Zwe Htet Education Center

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zwe Htet Education Center, Education, No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township, Yangon.

11/03/2023

မင်္ဂလာပါရှင့်

Zwe Htet Education Center မှ English 4 skills နှင့် Drawing ကို ကျွမ်းကျင်စွာသင်နိုင်သော အချိန်ပိုင်း ဆရာမ ၂ ဦး ကို အလိုရှိပါတယ်ရှင့်

Place - မြို့ထဲ ( ဒဂုံမြို့နယ်)
Student - Grade 1
Time - 3 days per week (1:30)
Fees - nego

အသေးစိတ်အချက်အလက်များကို page cb တွင် စုံစမ်းနိုင်ပါသည်ရှင့်

Photos from Zwe Htet Education Center's post 26/09/2022

Zwe Htet Education Center တွင် ပညာသင်ကြားလျက်ရှိသော မူလတန်း သားငယ်သမီးများ၏ ချစ်စဖွယ်ပုံရိပ်များ

29/08/2022

Zwe Htet Education Center မှ မင်္ဂလာတော်ညွန့်တွင် နေထိုင်၍ International School Student အား guide ပြပေးနိုင်သော အချိန်ပိုင်းဆရာမ တစ်ဦး အမြန်အလိုရှိပါတယ်ရှင့် English Cambridge သင်ရိုး သင်နိုင်သူ ဖြစ်ရပါမည်။
လျှောက်ထားလိုသောဆရာမများ အနေဖြင့်
page cb တွင် စုံစမ်းလို့ရပါသည်ရှင့်

22/07/2022

မင်္ဂလာပါရှင့်
Zwe Htet Education Center
မှ တောင်ဒဂုံတွင် အချိန်ပိုင်းသင်ကြားပေးရန် kg ဆရာမ တစ်ဦး အမြန်အလိုရှိပါတယ်ရှင့်

လျှောက်ထားလိုသော ဆရာမ များ အနေဖြင့် page cb တွင် လာရောက်စုံစမ်းနိုင်ပါသည်ရှင့်

Photos from Zwe Htet Education Center's post 03/05/2022

Zwe Htet Education Center မှ မေလအတွက် အတန်းခွဲသစ်များ စတင်ဖွင့်လှစ်ပါတော့မယ်ရှင့်
 အရည်အချင်းပြည့်ဝပြီး သင်ကြားရေးပိုင်းတွင် ကျွမ်းကျင်သော ဆရာ/ဆရာမများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော Zwe Htet Education Center တွင် ကလေးများ၏ပညာရေးအတွက် စိတ်ချနိုင်ပါတယ်ရှင့်
 KG မှ တက္ကသိုလ်ဝင်တန်းအထိ သင်ရိုးသစ်/သင်ရိုးဟောင်း တန်းခွဲသစ်များ ဖွင့်လှစ်နေပါပြီရှင့်
 Online/ အိမ်ဝိုင်း နှင့် Home Guide၊ international course များလည်း သင်ကြားပေးပါသည်ရှင့်

ကျောင်းသားများကို သင်ကြားမှုပုံစံအနေဖြင့်
 အပတ်စဉ်၊ လစဉ် သင်ပြီးသောစာများကို နွှေးပေးခြင်း၊ စစ်ပေးခြင်း
 သင်ရိုးနှင့် ခလေး၏ သင်ယူနားလည်နိုင်စွမ်းကို ချိန်ညှိ၍ Lesson Plan ထားရှိခြင်း
 နားမလည်သောစာများကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် သဘောပေါက် နားလည်စေရန် ဥပမာများပေး၍ ရှင်းပြခြင်း
 Activities များဖြင့် သင်ကြားပေးသဖြင့် ကလေးများ ပျော်ပျော်ရွှင်ရွှင်စာသင်ရခြင်း
 ကျောင်းစာအပြင် သိသင့်သိထိုက်သောအကြောင်းအရာများကို အတူတူဆွေးနွေးကြည့်ခြင်း၊ လမ်းညွှန်ပေးခြင်း တို့ကို ပြုလုပ်ပေးပါသည်။
အသေးစိတ်သိရှိလိုပါက-
📲page messenger (သို့မဟုတ်)
09793593327
09787851833
93လမ်း၊အမှတ်94၊ကန်တော်ကလေး၊မင်္ဂလာတောင်ညွန့်မြို့နယ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

Photos from Zwe Htet Education Center's post 01/03/2022

Zwe Htet Education Center ရဲ့ နွေရာသီ သင်တန်းခွဲများ စတင် ဖွင့်လှစ်ပါတော့မယ်ရှင့်။

ကျောင်းသင်ရိုးပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးအတွက် အတန်းသစ်များ အပ်နှံနိုင်ပါပြီရှင့် ။
KG မှ Grade 11 ထိ သင်ရိုးသစ်/သင်ရိုးဟောင်းများ ၊ International school များအတွက် home guide များအဖြစ်
online/home teaching/home guide ပုံစံများနဲ့ သင်ကြားပေးနေတာကြောင့် မိမိတို့၏ သားသမီးများကို အဆင်ပြေသည့်နည်းလမ်းဖြင့် အပ်နှံသင်ကြားနိုင်ပါသည်။

✴️KG to G-2အတွက် လစာ နှုန်းထားများမှာ-

Online (5ယောက်ဝိုင်း) - 20000ks
online (one by one) - 30000ks
home teaching - 50000ks

🕐သင်ကြားသည့် အချိန် -

Home teaching-တစ်ပတ်လျှင် ၄ရက် (၁နာရီခွဲ)
Online-တစ်ပတ်လျှင်၃ရက်(၁နာရီခွဲ)

✴️G-3 /G-4အတွက် လစာနှုန်းထားများမှာ

online (5ယောက်ဝိုင်း)- 25000ks
Online (one by one)- 30000ks
home teaching - 55000ks

