Doctor Supplement Store

Doctor Supplement Store

You may also like

VENSI GROW Junior
VENSI GROW Junior

100% Authentic USA made retail & wholesale
တနိုင်ငံလုံးလက်လီ လက်ကားဖြန်ဖြူးရောင်းချပေးနေပါတယ်

07/02/2024

မဂ္ဂနီစီယမ်အကြောင်းလေးမျှဝေပေးပြီးသွားပြီဆိုတော့အခုမဂ္ဂနီယမ်ပေါကြွယ်ဝသည့်အစားအစာများကိုမျှဝေချင်ပါတယ်။အစားအစာများမှတဆင့်လိုအပ်သည့်မဂ္ဂနီစီယမ်ပမာဏကိုဖြည့်ဆည်းနိုင်ကြပါစေ။

06/02/2024

မဂ္ဂနီစီယမ်(Magnesium) သည်ခန္ဓာကိုယ်၏လုပ်ငန်းများအတွက် အရေးပါသည့်သတ္ထုဓါတ် တစ်မျိုး ဖြစ်၍ သွေးဖိအားပုံမှန်ဖြစ်စေရန်၊အရိုးများသန်မာစေရန်၊ နှလုံးစီးချက်ပုံမှန်ဖြစ်စေရန်အတွက်ကူညီပေးပါသည်။
မဂ္ဂနီစီယမ်(Magnesium) ပမာဏလျော့နည်းနေသည့် အသက်အရွယ်ကြီးရင့်သူများအနေဖြင့် နှလုံးရောဂါ၊ဆီးချို ရောဂါနှင့် အခြားကင်ဆာရောဂါအစရှိသည့်အဓိကကျန်းမာရေးပြဿနာတို့ကိုဖြစ်ပွားစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) နှင့်အခြားသတ္ထုဓါတ်များပါဝင်မှုမြင့်မားသည့် အစားအစာများကို စားသုံးခြင်းသည် သွေးတိုးရောဂါဖြစ်ပွားစသူများ၏သွေးဖိအားမြင့်တက်ခြင်းကိုကာကွယ်နိုင်ပါသည်။
သဘာဝအလျောက်အစားအစာများမှမဂ္ဂနီစီယမ်ပမာဏများများရယူခြင်းသည် လုံခြုံစိတ်ချရ၍ ဖြည့်စွက်စာ အဖြစ်ပမာဏများစွာ သောက်သုံးခြင်းကအန္တရာယ်များစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) သည်တချို့သောဆေးများ(ဆီးဆေး၊နှလုံးဆေးနှင့်ပဋိဇီဝဆေး)တို့ဖြင့် ဓါတ်ပြုနိုင်ပါသောကြောင့် အဆိုပါဆေးများသုံးဆွဲနေသူများ အနေဖြင့် မဂ္ဂနီစီယမ် ကိုဖြည့်စွက်စာအဖြစ် သောက်သုံးလိုပါက နားလည်တတ်ကျွမ်းသူများနှင့်အရင်ဆွေးနွေးတိုင်ပင်သင့်ပါသည်။(ဥပမာ-ဆီးချိုရောဂါ၊ အူအတွင်းဖြစ်ပွားသော ရောဂါ၊နှလုံးရောဂါနှင့်ကျောက်ကပ်ရောဂါဖြစ်ပွားနေသူများ)
မဂ္ဂနီစီယမ်(Magnesium) ပမာဏများခြင်းကြောင့် မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်ခြင်း၊ကြွက်တက်ခြင်း၊ ဝမ်းလျောခြင်း၊ သွေးဖိအားနည်းခြင်း၊မောပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်ပွားစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) သောက်သုံးခြင်းသည်သွေးတွင်းသကြားဓါတ်ကိုပုံမှန်ဖြစ်စေပြီး အားကစား လှုတ်ရှားမှု များကို ပိုမိုကောင်းမွန်စေခြင်းဖြင့်ခန္ဓာကိုယ်နှင့်ဉီးနှောက်အတွက် အရေးပါသော လုပ်ငန်းများကို ပြီးမြောက်စေပါသည်။မဂ္ဂနီစီယမ်(Magnesium)ခန္ဓာကိုယ်တွင်းဖြစ်ပွားသည့်ဇီဝဓါတုဖြစ်စဉ်ရာပေါင်းများစွာတွင် ပါဝင်လျှက်ရှိပါသည်။
(၆၀)ရာခိုင်နှုန်းသော မဂ္ဂနီစီယမ်(Magnesium) များကိုအရိုးတွင်တွေ့ရှိရ၍ကျန်ပမာဏကိုကြွက်သား၊ ဇီဝကလာပ်စည်းအစုများနှင့်သွေးအပါအဝင်အရည်များတွင်တွေ့ရှိရပါသည်။ မဂ္ဂနီစီယမ်(Magnesium) ပါဝင် ဆောင်ရွက်သည့်ခန္ဓာကိုယ်၏အဓိကလုပ်ငန်းစဉ်အချို့မှာ- စွမ်းအင်ထုတ်ပေးခြင်း၊ ပရိုတိန်းဖြစ်ပေါ်စေခြင်း၊ မျိုးစေ့ဗီဇထိန်းသိမ်းခြင်း၊ ကြွက်သားလှုတ်ရှားမှုကောင်းမွန်စေခြင်းနှင့်အာရုံကြောဖွဲ့စည်းမှုစနစ် ပုံမှန်အတိုင်း ဖြစ်စေခြင်းတို့ဖြစ်ပါသည်။
တနေ့သောက်သုံးသင့်သည့် မဂ္ဂနီစီယမ်(Magnesium) ပမာဏမှာ အမျိုးသားများအတွက် (၄၀၀-၄၂၀)မီလီဂရမ်ဖြစ်၍ အမျိုးသမီး များအတွက်(၃၁၀-၃၂၀) မီလီဂရမ်ဖြစ်ပါသည်။မဂ္ဂနီစီယမ်(Magnesium) ပမာဏပါဝင်မှုများသည့်အစားအစာများအနေဖြင့်ဖရုံစေ့(၂၈)ဂရမ်တွင် တနေ့လိုအပ်သည့်ပမာဏ၏၃၇ရာခိုင်နှုန်း၊ ဟင်းနုနွယ်(၉၀)ဂရမ်တွင် တနေ့လိုအပ်သည့်ပမာဏ၏၁၆ရာခိုင်နှုန်း ပါဝင်နေပါသည်။

