TYRO Fuel Distribution

Choosing High Quality Make you Feel Comfortable

17/04/2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့မှသည် တစ်နှစ်တာလုံး ကောင်းခြင်းမင်္ဂလာများဖြင့်သာ တွေကြုံခံစားကြရပါစေ။

31/12/2022

နှစ်သစ်ကို ကိုယ်စိတ်ကျန်းမာချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစ
ဘေးရန်ကင်းကြပါစေ။
မြန်မာသာမက ကမ္ဘာမှာလဲအးချမ်းပါစေ။

05/10/2022

အမေရိကန်ဒေါ်လာညွှန်းကိန်း
U.S. Dollar Index (DXY)
ဆက်တိုက်ကျနေတဲ့ အချိန်မှာ
မြောက်ကိုးရီးယားက ၅နှစ်အတွင်း
ပထမဆုံး အကြိမ်အဖြစ် ဂျပန်နိုင်ငံကို
ကျော်ပြီး IRBM တာလတ်ပစ် မစ်ဇိုင်း
ပဲ့ထိန်းဒုံးတစ်စင်းကို ပစ်ခတ်ခဲ့တဲ့ အတွက်
ကမ္ဘာ့ရွှေဈေးက ထိုးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရေနံဈေးကွက်ကို ထိန်းချုပ်ထားတဲ့
OPEC+ အဖွဲ့က ရေနံထုတ်လုပ်မှုကို
တစ်ရက်လျင် စည်နှစ်သန်းထိ လျှော့ချရန်
စဉ်းစားနေတယ်ဆိုတဲ့ သတင်းကြောင့်
ကမ္ဘာ့ရေနံဈေးက အတက်ဖက်ကို ပြနေပါတယ်။

စင်္ကာပူ MOPS ရေနံဈေးနှုန်းကတော့
ဓာတ်ဆီ 92, 95 ဈေးကျပြီး ဒီဇယ်က
အတက်ဖက်ကို ပြနေပါတယ်လို့ သိရပါတယ်ခင်ဗျာ ။

06/06/2022

https://www.facebook.com/109641191672229/posts/136701765632838/

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
6/6/2022

06/06/2022

https://www.facebook.com/109641191672229/posts/136701672299514/

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
6/6/2022

05/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
5/6/2022

05/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
5/6/2022

04/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
4/6/2022

04/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
4/6/2022

03/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
3/6/2022

03/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
3/6/2022

02/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
2/6/2022

02/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
2/6/2022

01/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
1/6/2022

01/06/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
1/6/2022

31/05/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
31/5/2022

31/05/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
31/5/2022

30/05/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
30/5/2022

30/05/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
30/5/2022

29/05/2022

ဆီတိုင်ကီကို ပြည့်လျှံသည်အထိ ထည့်သင့်၊မထည့်သင့်?