🕐သင်ကြားသည့် အချိန် -

Home teaching-တစ်ပတ်လျှင်၎ရက်(၁နာရီခွဲ)
Online-တစ်ပတ်လျှင်၃ရက်(၁နာရီခွဲ)


✴️G-5/ G-6 အတွက် ဘာသာစုံလစာနှုန်းထားများမှာ

online (5ယောက်ဝိုင်း) - 30000ks
online (one by one) - 35000ks
Home teaching - 60000ks

🕐သင်ကြားသည့် အချိန် -
Home teaching- တစ်ပတ်လျှင် ၄ရက် (၂နာရီ)
Online-တစ်ပတ်လျှင်၃ရက်(၂နာရီ)

✴️G-7/G-8အတွက်ဘာသာစုံလစာနှုန်းထားများမှာ

online (5ယောက်ဝိုင်း) - 35000ks
online (one by one) - 40000ks
Home teaching - 70000ks

🕐သင်ကြားသည့် အချိန် -
Home teaching- တစ်ပတ်လျှင် ၄ရက် (၂နာရီ)
Online-တစ်ပတ်လျှင်၃ရက်(၂နာရီ)

💥G-9, G-10 အတွက် တစ်ဘာသာချင်း/ ဘာသာစုံ တန်းခွဲများလည်း စုံစမ်းအပ်နှံလို့ရပါတယ်ရှင့်။

💥Home teaching သည် ရန်ကုန်မြို့အတွက် ဖြစ်ပြီး online သင်တန်းများကိုတော့ မည်သည့်နေရာမှမဆို တက်ရောက်နိုင်ပါသည်။

💥အသေးစိတ်သိရှိလိုပါက-
page messanger
09793593327
09791029673
93လမ်း၊အမှတ်94၊ကန်တော်ကလေး၊မဂ်လာတောင်ညွန့်
မြို့ နယ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

03/12/2021

မူလတန်းမိဘများသို့ အကြံပေးချက်
++++++++++++++++++++++++++

၁။ ကလေးအိပ်ရေးဝပါစေ

ကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့ ပဲဖြစ်ဖြစ်၊ ကျူရှင်များလို့ ပဲဖြစ်ဖြစ်၊ အိပ်ရေးမပျက်စေသင့်ပါ။ ကလေးတိုင်း တစ်နေ့ ( ၁၀ ) နာရီအိပ်သင့်ပါတယ်။ ကလေးအိပ်ရေးဝမှသာလျင် အားအင်ဖြစ်ထွန်းမှာဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပုံမှန်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။

၂။ မနက်စာ ဝအောင်စားပါ။ အဟာရ ရှိအောင်စားပါ။

အခုခေတ်ကလေးတော်တော် များများဟာ မနက်စာကို လောလောစားပြီး ကျောင်းတက်လေ့ရှိပါတယ်။ အချို့ ကလေးများ ကျောင်းသွားတဲ့ ကားပေါ် မှာထမင်းကျွေးတာကို တွေ့ဖူးပါတယ်။ ညက်ညက်ဝါးစားဖို့ မပြောနဲ့၊ ကောင်းကောင်းစားနိုင်ဖို့တောင် အချိန်လုရသလိုဖြစ်နေပါတယ်။ ကလေးများ ၀တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေတတ်ပြီး ကျန်းမာရေး အလွန်ထိခိုက်လွယ်ပါတယ်။ မနက်စာဟာ လူတိုင်းအတွက် တစ်နေ့တာ အဓိကအင်အားဖြစ်တာကြောင့် မနက်စာကို ဝအောင်ကျွေးပါ။ ကောင်းအောင်ကျွေးပါ။

၃။ ရေ လုံလုံလောက်လောက် သောက်ခိုင်းပါ။

မူလတန်းအရွယ်ကလေးများဟာ အလွန်အဆော့မက်တတ်ပါတယ်။ ဟိုပြေးဒီပြေးနဲ့ အလွန်လုပ်ရှားပါတယ်။ ကလေးကို ရေအလုံအလောက်သောက်ဖို့ အားပေးသင့်ပါတယ်။

၎။ ခဲဖျက် အလွန်သုံးတဲ့ အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးပါ။

တစ်ခုခု ရေးမှားရင် ခဲဖျက်ဖျက်တယ်။ ခဲဖျက်သုံးတာ ဘာမှအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးလွန်သွားရင် တစ်ခုခု အားနည်းနေပါပြီ။ အနည်းဆုံးတော့ သူရေးနေတဲ့ စာမှာ သူစိတ်မပါဘူးဆိုတာ ပြသနေပါပြီ။ ခဲဖျက်ကို အကြိမ်ရေ အသုံးနည်းစေခြင်းဟာ ပိုမိုစိတ်ဝင်စားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

၅။ ကလေးကိုယ့်ဝန်ကို နိုင်အောင် လေ့ကျင့်ပေးခြင်း

ကလေးကျောင်းတက်ပြီဆိုရင် အချို့ ကိစ္စရပ်တွေမှာ ကိုယ့်ဝန်ကို ထမ်းရပါတော့မယ်။ ဥပမာ အပေါ့ အလေးသွားတာမျိုး၊ ကိုယ့်စာအုပ်ခဲတန်ကို လွယ်အိပ်ထဲသိမ်းဆည်းတာမျိုး၊ ချမ်းတဲ့အခါမှာ အနွေးထည်ဝတ်ပြီး ပူတဲ့အခါမှာ ပြန်ချွတ်တတ်တာမျိုး၊ ကိုယ့်အ၀တ်အစား၊ ရေးဗူး၊ ထ္မင်းကျိုင့်၊ ထီး စသည်တို့ကို ကျောင်းမှာ မမေ့ကျန်ခဲ့တာမျိုး မိဘများစတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