12/01/2024

Calcium (ကယ်လ်ဆီယမ်)အကြောင်းလေးမျှဝေပေးချင်လို့ပါ။ကယ်လ်ဆီယမ်သည်သွေးခဲခြင်းအတွက်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ခြင်း၊ကြွက်သားများချုံ့၍ဆန့်၍ရအောင်ကူညီပေးခြင်းနှင့်နှလုံး၏ပုံမှန်စီးချက်အ​ခြေအနေရရှိအောင်နှင့်အာရုံကြောလုပ်ငန်းစဉ်များထိန်းညှိပေးခြင်းတို့အပြင်အရိုးနှင့်သွားများကျန်းမာရေးအတွက်အများဆုံးဆက်နွယ်မှုရှိသည့်သတ္ထုဓါတ်တစ်မျိုးဖြစ်ပါတယ်။၉၉ရာခိုင်နှုန်းသောကယ်လ်ဆီယမ်များကိုအရိုးများတွင်သိုလှောင်ထား၍ကျန်တစ်ရာခိုင်နှုန်းကိုသွေး၊ကြွက်သားနှင့်အခြားတစ်ရှူးများတွင်တွေ့ရှိရပါသည်။မရှိမဖြစ်လိုအပ်သည့်နေ့စဉ်လုပ်ငန်းဆောင်များလုပ်ဆောင်နိုင်ရန်ခန္တာကိုယ်သည်သွေးနှင့်တစ်ရှူးများတွင်
ကယ်လ်ဆီယမ်လုံလောက်သောပမာဏရှိစေရန်ထိန်းသိမ်းထားရပါမည်။သွေးထဲတွင်ကယ်လ်ဆီယမ်ပမာဏကျဆင်းနေလျှင် parathyriod homone(PTH)ဟုခေါ်သည့်ဟိုမုန်းတစ်မျိုးကအရိုးများအားကယ်လ်ဆီယမ်ကိုလည်ပတ်နေသည့်သွေးထဲ သို့စွန့်ထုတ်စေပြီးဗီတာမင်ဒီကိုလည်းအူများတွင်ကယ်လ်ဆီယမ်စုတ်ယူမှုပိုမိုအားကောင်းစေရန်အားဖြည့်ပေးပါသည်။တချိန်တည်းမှာပင်အဆိုပါ
ဟိုမုန်းကကျောက်ကပ်အားဆီးထဲသို့ကယ်လ်ဆီယမ်စွန့်ထုတ်ခြင်းကိုလျော့နည်းစေပါသည်။ခန္တာကိုယ်တွင်ကယ်လ်ဆီယမ်ပမာဏလုံလောက်အောင်ရှိခဲ့လျှင်calcitioninဟုခေါ်သည့်ဟိုမုန်းတစ်မျိုးကဆန့်ကျင်ဘက်လုပ်ငန်းစဉ်များဖြစ်သည့်အရိုးများမှကယ်လ်ဆီယမ်ထုတ်လွှတ်ခြင်းကိုရပ်တန့်စေခြင်းဖြင့်သွေးထဲတွင်ကယ်ဆီယမ်ပမာဏကိုလျော့ကျစေခြင်းနှင့်ကျောက်ကပ်အားကယ်လ်ဆီယမ်ကိုဆီးထဲသို့ပိုမိုစွန့်ထုတ်စေခြင်းတို့ကိုလုပ်ဆောင်ပါသည်။ခန္တာကိုယ်အနေဖြင့်လိုအပ်သောကယ်လ်ဆီယမ်ပမာဏကို၎င်းပါဝင်သည့်အစားအစာများနှင့်ဖြည့်စွက်စာများမှလည်းကောင်းခန္တာကိုယ်ရှိအခြားအပိုင်းများမှကယ်လ်ဆီယမ်ကိုရယူခြင်းဖြင့်လည်းကောင်းဖြည့်
တည်းပါသည်။
ကယ်လ်ဆီယမ်လိုအပ်သည့်ပမာဏများကတော့အသက်(၁၉-၅၀)နှစ်အတွင်းရှိအမျိုးသမီးများနှင့်ကိုယ်ဝန် သည်နှင့်နို့တိုက်မိခင်များအတွက်တနေ့လျှင်(1000mg)လိုအပ်ပြီးအသက်(၅၁)နှစ်နှင့်အထက်အမျိုးသမီးများအတွက်(1200mg)လိုအပ်ပါတယ်။အသက်(၁၉-၇၀)နှစ်အတွင်း အမျိုးသား များအတွက် (1000mg)လိုအပ်ပြီးအသက်၇၀နှစ်နှင့်အထက်ဆိုပါက(1200mg)လိုအပ်ပါတယ်။
Calcium deficiencyဖြစ်ခဲ့လျှင်ကြွက်တက်ခြင်းနှင့်ကြွက်သားအားနည်းခြင်း၊လက်ချောင်းများကျဉ်ခြင်းနှင့်တစစ်စစ်နာခြင်း၊ပုံမှန်မဟုတ်သည့်နှလုံးခုန်နှုန်းတိုးမြင့်ခြင်းနှင့်အစားစားချင်စိတ်နည်းပါးခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။ Calciumများနေခဲ့လျှင်အားနည်းခြင်းနှင့်မောပန်းနွမ်းနယ်ခြင်း၊မအီမသာဖြစ်ခြင်းနှင့်အော့အန်ခြင်း၊အသက်ရှူသွင်းမှုတိုခြင်း၊ရင်ဘတ်အောင်းခြင်းနှင့်နှလုံးတုန်ရင်ခုန်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
အသက်(၅၀)နှစ်ကျော်သူတိုင်းသည်တနေ့လျှင်ကယ်လ်ဆီယမ်ပမာဏ(2000mg)ထက်ပိုသောပမာဏ(အထူးသဖြင့်ဖြည့်စွက်စာမှ)ကိုသောက်သုံးမိပါကကျောက်ကပ်ကျောက်တည်ခြင်း၊prostateကင်ဆာနှင့်ဝမ်းချုပ်ခြင်းအစရှိသည့်အခြေအနေများကိုပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။
ကယ်လ်ဆီယမ်သတ္ထုဓာတ်ပါဝင်သည့်အစားအစာများကတော့-

Photos from Doctor Supplement Store's post 29/12/2023

ရာသီအပြောင်းမှာဖျားနာခြင်းမဖြစ်ရအောင်နှင့်သောက်သုံးနေရသောဆေးများအာနိသင်ပိုမိုကောင်းမွနိစေနိုင်သည့်အရေးကြီးသည့်
ဖြည့်စွက်စာများကိုကုန်ကျစရိတ်မများဘဲသောက်သုံးခြင်းဖြင့်ကောင်းကျိုးများကိုနှစ်သစ်မှစ၍ရယူလိုက်ကြရအောင်ပါ။

11/12/2023

ဗီတာမင်ကေ(Vitamin K)သည်ဓာတ်ပေါင်း(compound)အုပ်စုတစ်ခုဖြစ်ပြီးအရေးကြီးဆုံးသောဓာတ်ပေါင်းများကတော့VitaminK1နဲ့VitaminK2တို့ဖြစ်ပါတယ်။ ဗီတာမင်ကေသည်သွေးခဲခြင်းဖြစ်စေရန်အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီးသွေးထွက်လွန်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။အခြားဗီတာမင်များနှင့်မတူသည့်အချက်ကတော့ပုံမှန်အားဖြင့်ဗီတာမင်ကေကိုဖြည့်စွက်စာအဖြစ်အသုံးပြုလေ့မရှိခြင်းဖြစ်ပါတယ်။
ဗီတာမင်ကေနည်းပါးခြင်းကသွေးထွက်ခြင်းကိုမထိန်းချုပ်နိုင်သည့်အခြေအနေကိုဖြစ်ပေါ်စေနိုင်ပါသည်။ဗီတာမင်ကေချို့တဲ့ခြင်းကအရွယ်ရောက်ပြီးသူများတွင်ဖြစ်ပွားမှုရှားပါးသော်လည်းမွေးကင်းစကလေးများတွင်ဖြစ်ပွားလေ့ရှိပါသည်။ထို့ကြောင့်မွေးကင်းစကလေးများအားဗီတာမင်ကေတစ်ကြိမ်သွင်းပေးခြင်းကိုပုံမှန်လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်လုပ်ဆောင်လေ့ရှိကြပါတယ်။အကြောင်းရင်းကတော့ဗီတာမင်ကေကိုအစားအစာများကအပြင်(gastrointestinal tract)အစာချေလမ်းကြောင်းရှိဘက်တီးရီးယားများမှရရှိနိုင်၍မွေးကင်းစကလေးများအတွက်ဗီတာမင်ကေထုတ်ပေးနိုသည့်ဘက်တီးရီးယားမရှိသောကြောင့်ဖြစ်ပါတယ်။
အဆီကိုမစုတ်ယူနိုင်သောအခြေအနေနှင့်တချို့သောဆေးများ(ဥပမာ-ပဋိဇီဝဆေးantibiotics)ကဗီတာမင်ကေ ထုတ်ပေးနိုင်သည့်ဘက်တီးရီးယားများကိုသေစေနိုင်သောကြောင့်ဗီတာမင်ကေချို့တဲ့ခြင်းကိုဖြစ်စေနိုင်ပါသည်။၎င်းအပြင်anticoagulant drugs (or blood thinners)သွေးကြဲဆေးများသောက်နေရခြင်းကလည်းဗီတာမင်ကေနှင့်ပတ်သက်၍ပြဿနာဖြစ်ပေါ်စေနိုင်ပါတယ်။
အသက်အရွယ်အလိုက်ဗီတာမင်ကေလိုအပ်သည့်ပမာဏများကတော့အသက်၆လအထိ2micrograms /day၊အသက်၇လမှ၁၂လအထိ2.5micrograms /day၊အသက်၁နှစ်မှ၃နှစ်အထိ30micrograms /day၊အသက်၄နှစ်မှ၈နှစ်အထိ55micrograms /day၊အသက်၉နှစ်မှ၁၃နှစ်အထိ60micrograms /day၊မိန်းကလေးအသက်၁၄နှစ်မှ၁၈နှစ်အထိ75micrograms /day၊ယောက်ကျားလေးအသက်၁၄နှစ်မှ၁၈နှစ်အထိ75micrograms /day၊အမျိုးသမီး၁၉နှစ်နှင့်အထက်အတွက်90micrograms /dayနဲ့အမျိုးသား၁၉နှစ်နှင့်အထက်အတွက်120micrograms /dayတို့ဖြစ်ကြပါတယ်။
ရောဂါကြောင့်ဆေးများစွဲသောက်နေရသူများကဗီတာမင်ကေကိုဖြည့်စွက်စာအဖြစ်အသုံးပြု ရာတွင်သတိထားသင့်ပါကြောင်းမျှဝေပေးလိုက်ပါတယ်။ဗီတာမင်ကေရရှိနိုင်သည့်အစားအစာများကတော့ပုံတွင်ဖော်ပြပြီးဖြစ်ပါတယ်။

