံးမှာ သူ့အရင်နောင်တော်မော်ဒယ်တွေမှာလာတဲ့ G / G F pkg / L pkg ဂရိတ်တွေအတိုင်းလာပြီ G S pkg ဆိုတဲ့ဂရိတ်တစ်မျိုးထပ်တိုးလာပါတယ်၊ G S pkg မူရင်းစက်ရုံထုတ်စျေးက L ဂရိတ်ထက်ပိုပါတယ်၊ G grade က မှန်ဖြူဖြစ်ပြီ ဘက်မှန်မီးချောက်နဲ့ Push Start မဖြစ်ပါဘူး၊ G F pkg ၊ L pkg ၊ G S pkg တို့ကမှန်မဲ ဘက်မှန်မီးချောက်ဖြစ်ပြီ Push Start နဲ့ပါ G F pkg က Air-Con ချောက်ချက်နဲ့ဖြစ်ပြီ L pkg က Air-Con Digital ဖြစ်သွားပါတယ် L ၊ G S pkg တို့က ရှေ့မီးကြီးတွေပြောင်းသွားပြီ G S pkg က Paddle Shift ပါပြီပစ္စည်းအစုံဆုံးနဲ့အမြင့်ဆုံးဂရိတ်ပါပဲ Original TV နဲ့ ကျန်အတွင်းခန်းပစ္စည်းတွေကတော့ ကနဦးပိုင်ရှင်ရဲ့ရွေးချယ်ခဲ့တဲ့ Options ဖြစ်ပါတယ်၊ ယခုလောက်ဆိုရင် Honda Fit 2013 Late ပုံပြောင်းအကြောင်းကိုအကြမ်းဖျင်းသိရှိနားလည်လိမ့်မည်ဟု ထင်မိပါသည်။
Honda Fit Shuttle Grade ခွဲနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Honda Fit Shuttle ကို ဝယ်မည့်သူများ အတွက်အထောက်အကူဖြစ်စေရန် Model Year ၊ Grade ခွဲနည်းများအကြောင်းကို တင်ပေးလိုက်ပါတယ်-
Honda Fit Shuttle မှာ 1.3 Hybrid(GP2) နဲ့ 1.5 Petrol Only(GG7) တို့ဖြင့်လာပြီ ဒီမှာအသုံးများတဲ့ Fit Shuttle Hybrid(GP2) အကြောင်းပဲပြောပါမယ်၊
Model Year
———-
Fit Shuttle ကို 2011/6 လပိုင်းတွင်စတင်ထုတ်ပြီ 2013/8 လပိုင်းမှာ အတွင်းအပြင်ရုပ်အနည်းငယ်ပြောင်းလဲသွားပါတယ်၊ Grade တွေကလဲ Model ပေါ်မှုတည်ပြီ ကွဲပြားသွားပါတယ်၊
Grade ခွဲများ
———-
2011/6 ~ 2012/6 လပိုင်းထိ C grade , Hybrid grade , Smart Selection grade , Navi Premium Selection grade တွေလာပါတယ်၊ ဒီမှာ မှတ်သားစရာတစ်ခုက 2012/6 လ နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာတွေကြိုက်ကြပြီ Premium ဂရိတ်မှာပါတဲ့ ပ စောက်တီဗွီကိုမထုတ်တော့ပါဘူး၊ နောက်ပိုင်းမော်ဒယ်မြင့်တွေမှာ Honda ရဲ့ genuine audio access ဖြစ်တဲ့ Gathers TV တွေနဲ့ပဲလာပါတော့တယ်၊ ဒါကြောင့်မို့လို့ 2012/6 နောက်ပိုင်းမှာ ပ စောက်တီဗွီပါတဲ့ Premium ဂရိတ်လဲမရှိတော့ပါဘူး၊
2012/7 ~ 2013/7 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade , Hybrid Fine Line , Hybrid Smart Selection Fine Line ဆိုတဲ့ Limited ဂရိတ်တွေထပ်ထွက်လာပါတယ်၊