၆။ အ၀တ်အစားမှာ အပြိုင်အဆိုင်ကင်းပါစေ

တကယ်လို့ ကျောင်းဝတ်စုံရှိရင် ကျောင်းဝတ်စုံပဲ ၀ယ်ဝတ်ပါ။ ပိတ်စမကောင်းဘူးဆိုပြီး အပြင်ဆိုင်မှာ အထူးချုပ်သွားချုပ်တာမျိုး၊ ကျောင်းက ဖိနပ်မစီးပဲ ၊ အရောင်တူ Brand ၀ယ်စီးခိုင်းတာမျိုး၊ မပြုလုပ်သင့်ပါ။ အပြိုင်အဆိုင်ဝင်သွားရင် ကလေးအတွက် ဘာမှမကောင်းပါ။

၇။ ကလေးရဲ့ ဖေါ် ပြတတ်မူကို အလေးထားပါ။
အကြောင်းအရာ တစ်ခုကို သူ့အရွယ်နဲ့သူ ဖြောင့်အောင် ပြောပြတတ်ရဲ့လား၊ အခက်အခဲတစ်ခု တွေ့လာရင် မိဘကို ရှင်းအောင်ပြောပြတတ်ရဲ့လား၊ ပြောရဲဆိုရတာမျိုး ဖြစ်ရဲ့လား၊ စသည်တို့ကို မိဘများဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းတို့၊ ဂိမ်းတို့၊ အိုင်ဘက်တို့ အရမ်းဆော့တဲ့ ကလေးများဟာ ဖေါ်ပြတတ်မူမှာ အားနည်းရုံမက စဉ်းစားဥာဏ်ပါ နောင့်နှေးစေတတ်ပါတယ်။

၈။ အိမ်သာမှန်မှန်တက်တာလည်း အရေးကြီးတယ်ဆိုတာ ကလေးကိုပြောပေးပါ။

ကလေးတော်တော်များများဟာ ဆော့လို့ ပျော်လို့ ကောင်းတဲ့ အချိန်မှာ အိမ်သာတက်ဖို့ မေ့နေတတ်ပါတယ်။ အချို့ ကလေးများဟာ တက်ဖူးနေကျ အိမ်သာမဟုတ်ရင် ဘယ်လောက်ပဲ အလျင်စလိုဖြစ်ဖြစ်၊ အောင့်ထားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်း၊ စိတ်ဓါတ်ရေးရာ အတွက်လည်း မကောင်းတတ်တာမို့ ကလေးကို နားလည်အောင် ဖြောင်းဖြ ပေးသင့်ပါတယ်။

၉ ။ ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ပေးပါ။

စာကျက်နေတဲ့ အချိန်မျိုးမှာ အလင်းရောင် အပြည့်အ၀ ရပါစေ။ စာကျက်တဲ့အခါ ဖြစ်ဖြစ်၊ စာရေးတဲ့ အခါဖြစ်ဖြစ်၊ ထိုင်နည်းမှန်ကန်ပါစေ။ ထိုင်နည်းမမှန်ကန်ရင်လည်း မျက်စိထိခိုက်တတ်ပါတယ်။ တီဗွီကားတွေ အကြာကြီးကြည့်တာ၊ အင်တာနက်ကို အကြာကြီးသုံးတာ၊ လက်ကိုင်ဖုန်း၊ အိုင်ဘက် ဆော့တာတွေ အားလုံး မျက်စိအလွန်ထိခိုက်လွယ်ပါတယ်။

၁၀။ တီဗွီ အစီအစဉ်ကို ရွေးချယ်ကြည့်ခိုင်းပါ။
မိဘများအနေနဲ့ မိမိကလေးများရဲ့ စိတ်ဝင်စားမူ ပေါ် မူတည်ပြီး ကာတွန်းကား၊ တောရိုင်းတိရစ္ဆာန်ကားများ၊ Discovery လိုကားများ၊ အကျိုးရှိမယ်ထင်တဲ့ကားများ အားလုံးကို အကန့်အသတ်နဲ့ ကလေးကို ပြပေးလို့ ရပါတယ်။

၁၁။ ကလေးများ အိမ်စာကို ကူညီပေးပါ။

မူလတန်းကလေးများ၊ အထူးသဖြင့် ပထမတန်းကလေးများဟာ မိမိဖာသာ စာမလုပ်တတ်သေးပါ။ မိဘများအထိုက်အလျှောက်ကူညီနိုင်ရင် ပိုအကျိုးဖြစ်ထွန်းပါတယ်။ မိဘများကူညီတယ်ဆိုတာ မျက်စိတောက်ထောက်ကြည့်တာမျိုး မဟုတ်ပါ။ ကျူရှင်ဆရာမ အများကြီးခေါ် ပေးခိုင်းတာမျိုးလည်း မဆိုလိုပါ။ သူတို့ ကိုယ်စား မိဘက ၀င်လုပ်ပေးတာမျိုးကို ပိုမို ရှောင်ရှားသင့်ပါတယ်။ ကလေးအခြေအနေပေါ် မူတည်ပြီး လမ်းညွန်သင့်တာလမ်းညွန်၊ သင်ကြားပေးသင့်တာကို သင်ကြား၊ သူတို့ သူငယ်ချင်းတွေထံ ဖုန်းဆက်မေးမြန်းသင့်တာတွေကို မေးမြန်းစေတာမျိုးကို ဆိုလိုပါတယ်။
ဖြစ်နိုင်ရင်တော့ ကလေးကို ဘယ်လိုစဉ်းစားသင့်သလဲ၊ အဖြေရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ စသည်ဖြင့် တစ်ဆင့်ချင်း လမ်းပြသွားနိုင်ရင် ပိုမိုထိရောက်တတ်ပါတယ်။

၁၂။ လုံခြုံ မူအသိ ကြွယ်ဝစေခြင်း

လုံခြုံ မူအသိဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ အသက်ငယ်လေ၊ စိုးရိမ်ရလေ ဖြစ်ပါတယ်။ တံခါးအ၀င်အထွက်၊ လှေခါး အတက်အဆင်း၊ စူးစမ်းလိုစိတ်နဲ့ ဝါယာ ဆော့ကက့် ပေါက်နဲ့ အထိအတွေ့၊ ကားလမ်း အဖြတ်အကူး၊ လူစိမ်းနဲ့ ထိတွေ့တဲ့အခါ၊ အမြင့်တက်ခြင်း၊ ရေကစားခြင်း၊ မီးကစားခြင်း စသည့်စသည့် တို့မှာ အထူးဂရုစိုက် သင်ကြားပေးဖို့ လိုပါတယ်။