ကားအချို့ဓာတ်ဆီဖြည့်နေပုံမှာ ကားလှုပ်၍ လျှံကျ(နီးပါး) အဖုံးနှင့် ဓာတ်ဆီမျက်နှာပြင် ထိသည်အထိ ဆီထည့်နေကြသည်ကို မကြာခဏတွေ့ရှိနေရခြင်းကြောင့် သတိပေးရခြင်းဖြစ်သည်။
ဓာတ်ဆီသုံးယာဉ်နှင့် ဓာတ်ဆီကားများတွင် ဓာတ်ဆီငွေ့ ပြန်လည်စုဆောင်းသည့်စနစ်(Vap our Recovery System) & Evaporative Emission Control System(EVAP) စနစ်များပါဝင်ပါသည်။ EVAPစနစ်သည် လေထုထဲကို ဓာတ်ဆီငွေ့မရောက်အောင်တားဆီးပေးသည့် စနစ်ဖြစ်သည်။ EVAPစနစ်အလုပ်လုပ်ပုံမာ ဓာတ်ဆီငွေ့များကို တိုင်ကီအတွင်းမှာ ဖမ်းသည်။ ထိုမှ ဓာတ်ဆီအငွေ့ဘူး(Vapour Cansister) အတွင်းသို့ ပို့ဆောင်သည်။ အင်ဂျင်လည်ပတ်နေစဉ် ဖြစ်ပေါ်နေသော ဓာတ်ဆီဓာတ်ငွေ့များကို Intake Manifold သို့ ဆက်လက်ပို့ဆောင်ပေးသည်။ ပေါက်ကွဲမီးလောင်ဖြစ်စဉ် (Combustion Procedure)အတွင်း ပါဝင်သွားနိုင်စေရန် ဖြစ်သည်။ အကယ်၍ သင်ဟာဆီတည်ကီအပြည့်ဆီထည့်လိုက်လျှင် တည်ကီထဲတွင် အငွေ့လှုပ်ရှားမူများအတွက်နေရာ(Space)အလွတ် မကျန်တော့ဘူး။ EVAPစနစ်တွင်း ပါရှိသော ဓာတ်ဆီအငွေ့ဘူး(Vapour Cansister)အတွင်းသို့ ဓာတ်ဆီ(အငွေ့) ရောက်ရမယ့်အစား ဓာတ်ဆီ(အရည်)ကို ရောက်ရှိစေမှာ ဖြစ်ပါသည်။
ဓာတ်ဆီငွေ့ ဆားကစ်စနစ် ပျက်ဆီးကာ အနှောင့်အယှက်ဖြစ်သွားခြင်းများ ဖြစ်နိုင်သည်။ ယင်းသို့ချွတ်ယွင်းပါက သင့်ကားသည်လည်း ဓာတ်ဆီအငွေ့လှောင်ဘူးငယ်အသစ် မလဲသရွေ့ ပုံမှန်ဆီအပြည့်ဖြစ်ရန်ပင် စနစ်အတွင်း လေခိုအောင်းနေမူများ ဖြစ်ပေါ်စေမည်။ ဒါ့အပြင် ကျွန်တော်တို့ ရှူရှိုက်နေရသော လေထုကို ဓာတ်ဆီငွေ့များ ထုတ်လွှတ်စေနိုင်ပီး အဆိပ်အတောက်များ ဖြစ်စေနိုင်ပါသည်။
ဒါကြောင့် ဆီပန့်ဆိုင် ဆီထည့်လျင် ဆီပြည့်ခါနီး အခြေအနေများတွင် လေသံများ စတင်ထွက်ပေါ်လာခိုက် ဆီထည့်တာ ရပ်သင့်ပါသည်။ ပြင်ပသို့ လျှံကျလုနီးပါး(အဖုံးပင်ပိတ်ရန် ခက်သည်အထိ) ကားကိုလှုပ်၍ ဆက်ထည့်သည့်အလုပ်မျိုး မပြုလုပ်သင့်ဖို့ အကြံပေးလိုပါသည်။
နောက်တခုဖြစ်တဲ့ ကားတစ်စီးကို ဆီကုန်အောင်မောင်းလိုက်တဲ့အခါ ဖြစ်ပေါ်ကြုံတွေ့ရမယ့် ပြဿနာများကတော့
ဓါတ်ဆီကားတွေအတွက် ကားဆီတိုင်ကီထဲမှာ ဆီပန့် (Fuel Pump) ကိုတပ်ဆင်ထားပြီး တိုင်ကီထဲက ဆီကို ဖိအားဖြင့် တွန်းတင်ပေးတာဖြစ်ပါတယ်။ ဆီပန့်မကောင်းတဲ့အခါ လောင်စာဆီကို ဖိအားဖြင့် တွန်းတင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဆီပန့်ကို လောင်စာဆီထဲမှာ နှစ်မြုပ်ထားပြီး ဆီပန့်အပူချိန်ကျအောင် (အေးအောင်) လောင်စာဆီဖြင့် အအေးခံပေးတာဖြစ်ပါတယ်။
လောင်စာဆီကို ကုန်တဲ့အထိမောင်းလိုက်တဲ့အခါ လောင်စာဆီပန့်က ဆီထဲမှာ နှစ်မြုပ်မနေတဲ့အတွက် ဆီပန့်အပူချိန်မြင့်တက်လာပီး လောင်စာဆီပန့်ရဲ့ ခုခံအားလည်းမြင့်တက်စေကာ ပန့်လည်ပတ်မှုကို ကျဆင်းစေပြီး ဆီဖိအားကို ကျဆင်းစေပါတယ်။ အဲ့ဒီအခါ သတ်မှတ်ထားတဲ့ ဆီဖိအားကို မရောက်ရှိဘဲ အင်ဂျင်အဆွဲအရုန်းကို ကျဆင်းစေသလို စက်ရပ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆီကုန်ခါနီးအထိ အသုံးပြုတဲ့အတွက် ဆီတိုင်ကီအောက်ခြေက အမှုန်များ၊ ရေများက ဆီလိုင်းအတွင်း ရောပါလာစေကာ ဆီလိုင်းချေးပိတ်ခြင်း၊ ဆီပရက်ရှာဆင်ဆာ ချေးပိတ်ပျက်စီးစေခြင်း၊ အင်ဂျက်တာများ ချေးပိတ်ခြင်းနှင့် အင်ဂျင်အဆွဲအရုန်းကိုလည်း ကျဆင်းစေပါတယ်။
လောင်စာဆီမီး အဝါလင်းတဲ့အထိ ကြိမ်ဖန်များစွာ အသုံးပြုမိတဲ့အခါ လောင်စာဆီပန့်ရဲ့ စွမ်းဆောင်ရည်ကျဆင်းပြီး နောက်ပိုင်းမှာ လောင်စာဆီ ၁ တုံးလောက်ကျန်တဲ့အချိန်မှာ လီဗာနင်းမရခြင်း၊ လီဗာနင်းလိုက်တဲ့အချိန် စက်ထိုးရပ်ခြင်း စတဲ့ ပြစ်ချက်များကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ လောင်စာဆီကို နည်းနည်းလေးဘဲကျန်တဲ့အထိ မောင်းနှင်အသုံးပြုတဲ့အတွက် ဆီပန့်စွမ်းဆောင်ရည် ကျဆင်းလာတာကြောင့်ဖြစ်ပါသည်။ ဒါဆိုရင်တော့ လောင်စာဆီပန့်ကို အသစ်လဲပေးမှသာ ဒီပြစ်ချက်ကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် လောင်စာဆီကို ဆီမီး အဝါရောင်လင်းတဲ့အထိ မောင်းနှင်အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်စေချင်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လောင်စာဆီပန့်ပျက်စီးစေခြင်း၊ ဆီလိုင်းချေးပိတ်ခြင်း၊ အဆွဲအရုန်းကျခြင်းတို့ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Crd original writer

