𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥

⚽မဂ်လာရှိသောနေ့ရက်လေးဖြစ်ပါစေ⚽
Online Football Services (24/7 -hours)

အားကစားသတင်းများ နှင့် ဘောလုံး အားကစားဝါသနာရှင်များအတွက် (24/7-hours) ဝန်ဆောင်မှု နှင့်အတူ ငွေသွင်း/ ငွေထုတ်အချိန်အကန့်သတ်မရှိ (100%) မှန်ကန်တိကျစွာဖြင့် အချိန်နဲတပြေးညီ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ...

10/01/2024

🗣️သီယာဂိုဆေးဗား - “ဒီနေ့ ရလဒ်အတွက် စိတ်ပျက်မိတဲ့ထဲမှာ ပထမဆုံးသူပါ။ ဒါပေမယ့် ဒုတိယအကျော့မှာ ဗိုလ်လုပွဲရောက်ဖို့ အရာအားလုံးကို ဖြည့်ဆည်းပေးသွားမှာပါ။ အခုချိန်မှာ အရင်ကထက်ပိုပြီး အတူတူစည်းစည်းလုံးလုံးနေရမယ်။ ဒီနေ့ ကျွန်‌တော်တို့နဲ့အတူရှိနေခဲ့အတွက် ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်။” 💙💪

Via - Instagram

10/01/2024

===== မယုံနိုင်​​လောက်​အောင် မြင့်မားတဲ့လစာ​ငွေ​တွေနဲ့ ကြယ်ပွင့်ကစားသမား​တွေကို​​ခေါ်ယူပြီး ​ဘောလုံးပရိသတ်​တွေကို အံ့အားသင့်​စေတဲ့ ​ဆော်ဒီအာ​​ရေးဗီးယားဟာ လက်ရှိအချိန်မှာလည်း ​နောက်ထပ်​ခြေလှမ်းသစ် စတင်လိုက်ပါပြီ။

အဲဒါက​တော့ သူတို့ရဲ့ ​ဘောလုံး​လောကတစ်ခုလုံး တိုးတက်​​စေဖို့ရည်ရွယ်ပါတယ်။ Marca သတင်းဌာနရဲ့ ​ဖော်ပြချက်အရ ​​ဆော်ဒီ​ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့တတိယတန်းလိဂ်နဲ့ အမျိုးသမီးလိဂ်အတွက် ကစားသမားသစ်​တွေ ရှာ​ဖွေ​နေပါတယ်တဲ့။

ဗယ်လန်တင်​ဘော်တဲလားနီကိုးလပ်စ် (Valentin Botella Nicolas) ဆိုတာ 'FutbolJobs'လို့​ခေါ်တဲ့ ကုမ္ပဏီရဲ့ CEO တစ်​ယောက်ပါ။ သူဟာ ​ဘောလုံး​လောကမှာ အလုပ်အကိုင် အခွင့်အလမ်း​တွေနဲ့ပတ်သက်ပြီး ​ကြော်ငြာထည့်သွင်း​ပေးသူပါ။

သူ့ရဲ့ အတည်ပြုချက်အရ ​ဆော်ဒီ​ဘောလုံးအဖွဲ့ချုပ်ဟာ ​ရော်နယ်ဒို၊ ​နေမာတို့လို ကြယ်ပွင့်ကစားသမား​တွေ ပိုင်ဆိုင်ထားရုံနဲ့မတင်းတိမ်ဘဲ တတိယတန်းလိဂ်မှာ ကစား​ပေးမယ့်ပ​လေယာ​​တွေကို မက်​မောဖွယ်အခွင့်အ​ရေး​တွေနဲ့ ကမ်းလှမ်းထားတယ်တဲ့။

အဲဒါက​တော့ ကစားသမားတစ်​ယောက်ချင်းစီဟာ ပျမ်းမျှအ​ခြေခံလစာ ယူရို ၃၀၀၀-၄၀၀၀ အပြင် ​နေအိမ်​တွေပါ ရရှိပိုင်ဆိုင်သွားမှာပါ။ တစ်ဖန် ​ဆော်ဒီပထမတန်းနဲ့ ဒုတိယတန်း အမျိုးသမီးလိဂ်အတွက်လည်း ကစားသမားသစ်​တွေ ရှာ​ဖွေ​နေပြန်တယ်။

တစ်ဘက်မှာ လိုအပ်ချက်အဖြစ် အဆိုပါအမျိုးသမီးကစားသမားဟာ ​နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သက်ဆိုင်ရာနိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရရှိထားရမယ်တဲ့။ အဲဒီအမျိုးသမီးကစားသမား​တွေကလည်း တစ်လ ယူရို ၅၀၀၀ စု​ဆောင်းနိုင်မှာပါ။

စပိန်ကိုပါဒယ်​ရေး ဆီမီးဖိုင်နယ်ပွဲစဉ်​တွေအ​နေနဲ့ ရီးယဲလ်နဲ့ အက်သလက်တီကို၊ ဘာစီလိုနာနဲ့ အိုဆာဆူနာတို့ ​ဆော်ဒီနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ရာ ​ဆော်ဒီ​ဘောလုံးအဖွဲ့ချုပ်ဟာ ​အောက်ပါ​ဆောင်ပုဒ်နဲ့ တစ်ကမ္ဘာလုံးကို ​ကြေညာသွားမယ်တဲ့။

''​ဘောလုံးဟာ လမ်းစတစ်ခုပါ။ ​ဘောလုံးဟာ ​ရောက်ရှိလာခဲ့ပြီ (Football is the way, football is coming)''။ သူတို့​ကြွေး​ကြော်သလိုမျိုး ​ဆော်ဒီအ​နေနဲ့ အနာဂတ်မှာ ​ဘောလုံးကမ္ဘာကို စိုးမိုးသွားမလား ဆိုတာက​တော့...

09/01/2024

✅ ကလေးချင်းတော့ အေးဆေးပဲဆိုပြီး ပထမတန်းက ဝီဂန်ကို(0-2) အနိုင်ရခဲ့တဲ့ မန်ယူ✅
=========================================

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုင်နူး၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရချိန်မှာ တူရကီနိုင်ငံ ကိုယ်စားပြု ဝါရင့်ဂိုးသမား ဘေယင်ဒါကို ပထမတန်းကလပ် ဝီဂန်နဲ့ ကန်တဲ့ ပွဲမျိုးမှာတောင် မသုံးဘူးလားလို့ မေးခွန်းထုတ်စရာလည်း ကြုံခဲ့ရပြီး အိမ်ရှင် အသင်းဘက်မှာတော့ နာမည်ရှိတဲ့ ကစားသမားဆိုလို့ စပါးစ်ခံစစ်မှူး ရိုင်ယန် ဆက်ဆီညွန်ရဲ့ အမြွှာညီအစ်ကို စတီဗင် ဆက်ဆီညွန်ပဲ ပါဝင်လာခဲ့တာပါ။

မန်ယူတို့အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဖြတ်တင်ဘောကို ဧရိယာထဲကနေ ကန်သွင်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တဲ့ ခပ်ညံ့ညံ့ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘယ်နောက်ခံလူ ဒါလော့က ဧရိယာအစပ်ကနေ ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့က ဝီဂန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ဒီနေ့ပွဲမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကို ၃၃ ကြိမ် ကန်ခွင့်ရရှိခဲ့ရာမှာ တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်က ဂိုးပေါက် ၁၄ ကြိမ်သာ တည့်ခဲ့မှုနဲ့ တစ်ယောက်မှ ဂိုးမရခဲ့တာက ပြောစရာဖြစ်ခဲ့ပြီး တန်ဟတ်နဲ့ ပရိသတ်တွေ ဆက်လက်ခေါင်းကိုက်ဖို့ပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ မန်ယူတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘရူနို ဖာနန်ဒက်စ်က ဖိန့်တာကို ဖျက်ပုံ မသေသပ်တဲ့ ဝီဂန်နောက်ခံလူ ရှောကြောင့် ပေးခဲ့ရတဲ့ ခပ်ပျော့ပျော့ ပင်နယ်တီ လက်ဆောင်ကို ပေါ်တူဂီသားက ကိုယ်တိုင်ပဲ ဘယ်ဘက်တိုင်ခြေကို သပ်သပ်ရပ်ရပ် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်ထပ် တိုက်စစ်မှူးတွေ ဂိုးမရတဲ့ ပွဲတစ်ပွဲမှာ ဝီဂန်ကို မန်ယူတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ ကျော်ဖြတ်ခဲ့ကြပြီး အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ကြပြီး လာမယ့်အဆင့်မှာတော့ အောက်တန်းအသင်းငယ်လေးတွေဖြစ်ကြတဲ့ နယူးပို့နဲ့ အိစ်လေးတို့ နှစ်သင်းထဲက အနိုင်ရတဲ့ အသင်းနဲ့ အဝေးကွင်းမှာ ဆက်လက်ကစားရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

