Window License Key

Window License Key

Window လိုင်စင်ကီးများ Office လိုင်စင်ကီးများ Window Server လိုင်စင်ကီးများ ဝယ်ယူရရှိနိုင်ပါသည်။

20/12/2022

မိဘပြည်သူ၊ညီအစ်ကိုမောင်နှမများအားလုံးဘေးရန်ကင်းဝေး၍လိုအင်ဆန္ဒများအမြန်ဆုံးပြည့်ဝကြပါစေ
Computer ကို မြန်မြန်လေးအသုံးပြုနိုင်စေဖို့ System Speed မြန်အောင် လုပ်ဆောင်တဲ့ နည်းလေးတွေကို တင်ပေးလိုက်ပါတယ်။ System Speedကို မြန်ဆန်စေရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
(၁) ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန်စေပါသည်။

(၂) File Size ကြီးမားသောပုံများကို Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။

(၃) Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြုစေပါသည်။

(၄) Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။

(၅) Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။

(၆) Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။

(၇) ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက်နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။

(၈) Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။

(၉) Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ်လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Window+R (သို့မဟုတ်) Run တွင် msconfig ဟုရိုက်ပြီး Startup Tab ကိုနှိပ်ပါ ။အဲဒီနောက်တွင် မိမိကွန်ပြူတာ / Laptop Brand အမျိုးအစားနာမည်များမှလွဲပြီး ကျန်သောအခြားအရာများကို Mouse ဖြင့် Select (အမှတ်လေးလိုက်လုပ်ပေး) လုပ်ပေးပါ။ ထို့ နောက် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။ (မှတ်ချက်- အကယ်လို့ မိမိ အသုံးပြုနေသော Laptop မှာ Lenovo ဖြစ်ပါက Lenovo နဲ့စသော စာသားများပါသည်များကို အမှတ်မခြစ် (မရွေးချယ် ၊ Select) မပြုလုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည်မိမိကွန်ပြူတာအတွက်အရေးကြီးပါသည်။ ထိုအရာများကို အမှတ်လုပ်ပြီး Disable လုပ်ခဲ့မယ်ဆိုရင်တော့ အင်တာနက်တို့ ၊ Bluetooth တို့ အပြင် အခြားသော Fn+F1 => F9 ကီးခလုတ်တွေအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။တနည်းအားဖြင့် Function Keys များလို့ ခေါ်ဝေါ်ပါတယ်။

(၁၀) ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအဝတ်စများ၊ ကွန်ပျူတာဖုန်သုတ်သည့် အဝတ်စများကိုသာ အသုံးပြုရပါမည်။

(၁၁) ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှုကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer ၊ Properties သို့ဝင်ရောက်၍ ၎င်းမှ System Restore Tab သို့ဝင်ရောက်ကာ Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။

(၁၂) Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည့် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။

(၁၃) Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။

(၁၄) ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့့်စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။

(၁၅) Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထားသည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။

(၁၆) ကွန်ပျူတာကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါသည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။

(၁၇) ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

Credit to Original Uploader

Photos from Window License Key's post 19/12/2022

✅ ကွန်ပြူတာအသစ်သို့ Windows license လွှဲပြောင်းခြင်း
+++++++++++++++++++

ကွန်ပြူတာအသစ်တလုံးဝယ်ပြီး ပါကင်ဖွင့်ဖောက်ရတာ စိတ်လှုပ်ရှားစရာကောင်းပါသည်။ ထိုကွန်ပြူတာအသစ်ကို Windows တင်ခြင်းက နောက်လုပ်ဆောင်ရမည့်အရာဖြစ်သလို ကွန်ပြူတာအဟောင်းရဲ့ Windows license ကို ကွန်ပြူတာအသစ်သို့လွှဲပြောင်းခြင်းသည်လည်း မဖြစ်မနေလုပ်ဆောင်ရမည့်အရာဖြစ်ပါသည်။ ဒါဆိုရင်ဖြင့် ကွန်ပြူတာအဟောင်းရဲ့ Windows license ကို ဘယ်လိုလွှဲပြောင်းမလဲ။

Windows license လွှဲပြောင်းခြင်းသည် အရမ်းကောင်းသောအကြံဖြစ်သလို ငွေကုန်ကြေးကျမရှိတဲ့အတွက် လုပ်သင့်လုပ်ထိုက်သောအရာဖြစ်ပါသည်။ Windows license အမျိုးအစား ၃ မျိုးရှိပါသည်။ ဒီစာသည် Windows 10 license ကိုအခြေခံပြီးရေးသားထားခြင်းဖြစ်ပါသည်။

🚩 OEM License: Original Equipment Manufacturer

ဒီ License က ကွန်ပြူတာအသစ်တလုံးဝယ်တဲ့အချိန်မှာ Windows က Preinstalled အနေနဲ့ပါဝင်ပြီး Product key က ကွန်ပြူတာ Hardware နဲ့တွဲထားပါသည်။ သီအိုရီအရ OEM license ကို တခြားကွန်ပြူတာတလုံးသို့ လွှဲပြောင်းလို့မရပါ။

🚩 Retail License:

ဒီ License ကတော့ Online (သို့) ကွန်ပြူတာအရောင်းဆိုင်ကနေ အလွယ်တကူဝယ်ယူနိုင်ပါသည်။ 25 လုံးရှိတဲ့ Product key ဖြစ်ပါသည်။ ကွန်ပြူတာအဟောင်းကို Deactivate ပြုလုပ်ပြီး တခြားကွန်ပြူတာသို့ License လွှဲပြောင်းနိုင်ပါသည်။

🚩 Volume License:

ဒီ License မျိုးကို Microsoft က Company ကြီးတွေ၊ အသင်းအဖွဲ့ကြီးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါသည်။ Product key တခုတည်းနဲ့ ကွန်ပြူတာများစွာကို Activate လုပ်နိုင်ပါသည်။

🔴 မိမိတို့ကွန်ပြူတာကို ဘာ Windows license အမျိုးအစားအသုံးပြုထားလဲ စစ်ဆေးကြည့်ခြင်း