၁၃။ ဆက်ဆံရေး ချောမွေ့ အောင် ပျိုးထောင်ပေးခြင်း

ဆက်ဆံရေးကောင်းမွန်အောင် ငယ်စဉ်ကတဲက စတင်ပျိုးထောင်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ လူကိုလေးစားတတ်အောင်အရင်သင်ပေးရပါတယ်။ လေးစားခြင်းဟာ ဆက်ဆံရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်ပါတယ်။
သူများပြောစကားကို စိတ်ဝင်တစား နားထောင်တတ်အောင် ပျိုးထောင်ပေးထားရပါမယ်။
ကိုယ့်ပြောချင်နေတဲ့အကြောင်းအရာ၊ ကိုယ်စဉ်းစားနေတဲ့ အကြောင်းအရာ တွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတတ်ဖို့၊ ပြောရဲဆိုရဲအောင် အရင်သတ္တိမွေးပေးရပါတယ်။
ဂတိတည်ရမယ်။ ရိုးသားမယ်။ စဉ်းစားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီအဆင့်အထိဆိုရင် လူချစ်လူခင်ပေါဖို့ မဝေးတော့ပါဘူး။

၁၄။ ကလေးစိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

ကလေးလုံလောက်တဲ့ တက်ကြွမူ ရှိရဲ့လား၊ အကောင်းမြင်တဲ့ အကျင့်ရှိသလား၊ အရွယ်နဲ့ မလိုက်ပဲ ဒေါသအရမ်းကြီးနေသလား၊ အမြဲတမ်းပဲ တစ်ခုခု စိုးရိမ်နေတတ်သလား၊ ကလေး ဖိအားအရမ်းများနေသလား၊ စသည်ဖြင့် ကလေးများရဲ့ အပြုအမူကို မိဘများက ဂရုတစိုက် လေ့လာသင့်ပါတယ်။ တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် စိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ မိဘများတစ်ခု လုံးဝလက်ခံထားရမှာက စိတ်ဆရာဝန်ပြသခြင်းဆိုတာ စိတ္တဇ ရောဂါမဟုတ်ပါ။ နိုင်ငံခြားမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

Ref: WeChat
;Sayar Aung Ko Latt

Photos from Zwe Htet Education Center's post 24/11/2021

December လ အတွက် တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်ပါတော့မယ်ရှင့်

သားငယ် သမီးငယ်တို့ရဲ့ ပညာရေးအတွက် စိတ်ချရဖို့ ဆိုရင်တော့ ရှိ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိ စာသင်ကောင်းသော ဆရာ၊ဆရာမများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်

December လအတွက် တန်းခွဲသစ်များမှာ

အစိုးရကျောင်း သင်ရိုး courseအပြတ် (ဘာသာစုံ)
🏆Kg to Grade-4 တန်း

🏅KG တန်း
Home guide-50000ks

🏅Grade 1/2
Online class-15000ks(5ယောက်ဝိုင်း)
Home guide-50000ks

🏅Grade 3/4
Online class-20000ks(5ယောက်ဝိုင်း)
Home guide-55000ks

Online classများone by one တက်လိုပါက-30000ks

သင်ကြားမည့်အချိန်မှာ online class ဖြစ်ပါက တစ်ပတ် ၃ရက်ဖြင့် တစ်ရက်လျှင် ၁နာရီခွဲ ဖြစ်ပြီး အိမ်လိုက်သင်ဆိုပါက တစ်ပတ်လျှင် ၄ ရက် တစ်ရက်လျှင် ၁နာရီခွဲနှုန်းဖြင့် သင်ပေးပါသည်။

Home guideသင်ကြားပေးသောမြို့နယ်များမှာ-
မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်၊ဗိုလ်တထောင်၊‌ကျောက်တံတား၊ပန်းပဲတန်း၊တာ‌မွေ၊ရန်ကင်း၊
သင်္ကန်းကျွန်း၊တောင်ဒဂုံ၊မြောက်ဒဂုံ၊
တောင်ဥက္ကလာ၊မြောက်ဥက္ကလာတို့ပဲဖြစ်ပါတယ်။

စသည့် နည်းစနစ်များနှင့် စနစ်တကျ သင်ကြားပေးခြင်းကြောင့် သင့်ကလေးငယ်၏ ပညာရေးနှင့် ဗဟုသုတပိုင်းတွင် တိုးတက်လာစေမှာ ဖြစ်ပါတယ်ရှင့်။
အသေးစိတ်သိရှိလိုပါက-
09791029673
09793593327
09694965657


၏Content များသည် မူရင်း Post များဖြစ်ပါသဖြင့် Copy ကူးယူခြင်း၊စွပ်စွဲခြင်း သည်းခံပါ၊

