MWBiz

MWBiz

You may also like

Romal
Romal

Trust The Power of MWBiz

N&M 07/01/2024

🍂🌱🌵🎋🍃ကဲ ဒီတခါတော့ ကံကောင်း လာဘ်ပွင့် ကျန်းမာချမ်းသာစေတဲ့ အပင်လေးတွေပါတဲ့ရှင်🙏🙏🙏

👇🏼👇🏼👇🏼
Link လေးကိုနှိပ်ပြီးဖတ်ရမှာပါ 🥰

N&M

01/01/2024
25/12/2023
N&M 24/12/2023

အပင်ချစ်သူ​လေးတွေအတွက် ဘယ်အပင်လေးတွေကိုအိမ်ထဲမှာစိုက်ထားမိရင် ကံမကောင်းခြင်းတွေကိုဖြစ်စေတတ်လည်းဆိုတာ ပြောပြပေးထားပါတယ်နော်

👇🏼👇

N&M

16/11/2023

2024 မှာ Like နဲ့ Followers တိုးဖို့
------------------------------------------
ဒီနေ့ မင်ပြောပြမယ့် အကြောင်းကိုသိပ်စိတ်ဝင်စားသွားပြီမဟုတ်လား
ဒါက မင် ဖန်တီးပြီးရေးထားတာမဟုတ်ပါဘူးနော် Facebook ကကိုတရားဝင်ပြောထားတာပါနော် မင်က မြန်မာဘာသာပြန်ပေးရုံသက်သက်ပါ။

အပိုင်း ၁ အနေနဲ့ ၈ချက်ကိုအရင်ပြောပြပေးသွားပါမယ်

ကဲ ဘာတွေလည်းဆိုတာလေ့လာကြည့်ရအောင်

1. Run Facebook Ads
××××××××××××××××××
Facebook မှာကြေငြာ‌များထည့်ခြင်း

Facebook နဲ့ engagement လုပ်ပြီးကြေငြာတွေထည့်တာက page ကိုလူတော်တော်များများကိုမြင်စေနိုင်တယ်။ ကိုယ်ဖန်တီးလိုက်တဲ့ Conversion ads တွေကတောင်မှ followers တွေကိုတိုးပွားစေနိုင်တယ်။ Facebook အသုံးပြုသူတွေကသင့်ရဲ့ ကြေငြာ(ads)တွေကိုကြိုက်ခဲ့ရင် အဲ့ဒီ post ကို engage လုပ်ပြီးသင့်ရဲ့ page ကိုတောင်မှ like and follow လုပ်ကောင်းလုပ်နိုင်ပါတယ်။ သင့်ရဲ့အဓိကရည်မှန်းချက်က ပစ္စည်းတွေရောင်းထွက်ဖို့အတွက်ဆိုရင် conversion ads ကိုအသုံးပြုပြီး page ကို like အရေအတွက်များအောင်ပြုလုပ်လို့ရပါတယ်။

2.Invite People to Like your page
××××××××××××××××××××××××××
သင့်ရဲ့ page ကို like လုပ်ဖို့ invite လုပ်ခြင်း

Followers တွေတိုးဖို့အလွယ်ကူဆုံးနည်းလမ်းက page ကို likeလုပ်ဖို့ invite လုပ်တာပဲဖြစ်ပါတယ်။ အခြေခံအကျဆုံးကတော့မိသားစုနဲ့သူငယ်ချင်းတွေကစတာပေါ့။ သင်ကြေငြာတွေစထည့်တဲ့အချိန်ကစပြီး Facebook က သင့်ရဲ့ page ကို likeလုပ်ရန် လူတွေကို invite လုပ်ဖို့ notification တွေမကြာခဏပို့ပါလိမ့်မယ်။ engagement adsတစ်ခုကိုစလိုက်တာနဲ့ pageကို like လုပ်ရန် invite လုပ်နိုင်တဲ့လူအရေအတွက်အများကြီးရလာလိမ့်မယ်။
ဒါပေမယ့်လူအများကြီးကိုတစ်ကြိမ်တည်းမှာ invite လုပ်ရင် Facebook ကယာယီ block တတ်တာ‌ေကြာင့်တစ်ကြိမ်မှာ invite လုပ်တဲ့လူအရေအတွက်ကိုကန့်သတ်ထားဖို့လိုပါတယ်။

3.Create Viral Content
××××××××××××××××××
Viral Content ဖန်တီးပါ။

Popular အဖြစ်ဆုံး page မှာmemes‌တွေ၊ ရယ်စရာဗီဒီယိုတွေနဲ့ဆက်စပ်နေတဲ့ကိုးကားချက်များကိုမျှဝေခြင်းကလည်းထိရောက်ပါတယ်။လူများက social media တွင်သူတို့သူငယ်ချင်းများကို tag ပြီး post တွေပြန်တင်တာကြောငိ့ social media engagement တွေသာမက သင့်ရဲ့ page ကလည်းလူတော်များ"ရဲ့ media ထိရောက်နိုင်ပါတယ်။သင်က viral content တွေဖန်တီးဖို့အနုပညာအရည်အချင်းဖြစ်"မရှိရင်သူများတင်ထားတဲ့အကြောင်းအရာ‌တွေကို share နိုင်ပါတယ်။ ဒါပေမယ့် owner ကိုအမြဲတမ်း credit ပေးပါ။

