Mechanic Hub
Your Automotive Guide
ဆီရှားနေတဲ့ ကာလမှာ ဆီစားသက်သာတဲ့ ဒီဇယ်ကား Kia Sportage ( GT Line 2018 )၊ အိမ်မှာစောင်ခြုံထား (မှားလို့)😁 သိပ်မသုံးဖြစ်တဲ့ကားလေး အရောင်းတင်ချင်ပါတယ်။
🇰🇷Kilo - 27,000
🇰🇷Panoramic Sunroof
🇰🇷Auto Tailgate
🇰🇷Dual Climate Control
Performance
▪️2.0L ( CRDI )
▪️2WD/4WD
▪️ 6 speed semi-auto
▪️Paddle Shift
Price - 1460
ရန်ကုန်မှာ ကားကြည့်ရပါမယ် ခင်ဗျ။
Ph : 09 5073705, 09 965073705
ကားပေါ်လိုက်လာ မိတည်းက မှားတာပါ🥺
ရေဒဏ်ခံထားရတဲ့ကားတွေမှာ ဘာစစ်သင့်သလဲ?
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ မြန်မာပြည်နဲ့ ရေကြီးခြင်း ဆိုတာ ဒွန့်တွဲနေတဲ့အရာပါ။ ကိုယ့်ကားရေနစ်လို့ ပူပင်သောကရောက်နေတဲ့ ကားပိုင်ရှင်တွေ အတွက် ရေပြန်ကျသွားတဲ့အခါ ကားမှာ ဘာတွေ စစ်ဆေးသင့်သလဲ ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
အထူးသတိပေးခြင်တာက ရေပြန်ကျသည့်တိုင် “ကားကို (လုံးဝ) လုံးဝ စက်မနှိုးပါနဲ့ ” ခင်ဗျာ၊ အင်ဂျင် ချရသည် အထိ ဖြစ်စေနိုင်လို့ပါ။ ဒါ့အပြင် audio စတဲ့ အတွင်းပိုင်းက electronic ပစ္စည်းတွေကိုလည်း မဖွင့်ပါနဲ့ ၊ ECU ရေစိုနေတဲ့အချိန်သာ ဖြစ်ခဲ့ရင် short circuit ဖြစ်ပြီး ECU တွေပါ လဲရနိုင်ပါတယ်။
ကားတစ်စီးရွေ့လျားဖို့အတွက် ဆီနဲ့လေ လိုပါတယ်။ Oxygen ဆိုတဲ့ “လေ” ဟာ Inlet Manifold ဆိုတဲ့ လေဝင်ပေါက်ကနေ အင်ဂျင်ထဲဝင်ပြီး ဆီနဲ့ရောနှောကာ လောင်ကျွမ်းမှုဖြစ်စေပြီး စွမ်းအင်တစ်ခုကို ရပါတယ်။ ရေတက်တဲ့အချိန်မှာ ကားရဲ့ Inlet Manifold ထဲကို ရေတွေ ဝင်တော့မှာပါ။ အင်ဂျင်ထဲ ရေတွေ ရှိနေစဉ်မှာ စက်နှိုးလိုက်မယ်ဆိုရင် Hydrolock ဖြစ်ပြီး connecting rod တွေ ကွေးကောက်တာကနေ အင်ဂျင် ချရတဲ့အထိ ဖြစ်နိုင်ပါတယ်။
အင်ဂျင်ထဲ ရေဝင်/မဝင် ဘယ်လိုသိမလဲ?
ပထမဦးဆုံး Inlet Manifold ဘက်ခြမ်းက Air Filter Box ဆိုတဲ့ ကလစ် ၃ ခုလောက်နဲ့ညှပ်ပြီး ပိတ်ထားတဲ့ box တစ်ခု ရှိပါတယ်။ အဲ့ကလစ်လေးတွေ ဖြုတ်ပြီး အထဲက Air Filter (အဖြူရောင် အရောင်ရှိ) မှာ ရေစို/မစို ကြည့်ပါ။
ဒုတိယအနေနဲ့ Engine Oil စစ်ကြည့်ပါ။ အင်ဂျင်ဝိုင်တိုင်းတံ ထုတ်ကြည့်လို့ ရေစက်လေး တွေ တွေ့ပြီဆိုရင်တော့ သင့်ကားကို သေချာပေါက် စက်မနှိုးသင့်တော့ပါဘူး။ dipstick မှာ ရေစက် အနည်းငယ် ပေတာကတော့ ပြဿနာ သိပ်မရှိပါဘူး။
နောက်ဆုံးအနေနဲ့ Transmission Fluid/အော်တိုဝိုင် စစ်ပါ။ အနုစိတ်တဲ့ အော်တိုဂီယာ နဲ့ ရေ ဆိုတာ လုံးဝ ပေးမတွေ့သင့်တဲ့ အရာပါ။ဒါတွေ စစ်ပြီးလို့ ကိုယ့်ကားထဲ ရေဝင်နေတာ သေချာပြီဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ ဝပ်လျော့ပို့ဖို့ ကားဆွဲဖို့ အကြံပြုချင်ပါတယ်။ မြစ်ရေ၊ ချောင်းရေ ထက် ပင်လယ်ဆားငန်ရေ ထိထားတဲ့ကားဟာ ရေရှည်အတွက် မကောင်းတော့ပါဘူး။
ဝမ်းနည်းစွာနဲ့ အသိပေးခြင်တာကတော့ ဘယ် “ရေ” မဆို ကားရဲ့ Dashboard လောက်ထိ တက်ထားရင် ကားရဲ့ အတွင်းထဲက electronic အစိတ်အပိုင်းတွေဟာ ရေဒဏ်ကြောင့် ပျက်စီးယိုယွင်း လာပြီး အဲ့ကားဟာ နောက်နှစ်အနည်းငယ်အတွင်း လုပ်ချက်တွေ များလာကာ ဘယ်အပိုင်းပျက်လို့ပျက်မှန်း မသိပဲ ငွေကုန်လူပန်းနိုင်တာကြောင့် ရေကြီးရေလျှံ သတင်းကြားတာနဲ့ ကားကို ကုန်းမြင့်တစ်နေရာကို အမြန်ပြောင်းသင့်ပြီး ကုန်းမြင့်မရှိခဲ့လျှင်တော့…
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
Engine Oil level စစ်နည်း
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့အားလုံးကို Mechanic Hub ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။ ခန္ဓာယ်ကိုယ် လှုပ်ရှားလည်ပါတ်ဖို့ သွေးက အရေးကြီးသလို ကားတစ်စီး လည်ပါတ်မောင်းနှင်ဖို့ အင်ဂျင်ဝိုင် ရှိဖို့က အရေးကြီးပါတယ်။ အင်ဂျင်ဝိုင် ကုန်ခမ်းတာနဲ့ အင်ဂျင်ဟာ လုံလောက်တဲ့ ချောဆီတွေ မရတော့ပဲ သံ - သံ ချင်း ပွတ်ကာ အင်ဂျင်ချ ရသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အင်ဂျင်ဝိုင် ကောင်း/မကောင်း စစ်နည်းအကြောင်းကို မျှဝေပေးလိုက်ရပါတယ် ။
ကားကို မြေပြန့် တစ်နေရာရာမှာ စက်ရပ်ထားပြီး ဂီယာကို P မှာ ထား,ထားပါ။ လိုရမယ်ရ hand brake ဆွဲချင် ဆွဲထားပါ။ အပြင်က ကားမောင်းပြီး ပြန်လာတာဆိုရင်တော့ (၁၀) မိနစ်လောက် စောင့်ပြီးမှ ကားဘောနပ် ဖွင့်ပါ။ [ ကားဘောနပ်ဖွင့်တဲ့ ခလုတ်လေးဟာ ယာဉ်မောင်းသူဘက်အခြမ်း (သို့) ရှေ့ခန်းpassenger seat မှာ “ရှေ့ ဘောနပ် ပုံ”နဲ့ပြထားလေ့ရှိပါတယ်။