Photos from Zwe Htet Education Center's post 03/11/2021

Fruit and Vegetables worksheet

28/10/2021

大 家 好!🇨🇳
အားလုံးဘဲမင်္ဂလာပါရှင့်
💢 တရုတ်စာကိုအခြေ ခံမှ စတင်လေ့လာမယ့်
အသက် ၇ နှစ် မှ ၁၄ နှစ်ကြား က​​လေးတို့အတွက်
"Basic Pinyin Online Class"( Four Skills Class) လေးကို Zwe Htet Education center မှာတက်ရောက်နိင်ပါပြီရှင့်
💢 zoom class လေးနဲ့စာသင်ရတဲ့အ​ပြင် လူဦးရေ(10)ယောက်ဘဲ ကန့်သတ်ထားတာမို့ထိရောက်တဲ့သင်ကြားမှုကိုလည်းရရှိစေမှာပါရှင့်
💢 မသိနားမလည်တာရှိရင်လည်းဆရာမနဲ့ပေါ့ပေါ့ပါးပါး သင်ယူလို့ရအောင်လည်းစီစဥ်ပေးထားပါတယ်ရှင့်
💢 သင်တန်းကာလ - (3)လ
💢 သင်တန်းကြေး- (1)လကို 15000 ကျပ်
💢 သင်တန်းစတင်မည့်ရက် - November 7
💢သင်တန်းနေ့ရက် - စနေ တနင်္ဂနွေ
💢သင်တန်းချိန် - 1:00-3:00 pm
💢 သင်​ကြားပေးမည့်သင်ခန်းစာများ-
(၁) ဗျည်း
(၂) သရ
(၃) ဗျည်း+သရ စာလုံးများ
( ၄) ဗျည်း နှင့် သရ ပေါင်းစပ်နည်းများ
(၅) အသံအနိမ့်အမြင့် tones များ
(၇) မိမိကိုယ့်ကိုယ်မိတ်ဆက်နည်း
(၈) မိသားစုဝင် အခေါ်အဝေါ်များ
(၉) ကိန်းဂဏန်းများ
(၁၀) နေ့၊လ၊ရက်များ
(၁၁)အခြေခံစုတ်ချက်
(၁၂)အခြေခံ စာလုံးရေးနည်း
(၁၃) ပိုက်ဆံရေတွက်ပုံများ
(၁၄) လွယ်ကူသောဝေါဟာရ
(၁၅) နာရီကြည့်ပုံကြည့်နည်းများကို
သင်ကြားပေးသွားမှာပါရှင့်
💢 အသေးစိတ်ကနေသင်ကြားပေးမှာမို့သင်ယူတတ်မြောက်မှုအပိုင်းမှာအပြညိ့အဝအာမခံပါတယ်ရှင့်
သင့်က​​ လေး တိုင်းအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့
အခုဘဲ page ရဲ့ cb မှာစာရင်းသွင်းလိုက်တော့နော်😘

ဖုန်းနံပါတ် 09-793593327, 09-254113240 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

Photos from Zwe Htet Education Center's post 14/10/2021

သင့်ရင်သွေးငယ်ရဲ့ ပညာရေးအတွက် စိတ်ချချင်တယ်ဆိုရင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော ဆရာမများကိုယ်တိုင် သင်ကြားပေးသည့် မှာ စာရင်းပေး အပ်နှံလို့ရပါပြီရှင့်။

မှ နိုဝင်ဘာလအတွက် ထပ်မံ၍ အောက်ပါ တန်းခွဲအသစ်များ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ရှင့်။

အစိုးရကျောင်း သင်ရိုး courseအပြတ် (ဘာသာစုံ)
🏆Kg to Grade-4
🏆Grade-5/6/7
🏆Grade-8
🏆Grade-10စနစ်သစ်
🏆Grade-10စနစ်ဟောင်း

Home guideသင်ကြားပေးသောမြို့နယ်များမှာ-
မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်၊ဗိုလ်တထောင်၊‌ကျောက်တံတား၊ပန်းပဲတန်း၊တာ‌မွေ၊
သင်္ကန်းကျွန်း၊တောင်ဒဂုံ၊မြောက်ဒဂုံ၊
တောင်ဥက္ကလာ၊မြောက်ဥက္ကလာတို့ပဲဖြစ်ပါတယ်။

စသည့် နည်းစနစ်များနှင့် စနစ်တကျ သင်ကြားပေးခြင်းကြောင့် သင့်ကလေးငယ်၏ ပညာရေးနှင့် ဗဟုသုတပိုင်းတွင် တိုးတက်လာစေမှာ ဖြစ်ပါတယ်ရှင့်။
အသေးစိတ်သိရှိလိုပါက-
09791029673
09793593327
09694965657


၏Content များသည် မူရင်း Post များဖြစ်ပါသဖြင့် Copy ကူးယူခြင်း၊စွပ်စွဲခြင်း သည်းခံပါ၊

13/10/2021

💦ကလေးကိုဗစ်

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

👉ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

👉၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

👉၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၎-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

👉၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

👉မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

👉ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

🤮အံရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
ဝ.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
ဝ.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်
Crd-Prof Dr Saw Win
သားသားမီးမီးတို့covidမှကင်းဝေးကြပါစေ။

Photos from Zwe Htet Education Center's post 02/10/2021

This / That
These/ Those

Photos from Zwe Htet Education Center's post 19/09/2021

my body flash cards

Photos from Zwe Htet Education Center's post 13/09/2021

Family related vocabulary!

Photos from Zwe Htet Education Center's post 10/09/2021

Opposite Word for kids

Photos from Zwe Htet Education Center's post 10/09/2021

Shade Cards
❤️For kids❤️

Photos from Zwe Htet Education Center's post 04/09/2021

ဒီနေ့တော့ သားသားမီးမီးတို့အတွက် စာသင်ခန်းထဲမှာ ပြောနေကြ အသုံးပြုနေကြ စကားလေးတွေကို မှတ်မိနားလည်တတ်စေဖို့ ပုံလေးတွေ တင်ပေးလိုက်တယ်နော်

Zwe Htet Education Center

Photos from Zwe Htet Education Center's post 22/08/2021

သားသားမီးမီးတို့ရဲ့ ကျောင်းနေပညာရေးနဲ့ အသက်အရွယ်အလိုက် အသိပညာနဲ့ဗဟုသုတ ဖွံ့ဖြိုးမှု နောက်မကျစေဖို့ အခုလိုကာလတွင် Zwe Htet Education Center က online/offline သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိနေပါတယ်ရှင့်။