License လွှဲပြောင်းခြင်းမပြုလုပ်ခင် မိမိတို့ကွန်ပြူတာသည် မည့်သည့် License အမျိုးအစားအသုံးပြုထားလဲ သိရှိဖို့လိုအပ်ပါသည်။ အောက်ပါနည်းလမ်းအတိုင်း စစ်ဆေးကြည့်နိုင်ပါသည်။

၁. Start menu မှာ Command prompt လို့ရိုက်ပြီးဖွင့်ပါ။

၂. slmgr –dli လို့ရိုက်ပြီး Enter ခေါက်ပါ။

ခနလေးစောင့်ပြီးရင်တော့ Windows Script Host လေးပေါ်လာပါလိမ့်မည်။ ထိုနေရာတွေ မိမိ Windows က ဘာအမျိုးအစားလဲဆိုတာဖေါ်ပြပေးပါလိမ့်မည်။ (ပုံ ၁ ကြည့်ပါ)

🔴 Product key အသုံးပြုပြီး Windows license လွှဲပြောင်းခြင်း

Retail license ဝယ်တဲ့အခါ 25 လုံးပါ Product key ရရှိပါမည်။ ထို Key နဲ့ တခြားကွန်ပြူတာတလုံးကို Windows activate ပြုလုပ်နိုင်ပါသည်။

အခုနောက်ပိုင်း OEM license ကွန်ပြူတာတွေမှာ 25 လုံးပါ Product key ကို မြင်ရမည်မဟုတ်ပါ။ ကွန်ပြူတာပေါ်မှာ (ပုံ ၂ ကိုကြည့်ပါ) ပုံပါအတိုင်း sticker လေးကိုပဲတွေ့ရမှာပါ။ သို့သော် Third party software အသုံးပြုပြီး ထို Product key ကိုကြည့်လို့တော့ရပါသည်။ ကျွန်တော်အသုံးပြုတဲ့ Product key ကြည့်လို့ရတဲ့ Software ကတော့ KeyFinderInstaller ဖြစ်ပါသည်။ အသုံးပြုရတာအဆင်ပြေပါသည်။

🔴 Microsoft account ကိုအသုံးပြုပြီး Windows license လွှဲပြောင်းခြင်း

Windows license ကို မိမိတို့ Microsoft account နဲ့ ချိတ်ဆက်ထားလို့ရပါသည်။ ဒီလိုလုပ်ဆောင်ပြီးရင်တော့ မိမိကွန်ပြူတာ (သို့) တခြားကွန်ပြူတာတလုံးကို Windows အသစ်တင်ပြီးလို့ Windows activate ပြုလုပ်ဖို့အတွက် Product key ရိုက်ထည့်ပေးစရာမလိုပါဘူး။ Windows အသစ်တင်ထားတဲ့ကွန်ပြူတာထဲကို မိမိတို့ Microsoft account နဲ့ Login ဝင်လိုက်တာနဲ့ License validating က အော်တိုဖြစ်သွားပါလိမ့်မည်။

မိမိတို့ Microsoft account နဲ့ Windows license ချိတ်ဆက်ထားမှုရှိ၊ မရှိ အောက်ပါအတိုင်း စစ်ဆေးကြည့်နိုင်ပါသည်။

၁. Start menu > Settings > System > About ကိုသွားပါ။

၂. Change the product key or upgrade your edition of Windows ကိုနှိပ်ပါ။

(ပုံ ၃ ကိုကြည့်ပါ) ထိုပုံအတိုင်းပြနေရင် Account နဲ့ License ချိတ်ဆက်ထားပြီးပါပြီ။

ချိတ်ဆက်ထားမှုမရှိပါက အောက်ပါနည်းလမ်းအတိုင်းပြုလုပ်နိုင်ပါသည်။ (ပုံ ၄ ကိုကြည့်ပါ)

၁. Start menu > Settings > Updates & Security > Activation ကိုသွားပါ။

၂. Add a Microsoft account အောက်မှာ Add an account ကိုနှိပ်ပါ။

Microsoft account ထဲသို့ Sign in လုပ်ဖို့ ပေါ်လာပါလိမ့်မည်။ Email address နဲ့ Microsoft account password ရိုက်ထည့်ပြီး Sign in ဝင်ပြီး ပေါ်လာတဲ့ခိုင်းစေချက်များအတိုင်း လိုက်လုပ်ရုံပါပဲ။

ဒါတွေမပြုလုပ်ခင် မိမိမှာ Microsoft account ရှိထားဖို့တော့ အရင်ဆုံးလိုအပ်ပါသည်။ Gmail account ရှိရင် Microsoft account ကို အလွယ်တကူဖန်တီးနိုင်ပါသည်။ အောက်ကလင့်မှာ Microsoft account ကိုအခမဲ့ဖန်တီးနိုင်ပါသည်။
https://account.microsoft.com/

🔴 သတိပြုစရာ OEM license

Microsoft account နဲ့ OEM license ချိတ်ဆက်ထားသောအကောင့်များသည် Windows license ကို ကွန်ပြူတာနောက်တလုံးထဲသို့ လွှဲပြောင်းတဲ့အခါ (ပုံ ၅ ကိုကြည့်ပါ) ပုံပါအတိုင်း error မျိုးတွေ့နိုင်ပါသည်။
Troubleshoot ကိုနှိပ်ပြီး I changed hardware on this device recently ကိုနှိပ်ပါ။ Microsoft account ထဲကို Sign in လုပ်ဖို့စေခိုင်းမှာဖြစ်ပြီး မိမိအသုံးပြုနေတဲ့ကွန်ပြူတာကို အတည်ပြုခိုင်းပါလိမ့်မည်။ ဒီနည်းလမ်းက OEM license တွေအတွက် အချိန်တိုင်းတော့အလုပ်မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုရင် Microsoft က OEM license တွေကို ကွန်ပြူတာတလုံးအတွက်ပဲ ခွင့်ပြုထားလို့ဖြစ်ပါသည်။