08/01/2024

✅"Arseanl 0 - 2 Liverpool"✅
---------FA Cup----------

နည်းပြတွေရဲ့ သဘာနဲ့ဝါကအရေးပါတယ်ဆိုတာ Liverpool နည်းပြ ဂျာဂန်ကလော က သက်သေပြသွားတဲ့ပွဲပါ။ ၂၃ နှစ်ကြာမှ Fa cap မှာ သွင်းဂိုး ၂ ဂိုးနဲ့ပြန်လည် အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အာတီထားက ကောင်းမွန်တဲ့ လူစရင်းရှိခဲ့ပေမဲ့ ပြောင်းလဲအသုံးချမှုတွေမှာက ထင်သလောက်အသုံးမဝင်ခဲ့ပေမဲ့ တစ်ဖက်အသင်း liverpool ကတော့ တက်လူလေတွေနဲ့ ယုံကြည်စွာလူစားထိုး ချယ်လှည်နိုင်ခဲ့ပါတယ်။ အာကြီးဟာ Chmapian league မှာနောက်ပြန်သွားနေတာပါ။

ရှေ့ပွဲတွေကလိုပဲ အခွင့်အရေးတွေကိုဖန်တီးမယ် ပြီးရင်အဆုံးအသတ်တွေက မလှမပနဲ့ဖြုန်းတီးတယ်။ အခွင့်အရေးထပ်ထပ်ခါရလဲ အလာကားပါပဲ။ Liverpool ဟာ မိုဟာမက်ဆာလာမပါတဲ့အပြင် အာနည်းချက်တွေအများကြီးရှိပေမဲ့ arseanl နယ်ရဲ့အားနည်းတဲ့နေရာက ရားကွတ်ခီဗီအားရဲ့နေရာ တစ်နေရာပဲရှိခဲ့တာပါ။ အဲ့နေရာပဲ အရှုံးကိုပေး၇တာပါပဲ ။

ဆာခါက under performance ဖြစ်နေတာ တစ်ပွဲလည်းမဟုတ်နှစ်ပွဲလည်းမဟုတ်တော့ပါဖူး အပြောင်းအလဲတော့လုပ်သင့်ပါတယ်။ ဖိအားပေးတာကောင်းတဲ့အာကြီး ဂိုးသွင်းမှ အနိုင်ရမဲ့အားကစားကို ဂိုးမသွင်းနိုင်တော့ ဘာလုပ်ရတော့မှာလဲဗျာ။ တဂယ်ဆိုရင်အစောကြီးကတည်းက ဒီလောက်ဖြုန်းတီးနေတဲ့ ဂျော်ဂျင်ဟိုကိုထုတ်ပီး အယ်ဒီအန်ခယ်တီကိုထားသင့်ပါတယ်။ အားကြီးဖန်တွေအတွက်တော့ပုံပြင်ဟောင်းလေးတစ်ပုဒ်ပါဖဲ ဘောလုံးကိုင်ထားမယ် ဖန်တီးမယ် လွဲကန်မယ်။ ဒီဟာကိုမပြင်ဆင်နိုင်သရွေ့ကတော့ ဘာcapကန်ကန် ဘယ်ကွင်းကန်ကန် အရှုံးပေါ်နေအုံးမှာဖဲ။

07/01/2024

တစ်ချိန်တုန်းက ပရီးမီးယားလိဂ် ​တောင်ပံကစားသမား​တွေထဲမှာ ပရိသတ်​တွေကို ​ဖျော်​ဖြေမှု​ပေးနိုင်ဆုံး ပဉ္စလက်ပညာရှင်တစ်ဦး ရှိခဲ့ဖူးပါတယ်။ သူ့ရဲ့ အနုပညာဆန်တဲ့ အလိမ်အ​ခေါက်၊ အ​မွှေအ​နှောက်​တွေ​​အောက်မှာ ဒူး​​ထောက်လက်​မြှောက်ခဲ့ရတဲ့ ပြိုင်ဘက်ကစားသမား​တွေ မနည်းပါဘူး။

သူဟာ ချဲလ်ဆီးအတွက် ကယ်တင်ရှင်တစ်​ယောက်ဖြစ်ခဲ့တယ်။ ဘယ်ဂျီယံ​ရွှေ​ရောင်မျိုးဆက်ရဲ့ ဘုရင်တစ်ပါးဆိုရင်လည်း ဟုတ်တယ်။ Body balance ကို အားသာချက်အဖြစ်အသုံးချကာ ကြမ်း​​ပေ့ရမ်း​​ပေ့၊ ​ကောင်း​ပေ့ညွန့်​ပေ့ဆိုတဲ့ ​ခံစစ်မှူး​တွေကို ​​ကျော်ဖြတ်ပြခဲ့တာပါ။

Solo goal ဆိုတာ သူ့အတွက် ထမင်းစား​ရေ​သောက်။ သူ့​ကြောင့် ချဲလ်ဆီးပရိသတ်​တွေ ပြုံး​ပျော်ရသ​လောက် တခြားဖန်​တွေက​​တော့ သူ​ဘောလုံးရတိုင်း ရင်သိမ့်တုန်​နေရတယ်။ ဒါ​ပေမယ့်လည်း အီဒင်ဟာဇက်အ​ပေါ် အပြာ​ရောင်ပရိသတ်မဟုတ်သူ​တွေလည်း ချစ်ခင််မြတ်နိုးတန်ဖိုးထားကြတယ်။

၂၀၁၂-၁၃ ရာသီက​နေ ၂၀၁၈-၁၉အထိ ပရီးမီးယားလိဂ်ကစားသမား​တွေထဲမှာ သူ့​လောက်​ကောင်းတဲ့သူ မမြင်မိပါဘူး။ ဒါ​ကြောင့်ပဲ သူ့ကို မက်ဆီ၊ ​ရော်နယ်ဒို​ခေတ်လွန်မှာ နေမာနည်းတူ ဘလွန်းဒီ​​​အောစင်မြင့်ထက်သို့ တက်လှမ်းနိုင်မယ့်သူအဖြစ် ​ကောက်ချက်ဆွဲကြပါတယ်။

ဒါ​ပေမယ့်လည်း ဒါ​တွေအားလုံးဟာ ချဲလ်ဆီးမှာကစား​နေတုန်းသာဖြစ်ပြီး သူ့ရဲ့အိပ်မက်အသင်း ရီးယဲလ်မက်ဒရစ်ထံ ​ပြောင်း​ရွှေ့ကစားချိန်မှာ​တော့ ကစားသမားဘဝ တစ်ထစ်ချိုးသွားခဲ့ရတယ်။ ​ရောက်​ရောက်ချင်းရာသီမှာပဲ ဒဏ်ရာနွံထဲနစ်မြုပ်သွားပြီး ပြန်လည်ရုန်းမထွက်နိုင်​​တော့ဘူး။

ဒဏ်ရာ​ကြောင့် ဝိတ်တက်လာတယ်။ ဒဏ်ရာနဲ့ ကိုယ်အ​လေးချိန်တက်လာခြင်း​ကြောင့် ​ခြေစွမ်းကျဆင်းသွားတယ်။ အဲဒီကျရှုံးခြင်း positive feedback cycle ဟာ ရီးယဲလ်မှာဖြတ်သန်း​နေစဉ်ကလတစ်ခုလုံး လည်ပတ်​နေတာ​​ကြောင့် ကစားသမားဘဝ အဖတ်ဆည်မရ​​အောင် စုန်းစုန်းမြုပ်သွားခဲ့တယ်။

ဒါနဲ့ပဲ ၂၀၂၄ ​နွေအ​ပြောင်းအ​ရွှေ့ကာလ ရောက်မှ ရီးယဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်​ပေမယ့် တစ်ရာသီအလိုမှာပဲ နှစ်ဦးသ​ဘောတူလမ်းခွဲကာ ကစားသမားဘဝက​နေ အနားယူသွားတယ်။ အဲတုန်းက (၃၂)နှစ်​ကျော်သာ ရှိ​သေးတာ​ကြောင့် နှ​မြောစရာပါ။

ဒီ​နေ့ဟာ သူ့ရဲ့ အသက်(၃၃)နှစ်ပြည့်​မွေး​နေ့ပါ။ ''Happy birthday ပါ ဟာဇက်​ရေ... ခင်ဗျားဟာ ကစားသမားတစ်​ယောက် အ​ကောင်းဆုံး​ခြေစွမ်းပိုင်ဆိုင်မယ့် အသက်အရွယ်မှာ ငုပ်လျှိုးသွား​ပေမယ့် ဘယ်​တော့မှမ​မေ့နိုင်မယ့် ဂန္ထဝင်​တွေထဲက တစ်​ယောက်ပါပဲ''

06/01/2024

🚨ဗစ်တာအိုစီမမ်ဟာ အခုလာမဲ့နွေရာသီမှာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့မဲ့စာချုပ်တစ်ရပ်ကို သဘောတူညီမှုရရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

Via - Fraser (Fletcher) Gillan

04/01/2024

🚨ပရိတ်သတ်တွေက လူတန်နဲ့ပွဲမှ ကိုးလ်ပါမာရဲ့ ဒုတိယမြောက်ဂိုးကို ဒီဇင်ဘာလအတွက် ချဲလ်ဆီးရဲ့ တစ်လတာအကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ထားပါတယ်။ 💙⚽

