Pinky Collection
shopping &Retail
ဝဋ်ဆိုတာ တောင်းပန်လို့ မရတဲ့ အရာပါ..
ဘဝမှာ
လူလည်တွေနဲ့လည်း ကြုံခဲ့ရတယ်..
အနိုင်ရချင်နေမှန်းသိလို့ ကိုယ်ဘက်က မှန်နေပေမဲ့လဲ သီးခံပြီး အရှုံးပေးလိုက်
တယ်...
လူ့အတ္တသမားတွေနဲ့လည်း တွေ့ခဲ့ရတယ်...
ငါ့ဥမှ ငါ့ဥ ငါ့ဟာမှ ငါ့ဟာ ဖြစ်နေလို့
အနိုင်ပေးပြီး ပြုံးလေးနဲ့ ကြည့်နေလိုက်ပါတယ်..
ကျေးဇူးကန်းတဲ့သူတွေကိုလည်း
တွေ့ခဲ့ရတယ်..
အသိအမှတ် မပြုချင်တဲ့သူတွေမို့
ခွင့်လွှတ်အကြည့်နဲ့ပဲ ကြည့်နေလိုက်ပါတယ်။
စိတ်ထားကောက်ကျစ်တဲ့ သူတွေနဲ့
လည်း တွေ့ခဲ့ရတယ်...
ကိုယ်လုပ်သမျှ မကောင်းမှုတွေ အားလုံး
တစ်ချိန်ချိန်မှာ အကျိုးပေးလာတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ်။
ကိုယ်က သဘောထား အရမ်းကောင်းနေတာတော့ မဟုတ်ပါဘူး။
ဝဋ်ဆိုတာ တုန့်ပြန်လာရင်
မျက်နှာ မလိုက် တောင်းပန် မရ
ပိုပြီး တိကျတတ်တာကို သိတဲ့အသိလေး
ကိုယ့်မှာ ရှိနေတယ်လေ။
အမြဲအနိုင်ရလို့လည်း
မာန်တက်မနေပါနဲ့။
တူသော အကျိုးပေး ဆိုတာ
ရှိပါတယ်။
ကိုယ့်အလှည့်ကို
မရောက်ချင်ရင်
ကောင်းတဲ့ စိတ်လေးတွေ
ထားကြပါ။
ကိုယ်က ဒါကို မကြိုက်ဘူး ဆိုရင်
သူတပါးလည်း မကြိုက်ပါဘူး။
ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီးရင်လည်း
ကိုယ်ဖြစ် ကိုယ်ခံကြရမှာပါပဲ။
ဒါကြောင့်
အတတ်နိုင်ဆုံး စိတ်ကောင်းလေးတွေ
မွေးမြူနိုင်ကြပါစေ။
#😍😍😍
Crd
လူတိုင်းကို
သံသယနဲ့ မကြည့်ပါနဲ့
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ
လူတိုင်းကို
အပြစ်ရှာပြီး မကြည့်ပါနဲ့
ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ
လူတိုင်းကို
အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
မျှတခြင်း တရားနဲ့ ကြည့်ပါ
လူတိုင်းကို
မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ
လူတိုင်းကို
အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
အပြုံးတရားတွေနဲ့ ကြည့်ပါ
လူတိုင်းကို
ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ
ဒါ့ကြောင့်မို့
မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်
မျှမျှ တတ ကြည့်ပါ
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ
မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က
အမြဲတမ်းဆေးဖက်ဝင်နေ
ပါလိမ့်မယ် . . .
Bkk 😍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Yangon, 11011
Connect NOW ! Customized dresses and gowns. Fashion and design consultation. BE GRAND & GLAMOROUS!