ဘောနပ်ဖုံးဖွင့်ပြီးနောက်တော့ “အင်ဂျင်ဝိုင် တိုင်းတံ”/ dipstick ကို ရှာရပါတော့မယ်။ dipstick ဟာ များသောအားဖြင့် အဝါရောင်၊ လိမ္မော်ရောင် ရှိပါတယ်။ ဓားအိမ်ထဲက ဓားကို ဆွဲထုတ်သလို dipstick ကို ဆွဲထုတ်လိုက်ပါ။ dipstick ထိပ်က အမှတ် ၂ မှတ်နားမှာ အင်ဂျင်ဝိုင်တွေ ပေနေတာ တွေ့ရပါလိမ့်မယ်။ တစ်ရှုး/ အဝတ်စ တစ်ခုခုနဲ့ သုတ်ချလိုက်ပါ မိတ်ဆွေ။ ကားမောင်းထားတော့ အင်ဂျင်ဝိုင်တွေက နိမ့်ချည်မြင့်ချည်ဖြစ်ထားတော့ အင်ဂျင်ဝိုင် level တန်ဖိုးအမှန်ကို ဖတ်မရတာကြောင့်ဖြစ်ပါတယ်။
dipstick ထိပ်ဆုံးက အမှတ်မှာ “Add”၊ သူ့အပေါ်က အမှတ်မှာ “Full” ဆိုပြီးရေးထားမှာပါ(ဂျပန်ကားတွေမှာတော့ Min, Max ဆိုပြီး လာတတ်)။ ဒီ အမှတ် ၂ မှတ်ကြားမှာ အင်ဂျင်ဝိုင်(၁) လီတာ ဆန့်ပါတယ်။ဒုတိယ အကြိမ် dipstick ကို အပေါက်ထဲ ပြန်ထည့်ပြီးတိုင်းကြည့်ပါ၊ အင်ဂျင်ဝိုင်က Add အမှတ်နား မှာ ရှိနေရင်တော့ သင့်ကား အင်ဂျင် ဝိုင် ထပ်ထည့်ဖို့လိုနေပါပြီ။ Add နဲ့ Full ကြားမှာ ၁ လီတာ ဆံ့လို့ အင်ဂျင်ဝိုင်ကို ချင့်ချိန်ပြီး ထည့်လို့ရပါပြီ။ ဥရောပ ကားတွေမှာတော့ အင်ဂျင်ဝိုင်တိုင်းတံ မပါပဲနဲ့ ကားရဲ့ Instrument Panel မှာပဲ စစ်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။
ဒီနေရာမှာ သတိပေးချင်တာက ကားဟာ အင်ဂျင်ဝိုင် အပြည့်ရှိမှ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ အင်ဂျင်ဝိုင်ကို Full အမှတ်ထက် ပိုကျော်ထည့်ခြင်းဟာ အင်ဂျင်အပေါ် ဖိအားပိုသက်ရောက်စေပြီး အင်ဂျင်သက်တမ်းတိုစေမှာဖြစ်ကြောင်း…
(အောက်က comment မှာ dipstick ရဲ့ အမှတ်တွေကို မြင်သာအောင် ပြထားပါတယ် ခင်ဗျ)
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
အဲ့နေ့က စပြီး ပြတ်တာပဲ ( ဟာသ အမြင်နဲ့သာ ကြည့်ပါ ခင်ဗျာ )
Adaptive Headlight အကြောင်း
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ညပိုင်း ကားကွေ့တဲ့အခါ ကွေ့ပြီးကာမှ တစ်စုံတစ်ခုက သင့်မြင်ကွင်းထဲ “ဝါး” ခနဲ ပေါ်လာတာမျိုး ကြုံဖူးပါသလား။ ဒီနေ့မှာတော့ အဲ့ပြဿနာတွေကိုဖြေရှင်းပေးမယ့် Adaptive Headlight အကြောင်းကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ရှေ့မီး/ headlight တွေဟာ ဘယ်အချိန် မဆို တသတ်မတ်တည်း အလင်းအားနဲ့ နေရာတစ်ခုတည်းကိုပဲ အလင်းထိုးကြပါတယ်။ ကွေ့တဲ့အခါမှာလည်း တစ်နေရာတည်းကိုပဲ အလင်းထိုးထားတာကြောင့် blind spot တွေကို မမြင်နိုင်တော့ပဲ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အနှောက်အယှက်ဖြစ်လာပါတော့တယ်။
Adaptive Headlight မီးတွေမှာတော့ ကားကွေ့တာနဲ့ စတီယာရင် လှုပ်ရှားတဲ့ဘက်ကို မီးသီးက လိုက်လံ ရွေ့လျားပေးပါတယ်။ ဒီလို ရွေ့လျားတဲ့နေရာမှာလည်း တစ်ဖက်ယာဉ်ကြောက ကားတွေအပေါ် အမြင်အာရုံအနှောက်အယှက်မဖြစ်အောင် “မီးအလင်းအား” ချိန်ညှိပေးတဲ့ စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ကားရဲ့အရှိန် ပေါ် လိုက်ပြီးတော့ မီးကို အပေါ်/အောက် လည်း ကစား, ပေးပါသေးတယ်။
ဒါဆိုရင် Adaptive Headlight ဘယ်လို အလုပ်လုပ်လဲ?
ကားရဲ့ speed, position, စတီယာရင် လှုပ်ရှားမှုတွေကို အာရုံခံကာ လမ်းအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အလင်းပြပေးပါတယ်။ ကားရပ်နေရင်တော့ ကားဟာ ပုံမှန်အတိုင်း အလင်းထွန်းပေးထားမှာပါ။
ညဘက်တွေမှာ လမ်းပေါ်က အခြေအနေကို ပြည့်ပြည့်စုံစုံ မြင်နိုင်လေလေ ယာဉ်တိုက်မှုတွေကို ရှောင်ရှားဖို့ အချိန်ပိုရလေဖြစ်တာကြောင့် ခုဆိုရင် ကားတိုင်းမှာ Adaptive Headlight တွေကို မဖြစ်မနေ တပ်ဆင်ဖို့ automaker တွေက ပြင်ဆင်နေပြီဖြစ်ပါကြောင်း…
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
Manual ကားက စွမ်းဆောင်ရည်မြှင့် ဂီယာတံအကြောင်း⚙️
စာဖတ်ချိန် - (၃) မိနစ်
ခေတ်ကာလတွေ ဘယ်လိုပဲ ပြောင်းခဲ့ပြောင်းခဲ့ Manual ကားကိုမှ မောင်းရတာ ကြိုက်တယ်ဆိုတဲ့ သူတွေကျွန်တော်တို့ရဲ့ Mechanic Hub ပရိသတ်တွေထဲမှာ ရှိမယ် ထင်ပါတယ်။ Auto ကားတွေ ဘယ်လိုပဲ သက်တောင့်သက်သာ ဖြစ်ဖြစ်၊ Manual ကားမောင်းရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်တာ အမှန်ပါ။ ဒီနေ့မှာတော့ Manual ကားရဲ့ ဂီယာအချိန်းအပြောင်း ကို ပိုမို လျှင်မြန်စွာ ပြုလုပ်နိုင်တဲ့ short shifter/ဂီယာတံ ပုတို လေးတွေ အကြောင်းနဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
Short shifter ဆိုတာ ဘာလဲ?