4. Host a giveaway
×××××××××××××××
Giveaway ပြုလုပ်ပါ။
‌
Giveaways ပေးခြင်းသည် Facebook Like များတိုးပွားဖို့အတွက်နည်းလမ်းကောင်းတစ်ခုဖြစ်တယ်။ Rafflecopter လို app မျိုးကိုအသုံးပြုပြီး သင့် website တွင် giveaway များပေးနိုင်တယ်။
သင့်ရဲ့ giveaway ကို Facebook group များ သို့မဟုတ် forums များ၊ giveaway website များနှင့် သင်ရဲ့ page တွင်မျှဝေပါ။ထိူ့နောက်"visit page" ကိုenterလုပ်ပါဟု post တွင်ရေးခြင်းဖြင့်သင့်ရဲ့ Facebook follower အရေအတွက်ကိုပိုမိုတိုးလာစေနိုင်ပါတယ်။
Giveaway ပေးဖို့အားလုံးပြင်ဆင်ပြီးသည်နှင့် Facebook တွင် limit မထားဘဲ၊ ရှိသမျှ socialတိုင်းနဲ့ marketing channel တိုင်းကိုမျှဝေပါ။facebook like များရရှိရန် giveaway များကို အသုံးပြုပါ။

5. Post attention grabbing content
××××××××××××××××××××××××××
Attention ရစေလောက်တဲ့အကြောင်းအရာများကိုတင်ပါ။

သင်က Facebook likes များကိုဘယ်လိုယူရမလဲစဉ်းစားနေတယ်ဆိုရင် အရင်ဆုံးသင့် content က feeds ပေါ်တွင်ထင်ရှားနေေအာင်လုပ်ရမယ်။ gif တွေတင်ခြင်းကလည်းလူတွေရဲ့အာရုံကိုဖမ်းစားနိုင်တယ်။ gif တွေက feeds ကိုရှေ့နောက်ဆွဲနေစဉ် post ရဲ့ background colour ကို ထောင့်ဖြတ်မျဥ်းပုံစံပြောင်းလဲပေးတာကြောင့်၊ မျက်လုံးတွေက အဲ့တာကိုသတိထားမိပြီး engage လုပ်နိုင်ခြေပိုများပါတယ်။အဆိုပါအကြောင်းအရာများကို post တင်ခြင်းကလည်းသူ့ရဲ့ထူးခြားမှုနှင့် ဆွဲဆောင်မှုတို့ကြောင့်သင့်အား Facebook followers များရရှိစေရန်ကူညီပေးနိုင်‌ပါတယ်။

6. Try out Facebook Live
×××××××××××××××××××××
Live လွင့်ကြော်ငြာပါ
တကယ္ လို့များ ကိုယ်ကOnline shopping လုပ်မှာဆိုရင်တော့ အချိန်မှန်မှန်လေး live လွင့်ဘို့လိုပါလိမ့်မယ်
ဥပမာ အပတ်စဥ်Saturday Sunday ( 7 to 9pm) ဆိုရင် အမြဲအဲဒီအချိန်ပုံသေ Live လွင့်ရ ပါမယ်

7.Partner with an influencer
×××××××××××××××××××××××
Influencer ေတွနဲ့ကြော်ငြာရင် followers များနိုင်ပေမယ့် budget ကို စဥ်းစားနေရသူဆိုရင်တော့ fan များများရှိတဲ့ bloggers လိုမျိုးကိုရှာပြီး ကိုယ့် Products ကိုသုံးခိုင်းပြီးကြော်ညာခိုင်းတာကလည်း followers တိုးစေတဲ့အချက်တစ်ခုပါဘဲ
အခြား pageများမှ Tagged ရယူပါ။

9. Get tagged by other pages
××××××××××××××××××××××××××
ပို၍လူသိများသော page များမှ organic shout-out တွေရယူခြင်းကသင့်ရဲ့ Facebook Follower များပိုမိုရရှိ‌‌နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ shout out တစ်ခုရရှိဖို့ကတော့လုပ်ငန်းတူမဟုတ်တဲ့ သို့မဟုတ် အခြားပြိုင်ဘက်မဟုတ်သော လုပ်ငန်းများက ပုံမှန်ပြသပေးသည့် ကုန်အမှတ်တံဆိပ်များကို ရှာဖွေပါ။
ဥပမာအားဖြင့်၊ သင်သည် နာရီများကို ရောင်းချပါက၊ အခြားအမှတ်တံဆိပ်၏ နေကာမျက်မှန်များဖြင့် သင့်နာရီနှင့်အတူ ရိုက်ထားေသာဓာတ်ပုံကို ပုံတွင်ပါရှိသော အမှတ်တံဆိပ်ကို tagged ထိုးခြင်းဖြင့် post တင်နိုင်ပါတယ်

ကဲ နောက် ၈ချက်ကနောက်တပတ်ထဲဆက်ပြောပြမယ်နော် post ကို ကြိုက်နှစ်သက်တယ်ဆိုရင် like and Share လုပ်လို့ရပါတယ် copy လုပ်ခြင်းခွင့်မပြုပါ စိတ်ဝင်စားစရာအကြောင်းအရာများကိုအမြဲတင်ဆက်ပေးနေမှာမို့ Page လေးကို like လုပ်ထား ပါ ❤️❤️

My Calander Application for women 23/07/2023

အမျိုးသမီးများအတွက် အရမ်းအသုံးဝင် အကျိုးရှိတဲ့ My Calander Application လေးအကြောင်းတင်ပေးလိုက်ပါပြီ လေ့လာကြည့်ပေးကြဦးနော်