🔴 ကွန်တော့်အတွေ့အကြုံ

အပေါ်ကပြောခဲ့သလို OEM license တွေသည် ကွန်ပြူတာ Hardware နဲ့တွဲထားပါသည်။ အထူးသဖြင့် ကွန်ပြူတာရဲ့ Motherboard နဲ့ပေါ့။ မိမိလက်ရှိအသုံးပြုနေတဲ့ကွန်ပြူတာ Motherboard ပျက်သွားလို့ Motherboard အသစ်ပြန်ဝယ်ထည့်ရင် Serial number မတူတော့တဲ့အတွက် မိမိတို့ OEM license ဆုံးရှုံးသွားနိုင်ပါသည်။ ထို့ကြောင့် Motherboard အသစ်ထဲသို့ Motherboard အဟောင်းရဲ့ Serial number ကိုပြန်လည်ထည့်သွင်းပေးဖို့ ကွန်ပြူတာအရောင်းဆိုင်ကိုတောင်းဆိုနိုင်ပါသည်။ သတိပြုစရာတခုက Motherboard တိုင်းတော့မရပါ။ OEM license တွေအတွက် Spare part အနေနဲ့ထုတ်လုပ်ထားတဲ့ Serial number အလွတ်ဖြစ်နေတဲ့ Motherboard တွေရှိပါသည်။ ဒီနည်းလမ်းက ကွန်ပြူတာအမျိုးအစား မော်ဒယ်တူ‌တွေပဲဖြစ်နိုင်ပါသည်။ Windows အသစ်ပြန်တင်တာ၊ Hard disk အသစ်လဲလှယ်တာတွေတော့ OEM license ဆုံးရှုံးမှုမရှိပါ။

ခုချိန်ထိအင်တာနက်ပေါ်မှာ Microsoft license နဲ့ပတ်သက်ပြီး မည်သူမှတိတိကျကျမသိပါဘူး။ Microsoft ကလည်း သူတို့ Product တွေရဲ့ License နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမဖေါ်ပြထားတဲ့အတွက်လည်း ဖြစ်ပါလိမ့်မည်။

Credit....မူရင်းရေးသားသူအား အထူးကျေးဇူးတင်ပါသည်

================================

17/12/2022

ကျွန်ပျူတာအသုံးပြုကြတဲ့အခါမှာ F key တွေကို အသုံးပြုမိရဲ့လားဆိုတာ စဉ်းစားကြည့်လိုက်ရအောင်။ များသောအားဖြင့် F5 key ကိုတော့ သုံးဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ F5 key ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ refresh လုပ်ဆောင်ချက်ကို ရရှိနိုင်ပြီး မောက်စ်မှာလို အဆင့်ဆင့် နှိပ်နေစရာမလိုတော့ ပိုပြီးလွယ်ကူအဆင်ပြေတယ် မဟုတ်ပါလား။ F5 key လိုပဲ အခြားသော F key တွေကလည်း အသုံးပြုသူတွေကို လွယ်ကူအဆင်ပြေအောင် အသီးသီးစွမ်းဆောင်ပေးနိုင်ကြပါတယ်။ ဒါဆိုရင် ဘယ် F key တွေက ဘာတွေ လုပ်ပေးနိုင်လဲဆိုတာကို ကြည့်ကြည့်လိုက်ကြရအောင် လား ။

၁။ F1
ကိုယ်က အပ်ပလီကေးရှင်းတစ်ခုခု သုံးနေတယ်ဆိုပါစို့။ ရုတ်တရက် Help menu ကို လိုအပ်လာတဲ့အခါ menu တစ်ခုလုံးကို မျက်စိအနောက်ခံပြီး ပတ်ကြည့်နေတော့မလို့လား။ F1 key တစ်ချက်နှိပ်ရုံနဲ့ Help menu ပွင့်လာမှာမို့ အလွယ်တကူသာ နှိပ်လိုက်ပါ။

၂။ F2
ကိုယ့်ဖိုင်ရဲ့ နာမည်ကို ပြောင်းချင်ရင် အရင်လို မောက်စ်ကနေ အဆင့်ဆင့် “Rename” ဆိုတာကို လိုက်ရှာနေဦးမှာလား။ ပြောင်းချင်တဲ့ဖိုင်ကို ရွေး၊ F2 နှိပ်ပြီး ဖိုင်နာမည်ကို အမြန်ဆုံးပြောင်းပစ်နိုင်ပါပြီ။

၃။ F3
ကီးဘုတ်ရဲ့ F key တွေကို ဘယ်လိုသုံးကြမလဲ 2
အင်တာနက် browsers ထဲမှာ search box ကျလာစေချင်ရင် F3 ကို နှိပ်လိုက်ပါ။ ထို box ထဲမှာ သိချင်တာဖြည့်ပြီး အလွယ်တူ ရိုက်ရှာနိုင်ပါပြီ။

၄။ F4
My Computer မှာ F4 ကို နှိပ်လိုက်မယ်ဆိုရင် Address bar list ကို ပြပေးမှာ ဖြစ်ပါတယ်။ အပ်ပလီကေးရှင်းတစ်ခုခုကို အမြန်ပိတ်ချင်တဲ့အခါမျိုးမှာတော့ Alt key နဲ့ F4 key ကို တွဲနှိပ်ပေးပါ။

၅။ F5
အပေါ်မှာ ပြောသွားသလိုပဲ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ refresh လုပ်ပေးတာပါ။ ဒါ့အပြင် Microsoft PowerPoint အပ်ပလီကေးရှင်းမှာဆိုရင် slideshow ကို လုပ်ဆောင်စေပါတယ်။

၆။ F6
Microsoft PowerPoint အပ်ပလီကေးရှင်းမှာ F6 ကို နှိပ်လိုက်ရင် slide ကို နောက်တစ်ချက် ရွေ့ပေးပါတယ်။ Browsers ထဲမှာဆိုရင်တော့ Address bar မှာ ပေါ်နေတဲ့ URL Address တစ်ခုလုံးကို အလွယ်တကူ select လုပ်ပေးနိုင်ပါတယ်။

၇။ F7
Microsoft Office အပ်ပလီကေးရှင်းတွေဖြစ်တဲ့ Microsoft Word၊ Microsoft PowerPoint၊ Microsoft Excel အစရှိတဲ့ အပ်ပလီကေးရှင်းတွေမှာ F7 key ကို နှိပ်ပေးမယ်ဆိုရင် ကိုယ်ရေးထားတဲ့စာတွေကို စာလုံးပေါင်း မှန်၊မမှန် စစ်ပေးတဲ့ Spelling and Grammar Check လုပ်ဆောင်မှုကို လုပ်ဆောင်ပေးပါတယ်။