ပုံမှန် ဂီယာတံတွေဟာ ရှည်တာကြောင့် ဂီယာ အချိန်းအပြောင်းလုပ်ရာမှာ ကြာပါတယ်။ Short shifter တွေဟာဆိုရင် ဂီယာတံရဲ့ အရှည်ကို လျော့ချပေးပြီး တော့ ဂီယာ အချိန်းအပြောင်းကို မြန်စေပါတယ်။ အသုံးပြုတတ်မယ်ဆိုရင် ပုံမှန် ဂီယာထိုးတာထက် ၇၀% တောင် ပိုပြီး မြန်ဆန်စေလို့ စက္ကန့်နဲ့ အမျှ အရေးကြီးတဲ့ ပြိုင်ကားတွေ အတွက်တော့ မရှိမဖြစ်ပါ။ အချိန်မကုန်ပဲ ဂီယာ shifting လုပ်ရတော့ ကားဟာ ပုံမှန်ထက် ပိုပြေးတာ မဆန်းတော့ပါဘူး။
ဒါတင်ပဲလား ဆိုတော့ Short shifter တွေဟာ ဂီယာ မှားမဝင်စေဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။ ဂီယာ ၃ ထိုးတဲ့ အချိန် ဂီယာ ၄ မှား မဝင်အောင် စသဖြင့်ဂီယာတွေ မနာအောင် တားဆီးပေးပါတယ်။ ယာဉ်မောင်းသူဟာ ဂီယာတံအပေါ် အာရုံ မစိုက်ရဘဲ လမ်းမပေါ်မှာပဲ အာရုံစိုက်နိုင်အောင် ပြုလုပ်ပေးထားတဲ့သဘောပါ။ ဆိုးတာကတော့ ဂီယာတံက ပုံမှန်ထက် တိုသွားတာကြောင့် အားနည်းနည်းထည့််ပြီး ဂီယာထိုးရလို့ စစချင်း ကျင့်သားမရတာ၊ အားထည့်ပြီးထိုးရတော့ အချိန်ကြာလာတာနဲ့အမျှ အတွင်းပိုင်းက shift fork တံတွေ ပွန်းစားတာတော့ဖြစ်နိုင်ပါတယ်။
ကားဝါသနာရှင်တွေကျတော့လည်း Short shifter ရဲ့ စီးစီးပိုင်ပိုင်အရသာ၊ sporty ဆန်ဆန် look ကို ကြိုက်လို့ ဂီယာတံပြောင်းပြီး ကားperformance ကို မြှင့်တင်ကြပါကြောင်း…
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
Model က 94၊ Kilo က ၄ သောင်းကျော်။ ကားကို အိမ်ထဲမှာပဲ စောင်ခြုံ သိပ်တာ…🤧
Auto Dimming Rear View Mirror အကြောင်း
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ “ညပိုင်းကြီး နောက်က ကား မီးကြီးထိုးလို့ ဘာမှ မမြင်ရတော့ပဲ မျက်လုံး ပြာထွက်သွားပြီး accident ဖြစ်တယ်” တို့ ဆိုတာ ကျွန်တော်တို့ ပါတ်ဝန်းကျင်နဲ့ အကျွမ်းဝင်နေပါပြီ။ ဒီနေ့မှာတော့ ဒီလို အလင်းပြန်မှုတွေ အတွက် အဖြေဖြစ်လာမယ့် Auto Dimming Rear View Mirror အကြောင်းကို မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
အသက်အန္တရာယ် ထိခိုက်စေတဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေရဲ့ ထက်ဝက်လောက်က ညပိုင်းမှာ ဖြစ်ကြတာပါ။ အမေရိကန်နိုင်ငံက စစ်တမ်းတွေအရတော့ accident ဖြစ်စဉ်ရဲ့ ၁၅% ဟာ ရှေ့မီး(မီးကြီး)တွေရဲ့ အလင်းစူးမှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ရှေ့မီးရဲ့ အလင်းစူးမှုဆိုတဲ့ နေရာမှာလည်း တဖက်လမ်းကြောက ကားတွေရဲ့ အလင်းကြောင့်ဖြစ်နိုင်သလို၊ ကိုယ့်နောက်က ကားတွေရဲ့ အလင်းကြောင့် (နောက်ကြည့်မှန်ကတဆင့် အလင်းပြန်တာ) လည်း ဖြစ်နိုင်ပါတယ်။ ဒီလို ရှောင်လွဲလို့ရတဲ့ ယာဉ်မတော်တဆ ဖြစ်မှုတွေကို ရှောင်လွဲဖို့ နောက်ကားက မီးထိုးတဲ့အခါ နောက်ကြည့်မှန်က သူ့အလိုအလျောက် အလင်းရဲ့ ပြင်းအားကိုလျော့ချ ပေးတဲ့ Auto Dimming Rear View Mirror တွေကို တပ်ဆင်လာကြပါပြီ။
ဒါဆိုရင် Auto Dimming Rear View Mirror ဘယ်လို အလုပ်လုပ်ပါသလဲ?
ဒီ နောက်ကြည့်မှန်ထဲမှာ ပါတဲ့ sensor တွေကို microprocessor တစ်ခု က ထိန်းချုပ်ပြီး မှန်ပေါ်မှာ ရှိတဲ့ darkening gel တွေဆီ လျှပ်စီး ပို့လွှတ်ခြင်းဖြင့် နောက်က ထိုးတဲ့ မီးရဲ့ အလင်းအားကို လိုက်ပြီးတော့ အလင်းအားချ ပေးကာ ယာဉ်မောင်းသူအပေါ် မျက်လုံး မစူးအောင် ကာကွယ်ပေးပါတယ်။
Auto Dimming လုပ်ပေးတဲ့ စနစ်ကို မကြိုက်လို့ ပိတ်ချင်ရင်လည်း ခလုတ်လေး နှိပ်ပြီး ပိတ်လို့ရပါသေးတယ်။ ဒါ့အပြင် တချို့ကားတွေမှာဆို အဲ့ မှန်ပေါ်မှာပဲ သံလိုက်အိမ်မြှောင်လို အရှေ့/အနောက်/တောင်/မြောက် ပြပေးတဲ့ စနစ်ကိုပါ ထည့်သွင်းထားပါတယ်။အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ အမြင်အာရုံ ချို့တဲ့ လာတဲ့ လူကြီးတွေအတွက် မီးကြီးရဲ့ အလင်းစူးအား ဟာ ဒုက္ခပေးသလို၊ လူငယ်တွေအတွက်လည်း အမြင်အာရုံကို အနှောက်အယှက်ဖြစ်စေတာကြောင့် Auto Dimming Rear View Mirror လေးဟာ အရေးပါလာပါကြောင်း…
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
Daytime Running Light အကြောင်း
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန််လည်ကြိုဆိုလိုက်ပါတယ်။ နေ့ခင်းပိုင်းတွေမှာ ကားတွေရဲ့ ရှေ့မီးပုံစံ မီးအသေးလေးတွေ လင်းနေရင် “ဒီလူ နေ့ခင်းပိုင်းကြီး ဘာလို့ မီးတွေ ဖွင့်ထားတာလဲ” ဆိုပြီး တွေးဖူးပါသလား။ ဒီနေ့မှာတော့ အဲ့လို နေ့ခင်းပိုင်း ထွန်းထားတဲ့ မီး/Daytime Running Light (DRL) အကြောင်းကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
Daytime Running Light ဆိုတာ ကားအသုံးပြုတဲ့ ဘယ်အချိန်မဆို (အထူးသဖြင့် နေ့ခင်းပိုင်းအတွက်) ကိုယ့်ကားလာနေတယ်ဆိုတာ တခြားလမ်းအသုံးပြုသူတွေ သိအောင် dim light (မီးမှိန်မှိန်) နဲ့ ကားမောင်းနှင်စဉ်တစ်လျှောက်လုံး လင်းနေအောင် safety feature အဖြစ် ထည့်သွင်းထားတဲ့ “မီး”ပါ။ DRL ဟာ Headlight/ရှေ့မီး တွေလို အလင်းအားပြင်းပြင်းနဲ့ လမ်း ကို မြင်ရအောင် ထွန်းညှိပေးတဲ့ မီး မဟုတ်ဘဲ၊ တစ်ဖက်ကို မီး အလင်းရောင် မစူးစေပဲနဲ့ ကိုယ့်ကား လာနေပြီဆိုတာကိုပဲ ပါတ်ဝန်းကျင်ကို သိအောင် လုပ်ပေးတဲ့ မီး ပဲဖြစ်ပါတယ်။
Headlight/ရှေ့မီး တွေနဲ့ မတူတဲ့ နောက်အချက်က ခလုတ် အသုံးပြုစရာမလိုပဲ၊ ကား စက်စနှိုးပြီ ဆိုတာနဲ့ DRL မီး auto အသက်ဝင်ကာ၊ ကားစက်ရပ်မှ DRL မီး ပြန်ပိိတ်တာပဲဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကားတွေမှာတော့ DRL မီး ကို ရှေ့မီးတွေလိုပဲ ပိတ်လို့ရနိုင်ပါတယ်။
ဒါဆိုရင် DRL system က ဘယ်လို အလုပ်လုပ်ပါ သလဲ?
