Road Runner

လူကြီးမင်းတို့ ပို့ဆောင်လိုသော ပစ္?

08/10/2021

Our service charges
🙏Update🙏

Road Runner Delivery❣️

25/09/2021

ပစ္စည်းတွေကို အချိန်မှီ ပို့ဆောင်ပေးနေပါပြီနော် 😁😁

Photo CRD

02/08/2021

🦸Road Runner Delivery Service 🦸

🤝ရောင်းသူ ဝယ်သူ စိတ်တိုင်းကျ အလျင်မြန်ဆုံး ပို့ဆောင်ပေးမယ်

👬ပစ္စည်း‌ကောက်ရန် သုံးခု အထက်
အတွက် အခမဲ့👭

🚎ကားဂိတ် ပို့ /ထုတ်
ဝန်ဆောင်မှုလဲ ရှိပါတယ်

💸ငွေသားကောက်ခံပေးပြီး
အပ်နှံသူ စိတ်ကြိုက် banking transfer နှင့် ပစ္စည်းပို့အပြီး
နှစ်ရက်အတွင်း လွှဲပြောင်း
ပေးပါတယ်

🚦ခုကာလ အခက်အခဲအရ ငွေသား ပြန်ယူချင်ခဲ့ရင်လဲ ပစ္စည်းပို့ဆောင်မှု အပြီး နှစ်ရက်မှ ငါးရက်အတွင်း ငွေသား အိမ်တိုင်ရာရောက်
အပ်နှံပေးပါတယ်🚦

🏃🚴ပစ္စည်းများကိုလဲ အပ်နှံပြီး နှစ်ရက်အတွင်း အမြန်ဆုံး ပို့ဆောင်ပေးပါတယ်နော်

📢📢နေ့ချင်းအမြန်ပို့လိုရာများ အတွက်လဲ တရက်ကြိုပြောထားရုံနဲ့
ဝန်ဆောင်ခ ပိုမယူပဲ နေ့ချင်း ပို့ဆောင်ပေးပါတယ်

👫📢ကိုယ်ဝယ်ချင်တဲ့ ဆိုင်နေရာက Delivery မရှိတဲ့အခါ
ကိုယ်ချစ်ခင်ရသူတွေဆီ
လက်ဆောင်ပစ္စည်း လိုအပ်ရာ ပို့ဆောင်လိုသမျှလဲ
Runner တို့က
ကူညီပေးပါရစေနော်

📲09-771007375
📲09-254049105

07/07/2021

ခုခံစွမ်းအားစနစ်ဆိုတာ ပေါင်းစုလုပ်ငန်းဖြစ်ပြီး ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာတဲ့ ရန်သူကို တိုက်ဖို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကောင်းကောင်း အလုပ်လုပ်နေသရွေ့ ဗိုင်းရပ်တွေကြာရှည်နေနိုင်ဖို့ ခက်ပါတယ်။ ကူးစက်မှုတစ်ခုကို လူနှစ်ယောက်ကြုံရပေမည့် immune system ကောင်းကောင်းအလုပ်လုပ်တဲ့သူမှာ ရောဂါကူးစက်မှုနည်းလေ့ရှိတယ်။

ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားမြင့်စေဖို့ အောက်ပါအချက်တွေကိုလိုက်နာပေးနိုင်ပါတယ်။

✅ သကြားလျော့စားပါ။

သကြားစားတဲ့အခါ ကိုယ်ခန္ဓာကိုယ်အတွင်း ဆီလိုတိုနင်မြင့်တက်လာပြီး စိတ်ကျေနပ်မှုရစေနိုင်ပါတယ်။ ဒါပေမယ့် သကြားစားသုံးခြင်းက ရောဂါကာကွယ်ပေးတဲ့ သွေးဖြူဥတွေကို ခဏတာ ( နာရီအချို့ထိကြာနိုင်ပါတယ်) တက်ကြွမှုနေးကွေးသွားစေပါတယ်။ တက်ကြွမှုမရှိတဲ့စစ်သားတွေက ရောဂါကို မကာကွယ်နိုင်သလို ရောဂါကူးစက်ပြီးတဲ့အခါ ကောင်းစွာမတိုက်ထုတ်နိုင်ကြပါ။ အချိန်တိုင်း သကြားစားနေမည်ဆိုလျှင် ကျွန်တော်တို့ရဲ့ခုခံအားစနစ်ချို့ယွင်းသွားပြီး ရောဂါပိုး ကူးစက်နိုင်ချေ နှင့် ကူးစက်ခံရပြီး ဝေဒနာပြင်းထန်နှုန်း မြင့်တက်သွားနိုင်တယ်လို့ အမူအကျင့်သမားတော် အဟာရပညာရှင် Dr. Blescenda Varona က ပြောပါတယ်။ လေ့လာမှုတွေမှာ သကြားစားပြီးတစ်နာရီအကြာမှာ ကျွန်တော်တို့ရဲ့ခုခံအားစနစ် (immune system) က ရှိနေတဲ့ အစွမ်းအောက် ၃၈% လောက် ကျဆင်းသွားတယ်လို့ Dr. Blescenda Varona က ဆိုပါတယ်။

✅ ရေပိုသောက်ပါ။

ကိုယ်ခန္ဓာရဲ့ ၆၀% က ရေတွေပါ။ ရေလုံလောက်အောင်မသောက်တဲ့အခါ ခုခံအားစနစ်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ "" ရေဓာတ်ချိုတဲ့မှု နည်းနည်းရှိတာ နဲ့ ဗိုင်းရပ်အသက်ရှင်နိုင်ချေ ပိူမြင့်သွားတယ်လို့ ဒေါက်တာ Varona ကပြောပါတယ်။ အမျိုးသားတွေက ရေ ၁၀ ခွက်ကနေ ၁၂ ခွက်ကြား၊ အမျိုးသမီးတွေက ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြားသောက်ပါ။

✅ နေရောင်ခံပါ။

မနက်နေရောင်က ပျော်ရွှင်ခြင်း ဟိုမုန်းတွေ ထွက်စေပြီး နေ့လည် ( 10 a.m နှင့် 2 p.m ) နေရောင်က ကိုယ်တွင်း ဗိုက်တာမင် D ပမာဏကိုမြင့်စေပါတယ်။ မွန်းတည့်ချိန် နေရောင်ခံဖို့ အကြံမပေးပါ။ တစ်ပတ် နှစ်ကြိမ်အနည်းဆုံးနေရောင်ခံပါ။ တစ်ကြိမ်နေရောင်ခံတဲ့အခါ ၁၀-၁၅ မိနစ်လောက် နေရောင်ခံရပါမည်။

✅ လှုပ်လှုပ်ရှားရှားနေပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန်ကျဆင်းစေရုံသာမက ခရောဂါဖြစ်စေတဲ့ပိုးတွေကို အဆုတ်က ထုတ်ပစ်နိုင်တယ်လို့ဆိုပါတယ်။ ခုခံစွမ်းအားလည်းမြင့်စေတယ်ရေးပါတယ်။ သွေးလှည့်ပတ်မှုကောင်းလာပြီး ရောဂါပိုးရှိတဲ့နေရာကို ရောဂါတိုက်ထုတ်ပေးတဲ့ သွေးဖြူဥဆဲလ်တွေ မြန်မြန်ရောက်စေတယ်လို့ ဆိုပါတယ်။