Photos from Doctor Supplement Store's post 04/12/2023

ခန္တာကိုယ်အတွက်အရေးကြီးသည့်ဗီတာမင်​ေ(VitaminK)ကရရှိနိုင်သည့်အစားအစာများကတော့

21/11/2023

ဗီတာမင်အီးကိုသဘာဝအတိုင်းအချို့အစားအစာများတွင်တွေ့ရှိရသည့်အပြင်အခြားအစားအစာများတွင်ဖြည့်စွက်ထားခြင်းနှင့်သီးသန့်ဖြည့်စွက်စာများမှလည်းဗီတာမင်အီးကိုရရှိနိုင်ပါသည်။ဗီတာမင်အီးသည်မတူညီသောဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများနှင့်အဆီတွင်ပျော်ဝင်နိုင်သည့်ကွန်ပေါင်းအုပ်စုတစ်ခုအတွက်စုပေါင်းအမည်ဖြစ်ပါတယ်။ဗီတာမင်အီးကိုသဘာဝတွင်ဓါတုဖွဲ့စည်းပုံရှစ်ခုအနေဖြင့်တွေ့ရပြီးလူသားများ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ပုံစံကတော့Alpha tocopherol ဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။
ဗီတာမင်အီး၏ဆန့်ကျင်ဓါတ်တိုးဂုဏ်သတ္တိကfree radicalများ၏ဖျက်စီးမှုမှဆဲလ်များကိုကာကွယ်ပေးနိုင်ပါတယ်။Free radicalများကြောင့်ဆဲလ်များပျက်စီးခြင်းကနှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်သောရောဂါနှင့်ကင်ဆာရောဂါဖြစ်ပွားမှုတို့ကိုအားပေးပါသည်။ခန္တာကိုယ်သည်စီးကရက်အခိုးအငွေ့၊လေထုညစ်ညမ်းမှု၊နေမှထွက်ရှိသည့် UVရောင်ခြည်အစရှိသည့်သဘာဝပတ်ဂန်းကျင်ဆိုင်ရာအခြေအနေမျးမှထွက်ရှိသည့်freeadical များနှင့်လည်းတွေ့ထိနိုင်ပါသည်။
ဗီတာမင်အီးသည်ဆန့်ကျင်ဓါတ်တိုးဂုဏ်သတ္တိအပြင်ခန္တာကိုယ်အတွက်အရေးကြီးသည့်ကိုယ်ခံအားလုပ်ငန်းစဉ်တွင်လည်းပါဝင်ဆောင်ရွက်ပါသည်။ဗီတာမင်အီးပြည့်ဝခြင်းဖြင့်Coronary heart diseases(နှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်သောရောဂါ)၊ကင်ဆာရောဂါ၊Eye disorder(အမြင်အာရုံကစဉ့်ကလျားဖြစ်ခြင်း)၊Cognitive decline(သိမြင်နိုင်မှုစိတ်အခြေအနေလျော့ကျခြင်း)တို့ကိုကာကွယ်နိုင်ပါတယ်။
အသက်အရွယ်အလိုက်ဗီတာမင်အီးရှိသင့်သည့်ပမာဏများကတော့-အသက်(၆လ)အထိ4mg၊အသက် ၇လမှ၁၂လအထိ5mg၊အသက်၁နှစ်မှ၃နှစ်အထိ6mg၊အသက်၄နှစ်မှ၈နှစ်အထိ7mg၊အသက်၉နှစ်မှ၁၃နှစ်အထိ11mg၊အသက်၁၄နှစ်မှအထက်နှင့်ကိုယ်ဝန်ဆောင်ကတော့15mg၊နို့တိုက်နေသည့်အချိန်တွင်19mgတို့ဖြစ်ကြပါတယ်။ခန္တာကိုယ်အတွက်အဖက်ဖက်မှကောင်းကျိုးပေးနိုင်သည့်ဗီတာမင်အီးကိုပြည့်ဝအောင်ဖြည့်တည်းပေးကြပါလို့တိုက်တွန်းလိုပါတယ်။

09/11/2023

ခန္ဓာကိုယ် အတွက်အရေးကြီးသည့်ဗီတာမင်အီးကိုအစားအစာများမှရရှိနိုင်ပါတယ်။ဗီတာမင်အီး(VitaminE)ပါဝင်သည့်အစားအစာများကတော့

01/11/2023

ဗီတာမင်ဒီသည်အဆီတွင်ပျော်ဝင်နိုင်သည့်D1၊D2 နှင့် D3တို့ပေါင်းစပ်ပါဝင်နေသည့်မိသားစုဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ဗီတာမင်ဒီအလုံအလောက်ရခြင်းကအရိုးများနှင့်သွားများကြီးထွားသန်မာစေပါသည်။ဗီတာမင်ဒီတွင်များစွာသောအရေးကြီးသည့်လုပ်ငန်းဆောင်တာများရှိ၍အရေးကြီးဆုံးတစ်ချက်ကတော့ကယ်ဆီယမ်နှင်ဖော့စဖောရပ်တို့စုပ်ယူခြင်းကိုထိန်းညှိပေးပြီးပုံမှန်ကိုယ်ခံအားစနစ်၏လုပ်ငန်းဆောင်တာများကိုပံ့ပိုးပေးပါတယ်။ဗီတာမင်ဒီသည်ရောဂါပိုးများကိုတိုက်ထုတ်နိုင်ခြင်း၊multiple sclerosis (MS)ဖြစ်မှုကိုလျော့ကျစေခြင်း၊နှလုံးရောဂါဖြစ်ပွားမှုအခြေအနေကိုနည်းပါးစေခြင်း၊ပြင်းထန်သောဖျားနာမှုဖြစ်နိုင်ခြေကိုလျော့ချနိုင်ခြင်းနှင့်ခုခံအားကောင်းမွန်အောင်ထောက်ပံ့ပေးခြင်းအစရှိသည့်ကောင်းကျိုးများကိုလည်းဖြစ်ထွန်းစေပါသည်။ဗီတာမင်ဒီကစိတ်အခြေအနေကိုထိန်းညှိပေးခြင်းနှင့်စိတ်ဓါတ်ကျခြင်းတို့ကိုလည်းလျော့ချပေးနိုင်ပါတယ်။
ဗီတာမင်ချို့တဲ့ရင်တော့-မောပန်းခြင်း၊ကိုက်ခဲခြင်းနှင့်နာကျင်ခြင်း၊ပြင်းထန်သောအရိုး(သို့)ကြွက်သားနာကျင်မှု(သို့)အားနည်းမှု၊ခြေထောက်၊အရိုးများကိုကျိုးပဲ့စေခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဗီတာမင်ဒီကိုနေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းဖြင့်ခန္တာကိုယ်ကထုတ်လုပ်ပေးနိုင်ပြီးအစားအစာများမှလည်းအနည်းငယ်ရရှိနိုင်ပါတယ်။
တာရှည်စွာဗီတာမင်ဒီကိုပိုလျှံစွာသုံးစွဲခြင်းကခန္တာကိုယ်တွင်ကယ်ဆီယမ်စုပုံမှုကိုဖြစ်ပွားစေပြီးအဆိုပါအခြေအနေကအရိုးကိုအားနည်းစေခြင်းနှင့်ကျောက်ကပ်နှင့်နှလုံးကိုပျက်စီးစေနိုင်ပါတယ်။
ဗီတာမင်ဒီလိုအပ်သည့်ပမာဏကအသက်အရွယ်နှင့်လိုက်၍ပြောင်းလဲနိုင်ပါသည်။အသက်၁၁နှစ်မှ၁၇နှစ်အတွင်းရှိကလေးများ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်နှင့်အရွယ်ရောက်ပြီးသူများအတွက်တစ်ရက်လျှင်အများဆုံး 4000IUနှင့်အသက်၁နှစ်မှ၁၀နှစ်အတွင်းကလေးများအနေဖြင့်တစ်ရက်လျှင်အများဆုံး2000IUဖြစ်ပြီးအသက်၁နှစ်အောက်ကလေးများအတွက်တစ်ရက်လျှင်အများဆုံး1000IUကိုသာသောက်သုံးသင့်ပါတယ်။ကျန်းမာရေးကောင်းမွန်စေရန်များစွာထောက်ပံ့ပေးနိုင်သည့်ဗီတာမင်ဒီကိုလုံလုံလောက်လောက်ရရှိနိုင်ရန်ဖြည့်ဆည်းကြပါရန်တိုက်တွန်းပေးအပ်ပါတယ်။

19/10/2023

လူတိုင်းအတွက်အရေးကြီးသည့်ဗီတာမင်ဒီအကြောင်းလေးပြောပြချင်လို့ပါ။ဒီနေ့တော့ဗီတာမင်ဒီပါဝင်သည့်အစားအစာတွေကိုအရင်တင်ပေးလိုက်ပါတယ်။