ကားရဲ့ Alternator(ဒိုင်နမို) ကနေ လျှပ်စစ်အား ရယူပြီး အလုပ်လုပ်ပါတယ်။ Alternator ကနေ လျှပ်စစ်အား ယူရလို့ အင်ဂျင် ပိုရုန်းရပြီး ဆီ ပိုကုန်တယ်လို့တော့ သတ်မှတ်လို့မရပါဘူး။ DRL ရဲ့ မီးတွေက
LED တွေပါ၊ LED ဖြစ်တဲ့အလျှောက် စွမ်းအင်အနည်းငယ်ပဲ လိုအပ်လို့ အင်ဂျင် မရုန်းရပါဘူး။
ဘာကြောင့် DRL မီးကို တပ်ဆင်လာကြတာလဲ?
လူတွေဟာ ညမှောင်ရီပျိုးတာနဲ့ ကားရှေ့မီးတွေ ထွန်းတတ်ကြပါတယ်။ ရှေ့မီးတွေ ကြောင့်ပဲ ည အချိန် accident ဖြစ်မှုတွေကို ၂၅% လောက်ထိ လျော့ချပေးပါတယ်။ ဆိုတော့ကာ နေ့လည်ချိန်မှာလည်း ကား မီး တစ်ခုခုသာ ထွန်းထားရင် accident rate တွေ ကျနိုင်တယ်ဆိုတဲ့ စစ်တမ်း တစ်ခု အရပါ။ နေ့တာတိုပြီး ညတာရှည်တဲ့/နေရောင်ခြည် သိပ်မထိတွေ့ရတဲ့ ကနေဒါ နဲ့ မြောက်ဥရောပ နိုင်ငံတွေမှာ နေ မထွက်တာကြောင့် DRL မီး ရှိခြင်းဖြင့် ယာဉ်တိုက်မှု တွေကို တော်တော် လျော့နည်းစေပါတယ်။ ဒါကြောင့်ပဲ သူတို့နိုင်ငံက အစိုးရတွေဟာ DRL မီးကို ကား ရှေ့မှာ ရော အနောက်မှာရော မဖြစ်မနေ တပ်ဆင်ရမယ်၊ မတပ်ရင် ဒဏ်ရိုက်မယ်ဆိုတဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အမေရိကန် လို နေရောင်ခြည် လုံလုံလောက်လောက် ရတဲ့ နိုင်ငံကျတော့ နေ့လည်ပိုင်းအတွက် DRL ကို မလိုအပ်ဘူးလို့ ယူဆတဲ့အတွက် မဖြစ်မနေ မတပ်ဆင်ရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း ရာသီဥတု ကောင်းမွန်တဲ့ နေ့ခင်းပိုင်းတွေအတွက် DRL မလိုအပ်ပေမယ့် မိုးရာသီလို အချိန်မျိုးမှာတော့ DRL ဟာ အသုံးဝင်လာတဲ့ မီးလေးဖြစ်ပါကြောင်း…
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
ကြိုပြောသားပဲ…
O/D (Overdrive) ခလုတ် အကြောင်း🔘💭
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ ကားမောင်းသင်တုန်းက O/D ခလုတ်ကို မနှိပ်ဖို့ ပြောတာ ကြုံဖူးပါသလား? ဒါဆိုရင် ဘာလို့ မနှိပ်ခိုင်းလဲဆိုတာ ကြည့်လိုက်ရအောင်။
O/D ခလုတ်လေးအကြောင်း မပြောမှီ Overdrive ဆိုတာဘာလဲ အရင်ပြောချင်ပါတယ်။ ဂီယာ ၆ ချက် ရှိတဲ့ကားမှာဆိုရင် အမြင့်ဆုံး နံပါတ် (၆) ဂီယာ က Overdrive ဂီယာပါ။ Overdrive ဂီယာဟာ rpm များများနဲ့ မြန်မြန်မောင်းနိုင်ဖို့ ပြုလုပ်ထားတဲ့ဂီယာပါ။
O/Dခလုတ်ကို မနှိပ်မချင်း Overdrive ဂီယာ အလုပ်လုပ်နေမှာပါ။ Overdrive ဂီယာ အလုပ်လုပ်နေတော့ ကားဟာ အရှိန်မြင့်မောင်းနှင်ချိန်မှာတောင် အင်ဂျင်အရမ်း မရုန်းရတော့ဘဲ အင်ဂျင်သက်တမ်းပိုရှည်စေသလို၊ ဆီစားလည်း ပိုသက်သာ စေပါတယ်။
ဒါဆိုရင် ဂီယာတံ နားက O/D ခလုတ်လေးကို နှိပ်လိုက်ရင် ဘာဖြစ်မလဲ?
O/D ခလုတ် လေးနှိပ်ရင် ကား dashboard ပေါ်မှာ O/D OFF ဆိုတဲ့ Overdrive ဂီယာပိတ်လိုက်ပြီဆိုတဲ့ “အဝါရောင်”မီး လင်းလာပါလိမ့်မယ်။ ကားမှာ အမြင့်ဆုံး နံပါတ် ၆ ဂီယာက အလုပ်မလုပ်တော့ဘဲနဲ့ ဂီယာအမြင့်တွေကို မထိုးနိုင်အောင် တားဆီးလိုက်ပြီ ဆိုတဲ့ သဘောပါ။
အနှစ်ချုပ်ရင်တာ့ O/D ခလုတ်ဟာ မြို့တွင်း/highway တွေ မောင်းတဲ့အချိန်မှာ မထိသင့်တဲ့ခလုတ် ဆိုပေမယ့်၊ ဝန်တင်တဲ့အခါ၊ လမ်းကြမ်း/တောင်တက်/နှင်းတောထဲ ဖြတ်မောင်းတဲ့အခါ တွေမှာတော့ O/D OFF သင့်တာကိုသတိချပ်စေလိုပါတယ်။ မြို့တွင်းပြန်ရောက်တဲ့အခါမှာလည်း နှစ်ကာလ ကြာမြင့်တဲ့အထိ O/D ခလုတ် နှိပ်ထားတာကို မေ့ပြီး မောင်းကြလို့ ဂီယာဘောက် ချရတဲ့ ကားတွေလည်း ဒုနဲ့ ဒေး ဖြစ်ကြောင်း သတိပေးရင်း…
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
O/D ခလုတ်လိုပဲ ဂီယာတံဘေးက ခလုတ်အကြောင်း - https://www.facebook.com/100144122858888/posts/114088091464491/?mibextid=cr9u03
ကားမောင်းရင် နောက်ကနေ ပွစိပွစိလုပ်တတ်တဲ့သူတွေအတွက်😅…
Traction Control System အကြောင်း
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ နည်းပညာမြင့် ကားတွေမှာ တွေ့ရတဲ့ Traction Control System (TRC) အကြောင်းကို မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
စိုစွတ်ပြီး ရေများတဲ့ လမ်းမျက်နှာပြင်ပေါ်မှာ ကားတစ်စီးက အရှိန်နဲ့ ရပ်ရတဲ့အခါ ဘီးတစ်ဘီးချင်းစီမှာ တူညီတဲ့ ဘရိတ်ဖမ်းအား/ကုတ်အား တွေ မရနိုင်တော့ပါဘူး။ ဒါကြောင့် တချို့ဘီးတွေ လည်ထွက်တာတွေ ဖြစ်ပြီး ဘီး အလွတ်လည်ပါ များတဲ့အခါကားတိမ်းမှောက်ကာ accident ဖြစ်စေနိုင်ပါတယ်။ TRC ကတော့ အဲ့လို လည်ထွက်နေတဲ့ ဘီးတစ်ဘီးချင်းစီရဲ့ အရှိန်ကို တခြားသာမန်ဘီးတွေနဲ့ အရှိန်တူအောင် လျော့ချပေးပြီးတော့ ယာဉ်မတော်တဆ မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ တနည်းအားဖြင့်တော့ ကားဖင်, မရမ်းအောင် ပေါ့ ခင်ဗျာ။
TRC စနစ် အဖွင့်/အပိတ် လုပ်ဖို့ ခလုတ်ဟာ များသောအားဖြင့် စတီယာရင် ရဲ့ ဘယ်(သို့)ညာ တဝှိက်မှာ ရှိပါတယ်။ ဥရောပ ဘက်မှာတော့ 2012 နောက်ပိုင်းကစပြီး ကားတွေမှာ TRC စနစ်ကို မဖြစ်မနေ စတင် တပ်ဆင်စေခဲ့ပါတယ်။ TRC စနစ် ဟာ ကားစက်နှိုးတာနဲ့ auto အလုပ်လုပ်တဲ့ စနစ်ဖြစ်ပေမယ့်၊ ကားဘီး နွံ/သဲ/ဆီးနှင်း နစ်တဲ့အခါတွေမှာတော့ TRC ခလုတ်ကို ပိတ်ပေးထားသင့်ပါတယ်။ ဒါ့အပြင် TRC ဟာ ABS စနစ် နဲ့
ပူးပေါင်းပြီး မော်တော်ယာဉ် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးတဲ့ စနစ်ဖြစ်ပါကြောင်း…
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
ABS စနစ် အကြောင်း - https://www.facebook.com/100085449623945/posts/121107080747612/?mibextid=cr9u03
Theft Deterrent System (ခ) “သူခိုးဖမ်း”စနစ် အကြောင်း
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ post တွေ မတင်တာလည်းကြာပြီဆိုတော့ မေ့နေလောက်ရောပေါ့ခင်ဗျာ။ ဒီနေ့မှာတော့ ယနေ့ခေတ် ကားတွေမှာ တွေ့ရတဲ့ Theft Deterrent System အကြောင်းနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Theft Deterrent System ဆိုတာကတော့ မော်ဒယ်မြင့်ကားတွေမှာ တွေ့ရတဲ့ သူခိုးကပ်ရင် အသံမြည်တဲ့ စနစ်ပါပဲ။ ဒီ စနစ်က ကားပါတ်ပါတ်လည် မှာ တပ်ထားတဲ့ sensor တွေကနေ သက်ဆိုင်ရာကို အသိပေးပြီး alarm ထမြည်ပါတယ်။
ဘယ်အချိန်မှာ အလုပ်လုပ်သလဲ?