✅ စိတ်ဖိစီးမှု ( stress ) လျော့ချပါ။

စိတ်ဖိစီးမှုဒဏ် အကြာကြီးခံရတဲ့အခါ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ လိုတာထက်ပိုပြီး ထုတ်ပေးလိမ့်မည်။ ဒါပြင် ကလပ်စည်းတွေ ကော်တီဆောဟိုမုန်းကို အာရုံခံနိုင်စွမ်းကျလာမည်။ ကော်တီဆောဟိုမုန်းရဲ့ ရောင်ရမ်းခြင်းကို ထိန်းချုပ်နိုင်စွမ်း နှင့် ခုခံစွမ်းအားပေါ်အကျိုးသက်ရောက်မှုကို အားပျော့သွားစေတယ်။

" Stress ( စိတ်ဖိစီးမှု ) ဒဏ် ခံစားနေရတဲ့လူတွေရဲ့ ခုခံအားပြုလုပ်ပေးတဲ့ ကလပ်စည်းတွေက ကော်တီဆောဟိုမုန်းကို အာရုံခံနိုင်မှု လျော့နည်းလာမည်။ ရောင်ကိုင်းခြင်းတုန့်ပြန်မှုကို မထိန်းချုပ်နိုင်တော့ဘူး။ ဒါကြောင့် ဗိုင်းရပ်ကူးစက်မှုရှိတဲ့အခါ ဖျားနာကြတယ်။ " လို့ Carnegie Mellon တက္ကသိုလ်က စိတ်ပညာပါမောက္ခ Sheldon Cohen ကပြောပါတယ်။

Stress ( စိတ်ဖိစီးမှု )ဒဏ် ခံနေရတဲ့အခါ HIV ကူးစက်နေသူတွေမှာ HIV ပိုးပွားများမှု ပိုလာတယ်လို့ရေးတယ်။ Herpes Simplex ဗိုင်းရပ် ( HSV-1 နှင့် HSV-2 ) လည်း ပြန်လည်ဖြစ်ပေါ်မှုလည်း မြင့်လာတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိတ်ဖိစီးမှု ( stress ) ရှိမနေဖို့ အရေးကြီးတယ်။

✅ ကောင်းကောင်းအိပ်ပါ။

တစ်ရက် ၇-၈ နာရီလောက်အိပ်ပါ။ အလင်းမရှိတဲ့ အိပ်ခန်းက ပိုကောင်းပါတယ်။ လိုအပ်လျှင် မျက်စိအကာတပ်ပါ။ အလင်းမရှိတဲ့အခါ ခန္ဓာကိုယ်က မယ်လတိုနင်ဟိုမုန်းထွက်လာပြီး အိပ်ပျော်စေပါတယ်။ မယ်လတိုနင်ဟိုမုန်းက ခုခံအားကို ထိန်းညှိပေးနိုင်ပါတယ်။ မယ်လတိုနင်မြင့်မားစွာထွက်လာတဲ့အခါ ကူးစက်မှုကို တိုက်ခိုက်ပေးတဲ့ antibodies ပိုထွက်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ သို့မဟုတ် အိပ်စက်ပုံမမှန်တဲ့အခါ ရောင်ရမ်းခြင်း နှင့် ကူးစက်မှုတွေ ပိုလာနိုင်တယ်လို့ ဒေါက်တာ Varona ကရေးပါတယ်။ နေ့စဉ် ည ၁၁ လောက်မှာ အိပ်နိုင်လျှင် ပိုကောင်းပါတယ်။

ဒေါက်တာဖြိုးမောင်မောင်

06/07/2021

ခုလို အဖက်ဖက်က မပျော်ရွှင်ရ‌သော ကာလတွေမှာ...🙅

စိတ်ကို ချမ်းသာအောင်နေပါ..
ကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ကြပါနော်..🙋

ကိုယ် လိုချင်ရာ ဝယ်ချင်ရာ ရောင်းလိုရာ
အရောက်ပို့ဖို့ ဝန်ဆောင်မှု လိုအပ်ခဲ့တဲ့ အခါ..
Runners တို့ကို
သတိရပေးပါ...🚴🤾

အားလုံးပဲ ကျန်းမာချမ်းသာ အမျိုးမျိုးသော
ဘေးအန္တရာယ်များမှ
ကင်းဝေးကြပါစေ 🙇

📲09 771007375
📲09 254049105

23/01/2021

ညဆို ပျင်းတယ်မပြောကြေး 😁

22/01/2021

ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့
အနီ အကောင် ၁၀၀ ကို
ဖန်ပုလင်း တခု ထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး၊
ဒါပေမဲ့ ခင်ဗျားက ဖန်ပုလင်း ကို ခပ်ကြမ်းကြမ်း လေး လှုပ်ပြီး ပုရွက်ဆိတ်တွေကို စားပွဲ ပေါ် လွှတ်ပေးလိုက်တာနဲ့ သည်ကောင်တွေ တကောင်နဲ့ တကောင် တိုက်ခိုက် သတ်ဖြတ်ကြတော့တာပါပဲ၊

ပုရွက်ဆိတ်အနီကောင်တွေ က အမဲ ကောင်တွေ ကို ရန်သူလို့ ထင်သွား တဲ့ အချိန်မှာ
ပုရွက်ဆိတ်အမဲကောင်တွေက လည်း အနီကောင်တွေဟာ သူတို့ရဲ့ ရန်သူလို့ ယုံကြည်သွားကြပါတယ်။
တကယ့် ရန်သူ အစစ် ကတော့ ဖန်ပုလင်း ကို လှုပ် လိုက်တဲ့ သူပါ။
ကျွန်တော် တို့ လူ့အဖွဲ့ အစည်းမှာလည်း သည်အတိုင်းပါပဲ။
မိန်းမ နဲ့ ယောက်ျား
လက်ဝဲ နဲ့ လက်ယာ
ချမ်းသာ နဲ့ဆင်းရဲ
ဘာသာတရားယုံကြည်မူ့ နဲ့ သိပ္ပံပညာ
အတင်းအဖျင်းနဲ့ ကောလဟာလ
စသဖြင့်.....

တယောက်နဲ့ တယောက် မတိုက်ခိုက် ခင်မှာ ကျွန်တော်တို့ မိမိကိုယ်ကို သေချာအောင် ပြန်မေးသင့်ပါ တယ်၊

"ဘယ်သူက ဖန်ပုလင်း ကို လှုပ်လိုက်တာလဲ"

Credit ; google translate
Crd.အောင်နိုင်ဖြိုး

22/01/2021

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။

၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။)

၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။

၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။

၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။

၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။

၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။

၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။


Phyo Paing @ Derek

Photos from Road Runner's post 30/12/2020

Road Runner Delivery Service..🏃🏃‍♀️

2020 မှာ အတိုင်း...
မပြောင်းလဲသော စျေးနှုန်း..
ထူးကဲ သာလွန် ကောင်းမွန်သော..Services
တိကျမှန်ကန်..
မြန်ဆန်မှုတွေနဲ့...👩👨

2021 New Year ကို
ကြိုဆိုလျက်..💁💁‍♂️

မိတ်ဟောင်းတွေကို..
အကောင်းဆုံး ဝန်ဆောင်မှုတွေ ဆက်လက်ပေးရင်း..
အသစ်သစ်သော.. မိတ်သစ်များကိုလဲ ကြိုဆိုပါတယ် 🙇‍♀️🙇