09/10/2023

ရာသီပြောင်းတော့မယ်ဆိုတော့ခံနိုင်ရည်ရှိရန်အရေးကြီးသည့်ဗီတာမင်စီအကြောင်းလေးပြောပြချင်လို့ပါ။ခန္တာကိုယ်သည်ဗီတာမင်စီကိုအခြားဓါတ်ပေါင်းများမှမပြုလုပ်နိုင်သောကြောင့်အစားအစာများမှဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။၎င်း​အပြ​င်ဗီတာမင်စီကိုခန္တာကိုယ်ကတာရှည်မသိုလှောင်ထားနိုင်သောကြောင့်ပုံမှန်စားသုံးပေးရန်လိုအပ်ပါတယ်။ဗီတာမင်စီ(ascorbic acid)က Collagen formation, Antioxidant function, Iron absorption နှင့်Infection fighting အစရှိသည့်metabolic process
(ဇီဝတွင်းဖြစ်ပျက်မှုနည်းစဉ်)များအတွက်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ပါသည်။၎င်းအပြင် brain chemical
(neurotransmitter)ကဲ့သို့သောအခြားအရေးကြီးသည့်အရာများထုတ်လုပ်နိုင်ရန်ဗီတာမင်စီကိုအသုံးပြုရပါတယ်။
လိုအပ်တဲ့ ပမာဏများကတော့အရွယ်ရောက်သူများအတွက် အနည်းဆုံး45mg per day လိုအပ်ပြီး 200mgထက်ပိုလျှံပါက အညစ်အကြေးအဖြစ်စွန့်ပစ်လိုက်ပါတယ်။ဗီတာမင်စီ၏ဂုဏ်သတ္တိသည်အပူကြောင့်ပြောင်းလဲသွားနိုင်သောကြောင့်အစိမ်းအတိုင်းစားသုံးခြင်းကပိုမိုကောင်းမွန်ပါတယ်။ဗီတာမင်စီရရှိနိုင်သည့်အစားအစာများမှာ-orange၊lemons၊ lime၊ grapefruits၊ blackcurrants၊ mangoes၊ kiwifruits၊ rockmelon၊ tomatoes နှင့် strawberries ကဲ့သို့သောအသီးများ၊
cabbage ၊ capsicum ၊ spinach ၊ Brussels sprouts ၊ lettuce ၊ broccoli ၊ cauliflowerကဲ့သို့သောအစိမ်းရောင်ဟင်းသီးဟင်းရွက်များနှင့် potatoes တို့ဖြစ်ကြပါတယ်။
ဗီတာမင်စီချို့တဲ့မှုပြင်းထန်ပါက scurvy ကဲ့သို့သောသွေးအားနည်းရောဂါကိုဖြစ်ပွားစေနိုင်ပါတယ်။ အဆိုပါအကြာင်းအချက်တွေကြောင့် ကျန်းမာရေးအတွက်အရေးကြီးလှသည့်ဗီတာမင်စီပါဝင်သည့်အစားအစာများကိုစားသုံးပေးရန်အကြံပြုတိုက်တွန်းအပ်ပါတယ်။Centrum 50+Woman အားဆေးမှာလည်းလုံလောက်သည့်ပမာဏပါဝင်နေကြောင်းသိနိုင်ပါတယ်။

01/10/2023

အမျိုးသမီးများအတွက်အရေးကြီးတဲ့Folate or folic acid (B9)အကြောင်းလေးမျှဝေပေးချင်ပါတယ်။Folate သည်ခန္တာကိုယ်အနှံ့အောက်စီဂျင်သယ်ဆောင်ပေးနိုင်သည့် red blood cellsများဖွဲ့စည်းနိုင်ရန်လိုအပ်ပါတယ်။ သန္ဓေသားနှင့်ဆိုင်သောအာရုံကြောစနစ်ပေါ်ပေါက်လာစေရန်နှင့်DNA ထုတ်ပေးခြင်းနဲ့ဆဲလ်များကြီးထွားစေခြင်းတို့အတွက်လည်းကူညီပေးပါသောကြောင့်သားသမီးမွေးဖွားနိုင်သည့်အသက်အရွယ်ရှိသည့်အမျိုးသမီးများသည်Folate ကြွယ်ဝသောအစားအစာများကိုစားသုံးပေးရန်လိုအပ်ပါသည်။
Folateကြွယ်ဝစွာပါဝင်သောအစားအစာများကတော့-အရွက်ထူသောအစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ပဲအမျိုးမျိုး၊အစေ့အဆံများ၊အသည်း၊ကြက်သား၊ဥအမျိုးမျိုး၊cerealsနှင့်ရှောက်/သံပုရာအမျိုးအနွယ်ဝင်အသီးများတို့ဖြစ်ပါတယ်။
ယေဘူယျအားဖြင့်folic acidကိုnon-toxic. ဟုယူဆထားကြပါသော်လည်းတစ်ရက်လျှင်1000mcg ပမာဏကိုအချိန်အတန်ကြာအောင်သောက်သုံးခဲ့ပါက အားကုန်ခြင်း၊စိတ်ဓာတ်ကျလွယ်ခြင်း၊စိတ်ဆိုးလွယ်ခြင်းနှင့်အူအတွင်းဖြစ်ပွားသည့်ကိုယ်အင်္ဂါပျက်ဆီးမှုတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အဓိကအချက်ကတော့folateပိုလျှံစွာသောက်သုံးခြင်းကB12 deficiency (ချို့တဲ့ခြင်း)ကိုမသိနိုင်စေခြင်းတို့ဖြစ်ပါတယ်။
Folic acid. လိုအပ်သည့်ပမာဏများကတော့-အရွယ်ရောက်သူ/လူကြီးများအတွက် 400 micrograms per day
ကိုယ်ဝန်ဆောင်ချိန်တွင်600 micrograms per day နဲ့ နို့တိုက်နေချိန်တွင် 500 micrograms per day တို့ဖြစ်ပါတယ်။
1000 micrograms per day ထက်တော့ပိုမသောက်သင့်ပါ။အရွယ်ရောက်သူ/လူကြီးများအတွက် လိုအပ်သည့်ပမာဏကို Centrum Women 50+သောက်ခြင်းကရနိုင်ပါတယ်နော်။

Photos from Doctor Supplement Store's post 25/09/2023

🙏 မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေရှင့်🙏

အသက်၅၀အထက် အမျိုးသား/အမျိုးသမီးများအတွက်❣️CENTRUM SILVER MEN 50+, CENTRUM SILVER WOMEN 50+ ❣️လေး stock ပြန်ဝင်ပါပြီရှင့်

❣️ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ် အမျိုး (၂၀)ကျော်ကိုဆေး၁လုံးသောက်ရုံနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်ရှင်။

Centrum silver 50+ ရဲ့အကျိုးကျေးဇူးများ

⚡️Vitamin D, နဲ့ Calcium , Magnesiumတို့ပါဝင်သောကြောင့် အရိုးများ သန်မာစေပြီး ကြွက်သားကျန်းမာရေးအထောက်ကူပြုခြင်း၊

⚡️Vitamins B6, B12, VitC, E နဲ့ Folic Acid တို့ပါဝင်သောကြောင့် နှလုံးရဲ့လုပ်ဆောင်ချက်နှင့် သွေးလည်ပတ်မှုအတွက် အထူးအထောက်အကူပြုခြင်း၊

⚡️Zinc, Vit C and Vitamin B တွေ ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားနှင့် ဦးနှောက်မှတ်ဉာဏ်စွမ်းအားကောင်းစေခြင်း.၊

⚡️မျက်လုံးကျန်းမာရေးအတွက်လိုအပ်သော Vitamins A,C,E and Lutein ပါဝင်ပါတယ်။
အကျိုးကျေးဇူးများစွာရရှိနိုင်သော​ Multivitamin ဖြစ်ပါတယ်။

⚡️ဆီးချိုသမားတွေလဲ သောက်သုံးနိုင်တဲ့ GMO & Gluten မပါဝင်သော Multivitamins အားဆေးလေးပါ။

💊 အစာစားပြီး တနေ့ ၁လုံး သောက်သုံးနိုင်ပါတယ်ရှင်။

မှာယူလိုပါက Page Messenger မှ တဆင့်ဖြစ်စေ

📞 09-760606427 , 09-760606527
(viber) သို့ ဆက်သွယ်၍ဖြစ်စေ မှာယူနိုင်ပါတယ်ရှင်။
🙏 ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