၈။ F8
Microsoft Office အပ်ပလီကေးရှင်းတွေမှာ တစ်ခုခုမှတ်သားထားတာကို တိုးပြီးမှတ်ချင်တဲ့အခါ F8 key တစ်ခုတည်းနဲ့ အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။

၉။ F9
F9 key ကို Microsoft Office အပ်ပလီကေးရှင်းတွေမှာ Update လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၁၀။ F10
F10 key ကတော့ Menu bar options ကို ပွင့်စေပါတယ်။ အလွယ်တကူ menu ထဲကအရာတွေကို ရွေးချယ်ချင်တဲ့အခါမျိုးမှာ အသုံးဝင်တဲ့ key အမျိုးအစား ဖြစ်ပါတယ်။

၁၁။ F11
ကိုယ်ကြည့်နေ၊အသုံးပြုနေတဲ့အရာကို Full screen ဖြစ်ချင်တဲ့အခါမျိုးမှာ F11 key နဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် Microsoft Office အပ်ပလီကေးရှင်းတွေမှာ Visual Basic Editor ကို ပွင့်စေပါတယ်။

၁၂။ F12
သူကတော့ ဖိုင်တွေကို တခြားနာမည်တစ်ခုနဲ့ သိမ်းစေချင်တဲ့အခါမျိုးမှာ အသုံးဝင်ပါတယ်။ F12 key ကို နှိပ်မယ်ဆိုရင် “Save as” ဆိုတဲ့ box တစ်ခု ထွက်ပေါ်လာပါလိမ့်မယ်။