စီးပွားလာဘ်လာဘများ..
ပေါကြွယ်ဝကြပါစေ 🙏

Contact us..
📲 09-771007375
📲 09-254049105

21/12/2020

လူ့ တန်ဖိုး 👩‍🏫💸

ပညာတွေတတ်ပြီး
အကောင်းအဆိုး မခွဲခြားနိုင်ရင် အလကားပါပဲ

ငွေကြေးချမ်းသာပြီး
အတ္တတွေကြီးကာ ကိုယ့်အိတ်ကပ်ထဲ ထည့်ဖို့ ကြိုးစား နေရင်လည်း အလကားပါပဲ

အတွေးအခေါ် ဘယ်လောက်မြင့်မြင့်
စာနာ နားလည်​ပေးနိုင်တဲ့ နှလုံးသား မရှိရင်လည်း အလကားပါပဲ

ရုပ်ရည် ဘယ်လောက်ချောချော လူတစ်ယောက်ကို လူလို မမြင်ရင် အလကားပါပဲ

အသိပညာ ဘယ်လောက်ရှိရှိ တခြားသူပြော စကားကို တန်ဖိုးမထားတတ်ရင် အလကားပါပဲ

အလုပ်တွေ ဘယ်လောက် ကြိုးစားကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ

ဘယ်လောက်ဘဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ် မရှိရင်
အလကားပါပဲ

ဘယ်လောက်ပဲ လူကောင်း
တစ်​ေယာက်လို့ ကြွေးကြော် နေပါစေ
သူများမျက်ရည်ပါတဲ့ ထမင်းစားနေရင် အလကားပါပဲ

အမှန်တရားကို ဘယ်လောက်ပဲ လက်ခံပါတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာမကြိုက်ရင် အလကားပါပဲ

တကယ်တော့လူတစ်ယောက်ရဲ့
တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်းမဟုတ်ပါဘူး

တခြား လူ အပေါ်

ကြင်နာတတ်တဲ့ နှလုံးသား
ဂရုစိုက်နားထောင်ပေးတတ်ပြီး စာနာတတ်တဲ့ နား...
ဖေးမ ကူညီ တတ်တဲ့ လက်တစ်စုံ
အကောင်းမြင်ပြီး အမြင်ကြည်လင်တဲ့ မျက်လုံးနဲ့
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ် တို့ဖြစ်ပါတယ်

ဘာလို့လဲ ဆိုတော့ လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင် အမှန်တရားဆိုတာ ပျောကွယ်လာပြီး

လူ့ပတ်ဝန်းကျင် လည်း
ငြိမ်းချမ်းမှု့
သာယာမှု့တွေ
ပျောက်ဆုံးလာပါလိမ့်မယ်

06/11/2020

Our services are Ready for you...Now🙌🙌

မိမိတို့ ရောင်းကုန်ပစ္စည်း​တွေ
ပို့လိုရာ..👈
ထုတ်လိုရာ..👉
အချိုသာဆုံး Fees..💸
အိမ်တိုင်ရာရောက် service..🚴🚴‍♀️
အဖော်ရွေဆုံး ဆက်ဆံရေး 😇
စိတ်အချရဆုံး ဝန်ဆောင်မှု 💁‍♂️

Available Now..👇👌

📲09 771007375
📲09 254049105


You Imagine.. We Deliver.

27/08/2020

ကလုံနာ ကာကွယ်ကြဖို့...
အုပ်ကြီးရဲ့နှိုးဆော်စာ 😁

19/08/2020

😷😷Covid 19..
ခရီးကြမ်းကြီးက..
ချက်ချင်းမပျောက်ကွယ်ပဲ..တဖြေးဖြေးနေသားကျဖို့ ကြိုးစားရင်း ဖြတ်သန်း နေထိုင်
သွားကြရဦးမှာပါနော်..😷👨‍👩‍👦‍👦

🏡🏡အိမ်ထဲမှာ.
အတတ်နိုင်ဆုံး
နေထိုင်ပြီး..
လိုချင်တာတွေ
သန့်ရှင်း​ ဘေးကင်းစွာ အိမ်အရောက်မှာယူချင်ရင်ဖြစ်ဖြစ်..🔔📣

ကိုယ်တိုင်က အွန်လိုင်းအရောင်းအဝယ်လေးတွေလုပ်ရင်း..ဝယ်သူလက်အရောက်ပို့ချင်ခဲ့ရင်ဖြစ်ဖြစ်..🔔📢

ကို သတိရပေးပါနော်..💁‍♂️💁

သပ်ရပ်သန့်ရှင်းဖော်ရွေပျူငှာစွာ ပို့ဆောင်ပေးမယ်..🙇‍♀️

Customer အလိုကျ အိမ်ရှေ့အရောက် ဝန်ဆောင်မှုပေးမယ်..🙇

တိကျသေချာသော စာရင်းများနှင့် ကောက်ခံလာသောငွေများကို အပ်နှံသူလက်အရောက် အမြန်ဆုံးလွှဲပို့ပေးမယ်..🙇‍♀️

ပစ္စည်းကောက်ပြီးတာနဲ့ အတတ်နိုင်ဆုံး နေ့ချင်းမဆိုင်း ပို့ဆောင်ပေးတယ်..🙇

အပိုကြေးလဲ..💸❎❎
လုံးဝပေးစရာမလို..🙅‍♂️🙅

ဒီလို service တွေနဲ့..
စိတ်ချယုံကြည် လက်တွဲဖို့ဆို..
Chat box💻 or Hello 📲
ဒါလေးပဲ ..
လိုအပ်တာပါနော်လို့..❣❣

လက်တွဲနှင့်သူတွေ ​အဆင်ပြေနေကြပြီမို့..အမြန်လေးဆက်သွယ်လိုက်ကြတော့နော် 👩‍💻🕺

Road Runner Delivery Service

📲09 771007375
📲09 254049105

Photos from Road Runner's post 01/08/2020

🗓Happy Holidays for all of our Dears..📅

🏃‍♀️🏃Runners လေးတွေကတော့..Holidays မှာတောင် Customers လေးတွေဆီ ဝန်ဆောင်မှုပေးနေဆဲပါနော်..👫🏃‍♀️

🤔🤔ပစ္စည်းလေးတွေ အရေးတကြီးပို့စရာရှိတယ်..ပိတ်ရက်တွေ​ဖြစ်နေလို့ အဆင်ပြေပါ့မလား...

💁‍♂️Runners လေးတွေအသင့်ရှိပါတယ်..💁

Cus: စိတ်တိုင်းကျ အပြေးလေးလာယူပြီး အမြန်ဆုံးပို့ပေးနေတာပါ..🕺💃

❣ငွေလဲကောက်ပေးတယ်..

❣အမြန်ဆုံးလဲ နေ့ချင်းပြန်လွှဲပေးတယ်..

❣နယ်ဝေးကနေ ဂိတ်ပို့တာတွေထုတ်ပေးပြီး..
Ygn door to door ကိုလဲ နှစ်ရက်အတွင်းအပြီးပို့ပေးတယ်..