28/05/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
29/5/2022

28/05/2022

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
29/5/2022

28/05/2022

https://www.facebook.com/109641191672229/posts/134421375860877/

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
28/5/2022

28/05/2022

https://www.facebook.com/109641191672229/posts/134421262527555/

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
28/5/2022

27/05/2022

https://www.facebook.com/109641191672229/posts/134217055881309/

ဆီစျေးတအားတက်နေတော့ ဆီစားသက်သာအောင် ဘယ်လိုမောင်းကြမလဲ??? ဂရုပြုသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆီအရည်အသွေးမှန်၊လီတာပြည့်သောဆီဆိုင်တွင် ဆီထည့်ခြင်း

*ဆီသန့်ပြီး ဆီပြည့်သော စက်သုံးဆီအရောင်းဆိုင်တွင်သာ ဆီထည့်ခြင်း။
*အရောအနှော ပါတဲ့စက်သုံးဆီထက် အရည်အသွေးမြင့်တဲ့စက်သုံးဆီက ပိုမိုမောင်းနှင်နိုင်ပြီး ကားအတွက်ကောင်းမွန်စေပါတယ်။

(၂) အဲယားကွန်းဖွင့်မောင်းခြင်း

* ရာသီဥတုအခြေအနေ အရ နေအရမ်းမပူတဲ့နေရာများမောင်းတဲ့အခါ၊ ဟိုင်းဝေးမောင်းနှင်ရတဲ့အခါမျိုးတွေမှာ အဲယားကွန်းအား ပိတ်ပြီးမောင်းနှင်ခြင်းဟာ ဆီစားသက်သာစေပါတယ်။
*Digital Aircon ပါတဲ့ကားတွေမာ အပူချိန် ၂၅ ဒီဂရီမှာထားတာနဲ့ အပူချိန် ၁၆ ဒီဂရီမှာထားတဲ့ ဆီစားနှုန်းဟာမတူပါဖူး။ ကားတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ ချဖို့အတွက် အဲကွန်းဟာ ဆက်တိုက် လည်ပတ်ရတဲ့အတွက် ဆီပိုကုန်ပါတယ်။ ပုံမှန်အားဖြင့် ၂၅ဒီဂရီဆိုရင် သက်တောင့်သက်သာနေနိုင်တဲ့ အအေးချိန်ဖြစ်ပါတယ်။ နောက်ပီး စစဖွင့်ချင်းသာ Fan Speed ကို မြှင့်ပြီး အေးလာတဲ့ အခါ ပုံမှန်ကို ပြန်လျှော့ချခြင်းဖြင့် ဆီစားနှုန်းသက်သာစေနိုင်ပါသည်။