Via ~

03/01/2024

🚨သီယာဂိုဆေးလ်ဗားဟာ ယခုအချိန်မှာ တခြားနိုင်ငံရပ်ခြားလိဂ်တွေကို ပြောင်းရွှေ့ဖို့ ဆွေးနွေးကောင်းဆွေးနွေးနိုင်ပါတယ်။ဒါ‌ပေမဲ့ ဆေးဗားရဲ့သားနှစ်ဦးဖြစ်တဲ့ အစ္စဂိုနှင့်အိုင်ယာဂိုတို့ဟာ ချယ်လ်ဆီးအကယ်ဒမီမှာကစားနေတာကြောင့် ဆေးဗားကြီးကို ချဲလ်ဆီးအသင်းမှာ ဆက်လက်မြင်တွေ့ရဖွယ် ရှိနေပါတယ်။

Via - ()

01/01/2024

🕐FullTime🕐
✅"Totthenham 3 - 1 Bournemouth✅

ခြေစွမ်းထွက်နေတဲ့ ဘုန်းမောက်နဲ့ အိမ်ကြီးရှင်စပါးတို့ရဲ့ပွဲ​စဉ်ဟာ အကြိုက်အနယ်ရှိခဲ့တဲ့အပြင် နှစ်သင်းလုံးက တိုက်စစ်ကိုဉီးစာပေးကစားကြတဲ့အသင်းတွေဖြစ်ပါတယ်။

ဘုန်းမောက်ရဲ့အဝေးကွင်းခြေစွမ်းကလဲ ကောင်းတယ်လို့ပြောရပါမယ် ။ စပါးကအစောကြီးဥိးဆောင်ဂိုး သွင်းခဲ့ပေမယ့် ပထမပိုင်းမှာ ဘုန်းမောက်ဟာအခွင့်အရေးတွေထပ်သလဲသလဲရရှိနေခဲ့ပါတယ်။

စပါးရဲ့ကွင်းလယ်က ဘွန်းမောက်ရဲ့ကွင်းလယ်ကို ကောင်းစွာမယှဉ်ပြိုင်နိုင်ခဲ့ ပါဖူး။ သို့ပေမယ့်လဲ ပွဲရဲ့အလှည့်မပြောင်းကတော့ ဆန်း သွင်းပြီးနောက်မှာ စတင်သွားတာလို့ပြောရပါမယ်။


#ကြော်ငြာ
- အွန်လိုင်းကနေ နိုင်ငံတကာလိဂ်ပေါင်းစုံကို အချိန်နဲ့ တစ်ပြေးညီ ကစားဖို့ ယုံကြည်ရတဲ့ Agent ရှာနေတယ်ဆိုရင်တော့ သင့်ရဲ့ အနိုင်ငွေအတွက် 𝟏𝟎𝟎%ယုံကြည်စိတ်ချ ရပြိး အာမခံချက် အပြည့်ရှိတဲ့ Sports News Agent နဲ့ လက်တွဲ လိုက်ပါ....

⚽ Ibet789➡1unit-1000ks
⚽ Sport899(မြန်မာကြေး) ➡1unit-2ks
⚽Shan 234 ➡1unit-2ks

(၂၄နာရီ) ငွေအသွင်း/အထုတ်ပြုလုပ်နိုင်ပြီး မြန်မာငွေ( ၁၀၀၀၀) သောင်းကျပ်က စပီး အကောင့်အသစ် ဖွင့်ကစားနိုင်ပါပြီ။

https://www.facebook.com/zayzinsoenyunt1994?mibextid=ZbWKwL

🤹‍♂️New Member -10% bonus
-𝐕𝐈𝐁𝐄𝐑 𝐍𝐔𝐌𝐁𝐄𝐑 -09-400321300(𝟐𝟒𝐡𝐨𝐮𝐫𝐬 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬)

01/01/2024

✅ Fulham 2 - 1 Arsenal✅

ဒီကနေ့လဲ ဆင်ပြောင် ဖင်ပြောင် ။
ဟုတ်မလိုလိုနဲ့မဟုတ်ဖူးဖြစ်နေတာပါ။
ဆပ်ပြာသည်လင်ပျောက်သလို
ဘောလုံးပေးပို့မှု မတိကျ၊လူခနခနမှားပေး
ချော်လဲတဲ့သူကချော်လဲ၊ဆာခါကလည်း တည့်တည့်ကြီးတစ်ယောက်ထည်းလွဲကန်ကန်လို့ကန် ပြာသာပြာဖွဲမထွက်ခဲ့ဘူး ။ ပုံမှန်အတိုင်းကစာနေခဲ့တဲ့ ဖူဟမ် ရဲ့ကစားပုံက အရမ်းကြီးထူးထွေနေတာမဟုတ်ပေမဲ့ အာကြီးကတော့ဘဝ ပျက်နေခဲ့ပါပြီ။ အာကြီးရဲ့ အစောပိုင်းရရှိခဲ့ဂိုးကို ပထမပိုင်းမှာတင် ဖူဟန်ဘက်ကပြန်လည်ချေ ပနိုင်ခဲ့ပါတယ်။ under performace ဖြစ်နေတဲ့အာကြီးအသင်းအတွက် အနိုင်ဂိုးရဖို့ နည်းပြကလည်း လူတွေအပျောင်းအလဲထည့်ပေမဲ့ ဒုန့်ရင်းကဒုန့်ရင်းဖြစ်ရင်း အ​အေထားမှာပဲ ၊အရှုံးနဲ့ပဲကျေနပ်ခဲ့ရပြန်ပါတယ်။

#ကြော်ငြာ
- အွန်လိုင်းကနေ နိုင်ငံတကာလိဂ်ပေါင်းစုံကို အချိန်နဲ့ တစ်ပြေးညီ ကစားဖို့ ယုံကြည်ရတဲ့ Agent ရှာနေတယ်ဆိုရင်တော့ သင့်ရဲ့ အနိုင်ငွေအတွက် 𝟏𝟎𝟎%ယုံကြည်စိတ်ချ ရပြိး အာမခံချက် အပြည့်ရှိတဲ့ Sports News Agent နဲ့ လက်တွဲ လိုက်ပါ....

⚽ Ibet789➡1unit-1000ks
⚽ Sport899(မြန်မာကြေး) ➡1unit-2ks
⚽Shan 234 ➡1unit-2ks

(၂၄နာရီ) ငွေအသွင်း/အထုတ်ပြုလုပ်နိုင်ပြီး မြန်မာငွေ( ၁၀၀၀၀) သောင်းကျပ်က စပီး အကောင့်အသစ် ဖွင့်ကစားနိုင်ပါပြီ။

https://www.facebook.com/zayzinsoenyunt1994?mibextid=ZbWKwL

🤹‍♂️New Member -10% bonus
-𝐕𝐈𝐁𝐄𝐑 𝐍𝐔𝐌𝐁𝐄𝐑 -09-400321300(𝟐𝟒𝐡𝐨𝐮𝐫𝐬 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬)

31/12/2023

"Nottom Forest 2 - 1 Man United"

ဒီနေ့တော့ မန်ယူဟာပုံမှန်ခြေစွမ်းပါ။ တစ်ပွဲနိုင်လေးငါးပွဲရုံးဆိုတာပုံမှန်လေးကိုဖြစ်နေပါပြီ။ ဒီလိုကြီးဖဲသွားနေမယ်ဆိုမန်ယူဟာမြောင်းထဲရောက်တော့မှာပါ အနှေးနဲအမြန်ဆိုသလို။
တိုက်စစ်ပိုင်းက တော်တော်လေးအားနည်းနေခဲ့ပါတယ်။ ကွင်းလည်ကလည်း ဘာဖြစ်ချင်နေတာလဲ မသဲကွဲနေဖူးဖြစ်နေပါတယ်။ အန်တိုနီအီလန်ကာ ဟာမန်ချက်စတာကသူ့ကိုရောင်းထုတ်တာမှာကြောင်းပြောလည်းပြောချင်စရာကောင်းအောင်ဖြစ်နေပါတယ်။ man u ဘယ်လည်းဘာလဲ..........