24/09/2023

Vitamin B အကြောင်းလေးမျှဝေပေးချင်လို့ပါ။ Vitamin B group သည်ခန္တာကိုယ်အတွက်အရေးကြီး(အထူး)သောဏ္ဍမှာပါဝင်ပါတယ်။ဘီဗီတာမင်များကအစားအသောက်များပြိုကွဲခြင်းမှထွက်ရှိလာသောအင်ဇိုင်းများကိုprotein, carbohydrates နှင့်fatsတို့မှ
စွမ်းအင်ထုတ်ပေးခြင်း၊amino acidကိုပြိုကွဲစေခြင်းနှင့်အောက်စီဂျင်နှင့်စွမ်းအင်ကိုခန္တာကိုယ်အနှံ့ပို့ပေးခြင်းအစရှိသည့်အမျိုးမျိုးသောလုပ်ငန်းစဉ်များအဖြစ်ကူညီဆောင်ရွက်ပေးပါတယ်။ဗီတာမင်ဘီအုပ်စုကcell များကိုကြီးထွားစေခြင်းနှင့်တိုးပွားစေခြင်းနဲ့red blood cells. များအတွက်အရေးကြီးသည့်hemoglobinထုတ်လုပ်ခြင်းတို့အတွက်လည်းထောက်ပံ့ပေးပါတယ်။ ဗီတာမင်ဘီကြောင့်ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးအချို့ကတော့-Immune system ကိုကောင်းမွန်စေခြင်း၊ဦးနှောက်၏စွမ်းဆောင်မှုကိုပိုမိုကောင်းမွန်စေခြင်းနဲ့ရောဂါပိုးများမှကာကွယ်ပေးနိုင်ခြင်းတို့ဖြစ်ပါတယ်။
ဗီတာမင်ဘီသည်အစားအစာများတွင်သဘာဝအတိုင်းတွေ့ရှိရသော်လည်းအရက်နှင့်ချက်ပြုတ်ခြင်းကြောင့်ပျက်စီးသွားနိုင်ပါတယ်။
B12 နှင့် folate or folic acidတို့ကိုအသည်းတွင် သိုလှောင်ထားနိုင်သော်လည်းအခြားဗီတာမင်ဘီအုပ်စုများသည်ခန္တာကိုယ်တွင်မသိုလှောင်ထားနိုင်ခြင်းကြောင့်အစားအသောက်များမှတဆင့်ရရှိရန်စားသုံးပေးရပါမည်။ဗီတာမင်ဘီပါဝင်မှုများသောအစားအစာများမှာWhole Grains၊ eggs၊ Legumes၊ Citrus Fruits၊ Avocados၊ Meat, Poultry, Fish၊ Fortified Breakfast Cereals
နှင့်Liver တို့ဖြစ်ပါတယ်။
အာဟာရဓာတ်ပြည့်ဝမှုမရှိသောအစားအစာများကိုလအတန်ကြာစားသုံးနေသူများသည် B-group vitamins deficiencyဖြစ်နိုင်ပါတယ်။အဲဒီအကြောင်းကြောင်းတွေကြောင့်လိုအပ်သောဗီတာမင်ဘီများပါဝင်သောအာဟာရဓာတ်ပြည့်ဝသည့်အစားအစာများကိုပုံမှန်စားသုံးပေးရန်လိုအပ်ပါတယ်။

16/09/2023

Vitamin Aအကြောင်းလေးပြောပြချင်လို့ပါ-Vitamin A သည်ရောဂါဖြစ်ပွားခြင်းနဲ့ရောဂါကူးဆက်မှုများကို တိုက်ထုတ်နိုင်ရန်ကိုယ်ခံအားစနစ်အားကောင်းမွန်စေခြင်း၊အရေပြား(သို့)အသားအရေကို ကောင်းမွန်စေခြင်း၊ခန္တာကိုယ်အတွက်ခွန်အားပြန်လည်ဖြည့်တည်းရာတွင်အထောက်အကူပြုပေးနိုင်ခြင်းနဲ့အမြင်အာရုံကောင်းမွန်စေခြင်းတို့​ကြောင့်အရေးကြီးပါတယ်။
Vitamin A. ကိုအပင်နဲ့တိရိစ္ဆာန်များမှရရှိနိုင်ပါတယ်။အပင်ပင်ရင်းများကတော့ carrots, red capsicum, mangoes, sweet potatoes, apricots, pumpkin နဲ့ cantaloupe အစရှိသည့် လိမ္မော်ရောင်နှင့်အဝါရောင် အသီးနှင့်ဟင်းသီးဟင်းရွက်များ နဲ့
spinach, peas and broccoli ကဲ့သို့သောအရွက်အစိမ်းရောင်ရှိသည့်ဟင်းသီးဟင်းရွက်များ တို့ဖြစ်ပါတယ်။
liver, eggs and some fortified milk and milk products (with added vitamin A)အစရှိသည့်တိရိစ္ဆာန်ထွက်ပင်ရင်းများမှလည်း Vitamin A ကိုရရှနိုင်ပါတယ်။ဆက်ပြီးပြောပြချင်တာကတော့ဗီတာမင်အေချို့တဲ့ရင်ဘာတွေဖြစ်တတ်သလဲဆိုတာပါ။
ဗီတာမင်အေကခန္တာကိုယ်အတွက်အမျိုးမျိုးသောကဏ္ဍတွေမှာပါဝင်သည့်အတွက်ချို့တဲ့ခဲ့လျှင်ရောဂါကူးဆက်မှုအခြေအနေကိုမြင့်မားစေခြင်း၊ညဘက်မျက်စိမမြင်ခြင်းနှင့်အလင်းပြန်ရအောင်မလုပ်ဆောင်နိုင်ခြင်းနဲ့အသားအရေကြမ်းတမ်းမှုတို့ အစရှိသည့်ကျန်းမာရေးပြဿနာများကိုဖြစ်ပွားစေနိုင်ပါတယ်။ဒါကြောင့်ဗီတာမင်အေ မချို့တဲ့အောင်ပါဝင်သည့်အစားအစာများကိုစားပေးပါ။ချို့တဲ့တယ်လို့သံသယရှိခဲ့ရင်သိနားလည်တဲ့ဆရာဝန်နှင့်ပြသပြီးဖြည့်စွက်အစားအစာစားပါလို့အကြံပြုလိုပါတယ်နော်။

12/09/2023

ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သည့်ဗီတာမင်တွေကိုရရှိနိုင်သည့်အစားအစာများပါ။ အားလုံးကိုမျှတအောင်နဲ့စုံလင်အောင်စားနိုင်ရင်ဖြည့်စွက်စာစားစရာမလိုအပ်လောက်ပါ။

06/09/2023

ကျန်းမာရေး နှင့်ပြည့်စုံစေသည့်Vitaminsနဲ့Mineralတွေအကြောင်းမျှဝေပေးပါ့မယ်-
Vitamins ကိုfat-solubleနဲ့ water-soluble ဆိုပြီးအုပ်စုနှစ်ခုထားပါတယ်။Vitamins A, D,E and K တို့သည်fat-soluble vitamins များဖြစ်ပြီးနို့၊ထောပတ်၊ဟင်းသီးဟင်းရွက်ဆီများ၊ဥမျိုးစုံ၊အသဲနှင့်အဆီများစွာပါရှိသည့်ငါးများအစရှိသည့်တိရိစ္ဆာန်မှရရှိသောအစားအစာများနှင့်အဆီပါသောအစားအစာများကိုစားသုံးခြင်းမှရရှိနိုင်ပါသည်။အဆိုပါfat-soluble Vitamins များကိုခန္တာကိုယ်ကသိုလှောင်ထားနိုင်သည့်အတွက်နေ့စဉ်စားသုံးရန်မလိုပါ။လိုအပ်သည့်ပမာဏထက်များစွာစားသုံးမိပါကအန္တရာယ်ရှိနိုင်ပါသည်။
Vitamins C and vitamins B တို့ကတော့ water-soluble vitamins များဖြစ်ကြပြီးfruit, vegetables,milk, diary and grains တို့မှရရှိနိုင်ပါတယ်။ အဆိုပါ Vitamins များက အပူ၊လေနှင့်ထိတွေ့ခြင်းကြောင့်ဆုံးရှုံးနိုင်ပြီးခန္တာကိုယ်ကလည်းသိုလှောင်မထားနိုင်သောကြောင့်မကြာခဏစားသုံးပေးရန်လိုအပ်ပါတယ်။လိုအပ်တဲ့ပမာဏထက်အနည်းငယ်ပိုလျှံစွာစားသုံးခဲ့ရင်ဆီးအဖြစ်စွန့်ပစ်ပေးနိုင်သော်လည်းပမာဏအရမ်းများပါကဘေးထွက်ဆိုးကျိုးများရှိနိုင်ပါတယ်။
Minerals များကို cereals, bread, meat,fish,milk ,diary ,nuts, fruit (especially dried fruits)vegetables များကိုစားသုံးခြင်းမှရရှိနိုင်ပြီးလိုအပ်သောပမာဏမတူကြပါ။calcium, phosphorus, magnesium, sodium, potassium
နှင့်chlorideတို့ကို iron, zinc, iodine, seleniumနှင့် copper တို့ထက်ပိုလိုအပ်ပါတယ်။ Minerals များကအရိုးနှင့်သွားများကိုသန်မာစေခြင်း၊ဆဲလ်အတွင်းအပြင်ရှိအရည်များကိုထိန်းညှိပေးနိုင်ခြင်း၊နှင့်စားသုံးလိုက်သောအစားအစာများကို စွမ်းအင်အဖြစ်ပြောင်းပေးနိုင်ခြင်းတို့ကိုလုပ်ဆောင်ပေးနိုင်ပါတယ်။