(၃) အင်ဂျင်ဝိုင် grade မမှန်တာတွေသုံးခြင်း၊ သတ်မှတ်ထားတဲ့ ချောဆီအသုံးမပြုခြင်း

*သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ဂရိတ်ကို မထည့်ဘဲ ပိုပြီးဈေးပျစ်တဲ့ ချောဆီတွေကို အသုံးပြုထားတယ်ဆိုရင်တော့ ကားကလေးလေးကြီးဖြစ်နေပြီး အဆွဲအရုန်းကျကာ အထလေးပီး ကားဆီပိုစားစေနိုင်။
*ကီလို ၅၀၀၀ပြည့်ပီးတိုင်း လဲလှယ်သင့်။

(၄) အင်ဂျင်လေစစ်(air filter) မကောင်းခြင်း

*အင်ဂျင်လေစစ်မကောင်းရင် ကားအဆွဲအရုန်းကျနိုင်။
*မိုင် ၁၅၀၀၀ မှ မိုင် ၃၀၀၀၀ မောင်းပီးတိုင်း လဲလှယ်သင့်။

(၅)Spark plugs(ပလပ်များ) မကောင်းခြင်:

*ပလပ်မကောင်းရင်လဲ အဆွဲအရုန်းကျကာ ဆီစားများနိုင်။
*ကီလိုမီတာ ၃၀၀၀၀ မောင်းပြီးတိုင်း ဖြုတ်စစ်ပီးလိုအပ်ရင်လှဲသင့်။

(၆) တာယာလေပေါင်ချိန်ခြင်း

*တာယာလေပေါင်နည်းတဲ့အခါ အင်ဂျင်ပိုရုန်းရတဲ့အတွက် ဆီပိုစားနိုင်။
* ကားတာယာလေပေါင်ကို ကားပိုင်ရှင်လက်စွဲ (Owner Manual) သို့မဟုတ် ကားတံခါးဘောင်မှာရေးထားတဲ့ သတ်မှတ်ချက်အတိုင်း လေပေါင်ဖြည့်ပေးသင့်။

(၇) Oxygen sensor & fuel injector မကောင်းခြင်း

*Oxygen sensor မကောင်းရင် engine checkမီးလင်းမယ်၊ မလဲဘဲ ဆက်သုံးနေရင် ဆီလေအချိုးမမှန်ပီး ဆီပိုစားစေနိုင်။

*ဒီဇယ်အင်ဂျင်မှာ (Nozzle)၊ဓာတ်ဆီအင်ဂျင်မှာ (Injector) လို့ခေါ်တဲ့ Fuel injector မကောင်းရင်ဆီပိုစားစေနိုင်။

(၈) လီဘာနင်းကြမ်းခြင်း

ကားမောင်းတဲ့အခါ မလိုအပ်ဘဲ (accelerator pedal) လီဘာကို စောင့်နင်းတာ၊ အတင်းကျော်တက်တာတွေကြောင့် မလိုအပ်ဘဲ လီဘာပိုနင်းရတာတွေဖြစ်လာပြီး ဆီစားနှုန်းမြင့်တက်နိုင်။

(၉) ညအချိန် (သို့) မနက်အစောပိုင်းတွင် ဆီဖြည့်ခြင်း

မြေပြင်က အေးလေလေ ဆီရဲ့သိပ်သည်းမှုက ပိုများလေလေပါပဲ... မြေပြင်က ပူလာတဲ့အခါ မှာတော့ ဆီတွေကပွလာပါတယ်...
ဒါကြောင့်ဖြစ်နိုင်ရင် နေအေးတဲ့အချိန်တွေမာ ဆီဖြည့်ပါ။

(၁၀) ဆီတစ်ဝက်ကုန်တာနဲ့ ဆီဖြည့်ခြင်း

*ကားဆီသိုလှောင်ကန်ထဲမှာ ဆီ များများ ရှိတဲ့အခါ လေဝင်နိုင်တဲ့ နေရာလွတ် နည်းသွားစေမှာဖြစ်လို့ပါ။လျော့နေတဲ့ဆီလှောင်ကန်ထဲက ဆီတွေဟာ သင်ထင်ထားတာထက်ကို ပိုပြီး မြန်မြန်ခန်းခြောက် အငွေ့ပျံနိုင်ပါတယ်။

(၁၁) Gas cap တွေကို ကျပ်နေအောင်ပိတ်ခြင်း

*ဆီကုန်မြန်ရခြင်း အဓိက အကြောင်းရင်း ကတော့ Gas cap တွေမလုံတာကြောင့် အငွေ့ပျံကုန်လို့ပါပဲ။