31/12/2023

"Mancity 2 - 0 Sheffiel United"
Rodri 14'
Julian Alvares 61'

city ဟာဂျက်စပဲရိုးရဲ့ပုလဲနက်လို ရေပေါ်ပေါ်လာရင် အကုန်အနိုင်ယူတတ်တဲ့သဘောပါ။ တစ်ခါတလေလည်းရေတော့ငုတ်တတ်ပါတယ်။ city ဟာရှေ့ပွဲတွေမှာရလာဒ်မကောင်းခဲ့သော်လည်း လက်ရှိခြေစွမ်းဟာ အပြစ်ပြောဖို့မနဲရှာရမလိုပါပဲ အကုန်အကုန် နောက်တန်း အလည် တိုက်စစ်ကောင်းမွန်လှပါတယ်။ ဒီနေ့မှာတော့ ဟာလန်းကတော့ပွဲကြည့်ပရိတ်သတ် ၊ ဒီဗရိုင်းကောင့် ၆၁ မိနစ်မှာသွေးပူလေးလုပ်နေခဲ့ပေမဲ့ ထုတ်မသုံးခဲ့ပါဘူး။ ဖိုဒမ် အရမ်းအလုပ်လုပ်တဲ့ကောင်လေးပါ။ ကျော်ဖြတ်မှုပေးပို့မှုကောင်းခဲ့တဲ့ဒီပွဲကို city က 82% ဘောလုံးပိုင်ဆိုင်မှုနဲ့ အသာစီးကစားနေခဲ့တာပါ။

30/12/2023

🕐 FULL TIME :🕐

Luton 2-3 Chelsea
==================
ပိုချက်တီနိုရဲ့ လန်ဒန်စလွန်းအသင်းကတော့ ဒီရက်သတ္တပတ်မှာလည်း ထုံးစံအတိုင်း အမှတ်ရဖို့အရေး ကုန်းရုန်းဖြစ်ညှစ်ကန်ခဲ့ရပြီး ဒီနေ့ပွဲမှာတော့ ခြေစွမ်းက ကုဋေတသန်း မပြောနဲ့ တကျပ်တောင် မတန်ခဲ့ပေမယ့် စောစောစီးစီး ရထားတဲ့ ကြက်ဂိုးတွေ ကျေးဇူးနဲ့ အနိုင်သုံးမှတ်ကို ရှားရှားပါးပါး ထပ်မံစုဆောင်းနိုင်ခဲ့ပါတယ်။

လန်ဒန်စလွန်းက အပြာမယ်လေးတွေကို ဒီတခါ ကယ်တင်ခဲ့တဲ့သူကတော့ ထုံးစံအတိုင်းပဲ ပါးလ်မား လို့ ပြောရမှာဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ပင်နယ်တီမဟုတ်တဲ့ အနိုင်ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဝေဖန်လေကန်နေသူတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။ ညာတောင်ပံကစားသမား မူစကူဒူးကလည်း ညာခြမ်းကနေ လှပတဲ့ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲထွက်တစ်နေရာစာအတွက် ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့တာပါ။

လူတန်တောင်းအသင်းဟာ သူတို့ရဲ့ အိမ်ကွင်း အောင်ဆန်းကွငိးမှာ ထုံးစံအတိုင်း မာကျောတဲ့ ခြေစွမ်းပြဖို့ ကြိုးစားခဲ့ပေမယ့် မိနစ် ၈၀ ကျော်မှ ဂိုး၂ဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ ပိုမိုကြိုးစားရတော့မှာဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ လန်ဒန်စလွန်းအနေနဲ့ ပရီးမီးယားမှာ ၂ ပွဲဆက် နိုင်ပွဲရခဲ့တာဖြစ်တာကြောင့် ယုံကြည်မှုတွေ ပြန်ရလာဖို့ အခွင့်ကောင်း ဖြစ်ပြီး ရာသီဝက်နောက်ပိုင်းမှာ လူငယ်တွေနဲ့အတူ အဆင့်အတန်းတစ်ခုကို ပြန်တက်လှမ်းနိုင်ဦးမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

29/12/2023

"ဟုတ်ပါတယ် ကြက်ကြီးငှက်သုတ်သွားပါပြီ"

"Brighton 4-2 Spurs"

ဒီထက်တောင်ဂိုးမိုးတွေရွာသွားနိုင်တဲ့ brighton ရဲ့ကန်ချက်တွေကကြောက် ်ဖို့တောင်ကောင်းပါတယ်။ ထင်ထာထက်ကိုအကျိတ်အနယ်ရှိခဲ့တာအပြင် brighton ရဲ့အရည်သွေးမြင့်တဲ့ပွဲတစ်ပွဲလဲဖြစ်ခဲ့တယ်။ စပါးရဲ့ defence ကအားနည်းတယ်၊ brighton ကလည်းထပ်တစ်လဲလဲဆိုသလို အခွင့်အရေးတွေရနေခဲ့ပါတယ်။ ဂိုးသမား ဗစ်ကာရီအိုသာလက်စွမ်းမပြခဲ့ရင် စပါးဟာ ၆ ဂိုး ၇ ဂိုးလောက်နဲ့ ပွဲပြတ်သွားနိုင်ပါတယ်။ အိမ်စာကောင်းကောင်းလုပ်တဲ့ brighton နဲ့ ရပါတယ်ကွာဆိုတဲ့ စပါးနဲ့ ဟာ 4-2 result နဲ့ပြီးဆုံးခဲ့ပါတယ်။....

29/12/2023

"အာမပီးနိုင်တော့တဲ့ အာကြီး"
Arseanl 0 - 2 West Ham

အိမ်ကြီးရှင် အာဆင်နယ်ဟာ ပထမပိုင်းကတည်း ဂိုးပေါက်တွေဘေးကန်နေပါတယ်။ ဒုတိယပိုင်းမှာ အာကြီးရဲ့ အခြေအနေဟာရှို့ယွင်းလာတဲ့အပြင် ဒေါင့်ကန်ဘောဆယ်ကြိမ်အထိရ ခဲ့ပေမဲ့ တစ်လုံးမှ အသုံးမချနိုင်ခဲ့ပါဘူး။ west ham ကတော့ရှင်းပါတယ် အသင်းသေးတို့ရဲ့သဘောသဘာဝအတိုင်း ခံစစ်ကောင်တာ ပါဖဲ။ west ham တည်ဆောက်ပုံဟာ လုံးဝကွက်တိ ၊ နောက်တန်းခံစစ်တွေဖြစ်တဲ့ အိုဘိုနားနဲ့ မဖာဘားနို့ကို မကျော်နိုင်သလို ဘယ်တောင်ပံ အန်ပဆင်, ညာတောင်ပံ ဆိုဖယ်ကို မကျော်နိုင်ခဲ့ပြန်ပါဘူး။ west ham မဟာတံတိုင်းမကျော်နိုင်တဲ့ အာကြီးဟာ ဒီညမှာ ချာပီးသွားခဲ့ပါတယ်ဗျာ။.......

28/12/2023

✅ City is City✅

"Everton 1 - 3 Man City"

City ဟာ ပထမပိုင်းမှာ Everton ရဲ့ကစားဟန်ကြောင့် အကျက်အတည်းလေးနဲနဲရှိခဲ့ပါတယ်။ Everton ထုံးစမ်အတိုင်း ခံစစ်ကစားပြီး Counter ပေါက်တဲ့ ကစားဟန် နောက်ပြီး ပစ်ဖို့ ကိုတိုင်လည်း လက်စွမ်းပြတာကြောင့် ဂိုးရဖို့ခဲရင် နေခဲ့တာပါ။ ဒုတိယ အပိုင်းမှာတော့ cityရဲ့ ခြေစွမ်းဟာ champian ဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီအောင် အတော်မှတော်လေး ခြေစွမ်းကောင်းခဲ့ပါတယ်။ ပွဲ့ရဲ့ megical moment ကို ၅၃ မိနစ်မှာ ဘယ်နဒိုဆေးဗားရဲ့ ပေးပို့မှုကတစ်ဆင့် ဖိုဒန်က ဧရိယာထိပ်ကကန်တဲ့ အလုံးကစပြီး နောက်အချိန်က mancity ရဲ့ပွဲဖြစ်သွားခဲ့ပါြပီ။ အရမ်းPosition ကျပြီး အရမ်းအာပါခဲ့ ကန်ချက်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဂိုးပြတ် ၃ - ၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ city is city.
News

Photos from 𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥's post 28/12/2023

✅ Full-time ✅
========================
Chelsea 2 - 1 Crystal Palace

မူဒရစ် ( ၁၃’ )
အိုလီဆေး ( ၄၅’+၁’ )
မက်ဒူးကီ ( ၈၉’ pen )
ဘုန်းမောက်၊ ဝုလ်ဗ်တို့ရဲ့ အနီးကပ် ဖိအားပေးမှုတွေကြောင့် ချဲလ်ဆီးတို့ အမှားခံခွင့် လုံးဝမရှိတဲ့ ဒီပွဲမှာ တိုက်စစ် အချိတ်အဆက်တွေ အားနည်းခဲ့ကာ၊ ခံစစ်ကလည်း အမှားတွေများခဲ့ပေမယ့်၊ နာကျင်အချိန်ပို ရောက်ခါနီး ပင်နယ်တီဂိုးနဲ့ ပိုချက်တီနို တယောက် အသက်ရှူ အနည်းငယ် ချောင်သွားသလို၊ ၂၀၂၃ ရဲ့ နောက်ဆုံး စတမ်းဖို့ဒ်ဘရစ်ချ်ပွဲမှာ အိမ်ရှင် ချဲလ်ဆီးတို့ အနိုင်ရလဒ်နဲ့ ခက်ခက်ခဲခဲ နှုတ်ဆက်သွားနိုင်ခဲ့ပါတယ်။

27/12/2023

'Boxing Day မှာ​တော့ ယူနိုက်တက်ဟာ ဘုရင်ပဲ'
=======================================
မ​နေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ အက်စတွန်ဗီလာအသင်းကို ၃ဂိုး-၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲကစားချိန် (၂၆)မိနစ်အတွင်း ဗီလာဘက်က မက်ဂျင်း၊ ဒန်ဒွန်ကာတို့ ဦး​ဆောင်ဂိုး​တွေ အရင်သွင်းယူနိုင်ခဲ့​ပေမယ့် ဂါနာချိုက ​ချေပဂိုး(၂)ဂိုး၊ ​ဟွိုက်လန်းက အနိုင်ဂိုး ပြန်လည်သွင်းယူ​ပေးခဲ့တာ​​ကြောင့် ယူနိုက်တက်ဟာ comeback နိုင်ပွဲ ပိုင်ဆိုင်သွားတာပါ။