အားလုံးအဆင်ပြေပါစေ။

15/12/2022

ကွန်ပျူတာတွေမှာ Virus ရှိနေရင်
----------------------------------
ကိုယ့်ကွန်ပျူတာတွေမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတလ်... Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါတလ်.....
အရင်ဆုံးစစ်ဆေးကြည့်ရှု ရမှာကတော့ ...
Tools Menu က Folder Options ပျောက်နေခြင်း
Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျနေခြင်း
Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း
Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း
Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း
Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း
Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း
My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)
Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)
အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပျူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။
အရင်ဆုံး System Restore Point တစ်ခုကို ဖန်တီးပါ။
Start > All Programs > Accessories > System Tool > System Restore ကိုဖွင့်ပါ။ Create a restore point ကိုရွေးပြီး Next ကိုနှိပ်ပါ။ Restore point description မှာ နာမည်တစ်ခုပေးပါ။ (ဥပမာ Before Repair ဆိုတာလိုမျိုးပေါ့။) ပြီးရင် Create ကိုနှိပ်ပါ။ Restore Point Created လို့ပေါ်လာရင် Restore point တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ပါပြီ။ Close ကိုနှိပ်ပြီး ထွက်ပါ။
Registry Editor ကိုအသုံပြုပြီး ပြင်ဆင်မှာ ဖြစ်လို့
Registry Database ကို backup လုပ်ထားနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Start > Run ကိုဖွင့်ပါ။ regedit လို့ရိုက်ထည့်ပါ။ File > Export ကိုရွေးပါ။ နာမည်တစ်ခုကို ပေးပြီး save လုပ်ပါ။
Windows ကို Repair လုပ်နိုင်ဖို့ အတွက် Windows ခွေ တစ်ချပ်ရှိထာဖို့လိုပါလိမ့်မယ်။ ( Windows CD တိုင်းကတော့ Windows ကို Repair လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။)
System Restore Point နဲ့ Registry ကို backup လုပ်ပြီးပြီးဆိုရင် အရေးကြီးတာတစ်ခု လုပ်ရပါလိမ့်မည်။ Data တွေကို Backup လုပ်ထားဖို့ပါပဲ။
Task Manager, Registry Editor & Folder Options ကိုဖော်ယူခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Task Manager, Registry Editor and Folder Option ကိုဖော်ယူဖို့အတွက် အရင်ဆုံး ကွန်ပြူတာမှာ Virus ကင်းဖို့လိုပါသည်။
ပထဆုံး Task Manager ပွင့်၊ မပွင့် ကြည့်ပါ။ Start > Run မှာ taskmgr လို့ရိုက်ထည့်ပါ။ (Crtl + Alt + Del). Task manger has been disabled by your administrator”
လို့တွေ့ရရင် Task Manger ကို Virus ကတော့ပိတ်သွားပြီလို့ ယူဆနိုင်ပါတယ်။ Task Manager ကို registry ကနေပြန်ဖွင့်ရလိမ့်မယ်။
Start > Run မှာ regedit လို့ရိုက်ထည့်ပါ။ Registry ပွင့်တယ်ဆိုရင် Task Manager and Folder Options ကို Manual ပြန်ဖွင့်လို့ရပါတယ်။ Registry ကိုဖွင့်ပြီး
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\Explorer မှာ No Folder Options ဆိုတဲ့ Key ကိုတွေ့ရင်ဖျက်ပါ။ (Right Click > Delete)
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\System မှာ “Disabled TaskMgr” ဆိုတဲ့ Key ကို တွေ့ရင်လည်းဖျက်ပါ။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Run (AND) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\Run က Key
တွေအားလုံးကိုလည်းဖျက်ပါ။
အဲဒါတွေက ကွန်ပြူတာ ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် Program စာရင်းတွေဖြစ်ပါတယ်။ Virus က အဲဒီ နေရာကနေ စတင် Run တာပါ။ အားလုံးပြီးရင်တော့ ကွန်ပြူတာကို Restart ချပါ။ Folder Options and Task Manager ပြန်ရမရစစ်ပါ။ ပြန်မရဘူးဆိုရင် Registry ကိုပြန်ဖွင့်ပြီး HKEY_CURRENT_USER\ Software\ Microsoft\Windows\C urrentVersion\ Policies\ Explorer ကိုပြန်သွားပါ။ “No Folder Options” ပြန်ရောက်နေတယ်ဆိုရင် Virus မသေသေးပါဘူး။ Virus ကိုအရင်သတ်ပါ။
အကယ်၍ Registry ပွင့်ပြီး ကွန်ပြူတာ Restart ကျသွားရင်တော့ ကွန်ပြူတာမှာ Virus ရှိနေပါသေးတယ်။ ပြီးတော့ Run လည်း run နေသေးပါတယ်။ Virus ကင်းအောင် အရင် လုပ်သင့်ပါတယ်။ (Kaspersky ကိုအသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။)
ဒါမှမဟုတ် “Registry editing had been disabled by your administrator” လို့တွေ့ရရင် Registry ကိုလည်း Virus ကပိတ်သွားပါပြီ။ အဲဒါဆိုရင်တော့ Tools တစ်ခုခုသုံးမှအဆင်ပြေနိုင်ပါတော့မည်။ (e.g Cover XP). အဲဒါတွေအပြင် iRepair Man လို့ခေါ်တဲ့ Program လေးတစ်ခုကို အသုံးပြုနိုင်ပါသည်။ သူက Folder Options, Task Manager and Registry ကိုပြန်ဖွင့်ပေးပါလိမ့်မည်။ http://www.isoft.ygn.cc မှာ Download ချယူနိုင်ပါသည်။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း ဖြစ်နေပြီးဆိုရင်တော့ အဲဒီ Folder ဟာ User ရဲ့ Folder
အရောင်ဆောင်ထားတဲ့ Virus တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ File ကို Right click နှိပ်ပြီး Type of file မှာကြည့်ကြည့်ပါ။
File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေတယ်။ User ဟာ Folder ကို Double click လုပ်လိုက်ပြီဆိုတာနှင့် ကွန်ပြူတာထဲကို Virus ကတန်းဝင်သွားပါပြီ။
များသောအားဖြင့် Virus ကိုက်နေတဲ့ စက်မှာ သွားတပ်မိတဲ့ Memory Stick တွေမှာ တွေ့ရများပါသည်။
မှိန်နေတဲ့ Folder တွေကတော့ User ရဲ့ Folder အစစ်တွေပါပဲ။ ထင်းနေတဲ့ Folder တွေကတော့ Folder အယောင်ဆောင် File လေးတွေပဲဖြစ်ပါတယ်။ File ကို Select လုပ်လိုက်တဲ့ အခါ Detail မှာ Application လို့ပေါ်နေတာကို သတိထားမိမှာပါ။ မှိန်နေတာလေးတွေကို မြင်ရတယ်ဆိုရင်တော့ ဒီ Folder တွေပါဝင်တဲ့ Drive တစ်ခုလုံးကို Virus Scan စစ်ပေးပါ။ ထင်းနေတဲ့ အယောင်ဆောင် Virus အားလုံးကိုတော့ Antivirus Software ကဖျက်သွားပါလိမ့်မယ်။ မှိန်နေတဲ့ Folder တွေကို Select လုပ်ပြီး File > Properties ကိုရွေးပါ။ Hidden မှာ Click ဖြုတ်ပါ။ Apply > OK ကိုနှိပ်ပါ။ ပြန်မြင်ရပါလိမ့်မည်။
တကယ်လို့ မမြင်ရတော့ဘူးဆိုရင် Tools > Folder Options > View > Do not show hidden files and folder ကိုရွေးထားမိလို့ မမြင်ရတာပါ။ အဲဒါကို Show hidden files and folder ကို ပြောင်းရွေးရင် Hide ဖြစ်နေတာတွေပြန်မြင်ရလာမှာပါ။ တစ်ခါတစ်လေမှာ Show hidden files and folder ကိုရွေးတာတောင် Tools > Folder Options > View > Do not show hidden files and folders ကိုပြန်ရွေးကြည့်ရင် Do not Show ပဲပြန်ဖြစ်နေတတ်ပါတယ်။ (အဲဒါက Rootkit တွေကြောင့်ဖြစ်တဲ့ ပြဿနာပါ။ Windows ကို repair လုပ်မှပြန်ကောင်း လာတော့မှာ ဖြစ်ပါတယ်။) နောက်ထပ်တစ်ခုကတော့ keyboard ပေါ်က F3 ကိုနှိပ်ပါ။ Search Box တက်လာရင် All files and folders ကိုရွေးပါ။ More advanced Options က Search hidden files and folders ကိုအမှန်ခြစ်လုပ်ပေးပါ။
All or part of the file name မှာ *.* လို့ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ။ မှိန်နေတဲ့ Folder တွေကို select လုပ်ပြီး File > Properties ကိုရွေး၊ Hidden မှာ အမှန်ခြစ်ဖြုတ်ပြီး Apply > OK ကိုရွေးလိုက်ရင် ရပါပြီ။
သူများစက်မှာ သွားတပ်လာတဲ့ Memory stick ကို ကိုယ်စက်မှာတပ်ပြီးရင် Double click မနှိပ်လိုက်ပါနှင့်။ Virus ပါလာတယ်ဆိုရင် ချက်ချင်းကူးနိုင်ပါသည်။ Antivirus Software နှင့် Scan အရင်စစ်ကြည့်ပါ။ Antivirus Software မရှိဘူးဆိုရင် Drive ကို Right Click နှိပ်ကြည့်ပါ။ Open ကထိပ်ဆုံးရောက်နေရင် Memory Stick ထဲမှာ Virus ၀င်နေပါတယ်။
Anti-Virus Software တစ်ခုခုတင်ပြီးတော့ Scan လုပ်ကိုလုပ်ရပါတော့မည်။
အဆင်ပြေကြပါစေ။
Credit...မူရင်းပိုင်ရှင်

Photos from Window License Key's post 15/12/2022

FUNCTION KEYS

10/12/2022

Microsoft က ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ဒီဇိုင်း ထုတ်ထားတဲ့ PC Manager app ကို လုပ်ဆောင် နေပါတယ် ။

CCleaner ကဲ့သို့ပင် ၊ Microsoft ရဲ့ PC Manager ၏ beta version မှာ storage management နှင့် လုပ်ဆောင်စရာ တွေကို လျင်မြန်စွာ အဆုံးသတ်ဖို့ နှင့် ဘယ် App တွေကို မဆို Windows ဖြင့် စတင် ထိန်းချုပ်နိုင်မှုတို့ ပါဝင် ပါတယ်။