ရုပ်ပြောင်းဖြစ်တဲ့ New Facelift တွင် 2013/8 ~ 2013/11 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade ထုတ်ပြီ 2013/12 ~ 2014/4 လပိုင်းမှာ Hybrid Cool Edition , Hybrid Smart Cool Edition ဆိုတဲ့ Limited ဂရိတ်တွေအဖြစ်ထုတ်ခဲ့ပါတယ်၊
–
ဂရိတ်ခွဲတွေရဲ့အကြောင်းကို အကြမ်းဖျဉ်းပဲပြောပြပါ့မယ်၊ ဘာလို့လဲဆိုရင် ဂျပန်first ower က သူ့စိတ်ကြိုက်ဆင်ပြီစီးထားတဲ့ကားဆိုရင် မှန်းရခက်ပါတယ်၊ ဒါပေမယ့် ဘယ်ဂရိတ်မှာ ဘာဟာတော့ပါရမယ်ဆိုတာကိုပြောပါမယ်၊
C grade က အနိမ့်ဆုံးဂရိတ်ပါ၊ ဘက်မှန်မီးချောက်မပါ ပါးခြမ်းမီးနဲ့၊ ရိုးရိုးထိုင်ခုံ၊ Curise Control မပါ၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ် မပါ၊ Side Skirt မပါ၊ လက်ကိုင်ကွင်းတစ်ခုသာပါ ပါသည်၊
Hybrid grade တွင်အတော်စုံလင်လာပါတယ်၊ ဘက်မှန်မီးချောက် ပါးခြမ်းမီးမပါဝင်တော့၊ half leather seats၊ curise control၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ်၊ Side Skirt ပါ၊ လက်ကိုင်ကွင်းလေးကွင်းတွေပါသွားပြီဖြစ်ပါတယ်၊
Smart Selection grade မှာ smart key system၊ HID headlight၊ စတီယာရင်ကြိုးချုပ်၊ ရှေ့လေကာမှန် ဆန်းရှိတ်ဖြစ်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Navi Premium Selection grade ကအစုံဆုံးဂရ်ိတ်ဖြစ်ပြီ ပ စောက်တီဗွီ၊ Cool Box၊ စီယာရင်ကြိုးချုပ်၊ ဘက်မှန် ရှေ့လေကာမှန် အပူပေးစနစ်၊ foglight၊ နောက်ယင်လိပ်၊ alloy wheels တို့ပါဝင်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Hybrid Fine Line ကို 2012 နှစ်လယ်လောက်မှာစထုတ်တဲ့ limited ဂရိတ်ဖြစ်ပါတယ်၊ ပါးခြမ်းနှစ်ဖက်တွင် hybrid တံဆိပ်၊ အအေးဗူးထည့်ခွက်အတွင် မီး၊ စတီယာရင်ကြိုးချုပ် တို့ဖြစ်သွားပါတယ်၊ ကျန်တာ Hybrid ဂရိတ်အတိုင်းပဲဖြစ်ပါတယ်၊
Hybrid Smart Fine Line က smart key system၊ HID headlight၊ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
2013 Smart Selection grade ရုပ်ပြောင်းမှာတော့ paddle shift၊ smart key system၊ အဲကွန်း ion လေသန့်စနစ်၊ ထိုင်ခုံအပူပေးစနစ်၊ နောက်ထိုင်ခုံလက်တင်၊ ကျန်တာ Navi Premium ဂရိတ်အတိုင်းဖြစ်ပါတယ်၊
Hybrid Cool Edition ကို 2013late နဲ့ 2014 မှာသာတွေ့ရပါတယ်၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
Hybrid Smart Cool Edition က smart key system၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ 2013 Smart Selection grade အတိုုင်းပဲဖြစ်ပါတယ်။
crd
Toyota Kluger အကြောင်း 🚙
===========