❣ပို့ချင်တာ
တခု နှစ်ခုပဲ ဖြစ်​နေပါစေ
ကောက်ခမြို့နယ်ပေါ်မူတည်ပြီး အသက်သာဆုံးစျေးနှုန်းနဲ့ ဝန်​​ေဆာင်မှုပေးနေတာပါ..

❣အထပ်မြင့်တိုက်တွေ အမြင့်ကြီးမှာနေလို့လဲ
စိတ်မပူပန်ပါနဲ့..အခန်းဝအရောက် မမောမပန်းတက်ရောက်ပြီး ပစ္စည်းလေးတွေပို့ဆောင်ပေးမှာပါ..

💞💕Runners လေးတွေ ရည်ရွယ်ချက်က..
Customer လေးတွေရဲ့
ကြည်နူးနေတဲ့အပြုံးလေးတွေကို အမြဲမြင်ချင်တာမို့ပါ ❣💖

Road Runner Delivery

📲09-771007375
📲09-254049105

Photos from Road Runner's post 28/07/2020

🙋Special Thanks
for all of our valuable customers...🙋‍♂️




You Imagine..We Deliever..
📲09 771007375
📲09 254049105

24/07/2020

ဒီလိုတွေ မဖြစ်ရအောင်..
Charges လေးတွေကို
ပွင့်လင်းမြင်သာစွာ တင်ပေးထားတာပါနော် 😁

23/07/2020

Hello..📢🔔📣
All of our dears..❣❣

ရာသီဥတုတွေ ပူလိုက်..
အေးလိုက်နဲ့..☀🌦🌈
ကျန်းမာရေး အထူး
ဂရုစိုက်ကြပါနော်..🙇‍♀️🙇

Online လေးသုံးပြီး ပစ္စည်းလေးတွေရောင်းမလား..💻💸
ဝယ်မလား..🛒🛍
လိုချင်တာလေးတွေ နယ်ဝေးကနေ ထုတ်ချင်လား..🚂
ပို့ချင်လား..🚌🚃
Runners လေးတွေက..ကူညီ​ဖို့ အသင့်ရှိပါတယ်နော်..👫👭

နေပူ ကျောပူ မိုးစိုတွေ မခံရပဲ..လိုအပ်တဲ့အရာလေးတွေ အိမ်တိုင်ရာရောက်
ကူညီပို့ဆောင်...
ပေးပါရစေ🏃🏃‍♀️

Hello လေး တချက်သာ ပြောပေးပါ...🗣👩‍💻

လိုအပ်သမျှကို အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေတာပါ 🙋‍♂️🙋

-Runner
You Imagine.we Deliever

📲09-771007375
📲09-254049105

19/07/2020

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား..
အလေးပြု...

အာဇာနည်ခေါင်းဆောင်ကြီးများ..
ကောင်းရာသုဂတိလားပါစေ..

18/07/2020

(အချိန် ၁မိနစ်လောက်ပေးပီး ဖတ်ကြည်ပါ)

ရေတွင်း ပြန်တူးကြည့်ပါ

တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။

ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။

“ခင်ဗျားဗျာ ၊ ဒီလို နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့နေရာမှာသာ တူးလိုက် ၊ အတောင် (၂၀)မပြည့်ခင် ရေမတွေ့ရင် ကျုပ်ကို ပြောချင်သလိုပြော” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြပါတယ်။

အဲဒါနဲ့ အဲဒီလူပြတဲ့နေရာမှာ သူ ဆက်ပြီးတူးပါတယ်။ အတောင် (၂၀)ကျော် အစိတ်လောက် ရောက်လည်း ရေက မတွေ့ပါဘူး။ သူလည်း မောကလည်းမော ၊ စိတ်ကလည်း တော်တော်ပျက်နေပါတော့တယ်။

အဲဒီတုန်း နောက်ထပ် ဆရာတစ်ယောက် ရောက်လာပြန်ပါတယ်။ သူကလည်း ပြောတယ် .. .

“ဟာ - ဒီလူတွေ ရေကြောအကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပြောနေကြတာ ၊ ဒုက္ခပါဘဲ ၊ လာလာ ၊ ကျွန်တော်နောက်လိုက်ခဲ့ ၊ ကျွန်တော် ပြတဲ့နေရာမှာသာတူးလိုက်၊ အတောင် (၂၀) နဲ့ အစိတ်ကြားလောက်မှာ ရေတွေ့ကို တွေ့ရမယ်” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြ ပြန်ပါတယ်။

ဒါနဲ့ သူလည်း “အင်း ဒီလူပြောတာတော့ ဟုတ်ဟန်တူတယ်။ နေရာသစ်ကို တူးမှ ” ဆိုပြီး နေရာသစ်မှာ နောက်ထပ်ရေတွင်းတစ်တွင်း တူးပြန်ပါတယ်။ ဟိုလူပြောသလို အတောင် အစိတ်ကျော်ပြီး (၃၀) နားကပ်လာတာတောင် ရေက အရိပ်အငွေ့တောင် မမြင်ရပါဘူး။ လူကလည်း ဖတ်ဖတ်မောနေပါပြီ။

ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစားတယ်။

“အင်း - ပထမဆုံးတူးခဲ့တာ အတောင်(၂၀) ၊ ဒုတိယတွင်းမှာ အတောင် အစိတ် ၊ တတိယတွင်းမှာ အတောင်(၃၀)နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင်(၇၀)တောင်ကျော်နေပါကောလား” “ငါ့ဟာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် (၆၀)ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။ သူများစကားနားယောင်ပြီး ဟိုတွင်းတူး ၊ ဒီတွင်းတူးနဲ့ မောတာသာ အဖတ်တင်တယ်၊ ငါ့တွင်းဘဲ ငါဆက်တူးတော့မယ်” ဆိုပြီး သူ ပထမဆုံးတူးခဲ့တဲ့ တွင်းဆီပြန်သွားပြီး စိုက်လိုက်မတ်တပ်နဲ့ တူးလိုက်တာ အတောင် (၄၀)ကျော်လောက်မှာ ရေတွင်းက အောင်သွားပြီး ရေတွေ့သွားပါတော့တယ်။

---------------------------------------------------------------------------

ကျွန်တော်တို့ဘ၀မှာလည်း ဒီလိုဘဲ အစကတော့ အားကြိုးမာန်တက်နဲ့ စခဲ့ကြပေမယ့် တစ်၀က်တစ်ပျက်ရောက်ခါမှ အကြောင်းအမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ဘ၀ရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များခဲ့ပြီလဲ။

ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တွေသာမက အတတ်ပညာတစ်ခု သင်ယူတာ ၊ သင်တန်းတစ်ခု တက်တာ ၊ ကိုယ်အလေးချိန်ချတာ . . . စတဲ့ ကိစ္စလေးတွေအပါအ၀င်ပေါ့။

ခင်ဗျားတို့တော့ မသိဘူး . . . ကျွန်တော့်မှာတော့ ဒီလိုကိစ္စတွေ မရေမတွက်နိုင်အောင် များခဲ့လှပါပြီ။ ရလဒ်ကတော့ ဘာကိုမှ အောင်မြင်ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလိုငါလို ဘ၀မှာဘဲ ယောင်ချာချာ ဖြစ်နေရတာပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။