ဒီလုပ်ဆောင်ချက် အများအပြားကို Windows မှာ ထည့်သွင်း ထားပြီး ဖြစ်သော်လည်း ၊ ဒီ PC Manager App က ၎င်းအားလုံးကို အသုံးဝင်တဲ့ တည်နေရာ တစ်ခုမှာ ထည့်သွင်း ထားပါတယ် ။

လက်ရှိ Windows မှာ ရှိတဲ့ အရာတွေ ထက် default browsers တွေကို ပြောင်းလဲဖို့ ပိုမို လွယ်ကူ စေတဲ့ browser protection section တစ်ခုပင် ရှိသေး ပါတယ်။

storage manager feature မှာ အသုံးနည်းတဲ့ App တွေကို စီမံ ခန့်ခွဲဖို့ ( သို့မဟုတ် ) ဖယ်ရှား နိုင်တဲ့ စွမ်းရည် တို့ ပါ၀င်ပြီး drives တွေ ပေါ်ရှိ ဖိုင်ကြီး တွေကို ရှာဖွေဖို့ scan ဖတ်ခြင်း အပြည့်အစုံလည်း ပါရှိ ပါတယ်။ process management feature ဟာ Task Manager ရဲ့ ပိုမို ရိုးရှင်းတဲ့ ဗားရှင်း ဖြစ်သောကြောင့် RAM ကို အသုံးပြု နိုင်တဲ့ processes တွေကို လျင်မြန်စွာ ရှင်းပစ် နိုင်ပါတယ်။

main “boost” button ကို နှိပ်ခြင်းဖြင့် ယာယီ ဖိုင်တွေကို ရှင်းလင်း စေပြီး ကွန်ပြူတာ အဟောင်းတွေမှာ အသုံးဝင် နိုင်တဲ့ memory ကို ဖယ်ရှား ပေးမှာပဲ ဖြစ်ပါတယ်။

PC Manager ရဲ့ အများသူငှာ စမ်းသပ် ဆော့ဖ်ဝဲ public beta က official Microsoft site တစ်ခုမှာ ပေါ်လာပြီး ဖြစ်သော်လည်း၊ ဒီ App အား အလွန် တိကျတဲ့ စျေးကွက် တစ်ခု အတွက် ဒီဇိုင်း ထုတ်ထားကြောင်း အဆိုပါ ဆိုက်က Chinese ဖြစ်ကြောင်း အကြံ ပြုထား ပါတယ်။ အပလီကေးရှင်း ကိုယ်တိုင်က Windows 10 နှင့်အထက် အတွက် ဒီဇိုင်း ထုတ်ထားပြီး spec နိမ့်သော လက်ပ်တော့ တွေနှင့် PC တွေကို ပိုမို ပစ်မှတ် ထားတာပဲ ဖြစ်ပါတယ်။

PC Manager နှင့် App တွေ အတွက် ၎င်းရဲ့ အစီအစဥ် တွေကို မှတ်ချက် ပေးဖို့ Microsoft ကို ဆက်သွယ် ထားကြောင်း ဖော်ပြထား ပါတယ်။

Reference: The Verge

10/12/2022

ယနေ့ခေတ်မှာ လူတိုင်းတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီး ရင်းနှီးနေတဲ့ စကားလုံးတစ်ခုဖြစ်တဲ့ 5G Network ဆိုတာဘာလဲ?

5G Network မှာ ဘယ်လိုအားသာချက်တွေရှိလဲ?

အရင်က အသုံးပြုခဲ့တဲ့ 3G , 4G Network တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်ရော ဘယ်လိုအားသာချက်တွေရှိမလဲ?

ဒီလိုအကြောင်းတွေ အရင်မပြောပြခင်မှာ 5G Network က ဘာလဲဆိုတဲ့ အကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

5G ဟာ Cellular Network တွေရဲ့ ၅ ခုမြောက် မျိုးဆက်ဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Cellular Company တွေမှ စတင်ဖြန့်ချီခဲ့ပါတယ်။ ၎င်းက ယခုလက်ရှိအသုံးပြုနေကြတဲ့ 4G Network နေရာမှာ အစားထိုးမှာဖြစ်ပါတယ်။
ယခင်က အသုံးပြုခဲ့တဲ့ Mobile Network တွေကတော့ 1G, 2G, 3G နှင့် 4G တို့ပဲဖြစ်ပါတယ်။

ပထဆုံးပေါ်ထွက်ခဲ့တဲ့ 1G Network က ၁၉၈၀ ခုနှစ်တွေမှာ စတင်ပေါ်ပေါက်ခဲ့ပြီးတော့ လူစကားပြောသံတွေနဲ့ ဖုန်းပြောနေတုန်းကြားနေရတဲ့ နောက်ခံအသံတွေ, အသံလှိုင်းတွေက ချောမွေ့နေတယ် Frequency တွေလည်းငြိမ်တဲ့ Analog voice System ပုံစံဖြစ်ပါတယ်။

၁၉၉၀ အစောပိုင်းကာလတွေမှာတော့ Digital Voice System ကိုပြောင်းလဲပြီးတော့ မိတ်ဆက်ခဲ့ပါပြီ။ Digital Voice System ကိုမြင်သာအောင်ပြောရမယ်ဆိုရင် ယခင်က အသုံပြုခဲ့တဲ့ CDMA (Code Division Multiple Access)၊ GSM၊ TDMA) တို့မှာ အသုံးပြုခဲ့တဲ့ System တွေပဲဖြစ်ပါတယ်။

တတိယမြောက် generation 3G Mobile Data ကိုတော့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တွေကစပြီး ယနေ့ထိအများစုအသုံးပြုနေကြသေးတဲ့ 4G LTE Network တွေဟာ Mobile Broadband ခေတ်ကိုစတင်စေခဲ့ပါတယ်။

1G, 2G, 3G နှင့် 4G တွေအားလုံးဟာ 5G ရဲ့ ဦးဆောင်သူတွေပဲဖြစ်ကြပါတယ်။ 5G ဟာ အရင် Network တွေထက်စာရင် ပိုမိုဆက်သွယ်ရ အဆင်ပြေလွယ်ကူအောင်လို့ ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။