အတန်းတစ်တန်းလျှင် လူဦးရေ ၅ ဦးသာ လက်ခံပါသည်ရှင့် ယခုလက်ရှိ တပတ်အတွင်း လူပြည့်ရန်လိုသော တန်းခွဲသစ်များတွင် အပ်နှံပါက ပညာဒါနအနေဖြင့် တစ်ဝက်ကြေးဖြင့်သာ သင်ကြားပေးပါမည်ရှင့်

kg မှစ၍ တက္ကသိုလ်ဝင်တန်းအထိ အတန်းများကို လက်ခံသင်ကြားပေးနေပါတယ်ရှင့်။
online သင်တန်းအပြင် home guide နှင့် teaching guide/teacher များဖြင့် အိမ်အရောက် သင်ကြားမှုများကိုလည်း ပြန်လည်စတင်နေပါပြီရှင့်။
covid စည်းကမ်းအရ အိမ်လိုက်သင်ရာတွင် mask တပ်ပြီး သင်ပါတယ်ရှင့် ။
Home guideတွက်အချိန်နှင့်သင်တန်းကြေးများကိုလဲဆက်

သင်တန်းစုံစမ်းလိုပါက.........
Page messenger (သို့မဟုတ်) 09791029673/09694965657/09793593327သို့

Photos from Zwe Htet Education Center's post 22/07/2021

သားသားမီးမီးတို့အတွက် ထိရောက်စေမဲ့ Englishစာ သင်တန်းလိုက်ရှာနေပါသလား?
Zwe Htet Education Center က ကူညီပေးဖို့ အသင့်ရှိပါတယ်နော်။

💥သင်တန်း ၁ ချိန်ကို ၁နာရီနဲ့ တစ်ပါတ်ကို ၃ ရက် သင်
ကြားပေးမှာဖြစ်ပါတယ်။
💥သင်ကြားပေးမှာတွေကတော့
-4skills
-Vocabulary
-Grammar
-Phonics တို့ဖြစ်ပါတယ်။
💥zoom applicationဖြင့်သင်ကြားပေးမှာဖြစ်ပြီးမိဘများ
အနေဖြင့်လည်းမိမိသားသမီးအားသာချက်၊အားနည်းချက်၊
တိုးတက်ပြောင်းလည်းမှုများကိုတစ်ပတ်တစ်ကြိမ်ဆက်သွယ်ပြောကြားပေးမှာဖြစ်ပါတယ်။
💥သင်တန်းမှာenglish ဘာသာစကားကိုသာအများဆုံး
အသုံးပြုမှာဖြစ်သည့်အတွက်ကလေးများအနေဖြင့်နားထောင်မှုစွမ်းရည်တိုးတက်မှာဖြစ်ပြီး၊englishစကားေ ပြာဆိုရာမှာ
လည်း ပိုမိုယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။
💥သင်တန်းကြေးမှာလည်း70%offထားပါသ ဖြင့်တစ်လ
လျှင်
မူလတန်း-10000ks
အလယ်တန်း-20000ksသာကျသင့်မှာ ဖြစ်ပါတယ်ရှင်။
(တစ်တန်းလျှင်၅ယောက်သာအများဆုံးထားရှိမှာဖြစ်ပါတယ်)
💥one by oneသင်ချင်သူများအနေဖြင့်pageရဲ့messenger
(သို့မဟုတ်)09791029673/09694965657/09793593327

English ဘာသာစကားဆိုတာ ငယ်ရွယ်တဲ့ အချိန်မှာ လေ့လာတာ အကောင်းဆုံးဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ သားသားမီးမီးတို့ အတွက် အကောင်းဆုံးဖြစ်စေမဲ့ ခုဘဲဆက်သွယ်လိုက်ပါနော်။

19/07/2021

19 𝐉𝐮𝐥𝐲 မမေ့နိုင် 🖤
အာဇာနည်နေ့ တို့မမေ့ 🖤

photo

15/07/2021

Covid အဖြစ်များနေတဲ့ကာလမှာ Stay Home နေရင်း သားသားမီးမီးတွေရဲ့ ပညာသင်ကြားမှု မနှောင့်နှေးစေဖို့ Zwe Htet Education Center မှ
online Zoom သင်တန်းများ Julyလ promotion ဖြင့်

အခုလို ခက်ခဲနေတဲ့ကာလကြီးဖြစ်နေတဲ့အတွက်
Zwe Htet Education မှ ပညာဒါနအနေဖြင့်သင်ပေးမှာဖြစ်သဖြင့် Online Zoom သင်တန်းကြေးကို မူလသင်တန်းကြေးရဲ့ ၅၀% ဖြင့်သာ အပ်နှံနိုင်ပါပြီရှင့်။

💥G1 to G2 - တစ်ဦးလျှင် ၁၀၀၀၀ ကျပ်
(တစ်ပတ်လျှင် ၃ ရက်နှုန်းဖြင့် တနေ့လျှင် အချိန် တစ်နာရီခွဲ)

💥G3 to G4 - တစ်ဦးလျှင် ၁၅၀၀၀ ကျပ်
(တစ်ပတ်လျှင် ၃ ရက်နှုန်းဖြင့် တနေ့လျှင် အချိန် တစ်နာရီခွဲ)

💥G5 to G6 - တစ်ဦးလျှင် ၂၀၀၀၀ ကျပ်
(တစ်ပတ်လျှင် ၃ ရက်နှုန်းဖြင့် တနေ့လျှင် အချိန် နှစ်နာရီ)

💥G7 to G8 - တစ်ဦးလျှင် ၂၅၀၀၀ ကျပ်
တစ်ပတ်လျှင် ၃ ရက်နှုန်းဖြင့် တနေ့လျှင် အချိန်နှစ်နာရီ)

G1 မှ G8 အထိ စနစ်သစ် စနစ်ဟောင်း တန်းခွဲသစ်များ လက်ခံနေပါပြီနော်။

Online သင်တန်းချိန် တစ်ချိန်လျှင် ခလေး ၅ဦးသာ သင်မှာဖြစ်တာကြောင့် ခလေးများ စာမရမှာကိုလည်း စိုးရိမ်စရာမလိုပါဘူးရှင့် တစ်ဦးချင်းစီကို သေချာဂရုစိုက် သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။