အထက်က ရေတွင်းတူးတဲ့လူလို စ, ပြီး တူးမိတဲ့ ရေတွင်းတစ်ခုကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ် ၊ ပြီးရင် နောက်တစ်တွင်း ဆက်ပြီး တူးမယ်ဆိုရင် ကျွန်တော်တို့မှာ ရေထွက်နေတဲ့ ရေတွင်းပေါင်းများစွာ ပိုင်ဆိုင်နေပြီပေါ့။

အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တစ်တွင်း ၊ ဒီမှာလည်း တစ်တွင်းနဲ့ တွင်းတွေသာများနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့ “အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေ” ဘဲ ဖြစ်နေရတော့တာပေါ့။

ကိုယ့်ဘ၀ကိုယ် ပြန်ပြီးသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့အဖြစ်ဟာ ရေမထွက်တဲ့ ရေတွင်းတွေရဲ့ အလည်မှာ ငုတ်တုတ်ထိုင် မှိုင်တွေချနေရတဲ့ အဖြစ်မျိုးပါ။ ရေထွက်အောင် တူးသွားနိုင်သူတွေကတော့ သူတို့တူးထားတဲ့ ရေတွင်းထဲကရေတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ သူတို့ကို ငေးကြည့်နေရတယ်။

ကဲ - မိတ်ဆွေ ၊ ခင်ဗျားလည်း လူ ၊ သူတို့လည်းလူ အတူတူပါဘဲဗျာ။ ဘာမှ ကွာခြားချက် မရှိပါဘူး။ ကျွန်တော်တို့ တကယ် လိုအပ်နေတာကတော့ ရေတွင်းကို ပြီးစီးအောင် ဆက်မတူးကြတာပါဘဲ။

ကဲ - ကနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ခင်ဗျားတူးလက်စ ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတစ်တွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့ ။

ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှု နဲ့ ၊ ကျေနပ်ပီတိဖြစ်ရမှုတို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။ “ငါ လုပ်နိုင်တယ်” “ငါ စွမ်းဆောင်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘ၀မှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။

ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။ ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တစ်ခုမဟုတ် တစ်ခု ကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ ဒီတော့ အခုဘဲ စ, လိုက်ကြပါစို့။ အချိန်မနှောင်းသေးပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။

(ဇွဲနဲ့သာ တစိုက်မတ်မတ်တူး . . နောက်ဆုံး ရေတွေ့ရမှာ မလွဲပါဘူး)



အထွေထွေဗဟုသုတ

16/07/2020

🔔📣🔔📣

ခုရက်ပိုင်း..
မင်မင် မအားလို့
Post လေးတွေ အတင်ကျဲနေပေမယ့်..Service ပိုင်းလေးကိုတော့ အစဥ်မပြတ်..အမြန်ယူ အရောက်ပို့ စနစ်နဲ့ ပို့ဆောင်ပေးနေပါတယ်နော်..👯‍♂️👯

ခုတလောအမေးများ..
အသိချင်ဆုံးဖြစ်နေတဲ့..🙆🙆‍♂️

နေ့ချင်းယူ အမြန်ပို့ပေးလား🤔🤔

လမ်းကြောင်းသင့်ပြီး အဆင်ပြေတဲ့နေ့တွေဆို Runners လေးတွေက
ဘယ်ပစ္စည်းကိုမဆို..
အမြန်ဆုံးနေ့တွင်းချင်း
ပို့ပေးတာပါ..🚴‍♀️🏃‍♀️🏃

နေ့တွင်းပို့ရလို့ဆိုပြီး😇
extra charges လဲ ပေးစရာမလိုပါဘူးနော် 🙅‍♂️🙅

ကိုယ့် customers တွေ အဆင်ပြေစေပြီး..
ပြုံးပျော်နေစေချင်တာ..😊🤗 Runners လေးတွေရဲ့
ဦးတည်ချက်မို့လို့ပါ..🙇‍♀️🙇

နယ်ဝေးကနေ ဂိတ်ထုတ်ပေးပြီး door to door ပို့လိုသူများလဲ ယုံကြည်စိတ်ချစွာ
ဆက်သွယ်နိုင်ပါတယ်..🚈🚃

OS အသစ်များကိုလဲ လက်တွဲဖို့ စောင့်မျှော်နေပါတယ်နော်..😘👩‍🎤😍

သိလိုမေးလိုတာလေး​ရှိခဲ့ရင်..

💻Page cb or
📲09-254049105
📲09-771007375

-Runner
You imagine.We deliever.

07/07/2020

ဆရာကြီးဦးအောင်သင်းရဲ့ မှတ်သားလောက်တဲ့စကား
________________________________
မင်းတို့ကို ငါက ရွှံ့တုံး တစ်တုံးစီပေးမယ် မင်းတို့ဘာလုပ်မလဲ "ဆရာကြီးကလည်းကွာ ပေးစရာရှားလို့" လို့ မတွေးနဲ့ မင်းတို့ကို ရွှံ့တုံးပညာ ပေးမလို့။

တစ်ယောက်က ဟာကွာ ရွှံ့တုံးကြီးဘာလုပ်ဖို့လဲဆိုပြီး ဒီအတိုင်းထားမယ်။ ရွှံ့တုံးကို ဒီအတိုင်းထားတော့ ရွှံ့တုံးပဲပေါ့။

တစ်ယောက်က လောက်စာလုံးမယ် ရွှံ့တုံးထက်တော့ လောက်စာလုံးက ပိုတန်ဖိုးရှိမသွားဘူးလား။

ကောင်းပြီ နောက်တစ်ယောက်က အဲ့ဒီရွှံ့ကို မြေအိုးလုပ်လိုက်မယ်ကွာ တန်ဖိုး ပိုကြီးသွားပြီနော်။

ကံခြင်းတူရင် ဉာဏ်ရှိသူကသာတယ် ဉာဏ်ရှိတာခြင်းတူရင် လေ့လာလိုက်စား ကြိုးစားအားထုတ်သူကသာတယ် ပညာဆိုတာ ပိုတယ်မရှိဘူး ပညာကို ရတဲ့နေရာမှာယူ လိုတဲ့နေရာသုံး လေ့လာပါ ဆည်းပူးပါ သင်ယူပါ မင်းတို့တတ်မြောက်သွားတဲ့ပညာ ဘယ်သူမှ လာခိုးလို့မရဘူး ဘယ်မှလည်း ပျောက်မသွားနိုင်ဘူး အချိန်မရွေး ထုတ်သုံးလို့ရတယ်။

လူတော်တော်များများ ပြောတတ်ကြတယ် လူတစ်ယောက် အောင်မြင်ပြီဆို။ "သြော်... သူကတော့ ကံကောင်းလိုက်တာနော်" သွားပြီ အဲ့စကားထဲမှာ အကုန်ပါသွားပြီ ကံကောင်းလိုက်တာနော်လို့ ပြောတဲ့သူမှန်သမျှဟာ သူဘာလို့အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာ စိတ်မဝင်စားတော့ဘူး အဲ့ဒီတော့ ဘာတွေအတုခိုးမလဲ ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး။

တို့ ဂေါတမဘုရား ကံကောင်းလို့ဘုရားဖြစ်တာ မဟုတ်ဘူး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ ဗိုလ်ချူပ်အောင်ဆန်း တစ်ကမ္ဘာလုံးက လေးစားရတဲ့သူ ကံကောင်းလို့်ဖြစ်လာတာ မဟုတ်ဘူး သူကြိုးစားခဲ့ရတာ အလုပ်တွေနဲ့ တစ်ချိန်လုံး နပမ်းလုံးလာခဲ့ရတာ။