My Calander Application for women My Calander for women

02/07/2023

ဒီတခါမှာတော့ MWBiz က ပြောပြပေးချင်တဲ့ Application လေးတစ်ခု ရှိပါတယ် ။ အဲဒီ Application ကတော့ Expense Managerဆိုတဲ့ App လေးပါ။ Android အတွက်ရော IOS အတွက်ပါရှိတဲ့အတွက် လွယ်လွယ်ကူကူ စာရင်းမှတ်ချင်သူများ အတွက်အရမ်းအဆင်ပြေပါတယ်နော်။

OS သမားတွေအတွက်လည်း အဆင်ပြေတဲ့ Application လေးဖြစ်ပါတယ်။ အသုံးပြုပုံကိုတော့ Video လေးနဲ့ ရှင်းပြပေးထားပါတယ်။ နားမလည်ရင်လည်း messenger ကနေမေးလို့ရပါတယ်။

Application download လုပ်ရမယ့် Link တွေကိုလည်း အောက်က comment မှာ ထည့်ပေးထားပါတယ်။ အဆင်ပြေကြပါစေ။

https://youtu.be/KbN6UI1zwcs

14/05/2023

ခုတလော marketing လုပ်ရတာ အဆင်ပြေမနေဘူးနော် ဟုတ်လား Target ထိဘို့ခက်နေပြီ ဆိုတာ စီးပွါးရေး ဝင်ငွေကျနေပြီမို့ပါ မုန်တိုင်းအန္တရယ်ဂရုစိုက်ကြပါ❤️❤️

26/04/2023

Meta business suit အကြောင်းပြောမယ်ဆိုပြီးမပြောဖြစ်သေးတာ နည်းနည်းကြာသွားပြီ မပြောဖြစ်တဲ့အကြောင်းက business suit ကသာမန်အရောင်းအဝယ်တွေအတွက်ထူးထူးခြားခြား အသုံးဝင်တာမျိုးမရှိလို့ပါ page ကနေလဲ boost လုပ်လို့ရနေပြီး text ပြင်ရုံလောက်ဆို meta ads ကလည်းအလုပ်ဖြစ်ပါတယ် Meta ads ကတော့ ရှင်းပါတယ် သိချင်တာရှိရင် message ပို့မေးနိုင်ပါတယ်

27/03/2023

မိမိကိုယ်တိုင် boost လုပ်ရာတွင်ဆောင်ရန်/ရှောင်ရန်များ
***********************
Meta မသွားခင် အရေးကြီးတာလေးပြောဦးမယ်

MM မှာက ခု VPN တေွေနွေဲ့သုံးနေရတာဆိုတော့ Ad account တခါကျတိုင်း အသစ်တစ်ခုဝယ်နေရတော့ ကျလိုက်ဝယ်လိုက်နဲ့ သံသရာတွေလည်နေရောပေါ့

နည်းလမ်း ရှိတယ်ဗျ

1. Boost လုပ်ထားတဲ့ Post ကိုခနခနမပြင်နဲ့ (လုပ်ကတည်းကစနစ်တကျလုပ်) ပြီးပြီးရောလုပ်ထားပြီး ခနခနပြင်ရင် Account ကျမှာဘဲ
2.Post 2ခု 3ခု တပြိုင်နက် boost မလုပ်နဲ့ (အကျိုးမရှိ ပိုက်ဆံကုန်)
3. Boost post လုပ်ထားရင်း page like /followers တက်အောင်မလုပ်နဲ့ (page promote မလုပ်နဲ့ တစ်ခုဆိုတစ်ခုဘဲလုပ်)
4.Ads account တစ်ခုကို device တစ်ခုမှာဘဲ စွဲစွဲမြဲမြဲသုံး (အဲ account တစ်ခုကို ဟိုဖုန်းနဲ့ ဝင်လိုက် ဒီဖုန်းနဲ့ဝင်လိုက် ကွန်ပျူတာကဝင်လိုက်မလုပ်နဲ့)
5.အကြွေးတောင်းခံရရင်ချက်ချင်းဆပ်(အကြွေးမကြေရင် account disabled ဖြစ်မယ်)

ကဲခုလောက်ဆိုတော်တော်လေးလုံလောက်သွားပြီ ကျွန်တော်ပြောထားတဲ့အချက်တွေအကုန်လုပ်ရင် Account မကျဘူးဗျ အာမခံတယ် မရောင်းရဘူးမပြောနဲ့ Post ကို Customer စိတ်ဝင်စားအောင်အရင်လုပ်ပြီးမှ boost ကြပါ

Training တွေလည်းတက်ချင်ရင်
1. Attractive Animation video and photo creation (Fees 100000 ks , 1 month duration)
2. Attractive business chat bot creation (Fees 100000 ks , 1 month duration)

Information မပြတ် သိရအောင် www.facebook.com/mmwebbiz ကိုfollow လုပ်ထားပါဗျ။ like and share ပြုလုပ်ပေးခြင်းဖြင့် အပြန်အလှန် ကူညီလို့ရပါတယ်။ Copy လုပ်ခြင်းခွင့်မပြုပါ။

25/03/2023

မဂ်လာ နံနက်ခင်းပါဗျာ မေးစရာလေးတွေကို messenger မှာ Hi ရင်းတခါတည်း message ချန်ခဲ့ပေးပါဗျ အားတာနဲ့ကျွန်တော်ဖြေပေးပါတယ် အဆင်ပြေကြပါစေဗျာ