သင်တန်းနှင့်ပက်သက်၍ အသေးစိတ်စုံစမ်းလိုပါက
ဖုန်းနံပါတ် 09791029673,09694965657, 09793593327 သို့ မေးမြန်းနိုင်ပါတယ်ရှင့်။

Covid ကာလအတွင်း အပြင်သွားရင် Mask ကိုအသေချာတပ်ပါနော် လက်ကိုသေချာစွာဆေးကြောကြပါရှင့် အားလုံးဂရုစိုက်ကြပါရှင့်။

27/06/2021

အလုပ်လျှောက်ထားသောဆရာမများရှင့်။
လျှောက်ထားသူဆရာမဦးရေအလွန်
များသောကြောင့်formများကို
💥30.6.2021ရက်နေ့ထိသာလက်ခံပါမယ်ရှင့်။
💥လျှောက်ထားရာတွင်CV form၊ဘွဲ့ လက်မှတ်၊ရထားသောcertificateများပါပူးတွဲတင်ပေးပါရှင့်။
💥ပြည့်စုံခြင်းမရှိသောCV formများကိုစစ်ဆေးပေးမှာမဟုတ်ပါဘူးရှင့်။
💥ပထမအဆင့်CV Formအောင်မြင်သူများကိုနှစ်ပတ်တွင်း
အကြောင်းကြားပေးပါမယ်ရှင့်။
ကျေးဇူးတင်ပါတယ်။

27/06/2021

ဇွဲထက်ပညာရေးစင်တာနဲ့ လက်တွဲလုပ်ကိုင်ရန်လုပ်သက်
ရှိသော ဆရာမအကူ ၄ ဦး အလိုရှိပါသည်ရှင့်။

မူလတန်းပြ ဆရာမ ၂ ဦး
အလယ်တန်းပြ ဆရာမ ၂ ဦး
အနေဖြင့် လျှောက်ထားနိုင်သည်။

ဖောင်ပိတ်ရက်-30.6.2021

မိမိ၏ ပညာအရည်အချင်းနှင့် တကွ သက်ဆိုင်ရာဘွဲ့နှင့်အတူ ကိုယ်ရေးအကျဉ်းများကို ရေးသား၍ Zwe Htet Education Center Page သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်ရှင့်။

Edit-Zwe Htet Education Centerတွင်
အလုပ်လျှောက်ထားသောဆရာမများရှင့်။
လျှောက်ထားသူဆရာမဦးရေအလွန်
များသောကြောင့်formများကို
💥30.6.2021ရက်နေ့ထိသာလက်ခံပါမယ်ရှင့်။
💥လျှောက်ထားရာတွင်CV form၊ဘွဲ့ လက်မှတ်၊ရထားသောcertificateများပါပူးတွဲတင်ပေးပါရှင့်။
💥ပြည့်စုံခြင်းမရှိသောCV formများကိုစစ်ဆေးပေးမှာမဟုတ်ပါဘူးရှင့်။
💥ပထမအဆင့်CV Formအောင်မြင်သူများကိုနှစ်ပတ်တွင်း
အကြောင်းကြားပေးပါမယ်ရှင့်။
ကျေးဇူးတင်ပါတယ်။

Photos from Zwe Htet Education Center's post 29/05/2021

ကျောင်းသားဘဝအစ KG ကဆိုတဲ့ စကားနဲ့အညီ ခလေးငယ်တစ်ယောက်ရဲ့ ပထမဆုံး KG အတန်းဟာ အရေးကြီးဆုံးဖြစ်ပါတယ်......
👉ခလေးငယ်တွေ ကျောင်းမကြောက်ဘဲ ပျော်ပျော်ရွင်ရွင် စာသင်ချင်စိတ်
👉 သူငယ်ချင်းများနဲ့အတူ ကစားချင်စိတ်လေးများကို ပျိုးထောင်ပေးပြီး
👉 စိတ်ဝင်စားစရာ Activities လေးတွေသင်ကြားပေးခြင်း
👉လက်ရေးလှစေရန်သင်ကြားပေးခြင်း
👉ထိရောက်သောtechniqueများဖြင့် မှ ဆရာမများက
KG သားငယ်သမီးငယ်များအတွက်
တန်းခွဲအသစ် ဖွင့်လှစ်ပေးပါတော့မယ်ရှင့် ။

အတန်းခွဲများအပြင်
💥Online class
💥Home Guide နှင့် အခြားသောအတန်းများကိုလည်းသင်
ကြားပေးပါတယ်ရှင့်။

Home Guideတွက်သင်ကြားပေးသောမြို့များနှင့်feesကို
messenger(သို့မဟုတ်)
📱09694965657/09791029673/09793593327သို့ဆက်

လိပ်စာ-93လမ်း၊အမှတ်94၊ကန်တော်ကလေး၊
မဂ်လာတောင်ညွန့်မြို့နယ်။

22/05/2021

သားငယ်သမီးငယ်များရဲ့ ဥာဏ်ရည်ဥာဏ်သွေးများကို ဖုန်းနဲ့ အချိန်ကုန်မနေစေဘဲ အတန်းပညာကို ဆက်လက်လေ့လာဆည်းပူးစေချင်သော မိဘများအနေဖြင့် မှာ အလယ်တန်းခလေးငယ်များအတွက်
တန်းခွဲသစ်များကို စတင်အပ်နှံနိုင်ပါပြီရှင့် ...