(၁၂) ရုံးတက်ရုံးဆင်းချိန် (rush hour) တွေမှာ ကားမမောင်းခြင်း

*မီးပွိုင့်မိတဲ့အချိန် ကားစက်ရပ်ထားပြီး ပြန်ထွက်တဲ့အချိန်မှာ ဆီအများကြီး ကုန်သွားတတ်နိုင် ဖစ်နိုင်ရင် ကားကြပ်တဲ့ အချိန်တွေရှောင်သင့်။

အထက်ပါအချက်တွေကို ဂရုစိုက်ရင်တော့ နေ့စဉ် ငွေယိုပေါက် အများဆုံး ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ မလိုအပ်ပဲ ဆီစားနှုန်းများစေမှု့ကို လျော့ချစေနိုင်ပါတယ်



အရမ်းကောင်းလို့ကူးယူဖော်ပြလိုက်ပါတယ်။

27/05/2022

https://www.facebook.com/109641191672229/posts/134166852552996/

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
27/5/2022

27/05/2022

https://www.facebook.com/109641191672229/posts/134166745886340/

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်လီဈေး ( Retail )
27/5/2022

26/05/2022

https://www.facebook.com/109641191672229/posts/133767709259577/

သင့်ကားမှာ ဓာတ်ဆီ၊ ဒီဇယ်မှားပြီး ထည့်မိရင်ဘာဖြစ်နိုင်သလဲ?

(၁)ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ဆီထည့်မိလိုက်ရင် ဘာဖြစ်မလဲ?

''ထည့်မိလိုက်ရင် ကားအင်ဂျင်နိုးမလားတာကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး''

စနစ်တကျပြောရရင်တော့ ဓာတ်ဆီက သူ့သဘာဝအရ အငွေ့ပျံလွယ်တယ် လေနဲ့ရောပီဖိသိပ်ပီး ပလပ်ကနေပေါက်ကွဲပီး အင်ဂျင်လည်ပတ်စေတာပါ။ အငွေ့မပျံလွယ်တဲ့ ဒီဇယ်ကတော့ လေနဲ့ရောပီး ပေါက်ကွဲမှု့မဖြစ်နိုင်ဘဲ အရည်တွေအဖစ်ပဲ ကျန်နေမာပါ။ အကယ်၍ မှားထည့်မိလျှင် ထည့်မိထားတဲ့ဒီဇယ်ဆီတွေကိုဆီတိုင်ကီ ပိုက်လိုင်းထဲကနေ ကုန်အောင်ထုတ်ပီး ဓာတ်ဆီပြန်ထည့်ရင် မောင်းလို့ရပါတယ်။ အင်ဂျင်ကိုမထိခိုက်နိုင်ပါ။

(၂)ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီထည့်မိလိုက်ရင် ဘာဖြစ်မလဲ?

ကားစက်နိုးပီး အချိန်ကြာမောင်းလိုက်ရင်တော့ အင်ဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ ထိခိုက်နိုင်ပါပီ။အခန့်မသင့်ရင် အင်ဂျင်ချရနိုင်ပါတယ်။

စနစ်တကျပြောရရင်တော့ ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတမျိုးထဲကိုသာ Inletကနေသွင်း ၊ အဲ့လိုကိုပဲ အပူချိန်အများကြီးရအောင် Piston ဖိအားတွေနဲ့အတင်းဖိသိပ် ၊ တော်ရုံမီးမလောင်နိုင်တဲ့ ဒီဇယ်ဆီတွေ မီးလောင်လောက်တဲ့ အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီတွေကို နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးတွေဖြန်းပေးခြင်းဖြင့်မီးလောင်စေတာပါ။ အဲ့လိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည့်လိုက်ရင် အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့၊အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပါတော့တယ်။ အာ့လိုဆိုရင် အင်ဂျင်အတွင်းက Piston, Valve, Cylinder Head, Cam Shaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေ အကုန်ပျက်စီးပီး အင်ဂျင်ချရနိုင်ပါမယ်။ အတွင်းပစ္စည်းတွေ အကုန်ပြုပြင်လဲလည်ရနိုင်ပါတယ်။ ဒါ့အပြင် စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီထည့်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်၊အင်ဂျက်ရှင်းတွေပါ ပျက်နိုင်ပါမယ်။ တခြားရာဘာစီးတွေမှာလည်း ဓာတ်ဆီပျော်၀င်ကုန်တာကြောင့် အင်ဂျင်တခုလုံးပျက်စီးမှု့ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီဇယ်ယာဉ်မောင်းဆရာတွေ သတိပြုကြစေလိုပါတယ်။ ဓာတ်ဆီမှားမထည့်မိရန်၊ အကယ်လို့မှားထည့်မိရင်တောင် စက်နှိုးပြီးပြီးချင်းသိပြီး အချိန်မှီရပ်တန့်နိုင်မှသာ ကားပျက်စီးမှု့ နည်းပါးစေမာပါ။