ဗီလာဟာ ဒီရာသီအတွင်း လီဗာပူးလ်ကိုသာ ရှုံးနိမ့်ထားပြီး ချဲလ်ဆီး၊ စပါးစ်၊ အာဆင်နယ်၊ မန်စီးတီးတို့ကို ​အနိုင်ရရှိတဲ့အထိ ​ခြေစွာ​နေတဲ့အသင်းဖြစ်ရာ ယူနိုက်တက်ရဲ့နိုင်ပွဲဟာ အဓိပ္ပါယ်ရှိလွန်းပါတယ်။ သူတို့ဟာ အ​ခြေအ​နေဆိုး​တွေကြားက​နေ လုပ်ပြသွားတာပါ။

အခုလိုမျိုး ရလဒ်​ကောင်း​ဖော်​ဆောင်နိုင်ခဲ့တာ​ကြောင့် ၁၉၇၈​​နောက်ပိုင်း boxing day မှာ ရှုံးပွဲမရှိ​သေးပါဘူး။ ဒါဟာ အစဉ်အလာ​တွေရဲ့ စကား​ပြောတတ်ပုံကို သက်​သေပြ​နေပြီး ယူနိုက်တက်ဟာ boxing day ဘုရင်လို့​တောင် တင်စားရမလိုဖြစ်​နေပြီ။

သူတို့ကို ​ကျေနပ်စရာပို​ကောင်း​စေတာက လူငယ်တိုက်စစ်မှူးဟွိုက်လန်း ကစားသမားဘဝ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုး ရရှိသွားတာပါ။ ဒါဟာ ​နောက်ထပ်သွင်းဂိုး​တွေ ဆက်လက်သွင်းယူနိုင်ဖို့ ယုံကြည်ချက်ဖြစ်တည်​စေမယ့် အလားအလာပါပဲ။

ထိုနည်းတူ ဂါနာချိုကလည်း (၂)ဂိုးသွင်းယူသွားတာ​ကြောင့် ဘယ်​​​တောင်ပံပုစ္ဆာက​တော့ ​ပြေလည်​နေပြီလို့ဆိုနိုင်တယ်။ အန်တိုနီရဲ့ညာဘက်အခြမ်းကိုသာ ဘယ်လိုစီမံရမလဲ တန်ဟတ်စဉ်းစားရမယ်။ ပြီး​တော့ အသင်းလိုက်​ခြေစွမ်း တည်ငြိမ်ဖို့လို​သေးတယ်။

ရာသီသိမ်းဖို့ တစ်ဝက်တိတိကန်ရဖို့ ကျန်ရှိ​​နေ​သေးတဲ့အချိန် အဆင့်(၄)ကစပါးစ်ထက် တစ်ပွဲပိုကစား (၅)မှတ်သာ​​လျော့နည်း​နေတာမို့ လက်ကျန်ပွဲစဉ်​တွေမှာ တတ်နိုင်သမျှ အမှတ်​မ​လျော့​ရေးကိုသာ ဦးစား​ပေးရပါမယ်။

24/12/2023

⚽"Wolves 2 -1 Chelsea"⚽
========================================

ဟုတ်ပါတယ်ဗျာ ခြင်္သေ့ကြီးကကိုတော့ ဝံပုလွေတွေအုပ်လိုက် ကျိတ်ပလိုက်ပါပြီ။ ချက်ကြီးဟာ အဝေးကွင်းဆက်တိုက် လေးကြိမ်ကျဆုံးခြင်းဖြစ်ပါတယ်။

ချက်ကြီးတိုက်စစ်ကမေးခွန်းထုတ်စရာ ပုစ္ဆာတစ်ခုဖြစ်လာတဲ့အပြင် နောက်တန်းကပါ ဆုတ်ချာနေပါတယ်။ ဂိုးရသင့်တာတောင်မရလိုက်တဲ့ ချက်ကြီးဘဝ အမဲဖြတ်ခံရတာလည်း မပြောပါနဲ့။ ဝံပုလွေတွေရဲ့နောက် တန်းကို မနည်းကျော်ဖြတ်နေရပြီး ကျော်ဖြတ်ပီးရင်လည်း ဂိုးမသွင်းတတ်ဖူးဖြစ်နေပါတယ်။ အန်ဗာတန် နဲ့ ပွဲပြန်ကြည့်နေရသလိုပါပဲ။ ဒုတိယပိုင်း အပြောင်းအလဲလုပ်လဲ ငပြောင်းပါပဲဗျာ။ ပိုချက်တီနို အနေနဲ့ ဒီထိကောင်းတဲ့ဖြေရှင်းချက်လိုနေပါပြီလို့ ထင်ပါတယ်​။ ဒုတိယ မန်ယူပါပဲဗျာ။.......

#ချယ်လ်ဆီး

23/12/2023

"ရှယ်ခွပ်တဲ့ ကြက်"
===================
စပါးအသင်းသည် အယ်ဗာတန်ကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ယူကာ ဇယားအဆင့်၄ နေရာ တွင် ရပ်တည်နေပါသည်။ ဂိုးတိုက်ရိုက် ကနမှု ၆ ကြိမ်အတွင်း ၂ ဂိုးရယူနိုင်ခဲ့ပြီး အယ်ဗာတန်ဟာ ၈ ကြိမ်ရရှိခဲ့သော်လည်း ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

23/12/2023

⚽ယနေ့ညပွဲစဥ်များ⚽

Photos from 𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥's post 21/12/2023

"Neymar" | "Antony အတွက်အစားထိုး" |
==================================

ဘရာဇီးဆေးအဖွဲ့ ဆရာဝန်များက နေမာရဲ့ဒဏ်ရာအခြေအနေဟာ လာမည့် ၂၀၂၄ ဇန်နဝါရီလာမှာ ပြန်လည်အပြည့် အဝကောင်းဖို့မဖြစ်နိုင်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါကြောင့် နေမာဟာဆိုရင်ဖြင့် ကံမကောင်းစွာဖြင့် Copa America ပြိုင်ပွဲကြီးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

M‌an U ဟာ ရီးရဲဆိုစီဒက် အသင်းရဲ့ right winger ကစားသမား ခရူဘို(Kubo)ကို အန်တိုနီ နေရာအတွက်မျက်စိကျနေပါတယ်။ ဂျန်ပန်လူမျိုး အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ခရူဘိုဟာ ဘာစီလိုနာနဲ့ ရီးရဲမတ်ဒရစ် တို့ရဲ့ ကစားသမားဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အိုးထရပ်ဖို့ထ် ကို စတာလင်ပေါင် ၉၅ နဲ့ ၂၀၂၂ မှာရောက်ရှိခဲ့တဲ့ အန်တိုနီကို အစားထိုးဖို့ တန်ဟက်ကလည်း ရှာနေဆဲ ဖြစ်ပါတယ်။

20/12/2023

🏆'ချဲလ်ဆီးရဲ့ ဆုဖလား ​မျှော်လင့်ချက်'🏆
========================================

မ​နေ့ညက ကစားခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ​နောက်တစ်ဆင့်တက်သွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ပွဲကစားချိန် (၁၆)မိနစ်ကတည်းက ဝီလ်ဆင်ရဲ့သွင်းဂိုးနဲ့ ဦး​ဆောင်ခြင်းခံခဲ့ရ​ပေမယ့် (၉၂)မိနစ်မှာ မူဒရစ်က ​ချေပဂိုးပြန်လည်သွင်းယူ​ပေးခဲ့တာ​ကြောင့် ပြန်လာနိုင်ခဲ့တယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ​တော့ ဂိုးသမားပက်ထရိုဗစ်လက်စွမ်းပြသခဲ့တာ​ကြောင့် ဆီမီးဖိုင်နယ်တက်လှမ်းသွားပါတယ်။

လက်ရှိအချိန်မှာ အကြိုဗိုလ်လုပွဲသို့ ချဲလ်ဆီးနဲ့အတူ ဖူလ်ဟမ်၊ မစ်ဒယ်ဘ​ရော့တို့ တက်လှမ်းနိုင်ခဲ့ပြီးပြီဖြစ်သလို ​​နောက်တစ်သင်းက​တော့ လီဗာပူးလ် vs ဝက်စ်ဟမ်းပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းပါပဲ။ ဒါ​ကြောင့်မို့ အခုလိဂ်ဖလားပြိုင်ပွဲမှာ အသင်းကြီး​တွေသိပ်မရှိ​တော့ပါဘူး။

အခုအ​ခြေအ​နေဟာ ပရီးမီးယားလိဂ်မှာ ရပ်တည်မှုမ​ကောင်းတဲ့ ချဲလ်ဆီးအတွက် အခွင့်​​ကောင်းပါပဲ။ သူတို့သာ လိဂ်ဖလားကိုင်​မြှောက်နိုင်မယ်ဆိုရင် ဥ​ရောပဝင်ခွင့်တစ်​နေရာ​တော့ ဆုပ်ကိုင်သွားမှာပါ။ ဒီအခွင့်အ​ရေးကို ပိုချက်တီနိုတို့​တွေ အမိအရယူ​ဆောင်သွားဖို့လိုအပ်တယ်။