Toyota Kluger ဆိုတဲ့ ကားကိုတော့ 2000 ခုနှစ်ကနေ စထုတ်လိုက်တာဖြစ်ပြီး ဥရောပစျေးကွက်မှာတော့ Toyota Highlander ဆိုတဲ့ နာမည်နဲ့ရောင်းချပါတယ်။ Kluger ကို Toyota ရဲ့လက်ခွဲ Company နှစ်ခုကနေ ခွဲထုတ်ပေးထားပါတယ်။ ဘာတွေလဲ ဆိုရင် Toyota Vista ကထုတ်လုပ်ပေးတဲ့ကား ဆိုရင် Kluger V နဲ့ လာပြီး Toyota Corolla က ထုတ်ပေးထားတာ ဆိုရင် Kluger L ဆိုပြီးတော့ပေါ့။ ဒါတွေက တော့ ယခုစာဖတ်နေတဲ့ လူကြီးမင်းတို့ သိလဲ သိ နိုင်သလို မသိတဲ့လူတွေလဲ ရှိမှာပါ။ ဒါကြောင့် အများသူငှာသိရအောင် အကျယ်တ၀င့် ပြန်ပြောပေးတာပါ။
ဒီ့အပြင် Toyota Kluger ကို ဓာတ်ဆီကော ဘက်ထရီ နှစ်မျိုးသုံး HYBRID ကားတွေကိုလည်းထုတ်လုပ်ပေး ထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ သိပ်မတွေ့ရပါဘူး။ HYBRID တွေကို အများဆုံးတွေ့ရတာကတော့ 2002 Model နဲ့ 2003 (Late) တွေမှာ 2400 CC နဲ့သာ အများဆုံးတွေ့ရတတ်ပါတယ်။
အခုဒီ ပထမမျိုးဆက် 2000 Model ကနေ 2007 ထိကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ များများစားစား မရှိခဲ့ပါဘူး။ 2004 ခုနှစ်မှာ V6 Engine ကို 3.0L (220 hp) မှ 3.3L (225 hp) ထိ အဆင့်မြှင့်ပေးခဲ့ပြီး ၄ချက်ထိုး အော်တို ဂီယာမှ ၅ချက်ထိုး အော်တို ဂီယာသို့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် အလွိုင်းဘီး ပုံစံ နဲ့ ခုံ သုံးတန်း တွေဖြစ်လာပါတယ်။ 2006 Model မှာတော့ Sport Type ပုံစံတွေ စထုတ်ခဲ့ပြီး ကားအတွင်းပိုင်းကော အပြင်ပိုင်း ပါ ပုံစံ ဒီဇိုင်းတွေ အနည်းငယ် ပြောင်းလဲလာတာကို တွေ့ရမှာပါ။
ဒီ Toyota Kluger မှာ Grade တွေဆိုလို့ များများစားစား မရှိပါဘူး။ Grade တွေကတော့ Basegrade, S Package, S Limited, G Package, S X Package နဲ့ S G Package တို့ပဲ ဖြစ်ပါတယ်။
အင်ဂျင်ပါဝါတွေ အနေနဲ့ကတော့ 2400 CC နဲ့ လဲလာသလို 3000 CC နဲ့လဲ လာပါတယ်ခင်ဗျ။ အင်ဂျင်ပါဝါ နှစ်မျိုးလုံးအတွက် 2WD လဲရှိသလို 4WD လဲရှိနေပါတယ်။ အောက်မှာတော့ သူတို့လေးတွေရဲ့ Chassis နံပါတ်လေးနဲ့ တကွ ဖော်ပြပေးပါမယ်။
Grade အားလုံးအတွက် Engine Power 2400 CC နှင့် 2WD ကိုတော့ Chassis အနေနဲ့ ACU20 နဲ့လာပြီး 4WD ကိုတော့ ACU25 နဲ့ လာပါတယ်။
Engine Power 3000 CC နှင့် 2WD ကိုတော့ MCU20 နဲ့လာပြီး 4WD ကိုတော့ MCU25 ဆိုပြီးဖြစ်ပါမယ်။