ကားတံခါးပိတ်lock ခတ်ထားချိန်၊ မသမာသူတစ်ဦးဦးက ကားတံခါးကို သော့မပါပဲ ဖွင့်တာနဲ့ အသံမြည် ပြီးတော့ သူခိုးခြောက်ပါပြီ။ ကားတံခါးပိတ်ပြီး စက္ကန့် (၃၀) လောက်ကြာမှ ဒီစနစ် အလုပ်စ, လုပ်တာကို သတိ ချပ်စေလိုပါတယ်။
TDS အသံမြည်လာရင် ဘယ်လိုပိတ်ကြမလဲ?
ကားတံခါး အဖွင့်/အပိတ် လုပ်ရင် အသံ ရပ်တဲ့ ကားတွေ ရှိသလို၊ IG key ဖွင့်မှ အသံရပ်တဲ့ ကားတွေလည်း ရှိပါတယ်။
Theft Deterrent System ပါတဲ့ကားတွေမှာ ဒိုင်ခွက် မီးလင်းရင် ဘယ်လိုမှ မီးပျောက်အောင် ကျော်ခွလို့ မရဘဲ ပြဿနာ စင်စစ်ကိုပဲ ဖြေရှင်းမှ ရတာကြောင့် ငွေကုန်ကြေးကျ များတတ်ပါတယ်။ ဘာလို့ဆို ဒီ မီး လင်းတာနဲ့ ကား မောင်းလို့ မရတော့လို့ပါပဲ။ battery ကနေ လျှပ်စစ်တွေယူသုံးရတာကြောင့် battery အားမရှိတာဖြစ်စေ၊ ကားသော့ အားကုန်တာ/ ကားသော့မှာ ရှိတဲ့ transponder chip တွေ မကောင်းရင်လည်း ဒီစနစ် အလုပ်မလုပ်ပဲ ကား ဒိုင်ခွက်မှာ Theft Deterrent System “မီး” လင်းနေမှာပဲ ဖြစ်ပါတယ်။
battery မကောင်းတာတို့၊ ကားသော့ အားကုန်လို့ battery လဲလိုက်တာတွေက ငွေ မကုန်ပေမယ့် Theft Deterrent System ပျက်ဆီးနေရင်တော့ ငွေကုန်ကြေးကျ များပါပြီ။ ဒါ့ကြောင့် TDS မီး လင်းနေရင် ဒီလိုတွေ ဖြစ်ရင် battery အားရှိ/မရှိ အရင်စမ်းတာ၊ ကားသော့ အားကုန်/မကုန် အရင်စမ်းတာတွေ လုပ်ကြည့်ပြီးမှ ဝပ်လျော့သွားဖို့ တိုက်တွန်းပါရစေ။
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
Battery အားရှိ/မရှိ စမ်းနည်း - https://www.facebook.com/100144122858888/posts/112446588295308/?mibextid=cr9u03
(၁.၇.၂၀၂၃)မှ စ၍ ယာဉ်စစ်ပြန်ဖွင့်ဖို့
ကြိမ်းသေသလောက်ရှိနေပါတယ်။
(အတိကျတော့မသိရသေးပါ)
ယာဉ်မစစ်ချင်တဲ့သူများ
ကားမတန်းစီချင်တဲ့သူများ
ကုန်ဆုံးရက်မတိုင်မှီရက်ပေါင်း(၉၀)အတွင်း
ဝင်နေပြီဆိုရင်
ကားသက်တမ်းကြိုတိုးထားဖို့ အကြံပေးချင်ပါတယ်
Credit - ကညနဝန်ဆောင်မှုလုပ်ငန်း - 𝐌𝐚𝐭𝐞 𝐒𝐰𝐞
ကားသမား ကြည့်ရတာ ဘောလုံးဝါသနာအိုး လားမသိ၊ ညာခြေယောင်ပြပြီး ဘယ်ကွေ့တာ😬
ကားဆရာ တွေရဲ့ တစ်နေ့တာ😂
သင့်ကား စက်စနှိုးချိန် အင်ဂျင်သံ ကြမ်းနေလား?🤔💭
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ညီကိုတို့ ကားတွေမှာ စက်စနှိုးချိန် အင်ဂျင်သံကြမ်းနေလား (ဒါမှမဟုတ်) စက်ရပ်ချိန်မှာ အင်ဂျင်ဝပ် သွားသလား? ဒီလိုတွေဖြစ်ရင် ကိုယ်တိုင် ဘယ်လို ပြုပြင်လို့ရလဲဆိုတဲ့ DIY ကို ပြောပြပေးမှာဖြစ်ပါတယ်။
များသောအားဖြင့်တော့ စက်နှိုးချိန်နဲ့ စက်ရပ်ချိန်က အင်ဂျင်မူမမှန်သံတွေက ကားရဲ့ လေတံခါးနဲ့ ဆက်စပ်တတ်ပါတယ်။ လေတံခါး ညစ်ပါတ်တာနဲဲ့ ကားဟာ စက်စနှိုးချိန် မှာ အင်ဂျင်သံကြမ်းတာ၊ ရုတ်တရက် လီဗာ ဆောင့်တာ၊ ဆီပိုစားတာ နဲ့ အင်ဂျင် ဝပ်တာ တွေ ဖြစ်တတ်ပါတယ်။
ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ?