24/03/2023

မိမိကိုယ်တိုင် boost လုပ်နည်းပြောပြီးပြီဆိုတော့ ခုဆက်ပြောပေးမယ့်အကြောင်းအရာက
သင့်အတွက် အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေအမြဲ တင်ပေးသွားမှာမို့ www.facebook.com/mmwebbiz page ကို follow လုပ်ထားပါ သိချင်တဲ့အကြောင်းအရာများကိုလည်း messenger ကမေးမြန်းနိုင်ပါတယ်

Photos from MWBiz's post 23/03/2023

မိမိကိုယ်တိုင် boost လုပ်နည်း နောက်ဆုံးအပိုင်း
****************************************************************

📌နောက်ဆုံး အပိုင်းကို ရောက်လာပါပြီ service အပ်တာထက် ကိုယ့်ဘာသာ အရင် boost လုပ်ကြည့်ကြစေချင်တယ် အကုန်အကျလည်း ပိုသက်သာသလို တကယ် ရောင်းရတဲ့ အခါမှာလည်း စိတ်ကျေနပ်မှု ရော Motivation ပါရတာမို့လုပ်ငန်းက သိပ်မကြီးရင် ကိုယ့်ဘာသာ boost လုပ်ကြဘို့တိုက်တွန်းချင်ပါတယ် လုပ်ငန်းကြီးရင်တော့ အဲဒီ အပိုင်းအတွက်သီးသန့် အချိန်မပေးနိုင်တော့တာမို့ ထိရောက်တဲ့ Photo , Animation Video တွေနဲ့ Service ပေးနိုင်တဲ့ အဖွဲ့အစည်းကို
အပ်တာ အကောင်းဆုံးပါ။ MWBiz က လုပ်ငန်းကြီးများအတွက် ထိရောက်သော Service ဆောင်ရွက်ပေးပါတယ် မိမိဘာသာBoost လုပ်ချင်သူများအတွက်လည်း အောက်ပါသင်တန်း (၂) မျိုးကို သင်ကြားပေးပါတယ်။

👉1. Attractive Animation video and photo creation (Fees 100000 ks , 1 month duration)
👉2. Attractive business chat bot creation (Fees 100000 ks , 1 month duration)

ကဲ ကြော်ငြာ၀င်ပြီးပြီဆိုတော့ နောက်ဆုံးအပိုင်းလေး ဆက်ပါမယ်။ နောက်ဆုံး အပိုင်းကတော့ Total Budget ဖြစ်ပါတယ်။ အဲဒီမှာကိုယ်ရွေးချယ်ထားခဲ့မှု ဘယ်လောက်မှန်မမှန် ကို Estimated Daily Result မှာ ကြည့်လို့ရပါတယ် ကိုယ် က Interest , Demographic, Locationတွေ သေချာလေးမှန်မှန်ကန်ကန် ရွေးနိုင်ခဲ့တယ်ဆိုရင် Post Engagement နဲ့ People reach က အရေအတွက် က ကောင်းနေမှာပါဘဲ Post Engagement
က ကိုယ့် Post ကိုလူဘယ်နှစ်ယောက်ကြည့်သလဲ လို့ အလွယ်မှတ်ထားနိုင်ပြီးတော့ Post Reach ကတော့ လူဘယ်နှစ်ယောက်ဆီ FB က ပို့ပေးထားသလဲဖြစ်ပါတယ် မတူပါဘူးနော် ကိုယ့်ကြော်ငြာ ကို စ run တော့မယ် ဆိုရင် တနေ့ကို ၂ဒေါ်လာ ၃ဒေါ်လာနဲ့ ၁၀ ရက်လောက် run တာက တစ် ရက်တည်း ၁၀ဒေါ်လာသုံးပြီး
နှစ်ရက် run တာထက် ပိုကောင်းတယ်လို့ ယူဆရပါတယ်။ လုပ်ငန်းပေါ်လည်း နည်းနည်းမူတည်တတ်ပါတယ်။ ရွေးချယ်မှု မှန်ကန်ဘို့တော့လိုတာပေါ့။ ကိုယ်လုပ်နိုင်သလောက်အတတ်နိုင်ဆုံးကြိုးစားကြည့်ပါ။ ကျန်တာကတော့ ကံပေါ့နော။

🗣ဒီမှာ Payment Method အကြောင်း နည်းနည်း ပြောပြပါမယ်။
Boost လုပ်တဲ့အခါ မြန်မာ မှာသုံးလို့ရတာ Card နှစ်မျိုးဘဲရှိပါတယ် Visa ကဒ် ဖြစ်ရပါမယ် ။ MPU မရပါဘူးနော် ။ Visa မှရပါမယ်။ Visa မှာ နှစ်မျိုးရှိပါတယ်
debit card နဲ့ credit card ပါ။ Debit ကဒ်က ကိုယ့်ပိုက်ဆံကိုယ်သွင်းပြီးသုံးရတာပါ။ Credit card ကတော့ ဘဏ်ကချေးထားတာလို့ အလွယ်မှတ်လို့ရပါတယ်။ လစာ၀င်ငွေတစ်ခုရှိမှ credit card လျောက်လို့ရပါတယ်။ ဘဏ်ကို အမြဲပြန်ဆပ်နေရမယ့်ကဒ်က credit card ပါ။ debit card ကတော့ ကိုယ့်ပိုက်ဆံ ကိုယ်ကြိုက်သလောက်ထည့်သုံးလို့
ရတဲ့ Card မို့ ဘဏ်နဲ့မဆိုင်ပါဘူး။ ကွဲကွဲပြားပြားသိအောင်လို့ပါ။