နယူးကာဆယ်နဲ့ပွဲမှာ ​နောက်ကျ​ချေပဂိုးနဲ့ ပြန်လာနိုင်ခဲ့ကတည်းက ကံကြမ္မာကချဲလ်ဆီးဘက်မှာ ရှိ​နေပါပြီ။ သူတို့သာ ​နောက်ထပ်(၃)ပွဲ (အကြိုဗိုလ်လုပွဲနှစ်​ကျော့နဲ့ ဗိုလ်လုပွဲ)မှာပါ အဲဒီကံ​ကောင်းမှုကို ဆက်လက်သယ်​ဆောင်နိုင်မယ်ဆိုရင် ​မျှော်လင့်ချက်တကယ်ဖြစ်လာနိုင်တယ်။

ချဲလ်ဆီးမှာလိုအပ်​နေတာ ဆုဖလား​အောင်မြင်မှုပါပဲ။ လိဂ်ဖလားမှာ အဆင်​ပြေသွားတာနဲ့ တစ်သင်းလုံးရဲ့ယုံကြည်ချက် ပြန်လည်မြင့်တက်လာနိုင်တယ်။ ​တော့ဒ်ဘို​လေလက်ထက် ဆုဖလားကပ်ဆိုက်မှု​တွေလည်း အဆုံးသတ်သွားမှာဖြစ်တယ်။

(၂၁)ရာစုအတွင်း အင်္ဂလန်​အောင်မြင်ဆုံးအသင်း ရုန်းကန်​နေရတာက ပရီးမီးယားလိဂ်ဖန်​တွေကို မချင့်မရဲဖြစ်​စေလိမ့်မယ်။ အပြာ​ရောင်​တွေ လိဂ်ဖလားမှာ ကံ​ကောင်းပါ​စေ​ကြောင်း ဆု​တောင်း​ပေးလိုက်ရပါတယ်။

18/12/2023

✅လီပါပူး (0-0) မန်ယူ✅

မ​​နေ့ညက အန်ဖီးမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ဂိုးမရှိသ​ရေကျခဲ့တယ်။

အိမ်ရှင်ကြိုးကြာ​တွေဟာ အမှတ်​ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ အစွမ်းကုန်အားထုတ်ခဲ့​ပေမယ့် အိုနာနာနဲ့ဗာရန်းဦး​ဆောင်တဲ့ ယူနိုက်တက်ခံစစ်​ကြောင်းကို ထိုး​ဖောက်​ကျော်ဖြတ်နိုင်ခြင်းငှာ မစွမ်းသာခဲ့ဘူး။ ဒါ​ကြောင့်မို့ အာဆင်နယ်ရဲ့​ကျော်တက်ခြင်း ခံလိုက်ရတယ်။

အ​ခြေအ​နေဆိုး​တွေကြားက ယူနိုက်တက်က​တော့ အန်ဖီးမှာခံစစ်ပုံစံ​ကောင်းပြသခဲ့တာမို့ ​သ​ရေတစ်မှတ် ထိုက်ထိုက်တန်တန်ရယူသွားတယ်။ ထိုအ​ကြောင်းနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်း​ခေါင်း​ဆောင် ဗာ​ဂေးလ်ဗန်ဒိုက်က ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ...

''ဒီပွဲမှာ နိုင်လိုစိတ်နဲ့ကန်သွားတာ တစ်သင်းပဲရှိပါတယ်။ သူတို့ (မန်ချက်စတာယူနိုက်တက်)က​တော့ သ​ရေတစ်မှတ်ရတာကို ဆူညံစွာ​အောင်ပွဲခံ​နေတယ်''ဆိုပြီး လီဗာပူးလ်က အနိုင်ရဖို့အတွက်ကန်ခဲ့​ပေမယ့် မရှုံးတဲ့ယူနိုက်တက်က​​တော့ အလွန်အမင်း​ပျော်ရွှင်​နေ​ကြောင်း ​လေတိုက်သွားတယ်။

အဲဒီစကားကို ယူနိုက်တက်ဂန္ထဝင်ကစားသမား​ဟောင်း လက်ရှိ​ဘောလုံးသုံးသပ်သူ ရွိုင်ကိန်းမ​ကျေနပ်ပါဘူး။ ဒါ​ကြောင့်မို့ Sky Sports သတင်းဌာနမှာ... ''ဗန်ဒိုက်ဟာ ​စိတ်ကြီးဝင်​နေသူမို့ မန်ချက်စတာယူနိုက်တက်ကို အခုလိုမျိုး ချိုးချိုးနှိမ်နှိမ်​ပြောသွားတာပါ''

''သူဟာ နှစ်(၃၀)​နေမှ ဖလားတစ်လုံးရတဲ့အသင်းဆီမှာ ကစား​နေရတယ်ဆိုတာကို သတိရသင့်တယ်။ သူက တစ်သင်းကနိုင်ချင်ပြီး ယူနိုက်တက်ကျ​တော့ သ​ရေကျတာကို​ပျော်​နေတယ်လို့ ​​ပြောသွားတယ်။ ယူနိုက်တက်ဟာ ခက်ခဲတဲ့အ​ခြေအ​နေမှာ ကျ​ရောက်​နေတာပါ''

''လီဗာပူးလ်အသင်း နှစ်​ပေါင်းများစွာ ရုန်းကန်​နေခဲ့ရသလိုမျိုး​ပေါ့။ ဒါ​ကြောင့်မို့ ဒီ​​နေ့မှာ သူ့ကိုယ်ထဲက​နေ ​သွေးနားထင်​ရောက်မှု​တွေ ဖြစ်​ပေါ်လာတယ်ထင်ပါတယ်'' ဆိုပြီး ရွိုင်ကိန်းက ပြန်ဖဲ့လိုက်ပါတယ်။

17/12/2023

✅Full-Time✅
Arsenal (2-0) Brighton
================================
အာဆင်နယ်ကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ပထမပိုင်းဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂျီးဆပ်၊ ကိုင်ဟာဗက်ဇ်တို့ ဂိုးတွေဆက်သွင်းနိုင်ခဲ့ပြီး အာတီတာအတွက် ကျေနပ်စရာကောင်းတဲ့ပွဲပါပဲ။ ထိပ်ဆုံးက လီဗာပူးလ်ကို ဖိအားပေးနိုင်ဖို့အတွက် ကြိုးစားမှုက အရာထင်ခဲ့ပါတယ်။

ဂိုးကန်သွင်းခွင့်အများအပြားရခဲ့ပေမယ့် ဂိုးပေါက်လွဲနေတဲ့ အာဆင်နယ်က တပွဲလုံးကို အသာစီးကစားကာ သိသိသာသာကို လွှမ်းမိုးထားခဲ့ပါတယ်။ ဂိုးတွေရတာ နောက်ကျတာကလွဲရင် တပွဲလုံးကစားပုံက ကောင်းမွန်ခဲ့ပြီး မိနစ် ၈၀‌ ကျော်မှာ ဟာဗက်ဇ်က အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့ မကစားခင်မှာ အာဆင်နယ်ကအမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်ထားနိုင်ခဲ့ပါပြီ။ မန်စီးတီးကိုလည်း အမှတ်ပိုဖြတ်ထားနိုင်ပြီဖြစ်ကာ ဆုဖလားမျှော်လင့်ချက်တွေက ပိုပိုပြီးခိုင်မာလာခဲ့ပါပြီ။

17/12/2023

ပြီးခဲ့တဲ့ (၃)နှစ်အတွင်း အဲဗာတန်အသင်းရဲ့ အ​ကောင်းဆုံးဆုံးဖြတ်ချက်က​တော့ ဖရန့်လမ်းပတ်ကိုထုတ်ပယ်ပြီး ​ရှောင်ဒိုက်ချ်နဲ့ အစားထိုးလိုက်တာပါပဲ။

မနှစ်က အဲဗာတန်အသင်းဟာ ​ကစားသမားသစ်​ခေါ်ယူဖို့ ​​ငွေမသုံးနိုင်တဲ့အပြင် ရှိရင်းစွဲအဓိကကစားသမား​တွေကို တတိတိဆုံးရှုံး​နေရစဉ် နည်းပြလမ်းပတ်ကလည်း အသင်းကို တန်းဆင်းဇုန်က​နေရုန်းထွက်နိုင်​အောင် ပဲ့ကိုင်​ပေးနိုင်ခြင်းမရှိဘူး။

ဒါနဲ့ပဲ ​ရှောင်ဒိုက်ချ်​ရောက်လာတယ်။ အားလုံးသိတဲ့အတိုင်း ​ရှောင်ဒိုက်ချ်ဆိုတာ ဘန်​လေလိုဘာမှမရှိတဲ့အသင်းကို ပရီးမီးယားလိဂ်မှာ ကာလရှည်ကြာစွာရပ်တည်နိုင်​အောင် စွမ်း​ဆောင်​ပေးခဲ့သူ။ သူနဲ့လမ်းခွဲလိုက်တာနဲ့ ဘန်​လေ ချက်ချင်းတန်းဆင်းသွားဖူးတယ်။