Throttle Body & Air Intake Cleaner ဆိုတဲ့ spray ဘူးလေး ဆောင်ထားရုံပါပဲ။ ဒီ spray ဘူးလေး နဲ့ ညစ်ပါတ်နေတဲ့ လေတံခါးနဲ့ သူ့နားက ISCV လို့ခေါ်တဲ့ အင်ဂျင် idle အခြေအနေမှာ လေဝင်တဲ့ ပမာဏ ထိန်းချုပ်တဲ့ အစိတ်အပိုင်းတွေကို ဖြန်းလိုက်မယ်၊ ပြီးတာနဲ့ အဝတ်စနဲ့ ဆေးဖြန်းခဲ့တဲ့ နေရာတွေကို သုတ်ပေးလိုက်တာနဲ့ ကာဗွန်ဂျိုးတွေ ပြောင်သလင်းခါသွားမှာပဲ ဖြစ်ပါတယ်။ (ဆပ်ပြာကြော်ငြာတဲ့ အလားပါပဲလား၊ အား ပါး ပါး 😆) အဲ့လိုတွေ လုပ်ဖို့ဆိုရင်တော့ အပေါ်က ကာရံ ထားတဲ့ air filter နဲ့ air inlet duct တွေကို အရင်ဖြုတ်ရပါမယ်။
***Throttle Body ကို ဆေးဖြန်းရာမှာလည်း အတွင်းထဲတွေ မှာပါ ကာဗွန်ဂျိုးတွေ တက်နိုင်တာကြောင့် နှံ့နှံ့စပ်စပ် ဖြန်းပေးဖို့ အကြံပြုလိုပါတယ်။
[spray ဘူး ပုံလေးကိုလည်း comment ထဲ မှာ ဖော်ပြပေးထားပါတယ်။ ]
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမှာ ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ💛🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
Throttle Position Sensor အကြောင်း - https://www.facebook.com/100085449623945/posts/146891371502516/?mibextid=tejx2t
Spark Plug ကောင်း/မကောင်း စစ်နည်း🔍🔍
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ဓာတ်ဆီကားတွေမှာ တွေ့ရတဲ့ Spark Plug ကောင်း/မကောင်း မျက်လုံးနဲ့ ဘယ်လို စမ်းသပ် နိုင်မလဲ ဆိုတာကို ပြောပြပေးမှာပဲဖြစ်ပါတယ်။
Spark Plug ရဲ့ သက်တမ်းဟာ တစ်စီးနဲ့ တစ်စီး မတူနိုင်ပါဘူး။ Toyota ကားတွေမှာတော့ မိုင် ၃ သောင်းလောက်ဆိုရင် လဲပေးရတာများပါတယ် (ကိုယ့်ကားရဲ့ spark plug သက်တမ်းကို သိချင်ရင်တော့ အမြဲပြောပြောနေတဲ့ Owner’s manual ထဲမှာ ဝင်ကြည့်နိုင်ပါတယ်)။ ကဲ… ဒါဆိုရင် ဘယ်လို စစ်နိုင်မလဲ?
၁)ပထမဦးစွာ spark plug ရဲ့ terminal nut လို့ခေါ်တဲ့ (ပလတ်ကွိုင်တွေနဲ့ ထိစပ်တဲ့) နေရာမှာ သံချေးတက်ခြင်း ရှိ/မရှိ စစ်ဆေးပါ။ သံချေးတက်နေတဲ့ terminal nut က ပလတ်ကွိုင်တွေနဲ့ ကောင်းမွန်စွာ မချိတ်ဆက်မိဘဲ အင်ဂျင် misfire ဖြစ်စေပါတယ်။
၂)ဒုတိယ အနေနဲ့ကတော့ spark plug တွေရဲ့ အဖြူရောင်ကိုယ်ထည်ပိုင်း (ceramic insulator) မှာ အက်ရာ၊ကွဲရာ ရှိ/မရှိ စစ်ဆေးပါ။ Spark Plug ကို အလယ်ကနေ ထက်ခြမ်းခွဲကြည့်ရင် center electrode နဲ့ ground electrode ကြားမှာ ထိစပ်မှုမရှိအောင် ခံထားတဲ့ ceramic insulator ပဲရှိပါမယ်။ ဒီ ပစ္စည်းသာ အက်ခဲ့သည်ရှိသော် မီးစ (spark) က center electrode ရဲ့ ထိပ်စွန်းမှာ မပေါက်တော့ဘဲနဲ့ ကိုယ်ထည်အတွင်းထဲမှာသာ spark ထပြီး ဆီ-လေ အရောကို မီး အပြည့်အဝ မလောင်ကျွမ်းစေတော့ပါဘူး။
***မှတ်ချက် - တချို့ ceramic insulator ရဲ့ အဖြူရောင် ကိုယ်ထည်မှာ သံချေးရောင်တွေ တက်နေတတ်ပါတယ်၊ ဒါဟာ spark plug မကောင်းတာနဲ့ ဘာမှ မဆိုင်ကြောင်း သိစေလိုပါတယ်။
၃)နောက်တစ်ခု အနေနဲ့ center electrodeနဲ့ ground electrode တွေမှာ ကာဗွန် တွေ ရှိ/မရှိစစ်ဆေးပါ။ ကာဗွန်ဂျိုးတွေ ရှိနေခြင်းကလည်း အင်ဂျင်ရဲ့ ပြည့်ဝ မီးလောင်ကျွမ်းခြင်းကို အတားအဆီးဖြစ်စေပါတယ်။
ဒါ့အပြင် electrode တွေက ပွန်းစားတဲ့အခါ၊ center electrode နဲ့ ground electrode ကြားက ကြားလွတ်လေးက ကြီးလာတာမျိုးဆိုရင်လည်း spark plug ကို လဲလှယ်သင့်ပါပြီ။
အနှစ်ချုံ့ရရင်တော့ spark plug မကောင်းတာက ရေရှည်မှာ ကားကို ထိခိုက်စေသလို၊ ရေတိုမှာတော့ ကားဟာ ညစ်ညမ်းဓာတ်ငွေ့ပိုထုတ်မယ်၊ ဆီ ပိုစား ပါမယ်။ ဒါ့ကြောင့် ပိုကုန်မယ့် ဆီဖိုးနေရာမှာ spark plug လေးတွေကို လဲလိုက်မယ်ဆိုရင်တော့ဖြင့်. . .
[ အပေါ်က ပြောခဲ့တဲ့ spark plug ရဲ့ technical terms လေးတွေကိုလည်း အောက်က comment မှာ ရေးပြထားပါတယ် ခင်ဗျ။ 🙏🏼 ]
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
Gasket/ဂတ်စကက်ကို ဘာတွေကပျက်စီးစေသလဲ?🤔💭
စာဖတ်ချိန် - (၃) မိနစ်
ညီ/ကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည် ကြိုဆို လိုက်ပါတယ်။ ဒီနေ့တော့ ကားနဲ့
ပါတ်သတ်တဲ့ သူတိုင်း ကြားဖူးမယ့် “ဂတ်စကက်” ရဲ့ အကြောင်း ကို ပြောပြပေးမှာပဲဖြစ်ပါတယ်။
ကားအင်ဂျင်ဟာ အဓိက အားဖြင့် အပေါ်ပိုင်းနဲ့ အောက်
ပိုင်းဆိုပြီး ခွဲခြားထားပြီးတော့ အပေါ်ပိုင်းမှာ cylinder head (ကင်ရှပ်/camshaft, valve, etc…) ရှိတဲ့အပိုင်းနဲ့ အောက်ပိုင်းမှာ ဆိုရင် cylinder block (ကရိုင်းရှပ်/crankshaft, piston, etc…) တွေရှိတဲ့ အပိုင်းဆိုပြီး ခွဲခြားနိုင်ပါတယ်။ ဒီနှစ်ခုရဲ့ ကြားထဲမှာတော့ ကျွန်တော်တို့ အခုပြောမယ့် ဇာတ်ကောင်ကြီး Gasket ရှိတယ်ပေါ့ ခင်ဗျာ။ ဇာတ်လိုက်ကြီးရဲ့ သက်တမ်း ကီလိုမီတာ ၁ သိန်း ဖြစ်ပြီးတော့ သူ့သက်တမ်းပြည့်တာနဲ့ လဲလှယ်ပေးသင့်ပါတယ်။
ဒါဆိုရင် Gasket က ဘာလုပ်ဆောင်ပေးပါသလဲ?
သူက cylinder head နဲ့ cylinder block ကြားကနေ လောင်ကျွမ်းဓာတ်ငွေ့တွေ မယိုထွက်အောင်၊ compression ratio မကျအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင်
ဆီနဲ့ ရေ/coolant တွေ ရောစပ်မှု မရှိအောင်လည်း
ကာကွယ်ပေးပါသေးတယ်။
ဘယ်အချက်တွေက gasket ကို ပျက်စီးစေတာလဲ?