04/09/2023

ဖြည့်စွက်အစားအစာများ၏အားသာချက်များကိုမျှဝေချင်လို့ပါ။ဖြည့်စွက်အစားအစာများကိုစားသုံးခြင်းဖြင့်ရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ခြင်း၊နေ့စဉ်စားသုံးနေသောအစားအစာများတွင်တစ်ချို့သောnurientsမပါဝင်ခြင်းကိုဖြည့်ဆည်းပေးနိုင်ခြင်း၊အလုပ်များ၍အစားအစာကောင်းကောင်းမပြင်ဆင်နိုင်သူများအတွက်ဖြည့်စွက်ပေးနိုင်ခြင်း၊ရုပ်ပိုင်းဆ်ုင်ရာလုပ်ဆောင်မှုများကိုမြှင့်တင်ပေးနိုင်ခြင်းတို့ကိုရရှိစေနိုင်ပါတယ်။
လူတိုင်းဖြည့်စွက်စာစားသုံးရန်လိုအပ်ပါသလားဆိုတော့-ကျန်းမာရေးနှင့်ညီညွတ်မျှတအောင်ပြင်ဆင်ထားသောအစားအစာများတွင်ဗီတာမင်နှင့်သတ္ထုဓါတ်များပါဝင်သည့်အတွက်အဆိုပါအစားအစာများစားသုံးနေသူများအတွက်မလိုအပ်ပါ။သံဓါတ်၊ကယ်လစီယမ်နှင့်ဗီတာမင်စီကဲ့သို့သောဗီတာမင်နှင့်သတ္ထုဓာတ်များသည်ခန္ဓာကိုယ်ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်အနည်းငယ်သာလိုအပ်သောကြောင့်ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ သတ်သတ်လွတ်စားသုံးနေသူတွေအတွက်ကတော့ဗိတာမင်B12၊ကယ်လစီယမ်နှင့်ဗီတာမင်ဒီတို့လိုအပ်ပါတယ်။
လူအများစု၏မှားယွင်းစွာယူဆနေမှုကတော့ဖြည့်စွက်စာသောက်ခြင်းသည်ကောင်းမွန်ပြီးများများသောက်ရင်ပိုမိုကောင်းမွန်နိုင်သည်ဟုထင်မြင်နေခြင်းဖြစ်ပါတယ်။လိုအပ်တာထက်ပိုသောက်မိရင်ဘာတွေဖြစ်တတ်တယ်ဆိုတာလေးတွေကိုလည်းမျှဝေပေးသွားပါ့မယ်။

28/08/2023

Nowadays Supplements are very important for everybody even though advantages of them are varied.

05/08/2023

Kirkland Glucosamine Chondroitin - 80,000

Glucosamine Chondroitin ခါးနာ၊ ဇက်နာ၊ ဒူးနာ တာတွေကို သက်သာ စေပါတယ်။

Glucosamine ဟာ အရိုးနု (Cartilage) တွေကို ပိုမိုချောမွေ့စေပြီး အရိုးနှစ်ခု ပွတ်တိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ အရိုးနု ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။
Chondroitin ကတော့ အရိုးနုလေးတွေကို ရေဓာတ်ဖြည့်ပေးခြင်းအားဖြင့် အရိုးနုလေးတွေ ကြွပ်ဆတ်ကြမ်းတမ်းလာမှုကို ကာကွယ်ပေးပါတယ်။ အရိုးနုများ ပြန်လည် တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဖြစ်ပါတယ်။
Glucosamine နဲ့ chondroitin တွေမှာ Anti Inflammatory Action (ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိ) ရှိတဲ့ အတွက် osteoarthritis နှင့် rheumatoid arthritis ကဲ့သို့သော အဆစ်အမြစ်ရောင်တာတွေ ကို သက်သာစေပါတယ်

❣️❣️❣️Instock Now❣️❣️❣️

ဖြည့်စွက်စာဆေးဝါးများကို Doctor Supplement Store မှ ပစ္စည်းမှန် စျေးနှုန်းမှန် ဖြင့်မှာယူနိုင်ပါတယ်😍😍
09 760606527 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေစနစ် နှင့် မြန်မာပြည်အနှံ့ မည်သည့်နေရာကိုမဆို ကားဂိတ်မှတစ်ဆင့်ပို့ပေးပါတယ်
နယ်ဆိုရင်လည်း အိမ်အရောက်ငွေချေစနစ်ရပါပြီ
မှာယူပြီး ၃ ရက်အတွင်းပစ္စည်းရောက်ပါမယ်ရှင့်

31/07/2023

Kirkland Fish Oil - 55,000

(Omega 3) ခေါ် ငါးကြီးဆီ အကြောင်းအရာ
ကြက်ဥ၊ သစ်ကြားသီးတွေမှာ ပါဝင်ပါတယ် ။ အဆီများတဲ့ ငါး၊ ကြက်ဥ၊ သစ်ကြားသီးတွေမှာ တွေ့ရတတ်တဲ့ အိုမီဂါ သရီး (Omega 3) အဆီ (Fatty Acids) ရဲ့ အကျိုးကျေးဇူးကို မကြာခင်ကမှ ပြုလုပ်တဲ့ လေ့လာမှုအရ ဖော်ပြလိုက်ပါတယ်။
(၁) မျက်စိကို ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးခြင်း
တူနာ ဒါမှမဟုတ် ဆယ်လ်မွန် ငါးတွေမှာ အိုမီဂါ သရီး (Omega 3) အများဆုံး ပါဝင်ပြီး ငါးကို တစ်ပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် စားသုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာလို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ မက်ကူလာ ယိုယွင်းပျက်စီးခြင်း (agerelated macular degeneration) ဖြစ်နိုင်ခြေကို ၂၅% ထိ လျှော့ချပေးနိုင်တယ်လို့ အမေရိကန်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ Omega 3 ရယ်၊ Antioxidants အားဖြည့်ဆေးရယ်၊ ပေါင်းစပ်ပြီး စားသုံးပေးခြင်းဟာ မျက်စိကို မပျက်စီးစေဘဲ မျက်စိအနီးအဝေး မမှုန်အောင် လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
(၂) မှတ်ဉာဏ်ရည် စွမ်းအားအလွန် ကောင်းမွန်လာခြင်း
အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဖြည့်ဆေးတွေဟာ သတိမေ့တတ်သူတွေကို မှတ်ဉာဏ်အား ပြန်ကောင်းလာစေနိုင်ပါတယ်။ အမေရိကန်မှ သုတေသနလေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဆေးကို နေ့စဉ် သောက်တဲ့သူတွေက မှတ်ဉာဏ်ရည် စွမ်းအားမှာ သုံးနှစ်စာလောက် ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။
(၃) နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
အိုမီဂါ သရီး (Omega 3) အဆီတွေဟာ သွေးတွင်းထဲရှိ အဆီပါဝင်နှုန်းတွေ လျော့နည်းအောင် ကူညီနိုင်ပါတယ်။ အမေရိကန်မှာ လေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ကို နေ့စဉ်သောက်သူတွေဟာ သွေးထဲရှိ မကောင်းတဲ့ အဆီ (LDL) အဆင့်ကိုလည်း ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
(၄) အာရုံစူးစိုက်မှု မရသော ဝေဒနာ လျှော့ချနိုင်ခြင်း
ဆွီဒင်နိုင်ငံ လေ့လာမှုတစ်ခုအရ အာရုံစူးစိုက်လို့ မရတဲ့ ရောဂါ (ADHD) ရှိတဲ့ ကလေးတွေကို အိုမီဂါ သရီး (Omega 3) မြင့်မားစွာ ပါဝင်တဲ့ အားဆေးတွေ ပေးခဲ့ပါတယ်။ ခြောက်လအကြာမှာ အဲဒီ ကလေးတွေရဲ့ ၄၇ % မှာ ဝေဒနာ ၂၅% လောက်ထိ သက်သာသွားပြီး ကလေး ၁၂ % မှာ ဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ခဲ့ရပါတယ်။
Source : bebrainfit