Grade 5,6,7,8 သင်ရိုးသစ် သင်ရိုးဟောင်းများကို
စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်တဲ့ ဆရာမများမှ

- အိမ်ဝိုင်း
- online
- Home Guide အနေဖြင့် လက်ခံသင်ကြားပေးလျက်ရှိပါသဖြင့် ခလေးငယ်များ၏ ပညာရေးအတွက် ကို
ဆက်သွယ်မေးမြန်း စုံစမ်းအပ်နှံနိုင်ပါပြီရှင့်။

အသေးစိတ်သိရှိလိုပါက
Messenger (သို့မဟုတ်)
📱09694965657/09791029673/09793593327သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

လိပ်စာ-၉၃လမ်း၊အမှတ်၉၄၊ကန်တော်ကလေး၊မဂ်လာတောင်ညွန့်မြို့နယ်။

Photos from Zwe Htet Education Center's post 11/05/2021

English Class For Primary Students (KG to G4)

မိမိရဲ့ သားသားမီးမီးလေးတွေကို ငယ်စဉ်ကတည်းက English အခြေခံကောင်းအောင် လေ့ကျင့်ပေးချင်တယ်ဆိုရင် ဇွဲထက်( စာသင်/စာကျက်ဝိုင်း)မှ တီချယ်များကနေ တန်းခွဲသစ်များ ဖွင့်လှစ်ပေးဖို့ရှိနေပါပြီရှင့်

-English Grammar
-English Vocabulary ကျွမ်းကျင်နှံ့စပ်အောင် သင်ကြားပေးမည့်အပြင်
-English Speaking
-Song နှင့် အခြားသိမှတ်ဖွယ်ရာများကိုပါ international သင်ရိုးများနှင့်အညီ ခလေးရဲ့အသက်အရွယ်၊ လေ့လာမှတ်သားနိုင်မှုများအပေါ်မူတည်ပြီး ပျော်ပျော်ရွင်ရွင် သင်ကြားပေးသွားမှာပါရှင့်။

သင်တန်းဈေးနှုန်းအနေဖြင့်

အိမ်ဝိုင်း
အချိန်- တစ်ပတ်လျှင် ၂ရက် (တစ်ရက်လျှင် အချိန် ၂နာရီ)
Fees- 25000 ကျပ်

Online
အချိန် - တစ်ပတ်လျှင် ၂ရက် (တစ်ရက်လျှင် အချိန် ၂နာရီ)
Fees- 15000 ကျပ်

အိမ်အရောက် တတစ်ဦးချင်းတွက်ကိုmessenger(သို့မဟုတ်)09694965657/09791029673/09793593327သို့

လိပ်စာ အမှတ် ၉၄၊ ၉၃ လမ်း ၊ကန်တော်လေး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Zwe Htet Education Center's post 10/05/2021

သားသားမီးမီးလေးတွေ
အိမ်မှာနေရင်း အတူတူ paper craft activities အချို့ကို မေမေတို့နဲ့အတူ ကစားလို့ရ၊ အရောင်လေးတွေခြယ်၊ လက်လှုပ်ရှားမှုလေးတွေ ပိုပြီးသန်မာလာစေဖို့အတွက် တင်ပေးပါရစေနော်

08/05/2021

သားသားမီးမီးတို့ရဲ့ပညာရေးအတွက် စိတ်ချရအောင်
ဇွဲထက်(စာသင်/စာကျက်)ဝိုင်းတွင်
မူလတန်းခလေးငယ်များအတွက်လည်း
အပ်နှံနိုင်ပါပြီရှင့်။

မိမိရဲ့ခလေးငယ်များကို
- အတန်းစာ၊ကျောင်းစာများကို လေ့ကျင့်ပေးခြင်း၊
-အသက်အရွယ်အလိုက် သင်ကြားပေးရမည့် activities လေးများဖြင့် ဗဟုသုတနှင့်
ဥာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေဖို့
မိဘများ ကိုယ်တိုင်သော်လည်းကောင်း ဆရာမများဖြင့်သော်လည်းကောင်း မိမိရဲ့အိမ်မှာဖြစ်ဖြစ်
လေ့ကျင့်သင်ကြားပေးသင့်ပါတယ်ရှင့်။

စာသင်သက်၉နှစ်ရှိသောTeacher Daw Aye Moe
(MBA/BBA/Diploma of Applied Psychology/LCCI UK)
နှင့်စာသင်သက်၇နှစ်ရှိသောTeacher Phyu
(BPA/LCCI /Certificate of Advanced Excel)တို့ဦးစီးပီး

💥စာလုံးပေါင်းသတ်ပုံမှန်ကန်စေရေး
💥englishစာအခြေခံခိုင်မာစေရေး
💥တွက်ချက်မှုပိုင်းကျွမ်းကျင်စေရေးနှင့်
💥ပြင်ပဗဟုသုတတိုးတက်စေရေးတို့အတွက်တာဝန်ယူကာ

👉အိမ်ဝိုင်း
👉online
👉အိမ်တိုင်ရာရောက်တို့ဖြင့်စနစ်တကျသင်ကြားပေးပါတယ်ရှင့်။

ယခုလိုအချိန်ကာလတွင်မိဘများအစဉ်ပြေစေရေးအတွက် အိမ်ဝိုင်းနှင့်online classကို
35000ksဖြင့်သာ သင်ကြားပေးပါတယ်ရှင့်။

အိမ်တိုင်ရာရောက်သင်ကြားပေးနိုင်သောမြို့များမှာ-
မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်၊ တာမွေ၊ ကျောက်မြောင်း၊ဗိုလ်တထောင်၊ ရေကျော်၊ ပုဇွန်တောင်၊
ပန်းပဲတန်း၊တောင်ဒဂုံ၊‌ မြောက်ဒဂုံ၊သင်္ဃန်းကျွန်းတို့ဖြစ်ပြီးအိမ်တိုင်ရာရောက်ဈေးနှုန်းများကို

messenger(သို့)

📱09694965657

09791029673

09793593327 သို့
အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
လိပ်စာ-93လမ်း၊အမှတ်94၊ကန်တော်ကလေး၊မဂ်လာတောင်ညွန့်မြို့နယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.

Lilly English Learning Center Lilly English Learning Center
Yangon

�Easy to learn English �Improve creative idea