Grade တိုင်းရဲ့ အပြင်ပိုင်းအနေနဲ့ ရုပ်မပြောင်းမချင်း ထူးခြားမှု သိပ်မရှိကြပါဘူး။ ဒါပေမဲ့ ရုပ်ပြောင်းဖြစ်သွားတဲ့ 2003 (Late) Model ကျရင်တော့ အရင် က ရှေ့Shell (Grill) မှာ ဒေါင်လိုက်ပုံစံကနေ 2003 (Late) Model ကျတော့ အလျားလိုက်ဖြစ်သွားပါမယ်။ Shell (Grill) ပြောင်းလဲသွားတဲ့ အတွက် ဘန်ဘာမီးခွက်တွေ နှင့်အတူ၊ ရှေ့မီးခွက် နဲ့ နောက်မီးခွက်တွေပါ ဒီဇိုင်းလေး အနည်းငယ် ဆန်းသစ်သွားပါမယ်။ အောက်မှာတော့ Grade တစ်ခုချင်းစီရဲ့ အတွင်းပိုင်း ပြောင်းလဲမှုလေးတွေ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
Toyota Kluger ထဲမှာ အနိမ့်ဆုံး Grade တစ်ခုဖြစ်တဲ့ Basegrade ဟာ ထွေထွေထူးထူး ဘာမှ မရှိတဲ့အတွက် မရှင်းတော့ပဲ။ အောက်က Grade တွေ စရှင်းပေးလိုက်ပါတယ်။
>
S Package ကတော့ အတွင်းခန်းမဲမယ်။ အတွင်းခန်းမဲတဲ့အတွက် ကျွန်းဖောက်ကလဲ ကျွန်းမဲ ဖြစ်ပါမယ်။ မှန်ငါးချပ်မဲသွားပါမယ်။ Gear အနေနဲ့ကတော့ Auto ကော Manual ပါမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Manual မောင်းနှင်ဖို့ အတွက်ကတော့ Steering မှာ Down and Up Button လေးတွေ ထည့်သွင်းပေးထားပါတယ်။ Original TV ကတော့ အပေါ်ဘက်မှာလာတတ်ကြပါတယ်။ Original TV နဲ့ Back Camera တွေဆိုရင်တော့ ကျွန်တော်တို့ Back Gear ထိုးတဲ့ အချိန်ကြရင် TV Screen မှာ Black and White နဲ့ ပြပါတယ်။ အပြင်ပိုင်း ကတော့ Skirt ပတ်လည်ပါတာလဲ ရှိသလို မပါတာလဲ ရှိတတ်ပါတယ်။ Roll Bar တွေ၊ Spoiler တွေပါလာပါမယ်။ 2003(Late) ရုပ်ပြောင်းမှာလဲ ဒီလိုပါပဲ။ ရုပ်ပြောင်းမှာ ထူးခြားချက်ကတော့ ထိုင်ခုံ ၃တန်း ၇ ယောက်စီးလာတာလဲရှိသလို မလာတာလဲရှိတတ်ပါတယ်။ ကျန်တာအားလုံးကတော့ ရုပ်ဟောင်းနဲ့ တူတူပါပဲ။
>
S Limited မှာ ထပ်တိုး ထူးခြားချက်တွေကတော့ ထိုင်ခုံရှမွိုင်း ပြောင်းသွားမှာဖြစ်ပြီး Side Cover တွေလည်း ပြောင်း သွား ပါမယ်၊ အပြင်းပိုင်းမှာတော့အလွိုင်း Design က S package တူ ပီး Crome alloy ဖြစ်သွားမှာဖြစ်ပါတယ်။ 2003 (Late) Model တွေမှာ တော့ Roll Bar တွေ မပါ၀င်တော့ပါဘူး။ ဒီမှာ ထူးခြားတာတစ်ခုက Back Gear ထိုးရင် Camera ကColor ဖြစ်လာပြီး Steering လှည့်တဲ့ ဘက်ကို Position ပြလာပါပြီ။
>
G Package ရဲ့ အတွင်းပိုင်း အပြင်အဆင်ကတော့ မှန်အဖြူမဟုတ်ပေမဲ့ ကာလာလေး အနည်းငယ်ပါလာတယ်ဗျ။ အတွင်းခန်း အဝါရောင်နဲ့လာပါတယ်။ အတွင်းခန်းဝါသွားတဲ့ အတွက် ကျွန်းဖောက်လေးတွေက လဲ ကျွန်းဝါ ဖြစ်သွားပါတယ်။ ရှေ့ခန်း တံခါး လက်ကိုင်ဘေးမှာ ကော်ဖီတင်/ အအေးဘူး တင်တဲ့ ခွက်ကလေး ပါ၀င်လာပါမယ်။ Side Cover တွေကတော့ ထိုင်ခုံသား လို ရှမွိုင်းသားနဲ့လာပါတယ်။ Gear အနေနဲ့ကတော့ Auto Gear ပဲဖြစ်ပါတယ်။ 3.0L အများစုမှာတော့ Cruise Control ပါ ပါလာပါတယ်။ အလွိုင်းလဲ မတူတော့ပဲ တမူဆန်းပြားသွားပါတယ်။ အောက်မှာပြထားတဲ့ ပုံလေးက G package ဖြစ်ပါတယ်။ Sunroof မပါပါဘူး၊ အလှတပ်ထားတာပါ။