❣️❣️❣️Instock Now❣️❣️❣️

ဖြည့်စွက်စာဆေးဝါးများကို Doctor Supplement Store မှ ပစ္စည်းမှန် စျေးနှုန်းမှန် ဖြင့်မှာယူနိုင်ပါတယ်😍😍
Cb မှတဆင့် (သို့) 09760606527 ကိုဆက်သွယ်၍
မိိမှာယူနိုင်ပါတယ်ရှင့်
🧡ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေစနစ် နှင့် မြန်မာပြည်အနှံ့ မည်သည့်နေရာကိုမဆို ကားဂိတ်မှတစ်ဆင့်ပို့ပေးပါတယ်
🧡နယ်ဆိုရင်လည်း အိမ်အရောက်ငွေချေစနစ်ရပါပြီ
မှာယူပြီး ၂ ရက်ကနေ ၃ ရက်အတွင်းပစ္စည်းရောက်ပါမယ်ရှင်

31/07/2023

Page လေး error ဖြစ်ပြီး ‌post တွေမတင်ဖြစ် reply မပြန်ဖြစ်တာလေးတွေ အတွက် ဝယ်ယူအားပေးနေတဲ့ customers များကို တောင်းပန်ပါတယ်ရှင့်
Page လေး ပုံမှန်ပြန် run ပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လာရောက်မေးမြန်းနိုင်ပြီး ပုံမှန်အတိုင်း လာရောက်ဝယ်‌ယူနိုင်ပါပြီရှင့်

26/04/2023

Ocuvite Adults 50plus - 72,000

ဒီဆေးလေးကတော့အသက် ၅၀ ကျော်များအတွက် ကျား/မ မရွေးသောက်သုံးနိုင်တဲ့ အရမ်းကိုကောင်းတဲ့ မျက်စိအားဆေးလေးပဲဖြစ်ပါတယ်ရှင့်။
ဘာကြောင့်လဲ ဆိုရင်တော့👇👇
♻မျက်စိအားဆေးတော်တော်များများမှာ Luthein တစ်မျိုးပဲပါဝင်ပါတယ်ရှင့်
♻ဒီဆေးလေးက Luthein အပြင် Zeaxanthin /ငါးကြီးဆီ omega-3 fatty acids (EPA နဲ့ DHA )တို့ပါ ထပ်ပေါင်းပါဝင်လို့ မျက်စိခွဲထားသူတွေ /တိမ်ဆွဲသူတွေ အသက်ကြီးလို့ မျက်လုံးအားနည်းသူတွေ တွက် အထူးသင့်တော်ပါတယ်
♻အမြင်အာရုံမှုန်ဝါးလာခြင်း၊မျက်ရိုးကိုက်ခြင်း၊မျက်လုံးအောင့်ခြင်း၊မျက်စိနာခြင်း အစရှိတာတွေကို သက်သာစေပါတယ်
♻အသက်ရွယ်ကြီးသူများ အတွက် လိုအပ်တဲ့ omega 3 EPA /DHA တို့ပေါင်းစပ်ဖွဲ့စည်းထားလို့ မျက်စိကို အထူးအားဖြည့်ပေးပီး အမြင်အာရုံတွေကို နဂိုထက်ပိုမိုကြည်လင်လာစေမှာပါ
♻ Eye Health တွက် Vitamin C, E နဲ့ Zinc တို့ ပါထပ်ပေါင်း ပါဝင်လို့ကိုယ်ခံအားစနစ်မြှင့်တင်ပီး ရောဂါပိုးမွှားများအလွယ်တကူဝင်ရောက်ခြင်းမှလဲ ကာကွယ်ပေးပါတယ်ရှင့်။

25/04/2023

Covid ဖြစ်ပွားမှုတွေ အခုရက်ပိုင်း ဆက်တိုက်ပြန်တက်လာတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ D3 1000IU လောက်ပဲသောက်ပြီး ခံနိုင်ရည်ရှိအောင် နေသင့်ပါတယ်

Nature Made D3 1000IU (650 softgels) - 44,000

❣️❣️❣️Instock Now❣️❣️❣️

ဖြည့်စွက်စာဆေးဝါးများကို Doctor Supplement Store မှ ပစ္စည်းမှန် စျေးနှုန်းမှန် ဖြင့်မှာယူနိုင်ပါတယ်😍😍
ဆေးရောင်းခြင်းကိုအဓိကအသက်‌မွေးဝမ်းကြောင်း လုပ်ကိုင်နေတာမဟုတ်ဘဲ အမြတ်နည်းနည်းနဲ့ ကျန်းမာရေးဆွေးနွေးမှုလုပ်တာဖြစ်တဲ့အတွက် ဆေးမှန် ဈေးနှုန်းမှန်ကန်ကြောင့်အာမခံပါတယ်ရှင့်
09 760606527 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေစနစ် နှင့် မြန်မာပြည်အနှံ့ မည်သည့်နေရာကိုမဆို ကားဂိတ်မှတစ်ဆင့်ပို့ပေးပါတယ်
နယ်ဆိုရင်လည်း အိမ်အရောက်ငွေချေစနစ်ရပါပြီ
မှာယူပြီး ၃ ရက်အတွင်းပစ္စည်းရောက်ပါမယ်ရှင့်