အောင်မြင်သူတွေကို အားကျရင် နောက်ကြောင်းကိုကြည့်ပါ သူဘာတွေလုပ်ခဲ့လဲ သူဘယ်လောက်ကြိုးစားခဲ့လဲကြည့်ပါ ဒါမှ ကိုယ့်အတွက် ပညာ ဗဟုသုတရမှာပေါ့ ကံကောင်းလိုက်တာနော်ဆိုတော့ လမ်းကဆုံးပြီ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကြည့် ကံကောင်းလို့ချမ်းသာလာတာ ငါမတွေ့ဖူးဘူး ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း ငါမတွေ့ဖူးဘူး ဘယ်တန်ခိုးရှင်ကမှ မ.စတာမဟုတ်ဘူး ကြိုးစားပါ ကိုယ့်ကိုကိုယ်ယုံကြည်ပါ အဲ့ဒါတန်ခိုးပဲ။

ငါတော့ ကံဆိုးလိုက်တာဆိုရင် အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့ ငါ... မဖြစ်နိုင်ပါဘူးဆိုရင် အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး လုပ်ကြည့်ချင်စိတ်မှ မရှိတာ။

ငါ... ဖြစ်လောက်ပါတယ်ဆိုရင် အဲ့ဒီကောင်တစ်ခါတော့ ကြိုးစားကြည့်လိမ့်မယ် ဖြစ်ဖို့ အလားအလာရှိတယ်။

ငါ... မဖြစ်သေးတာပါဆိုရင် အဲ့ဒီကောင် နှစ်ကြိမ်သုံးကြိမ် ကြိုးစားကြည့်လိမ့်မယ် ဖြစ်ဖို့နီးစပ်တယ်။

ငါ... ဖြစ်ကိုဖြစ်ရမယ်ဆိုရင် အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ သူ့မှာ ထပ်တလဲလဲ ကြိုးစားလိုစိတ်ရှိတယ် သူ့မှာ အောင်မြင်လိုစိတ် ပြင်းထန်တယ်။

အောင်မြင်ချင်ရင် ဇွဲရှိရမယ် ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့ သတ္တိ လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆို ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာ မဟုတ်ဘူး စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့ အခါတိုင်း "ငါ... ငယ်ငယ်ကလဲဖူးပါလား ငါပြန်ထလို့ အခုလို လမ်းလျှောက်တတ်လာတာပါလား" ဆိုပြီး ကိုယ့်ခွန်အား ကိုယ်ပြန်မွေး။

ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့ ဘာမှမလုပ်ရင် ဘာမှမရနိုင်ဘူး လှိုင်းကြောက်ရင် လှေမစီးနဲ့ ကမ်းစပ်ပဲထိုင်နေ။

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ် အလုပ်မရှိရင်စာဖတ် ဘဝအတွက် အထောက်အကူ အများကြီးရတယ်။

အခွင့်အလမ်းမရှိခင်မှာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာ ကိုယ့်ဘက်က အသင့်ပြင်ထား Readyလုပ်ထား မောင်းတင်ထား ဒါအလုပ်ပဲ။

Credit :မူရင်း

05/07/2020

“မအားအောင်နေပါ”

လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အားပြီဆိုတာနဲ့

၁။ တောင်တွေး မြောက်တွေး တွေးမယ်၊ လိုချင်မယ်။

၂။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မယ်။

၃။ ကိုယ်ကသာတယ်ထင်ရင် ငါကွဆိုပြီး ဘဝမြင့်မယ်။

၄။ သေချာမစူးစမ်းပဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။

၅။ ကိုယ်က နိမ့်နေတယ်ထင်ရင် စိတ်ဓါတ်ကျမယ်။

၆။ စိတ်ရဲ့ သဘောအတိုင်း မဟုတ်တာ တစ်ခုခု လုပ်ဖို့ ကြံမယ်။

၇။ လုပ်စရာမရှိရင် ကိုယ့်မှာ ရှိတာတွေကို ကြွားမယ်၊ ဒါမှမဟုတ် လူတွေ ဂရုစိုက်ခံရအောင် လုပ်မယ်။

အစရှိတဲ့ တစ်စုံတစ်ခုကို လုပ်ကြတော့တာပါပဲ။

မြင်ချင်ရာမြင် ရေးချင်ရာရေးခွင့်ရနေတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသလို ဖြစ်လာပါတယ်။

အဲဒါကြောင့် မအားအောင် နေဖို့ဆိုရင်

၁။ ကိုယ့် ဘဝနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Plan တွေ ရလဒ်တွေကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် အစီအစဉ်ချပါ။

၂။ လုပ်စရာရှိတာတွေအားလုံးချရေးပြီး ဦးစားပေးအရ တစ်ခုပြီး တစ်ခုဖြိုပါ။

၃။ လုပ်ငန်းက အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကို ကောင်းစွာ အသုံးချပါ၊ မဟုတ်ရင် ခရီးထွက်ပါ။

၄။ ကိုယ့်ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေကို လုပ်ပါ။

၅။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား အားကစားတစ်ခုခု လုပ်ပါ။

၆။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသစာပေ သို့မဟုတ် ရုပ်ရှင်ကြည့်ပါ။

၇။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ပါးစပ်ပိတ်ထားပြီး ဝင်လေ ထွက်လေ မှတ်နေပါ။

Ref: Sayar Naing Win Aung

Photos from Road Runner's post 30/06/2020

🌺July Promotion 🌺

💁Road Runner Delivery Service ရဲ့ July လ အတွက်..Giveaway လေး မဲဖောက်ပေးချင်ပါတယ်..🙋

👏Giveaway လေးကတော့..👇👇👇

ကြိုက်နှစ်သက်ရာ ဖုန်းအော်ပရေတာရဲ့ Top up သုံးကဒ် မဲဖောက်ပေးမှာပါနော်..📱💸

👯ကံစမ်းချင်သူတွေက..👯‍♂️

🌾1.Page ကို Like
လုပ်ထားရပါမယ်
🌾2.အခု ပို့စ်လေးကို fri နှစ်ယောက်ကို Tag တွဲပြီး Public နဲ့ share ပေးရမှာပါ..
(Tag ပေးမယ့်သူငယ်ချင်းလေးတွေက OS လုပ်သူလေးတွေဆိုရင် မင်မင်ပိုကျေးဇူးတင်မိမှာပါနော် 😁)

🌾3.Share post လေးကို Screenshot လေးနဲ့ အခု #မူရင်းပို့စ်အောက်မှာ မန့်ပေးရုံပါ..

❣Promotion last date (7.7.2020)❣

💻Random software နဲ့ ရွေးချယ်ပေးသွားမှာဖြစ်ပြီး..မင်မင်တို့တပ်ပေးထားမယ့် နံပါတ်လေးတွေကို မှတ်ထားပေးရုံပါနော် 📝

😍မဲဖောက်ပေးမယ့်ရက်ကတော့..8th July 2020 ပါ..