သူများကို ခိုင်းမယ်ဆိုရင်တောင် ကိုယ်က နည်းနည်းတတ်နေဘို့တော့လိုပါတယ်။ ဒါဆို အလိမ်ခံရနိုင်ချေလည်းနည်းတာပါပေါ့။ ကျွန်တော်တို့ MWBiz က တင်တဲ့ Post လေးကို ဖတ်ပြီး ကိုယ်တိုင် boost လုပ်ရင်း လုပ်ငန်းတွေအောင်မြင်ကြပါစေ လိုဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

ဆက်လက်ပြီးလည်း လုပ်ငန်းနဲ့ ပက်သက်တံ့ Meta business suit အကြောင်းလည်း ရှင်းပြပေးဦးမှာ မို့ Information မပြတ် သိရအောင် www.facebook.com/mmwebbiz ကိုfollow လုပ်ထားပါဗျ။ like and share ပြုလုပ်ပေးခြင်းဖြင့် အပြန်အလှန် ကူညီလို့ရပါတယ်။ Copy လုပ်ခြင်းခွင့်မပြုပါ။

Photos from MWBiz's post 21/03/2023

မိမိကိုယ်တိုင် BOOST လုပ်နည်း အပိုင်း(၅)
*****************************************************

အပိုင်း (၅) မှာ တော့ အရေးအကြီးဆုံးအပိုင်း ကို ပြောရပါတော့မယ် ဟုတ် ပါတယ် Audience ပါ ရွေးချယ်စရာတွေကို စဉ်းစားရွေးချယ်ရတာဖြစ်ပါတယ်
Post တစ်ခုက Performance ကောင်းကောင်းရဘို့ target audience ကိုရွေးတာက သိပ်အရေးကြီးပါတယ် ဒါကြောင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး
Audience ကိုရွေးဘို့လိုပါတယ် တွေ့ကရာအကုန်လျောက်ရွေးရင်တော့ ကောင်းတဲ့ result မရနိုင်သလို မလိုအပ်တဲ့ Audience တွေရဲ့ News Feed တွေမှာလျောက်ပေါ်ပြီး ထီကံစမ်းသလိုဖြစ်နေမှာပါ။

Advantage Audience ရဲ့အောက်က Edit ကိုနှိပ်ပါ။ ကိုယ့်လုပ်ငန်းက နိုင်ငံခြားနဲ့ဆက်စပ်လုပ်ရတဲ့လုပ်ငန်းမျိုးဆိုရင် Location မှာ Myanmar အပြင်တခြား နိုင်ငံတွေကိုလည်း ရွေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ် target ထားတဲ့ audience ကမြန်မာပြည်က customer တွေဘဲဆိုရင် Myanmar တစ်ခုဘဲရွေးပါ။ အဲလိုမှမဟုတ်ဘဲ
ကိုယ် လုပ်ငန်းက product က ရန်ကုန်၊ မန္တလေးမြို့တွင်းဘဲရပြီး Location ကို Myanmar လို့ရွေးထားရင်လည်း Target မထိနိုင်တော့ဘူးပေါ့ Target ကမြန်မာတနိုင်ငံလုံး
ပတ်နေပြီး ပစ္စည်းလာ၀ယ်တော့လည်း မပို့နိုင်ဆိုတာမျိုးဖြစ်နေမှာပေါ့ မဟုတ်ဘူးလား စဉ်းစားကြည့်လေ ဥပမာ မင်မင် ဆိုရင် ကိုယ်တိုင်စည်းပေးတဲ့ပန်းစည်းလေးတွေ အမှတ်တရနေ့တွေမှာ ချစ်သူခင်သူတွေဆီရောက်နိုင်ဘို့ ပို့ပေးတဲ့လုပ်ငန်းလုပ်သူပါ။ ဒါပေမယ့် ပန်းဆိုတာမျိုးက တနိုင်ငံလုံးမပို့နိုင်ဘူးလေ ညှိုးလို့ကုန်ရောပေါ့ တနေ့တာအတွင်း တနိုင်ငံလုံးပတ်ပို့ဘို့ဆိုတာလည်း ဖြစ်နိုင်ပါ့မလား
အဲတော့ Location သည် Yangon မြို့တွင်းဘဲ ေ၇ွးသင်တယ်။ မင့် လုပ်ငန်းကMadalay မှာ ဆိုင်ခွဲရှိရင်တော့ Yangon, Mandalay နှစ်ခုရွေးလို့ရတာပေါ့ အဲဒါမျိုး။ ဆိုတော့ ခုထိပြောသွားတဲံ့ အပိုင်းကိုနားလည်မယ်ထင်ပါတယ်နော်