5G က အရင်ကထက်ပိုမိုသာလွန်ကောင်းမွန်တဲ့ လေလှိုင်းဆက်သွယ်မှုတစ်ခုဖြစ်လာပါတယ်။ နောက်ပိုင်းအသုံးပြုသူတွေရဲ့ အတွေ့အကြုံများကိုမြှင့်တင်ရန်၊ ဖြန့်ကျက်မှုပုံစံအသစ်များနှင့် ၀ န်ဆောင်မှုအသစ်များကိုထောက်ပံ့ရန်တိုးချဲ့စွမ်းရည်ဖြင့်ဒီဇိုင်းရေးဆွဲထားသည်။
မြန်နှုန်းမြင့်မားခြင်း၊ ပိုမိုမြင့်မားသောယုံကြည်စိတ်ချရမှုနှင့်မှုန်ဝါးမှုနည်းခြင်းတို့ကြောင့် 5G သည်မိုဘိုင်းဂေဟစနစ်ကိုနယ်ပယ်အသစ်များသို့တိုးချဲ့လိမ့်မည်။ ဝေးလံခေါင်ဖျားသောကျန်းမာရေးစောင့်ရှောက်မှု၊ တိကျသောစိုက်ပျိုးရေးနှင့်ဒီဂျစ်တယ်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို 5G သည်စက်မှုလုပ်ငန်းတိုင်းကိုအကျိုးသက်ရောက်စေလိမ့်မည်

10/12/2022

DDR3 နှင့် DDR4 ကြားမှ ကွာခြားချက်များ 💾....................................................................................
အားလုံးပဲ မင်္ဂလာပါ ခင်​ဗျ 🤗၊ ကျွန်တော် အရှေ့က အပိုင်းလေးမှာတော့ RAM နဲ့ ပတ်သတ်တဲ့ အတွင်းကျတဲ့အကြောင်းအရာများကို ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ရှင်းပြခဲ့ပါတယ် ခင်ဗျာ။ ကျွန်တော် ဒီနေ့ ရှင်းပြမယ့် အကြောင်းအရာလေးကတော့ RAM အမျိုးအစားတွေဖြစ်တဲ့ DDR3 နဲ့ DDR4 တို့ နှစ်ခုရဲ့ ကွဲပြားကွာခြားချက်များနဲ့ ပတ်သတ်ပြီး ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ​ရှင်းပြသွားပါ့မယ် 🙋🏻‍♂️၊ ဒီနေ့ရဲ့ Topic လေးကိုတော့ DDR3 Vs DDR4 လို့ပဲ ခေါင်းစဥ်ပေးလိုက်ပါတယ် ခင်ဗျာ၊ ကဲ ..... အားလုံးပဲ စလိုက်ကြရအောင်ဗျာ 💁🏻‍♂️.
DDR3 Vs DDR4 💾......................................
ကျွန်တော်တို့ Phone တွေ၊ Computer တွေ ဝယ်တော့မယ်ဆို RAM ဘယ်လောက်ပါလဲဆိုပြီး မေးတတ်ကြပါတယ်။ RAM များများပါတဲ့ Device တွေက Multifunction သုံးဖို့ ပိုပြီးမြန်ဆန်သွက်လက်လို့ပဲ ဖြစ်ပါတယ်။ Internet Browser Tab တွေကို အများကြီး တန်းစီဖွင့်သုံးတာမျိုး၊ တစ်ပြိုင်နက်တည်း Software 2 ခု၊ 3 ခု ပြိုင် Run ချင်တယ်ဆိုရင်တော့ Random Access Memory လို့ခေါ်တဲ့ RAM ရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးပါပါတယ်။ 2GB, 4GB စတဲ့ Capacity တွေကို အားလုံးသတိထားမိပေမယ့် DDR3, DDR4 စသဖြင့် အသုံးပြုတဲ့နည်းပညါတွေ ကွဲပြားသွားတာကိုလည်း သိထားဖို့ လိုပါတယ် 💾.
Double Data Rate DDR3 ကတော့ RAM ဈေးကွက်ကို ဆယ်စုနှစ်တစ်စုကျော်ကြာအောင် လွှမ်းမိုးထားခဲ့နိုင်ပါတယ်။ DDR3 ကို 2007 မှာ စတင်ထုတ်လုပ် ရောင်းချခဲ့ပြီး၊ Intel ရဲ့ 6th နဲ့ 7th Gen တွေမှာသာ အဓိက ထားသုံးနိုင်ပါတယ်။ မကြာခင်နှစ်အတွင်းမှာပဲ DDR4 က Market ထဲ ဝင်လာတဲ့အခါ Older RAM Generation တွေထက် ထူးခြားပြီး သာလွန်တဲ့ Quality တွေ ပါဝင်လာတော့ Demand လဲ များလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ 8th Gen or Later ( ဒါမှမဟုတ် ) AMD Ryzen Processor CPU တွေ ရှာရင်တော့ DDR4 လိုအပ်မှာ အသေအချာပါပဲ။ ဒါဆိုရင် DDR4 က DDR3 ထက် ဘာတွေ ပိုအားသာလာလဲဆိုတာ ကျွန်တော် ဆက်ပြီးရှင်းပြသွားပါမယ် ခင်ဗျာ 💁🏻‍♂️.
DDR4 က DDR3 ထက် Volt အားနည်းနည်းနဲ့ အလုပ်လုပ်ပြီး 1.5Volts ကနေ 1.2 နဲ့ Run ပါတယ်။ DDR3 နဲ့ DDR4 ကြားမှာ နောက်ထပ်ကွာခြားချက်တစ်ခုက Speed ပါ။ DDR3 ရဲ့ Specifications က 800MT/s or Millions of Transfers per second နဲ့ စပြီး 2133 အထိပဲ မြင့်ပေမဲ့ DDR4 ကတော့ 2133MHz ထက် ပိုမြင့်ပါတယ်။ နောက်ထပ် ထင်ရှားတဲ့ Differences တွေကတော့ဗျာ -
1. Chip Densities - DDR3 ရဲ့ Chip Densities 512Mb - 8Gb အတွင်းရှိတဲ့အချိန်မှာ DDR4 က 4Gb ကနေ 16Gb အထိ ထွက်လာပါတယ်။ ဒါကြောင့် DDR4 မှာ DIMM Capacities ပိုကြီးပါတယ် 💾.
2. Rates - DDR4 ဟာ Data Rate 1600Mb/s to 3200Mb/s လောက် Run နိုင်ပြီး DDR3 က DDR4 ရဲ့ Mb/s ထက်ဝက်လောက်ပဲ Operate လုပ်နိုင်လို့ DDR4 က Input ကော၊ Output Speed ပါ ပိုသွက်တဲ့ အားသာချက်တစ်ခုပါပဲ 💾.
3. Voltage - 1.2Volts နဲ့ Run လို့ Power Demand Memory ကို လျှော့ချပေးတဲ့ အားသာချက်ကို DDR4 မှာ တွေ့နိုင်ပါတယ် 💾.
4. Voltage Standard - DDR3 က အထူးသဖြင့် DDR3L ရဲ့ အနိမ့်ဆုံး Voltage Standard က 1.35V ရှိနေပြီး၊ DDR4 က 1.05V ဖြစ်တော့ Memory Power ကို Reduce လုပ်တဲ့အခါ ပို Effective ဖြစ်ပါတယ် 💾.
ဒါကြောင့် Memory က Computer တစ်လုံးအတွက် များစွာ အရေးပါပါတယ်။ Computer ကို Boot မလုပ်ခင် POS( Power on self test ) မှာ Memory Test လုပ်ပါတယ်။ Memory Test အောင်မြင်မှသာ Computer ရှေ့ဆက် အလုပ်လုပ်ပါတယ်။ အဲ့သလို မဟုတ်ပဲ Beep အသံမြည်ပြီး၊ Computer Boot လုပ်လို့မရပဲ Computer မှာ Memory များပါရင် အလုပ်လုပ်ဆောင်ရာမှာ ပိုမိုမြန်ဆန်ပါတယ်။ ဥပမာဗျာ - Chrome Browser မှာ Tab များများဖွင့်ထားမယ်ဆိုရင် Computer က အသုံးပြုရတာ လေးလာတာမျိုးကို တွေ့ရှိရမှာပါ။ Memory အသုံးများတဲ့ Software တွေအတွက်လည်း Memory များများရှိဖို့ လိုအပ်ပါတယ်။ Motherboard နဲ့ OS ပေါ် မူတည်ပြီးတော့ Memory ထပ်ထည့်နိုင်ပါတယ်။ Window 32bits OS က 4GB Memory ကိုပဲ အသုံးပြုနိုင်ပြီးတော့၊ 164bits OS ကတော့ Memory 4GB ထက် ပိုပြီးထားနိုင်ပါတယ် 💾.
စာဖတ်သူများကော ဘယ် RAM အမျိုးအစားကို သုံးကြလဲ ခင်ဗျ၊ Cmt မှာ ပြောပြသွားကြပါဦးဗျာ။ ပြီးတော့ တခြားသိလိုရာများကိုလည်း လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ် ခင်ဗျာ၊ ကျွန်တော်တို့ မေးသမျှကို ဖြေပေးသွားပါ့မယ် 💬.
ကျွန်တော် ခု RAM ရဲ့ နောက်ဆုံးအပိုင်းလေးမှာတော့ DDR3 နဲ့ DDR4 တို့ နှစ်ခုကြားကကွဲပြားကွာခြားချက်တွေကို ဗဟုသုတအဖြစ် သိသင့်၊ သိထိုက်တာတွေနဲ့ ပတ်သတ်ပြီး ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ရှင်းပြပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ကျွန်တော့်ရှေ့မှာလည်း Senior တွေမြောက်များစွားရှိကြပါတယ်။ ကျွန်တော်ရေးတဲ့ အကြောင်းရာတွေကလည်း တချို့သော page တွေ၊ Google ကနေပါ ဆွဲယူရေးထားခြင်း ဖြစ်တဲ့အတွက် ဘယ် Page ကနေ Online ကနေလေ့လာမှတ်သားခဲ့လည်း မမှတ်မိတဲ့အတွက် Source on Inter လို့ဘဲ ပြပါရစေ ခင်ဗျ။ 🤗.
SSPD IT Services & Training