​အဲဗာတန်ဟာ တန်းမဆင်းရဖို့ ​ပရီးမီးယားလိဂ် ​နောက်ဆုံး​နေ့အထိ တိုက်ပွဲဝင်ခဲ့ရရာ ​ရှောင်ဒိုက်ချ်ရဲ့အစွမ်း​ကြောင့် အဆင့်(၁၇)​နေရာနဲ့ ရှင်သန်ကျန်ရစ်ခဲ့တယ်။ ဒီရာသီမှာဆိုရင်လည်း အ​ခြေအ​နေ​တွေက အဲဗာတန်နဲ့ဆန့်ကျင်ဘက်အရပ်မှာ ရှိ​နေခဲ့တယ်။

ဘဏ္ဍာ​ရေးစည်းမျဉ်းချိုး​ဖောက်မှု​ကြောင့် ​​တော်ဖီ​တွေ ပရီးမီးယားလိဂ်မှာ ရမှတ်(၁၀)မှတ်​လျှော့ချခံရတယ်။ ဒါဟာ သူတို့အသင်းအတွက် ​'​မြွေပူရာ ကင်း​မှောင့်' ဆိုသလိုပဲ။ သို့​သော်လည်း ​ရှောင်ဒိုက်ချ်အသင်းက လက်နက်မချခဲ့တာ​ကြောင့် ​နောက်ဆုံး(၄)ပွဲဆက် အနိုင်ရလဒ်နဲ့ ပန်းပန်လျက်ပဲ။

သူတို့ဟာ ​ဖောရက်စ်ကို ၁-၀၊ နယူးကာဆယ်ကို ၃-၀၊ ချဲလ်ဆီးကို ၂-၀၊ ဘန်​လေကို ၂-၀နဲ့နိုင်ထားတာ​ကြောင့် ခံစစ်ပိုင်း​တောင့်တင်းမှုက ​ကြောက်စရာပါ။ အခုဆိုရင် တန်းဆင်းဇုန်ကို (၇)မှတ်ဖြတ်​တောက်နိုင်ခဲ့ပြီ။ (၁၀)မှတ်သာ ​လျှော့မခံရရင် အဆင့်(၈)​​နေရာက ဘရိုက်တန်နဲ့​တောင် ရမှတ်တူ​နေမှာပါ။

ဒါ​တွေကိုကြည့်လိုက်ရင် ​ရှောင်ဒိုက်ချ်ရဲ့အရည်အချင်းက အထင်ကြီးဖို့​ကောင်းလွန်းပါတယ်။

16/12/2023

✅Full-Time✅
==============
မန်စီးတီး (2-2) ပဲလေ့စ်

မန်စီးတီးဟာ အိမ်ကွင်းကနေပြီး နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ခရစ္စတယ်ပဲလေ့စ်ကို ချေပဂိုးတွေပြန်ပေးလိုက်ရကာသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ မန်စီးတီးဟာ ပက်ဂွါဒီယိုလာ လက်ထက်မှာ ပထမဆုံးအဖြစ် အိမ်ကွင်းမှာသုံးပွဲဆက် နိုင်ပွဲပျောက်မှုကို လည်း ကြုံခဲ့ရပြီဖြစ်ပါတယ်။

Photos from 𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥's post 16/12/2023

✅ အိမ်ကွင်းမှာ ရှက်ဖီးလ်ဒ်ကို တက်စီးပြီး ဆယ်မိုင်ကုန်းကို ပြန်သိမ်းလိုက်တဲ့ချဲလ်ဆီး✅
==========================================

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပက်ထရိုဗစ်ချ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဘာဒီယာရှီးလ်၊ ဒီဆာဆီနဲ့ ကောဝဲလ်တို့ကို သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ ပါးလ်မားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ မူဒရစ်ခ်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် ရှက်ဖီးလ်ဒ်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ အာမက်ဟော့ဂျစ်ချ်၊ ထရပ်စ်တီ၊ ဘိုဂယ်လ်နဲ့ လိုးဝ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဗီနီ ဒီဆူဇာ၊ ဘရွတ်ခ်စ်၊ ဟေးမား၊ မက္ကာတီးနဲ့ အာချာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မက်ဘာနီတစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ရှက်ဖီးလ်ဒ်ကို တစ်ကျော့ပြန်လာတဲ့ နည်းပြသစ် ခရစ္စ ဝိုင်လ်ဒါအနေနဲ့ ၃-၄-၃ ကို စွန့်လွှတ်ခဲ့ပေမယ့် ခံစစ်ကစားဟန်ကိုတော့ ကိုင်စွဲထားဆဲဖြစ်တာကြောင့် ဗဟိုခံစစ်မှူး လေးဦးကို ကွင်းထဲ ထည့်ထားခဲ့တဲ့ ချဲလ်ဆီးတို့ရဲ့ တိုက်စစ်က ဟန်ချက်မညီမှုနဲ့အတူ ထိုးဖောက်ဖို့ ခက်နေခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ တောင်ပံမှာ ဘောလုံးပြန်ရသွားတဲ့ စတာလင်က ဧရိယာထဲကို ဆွဲပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတာကို ပါးလ်မားက အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ စတာလင်ရဲ့ ဂိုးရှေ့က ထိုးဖောက်မှုကို တားဆီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ဂိုးသမား ဖိုဒါရင်ဟမ် ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ပါးလ်မားက ညာဘက်တိုင်နားကနေ အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဂျက်ဆန်က ခပ်လွယ်လွယ်ပဲ ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူနိုင်ခဲ့ကြပြီး အိမ်ကွင်းမှာ ရလိုက်တဲ့ အဖိုးတန် သုံးမှတ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို ရမှတ် ၂၂ မှတ်နဲ့ ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

Photos from 𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥's post 15/12/2023

✅ ဘီဆူးမားရဲ့ မိုက်မဲတဲ့ အနီကတ်ကြောင့် ဖောရက်စ်ကို အနိုင်ရဖို့ ရုန်းခဲ့ရတဲ့ စပါး✅
=========================================

စပါးတို့အနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ရှေ့က လေးပွဲဆက်တိုက် ဆိုးရွားထားတဲ့ ရလဒ်တွေကို ပြန်လည်ဖာထေးဖို့အတွက် အသင်းငယ်တစ်သင်းလို့ ဆိုနိုင်တဲ့ နော့တင်ဟမ်ဖောရက်စ်တို့နဲ့ပွဲမှာ နိုင်ပွဲရဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အသာစီးကနေ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပေမယ့် ဘီဆူးမားရဲ့ မိုက်မဲမှုကြောင့် သုံးမှတ်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပိုစတီကိုဂလူးရဲ့ ဧည့်သည်တွေအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဘန်ဒေးဗီးစ်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပါပီ မာတာ ဆားရ်၊ ဘီဆူးမားနဲ့ ကူလူရှက်ဗ်စကီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘရင်နန် ဂျွန်ဆန်၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။

တစ်သက်လုံး တုံးအနေဦးမယ့် ဖောရက်စ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘိုလီ၊ မူရီလိုနဲ့ နီယာခါတေးတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ မန်ဂါလာ၊ ကူယာတေး၊ ယိတ်စ်၊ နီကို ဝီလီယမ်စ်နဲ့ တော့ဖိုလိုတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်နဲ့ အီလန်ဂါတို့ကို တွဲဖက်ပေးခဲ့ချိန်မှာ ဟဒ်ဆန်-အိုဒွိုင်း၊ ခရစ္စဝုဒ်နဲ့ အိုရီဂီတို့ကို အရန်ခုံမှာပဲ ထားခဲ့တာ ဖြစ်ပါတယ်။

စိတ်ကုန်စရာ နည်းပြ စတိဗ် ကူးပါးအနေနဲ့ ဘောလုံးကျွမ်းကျင်မှုမှာ နာမည်ကြီးတဲ့ ဘရာဇီးလ်သားတွေကို ခေါ်ရင်တောင်မှ အိုင်ကျူအနိမ့်ဆုံး လူမျိုးကို ရွေးခေါ်သလားလို့ မေးစရာဖြစ်ခဲ့ပြီး အသင်းတစ်သင်းရဲ့ ကစားကွက်ကို နည်းစနစ်ကျကျ ဟန်ချက်ညီညီ မတည်ဆောက်နိုင်သလို သူထုတ်သုံးခဲ့တဲ့ ရှေ့တန်းအတွဲက ကွင်းလယ်လူ ဂစ်ဘ်စ်-ဝှိုက်နဲ့ တောင်ပံသမား အီလန်ဂါတို့ဖြစ်နေခဲ့ချိန်မှာ တိုက်စစ်မှူးစစ်စစ် ပါဝင်မလာတာက ဟားစရာပဲဖြစ်ခဲ့ရတာပါ။