26/05/2022

https://www.facebook.com/109641191672229/posts/133888215914193/

PPRD ရည်ညွှန်းဈေးနှုန်းများ
လက်ကားဈေး ( Wholesale )
26/5/2022

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address

37B U Kan Myint Housing/Hlaing Tsp/Station Road
Yangon

Other Transportation Services in Yangon (show all)
Hyper Delivery Service Myanmar Hyper Delivery Service Myanmar
Yangon

We are Nothing from Burma,Asia. We'll Entertain with our Rapping Art for you. Just follow us. You'l

Kyi Nu Yate Logistics and Transportation Pte Ltd - ကြည်နူးရိပ် Kyi Nu Yate Logistics and Transportation Pte Ltd - ကြည်နူးရိပ်
No-85/B, Corner Of Upper Kyi Myin Daing Road & Padauk Pin Street, Kyi Myin Daing Township
Yangon

Kyi Nu Yate - Head Quarter Myanmar to Singapore Logistics Pte Ltd. We have Air/Land & Sea Cargo.

ZWE UNITY Logistics - ဇွဲ ကုန်စည်ပို့ဆောင်ရေး ZWE UNITY Logistics - ဇွဲ ကုန်စည်ပို့ဆောင်ရေး
No. 119, Gantgaw 1st Street, Bayint Naung, Mayangone Township
Yangon, 11062

ယုံကြည်စိတ်ချ 'ဇွဲ'နဲ့မှ

Delivery Deer Delivery Deer
နှင်းဆီလမ်း
Yangon, 11212

WE ALWAYS RUN FOR CUSTOMERS

A L K Delivery Service A L K Delivery Service
အမှတ် ခ/၁၃၆ (ခ)၅လမ်း မြို့သစ် (က+ခ)ရပ်ကွပ် အင်းစိန်မြို့နယ် ရန်ကုန်
Yangon, 11011

အမှန်ကန်ဆုံးနဲ့ အမြန်ဆန်ဆုံး

သိန်းသန်းဌေး ရန်ကုန်-ဟသာ်တ ကုန်စည်ပို့ဆောင်ရေး သိန်းသန်းဌေး ရန်ကုန်-ဟသာ်တ ကုန်စည်ပို့ဆောင်ရေး
No (20), Hnin Si Gone Street, Myanmar, Burma (Myanmar)
Yangon

သိန်းသန်းဌေး ရန်ကုန် ဟသာ်တ ကုန်စည်ပ?

အိမ်ပြောင်းရွှေ့ဝန်ဆောင်မှု အိမ်ပြောင်းရွှေ့ဝန်ဆောင်မှု
ပြည်ထောင်စုလမ်းမကြီး
Yangon, အိမ်ပြောင်းရွှေ့ဝန်ဆောင်မှုလုပ်ငန်း

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ☎09-422453046☎09-422698832 ☎09-266423336☎09-266423337

SM Delivery Service SM Delivery Service
Yangon

ငွေကြိုရှင်းပေးပါသည်။ (၃ ထုပ်နှင့်အ?

MTK, Delivery Service MTK, Delivery Service
09 955822499
Yangon

delivery

ရွှေမြိုင်သူ/အိမ်ပြောင်းဝန်ဆောင်မူလုပ်ငန်း ရွှေမြိုင်သူ/အိမ်ပြောင်းဝန်ဆောင်မူလုပ်ငန်း
09(894333391
Yangon, OK

ရွှေမြိုင်သူ အိမ်ပြောင်း/အိမ်ရွှေဝ?

Zwe Marn-ဇွဲမာန် truck service Zwe Marn-ဇွဲမာန် truck service
Yangon

၁၄​ပေ ၁၆ပေ ၆ဘီး/ ၁၂ဘီး/ တွဲကား သယ်ယူပို့ဆောင်ရေး အငှား ဝန်ဆောင်မှု