နောက်တစ်ခုကတော့ Characteristics ( Demographic,Interests or behaviors) ဒါကကျတော့ ပိုပြီး အသေးစိတ်ရွေးလို့ရသေးတယ်ဆိုတဲ့သဘောဘဲ
Location ကို Yangon လို့ရွေးထားတယ်ဆိုရင် Yangon ထဲကမှ ဘယ်လိုလူမျိုးဆီကို ကိုယ့်ကြော်ငြာပြချင်တာလဲ ဆိုတာ ထပ်ရွေးရတာပေါ့ မင့် လုပ်ငန်းနဲ့ဘဲ ဥပမာပေးရအောင်ပါ။ မင်က ရန်ကုန်မြို့မှာ
ရှိတဲ့ ကိုယ့်ပစ္စည်းကို စိတ်၀င်စားမယ့် (Interests) ကို ရှာရတော့မယ် အဲမှာ မင်က Business and Industry ကို ရွေးတယ်ထားပါတော့ ကြည့်လိုက်လေ အဲထဲက Construction ဆိုတာမပါဘူးလား ဆိုတော့ကာ
Construction ကလူတွေက ပန်းစည်းကို ဘာလုပ်ရမလဲ ပန်းနဲ့ အိမ်ဆောက်လို့မှ မရတာလေ သူစိတ်၀င်စားတာ အုတ် သဲကျောက်နဲ့ အိမ်ဆောက်ပစ္စည်းဘဲဖြစ်မှာပေ့ါ အဲတော့ ကိုယ်ရွေးတာသည် အလကားဖြစ်သွားရော
မဟုတ်ဘူးလား ဒါကြောင့် မင်က မင်ရွေးထားတာကို ပုံ(၉) မှာ ပြထားပါတယ်။ Age နဲ့ Gender ကတော့ အသက်ကြီးကြီးငယ် ငယ် ပန်းကြိုက်တာမို ၁၈ ကနေ ၆၅ ထိရွေးထားပြီး ကျားဖြစ်ဖြစ် မဖြစ်ဖြစ် ပန်းစည်းပေးလို့ရတယ်
ကျားကတော့ Cash bouquet လိုဟာမျိုးပေါ့ ဆိုတော့ မင်က Gender ကို All ရွေးလိုက်တယ်

အဲဒီအခါ ကိုယ့် Audience Size ဘယ်လောက်ထိရောက်နိုင်တယ်ဆိုတာ Fb က အကြမ်းဖျင်းတွက်ပြီးထုတ်ပြပေးလိမ့်မယ်
ပုံ(၁၀) မှာ ဝိုင်းပြထားပါတယ်။ ကဲဒီနေ့တော့ ဒီလောက်ပါဘဲ ဒီအပိုင်းကတော့ သေချာလေ့လာဘို့လိုမယ်ထင်ပါတယ် နောက်နေ့ နောက်ဆုံးအပိုင်းတင်ပေးပါမယ်

ခု MWBiz Page မှာတင်ထားတဲ့ မိမိကိုယ်တိုင် boost လုပ်နည်း က လူကြီးမင်းအတွက် အသုံး၀င်အကျိုးရှိတယ်ဆိုရင် Information တွေအဆက်မပြတ်သိနိုင်ဘို့ Page ကို Follow လုပ်ထားပါ။ Like and Share လုပ်ခြင်းဖြင့်လည်း
တစ်ဦးကိုတစ်ဦးကူညီနိုင်ပါတယ်။ Copy လုပ်ပြီး ဖြန့်ဝေခြင်းခွင့်မပြုပါ။

Photos from MWBiz's post 20/03/2023

မိမိကိုယ်တိုင် Boost လုပ်နည်း အပိုင်း(၄)
***************************
အပိုင်း (၄) မှာတော့ Welcome message အကြောင်းကို အဓိကထား ပြောပေးပါမယ် ကျန်တာက သိပ် အရေးမကြီးလို့ အကြမ်းဖျင်းဘဲပြောလိုက်ပါမယ်

ပုံမှာ ပြထားတဲ့အတိုင်းဘဲ Special Ads Category ကိုတော့ off ဘဲလုပ်ထားလိုက်ပါ။ သာမန် အရောင်းသမားတွေအတွက် ဒီ function က ဘာမှသိပ် အသုံးမ၀င်လှပါဘူး

Messaging Apps မှာတော့ Facebook, Instagram နဲ့ Messenger ဆိုပြီး ၃မျိုးစလုံးရွေးထားပါ Instagram Account ဖွင့်ပြီး တခါတည်း connect လုပ်ထားတာက မလုပ်တာထက် အများကြီးပိုကောင်းပါတယ်

ကဲ အရေးကြီးတဲ့ အပိုင်းလေးသွားမယ်

ပုံ (၆)မှာ Welcome Message ဆိုတာလေးတွေ့မယ်ထင်တယ် အဲဒါက အသုံး၀င်တယ် ကိုယ်ရောင်းမယ့် Product နဲ့ ဆိုင်တဲ့ မေးခွန်းလေးတွေ ဥပမာ ကိုယ်က Customer ဆိုရင်
ကိုယ်ဘာတွေသိချင်လဲ စဉ်းစားထားပေါ့ ခင်ဗျားလုပ်ငန်း က အ၀တ်အထည် ရောင်းတာဆိုရင် မေးခွန်းမှာ အထည်အမျိုးအစားများထည့်ပေါ့ အဖြေမှာ လူကြီး၀တ် ကလေး၀တ် ကျား။မ တီရှပ် ဆိုဒ်စုံရသည် လို့ထည့်ပေါ့
နောက်မေးခွန်းတခုထည့်ချင်သေးတယ် ဥပမာ လူကြီး၀တ် တီရှပ်ဈေးနှုန်းများ ဆိုရင် အဖြေက မြန်မာငွေ ၆၀၀၀ မှ ၁၀၀၀၀ ကြား ဆိုတာမျိုးပေါ့ အဲလို အမေးအဖြေကို အနည်းဆုံး ၃ ခုလောက်ထည့်ထား Facebook က default အနေနဲ့ (၅)ခု အထိထည့်လို့ရပါတယ်
အဲဒါဆိုရင် Customer စိတ်၀င်စားမှု ပိုရနိုင်တာပေါ့ အမေးအဖြေ အားလုံးထည့်ပြီးရင် Save ကို နှိပ်ပါ ။ အဲဒါဆို Welcome Message အကွက်ထဲမှာရှိတဲ့ Automated Responses ဆိုတာလေးက off ကနေ On ဖြစ်သွားလိမ့်မယ်။ ဒါဆို ကိုယ် boost လုပ်မယ့် Post လေးကmessenger မှာ Auto Reply Chat Bot ( အလိုအလျောက်အမေးအဖြေလုပ်ပေးသော ချတ်) က ကိုယ် မရှိတဲ့ အချိန် မအားတဲ့ အချိန်ဆို ကိုယ်ထည့်ထားတဲ့ မေးခွန်းတွေကို ဖြေပေးလိမ့်မယ် အဲဒီ Function လေးက Boost လုပ်တဲ့နေရာမှာ အတော်အသုံး၀င်ပါတယ်။