ပထမ အချက်ကတော့ အားလုံး သိကြတဲ့ အတိုင်း heat တက်တာပါ။ combustion chamber ထဲမှာ ပြင်းထန်စွာ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်တဲ့အခါ၊ သက်တမ်း ကြာမြင့်လာတဲ့အခါ၊ တပ်ဆင်ပုံ မှားယွင်းတဲ့ အခါမျိုးတွေမှာ
ပုံမှန်ထက် အပျက်အစီး ပိုမြန် တတ်ပါတယ်။
*** သတိထားရမယ့် တချက်က အခုလို ဆောင်းတွင်းမျိုးမှာ ညပိုင်း ကားသိပ်ပြီး မနက် ကားစက်နှိုး၊ လီဗာ မ,တရားနင်းရင် ပြင်ပအပူချိန်နဲ့ အင်ဂျင်တွင်း အပူချိန် ကွာခြားချက်မြင့်ပြီး gasket တွေ ပျက်စီးနိုင်တာပါ။
ဒါဆိုရင် gasket လဲဖို့ လိုနေပြီ ဆိုတာ ဘယ်အချိန်မှာ သိနိုင်မလဲ?
၁)အင်ဂျင်ကနေ coolant နဲ့ ဆီတွေ ယိုစိမ့်ခြင်း
၂)အိတ်ဇောကနေ အဖြူရောင် ဓာတ်ငွေ့တွေ ထွက်ခြင်း
၃)အင်ဂျင်ဝိုင်စစ်တံ/ dipstick ကနေ အင်ဂျင်ဝိုင်
စစ်ကြည့်တဲ့အခါ အဖြူရောင် အရည်တွေ ပါလာတဲ့
အခါ gasket ပျက်နေပြီ ဆိုတာ သိနိုင်ပါတယ်။
Gasket အပျက်ကြီးနဲ့ ကားဆက်မောင်းသင့်သလား?
အဖြေကတော့ “No” ပါ။ ဂတ်စကက် အပျက်ကြီးနဲ့သာ ကားဆက်မောင်းမယ်ဆိုရင် ဂတ်စကက် တစ်ခု လဲလိုက်တာနဲ့ အဆင်ပြေရမယ့်နေရာမှာ မလိုလားအပ်တဲ့
ပစ္စည်းတွေ၊ အဆုံးစွန် အင်ဂျင်ပါ, ချ လိုက်ရတာမျိုးတွေ ထိ ကြုံဖူးပါတယ်။
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
ကား မမောင်းခင် စက်နှိုးထားသင့်သလား - https://www.facebook.com/100085449623945/posts/143280475196939/?mibextid=cr9u03
EV ကားဘီးတွေ အကြောင်း🛞
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့အားလုံးကို Mechanic Hub ကနေ ပြန်လည်
ကြိုဆိုလိုက်ပါတယ်။EV ကားတွေရဲ့ ဘီးတွေက
သာမန် ကားတွေရဲ့ ဘီးတွေနဲ့ မတူဘူးလို့
ပြောရင် အံ့ဩသွားကြမယ် ထင်ပါတယ်။
ဒါတွေဟာ ဘာကြောင့်ပါလဲ??
EV ကားတွေမှာ မောင်းနှင်ဖို့ battery ကို အရွယ်အစား ကြီးကြီး တွေကို အသုံးပြုရတာကြောင့် battery ရဲ့ အလေးချိန် စီးပါတယ်။ ဒါ့အပြင် ဒီ ဘတ္ထရီ ရဲ့ ဝန်ကို ထမ်းနိုင်ဖို့ ကားဖရိန်တွေ၊ suspension စနစ်တွေကိုလည်း ကြီးကြီးမားမား တည်ဆောက်ရတာကြောင့် ယေဘုယျ အားဖြင့် EV ကားတွေရဲ့ အလေးချိန်ဟာ ICE ကားတွေရဲ့ အလေးချိန်ထက် (၂) ဆ နီးပါး ပို,လေးပါတယ်။
EV တွေက ဝန် အားဖြင့် ပိုလေးတယ်လို့ ပြောလိုက်လို့ ရုန်းအား မကောင်းဘူး မထင်လိုက်ပါနဲ့၊ မြန်လိုက်တာမှ ကိုယ့်လူရေ ဝှီးခနဲပဲ။ မြန်ဆို ဒီကောင်က torque ဆိုတဲ့ အားကို မတရား ထုတ်ပေးနိုင်တာကိုး။ အဲ့တော့ torque အားကို ခံဆောင်နိုင်ဖို့ ဘီးကိုလည်း ဒီဇိုင်း အဆန်း လုပ်ထားရပြန်ပါတယ်။ ဒီလို torque မတရား
ထုတ်နိုင်တယ်ဆိုတဲ့ အချက်က တာယာပန်းတွေကို
ပိုပြီး ပွန်းစား/ပျက်ဆီးစေပါတယ်။ ဒါ့ကြောင့်လည်း
EV တာယာတွေက သာမန်ထက် ၂၀-၃၀% လောက်
ပိုမို ပျက်စီးလေ့ရှိပါတယ်။
နောက်တစ်ချက်က EV tyres တွေက
တာယာလည်ပါတ်ခြင်းကို ခုခံမှု( rolling resistance ) တော်တော်နည်းပါတယ်။ rolling resistance နည်းရင် ဘာဖြစ်စေလည်း ဆိုတော့ ကားဟာ ဆီစားပိုသက်သာပါတယ်။ [EV ဆိုတော့ battery ပိုသက်သာတယ်ပေါ့ ခင်ဗျာ😁]
နောက်ပြီး EV တာယာတွေက ဆူညံသံကိုလည်း
လျော့ချ ပေးပါသေးတယ်။ ဒါကိုတော့ တာယာအတွင်းထဲ ပါတ်ပါတ်လည်မှာ မြုပ်ထားတဲ့ polyurethane foam ဆိုတဲ့ (မြန်မာလို ပြောရင်တော့) ပန်းကန်ဆေးရင်
သုံးတဲ့ “ဖော့” နဲ့ ဆူညံသံတွေကို စုပ်ယူစေပါတယ်။
ဒါတွေကြောင့် EV ကား စီးတဲ့သူတွေ အနေနဲ့
တာယာပေါက်တာ/ပြဲတာ ဖြစ်တဲ့အခါ ကြုံသလို
မလဲလိုက်ဖို့ နဲ့ EV ကားအတွက် သီးသန့်ထုတ်တဲ့
တာယာ များနှင့်သာ အဆင်ပြေမည်ဖြစ်ကြောင်း…
ညီကိုတို့လည်း EV ကားတာယာ ရောင်းတဲ့ ဆိုင်တွေ
သိရင် အောက်က comment မှာ ရေးသွားပေးဖို့
မေတ္တာ ရပ်ခံအပ်ပါတယ်။ စာဖတ်သူပရိတ်သတ်
အပေါင်း ကိုယ်စိတ်နှဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
ECT sensor အကြောင်း 💭💬
စာဖတ်ချိန် - (၃) မိနစ်
ညီကိုတို့ အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ECT sensor အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။
ကားအင်ဂျင် ဟာ ပူနေတဲ့အလျောက် အအေးခံဖို့အတွက် coolant ဆိုတဲ့ ရေ ကို လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့ coolant တွေ ပူနေလား၊ အေးနေလား ဆိုတာကိုတော့ Engine Coolant Temperature (ECT) sensor က အာရုံခံပေးပြီး ECU ဆီ ပို့ဆောင်ကာ ဆီဖြန်း/မီးပေါက်ခြင်း၊ ပန်ကာ လည်ပါတ်ခြင်းကို coolant ရဲ့ အပူချိန်ကို လိုက်ပြီး ထိန်းညှိပေးပါတယ်။ အဲ့ကနေမှ တဆင့် ကျွန်တော်တို့ ကားဒိုင်ခွက်ရဲ့ heat gauge(heat ဂိတ်) မှာ heat တက်တယ်၊ မတက်ဘူး ပြတာပါ။
ECT ထဲမှာ thermistor ဆိုတဲ့ အီလက်ထရောနစ် ပစ္စည်း တစ်ခု ရှိပါတယ်။ Thermistor ဆိုတာ အပူချိန်ကို လိုက်ပြီး လျှပ်စစ် ခုခံမှု ပြောင်းလဲနိုင်တဲ့ ပစ္စည်းတစ်မျိုးပါ။ ECT မှာတော့ (NTC) thermistor ကို အသုံးပြုထားပါတယ်။ သဘောတရားကတော့ coolant အပူချိန် မြင့်ရင် ECT ရဲ့ လျှပ်စစ်ခုခံမှု(resistance) နိမ့်ကျမယ်၊ coolant အပူချိန် နိမ့်ရင် ECT ရဲ့ resistance ကြီး ပါမယ်။ECT sensor ကို Coolant Temperature Sensor(CTS) လို့လည်း ခေါ်ပါသေးတယ်။ ECT sensor ကိုတော့ cylinder head (သို့) သာမိုစတတ် နား မှာ တပ်ဆင်ထားပါတယ်။
ဒါဆိုရင် ECT sensor ပျက်ရင် ဘာ လက္ခဏာတွေ ဖြစ်ပေါ်တတ်လဲ?