>
ရုပ်ပြောင်းတွေမှာ ခုံသုံးတန်း ၇ ယောက်စီးတွေ လာတယ်လို့ တချို့တွေကပြောကြပါတယ်။ ဒါပေမဲ့ ဒီ S X Package မှာတော့ ၇ယောကျစီး (ခုံ သုံးတန်း) နဲ့ မလာတော့ပါဘူး။ ခုံနှစ်တန်း လူ ၅ ယောက်စီးသာထုတ်ထားပါတယ်။ အတွင်းခန်းကတော့ ရုပ်ပြောင်းမှာ အနိမ့်ဆုံး Grade ဆိုတော့ မှန်ဖြူ ဖြစ်ပြီး အတွင်းခန်းကိုတော့ အမဲရောင်နဲ့ လာပါတယ်။
>
S G Package ဆိုတာကတော့ ရုပ်ဟောင်းမှာ မလာပါဘူး။ ရုပ်ပြောင်း 2003 (Late) Model မှာပဲ စတင်လာတာပါ။ အပြင်ပိုင်း ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်း ပြောင်းလဲသွားပါပြီ။ အတွင်းခန်းအနေနဲ့ကတော့ ခဲရောင်လိုပုံစံ ဖြစ်ပြီး ကျွန်းဖောက်တွေကတော့ အမဲရောင်ပုံစံနဲ့လာပါတယ်။ ခုံသုံးတန်း လူ ၇ ယောက်စီးဖြစ်သွားပါမယ်။ ဒီမှာတော့ Original TV နဲ့ Back Camera တွေမှာ Back Gear ထိုးရင် Black and White မဟုတ်တော့ပါဘူး Color ပါ ပါ၀င်လာပါပြီး Steering Position ပြလာပါပြီ။ Sunroof တွေကပါတာလဲ ရှိသလို မပါတာလဲရှိတတ်ပါတယ်။ ဒါကြောင့် ပုံသေမှတ်လို့မရပါဘူး။ Driver ထိုင်ခုံမှာ Motor ပါ၀င်လာပြီဖြစ်ပါတယ်။ Gear ကတော့ Auto Gear ပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာတော့ Roll Bar နဲ့ Skirt ပတ်လည်မပါ၀င်တော့ဘဲ Spoiler ကတော့ပါဝင်ပါတယ်။ ဒီ S G package မှာတော့manual gear ပြောင်းလို့တော့ မရတော့ဘူးခင်ဗျ၊ Steering မှာလဲ Down and Up Button ခလုတ်တွေမပါလာတော့ပါဘူး။
မူရင်း Post ပိုင်ရှင်အား Credit ပေးပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11221
Corner Of Tapin Shwe Htee Street & Ariya Mahon Street
Yangon
ဝန်ဆောင်မှု့အပြည့်ပေးမဲ့ AYK Service
347. Yadanar Road, Myanmar, Burma (Myanmar)
Yangon, 11091
Drive Your Dreams
No. 265, Ka (4) Street, Near Bayint Naung Road, Insein Myothit, Insein Township
Yangon, 11011
ကားနဲ့ ပတ်သက်တဲ့၀န်ဆောင်မူ့ဆို ဘိုဘိုအော်တို ရှိတယ်
No. 47/48(B) . Corner Of Baho And Hantharwaddy Road, Sanchaung Township , Yangon.
Yangon
No. 107/2 , Sat Hmu Lal Yar Street, , (45)Quarter, North Dagon Township
Yangon, 11421
�� GALLANT PERFECT မှ ကားများစွာ စျေးနှုန်းမှန်ကန်တိကျစွာဖြင့် အရစ်ကျစနစ်/လက်ငင်းစနစ် ဖြင့်ရောင်းချ