Admin ဆီမှာတော့ ပိုကောင်းတဲ့ Chat bot AI ကို တည်ဆောက်ပေးနိုင်တဲ့ သင်တန်းရှိတာမို့ တက်ချင်ရင် www.facebook.com/mmwebbiz မှာ AI Chat Bot Training လို့ရေးပေးခဲ့လို့ ရပါတယ် သင်တန်းကြေး ၁၀၀,၀၀၀ ကျပ်ပါ။

အပိုင်း (၄ ) ထိမရှင်းတာရှိရင်လည်း messenger ကနေမေးလို့ရပါတယ်။ Post က လူကြီးမင်းတို့အတွက် အထောက်အကူ ဖြစ်တယ်ဆို update information အမြဲသိရဘို့ Page ကို Follow လုပ်ထားပါ။

Like and Share လုပ်ပေးခြင်းဖြင့်လည်း ကူညီနိုင်ပါတယ်။ Copy လုပ်ခြင်းခွင့်မပြုပါ။ မိမိလုပ်ငန်းပိုင်းနဲ့ ပက်သက်ပြီးမေးချင်တာရှိရင်လည်း messenger ကနေမေးလို့ရပါတယ်။ လောလော ဆယ် အခမဲ့ consulting လုပ်ပေးပါတယ်။


www.facebook.com/mmwebbiz

19/03/2023

မိမိကိုယ်တိုင် Boost လုပ်နည်း အပိုင်း ၃
***************************
ကဲ အပိုင်း ၃ မှာတော့ button တွေအကြောင်းလေးပြောပြပါမယ်

ကိုယ့်ကြော်ငြာမှာ button ထည့်ထားတဲ့အခါ customer တွေရဲ့ပိုစိတ်ဝင်စားမှုကိုရနိုင်ပါတယ် ဒါပေမယ့် ထည့်မယ့် button ကိုတော့ ကိုယ်ကဘာလုပ်စေချင်တာလည်းပေါ်မူတည်ပြီးရွေးပေးပါ

ဥပမာ ကိုယ့်ဆီကို customer ဆီကဖုန်းနဲ့ဆက်သွယ်စေချင်တာမျိုးဆို call now ကိုရွေးပေါ့ ကိုယ့်လုပ်ငန်းက Ticketing/ Hotel တို့လိုမျိုးဆို book now ပေါ့ အဝတ်အထည် စားသောက်ကုန် လူသုံးကုန် တိုက်ရိုက်လာဝယ်စေချင်တာမျိုးဆို shop now ပေါ့ အဲလိုမဟုတ် messenger က စုံစမ်းစေချင်တာမျိုးဆို send messages ပေါ့ သင်တန်းကျောင်းဖွင့်ထားတာ ဆိုရင် Sign up ကိုရွေးပေါ့ No button ကတော့ recommend မပေးဘူး ဆွဲဆောင်မှုမရှိဘူးလေနော် အဲဒါအပြင် Admin ကတော့ send what apps message ကိုဘယ်တော့မှမရွေးဘူး မြန်မာမှာ what app application ကိုသိပ်မသုံးကြဘူးလေ အလုပ်ပိုတာဘဲအဖတ်တင်တယ်

ခုလောက်ဆို button တွေအကြောင်းသိလောက်ပြီဆိုတော့ နောက်အပိုင်း လေးတွေဆက်ပါဦးမယ်
ခု post လေးက လူကြီးမင်း တို့အတွက် အထောက်အကူဖြစ်တယ်ဆို like and share ပြုလုပ်ပေးခြင်းဖြင့် အပြန်အလှန်ကူညီပါ
COPY လုပ်ခြင်းခွင့်မပြုပါ

Information တွေ အဆက်မပြတ်သိနိုင်ဖို့ Page လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်

Photos from MWBiz's post 19/03/2023

Boost လုပ်နည်း ဒုတိယပိုင်း
**********************
1. ပုံကတော့ ကြော်ငြာ ပါ မင်စည်းပေးထားတဲ့ပန်းစည်းလေးပါ order မှာလို့ရပါတယ် ပန်းအရေအတွက်ပေါ်မူတည်ပြီး amount အနည်းအများကွာပါတယ်
Boost post ဆိုတဲ့ ခလုတ်အပြာလေးကိုနှိပ်ပါ

Boost post လုပ်တာ ကရောင်းအားတက်အောင် လုပ်တာဖြစ်ပြီးတော့ promote page ကတော့ Page like များအောင်လုပ်တာပါ မတူပါဘူးနော်

Boost post ကိုနှိပ်တာနဲ့ Goal ဆိုတဲ့အပိုင်းလေးကို ပုံ (၂) အတိုင်းရောက်ပါမယ် အဲဒီ Goal အောက်မှာ အပိုင်း(၅)ပိုင်းပါပါတယ် ပုံ (၃) အထိပါ
Facebook ကတော့ Automatic ကိုရွေးထားပါတယ် ကိုယ် ဘာမှ လျာမရှည်ဘဲ သူ့အတိုင်းထားတာ အကောင်းဆုံးလို့အကြံပေးချင်ပါတယ် အသေးစိတ်ကို နောက်မှထပ်ရှင်းပြပါမယ်
Post ကိုနှစ်သက်တယ်ဆိုရင် like and share ပြုလုပ်ပေးခြင်းဖြင့်ကူညီပါ