🙋‍♂️🙋လူကြီးမင်းတို့ ပို့ဆောင်လိုရာကို အချိုသာဆုံး အလျင်မြန်ဆုံး စိတ်အချရဆုံး..
ပို့ဆောင်ပေးမယ့်..
Road Runner..
လေးတွေပါ 🚶‍♀️🏃🚶🏃‍♀️

24/06/2020

🤝🤳Delivery Service ကို..
Online Shopping တစ်ခုအတွက်ပဲ သုံးကြတာလား..
မဟုတ်ပါဘူးနော်..🙅‍♂️🙅

🤳👏အွန်လိုင်း အရောင်းအဝယ်မလုပ်ပေမယ့်လဲ ဖုံးလေးတချက်ဆက်ရုံနဲ့ ကိုယ်မပင်ပန်းပဲ လုပ်လို့ရတဲ့အချက်လေးတွေ ပြောပြချင်ပါတယ်..✍👋

👉ကိုယ့်ဆွေမျိုးတွေက နယ်ကနေ ကားဂိတ် ရထားဂိတ် ပစ္စည်းတွေပို့ပေးတယ်..🚌🚂
🚈ကိုယ်တိုင်သွားထုတ်ဖို့ရာ အဆင်​မပြေဘူးလား..🚂

🏃‍♀️🏃Runner လေးတွေက ကူညီပြီး အိမ်ရှေ့အရောက်ပို့ဆောင်ပေးပါရစေ..🕺🏃‍♀️

💻📲အွန်လိုင်းကနေ..ကြည့်ရင်း
ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းလေးတွေ့တယ်..📱⌨

📱ဆိုင်ကိုဆက်သွယ်မေးမြန်းတော့..Delivery Service
မရှိသေးပါတဲ့..🙇‍♀️

🙋မပူပါနဲ့နော်..နှစ်သက်ရာလေးရွေးပြီး ဆိုင်နဲ့ချိတ်ငွေသာချေထားလိုက်ပါ..🙋‍♂️

🕴Runner လေးတွေက အပြေးသွားယူပြီး ရှေ့တော်မှောက် အရောက် ဝန်ဆောင်မှု
ပေးမှာပါ..🏃🏃‍♀️

💁‍♂️လိုချင်တာတော့ ရပါပြီ..💁

🙅လမ်းကြောင်းတွေများလို့..ဝန်ဆောင်ခစျေးများမှာကိုလဲ စိတ်မပူပါနဲ့နော်.. 🙅‍♂️

💸💯မြို့နယ်အလိုက် ..အသက်သာဆုံး
စျေးနှုန်းနဲ့..
ပို့ဆောင်ပေးမှာပါ..👌💸

❣Customers တွေ စိတ်တိုင်းကျဖို့ရာ..အစဥ်ထာဝရအလေးထားပါတယ်..❣

💁‍♂️အခြားခြားသော..
ဝန်ဆောင်မှုများစွာကိုလဲ..Road Runner မှာ ရနိုင်ပါသေးတယ်..🙋

🕵သိလိုသမျှ မေးဖို့ရာ..
ဖုံးလေးတချက်သာ ဆက်လိုက်ပါနော်..📱📲



📱09-254049105
📱09-771007375

19/06/2020

အလုပ်တွေရှိပြီး စော်ကြည်ကြပါစေ...😁😁

Photos from Road Runner's post 12/06/2020

😷😷Covid ကာလအလွန်..
Ygn မြို့ကြီးမှာ..ခုဆို.. Stay home လေးတွေ ​အလုပ်ကိစ္စ ဗာရီရမျိုးစုံနဲ့..
လမ်းမတွေပေါ် ကားကြပ် လူကြပ်
ပြန်စည်ကားစ ပြုနေပြီနော်..👩‍💻👨‍💻

ကားတွေဘယ်လောက်ကြပ်နေပါစေ.. 🚘🚖
မိုးတွေဘယ်လောက်သည်းနေပါစေ...⛈🌧🌩
စိတ်မပူပါနဲ့နော် 🙅‍♂️🙅

Runner လေးတွေက..အဆင်​​ပြေဆုံး အမြန်ဆုံးနည်းမျိုးစုံသုံးပီး..
Customers လေးတွေ လက်အရောက် ပါဆယ်လေးတွေပို့ပေးမှာပါလို့..🚀🏊‍♀️🏇

အထပ်မြင့်ကြီးမှာနေနေလို့..🏢🏬
ဆင်းယူရမှာလဲ တွေးမပူပါနဲ့နော်...
Customer အလိုကျဆို ဧဝရက်​
ထိဆိုရင်တောင်...
တက် ပို့ပေးမယ့်သူတွေပါ..🚵‍♀️🏔

So so...👇👇
အပ်နှံသူ OS လေးတွေ..❣💝

မျက်နှာပန်းလှစေရမယ်..😍
ငွေကြေးအတိကျ..
ကောက်ခံပေးပါမယ်..💸💸
Right Time ရောက်စေရပါမယ်..🏃‍♀️🏃
Feedback ကောင်းတွေကြားစေရမယ်..💌📣💌🔔

လက်တွဲဖူးသူတွေ ပြုံးပျော်နေကြပါပြီ..🤝🤝
ထပ်မံလက်တွဲမယ့် OS လေးတွေကိုလဲ စောင့်ကြိုနေပါတယ်လို့...နော် 🕵️‍♀️🕵️‍♀️


You Imagine. We Deliver

📱09 254049105
📱09 771007375

12/06/2020

Covid shirt 😁

10/06/2020

အလုပ်လုပ်ပါ ...

လှအောင်နေပါ...

ပြီးတော့စာဖတ်ပါ 🧡 🧡 💯

စီးပွားတူတိုင်းရန်သူမဟုတ်ပါ..

စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။

တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။

ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။

ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။

📌အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။
📌Qualityချင်းတူတောင် ထုတ်ပိုးမှုချင်းမတူဘူး။
📌ထုတ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူး။
📌ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။
📌Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။

👉နောက် ကံတရားချင်းလည်း မတူပါဘူး

👉ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်

👉တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။

👉တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။

☝️တခုပဲ အတွေးတခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။

💁အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမည်မဟုတ်။

original uploader

10/06/2020

👏Road Runner ရဲ့ နယ်ဝေး Customers များအတွက်..🚌🚆

နယ်ကနေ ရန်ကုန်အိမ်အရောက် ပါဆယ်တွေပို့ချင်တယ်..🚌🚂

ဘာတွေလိုအပ်မလဲ..⁉

👉Ygn ဂိတ်ကို အထုပ်လေးသာ
ပို့ပေးပြီး..
ပို့လိုတဲ့ Customer's Details လေးသာ ပို့လိုက်ပါ..📩💌🗒

Customers လက်အရောက် Runners လေးတွေက ဝန်ဆောင်မှုပေးမှာမို့..
အပြုံးပန်းလေးနဲ့ ရောင်းရငွေလေးသာ ထိုင်ရေတွက်နေဖို့ တာဝန်ယူပေးရုံပါ 😉💸💸

နယ်ဝေးဘယ်နေရာကဖြစ်ဖြစ်..နှစ်သက်ရာကို..
Online လေး သုံးပီး စျေးတွေတဝရောင်းပစ်ပါ..📣📱🖥

ဖော်ရွေပျူငှာ မျက်နှာပန်းလှစွာ ပို့ဆောင်ပေးမယ့် Ygn အခြေစိုက်..
Runners လေးတွေ
ရှိနေပါပြီလို့ 🏃🏃‍♀️