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Address

Yangon
10062

Other Yangon computer & electronics services (show all)
Access Spectrum Access Spectrum
No. 364/366, Mahabandoola Garden Street, Kyauktada Township
Yangon, 11182

Your Access to a Spectrum of reliable ICT products and services since 1998! Connecting the dots in your digital transformation. We wish to become a trusted partner in your digital...

Hein Computer Service Hein Computer Service
Yangon, 11221

�အိမ်၊ရုံး အရောက် Computer Service ဝန်ဆောင်မူပေးခြင်း

Web Hub Web Hub
Pagoda Road
Yangon

WHM provides Software Development services and Developing Courses.

Shwebet Shwebet
Yangon

Tech Maxify Tech Maxify
Yangon

Your Digital Business Partner.

Next Gen Computer Training Next Gen Computer Training
အမှတ်(၁၀၅)၊စံပြ(၅)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
Yangon, 11071

Computer Education

KMD Service Center KMD Service Center
174-182, Pansodan Road (Middle Block), Kyauktada Township
Yangon, 11182

Dazzler Softwares Services Dazzler Softwares Services
Pearl Street 1, 830
Yangon, 11401

Mobile Phones Android & Apple Softwares Services Computer Softwares Services

Hyper-Ways Hyper-Ways
Yangon

Repair computer and electronic devices

Big Diamond Technology Big Diamond Technology
No-158/34, Sein Chel Street, North Okkalapa
Yangon, 11031

Sale and Services / Software Collection Call us : 09 250 395 774

De2fx De2fx
No. 10A, Pyi Thar Yar Street, Yankin
Yangon, 11082

De2Fx is a rapidly growing IT company providing a holistic IT solution to businesses across the glob

QUICK Mobile Sale & Service QUICK Mobile Sale & Service
North Dagon
Yangon

Computer Service / Mobile Repair