စပါးစ်တို့ကပဲ ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပေမယ့် အချိတ်အဆက်တချို့ လွဲချော်ခဲ့တာကြောင့် ဂိုးရဖို့ ခက်နေခဲ့သလို ပွဲချိန် ၃၂ မိနစ်မှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ဘရင်နန် ဂျွန်ဆန် ဒဏ်ရာရသွားခဲ့လို့ ကွင်းလယ်လူ စကစ်ပ်နဲ့ လဲခဲ့ရပြီး ကူလူရှက်ဗ်စကီးက ညာတောင်ပံကို ထွက်ကစားတော့မှ ကစားကွက်က ပြန်မှန်လာခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ ရတဲ့ ဖရီးကစ်ကနေ ညာခြမ်းကို ပေးပြီး ကူလူရှက်ဗ်စကီးက တောင်ပံကနေ တော့ဖိုလိုကို ကျော်ပြီး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရစ်ချာလစ်ဆန်က ဂိုးရှေ့မှာ အမြင့်ဆုံးခုန်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဖောရက်စ်တို့ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကြံ့ခိုင်မှုကလွဲရင် ဦးနှောက်ပါလာပုံမရတဲ့ မန်ဂါလာ၊ ယိတ်စ်နဲ့ ကူယာတေးတို့လို ကွင်းလယ်လူတွေက ဘာမှ ဖန်တီးပေးနိုင်ခြင်း မရှိသလို ညာတောင်ပံကနေ ဝီလီယမ်စ်က ရှားရှားပါးပါး ဂိုးရှေ့ဖြတ်ပို့ပြီး အီလန်ဂါ ပိတ်သွင်းလို့ ဂိုးပိုက်ထဲ ရောက်သွားခဲ့တဲ့ ဘောလုံးကတော့ VAR မှာ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ စပါးစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဝီလီယမ်စ်ရဲ့ နောက်ပြန်ပေးမှုကို ဂိုးသမား တာနာက ဖြစ်သလို ရှင်းထုတ်ခဲ့ရာမှာ ညာခြမ်းကနေ ဘောလုံးပြန်ရသွားခဲ့တဲ့ ကူလူရှက်ဗ်စကီးက သူ့ကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဖောရက်စ်ခံစစ်မှူး မူရီလိုကို တစ်ကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော်ပြီး ညာခြေနဲ့ ကျုံးကန်ထည့်ခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ဖောရက်စ်တို့ဘက်က ကူယာတေးနဲ့ ဘိုလီတို့အစား ဒါနီလိုနဲ့ ခရစ္စဝုဒ်တို့ ဝင်လာခဲ့ကြပြီး တစ်မိနစ်အကြာမှာတော့ ယိတ်စ်ရဲ့ ဒူးအောက်နားကို ဘောလုံးယှဉ်လုရင်း ခပ်သာသာ ကန်မိတဲ့ စပါးစ်ကွင်းလယ်လူ ဘီဆူးမားကို ဒိုင်လူကြီး ဂျီးလက်က အဝါအရင်ပြပြီးမှ VAR ပြန်ကြည့်ပြီး မပြရင်လဲဖြစ်တဲ့ အနီကတ်နဲ့ ထုတ်ပစ်ခဲ့လို့ ဧည့်သည်တွေ တစ်ယောက်လျော့နဲ့ ကစားခဲ့ကြရပါတယ်။

ကွင်းထဲမှာ တစ်ယောက်သာနေပြီး နှစ်ဂိုးရှုံးနေလို့ ချေပဖို့ လိုနေပေမယ့် ဖောရက်စ်တို့ အိုးနင်းခွက်နင်းပဲ ဖြစ်နေခဲ့သလို ဂိုးရှေ့ကို ဖြတ်တင်တိုင်း ပိတ်သွင်းမယ့်သူတွေ မရှိတာက ငိုအားထက် ရယ်အားသန်စရာဖြစ်ခဲ့ရပြီး နည်းပြရော ကစားသမားတွေပါ အိုင်ကျူနိမ့်တဲ့ အသင်းညံ့တစ်သင်းလို့ပဲ မှတ်တမ်းတင်ရတော့မှာဖြစ်သလို မနှစ်က တန်းမဆင်းရပေမယ့် ဒီနှစ် တန်းဆင်းသွားမှ အေးမယ်လို့ မေတ္တာပို့ချင်စရာလည်းဖြစ်ခဲ့ရတာပါ။

ဖောရက်စ်တို့ဘက်က မန်ဂါလာအစား ဟဒ်ဆန်-အိုဒွိုင်းကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် လက်ကျန်ပွဲချိန်တွေကို ဆယ်ယောက်နဲ့ စပါးစ်တို့က ဂိုးသမား ဗီကာရီယို အားကိုးနဲ့ တောင့်ခံသွားခဲ့ကြသလို နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့ပေမယ့် ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ ဉာဏ်ရည်မမီတဲ့ အိမ်ရှင်တွေကတော့ ဒိုင်ကူပေမယ့်လည်း ချေပဂိုးတစ်ဂိုးတောင်မှ မယူနိုင်ခဲ့ဘဲ ပွဲသိမ်းခဲ့ရတာဖြစ်ပါတယ်။

နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး သုံးမှတ်ယူနိုင်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် တော့တင်ဟမ်ဟော့စပါးတို့အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ မှာ တစ်ပွဲပိုကစားပြီး မန်စီးတီးတို့နဲ့ ၃၃ မှတ်ချင်း တူသွားနိုင်ခဲ့ကြသလို တစ်ပွဲလုံး ၁၅ ကြိမ်ကန်ပြီး ၁ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တဲ့ ဖောရက်စ်တို့ကတော့ အဆင့် ၁၇ က အဲဗာတန်တို့ ကျော်တက်တာခံရဖို့တောင် နီးစပ်လာခဲ့ကြောင်းပါ။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#မင်းအသာနေစမ်းပါ.....ညီ၄၀၀ငါဖြစ်တဲ့ ကိစ္စ ငါဘာသာခံမယ်🤣🤣#ကြော်ငြာ- အွန်လိုင်းကနေ နိုင်ငံတကာလိဂ်ပေါင်းစုံကို အချိန်နဲ့ တစ်...
⚽ မိနစ် ၅၀ ထိ ၀-၀ ဖြစ်နေတဲ့ပွဲဟာ ၇၆ မိနစ်မှာ ၇-၀ ဖြစ်သွားခဲ့ရပြီး ပွဲချိန်ပြီးထိ ( 8-0) နဲ့ ကလ ကာချခဲ့ရ⚽(Bayern Munich 8...
⚽Portugal (3-2) Slovakia ⚽⚽ ခရစ္စတီယာနို ရိုနယ်လ်ဒို ရဲ့ Highlight⚽=========================================ပေါ်တူဂီတိုက...
#လီဗာပူးခေါ်ယူထားတဲ့ ကွင်းလယ်လူသစ် Szoboszlai (ဆာဘော့လိုင်းရဲ့ မနေ့ညက သွင်းဂိုးစကေးလ် ။Highlight✅မကြည့်ရသေးဘူးများ..... ...
⚽မန်စီးတီးတို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ မီလန် က 15နှစ်အရွယ် ဖရန်စစ္စကိုရဲ့  Highlight ⚽
⚽ 2026 ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ် (တောင်အမေရိကဇုန်)⚽- ပွဲပြီးရလဒ် ✅✅ ဘရာဇီးလ် 5-1 ဘိုလစ်ဗီးယား❌ Neymar (p)17' ⚽ Rodrygo 24'...
💠 လိပ်နင်ဂျာမျက်နာလေးဘယ်လိုဖြစ်သွားလဲတစ်ချက်ရှိုး😅💠#creditvideo- အွန်လိုင်းကနေ နိုင်ငံတကာလိဂ်ပေါင်းစုံကို အချိန်နဲ့ တစ်ပ...
ကြော်ငြာ

Telephone

Website

Address

Yangon

Other Yangon gyms & sports facilities (show all)
Table Tennis Stars Club Table Tennis Stars Club
Yankin Street
Yangon, GOLDENCITYCONDO,OFFICETOWER,ROOFTOP

Prepare yourself everyday to be the best

World Snooker - Myanmar World Snooker - Myanmar
Yangon

မြန်မာပြည် တွင် စနူကာ အားကစားလောက တိုးတက်စေရန် ရည်ရွယ် သည်

11Bet Myanmar 11Bet Myanmar
Yangon

555mix // 1unit = 1kyat ibet789 // 1unit = 1000kyats Live22 // Batman688 (1u=1k)

AK United AK United
Yangon

Ko Hman Kyi Ko Hman Kyi
Yangon

စေတနာမေတ္တာထား၍ဤpageကိုတည်ထောင်ထားခြ

JJJ/Page JJJ/Page
Yangon, 333

2d3dနေ့စဥ်တိုက်ရိုက်LivePage

Mo Jo Sniper Mo Jo Sniper
Yangon

DFP FC DFP FC
Yangon

Betinum Special Tip Betinum Special Tip
Yangon
Yangon

Tipsterသက်တမ်း ၇နှစ်ရှိ BETINUM Tipster

United Red Devils United Red Devils
Yangon, 11011

United နဲ့ပါတ်သက်တဲ့ သတင်းတွေ Live တွေကို တ?

Kyaw Kyaw
Kanbu
Yangon, KYAW

good

Aladin Aladin
Yangon

Aladin