ကဲ....
ဘာလိုသေးလဲ​ဗျာာ...😍😍

📱09-254049105
📱09-771007375

06/06/2020

👩‍🏫👨‍🏫Delivery Service အပ်ဖြစ်ဖို့ဆို ဘယ်အချက်တွေ
အရင်စဥ်းစားဖြစ်ကြမလဲ.. ❓❓

💁ကိုယ်တိုင် OS လုပ်ဖူးခဲ့သူမို့..Delivery အခက်အခဲ..
Customer Complain တွေကို..
ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့အခါအတတ်နိုင်ဆုံး..အားနည်းချက်တွေမရှိအောင်ပြင်ဆင်ထားပါတယ်..🙋

#ငွေကြိုရှင်းစနစ် မဟုတ်လို့လဲ..စိတ်မပူပါနဲ့နော်..
ပစ္စည်းပို့ပြီး အမြန်ဆုံး
ငွေလွှဲပေးတာပါ..
ငွေကြေးထက် Customer value ကို ပိုတန်ဖိုးထားပါတယ် ❣

👉Service ပိုင်းမှာလဲ.. လမ်းကြောင်းကျွမ်းကျင် လုပ်သက်ရင့်ဝန်ထမ်းများဖြစ်တာမို့..အချိန်ကုန်သက်သာ..Way များများ ပို့​ဆောင်ပေးနိုင်ပါတယ်..🏃

😍လမ်းကြောင်းတွေကိုလဲ အတတ်နိုင်ဆုံး နေ့ချင်းအမြန် ပို့ဆောင်ပေးပါတယ် 🤗

🆙အဓိကဝန်ဆောင်မှူပေးချင်တာကတော့..💯💯

✅အလျင်မြန်ဆုံး ပို့ဆောင်ပေးမယ်
✅ဖော်ရွေပျူငှာရမယ်
✅ငွေကြေးပိုင်းစိတ်ချရစေမယ်
✅Customer ဆီက feedback ကောင်းလေး တွေနဲ့ အခါခါကိုယ့်ဆိုင်ကပဲ မှာချင်တော့အောင်..
Best Service ဖြစ်စေရပါမယ်...




You Imagine.We Deliver.

05/06/2020

ကိုယ်ပိုင်ဝင်ငွေရှာကြမယ်နော်
😁😁

Photo Credit

04/06/2020

👏👏လုပ်ငန်းလေး စတင်လည်ပတ်ခြင်းမှာပဲ ယုံကြည်စွာ
အပ်နှံပေးကြသော..
❣Dears❣ လေးတွေ
ကျေးဇူးအထူးပါနော်..😘😘

📅ဒီနေ့အပ်သမျှ အော်ဒါအားလုံးနီးပါးကို..Customers များဆီ
အရောက် အလျင်မြန်ဆုံး ..
ပို့ဆောင်ပေးပြီးပါပီရှင့်..🚴🚴‍♀️

#ပါဆယ်များကို မနက်တကြိမ် ည​နေတကြိမ်ကောက်ခံပြီး Customers တွေလက်အရောက် အမြန်ပို့​​ချိန်
နေ့လည်ခင်းမှာ ဖုံးတွေဆက်ပြီး
အမြန်ပို့ချင်ခဲ့သူတချို့ကို ဝန်ဆောင်မှုမပေးနိုင်ခဲ့တာအတွက်လဲ..
စိတ်မကောင်းဖြစ်ရပါတယ် 🤦‍♀️🤦‍♂️
အားလုံးကို ဝန်ဆောင်မှုပေးနိုင်ဖို့လဲ ခုထက်ပို ကြိုးစားပါမယ်ရှင့် 😍😍

🙇ယုံကြည်စွာအပ်နှံပေးကြသော..
Dears အပေါင်းတို့..ရောင်းအားတွေဆထက်တပိုးတိုးပြီး..လာဘ်လာဘတွေပေါကြွယ်ဝကြပါစေ..🙇‍♀️🙇





📱09-771007375
📱09-254049105

Photos from Road Runner's post 03/06/2020

🙋‍♂️Hello...🙋

🏃🏃Online Shops
လုပ်ကိုင်သူများတွက်..
Customers များဆီ
အကောင်းဆုံးဝန်ဆောင်မှု
ပေးနိုင်ဖို့ရာ..
Road Runner မှ
ကူညီပါရစေနော်..👫👬

🚶🏃�လမ်းကြောင်း
ကျွမ်းကျင်သော..
လျင်မြန်ဖျတ်လတ်
လူငယ်လေးတွေမှ အချိန်နဲ့
တပြေးညီ..
ပို့ဆောင်ပေးပါတယ်..🕴🕺

❣သန့်ရှင်း သပ်ရပ်မှု 💯💯
❤ တိကျမြန်ဆန် စိတ်ချရမှု 💯💯
❣ဖော်ရွေ ပျူငှာမှု 💯💯
❤ငွေကြေး စိတ်ချရမှု 💯💯

💁‍♂️Special Offers 🙋

💸💸Ways ပုံမှန်များသော Customers
များအတွက်လဲ
အထူးစျေးနှုန်းလေးတွေ
ရှိသေးတာမို့..
သိလို မေးမြန်း
လိုတာလေးတွေရှိခဲ့ရင်..📱📱

🤹‍♂️Call us🤹‍♀️

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. (455) Yay Sat Street. Daw Bon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Delis in Yangon (show all)
Hawk Delivery Service Hawk Delivery Service
Yangone
Yangon

လူကြီးမင်းတို့ ကုန်ပစ္စည်းများကို ကျနော်တို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပါရစေ 🙏

4t Delivery Services 4t Delivery Services
Yangon

....Deli ဆို 4tကို သတိရလိုက်ပါ....

Coming Soon Delivery Service Coming Soon Delivery Service
18. Yadanar Bon Street. Kee Myin Dine
Yangon

ပစ္စည်းညဘက် လာယူပေးပြီး နောက်နေ့ပို့ပေးပါတယ်ဗျ ငွေကြိုရှင်းလည်းရပါတယ် 09977432828

APT Courier Express Services APT Courier Express Services
Yadanarmon Housing, Hlaing Township, YGN
Yangon

Fast & Free Pick Delivery Services

Kwak Ti online shopping Kwak Ti online shopping
No ( 42 ) Ma Hlwa Gone Street, Kyauk Myaung , Tarmwe
Yangon

World Delivery Service World Delivery Service
Yangon

Welcome �

Flash Guy Express Flash Guy Express
Yangon

Make it simple. Make it easy.

VIP Delivery Service VIP Delivery Service
Yangon

Customer တွေကို VIPလို ဆက်ဆံမယ့် VIP Delivery Service

MATE SWE SITT MATE SWE SITT
Thitsar (8) Street
Yangon, 11191

Delivery service & car rental service

FLASH Delivery Service FLASH Delivery Service
Yangon, 11051

မင်္ဂလာပါခင်ဗျာ FLASH Delivery Service မှ ကြိုဆိုပါတယ် ခင်ဗျာ

7 Eleven Street Stall 7 Eleven Street Stall
Seikta Thukha Street
Yangon, 11211

Food stuffand Grilled food/ Salad/Dawei Traditional food & products