၁)ဒိုင်ခွက်ပေါ်မှာ အပူချိန်လက်တံ မူ မမှန်ခြင်း
၂)အင်ဂျင် heat တက်ခြင်း
၃)စက်စနှိုးချိန် အင်ဂျင်သံ ကြမ်းခြင်း
၄)လီဗာ နင်းသလောက် မပါလာခြင်း
၅)ဆီစားခြင်း
၆)Engine ချက်မီး လင်း ခြင်းတို့ဖြစ်တတ်ပါတယ်။
ညီ/ကိုတို့သိချင်တဲ့ အကြောင်းအရာ တွေကိုလည်း အောက်က comment⬇️⬇️ မှာ ရေးသွားနိုင်ပါတယ်။ နောက်လာမယ့် အပါတ်တွေမှာ ဖြေပေးသွားပါ့မယ် ခင်ဗျ။ ဒီpost လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
AdBlue စနစ်အကြောင်း💭💬
စာဖတ်ချိန် - (၃) မိနစ်
ညီကို တို့အားလုံးကို Mechanic Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ မော်ဒယ်မြင့် ဒီဇယ် ကားတွေမှာ တွေ့ရတဲ့ AdBlue စနစ် အကြောင်းကို ပြောပေးမှာပဲဖြစ်ပါတယ်။
ဒီဇယ်ကားတွေဟာ NOx ဆိုတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့ကို ထုတ်လုပ်တာကြောင့် 2015 နောက်ပိုင်းက စပြီး ကားတွေမှာ NOx ဓာတ်ငွေ့တွေကို လျှော့ချ ထုတ်လုပ်ဖို့ AdBlue ဆိုတဲ့ အိတ်ဇောငွေ့ရည် တစ်မျိုးကို ထည့်သွင်းလာကြပါတယ်။
ဒါဆိုရင် AdBlue စနစ် ဘယ်လိုအလုပ်လုပ်ပါသလဲ?
AdBlue ဆိုတာ ပေါင်းခံရည်နဲ့ ယူရီးယား တွေ ပေါင်းစပ်ထားတဲ့ အရည်တစ်မျိုးပါ။ ကားရဲ့ အိတ်ဇော စနစ်ထဲကို AdBlue ရည်တွေ ဖျန်းပက်ကာ၊ အဆိပ်ရှိ NOx တွေနဲ့ ဓာတ်ပြုပြီး၊ ရေ နဲ့ နိုက်တြိုဂျင် ဓာတ်ငွေ့တွေ ပြန်လည်ထွက်ရှိပါတယ်။
***AdBlue ဟာ ဒီဇယ်ဆီနဲ့ရောနှော နေတာ မဟုတ်ပဲနဲ့ သူ့တိုင်ကီနဲ့သူ ရှိတဲ့ ဆီပါ။ ဆီ နှစ်မျိုး ရောနှော ထည့်မိတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်ရမှာပါ။
ဒါဆိုရင် AdBlue မရှိရင်ဘာဖြစ်မလဲ?
ဒိုင်ခွက်မှာ AdBlue အရည် နည်းနေပြီဆိုတဲ့ warning light ပေါ်လာမှာပါ။ လုံးဝ ကုန်သွားတဲ့ အနေအထားရောက်လာပြီ ဆိုရင်တော့ ကားဟာ “limp mode” ဆိုတဲ့ အင်ဂျင်နဲ့ ဂီယာဘောက်တွေ မထိခိုက်အောင် ကားကို အမြန်မောင်းလို့မရတော့တဲ့ အခြေအနေ ဆီ,ရောက်သွားမှာပါ။
AdBlue စနစ်ကို ဥရောပ တစ်ခွင်မှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ ဒါပေမယ့် မြန်မာပြည် ဒီဇယ်ကားစျေးကွက်မှာတော့ လောက်လောက်ငှငှ မတွေ့ရသေးပါဘူး။ ဒါဘာလို့ပါလဲ? ရှင်းပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ ညစ်ညမ်းဓာတ်ငွေ့ထုတ်လုပ်မှုကို ဥပဒေတွေနဲ့ မတင်းကြပ်လို့ပါ။ အရင် စက်မှုဇုန်ခေတ်ကတည်းက (Suzuki) R minus တွေမှာဆို ကျောက်ဇကာ ဆိုတာ ပါမလာခဲ့ပါဘူး။ မြန်မာပြည်အတွက်လို့ ဆိုရင်ကို ကား ကုမ္ပဏီတွေက အမြတ်အစွန်းပိုကျန်အောင် ပစ္စည်းတစ်ချို့ကို မတပ်ကြတာပါ။ ဂျင်းဆိုတာ အခုမှ မဟုတ်ပဲ အရင်တည်းက ဂျင်းထည့်ခံနေကြ ကိုရွှေမြန်မာ ဖြစ်ကြောင်း…😁
ညီ/အစ်ကိုတို့ကို တစ်ခုလောက်
အကူအညီတောင်းပါရစေ။ ဒီpost လေးကို
ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ မူရင်းပို့စ် လေးအောက်မှာလည်း like လုပ်ပေးဖို့မမေ့ပါနဲ့နော်။
စာဖတ်သူပရိတ်သတ်အပေါင်း ကိုယ်စိတ်နှဖြာ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏼
Mechanic Hub မှ စာမူများကို ကူးယူဖော်ပြခွင့် မပြုပါဘူး ခင်ဗျ။
ဒီဇယ် Vs ဓာတ်ဆီ - https://www.facebook.com/100085449623945/posts/142301528628167/?mibextid=cr9u03
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Opening Hours
Monday | 17:00 - 20:00 |
Tuesday | 17:00 - 20:00 |
Wednesday | 17:00 - 20:00 |
Thursday | 17:00 - 20:00 |
Friday | 17:00 - 20:00 |
Saturday | 08:00 - 19:00 |
Corner Of Tapin Shwe Htee Street & Ariya Mahon Street
Yangon
ဝန်ဆောင်မှု့အပြည့်ပေးမဲ့ AYK Service
Thu Mingalar Road, Myanmar, Burma (Myanmar)
Yangon
စျေးနှုန်းချိုသာစွာဖြင့် ကားအငှားဝန်ဆောင်မှုပေးပါသည်
အမှတ် ၂၇/၂ ၊ ၁၄/၂ ရပ်ကွက် ၊သံသုမာလမ်း ၊ တောင်ဥက္ကလာပမြို့နယ်
Yangon, 11091
No. 8, Kone Baung Street, East Dagon
Yangon, 11011
သင့်စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့၏ အကျိုးအမြတ် ဖြစ်ပါသည်
No. 173 (A/B), Corner Of Myawaddy Min Gyi Street And Satekanthar Street. Zone (4), Hlaing Thar Yar Towinship
Yangon
One stop car service center, Workshop, Body and Paint