24/04/2023

Healthy Origins COQ 10 (100mg) - 57,000

COQ10 အကြောင်း စုံစုံလင်လင် သိကောင်းစရာ❤️❤️❤️
၁. CoQ10ဆိုတာ ဘာပါလဲ?
CoQ10ဆိုတာ မရှိမဖြစ်တဲ့ ဩဇဓာတ်တစ်ခု ဖြစ်ပါတယ်။ သူက ကလာပ်စည်းအတွင်းမှာ ရှိတဲ့စွမ်းအင်တွေထုတ်ပေးတဲ့ စက်ရုံ
Mitochondria လေးတွေထဲမှာ ရှိကြပါတယ်။ စွမ်းအင်လို့ခေါ်တဲ့ ATP ထုတ်လုပ်ရာမှာ အကူဓာတ်အနေနဲ့ ပါဝင်နေတာဖြစ်ပါတယ်။ CoQ10က ခန္ဓာကိုယ်ကို အဓိကကျေးဇူးပြုပုံကတော့ စွမ်းအင်တွေထုတ်ပေးရာ ကူဖော်လောင်ဖက်ဖြစ်ပါတယ။ ခန္ဓာကိုယ်ကြီး အထူးသဖြင့် နှလုံးအတွက်မရှ်မဖြစ်ပါ။ နှလုံးဟာ စွမ်းအင်အများကြီးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှလုံးဟာ ၂၄-နာရီ ဆက်တိုက် မရပ်မနား အလုပ်လုပ်နေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်နေလို့ပါပဲ။ ဒါကြောင့်လည်း CoQ10 ပမာဏကိုထိခိုက်စေမယ့်၊ ကျစေမယ့် အရာမှန်သမျှဟာ နှလုံးရဲ့စွမ်းဆောင်မှုကို ထိခိုက်စေရုံသာမက တစ်ကိုယ်လုံးရဲ့ စွမ်းအင်ပမာဏကိုလည်း ထိခိုက်စေနိုင်ပါတယ်။စွမ်းအင်ထုတ်ပေးရေးကို ကူညီတာကြောင့် CoQ10 ဟာ အကြီးဆုံးအကျိုးအမြတ် ဖြစ်စေပါတယ်။
စွမ်းအင်တက်လာတာနဲ့အမျှ လူဟာလည်း အသက် ငယ်သွားတယ်လို့ ခံစားရပါတယ်။ အသက်ကြီးလာလို့ စွမ်းအင်ကျသွားတာ မဟုတ်ဘဲ CoQ10 level ကျဆင်းသွားလို့သာ ဖြစ်ပါတယ်။
၂• CoQ10 ဟာ စိုးရိမ်ရတဲ့နှလုံးရောဂါရှင်တွေအတွက် တကယ့်ကို ဖန်ဆင်းထားတယ်လို့ ထင်ရလောက်အောင် အံ့ဩဖွယ်အစစ်ဖြစ်ပါတယ်။ ဥပမာ- Heart failure. နှလုံးရောဂါ-CoQ10 ကို မှီဝဲမယ်ဆိုရင် နှလုံးရဲ့ အဓိကစွမ်းဆောင်မှု Ejection Fraction ဟာတက်လာပါတယ်။ Ejection fractionဆိုတာ နှလုံးက ညှစ်လိုက်တိုင်း ညှစ်လိုက်တိုင်း၊ နှလုံးက ထွက်လာတဲ့ သွေးရာခိုင်နှုန်းကို ပြောတာဖြစ်ပါတယ်။နှလုံးအတွက်သာမက အခြားအကျိုးများလည်း ရှိပါသေးတယ်။
၃• သွေးပေါင်ချိန်တက်နေသူများအတွက် သွေးပေါင်ချိန်လည်း ချပေးပါတယ်။ အထူးသဖြင့် အပေါ်သွေး Systolic blood pressure ဖြစ်ပါတယ်။
ဓာတုဆေးတွေလို ချက်ချင်းချပေးတာ မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ကျလာတာ ဖြစ်ပါတယ်။ ၄-ပတ်ကနေ ၁၂-ပတ်အထိ အချိန်ယူရပါတယ်။ ကိုယ်သောက်နေကျဆေးတွေကို ရုတ်ချည်း မဖြတ်ပစ်ရပါ။ မိမိဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ရပါမယ်။
၄•နှလုံးခုန်မမှန်ခြင်းကိုလည်း သက်သာစေပါတယ်။နှလုံးရဲ့ Electric conducting system အမြှေးပါးတည်ငြိမ်မှုကို ပေးခြင်းအားဖြင့် နှလုံးခုန်မမှန်တာကို ထိန်းထားပေးပါတယ်။
၅• Mitral Valve prolapse လို့ခေါ်တဲ့ နှလုံးရဲ့ အဆို့တစ်ခုကောင်း ကောင်းမပိတ်နိုင်ခြင်း၊ လုံခြုံမှုမရှိခြင်းအတွက်လည်း အထောက်အကူပြုပါတယ်။ CoQ10 ဟာ Magnesium နဲ့အတူ ဒီရောဂါအတွက် အကျိုးပြုပါတယ်။ 60-70%သော လူနာတွေအတွက် အကျိုးရှိတာကိုတွေ့ရပါတယ်။
၆• Congestive heart failure နှလုံးအလုပ် ကောင်းကောင်း မလုပ်နိုင်တော့ခြင်းဟာ များသောအားဖြင့် နှလုံးကြွက်သားများအား မရှိလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စွမ်းအင်ဟာ အလွန်လိုအပ်နေတက်ပါတယ်။ CoQ10 ကို ၆-လလောက် မှီဝဲပေးခြင်းဖြင့် Heart failure လူနာ 87%ဟာ ရောဂါမှ ထူးထူးခြားခြား သက်သာလာတာကို တွေ့ရပါတယ်။
၇• ရင်ဘတ်အောင့်ခြင်း-Anti-anginal ဆေးတွေနဲ့တွဲပြီး သောက်ရင် အကျိုးသက်ရောက်မှုရှိပါတယ်
၈• နှလုံးရောဂါအပြင် အခြားရောဂါများအတွက်လည်း အကျိုး သက်ရောက်မှုရှိပါတယ်။ Parkinson,ဦးနှောက်ကျန်းမာရေး,ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine headache စသည်ဖြင့် ဖြစ်ပါသည်။
သင့်ခန္ဓာကိုယ်ထဲမှာ CoQ10 ထုတ်ပါသလား?
ကလာပ်စည်းတိုင်းမှာ ထုတ်ပါတယ်၊ အထူးသဖြင့် အသည်းကလာပ်စည်း ဖြစ်ပါတယ်၊သို့သော်လည်း မလွယ်ကူလှပါ။ခန္ဓာကိုယ်က Vitamin, Amino acids နဲ့ Cofactors တွေ အကူအညီလိုပါတယ်။ ဒီဓာတ်တွေ နည်းနေမယ်ဆိုရင် ထုတ်လုပ်ရတာ ခက်ခဲပါလိမ့်မယ်။ အသက် ၄၀ ကျော်သွားပြီဆိုရင်လည်း CoQ10 ထုတ်လုပ်မှုကျဆင်းလာပါတယ်။ အသက် ၇၀ လောက်ရောက်ပြီဆိုရငါ အလွန်နည်းသွားပါတယ်။ ဒါကြောင့်လည်း သူ့ ကိုဓာတ်စာအနေနဲ့သောက်ဖို့သင့်လျော်တာ ဖြစ်ပါတယ်။
အဆီချဆေး Statin မျိုးစုံသောက်နေရင် ခန္ဓာကိုယ်ထဲမှာ CoQ10 level ကျဆင်းသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအဆီချဆေးတွေက Cholesterol မထွက်အောင် ပိတ်ပင်လိုက်တာ CoQ10 ထုတ်လုပ်တဲ့လမ်းကြောတွေလည်း ပိတ်ကုန်လို့ပါ။ ဒါကြောင့်လည်း ဒီ Cholesterol ချဆေးတွေ မှီဝဲနေရင် အသားတွေနာတက်တယ်၊သတိတွေ မေ့လျော့မယ်စသည်ဖြင့် ဖြစ်တက်ပါတယ်။အစားအသောက်ကနေရနိုင်တဲ့ CoQ10 ပမာဏဟာ နည်းလွန်းအားကြီးပါတယ်။ဒါကြောင့်လည်း သောက်သင့်တာ ဖြစ်ပါတယ်။
ပမာဏ ဘယ်လောက်သောက်သင့်ပါသလဲ?
✔️ အသက် ၄၀ - ၆၀ ဆိုရင် နေ့စဉ် 50 - 100 mg
✔️ အသက် ၆၀ ကျော် သို့မဟုတ် ကိုလက်စ်ထရော Cholesterol ချဆေးတွေ မှီဝဲနေမယ်ဆိုရင် နေ့စဉ် 100-200 mg
✔️ Heart attack ရဖူးသူများ၊ လောလောလတ်လတ် နှလုံးခွဲစိတ် Heart surgery လုပ်ထားသူများ Congestive heart failure ရနေသူများအတွက်က နေ့စဉ် 200-300 mg
အကောင်းဆုံး အကျိုးအရှိဆုံး အနေအထား ဖြစ်ရအောင် အကြံပေးချက်များ-
၁.ညမနက် ခွဲသောက်ပါ။
၂.အစာနဲ့အတူ သောက်ပါ။
၃အဆီစားခြင်း CoQ10 ကိုအူကစုပ်ယူခြင်းအား ကောင်းစေပါတယ။ဒါကြောင့် CoQ10 သောက်မယ်ဆိုရင် Peanut butter or Almond butter စားပေးပါ။ ကြိုက်နှစ်သက်ရာအဆီလည်း ရပါတယ်။
4. CoQ10 ရဲ့စွမ်းအင်ကို ထပ်လောင်းမြှင့်တင်ပေးနိုင်တာကတော့ L carnitine ပဲဖြစ်ပါတယ်။ သူကအဆီဓာတ်ကို ကလာပ်စည်း ထဲမှာ စွမ်းအင်တွေထုတ်ပေးတဲ့ သယ်ယူပို့ဆောင်ရေး ဖြစ်နေလို့ပါပဲ။ ဒီနှစ်မျိုးရဲ့ အာနိသင်ကြောင့် လူအတော်များများဟာ အထူးနေကောင်းလာကြပါတယ်။

နောက်ဆုံးသတိပေးချက်
CoQ10သောက်လို့ စွမ်းအင်တွေ သိပ်များနေတယ်၊ကတုန်ကယင်ဖြစ်နေတယ်ထင်ရင် သောက်နေတဲ့ပမာဏကို လျှော့ချလိုက်ပြီး လိုတိုး ပိုလျှော့ လုပ်နိုင်ပါသည်။
CoQ10 level ကျလာတာနဲ့အမျှ အထွေထွေကျန်းမာရေးလည်း ကျဆင်းလာတက်ပါတယ်။ဗဟုသုတပေးခြင်းသာ ဖြစ်ပါတယ်။ ကိုယ်နဲ့ အဆင်ပြေသလို စိတ်ကြိုက်လုပ်လို့ရပါတယ်။
To A Better Health Dr. Khin nwe win

❣️❣️❣️Instock Now❣️❣️❣️
ဖြည့်စွက်စာဆေးဝါးများကို Doctor Supplement Store မှ ပစ္စည်းမှန် စျေးနှုန်းမှန် ဖြင့်မှာယူနိုင်ပါတယ်😍😍
09760606527 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
🧡ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေစနစ် နှင့် မြန်မာပြည်အနှံ့ မည်သည့်နေရာကိုမဆို ကားဂိတ်မှတစ်ဆင့်ပို့ပေးပါတယ်
🧡နယ်ဆိုရင်လည်း အိမ်အရောက်ငွေချေစနစ်ရပါပြီ
မှာယူပြီး ၂ ရက်ကနေ ၃ ရက်အတွင်းပစ္စည်းရောက်ပါမယ်ရှင်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Happy New year 2021

Category

Telephone

Address

Yan Aung Street 6
Yangon
11081

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)

KT Aesthetic Distributor KT Aesthetic Distributor
898 Kyaw Thu 18 Street, South Okkalapa Township
Yangon

Korean Aesthetic Products Distributor in Myanmar