COPY လုပ်ခြင်းခွင့်မပြုပါ

16/03/2023

Boost လုပ်ရန်လိုအပ်ချက်များ
***************************
1. Visa Card ( visa debit, visa credit ကြိုက်ရာသုံးလို့ရပါတယ် စနိုးကတော့ AYA visa debit card သုံးပါတယ်)
2. လုပ်ငန်း page
3. စိတ်ဝင်စားစရာကောင်းသော အရေးအသားနှင့်ပုံပါသော post တစ်ခု( Photoshop, Animation video စိတ်ဝင်စားလို့တက်ချင်ရင် သင်တန်းသီးသန့်ရှိပါတယ် )
4. Messenger မှ အလိုအလျောက် message ပြန်တဲ့စနစ် ရောင်းကုန်ပစ္စည်းနည်းရင် Facebook မှာ ပါပြီးသား function ကိုသုံးလည်းရပါတယ်( AI Chatbot, သင်တန်းသီးသန့်ရှိပါတယ်)
အထက်ပါအချက် ၄ချက်လုပ်ပြီးရင်တော့ post ကိုစပြီး boost လုပ်လို့ရပါပြီ
Boost လုပ်နည်းအဆင့်ဆင့်ကိုဆက်ရေးပေးပါဦးမယ်

25/12/2022

Merry Christmas 🎄

N&M 17/05/2022

ပန်းလေးတွေရယ် ပန်းစည်းလေးတွေရယ် လက်ဆောင်ပေးဘို့ဖြစ်ဖြစ် စိတ်အပန်းဖြေဖို့ ဖြစ်ဖြစ် ဝင်ကြည့်ပါနော်

http://myatnaingnm.blogspot.com

N&M

28/02/2022

အမှတ်တရ​နေ့များစွာအတွက် ချစ်ခင်ရသူ​တွေအတွက် ​စျေးနှုန်းချိုသာစွာဖြင့် ပန်းစည်း​လေး​တွေ ​အော်ဒါမှာလို့ရပါတယ်

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Merry Christmas
2024 မှာ Like နဲ့ Followers တိုးဖို့------------------------------------------ဒီနေ့ မင်ပြောပြမယ့် အကြောင်းကိုသိပ်စိတ်ဝင်...
မိမိကိုယ်တိုင် boost လုပ်ရာတွင်ဆောင်ရန်/ရှောင်ရန်များ***********************Meta မသွားခင် အရေးကြီးတာလေးပြောဦးမယ်MM မှာက...
Merry Christmas 🎄

Telephone

Website

Address

Yangon
11211

Other Computer Companies in Yangon (show all)
MTK Computer Training Center MTK Computer Training Center
North Dagon
Yangon

Hein Computer Service Hein Computer Service
Yangon, 11221

�အိမ်၊ရုံး အရောက် Computer Service ဝန်ဆောင်မူပေးခြင်း

High Tech-IT High Tech-IT
16street
Yangon

No-302, Building A,Highway Complex Housing,Yangon.

Grate Marvel Tech 4 U Grate Marvel Tech 4 U
No. 163, 38th Street, Middle Block, Kyauktada
Yangon, 11182

Desktop, Laptop Computer System Spare Parts, Casing, Power supply, Cables,Toner and Accessories

Hledan KING Laptop Hledan KING Laptop
No. (121) Hledan/Insein Road Kamayut Township Yangon
Yangon, 11012

ကမ္ဘာ့အနှံ့နှံ့မှ Showroom Display Laptop များကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါပြီ~!

WZ Tech Store WZ Tech Store
No. 16, 152street, Tarmwe
Yangon, 11211

wizart computer shop ရဲ့ official new page လေး ပါ ဗျ။

Big Diamond Technology Big Diamond Technology
No-158/34, Sein Chel Street, North Okkalapa
Yangon, 11031

Sale and Services / Software Collection Call us : 09 250 395 774

HTOO Computer & Mobile 33Street HTOO Computer & Mobile 33Street
No. 195(A), 33 Street (Upper Block), Kyauktada Township
Yangon, 11181

ချိူသာသောစျေးနှုန်း၊ခိုင်မာသောအာမခံ�

MK Laptop Center MK Laptop Center
38 Street Middle Block
Yangon, 11181

ďż˝ Laptop

Phoenix Computer Sale & Service Center Phoenix Computer Sale & Service Center
No. 26/4, Thunandar 1st Street, Thumingalar Housing, Thingangyun Tsp
Yangon, 11071

Laptop ပါဝါပိုင်းအထူးပြုပြင်ပါတယ်ခင်ဗျာ / ကွန်ပျူတာနဲ့ပက်သတ်လို့ Service လိုရင် Phoenix ရှိတယ် 💯💯

C#.Net Development C#.Net Development
Thirimingalar Road
Yangon

To share C# knowledge and code improvement. Only C# Programming Language

Yangon second laptop Zone Yangon second laptop Zone
ဆူးလေးဘုရားလမ်း(အလယ်) Kyauktada Township Ward (1)
Yangon, 11181

computer/laptop/macbookpro/macbook air/I mac/gaming laptop ရောင်းဝယ်အလဲအ?